Sunday, December 1, 2013

စံပယ်ကိုကို(ခ)ဇာဇာသိမ့်(ခ)နဝရတ် ၏ အစစ်ခံချက်

Moe Zay Nyein

အပိုင်း(၄)
======
(မှတ်ချက် -
အပိုင်း-၁ မှာ ဒီဇာတ်လမ်းတွေရဲ့အစကို ဖော်ပြထားပါတယ်။ ၂၀၀၈ ခုနှစ် သင်္ကြန်မှာ တရားခံတစ်ယောက်ကို စတင်ဖမ်းမိပြီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာတော့ ၂၀၀၈ ခုနှစ် နှစ်လည်ပိုင်းလောက်မှာ ဖြစ်ပါတယ်။ ဒီတော့ အပိုင်း-၁ ကို မဖတ်မိသူတွေအနေနဲ့ လက်ရှိဖြစ်နေတဲ့ကိစ္စလို့ ထင်နေကြလို့ပါ။ သတိထားကြည့်မယ်ဆိုရင် အစစ်ခံချက်တွေရဲ့ ခေါင်းစဉ်တွေမှာလည်း စစ်ဆေးတဲ့နေ့စွဲတွေကို ပူးတွဲဖော်ပြ ထားတာကို တွေ့နိုင်ပါတယ်။

ဒီဖိုင်တွေကို ကျွန်တော့် ကွန်ပျူတာထဲမှာ သိမ်းထားခဲ့တာ လေးနှစ်ကျော် ငါးနှစ်လောက် ရှိပါပြီ။ ဖေ့စ်ဘုတ်မှာ ဖော်ပြဖို့လည်း မကြာခဏစဉ်းစားဖူးပါတယ်။ ဒါပေမဲ့ ဖိုင်တွေရဲ့ မူလဖောင့်က Win Researcher ဖောင့်တွေဖြစ်နေတာမို့ လက်လျှော့ခဲ့တာပါ။ ဒီအတိုင်းပဲထားရင် ဒိတ်အောက်ကုန်မယ်လို့ စဉ်းစားမိတာမို့ တပည့်တစ်ယောက်ကို အကူအညီတောင်း Zawgyi ဖောင့်ပြောင်းခိုင်းပြီးလို့ ဒီစာတွေ ဖေ့စ်ဘုတ်ပေါ် တင်ဖြစ်တာပါ။

ဒီအမှုတွဲထဲမှာ နာမည်ကြီးအနုပညာရှင်တွေအတော်များများနဲ့ အောင်ဇော်ရဲမြင့်၊ ကျော်စွာမြင့်၊ စည်သူသာအေးတို့လို စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ သားသမီးတွေ၊ ဆွေမျိုးသားချင်းတွေ ပါဝင်ပတ်သတ်နေပါတယ်။ အဲ့သလို တရားဥပဒေရဲ့အထက်မှာ ရှိနေသူများ ပါဝင်ပတ်သတ်နေတာကြောင့် ဒီအမှုတွဲထဲမှာပါတဲ့ တရားခံအားလုံးလိုလို အပြစ်ပေး အရေးယူခြင်း မခံခဲ့ရပါဘူး။- မိုးဇေညိမ်း)

စံပယ်ကိုကို (ခ) မဇာဇာသိမ့် (ခ) နဝရတ်၏ အစစ်ခံချက် ( ၂၈-၅-၂ဝဝ၈ ရက်နေ့)

၁။ အမည် - စံပယ်ကိုကို (ခ) မဇာဇာသိမ့် (ခ) နဝရတ်
၂။ အသက် - (၃ဝ)နှစ်၊ ၆-၉-၇၇
၃။ မှတ်ပုံတင်အမှတ် - ၁၂/အစန (နိုင်) ၁၇၁၁၂ဝ
၎။ အဘအမည်/ - ဗိုလ်မှူးကြီးကိုကို ( အငြိမ်းစား)
နေရပ် - သီရိဂုဏ်အိမ်ရာ၊ ဝေဇယန္တာလမ်း၊ သင်္ဃန်းကျွန်း
၅။ အမိအမည် - ဒေါ်အေးအေးမြင့် (ဘ) ဦးမောင်ရီ၊ ၅၄ နှစ်
နေရပ် - မ/၃၃၃၊ဗိုလ်ဥာဏလမ်း၊ (ရ) မိုင်
၆။ လူမျိုး/ဘာသာ - ဗမာ/ဗုဒ္ဓ
၇။ လက်ရှိနေရပ်လိပ်စာ - သီရိဂုဏ်အိမ်ရာ၊ ဝေဇယန္တာလမ်း၊ သင်္ဃန်းကျွန်း
၈။ မွေးရပ်ဇာတိ - ရန်ကုန်မြို့
၉။ ပညာအရည်အချင်း - ၁ဝ တန်း
၁ဝ။ အလုပ်အကိုင် - ရုပ်ရှင်သရုပ်ဆောင်
၁၁။ ဇနီး / ခင်ပွန်း - မရှိပါ။
၁၂။ မွေးချင်းညီအစ်ကိုမောင်နှမများ - (၁)မသဇင်ကိုကို (အစ်မ)
၁၃။ သား/သမီးများ - မရှိပါ
၁၄။ စစ်ဆေးသောနေ့ရက်/နေရာ - ၂၈-၅-၂ဝဝ၈/ ဝ၁၃ဝ
၁၅။ ကိုယ်ပုံသဏ္ဍာန် - အရပ် ၅ ပေ ၄ လက်မ၊ မျက်နှာသွယ်၊ နှုတ်ခမ်းပါး၊ နှာတံပေါ်စင်း၊ မျက်ခုံးတို

ကိုယ်ရေးရာဇဝင်အကျဉ်း

ကျွန်မအား အထက်ပါမိဘနှစ်ပါးမှ ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ၃၆ လမ်းတွင် မွေးဖွားခဲ့ပြီးနောက်၊ အသက် ၁၁ နှစ်အရွယ်တွင် မရမ်းကုန်းမြို့နယ်၊ ၇မိုင်ခွဲ၊ တေးနုယဉ်လမ်းသို့ ပြောင်းရွှေ့နေထိုင်ခဲ့ပါသည်။ ထိုနေရာတွင် ၂/၃ နှစ်ခန့်နေထိုင်ပြီး မရမ်းကုန်းမြို့နယ်၊ ၉ မိုင်၊ ဗိုလ်ညဏလမ်း၊ အမှတ် ၃၃၃ သို့ ပြောင်းရွှေ့ နေထိုင်ခဲ့ပါသည်။ ယခုလက်ရှိအိမ်တွင် မိခင်ဖြစ်သူနေထိုင်လျက်ရှိပါသည်။

ကျွန်မသည် အ မ က (၆) ကျောက်တံတားတွင် မူလတန်းပညာကို သင်ကြားခဲ့ပြီး အ ထ က (၂) ကမာရွတ်၊ အင်းစိန်စော်ဘွားကြီးကုန်းရှိ အ ထ က ကျောင်း၊ မင်္ဂလာဒုံမြို့နယ် အောင်ဆန်းသူရိယလှသောင်းကျောင်း၊ အ ထ က (၂) စမ်းချောင်းတို့တွင် ပညာသင်ကြားခဲ့ပြီး (၁ဝ) တန်းထိ ပညာသင်ကြားခဲ့ပါသည်။ ၁ဝ တန်းကို အောင်သည်အထိ ပညာသင်ကြားခြင်းမရှိတော့ပါ။

မှုခင်းပိုင်းဆိုင်ရာထွက်ဆိုချက်

လွန်ခဲ့သည့်နှစ်နှစ်ကျော်ခန့်တွင် ရုပ်ရှင်သရုပ်ဆောင်ချောရတနာ မိတ်ဆက်ပေးသည့် အတွက် အောင်ဇော်ရဲမြင့်နှင့် စတင်သိကျွမ်းခဲ့ပါသည်။ ထိုအချိန်က ကျွန်မမှာလည်း ချစ်သူရည်းစားရှိခဲ့သည့်အတွက် အသိအကျွမ်းအနေဖြင့်သာ သိရှိခဲ့ပါသည်။၂ဝဝ၇ခုနှစ်၊အောက်တိုဘာလ၊နိုဝင်ဘာလခန့်တွင် အောင်ဇော်ရဲမြင့်မှ ဖုန်းဆက်သွယ်လာပြီး ၄င်းမှာဇနီးဖြစ်သူအေးမြအောင်နှင့်တရားဝင်ကွာရှင်းတော့မည် ဖြစ်ကြောင်းကို ဖုန်းဖြင့်ဆက်သွယ်ပြောကြားခဲ့ပါသည်။ ကျွန်မမှ အောင်ဇော်ရဲမြင့်မှာ အေးမြအောင်နှင့် လက်ထပ်သွားသည့်ကို မသိလိုက်ခဲ့ပါ။ ယခုကွာရှင်းတော့မည် ဖြစ်ကြောင်းသိသည့်အခါ သူ့ကိုအားပေးစကား ပြောကြားပြီး ဆက်သွယ်မှု ရှိလာခဲ့ပါသည်။ အောင်ဇော်ရဲမြင့်လက်ထပ်သည့်နေ့မှာ သူ၏မွေးနေ့ဖြစ်သည့် မေလ ၁၃-ရက်နေ့တွင် အေးမြအောင်နှင့်လက်ထပ်ခဲ့ပြီး ၆လခန့်အကြာတွင် ကွာရှင်းခဲ့ခြင်းဖြစ်ပါသည်။ သူ့ဇနီး အေးမြအောင်နှင့် အဆိုတော်ရဲလေးတို့ တိတ်တဆိတ် ချစ်ကြိုက်နေကြောင်း သိရသဖြင့် ကွာရှင်းခဲ့ခြင်း ဖြစ်ကြောင်း ကြားသိရပါသည်။

