Friday, November 29, 2013

မိုးသူအောင်ရဲ့ နောက်ဆုံးခရီးလေး


အဘ ဥက္ကာကိုကို



ဒီနေ့ကာတွန်း

ဒေါ်စုကို အပြင်းအထန်တိုက်ခိုက်ထားသော ထိပ်တန်းလျှို့ဝှက်မိန့်ခွန်း သူပြောခဲ့ကြောင်း ဦးခင်ညွန့်က ဝန်ခံ



Eleven Media Group
အင်တာနက်ပေါ်တွင် ပျံ့နှံ့ နေသည့် အသံဖိုင်ကြောင့် ထိခိုက်နစ်နာသူများကို တောင်းပန်ကြောင်း ထောက်လှမ်းရေး ညွန်ကြားရေးမှူးဟောင်း ဦးခင်ညွန့် ပြောကြား

အင်တာနက်စာမျက်နှာတွင် ပျံ့နှံ့ လျက်ရှိသည့် အသံဖိုင်သည် ၁၉၉၃ ခုနှစ်က နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်အရာရှိကြီးများ အုပ်ချုပ်မှုမွမ်းမံသင်တန်း ၃/၉၃ ကဟောပြောပို့ ချချက်များ ဖြစ်ပြီး သင်တန်းပို့ ချချက်များဖြစ်သဖြင့် မာကျော၊ ကြမ်းတမ်း၊ မသိမ်မွေ့ခြင်းများ ပါရှိနေခဲ့ပြီး အချို့သောပုဂ္ဂိုလ်များအား ထိခိုက်နစ်နာမှုများ ရှိနေသည့်အပေါ် ထိခိုက်နစ်နာစေရန် တမင်ရည်ရွယ်ခဲ့ခြင်း မဟုတ်ဘဲ နိုင်ငံတော်၏ လမ်းစဉ်အား အစိုးရကိုယ်စား ရှင်းလင်းခဲ့ခြင်း ဖြစ်သဖြင့် ထိခိုက်ခံစားခဲ့ရသည့် ပုဂ္ဂိုလ်များအား နားလည်ခွင့်လွှတ် ပေးစေလိုကြောင်းကို ကရ၀ိက်ဟိုတယ်၌ နိုဝင်ဘာလ ၂၈ ရက် မွန်းလွဲ ၁ နာရီတွင် ကျင်းပပြုလုပ်သည့် တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးဟောင်း၊ နိုင်ငံတော် ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန် နှင့် လျှပ်တပြက်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်တို့  ပြုလုပ်ခဲ့သည့် အင်တာဗျူးများအား စုပေါင်းပုံနှိပ် ထုတ်ဝေသည့် စာအုပ်မိတ်ဆက်ပွဲတွင် ဗိုလ်ချုပ်ကြီးဟောင်းဦး ခင်ညွန့် က ပြောကြားလိုက်သည်။

ထိုအသံဖိုင်တွင် ၁၉၈၈ အရေးအခင်း ကာလအဖြစ်အပျက်များအား သေချာမသိရှိ သေးသည့်အရာရှိများအား ရှင်းလင်းထားခြင်းဖြစ်ပြီး ၈၈အရေးအခင်းတွင် တပ်မတော်၏ခိုင်မာမှု၊ စည်းလုံးညီညွတ်မှုတို့ ကြောင့် တိုင်းပြည်ချောက်ထဲကျခါနီး အချိန်တွင် တပ်မတော်မှ ကယ်တင်နိုင်ခဲ့ခြင်းဖြစ်ပြီး ၈၈ အရေးအခင်းအတွင်း ဗကပ(ဗမာပြည်ကွန်မြူနစ်ပါတီ)မှ မွေးမြူထားသည့် Cell များက ၀င်ရောက်ပြီး တိုင်းပြည်ဆူပူမှု ဖြစ်ပေါ်အောင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ထိုအရေးအခင်းအတွင်း လူသတ်ခေါင်းဖြတ်မှုများ ဖြစ်ပေါ်လာသဖြင့် တပ်မတော်မှဝင်ရောက် ထိန်းသိမ်းခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားထားသည်။ ထို့ နောက် ရွေးကောက်ပွဲတွင် NLD ပါတီမှ အများစုအနိုင်ရခဲ့ခြင်းမှာ မယုံနိုင် စရာဖြစ်ခဲ့ပြီး ရွေးကောက်ပွဲပြီးလျင်ပြီးချင်း နိုင်ငံရေးသမားများက ညစ်ပတ်စွာဖြင့် အာဏာလွှဲပြောင်းပေးရန် တောင်းဆိုခဲ့ကြောင်း ပြောကြားထားသည်။ ထိုတောင်းဆိုချက်မှာ လိုက်လျောရန် မဖြစ်နိုင်ကြောင်းနှင့် တိုင်းပြည်၏ အခြေအနေအရ ၁၉၄၇ အခြေခံဥပဒေကိုလည်းကောင်း၊ ၁၉၇၄ အခြေခံဥပဒေကို လည်းကောင်းအသုံးပြု၍ မရနိုင်ဘဲ ၁၉၄၇ အခြေခံဥပဒေတွင် ၁၀ နှစ်ကြာလျှင် ခွဲထွက်ခွင့်ပြုထားသည့် အချက်ပါဝင်နေသဖြင့် ထိုဥပဒေကို ကျင့်သုံးပါက တိုင်းပြည်ပြိုကွဲသွားမှာဖြစ်ကြောင်း ပြောကြားလိုက်ပြီး အခြေခံဥပဒေသစ်တစ်ခုကို ရေးဆွဲရမှာဖြစ်ကြောင်းကို ရှင်းလင်းခဲ့သည်။

ထို့ အပြင် NLD ပါတီမှ ခေါင်းဆောင်များမှာ တပ်မတော်အတွင်း မည်သည့် ပြစ်ဒဏ်များ ကျူးလွန်ခဲ့သည်ကို တက်ရောက်လာသည့် တပ်မှူးများသိကြောင်း ပြောကြားလိုက်ပြီးနှင့် တပ်အတွင်းပြစ်ဒဏ်များ၊ ထောင်ဒဏ်များကျခံရပြီးမှသာ NLD ပါတီတွင် အမတ်အဖြစ် ၀င်ရောက်လုပ်ကိုင်နေကြောင်း ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်အား ‘အမျိုးသမီး'ဟု ခေါ်ဝေါ်ထားပြီး ဒေါ်အောင်ဆန်းစုကြည်မှာ မြန်မာပြည်သို့  တစ်နှစ်လျှင်တစ်ခါသာ လာရောက်ခဲ့ပြီး မိခင် မကျန်းမာချိန်တွင် လာရောက်ပြုစုရန်အတွက် ယခင်အစိုးရ၀န်ကြီးများက ခေါ်ခိုင်းလိုက်သဖြင့်သာ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး အရေးအခင်းကာလနှင့်ကြုံကြိုက်စဉ် သခင်တင်မြကဲ့သို့ သော ကွန်မြူနစ်များမှ အကြံပေးသဖြင့် ပါဝင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် မဆလ၀န်ကြီးများက ဒေါ်အောင်ဆန်းစုကြည်အပေါ် စေတနာဖြင့် နိုင်ငံရေးထဲဝင်မပါရန် တားမြစ်ခဲ့သော်လည်း လက်မခံကြောင်း ပြောကြားထားသည့် အချက်အလက်များ ပါဝင်နေသည်။ ထို့ နောက် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်အား ဆန့် ကျင်ခဲ့သည့်အပြင် သောင်းကျန်းသူများအား လက်ခံထားသဖြင့် ၁၀(ခ) ဖြင့် ဖမ်းဆီးအရေးယူခဲ့ပါကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံခေါင်းဆောင်အဖြစ် လက်မခံနိုင်ပါကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။ ထုတ်ဝေခဲ့သော စာအုပ်တွင် ဦးခင်ညွန့် က ''ပြောခဲ့တယ်ဆိုရင်လည်း ခိုင်းလို့  ပြောတာဖြစ်မယ်''ဟု ပြောကြားချက်အား ထည့်သွင်းရေးသားခဲ့သော်လည်း မည်သူက၊ မည်ကဲ့သို့  ခိုင်းစေခဲ့ကြောင်းကိုတော့ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။

