Sunday, November 24, 2013

ကားတိုက်ခံရရင်လျော်ကြေးမရမယ့်သူများ

Photo to Ah Ba Yah

တရားလိုမှ တရားခံပြန်ဖြစ်တတ်သည်ဟု ဦးမိုးဟိန်း သတိပေး


 ရေးသားသူ-ဇော်မျိုး
တည်းဖြတ်-အေးငြိမ်းသူ
 People Power

 သူရိယနေ၀န်းဂျာနယ်တွင် ရေးသားခဲ့သည့် ဦးတေဇနှင့် ပတ်သက်သည့် ရေးသားချက်များအပေါ် တရားစွဲဆိုမည်ဟု ကြေညာထားချက်များ အား ရင်ဆိုင်ရန် အသင့်ရှိပြီး တရား စွဲဆိုရန်စီစဉ်သူသည် တစ်ခါတလေ တရားခံအဖြစ်သို့ ပြန်လည်ရောက်ရှိနိုင်ကြောင်း သူရိယနေ၀န်း ဂျာနယ် အယ်ဒီတာချုပ် ဦးမိုးဟိန်းက People Power သတင်းစာသို့ ပြောကြားသည်။ ထူးကုမ္ပဏီမှ ၎င်းအားတရားစွဲဆိုရန် သက်သေများနှင့် အချက်အလက်များ စုဆောင်းလျက်ရှိပြီး၊ မကြာမီတွင် တရားစွဲ ဆိုသွားမည်ဖြစ်ကြောင်း ထူးကုမ္ပဏီတွင် ၀န်ထမ်းပေါင်းများစွာခန့်အပ်ထားပြီး၊ တရားစွဲဆိုရန် အတွက် ရှေ့နေပေါင်းများစွာ လည်းရှိကြောင်း ထူး ကုမ္ပဏီများအုပ်စု၏ ရုံးအဖွဲ့မှူးဦးညီညီအောင်မှ ပြော ကြားထားခြင်းကို အွန်လိုင်းနှင့် ပုဂ္ဂလိကသတင်းစာ အများစုတွင် ဖတ်ရှုပြီးဖြစ်ကာ တရားစွဲဆိုမည့်အချိန်ကို သာလျှင် ၎င်းမှစောင့်နေခြင်းဖြစ်ကြောင်း ဦးမိုးဟိန်းက ပြောကြားသည်။ “ကျွန်တော့်အနေနဲ့ သူတို့ဘယ်လိုပဲတရားစွဲစွဲအဆင်သင့် ပြင်ထားတယ်။ ပြောချင်တာတစ်ခုပဲရှိတယ်။ တစ်ခါတလေ ကျရင်တရားစွဲတဲ့သူက တရားခံပြန်ဖြစ် သွားတတ်သလို၊ ရှေ့နေကလည်း တရားခံပြန်ဖြစ်သွားနိုင်တယ်လို့တော့ ကျွန်တော်ပြော ချင်ပါတယ်”ဟု ဦးမိုးဟိန်းမှ ထပ်မံ အတည်ပြုပြောကြားသည်။ ယခုကဲ့သို့ရေးသားခြင်းမှာ ဦးမိုးဟိန်းအနေနှင့် ပြည်သူ လူထုများအတွက် အလုပ်လုပ်နေခြင်းဖြစ်ကြောင်း၊ ၎င်း တို့ဘက်မှ တရားစွဲဆိုမည့်အပေါ် မိမိအနေဖြင့် အဆင့်သင့် ပြင်ထားပြီးဖြစ်ကြောင်း မိမိ၏လမ်းအားမိမိလျှောက်နေကြ သူများဖြစ်သည့်အတွက်၎င်းအနေနှင့် ရေးသင့်ရေးထိုက် ပြောသင့်ပြောထိုက်သည်များကို ပြောကြားမည်ဖြစ်ကြောင်း၊ ယင်းသို့ပြောကြားခြင်း များမှာ ကိုယ့်အလုပ် ကိုယ်လုပ်နေခြင်း သာဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။ “ကျွန်တော့်ကိုတရားစွဲမယ်ဆိုတော့ ကျွန်တော်တစ်ခုတော့ ပြောချင်တယ်။ သူ့ကိုပြည်သူတွေဘက်ကနေ တရားစွဲလို့ ရတာ အများကြီးရှိပါ သေးတယ်”ဟု ၎င်းကဖြည့်စွက်ပြော ကြားသည်။ နိုဝင်ဘာလ ၂၃ရက်နေ့ထုတ်သူရိယနေ၀န်း ဂျာနယ်တွင် ဦးတေဇနှင့် စိန်စီသောညများ၊ မင်းတို့ခရိုနီတွေ ဘင်္ဂလား ပင်လယ်အော် သို့ ခုန်ချကြ ပေတော့ဟု ရေးသားဖော်ပြ ခြင်းအား တရားစွဲဆိုသွားမည်ဟု ထူးကုမ္ပဏီများအုပ်စု၏ ရုံးအဖွဲ့မှူး ဦးညီညီအောင်မှ ပြောကြားခဲ့ပြီး ယခုအချိန်ထိ သူရိယနေ၀န်းအယ်ဒီတာချုပ် ဦးမိုးဟိန်းဆီသို့ တရားရုံးမှ ဆင့်ခေါ်စာများ၊ ရှေ့နေမှ စာပို့ခြင်းများ မရှိသေးကြောင်း၊ ယခုကဲ့သို့ တရားစွဲဆိုမှု အပေါ် ဦးမိုးဟိန်းမှ ရင်ဆိုင် ရန် အဆင်သင့် ပြင်ဆင်ထားကြောင်း ဦးမိုးဟိန်းကဆက်လက်ပြောကြားသည်။