အောင်ဇော်ရဲမြင့်နှင့်အေးမြအောင်တို့ ကွာရှင်းသည့်(၂ဝဝ၇ခုနှစ်၊အောက်တိုဘာလ၊နိုဝင်ဘာလခန့်) နေ့၌ပင် အောင်ဇော်ရဲမြင့်မှ ကျွန်မအားချစ်ခင်ကြောင်းပြော၍ ကမ်းလှမ်းခဲ့ပါသည်။နောက်ပိုင်းတွင် ကျွန်မနှင့်တွဲ၍ သွားလာမှုများရှိခဲ့ကာ ကန်တော်ကြီးဟိုတယ်၊ Pioneer CLUBနှင့် BME One CLUB တို့၌ သွားလာလေ့ ရှိပါသည်။

ရဲတံခွန်တာဝါတွင် နေထိုင်ခြင်း

လွန်ခဲ့သည့် (၃/၄)လခန့်မှစ၍ ကျွန်မသည် အောင်ဇော်ရဲမြင့်နေထိုင်သည့် ရဲတံခွန်တာဝါသို့လိုက်ပါ၍ နေထိုင်ခဲ့ပါသည်။ အောင်ဇော်ရဲမြင့်သည် CLUB များသို့သွားပြီးအပြန်တွင် သူငယ်ချင်းများမှာ အတွဲများဖြင့် လိုက်လာပြီး စုရုံး၍ စားသောက်နေထိုင်လေ့ရှိကြပါသည်။ ကျွန်မမှ ရဲတံခွန်တာဝါတွင် လိုက်ပါနေထိုင်သည်ကို ကျွန်မ၏ မိဘနှစ်ပါးမှသိရှိသကဲ့သို့ အောင်ဇော်ရဲမြင့်၏မိဘနှစ်ပါးကလည်း သိရှိပါသည်။ ကျွန်မမိဘများ အနေဖြင့် အောင်ဇော်ရဲမြင့်မှာ ဆိုးသွမ်းသည်ဟုသတင်းကြားသည့်အတွက် သဘောမတူကြပါ။ အောင်ဇော်ရဲမြင့်၏မိဘများဘက်မှ မည်သို့မျှ မပြောပါ။

ကျွန်မရဲတံခွန်တာဝါသို့ရောက်ရှိနေထိုင်ပြီးနောက်ပိုင်း အောင်ဇော်ရဲမြင့် ထံသို့လာရောက်တတ်သူများမှာ ဂန္တဝင်နှင့်၎င်း၏ ညီမဝမ်းကွဲ မငယ် (M-၃ အဆိုတော်)၊ ပြည့်ဖူးခိုင်နှင့် ၄င်း၏ရည်းစား Pioneer Club DJ ဝင်းအောင်၊ သင်ဇာဝင့်ကျော်နှင့် ၄င်း၏ရည်းစား စည်သူမိုးမြင့်၊ မင်းနိုင်နှင့်၎င်း၏တူ ကျော်သူဝင်းတို့မှာ ကလပ်တွင် တွေ့ဆုံကြ ပြီးနောက် ၄င်းတို့၏ကားများဖြင့် ရဲတံခွန်တာဝါသို့ လိုက်လာခဲ့ပါသည်။ ထို့နောက် DJ အခန်း(TV ကြည့်နေသည့်အခန်း) ထဲသို့ ဝင်ရောက်ကာ Ecstasy ဆေးပြားများသုံး၍ ကကြပါသည်။

ကျွန်မနှင့် အောင်ဇော်ရဲမြင့် မတွဲမီက အောင်ဇော်ရဲမြင့်နှင့်ဂန္တဝင်တို့ ရည်းစားအဖြစ် တွဲခဲ့ပါသည်။ ယခုကျွန်မနှင့် တွဲနေသည့်ကာလအတွင်း ကျွန်မနှင့် အောင်ဇော်ရဲမြင့်တို့ အဆင်မပြေရန်ဖြစ်၍ ကျွန်မ၏ မိခင်ရှိသည့် မရမ်းကုန်း ၊ ဗိုလ်ညဏလမ်း၊ အမှတ် ၃၃ရှိနေအိမ် သို့ပြန်ခဲ့ပါသည်။ ထိုအချိန်အတွင်း ဂန္တဝင်၊ ပြည့်ဖူးခိုင်နှင့် နိုင်လင်း၊ ကျော်သူဝင်း၊ မင်းနိုင်တို့အုပ်စု ရဲတံခွန်တာဝါရှိ အောင်ဇော်ရဲမြင့်နေအိမ်သို့ ကလပ်မှအပြန်တွင် လိုက်လာကြပါသည်။ ကျော်သူဝင်းနှင့် အောင်ဇော်ရဲမြင့်တို့ မပြေလည်သည့်ကိစ္စကို လိုက်ပါတောင်းပန်ကြခြင်း ဖြစ်ပါသည်။ ၄င်းတို့အုပ်စုထဲမှာ M-3 မှ အဆိုတော် မငယ်ဆိုသူမှာ အောက်တိုဘာလခန့် တွင် ရဲတံခွန်တာဝါသို့ ရောက်ရှိလာပြီး ညအိပ်ခဲ့ကြောင်း နံနက်မိုးလင်းသည့်အခါ ကျော်သူဝင်း၊ ပြည့်ဖူးခိုင်၊ နိုင်လင်းတို့မှ လာရောက်၍ ကြိုသွားကြောင်း၊ နောက်တစ်နေ့တွင် ဂန္တဝင် တစ်ယောက်တည်း ရောက်လာပြီး မငယ်အား ယမန်နေ့က မည်သည့်အတွက် ခေါ်သွားကြောင်း မေးမြန်းသည်ကို သိရှိရပါသည်။

Ecstasy ဆေးပြားများသုံးစွဲဖူးခြင်း

ကျွန်မသည် အောင်ဇော်ရဲမြင့်နှင့် ရည်းစားမဖြစ်မီက ၂ဝဝ၇ ခုနှစ် စက်တင်ဘာ၊ အောက်တိုဘာလခန့်တွင် ရွှေကောင်းဟော့ပေါ့ ပိုင်ရှင် (တရုတ်မအမည်မသိ) ၄င်း၏ရည်းစား ဦးဖိုးဌေး၊ (အိုက်ဟောက်၏တပည့်၊ မန္တလေးမြို့သား) တို့နှင့်အတူ BME-1 တွင် တွေ့ဆုံလေ့ရှိပါသည်။ တွေ့ဆုံသည့်အခါများတွင် အိုက်ဟောက်၏ တပည့် ကိုဖိုးဌေးမှ ကျွန်မအပါအဝင် ရုပ်ရှင်မင်းသမီးများအား Ecstacsy ဆေးပြား ၁ ပြား/တစ်စိတ်စီ တိုက်လေ့ ရှိပါသည်။ ကိုကလပ်သည် အထူးသဖြင့် ရုပ်ရှင်မင်းသမီးများကို Ecstasy ဆေးပြား တစ်စိတ်စီကို တိုက်လေ့ ရှိပါသည်။ ကလပ်များသို့ ရုပ်ရှင်သရုပ်ဆောင်များလာပါက ကလပ်တွင် ဧည့်သည်စည်ကားစေရန်အတွက် ဆေးပြားများကို တိုက်ကျွေးခြင်းဖြစ်ပါသည်။

BME-1 မှ အထူးအခန်းများ

BME-1 တွင် အထူးအခန်းတွင် ထားလေ့ရှိပြီး ထိုအခန်းများသို့ အိုက်ဟောက်၊ တိုနီထွန်းထွန်းမှ ကိုဇော်ကြီး၊ J Donuts ကိုအေးဝင်း၊ ကိုသက်နိုင်၊ ကိုတေဇ၏တပည့် နားကွင်းသူရ၊ ယုံးဖူကော (ဖားကန့်တွင် ကျောက်လုပ်သူ) ပဲအရောင်းအဝယ်လုပ်သူ ကုလားလူမျိုး ဦးမြင့်သန်းတို့ လာရောက်လေ့ရှိပါသည်။ ၄င်းတို့နှင့် သိကျွမ်းသူ အမျိုးသမီးငယ် အဖော်များကို ခေါ်လာပြီး သီးသန့်ကခုန်ကြခြင်း ဖြစ်ပါသည်။ အိုက်ဟောက်မှ ရုပ်ရှင်သရုပ်ဆောင် မိုးဟေကို၊ ပပဝင်းခင်နှင့် ဇင်ဇင်ဇော်မြင့် တို့အား ခေါ်ယူ၍ ကခုန်ကြပြီး ထိုရုပ်ရှင် သရုပ်ဆောင်များကို ခေါ်ယူစဉ် အိုက်ဟောက်မှ ၅ သိန်းပေးပါသည်။ BME-1 ရှိ အထူးခန်းတွင် အိုက်ဟောက်၏ တပည့် ကိုဖိုးဌေးနှင့် လာရောက်သူ အမျိုးသမီးကလေးများ Ecstasy ဆေးပြား တစ်စိတ်စီကို တိုက်ကြောင်း၊ အလားတူ အပြင်ဘက်ရှိ ခန်းမတွင်လည်း လိုက်၍တိုက်ကြောင်း၊ ထို့အပြင် ထမင်းစားပန်းကန်ပေါ်တွင် K-Powder အမှုန့်များကို ထည့်ပေးထားပြီး နှစ်သက်သူ သုံးစွဲရန်တင်ပေးထားပါသည်။

