Tuesday, November 26, 2013

မန္တလေး အနီးဝန်းကျင်ရှိ သီးနှံစိုက်ခင်းများ၌ ဆောင်းခိုကြိုးကြာငှက်များ တွေ့ရှိ

Eleven Media Group


ဆောင်းခို ကြိုးကြာငှက် (Common Crane) များသည် မြန်မာနိုင်ငံသို့ မိုးရာသီ အကုန်တွင် စတင်ဝင်ရောက်လေ့ရှိပြီး အလယ်ပိုင်း ဒေသများဖြစ်သော မုံရွာ၊ ချောင်းဦးနှင့် စစ်ကိုင်းဒေသများ၌ အများဆုံး တွေ့ရှိရကာ မန္တလေး အနီးဝန်းကျင်ရှိ တံတားဦးမြို့နယ် စကားအင်းရွာ သီးနှံစိုက်ခင်း များတွင်ပါ တွေ့ရှိရကြောင်း သိရသည်။

"ဆောင်းခို ကြိုးကြာငှက်တွေက အသီးအနှံနဲ့ အစေ့စားတဲ့ငှက်တွေ ဖြစ်တဲ့အတွက် သီးနှံစိုက်ခင်းရှိတဲ့ ဒေသတွေမှာ တွေ့ရတယ်။ နှစ်စဉ်မှာတော့ မုံရွာ၊ ချောင်းဦးနဲ့ စစ်ကိုင်းကောင်းမှုတော် မြောက်ဘက်မှာရှိတဲ့ ရေမျက်ကြီးအင်း ဒေသတွေက ဂျုံနဲ့ကုလားပဲ စိုက်ခင်းတွေ အများအပြား တွေ့ရတယ်။ အောက်ပိုင်းဒေသတွေနဲ့ ရှမ်းပြည်နယ်မှာရှိတဲ့ စိုက်ခင်းတွေမှာလည်း ကျက်စားနိုင်ပေမဲ့ လေ့လာမှုတွေ မရှိသေးတဲ့အတွက် အတိအကျ မသိရသေးပါဘူး" ဟု မြန်မာနိုင်ငံ ငှက်နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသင်းမှ ဒုဥက္ကဌ ဦးဇေမောင်သိန်းက ပြောကြားသည်။

တံတားဦးမြို့နယ် စကားအင်းကျေးရွာ စိုက်ခင်းတွင် ဆောင်းခိုကြိုးကြာ အကောင် ၂၀၀ ခန့် တွေ့ရှိခဲ့ရကြောင်း၊ နှစ်စဉ်လာရောက်နေကျ ဒေသများတွင်လည်း တွေ့ရှိရပြီး လက်ရှိတွင် မြန်မာနိုင်ငံ၌ ပူတာအိုမှ အလယ်ပိုင်း ဒေသအတွင်း ကျက်စားမှုများရှိပြီး ကျန်ဒေသများတွင် ကျက်စားမှု ရှိခြင်းများအား မသိရှိ ရသေးကြောင်း သိရသည်။

ယင်းကြိုးကြာ ငှက်များသည် နွေရာသီ၌ အာတိတ်နှင့် သမပိုင်းဇုန် အစပ်များတွင် နေထိုင်သားပေါက်ပြီး မြန်မာနိုင်ငံသို့ အောက်တိုဘာလ နောက်ဆုံးအပတ်တွင် ရောက်ရှိလေ့ရှိကာ မတ်လအလယ်အထိ နေထိုင်ကျက်စားလေ့ရှိကြောင်း သိရသည်။

စစ်ကိုင်းရေမျက်ကြီးအင်းတွင် ရောက်ရှိနေသော ဆောင်းခိုကြိုးကြာများအား နိုဝင်ဘာလ ၂၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဦးဇေမောင်သိန်း)

GTI (E.C) Insein ဌာနမှုး ဒေါ်သန္တာညွန့်ကွယ်လွန်

ရပ်နီး ရပ်ဝေးမှ GTI (E.C) Insein  သူငယ်ချင်းများအားသိစေအပ်သည်။


Thein toe


Nay Htun
မနက်‌၃နာရီမှာ ရင်‌ဘတ်‌‌အောင့်‌လို့ Jica ‌ဆေးရုံတင်‌လိုက်‌ရပါတယ်‌
မနက်‌ ၄ ၃၀ မှာဆုံးတယ်‌လို့ ဆရာမရဲ့ညီမက‌ပြောပါတယ်‌
‌နောက်‌အစီစဉ်‌များသိရရင်‌‌ တင်‌‌ပေးပါမယ်‌

ဒီနေ့ကာတွန်း

ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ် ဘာလဲ၊ ဘယ်လဲ




Lin Thurein
=======
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တပ်မတော် ကာကွယ်ရေးဦးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံရန် မလိုအပ်ကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။ ( The Voice )

ဦးရဲထွဋ်ရဲ့ မလိုလားမှုကို သိသိသာသာဖော်ပြလိုက်ခြင်းသာဖြစ်ပါတယ်။ တကယ်ဆို ကာချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အာဘော်ကို ကာချုပ်ဘက်က ထုတ်ပြန်ရမှာသာဖြစ်ပါတယ်။ ရှေ့ပြေးနှက်ကြောင်းပေးတဲ့အပြောအဆိုမျိုးနဲ့ ဦးရဲထွဋ်က သူ့စိတ်ဓာတ်ကို လှစ်ဟပြခဲ့ပါတယ်။

******************************

 လွှတ်တော်အတွင်း တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ရှိနေသောကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ တွေ့ဆုံရန် မလိုအပ်ဟု ၎င်းက ထပ်လောင်းပြောဆိုသည်။ ( The Voice)

လွှတ်တော်တွင်းက တပ်မတော်သားကိုယ်စားလှယ်များသည် အမိန့်နာခံဆောင်ရွက်ရန်မလိုဘဲ လွတ်လပ်စွာ ၄င်းတို့ဆန္ဒမဲပေးခွင့်ရှိပါသလား ??? ဒီမေးခွန်းရဲ့အဖြေကို ဦးရဲထွဋ်သိပါတယ်။ သိသိနဲ့ဗြောင်လှည့်စား လှည့်ပတ်ပြောဆိုတဲ့ ယခင်အာဏာရှင်စနစ်ဟောင်းပြန်ကြားရေးရဲ့ စိတ်ဓာတ်များကိုပြင်ဖို့လိုပါပြီ။ တိုင်းပြည်အတွက် စိတ်ရင်းစေတနာမှန်ထားပါလို့ ပြောချင်ပါတယ်။

*****************************

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်ထံမှ ပေးပို့လာသည့် မေတ္တာရပ်ခံစာ မရောက်ရှိ သေးသောကြောင့် သမ္မတအနေနှင့် တွေ့ဆုံမည့် အခြေအနေကို အတိအကျ ပြောကြား မရသေးကြောင်း ဦးရဲထွဋ်က ထပ်လောင်း ပြောကြားသည်။ (The Voice )