ဦးမိုးဟိန်းကိုတရားစွဲဆိုရာတွင် ဒေါ်ကြိုင်ကြိုင်နှင့် သမီးတော်များမှ ဦးတေဇဘက်မှ အပြည့်အဝရပ်တည်သွားမည်ဟုဆို


Hawdeka Khalaylay
(နေပြည်တော်သတင်း)

အရင်က မော်တောင် မကြည့်ရဲတဲ့ အကောင်တွေက အခုမှ လာပြီး စွာကျယ်စွာကျယ်လုပ်နေတယ် ၊ ဒီမယ်ပြန်ပြောလိုက်ပါ လက်တုန့်ပြန်သွားမယ်လို့ အဲဒီအချိန်ကျမှ သူရဲဘောကြောင်ပြီး ထွက်မပြေးနဲ့လို့ ၊ လူကိုလာမစွနဲ့နော် ဘာမှတ်နေလဲ ၊ နဂါးမှန်းသိအောင်အမောက်ထောင်ပြမှဖြစ်မယ် ၊ ဒီမယ်ဟေ့ ငါ့သမီးတွေ နဲ့ အားလုံးတိုင်ပင်ပြီးပြီ ၊ မင်းဖေ့ဘုတ်ကနေ ပြန်ရေးဖြစ်အောင်ရေးနော် ၊ ငါပြောတာတွေ အားလုံးပါအောင်ထည့်ရေး ၊ ငါ့အကြောင်းသိတယ်နော် ကြားလား ၊ ပြီးတော့ နောက်အပတ်ထဲ နေပြည်တော်တက်လာခဲ့အုံး ဟုတ်လား ၊

မနက်စောစော ဒေါ်ကြိုင်ကြိုင်တစ်ယောက် အော်ဟစ်ပြီး ဖုန်းပြောနေခြင်းဖြစ်သည် ၊ တစ်ဖက်က ဖုန်းဖြေသူမှာ ဟုတ်ကဲ့ ဟုတ်ကဲ့ ဆိုသည့် စကားသာ ပြန်ပြောနိုင်သည် ၊ ဒေါ်ကြိုင်ကြိုင်တစ်ယောက် ဒေါပွနေသည်မှာ အထင်းသားဖြစ်သည် ၊ နံဘေးတွင် သမီးတော်တစ်သိုက်လည်းရှိနေကြသည် ၊ ကျွန်းပါကေး အထူခင်းထားသော ကြမ်းပြင်တွင်မူ ဒီကနေ့ထုတ် သူရိယနေဝန်း သတင်းစာရွက်များက ဆုတ်ဖြဲထားသဖြင့် တစစီ ပြန့်ကျဲနေသည် ၊
ဘာမှ ပြန်မပြောဘူးဆိုပြီးကြည့်နေတာ ဒင်းတို့ ရောင့်တက်လာကြတယ် ၊ ဒီတစ်ခါတော့ မှတ်လောက်သားလောက်အောင် ဆော်ပြစ်လိုက်မယ် ၊

ဒေါ်ကြိုင်ကြိုင်ကဆက်ပြောခြင်းဖြစ်သည် ၊

အင်း အမေကြိုင် နဲ့ သမီးတော် တွေ ပါလာပြီဆိုရင်တော့ ဟို ဦးမိုးဟိန်းဆိုတဲ့ သူတော့ မလွယ်လောက်ဘူး ၊ အမေကြိုင်တို့က ကြောက်စရာကောင်းတယ် ၊ နောက်ထပ် ငါးလောင်းပြိုင် ဆယ်လောင်းပြိုင်တွေများ ထပ်ဖြစ်နေမလားမသိဘူးနော် ၊

ဒေါ်ကြိုင်ကြိုင်အိမ်မှ အိမ်စေများက တီးတိုးပြောရင်း သက်ပြင်းချနေကြသည် ၊

(နေပြည်တော် သတင်းရပ်ဝန်းမှ ပေးပို့လာသော သတင်းဖြစ်သည်)

ပုဒ်မ(၁၈)အကျဉ်းသား

Ko Gyi Myo

RFA Burmese
ဥပဒေပုဒ်မ ၁၈ ဖျက်သိမ်းရေး နိုင်ငံတော်သမ္မတထံ တင်ပြမည်

ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ကို ဖျက်သိမ်းပေးဖို့  နိုင်ငံတော်သမ္မတနဲ့ လွှတ်တော်တွေဆီ တင်ပြမယ်လို့ အရပ်ဘက်လူမှုအဖွဲ့ ၇ ဖွဲ့က ဒီနေ့ ဆွေးနွေးဆုံးဖြတ်လိုက်ကြပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ အမျိုးသမီးအဖွဲ့ချုပ်၊ Generation wave ၊ Generation youth ၊ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း၊ ဒီမိုကရေစီအင်အားစု ၊ လိုင်ဇာငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ စတဲ့ အဖွဲ့အစည်း ၇ ဖွဲ့တို့က ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရုံးမှာ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ် ဒီနေ့ကျင်းပပြီး ဆုံးဖြတ်လိုက်ကြတာဖြစ်ပါတယ်။

