Monday, December 2, 2013

ခန့်မှန်းငွေကျပ် ၁၇ ဘီလျံကျော် ကုန်ကျခဲ့သည့် ရွှေဂုံတိုင် ခုံးကျော်တံတား




Eleven Media Group
ခန့်မှန်းငွေကျပ် ၁၇ ဘီလျံကျော် ကုန်ကျခဲ့သည့် ရွှေဂုံတိုင် ခုံးကျော်တံတားတွင် မော်တော်ယာဉ်များ စတင်ဖြတ်သန်းခွင့်ပြု

ရန်ကုန်မြို့၏ ယာဉ်ကြောရှုပ်ထွေးမှုများကို လျှောချနိုင်ရေး ရည်ရွယ်ကာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်က စတင်တည်ဆောက်ခဲ့သော ရွှေဂုံတိုင် ခုံးကျော်တံတားတွင် ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁ ရက် နေ့လည်ပိုင်းက စတင်ကာ မော်တော်ယာဉ်များ စတင်ဖြတ်သန်းခွင့် ပြုလိုက်ကြောင်း သိရသည်။
ယင်းတံတား ဆောက်လုပ်ရေး စီမံကိန်းအတွက် ခန့်မှန်းကုန်ကျငွေ ကျပ် ၁၇ ဒသမ ၄၄ ဘီလျံ ကုန်ကျခဲ့ပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်မှ ကျပ် ၁၃ ဒသမ ၀၈ ဘီလျံ သုံးစွဲခွင့် ပြုပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ခုံးကျော်တံတားသည် လူနေအထပ်မြင့် အဆောက်အဦးများနှင့် နီးကပ်သည့်အတွက် ဆူညံသံများဖြစ်ပေါ်မှုကို လျှော့ချနိုင်ရေးအတွက် စီစဉ်ထားကြောင်း ဆူညံသံ ဖြစ်ပေါ်မှု လျှော့ချနိုင်ရေးအတွက် တပ်ဆင်မည့် ပစ္စည်းများအား ဂျပန်နိုင်ငံမှ မှာယူထားကြောင်းနှင့် ရောက်ရှိခြင်း မရှိသေးသည့်အတွက် တပ်ဆင်နိုင်ခြင်း မရှိသေးဟု Capital Development ကုမ္ပဏီမှ စီမံကိန်း အင်ဂျင်နီယာ ဦးအုန်းလှိုင်က ပြောကြားသည်။
ရွှေဂုံတိုင် ခုံးကျော်တံတားသည် သံကူကွန်ကရစ် အမျိုးအစား တံတားဖြစ်ပြီး အရှည် ၂၀၅၉ ပေကျော် ရှည်လျားပြီး လေးလမ်းသွား တံတားအမျိုးအစားဖြစ်ကာ ကင်းလွတ်အမြင့်ပေ ၁၈ ပေရှိကာ အမြင့်ဆုံး ခံနိုင်ဝန်အား တန် ၆၀ ခန့်ရှိကြောင်း သိရသည်။
ရန်ကုန်မြို့၏ ယာဉ်ကြောရှုပ်ထွေးမှုများ လျှောချနိုင်ရေး ရည်ရွယ်တည်ဆောက်ခဲ့သည့် လှည်းတန်းခုံးကျော်တံတား၊ ဘုရင်နောင် ခုံးကျော်တံတား နှစ်စင်းနှင့် ရွှေဂုံတိုင် ခုံးကျော်တံတား သုံးစင်းလုံး လက်ရှိတွင် မော်တော်ယာဉ်များ ဖြတ်သန်းခွင့် ရရှိပြီ ဖြစ်သော်လည်း ယာဉ်ကြောရှုပ်ထွေး ကြပ်တည်းမှု ပြဿနာများ ရှိနေဆဲပင်ဖြစ်ကြောင်း သိရသည်။
"တံတားဖွင့်တဲ့အတွက် ၀မ်းသာပါတယ်။ ရန်ကုန်မြို့ရဲ့ ပြယုဒ်အဖြစ် တံတားကြီးတစ်စင်း ပေါ်ထွက်လာပြီပေါ့။ ယာဉ်ကြောပိတ်ဆို့မှုကတော့ အနည်းငယ် ကျန်ဦးမှာပေါ့။ တော်တော်ကြီးတော့ သက်သာသွားမှာပါ။ နောက်ထပ်တံတားတွေ အများကြီး ဆောက်ပေးပါဦးလို့ မေတ္တာရပ်ခံ ချင်ပါတယ်" ဟု ရွှေဂုံတိုင် ခုံးကျော်တံတားတွင် ဖြတ်သန်းခွင့် ရခြင်းနှင့် ပတ်သက်ပြီး ယာဉ်မောင်းသူ တစ်ဦးက ပြောကြားသည်။
မော်တော်ယာဉ်များ တိုးပွားလာမှု၊ မော်တော်ကားလမ်းများ အပြည့်အ၀ အသုံးချနိုင်ခြင်း မရှိမှု၊ ယာဉ်များသူများမှ သတ်မှတ်စည်းကမ်းများ မလိုက်နာမှုနှင့် စည်းကမ်းမလိုက်နာ သူများအား အရေးယူမှု အားနည်းခြင်းတို့ကြောင့် ရန်ကုန်မြို့တွင် နေ့စဉ်နှင့်အမျှ ယာဉ်ကြောပိတ်ဆို့မှုများ ဆက်လက်ဖြစ်ပေါ်လျက် ရှိသည်။
ရွှေဂုံတိုင် ခုံးကျော်တံတားအား ဒီဇင်ဘာ ၁ ရက်က တွေ့ရစဉ်