 ဒေါ်အောင်ဆန်းစုကြည်ဆီကပို့လာတဲ့ စာတောင်တရားဝင်မရောက်သေးဘဲနဲ့ အထက်ကမေးခွန်းမျိုးကို ပြန်ကြားရေး ထိပ်တန်းတာဝန်ရှိသူအနေနဲ့ မဖြေကြားသင့်သေးပါဘူး။ စာတရားဝင်ရောက်ရှိမှသာ အထက်ကဆုံးဖြတ်ချက်ပေးတဲ့အတိုင်း ပြန်ကြားပေးဖို့ဖြစ်ပါတယ်။ ခုဟာက လူကြီးတွေထက်ရှေ့က ဦးအောင်ကြိုပြီး ပိတ်ပင်ကာဆီးပြောဆိုနေတာတွေဟာ ပြန်ကြားရေးထိပ်တန်းအဆင့်တာဝန်ရှိသူတစ်ဦး မလုပ်သင့်တဲ့အလုပ်ကို လုပ်နေတာလို့ပြောချင်ပါတယ်။ မီဒီယာက မေးလာရင်တောင် ကျွန်တော်တို့ဆီကို ဒီစာရောက်ရှိမလာသေးလို့ အခုလောလောဆယ် ဘာမှ မပြောနိုင်သေးပါဘူးဆို ရနေပါပြီ။

******************************

လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ ယုတ္တိ မရှိသော အကြောင်းရင်း အချို့ ကို Highlight လုပ်ကြည့်ခြင်း




(((လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ တစ်နှစ်လျှင် ကျပ် ၁၈၅ ဘီလျံ အရှုံးခံ၍ မီးပေးနေရသည့် အကြောင်းရင်း)))

(၁) မြန်မာနိုင်ငံရှိ ရေအားလျှပ်စစ်စီမံကိန်း ၁၄ ခုအား တရုတ်ချေးငွေ အမေရိကန်ဒေါ်လာ ၁၇၁၁ သန်းကျော် ဖြင့် တည်ဆောက်မည်ဖြစ်ရာ ဘဏ်အတိုးနှုန်းမှာ ၄ဒသမ၅ ရာခိုင်နှုန်းရှိပြီး အိန္ဒိယ နိုင်ငံမှ ၁ဒသမ၅ရာခိုင်နှုန်း၊ ကမ္ဘာ့ ဘဏ်/အာရှဖွံ့ဖြိုးရေးဘဏ်/ဂျပန်နိုင်ငံတို့မှ ၁ရာခိုင်နှုန်းမှ၂ရာခိုင်နှုန်း အတွင်း သာရှိသည့် အတိုးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဘဏ်တိုးနှုန်း ၃ရာခိုင်နှုန်း ခန့်ပိုများနေသည်။ အမေရိကန်ဒေါ်လာ ၁၇၁၁ သန်းကျော် အတွက် ဘဏ်တိုးနှုန်း (၃) ရာခိုင်နှုန်း ပိုပေးရသည့် အတွက် ရေအားလျှပ်စစ်စီမံကိန်း များ မစ ခင်ကပင် နှစ်စဉ် အမေရိကန်ဒေါ်လာ (၅၁.၃၃) သန်းကျော် အရှုံးပေါ်နေပြီးဖြစ်သည်။ (၄င်း စီမံကိန်း ၁၄ ခုလုံး ပြီးစီးပါက မီတာခ ယခုထက် ပိုတက်ရန်သာရှိသည်)

............................................................................

 (၂) နိုင်ငံတကာတွင် (Cost of 1 Megga watt Electricity) တစ်မဂ္ဂါဝပ် ထုတ်လုပ်ရန် ကုန်ကျစရိတ် သည် ပျမ်းမျှ အားဖြင့် အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ သန်း အောက်သာ ရှိကြသည်။ ပြည်တွင်း စီမံကိန်း တစ်ခုချင်းစီ၏ တစ်မဂ္ဂါဝပ် ကုန်ကျစရိတ်ကို အမေရိကန်ဒေါ်လာ သုံးသန်းအထိ ဖေါ်ပြကြသည်။ ပြည်တွင်း စီမံကိန်း များ သည် နိုင်ငံတကာ နှင့်ယှဉ်လျှင် တစ်မဂ္ဂါဝပ် ထုတ်လုပ် ရန် ကုန်ကျ စရိတ် ၌ ပင် အမေရိကန်ဒေါ်လာ ၅ သိန်း အရှုံးပေါ်နေပြီးဖြစ်သည်။

...........................................................................

 (၃) မြန်မာနိုင်ငံသည် ရေအားလျှပ်စစ်ဖြင့်သာ နိုင်ငံအတွင်းလျှပ်စစ်ဓာတ်အားကို အဓိကထုတ်လုပ် ဖြန့်ဖြူးပေးနေပြီး ယုတ္တိမရှိ သော အကြောင်းများကြောင့် ယုတ္တိမရှိ သော တစ်ယူနစ် အရင်း ၁၂၆ ကျပ် ကျသင့်ကာ ၀န်ကြီးဌာနမှ အရှုံးခံလုပ်ကိုင်နေရကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့များကိုဝယ်ယူကာ ပုဂ္ဂလိကလက်သို့ အဆင့်ဆင့်ရောင်းချထုတ်လုပ် ဖြန့်ဖြူးသည့် ထိုင်းနိုင်ငံတွင်မူ တစ်ယူနစ်လျှင် အရင်း ၈၀ ကျပ် ၀န်းကျင်သာကျသင့်ပြီး များစွာအမြတ်အစွန်း ရလျှက်ရှိကြောင်း သိရသည်။ လက်ရှိတွင် ၀န်ကြီးဌာန အဓိက အရှုံးပေါ်နေရသည့် အကြောင်းရင်း မှာ .. Cost of 1 Megga watt Electricity ကိုစာရင်း ပိုပြကြသော အနှီပုဂ္ဂိုလ် များ၏ .. "ဟိုဒင်း" အဆင့် လျှို့ ၀ှက်ချက်များကြောင့် သာ ... ထိုင်းနိုင်ငံ ၏ တစ်ယူနစ်လျှင် အရင်း ၈၀ ကျပ် နှင့် နှိုင်းယှဉ် လျှင် မြန်မာနိုင်ငံ၏ လျှပ်စစ်တစ်ယူနစ် အရင်း ၁၂၆ ကျပ် ဖြစ်နေရသည့် ယုတ္တိ မရှိသော အကြောင်းရင်း အချို့ ကို Highlight လုပ်ကြည့်ခြင်း သာ ဖြစ်ပါကြောင်း ။

းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
(၂၆-၁၀-၂၀၁၂)တွင် အမျိုးသားလွှတ်တော်၌ တင်သွင်းခဲ့သော အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးမြင့်အဆို ကို ကိုးကားထားပါသည်။းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

သိန်းဝင်း (ကော့ကရိတ်)

ဦးဆွေးဆံမြည့်





ထင်လင်းဦး

အဲဒီပုံကို သတင်းတွေထဲမှာ မြင်ဖူးကြမယ်ထင်ပါတယ် ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဦးဆုံး ဥရောပ ခရီးစဉ်မှာ
 ဒေါ်အောင်ဆန်းစုကြည် ရုတ်တရက် နေမကောင်းဖြစ်ပြီး မူးဝေအော့အန်နေတဲ့ အချိန်မှာ မှတ်တမ်းတင်ထားတဲ့ ပုံရိပ်ကလေးပါ
ဒီပန်းချီကားကလေးကို ရေးဆွဲခဲ့သူက တရုတ်လူမျိုးတစ်ယောက်ဖြစ်ပါတယ် ။
သူတရုတ်စာဖြင့် ပေးထားတဲ့ ပန်းချီကားရဲ့ နာမည်က "ဦးဆွေးဆံမြည့်" လို့ဖြစ်ပါတယ်



