Thursday, November 28, 2013

သုံးကျိပ်မြောက်နောက်ဆုံးတယောက်ကွယ်လွန်ရှာပြီ။



တို့ဗမာအစည်းအရုံး

ရဲဘော်သုံးကျိပ်ထဲက တဦးတည်းသာ သက်ရှိထင်ရှား ကျန်တော့တဲ့ သခင်အောင်သိန်း ခေါ် ဗိုလ်ရဲထွဋ် ဟာ ယနေ့ နိုဝင်ဘာ ၂၇ ရက် အမျိုးသားနေ့ မြန်မာ စံတော်ချိန် ည ၉ နာရီ ၂၀ မိနစ်မှာ ကွယ်လွန် သွားရှာပြီ ဖြစ်ပါတယ်။ သတင်း - BBC Burmese ကောင်းရာသုဂတိလားပါစေ



 ---------------------


သမိုင်းတကွေ့မှ ဗိုလ်ရဲထွဋ်

သန်းဝင်းလှိုင် မေ ၂၀၊ ၂၀၁၂
moemaka.blogspot

မြန်မာ့လွတ်လပ်ရေးသမိုင်းအကြောင်းကိုပြောမည်ဆိုလျှင် သမိုင်းတကွေ့မှ ရဲဘော်သုံးကျိပ်၏အခန်းကဏ္ဍကို ချန်လှပ်၍မရချေ။ မျိုးချစ်လူ ငယ်များဖြင့်ဖွဲ့စည်းခဲ့သော ရဲဘော်သုံးကျိပ်အဖွဲ့ဝင်များအနက် အသက်အငယ်ဆုံးနှင့် ယနေ့တိုင် သက်ရှိထင်ရှားရှိနေသည့် ရဲဘော်သုံးကျိပ် နှစ်ဦးအနက် ဗိုလ်မှူးရဲထွဋ်နှင့် ဗိုလ်မှူးချုပ်ကျော်ဇောတို့သာ ကျန်ရှိတော့သည်။ ဗိုလ်မှူးရဲထွဋ်သည် ယခုအခါ အသက် ၉၀ ပြည့်၍ ၉၁ နှစ် အတွင်းသို့ ချင်းနင်းဝင်ရောက်နေပြီဖြစ်သည်။

အသားလတ်လတ်အရပ်ရှည်ရှည်၊ ဝဝဖိုင့်ဖိုင့်၊ ဥပဓိရုပ်ကောင်းကောင်း ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးရဲထွဋ်ကို ကျနော်သည် ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိဖြစ်ရပ်မှန်ပြုစုရေးကော်မတီ၌ အတူတကွဆောင်ရွက်ရင်း အနီးကပ်လေ့လာခွင့်ရခဲ့သည်။ ဗိုလ်မှူးရဲထွဋ်သည် ယင်းကော် မတီ၌ နာယကဖြစ်ပြီး သခင်တင်မြ၊ သခင်လှထွန်း (ယခုကွယ်လွန်)၊ ရဲဘော်ဘခက်၊ ဦးချစ်လှိုင် (ကိုကိုမောင်ကြီး)၊ ဦးဇော်လင်း၊ ကိုအုံးမြင့်၊ ကိုကျော်အောင် (ရွှေပြည်တန်)၊ ကိုတင်ထွန်း၊ ဦးထင်လင်း (ကီးတော်ကျန်စားသောက်ဆိုင်ပိုင်ရှင်) နှင့် သန်းဝင်းလှိုင်တို့ပါဝင်ကြသည်။ ဗိုလ်မှူးရဲထွဋ်သည် အချိန်နှင့်စည်းကမ်းကို တန်ဖိုးထားကာ၊ ဗိုလ်ချုပ်အောင်ဆန်းကို ကြည်ညိုလေးစား၍ ချစ်ခင်သူဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်းနှင့်လည်း နှစ်ပေါင်းများစွာ အတူတကွနေထိုင်ခဲ့သူဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိနှင့်ပတ်သက်၍ လွဲမှားနေမှုများ၊ မြန်မာ့သမိုင်း၌တိမ်မြှုပ်နေသော သမိုင်းအထောက်အထားဖြစ်ရပ်မှန်များကို အရွယ်နှင့်မမျှအောင် ယနေ့တိုင်မှတ်မိနေဆဲဖြစ်သည်။ အချက် အလက်များမှားယွင်းနေလျှင် ချက်ချင်းပြုပြင်ပေးသည်။ ဗိုလ်မှူးရဲထွဋ်ကဲ့သို့ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း၌ ကိုယ်တိုင်ပါဝင်ခဲ့သော သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦးနှင့်အတူ ကော်မတီတွင် ပါဝင်ဆောင်ရွက်ခဲ့ရသည့်အတွက် ယနေ့တိုင် ဝမ်းမြောက်ဝမ်းသာဂုဏ်ယူနေမိသလို သတိ တရရှိနေဆဲပင် ဖြစ်သည်။

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရဲထွဋ်ကို ၁၉၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ရန်ကုန်မြို့ တာမွေကလေးရပ်၌ အဖဦးဘိုးလွင်၊ အမိဒေါ်စော ရှင်တို့မှ ဖွားမြင့်ခဲ့သည်။ ငယ်မည်မှာ မောင်အောင်သိန်းဖြစ်သည်။

ရန်ကုန်မြို့ ကန်တော်ကလေးမြူနီစီပယ်ကျောင်းမှ ဒဿမတန်းအောင်မြင်ခဲ့သည်။ ထို့နောက် အထက်တန်းဆရာဖြစ် သင်တန်း အောင်မြင်ခဲ့ သည်။ ၁၉၃၆-၃၇ တွင် ဆာမောင်ကြီး၏ ရဲတပ်တွင် ပါဝင်ခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ၁၃၀၀ပြည့်ကျောင်းသားအရေးတော်ပုံတွင် မြူနီစီပယ်ကျောင်းမှ သပိတ်မှောက်ကျောင်းသားခေါင်းဆောင်အဖြစ်ပါဝင်ခဲ့သည်။ ၁၉၃၉-၄၀ တွင် မြူနီစီပယ်ကျောင်း၌ ဖွဲ့စည်းခဲ့သော ကျောင်းသားများသမဂ္ဂအဖွဲ့၌ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့သည်။

ထို့နောက် ဂျပန်နိုင်ငံသို့ စစ်ပညာသင်ကြားရန် စေလွှတ်သည့် ဒုတိယအသုတ် မြန်မာမျိုးချစ်လူငယ်များဖြစ်ကြသည့် သခင်စိုး (ဗိုလ်မြင့် အောင်)၊ သခင်သန်းတင် -၂ (ဗိုလ်မြဒင်)၊ သခင်ထွန်းရွှေ(ဗိုလ်လင်းယုန်) တို့နှင့်အတူ ၁၉၄၁ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် ကိုင်ရှိုမာရှူး (Kaisho Maru) သဘောင်္ဖြင့် မြန်မာနိုင်ငံမှ ဂျပန်သို့ထွက်ခွာခဲ့သည်။ ၁၉၄၁ ခုနှစ် ဧပြီ ၂၈ ရက်နေ့တွင် ဂျပန်နိုင်ငံ အိုဆာကာမြို့သို့ ရောက်ရှိ ခဲ့သည်။ ထိုမှတဆင့် ၁၉၄၁ ခုနှစ် မေလ ၉ ရက်နေ့တွင် လေယာဉ်ဖြင့် တိုကျိုမြို့မှ ဟိုင်နန်ကျွန်းသို့သွားရောက်ကာ ဟိုင်နန်ကျွန်းနှင့် ထိုင် ဝမ်ကျွန်းတို့တွင် စစ်ပညာသင်ကြားခဲ့သည်။

မြန်မာမျိုးချစ်လူငယ်များအား စစ်ပညာများသင်ကြားရန် တာဝန်ယူထားသော မီနာမီအဖွဲ့သည် တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ကျွန်း (Hainan) တွင် စစ်ကျောင်းတစ်ကျောင်း ဖွင့်လှစ်ရန် ကြိုတင်စီစဉ်ထားခဲ့သည်။ ဟိုင်နန်ကျွန်းရှိ စန်းယ (Sanya) မြို့တွင် ဂျပန်ရေတပ်မတော်၏ ရှေ့တန်းစခန်းအခြေစိုက်တည်ရှိသည်။ မီနာမီအဖွဲ့မှာ ဂျပန်ကြည်း တပ်မတော်နှင့်ရေတပ်မတော်တို့ ပူးပေါင်းဖွဲ့စည်းထားသောအဖွဲ့ဖြစ်၍ ဟိုင်နန်စစ်သင်တန်းကျောင်း ဆောက်လုပ်ရေး နှင့် သင်တန်းအတွက် စားနပ်ရိက္ခာထောက်ပံ့ရေးကို ဂျပန်ရေတပ်က တာဝန်ယူဆောင်ရွက်ပြီး၊ စစ်ပညာသင်ကြားရေးကို ဂျပန်ကြည်းတပ်မတော်က တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။

ဂျပန်စစ်အာဏာပိုင်တို့သည် စန်းယစစ်သင်တန်းကျောင်းနှင့်ပတ်သက်၍ အစွမ်းကုန်လျှို့ဝှက်ထားပြီး တရားဝင်အားဖြင့် အရှေ့တောင်အာရှ ဖွံ့ဖြိုးရေး စန်းယတောင်သူလယ်သမားသင်တန်းကျောင်းဟု အမည်မှည့်ခေါ်ထားသည်။ သင်တန်းကျောင်းအတွက် စားနပ်ရိက္ခာများကို ရေတပ်က ထောက်ပံ့ရသဖြင့် ရေတပ်နှင့်တွဲဖက်နေသယောင် ထင်မြင်စေရန် စန်းယစစ် သင်တန်းကျောင်းသားများအား ရေတပ်ဝတ်စုံများကို ဝတ်ဆင်စေခဲ့သည်။ မြန်မာမျိုးချစ်လူငယ်များအား စစ်ပညာသင်တန်းပေးနေသည့်အကြောင်းကို ဗြိတိန် သို့မဟုတ် ရန်သူဖြစ်ရန် အလား အလာရှိသည့်နိုင်ငံတို့သိရှိသွားပါက အပြည်ပြည်ဆိုင်ရာပြဿနာတစ်ခုဖြစ်လာနိုင်ပါသည်။ ထို့ကြောင့် မြန်မာမျိုးချစ်လူငယ်များအား ဂျပန် အမည်များပေးပြီး စစ်တန်းလျားအပြင်ဘက်တွင် မြန်မာစကားပြောခြင်း၊ မြန်မာအပြု အမူများပြုလုပ်ခြင်းများကို ရှောင်ကြဉ်ရန်နှင့် ဂျပန်လူ မျိုး ကျောင်းသားများပုံစံအတိုင်း သွားလာနေထိုင်ရန် ညွှန်ကြားထားသည်။

ဗိုလ်ရဲထွဋ်၏ ဂျပန်အမည်မှာ ဟာယာရှိ (Hayashi) ဖြစ်ပြီး ဂျပန်ဘာသာဖြင့် ‘ဦးသစ်သား’ ဟု အဓိပ္ပါယ်ရသည်။ ဂျပန်တို့သည် စန်းယစစ်ပညာ သင်တန်းကျောင်းကို ၁၉၄၁ ခုနှစ်ဧပြီလ၂၅ ရက်နေ့တွင် စတင်ဖွင့်လှစ်ကာ မြန်မာမျိုးချစ်လူငယ်များကို စစ်ပညာများသင်ကြားပေးခဲ့သည်။ စစ်သင်တန်း၏အဓိကရည်ရွယ်ချက်မှာ မြန်မာ့လွတ်လပ်ရေးတိုက်ပွဲတွင် တပ်မှူးကောင်းများအဖြစ်ဦးဆောင်နိုင်ရန် လက်နက်မျိုးစုံကိုင်တွယ်ပစ်ခတ်နိုင်ရန်နှင့် စိတ်ဓာတ်ကြံ့ခိုင်မှုရှိရန်တို့အတွက် ဖြစ်သည်။

ဟိုင်နန်စစ်သင်တန်းတွင် မြန်မာမျိုးချစ်လူငယ်များကို တပ်ဖွဲ့သုံးဖွဲ့ခွဲ၍ သင်တန်းပေးခဲ့သည်။ တပ်ဖွဲ့(၁) သည် အခြေခံစစ်ပညာလက်နက် ကြီးနှင့် လက်နက်ငယ်မျိုးစုံကိုင်တွယ်ပစ်ခတ်နည်းများ၊ ခံစစ်ပညာနှင့် ညတိုက်ပွဲများကို အလေးထားသင်ယူရပြီး မြန်မာ့လွတ်လပ်ရေးတိုက် ပွဲတွင် တိုက်ခိုက်ရေးတာဝန်ထမ်းဆောင်ရန်ဖြစ်သည်။ တပ်ဖွဲ့ (၁) တွင် သခင်စံမြ (ဗိုလ်တောက်ထိန်)၊ သခင်စံလှိုင် (ဗိုလ်မှူးအောင်)၊ သ ခင်စိုး (ဗိုလ်မြင့်အောင်)၊ သခင်တင်အေး (ဗိုလ်ဘုန်းမြင့်)၊ သခင်ထွန်းလွင် (ဗိုလ်ဗလ)၊ သခင်ဘဂျမ်း (ဗိုလ်လရောင်)၊ သခင်မောင်မောင် (ဗိုလ်ဉာဏ)၊ ကိုရွှေ (ဗိုလ်ကျော်ဇော)၊ သခင်လှ (ဗိုလ်မင်းရောင်)၊ သခင်လှမြိုင် (ဗိုလ်ရန်အောင်)၊ သခင်သန်းညွှန့် (ဗိုလ်ဇင်ယော်)၊ သခင် အေးမောင် (ဗိုလ်မိုး)နှင့် ကိုအောင်သိန်း (ဗိုလ်ရဲထွဋ်) တို့ ပါဝင်ကြသည်။ တပ်ဖွဲ့(၂) သည် အခြေခံစစ်ပညာ၊ ဖောက်ခွဲဖျက်ဆီးရေးနည်းပညာ များ၊ ထောက်လှမ်းရေးနှင့်ဆက်သွယ်ရေးပညာရပ်များကို အလေးထားသင်ယူရပြီး မြန်မာ့လွတ်လပ်ရေးတိုက်ပွဲတွင် ထောက်လှမ်းရေးနှင့် ဖျက်ဆီးရေးလုပ်ငန်းများ ဆောင်ရွက်ရန်ဖြစ်သည်။ တပ်ဖွဲ့ (၂) တွင် သခင်ရှုမောင် (ဗိုလ်နေဝင်း)၊ သခင်ကျော်စိန်(ဗိုလ်မိုးညို)၊ သခင်မောင် ဦး (ဗိုလ်တာရာ)၊ သခင်ငွေ (ဗိုလ်စောအောင်)၊ သခင်စောလွင် (ဗိုလ်မင်းခေါင်)၊ ကိုထွန်းရှိန် (ဗိုလ်ရန်နိုင်)၊ သခင်ထွန်းရွှေ(ဗိုလ်လင်းယုန်)၊ သခင်သစ် (ဗိုလ်စောနောင်)၊ သခင်သန်းတင်-၂ (ဗိုလ်မြဒင်) တို့ ပါဝင်ခဲ့ကြသည်။ တပ်ဖွဲ့ (၃) သည် အခြေခံစစ်ပညာ၊ စစ်ဘက်နယ်ဘက် အထွေထွေအုပ်ချုပ်မှုပညာရပ်များကို သင်ယူရပြီး မြန်မာ့လွတ်လပ်ရေးတိုက်ပွဲ စစ်ဦးစီးတာဝန်ယူ နိုင်ရန်ဖြစ်သည်။ တပ်ဖွဲ့(၃) သခင်အောင် ဆန်း (ဗိုလ်တေဇ)၊ သခင်ထွန်းခင် (ဗိုလ်မြင့်ဆွေ)၊ သခင်လှဖေ (ဗိုလ်လက်ျာ)၊ ကိုလှမောင် (ဗိုလ်ဇေယျ)၊ သခင်အောင်သန်း (ဗိုလ်စကြာ) တို့ ပါဝင်ခဲ့ကြသည်။

