Monday, November 25, 2013

ပြည်တွင်းဖြစ်မန်ကျဉ်းခွံ၊အုန်းခွံကော်ဖီမစ်

ဘယ် ကော်ဖီမစ်လဲနာမည်တိတိကျကျပြောသင့်ပါတယ်

တေဇရဲ့  စစ်မျက်နှာ၊မိုးဟိန်းရဲ့  သင်္ကြန်အမြှောက် ဟုတ်မဟုတ်



 Aungmyo Tun

ဒီပုံဟာ အခု ဟော့ ဖြစ်နေတဲ့၊ ပီတာလင်းပင်အင်တာဗျူး ပါဝင်တဲ့
မြန်မာသံတော်ဆင့်ဂျာနယ်ကျောဖုံးကမှာ ဖော်ပြထားတဲ့ စစ်ခရိုနီတေဇ
တက်ရောက်ပံ့ပိုးပေးခဲ့တဲ့ ရုရှား - မြန်မာ သံဆက်ဆံရေး ၆၅ နှစ်ပြည့်ပွဲလို့ 
ဂျာနယ်အဆိုအရ သိရတယ်။ အတွင်းစာမျက်နှာသို့  သတင်းအကျယ်ညွှန်းခြင်း
မရှိတာကို သတိပြုမိတဲ့အခါ ဂျာနယ်ဘက်က သိစေချင်တဲ့သဘောဟာ
တေဇတစ်ယောက် ဒီပွဲမှာ ရှေ့ တန်းတစ်နေရာမှ လူတွင်ကျယ်လုပ်ခဲ့ကြောင်း
ဆိုတာလောက်ဘဲလို့  နားလည်မိတဲ့အပြင် ဒီပုံကို အွန်လိုင်းမှာ ဝေမျှကြတာ
မရှိသလောက် နည်းပါးခဲ့ပါတယ်။

တေဇရဲ့ ကဏ္ဍဟာ ရုရှားနိုင်ငံနဲ့  ဗမာပြည် ကူးလူးချိတ်ဆက်ရေးဝန်ဆောင်မှုမှာ
အရေးပါ အရာရောက်တဲ့နေရာတစ်ခုက အသေအချာ တည်ရှိနေတယ်ဆိုတာကို
ဒီပုံက ထုတ်ဖော်ပြသလိုက်တာဖြစ်သလို သိန်းစိန်အစိုးရရဲ့  နိုင်ငံခြားရေးကိစ္စမှာ
စစ်ခရိုနီတစ်ဦးရဲ့  အတွင်းကျကျ ထိုးဖောက်ခြေကုတ်ယူထားနိုင်ခြင်းဟာလည်း
စစ်တပ်ကျောထောက်နောက်ခံပြု အာဏာရကြံ့ဖွံ့ အစိုးရမျက်နှာဖုံးအောက်က
မူရင်းဇာတ်ရုပ်ကို ထင်ထင်ရှားရှား တွေ့ လိုက်ရသလိုဖြစ်စေတယ်။

ဒါနဲ့ တစ်ဆက်တည်း အတွေးရောက်သွားတာက စစ်အာဏာရှင်ဗိုလ်သန်းရွှေ၊
ဗိုလ်မောင်အေးတို့ တစ်အုပ်တစ်သိုက်နဲ့  တေဇရဲ့  ကိုင်းကျွန်းမီ ကျွန်းကိုင်းမီ
အပြန်အလှန် အပေးအယူလုပ်ခဲ့ကြတဲ့၊ တိုင်းပြည်ကို ဖျက်စီးခဲ့ကြတဲ့၊
ဗမာပြည်သူလူထုနဲ့  တိုင်းရင်းသားပေါင်းစုံကို ဒုက္ခပင်လယ်ဝေစေတဲ့၊
မဝေးလှသေးတဲ့အချိန်က စစ်ဖိနပ်အောက်ရောက်ခဲ့တဲ့ အမှောင်လွှမ်းခေတ်ထဲက
အဖြစ်သနှစ်များအကြောင်းဘဲဖြစ်တယ်။

သေနတ်တေ့၊ ဓားမိုးအုပ်ချုပ်ခဲ့တဲ့ကာလတွေက စစ်အာဏာရှင်ဗိုလ်ချုပ်ကြီးတွေနဲ့ 
၎င်းတို့ ရဲ့  နောက်တော်ပါး ခရိုနီတို့  ဘယ်လိုပုံဘယ်လိုဇာတ် ခင်းကျင်းခဲ့တာနဲ့ 
ပက်သက်ပြီး ယနေ့ ပြည်သူအများစုရဲ့  ဆောင်လောင်မွတ်သိပ်လှတဲ့ သိချင်စိတ်
ဇောအလျင်ဟာ မိုးထိအောင် တောက်လောင်နေတယ်ဆိုတာ အထူးပြောစရာ
မလိုတော့တာ စစ်တပ်အုပ်ချုပ်ခဲ့တဲ့အချိန်တွေက အတွင်းရေးကိစ္စများကို
ရေးသားဖော်ထုတ်လာတဲ့ ဂျာနယ်တွေ သတင်းစာတွေ စောင်ရေတရိပ်ရိပ်
တိုးလာတာက လက်ဆုတ်လက်ကိုင်ပြနိုင်တဲ့ သာဓကများလို့  ဆိုနိုင်တယ်။