Dawthein Win

ရာဇဝင်မှာ အုတ်လှငယ်ကဦးဆွေး ဆံမြေ့ တာဝန် ကျေခဲ့ ပါတယ် သူကသူ့ ရဲ့ဧကရာဇ် အတွက် ပေးဆပ်တာပါ ။
အမေစုကတော့  သူ့ တိုင်းပြည်နဲ့ သူ့ လူမျိုးအတွက် ဦးဆွေး ဆံမြေ့  မိသားစု ပါ ရင်းခဲ့ ရပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များက ပိုက်ဆံကိုင် မသုံးဖူးတဲ့ သူတွေလို့ဝန်ကြီးဦးကျော်ဆန်းမှပြောကြား





Hawdeka Khalaylay

(နေပြည်တော်သတင်း)

ကျပ်သိန်းတစ်ထောင်ဆိုသည်မှာ ပြည်သူ့ချွေးနည်းစာများမှ ရရှိသောအခွန်ငွေ နှင့် သယံဇာတများ ရောင်းချရာမှ ရရှိသော ငွေများ ပါဝင်နေသဖြင့် စာရင်းဇယားများ ထားရှိ၍ နိုင်ငံတော်အကျိုးဖြစ်ထွန်းမှုကိုသာ ဦးစားပေးကာ စနစ်တကျ အသုံးပြုသွားရန်လိုကြောင်းဝန်ကြီးဦးကျော်ဆန်းမှပြောကြားလိုက်သည် ၊

လွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ်များသို့ ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် မြို့နယ်တစ်မြို့နယ်လျှင် ကျပ်သိန်းတစ်ထောင်နှုန်းဖြင့် သုံးစွဲခွင့် ပြုလိုက်ခြင်းအပေါ် ဝန်ကြီးဦးကျော်ဆန်းမှ ပြောကြားခြင်းဖြစ်သည်ဟု သိရသည် ၊

ပြည်သူလုထုက ရွေးကောက်တင်မြှောက်ထားတဲ့ သူတွေဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဒီအချိန်မှာ လူမှန်နေရာမှန် ရောက်လာတဲ့ သူတွေဖြစ်တယ်ဆိုတာ ပြသရမယ့် အချိန်ကောင်းပါပဲ ၊ ပိုက်ဆံကိုင် မသုံးရတဲ့ သူတွေက အခုလို ပိုက်ဆံကိုင်သုံးရတဲ့နေရာရောက် သွားပေမယ့် အရောင်မပြောင်းသွားဘူး အမူအကျင့်တွေမပြောင်းသွားဘူး ကျောသားရင်သားမခွဲခြားဘူး ပြည့်တဲ့အိုးထဲအတင်းဖြည့်နေတဲ့သူတွေမဟုတ်ဘူး စတဲ့ အဂတိကင်းတဲ့သူတွေဖြစ်ကြောင်း ပြသနိုင်ရပါမယ် ၊ ပြည်သူတွေကလည်းမျက်စေ့ဒေါက်ထောက် စောင့်ကြည့်နေကြမှာပါ လို့လဲ ဦးကျော်ဆန်းက ဆက်လက်ပြောကြားသွားပါတယ် ၊

အရင်တုန်းက လွှတ်တော်ထဲထိုင် မူဝါဒ ပေါ်လစီ နဲ့ ဥပဒေတွေ ဆွေးနွေးနေရတဲ့သူတွေဟာ အခု ပြည်သူတွေကြားထဲ လက်တွေ့ကျတဲ့ ဆောင်ရွက်မှုတွေကို နှဖူးတွေ့ဒူးတွေ့ ဆောင်ရွက်ရတော့မှာဖြစ်လို့ တချို့နေရာတွေမှာ အပြောလွယ်သလောက်အလုပ်ခက်တယ်ဆိုတာ တွေ့လာရတော့မှာဖြစ်တယ်လို့လည်း ဦးကျော်ဆန်းက သတိပေးပြောကြားသွားပါတယ် ၊

ငွေကိုင်သုံးပြီးဆိုကတည်းက စာရင်းရှိရမယ်လေ ၊ အသေးစိတ်ကို စာရင်းရှိရမှာ ၊ ခေါင်းစဉ်တပ်တာကောင်းရုံနဲ့ မရဘူး အလုပ်လည်းကောင်းရမယ် ၊ စာရင်းဇယားမှတ်တမ်းမှတ်ရာတွေနဲ့ တိတိကျကျထားရှိရမယ် ၊ ကိုယ်လုပ်တာ မှန်သလား မှားသလား အောင်မြင်သလား မအောင်မြင်ဘူးလား ဆိုတာကို လက်ညှိုးထိုးပြနိုင်ရမယ် ၊ တချို့ဟာတွေက ထိုင်ပြီးဝေဖန်ရတာ လွယ်သလောက် ကိုယ်တိုင် နှဖူးတွေ့ဒူးတွေ့ ထလုပ်ဖူးမှ ခက်ပါလားဆိုတာ သိမှာ ၊ ဒါအင်မတန်ကောင်းတဲ့ အစီအစဉ်ပါ ၊
(နေပြည်တော်မှ ရရှိသော သတင်းဖြစ်သည်)

မြန်မာနိုင်ပြီ ဒို့မြန်မာနိုင်ပြီ

ဘုန်း မင်းမြတ်

အန်ဂိုလာ နိုင်ငံဟာ ကမ္ဘာ့ပထမဦးဆုံး အစ္စလာမ် ဘာသာ ကို တားမြစ်သည့်နိုင်ငံဖြစ်လာ

ပြစ်ဒဏ်နည်းသောသူများ ထောင်ပြင်ပသို့ ထွက်လျှင် ခြေချင်းခတ်ခြင်းမှာ လူ့ဂုဏ်သိက္ခာကို ချနင်းခြင်းဖြစ်




Eleven Media Group

ပုဒ်မ (၁၈) သည် အခြေခံဥပဒေအား လုံးဝဆန့်ကျင် နေကြောင်းနှင့် ပြစ်ဒဏ်နည်းသောသူများ ထောင်ပြင်ပသို့ ထွက်လျှင် ခြေချင်းခတ်ခြင်းမှာ လူ့ဂုဏ်သိက္ခာကို ချနင်းခြင်းဖြစ်ကြောင်း ဝေဖန်မှုများ ရှိနေ

ငြိမ်းစုစီ ဥပဒေဟု လူသိများသည့် ပုဒ်မ ၁၈၊ ပုဒ်မ ၅၀၅ (ခ) သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက် ဖြစ်သည့် ပုဒ်မ ၃၅၄ နှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်နေသောကြောင့် ထိုဥပဒေအား ပြန်လည်သုံးသပ်ရန် လိုအပ်နေကြောင်း နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေး အကျဉ်းသား ဟောင်းများနှင့် ရှေ့နေများက တညီတညွတ်တည်း ဝေဖန်ပြောကြားလိုက်ပြီး ပြစ်ဒဏ်ချမှတ် ခံထားရသူ တစ်ဦးကို နောက်တစ်မှုကြောင့် ဖြစ်စေ၊ ထောင်ပြောင်းခြင်းကြောင့်ဖြစ်စေ၊ ကျန်းမာရေးအရ ဆေးရုံသို့ တက်ရောက်ကုသခံ နေချိန်တွင်ဖြစ်စေ ခြေချင်းခတ်ခြင်းမှာ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်ဖြစ်သည့် ပုဒ်မ ၄၄ (လူ့ဂုဏ်သိက္ခာ ညှိုးနွမ်းသေးသိမ်စေသည့် ပြစ်ဒဏ်ပြဋ္ဌာန်းခွင့် မရှိစေရ) အား ဖောက်ဖျက်နေခြင်း ဖြစ်သည့်အပြင် လူ့အခွင့်အရေးကိုလည်း ချိုးဖောက်နေမှု ဖြစ်ကြောင်း တစ်ဆက်တည်း ဝေဖန်လိုက်သည်။