ခေတ်သစ်ဦးပေါ်ဦးလျှောက်ထုံး - ၂

r

Thorn Nay Soe

ခေတ်သစ်ဦးပေါ်ဦးလျှောက်ထုံး - ၂
----------------------------
* ဟဲ့ ပေါ်ဦး ဟိုရုပ်တုထုမယ့်ကိုယ်တော်က ငါးပါမှောက်ပြန်ပါပကောလားကွဲ့။
မှန်လှပါ၊ ငါးပါးမှောက်ကိုယ်တော်ကိစ္စလည်း အရေးကြီးပါတယ်။ ခြေ/ဥ ပြင်ဖို့လည်းအရေးကြီးပါတယ်။

* ဟဲ့ ပေါ်ဦး ဘင်္ဂလားပင်လယ်အော်ထဲ ခရိုနီတွေခုန်ချခိုင်းတဲ့ ရဲရဲတောက်ကြီးနဲ့ သေရွာပြန် ခရိုနီကြီးကိစ္စကော ငြိမ်သွားပလားကွဲ့။
 မှန်လှပါ၊ ရဲရဲတောက်နဲ့ သေရွာပြန်ကြီးတို့လည်း အရေးကြီးပါတယ်။ ခြေ/ဥ ပြင်ဖို့လည်းအရေးကြီးပါတယ်။

* ဟဲ့ ပေါ်ဦး မကြီးစိုးကစလိုက်တာ မဆေးဘူးတွေဆေးတယ်တွေဖြစ် ဌက်ကထကြီးကလည်း ထောက်လှမ်းမယ်ဆိုပါ့လား။ မှန်လှပါ၊ ထောက်တာလည်း အရေးကြီးပါတယ်။ ခြေ/ဥ ပြင်ဖို့လည်းအရေးကြီးပါတယ်။ * ဟဲ့ ပေါ်ဦး သူ့ချည်းသာလော။ မှန်လှပါ။ တမတ်သား နေရာမှန်ပြန်ပို့ဖို့လေးနဲ့ပါ ဘုရား။

ဒိုင်းမွန်းပလာဇာ မြေအောက်ထပ်ဗုံးလန့်မှုဖြစ်


The Modern News Journal

မန္တလေးမြို့ ဒိုင်းမွန်းပလာဇာ မြေအောက်ထပ် ကားပါကင်မှာ ယနေ့ည ၇ နာရီခွဲခန့်က ချိန်ကိုက်မိုင်းလို့ယူဆရတဲ့ အထုပ်တစ်ထုပ်တွေ့ရှိခဲ့ပါတယ်။

ည ၈ နာရီခန့်မှာ ရဲတပ်ဖွဲ့နဲ့ အမှတ် ၉၁၀ က မိုင်းရှင်းလင်းရေးတပ်ရောက်လာပြီး သဲအိတ်တွေဖုံးအုပ်ကာ စစ်ဆေးမှုတွေပြုလုပ်ပါတယ်။