အဆိုပါ ပုံနှိပ်မီဒီယာကြားမှာ မိုးဟိန်းဦးစီးတဲ့ သူရိယအလင်း (နေ၀န်း)ဂျာနယ်ဟာ
တမုဟုတ်ချင်း အုတ်အော်သောင်းနင်း ကျော်ကြားလာတာကို သတိပြုမိတယ်။
စထွက်လာခဲ့တဲ့ အမှတ် (၁)ကနေ ပြီးခဲ့တဲ့စနေနေ့ အထိ ဒီဂျာနယ်ကို
ဂရုတစိုက်ဖတ်ရင်း ပိုပိုပြီး ခိုင်မာလာစေတဲ့ရှုထောင့်ဟာ ရှင်းလင်းသဲကွဲလာပါတယ်။
သူရိယအုပ်စုဟာ ဗမာစစ်တပ်က ပြည်သူတွေရဲ့ ဆန္ဒအပေါ် ဖိနှိပ်ညှင်းပန်းမှုကို
ဘယ်တော့မှ မီးမောင်းမထိုးဘူး၊ ပိုဆိုးတာက စစ်တပ်နာမည်ပျက် အကြည်ညိုမဲ့
လူထုမုန်းတီးခံရမှုဟာ အသိမဲ့သဘောနဲ့  ကျရောက်ခဲ့တာဖြစ်ပြီး သူရိယညွှန်းတဲ့
လက်ဆယ်ချောင်းမပြည့်တဲ့ ခရိုနီလူဦးရေလေးက ရိုးသားကြိုးစားမှုအခြေခံရှိကြတဲ့
ဗမာ့စစ်ဗိုလ်ချုပ်ကြီးတွေကို မလှိမ့်တစ်ပတ်လုပ် ကိုယ်ကျိုးကွက်အမြတ်ထုတ်ကာ
တပ်ကို နာမည်ဆိုးဘ၀ရောက်အောင် ခုတုံးလုပ်အသုံးချသွားတယ်ဆိုတဲ့
မိုးဟိန်းတို့ ဂျာနယ်ရဲ့ ကောက်ချက်ဟာ ပြည်သူလူထု တနုံ့ နုံ့ ခံစားနေရတာနဲ့ 
ပြဒါးတစ်လမ်းသံတစ်လမ်းလို ရင်ဘတ်ချင်း မနီးစပ်လှပါဘူး။

ဒါဟာ အကြောင်းမဲ့ ၀ါးလုံးချေးသုတ် စွပ်စွဲတာမဟုတ်ဘဲ သူရိယအလင်းဂျာနယ်
အတွဲ ၁၊ အမှတ် ၇ မှာ “ခရိုနီတစ်ဦးရဲ့ မိကျောင်းမျက်ရည်” ခေါင်းစည်းနဲ့ 
စစ်သူရဲ ဗလမင်းထင်ရေးတဲ့ ဆောင်းပါးမှာ စစ်အာဏာရှင်ဗိုလ်သန်းရွှေ၊
ဗိုလ်မောင်အေးတို့ နဲ့ ပက်သက်ပြီး..

“၁၉၈၈ - ၂၀၁၀ တပ်မတော်ကို ခေါင်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ
အညာသား ရိုးရိုးသမားကြီးပါ၊ Air Com လေအေးစက်နဲ့ တောင် နေတတ်တာ
မဟုတ်ပါဘူး၊ Air Com ပိတ်ပြီး အညာသားပီပီ ဒီအတိုင်း သဘာဝနဲ့ 
နေတဲ့လူမျိုးပါ။ ခင်ဗျားတို့  သစ်ခရိုနီတွေ၊ လက်နက်ခရိုနီ၊ ဘိန်းခရိုနီတွေက
လူလည်လူနပ်လူပါးတွေဆိုတော့ ခင်ဗျားတို့  လိမ်လို့ ပတ်လို့ ကောင်းတာပေါ့ဗျာ။
တပ်မတော်ခေါင်းဆောင်တွေကို ခင်ဗျားတို့ ခရိုနီတွေက ဖျက်စီးပစ်တာ၊
တပ်မတော်ခေါင်းဆောင်ကို ခင်ဗျားတို့  နာမည်ပျက်အောင် ဖျက်ခဲ့တာပါ။
ချမ်းသာသွားတော့ ခင်ဗျားတို့  သစ်ဘိန်းလက်နက်ခရိုနီတွေ၊ ငတ်ပြီးကျန်ခဲ့တာက
ကျုပ်တို့ တပ်မတော်ကြီးတစ်ခုလုံးနဲ့  မြန်မာပြည်သူတွေပါဘဲ။

ဗိုလ်ချုပ်မှူးကြီးမောင်အေးဆိုလည်း မိသားစုဘာမှရှိတာမဟုတ်ဘူး၊ သမီးကလေး
တစ်ယောက်တည်းရှိတာ၊ ဒီလောက်ချမ်းသာစရာမလိုဘူး၊ ဒီလောက်လည်း
ချမ်းသာချင်တာမဟုတ်ဘူး၊ ကန့် ဘလူသား ရိုးရိုးအေးအေးကြီးပါ၊
သူတို့ မိသားစုသုံးဦး ၀မ်းစာအပြင် ဘာမှမလိုတဲ့လူတွေပါ။ ခင်ဗျားတို့ ကဘဲ
အဘအေး အဘအေးဆိုပြီး ဖားဖားပြီးတော့ ဟိုပါမစ်တောင်း ဒီပါမစ်တောင်း
လုပ်ခဲ့တာ။ ခင်ဗျားတို့ ပေးတဲ့လက်ဆောင် Louis XIII တစ်လုံးပေးပြီး
ခင်ဗျားတို့ ယူသွားတာက ဒေါ်လာသန်းနဲ့ ချီပြီး လှည့်ပတ်ယူသွားတာ..”