၂၀၀၈ ဖွဲစည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၃၅၄ တွင် နိုင်ငံသားတိုင်း အနေဖြင့် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးအတွက် ပြဋ္ဌာန်းထားသည့် ဥပဒေများအား မဖောက်ဖျက်လျှင် ဖော်ထုတ်ပြောဆို ရေးသားဖြန့်ချိခွင့်၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ရှိသည်ဟု ဖော်ပြထားသော်လည်း နည်းဥပဒေအရ ဆန္ဒထုတ်ဖော်လိုသူများ အနေနှင့် ၂၁ ရက် ကြိုတင်စာတင် ရမည်ဖြစ်ပြီး တင်ပြထားသော်လည်း မြို့နယ်အုပ်ချုပ်ရေးမှူးက ခွင့်ပြုချက် မပေးသည့် ဖြစ်စဉ် အများအပြား ရှိသည်ဟု ဆန္ဒပြခဲ့သူများက ပြောကြားကြသည်။ ခွင့်ပြုချက် မရရှိဘဲ ဆန္ဒပြပါက ပုဒ်မ ၁၈ အရ အမြင့်ဆုံး ထောင်ဒဏ်တစ်နှစ် သို့မဟုတ် ငွေဒဏ် သုံးသောင်း သို့မဟုတ် ထောင်ဒဏ်၊ ငွေဒဏ် နှစ်ရပ်လုံး ချမှတ်နိုင်သည် ဟုလည်း သိရသည်။

သူရဦးအောင်ကိုက ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကြမ်းအား ပြင်ဆင်ရန်အတွက် လွှတ်တော်တွင် လက်ခံဆွေးနွေးရန် အတည်ပြုခဲ့ပြီး ဖြစ်သော်လည်း နိုဝင်ဘာ ၂၁ ရက်က ဒီငြိမ်းလင်း အပါအ၀င် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ခြောက်ဦးအား ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်ချမှတ် လိုက်သည့်အပေါ် AAPP ၏ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးဘိုကြည်က ဥပဒေအရ နောက်ကြောင်းပြန် သွားခြင်းဖြစ်ပြီး မည်သည့် နိုင်ငံတွင်မဆို ဆန္ဒပြရန်အတွက် ပြသမည့်နေ့တွင် အကြောင်းကြားရန်သာ လိုအပ်ပြီး ခွင့်ပြုမိန့် တောင်းခံရမည်ဟု သတ်မှတ်ခြင်းကို လက်မခံနိုင်ကြောင်း ပြောကြားသည်။ ထို့အပြင် လူအများ စုဝေးဆန္ဒပြရန် နေရာတစ်ခု သတ်မှတ်ရန် လိုအပ်သည်ဟုလည်း ၎င်းက ဖြည့်စွက် ပြောကြားသည်။

ထို့နောက် နိုင်ငံရေး အကျဉ်းသားများ အဖွဲ့မှ ရှေ့နေတစ်ဦးဖြစ်သူ ဦးမြင့်အောင်က ''ပုဒ်မ ၁၈ ကို ကျွန်တော်တို့ လက်မခံပါဘူးလို့ ဗြောင်ကိုပြောထားပါတယ်။ ပုဒ်မ ၁၈ က ဘာနဲ့တူလဲ ဆိုလို့ရှိရင် နိုင်ငံတစ်ခုမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတာက အမြင့်ဆုံးပါ။ သူတို့တွေ ရေးခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေမှာကို လွတ်လပ်စွာ စုရုံးခွင့်၊ လွတ်လပ်စွာ ဟောပြောခွင့်၊ လွတ်လပ်စွာ သင်းပင်းဖွဲ့ခွင့် စတာတွေ ပါပြီးသားပါ။ ပုဒ်မ ၁၈ ကြောင့် သူတို့ ဆွဲခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေ ပြန်ပြီးတော့ အချုပ်ကျသွားတာပါ။ ဒါကြောင့် ကျွန်တော်တို့ လုံးဝလက်မခံဘူး'' ဟု ပြောကြားသည်။

ထို့ပြင် အခြေခံဥပဒေဆိုင်ရာ ဆောင်းပါးများ ရေးသားနေသူ ဆရာထင်လင်းဦးကလည်း ''ပုဒ်မ ၁၈၊ ၅၀၅(ခ)စတဲ့ ငြိမ်းစုစီ လို့ခေါ်တဲ့ နည်းဥပဒေဟာ ၂၀၀၈ အခြေခံ ဥပဒေကို ဆန့်ကျင်နေပါတယ်။ လွတ်လပ်စွာ ရေးသားခွင့်၊ ဟောပြောခွင့်၊ စုစည်းခွင့် စတာတွေမှာ အကန့်အသတ် မရှိရဘူး။ ဥပမာ ကျွန်တော်စာရေးတယ်။ ပုဂ္ဂိုလ်ရေး စော်ကားတာတွေပါရင် ကျွန်တော့်ကို တရားစွဲလို့ရတယ်။ ဒါပေမဲ့ ဒီလိုမရေးရဘူး၊ ဒီလိုမပြောရဘူးလို့ ကြိုတင်ကန့်သတ်တာမျိုးကို မလုပ်သင့်ပါဘူး'' ဟု ၎င်း၏အမြင်ကို ပြောကြားသည်။

NLD ပါတီ၏ ဥပဒေ အထောက်အကူပြု အဖွဲ့မှ ဦးထွန်းထွန်းဟိန်ကလည်း အခြေခံဥပဒေ၌ လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့် ပြုသော်လည်း ဥပဒေအရ အာဏာပိုင်ထံ ပြန်လည်ခွင့်တောင်း နေရခြင်းဖြစ်ပြီး နိုင်ငံတစ်နိုင်ငံ၏ အချုပ်ဖြစ်သော ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ဆန့်ကျင်လျှင် ထိုဥပဒေသည် ပျက်ပြယ်သွားရမည် ဖြစ်သော်လည်း မပျက်ပြယ် သေးသည်ကို ပြန်လည်ဆန်းစစ်ရန် လိုနေသည်ဟု The Daily Eleven သတင်းစာ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။

ထို့နောက် ဒီငြိမ်းလင်းတို့အား နောက်တစ်မှု ထုတ်ရာတွင် ခြေချင်းခတ်ထားသဖြင့် ပြည်သူများအကြား ဝေဖန်မှုများ ရှိနေကြောင်း သိရသည်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်က ပြည်ထဲရေးဝန်ကြီး ဦးဘိုနီက အကျဉ်းသားများအား ထောင်ပြင်ပထွက်လျှင် ခြေချင်းခတ်ရမည်ဟု အမိန့်ထုတ်ပြန်ရာမှ စတင်ခဲ့ပြီး ယခုနောက်ပိုင်းတွင် အကျဉ်းသားအားလုံး အပြင်ထွက်လျှင် ခြေချင်းခတ်ခဲ့ခြင်းဖြစ်ကာ ထိုသို့ခြေချင်း ခတ်ခြင်းမှာ လူ့ဂုဏ်သိက္ခာ ကျဆင်းစေရန် တမင်ပြုလုပ်ခဲ့ခြင်း ဖြစ်သဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၄၄ နှင့် ဆန့်ကျင်သည်ဟုလည်း နိုင်ငံရေး အကျဉ်းသား ဟောင်းများနှင့် ရှေ့နေများက ပြောကြားသည်။