ရဲဘော်သုံးကျိပ်အနက် သခင်ထွန်းအုပ်သည် ဂျပန်နိုင်ငံတိုကျိုမြို့တွင် အုပ်ချုပ်ရေးပညာဆည်းပူးနေ၍လည်းကောင်း၊ ကိုဆောင်း (ဗိုလ်ထိန် ဝင်း) သည် မီနာမီအဖွဲ့၏တာဝန်ပေးချက်အရ ထိုင်းမြန်မာနယ်စပ်ကို လျှို့ဝှက်စွဖြတ်ကျော်ရောက်ရှိလာမည့် မြန်မာမျိုးချစ်လူငယ်များကို စောင့်ကြိုရန်တာဝန်ဖြင့် ဇင်းမယ် (ချင်းမိုင်) တွင် တာဝန်ထမ်းဆောင်နေ၍လည်းကောင်း၊ သခင်သန်းတင်- ၁ သည် ထိုင်းနိုင်ငံဘန်ကောက်မှ ဂျပန်နိုင်ငံသို့သွားရောက်စဉ် တိုင်ပေမြို့တွင်ကွယ်လွန်သွား၍လည်းကောင်း၊ ဟိုင်နန်စစ်သင်တန်းကျောင်းတွင် မြန်မာမျိုးချစ်လူငယ် (၂၇)ဦးသာ စစ်သင်တန်းတက်ခဲ့ရသည်။

ထို့နောက် ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ၂၆ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာလူမျိုးမျက်စိအထူးကုဆရာဝန်ကြီး ဦးလွန်းဖေ၏ နေအိမ်တွင် လက်မောင်းသွေးဖောက်၍ ကတိသစ္စာပြုကာ ဗိုလ်အမည်များခံယူရာတွင် ကိုအောင်သိန်းသည် ဗိုလ်ရဲထွဋ်ဖြစ်လာခဲ့သည်။ ယင်းနောက် ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) စတင်ဖွဲ့စည်းထူထောင်ရာတွင် ပါဝင်ခဲ့ သည်။

ဗိုလ်ရဲထွဋ်သည် မြန်မာနိုင်ငံအတွင်းသို့ ချီတက်တိုက်ခိုက်ရန် စစ်သေနာပတိချုပ် ဗိုလ်ချုပ်ကြီး ဗိုလ်မိုးကြိုး၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်မူရာကာမီ၊ စစ်ဦးစီး ဗိုလ်တေဇ (ဗိုလ်ချုပ်အောင်ဆန်း) စစ်ဦးစီးအရာရှိ ဗိုလ်ရန်အောင်တို့ ပါဝင်သော ဘီအိုင်အေစစ်ဋ္ဌာနချုပ် မော်လမြိုင်စစ်ကြောင်းတွင် ပါဝင်၍ ဗြိတိသျှတို့ကို တိုက်ခိုက်ရန် ၁၉၄၂ ခုနှစ်ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ဘန်ကောက်မြို့မှရဟိုင်းမြို့သို့ စတင်ထွက်ခွာခဲ့သည်။ လှိုင်း ဘွဲ့မြို့သိမ်းတိုက်ပွဲနှင့် ကတိုင်တိတိုက်ပွဲတို့တွင် ရွံ့ရွံ့ချွန်ချွန် ပါဝင်တိုက်ခိုက်ခဲ့မှုကြောင့် ဗိုလ်ရဲထွဋ်အား ဂျပန်စစ်ဗိုလ်များပင် ချီးကျူးခဲ့ရပြီး ဘီအိုင်အေ၏ သူရဲကောင်းတံဆိပ် (ဒုတိယအဆင့်) ရရှိခဲ့သည်။

၁၉၄၂ ခုနှစ်၊ ဧပြီလတွင် ဗိုလ်ရဲထွဋ်သည် ဘီအိုင်အေတပ်မဟာ ၃ တပ်မှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၄၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် ဘီအိုင်အေကိုဖျက်သိမ်း၍ ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) ဖွဲ့စည်းသောအခါ ဘီဒီအေတပ်ရင်း၁တပ်ရင်းမှူးအဖြစ်လည်းကောင်း၊ ၁၉၄၃ တွင် ဘီဒီအေတပ်ရင်း ၅ တပ်ရင်းမှူးအဖြစ်လည်းကောင်း၊ စစ်ဦးစီးဋ္ဌာနချုပ်အထွေထွေဋ္ဌာနကြီးမှူးအဖြစ်လည်းကောင်း တာဝန် ထမ်း ဆောင်ခဲ့သည်။ ထိုစဉ်အတွင်းမှာပင် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် စတင်ဆက်သွယ်မိခဲ့သည်။

၁၉၄၄ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းဆန္ဒအရ ဗိုလ်မှူးကြီးနေဝင်း ပြည်သူ့အရေးတော်ပုံပါတီမှ ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့နှင့်အတူ ဗိုလ်မှူးရဲထွဋ်သည် ဒေးဒရဲမြို့ရှိ သခင်စိုးထံ လျှို့ဝှက်စွာသွားရောက်၍ ဖက်ဆစ်တိုက်ဖျက်ရေးပြည်သူ့အဖွဲ့ချုပ် တိုးချဲ့ဖွဲ့စည်းရေး၊ တပ်မတော်အတွင်းရှိ လက်ဝဲအင်အားစုများ၊ ပြည်သူ့အရေးတော်ပုံပါတီနှင့် ကွန်မြူနစ်ပါတီတို့ကို တပါတီတည်းအဖြစ် ပူးပေါင်းဖွဲ့စည်းရေးနှင့် ဖက်ဆစ်ဂျပန်တော်လှန်ရေးအတွက် ပြင်ဆင်မှုလုပ်ငန်းများပြုလုပ်ရေးတို့ ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ဗိုလ်မှူးရဲထွဋ်သည် ၁၉၄၅ ခုနှစ် မတ်လ၁ရက်နေ့မှ ၃ ရက်နေ့အထိကျင်းပသော ဖတပလအစည်းအဝေးသို့ တက်ရောက်ခဲ့ သည်။ ထိုအစည်းအဝေးတွင် ဖက်ဆစ်ဂျပန်တို့အား တော်လှန်တိုက်ခိုက်ရန် အစီအစဉ်များချမှတ်ရာတွင်လည်းပါဝင်ခဲ့သည်။ ဖက်ဆစ်တော် လှန်ရေးကာလတွင် တိုင်း- ၆ မိတ္ထီလာ၊ ပျဉ်းမနား၊ တောင်ငူနှင့် တောင်ပိုင်းရှမ်းပြည် တိုင်းမှူးအဖြစ်တာဝန်ယူ၍ ဖက်ဆစ်ဂျပန်တို့ကို တော် လှန်တိုက်ခိုက်ခဲ့သည်။

ဖက်ဆစ်ဂျပန်တော်လှန်ရေးအပြီး ၁၉၄၅ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိကျင်းပခဲ့သော ဖက်ဆစ်တိုက်ဖျက်ရေးနှင့်ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့အစည်းအဝေးသို့ ဗိုလ်ရဲထွဋ်သည် ဗမာ့တပ်မတော်ခေါင်းဆောင်အဖြစ် တက်ရောက်ခဲ့သည်။

၁၉၄၆ ခုနှစ်တွင် ဗမာ့တပ်မတော်တပ်ရင်း ၅ သို့ ဒုခွဲမှူးအဖြစ် ပြန်လည်ဝင်ရောက်၍ များမကြာမီပင် တပ်ရင်း- ၅ ၏တပ်ခွဲမှူးအဖြစ် ၁၉၄၇ ခုနှစ်အထိ ဆောင်ရွက်ခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် မင်္ဂလာဒုံရှိ ဗမာ့တပ်မတော် တပ်ရင်း- ၃ သို့ပြောင်းရွှေ့၍ ဒုတပ်ရင်းမှူးအဖြစ် ဆောင်ရွက် ခဲ့သည်။ ၁၉၄၈ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် ဥက္ကဋ္ဌဗိုလ်ချုပ်နေဝင်း၊ အတွင်းရေးမှူးဦးသိန်းဖေမြင့်တို့ပါဝင်သော လက်ဝဲညီညွတ်ရေး ကော်မတီဖွဲ့စည်းရာတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။

ယင်းနောက် မင်္ဂလာဒုံရှိ ဗမာ့တပ်မတော်တပ်ရင်း-၃ ၌ ဒုဗိုလ်မှူးကြီးအဆင့်အဖြစ် တပ်ရင်းမှူးတာဝန်ထမ်းဆောင်နေစဉ်အတွင်း ၁၉၄၈ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့တွင် တပ်ရင်း- ၃ နှင့် သယ်ယူပို့ဆောင်ရေးတပ်မှ တပ်သား ၃၅၀ ကိုဦးဆောင်ကာ တောခိုခဲ့သည်။ ထိုနေ့မတိုင်မီ သြဂုတ်လ ၉ ရက်နေ့တွင် သရက်မြို့ရှိ ဗမာ့တပ်မတော်တပ်ရင်း-၁ မှ ဒုတပ်ရင်းမှူး ဗိုလ်စိန်တင်သည် တပ်ရင်း-၁ မှရဲဘော်များကို ဦး ဆောင်၍ ဦးစွာတောခိုခဲ့သည်။

၁၉၄၈ ခုနှစ်မှ ၅၀ ခုနှစ်အထိ တောခိုတပ်၏ ဒုတိယခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၄၉ ခုနှစ် မတ်လ၂၄ ရက်နေ့တွင် ပြည်မြို့၌ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ပြည်သူ့ရဲဘော် (ဖြူ) နှင့် တော်လှန်သောဗမာ့တပ်မတော်တို့ပူးပေါင်း၍ ပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစုကိုဖွဲ့စည်း ရာတွင် ရှေ့တန်းမှပါဝင်ခဲ့သည်။ ၁၉၅၀ ပြည့်နှစ်တွင် ပြည်သူ့ ဒီမိုကရေစီတပ်ပေါင်းစု ပြိုကွဲသွားခဲ့သည်။ တော်လှန်သောဗမာ့တပ်မတော်ကို ဖျက်သိမ်းလိုက်ရသည်။ ယင်းနောက် တောခိုတပ်များနှင့် ဗမာပြည်ကွန်မြူနစ်ပါတီ၏လက်နက်ကိုင်တပ်များ ပူးပေါင်းခဲ့သည်။ ထို့နောက် ဗိုလ်ရဲထွဋ်သည် ၁၉၅၀ ပြည့်နှစ် မတ်လ ၅ ရက်နေ့တွင် တောင်ငူမြို့နေ ပြည်မင်းကြီးဟောင်း ယစ်မျိုးအရာရှိ ဦးဘကြည်၊ ဒေါ်ရင်တို့၏ ဒုတိယသမီး ဒေါ်ခင်ကြည်နှင့်လက်ထပ်ထိမ်းမြား၍ သားတစ်ယောက်ထွန်းကားခဲ့သည်။

၁၉၅၀ ပြည့်နှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် လယ်ဝေးမြို့နယ် လယ်ဒကြီးစခန်း၌ ဗမာပြည်ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်မှုအောက်ရှိ ဗမာပြည်ကွန်မြူနစ်ပါတီ၏ အမြဲတမ်းတပ်မတော်အဖြစ် ပြည်သူ့တပ်မတော်တွင် ဗိုလ်ရဲထွဋ် သည် ဒုတိယဗိုလ်ချုပ်ကြီး ခန့်အပ်ခြင်းခံရသည်။ ဗမာပြည်ကွန်မြူနစ်ပါတီ၏ ပြည်သူ့တပ်မတော်ဖွဲ့စည်းပုံမှာ ...

(၁) ဗိုလ်ချုပ်မှူး သန်းထွန်း
(၂) ဒုဗိုလ်ချုပ်ကြီး ဗသိန်းတင်
(၃) ဒုဗိုလ်ချုပ်ကြီး ဇေယျ
(၄) ဒုဗိုလ်ချုပ်ကြီး သန်းမြိုင်
(၅) ဒုဗိုလ်ချုပ်ကြီး ချစ်
(၆) ဒုဗိုလ်ချုပ်ကြီး တင်ထွန်း
(၇) ဒုဗိုလ်ချုပ်ကြီး ရဲထွဋ်
(၈) ဒုဗိုလ်ချုပ်ကြီး စိန်တင်
(၉) ဒုဗိုလ်ချုပ်ကြီး စိုးမောင်
(၁၀) ဗိုလ်ချုပ် ရန်အောင်
(၁၁) ဗိုလ်ချုပ် အောင်မင်းတို့ဖြစ်ကြသည်။

ထို့အပြင် ဗိုလ်ရဲထွဋ်သည် ၁၉၅၁ ခုနှစ် ၁၉၆၃ ခုနှစ်များအတွင်း ဗမာပြည်ကွန်မြူနစ်ပါတီ ပြည်သူ့တော်လှန်ရေးစစ်ကောင်စီတွင် အတွင်းရေး မှူးအဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၅၉ ခုနှစ် မေလ၂၅ ရက်နေ့တွင် ဖာပွန်မြို့နယ် (မဲဝိုင်) ဒေသ၌ မွန်ပြည်သစ်ပါတီ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ဗမာပြည် ကွန်မြူနစ်ပါတီ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ ချင်းဦးစီးအဖွဲ့တို့ပူးပေါင်း၍ စတင်ဖွဲ့စည်းခဲ့သော အမျိုးသားဒီမိုကရေစီညီညွတ်ရေးတပ်ပေါင်းစု (မဒညတ) တွင် ဗကပကိုယ်စားလှယ်အဖြစ် သခင်ဇင်၊ သခင်ချစ်တို့နှင့်အတူ ဗိုလ်ရဲထွဋ်သည် ပါဝင်ဆောင်ရွက်ခဲ့သည်။

အမျိုးသားညီညွတ်ရေးတပ်ပေါင်းစု (မဒညတ) တွင် ပါဝင်ခဲ့သူများမှာ အောက်ပါအတိုင်းဖြစ်သည်။

• ကရင်အမျိုးသားအစည်းအရုံးမှ
(၁) မန်းဘဇန်
(၂) ဗိုလ်ချုပ်ကော်ထူး (စောကျော်မြသန်း)

• မွန်ပြည်သစ်ပါတီမှ
(၁) နိုင်အောင်ထွန်း
(၂) နိုင်ရွှေကျင်

• ဗမာပြည်ကွန်မြူနစ်ပါတီမှ
(၁) သခင်ဇင်
(၂) သခင်ချစ်
(၃) ဗိုလ်ရဲထွဋ်

• ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ
(၁) ဦးဘိုးကျော်

• ချင်းဦးစီးအဖွဲ့မှ
(၁) ဆလိုင်းစံအောင် တို့ဖြစ်ကြသည်။

ဤကဲ့သို့ သမိုင်းအစဉ်အလာကြီးမားခဲ့သော ဗိုလ်ရဲထွဋ်သည် ၁၉၅၈ ခုနှစ် အောက်တိုဘလ ၂၄ ရက်နေ့တွင် ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ ဦးစီးခေါင်းဆောင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းထံ “ဗိုလ်ရဲထွဋ်၏ပေးစာ” ကို ပေးပို့ခဲ့သည်။ ယင်းစာသည် နောင်အခါတွင် “ဗိုလ်ရဲထွဋ်၏ (၂) ချက်နှင့် ဝင်ရေးလမ်းစဉ်” ဟု အမည်တွင်ခဲ့သည်။

စာပါအကြောင်းအရာမှာ အောက်ပါအတိုင်းဖြစ်သည် ...