ထိုစာအုပ်တွင် ပါဝင်သောချက်များသည် သမိုင်းကြောင်း အမှန်များကို အခြေခံကာ ဖြေကြားခဲ့ခြင်းဖြစ်ပြီး အနာဂတ်တွင် သမိုင်းမှတ်တမ်းအဖြစ် အသုံးဝင်မည့်စာအုပ် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ ထို့ အပြင် သမိုင်းကြောင်းနှင့်နွှယ်ပြီး ဖြေဆိုရသဖြင့် ပုဂ္ဂိုလ်ရေးထိခိုက်မှုများလည်း ပါခဲ့ကြောင်း နှင့် ပုဂ္ဂိုလ်ရေးအရ ထိခိုက်ခဲ့ပါက တောင်းပန်ပါကြောင်း လည်းပြောကြားလိုက်သည်။

ထို့ အပြင် ၎င်းတို့ တာဝန်ယူခဲ့သည့် တပ်မတော်အစိုးရလက်ထက်တွင် သာမက မည်သည့် အစိုးရအဖွဲ့တွင်မဆို တစ်ဦးကောင်း တစ်ယောက်ကောင်း လုပ်၍မရခဲ့ကြောင်းနှင့် ၎င်းတို့ လက်ထက်တွင် လုပ်ကိုင်ခဲ့သည့်အရာများတွင် ကောင်းခြင်း၊ ဆိုးခြင်းများ ရောနှောနေသော်လည်း အားလုံးဝိုင်းဝန်းလုပ်ဆောင် ခဲ့ခြင်းသာဖြစ်ကြောင်းနှင့် အစိုးရအဖြစ်တာဝန်ရှိခဲ့ကြသူများ ၀ိုင်းဝန်းဆန္ဒပြုကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

အစိုးရသစ်လက်ထက်တွင် လုပ်ကိုင်နေမှု များမှာလည်း အစိုးရအဖွဲ့အနေနှင့်သာ ကြိုးစားလုပ်ကိုင်နေကြောင်းနှင့် အားနည်းချက်များလည်း ရှိနိုင်ကြောင်းနှင့် အပြုသဘောနှင့် ဝေဖန်မှုများရှိပါက ကောင်းမွန်သော်လည်း အဟန့် အတားဖြစ်စေရန် ထိုးနှက်မှုများရှိနေပါက လျော့ချပေးရန်လည်း တောင်းဆိုလိုက်ပြီး ယခုအချိန်သည် မြန်မာနိုင်ငံအတွက် အခြေအနေကောင်းတစ်ခုဖြစ်သောကြောင့် အားလုံးဝိုင်းဝန်းဆောင်ရွက်ပါက နိုင်ငံတော်တိုးတက်အောင်မြင်မည်ဟု ယုံကြည်ကြောင်းလည်း ပြောကြားလိုက်သည်။

နောက်ဆုံးအနေနှင့် ဦးခင်ညွန့် က ၎င်းအားသတင်းဌာနအချို့ ကနိုင်ငံရေးလုပ်မည် ဟုထင်မြင်မေးမြန်း နေကြကြောင်း သို့ သော်လည်း သူ့ အနေနှင့် နိုင်ငံရေးကို လုပ်တော့မှာမဟုတ်ကြောင်း တရားဝင် ပြောကြားလိုက်သည်။

ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွန့် သည် ၁၉၈၈ ခုနှစ်က စစ်တပ်မှ အာဏာလွှဲပြောင်းခဲ့စဉ် ဒုတိယစစ်ခေါင်းဆောင်တစ်ဦး ဖြစ်ပြီး သတင်းစာရှင်းလင်းပွဲများအား မကြာခဏပြုလုပ်ကာ အာဏာလွှဲပြောင်း ယူခဲ့သည့် န၀တအစိုးရ၏ လမ်းစဉ်များကို တာဝန်ယူဖြေရှင်းခဲ့ရသည့် အတွင်းရေးမှူး (၁) အဖြစ် ဆောင်ရွက်ခဲ့သည်။ န၀တအစိုးရလက်ထက်မှ စတင်ကာ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ် အစရှိသည့် အထင်ကရတက္ကသိုလ်များအား ပိတ်ပင်ခဲ့ပြီးလယ်ကွင်းများအတွင်း တက္ကသိုလ်ကျောင်းများကို ဖွင့်လှစ်ခဲ့ပြီးနောက် ကျောင်းဆောင်များအားလည်း ပိတ်ခဲ့သည်။ ၎င်းထောက်လှမ်းရေး တာဝန်ယူထားစဉ် စစ်ကြောရေးနှင့် အကျဉ်းထောင်များအတွင်း သေဆုံးသူများ၊ နိုင်ငံရေးအကျဉ်းသားများ အရေအတွက်မြင့်တက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အား နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ်အဖြစ် ချုပ်နှောင်ထားခဲ့သည်။ ၂၀၀၃ ခုနှစ်၌ ဒေါ်အောင်ဆန်းစုကြည်အား ဒီပဲယင်းမြို့နယ်၊ ကျီရွာအနီးတွင် လုပ်ကြံရန် ကြံစည်ခဲ့သော်လည်း အောင်မြင်မှုမရှိခဲ့ဘဲ ယနေ့ အထိလည်း မည်သူများက ကြံစည်ခဲ့သည်ကို ဖော်ထုတ်နိုင်ခဲ့ခြင်းလည်း မရှိခဲ့ပေ။ ၂၀၀၀ ပြည့်နှစ်လောက်မှ စတင်ကာ မြန်မာပြည်အတွင်း ထောက်လှမ်းရေးတပ်များ၏ နေရာရယူမှုများ အလွန်အကျွံ ဖြစ်လာခဲ့ပြီး တပ်အတွင်း ထောက်လှမ်းရေးများအား ကြောက်ရွံ့နေခဲ့ရသည့် အခြေအနေမှ ၂၀၀၄ ခုနှစ်တွင် ထောက်လှမ်းရေးတပ်အား ဖမ်းဆီးအရေးယူခဲ့ပြီး ဦးခင်ညွန့် မိသားစုအားလုံးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ၂၀၁၂ ခုနှစ် မတ်လတွင် လွတ်မြောက်လာခဲ့ပြီး ယခုအချိန်အထိ ထောက်လှမ်းရေးတပ်ဖွဲ့ဝင် ၂၁ ဦး အကျဉ်းထောင်များအတွင်းတွင် ကျန်ရှိနေပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ က ၎င်းတို့ အား နိုင်ငံရေးအကျဉ်းသားအဖြစ် လက်မခံသော်လည်း လူသားချင်း ထောက်ထားညှာတာမှုဖြင့် အခြားခေါင်းစဉ်အောက်မှ လွတ်မြောက်ခွင့်ရရှိရန် သမ္မတထံ တင်ပြမည်ဟု ဦးရဲအောင်က ပြောကြားခဲ့သည်။