စစ်ဆေးရာမှာ အရှည် ၃လက်မ လုံးပတ် ၁လက်မခွဲ ရှိ သတ္တုချောင်းကို ဒီဂျစ်တယ်နာရီနဲ့တွဲထားတဲ့ပစ္စည်းဖြစ်ကြောင်းတွေ့ရှိရပြီး ည ၉နာရီ ၁၅ မိနစ်အချိန်မှာ အမှတ် ၉၁၀ မိုင်းရှင်းလင်းတပ်ကုတွေ့ရှိပစ္စည်းကို ထပ်မံစစ်ဆေးဖို့ ယူဆောင်သွားတယ်လို့သတင်းရရှိပါတယ်။

ယခုအခါ ဒိုင်းမွန်းပလာဇာ အနီးတစ်ဝိုက်ကို လုံခြုံရေးတွေစောင့်ကြပ်နေပါတယ်။


Photo
Zaw Zaw Diana

ပေါက်တောမြို့နယ်မှ အမျိုးသမီး သုံးဦး ခံဝန်လက်မှတ်ရေးထိုးရ


နိရဉ္စရာ

စစ်တွေမြို့၊ စည်း/ထိန်းအဖွဲ့မှ သံဃာတော် (၇)ပါးသည် ပေါက်တောမြို့နယ်မှ အမျိုးသမီး (၃) ကို ဘင်္ဂလီ လူမျိုးတို့အား သံထည်ပစ္စည်းများ ပို့ဆောင် ရောင်းချကြောင်းတွေ့ရှိရသည်ဟု ဆိုကာ မြို့မ ကျောင်းတိုက် သို့ ခေါ်ယူပြီး ပစ္စည်းများကို သိမ်းဆည်း၍ သူတို့ (၃) ဦးအား ခံဝန် လက်မှတ်ရေးထိုး၍ ပြန်လွှတ် ပေးလိုက်ကြောင်း သတင်း ရရှိသည်။

ဖြစ်ပွားပုံနှင့် ပတ်သက်ပြီး သိရသည်မှာ ၂၈-၁၁-၂၀၁၃ရက်နေ့ ၁၄ နာရီ ၃၀ မိနစ် အချိန် ခန့်က စစ်တွေမြို့၊ အိုးတန်းရပ်ကွက်၊ ဆန်ဆိပ်တွင် ပေါက်တောမြို့နယ်၊ ပိန္နဲချောင်းရွာမှ ဒေါ်ဦးတင်မြ (၅၄)နှစ်၊ (ဘ) ဦးအောင်ဇံ၊ ဒေါ်အေးသိန်းနု (၄၄)နှစ်၊ (ဘ)ဦးချစ်သာထွန်း၊ မခိုင်နှင်းဝေ (၁၂)နှစ်၊ (ဘ) ဦးမောင်နီချေတို့သည် ဈေးမှ ၀ယ်ယူလာသည့် (၃) ထပ် ငါးဖမ်းပိုက်ငယ် (၁)လက်၊ ထန်းလျက်(၁)ခြင်း၊ ဒီဇယ်ဆီ(၁၀)ဂါလံ၊ ငစိန်ဆန် (၂)အိတ်၊ မုန့်မျိုး စုံအထုပ်ကြီး (၁) ထုပ်၊ ခြင်္သေ့(၃)ကောင် အထုပ်ကြီး(၁)ထုပ်၊ (ကာလ တန်ဘိုး ၁၅၀၀၀၀ ကျပ်ခန့်)အား စက်လှေပေါ်တင်စဉ် စစ်တွေမြို့၊ စည်း/ထိန်းအဖွဲ့မှ သံဃာတော် (၇)ပါးမှ တွေ့ရှိသဖြင့် မြို့မ ကျောင်းတိုက်သို့ ခေါ်ယူပြီး ထိုသို့ ခံဝန် လက်မှတ် ရေးထိုးခိုင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးသုံးစွဲသည့် ကိစ္စနှင့်ပတ်သတ်၍ စိုးမြတ်သူဇာ၏ ရှင်းလင်းချက်