ဆေးကုသမှု ခံယူရာတွင် ခြေချင်းခတ် ခံခဲ့ရသည့် နိုင်ငံရေး အကျဉ်းသားဟောင်း ဦးသန်းတင်ကလည်း ''ကျွန်တော် အစာအိမ်ပေါက်လို့ ဆေးရုံပေါ်ကိုရောက်တော့ ဆေးရုံပေါ်မှာ ကျွန်တော့်ကို ခြေချင်းခတ်ထားတယ်။ အပေါ့အပါးလည်း သွားလို့မရဘူး။ ဘေးလည်း စောင်းလို့မရဘူး။ ကျွန်တော့်ကို စောင့်တဲ့ ရဲကလည်း အခန်းထဲ ၀င်မလာဘူး။ အခန်းအပြင်မှာပဲ နေတယ်။ တစ်ခုခု လုပ်ချင်ရင် အဲဒီအစောင့်ရဲကို ခေါ်ရတယ်။ သိတဲ့အတိုင်းပဲ သူတို့ကလည်း ပိုက်ဆံမပေးရင် ဘာမှလုပ်ချင်တာ မဟုတ်ဘူး။ ခြေချင်းနဲ့ ဆိုတော့ ဘေးလည်း စောင်းလို့မရဘူး။ ပက်လက်ကြီး နေရတယ်။ ဘေးစောင်းချင်ရင် သူ့ကိုခေါ်ပြီး လှည့်ခိုင်းရတယ်။ ပြီးရင် ပိုက်ဆံပေးလိုက်တယ်'' ဟု ၎င်း၏ အတွေ့အကြုံကို ပြောကြားသည်။

ဒီငြိမ်းလင်း၏ မိခင်ဖြစ်သူ ဒေါ်ဌေးဌေးဝင်းက ''အန်တီ့အနေနဲ့ သားကို ခြေကျင်းနဲ့ တွေ့ရတော့ စိတ်မကောင်းဘူး။ အခုလို လုပ်နေတာက လူ့အခွင့်အရေး ချိုးဖောက်နေတာပဲ။ ဒါမျိုးမလုပ်သင့်ပါဘူး။ နိုင်ငံရေး အကျဉ်းသားတွေဆိုတာ ထွက်ပြေးပါ ဆိုရင်တောင်မှ မပြေးပါဘူး။ သူ့အဘိုး၊ သူ့အဖေ၊ သူ့ဦးလေး အားလုံး နိုင်ငံရေး အကျဉ်းသားတွေပဲလေ။ နှစ်တွေအများကြီး နေလာခဲ့ဖူးတဲ့ လူတွေပါ။ ဒါမျိုးမလုပ်သင့်ဘူး'' ဟု The Daily Eleven သတင်းစာ၏ မေးမြန်းမှုကို ဖြေကြားသည်။

နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်သူ ကိုတိုးကျော်လှိုင်ကလည်း အကျဉ်းထောင်တွေထဲမှာ ပြစ်ဒဏ်ကျခံပြီးနောက် အခြားအခြား အမှုများအတွက် တရားရင်ဆိုင်စဉ် အချိန်တွင် ပြစ်ဒဏ်ကျခံပြီးသား ဖြစ်သည်ဆိုသည့် အမှတ်အသားမျိုး ဖြစ်စေရန် ခြေချင်းခတ်ခြင်းမှာ လူ့ဂုဏ်သိက္ခာကို ရိုက်ချိုးလိုက်ခြင်းဖြစ်ပြီး တရားရုံးသို့ ခြေချင်းနှင့် ရုံးထုတ်ခြင်းမှာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို ဖောက်ဖျက်ရာ ရောက်နေခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ကလည်း ''သံခြေချင်း ခတ်တာနဲ့ ပတ်သက်ပြီး ၂၀၀၈ လောက် ကတည်းက ဝေဖန်ထောက် ပြခဲ့ပါတယ်။ မလွှဲမရှောင်သာလို့ သံခြေချင်းခတ်မယ် ဆိုရင်တောင် အင်မတန် ပေါ့ပါးတဲ့၊ သွားရေးလာရေး လွယ်ကူတဲ့ သံခြေချင်းဖြစ်ဖို့ လိုပါတယ်။ အခုကတော့ ဒုတိယရုံးကို ထုတ်တဲ့အချိန် ကျွန်တော် ကြည့်လိုက်တော့ သံခြေချင်းက တော်တော် ကြီးတယ်။ သူတို့ဒုက္ခ ခံနေရတာကို တွေ့ရတယ်။ အခြေခံဥပဒေမှာပါတဲ့ ပုဒ်မ ၄၄ နဲ့ အခုရေးထားတဲ့ အကျဉ်းထောင် လက်စွဲမှာပါတဲ့ အကြောင်းအရာတွေ ညီမညီဆိုတာ ပြန်လည်ဆန်းစစ် သင့်ပါတယ်။ ဒါကတော့ ကျွန်တော့် ထင်မြင်ချက်ပါ။ ဒါတွေလုပ်မယ်ဆိုရင် အရင်ဆုံး အကျဉ်းထောင် ဥပဒေကို ပြန်ပြင်ဖို့လိုတယ်။ ဒါကြောင့်လည်း ကျွန်တော်က အကျဉ်းထောင် ဥပဒေကို ၂၁ ရာစုနဲ့အညီ ပြန်လည် ပြင်ဆင်သင့်တယ်။ အမှန်က အရမ်းကို ဆိုးသွမ်းတဲ့ လူတွေကို အကြောင်းကြောင်းကြောင့် အပြင်ထုတ်မှသာ သံခြေချင်းခတ်ဖို့ လိုပါတယ်။ နိုင်ငံရေး သမားတွေ၊ တစ်ကြိမ် တစ်ခါမှားလို့ ပြစ်ဒဏ်ခံရသူ တွေကိုတော့ သံခြေချင်းခတ်ဖို့ မလိုဘူးလို့ ကျွန်တော် ယူဆပါတယ်'' ဟု ပြောကြားသည်။

ထောင်ပြောင်းရာတွင် လည်းကောင်း၊ ဆေးရုံတက်ရာတွင် လည်းကောင်း၊ နောက်ထပ် အခြားအမှုများ ရင်ဆိုင်ရာတွင်လည်းကောင်း ထောင်ဒဏ်ချမှတ်ပြီး အကျဉ်းသားများကို ခြေချင်းဝတ်ဆင် စေပြီးမှသာ ထုတ်ခြင်း ဖြစ်သောကြောင့် အများပြည်သူ အမြင်တွင် ၎င်းအား အထင်အမြင် သေးသွားစေခြင်းနှင့် ခွဲခြားဆက်ဆံ ခံရခြင်းများ ဖြစ်ပွားပြီး ခံရသူအား စိတ်နာကျင် ထိခိုက်စေခြင်းများကို ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနေသည်ဟု ဆိုသော ယခုအချိန်တွင် အဘယ်ကြောင့် ဆက်လက် အသုံးပြုနေ သနည်းဟု လူ့အခွင့်အရေး လှုပ်ရှားသူများက ဝေဖန်ပြောကြား နေကြသည်။