စသဖြင့် ရေးချွတ်ထားတာတွေဟာ တိုင်းရင်းသားတွေ မုန်းတီးတဲ့၊ ရဟန်းရှင်လူ
ကျောင်းသားပြည်သူတွေအပေါ် လူမဆန်တဲ့နည်းပေါင်းစုံနဲ့  ဖိနှိပ်ညှင်းဆဲ
သတ်ဖြတ်ခဲ့ကြတဲ့၊ တိုင်းပြည်ရဲ့ အဆီအနှစ် ချမ်းသာကြွယ်ဝမှုမှန်သမျှကို
စစ်အင်အားပြ ဂုတ်သွေးစုပ် ဓားပြတိုက်ယူသွားတဲ့၊ ပါလီမာန်ဒီမိုကရေစီစနစ်ကို
လက်စဖျောက် သုတ်သင်ခဲ့ပြီး စစ်ဝါဒထူထောင်ခဲ့တဲ့ ဗမာ့စစ်တပ်နဲ့ 
စစ်ခေါင်းဆောင်ဗိုလ်ချုပ်ကြီးတွေအပေါ် အလွန်တရာ မှားယွင်းဖောက်ပြန်တဲ့
သုံးသပ်ချက်တွေလို့  ပြောရမယ့်အပြင် မိုးဟိန်း ဆီသည်မလက်သုတ်ပ၀ါလို
ကြိမ်ဖန်များစွာ ပြောတတ်တဲ့ ရှစ်လေးလုံးစိတ်ဓာတ်၊ ရှစ်လေးလုံးအမြင်၊
ရှစ်လေးလုံးလှုပ်ရှားမှုတွေရဲ့  အခြေခံအုတ်မြစ်နဲ့ လည်း ဝေးကွာစိမ်းပြင်လှပြီး
သမိုင်းတရားခံစစ်ခေါင်းဆောင်တွေ ချုပ်ကိုင်စီးမိုးထားတဲ့ စစ်တပ်အပေါ်
ကပ်ပါးလျက်ဖားနဲ့  အကောင်းမြင် လောဘီလုပ်လွန်းတာ ရုပ်ပျက်လှပါတယ်။
စစ်အာဏာရှင်ဗိုလ်ချုပ်ကြီးတွေ (အထူးသဖြင့် ဗိုလ်သန်းရွှေ)မှာ မှဲ့ တစ်ပေါက်မျှ
အပြစ်မရှိဘဲ အမျိုးမျိုးသောခရိုနီတွေကြောင့် စစ်ဗိုလ်ချုပ်တွေနဲ့  စစ်တပ်ဟာ
လူဆိုးလူမိုက်ဖြစ်ခဲ့ရပါတယ်ဆိုတဲ့ သုံးသပ်ရေးသားချက်ဟာ လူထုသဘောထားနဲ့ 
တက်တက်စင်စွာ လွဲချော်ခဲ့ပြီး ပြည်သူလူထုရဲ့  စစ်တပ်အပေါ်ထားတဲ့ အမုန်းကို
ပစ်မှတ်ပြောင်းပြီး ခရိုနီတစ်စုသို့  လမ်းကြောင်းရှန်တိန်တွန်းလွှတ်ပေးနေတာဘဲ
ဖြစ်ပါတယ်။ “တပ်ကိုမမုန်းနဲ့  ခရိုနီကိုမုန်း”ဆိုတဲ့ စစ်အုပ်စုနိုင်ငံရေးရည်မှန်းချက်ကို
မြေပြင်မှာ လက်တွေ့ ကျကျ ကွင်းဆင်းအကောင်အထည်ဖော်နေတာဘဲဖြစ်တယ်။

ဒီကနေ့ ထုတ်ဂျာနယ်အချို့ နဲ့  သတင်းစာအချို့ မှာ စစ်ခရိုနီတေဇက မိုးဟိန်းကို
ဥပဒေကြောင်းအရ တရားစွဲတော့မယ်ဆိုတဲ့သတင်း ဖတ်ရတဲ့အခါ တေဇထက်
အလျင်စောစွာ သူရိယဂျာနယ်ကို တရားစွဲဖို့  ပြင်ဆင်ခဲ့တဲ့ စစ်ခရိုနီတစ်ဦး
ပေါ်ပေါက်ခဲ့တာကို ပြည်သူတွေ သတိပြုဟန်မရှိခဲ့တာကို စဉ်းစားမိသေးတယ်။
လွယ်ဟိန်းစီးပွားရေးအုပ်စုခေါင်းဆောင်ဖြစ်ပြီး သူ့ ရဲ့ ပုဂ္ဂိုလ်ရေးကို
အသရေဖျက်တယ်ဆိုပြီး သူရိယအလင်းကို တရားဝင်တောင်းပန်ခိုင်းရမလား၊
ရှေ့ နေရှေ့ ရပ်နဲ့  တရားစွဲရမလား စီစဉ်နေပါတယ်ဆိုတဲ့သတင်းကို
လွန်ခဲ့တဲ့ လပိုင်းများကနေ့ စဉ်ထုတ်သတင်းစာအချို့ မှာ ဖတ်ရပြီး
အဲဒီနောက်ပိုင်း နောက်ဆက်တွဲလုပ်ဆောင်မှုတွေ ထွက်ပေါ်မလာတော့ဘဲ
နှစ်ဖက်စလုံးက အသံတိတ်သွားတာကိုလည်း အမှတ်ရမိပါတယ်။