SOEMYAT THUZAR

ပရိတ်သတ်များရှင်

ဒီရက်ပိုင်းအတွင်း FB စာမျက်နာပေါ်သို့ ရောက်လာသည့်
ကျမ နှင့် ပတ်သက်သော အကြောင်းအရာများနှင့် ပတ်သက်ပြီး
ကျမ မိသားစု မိတ်ဆွေသူငယ်ချင်းများအပါအဝင်
ကျမကို သံယောဇဉ် ရှိကြတဲ့ ပရိတ်သတ်များ အားလုံး
စိတ်အနှောက်အရှက် များစွာဖြစ်ရသလို
ကာယကံရှင် ကျမကိုယ်တိုင်လဲ
အတိုင်းအဆမရှိ စိတ်ထဲမှာ ထိခိုက် နာကျင်ရပါတယ်

Moe Zay Nyein ကိုကျမ မသိပါ
ဘယ်လိုရည်ရွယ်ချက်နဲ့ ဒီလိုလုပ်ရပ်ကို လုပ်ခဲ့လဲ ဆိုတာကိုလည်း ကျမ နားမလည်ပါ
သူတင်ပြထားတဲ့ အကြောင်းအရာများကို မှန်ကန်ပါတယ်လို့ တစ်ဦးတစ်ယောက်ကမှ
 မထောက်ခံထားသလို လုံးဝ အမှန်လို့လဲ မယူဆသင့်ပါ။

အခြေအနေမှန်ကို သေချာမသိဘဲ ဝင်ရေးထားတဲ့
comment နှစ်ခုလောက်ကို မြင်ရတဲ့အခါ
ကျမ တော်တော် ကို စိတ်ပျက်မိပါတယ်

အနုပညာရှင်တွေဟာ စည်းကမ်းမရှိ အရှက်အကြောက်မရှိ ဥပဒေ ဘောင်တွင်း
 တကယ် နိုင်ငံတော်အစိုးရက ဒီတိုင်းကြည့်မနေဘဲ ထိထိရောက်ရောက်
အပြစ်ပေးခဲ့တာ လူတိုင်းလဲသိကြပါတယ်


nobody perfect ဆိုပေမဲ့ perfect ဖြစ်တဲ့သူတွေလဲ အများကြီးရှိနိုင်ပါတယ်
သေချာတာက ကျမဟာ perfect မဟုတ်ဘူး ဆိုတာပါဘဲ
ကျမ မှာ အားနဲချက် ချို့ယွင်းချက်တွေ အများကြီးရှိသလို အမှားမရှိ အပြစ်ကင်းတဲ့
လူမျိုးလဲ မဟုတ်ပါဘူး

ကျမ အသက် ၄၂ နှစ်ရှိပါပြီလက်ရှိမိဘ တွေနဲ့ တူတူနေပြီး
ကျမ ကျွမ်းကျင်တဲ့ အသက်မွေး ဝမ်းကျောင်းပညာနဲ့ လူ့ပါတ်ဝန်းကျင် အသိုင်းအဝိုင်း
မှာ ရိုးသားစွာ နေထိုင်ပြီး တင့်တယ်အောင် ရပ်တည်နေပါတယ် အခုကိစ္စမှာ ကျမကို မရည်ရွယ်လဲ
ကျမ ဓါတ်ပုံ နဲ့ ခေါင်းစဉ်တတ် အကြောင်းအရာတွေကိုတော့ကျမ အနေနဲ့ အင်မတန် ခံရခက်ပါတယ်

နိုင်ငံရေး နားလည်သည့် အသိ ဥာဏ်မျိုး မရှိတဲ့ အတွက် နိုင်ငံရေးကို စိတ်မဝင်စားပေမဲ့
 ဒီနိုင်ငံသူတစ်ယောက်အနေနဲ့နိုင်ငံ့အရေးကိုတော့ ကျမ စိတ်ဝင်စားပါတယ်
ပစ္စုပ္ပန်ကာလ မှာ ရုပ်ရှင်မင်းသမီးတစ်ယောက်ဖြစ်နေတဲ့ အတွက် ကျမ နဲ့သက်ဆိုင်သော
ကိစ္စ များကိုဘဲ ကျမ စိတ်ဝင်စားပါတယ် ကျမ အလုပ်ကို လေးလေးစားစား လုပ်ပါတယ်
ံဘယ်သူ့ကိုမှ အနိုင်မယူ ဘယ်သူ့ကိုမှ အရူံး မပေး Win win situation ကို လက်ခံကျင့်သုံးပါတယ်
ကျမ life ကို Day by day ဖြတ်သမ်းပါတယ် ကျမ ပျော်ပျော်နေတတ်ပေမဲ့ ဘယ်တုန်းက မှ ပေါ့ပေါ့ မနေခဲ့ပါဘူး