ပုဒ်မ ၁၈ ကို ဖျက်သိမ်းပေးဖို့အတွက် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေက ရန်ကုန်မြို့မှာ အခါခါလမ်းလျှောက်ဆန္ဒပြ တောင်းဆိုခဲ့သလို၊ လွှတ်တော်ထဲမှာလည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုက ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ဥပဒေ ပုဒ်မ ၁၈ နဲ့ ပတ်သက်ပြီး ပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို တင်သွင်း ထားပါတယ်။

လက်ရှိအချိန်ထိ ပုဒ်မ ၁၈ နဲ့ အကျဉ်းကျခံနေကြရသူ ရာနဲ့ချီ ရှိနေပါတယ်။

ဒီနေ့ကာတွန်း

နိုင်ငံတော်သမ္မတနှင့် နီးကပ်စွာ နေသော်လည်း မည်သည့်ပါတီကိုမှ ဘက်လိုက်မည် မဟုတ်ဟု ဦးတင်အေးဆို



The Voice Weekly
ရန်ကုန်၊ နိုဝင်ဘာ ၂၃

နိုင်ငံတော်သမ္မတနှင့် နီးကပ်စွာ နေခြင်းကြောင့် ဝေဖန် ခံနေရသော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက နိုင်ငံတော်သမ္မတနှင့် နီးကပ်စွာ နေလေ့ ရှိသော်လည်း မည်သည့် ပါတီကိုမျှ ဘက်လိုက်မည် မဟုတ်ကြောင်း ပြောကြားသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့ ပန်ဒါဟိုတယ်၌ ပြုလုပ်သော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်ရှင် မဟာဗျူဟာ စီမံကိန်းအတွက် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲ ကာလသို့ ရောက်ရှိရန် တစ်နှစ်ကျော်ကျော်သာ လိုတော့သည့် အချိန်တွင် နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင် ဥက္ကဋ္ဌတို့ ပူးပူးကပ်ကပ် နေလေ့ရှိနေသည့် အချက်မှာ မေးခွန်းထုတ်စရာ ဖြစ်ကြောင်း ပြည်တွင်းထုတ် ဂျာနယ်အချို့က ဝေဖန် ရေးသားခဲ့မှုကို ၎င်းက ယင်းသို့ ပြန်လည် တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။
“ပုဂ္ဂိုလ်ရေးအရ ခင်မင်တာပါ။ ခင်မင်တာနဲ့ ဘက်လိုက်တာနဲ့ တခြားစီပဲ။ အားလုံး ဥပဒေအောက်ကပဲ သွားနေတာပါ” ဟု ၎င်းကဆိုသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် နီးကပ်စွာ နေခြင်းသည် မိတ်ဆွေအဖြစ် ခင်မင်ခြင်း ဖြစ်ပြီး ပါတီနိုင်ငံရေး လုပ်ခြင်း မဟုတ်သောကြောင့် ဘက်လိုက်စရာ အကြောင်း မရှိဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ဆိုသည်။
“နိုင်ငံရေး ခေါင်းဆောင်ပိုင်းတွေရဲ့ ပုဂ္ဂိုလ်ရေး ရင်းနှီးမှုကို ကြည့်ပြီး ဘက်လိုက်ခြင်းရှိ မရှိ ပြောလို့မရဘူး။ အဲလို ပြောစတမ်းဆို ဘယ်သူမှလွတ်မှာ မဟုတ်ဘူး” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဆိုသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးသည် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပါတီလွှတ်တော် ကိုယ်စားလှယ်လောင်း အနေနှင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သည်။ ထို့နောက် ၂၀၁၁ ခုနှစ်တွင် နိုင်ငံတော်သမ္မတက ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌအဖြစ် အမည်စာရင်း တင်သွင်းပြီး လွှတ်တော်က ထောက်ခံ ခဲ့သောကြောင့် ကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်နေခြင်း ဖြစ်သည်။

ယနေ့ကွာလာလမ်ပူတွင် အော်ပရာစီ ဖမ်းဆီးမှုပြုလုပ်နေ


မလေးရှားရောက်မြန်မာများ facebook
24.11.2013 (KL)

ယနေ့ ကွာလာလမ်ပူ မြန်မာဆိုင်တန်းများအတွင်း ဖမ်းဆီးမှု့ တစ်ခု ပြုလုပ်နေကြောင်းသိရသည် ။

မဖမ်းဆီးသည်မှာကြာပြီဖြစ်သော ကွာလာလမ်ပူတွင် ယနေ့ အော်ပရာစီ ဖမ်းဆီးမှု့တွင် ခိုင်မာသော အထောက်အထားမရှိသူများကို ခေါ်ယူစစ်ဆေးရန် ကားဖြင့်ခေါ်ဆောင်သွားသည် ။