ထို့ပြင် ဒီငြိမ်းလင်း အနေနှင့် လာမည့် ဒီဇင်ဘာ ၂ ရက်တွင် နောက်ဆက်တွဲ စာမေးပွဲ ဖြေဆိုရန်ရှိနေပြီး ယခုလို ပြစ်ဒဏ် ချမှတ်ခြင်းအပေါ် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့က မေးခွန်းထုတ်လိုက်သည်။ စစ်အစိုးရ လက်ထက် နိုင်ငံရေး ပြစ်မှုဖြင့် ဖမ်းဆီးခံရသူများ၏ ဆက်လက် ပညာသင်ခွင့်ကို ငြင်းပယ်ခဲ့ပြီး ဦးသိန်းစိန် အစိုးရ လက်ထက်တွင် လွတ်မြောက်ခဲ့သည့် ဒီငြိမ်းလင်းတို့သည် အစပိုင်းက ပညာသင်ယူခွင့် ငြင်းပယ်ခံခဲ့ရပြီး ယခုမှသာ ပညာဆက်လက် သင်ယူခွင့် ပြုခဲ့ခြင်းဖြစ်သည်။ ယခုလို စာမေးပွဲ ဖြေဆိုခွင့် မရရှိသည့်အပေါ် မေးခွန်းထုတ်ခြင်း ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်း ဦးတိုးကျော်လှိုင်က ပြောကြားလိုက်သည်။

ဒီငြိမ်းလင်း၏မိခင် ဒေါ်ဌေးဌေးဝင်းကမူ ၎င်းအနေနှင့် စာတင်ရန်ရှိပြီး ဒီငြိမ်းလင်း စာမေးပွဲ ဖြေဆိုခွင့်ရရှိရန် အစွမ်းကုန် ကြိုးစားသွားမည့်အကြောင်း ပြောကြားသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ ရက်က နိုင်ငံရေး အကျဉ်းသား ၆၉ ဦးအား လွတ်ငြိမ်းခွင့် ပြုရာတွင် ပုဒ်မ ၁၈ အများအပြား ပါလာသော်လည်း ထိုပုဒ်မဖြင့်ပင် နောက်ထပ် ပြစ်ဒဏ်ချမှတ်မှုများ ရှိနေခြင်းကြောင့် သမ္မတ ပြောကြားခဲ့သည့် ယခုနှစ်ကုန်တွင် နိုင်ငံရေး အကျဉ်းသားအားလုံး မရှိစေရဆိုသည့် အချက်အပေါ် နိုင်ငံရေး အကျဉ်းသား ဟောင်းများက စောင့်ကြည့် နေကြောင်းနှင့် အကျဉ်းထောင်များအတွင်း နိုင်ငံရေးနှင့် ပတ်သက်သူ တစ်ဦးကျန်နေ သေးလျှင်လည်း နိုင်ငံရေး အကျဉ်းသား ရှိနေသေးကြောင်း ပြောဆိုနေမည် ဖြစ်သည်ဟု ဆိုကြသည်။

(လက်ပံတောင်းတောင် သပိတ်စခန်း အင်အားသုံးဖြိုခွင်းမှုအပေါ် ဆန္ဒပြမှုကြောင့် ထောင်ဒဏ်ကျခံခဲ့ရ သူများဖြစ်သည့် ကိုမြင့်ကျော်ဦး၊ ကိုဒီငြိမ်းလင်း၊ ကိုမိုးသွေးတို့အား နိုဝင်ဘာ ၂၅ ရက်က စမ်းချောင်းတရားရုံးတွင် တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်))

အခြေခံဥပဒေ ပြင်ဆင်လိုသူများပြားကြောင်း စစ်တမ်းမှာဖော်ပြ




RFA Burmese

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မလား၊ အသစ်ရေးဆွဲမလားဆိုတဲ့ လူထုသဘောထားဆန္ဒ ရယူရေးအတွက် Eco Dev မြန်မာ့ စိမ်းလန်းအမိမြေအဖွဲ့က ဦးဆောင်ပြီး ရန်ကုန်မြို့လယ် ၁၂ မြို့နယ်က ပြည်သူတွေဆီ စစ်တမ်းကောက်ယူရာမှာ ၄၈ ရာခိုင်နှုန်းက ပြင်ဆင်ရေးဆွဲဖို့ဆန္ဒရှိကြောင်း သိရပါတယ်။

ဒီနေ့ ရန်ကုန်မြို့ Eco Dev စိမ်းလန်းအမိမြေရုံးခန်းမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ စစ်တမ်းကောက်ယူရေးအဖွဲ့ခေါင်းဆောင် မဆုန်ချင်းပါရ်က အများစုက ပြင်ဆင်ရေးဆွဲဖို့ဆန္ဒရှိပြီး အနည်းစုလောက်သာ အသစ်ရေးဆွဲလိုကြကြောင်း RFA ကို ပြောပါတယ်။

“၁၄ ရာခိုင်နှုန်းကတော့ အခြေခံဥပဒေအသစ်ကို လိုချင်တယ်ပေါ့နော်၊ အများစုပေါ့နော် ၄၈ ရာခိုင်နှုန်းက အခြေခံဥပဒေကို ပြင်ဆင်ချင်တယ်၊ ပြင်သင့်တယ်ပေါ့နော်၊ ၉ ရာခိုင်နှုန်းကတော့ လက်ရှိအခြေခံဥပဒေအတိုင်း ကျင့်သုံးကြည့်သင့်တယ်ဆိုတာမျိုး ရွေးထားတယ်၊ ၂၆ ရာခိုင်နှုန်းကတော့ သူတို့ရဲ့သဘောထားအမြင်ကို ဖော်မပြတတ်ဘူးပေါ့နော်၊ ၃ ရာခိုင်နှုန်းကတော့ မဖြေဘူး၊ ကျောက်တံတားမြို့နယ်ပါတယ်၊ လမ်းမတော်ပါတယ်၊ လသာ၊ ပန်းပဲတန်း၊ ဗိုလ်တထောင်၊ ပုဇွန်တောင်၊ အလုံ၊ စမ်းချောင်း၊ ကမာရွတ်၊ မင်္ဂလာတောင်ညွန့်၊ တာမွေ၊ ရန်ကင်းစသဖြင့်ပေါ့နော်”

အောက်တိုဘာ ၁၈ရက်နဲ့ ၁၉ ရက်နေ့တွေက ရန်ကုန်မြို့လယ်က ကျောက်တံတား၊ ပန်းပဲတန်း၊ လသာ၊ ဗိုလ်တထောင်စတဲ့ မြို့နယ် ၁၂ မြို့နယ်က လူဦးရေတစ်ထောင်ကျော်တို့ကို ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မလား၊ အသစ်ရေးဆွဲမလားဆိုတဲ့ လူထုဆန္ဒ သဘောထားတွေကို စစ်တမ်းကောက်ယူခဲ့ကြတာပါ။ စစ်တမ်းကောက်ယူရာမှာ ပြည်သူအများစုဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေအကြောင်းကို သေသေချာချာ ဂဃနဏ မသိကြတဲ့သူတွေဖြစ်တယ်လို့ သိရပါတယ်။