(၁) လက်ရှိကမ္ဘာအခြေအနေ၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်အခြေအနေများအရ မြန်မာပြည်တွင် နယ်ချဲ့သမားနှင့် ဖောက်ပြန်ရေးသမား ငြိမ်း-ဆွေတို့၏လွတ်လပ်မှုဆုံးရေး ဒီမိုကရေစီဆိတ်သုဉ်းရေးလုပ်ကြံမှုအန္တရာယ်သည် တနေ့တခြားကြီးမားစွာရင်ဆိုင်လာရသဖြင့် အရေး တကြီး ကာကွယ်ရန်လိုအပ်ပါသည်။

ရဟန်းရှင်လူပြည်သူအပေါင်းတို့သည် တိုင်းပြည်၏ဘေးအန္တရာယ်ကို အမျိုးသားညီညွတ်ရေးအားဖြင့် တားဆီးနိုင်ရန် လက်ရှိပြည်တွင်းစစ်ကို အမြန်ဆုံးရပ်စဲ၍ ပြည်တွင်းငြိမ်းချမ်းရေးကိုတည်ဆောက်ရန် အပူတပြင်းတောင်းဆိုနေပါသည်။

ထို့ကြောင့် ဗမာပြည်ကွန်မြူနစ်ပါတီသည် ပြည်တွင်းစစ်ရပ်စဲ၍ ပြည်တွင်းငြိမ်းချမ်းရေးကို အမြန်ဆုံးတည်ဆောက် နိုင်ရန် အောက်ပါတင်ပြ ချက်ကို ဆရာကြီးသခင်ကိုယ်တော်မှိုင်းကြီးမှူးသော ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့မှတဆင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရနှင့် ပြည်သူ လူထုအား လေးစားစွာတင်ပြအပ်ပါသည်။

(၂) ဗမာပြည်ကွန်မြူနစ်ပါတီသည် ပြည်သူတို့၏တောင်းဆိုချက်အရ အစိုးရကပြဋ္ဌာန်းထားသော သင်ပုန်းချေလွတ်ငြိမ်းခွင့်နှင့် ပါတီတရားဝင် ထူထောင်ခွင့်ကို မူအားဖြင့်လက်ခံပါသည်။ ၎င်းအရ ဥပဒေအတွင်းဝင်ရောက်၍ ဒီမိုကရေစီနည်းအရ တရားမျှတသောရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိုပါသည်။

ဥပဒေအတွင်းသို့ဝင်ရောက်နိုင်ရန်နှင့် ရွေးကောက်ပွဲတွင် လွတ်လပ်စွာယှဉ်ပြိုင်ဝင်နိုင်ရန် အောက်ပါအချက်များကို ကတိပြုဆောင်ရွက် စေလိုပါသည်။

(က) ဗမာပြည်ကွန်မြူနစ်ပါတီနှင့်ပတ်သက်၍ အကျဉ်းသမားများအားလုံးကို လွှတ်ရန်။

(ခ)လာမည့်ရွေးကောက်ပွဲတွင် ကွန်မြူနစ်ဝါဒကို လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ ကွန်မြူနစ်ပါတီအပါအဝင် မည်သည့်တရားဝင်ပါတီအဖွဲ့အစည်းမဆို တန်းတူရည်တူလုံးဝလွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ပြုရန်။

အထက်ပါအချက်များကို ကတိပြုချက်ခိုင်မာစွာရရှိလျှင် ဗမာပြည်ကွန်မြူနစ်ပါတီသည်-
က။ လက်နက်ခဲယမ်းများအားလုံးကို ပြည်ထောင်စုအစိုးရသို့လွှဲအပ်ပေးမည်။
ခ။ လက်နက်ကိုင်တိုက်ပွဲမှ ဥပဒေတွင်းတိုက်ပွဲသို့ ကူးပြောင်း၍ ဥပဒေအတွင်း ဝင်ရောက်မည်။
ဂ။ ကန့်သတ်ထားသောအချိန်အတွင်း ဥပဒေအတွင်းဝင်ရောက်မလာသော မိမိပါတီဝင်များကို အဆက်ဖြတ်မည်။

တဖက်နှင့်တဖက်ပြေလည်ရန် အာဃာတကင်းစွာ အထက်ပါလုပ်ငန်းများကို အကောင်အထည်ဖော်ရန်နှင့် ဥပဒေအတွင်းသို့ ချောမောစွာ ဝင်နိုင်ရေးအတွက် နှစ်ဖက်သဘောတူသည့် နေ့ရက်မှစ၍ အတိုက်အခိုက်ရပ်စဲရန်။

(၃) ဗမာပြည်ကွန်မြူနစ်ပါတီသည် နှစ်ဖက်ပြေလည်မှုဖြင့် ငြိမ်းချမ်းရေးရစေရန် တွေ့ဆုံဆွေးနွေးရေးကို အကြိမ်ကြိမ် တင်ပြခဲ့ပါသည်။ ဦးနု အစိုးရက မလိုက်လျောခဲ့ပါက ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့နှင့် တွေ့ဆုံခွင့်ကိုလည်း လုံခြုံမှု အာမခံချက်မပေးခဲ့ပါ။ သို့ရာတွင် ဦးနု အစိုးရက တွေ့ခွင်ပြုထားသေးသည့်အတွက် ဘေးအန္တရာယ်များရှိလင့်ကစား ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့မှ မိန့်ကြားချက်များကိုကြားနာရင်း ကျွန် တော်တို့၏အခက်အခဲများကိုလည်း ဖြေရှင်းနိုင်ရန် အထက်ပါအဖြစ်နိုင်ဆုံးတင်ပြချက်ကို တင်ပြအပ်ပါသည်။

ထပ်မံရှင်းလင်းရန်လိုအပ်သေးသည်ထင်ပါက ဆရာကြီးတို့မှတဆင့်ဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ မေးမြန်းဖြေရှင်းနိုင်ပါသည်။

(၄) ရဟန်းရှင်လူပြည်သူအပေါင်းတို့သည် အထက်ဖော်ပြပါ သူမနာကိုယ်မနာ နှစ်ဘက်ပြေလည်မှုရရှိစေမည့် ပြည်တွင်းငြိမ်းချမ်းရေးကို အ ကောင်အထည်ပေါ်အောင် အစွမ်းကုန်ဝိုင်းဝန်းကြိုးပမ်းကြပါရန် ဗမာပြည်ကွန်မြူနစ်ပါတီက အလေးအနက် ပန်ကြားလိုက်ပါသည်။

(ပုံ) ရဲထွဋ်
(ဗဟိုကော်မတီကိုယ်စားလှယ်)
၁၉၅၈ခု၊ အောက်တိုဘာလ ၂၄ ရက်။
............ ...........

ဗိုလ်ရဲထွဋ်၏တင်ပြချက်ကို ဆရာကြီးသခင်ကိုယ်တော်မှိုင်းသိရှိလိုက်ရသည်။ “ငြိမ်းချမ်းရေးရနိုင်ပြီ” ဟု အားရဝမ်းသာဖြစ်သွားပြီး ထိုစဉ်က နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုနှင့် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးနေဝင်းတို့ထံ ၁၉၅၈ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ကိုယ်တိုင်သွားရောက်တွေ့ဆုံခဲ့သည်။

သို့သော် ထိုစဉ်က နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုသည် ပါတီအတွင်း အကွဲအပြဲများကြောင့်လည်းကောင်း၊ ဗိုလ်ချုပ်ကြီးနေဝင်းအား အိမ်စောင့် အစိုးရအဖြစ် အာဏာလွှဲပြောင်းပေးရန်စီစဉ်နေချိန်ဖြစ်၍ တွေ့ဆုံခွင့်မရခဲ့ချေ။ ထို့အပြင် ၎င်းတို့သည် ဗိုလ်ရဲထွဋ်၏ (၂) ချက်နှင့် ဝင်ရေးလမ်း စဉ်အပေါ်၌လည်း စိတ်ဝင်စားမှုမရှိခဲ့ချေ။ ထို့ကြောင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ပြည်တွင်းငြိမ်းချမ်းရေးကြိုးပမ်းမှုသည် အရာမထင်ဖြစ် ခဲ့ရသည်။

ထို့နောက် ၁၉၆၂ ခုနှစ် မေလ ၂၁ ရက်နေ့တွင် ဗိုလ်ရဲထွဋ်သည် ဗမာပြည်ကွန်မြူနစ်ပါတီ၏ လက်ဝဲတရားသေဝါဒ၊ လက်ဝဲ ဂိုဏ်းဂဏဝါဒနှင့် လက်နက်ကိုင်လမ်းစဉ်ကို မယုံကြည်သဖြင့် နတ္တလင်း၊ ဇီးကုန်းနယ်ဘက်မှတဆင့် အလင်းဝင်ရောက်ခဲ့ သည်။ ဗိုလ်ချုပ်ကြီးနေဝင်းထံသို့လည်း အကြောင်းကြားခဲ့သည်။ ဤတွင် ဗိုလ်ချုပ်ကြီးနေဝင်းက ဗိုလ်ရဲထွဋ်အားသွားရောက်ခေါ်ယူရန်အတွက် ထိုစဉ်က ဒုတိယဗိုလ်မှူးကြီးချာလီသိမ်းရွှေအား တာဝန်ပေးစေလွှတ်ခဲ့သည်။ ဗိုလ်ရဲထွဋ်အား သူအလင်းဝင်သည့် မေလ ၂၁ ရက်နေ့မှစ၍ တပ်မတော်မှထွက်ခွင့်ပြု၍ ဇွန်လ ၁၈ ရက်နေ့အထိ ဗိုလ်မှူးလစာ (၇၆၃ ကျပ် ၇၇ ပြား) တပ်မတော်ငွေစာရင်းဋ္ဌာနမှ ထုတ်ပေးလိုက်သည်။ ဗိုလ်ရဲထွဋ်သည် ဗိုလ်လက်ျာ၊ ဗိုလ်ဇေယျ၊ ဗိုလ်နေဝင်း၊ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောတို့ပြီးလျှင် ဝါအရင့်ဆုံးတပ်မတော်အရာရှိဖြစ်သည်။ သူ၏ကိုယ်ပိုင်နံပါတ်မှာ (၃၅ ၀၆) ဖြစ်သည်။

တောတွင်း၌ ၁၅နှစ်ကျော်မျှ ပင်ပန်းဆင်းရဲခဲ့သည့်ဒဏ်၊ ကျန်းမာရေးချို့တဲ့သည့်ဒဏ်၊ စိတ်ဖိစီးမှုဒဏ်များကြောင့် ဗိုလ်ရဲထွဋ်သည် ဗိုလ်ချုပ်ကြီးနေဝင်းစီစဉ်ပေးမှုဖြင့် ဆေးရုံတက်ရောက်ကုသခဲ့ရသည်။

ယင်းနောက် တောခိုအလံဖြူကွန်မြူနစ်ပါတီမှ စစ်ရေးတာဝန်ခံကြီးများနှင့် ပါတီထိပ်တန်းခေါင်းဆောင်များဖြစ်ကြသော ဗိုလ်ရဲထွဋ်၊ ဗိုလ် စိန်တင်၊ ဗိုလ်ရဲမောင်တို့သည် မည်သည့်အတွက် တော်လှန်ရေးကောင်စီထံ အလင်းဝင်ခဲ့ရသည်ကို ၁၉၆၃ ခုနှစ် မေလ ၂၁ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

ထို့နောက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီသို့ဝင်ရောက်၍ နိုင်ငံရေးဆောင်ရွက်ခဲ့သည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီတွင် လူထုရေးရာ ကော်မတီအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၆၄ ခုနှစ် မတ်လ ၂ ရက်နေ့တွင် တော်လှန်ရေးကောင်စီ၏ အကြံပေးအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။ မဆလပါတီဗဟိုရေးရာဋ္ဌာနကြီး၏ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၇၂ ခုနှစ် အောက်တိုဘာလ ၉ ရက် နေ့တွင် မဆလပါတီဋ္ဌာနချုပ် သမဝါယမစိုက်ပျိုးမွေးမြူရေးနှင့် သစ်တောရေးရာကော်မတီတွင် အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင် ခဲ့သည်။ ယင်းနောက် ၁၉၇၇ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် အရေးပေါ်ပါတီညီလာခံ၌ ပါတီသန့်စင်ရေးအရ ဗိုလ်ရဲထွဋ်အပါအဝင် ပါတီ ဗဟိုကော်မတီဝင် ၅၀ ထုတ်ပယ်ခံရသည်။

ထို့နောက် ရှစ်ဆယ့်ရှစ်ဒီမိုကရေစီအရေးတော်ပုံကြီးဖြစ်ပွားနေစဉ်အတွင်း ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့သည့် တပ်မတော်တပ်မှူးဟောင်းများနှင့်ရဲဘော်ဟောင်းများအဖွဲ့၌ ဦးဆောင်အဖွဲ့တွင် ဗိုလ်မှူးချုပ်ဟောင်း အောင်ရွှေ၊ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦး၊ ဗိုလ်မှူးချုပ်ဟောင်း သောင်းဒန်၊ ဗိုလ်မှူးကြီးဟောင်း စောမြင့်တို့နှင့်အတူ ပါဝင်ခဲ့သည်။

ထိုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စတင်ထည်ထောင်စဉ် ဗဟိုဦးစီးအဖွဲ့ဝင် အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ ထို့အပြင် ၁၉၈၈ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့၏ နယကအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ဈာပနကော်မတီတွင် ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့အပြင် ၁၉၈၀ မှယနေ့တိုင် ရဲဘော်သုံးကျိပ်ဝင်မိသားစုများ သာရေးနာရေးကူညီစောင့်ရှောက်ရေးအသင်း၌ နာယက အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ် ဒီဇင်ဘာ ၃ ရက်နေ့တွင် မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့မှ နှုတ်ထွက်ခဲ့သည်။

ယင်းနောက် သခင်တင်မြ၊ သခင်လှထွန်း၊ ဦးချစ်လှိုင် (ကိုကိုမောင်ကြီး)၊ ရဲဘော်ဘခက်၊ ဦးဇော်လင်း၊ ဦးထင်လင်း၊ ဦးတင်ထွန်း၊ ကိုအုံးမြင့်၊ ဦးကျော်အောင်၊ သန်းဝင်းလှိုင်တို့ပါဝင်သော ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိပြုစုရေးကော်မတီတွင် နာယကအဖြစ် ဆောင်ရွက်ခဲ့သည်။

ဗိုလ်ရဲထွဋ်သည် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုနိုင်ငံရေးဆောင်ရွက်မှုများကြောင့် နိုင်ငံတော်မှချီးမြှင့်သော ဆုတံဆိပ်မြောက်များစွာ ရရှိခဲ့ သည်။ ရရှိခဲ့သော ဆုတံဆိပ်များမှာ ...