အက်စ်ကားဘိတ်ဟိုတယ်သို့သွားရောက်ခြင်း
ကျွန်မသည် ၂ဝဝ၇-ခုနှစ် စက်တင်္ဘာလခန့်တွင် ကိုဖိုးဌေး၊ ကိုဖိုးဌေး၏ရည်းစားဖြစ်သူ မယမင်းတို့နှင့်အတူ ကမာရွတ်၊လှည်းတန်းလမ်းမကြီးပေါ်ရှိ အက်စ်ကားဘိတ် ဟိုတယ်သို့သွားရောက်ခဲ့ပါသည်၊ဟိုတယ်တွင် J Donuts ကိုအေးဝင်းမှ BME-1 မှ DJ ကိုပါခေါ်ပြီး ပါတီပွဲပြုလုပ်ခဲ့ပြီး ထိုနေ့က ကျွန်မနှင့်အတူ ကိုသက်နိုင်၊ နားကွင်းသူရ၊ တိုနီထွန်းထွန်းမှ ကိုဇော်ကြီး၊ယုံဖူကော (ကိုတေဇနှင့်တွဲနေကျအမျိုးသမီး) တို့ လာရောက်ကြပါသည်။ သီးသန့် ပါတီပွဲဖြစ်၍ လူသိများကိုသာဖိတ်ခြင်းဖြစ်ပါသည်၊ ထိုပါတီပွဲတွင်လည်း စိတ်ကြွဆေးပြားကို လူတိုင်းသို့တိုက်ပါသည်။

အောင်ဇော်ရဲမြင့်နှင့် WY အတူသုံးစွဲခြင်း

၂ဝဝ၇-ခုနှစ် နိုဝင်္ဘာလခန့်က အောင်ဇော်ရဲမြင့် နှင့်စတင်ချစ်ကြိုက်ခဲ့ပါသည်၊ ၄င်းနှင့်ချစ်ကြိုက်ပြီး WY ဆေးပြားကို အတူသုံးစွဲခဲ့ပါသည်၊အောင်ဇော်ရဲမြင့်နှင့် မကြိုက်ခင်(၂) လခန့်ကစ၍ ၄င်းဆေးပြားအား ဂန္တဝင်၊ မငယ်၊ကျော်သူဝင်း၊ကိုမင်းနိုင်၊ပြည့်ဖူးခိုင်၊နိုင်လင်း၊သင်ဇာဝင်ကျော် တို့နှင့်အတူ စတင်သုံးစွဲခဲ့ပါသည်။ ၄င်းတို့နှင့် အတူ Golden Hill တွင် (နိုက်ဆင်း)မရှိသည့်ရက်များတွင် သုံးစွဲခဲ့ဘူးပါသည်၊ ၄င်းနောက် နိုဝင်္ဘာလဆန်းတွင် ၄င်းအဖွဲ့နှင့်တွဲသည်ကို မိခင်မှမကြိုက်သဖြင့် မိသားစုအားလုံး(၉)ရက် တရားစခန်း ဝင်ချိန်တွင် လိုက်ပါဝင်ရန်ခေါ်သါားခဲ့ပါသည်၊ တရားစခန်းမှ ပြန်လာခဲ့ပြီးနောက်ပိုင်း နိုဝင်္ဘည(၁၃)ရက်နေ့တွင် အောင်ဇော်ရဲမြင့် မှကန်တော်ကြီး Lake View စားသောက်ဆိုင်တွင် ထမင်းဖိတ်ကျွေးပြီး၊ ၄င်းနေ့တွင် ချစ်ကြိုက်ခဲ့ပါသည်၊ ၄င်းနှင့်ချစ်ကြိုက်နေစဉ်အတွင်း ဂန္တဝင်တို့အဖွဲ့မှ မကြိုက်ရန်တားမြစ်ပြီး ၊အားလုံးမှ အဆက်အသွယ်ဖြတ်သွားကြပါသည်၊ တစ်ပါတ်ခန့်ကြာသောအခါမှ အောင်ဇော်ရဲမြင့်အား ပြန်လည်စကားပြော ကြပါသည်။

အောင်ဇော်ရဲမြင့်နှင့်ချစ်ကြိုက်ပြီး၊၄င်းမှ WY သုံးဘူးလားဟုမေးရာ ဂန္တဝင်တို့နှင့် သုံးဘူးကြောင်းပြောပြ ခဲ့ပါသည်။ ၄င်းနောက်ပိုင်းတွင် အောင်ဇော်ရဲမြင့်၏အိမ်တွင် ၂ဝဝ၇-ခုနှစ် နိုဝင်္ဘာလမှစ၍ နေ့စဉ် ရှူတင်သွားကာနီးတွင် ကျွန်မမှ (၂)လုံးသုံးစွဲပြီး အောင်ဇော်ရဲမြင့်မှ ဘယ်နှစ်လုံးသုံးသည်ကိုမသိရှိပါ၊ နိုက်ဆင်းရှိသည့်ရက်များတွင် အိမ်သို့ညနေ(၆)နာရီခန့်တွင် ပြန်လည်ရောက်ရှိပြီး၊ ညနေ ရှူတင်မသွားခင် (၆)နာရီခွဲခန့်တွင် (၂/၃)လုံးသုံးစွဲပြီးမှသွားပါသည်၊ နိုက်ဆင်းမရှိသည့်ရက်များတွင် မိဘအိမ်၊ စက်ချုပ်ဆိုင်၊ အလှပြင်ဆိုင် များသို့ အလှည့်ကျသွားပြီး မိဘအိမ်တွင် ပြန်အိပ်ပါသည်၊ တစ်ခါတစ်ရံ ကလပ်သို့ အောင်ဇော်ရဲမြင့်နှင့်အတူ သွားရောက်ခဲ့ပါသည်၊ တစ်ပါတ် (၃)ကြိမ်ခန့် ကလပ်သို့ရောက်ဖြစ်ပါသည်၊ ကလပ် တွင် ကိုမင်းနိုင်တို့ရှိသည့်နေ့၌ ကိုမင်းနိုင်တို့အဖွဲ့မှ အစ်မ ဘာ (ON) ထားလဲ၊ ရှိတယ် ယူမလား၊ သောက်မလားဟု အမြဲမေးတတ်ပါသည်။

အိမ်မှ ရှူတင်သွားပြီးအပြန် ကလပ်သို့ မငယ် တို့အုပ်စုနှင့်အတူသွား၍ က ပါသည်။ အောင်ဇော်ရဲမြင့်နှင့် စိတ်ဆိုးနေစဉ် မြဝတီနှစ်ပါတ်လည် ရိုက်စဉ် ၂ဝဝ၈-ခုနှစ် မတ်လ ခန့်ကတစ်ကြိမ်၊ ၂ဝဝ၈-ခုနှစ် ဧပြီလ သင်္ကြန်မတိုင်ခင် (၁၁)ရက်နေ့က တစ်ကြိမ် ကိုမင်းနိုင်တို့အဖွဲ့နှင့် ဘလေဇွန်တိုက်ခန်းတွင် ကလပ်မှအပြန် လိုက်ပါ၍ WYဆေးပြားများ သုံးစွဲခဲ့ပါသည်။ သင်္ကြန်အကြို (၁၂)ရက်နေ့တွင် အောင်ဇော်ရဲမြင့်မှ အတင်းလာခေါ်၍ ပြန်လိုက်သွားပြီး အကြတ်နေ့တွင် စတားကလပ် မဏ္ဍပ်သို့ ကေခိုင်ရဲမြင့် ခေါ်သဖြင့် ကျွန်မတို့ နှစ်ဦးသွားရောက်ခဲ့ပါသည်။

နောက်တစ်နေ့ သင်္ကြန်အကြပ်နေ့တွင် ည(၁ဝ)နာရီခန့် BME-1 သို့ ရောက်ရှိခဲ့ပါသည်၊ ထိုညတွင် ကလပ်မှ ပိတ်ထားပြီး ကားအစီး(၂ဝ)ခန့် တွေ့သည့်အတွက်မေးရာ မောင်ဝိတ်မှ သင်္ကြန်တွင်းတစ်ခုလုံး ငှားထားသည်ဟု ပြောနေစဉ် မောင်ဝိတ် ထွက်လာပြီး အထဲတွင် ကိုပြည်အောင် (ဦးအောင်သောင်း၏ သား) ရှိတယ်၊ မင်းနဲ့ ရှော့ရှိသလားဟု မေးရာ မရှိကြောင်းပြောသဖြင့် အထဲသို့ဝင်ခွင့်ရရှိခဲ့ပါသည်၊လူရှင်းသည့်စားပွဲဝိုင်းတွင်နေရာ ချပေးပြီး မောင်ဝိတ်မှ စကားပြောဧည့်ခံပြီး ခဏအကြာထွက်သွားပါသည်၊ ၄င်းနောက် ဝိတ်တာ မှ ရေသန့်ဗူး တွင် ဆေးပြားများရောစပ်ထားသည့် အရက်နှင့်ကိုကာကိုလာရောစပ်ပြီး လာချပေးပါသည်။ ထို့နောက် အောင်ဇော်ရဲမြင့်နှင့်နှစ်ဦးအတူ မနက်(၄)နာရီခွဲအထိက ဖြစ်ကြပါသည်။
သင်္ကြန်အတက်နေ့တွင် အင်းယားလိတ် DJ ဘားကလပ်သို့ ည(၁၁)နာရီခန့်တွင် ရောက်ရှိခဲ့ပြီး DJ ကို မြန်မာသီချင်း ဖွင့်ခိုင်းရာမှ ဝိတ်တာနှင့် စကားများရာမှ ကျွန်မ နှင့်ပါအကြီးအကျယ်စကားများရန်ဖြစ်ပြီး ပြန်လာခဲ့ကြပါသည်။