အခုလည်း ဒီအဆင် ဒီခွင် ဒီကလင်ဒါကျအတိုင်း တေဇနဲ့  မိုးဟိန်းတို့ 
တွဲကျလာပြီဖြစ်ပါတယ်။ တေဇရဲ့  တရားစွဲမှုကို ပြည်သူတွေက အနီးကပ်
စောင့်ကြည့်နေကြသလို မိုးဟိန်းရဲ့  မျက်လှည့်ဆရာဦးထုပ်ထဲက ထွက်လာမယ့်
အမယ်စုံပစ္စည်းတွေကိုလည်း ဟင်ခနဲ ဟာခနဲ အာမေထိဋ်သံပေးပြီး
မျှော်လင့်နေကြတဲ့ နိုင်ငံရေးလေ့လာသူ စာဖတ်ပရိသတ်တွေလည်း
ပွဲကြည့်စင်မှာ ပြည့်လုမတတ်ရှိနေကြပြီဖြစ်ပါတယ်။ တေဇတို့ စစ်ခရိုနီများရဲ့ 
ကိုယ်ကျိုးရှာ ဖို့ တစ်ဖို့ တည်း အတ္တကျူး ဥစ္စာဓနပိုင်ဆိုင်မှုတွေဟာ
ကုန်းကောက်စရာ မရှိ၊ မသေထမင်း မသေဟင်း စားနေရတဲ့ ဗမာပြည်သူများရဲ့ 
လက်ရှိပစ္စခတ်အခြေအနေနဲ့  နှိုင်းစာရင် အင်မတန် ရှက်ဖွယ်လိလိ မသဒီစရာ
ကြွယ်ဝမှုများဖြစ်ပါတယ်။ ထို့ အတူ စစ်ခရိုနီတစ်စု နတ်မိသားစုနှယ်
ဇိမ်ကျ ကြွယ်ဝချမ်းသာမှုများကို ခွင့်ပြု တံခါးဖွင့်ပေးခဲ့တဲ့ စစ်ဗိုလ်ချုပ်များရဲ့ 
လုပ်ရပ်များနဲ့ တကွ ၄င်းတို့ ရဲ့  ဆွေစဉ်မျိုးဆက် စားမကုန်သောက်မကုန်
ဥစ္စာဓန ပြည့်စုံချမ်းသာလာမှုတွေကလည်း ဆင်းရဲမွဲတေတဲ့ ပြည်သူတွေအတွက်
ရန်သူလူတန်းစားသဖွယ် ရှုမြင်ခံနေရတာ ယနေ့ ထိဘဲ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံသား မိုးဟိန်းနဲ့  ဗမာမှတ်ပုံတင်ကိုင် တေဇတို့ ရဲ့  ပဋိပက္ခလို့ 
ပုံဖော်နေသူတွေရှိသလို ရုရှား တရုတ် အလုပ်အကျွေးပြု တေဇနဲ့ 
အနောက်အုပ်စု ကျောထောက်ခံ မိုးဟိန်းတို့ ရဲ့  ခေတ်သစ်စစ်အေးတိုက်ပွဲလို့ 
ဆွဲတင်ချင်နေကြတဲ့ လေ့လာသုံးသပ်သူတချို့ လည်း တွေ့ နေရပါတယ်။
လက်တဆုံးနှိုက်၊ ရေကုန်ရေခမ်း အပြန်အလှန် ငယ်ကျိုးငယ်နာတွေဖော်ရင်း
အာဏာရှင်စနစ်က တိမ်မြုပ်နေတဲ့အချက်အလက်များ ပေါ်ထွက်လာတော့မယ်လို့ 
မျှော်လင့်တကြီး စောင့်ကြည့်နေကြတဲ့ ပြည်သူလူထုတွေလည်း ရှိကြပါတယ်။
ဒီအခါမှာ ညောင်မြစ်တူးဆွရင်း ပုတ်သင်ဥတွေပါ ပေါ်လာတာကိုလည်း
တွေ့ ရနိုင်ပါတယ်။ ဥနဲ့ အမြစ် ဘာဘဲပေါ်ပေါ် နိုင်ငံရေးစိတ်ဝင်စားသူ
ပြည်သူလူထုအတွက် ရှေ့ အနာဂတ်မှာ နိုင်ငံရေးအမြင် မှန်မှန်ကန်ကန်ကို
သုံးသပ်ဝေဖန်ဖို့ အတွက် ဒီအချက်အလက်တွေက များစွာအထောက်အကူပြု
အကျိုးရှိစေမှာဖြစ်ပြီး တေဇရဲ့  စစ်မျက်နှာဖွင့်မှုကို ပွဲကြည့်ပရိသတ်တွေ
ကြိုဆိုသလို၊ မိုးဟိန်းရဲ့ ဟိန်းဟောက်သံတွေဟာ သင်္ကြန်အမြှောက် ဟုတ်မဟုတ်
ဆိုတာလည်း သက်သေပြဖို့  အခွင့်ကောင်းလို့  ပြောဆိုဝေဖန်နေကြပါတယ်။

ဒီနေရာမှာ မိုးဟိန်းနဲ့ တေဇ နှစ်ယောက်လုံး အဖျားရှူးသွားကြမယ်လို့ 
ကျွန်တော် ထင်ပါတယ်။ ဘာကြောင့်လဲဆို စစ်အာဏာရှင်တွေအပေါ်
ပြည်သူမြင်တဲ့အမြင်နဲ့  တေဇ + မိုးဟိန်း ရှုထောင့်က ဖြောင့်ဖြောင့်ကြီး
 ဆန့် ကျင်နေလို့ ဖြစ်ပါတယ်။ ဖွတ်ရှူးပွဲတွေ ထိုင်ကြည့်ပြီး ဗမာပြည်က
စစ်ဝါဒကြီးစိုးမှု ပျယ်ပျောက်ချုပ်ငြိမ်းသွားလေမလား တွေးနေရင်တော့
အိပ်ပျက်တာဘဲ အဖတ်တင်လိမ့်မယ်လို့  ကျွန်တော်ယူဆပါတယ်။