(၁) လှိုင်းဘွဲ့မြို့သိမ်းတိုက်ပွဲနှင့်ကတိုင်တိတိုက်ပွဲတို့တွင် ထူးချွန်စွာတိုက်ခိုက်ခဲ့သည့်အတွက် ၁၉၄၂-၄၃ ခုနှစ်တွင် ဗမာ့လွတ်လပ်ရေးတပ်မ တော် (ဘီအိုင်အေ) ၏ သူရဲကောင်းတံဆိပ် (ဒုတိယအဆင့်)။

(၂) ၁၉၄၂ ဇန်နဝါရီ၈ မှ ၁၉၄၂ ဇူလိုင်၂၆ နှစ်အတွင်း ဘီအိုင်အေ၌ စစ်မှုထမ်းခဲ့သည့်အတွက် အရေးတော်ပုံတံဆိပ်။

(၃) ၁၉၄၂ ဇူလိုင်၂၇ မှ ၁၉၄၅ မတ် ၂၆ နှစ်အတွင်း ဘီဒီအေ၌ စစ်မှုထမ်းခဲ့သည့်အတွက် လွတ်လပ်ရေးစည်းရုံးမှုတံဆိပ်။

(၄) ၁၉၄၅ မတ် ၂၇ မှ ၁၉၄၅ စက်တင်ဘာ ၁၂ နှစ်ကာလအတွင်း ဖက်ဆစ်ဂျပန်များကို ရွပ်ရွပ်ချွန်ချွန်သက်စွန့်ကြိုးပမ်း တိုက်ခိုက်မောင်း ထုတ်ခဲ့သည့်အတွက် လွတ်မြောက်ရေးတံဆိပ်။

(၅) ၁၉၇၂ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုနောက်ဆုံးကဏ္ဍ၌ ကိုယ်ကျိုးမငဲ့ဘဲ တိုင်းပြည်နှင့် လူမျိုးလွတ်လပ် ရေးအတွက် သက်စွန့်ဆံဖျားကြိုးပမ်းဆောင်ရွက်ခဲ့မှုများကြောင့် နိုင်ငံတော်က ကျေးဇူးဆပ်ခြင်း အထိမ်းအမှတ်အဖြစ် လွတ်လပ်ရေးမော်ကွန်း ဝင် (ပထမအဆင့်) တံဆိပ်။

(၆) ၁၉၈၀ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် နိုင်ငံတော်အကျိုးကို ဦးစီးဆောင်ရွက်ခဲ့သည့်အတွက် နိုင်ငံဂုဏ်ရည်ဘွဲ့ (ပထမ အဆင့်) စသည်တို့ကို ချီးမြှင့်ခံရသည်။

အခြေခံဥပဒေပြင်ဆင်ရေး တွေ့ဆုံဆွေးနွေးရန် ဒေါ်အောင်ဆန်းစုကြည်မေတ္တာရပ်ခံချက် သမ္မတနှင့်ကာချုပ်ငြင်းဆို



7Day News Journal
-------------
ရန်ကုန်-

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသည် နိုင်ငံသားအားလုံးအတွက်အရေးကြီးပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တစ်ခုတည်းသာမက တရားဝင်ပါတီအားလုံးနှင့် သက်ဆိုင်သောကြောင့် အားလုံးပါဝင်ဆွေးနွေးရမည့်ကိစ္စဟု ယုံကြည်ကြောင်း သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်တို့နှင့်တွေ့ဆုံရန် ဒေါ်အောင်ဆန်းစုကြည်၏ မေတ္တာရပ်ခံချက်အပေါ် ၎င်းတို့နှစ်ဦးက တုံ့ပြန်လိုက်ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။ “ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စဟာ နိုင်ငံသားအားလုံးအတွက် အရေးကြီးကိစ္စဖြစ်သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သာမက တရားဝင်မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီ ၅၈ ခုလုံးနဲ့ သက်ဆိုင်တဲ့ကိစ္စဖြစ်တဲ့အတွက် သက်ဆိုင်သူအားလုံး ပါဝင်ဆွေးနွေးရမည့်ကိစ္စလို့ သမ္မတနဲ့ ကာကွယ်ရေး ဦးစီးချုပ်တို့က ယုံကြည်ပါတယ်”ဟု ဦးရဲထွဋ်က ပြောကြားသည်။ ထို့အပြင် ယခုအချိန်သည် ပြည်ထောင်စုလွှတ်တော်က ဖွဲ့ စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ ဖွဲ့စည်းထားပြီး အဆိုပါကော်မတီ အစီရင်ခံစာကို ဒီဇင်လာလကုန်တွင် တင်သွင်းရန် သတ်မှတ်ပြီးဖြစ်သည်။ အစီရင်ခံစာမတင်သွင်းမီ အခြားနည်းလမ်းများဖြင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါက ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီ၏ တွေ့ရှိချက်များနှင့် ကွဲလွဲမှုများ ဖြစ်လာနိုင်ကြောင်း၊ ထို့ ကြောင့် ယင်းကော်မတီ၏ အစီရင်ခံစာတင်သွင်းပြီးမှသာ တွေ့ဆုံမှုကို စဉ်းစားသင့်သည်ဟု ယူဆကြောင်း သမ္မတနှင့်ကာချုပ်တို့ က သဘောတူသည်ဟု ၎င်းက ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌများနှင့် တွေ့ဆုံနိုင်ရေးကို စီစဉ်ပေးရန် နိုင်ငံတော်သမ္မတထံသို့ မေတ္တာရပ်ခံစာ ပေးပို့ခဲ့ခြင်းဖြစ်ပြီး ယင်းစာအပေါ် ၎င်းတို့နှစ်ဦးက ယခုကဲ့သို့ တုံ့ပြန်ခဲ့ခြင်းလည်းဖြစ်သည်။ “တပ်မတော်ရယ်၊ အစိုးရရယ်၊ လွှတ်တော်ရယ် သွေးစည်းညီညွတ်ပြီး တိုင်တိုင်ပင်ပင်ပြုလုပ်ဖို့ဆိုတဲ့ သဘောထားမျိုးနဲ့ ဒေါ်စုက တောင်းဆိုတာဖြစ်လိမ့်မယ်။ တပ်မတော်ကတော့ သီးခြားသဘောထားမျိုးဖြစ်နေတယ်။ တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ခံယူထားတာကြောင့် တွေ့ဖို့မလိုဘူးလို့ ဆုံးဖြတ်တာဖြစ်နိုင်တယ်”ဟု ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လေ့လာသုံးသပ်ရေးကော်မတီ အတွင်းရေးမှူး ဦးအေးမောက်က ပြောကြားသည်။ “တွေ့ဆုံဆွေးနွေးတာ ကောင်းတဲ့လုပ်ရပ်ပဲ။ မြန်မာပြည်မှာ အမြင့်ဆုံးပုဂ္ဂိုလ်တွေ တွေ့ဆုံဆွေးနွေးပြီးလုပ်ကြရင် ကောင်းမယ်။ မဖြစ်နိုင်ဘူးဆိုတာတော့ ဘယ်လိုအဓိပ္ပာယ်မျိုးလဲဆိုတာ နားမလည်ဘူး။ သေချာတာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့က အဖွဲ့အစည်းအားလုံးက သဘောထားမှတ်ချက်ပေးပြီးသား ပြုပြင်ပြောင်းလဲဖို့ တွေ့ဆုံဆွေးနွေးမှုဖြစ်မလာဘူးဆိုရင် အစိုးရက ပြုပြင်ပြောင်းလဲရေးကို လိုလိုလားလားရှိရဲ့လားဆိုတာ စိတ်ပူစရာဖြစ်လာတယ်” ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးဂျင်မီက သုံးသပ်ပြောကြားသည်။

အန်ဂိုလာမှာဗလီတွေဖျက်မဖျက်ဒွိဟဖြစ်ဆဲ




█ အန်ဂိုလာ က အစ္စလာမ်ကို ဘမ်းလိုက်တဲ့ သတင်းကို အကြီးအကျယ်
ဖွတာက အထင်ကရ အစ္စလာမ်ဘာသာရေး ဆိုဒ်ကြီးတစ်ခုက နိုက်ဂျီး
ရီးယား သတင်းစာတစ်ခု၏ သတင်းကို ကိုးကားပြီး ပုံကြီးချဲ့ပြီး ဖွတာ။
တကယ်တော့ အန်ဂိုလာမှာ တရားမဝင်ပလီတွေကို ဖြိုဖျက်လိုက်တာ
ကို မကျေနပ်တဲ့ မွတ်စ်တွေ ထုံးစံအတိုင်း ပုံကြီးချဲ့ပြီး တစ်ကမ္ဘာလုံးမှ
မွတ်စ်တွေ ထံကို ဝါဒဖြန့်သတင်း လိမ်တင်လိုက်တာ ဖြစ်နိုင်ပါတယ်။

ဒီလိုနဲ့ မာမွတ်စ်တို့ရဲ့အားနှင့် သတင်းဟာ တရှိန်ထိုး ပြန့်နှံ့လာပြီးမြန်
မာနိုင်ငံ အထိပြန့်လာတဲ့ အခါမှာ သူတို့ရဲ့ ဝါဒဖြန့်သတင်းဟာ ပြောင်း
ပြန်အချိုးကျပြီး ကိုယ့်ရှူး ကိုယ်ပြန်ပတ်တဲ့ အနေအထားရောက်တယ်
လို့ ဆိုရပါမယ် ။ တကယ်တော့ အန်ဂိုလာရဲ့ သတင်းထုတ်ပြန်မှုမှာက
လည်း အခြေအနေတစ်ခုကို စောင့်ကြည့်ပြီးမှ သတင်းထုတ်ပြန်တယ်
လို့ ထင်မိပါတယ် ။ ယခုထိလည်း တိကျသော သတင်းထုတ်ပြန်မှုမျိုး
ကို လုပ်ဆောင်ခြင်း မရှိသေးတာတွေ့ရပါတယ် ။

ဒါကြောင့် အန်ဂိုလာရဲ့ တရားဝင် ငြင်းဆန်တဲ့ သတင်းမရမှီအထိ နာ
မည်ကြီး ပြည်ပ သတင်းဌာနတွေက မဖော်ပြခဲ့ကြပါဘူး။ သတင်းဌာ
န ငယ်တွေမှာတော့ အစ္စလာမ်ကို ဘမ်းလိုက်ခြင်း ဆိုပြီးဖော်ပြနေဆဲ
ဖြစ်ပါတယ်။ အချို့သတင်း ဌာနတွေကတော့ အန်ဂိုလာကို သတင်း-
မှန်ထုတ်ပြန်ပေးဖို့ တောင်းဆိုနေပါတယ်။ အမေရိကန်ဆိုင်ရာ အန်ဂို
လာ သံအမတ်ကြီးရဲ့ ဖြေရှင်းချက်မျှ လောက်နှင့် ထိုသတင်း ကို အ
တည် မယူခဲ့ကြပါဘူး ။

အန်ဂိုလာနိုင်ငံဟာ အစ္စရေးနိုင်ငံနှင့် မဟာမိတ် ဆက်ဆံရေး အလွန်
ကောင်းမွန်ခြင်းကလည်း အစ္စလာမ်ကိုဘမ်း လိုက်နိုင်တယ်ဆိုပြီး သို့
လော , သို့လော မျိုးကို ပိုမိုဖြစ်စေ ခဲ့ပါတယ် ။ အစ္စလာမ် ကို ဘမ်းဖို့
ရန် အတွက်လည်း ကြိုးစား ခဲ့ဖူးတာကြောင့် ၂၀၀၈ ခုနှစ်မှာ အမေရိ
ကန်က အမိန့် ကြေငြာစာ ထုတ်ပြီး ကန့်ကွက် ခဲ့ဖူးပါတယ်။ ခုချိန်အ
ထိ မွတ်စလင်မ်သတင်းဌာနများ၏ သတင်းများ၌ မှာပင် - အန်ဂိုလာ
မှ အစ္စလာမ်ကို ဘမ်း လိုက်ခြင်းကို , အန်ဂိုလာအစိုးရမှ ငြင်းဆန်၏
ဟု ဖော်ပြနေကြ သလို , ပလီများကိုဖြိဖျက်နေကြောင်း , အစ္စလာမ်
ကို နှိပ်ကွပ်နေကြောင်းကိုလည်း ဖော်ပြနေကြပေလေသည် ။

ပလီများကို ဖြိုဖျက်သည်ကို အန်ဂိုလာ အစိုးရမှ ငြင်းဆန်ထားခြင်း
မရှိချေ ။ တရားမဝင် ပလီများကို ဖြိုဖျက်သည်ဟု ဖော်ပြ ထားလေ
သည် ။

ယခုအချိန်အထိတော့ အန်ဂိုလာနိုင်ငံသည် အစ္စလာမ်ကို ဘမ်းခြင်း
မှာ ဖြစ်နိုင်လောက်တဲ့ အခြေအနေမှာ ရှိနိုင် သလို , နိုင်ငံတကာ ၏
စုစည်းလာတဲ့အာရုံများနှင့် မလိုလားအပ်တဲ့ ဖိအားများကို ရှောင်လွဲ
ချင်သည့် အတွက်ကြောင့်လည်း ငြင်းချက်ထုတ်ပြန် နိုင်ပါတယ် ။

သို့ပေမယ့် သေချာသည့် အချက်မှာ အစ္စလာမ်ကို အခွင့်အရေး ရရှိ
သည်နှင့် နိုင်ငံ တွင်းမှ အပြီးတိုင် ဖယ်ရှားရန် ဆန္ဒရှိ နေကြခြင်းပင်
ဖြစ်၍ ထို ကိစ္စကို , အကောင် အထည် ဖော်နိုင်ရန် ကြိုးစား နေကြ
သည်မှာကား အမှန်ပင်ဖြစ်ပေတော့သည် ။

UYK


ဘလော့ကာမှတ်ချက်
============

အန်ဂိုလာမှာဗလီတွေဖျက်နေတယ်လို့အန်ဂိုလာတယောက်ကိုပြောတော့
သူမသိဖူးတဲ့..ဒါပေမဲ့အဲ့ဒီဗလီတွေကအနီးအနားဆီနီဂေါနိုင်ငံတို့လိုကလာနေ
တဲ့သူတွေဟာတဲ့.အန်ဂိုလာတွေကရိုမင်ကက်သလစ်တွေလိုဖြေသွားတယ်။
(အန်ဂိုလာဟာရော်လ်နယ်ဒိုကိုလိုနီဖြစ်ခဲ့ပြီးရုံးသုံးစကားကလည်းရော်လ်နယ်ဒို
ပြောတဲ့စကားပါပဲ)

လေးပွင့်ဆိုင်ကိုဦးသိန်းစိန်ကလက်မခံ

သြစတြေးလျ ဝန်ကြီးချုပ် Tony Abbott နှင်. ဒေါ်အောင်ဆန်းစုကြည်



( Canberra Capital City , November 28, 2013 )

ကိုထွန်းဝေ မျှဝေသည်

စားဝတ်နေရေးအဆင်မပြေ မှုကြောင့် သားသမီး(၄)ဦးအား သတ်ဖြတ်ပြီး အလ္လာအားပူဇော်



 Arakan News

စားဝတ်နေရေးအဆင်မပြေ ကြမ်းတမ်းမှုကြောင့် အလ္လာမှ စောင်မနိုင်ရန် သားသမီး(၄)ဦးအား သတ်ဖြတ်ပြီး အလ္လာအား ယစ်ပူဇော်ခြင်း

မောင်တောမြို့နယ်၊ စံပါယ်ကုန်းကျေးရွာမှ မရိုအားဇားဘေဂွန် (ဘ) အေဇားမျှာ ဆိုသူသည် ၄င်းသားသမီ (၄)ဦးအား လည်လှီးသတ်ဖြတ်ပြီး အလ္လာအရှင်မြတ်အား ယစ်ပူဇော်ခဲ့သည်။