ကျမ life perfect မဖြစ်ပေမဲ့ ဒီနေ့ဒီအချိန်ထိ ကျမကြောင့် ဘယ်တစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နစ်နာအောင်
 ပျက်ဆီး ဆုံးရူံးအောင် ဆိုးဝါးတဲ့ အမှားမျိုး အပြစ်မျိုး မလုပ်ခဲ့တဲ့အတွက်
ဒီအသက်မရွယ်ထိ ဒီနေရာမှာကျမ ရပ်တည်ခွင့် ရနေတာ လူတိုင်းအမြင်ပါဘဲ
လိပ့်ပြာသန့်တဲ့အတွက် ကျမ ဘဝက မင်္ဂလာ ရှိပါတယ်

MZN ရဲ့အမှန်တရားဖော်ထုတ်တဲ့ ကိစ္စက ကျမတင်မက အကြောင်းအရာ ထဲမှာနံမည်ပါတဲ့
လုပ်ဖော် ကိုင်ဖက် ကျမရဲ့ အနုပညာရှင်မောင်နှမတွေ ကိုပါ အများကြီး ထိခိုက်နစ်စေပါတယ်
မိသားစုတွေ ရှိကြတဲ့အတွက် တစ်ယောက်နဲ့ တစ်ယောက် အပြန် အလှန်လေးစားတဲ့
ဆက်ဆံရေးကို ပျက်ဆီးစေပါတယ် သံသယ တွေနဲ့ ရင်းနှီးမူ ကို ဒုက္ခ ရောက်စေပါတယ်

အဘယ်သူ့အတွက်မှ အကျိုးမရှိဘဲ အများအတွက် နစ်နာဆုံးရူံးမူကို ဖြစ်စေတဲ့ လုပ်ဆောင်ချက်တွေဟာ
ဘယ်လောက်ဘဲ ( အမှန် ) ဖြစ်နေပါစေ နောက်ဆုံးမှာ ( အမှား ) ဖြစ်စေပါတယ်

ပရိတ်သတ်များရှင်

MZN တင်ပြချက်မှာပါတဲ့ ကျမနဲ့ပတ်သက်တဲ့ ဓါတ်ပုံအပါအဝင် အကြောင်းအရာ
အရာအားလုံးကို ကျမ လုံးဝ လက်မခံပါဘူး အစစ်မှန်ဆိုတာကိုလဲ မယုံတဲ့ အတွက်
အသိအမှတ်လဲ မပြုပါဘူး။ကျမ အတွက် အချိန်က ဘဝ ပါ
ဘဝကို တန်ဖိုးထားသလို အချိန်ကိုလဲ ကျမ အရမ်းတန်ဖိုးထားပါတယ်

ကျမရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကိုအကုန်ခံပြီး ဒီလိုပြန်ရှင်းပြရတာ ကျမကို ချစ်တဲ့ လေးစားကြတဲ့
 ပရိတ်သတ်တွေကို ကျမ တန်ဖိုးထားထားလို့ပါကျမ အတွက် နံပါတ် တစ် ဦးစားပေး အရေးပါတဲ့
လူတွေထဲမှာ ပရိတ်သတ်များ ပါပါတယ်
ဆက်လျှောက်ဖို့ ကျန်နေသေးတဲ့ ခရီးမှာ ကျမကို လက်တွဲထားမဲ့ အဖော်ကောင်း မပါပေမဲ့
မိတ်ဆွေကောင်းတွေကို လက်တွဲပြီး ပရိတ်သတ်ပေးတဲ့ ခွန်အားတွေနဲ့ကျမ ဆက်လျှောက်ချင်ပါတယ်