မြောက်ဥက္ကလာက၇တန်းကျောင်းသူ သံဖြူဇရပ်မြို့မှာထွက်ပြေးလွတ်မြောက်



ပါးစပ်ပိတ်ပြီးဖမ်းဆီးခေါ်ဆောင်လာခြင်းခံရတယ်လိုပြောပြတဲ့ မြောက်ဥက္ကလာ အလက(၅)၊ ၇တန်းကျောင်းသူ မမိုးသက်သက်ဇော် -------------------------------------------------------------------------
၂၀၁၃ နိုဝင်ဘာ ၂၄ ၂၀း၀၀ အချိန်ခန့်တွင် သံဖြူဇရပ်မြို့ အောင်မင်္ဂလာရပ်ကွက် အောင်ဆန်းလမ်းရှိ ကားဂိတ် အမျိုးသမီးငယ် တစ်ဦးသည် မော်လမြိုင်---ရေး ခရီးသည်တင် ရာဇာမင်းမှန်လုံယာဉ်ပေါ်မှ ဆင်း၍ ပုန်းခိုးခဲ့ကြောင်း အဆိုပါ ခလေးငယ်မှာ မြောက်ဥက္ကလာပမြို့နယ် အမှတ်(၅) အလယ်တန်းကျောင်းမှ ၇-တန်း တွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် တက်ရောက် ပညာသင်ကြားနေသော မမိုးသက်သက်ဇော် အဘ ဦးတင်ထွဋ္ဋ် အသက်၁၂နှစ်၊ ၂၂၃ ဓမ္မပါလလမ်း ကျောက်ရေတွင်းရပ်တွင် နေထိုင်သူ ဖြစ်ကြောင်း ၊အဆိုပါ ခလေးငယ်၏ ပြောကြားချက်အရ ၄င်းအား နေအိမ် ရေတွင်း ရေခပ်နေစဉ် အမည်မသိ အသက်(၃၅)နှစ်ခန့် အမျိုးသားတစ်ဦးမှ ဖမ်းဆီးခေါ်ဆောင်လာပြီး ရန်ကုန်မြို့ အောင်မင်္ဂလာအဝေပြေးကွင်းမှ ရွှေပြည်စိုး ခရီးသည်တင် မှန်လုံယာဉ်မှ မော်လမြိုင်သို့၎င်း မော်လမြိုင်မှ ရာဇာမင်းကား ဖြင့် သံဖြူဇရပ်မြို့သို့၎င်း ချော့ယူ ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း ဤဖြစ်စဉ်နှင့် ပတ်သက်၍ အဆိုပါ ဖမ်းဆီးခေါ်ဆောင်ခဲ့သူအား လက်ရဖမ်းဆီးရမိရေး သံဖြူဇရပ်မြို့ မြို့မ စခန်းမူး ဒုရဲမူးစိုအောင်နှင့် တပ်ဖွဲ့ဝင်များ အပူတပြင်း ရှာဖွေလျက်ရှိကြောင်း သိရှိရပြီး ကလေး၏ အကြီးတော်စပ်သူ ဒေါ်သန်းသန်းဇော် အား လည်း ဆက်သွယ်၍ မေးမြန်းရာ ကလေးပျောက်ဆုံမှုနှင့် ပတ်သက်၍ နယ်မြေ ရဲကင်းထံ သတင်းပို့ တိုင်းကြားထားကြောင်း သတင်းရရှိပါသည်။

Source: သံဖြူဇရပ်

ဘာသာခြားတစ်ယောက်ကိုသူ့အသက် မငဲ့ဘဲ ကယ်တင်ပေးခဲ့တဲ့သတင်းထောက်မိုးသူအောင်ကွယ်လွန်


Thiha Thwe
ညီမလေး ဂျူဂျူသန်းရေ ၊ မိုးသူအောင်ဆိုတာ ၊ ပဲခူးတိုင်း နတ္တလင်းမှာ လူမျိုးရေးဘာသာရေး အဓိကရုဏ်း တွေဖြစ် တုန်း ၊ သတင်းယူပြီး အပြန် ၊ အကာကွယ်မဲ့၊အကူအညီ မဲ့ဖြစ်ပြီး အသက်အန္တရယ် ပါရင်ဆိုင်နေ ရတဲ့ မွတ်စလင် အမျိုးသားတစ်ယောက်ကိုသူ့ ကားပေါ်မှာ ဖွက်ပြီးဘေးလွတ်ရာအထိခေါ်လာပေးခဲ့တဲ့ ဗုဒ္ဒ္မဘာသာ လူငယ်သတင်းထောက်ကလေးပေါ့ကွာ။ သူ့ အတွက်လည်းအန္တရယ်မကင်း မှန်းသိပေမယ့် အရွယ်လေးနဲ့ မလိုက်အောင် လူသားဆန်ပြီး စာနာစိတ်၊ ကူညီလိုစိတ်ပြင်းထန်လို့ ၊ သူသူ ကိုယ်ကိုယ် မလုပ်ရဲတဲ့ အလုပ်ကို ရဲရဲ ဝင့်ဝင့်သူလုပ်ခဲ့လို့ ညီမ ကိုယ်တိုင် ကျေးဇူးတင်ပါတယ် အကို လို့ ပြောခဲ့ တဲ့ ညီလေးပေါ့ ။ ဗမာလူမျိုး၊ ဗုဒ္မ္ဂဘာသာ၊ သတင်းထောက်စစ်စစ် ၊ အသက် ၂၃နှစ် ပဲရှိသေးတယ်။