အဆိုပါ မရိုအားဇာဘေဂွန် (၃၅)နှစ်သည် စားဝတ်နေရေးအဆင်မပြေလည်ခြင်း၊ အလ္လာရှင်မြတ်ထံမှ ကုသိုလ်ရယူလိုခြင်းတို့ကြောင့် ၄င်းသားသမီး (၄)ဦးဖြစ်သည့် မနူရ်ဆာမန်၊ အဒူရာမာန်၊ မယာစ်စမိန်၊ နူရ်အာတစ်တို့အား မိမိအိမ်နှင့် ကိုက် ၂၀ခန့် ဝေးသော လယ်ကွင်းသို့ တစ်ဦးချင်းစီး ခေါ်ဆောင်သွားပြီး အီစ္စလာမ်ဘာသာရဲ့ အယူဝါဒအတိုင်းလည်လှီးသတ်ဖြတ်ခဲ့ပါသည်။ သူမသည် အာရ်ဗီဖတ်စာ (၈)တန်းထိ အောင်မြင်ခဲ့ဖူးသူဖြစ်ပြီး ဘာသာရေးအစွန်းရောက်သူဖြစ်သည်။

သူမကိုယ်တိုင်လည်း သူ့သားသမီးများအား မိမိကိုယ်တိုင်သတ်ဖြတ်ယစ်ပူဇော်ခဲ့ပါကြောင်း ၀န်ခံထွက်ဆိုခဲ့ပြီး ယခုအခါ ပြစ်ဒဏ်ချမှတ်ရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ တရားလိုပြု တရားစွဲဆို ထားပြီးဖြစ်ပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် ဒေါ်စုနှင့်တွေ့ဆုံစကားပြောသင့်




Photo:Prudence-Upton


Zaw Ye Aung

ဒေါ်စုသြစတျေးလျနိုင်ငံဆစ်ဒနီမြို့တွင် ယနေ့ပြောသွားသောမိန့်ခွန်းတွင် အခြေခံဥပဒေနှင့်ပတ်သက်၍ အဓိကကျသောအချက်ကို ထောက်ပြပြောဆိုသွားခဲ့သည်။ ဒီမိုကရေစီကျသောအခြေခံဥပဒေတခု၏ အဓိကစံနှုံးမှာ လိုအပ်လာလျှင် ပြည်သူလူထုအများစုဆန္ဒဖြင့် ပြုပြင်ပြောင်းလဲနိုင်ရမည်ဖြစ်သည်။ အခြားနိုင်ငံများ၏အခြေခံဥပဒေများ သည်လည်းလိုအပ်သလို ပြုပြင်ပြောင်းလဲခဲ့ကြတာဖြစ်သည်။ လက်ရှိ၂၀၀၈အခြေခံဥပဒေတွင် ထိုသို့ပြောင်းလဲနိုင်ရန်ပိတ်ဆို့ထားသည်။ ပြည်သူလူထုကရွေးကောက်တင်မြှောက်ထားသော အမတ်အားလုံးကပြုပြင်ရန်ဆန္ဒမဲပေးလျင်တောင် ပြုပြင်ပြောင်းလဲရန်မဖြစ်နိုင်သေးချေ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရွေးချယ်ထားသောတပ်မတော်သား ကိုယ်စားလှယ်တယောက်၏မဲလိုနေသေးသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်သားကိုယ်စားလှယ်တို့ကို ကြိုက်သလိုရွေးချယ်နိုင်ပြီး ကြိုက်သည့်အချိန်တွင်လူစားထိုး လဲလှယ်နိုင်သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရော တပ်မတော်သားကိုယ်စားလှယ်များရော ပြည်သူလူထုကရွေးကောက် တင်မြှောက်ထားသူများမဟုတ်ချေ။ ထိုအချက်ကိုထောက်ပြ၍ဒေါ်စုက အခြေခံဥပဒေတခုလုံးသည် ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသူမဟုတ်သည့် တပ်မတော်ကာကွယ်ချုပ်၏လက်ထဲတွင် ရှိနေသလိုဖြစ်နေသည်။ ထိုကြောင့်၂၀၀၈အခြေခံဥပဒေကို ဒီမိုကရေစီနှင့်မကိုက်ညီပါဟုဆိုသည်။ ဒေါ်စုကဆက်ပြောမသွားသော်လည်း ဘာကြောင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံဖို့တောင်းဆိုရသည်ကိုရှင်းပြသွားခြင်းဖြစ်သည်။ အခြားနိုင်ငံများတွင်နိုင်ငံရေးသမား လွှတ်တော်ကော်မတီဥက္ကဌတဦးက ကာကွယ်ရေးဦးစီးချုပ်နှင့်တွေ့ဆုံဖို့ တောင်းဆိုရသည်မှာမလိုအပ်ချေ။ လုံလောက်သောအကြောင်းရင်းရှိလျှင် ဆိုင်ရာလွှတ်တော်ဥက္ကဌတဦးက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား လွှတ်တော်ကိုခေါ်ပြီးကြားနာစစ်ဆေးနိုင်သည်။ တကယ်တော့ဦးရဲထွဋ္ဋ်ပြောသော လွှတ်တော်တွင်တပ်မတော်ကိုယ်စားလှယ်များ ရှိပြီးဖြစ်သည်။တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံရန်မလိုဟုဆိုခြင်းမှာ လက်ရှိအခြေအနေနှင့်ကင်းကွာနေသည်။ အခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်ပြီး တပ်မတော်သားကိုယ်စားလှယ်များက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ညွှန်ကြားချက်ဖြင့်သာမဲပေးမှာဖြစ်သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့်လည်း အခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ ဒေါ်စုနှင့်တွေ့ဆုံစကားပြောသင့်သည်။ လက်ရှိအချိန်တွင်အခြေခံဥပဒေကို ပြင်ဆင်ရန်ဆန္ဒမရှိသေးရင်တောင် နောင်တွင်မည်သည့်အချိန်တွင် မည်ကဲ့သို့ပြင်ဆင်ရန်ဆန္ဒရှိသည်ကို တိတိကျကျပြောရန်အခွင့်အရေးရမည်ဖြစ်သည်။ ဒါမှသာတပ်မတော်မှလည်းအခြေခံဥပဒေကို ပြင်ဆင်ရန်ဆန္ဒရှိသည်ကို အားလုံးကလက်ခံနိုင်မည်ဖြစ်သည်။ မဟုတ်လျှင်တော့တပ်မတော်က ၂၀၀၈အခြေခံဥပဒေကိုပြင်ဆင်ရန် လုံးဝဆန္ဒမရှိဟုမှတ်ယူရမည်သာဖြစ်သည်။ အခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ တွေ့ဆုံစကားပြောကြရန် ဒေါ်စုကတောင်းဆိုထားသည်ကို အခြားနိုင်ငံရေးအင်းအားစုများကလည်း ထောက်ခံသင့်သည်ဟုထင်ပါသည်။

ဦးသန်းရွှေချောင်ပိတ်မိနေပြီ



Hawdeka Khalaylay

ဦးသန်းရွှေချောင်ပိတ်မိနေပြီဆိုတာ သေချာလောက်တယ် ၊

(သတမန်အသိုင်းအဝိုင်းမှပေးစာ)

ဦးသန်းရွှေချောင်ပိတ်မိနေပြီဆိုတာ သေချာလောက်တယ် ၊ စစ်ရေးအမြင်နဲ့ပြောရင် ဦးရွှေမန်းမရှိတုန်းလုပ်ချလိုက်တာဟာ သမ္မတနဲ့ကာချုပ်တို့ရဲ့ နာမည်ကို သုံးပြီး ဦးသန်းရွှေက အာဏာသိမ်းလိုက်တာပဲ ၊

ကြေငြာချက်ထွက်သွားတယ်ဆိုတော့ ဦးသန်းရွှေ လက်ဦးမှု ရသွားတယ်ပေါ့ ၊ ဒါပေမယ့် ဦးသန်းရွှေက လက်ဦးမှုရသွားတယ်တာပြောတာ အားကမပါလာတော့ဘူး ၊ သမ္မတနဲ့ ကာချုပ်က ဒီတစ်ခါဟာ ဦးသန်းရွှေစကားကိုနောက်ဆုံးအချိန်နားထောင်တာဖြစ်လောက်တယ် ၊

ကြေငြာချက်ကိုလည်း သေသေချာချာဖတ်ကြည့်ကြပါ ၊ အခြေခံဥပဒေကို မပြင်ဘူး မတွေ့ဘူးလို့ ပြောတာတွေ မပါပါဘူး ၊ လက်ရှိ လုပ်လက်စလမ်းကြောင်းအတိုင်း ဒီဇင်ဘာလကုန်လောက် မှာ အားလုံးတင်လာတာတွေကို ဝိုင်းကြည့်ပြီးမှ တွေ့သင့်တယ်ဆိုရင် တွေ့မယ်လို့ ပြန်ပြောတာလေ ၊ ဒါကို သုံးသပ်ရရင် အချက်ပြန်ပြတဲ့ အထဲမှာ အလံဖြူက တစ်ဝက်လောက်ပါနေပြီ ၊

ဒီကြားထဲမှာ ဦးသန်းရွှေက ဦးအောင်သောင်း ဦးတင်အေးလိုမျိုး သူ့လူဟောင်းတွေကို အသုံးချပြီး တိုင်းပြည်ကို ခလောက်မဆန်ဖို့ပဲလိုပါတယ် ၊ အခုပဲ အင်တာနက်သတင်းမှာတွေ့လိုက်တယ် မြောက်ဥက္ကလာမှာ လက်ပစ်ဗုံး ၅၈ လုံးတွေ့တယ်တဲ့ ၊ အဲလိုသတင်းမျိုးတွေ နဲ့ပြည်သူနဲ့စစ်တပ်ကို ယုံထင်ကြောင်ထင်ဖြစ်အောင်လုပ်ပြီး ခလောက်ဆန်ပစ်မှာကိုတော့ စိုးရိမ်ရတယ် ၊

ခုဆို ဦးဌေးဦးလိုလူမျိုးကတောင် ဦးသန်းရွှေဖက်မှာ ပြတ်ပြတ်သားသားရပ်တည်မယ်ဆိုတာမျီုးတွေ သိပ်မတွေ့ရတော့ဘူးလေ ၊ ဦးအောင်သိန်းလင်းလုပ်တာတွေလည်း လမ်းကြောင်းပေါ်ရောက်လာတာတွေ့ရတယ် ၊ ဦးဌေးဦး တို့ ဦးအောင်သိန်းလင်းတို့ကို အမတ်တွေအဖြစ် နဲ့လည်း မြင်ပါ ၊ စစ်ဗိုလ်ဟောင်းတွေအဖြစ်နဲ့လည်း မြင်ရပါမယ် ၊ တစ်သက်လုံးနီးပါး စစ်တပ်အထဲမှာ နေလာပြီ အခု ယူနီဖောင်းလဲ အမတ်ဖြစ်တာမှ ဘာကြာသေးလို့လဲ သုံးနှစ်ကျော်ကျော်ပဲရှိသေးတာလေ ၊ သူတို့ အတွေးအမြင်တွေထဲမှာဒီမိုကရေစီအင်အားစုတွေ ကို ရန်ဖြစ်ဖက်ဆိုတဲ့ အမြင်တွေ ရှိနေသေး ကျန်နေသေးမှာပေါ့ ၊ ဒါပေမယ့် လက်ရှိအချိန်နဲ့ ပတ်ဝန်းကျင်ကြီးက သူတို့ကို နေ့စဉ် စိန်ခေါ်နေတယ်လေ ၊ တိုင်းပြည်က ဒီမိုကရေစီဆိုတဲ့ ခေါင်းစဉ်အောက်ကိုရောက်နေပြီလေ ၊ တချို့ ကိစ္စတွေမှာသူတို့ချက်ချင်းကြီး တွေးခေါ်ဆုံးဖြတ်ချက် ချနိုင်မှာ မဟုတ်ဘူး ၊ နဲနဲတော့ အချိန်ပေးရမယ် ၊ သူတို့ ပြောတဲ့ စကားတွေကိုလည်း စကားလုံးအကျအနကောက်ပြီး အပြစ်ပြောနေလို့လဲ မရဘူးလေ ၊ သူတို့တကယ်ဘာလုပ်သလဲဆိုတာပဲကြည့်ရမှာပေါ့ ၊ သူတို့က ဒီဘဝကိုလိုလိုချင်ချင် နဲ့ ကြိုတင်ပြင်ဆင်ပြီးရောက်လာကြတာမှ မဟုတ်တာ ၊ ကလေးစကားပြောမယ်ဆိုရင် ကန်အချခံရလို့ ရောက်လာတဲ့သူတွေလေ ၊

ကဲပြန်ပြီး ရီဗျူးလုပ်ကြည့်မယ် ၊ ဦးသိန်းစိန် က သမ္မတဆိုပေမယ့် ဦးသန်းရွှေ ခိုင်းတာလုပ်နေရတဲ့ဘဝ သူလည်း ငြီးငွေ့လာပြီ ၊ နောက် ကာချုပ်မင်းအောင်လှိုင် သူ့ကို ပြည်သူတွေက မျှော်လင့်နေတယ် ၊ အဲဒါကို သူသိတယ် ၊ လူတစ်ယောက်မျက်နှာကိုကြည့်မလားမြန်မာပြည်သူတစ်ရပ်လုံးမျက်နှာကိုကြည့်မှာလား ၊ မြန်မာတစ်ပြည်လုံးရဲ့ မျှော်လင့်ချင်ကို ဖျက်ပြီး ဦးသန်းရွှေ ဆီမှာ ကျွန်ဆက်ခံမှာ မဟုတ်တော့ဘူးလို့ယူဆမယ် ၊ ဦးရွှေမန်း ၊ သူကတော့ မြောက်ကိုးရီးယား နျူကလီးယား ကိစ္စကို ပြတ်ပြတ်သားသား ငြင်းလိုက်ကတည်းက ဦးသန်းရွှေ နဲ့ လမ်းခွဲလိုက်တယ်လို့တောင် ပြောလို့ရတယ် ၊

အခု ဒေါ်အောင်ဆန်းစုကြည်ကိုကြည့်မယ် ၊ အရင် ၂၀၁၂ တုန်းက ထောက်ခံခဲ့တဲ့ ပြည်သူတွေနဲ့ တချို့နေရာတွေမှာ သွေးခွဲခံရထားတယ် ၊ ရခိုင်ကိစ္စ လိုမျိုး ဘာသာရေး ကိစ္စ လူမျိုးရေးကိစ္စ နဲ့ လက်ပံတောင်းတောင်လို ကိစ္စတွေမှာပါ ပါတယ် ၊ နောက်ပြီး ၂၀၁၂ရွေးကောက်ပွဲဝင်မယ်ဆိုကတည်းက အပြင်ရောက်နေကြတဲ့ ဒီမိုကရေစီအင်အားအများစုက လက်မခံကြဘူး ၊ အဲဒီအထဲက တချို့တွေက ဒီကနေ့အထိ ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်ပြောနေကြတုန်း ၊ နောက်ပြီး NLD ပါတီတွင်းမှာလည်း နေရာလုနေတာတွေဒေါ်အောင်ဆန်းစုကြည်အနားကို ရောက်ချင်နေကြလို့ အချင်းချင်း ထိခိုက်တာတွေလည်းရှိတယ် ၊ နောက် ၈၈ မျိုးဆက် ကျောင်းသား အင်အားစုတွေ ၊ အဲဒီအထဲက တချို့တွေက ကျရာနေရာမှာ ဆက်လုပ်နေကြတယ် ၊ တချို့ကျနေတာ့ ဟိတ်ဟန်ထုတ်ပြိး လက်ရှိရေပန်းစားမှုကလေးကို ကျေနပ်နေတယ် ဒီအတိုင်းမျှောနေလို့ ဘာမှ မဖြစ်ဘူး နော် ဆက်လုပ်မှ မှားသွားရင် အောက်ဆင်းသွားမှာ ဆိုပြီး ကြောက်နေတဲ့သူတွေလည်းရှိတယ် ၊ တစ်ချို့က သီးခြားပါတီထောင်ဖို့ ကြိုးစားနေတယ် ၊ ပြောရမယ်ဆိုရင် မြန်မာလူမျိုးတွေရဲ့မွေးရာပါလဲပါတာပေါ့ ၊ အရေးကြီးရင်တော့ သွေးနီးတယ် ၊ အရေးမကြီးရင် အချင်းချင်းလှည့်ခွပ်နေတာပဲ ၊ ဒါက လက်ခံရမှာပဲ ၊