ဦးခင်ညွန့် ၏ ပြောကြားချက်အပေါ် နိုင်ငံရေး အကျဉ်းသား ဟောင်းများအဖွဲ့ မှ ဦးမြင့်အောင်က ''တောင်းပန်တယ်လို့ ပဲ ပြောနေရုံ နဲ့ တော့ မရပါဘူး။ သူဆောင်ရွက်ခဲ့တဲ့ တစ်လျှောက်လုံးကို ပြန်ဆန်းစစ်ရင် သူ့ရဲ့ရာထူးရယ်၊ အာဏာရယ်၊ စည်းစိမ်ရယ် တည်မြဲဖို့ ပဲ လုပ်ဆောင်ခဲ့တယ်၊ ဒီမိုကရေစီနဲ့ လူအခွင့်အရေးအတွက် ကြိုးပမ်းခဲ့တဲ့ လူထုဟာ အကြောက်တရားနဲ့  ရက်စက်စွာဖိနှိပ်မှုကို ခံခဲ့ရတာပါ။ သူ့ရဲ့ရာထူးအတွက် သူနှိမ်နှင်းခဲ့လို့  ထောင်ပေါင်းများစွာသော မိသားစုတွေ ထိခိုက်နစ်နာခဲ့ရပါတယ်။ သွေးတွေ၊ မျက်ရည်တွေနဲ့  ငိုကြွေးခဲ့ကြရတာတွေက အများကြီးပဲလေ။ ဒီလိုလေးပြောယုံနဲ့ တော့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက သူ့ ကိုလက်မခံနိုင်ပါဘူး။ နိုင်ငံရေး အကျဉ်းသားအဖြစ် အသိအမှတ် မပြုနိုင်ပါဘူး။ အငြိုးနဲ့ အမုန်းပေါ် အခြေခံပြီးပြောတာ မဟုတ်ဘူး။ ဒါပေမဲ့ သမိုင်းအနေနဲ့ကတော့ မှတ်တမ်းတင်ရမှာပဲ ဖြစ်ပါတယ်'' ဟု ပြောကြားခဲ့သည်။

ထိုစာအုပ်မိတ်ဆက်ပွဲသို့ ထောက်လှမ်းရေးမှ တာဝန်ယူခဲ့သူ အများအပြား တက်ရောက်ခဲ့ပြီး ဗိုလ်ချုပ်ဟောင်း အချို့လည်း တက်ရောက်ခဲ့သည်။ အာဏာရှင်ဟောင်း ဦးနေ၀င်း၏ မြေးဖြစ်သူ အေးနေ၀င်းလည်း တက်ရောက်ခဲ့ကြောင်း တွေ့ရသည်။

(ကရ၀ိတ်ဟိုတယ်တွင် ကျင်းပခဲ့သည့် စာအုပ်မိတ်ဆက်ပွဲတွင် တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးဟောင်း နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့် ရှင်းလင်းပြောကြားစဉ်)

နည်းလမ်း အမျိုးမျိုးဖြင့် ပြည်ပရောက်နေသူများ သန်းခေါင်စာရင်း ကောက်ယူမှုအတွက် ပြန်လာစရာမလို


Eleven Media Group

မွန်ပြည်နယ်မှ အကြောင်းအမျိုးမျိုး၊ နည်းလမ်းအမျိုးမျိုးဖြင့် ပြည်ပရောက် ရွှေ့လျားလုပ်သားများသည် သန်းခေါင်စာရင်း ကောက်ယူမည့် ကာလတွင် သန်းခေါင်စာရင်းမ၀င်မှာ စိုးရိမ်စိတ်ဖြင့် ပြည်တွင်းသို့  ပြန်လာစရာ မလိုသည့်ပြင် အရေးယူခံရမည်ကို စိုးရိမ်စိတ်ဖြင့် ဒေသခံမိသားစုများကလည်း လိမ်လည်ပြီး မဖြေဘဲ အမှန်တိုင်းဖြေဆိုရန် လိုအပ်ကြောင်း၊ အမှန်အတိုင်း ဖြေသည့်အတွက် မည်သို့မျှ အရေးယူမည် မဟုတ်ကြောင်း၊ မော်လမြိုင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာနမှ စုံစမ်းသိရှိရသည်။

''သန်းကောင်စာရင်းကောက်ယူတဲ့နေရာမှာ အိမ်ထောင်စုဝင်စာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်၊ လူမျိုးတို့ အပေါ် အခြေမခံပါဘူး၊ အဲဒီအတွက် တရားဝင်၊ တရားမ၀င် ပြည်ပကို သွားနေတာကိုပဲ အိမ်မှာရှိတဲ့ ၁၈ နှစ်ပြည့် သူတစ်ဦးက ပြောဆိုရင် လုံလောက်ပါတယ်၊ မှန်ကန်ဖို့ တော့လိုပါတယ်။ သန်းခေါင်စာရင်း မ၀င်မှာစိုးလို့ မိမိမြို့ရွာကို ပြန်လာဖို့  လည်းမလိုပါဘူး။ အိမ်မှာရှိနေတဲ့ သူကသာ ထိုင်း၊ မလေးရှား၊ စင်ကာပူ ရောက်နေတာကို မှန်မှန်ကန်ကန် ပြောဖို့ ပဲလိုပါတယ်။ သူက အောက်လမ်းကသွားလို့ လ၀က၊ အခွန်၊ စည်ပင် စတဲ့ ဘယ်သူကမှ အရေးမယူပါဘူး။ အရေးယူဖို့  သန်းခေါင်စာရင်းကောက်တာမ ဟုတ်ပါဘူး။ ဟိုကပို့ တဲ့ငွေနဲ့ အိမ်ဆောက်တာလည်း အရေးမယူပါဘူး။ သန်းခေါင်စာရင်းယူတဲ့ ရည်ရွယ်ချက်က စီမံခန့် ခွဲရေး ကိစ္စတွေအတွက် မူဝါဒချမှတ်ခြင်း၊ စီမံကိန်းများ ရေးဆွဲတဲ့အခါအခြေခံထားရမယ့် လူဦးရေ အချက်အလက်တွေ ရဖို့ဖြစ်ပါတယ်။ ဒါကြောင့် သန်းခေါင်စာရင်းကောက်သူ ဆရာမတစ်ဦးပဲ အိမ်ကိုလာခွင့်ရှိပြီး သူနဲ့ အတူ ဘယ်တာဝန်ရှိသူကမှ လိုက်လာလို့ မရပါဘူး''ဟု မြို့နယ်လ၀ကမှူးက ပြောကြားသည်။

သန်းခေါင်စာရင်း ကောက်ယူခြင်း လက်ကမ်းစာစောင်တွင်လည်း သန်းခေါင်စာရင်း မေးခွန်းတွင် မေးမြန်းထားသော နိုင်ငံခြား သို့ ရောက်ရှိနေသည့် အိမ်ထောင်စု ၀င်များအတွက် စိုးရိမ်ရန်မလိုပါ။ မည်သို့မျှ အရေးယူမည် မဟုတ်ပါဟု ဖော်ပြပြီး ဖြစ်ပါသည်။