အဲဒီစစ်တမ်းကောက်ယူခဲ့တဲ့ရလဒ်တွေကို ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်သုံးသပ်ရေးကော်မတီဆီ် တင်ပြသွားမယ်လို့ သိရပါတယ်။

လတ်တလောမှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မလား၊ အသစ်ရေးဆွဲမလားဆိုတဲ့ လူထုဆန္ဒကောက်ယူမှုတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လို နိုင်ငံရေးပါတီတွေကလည်း မြန်မာတစ်ပြည်လုံးအနှံ့ လိုက်လံဟောပြောတာတွေလည်း လုပ်ဆောင်နေကြပါတယ်။

အစိုးရကိုဦးခင်ညွန့်ဝေဖန်



Hawdeka Khalaylay

သူများနိုင်ငံမှာ မူရင်းဈေးနဲ့ဝယ်လို့ရတဲ့ မော်တော်ကားတွေကို ဒီနိုင်ငံမှာ အဆမတန်ဈေးကြီးပေးပြီးမှ
စီးနိုင်အောင်လုပ်ထားတာဟာ ကိုယ့်နိုင်ငံသားတွေကို သူများနိုင်ငံသားတွေနဲ့ လူတန်းမစေ့အောင်
လုပ်နေတာ လူတန်းစားကွာဟမှုကြီးအောင် လုပ်နေတာ ဟု ဦးခင်ညွန့် ပြောကြား
=============================================

သူများနိုင်ငံမှာ မူရင်းဈေးနဲ့ဝယ်လို့ရတဲ့ မော်တော်ကားတွေကို ဒီနိုင်ငံမှာ အဆမတန်ဈေးကြီးပေးပြီးမှ စီးနိုင်အောင်လုပ်ထားတာဟာ ကိုယ့်နိုင်ငံသားတွေကို သူများနိုင်ငံသားတွေနဲ့ လူတန်းမစေ့အောင်လုပ်နေတာ လူတန်းစားကွာဟမှုကြီးအောင် လုပ်နေတာ ဟု အင်တာဗျူးတွင် ဦးခင်ညွန့်မှပြောကြားလိုက်သည် ၊ ကိုယ်ကြည့်နေတယ်လေ ၊ ခေါင်းစဉ်က ဒီမိုကရေစီ ကိုပြောင်းသွားပြီသာဆိုတယ် လုပ်ရပ်တွေက ဒီမိုကရေစီလုံးဝမကျသေးတာတွေကိုတွေ့နေရတယ် ၊ ခုကားဈေးတွေကိုကြည့်လေ ၊ ကားဆိုတာမျိုးဟာ ဇိမ်ခံပြီးစီးတဲ့သူတွေရှိသလို လုပ်ငန်းလိုအပ်ချက်အရ မဖြစ်မနေသုံးမှ ဖြစ်မှာမို့လို့ စီးနေရတဲ့သူတွေလည်း ရှိတာပဲ ၊ နယ်စပ်တွေမှာ ဆယ့်ငါးသိန်းလောက်ပေးရတဲ့ကားက ဒီမှာ သိန်းတစ်ရာလောက်ဖြစ်နေတယ် ၊ အခွန်တွေကို နိုင်ငံတော်အတွက် ပြန်သုံးနေပါတယ်လို့ ဘယ်လောက်ပြောနေပြောနေ လောလောလတ်လတ်တော့ ကိုယ်နိုင်ငံသားတွေက သူများနိုင်ငံသားတွေထက် အောက်ကျနောက်ကျ ဖြစ်သွားတာအမှန်လေ ၊ လူတန်းမစေ့ဖြစ်သွားတာအမှန်လေ ၊ အဲတော့ဘာဆက်ဖြစ်သလဲ ၊ တစ်အိမ်ကို ကားတစ်စီး မိသားတစ်စုကို ကားတစ်စီး စီးနိုင်ဖို့တော်တော်ခက်သွားပြီ ၊ တစ်ဘဝလုံးကားတစ်စီးပိုင်နိုင်ဖို့ မမျှော်မှန်းရဲတဲ့ အခြေအနေကို အလိုလိုရောက်သွားပြီလေ ၊ တဖက်မှာတော့ အိမ်ထဲခြံထဲမှာ ကားအပြည့်နဲ့ ကားတွေပိုနေလို့ လမ်းမတောင် ထွက်ရပ်ထားရတဲ့သူတွေလည်း ပေါ်လာတာပေါ့ ၊ ဟုတ်တယ်လေ ၊ ကားကိုဝယ် စိတ်ကြိုက်စီးပြီး ပြန်ရောင်းရင် မြတ်တယ်ဆိုတာ ဒီနိုင်ငံမှာ ဈေးကွက်ကြီးတစ်ခုလို ဖြစ်နေတာကိုး ၊ လူတန်းစားကွာဟမှုတွေဖြစ်အောင် လူတန်းစားကွာဟမှုတွေကြီးလာအောင် လုပ်နေတာလားလို့ မေးရမလိုတောင်ဖြစ်နေပြီ ၊ သူများနိုင်ငံက သုံးပြီးသား ကားတွေ တင်သွင်းပြီး အရောင်းအဝယ်လုပ်ငန်းလုပ်တာဟာ ဒီနိုင်ငံမှာ သူဌေးကြီးဖြစ်စေတဲ့ လုပ်ငန်းတစ်ခုလို့ ဖြစ်နေတယ်လေ ၊ ဒီလိုဖြစ်နေတဲ့ ဒီလိုဖြစ်နေအောင်တမင်ဖန်တီးထားတဲ့ ပတ်ဝန်ကျင်ကြီးက ဘယ်တော့များမှစစ်မှန်တဲ့ ဒီမိုကရက်တစ်ပတ်ဝန်းကျင် စစ်မှန်တဲ့ အိုးပန်းမားကတ်အီကော်နော်မစ် ပတ်ဝန်းကျင် ဖြစ်လာမှာတုန်း ဗျ ၊ ကိုယ်ပြောတာ မလွန်ဘူးထင်ပါတယ်နော် ၊ ဟန်းဖုန်းတန်ဖိုးတွေကိုလည်းကြည့်ပါအုံး ၊ တရားဝင်ထုတ်ဈေးက ၁၅၀၀ တဲ့ အပြင်ပေါက်ဈေးက တစ်သိန်းခွဲအောက်ထစ်ပဲ ၊ ကဲ ထုတ်ဈေး နဲ့ အပြင်ပေါက်ဈေးက အဆတစ်ရာကျော်ကွာနေတယ် ၊ အဲဒါ မားကတ်မှာ ဆပ်ပလိုင်း နဲ့ ဒီမန်း မမျှတာမဟုတ်ဘူး ၊ အနာနဲ့ဆေးနဲ့မတွေ့တာကိုပြနေတာ ၊ မားကတ်မှာ ဖုန်းတွေကို လိုက်ဝယ်ပြီး ပြန်ရောင်းတဲ့ ဈေးကွက်ကြီးတစ်ခု အလိုလိုဖြစ်လာတယ်လေ ၊ မဲပေါက်တဲ့ ဖုန်းတွေကို ပြန်ကောက်ပြီး ကြိုက်ဈေးခေါ်ပြန်ရောင်းတဲ့ ဈေးကွက်ကြီးတစ်ခုပေါ်လာတယ်လေ ၊ အခြေအနေအရ အဲဒီဈေးကွက်ကြီး အလိုလို ပေါ်လာတာပေါ့ ၊ ဝယ်ရောင်းလုပ်မယ်ဆိုရင် အမြန်ပိုက်ဆံချမ်းသာစေတဲ့ဈေးကွက်ကြီးဖြစ်နေတာပေါ့ ၊ ဒါဈေးကွက်အစစ်မဟုတ်ဘူး ၊ စီမံခန့်ခွဲမှုမှားယွင်လို့ ဘေးထွက်ဆိုးဆိုးအဖြစ်ထွက်လာတဲ့ ပြယုဂ် ပဲ ၊ ဟန်းဖုန်းတွေကို ဆက်တိုက်ချပေးနေပါတယ်လို့ ဘယ်လောက်ပြောပြော အပြင်မှာ အခုလို အဆတစ်ရာကျော် ဈေးတွေကွာနေတာဟာ လူထုက အစိုးရဆောင်ရွက်ချက်ကို မယုံဘူးဖြစ်နေတာ ၊ အစိုးရပေးတဲ့ အာမခံချက်တွေကို လူထုက မယုံကြည်ဘူးဆိုတာပြနေတာပဲ ၊ နိုင်ငံရေးစကားနဲ့ပြောရင် အစိုးရဆောင်ရွက်ချက်တွေ မှားယွင်းနေတာ ကျရှုံးနေတာပေါ့ ၊ ဒါတွေက ကာလတိုမဟုတ်ပဲ ကာလရှည်ဖြစ်လာရင် တိုင်းပြည်တစ်ခုလုံးအောက်ကျနောက်ကျ ထပ်ဖြစ်သွားမယ် ၊ တိုင်းပြည်နစ်နာတယ် ၊ ဒါတွေက စီပွားရေး တက္ကသိုလ်က ဆရာကြီး ဆရာမကြီးတွေကို တိုင်ပင်လိုက်ရင် သိနိုင်တာပဲလေ ၊ ပြင်လိုက်ရင်အလွယ်လေးဆိုပေမယ့် ရောဂါကျွမ်းသွားပြီးဆိုရင်တော့ အချိန်မီမှာမဟုတ်တော့ဘူး ၊ ဒါသိထားရမယ် ၊