အဲဒီမှာ အရေးကြီးတာတစ်ခုက ဒေါ်အောင်ဆန်းစုကြည်ပဲ ၊ သူက အဖြေမှန်ကိုသိထားတယ် ၊ အဖြေမှန်ရောက်ဖို့ ဖြေရှင်းနည်းပေါင်းများစွာကိုလည်း သိတယ် ၊ အသိဥာဏ်အမျှော်အမြင်ကြီးသလောက် လုပ်နည်းလုပ်ဟန်က ရိုးစင်းသေချာလွန်းတယ် ၊

နိုင်ငံရေးသမားပီသတယ် ၊၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပင်ကိုယ်သဘာဝအရကိုက အဖွဲ့အစည်းကြီးတစ်ခုဖွဲ့ပြီး တစ်သက်လုံးဗိုလ်နေရာက ဗိုလ်ကျသွားချင်တဲ့လူစားမျိုးမဟုတ် ၊ လိုတဲ့နေရာကို ဝင်ဖြည့်ချင်တဲ့ အမျိုးအစား ၊ သူလိုလူမျီုးက တည့်တည့်ပြောတတ်တော့အမြဲတမ်း နားဝင်ချိုမှာမဟုတ် ၊

ဦးသန်းရွှေက စစ်တပ်ကို အပိုင်ကိုင်ထားတာ ၊ အပိုင်ကိုင်လို့ရအောင် စစ်ဗိုလ်ဆိုတာကိုရွေးကတည်းက ဆိုက်ကိုအောက်နေတဲ့သူ ကြောက်တတ်တဲ့သူ မှီခိုတတ်တဲ့သူ အများစုကို ပဲရွေးခဲ့တာ ၊ ဒါဆိုဗိုလ်ချုပ်တွေအထဲမှာ ထက်တဲ့သူမပါတော့ဘူးလားလို့မေးရင်တော့ပါကောင်းပါနိုင်မယ် ဒါပေမယ့် အဲဒီထက်တာကို ဦးသန်းရွှေ မသိအောင် ဖွက်ထားနိုင်မှ ၊ မဟုတ်ရင် ဦးသန်းရွှေ သိသွားလို့ကတော့ ပညာပေးခံရမှာ ၊ စစ်သားတွေ ဆိုတာလည်း ဘာပညာမှမတတ် ပညာဆိုတာကို သင်ယူရကောင်းမှန်း မသိတဲ့သူတွေကိုပဲရွေးထားသလား အောက်မေ့ရအောင် လုပ်ထားတာ ၊ ဒါပေမယ့် ဒါက လောကကို ဆန့်ကျင်ပြီးလုပ်ထားတာ ၊ အရင် စစ်အာဏာရှင်ဆိုတဲ့ ခေါင်းစဉ်အောင်မှာဆိုရင်တော့ ဒီပုံစံဟာ နှစ်ပေါင်းများစွာအထိ အဆင်ပြေတယ် ၊ ခု ခေါင်းစဉ်ပြောင်းသွားပြီ ၊ ဒီမိုကရေစီ စနစ်ဒီတော့ အချိန်မြန်တာနဲ့ ကြာတာပဲကွာမယ် ၊ အားလုံးမျက်စိပွင့် နားပွင့်ဖြစ်လာပြီးဆိုရင် ဦးသန်းရွှေက စစ်တပ်ကို ကြာကြာဆက်မကိုင်ထားနိုင်ဘူး ၊ ဦးသန်းရွှေက အသက်ကြီးသွားလို့ မဟုတ်ဘူး ၊ ဒီနည်းဒီပုံစံကိုက ခေတ်နဲ့ အံမဝင်တော့တာ ၊ ဒါသဘာဝနော် ၊ဘယ်သူမှ လွန်ဆန်လို့ မရတဲ့ သဘာဝ ၊

ကဲ အခု သမ္မတကြီး ဦးသိန်းစိန် နဲ့ ကာချုပ်မင်းအောင်လှိုင်တို့က ဦးသန်းရွှေ ကို မလှန်နိုင်ဘူးဖြစ်နေတယ် ၊ လက်ရှိအခြေအနေကိုပြောတာ ၊ ကဲ သူတို့ နှစ်ယောက် ဦးသန်းရွှေကို လှန်လိုက်ရင် ဘာဖြစ်မလဲ ၊ သူတို့ သူရဲကောင်းဖြစ်သွားမယ် ၊ ခုအချိန်မှာ ပြီးခဲ့တာတွေအားလုံးဟာ ဦးသန်းရွှေတစ်ယောက်ထဲကြောင့်ပဲလို့ ပြည်သူတွေက မှတ်ယူပေးလို့ရတယ် ၊ ဒီအချိန်မှာ အဲဒီ သမ္မတနဲ့ကာချုပ် ဒါကိုရွေးချယ်နေတယ် ၊

ကဲပြောကြည့်မယ် ၊ တကယ်လို့ အဲဒီ သမ္မတ နဲ့ ကာချုပ်က ပြည်သူတွေ မျက်နှာမကြည့်ပဲ ဦးသန်းရွှေတစ်မျက်နှာပဲကြည့်သွားတယ်ဆိုပါတော့ ၊ စိတ်မပူနဲ့ သိပ်မကြာခင်မှာ သူတို့အားလုံးကို ဆုံးမဖို့ နောက်တစ်ယောက်ထွက်လာလိမ့်မယ် ၊ အဲဒီလူကစစ်တပ်အထဲကပဲထွက်လာမှာ ၊ အပြင်ကလာမှာမဟုတ်ဘူး ၊ မိုးပေါ်က ကျလာမှာမဟုတ်ဘူး ၊ အဲဒီ စစ်တပ်အထဲကပဲ ထွက်လာရမှာ ၊ အဲဒီတော့မှာ ထွက်လာတဲ့ နောက်တစ်ယောက်လည်း သူရဲကောင်းဖြစ် စစ်တပ်ကြီးလည်း ပြည်သူ့တပ်မတော်ဖြစ် ၊ ဒါရှင်းနေတာပဲ ၊ဒီလမ်းကြောင်းအတိုင်းပဲဖြစ်ရမှာ ၊

ဒီတော့ စိတ်ရှည်ရမယ် ၊ မလောရဘူး ၊ စည်းချက်ညီရမယ် ၊ စည်းချက်ကဘယ်ကလာမှာလဲ ၊ စည်းချက်တီးတဲ့သူက ဒေါ်အောင်ဆန်းစုကြည်ပဲ ၊ အရေးကြီးတာတစ်ခုရှိတယ် ၊ စစ်တပ်ကို နီးနီးကပ်ကပ်ရှိပြီး ပြည်သူတွေလိုချင်နေတာ ဘာလဲဆိုတာအောက်ခြေစစ်သားတွေ အရာရှိငယ်တွေ တပ်မှူးငယ်တွေ သိအောင် ပြောနေရမယ် ၊ တတွတ်တွတ်နဲ့ ကိုပြောနေရမယ် ၊ လူထုတိုက်ပွဲဆိုတာကြီးနဲ့ စိတ်ကူးမယဉ်နဲ့ လူထုတိုက်ပွဲဆိုတာ လူစိတ်မရှိတဲ့လူတွေလက်ထဲက သေနတ်တွေကို ကိုယ်တွေရဲ့ ရင်ဘတ်တွေ နဲ့ရင်ဆိုင်တာ ၊ ဒါမျိုးဒေါ်အောင်ဆန်းစုကြည် အဖြစ်ခံမှာမဟုတ်ဘူး ၊ အဲလို သွေးတွေမြေမကျစေချင်လို့ ၂၀၁၂ ကတည်းက မဟာဗျူဟာမြောက်ဆုံးဖြတ်ချက်ကို ဒေါ်အောင်ဆန်းစုကြည်လုပ်ခဲ့တာ ၊

ကဲဒါဆို နားလည်လောက်ပြီထင်ပါတယ် ၊ ဦးသန်းရွှေ ချောင်ပိတ်မိနေတယ်ဆိုတာ နားလည်လောက်ပြီထင်ပါတယ် ၊

(သံတမန်အသိုင်းအဝိုင်းမှပေးလာခြင်းဖြစ်သည်)

ဦးသန်းရွှေ နှင့် ဒေါ်ကြိုင်ကြိုင်မှ ဦးရဲထွဋ်သို့ တိုက်ရိုက်အမိန့်ပေး သတင်းထုတ်ပြန်ခိုင်း



Hawdeka Khalaylay
ဆဲဗင်းဒေသတင်းစာတွင်ပါသောသတင်းရဆိုလျှင် ဦးသန်းရွှေ နှင့် ဒေါ်ကြိုင်ကြိုင်မှ ဦးရဲထွဋ်သို့ တိုက်ရိုက်အမိန့်ပေး သတင်းထုတ်ပြန်ခိုင်းခြင်းဖြစ်နိုင်သည်ဟု ကာချုပ်ကတော် ဒေါ်ကြူကြူလှမှ တယ်လီဖုန်းဖြင့်ဖြေကြား

(နေပြည်တော် အရေးပေါ်သတင်း)

ဆဲဗင်းဒေသတင်းစာတွင်ပါသောသတင်းရဆိုလျှင် ဦးသန်းရွှေ နှင့် ဒေါ်ကြိုင်ကြိုင်မှ ဦးရဲထွဋ်သို့ တိုက်ရိုက်အမိန့်ပေး သတင်းထုတ်ပြန်ခိုင်းခြင်းဖြစ်နိုင်သည်ဟု ကာချုပ်ကတော် ဒေါ်ကြူကြူလှမှ စုံစမ်းမေးမြန်းလာသောမိတ်ဆွေများ၏တယ်လီဖုန်းကိုဖြေကြားနေကြောင်းသတင်းရရှိသည် ၊

ဒီသတင်းကြားရတာ ကျမတော်တော်အံ့အားသင့်ပါတယ် ၊ ကျမယောက်ျားက ဒီလိုလုပ်မယ့် ပုံမရှိပါဘူး ၊ သူက အားလုံးကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အဆင်ပြေပြေဖြစ်ချင်သူပါ ၊ သမ္မတကြီးလည်း ဒီပုံပါပဲ ၊ အခုဟာက သူတို့နှစ်ယောက်စလုံး ဖိအားပေးခံထားရတဲ့ ပုံပါ ၊

ဒီသတင်းကို အတည်မယူကြပါနဲ့ ၊ ဒီသတင်းဟာ စစ်တပ်နဲ့ပြည်သူတွေကြားမှာ ထိပ်တိုက်တွေ့အောင် တစ်ယောက်ယောက်က ဖိအားပေး ကြေငြာခိုင်းတဲ့ သတင်းပါ ၊ အားလုံး အမျှော်အမြင်ရှိရှိနဲ့ လုပ်စေချင်ပါတယ် ၊ သွေးဆူတာ သွေးပူတာမျိုးမလုပ်စေချင်ပါဘူး ၊

ခဏလောက်စောင့်ကြည့်စေချင်ပါတယ် ၊ သတင်းကို သေချာအောင်လည်း အတည်ပြုဖို့လိုပါသေးတယ် ၊ ကျမယောက်ျား အိမ်ပြန်မလာတာ သုံး လေး ရက်ရှိပါပြီ ၊ အခုလည်း သူ့ဆီဖုန်းဆက်လို့ မရပါဘူး ၊ ကျမပြောချင်တာက စိတ်မပူကြပါနဲ့ ၊ ကျမဆီဖုံးထပ်ဆက်လို့မရတော့ရင်လည်း စိတ်မပူကြပါနဲ့ ၊ အားလုံး နဲနဲလောက် စိတ်ရှည်ပေးကြပါလို့ပဲ ကျမပြောချင်ပါတယ် ၊

ဒီကနေ့မနက် ဒေါ်ကြူကြူလှထံသို့ ရပ်နီးရပ်ဝေးမှ မိတ်ဆွေ များ ဖုံးဖြင့် သတင်းလှမ်းမေးကြသည်ကို ဒေါ်ကြူကြူလှမှ ဖြေကြားခဲ့ခြင်းဖြစ်သည် ၊
(နေပြည်တော်မှ ပေးပို့လာသော အရေးပေါ်သတင်းဖြစ်သည်)


ကချင်နာမည်ခံတွေ သြဇီမှာ အမေ့ကို နှောက်ယှက်ကြအုံးမှာလား




Hawdeka Khalaylay

(သြဇီသတင်း)

ကချင် နာမည်ခံအဖွဲ့တွေ အမေစုကို လိုက်ပြီး နှောက်ယှက်နေတာကြာပြီ ၊

ဟိုးအရင် အမေ နိုင်ငံခြားခရီစဉ်သွားတုန်းကလည်း ရန်ကုန်မှာ ငြိမ်းချမ်းရေးလမ်းလျှောက်တာလုပ်တယ် ၊

နောက် အမေ အမေရိကားရောက်တုန်ကလည်း အမေ့ကို သပိတ်မှောက်တယ်တဲ့ ၊

အခုလည်း သြဇီမှာ အမေ့ကို ဆန္ဒပြမယ်လို့ သိုးသိုးသန့်သန့်ကြားနေရပြန်တယ် ၊

အဲဒီ ကချင် အမည်ခံတွေက ဘာလဲ ဘယ်လဲ ဘာကြောင့်လဲ ၊ တကယ်တော့ သူတို့ဟာ ကချင် အယောင်ဆောင်တွေပါ ၊

ဦးအောင်သောင်း ဦးတင်အေးတို့က အနောက်နဲ့ တရုတ်မှာ နာမည်ဝှက်တွေနဲ့ ကုမ္ပဏီတွေထောင်ထားတယ် ၊ အန်ဂျီအိုတွေ လုပ်ထားတယ် ၊

အဲဒါတွေကို မြန်မာပိစ်စင်တာလုပ်နေတဲ့ ဦးလှမောင်ရွှေတို့ အဖွဲ့ကနောက်ကနေ လုပ်ပေးတာ ၊

ဒီမိုကရေစီအင်အားစုတွေအကြားမှာ တခါတလေ အနှောင့်အသွားမလွတ်တာလေးတွေရှိရင် အဲဒီအုပ်စုတွေက အခွင့်ကောင်းယူ သပ်လျှိုကြတယ် ၊

အထူးသဖြင့် အမေစု နဲ့ ကွဲအောင်လုပ်နေကြတာပဲ ၊ အမေစုကို အတောင်လတ်ဖြတ် အထီးကျန်ဖြစ်စေတဲ့ ဦးသန်းရွှေရဲ့ ဗျူဟာဖြစ်တယ် ၊

သူတို့ဗျူဟာတွေကို ပြောကြည့်မယ်

အမေနဲ့ ရှစ်ပူး
အမေနဲ့ နိုင်ကျဉ်း
အမေနဲ့ အန်ဂျီအို အသိုင်းအဝိုင်း
အမေနဲ့ ဗကသ
အမေနဲ့ တိုင်းရင်းသားပါတီ
အမေနဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့
မမေနဲ့ ဘာသာရေး
အမေနဲ့ လူမျိုးရေး
အမေနဲ့ တိုင်းရင်းသားရေး
အမေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး
အမေနဲ့ NLD
အမေနဲ့ အခြားပါတီတွေ