သတင်းသမား မိုးသူအောင် အတွက် ၀မ်းနည်းကြေကွဲခြင်း
----------------------------------------------------------
RFA သတင်းထောက် (ညီလေး) မိုးသူအောင် ယနေ့(နိုဝင်ဘာလ၊ ၂၅ ရက်) နံနက်ပိုင်းတွင် ကွယ်လွန်ဆုံးပါးသွားကြောင်း ကြားသိရသည့် အတွက် ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) သတင်းနှင့် ပြန်ကြားရေး အဖွဲ့သားများက အထူးဝမ်းနည်းကြေကွဲ နှမြောတသဖြစ်ကြရပါသည်။
ယခင် "၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့" အမည်ဖြင့် ကျွန်တော်တို့ နိုင်ငံရေး စည်းရုံးလှုပ်ရှားမှုများ ဆောင်ရွက်ခဲ့စဉ် ၂၀၁၂ ခုနှစ် ကတည်းက ကျွန်တော်တို့ ၈၈ ပြန်ကြားရေးအဖွဲ့နှင့်အတူ လှုပ်ရှားမှုသတင်းများကို လိုက်ပါရယူခဲ့သူ ညီလေး၊
အခြားသော နိုင်ငံရေးလှုပ်ရှားမှုသတင်းများကိုလည်း တယ်လီဖုန်းဖြင့် ကျွန်တော့်ထံ မကြာခဏ လှမ်းမေးခဲ့သူ (ညီလေး) မိုးသူအောင်(RFA) ကောင်းရာသုဂတိသို့ ရောက်ပါစေကြောင်း ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) သတင်းနှင့် ပြန်ကြားရေး အဖွဲ့သားများကိုယ်စား ကျွန်တော် ဆုတောင်းပေးလိုက်ရပါသည်။


အံ့ဘွယ်ကျော်
အတွင်းရေးမှူး
သတင်းနှင့်ပြန်ကြားရေး
၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)


ဓါတ်ပုံ Moe Kyaw


ဘာသာခြားတစ်ယောက်ရဲ့ အသက်ကို စိတ်ထားကောင်းလွန်းတဲ့ ညီလေး မိုးသူအောင်က သူ့အသက်ကို မငဲ့ဘဲ ဒီလိုကယ်တင်ပေးခဲ့တာလေ.......
--------------------------------------------------------------------
"လူတစ်ယောက် အသက်ကို ကယ်ခဲ့တယ်"


ဒီနေ့ ဥက္ကံမြို့အထွက် သကြားစက်လမ်းမှာ မီးလောင်နေတဲ့ အိမ်တွေကို ဗီဒီယို မှတ်တမ်းယူနေတုန်း ဒီကိုရွှေချောကို ရဲတွေက ခေါ်လာတယ်။
သေနတ်ကိုင်ထားတဲ့ ရဲတွေက "ဒီလူ့ကို တိုက်ကြီးမြို့ကို ပို့ပေးပါ။ကျွန်တော်တို့ ခေါ်သွားရင် အဆင်မပြေလို့ပါ "ဆိုတော့... ကျွန်တော်လည်း ကဲ..မောင်မင်းကြီးသား ကားပေါ်ကိုကြွ...Suzuki R+ နောက်ခန်းမှာ လှဲပြီးအိပ်နေ..ပုဆိုးနဲ့ခေါင်းကို လုံအောင်ခြုံထားဆိုပြီး၊ ကျွန်တော့်ရဲ့ ကျောပိုးအိတ်နဲ့ပါ သူ့မျက်နှာကို ကာပေးထားရတယ်။
တိုက်ကြီးသား ကိုစိုးမိုးလည်း ကျွန်တော်တို့ ကားနဲ့သာ လိုက်လာရတာ မျက်နှာက တငယ်ငယ်၊ကားနားမှာ လူသံကြားရင် ဒူးနဲ့မေးစေ့လေးထိပြီး ကွေးထားတဲ့ အပြင် အကျီကိုချွတ်ပြီး မျက်နှာကို လုံအောင်ဖုံးထားသေးတယ်။
ကျွန်တော်တို့မှာလည်း ခေါ်သာခေါ်လာရတာ လမ်းမှာ ရင်တထိတ်ထိတ်နဲ့ ကားရပ်တုန်း ကားနားကို တစ်ယောက်ယောက်ကပ်လာရင် "အကိုဟိုနားက ဘာဖြစ်လဲ မသိဘူး"ဆိုပြီး အာရုံလွှဲရတာ အမော၊တတ်သမျှ ဘုရား၊ဂါထာအလည်း အကုန်ရွတ်....
စိတ်ထဲမှာလည်း အသက်တစ်ချောင်း၊အသက်တစ်ချောင်းဆိုပြီး အားတင်းထားရင်းနဲ့ တိုက်ကြီးမြို့ရောက်မှ အသက်ရှုနိုင်ပါတော့တယ်။


(မိုးသူအောင်)



(မိုးသူအောင်)ဟာဆိုင်ကယ်အစီးကြမ်းသူတဦးကြောင့်အတွင်းလူနာအဖြစ်ဆေးရုံမှာကုသနေဆဲမှာကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ မိုး သူ အောင် အတွက် ဆရာ တော် အရှင် ဆေကိန္ဒ မှလာ ရောက်မေတ္တာ ပို့ ဆုတောင်း ပေးခဲ့