ကား ၂စီဖြင့် ဖမ်းဆီးခေါ်ဆောင်သွားပြီး မြန်မာဆိုင်များသို့ဝင်ရောက်စစ်ဆေးမှုများပြုလုပ်ကာ အထောက်အထားခိုင်မာမှု့မရှိသူများကို ဖမ်းဆီးသွားခဲ့သည် ။

ယခုအချိန်ထိ MYDIN ရှေ့တွင်ဆက်လက်ဖမ်းဆီးနေဆဲဖြစ်ပြီး ရဲ ၊ ပြည်သူစစ် ၊ DBKL ၊ Traffic Police တို့ပါအပါ လမ်းပြည့်ဖမ်းဆီးနေဆဲဖြစ်သည် ။

ကွာလာလမ်ပူသို့လာသော မြန်မာနိုင်ငံသားများအနေဖြင့် ပတ်စပို့ ပါမစ် မိတ္တူ များအပြင် မိမိတို့အလုပ်ရှင်ထံမှ အထောက်အထားအပြည့်အစုံ တောင်းထားရန်လိုအပ်သည် ။ ပတ်စပို့စာအုပ်လက်ဝယ်ကိုင်ဆောင်ထားပါက စိုးရိမ်ရန်မလိုပါ ။

မည်သိုဖြစ်စေ ယနေ့ ဖမ်းဆီးမှု၌ ၎င်းတို့ထံတွင် နေရာ များ ၊ဆိုင်များကိုမှတ်တမ်းဖြင့် အတိအကျလာရောက်ဖမ်းဆီးသွားခြင်းမှာ ယခင်အခေါက်များထက် ပိုမို ထူးခြားသည် ။

လွှတ်တော်က ဖါသည်မတွေ အခွင့်အရေးနဲ့  မုဒိမ်းသမားတွေ အရေး


အားလုံးကို ခွင့်လွှတ်တယ်-ဒါပေမဲ့ ..........

ခင်ဗျားတို့  မြန်မာနိုင်ငံမှာ-၁၁-ဘီလီယံကို စာရင်းရှင်းနေတာ နားမလည်ဘူး-ဘယ်သူဘာဘဲဖြစ်ဖြစ် -၁၁-ဘီလီယံကို တစ်ဦးထဲ ယူသွားရင်လဲ ခွင့်လွှတ်တယ် ။ သူရဦးရွှေမန်း အကြောင်းလောက် မပြောနဲ့ - ဖိုးလပြည့်ဘယ်လို ချမ်းသာကြီးပွါးနေသလဲ ဆိုတာ မေးခွန်း ထုတ်မနေနဲ့  -သူကြီးပွားတာကိုလဲ ခွင့်လွှတ်တယ် ။ မနေ့ ကမှ ထောင်ကလွတ်မြောက်လာတဲ့  သွားလေသူ ဦးနေ၀င်းမြေးနှစ်ယောက်က ပြောချင်ရာ ပြောပြီး လုပ်ချင်ရာ လုပ်လဲ ခွင့်လွှတ်တယ် ။ သူခိုးဘဲဖြစ်ဖြစ် သူဝှက်ဘဲဖြစ်ဖြစ် ဘယ်လိုဘဲ ခေါ်ခေါ် အစိုးရတစ်ခုလုံးက ကြိုက်တာ လုပ်ချင်သလို လုပ်လဲ ခွင့်လွှတ်တယ် ။ န၀တ -နအဖ- ခုခေတ် အစိုးရက ဘာဘဲလုပ်လုပ် ခွင့်လွှတ်တယ် ။

၂၀၀၈-ခုနှစ် ဖွဲ့ စည်းအုပ်ချုပ်ပုံကိုလဲ ပြင်ချင်ပြင် မပြင်ချင်နေတာကိုလဲ ခွင့်လွှတ်တယ် ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာဆုပ်ကိုင်ထားတာကိုလဲ ခွင့်လွှတ်တယ် ။ ကုန်ကုန် ပြောမယ် ။ သမ္မတဦးသိန်းစိန်က နောက်-၂-နှစ်တိ သမ္မတ လုပ်ရင်တောင်မက -၂၀၁၅-ခုနှစ်မှာလဲ သမ္မ တလုပ်မယ်ဆိုရင်လဲ ခွင့်လွှတ်တယ် ။ ၂၀၁၅-မှာ ရွေးကောက်ပွဲ မလုပ်ရင်လဲ ခွင့်လွှတ်တယ် ။ ဖက်ဒရယ်ပြည်ထောင်စု စနစ်နဲ့  သွားမယ်လိုပြီး အာပေါက်အောင်ပြောနေပေမဲ့  ဖက်ဒရယ်တပ်မတော် မလုပ်ပေးတာကိုလဲ ခွင့်လွှတ်တယ် ။