ရွေ့လျားလုပ်သား အခွင့်အရေးများကို လေ့လာနေသူ Mon and Thamakron Group Co.Ltd မန်နေဂျာ နိုင်ကောင်းရွက်က ''မွန်ပြည်နယ်ကနေ တစ်ဖက်နိုင်ငံတွေကို အလုပ်လုပ်နေတဲ့သူ နှစ်သန်းလောက် ရှိပါတယ်။ သူတို့ တွေအတွက် ဒီမှာရှိတဲ့ မိသားစုတွေက မှန်မှန်ကန်ကန် ဖြေပေးဖို့  အမှန်ပြောရင် တစ်ခုခုနဲ့ အရေးယူမယ် စိုးရိမ်စိတ်နဲ့ လိမ်ပြီးမပြောဖို့  သန်းခေါင်စာရင်းမ၀င်မှာစိုးလို့ လည်း ပြန်လာပြီး လူပြဖို့  မလိုတာတွေကို ကျေးရွာတွေမှာ လိုက်ပြောပြနေပါတယ်။ ကျေးရွာအချို့တော့ ကျန်သေးတာပေါ့'' ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် မတ် ၃၀ ရက်မှ ဧပြီ ၁၀ ရက်အတွင်း ၁၂ ရက်ကြာ တစ်နိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ယူရန်ရှိပြီး အကြိုပညာပေးကာလ အဖြစ် ရပ်ကွက်ကျေးရွာများသို့  တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြောကြားလျက်ရှိသည်။

(မော်လမြိုင်မြို့နယ်အတွင်း ရပ်ကွက်တစ်ခုတွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူမှုအတွက် သက်ဆိုင်ရာမှ ရှင်းလင်းပြောကြားနေစဉ်

မြန်မာငွေတန်ဖိုး ဆက်တိုက်ကျဆင်း၊ တစ်ဒေါ်လာလျှင် ကျပ် ၁၀၀၀ နီးပါးအထိ ရောက်ရှိလာ



Eleven Media Group

နိုဝင်ဘာလ နောက်ဆုံးပတ်မှ စတင်၍ နိုင်ငံခြားငွေလဲလှယ်မှုနှုန်းတွင် အမေရိကန် ဒေါ်လာတန်ဖိုးမှာ တက်ရိပ်ပြလာပြီး ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျင် ကျပ်၉၉၀ ၀န်းကျင်အထိ မြင့်တက်လာကြောင်း ဗဟို ဘဏ်၏ ခွင့်ပြုချက်ရရှိထားသော နိုင်ငံခြားငွေကြေးလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိထားသည့် ပြည်တွင်းပုဂ္ဂလိကဘဏ်များ နှင့် ပြင်ပဈေးကွက် အသိုင်းအ၀ိုင်းထံမှ သိရသည်။

နိုဝင်ဘာ ၁ ရက်မှ ၈ ရက်ထိ သိမ်ဖြူ ငွေလဲကောင်တာတွင် အမေရိကန်တစ်ဒေါ်လာ တန်ဖိုးမှာ ရောင်းဈေး ၉၇၅ ကျပ် ၀န်းကျင်၊ ၀ယ်ဈေး ၉၆၇ ကျပ်ဝန်းကျင် တွင်ရှိနေပြီး ပြင်ပငွေလဲနှုန်းတွင် အမေရိကန်တစ် ဒေါ်လာတန်ဖိုးမှာ ရောင်းဈေး ကျပ် ၉၇၀၊ ၀ယ်ဈေး ၉၆၉ ကျပ်ဝန်းကျင် တွင်တည်ရှိ နေကြောင်း သိရသည်။

နိုဝင်ဘာ ၂၂ ရက်မှစတင်၍ နိုင်ငံခြား ငွေလဲလှယ်မှုနှုန်းတွင် သိမ်ဖြူငွေလဲကောင် တာ၌ အမေရိကန် တစ်ဒေါ်လာတန်ဖိုး ရောင်းဈေး ၉၈၂ ကျပ်ဝန်းကျင်၊ ၀ယ်ဈေး ၉၇၂ ကျပ်ဝန်းကျင်သို့ စတင်မြင့်တက်လာ ပြီး ပြင်ပငွေလဲနှုန်းတွင် အမေရိကန်တစ်ဒေါ်လာတန်ဖိုးမှာ ရောင်းဈေးကျပ် ၉၈၀၊ ၀ယ်ဈေး ၉၇၂ ကျပ်ဝန်းကျင်သို့ ရောက်ရှိ လာကြောင်း သိရသည်။

ယခုလအတွင်း တက်ရိပ်ပြလာသော အမေရိကန်ဒေါ်လာ တန်ဖိုးသည် နိုဝင်ဘာ ၂၅ ရက်မှ ၂၇ ရက် ၀န်းကျင်တွင် သိမ်ဖြူ ငွေလဲကောင်တာရောင်းဈေး ၈၈၅ ကျပ်မှ ၈၈၇ ကျပ်ဝန်းကျင်တွင်ရှိလာခဲ့ပြီး ပြင်ပ ဈေးကွက်တွင်မူ အဆိုပါ ရက်များအတွင်း တစ်ဒေါ်လာရောင်းဈေးမှာ ၈၈၉ ကျပ်ဝန်း ကျင်သို့  ရောက်ရှိလာခြင်းနှင့်အတူ တရားဝင်ငွေလဲကောင်တာ၏ ငွေလဲနှုန်းထက် တစ်ကျပ် ပိုလာခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၂၈ ရက်တွင် ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းမှာ အမေရိကန် တစ်ဒေါ်လာလျှင် ၉၈၂ ကျပ်သတ်မှတ်ထားပြီး သိမ်ဖြူငွေလဲကောင်တာတွင် (နံနက် ၁၁ နာရီ အဖွင့်ဈေး) အမေရိကန်တစ် ဒေါ်လာတန်ဖိုးမှာ ရောင်းဈေး ၉၈၈ ကျပ် ၀န်းကျင်၊ ၀ယ်ဈေး ၉၇၈ ကျပ်ဝန်းကျင်တွင် ရှိနေပြီး ပြင်ပငွေလဲနှုန်းတွင် အမေရိကန် တစ်ဒေါ်လာတန်ဖိုးမှာ ရောင်းဈေး ၉၉၀ ကျပ်ဝန်းကျင်၊ ၀ယ်ဈေး ၉၈၈ ကျပ်ဝန်းကျင် သို့ မြင့်တက်ခဲ့ကြောင်း သိရသည်။