(ဦးခင်ညွန့်က အင်တာဗျူးတွင်ဝေဖန် ပြောကြားသွားခြင်းဖြစ်သည်)



ဪ---ခုတော့သူကပြောပြီပေါ့နော်။
သူ့လက်ထက်တုန်းကကောဘာလို့ဖြစ်အောင်မလုပ်ခဲ့တာပါလိမ့်နော်။

ဒေါ်အောင်ဆန်းစုကြည် သြစတြေးလျနိုင်ငံသို့ထွက်ခွာ

Khin Nanda

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ၊ ဒေါ်အောင်ဆန်းစုကြည်သည် (၂၀၁၃) ခုနှစ်၊ နိုဝင်ဘာလ၊ (၂၆) ရက်နေ့တွင် သြစတြေးလျနိုင်ငံသို့
သွားရောက်ရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင်ထွက်ခွာသွားပါသည်။ အဆိုပါခရီးစဉ် အတွင်း ပထမဦးစွာ Sydney မြို့သို့ သွားရောက်မှာဖြစ်ပြီး သြစတြေးလျရောက်
မြန်မာမိသားစုများနှင့်တွေ့ဆုံခြင်း၊ Sydney Opera House တွင် တက္ကသိုလ်(၃)ခုက ပူးပေါင်းပြုလုပ်သည့် ဘွဲ့အပ်နှင်းသည့်အခမ်းအနား၌ အမှာစကားပြောကြားခြင်းတို့ကို ပြုလုပ်မည်ဖြစ်ပါသည်။
၎င်းနောက် Canberra မြို့သို့ ဆက်လက်ထွက်ခွာမည်ဖြစ်ပြီး သြစတြေးလျနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Julie Bishop၊ သြစတြေးလျနိုင်ငံ ဝန်ကြီးချုပ် Tony Abbott တို့နှင့် တွေ့ဆုံရန်ရှိပါသည်။ သြစတြေးလျပါလီမန်ကို သွားရောက်လေ့လာ၍ လွှတ်တော် ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ Australian National University သို့ သွားရောက်၍ ပညာရေးဆိုင်ရာကိစ္စရပ်များကို လေ့လာဆွေးနွေးရန် အစီအစဉ်များရှိပါသည်။
ထိုမှတဆင့် Melbourne မြို့သို့ ဆက်လက်ထွက်ခွာမည်ဖြစ်ပြီး Monash University တွင် ပညာရေးဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးမှုများ ပြုလုပ်ရန်ရှိပါသည်။ ထို့နောက်
သြစတြေးလျရောက် မြန်မာမိသားစုများနှင့်တွေ့ဆုံမည်ဖြစ်ပြီး၊ (၂၅)ကြိမ်မြောက် ကျင်းပမည် ဖြစ်သော World AIDS Day အခမ်းအနားကိုလည်း တက်ရောက်ရန် အစီအစဉ်ရှိပါသည်။မြန်မာနိုင်ငံသို့ ဒီဇင်ဘာလ (၂) ရက်နေ့တွင် ပြန်လည်ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆိုပါနေ့ ညပိုင်းတွင်ပင်ပြန်လည်ရောက်ရှိမည်ဖြစ်ပါသည်။


ယနေ့  ၂၇ရက် တွင် အမျိုးသားဒီမို ကရေစီဥက္ကဌဒေါ်အောင်ဆန်းစုကြည် သည် ဩစတြေးလျနိုင်ငံသို့  ရောက်ရှိ

လွန်ခဲ့တဲ့၁၄ နစ်ကKNU ခေါ်ဆောင်သွားသောလ၀ကမှုး သေမသေမသိရှိရ




ဦးဝင်းမြင့်အောင် လ/ထ လ၀ကမှုး ကိုယ်ပိုင်အမှတ် 6058သည် ဘုရားသုံးဆူနယ်စပ်ကင်းစခန်းမှုး တာဝန်ပြီးဆုံး ပြီး
ကရင်ပြည်နယ်ဘားအံမြို့မကဖ (11) လူဝင်မှု ကြီးကြပ်ရေး စစ်ဆေးရေးဂိတ် မိခင်ဌာနသို့အပြန် ဘုရားသုံးဆူမှလွန်ခဲ့တဲ့၁၄ နစ်
(23.2.1999) ရက်နေ့တောင်စွန်းကျေးရွာအနီး ခုံခံကျေးရွာတွင် KNU တပ်မဟာ 6 အဖွဲတစ်ဖွဲ့မှခေါ်ဆောင်သွားသော
ဝန်ထမ်း(10)ဥိးအနက်(3)ဦး(21)ရက်အကြာတွင်ပြန်လည်လွတ်မြောက်ပြီး ကျန်ဝန်ထမ်း(7)ဥိးမှမည်သို့မှအဆက်အသွယ်
သတင်းမရရှိပါ။ သေမသေမသိရှိရပါ။ ရှိနေလျှင်မိသားစုနှင့်ပြန်လည်ဆက်သွယ်နိုင်ရန် ph 01628072 09420211621 09254075354
သို့ဆက်သွယ်ပါရန်မျော်လင့်လျက်ရှိပါသည်။