စိတ်ကြေနပ်အောင် နိုင်ငံတော် တာဝန်ကို ဆက်လက် ယူထားရပါတော့တယ် ဆိုရင်လဲ အားလုံးကို ခွင့်လွှတ်တယ် ။ ရုပ်သေးလို ဆွဲကစေမဲ့  လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးကောက်ပွဲဝင်ခိုင်းပြီး ဘာမှ လုပ်ပိုင်ခွင့်မရှိတဲ့  ခုလိုအုပ်ချုပ်ရေး ယန္တယားကိုလဲ ခွင့်လွှတ်တယ် ။ တစ်ဖက်မှာ ငြိမ်းချမ်းရေးတွေ့ ဆုံပွဲတွေ လုပ်ပြီး တစ်ဖက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်လို့  သေကြေနေတာကိုလဲ ခွင့်လွှတ်တယ် ။ ရန်ကုန်လောက်မှာ နိုင်ငံရေးဟောပြောပွဲတွေ ပြုလုပ်ခွင့်ပေးပြီး ပြည်နယ်တွေမှာ ဘာမှ လုပ်ပိုင်ခွင့် မရရှိတာကိုလဲ ခွင့်လွှတ်တယ် ။

ကျုပ်တို့ က အရှုံးသမားတွေဖြစ်နေတဲ့ အတွက် အနိုင်ရတဲ့  အစိုးရကို အားလုံးခွင့်လွှတ်တယ် ။ နိုင်ငံရေးအာဏာဆိုတာကလဲ သေနတ်ပြောင်းဝမှာသာ ရှိတယ်ဆိုတာ သိတဲ့ အတွက် အရာရာကို ခွင့်လွှတ်တယ် ။ အချုပ်အချာမြေကို ပိုင်ဆိုင်တဲ့  အစိုးရမို့ လို့  မြေတွေကို ဘိုးဘွားပိုင် မကလို့  ကမ္ဘာဦးကတည်းက ပိုင်ဆိုင်ခဲ့ ပါတယ်လို့  ပြောနိုင်သည့်တိုင် မတရားသိမ်းပိုက် ထားတာတွေကိုလဲ ခွင့်လွှတ်တယ် ။ နောက်ဘ၀မှာ နိဗ္မန် ရောက်စေဖို့ အတွက် ခွင့်လွှတ်ပေးရမယ် ဆိုတော့လဲ ခွင့်လွှတ်စွာနဲ့  ဆုတောင်းပေးတယ် ။

အရာရာတိုင်းကို အစိုးရကသာ ပိုင်ဆိုင်တာမို့  အရာရာဟူသမျှ အစိုးရက ချယ်လှယ်ခံစားနေတာကိုလဲ ခွင့်လွှတ်တယ် ။ ကိုယ့်မြေကိုယ့်ဒေသက သဘာဝဂါတ်စ်ထွက်ပေမဲ့  မီးကို တစ်စက်မှ စိတ်ချမ်းသာစွာနဲ့  မသုံးစွဲရဘဲ ဈေးအကြီးဆုံး ပေးပြီး ပေးသုံးနေရတာကိုလဲ ခွင့်လွှတ်တယ် ။ လျှပ်စစ်ကိုရပါလျက်နဲ့  သူများနိုင်ငံကို ရောင်းချပြီး ကိုယ့်မြို့  ကိုယ့်ရွာ ကိုယ့်အိမ်ထဲမှာတော့ မှောင်နဲ့ မဲမဲ နေရတာကိုလဲ ခွင့်လွှတ်တယ် ။

ကျောင်းတက်နေရတဲ့  မူလတန်းခလေးတွေက အမိုးအကာ မရှိတဲ့ ကျောင်းမှာ သင်ကြားနေရပေမဲ့  မြို့ ပေါ်မှာ နေထိုင်ပြီး ခင်ဗျားတို့  သားသမီးတွေသာ သင်ကြားနေရတာကိုလဲ ခွင့်လွှတ်တယ် ။ ကိုယ့်နိုင်ငံမှာ ကျောင်းမတက်ချင်ရင် နိုင်ငံခြားမှာ တက်နေတာကိုလဲ ခွင့်လွှတ်တယ် ။ ကျုပ်တို့ ရွာက ခလေးတွေက ပညာမတတ်ရင်လဲ ခင်ဗျားတို့  သားသမီးတွေ ပညာတတ်တာကိုလဲ ခွင့်လွှတ်တယ် ။