ယခုဖြစ်ပေါ်နေသော ငွေလဲလှယ်မှုနှုန်းသည် ဇူလိုင် ၈ ရက်တွင် ပြင်ပဈေးကွက်၌ အမေရိကန်တစ်ဒ်ါလာ ၁၀၀၄ ကျပ် အထိ မြင့်တက်လာပြီး နောက်သုံးလကျော် အတွင်း အမြင့်ဆုံးငွေလဲနှုန်းဖြစ်ခဲ့ပြီး ဇွန် ၂၁ ရက်တွင် ဖြစ်ပေါ်ခဲ့သော ပြင်ပငွေလဲ လှယ်မှုနှုန်းရောင်းဈေးကျပ် ၉၉၀ ၀န်းကျင်၊ ၀ယ်ဈေး ၉၈၈ ကျပ်ဝန်းကျင်သို့  ပြန်လည် ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ထိန်းကျောင်းမှု ရှိသည့် နှုန်းရှင်ငွေလဲနှုန်းစနစ် စတင်ခဲ့သည့် ၂၀၁၂ ခုနှစ် ဧပြီ ၂ ရက်တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၈၁၅ ကျပ် ပေါက်ဈေးသာရှိရာမှ ယခု ၁၉ လအကြာ ကာလအတွင်း တစ်ဒေါ်လာလျှင် ၁၇၅ ကျပ် ကျော်အထိ ဈေးနှုန်းဆက်လက် မြင့်တက်လျက်ရှိသည်။

တရားဝင် ငွေလဲလှယ်ရေး လုပ်ငန်းများသည် ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းကို အခြေခံ၍ သိမ်ဖြူဈေးကွက် လက်လီရောင်းဝယ်မှုများအတွက် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၈ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၈ ရာခိုင်နှုန်း ဘောင်အတွင်းတွင် လည်းကောင်း AD လိုင်စင်ရ ဘဏ်များအကြား Interbank Market တွင် လက်ကား ရောင်းဝယ်မှုများအတွက် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၃ ရာခိုင် နှုန်း နှင့် - ၀ ဒသမ ၃ ရာခိုင်နှုန်း ဘောင်အတွင်းတွင် လည်းကောင်း ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

(သမ၀ါယမဘဏ်၏ ငွေလဲစင်တာတွင် ငွေလဲလှယ်နေသည်ကို တွေ့ရစဉ်)

Miss Grand International ဆုရှင်ဖြစ်သူ Miss Puerto Rico မြန်မာနိုင်ငံသို့ရောက်ရှိ၊

အရွေးကောက်ခံ မဟုတ်တဲ့ ပုဂ္ဂိုလ်ကသာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်သင့် မပြင်သင့် ဆုံးဖြတ်ပိုင်ခွင့်ရှိ

စွန့်လွှတ်အနစ်နာခံမှုတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဖြေကြား



( Opera House - Sydney ၾသစေတးလ် )
ကိုထွန်းဝေ

မေး ။ ။ စွန့်လွှတ်အနစ်နာခံမှုတွေနဲ့ ပတ်သက်ပြီး နည်းနည်းမေးပါရစေ ။ အင်မတန်ကြီးမားတဲ့ ပုဂိုလ်ရေးစွန်လွှတ်မှုတွေကို ဒေါ်စုလုပ်ခဲ့တာ ဒီမှာရောက်နေတဲ့ ပရိသတ်အားလုံး သိကြပါတယ် ။ ဒါကို ပုဂိုလ်ရေးအမြင်နဲ့ ဒေါ်စု ဘယ်လိုများ ရှင်းပြချင်ပါသလဲ ။


ဖြေ ။ ။ ခုနက ပြောခဲ့သလိုဘဲ ဒါတွေကို စွန့်လွှတ်မှုကို ကျမ မထင်ပါဘူး ။ ဒါတွေဟာ ရွေးချယ်မှုတွေပါ ။ စွန့်လွှတ်အနစ်နာခံတယ်ဆိုတာ ဘာကို အတိအကျ ပြောတာလဲ ....တစ်ခုခုကို စွန့်လွှတ်လိုက်တာကို ပြောတာလား ။ ဒါပေမယ့်ကိုယ့်အတွက် ပိုပြီးအရေးပါတဲ့ အရာတစ်ခုအတွက် နောက်တစ်ခုကို စွန့်လွှတ်လိုက်တာဟာ တကယ် စွန့်လွှတ်လိုက်တာမှ မဟုတ်တာ ၊ ရွေးချယ်မှုလုပ်လိုက်တာဘဲ ။


မေး ။ ။ ဒါကို သားတွေနဲ့ ပြောဖြစ်ခဲ့သေးသလား ။


ဖြေ ။ ။ ဟိုးအရင်ကတည်းက ပြောဖြစ်ခဲ့ပါတယ် ။ သားအငယ်နဲ့တော့ မပြောဖြစ်ဘူးပေါ့လေ....သူက အဲဒီတုန်းက နည်းနည်းငယ်သေးတာကိုး ။ ဒါပေမယ့် သားကြီးနဲ့တော့ ပြောဖြစ်ပါတယ် ။ နိုင်ငံရေးထဲဝင်တော့မယ်ဆိုတော့ သူနဲ့ဆွေးနွေးဖြစ်ပါတယ် ။ သူက ကောင်းပါတယ် တဲ့ ။ ဘာလို့လည်းဆိုတော့ မြန်မာပြည်မှာ ကျမလိုနိုင်ငံရေးသမားမျိုး လိုနေတယ်လို့ သူထင်ပါတယ် တဲ့ ။


မေး ။ ။ ကိုယ့်မိဘတွေအတွက် ကိုယ်ဟာ အရေးအကြီးဆုံးဘဲ လို့ ကျနော်တို့တော်တော်များများက လက်ခံယုံကြည်ပြီး ကြီးပြင်းလာကြတယ်လေ ။ အခု ဒေါ်စုက ဒေါ်စုသားကို သူဟာ ကိုယ့်အတွက်အရေးအကြီးဆုံး မဟုတ်ဘူး လို့ ပြောလိုက်တာနဲ့ အတူတူဘဲပေါ့ ။ ဒီလိုစကားမျိုးကို ကလေးတစ်ယောက်ကို ဘယ်လိုများ ပြောခဲ့လိုက်တာလဲ ။


ဖြေ ။ ။ ကျမ သူ့ကို တည့်တည့်ဘဲ ပြောခဲ့ပါတယ် .....ကျမ နိုင်ငံရေးမှာ ပါဝင်သင့်တယ် ၊ ဘာလို့လည်းဆိုတော့ ကျမတို့တိုင်းပြည်အတွက် အရမ်းကို လိုအပ်နေတဲ့ အရာတစ်ခုကို ရဖို့ ၊ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီကို ပြောင်းဖို့ ၊ အဖိနှိပ်ခံဘ၀ကနေ ကိုယ့်ကံကြမ္မာကို ကိုယ် လွတ်လွတ်လပ်လပ် ဖန်တီးနိုင်မယ့် ဘ၀ကို ရောက်ဖို့ ကြိုးပမ်းနေကြတယ် ၊ ဒီလိုကြိုးပမ်းရာမှာ ဒီနိုင်ငံသားတစ်ယောက်အနေနဲ့ ကျမ ပါဝင်သင့်တယ်လို့ ထင်ကြောင်း သူ့ကို တည့်တည့်ဘဲ ပြောခဲ့ပါတယ် ။


မေး။ ။ ဒီလိုလုပ်ရာမှာ စိတ်ဓါတ်ပြတ်သားခိုင်မာဖို့ အတိုင်းအတာတစ်ခု လိုသလား ။ ခံစားချက်တွေ ၀င်ပြီး မနှောင့်နှေးအောင် ကိုယ်လုပ်နေတာကို လုံးဝကို အာရုံစိုက်နေခဲ့ရသလား ၊ ဒါမှမဟုတ် ဒီကိစ္စတွေအားလုံးမှာ ခံစားချက်တွေနဲ့ ပြည့်လျှံနေခဲ့သလား ။