ပြန်လည်ဖတ်ပြရာမှန်ကန်ကြောင်းအောက်တွင်လက်မှတ်ရေးထိုးပါသည်။

အစစ်ခံသူ
စံပယ်ကိုကို(ခ)ဇာဇာသိမ့်(ခ)နဝရတ်

စိုးမြတ်သူဇာ (ခ) မစိုး၏ အစစ်ခံချက် ဒီမှာ ဆက်ဖတ်ပါ

ရေဒီယိုသြစတြေးလျနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမေးမြန်းခန်း

ခွန် ဒီးယမ်

    ရေဒီယိုသြစတြေးလျ မြန်မာပိုင်းဌာနမှူး မခင်မာဝင်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမေးမြန်းခန်း
    =======================================

    ဒါကတော့ အဲဒီလိုဟာမျိုး တွေ့ဆုံပွဲကိုမလိုလားလို့လို့ပဲ ဒီလိုပဲ ကျမအနေနဲ့ ပြတ်ပြတ်သားသားပြောရမှာပဲ
    =======================================
    မကြာသေးခင်က ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လေးပွင့်ဆိုင်ဆွေးနွေးပွဲပေါ့နော်။ သမ္မတကြီးရယ်၊ လွှတ်တော်ရယ်၊ နောက် ကာချုပ်ရယ် လေးပွင့်ဆိုင်ဆွေးနွေးပွဲကို ကမ်းလှမ်းခဲ့တယ်လို့သိရပါတယ်။ အဲဒီလိုကမ်းလှမ်းတဲ့အခါမှာ ပြည်ထောင်စုလွှတ်တော်ကိုကျော်လွန်တဲ့အတွက် မသင့်တော်သေးဘူးဆိုတဲ့ တုံ့ပြန်ချက် ကျမတို့သိရပါတယ်။ အဲဒီတုံ့ပြန်ချက်အပေါ်မှာ ဘယ်လိုများသဘောထားရှိသလဲရှင့်။

    ဒါကတော့ အဲဒီလိုဟာမျိုး တွေ့ဆုံပွဲကိုမလိုလားလို့လို့ပဲ ဒီလိုပဲ ကျမအနေနဲ့ ပြတ်ပြတ်သားသားပြောရမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ လိုလားလို့ရှိရင် ဒီလိုမတွေ့ဆုံစရာအကြောင်း ဘာမှမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြည်ထောင်စုလွှတ်တော်ကို ကျော်လွှားသွားတယ်လို့၊ မကျော်ချင်ဘူးလို့ပြောရအောင်လို့ ဒီအထဲမှာလွှတ်တော်ပါဝင်ပြီးသား။ လွှတ်တော်ဆိုတော့ ပြည်ထောင်စုလွှတ်တော်နာယကပါရမှာပေါ့။

    ပြည်ထောင်စုလွှတ်တော်နာယကပါပြီးမှ ပြည်ထောင်စုလွှတ်တော်ကို ကျော်မသွားချင်လို့လို့ ပြောစရာအကြောင်းမရှိပါဘူး။ ကျမတို့ရဲ့ရည်ရွယ်ချက်က အခုပြည်ထောင်စုလွှတ်တော်က လုပ်နေတဲ့အလုပ်ကို ပံ့ပိုးဖို့ပါ။ ဒီအလုပ်က ပိုပြီးတော့ချောမွေ့ဖို့အတွက်ဆိုပြီးတော့ ကြိုတင်ရည်ရွယ်တဲ့အနေနဲ့ တွေ့ဆုံဆွေးနွေးပွဲကို တောင်းဆိုတာဖြစ်ပါတယ်။ ကျမအနေနဲ့တော့ ဒါကိုရှောင်ချင်လို့ရှောင်တာလို့ပဲ ပြောရမှာပဲ။

    စစ်တပ်နဲ့သဘောထားအခြေအနေ ဘယ်လိုများရှိလဲ။ ဘာဖြစ်လို့ဆိုတော့ အခုလိုပြုပြင်ပြောင်းလဲမှုအတွက် စစ်တပ်ဘက်ကလည်း လိုလိုလားလားပါဝင်လာပြီဆိုရင် တော်တော်လေးကို အဆင်ပြေမှာပေါ့လေ။ စစ်တပ်အပိုင်းကူညီဖို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်လိုများမြင်ပါသလဲရှင်။

    ဒါကြောင့်မို့လို့လည်း ဒီလိုတွေ့ဆုံဆွေးနွေးပွဲမျိုးလိုချင်တာပေါ့။ ဒီလိုလေးပွင့်ဆိုင်တွေ့ဖို့ဆိုတာ သမ္မတကြီးအနေနဲ့ပဲလုပ်ပေးနိုင်တယ်။ လေးပွင့်ဆိုင်ဆွေးနွေးပွဲဆိုတာ လွှတ်တော်ကလည်း လုပ်လို့ရတာမဟုတ်ပါဘူး။ အဲဒီတော့ ခုနကပြောတဲ့အတိုင်းပဲ တပ်မတော်ရဲ့ကဏ္ဍကလည်း သိပ်ပြီးတော့ အရေးကြီးပါတယ်။ ဒါကြောင့်မို့လို့ လေးပွင့်ဆိုင်ဆိုတာ တကယ်တော့ပြောရမယ်ဆိုရင် အုပ်ချုပ်ရေးမဏ္ဍိုင်ရယ်၊ လွှတ်တော်ဆိုတာတော့ ဥပဒေပြုမဏ္ဍိုင်ရယ်၊ နောက်ပြီး တပ်မတော်ရယ်။ နောက်ပြီး နိုင်ငံရေးပါတီထဲက ကျမတို့ကတစ်ခုဆိုတော့ မသင့်တော်ဘူးဆိုတာလည်း ကျမကြားလိုက်ပါတယ်။ ဒါက ကျမဘာသွားသတိရသလဲဆိုတော့ (၁၉၈၈) ခုနှစ်တုန်းက ကျမတို့အနေနဲ့ န၀တနဲ့အင်န်အယ်လ်ဒီနဲ့တွေ့ဆုံဆွေးနွေးဖို့တောင်းဆိုတဲ့အခါမှာ ဒီလိုသဘောမျိုးနဲ့တုံ့ပြန်ခဲ့ပါတယ်။ ပါတီပေါင်း (၂၀၀) ကျော်ရှိတာမှာ ပါတီတစ်ပါတီတည်းနဲ့ မသင့်တော်လို့  စသည်ဖြင့်ပေါ့နော်။ တကယ်တော့ မတွေ့ချင်လို့မတွေ့တာလို့ပဲ ကျမ ဒီလိုပဲပြောရမှာပဲ။ အခုဆိုလို့ရှိရင် တိုင်းရင်းသားပါတီတွေနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်တစ်ယောက်ကတောင်မှ ဒါ ဒီလိုလေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲဆိုတာဖြစ်သင့်တယ်။ လွှတ်တော်က ကော်မတီအလုပ်တွေပြီးတဲ့အထိ စောင့်ဖို့မလိုအပ်ဘူးဆိုတာ ကြေညာချက်တွေထုတ်တယ်လို့ ကျမကြားရပါတယ်။ ဒီလိုတပ်မတော်နဲ့၊ လွှတ်တော်နဲ့၊ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့  ကျမတို့ကတော့ ပါတီနိုင်ငံရေးလို့ပဲဆိုဆို၊ အကြီးဆုံးအတိုက်အခံပါတီလို့ပဲဆိုဆိုပေါ့ ဒီလိုပြည်သူ့ဘက်ကနေ ကိုယ်စားပြုပြီးတော့ ပြောတယ်ဆိုတယ်ဆွေးနွေးတယ်ဆိုတာ အင်မတန်မှ လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စပါ။ အဲဒီတော့မှလည်း တပ်မတော်ရဲ့အနေအထားကို ကျမတို့နားလည်ပြီးတော့ ကျမတို့ရဲ့အနေအထားကို တပ်မတော်က နားလည်နိုင်မှာဖြစ်ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ဆိုလိုတာကတော့ (၃၁) ရက်နေ့ ဒီဇင်ဘာလမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကော်မတီကနေ ထုတ်ပြန်ချက်ထုတ်တဲ့အခါကျလို့ရှိရင့့်  ။