ရခိုင်ပြည်နယ်က ကျွန်တော်တို့ ရဲ့  ခလေးတွေအဖို့  ပစ္စုပန်နဲ့  အနာဂါတ်မှာ အမှောင်ထဲမှာ နေနေကြရင်လဲ ခွင့်လွှတ်တယ် ။ ကျွန်တော်တို့ ခလေးတွေဟာ ၀တ်ကောင်းစားလှ မ၀တ်ခဲ့ ရပေမဲ့  ခင်ဗျားတို့  သားသမီးတွေ ကြွေရုပ်ကလေးလို နတ်သမီးလေးလို လှနေတာကို မြင်လို့ လဲ ခွင့်လွှတ်တယ် ။ ဒါပေမဲ့  ကျွန်တော်တို့ ရဲ့  လူမမယ် ခလေးတွေဟာ ခုတော့ နေ့ ခင်းကြောင်တောင်မှာ လမ်းသွားလို့  မရတော့ဘဲ ဖြစ်နေကြရပြီ ။ အမှောင်ထဲမှာ မိခင်ရင်ခွင်မှာ တိုးဝှေ့ နေရရှာတဲ့  သမီးလေးတွေဟာ နေ့ ခင်းကြောင်တောင်မှာ ပျော်ပျော်ပါးပါး မကစားရဲလောက်အောင် ကြုံနေကြရပြီ ။ ဒီတော့ခါ ခင်ဗျားတို့  သမီးလေးတွေဟာ ကျွန်တော်တို့ ဆီက မိန်းခလေးတွေလို လူမမယ်စာမမြောက်အရွယ်မှာတင် မုဒိမ်းမှု ကျင့်ခံရပြီး ရက်ရက်စက်စက် သတ်ဖြတ်ခံနေရရင် ကျွန်တော်တို့ က ရင်ထုမနာ ခံစားပေးနိုင်တယ် ။ ကျွန်တော်တို့ ခလေးတွေက အခုလို ဖြစ်ပျက်နေတဲ့ အခါ ခင်ဗျားတို့ က ရင်ထုမနာ ခံစားပေးရဲပါ့မလား ။ မည်သို့ ပင်ဖြစ်စေကမူ ခင်ဗျားတို့ ကို အားလုံး ခွင့်လွှတ်တယ် ။ ဒါပေမဲ့  အရွယ်မရောက်သေးတဲ့  မိန်းခလေးငယ်တွေကို မုဒိမ်းမှုကျူးလွန်ပြီး ရက်ရက်စက်စက် လူသားမဆန် သတ်ဖြတ်တာကိုတော့ သေဒဏ်အမိန့်  ပေးရမယ် ဆိုတာ ကျွန်တော်တို့ လိုလားတယ် ။ အဲဒီလို အမိန့် မထုတ်ပြန်လို့ ကတော့ ဘယ်အရာမဆို ခင်ဗျားတို့ ကို ခွင့်လွှတ်နိုင်စရာ သတ္တိ မွေးလို့ ရမှာ မဟုတ်ဘူးလို့  ပြောချင်ပါတယ် ။

ခိုင်အောင်ကျော် ( နယူးယောက် )


လွှတ်တော်က ဖါသည်မတွေ အခွင့်အရေးနဲ့  မုဒိမ်းသမားတွေ အရေး
====================================

ကျုပ်တို့ က အမှတ် တမဲ့ နေခဲ့ တယ် ။ ခုတော့ အမှတ်တမဲ့ ဘ၀ဆိုးက ရရှိလာတဲ့ ရလဒ်က နောင်တတွေ တစ်ပုံတစ်ခေါင်းနဲ့  ။ အစတော့ ခေါင်းလေးဝင်ခိုပါရစေ- နောက်တော့ ကြောလေး ၀င်ပါရစေ- နောက်တော့ တစ်ကိုယ်လုံးဝင်ပါရစေ- ဒီ့နောက် အိမ်သာဆေးရရ- ဘာကြီးဘဲ လုပ်ရရ လုပ်ပါရစေ ။ ထမင်းတစ်လုပ် စားရစားရနဲ့ ပေါ့ - ကျုပ်တို့ က သနားတတ်တယ် ။ ဒီတော့ ကျုပ်တို့ အရပ်မှာ ကျုပ်တို့ က မတ်တပ်တောင် မရပ်ချင်တော့ဘူးဘဲ ။ ရှေ့နားက ထိုင်ခုံကို ယူလာခဲ့ လို့  ခိုင်းဖတ် တစ်ကောင်ဖြစ်တဲ့  ကုလားကို ခိုင်းတတ်လာတယ် ။ ဈေးဝယ်ရင် ဈေးခြင်းတောင်း ကိုင်စေတယ် ။ အိမ်နားက သောက်ရေကန်က ရေကို အိမ်ထဲကို ခပ်ပြီး ယူလာစေတယ် ။ ကျုပ်တို့ က လက်ကြောတင်းတော့ ခိုင်းလို့ ရတဲ့  ကုလားက လူအလုပ်ဆို ဘာမဆို လုပ်ပေးတဲ့ သဘောမျိုး ။