MZH က comment တစ်ခုမှာမကြီးစိုး စဆရ လို့ သုံးနူန်းထားပါတယ်
စစ်သားသားသမီးဖြစ်လို့ ဒီအသုံးအနူံးကို ကျမ နားလည်ပါတယ်

ဦး MZN ရှင်

( ဦးနဲ့ပတ်သက်လို့ အနဲငယ် သိထားတဲ့ အတွက် ဦးတတ်ပြီး ခေါ် လိုက်တာပါ )
ဦးပြောသလို အကြောင်းအရာတွေ ချန်ထားခဲ့လို့ ဆိုပြီး မရှိတဲ့ အကြောင်းအရာ တွေ အတွက်
ကျမ ကတော့ ဘယ်တော့မှ ကျေးဇူးတင်မှာ မဟုတ်ပါဘူးရှင်
ဒါပေမဲ့ဦးပြောတဲ့ အသုံးနူန်းတိုင်း ပြောရရင်ကျမ အတွက် MZN စဆရ မှာ
မိတ်ဆွေကောင်းတွေ အများကြီး ထပ်ရလိုက်လို့ ဒီအတွက်တော့ ဦး ကို
 ကျေးဇူးတင်မိပါတယ်

ဘယ်သူ နဲ့မှ ရေရှည် အခြေ အတင် မဖြစ်ချင်တာ ကျမ ဆန္ဒ ပါ
လူမူဆက်ဆံရေးဟာ လူတစ်ယောက်အတွက် အရေးကြီးဆုံး ကဏ္ဍ ပါ လူမူဆက်ဆံရေး
 မပြေလည်ရင် တခြား ဘယ်အရာ မှ အဆင်ပြေမှာ မဟုတ်ပါဘူး

ကျမ နိုင်ငံခြားမှာနေရတဲ့ အချိန်မှာ သိခဲ့တဲ့ ဥပဒေ တစ်ခု ရှိပါတယ်

ဘယ်နိုင်ငံမှာဘဲ နေနေ
နိုင်ငံတိုင်းရဲ့ ဥပဒေ မှာ တူညီတဲ့ ဥပဒေ တစ်ခုတော့ ရှိပါတယ်
အနုပညာရှင်များ (သို့) အောင်မြင်ထင်ရှား လူသိများသူတွေရဲ့ ပုဂ္ဂိုလ် ရေးဆိုင်ရာတွေကို
(၁) ကာယကံရဲ့ ခွင့်ပြုချက်မရရှိပါက
(၂) တရားဥပဒေအရ အကြောင်းမတိုက်ဆိုင် (သို့) တရားရုံးမှ ခွင့်ပြုချက်မရရှိပါက
(၃) လက်ရှိ အပြည်ပြည်ဆိုင်ရာ အကြမ်းဖက် ကျုးလွန်နေသူဟု
ခိုင်လုံသော သတင်းအထောက်အထား မရှိပါက
ဘယ်တော့မှ လူအများမြင်သာတဲ့ နေရာတွေမှာ ဖြန့်ဝေ နိုင်ခွင့် မရှိဘူး ဆိုတာပါဘဲ

ကျမကတော့ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ဘယ်သူ့ကိုမှ အနေခက် တာမျိုး မဖြစ်စေချင်
သလို ဥပဒေ နဲ့ စကားပြောရတာမျိုးတွေ အထိ လဲ အလုပ်တွေ မရူပ်ချင်ပါ
အဲဒါကြောင့် ဒါနဲ့ပတ်သက်ပြီး ပထမဆုံးနဲ့နောက်ဆုံး ရှင်းပြတာပါ
နောက်ထပ် ဒါနဲ့ ပတ်သက်တဲ့ ဘာ အကြောင်းအရာ ကိုမှ ကျမ ပြန်ရှင်းပြ မှာ မဟုတ်ပါဘူး
လူ့အခွင့်အရေး ကို တကယ်နားလည်လေးစားမယ်ဆို ရင် စာနာစိတ်နဲ့ ဆက်ဆံရေးကို
အသုံးပြုကြတာ အကောင်းဆုံး မဟုတ်ဘူးလား။