ဖြေ ။ ။ ကျမတို့ အလုပ်လုပ်ခဲ့ရတဲ့အခြေအနေတွေအောက်မှာ စိတ်ဓါတ်ခိုင်မာပြတ်သားဖို့ လိုကို လိုပါတယ် ။ ကျမတို့ လုပ်ခဲ့တဲ့အခြေအနေတွေက ဒီက သြစတေးလျနိုင်ငံရေးလိုမှ မဟုတ်တာဘဲ (ရယ်သံများ )


မေး။ ။ ဒီမှာကတော့ အတော် စိတ်ပျက်စရာ ကောင်းတတ်တယ် ။


ဖြေ ။ ။ ကျမ အဲလို မပြောဘူးနော် ( ရယ်သံများ ) ။ ကျမတို့ အတော် စိတ်ဓါတ်ခိုင်မာပြတ်သားခဲ့ရပါတယ် ။ ဒါကျမတစ်ယောက်တည်း မဟုတ်ပါဘူး ။ တကယ်တော့ ကျမရဲဘော်ရဲဘက်တွေထက်စာရင် ကျမအတွက် ကိစ္စတော်တော်များများမှာ လွယ်ခဲ့ပါတယ် ။



ဘာကြောင့်လည်းဆိုတော့ ဘယ်လိုဘဲဖြစ်ဖြစ် စစ်တပ်အနေနဲ့ ကျမဟာ ဖေ့ဖေ့သမီးဆိုတာ မမေ့ကြပါဘူး ။ ဒီလိုပြောရတာက သူတို့ ကျမကို ကောင်းကောင်းဆက်ဆံခဲ့ကြလို့ပါ ။ ဟုတ်ပါတယ်....အကျယ်ချုပ်ချခဲ့တာလည်း ချခဲ့တာပေါ့လေ ။ ဒါကလည်း ထောင်ထဲထည့်ထားတာနဲ့ မတူပါဘူး ။ အခုလာတဲ့ သြစတေးလျက မြန်မာပရိသတ်ထဲမှာ ထောင်ကျဖူးတဲ့လူတွေ အများကြီးပါမယ်ထင်ပါတယ် ။


ဒီကိုလာတဲ့ ကျမတို့အဖွဲ့ထဲမှာ ကျမနဲ့ဆိုရင် လေးယောက်ပါပါတယ် ။ အဲဒီထဲမှာ သုံးယောက်က နိုင်ငံရေးကြောင့် ထောင်ကျဖူးပါတယ် ။ ဒီတော့ ပြောချင်တာက ထောင်ကျဖူးတဲ့ ကျမရဲ့ ရဲဘော်ရဲဘက်တွေအများစုဟာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ အတော်ကို ဒုက္ခခံခဲ့ရပါတယ် ။ ကျမခံရတာထက် အများကြီးပိုပြီး ခံခဲ့ရပါတယ် ။



ဒီတော့ ကျမမှာ ငြီးတွားနေစရာသိပ်ပြီးမရှိပါဘူး ။ သူတို့တောင် စိတ်ဓါတ်ခိုင်မာပြတ်သားခဲ့သေးရင် ကျမက ဘာအကြောင်းကြောင့် မခိုင်မာ မပြတ်သားနိုင်ခဲ့ရမှာတဲ့လဲ ။


မေး ။ ။ အနစ်နာခံခဲ့မှု သို့မဟုတ် ဒီရွေးချယ်ချက်တွေဟာ မတန်ဘူးလို့များ တွေးမိတာမျိုး ရှိဖူးသလား ။ ဥပမာ '' ငါ့သားလေးတွေကို လွမ်းလိုက်တာ '' ဆိုတာမျိုးပေါ့ ။


ဖြေ။ ။ မတန်ဘူးလို့ ကျမ ဘယ်တုန်းကမှ မတွေးခဲ့ပါဘူး ။ ကျမ အမြဲတွေးလေ့ရှိတာက ........ ဒီမိုကရေစီကို လိုချင်တဲ့လူ မြန်မာပြည်မှာ တစ်ယောက်ဘဲ ကျန်ပါစေ ၊ ကျမလည်း အတူတူ ကျန်နေမယ် လို့ပါ ။

ဘာသာပြန်ပေးသူ
Spring Flowers

ဖားကန့် မှာ သောင်းကျန်းနေတဲ့ လိုင်စင်ရ ဓါးပြများ



Jade Land
ယမန်နေ့  နိုဝင်ဘာ (၂၅)ရက်နေ့ ဖားကန့် တပ်ရင်း ၆ နယ်မြေ မော်စီဇာ ကျောက်ကြီးကုန်းမှော် တွင် တပိုင်တနိုင်ကျောက်တူးနေသော ကျင်းသားအယောက်(ရ၀)ခန့် အား အစိုးရတပ် ခလရ (၂၄၁) တပ်ဖွဲ့ နှင့် ရဲများ ရှောင်တစ်ခင် ၀င်ရောက်ဖမ်းဆီး သွားသည့်အပြင် အဆိုပါကျင်းသားများ နှင့် ရွာသူရွာသားများပိုင်ဆိုင်သော ဆိုင်ကယ် များ အားလည်း အဓမ္မ လုယူ သယ်ဆောင်သွားကြကြောင်းသိရသည်။ ထို့ နောက် ကျင်းသားတစ်ဦးလျှင် ငွေတစ်သိန်းကျပ်ဖြင့် သွားရောက်ရွေးယူကြရပြီး ဆိုင်ကယ်တစ်စီးလျှင်ငါးသောင်းကျပ်ဖြင့်ပြန်လည် ရွေးယူကြရကြောင်းသိရသည်။

စစ်တွေမြို့နယ် အနောက်ဘက်ကမ်းသည် ဘင်္ဂလာ ကုလားများ၏ လူ နှင့် လက်နက်များ ခိုးသွင်းသည့် နေရာဖြစ်နေ ဟု ဆို



Coral Arakan News

====================

By Oodu Khinsai

စစ်တွေ ၊ ၂၉ နိုဝင်ဘာ ၂၀၁၃ ၊ Coral Arakan News ၊ [ သတင်း ]

စစ်တွေမြို့နယ် အနောက်ဘက်ခြမ်းရှိ ပလ္လင်ပြင်ကျေးရွာ နှင့် အောင်ဒိုင်ကျေးရွာတို့အနီးတစ်ဝိုက်တွင် ဘင်္ဂလာမှ မကြာသေးမီ နှစ်များအတွင်း ၀င်ရောက်နေထိုင်သော ကုလားများသည် ရွာဖွဲ့နေထိုင်ကြောင်း သိရှိရသည်သာမက ပလ္လင်ပြင် (ရခိုင်) ကျေးရွာ နှင့် လေးဖာလုံ မျှသာဝေကွာသော နေရာကို ငါးဖမ်းဆိပ် ပြုလုပ်ကာ လက်နက်များသွင်းနေကြသည် ဟုလည်း မှန်းဆချက်များရှိနေသည်။