ကဲ ဘာပြောမလဲ သူတို့ဗျူဟာက အမေမပါတဲ့ တတိယ အင်အားစု တည်ဆောက်ရေးပဲတဲ့ ၊

အဲဒါ ဦးသန်းရွှေ ရဲ့ တကယ့် နိုင်ငံရေး မဟာဗျူဟာ ပဲ ၊ အဲဒါကို ဦးအောင်သောင်း နဲ့ ဦးတင်အေးတို့က ပြည်တွင်းပြည်ပ ညှပ်ပူးညှပ်ပိတ် လုပ်နေတာ ၊

ကျနော်က ကလေးပါ ၊ ကျနော်မေးပါရစေ ၊ အခုဒီမိုကရေစီ အရွေ့ကြီးကို အမေမပါပဲ တွန်းလို့ ရွေ့ပါ့မလား ၊

ကျနော့် အဖြေကိုပြောပါ့မယ် ၊

အမေမပါပဲ တွန်းလို့ မရွေ့ပါဘူး ၊ ဒီလိုပါပဲ အမေတစ်ယောက်ထဲ တွန်းလို့ မရွေ့ပါဘူး ၊

ဒီလို အရေးကြီးလာတဲ့ အချိန်မှာ အမေ နဲ့ ကျနော်တို့ကြားမှာ လွတ်လပ်စွာသဘောထားကွလွဲခွင့်ဆိုတာကို ခေါင်းစဉ်တပ်ပြီး သွေးခွဲစကားပြောလာရင် ဒါဟာ ဒီမိုကရေစီကို သစ္စာဖောက်တာပဲလို့ အားမနာတမ်းပြောပါရစေ ၊
(သြဇီမှရရှိသော သတင်းဖြစ်သည်)


ဖိုးလပြည့်ပိုင်ဆိုင်သည့် မောင့်ပုလဲဇင့်ဟိုတယ်၊ကွန်ကရစ်လမ်းမကြီး နှင့် သစ်တော်ကြိုးဝိုင်းများ




Hawdeka Khalaylay

ဦးသန်းရွှေမြေး ဖိုးလပြည့်ပိုင်ဆိုင်သည်ဆိုသော နေပြည်တော် ပဲခူရိုးမပေါ်ရှိ မောင့်ပုလဲဇင့်ဟိုတယ် နှင့် မိုင် ၃၀ အရှည်ရှိသော ကိုယ်ပိုင် ကွန်ကရစ်လမ်းမကြီး နှင့် သစ်တော်ကြိုးဝိုင်းများ
(နေပြည်တော်သတင်း)

မောင့်ပုလဲဇင့် ဟိုတယ်ဆိုတာ နေပြည်တော်မှ အလွန်နာမည်ကြီးပါတယ် ၊ နေပြည်တော် ဟိုတယ်ဇုံ ၂ ခုထဲမှာ မရှိပဲ အမြင့်ပေ ၁၆၀၀ ကျော်ရှိတဲ့ ဖိုးစောက်တောင်ပေါ်မှာ ရှိတဲ့ ကြယ်ပွင့်များစွာအဆင့်ရှိတဲ့ ဟိုတယ်ကြီးပါ ၊

၂၀၁၀ နှစ်ဆန်းပိုင်းလောက်က စတင်ဖွင့်လှစ်ခဲ့ပြီး စစဖွင့်ချင်းမှာကိုပဲ ဟိုတယ်ပိုင် ဧရိယာက အနည်းဆုံး ဧက ၅၀ လောက်ရှိပါတယ် ၊

ဂျီဖိုးဂရုက တာဝန်ယူတည်ဆောက်ခဲ့တာဖြစ်ပြီး ဦးသန်းရွှေရဲ့ မြေးတော်လေး ဖိုးလပြည့်ကို လက်ဆောင်အဖြစ်ပေးတာလို့လဲ သိရပါတယ် ၊

မောင့်ပုလဲဇင့်ဟိုတယ်ကို သွားမယ်ဆိုရင် နေပြည်တော် ဥတ္တရသီရိမြို့နယ် အင်ကြင်းပန်းအဝိုင်းအနီး ရွှေပုဇွန်ကိတ်မုန့်တိုက်အနီးကနေ တောင်ပေါ်လမ်းအတိုင်းတက်သွားရပါမယ် ၊

အင်ကြင်းပန်းအဝိုင်းကို ဂူဂယ်မတ်မှာ 19.814272,96.164138 ရိုက်ထည့်ပြီးကြည်ံနိုင်ပါတယ် ၊

မောင့်ပုလဲဇင့် ဟိုတယ်နေရာကို 19.882087,96.137445 လို့ ဂူဂယ်မတ်မှာ ရိုက်ထည့်ရှာကြည့်နိုင်ပါတယ် ၊

မောင့်ပုလဲဇင့်ဟော်တယ်မှာ ခေတ်မီဆက်သွယ်ရေးကိရိယာများအပြည့်တပ်ဆင်ထားပြီး အင်တာနက်လိုင်းအတွက် သီးသန့်ဖိုင်ဘာဂလပ်ကြိုးများဖြင့် ဆက်သွယ်ထားတယ်လို့လဲ သိရပါတယ် ၊

ယခုအခါ မောင့်ပုလဲဇင့် ဟိုတယ်ပိုင် သီးသန့်လမ်းအဖြစ် မိုင် ၃၀ လောက်ရှည်တဲ့ တောင်ပေါ်ကွန်ကရစ်လမ်းမကြီးကိုဖောက်လုပ်ပြီးစီးသွားပြီလို့သိရပါတယ် ၊

အဲဒီလမ်းမကြီးဟာ မောင့် ပုလဲဇင့်ကနေ တောင်ကြောအတိုင်း ဆက်သွားရင် တပ်ကုန်းမြို့မြောက်ဖက်အထွက် ကိုရောက်သွားမှာဖြစ်ပါတယ် ၊

အဲဒီလမ်းမကြီးကိုလည်း ဦးသန်းရွှေမြေး ဖိုးလပြည့်ကို လက်ဆောင်အဖြစ်ပေးမယ်လို့ သိရပါတယ် ၊

အဲဒီလမ်းမကြီးအတိုင်း တပ်ကုန်းဘက်ကနေ လာမယ်ဆိုရင် ဂူဂယ်မတ်ပေါ်မှာ ဒီအမှတ်တွေကို တစ်ခုပြီးတစ်ခုရိုက်ထည့်ပြီးကြည့်နိုင်ပါတယ် ၊
ရန်ကုန် မန္တလေးလမ်းဟောင်းမှ တပ်ကုန်းနေုပြည်တော် သီသန့်လမ်း အဝင် 20.152813,96.192069
တပ်ကုန်းနေပြည်တော် သီးသန့်လမ်းမှ မောင့်ပုလဲဇင့်ဟော်တယ်ပိုင်လမ်းသို့အဝင် 20.145602,96.171434

အဲဒီလမ်းမကြီးကို နေပြည်တော်ကောင်စီ ဥက္ကဌ ဦးသိန်းညွန့်က တာဝန်ယူ အကုန်အကျခံ တည်ဆောက်ပေးခဲ့တာလို့ သိရပါတယ် ၊

နေပြည်တော်ရောက်ဖူးသူတိုင်း မောင့် ပုလဲဇင့်ကို မရောက်ဖူးကြပါဘူး ၊ မောင့်ပုလဲဇင့်ကို မရောက်ဖူးရင် ခေတ်မမှီဘူးလို့လည်း ပြောသံတွေကြားရပါတယ် ၊

အခြားဟိုတယ်တွေမှာ မရရှိနိုင်တာတွေ အကုန်လုံးကို မောင့်ပုလဲဇင့်မှာ ရရှိနိုင်အောင် အရန်သင့် ထားရှိထားတယ်လို့ သိရပါတယ် ၊

မောင့်ပုလဲဇင့် ဟိုတယ်ဟာ ဦးသန်းရွှေ အိမ်မက်ရတဲ့ အတိုင်းတည်ဆောာက်ထားတာဖြစ်ပြီး မြေးဖြစ်သူ ဖိုးလပြည့် အကြိုက်ဝန်ဆောင်မှုများကိုလည်း အပြည့်အစုံဖြစ်အောင် ထည့်သွင်းထားတယ်လို့ သိရပါတယ် ၊

မောင့်ပုလဇင့် ဟိုတယ်ရဲ့ အနောက်ဖက် ကပ်ရပ်မှာတော့ ဧကသောင်းချီရှိတဲ့ သစ်တောကြိုဝိုင်းကြီးတစ်ခုရှိပါတယ် ၊

အဲဒီသစ်တောကြိုးဝိုင်းကြိးကိုလည်း ဦးသန်းရွှေ နဲ့ ဒေါ်ကြိုင်ကြိုင်တို့က မြေးတော်လေး ဖိုးလပြည့်ကို မွေးနေ့လက်ဆောင်အဖြစ်ပေးထားတယ်လို့ သိရပါတယ် ၊

(နေပြည်တော်မှ ပေးပို့လာသော သတင်းဖြစ်သည်)

၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေကို ကာကွယ်သွားမည်ဟု ဦးသိန်းညွန့် ပြောကြား





█ ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေကို မည်သည့် အတွက်ကြောင့်ဖြစ်စေ ပြင်ဆင်ရန် လွှတ်တော်သို့ တင်လာပါက အနှစ်သာရများကို အတတ်နိုင်ဆုံး ကာကွယ်သွားမည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် ပြောကြား

 Thursday, 28 November 2013 00:01
 အမျိုးသားဒီမိုကရေစီပါတီသစ်

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို ပြင်ဆင်ရန် လွှတ်တော်သို့ မည်သည့် အကြောင်းကြောင့်ဖြစ်စေ မည်သူမဆို တင်သွင်းလာပါက အနှစ်သာရများကို ကာကွယ်ရန် အတတ်နိုင်ဆုံး တိုက်ပွဲဝင်သွားမည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က နိုဝင်ဘာ ၂၇ ရက်က ပြောကြားသည်။
အမျိုးသား ဒီမိုကရေစီပါတီသစ် ရုံးချုပ်၌ ပြုလုပ်ခဲ့သည့် (၉၃)နှစ်မြောက် အမျိုးသားနေ့အပြီး သတင်းထောက်များက ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေတွင် ငွေဒဏ်မှလွဲ၍ အခြားမည်သည့် အရာကိုမျှ မပြင်သင့် ဟူသော ဦးသိန်းညွန့်၏ မိန့်ခွန်းဟောပြောမှုအပေါ် မေးမြန်းမှုကို ဦးသိန်းညွန့်က ယင်းကဲ့သို့ ထည့်သွင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။
၂၀၁၃ ခုနှစ် ဖေဖော်ဝါရီက မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ်စ်အိုဟေး ကင်တားနားက ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို ပြင်ဆင်ရန်နှင့် တိုင်းရင်းသား ဖြစ်မှုနှင့် ကိုးကွယ်သည့် ဘာသာအပေါ် မူတည်ကာ နှိမ့်ချခွဲခြားမှု မရှိသည့် ဥပဒေအသစ် ပြင်ဆင်သင့်ကြောင်း လွှတ်တော်သို့ တိုက်တွန်းကြောင်း ပြောကြားခဲ့ သကဲ့သို့ ပြီးခဲ့သည့်ရက်ပိုင်း အတွင်းကလည်း ရိုဟင်ဂျာများကို နိုင်ငံသားပေးရန် ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီက မြန်မာအစိုးရကို တိုက်တွန်းခြင်းများ ပြုလုပ်ခဲ့သည်။
ယင်းအပေါ်တွင် ဦးသိန်းညွန့်က မည်သည့် အကြောင်းပြချက် ကြောင့်ဖြစ်စေ လွှတ်တော်သို့ တင်ပြသူများ ရှိလာပါက ခေတ်နှင့် မလျော်ညီတော့သည့် ငွေဒဏ်များမှလွဲ၍ အခြားအချက်များကို မပြင်ဆင်ရန် ကာကွယ်သွားမည်ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။
''၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေဟာ ကနေ့အထိ တိုင်းပြည်ရဲ့ လုံခြုံရေး၊ တည်တံ့ရေး၊ ပြည်ထောင်စုကြီး နောင်ရေးအတွက် အရေးကြီးတဲ့ ဥပဒေဖြစ်တဲ့ အတွက် ဒီဥပဒေနဲ့ ပတ်သက်ပြီး အနှစ်သာရ ပြင်ဆင်တာ မှန်သမျှ၊ ပြဋ္ဌာန်းချက်မှန်သမျှကို အမျိုးသားရေး အကျိုးစီးပွားပေါ်မှာ အခြေခံပြီး ကျွန်တော် တိုက်ပွဲဝင်သွားမယ်'' ဟု ဦးသိန်းညွန့်က ပြောကြားသည်။
''ဒီဥပဒေကြီးက ပြည်ခိုင်ဖြိုးကပဲဖြစ်ဖြစ်၊ ကုလသမဂ္ဂရဲ့ တိုက်တွန်းချက်ကြောင့် တင်လာတဲ့ အင်အားစုပဲ ဖြစ်ဖြစ်ပေါ့။ ဘယ်သူပဲ ဖြစ်ဖြစ်ပေါ့။ ဒီဥပဒေရဲ့ သမိုင်းကို ခြေခြေမြစ်မြစ် မသိဘဲနဲ့ တင်လာရင် ဒီသမိုင်းကို ဖော်ပြပြီးတော့ လွှတ်တော်ထဲမှာ ကျွန်တော် ပြောရမှာပဲ'' ဟုလည်း ဦးသိန်းညွန့်က ပြောကြားသည်။
၂၀၁၂ ခုနှစ် နိုဝင်ဘာက ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို ပြင်ဆင်ရန်အတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ် တစ်ဦးက အဆိုတင်သွင်းခဲ့ပြီး ကန့်ကွက်မဲများသောကြောင့် မှတ်တမ်းအဖြစ်သာ ထားရှိခဲ့သည်။
လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေသည် ခြောက်နှစ်ကျော် အချိန်ယူ၍ ကွင်းဆင်းရေးဆွဲ ခဲ့ခြင်းဖြစ်ပြီး ပြည်သူလူထုကို ချပြကာ ဆန္ဒခံယူပြီးမှသာ အတည်ပြုထားသော ဥပဒေတစ်ခု ဖြစ်ကြောင်း ယင်းအဆိုနှင့် ပတ်သက်၍ လွှတ်တော်၌ ပြောကြားသည်။


ဦးဌေးဦးနှင့် ဦးအောင်သိန်းလင်းတို့ နှစ်ယောက် ထိုင်းဆန္ဒပြပွဲကို အနီးကပ်လေ့လာသုံးသပ်မှုများ ပြုလုပ်နေ




Hawdeka Khalaylay

(နေပြည်တော်သတင်း)

ဦးဌေးဦးနှင့် ဦးအောင်သိန်းလင်းတို့ နှစ်ယောက် ထိုင်းဆန္ဒပြပွဲကို အနီးကပ်လေ့လာသုံးသပ်မှုများ ပြုလုပ်နေဟု သတင်းရရှိပါသည် ၊
ဦးဌေးဦးနှင့် ဦးအောင်သိန်းလင်းတို့ နှစ်ဦးသည် အလွန်ရင်းနှီးသောသူများဖြစ်ကြပြီး သူတို့နှစ်ယောက်ကြား အဆက်အသွယ်မပြတ်သည့် သူများဖြစ်သည် ၊
၂၀၁၅ အလွန်တွင် လိုအပ်ပါက လူအုပ်တိုက်ပွဲများ ဆင်နွဲရမည်ဖြစ်၍ လက်ရှိဖြစ်ပေါ်နေသော ထိုင်းနိုင်ငံရှိ ရှပ်နီရှပ်ဝါ လူထုတိုက်ပွဲဆန္ဒပွဲများမှ အတွေ့အကြုံကောင်းများ ရရှိနိုင်သဖြင့် အနီးကပ်လေ့လာသုံးသပ်မှုများ ပြုလုပ်နေကြကြောင်း နှင့် တွေ့ရှိချက်များကို