    မဟုတ်ဘူး။ (၃၀) ရက်နေ့၊ ဇန်န၀ါရီမတိုင်မီ အစီရင်ခံစာတင်ရမယ်။

    အဲဒီတော့ (၃၀) ရက်နေ့၊ ဇန်န၀ါရီ အစီရင်ခံစာမတင်ပြခင်မှာပေါ့  အကယ်၍ ဒီလိုကြိုတင်ဆွေးနွေးထားတယ်ဆိုပြီးတော့ ဆိုလို့ရှိရင် ပိုပြီးအဆင်ပြေမှာပေါ့နော်။

    ပိုပြီးတော့ အဆင်ပြေမယ်ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကော်မတီထဲမှာဆိုရင်လည်း တပ်မတော်ကိုယ်စားလှယ်တွေလည်းပါတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်တွေလည်းပါတယ်။ ကျမတို့ကိုယ်စားလှယ်ကတော့ (၇) ယောက်ပဲပါပါတယ်။ (၁၀၉) ကော်မတီထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်က (၇) ယောက်ပဲပါတယ်။ သို့သော်ငြားလည်း ကျမတို့ဟာအကြီးဆုံးအတိုက်အခံပါတီကြီးလည်းဖြစ်တယ်။ အခု (၂) လ၊ (၃) လအတွင်းမှာ ကျမတို့ပြည်သူတွေနဲ့တွေ့ဆုံပွဲတွေလုပ်ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်လို့ရှင်းပြတာ၊ ပြည်သူတွေရဲ့ဆန္ဒကိုနားထောင်တာ။ ဒါတွေလုပ်ခဲ့တယ်ဆိုတော့ ကျမတို့က ပြည်သူ့ဘက်ကနေ ရပ်တည်ပြီးပြောဆိုပေးနိုင်တဲ့အနေအထားမှာရှိတယ်လို့ ဒီလိုပဲယူဆပါတယ်။

    အဲဒီတော့ ဒီဇန်န၀ါရီလကုန်အထိကို လေးပွင့်ဆိုင်ဆွေးနွေးပွဲ မရရှိခဲ့ဘူးဆိုရင်ကော ဘယ်လိုရလာဒ်တွေဖြစ်လာမှာလဲလို့ ခန့်မှန်းလို့ရမလဲ။

    ကျမတို့ကတော့ ကျမတို့လုပ်သင့်လုပ်ထိုက်တွေ၊ လုပ်ဖို့လိုအပ်မယ့်ဆိုတဲ့ဟာတွေကိုတော့ ဆက်ပြီးတော့လုပ်သွားမှာပဲ။ သို့သော်ငြားလည်း ဒီလိုတွေ့ဆုံပွဲဖြစ်လို့ရှိရင် ဖွဲ့စည်းပုံအခြေခံဥပေဒပြုပြင်ပြောင်းလဲရေးအတွက် အများကြီးပိုပြီးတော့ အားရှိသွားမယ်လို့ ကျမတို့ဒီလိုပဲ ယူဆပါတယ်။ ဒါကြောင့်မို့လို့ ကျမတို့ ဒါကိုတောင်းဆိုတာပါ။ ကျမအနေနဲ့တော့ အခုအုပ်ချုပ်ရေးပိုင်းဆိုင်ရာကနေ ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးကို မလိုလားဘူးလားဟု ထင်စရာဖြစ်သွားပါတယ်။

    အဲဒီအပိုင်းအနေနဲ့ နိုင်ငံခြားမှာရှိတဲ့အစိုးရတွေကော မြန်မာပြည်မှာရှိတဲ့ပြည်သူပြည်သားတွေကော ဘယ်လိုများကူညီပေးနိုင်မလဲ။

    ကျမတို့ပြည်သူပြည်သားတွေက အခုကိုကူညီနေပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့အခုလို ပြည်သူတွေနဲ့တွေ့ဆုံပြီးဆွေးနွေးတယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးကို ဘယ်လောက်လိုလားတယ်ဆိုတာ ပြည်သူတွေကထုတ်ဖော်ပြီးတော့ ပြသကြပါတယ်။ နောက်စောစောက ကျမပြောတဲ့အတိုင်းပဲ တိုင်းရင်းသားပါတီတချို့နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးထဲက ကိုယ်စားလှယ်တစ်ယောက်ကတောင်မှ ဒီဟာမျိုးဟာ ဖြစ်သင့်တယ်ဆိုပြီးတော့မှ ပြောတယ်ဆိုတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကိစ္စကို တော်တော်နိုင်ငံရေးအသိုင်းအ၀ိုင်းကရော၊ နိုင်ငံရေးမဟုတ်တဲ့ပြည်သူတွေရဲ့အသိုင်းအ၀ိုင်းကရော လိုလားကြတယ့့်  ထောက်ခံနေကြတယ်ဆိုတာရှင်းပါတယ်။ အဲဒီတော့ နိုင်ငံတကာအစိုးရကလည်း ဒီဟာကို အသိအမှတ်ပြုဖို့လိုပါတယ်။ အခုအစိုးရကနေပြီးတော့ အင်မတန်မှ ပြုပြင်ပြောင်းလဲရေးတွေလုပ်နေပါတယ်၊ လုပ်နေပါတယ်ဆိုတာ ဘာပြုပြောင်းလဲရေးလဲဆိုတာကို သေသေချာချာတော့မေးခွန်းဖို့လိုမယ်ထင်ပါတယ်။

အချောလှဆုံးအလှမယ် (၁၀၀) ခင်ဝင့်ဝါ အရွေးချယ်ခံရ

Miss Supranational Myanmar
မင်္ဂလာနံနက်ခင်းမှာ မင်္ဂလာရှိသော သတင်းလေးကြေညာပါရစေ...

Miss World, Miss Universe, Miss Supranational, Miss Earth, Miss International, Miss Grand International 2013 အလှမယ်ပြိုင်ပွဲကြီးများအားလုံးထဲမှ
The Most Beautiful Woman အချောလှဆုံးအလှမယ် (၁၀၀)စာရင်းရွေးချယ်ရာတွင် မြန်မာနိုင်ငံမှ Miss Supranational Myanmar 2013 - ခင်ဝင့်ဝါ အရွေးချယ်ခံရပါကြောင်း ဂုဏ်ယူစွာ ကြေညာအပ်ပါတယ်...
Congratulations Myanmar!!!
Congratulations Miss Supranational Myanmar - Khin Wint Wah

http://www.theidealbeauty.eu/top-100/

ဦးရဲထွဋ်အမြင်မှုန်ဝါးနေ

Ye Htut
13 hours ago

နိုဝင်ဘာ ၃၀ ရက်နေ့ ရန်ကုန်တက္ကသိုလ် စိန်ရတု ခန်းမမှာ ကျင်းပတဲ့ အရပ်ဘက် လူမှု အဖွဲ့အစည်းများ အခန်းကဏ္ဍဆိုင်ရာ ဆွေးနွေးပွဲမှာ မိန့်ခွန်းပြောပြီး ပြန်လည်ထွက်ခွာချိန်မှာ တက်ရောက်လာသူများကို နှုတ်ဆက်စကားပြောနေတဲ့ သမ္မတကြီး။

ဘီးတပ်ကုလားထိုင်နဲ့ တစ်ယောက်ကတော့ ခြေထောက်ဒဏ်ရာရထားတဲ့ ဆရာဦးသာဥာဏ်ပါ။ နောက်တစ်ယောက်ကတော့ မသိပါဘူး။
ဒါ့ကြောင့် ကျွန်တော်ကတော့ ဆရာဦးသာဥာဏ်ကို ခြေထောက်ကို ဂရုစိုက်ဖို့ နှုတ်ဆက်စကားဆိုခဲ့ပေမယ့် ကျန်တဲ့အမကြီးကိုတော့ ပြုံးပြပြီးပဲ နှုတ်ဆက် နိုင်ခဲ့ပါတယ်။

ဒီလိုဆွေးနွေးပွဲကို ဘီးတပ်ကုလားထိုင်နဲ့ လာတက်တာကို ကြည့်ရင် အရပ်ဘက် လူမှုအဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍအပေါ် သူတို့ ဘယ်လောက်အလေးထားတယ်ဆို တာ သိနိုင်ပါတယ်။

ဒီမို ဖက်တီး
ဒီလိုဆွေးနွေးပွဲကို ဘီးတပ်ကုလားထိုင်နဲ့ လာတက်တာကို ကြည့်ရင် အရပ်ဘက် လူမှုအဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍအပေါ် သူတို့ ဘယ်လောက် အလေးထားတယ် ဆိုတာ သိနိုင်ပါတယ်။ ( Ye Htut )
=====
ခမျာ သနားပါတယ် ။ ဘီးတပ်ကုလားထိုင်နဲ့ ဂျာနယ်ရောင်းနေတဲ့ လူတွေ ၊ ခြေတစ်ဖက်ပြတ် စစ်သားတွေ စာအုပ်ရောင်းတာတွေကို မမြင်ဘူးရှာဘူး ။ 

ကိုဇင်မင်းဦး အတွက်လက်ပ်တော့ SOTEC အမျိုးအစား ၁လုံး နှင့် FUJI FILM အမျိုးအစား ကင်မရာ အသစ် ၁ လုံး