မကြာသေးမီနှစ်များအတွင်း ဘင်္ဂလာဒေ့ရှ်မှ ခိုးဝင်လာသော ကုလားများသည် စစ်တွေမြို့နယ်အနောက်ဘက်ခြမ်း ဇောပူဂျာ ၊ ပလ္လင်ပြင် နှင့် အောင်ဒိုင် ကျေးရွာများ အနီးအနားတွင် အခြေချနေထိုင်ကြသည်။ ဘင်္ဂလာဒေ့ရှ်မှ ၄င်းတို့လာရင်း ရွာနာမည်များကို အစွဲပြုခေါ်ဝေါ်သည့် “ခံဘောက်” ၊ “မောချောကာလီ” အစရှိသည့် ရွာများကို တည်ထောင်ကာ နေထိုင်နေကြသည်မှာ နှစ်အနည်းငယ် ရှိပြီဖြစ်ကြောင်း သိရှိရသည်။ ခံဘောက် ၏ အိမ်ခြေကို မသိရသေးသော်လည်း မောချောကာလီမှာ အိမ်ခြေ (၁၅၀) ခန့်ရှိသည် ဟု သိရသည်။

ပလ္လင်ပြင် (ရခိုင်)ရွာ နှင့် လေးဖာလုံမျှ ဝေးသော ကမ်းပိုင်လုပ်ကွက် (ပုဇွန်မွေးကန်) တစ်ခုကို ပိုင်ရှင် ရခိုင်တစ်ဦးထံမှ ကုလားများက စုပေါင်းငှားရမ်းကာ ကုလားစက်လှေများအတွက် ပင်လယ် ၀င်ထွက်ပေါက် အဖြစ် အသုံးပြုကာ လူများ နှင့် လက်နက်များသွင်းနေကြသည် ဟု ဆိုသည်။

ထိုနယ်မြေ ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဝင်းမှာ ယခင် နာဇီရပ်ကွက် အခြေစိုက် ကုလားသူဌေးကြီး ခင်မောင်လှ၏ လက်ကိုင်တုတ် တပည့်တစ်ဦးဖြစ်ပြီး စစ်တွေမြို့နယ်အတွင်းသို့ ဘင်္ဂလာကုလားများအား ခိုးသွင်းရာတွင် အမြဲတမ်း အထောက်အကူပြုခဲ့သူဖြစ်သည်။

ထိုနယ်မြေတစ်ဝိုက်တွင် ရခိုင်လူဦးရေမှာ အချိန်နှင့်အမျှ အလျင်အမြန်ကျဆင်းနေပြီး ကုလားဦးရေမှာ အချိန်နှင့်အမျှ အလျင်အမြန်တိုးပွားနေသည်။

ပလ္လင်ပြင် (ရခိုင်)ရွာတွင် ပြီးခဲ့သော နှစ်နှစ်ကျော်ကာလက အိမ်ခြေ (၁၈၀)ခန့်ရှိခဲ့သော်လည်း ယခုအခါ အိမ်ခြေ (၇၀) ခန့်သာ ကျန်တော့သည်။ ပလ္လင်ပြင် (ရွာမ) တွင် ယခင်က ရခိုင်အိမ်ခြေ (၇၀)ခန့်ရှိရာမှ ယခုအခါ (၄၀) ခန့်သာ ရှိတော့သည်။

သို့ရာတွင် ပလ္လင်ပြင် (ကုလား)ရွာတွင် ၁၉၉၂-ခုနှစ် ၀န်းကျင်က အိမ်ခြေ (၁၃၀) ခန့်သာ ရှိခဲ့ရာမှ နှစ်ပေါင်းနှစ်ဆယ်အကြာ ယခုအခါတွင် နှစ်ဆတိုးကာ အိမ်ခြေ (၂၆၀) ရှိနေပြီဖြစ်သည်။

အနီးရှိ ပလ္လင်ပြင် ကုလားဒုက္ခသည်စခန်းတွင် မနှစ်က ကုလားအိမ်ထောင်စုပေါင်း (၁၃၀၀) ခန့်သာ ရှိခဲ့ရာမှ ယခုအခါ အိမ်ထောင်စု (၁၈၀၀)ခန့်အထိ တိုးပွားလာခဲ့သည်။

ယမန်နှစ် ကုလားအိမ်ထောင်စု (၁၃၀၀) ခန့်သာရှိခဲ့သော ကာလ က စာရင်းကောက်ယူမှုတစ်ခုအရ ၄င်းတို့ထဲတွင် ကိုယ်ဝန်ဆောင်ကုလားမ (၆၅၀) နှင့် နို့တိုက်မိခင် ကုလားမ (၃၅၀) ရှိခဲ့သည် ဟုဆိုသည်။

ထိုအချိန်က အနီးရှိ ပလ္လင်ပြင် ရခိုင် ရွာမ နှင့် ရွာသစ် နှစ်ခုပေါင်းတွင် ရခိုင် ကိုယ်ဝန်ဆောင်မိခင် နှစ်ယောက် နှင့် နို့တိုက်မိခင် နှစ်ယောက်သာ ရှိခဲ့သည် ဟုဆိုသည်။

(Coral Arakan News အတွက် ဥတုခင်စိုင်း ရေးသားသည်။)

================================

အလံကိုင်တဲ့ကောင်အခွက်ပြောင်တယ်


U Zaw Tika

ထိုင်းလုံထိန်းရဲများ နှင့် အတိုက်အခံ

ရာမူး(ပန်းဝါ) ဘုန်းတော်ကြီးကျောင်းများ မီးရှို့တိုက်ခိုက်မူ နောက်ကွယ်က ကြိုးကိုင်သူဟု စွပ်စွဲခံရသူ ဖမ်းမိ



(နိရဉ္စရာ- ၂၉ နိုဝင်္ဘာလ ၂၀၁၃)

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ကော့စ်ဘဇား ခရိုင် ရာမူး (ပန်းဝါ)မှ ဗုဒ္ဓဘုန်းတော်ကြီးကျောင်းများ မီးရှို့တိုက်ခိုက် လုယက်မူကို နောက်ကွယ်က အဓိက ကြိုးကိုင်ခဲ့သူဟု စွပ်စွဲခံထားရသူကို ဘင်္ဂလာဒေခ်ျ့ အထူး ရဲထောက်လှမ်းရေး တပ်ဖွဲ့ တစ်ခုမှ ယမန်နေ့က ဖမ်းဆီးလိုက်သည်ဟု ယနေ့ထုတ် ဘင်္ဂလာ သတင်းစာများတွင် ဖေါ်ပြသည်။

ဖမ်းဆီးခံရသူမှာ မြန်မာနယ်စပ် မောင်တောမြို့နယ်နှင့် ကပ်နေသော စစ်တကောင်း တောင်တန်းနယ် ဘင်ဒရိုဘင် (ရွာတော်) ခရိုင် နတ်ကျောက်ဆရီ မြို့နယ် ဥက္ကဌ တော်ဖီလ် အာမတ် ဆိုသူ ဖြစ်သည်။ ၎င်းသည် ဂျာမတ် အစ္စလာမ်မီယား ပါတီတွင် ရာထူး တာဝန် မရှိသော်လည်း ထိပ်တန်းခေါင်းဆောင်များနှင့် အဆက်အသွယ်ရှိ နီးစပ်သူ ဖြစ်ကြောင်း သတင်းစာများတွင် ဖေါ်ပြသည်။