ဦးသန်းရွှေ နှင့် ဒေါ်ကြိုင်ကြိုင်တို့ထံ ဆက်လက်အစီရင်ခံ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည် ၊

နေပြည်တော်ရှိ သရဲခြောက်သော လမ်းမကြီး

Hawdeka Khalaylay

(နေပြည်တော် အထူးသတင်း)

နေုပြည်တော်ကြာပန်းအဝိုင်းအနီးရှိ လမ်းမကြီးတစ်ခုတွင် ညစဉ် လှိုဏ်သံများကြားရပြီး အဝေးမှ ကြည့်လျှင် လူအုပ်ကြီးချီတက်လာသလိုလို များမြင်နေရကြောင်း သူရဲခြောက်တာဖြစ်မည်ထင်ကြောင်း နေပြည်တော်ဒေသခံများအကြား ပြောဆိုနေကြသည် ၊

သူရဲခြောက်သည်ဆိုသောလမ်းမကြီး၏ တည်နေရာမှာ လွှတ်တော်အဆောက် အဦးများ နှင့် မလှမ်းမကမ်းတွင်ရှိပြီး ဦးတင်အေး ဦးသန်းရွှေ ဦးမောင်အေး ဦးသိန်းစိန် နှင့် ဦးရွှေမန်းတို့ နေအိမ်များ၏ အနောက်ဖက်ပတ်လမ်းအဖြစ် ဖောက်လုပ်ထားသောလမ်းဖြစ်သည် ၊

နေအိမ်များဟုနာမည်တပ်ထားသော်လည်း လူရိပ်လူရောင်တခါမျှ မတွေ့ရပဲ ညဘက်ဆိုလျှင်လည်း အမှောင်ချထားတာများကြောင်း ဒေသခံများမှ ပြောကြသည် ၊

လူသွားလူလာအလွတ် ပြတ်တောက်သောလမ်းဖြစ်ပြီး တခါတရံ လက်နှက်ကိုင် အစောင့်များဖြင့် ပိတ်ထားတတ်တသောလမ်းလည်း ဖြစ်သည် ၊

ထိုနေရာတွင် ဦးသန်းရွှေ၏ အိမ်မှာ အနိမ့်အဖြစ်တည်ဆောက်ထားပြီး ပတ်ပတ်လည်တွင် တောင်ကုန်းများဖို့ကာ ကွယ်ထားသဖြင့် လမ်းမှ လှမ်းကြည့်လျှင်မမြင်ရဟု သိရသည် ၊ ခြံထဲတွင်လည်း သစ်ပင် ဝါးပင်များ ပိတ်ပိတ်မှောင်နေအောင် စိုက်ထားသည် ဟု သိရသည်၊

အနားတစ်ဝိုက်ရှိ နေလက်စ ရွာဝိုင်းကလေးများကိုလည်း လူအဝင်အထွက်တင်းကျပ်ထားပြီး ညအိပ်ဧည့်သည် တားမြစ်ထားကြောင်းသိရသည် ၊

အနီးအနားတစ်ဝိုက်တွင် အခြားလူနေအဆောက်အဦးများ လုံးဝမဆောက်လုပ်စေပဲ သစ်ပင်များ စိုက်ခင်းများဖြင့်သာ ထားရှိကြောင်းသိရသည် ၊ ညဘက်သွားလျှင် အလွန်ခြောက်ခြားဖွယ်ကောင်းသော လမ်းဖြစ်သည် ၊

နေပြည်တော်သို့မကြာခဏသွားရသူတစ်ယောက်က အဲဒီမှာ လမ်းရှိမှန်းတောင် မသိဘူးဗျ လို့ဆိုကြောင်းသိရပါသည် ၊

အဆိုပါလမ်းသို့ ညသန်းခေါင်အချိန် ကိုယ်ပိုင်ကားဖြင့်သွားမိသူတစ်ဦးက ကျနော် အဲဒီဘက်ကို မောင်းသွားမိတာ ညဘက်ကြီးဗျ သန်းခေါင်လောက်ရှိမယ် ကားရှေ့မီးရောင်မှာ အရိပ်လိုလို လူလိုလို တွေ့တော့ ကျနော်လည်း ဟွန်းတီးလိုက်တာ လှိုဏ်သံလိုလိုပြန်ကြားရတယ် ၊ အဲဒါနဲ့ သေချာအောင်လို့ဆိုပြီး နောက်တစ်ချက်ထပ်တီးလိုက်တာ နောက်တစ်ခါထပ်ကြားရတယ်ဗျို့ တော်ပြီ နောက် အဲဒီဘက်မသွားတော့ဘူးဆိုပြီး နောက် ကျနော် ယောင်လို့တောင် မသွားတော့ဘူးဗျ ဟုပြောပါသည် ၊

အဆိုပါသတင်းကိုကြားသော အင်ဂျင်နီယာတစ်ဦးကမူ အဲဒီနားမှာ မြေအောက်လှိုဏ်ခေါင်းတွေရှိပုံရတယ်ဗျ လို့ မှတ်ချက်ချဘူးကြောင်းလည်း သိရသည် ၊

အဆိုပါ သရဲခြောက်သည်ဟုဆိုသောလမ်းကို ဂူဂယ်မတ် တွင် 19.759918,96.14306 ရိုက်ထည့်ပြီးရှာကြည့်နိုင်ပါသည် ၊

(နေပြည်တော်မှ ပေးပို့လာသော အထူးသတင်းဖြစ်သည်)

ကာကွယ်ရေးဦးစီးချုပ် တစ်ဦးတည်း အာဏာ ရှိနေတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဒေါ်စုဝေဖန်




Opera House မှာ သြစတြေးလျ နည်းပညာတက္ကသိုလ် (UTS) နဲ့ ဆစ်ဒနီတက္ကသိုလ်တို့က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့တွေကို လက်ခံရယူပြီးနောက် ပရိတ်သတ်ကို စကားပြောဆိုနေစဉ်။
 

ကိုအောင်လွင်ဦး
burmese.voanews.com
27.11.2013
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံးအကြိမ် သြစတြေးလျနိုင်ငံ ခရီးစဉ်အတွင်း မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ အပြောင်းအလဲတွေ ပေါ်ပေါက်လာဖို့အတွက် စစ်တပ်ရဲ့ထောက်ခံမှု လိုအပ်နေတဲ့အကြောင်း ပြောသွားပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားလာစေဖို့ သြစတြေးလျ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းက အားပေးကူညီမှုတွေ ရှိပေမဲ့ အသွင်ကူးပြောင်းရေးအတွက် စိန်ခေါ်မှုတွေ ရှိနေတာတွေကို အလေးထား ပြောဆိုခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြစတြေးလျခရီးစဉ် ပထမနေ့နဲ့ ပတ်သက်လို့ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ မကြာသေးခင် နှစ်တွေအတွင်း အပြောင်းအလဲတွေ တွေ့မြင်လာနေရပေမဲ့ ခိုင်မာတဲ့ အခြေအနေမှာ မရှိသေးတာကို နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့ သတိမူကြဖို့၊ အထူးသဖြင့် အသွင်ကူးပြောင်းရေးအတွက် အဓိက အဟန့်အတား ဖြစ်နေရတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့ လိုအပ်နေတာတွေကို ဒေါ်အောင်ဆန်းစုကြည် အလေးထား ပြောသွားတာ ဖြစ်ပါတယ်။ ဒီလိုပြောင်းလဲနိုင်ဖို့အတွက်လည်း စစ်တပ်ရဲ့ အားပေးထောက်ခံမှု အဓိက လိုအပ်နေတယ်လို့ ဆစ်ဒနီမြို့က နာမည်ကျော် Opera House မှာ သြစတြေးလျ နည်းပညာတက္ကသိုလ် (UTS) နဲ့ ဆစ်ဒနီတက္ကသိုလ်တို့က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့တွေကို လက်ခံရယူပြီးနောက် ပရိတ်သတ်ကို စကားပြောရာမှာ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုသွားခဲ့တာပါ။

“မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို အောင်အောင်မြင်မြင်လျှောက်လှမ်းနေပြီလို့ ယူဆသူတွေ ရှိတယ်ဆိုရင်တော့ မှားပါလိမ့်မယ်။ ဘာကြောင့် မှားတယ်လို့ ပြောနိုင်သလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ မြန်မာနိုင်ငံက အခြေခံဥပဒေကို လေ့လာကြည့်ရင်ပဲ သိနိုင်ပါတယ်။ သိပ်များများစားစား လုပ်စရာလည်း မလိုပါဘူး။ အသေအချာ လေ့လာကြည့်မယ်ဆိုရင် ဒီလို အခြေခံဥပဒေအောက်မှာ စစ်မှန်တဲ့ ဒီမိုကရေစီ မရနိုင်ဘူးဆိုတာကို သိရပါလိမ့်မယ်။”

အချေအတင် ဖြစ်စရာ အခြေအနေတွေအောက်မှာ အတည်ပြုခဲ့တဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ ဆိုရင်တော့ နိုင်ငံခြားသားနဲ့ ဆွေမျိုးသားချင်း တော်စပ်သူအဖြစ် ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရရဲ့အဆင့်မြင့် ရာထူးတွေကို တာဝန်ယူခွင့်လည်း မရှိပါဘူး။ ဒီလို ပြင်ဆင်စရာတွေ အများအပြားရှိနေတဲ့ အခြေခံဥပဒေနဲ့ ပတ်သက်လို့လည်း ကာကွယ်ရေး ဦးစီးချုပ်နဲ့ လွှတ်တော်တွင်းက တာဝန်ရှိသူတွေ၊ သမ္မတတို့ တွေ့ဆုံဆွေးနွေးရေးအတွက်လည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီက မကြာသေးခင်ကပဲ တိုက်တွန်းထားတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်တွင်းမှာ ကိုယ်စားလှယ်တွေရဲ့ ၂၅ ရာခိုင်နှုန်း နေရာယူထားတဲ့ စစ်တပ်က ထောက်ခံမှုရဖို့ လိုအပ်နေတာကို သြစတြေးလျ ခရီးစဉ်အစမှာပဲ ပြောဆိုခဲ့တာပါ။

“ပြင်နိုင်တယ်၊ မပြင်နိုင်ဘူးဆိုတာနဲ့ ပတ်သက်လို့ ရွေးကောက်တင်မြှောက်ထား သူ မဟုတ်တဲ့ လူပုဂ္ဂိုလ်တယောက်ရဲ့ ဆန္ဒအပေါ်မှာ မူတည်နေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒီမိုကရေစီဆန်တယ်လို့ ခေါ်လို့ရမှာတဲ့လား။ ဘာဖြစ်လို့လဲဆိုတော့ ကာကွယ်ရေး ဦးစီးချုပ် ဆိုတာက ရွေးကောက်တင်မြှောက်ထားသူ မဟုတ်ပါဘူး။ အခြေခံဥပဒေထဲက လုံးဝကို ဒီမိုကရေစီ မဆန်တဲ့ ကိစ္စတွေ တသီတတန်းထဲမှာ ဒီကိစ္စက ထိပ်ဆုံးက ပါပါတယ်။ မြန်မာနိုင်ငံအနေနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ လမ်းကြောင်းကို သွားမယ် ဆိုရင်တော့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ရပါလိမ့်မယ်။”

ပရိတ်သတ်တွေနဲ့ အပြန်အလှန် မေးမြန်းခန်းတွေ အပါအ၀င် မြန်မာနိုင်ငံ အနာဂတ် ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆစ်ဒနီ Opera House မှာ စကားပြောရာမှာတော့ မြန်မာနိုင်ငံမှာ ဘာသာရေး၊ လူမျိုးရေး ကွဲပြားမှုတွေအပေါ် အခြေခံဖြစ်ပွားခဲ့တဲ့ သွေးထွက်သံယို ပဋိပက္ခတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက အာရုံစိုက်နေကြတာကိုလည်း ဒေါ်အောင်ဆန်းစုကြည် ကပြောဆိုသွားခဲ့တာပါ။ သွေးထွက်သံယို ပဋိပက္ခတွေ ဖြစ်ရတဲ့ အကြောင်းရင်းအဖြစ် တရားဥပဒေစိုးမိုးမှုနဲ့ လုံခြုံမှုပေးဖို့ အစိုးရက ပျက်ကွက်တာဟာ ပြဿနာတခုအဖြစ်နဲ့လည်း ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပေးခဲ့ပါတယ်။

“အစိုးရအနေနဲ့ ကျမတို့ တိုင်းပြည်တွင်းက လူတွေအားလုံးကို အကာအကွယ်ပေးရမယ့် တာဝန်ရှိပါတယ်။ အားလုံးအတွက် လုံခြုံစိတ်ချရမှု ရှိစေဖို့ တရားဥပဒေစိုးမိုးအောင် လုပ်ရပါလိမ့်မယ်။ လုံခြုံမှုမရှိဘဲနဲ့ ငြိမ်းချမ်းမှုလည်း မရှိနိုင်ပါဘူး။ ကျမ ထပ်တလဲလဲ ပြောခဲ့ပြီးပါပြီ၊ လုံခြုံမှု မရှိသေရွေ့ ပြဿနာကို စားပွဲမှာထိုင်ပြီး ဆွေးနွေးနိုင်မှာလည်း မဟုတ်ပါဘူး။ လူတွေ သတ်ဖြတ်ခံရ၊ အိုးအိမ်ပစ္စည်းတွေကို တိုက်ခိုက်ဖျက်ဆီး ခံနေရတဲ့ အခြေအနေမျိုးမှာ တဘက်နဲ့တဘက် အဓိပ္ပါယ်ရှိရှိ ဆွေးနွေး စကားပြောနိုင်ကြမှာ မဟုတ်ပါဘူး။ အစိုးရအနေနဲ့လည်း တရားဥပဒေ စိုးမိုးမှုရှိအောင် လုပ်သင့်သလောက် လုပ်ခဲ့တယ်လို့ ကျမကတော့ မယူဆပါဘူး။”

သြစတြေးလျနိုင်ငံကို ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ထောက်ခံသူပေါင်း ထောင်ဂဏန်းချီ ကြိုဆိုခဲ့ကြပြီး၊ ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာတော့ New South Wales ဘုရင်ခံ Marie Bashir နဲ့ တွေ့ဆုံခဲ့သလို၊ ဆစ်ဒနီမြို့မှာ မြန်မာနိုင်ငံသားတွေနဲ့လည်း တွေ့ဆုံ စကားပြောခဲ့တာပါ။ ဒီဇင်ဘာလ ၂ ရက်နေ့အထိ သီတင်းတပတ်ကြာ ခရီးစဉ်အတွင်းမှာတော့ ဆစ်ဒနီမြို့ သာမက အစိုးရရုံးစိုက်ရာ ကင်ဘာရာမြို့၊ မယ်လ်ဘုန်းမြို့တွေကိုပါ ဒေါ်အောင်ဆန်းစုကြည် သွားရောက်မှာဖြစ်ပြီး သြစတြေးလျ ၀န်ကြီးချုပ် Tony Abbott၊ နိုင်ငံခြားရေးဝန်ကြီး Julie Bishop အပါအ၀င် အစိုးရ တာဝန်ရှိသူတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံမှာဖြစ်သလို၊ ကုလသမဂ္ဂက ကြီးမှူးကျင်းပမယ့် နိုင်ငံတကာ AIDS ညီလာခံမှာလည်း ပါဝင်ဆွေးနွေးမှာ ဖြစ်ပါတယ်။