အစတော့ တစ်ကောင် ။ နောက်တော့ ဆယ်ဂဏန်း- ဒီလိုနဲ့  ရာဂဏန်း-ထောင်ဂဏန်း- ခုတော့ နှစ်ငါးဆယ် ခြောက်ဆယ်အတွင်း မပြောဝံ့နိုင်လောက်အောင် ခိုးဝင်လာတဲ့ သူက သောက်သောက်လဲ ။ ကျုပ်ကြားဖူးခဲ့ တဲ့  လွန်ခဲ့ တဲ့ နှစ်-၂၀-အတွင်းက အစီရင်ခံစာ တစ်စောင် ပြောပြမယ် ။ ဘင်္ဂလီကုလားတွေက အိမ်ထောင်ပြုဖို့ အတွက် စစ်အစိုးရ -အဲဒီတုံးက န၀တ-နအဖ လက်ထက်ပေါ့- စစ်တပ်ကို ငွေပေးရတယ်- အိမ်ထောင်ပြုဖို့ အတွက် အဲဒီလို ငွေပေးရတော့ လူ့ အခွင့်အရေးချိုးဖေါက်ခံရတာပေါ့တဲ့  ။ န၀တ-နအဖ-လက်ထက်တုံးက စစ်အစိုးရဆိုတော့လဲ တင်လိုက်ကြတဲ့  အစီရင်ခံစာတွေထဲမှာ အိမ်ထောင်မပြုရတာဟာ တကယ့် မဟာလူ့ အခွင့်အရေးချိုးဖေါက်မှုကြီးပေါ့- ရေးလိုက်ကြတဲ့  အမျိုးသမီးအဖွဲ့ ရဲ့  အစီရင်ခံစာတွေ- တင်လိုက်ကြတဲ့  မိန်းမရှာအခွင့်အရေး အဖွဲ့ ရဲ့  အစီရင်ခံစာတွေနဲ့  ရှုပ်ရှက်ကို ခပ်နေတာ မြင်နေရတယ် ။ အိမ်ထောင်မပြုရဘူးဆိုတော့ နိုင်ငံခြားက လူတွေက တကယ် အဟုတ်ကြီးမှတ်လို့ - တကယ်သာ အိမ်ထောင်တောင် မပြုရဘူးဆိုရင် ခုလောက် မိသားစုတစ်ခုမှာ လူပေါင်း-၃၀- နီးကပါး ရှိတာမျိုး ရှိနေပါ့မလား ။

ဒီကြားထဲ နိုင်ငံရေးဆိုတာ လမ်းပေါ်ထွက် ဆန္ဒပြပြီး ငါတို့ က တကယ့်နိုင်ငံရေးသမား-တော်လှန်ရေးသမားကွလို့  အာဘောင်အာရင်း သံသံနဲ့  ပြောလာကြတဲ့  သူတွေကလဲ အီးပေါက်လို့  နံစော်တာလဲ စစ်အစိုးရမကောင်းလို့  ပြောရင် လက်ခုပ်လက်ဝါး တီးပြီး ဒါ လူ့ အခွင့်အရေးချိုးဖေါက်မှုလို့  ပြောနေကြတဲ့ အချိန် ။ ကံကောင်းလို့  ကျုပ် သူငယ်ချင်း- ကိုဦးအောင်စိန်သာက ထိုင်းနယ်စပ်မှာ လုံးဝ ဘင်္ဂလီကုလားတွေကို သူတို့ ရဲ့  -DAB -မဟာမိတ်တပ်ပေါင်းစုထဲမှာ အ၀င်မခံခဲ့လို့  ။ ခုတော့ ကိုဦးအောင်စိန်သာ ( DPA ) ပါတီ ဗဟိုကော်မီတီ တစ်ဦးအဖြစ်နဲ့  သူ့ သမိုင်းကို သူရေးခဲ့ ပြီး ကွယ်လွန်သွားခဲ့ ပြီ ။ ခုချိန်ထိလဲ သူ့ ကျေးဇူးကြောင့် ဘယ်ဘင်္ဂလီကုလားအဖွဲ့ ကမှ ထိုင်းနိုင်ငံနယ်စပ်မှာ ရှိတဲ့  လက်နက်ကိုင်အဖွဲ့ အစည်းမှာ မပါဝင်တာ တွေ့ နေရသေးတယ် ။

သူတို့ က ဘယ်သူ့ ဆီကမှ အထောက်အပံ့ မယူဘူးဆိုတော့ သူတို့ တော်လှန်ရေးအဖွဲ့ အစည်းတွေက ပြတ်တယ် ။ ABSDF- ကတော့ စောစောက ပြောသလို ဘာမှန်းမသိတဲ့  သဘောမျိုးနဲ့  နိုင်ငံရေးအူဝဲဘ၀ကနေရောက်လာတော့ ဘင်္ဂလီကုလားတွေဆီက အရိုးရရ အသားရရ နဲ့  အသိအမှတ်ပြုပြီး အစီရင်ခံစာတွေတောင် ထုတ်ပြန်ကြသေးတေယ် ။ တစ်ချို့ ကတော့ အသိအမှတ် မပြုဘူးဆိုတာ သိရတယ် ။

ခုတော့ ကျုပ်တို့ ရဲ့  အမှတ်တမဲ့  နေခဲ့ တဲ့  အဖြစ်အပျက်ကြောင့် ဒီကနေ့ မျက်မှောက်ကာလမှာ အရုပ်ဆိုး အကျည်းတန်စေပြီ ။ မြန်မာနိုင်ငံသမိုင်းကို ဆုပ်ဖြဲပြီး ရေးသားလာနေကြပြီ- ထင်ရှားတဲ့ ရခိုင်သမိုင်းကို ပျက်ရည်ပြုရေးသားရန် ကြိုးစားလာနေကြပြီ ။ မနေ့  ကဆိုရင် အိုအိုင်စီအဖွဲ့ ကို တစ်နိုင်လုံးက ကန့် ကွက်ဆန္ဒပြနေတော့ ဘင်္ဂလီကုလားတွေက ရက်ပေါင်း-၃၀-သာ အချိန်ပေးတော့မယ် လို့  ကြေညာနေတယ် ။ အရည်မရ အဖတ်မရ ရေးသားပြောဆိုတာ မှန်ပေမဲ့  သူတို့ ရဲ့  စိတ်နေသဘောထားတွေ ဘယ်လို ရှိနေသလဲ ဆိုတာ ကျုပ်တို့  နားလည်ထားဖို့ လိုတယ် ။