 Nay Myo Zin
    အလံတိုင် ထူ ရာမှ ဓါတ်လိုက်ပြီး လက်နှစ်ဘက်စလုံး ဆုံးရှုံး သွားခဲ့သော NLD အင်းစိန် မှ ကိုဇင်မင်းဦး အတွက် အများပြည်သူ ပေးပို့ လှူဒါန်းထားသော လက်ပ်တော့ SOTEC အမျိုးအစား ၁လုံး နှင့် FUJI FILM အမျိုးအစား ကင်မရာ အသစ် ၁ လုံးတို့ကို ယနေ့ ပေးအပ်လှူဒါန်းလိုက်ပါသည်။ လက်အစစ် မရှိတော့သော်လည်း ဇွဲမလျော့ စတမ်း စက်ရုပ်လက်တုဖြင့် ကွန်ပျူတာ အသုံးပြုလေ့ကျင့်နေသည့် ကိုဇင်မင်းဦး အတွက် သူ့ ဇွဲ လုံ့လ ကို ဂုဏ်ပြုသော အားဖြင့် မိမိတို့ တတ်နိုင်ရာမှ ဆက်လက် အားပေးကူညီကြရမည်မှာ လူသား ပီသလိုသူ တို့၏ တာဝန်ဖြစ်ပါသည်။

မန္တလေးသူ ဂုဏ်ရည်အေးကျော် ဒီဇင်ဘာ (၃)ရက်နေ့ ဂျပန်နိုင်ငံသို့ ရောက်ရှိမည်

Wai Yan De Mo

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပမယ့် Miss International Beauty Pageant 2013ပြိုင်ပွဲအတွက် မြန်မာကိုယ်စားပြု မန္တလေးသူ ဂုဏ်ရည်အေးကျော် ဒီဇင်ဘာ (၃)ရက်နေ့ ဂျပန်နိုင်ငံသို့ ရောက်ရှိမည်...

လာမယ့်ဒီဇင်ဘာလ ၇ရက်နေ့မှ ဒီဇင်ဘာလ ၁၇ရက်နေ့ထိ ကျင်းပမယ့် Miss International Beauty Pageant 2013ပြိုင်ပွဲအတွက် မြန်မာကိုယ်စားပြု မန္တလေးသူ ဂုဏ်ရည်အေးကျော်ဟာ ဒီဇင်ဘာ (၃)ရက်နေ့ မနက် ၇နာရီခွဲခန့်မှာ ဗီယက်နမ် (VN310) လေကြောင်းလိုင်းဖြင့် ဂျပန်နိုင်ငံ နာရီတာ လေဆိပ်
(Terminal 1)သို့ ရောက်ရှိလာမှာ ဖြစ်ပါတယ်..။

အဆိုပါ ပြိုင်ပွဲနောက်ဆုံးနေ့ဖြစ်တဲ့ ဒီဇင်ဘာလ ၁၇ရက်နေ့မှာတော့ (တိုကျို မြန်မာသံရုံးရှိရာ မြို့ဖြစ်တဲ့) ဆုပေးပွဲအား Shinagawa Prince Hotel Hall အတွင်း ညနေ(၅)နာရီမှ ည(၉)နာရီအထိ မှာ ကျင်းပမှာဖြစ်ပါတယ်..။ လက်မှတ် ဝယ်ယူရန်လင့်ခ် (http://au.ibtimes.com/articles/526079/20131129/522109-522126-522385-525769-525138-525150-52503.htm#.Upsb4-Il-GR). (မှတ်ချက် ယန်း၃၀၀၀တန် လက်မှတ်များ ကုန်ဆုံးသွာပြီ ဖြစ်တဲ့ အတွက် ယန်း ၁၀၀၀၀တန်လက်မှတ်များသာ ကျန်ရှိတော့ပါတယ်..)

ယခင် ၂၀၁၂ခုနှစ်က နန်းခင်ဇေယျာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ Miss International Beauty Pageant 2012 ပြိုင်ပွဲအားလည်း ဂျပန်နိုင်ငံ တောင်ဘက်စွန်းရှိ အိုကီနာဝါကျွန်းမှာ ကျင်းပခဲ့တာဖြစ်ပြီး တိုကျိုမြို့နဲ့ အလှမ်းဝေးကွာတဲ့ အတွက် တိုကျိုမြို့မှ မြန်မာမိသားစုများ သွားရောက်အားပေးဖို့ အခြေအနေခက်ခဲခဲ့ပါတယ်..။ ယနေ့ ကြုံတောင့် ကြုံခဲတဲ့ တိုကျိုမြို့မှ မြန်မာမိသားစုများ သိရှိရာ ရှိနာဂါဝမြို့မှ Prince Hotel Hall မှာ ကျင်းပမှာ ဖြစ်တဲ့အတွက် သွားရောက်အားပေးဖို့ လွယ်ကူ အဆင်ပြေတဲ့ နေရာဖြစ်ပါတယ်..။

Miss International Crown ဆုအပြင် Special awardsများအဖြစ်

Miss Friendship

Miss Photogenic

Miss Talent

Best National Costume

Miss Internet

Miss JOICFP ဆုများအားလည်း ချီးမြှင့်မှာ ဖြစ်ပါတယ်..။
ယခုတကြိမ်မှာ မြန်မာပြည်သားတွေ တောင့်တနေတဲ့ Miss International Crown ဆုအပြင် မြန်မာပိုင် Miss Internetဆုအတွက်လည်း အစဉ်အလာမပြတ် အောက်မှ လင့်ခ်(၃)ခုမှာ သွားရောက် Vote လုပ်ပေးကြဖို့ တောင်းဆိုရင်း
(၁)http://359906.tbits.me/?option_id=444280 (လောလောဆယ် အဆင့် (၅)ရောက်နေတဲ့ MISS INTERNATIONAL® 2013 PEOPLE'S CHOICE)

(၂) နောက် Vote တခုဖြစ်တဲ့ https://apps.tradablebits.com/tb_app/349344
Who will be Miss International 2013?

(၃)https://www.facebook.com/BeautyPageantGS?sk=app_129324060456864&app_data

ဂုဏ်ရည်အေးကျော် Fan Page https://www.facebook.com/GonyiAyeKyaw

Miss International Beauty Pageant 2013ပြိုင်ပွဲအတွက် မြန်မာကိုယ်စားပြု မန္တလေးသူ ဂုဏ်ရည်အေးကျော် မြန်မာပြည်သူတွေရဲ့ လိုအင်ဆန္ဒကို ဖြည့်ဆည်းနိုင်ပါစေကြာင်း....

ဒီမိုဝေယံ

ဒီဇင်ဘာ (၃)ရက်နေ့မှာ ရောက်ရှိမယ့် ဂုဏ်ရည်အေးကျော်အား လေဆိပ်မှာ သွားရောက် ကြိုဆိုလိုသူများ ဆက်သွယ်နိုင်ပါသည်။

ဘုရား၊ဘုရား.. အာဏာသိမ်းတာမှတ်လို့...

အလန့်ထငြက်ဆရာရယ်... (:
Ye Htut

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ လုံခြုံရေးအတွက် ပြင်ဆင်နေတဲ့ တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့

ဦးခင်ညွန့်သည် ရာဇဝတ်သား တရားခံ တစ်ဦး ဖြစ်သည်

အယ်ဒီတာ့အာဘော်

ဧရာဝတီ| December 1, 2013 | Hits:3,166
http://burma.irrawaddy.org/opinion/editorial/2013/12/01/51620.html

editorialယခင် စစ်အစိုးရလက်ထက် နိုင်ငံရေးအကျဉ်းသားများသည် ဥပဒေချိုးဖောက်သော ရာဇဝတ်သားများဖြစ်ပြီး ပြစ်မှုကျူးလွန်သူများ ဖြစ်သည်ဟု တချိန်က အများပြည်သူ ဖိန့်ဖိန့်တုန် ကြောက်ရွံ့ခဲ့ကြရသည်ထိ ရက်စက်စွာ ညှင်းဆဲခဲ့တတ်သော စစ်ထောက်လှမ်းရေးဌာန၏ အကြီးအကဲဟောင်း ဦးခင်ညွှန့်က ပြောဆိုလိုက်ခြင်းသည် ကျက်သရေ တုံးလွန်းလှသည်။

ဦးခင်ညွှန့် ယင်းသို့ပြောကြားခြင်းမှာ ဦးမြတ်ခိုင်ရေးသားသော ဦးခင်ညွှန့် အင်တာဗျူး စာအုပ် မိတ်ဆက်ပွဲတွင် ဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရစဉ် ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်ခံခဲ့ကြရသည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများက ပြောဆိုနေခြင်းများကိုလည်း လက်မခံ ပယ်ချလိုက်သည့်အပြင် ယခင်စစ်အစိုးရလက်ထက် သူ ဦးဆောင်သော စစ်ထောက်လှမ်းရေးတပ်ဖွဲ့၏ တရားလက်မဲ့ လက်လွန်ခြေလွန်မှုများကြောင့် အကျဉ်းထောင်အတွင်း အသက်သေဆုံးခဲ့သူများ၊ အသက်မသေသော်လည်း ဘဝပျက်ခဲ့ရသူများကို နှစ်သိမ့်တောင်းပန်ရန် ရှိ မရှိ ဧရာဝတီ၏ မေးမြန်းချက်ကို “ကျနော်က ဘယ်သူ့ကို တောင်းပန်ရမှာလဲ”ဟု ပြန်လည်တုန့်ပြန်ခဲ့သည်။