၂၀၁၂ ခုနှစ် စက်တင်္ဘာလ ၂၉ ရက်နေ့ ညဥ့်အချိန်တွင် ရာမူး (ပန်းဝါမြို့) မှ ဗုဒ္ဓဘုန်းတော်ကြီးကျောင်းများကို အကြမ်းဖက်အုပ်စုများက ၀င်ရောက် မီးရှို့တိုက်ခိုက်ပြီး ကျောင်းပေါ်မှ ဆင်းထုတော်များ အပါအ၀င် အဖိုးတန် ပစ္စည်းများကို လုယက် ယူဆောင်သွားခဲ့ကြသည်။

၎င်းတိုက်ခိုက်မူ အတွင်း ရာမူး (ပန်းဝါ) အပါအ၀င် အိုကီယားမြို့နယ်မှ ဘုန်းတော်ကြီးကျောင်း (၂၁) ကျောင်း မီးရှို့ဖျက်ဆီး ခံခဲ့ရသည်။

၎င်းတိုက်ခိုက်မူများကို ယခု ဖမ်းဆီးခံရသူ တော်ဖီလ် အာမတ်က နောက်ကွယ်က ကြိုးကိုင်သည်ဟု ရဲက သံသယဖြစ်ပြီး လိုက်လံ ဖမ်းဆီးရာ ယင်းတော်ဖီလ်အာမတ်မှာ ၎င်းအချိန်ကပင် ထွက်ပြေး တိမ်းရှောင် သွားခဲ့သည်ဟု ဆိုသည်။

ယမန်နေ့က ရုတ်တရက် လူမြင်ကွင်းသို့ ထွက်ပေါ်လာခဲ့ပြီး သူ၏ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ရှိနေစဉ် ရဲက ဖမ်းဆီးလိုက်သည်ဟု သိရသည်။

ယခု ဖမ်းဆီးခံရသူသည် ရာမူး (ပန်းဝါ) ဘုန်းတော်ကြီးကျောင်းများကို တိုက်ခိုက်ရန်လူများကို စုဆောင်း ပေးခဲ့သည်သာမက ငွေကြေးပေးပြီးလည်း ဌာရမ်းခဲ့ကြောင်း ရဲက စွပ်စွဲထားသည်။

သူ့အား ဘင်္ဂလာဒေခ်ျ့ ရဲတပ်ဖွဲ့မှ အမူပေါင်း (၁၉) ခုဖြင့် တရားစွဲဆိုထားကြောင်းနှင့် ယမန်နေ့က တရားရုံးထုတ်ကာ ရမန်ယူခဲ့သည်ဟု သိရသည်။

ကော့စ်ဘဇား ခရိုင် ရာမူး (ပန်းဝါမြို့) နှင့် အိုကီယား မြို့နယ် တွင် ၎င်းနေ့က မီးရှို့ ဖျက်ဆီးခံခဲ့ရသော ဘုန်းတော်ကြီးကျောင်း (၂၁) ကျောင်းကို ဘင်္ဂလာဒေခ်ျ့ အစိုးရက နောက်ပိုင်းတွင် တာကာငွေ ကုဋေနှင့် ချီပြီး အကုန်အကျခံကာ ခိုင်ခန့်သော အဆောက်အဦးကြီးများဖြင့် ပြန်လည် အစားထိုး တည်ဆောက်ပေးခဲ့သည်။

သို့သော်လည်း တန်ဖိုး မဖြတ်နိုင်သော ရှေးဟောင်း လက်ရာဆင်းထုတော်များ အပါအ၀င် ဗုဒ္ဓ၀င် စာပေ ကျမ်းကန်များနှင့် ကျောင်းတော်များကို တည်ဆောက်ထားသော ယဉ်ကျေးမူ အနုပညာ လက်ရာများကိုမူ ပြန်လည် ရရှိနိုင်ခြင်း မရှိတော့သဖြင့် ဘုန်းကြီးကျောင်းများ မီးရှို့ ဖျက်ဆီးတိုက်ခိုက် ခံရမူမှာ ကြီးမားသော ဆုံးရှုံးမူကြီး တစ်ရပ်ဖြစ်ကြောင်း ပန်းဝါမြို့မှ ဗုဒ္ဓဘာသာဝင်များက ပြောကြားသည်။

ဦးသန်းရွှေ ရွေးစရာလမ်း သိပ်ကျန်မှာမဟုတ်တော့ဟုဗိုလ်ချုပ်လွန်းမောင် ပြော


Hawdeka Khalaylay

ဦးသန်းရွှေ ဆက်ပြီးလောဘဇောတိုက်နေအုံးမယ်ဆိုရင် သူ့အတွက်ရွေးစရာလမ်း သိပ်ကျန်မှာမဟုတ်တော့ဘူး ဟုထမင်းဆိုင်ဖွင့်ရောင်းနေသော အငြိမ်းစားဗိုလ်ချုပ်လွန်းမောင်က ပြောကြား

(နေပြည်တော်သတင်းရပ်ဝန်း)

ဦးသန်းရွှေ ဆက်ပြီးလောဘဇောတိုက်နေအုံးမယ်ဆိုရင် သူ့အတွက်ရွေးစရာလမ်း သိပ်ကျန်မှာမဟုတ်တော့ဘူး ဟုထမင်းဆိုင်ဖွင့်ရောင်းနေသော အငြိမ်းစားဗိုလ်ချုပ်လွန်းမောင်က ပြောကြားလိုက်သည်ဟု သတင်းရရှိသည် ၊

ဒီအတိုင်းဆက်ပြီး လောဘဇောတိုက်နေရင် ဆက်ပြီးချုပ်ကိုင်ထားမယ်ဆိုရင် သူ့အတွက် ရွေးစရာလမ်း သိပ်ကျန်မှာ မဟုတ်တော့ဘူး ၊ အခုလည်း သူ့ကို တပ်ထဲမှာရော အပြင်မှာရော ဘယ်သူမှ လက်မခံကြတော့ဘူးလေ ၊ ဒါအဖြစ်မှန်လေ ၊

မဟုတ်တာလုပ်ထားရင်တော့ ပြန်ခံရမှာပဲ ၊ ဒီသဘာဝကြီးကိုတော့ ဘယ်သူမှ လွန်ဆန်လို့မရဘူး ၊ တစ်ခုတော့ ရှိတယ် သူ့အမှားတွေကို ဝန်ချတောင်းပန်ပြီး စစ်တပ်ကို နေရာမှန်ရောက်အောင် သူကိုယ်တိုင်က ပြန်တည့်ပေးလိုက်တာမျိုးဆိုရင်တော့ တမျိုးပေါ့ ၊

ဒီအတိုင်းဆက်သွားလို့ကတော့ ဟိုမှာ ကျန်ဇီးမင်းတို့ ဟူကျင်တောင်တို့ကြည့်ပါလား ၊ သူ့ထက် အဆက်တစ်ရာတစ်ထောင်လောက် သြဇာပါဝါရှိခဲ့တာလေ ၊ အခု တရားရုံးမှာလာရင်ဆိုင်ဖို့ ဖမ်းဝရမ်းအထုတ်ခံထားရပြီမဟုတ်လား ၊ သူ ဒါကို သဘောပေါက်သင့်ပြီ ၊၊

(နေပြည်တော်သတင်းရပ်ဝန်းမှ ပေးပို့လာသော အင်တာဗျူးသတင်းဖြစ်သည်)