ကျုပ်ပြောချင်တာက မြန်မာနိုင်ငံမှာ မျိုးချစ်စိတ်ရှိတဲ့  နိုင်ငံရေးသမားတွေ လွှတ်တော်ထဲရောက်နေတာ ကျုပ်တို့  နားလည်ပေးပါတယ် ။ သင်္ကကျွန်းမြို့ နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် က အသက်မပြည့်သေးတဲ့  ခလေးတွေကို မုဒိမ်းမှုကျူးလွန်းတာနဲ့  ပါတ်သက်လို့  ပြစ်မှုဆိုင်ရာအရ သေဒဏ်ပေးသင့်တယ်ဆိုတဲ့  ဥပဒေအတည်ပြုရေးကို တင်ပြတယ် ။ ဒါကို လက်မခံဘဲ လွှတ်တော်မှာ ပယ်ချကြတယ် ။ မြန်မာနိုင်ငံမှာ လိင်ပိုင်းဆိုင်ရာ အရသာကို ခံစားပျော်ပိုက်စေဖို့  ဖါသည်မတိုက်ခန်းဆောက်လုပ် ထားပေးဖို့  လွှတ်တော်မှာ တင်ပြကြတော့ လက်ခုပ်သံ တညံညံနဲ့  ဖြစ်နေကြတယ် ။

မြန်မာနိုင်ငံမှာ မုဒိမ်းမှုကြောင့် ဖြစ်လာတဲ့  ပြသနာဟာ ရာဇ၀တ်မှုကနေပြီး လူမျိုးရေးအသွင်-ဘာသာရေးအသွင်ကို ဆောင်လာကြပြီ ဆိုတာ နိုင်ငံရေးနားလည်သူတိုင်း သဘောပေါက်ကြတယ် ။ မပေါက်တဲ့ သူတွေကတော့ လွှတ်တော်မှာ ရှိနေကြတာ မြင်နေရတယ် ။ ခုလေးတင်ဘဲ ရခိုင်ပြည်နယ်မှာ အသက်-၅-နှစ်မပြည့်သေးတဲ့  မိန်းခလေးငယ်နှစ်ယောက်ကို မုဒိမ်းကျင့် လူသတ်ပြီး ရက်ရက်စက်စက် လုပ်လိုက်ကြပြီ ။ ဒီပြသနာကို နေပြည်တော် လွှတ်တော်ညီလာခံမှာ အရေးပေါ်ညီလာခံ ဆုံးဖြတ်ချက်တွေနဲ့  ဆောင်ရွက်သင့်တယ် ။ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် ရဲ့  တင်ပြချက်တွေကို ပြန်လည်စစ်ဆေးပြီး ဥပဒေအတည်ပြုဖို့ လိုတယ် ။

မြန်မာနိုင်ငံအစိုးရဟာ ပြစ်မှုဆိုင်ရာ ဥပဒေကို လျော့ရိလျော့ရဲနဲ့  လုပ်နေသမျှ ဒီဖြစ်ရပ်တွေ ဖြစ်ပေါ်နေမှာ သေချာတယ် ။ ရခိုင်လူမျိုးတွေက အမှတ်တမဲ့ နေခဲ့ ကြလို့  ရခိုင်ပြည်နယ်မှာ ခိုးဝင်ဘင်္ဂလီကုလား လူဦးရေဟာ မြောက်မြားစွာ ရှိနေရာက ခုဆိုရင် မြန်မာနိုင်ငံ အနှံ့မှာ ရောက်ရှိနေကြပြီ ။ ဒီလိုရောက်ရှိနေကြတဲ့ အတွက် စိုးရိမ်ကြောက်ရွံ့ စွာ နေထိုင်လာကြရပြီ ။ ခိုကိုးစရာဆိုလို့ အစိုးရဘဲ ရှိနေတာ့တယ် ။ အစိုးရက နယ်စပ်ဖြတ်ကျော် လူမျိုးတွေနဲ့  ဥပဒေကို ထိရောက်စွာ အသုံးမပြုလို့ ကတော့ တရားဥပဒေ မိုးမှောင်ကျနေပြီး အဆုံးမသတ်တဲ့  ပဋိပက္ခတွေနဲ့  လူမျိုးရေးအဓိကရုဏ်းတွေ တစ်သီတစ်တန်းကြီး မီးခိုးမဆုံး ဖြစ်နေမှာ သေချာတယ် ။ ကျုပ်ဖြစ်ချင်တာက မြန်မာနိုင်ငံလွှတ်တော်မှာ ဖါတန်းတွေ ကိစ္စ တည်ဆောက်ပြီး ဖါသည်မ အခွင့်အရေး ပြောနေတာထက် မုဒိမ်းမှု ကျူးလွန်တဲ့  သူတွေကို သေဒဏ်ပေးတဲ့  ဥပဒေကို ပြဋ္ဌန်းပေးရန်လိုတယ်လို့  တိတိကျကျ ပြောချင်တယ် ။

ခိုင်အောင်ကျော် ( နယူးယောက် )