ဦးခင်ညွန့်သည် လူ့အခွင့်အရေး ချိုးဖောက်မှုများစွာ ကျူးလွန်ခဲ့သူ၊ အပြစ်မဲ့သူများကို ဖမ်းဆီးထိန်းသိမ်းပြီး ထောင်တွင်း၌ လူမဆန်စွာ နှိပ်စက် ညှဉ်းပမ်းမှု များတွင် အဓိက တာဝန်ရှိခဲ့သူ ဖြစ်သည်။ သူ၏ ရေကြည်အိုင် စစ်ကြောရေး စခန်းမှာ နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော နှိပ်စက် ညှဉ်းပမ်းရေး စခန်း တခု ဖြစ်ခဲ့သည်။ ၁၉၈၈ ခုနှစ် အရေးတော်ပုံမှ စတင်ရေလျှင် ထောင်အတွင်း နိုင်ငံရေးယုံကြည်ချက်ကြောင့် ဖမ်းဆီးခံရသူ ၁၄၀ သေဆုံးခဲ့ရသည်အတွက် တာဝန်ရှိသည့်အထဲတွင် ဦးခင်ညွန့် ထိပ်ဆုံးမှ ပါသည်။

စာရေးဆရာ ဗိုလ်မှူးဟောင်း ဦးသော်က၊ ဦးတင်မောင်ဝင်း၊ ဦးမောင်ကို စသည့် ပုဂ္ဂိုလ်များ သေဆုံးခဲ့ရမှုများ၌ သူ၏ ပရောဂ မကင်းခဲ့ပေ။ ထိုသူတို့သည် ဦးခင်ညွန့် ခေါင်းဆောင် ခဲ့သော ထောက်လှမ်းရေး အဖွဲ့၏ လူမဆန်စွာ နှိပ်စက်ညှဉ်းပမ်းမှုကြောင့် အကျဉ်းထောင်များအတွင်း ကွယ်လွန်သွားခဲ့ရသည်။  ထို့အပြင် နှိပ်စက်ညှင်းပန်းမှုများနှင့် ထောင်တွင်း၌ ကြမ်းတမ်းဆင်းရဲစွာ နေထိုင်ခဲ့ရခြင်းကြောင့် စိတ်ရောကိုယ်ပါ နာလန်ပြန်မထူနိုင်သူများပါရှိပြီး မိသားစုဝင်များကိုလည်း ခြိမ်းခြောက်ခြင်း၊ စီးပွားပျက်အောင် လုပ်ခြင်း၊ ပညာရေးအခွင့်အလမ်းများ ပိတ်ဆို့ခြင်းတို့ကိုလည်း တရားဥပဒေမဲ့ လက်လွတ်စပယ် ထင်တိုင်းကြဲခဲ့သေးသည်။

ယခု လက်ရှိတွင်လည်း ထောက်လှမ်းရေး အဖွဲ့၏  နှိပ်ကွပ်မှုဒဏ် မျိုးစုံ ခံစားခဲ့ရသော စိတ်ဒဏ်ရာရသူများ၊ ဝေဒနာများဖြင့် နာလံ မထူခဲ့ရသူများ၊ အသက် သေဆုံးခဲ့ရသူများ၊ ထောင်တွင်း၌ နှစ်ပေါင်းများစွာ အချိန်ကုန်ဆုံးခဲ့ရသူများစွာမှာ မြန်မာနိုင်ငံ၏ ဒေသအသီးသီးတွင် ပုံစံ အမျိုးမျိုးဖြင့် ရှိနေကြဆဲ ဖြစ်သည်။ တိုင်းပြည်ရှေ့ရေး အကျိုးမျှော်၍ ပြန်လည်ရင်ကြားစေ့ရေး စိတ်ထားဖြင့် ခံစားခဲ့ကြရသမျှ မြိုသိပ်ထားရခြင်းကို ဦးခင်ညွန့်က မလေးမစား စော်ကားမော်ကား ပြောဆိုလိုက်ပေပြီ။

စစ်ဝတ်စုံကို မချွတ်တမ်း ဝတ်ခဲ့ပြီး ၎င်းအာဏာရှိခဲ့သော ကာလတွင် တန်ခိုးထွားခဲ့သည့် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ကို  ယခုအခါ တိုက်ပုံအင်္ကျီဝတ်၍ လူထုရှေ့သို့ မျက်နှာပြောင်တိုက် ပွဲထုတ်သူကလည်း မရှား။ ထောက်လှမ်းရေး ခေါင်းဆောင်ဟောင်း ဦးခင်ညွန့် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့ပြီးနောက် မော်နီတာ ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်က ဦးခင်ညွန့်နှင့် တွေ့ဆုံတိုင်း ပြောဖြစ်ကြသော စကားဝိုင်းပါ နိုင်ငံရေးနှင့် ရှေးဟောင်းနှောင်းဖြစ်များထဲမှ ဟိုတစ၊ ဒီတစကို ဂျာနယ်တွင် ဖော်ပြခဲ့ပြီး ယခုအခါ “ဗိုလ်ချုပ်ကြီးဟောင်း၊ ထောက်လှမ်းရေး ညွှန်ကြားရေးမှူးဟောင်း၊ နိုင်ငံတော် ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်နှင့် အင်တာဗျူး” အမည်ရှိ စာအုပ်အဖြစ် ရိုက်နှိပ်ထုတ်ဝေကာ ရန်ကုန် ကရဝိတ်ခန်းမတွင်  မိတ်ဆက်ပွဲကျင်းပရာ အာဏာရှင် ဦးနေဝင်း၏မြေး အပါအဝင် နီးစပ်သူများ တက်ရောက်ခဲ့ကြသည်။

ယင်းစာအုပ်ကို နောက်ကျောဖုံးတွင် “သမိုင်းဝင် အင်တာဗျူးများကို စုစည်းထုတ်ဝေထားခြင်း” ဟု ဖော်ပြကြော်ငြာထားသော်လည်း အမှန်တရားများကို အရှိအရှိအတိုင်း မကွယ်မဝှက်၊ မထိန်မချန် ဖွင့်ဟခြင်း မဟုတ်ဘဲ ယခင်စစ်အစိုးရက အမှန်တရားကို ရှာဖွေဖော်ထုတ် တင်ပြနေခဲ့သော သတင်းဌာနများအား ရိုးစွပ်ခဲ့သော “မိုးလုံးပြည့် မုသာဝါဒ”ဟူသော စကားကို ဤနေရာတွင် ပြန်သုံးစွဲလျှင် အင်မတန် အံဝင်ဂွင်ကျလှသည်။ မြန်မာပြည်တွင် သမိုင်းကို အရုပ်ဆိုးစေသော လူ့အခွင့်အရေးချိုးဖောက်မှုများ အတွက် အဓိက တာဝန်ရှိသောသူတဦးဖြစ်သည့် ဦးခင်ညွန့်၏ အင်တာဗျူးမှ အဖြေစကားများသည် ဆင်သေကို ဆိတ်ရေဖြင့် ဖုံးရန် ကြိုးစားမှုသက်သက်မျှ ဖြစ်သည်။

အပြစ်ကင်းသူ တဦးကဲ့သို့ ဟန်ဆောင်၍ ပြည်သူလူထုရှေ့တွင် မျက်နှာပြောင်တိုက် လိမ်ညာတတ်သော စစ်ကောင်စီ အတွင်းရေးမှူး ၁ ခေတ်ကား သမိုင်းတွင် တခန်းရပ်ခဲ့ပြီးဖြစ်ကြောင်း ဦးခင်ညွန့် မျက်မှောက်ပြုမိပုံမပေါ်သေး။ အသိုင်းအဝိုင်းကြီးခဲ့ပြီး ဘုန်းတန်ခိုးတောက်ပခဲ့သည့် ရွှေရောင်နေ့ရက်များကို ပြန်မျှော်လင့်နေပါက ဦးခင်ညွန့် အမှားကြီးမှားပြီဖြစ်သည်။ သမိုင်းကို ချန်လှပ်၍သော်လည်းကောင်း၊ သမိုင်းကို ပြောင်းပြန်လှန်၍သော်လည်းကောင်း ဖြေဆိုထားသော ဤစာအုပ်သည် အတိတ်က မှားယွင်းမှုများကို သင်ခန်းစာယူ ရှောင်ရှားပြီး အနာဂတ်တွင် ကောင်းရာမွန်ရာများ ဖြစ်ထွန်းစေရေး ယခု ပစ္စုပ္ပန်တွင် သမိုင်းအမှန်ကို ကမ္ဗည်းတင်ရန် ကြိုးပမ်းနေခြင်းများအတွက် မည်သို့မျှ အထောက်အပံ့မဖြစ်ဟုသာ ဆိုရေးရှိက ဆိုလိုက်ရပေကြောင်း။

ဒီနေ့(ဒီဇင်ဘာ ၁)နေ့လည် ၂ နာရီ က ရန်ကုန်မြို့ ဗဟန်းမြို့နယ် M3 အနီးတွင် UNHRC ၏ဘင်္ဂလီအရေးစွက်ဖက်မှုအား တန်ပြန်ကန့်ကွက်ပွဲပြုလုပ်

Win Maw Shwethanzin

အခြေခံဥပဒေနဲ့ ပတ်သက်သော အမေးအဖြေ ( Opera House - Sydney သြစတေးလျ )