မိုး သူ အောင် ကို လာ ရောက် ကြည့် ရူ့  သော ၈၈ ငြိမ်းပွင့် မှ အမ မနီလာ သိန်း

တရုတ်သံရုံးရှေ့ ဆန္ဒပြသူ ၆ ဦးကို စမ်းချောင်းရုံးက ထောင်ဒဏ်စီရင်


RFA Burmese

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း သပိတ်စခန်း ဖြိုခွဲခံရမှု ဆန္ဒပြတာနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ရန်ကုန်မြို့ တရုတ်သံရုံးရှေ့ကို လမ်းလျှောက်ချီတက်ဆန္ဒပြတဲ့ အထဲက ဦးဆောင်သူ စုစုပေါင်း ၆ ဦးကို စမ်းချောင်းမြို့နယ် တရားရုံးက ဒီနေ့ ထောင်ဒဏ်တစ်လစီ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ကြည့်မြင်တိုင်နဲ့ လသာမြို့နယ်တွေကလည်း အဲဒီ ဦးဆောင်သူ ၆ ဦးကို အလားတူ ထောင်ဒဏ်တစ်လစီ ချမှတ်ခဲ့ပါတယ်။ ပြစ်ဒဏ်ချမှတ်ခံရသူ ၆ ဦးဟာ တကသ ကျောင်းသားသမဂ္ဂနဲ့ လူငယ်အဖွဲ့အစည်းတွေက ဖြစ်ပါတယ်။

ဒီနေ့ စမ်းချောင်းမြို့နယ် တရားရုံးက ချမှတ်တဲ့ ပြစ်ဒဏ်နဲ့ ပြီးခဲ့တဲ့ရက်ကချခဲ့တဲ့ ပြစ်ဒဏ်တွေကို တစ်ပေါင်းတည်း ကျခံရမှာဖြစ်တယ်လို့ တရားရုံးမှာသွားရောက်နားထောင်ခဲ့တဲ့ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ဖြစ်မြောက်ရေးကော်မတီက ကိုမင်းသူအောင်က ပြောပါတယ်။

“လက်ပံတောင်းတောင်ကိစ္စ ဆန္ဒပြတဲ့အမှု ပုဒ်မ ၁၈ နဲ့ ကြည့်မြင်တိုင်၊ အလုံနဲ့ စမ်းချောင်းရယ် သုံးရုံးစလုံးစွဲတာ၊ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ လချတယ်ဗျ”

ကျောင်းသားသမဂ္ဂ တကသခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဒီငြိမ်းလင်း၊ မျိုးဆက်သစ်လူငယ်များအဖွဲ့က ကိုမိုးသွေးအပြင် အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက ကိုစိုးမိုးထွန်း၊ ကိုမြင့်ကျော် ၊ မသန္တာနဲ့ ကိုအောင်မျိုးဦးတို့ ၆ ဦးတို့ကို တရုတ်သံရုံးကို လမ်းလျှောက်ဆန္ဒပြစဉ် ဖြတ်သွားတဲ့ မြို့နယ် ၃ မြို့နယ်က တရားမ၀င် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၈ နဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။


မသန္တာ

နိုင်ငံရေးပတ်သက်ရင် အမှန်တရားဖက်အမြဲရပ်နေသူ

အာဏာရှင်ကို ၈၈ ကတည်းက တော်လှန်ခဲ့တယ် အဆက်မပြတ်လှုပ်ရှားမှုတွေနဲ့ မကင်းကွာတဲ့သူ အာဏာရှင်လက်ထက် စစ်ကြောရေးမှာ ခေါင်းမာလွန်းလို့ အာဏာရှင်ကတောင်လေးစားသမူခံရသူ ထောင်တသက်တကျွန်းကျခံရသူ တိုက်ပိတ်အကြာဆုံးခံရတဲ့ နိုင်ငံရေးသမား အမျိုးသမီး ထောင်တွင်းအနေမှန်မူကြောင့် ထောင်အာဏာပိုင်ကပါလေးစားခဲ့သူ သူက နိုင်ငံရေးဟာ အသက် နိုင်ငံဟာ ၀ိဥာဉ်လိုထားသူ။



Source: Han Pa

ဝါရင့်နိုင်ငံရေးသမားကြီး ဦးထွေးမြင့် ကွယ်လွန်



RFA Burmese


ဝါရင့်နိုင်ငံရေးသမားကြီး ဦးထွေးမြင့် အသက် ၈၄ နှစ်ဟာ အင်းစိန်မြို့နယ်၊ ဘိုကုန်းရပ်ကွက်နေအိမ်မှာ လူကြီးရောဂါနဲ့ ဒီနေ့မနက် ကွယ်လွန်သွားကြောင်း သိရပါတယ်။

ဦးထွေးမြင့်ဟာ ဖဆပလခေတ်မတိုင်ခင်ထဲက နိုင်ငံတော်လွတ်လပ်ရေးကြိုးပမ်းမှုမှာ ဦးကျော်ငြိမ်း၊ ဦးဘဆွေ၊ ဦးအောင်ကြီးတို့နဲ့အတူ လှုပ်ရှားပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို စတင်ထူထောင်ရာမှာလည်း ပါဝင်ခဲ့သူဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အလွန်ရင်းနှီးသူဖြစ်သလို မြန်မာ့နိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အမြဲပြောဆိုဆွေးနွေး တိုင်ပင်လေ့ရှိသူဖြစ်ပါတယ်။