Tun Wai

    မေး။ ။မြန်မာပြည်မှာ ဒီမိုကရေစီဖော်ဆောင်ရေး ဘယ်လောက်အထိ ရောက်နေပြီလဲ သေသေချာချာ ပြောပြပေးလို့ ရမလား ။ ဒေါ်စု လွတ်လာပြီ....အခုလို ဒီအထိရောက်လာနိုင်ပြီဆိုတော့ လူတွေက မြန်မာပြည်မှာ ဒီမိုကရေစီ ရှိနေပြီလို့ ထင်နေကြတယ် ။ ဒါပေမယ့် တကယ်က အဲလို မဟုတ်ဘူးပေါ့ ။

    ဖြေ။ ။ လူတွေက အတော်မေ့တတ်ကြတယ် ထင်ပါရဲ့ ။ အများစုက မေ့နေလောက်ပြီဆိုတော့ ကျမ အစပြန်ဖော်ပေးရမှာပေါ့ ။ ( ၂၀၀၃ ) မှာ ကျမ အထက်မြန်မာပြည်ကို ခရီးသွားတုန်း ကျမတို့ ကားတန်းကို အတိုက်ခိုက်ခံခဲ့ရပါတယ် ။

    တိုက်ခိုက်တဲ့လူတွေကိုတော့ အကြမ်းဖက်လူရမ်းကားတွေလို့သာ ခေါ်ရမှာပါဘဲ ....ဘာလို့လည်းဆိုတော့ သူတို့မှာ ဓါးတွေ ၊ သစ်သားတုတ်တွေပါလာပြီး ကျမတို့ ကားတန်းကို တိုက်ခိုက်ကြတယ် ။ ပြီးတော့ ကျမတို့ အဖမ်းခံရတယ် ။

    အတော်လေးတော့ ထူးခြားတဲ့အခြေအနေဆိုပါတော့.....ဘာလို့လည်းဆိုတော့ အတိုက်ခိုက်ခံရသူတွေက အဖမ်းခံရပြီး တိုက်ခိုက်သူတွေကတော့ လွတ်သွားကြတယ် ။

    ဘယ်ကို လွတ်သွားသလဲတော့ ကျမလည်း မသိဘူး ။ ကျူးလွန်ခဲ့တာတွေအတွက် ဘာတစ်ခုမှ အပြစ်ပေးခံရခြင်းမရှိဘဲကို လွတ်သွားကြတာ ။

    အဲဒီအဖြစ်အပျက် အပြီးမှာ ကျမရော ၊ ကားတန်းမှာပါတဲ့တခြားလူတွေရော ထောင်ချခံရတယ် ။ အဲဒီကိစ္စဖြစ်တာ ၂၀၀၃ မေလ မှာပါ ။ နိုင်ငံတကာက အကြီးအကျယ် ၀ိုင်းကန့်ကွက်ကြတာကြောင့် ထင်ပါတယ် ...အဲဒီနှစ် သြဂုတ်လမှာ စစ်အစိုးရက လမ်းပြမြေပုံ ( ၇ ) ချက်ဆိုတာကို ထုတ်ပြန်ပါတယ် ။

    အဲဒီ လမ်းပြမြေပုံမှာ အခြေခံဥပဒေမူကြမ်းရေးဆွဲဖို့ ၊ အဲဒီမူကြမ်းကို လက်ခံမဲပေးဖို့ရာအတွက် နိုင်ငံအ၀ှမ်း ဆန္ဒခံယူပွဲလုပ်ဖို့ ၊ ပြီးတော့ ရွေးကောက်ပွဲတွေကျင်းပဖို့ စတာတွေပါဝင်ပါတယ် ။ ပြီးတော့မှ အရွေးခံရတဲ့အစိုးရက ဒီမိုကရေစီဖော်ဆောင်မယ်ပေါ့ ။

    အခု အဲဒီ လမ်းပြမြေပုံရဲ့ နံပါတ် (၇) ကို ရောက်နေပါပြီ ။ (၂၀၁၀ )ရွေးကောက်ပွဲကနေ တက်လာတဲ့ အစိုးရ နဲ့ပေါ့လေ ။ အဲဒီ ( ၂၀၁၀ ) ရွေးကောက်ပွဲဟာ လွတ်လပ်မှုရှိသလား ၊ တရားမျှတမှုရှိသလားဆိုတာကတော့ အမြဲဘဲ မေးခွန်းထုတ်စရာပါဘဲ ။

    အပြောအဆို သိပ်ကို သတိထားတဲ့ ကုလသမ္မဂကတောင်မှ ဒီ (၂၀၁၀ )ရွေးကောက်ပွဲဟာ အတော့်ကို မစစ်မှန်ဘူးဆိုတာ ၀န်ခံခဲ့ပါတယ် ။

    ဒီတော့ (၂၀၁၀ ) ရွေးကောက်ပွဲကနေ အာဏာရလာတဲ့ လက်ရှိအစိုးရဟာ လမ်းပြမြေပုံထဲက ( ၇ ) ချက်မြောက်ကို အခု အကောင်အထည်ဖော်နေပါတယ် ။ ဒါကို သုံးပြီး တိုင်းပြည်ကို သူတို့အခေါ် '' စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ '' စနစ်ဆီသို့ ခေါ်သွားမယ်လို့ ဆိုပါတယ် ။

    ကျမတို့လိုချင်တာက စစ်မှန်တဲ့ ဒီမိုကရေစီပါ ။ အစိုးရတစ်ရပ်က အတင်းအကြပ် ပြဌာန်းလုပ်ခိုင်းတဲ့ ဒီမိုကရေစီမဟုတ်ဘဲ ပြည်သူဆီက လာတဲ့ ဒီမိုကရေစီပါ ။ အဲလို လုပ်ဖို့အတွက် အခြေခံဥပဒေကို ပြင်ဆင်ဖို့ လိုပါတယ် ။

    မေး ။ ။ ဘယ်လိုပုံစံ ပြင်မှာလဲ အတိအကျပြောပြပါလား ။ ဒေါ်စုက ဒီ အခြေခံဥပဒေနဲ့ဆိုရင် သမ္မတ မဖြစ်နိုင်ဘူးလေ ။

    ဖြေ ။ ။ ဒီလောက်တင် မဟုတ်ပါဘူး ။ လူတစ်ဦးတစ်ယောက်တည်းကသာ ပြင်ဆင်နိုင်တဲ့ အခြေခံဥပဒေကို ဒီမိုကရေစီကျတယ်လို့ ဘယ်လိုလုပ် ပြောလို့ရမလဲ ။ ဒီအခြေခံဥပဒေအရ ပြည်သူက ရွေးကောက်တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေအားလုံးကို ဆန့်ကျင်ပြီး တစ်ဦးတစ်ယောက်တည်းက ပြင်ဆင်ချက်တွေ လုပ်လို့ ရ ၊ မရဆိုတာ ဆုံးဖြတ်နိုင်ပါတယ် ။

    ကျမ သမ္မတဖြစ်နိုင် မဖြစ်နိုင်ဆိုတဲ့ အကြောင်းကြောင့် မဟုတ်ပါဘူး ......ဒီအခြေခံဥပဒေဟာ ကျမတစ်ယောက်တည်းကို သမ္မတ မဖြစ်အောင် တားမြစ်ပိတ်ပင်ဖို့ သီးသန့်ရေးထားတာမို့ ကျမကန့်ကွက်နေတာပါ ။ ဘယ်အခြေခံဥပဒေကိုမှ လူတစ်ဦးတစ်ယောက်တည်းအတွက် ရည်ရွယ်ပြီး ရေးဆွဲထားတာ မဖြစ်သင့်ပါဘူး ။ ဒါဟာ ဒီမိုကရေစီ မကျပါဘူး ။

    မေး ။ ။ ပွင့်ပွင့်လင်းလင်းဘဲ ပြောကြရအောင် ။ (၂၀၁၅ ) ရွေးကောက်ပွဲမှာ ဒေါ်စု သမ္မတ ဖြစ်ကိုဖြစ်ချင်တယ်ပေါ့ ။

    ဖြေ ။ ။ ဖြစ်ချင်ပါတယ် ။ ဘာကြောင့်ဖြစ်ချင်သလဲဆိုတာကို ရှင်းပြချင်ပါတယ် ။ ဒီကိစ္စကို ခဏခဏတော့ ရှင်းပြပြီးပါပြီ ။ ဒါပေမယ့် အရေးကြီးတာတစ်ချက်ကို ထောက်ပြဖို့ ကျမ များသောအားဖြင့် မေ့နေတတ်ပါတယ် ။

    ကျမ သမ္မတဖြစ်ချင်တဲ့ ဆန္ဒက အရမ်းကို ရိုးစင်းပါတယ် ။ နိုင်ငံအတွက် လိုအပ်မယ့် မူဝါဒတွေကို ကျမတို့ပါတီကနေ ချမှတ်အကောင်အထည်ဖော်နိုင်အောင်လို့ပါ ။

    ဒါပေမယ့် ကျမသမ္မတ ဖြစ်ချင်တာ မြန်မာပြည်ဒီမိုကရေစီတိုက်ပွဲမှာ အသက်အပါအ၀င် တကယ်ဘဲ အရာရာကို စွန့်လွှတ်အနစ်နာခံသွားခဲ့သူတွေအတွက် ဖြစ်ချင်တာလည်း ပါပါတယ် .......။

    Credit : Spring Flowers