သူဟာ ဒီမိုကရေစီကို ယုံကြည်သူတစ်ဦးဖြစ်ပြီး မှန်ရာကိုပြောရဲဆိုရဲသူတစ်ဦးဖြစ်တယ်လို့ NLD နာယက ဦးတင်ဦးက ပြောပါတယ်။

“သူက ဒီမိုကရေစီနဲ့ ပတ်သက်ပြီးတော့ တကယ့်ကို ယုံကြည်တဲ့ပုဂ္ဂိုလ်ပါ၊ ဒီမိုကရေစီကို ထိခိုက်စေမယ့်ကိစ္စတို့ ဆန့်ကျင်တဲ့ကိစ္စတို့စသဖြင့် ဒီလိုမျိုးတွေတွေ့ရင် ပြောချင်တဲ့စိတ်ရှိရင် ပြောချတာပဲ၊ အထူးသဖြင့် ဒီမိုကရေစီရေးနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်တို့ လှုပ်ရှားတဲ့အပိုင်းမှာ တစ်ဘက်ကနေပြီးတော့ အာဏာရှိတဲ့အသိုင်းအဝိုင်းက ဥပဒေနဲ့မညီတာကို ဆောင်ရွက်လို့ရှိရင် ပွင့်ပွင့်လင်းလင်း ဝေဖန်တတ်တယ်၊ အထူးသဖြင့်ပေါ့ဗျာ စစ်တပ်ခေတ်တုန်းက ကျောင်းသားတွေကို ပစ်ကြခတ်ကြ ရက်ရက်စက်စက်ပေါ့နော် သွေးမြေကျတဲ့ကိစ္စကို အကြောင်းပြုပြီးတော့ တော်တော်လေးပဲသူ ထက်ထက်သန်သန် ပါဝင်လာတာကို ကျနော်သတိပြုမိပါတယ်၊ အခုလည်းပဲ သူကျန်းမာရေး မကောင်းတဲ့ကြားထဲမှာပဲ ဝါရင့်နိုင်ငံရေးသမားများနဲ့ အတူတကွ လှုပ်ရှားနေပြီးတော့ တခြားသော ကျနော်တို့ နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေမှာလည်းပဲ လှုပ်ရှားတက်ကြွစွာ ပါဝင်ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပါတယ်”

သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကလည်း သူကွယ်လွန်သွားတဲ့အတွက် နိုင်ငံရေးလောကမှာ ဆုံးရှုံးမှုတစ်ခုအဖြစ် ခံစားရတယ်လို့ ပြောပါတယ်။ ဦးထွေးမြင့်ဟာ သူ့ရဲ့ဘဝတလျှောက်လုံး နိုင်ငံရေးကို လုပ်ဆောင်ခဲ့သူဖြစ်တာကြောင့် ထောင်ဒဏ်အကြိမ်ကြိမ် ကျခံခဲ့ရဖူးပါတယ်။ သူဟာနိုင်ငံရေးကိစ္စရပ်တွေကို အမြဲပြောဆိုဆွေးနွေးလေ့ရှိပြီး နိုင်ငံရေးခေါင်းဆောင်တွေနဲ့သာမက အစိုးရခေါင်းဆောင်ပိုင်းနဲ့လည်း ကျယ်ကျယ်ပြန့်ပြန့် ရင်းနှီးသိကျွမ်းသူတစ်ဦးဖြစ်ပါတယ်။

ဦးထွေးမြင့်ဟာ ပြီးခဲ့တဲ့နှစ်က ကျောက်ကပ်ရောဂါကြောင့် ခွဲစိတ်ကုသမှုခံယူခဲ့ရပါတယ်။ သူ့ရဲ့ ရုပ်အလောင်းကို နိုဝင်ဘာလ ၂၇ ရက်၊ ညနေ ၄ နာရီမှာ ရေဝေးသုဿန်သို့ ပို့ဆောင်မီးသင်္ဂြိုလ်မယ်လို့ သိရပါတယ်။

ဦးသိန်းစိန်ရဲ့ လစာ သိန်း (၅၀) ဆိုတာ စာဖတ်နေတဲ့ ဘဘတို့ မိသားစု ငွေဆောင်မှာ တစ်ရက်ဖြုန်းစာလောက်တောင်မရှိ


* သနားစရာ တို့သမ္မတကြီး *
================
တကယ်တော့ သမ္မတကြီးဦးသိန်းစိန်ရဲ့ လစာ သိန်း (၅၀) ဆိုတာ စာဖတ်နေတဲ့ ဘဘတို့ မိသားစု ငွေဆောင်မှာ တစ်ရက်ဖြုန်းစာလောက်တောင်မရှိပါဘူး။ အထောက်အထားလေးနဲ့ပြောတာနော် ရမ်း ကျောတာ ဟုတ်ဝူး ဒချိ ဒချိ ငိငိငိ

(ပုံအညွှန်း-ဦးပိုင်လက်အောက်ခံ န၀ဒေးဟိုတယ်နှင့်ခရီးသွားလုပ်ငန်းလီမိတက်၏ မန်နေဂျင်း ဒါရိုက်တာ ဒုဗိုလ်မှူးကြီးတင်ဝင်း(ငြိမ်း)၏ “ငွေဆောင်ကမ်းခြေဟိုတယ်တွင် နိုင်ငံတော်အကြီးအကဲမိသားစုဝင်များ တည်းခိုခြင်းအတွက် ကုန်ကျစရိတ်များ တင်ပြခြင်း” အစီရင်ခံစာမှ)

Ref:Moe Zay Nyein