ကျမကို ချစ်တဲ့ ပရိတ်သပ်များဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး
နာမည်ပါခဲ့တဲ့ အနုပညာ မောင်နှမ များရှင်
ကျမနဲ့ ပတ်သက်ပြီး စိတ်အနှောက်အယှက် ရခဲ့ကြတဲ့ အတွက်
ဒီနေရာကနေ ကျမ တောင်းပန်ပါတယ်ကျမ ကိုနားလည်ပေးကြပါ

ဒီကိစ္စမှာ ကျမ ကိုကူညီဖေးမခဲ့တဲ့ သူများ နဲ့ အကြံဥာဏ်ပေးခဲ့သူတွေအားလုံးကို
အထူးကျေးဇူးတင်ပါတယ်

အားလုံး မင်္ဂလာရှိသော သူများ ဖြစ်ကြပါစေရှင်။

စိုးမြတ်သူဇာ
2nd December 2013
1:30 pm

WY ဆေးပြားသုံးစွဲသည်ဆိုခြင်းကိစ္စရုပ်ရှင်ဥက္ကဋ္ဌလူမင်းစတင်ရှင်းပြီ


Popular Myanmar News Journal

-------------------------------------------------------------------
ရန်ကုန်၊နိုဝင်ဘာ(၂)

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေသူ
သရုပ်ဆောင်လူမင်းအပါအ၀င်ရုပ်ရှင်လောကအတွင်းမူးယစ်
ဆေးသုံးစွဲသူများအဖြစ် WY ဆေးပြားသုံးစွဲသူ(၁၃)ဦးစာရင်းနှင့်
အဆိုတော်လောက WY ဆေးပြားသုံးစွဲသူ(၃)ဦးစာရင်းတို့ ကို
(၃ဝ-၄-၂ဝဝ၈)နေရက်စွဲပါအစစ်ခံချက်အဖြစ်“ရန်ကုန်မူးယစ်
အရှေ့အထူးအဖွဲ့ စစ်ဆေးချက်”ဆိုသည့်အမူမှတ်တမ်းတစ်စောင်
အွန်လိုင်းတွင်ပျံ့ နှံလျှက်ရှိပါသည်။အဆိုပါအစစ်ခံချက်ပါအမည်
စာရင်းတွင်၎င်း၏အမည်ပါရှိသည့်အတွက်ပရိသတ်တွေထင်
ယောင်ထင်မှားဖြစ်မည်ကိုစိုးရိမ်ခြင်းဟုဆိုကာအကယ်ဒမီလူမင်း
ကမူးယစ်ဆေးဝါးကိုယောင်လိုတောင်လက်တည့်မစမ်းခဲ့ဖူးပါဟူ၍
အွန်လိုင်းတွင်ရှင်းလင်းဖြေကြားချက်တစ်စောင်ကိုယမန်နေ့ 
ဒီဇင်ဘာ(၁)ရက်နေရက်စွဲဖြင့်ပြန်လည်ရှင်းလင်းပြောကြား
ထားပါသည်။(ဦး)လူမင်း၏ရှင်းလင်းချက်မှာ“မူးယစ်ဆေး
ဝါး...... ယောင်လိုတောင်လက်တည့်မစမ်းခဲ့ဖူးပါ။မိတ်ဆွေ
အပေါင်းအသင်းပတ်ဝန်းကျင်အားလုံး
အသိပါ။ကျွန်တော်ပရိသတ်တွေထင်ယောင်ထင်မှားဖြစ်နေ
မှာစိုးလို့ ပါ။ကျွန်တော်ကိုယ်တိုင်မူးယစ်ဆေးဝါးဆန့် ကျင်
တိုက်ဖျက်ရေးအသင်း<MANA>ရဲ.သံတမန်တစ်ယောက်ပါ”
ဟုပါရှိပါသည်။ထို့ အတူအဆိုပါရန်ကုန်မူးယစ်အရှေ့အထူး
အဖွဲ့စစ်ဆေးချက်စာရင်းပါအနုပညာရှင်များအနေဖြင့်
လည်း၎င်းတို့ သာအမှန်တကယ် မူယစ်ဆေးဝါးသုံးစွဲခဲ့ခြင်း
မရှိကပရိသတ်အထင်အမြင်မမှားစေခြင်းအလို့ ငှာပြန်လည်
ငြင်းချက်ထုတ်မူများအသီးသီးပြုလာဖွယ် ရှိကြောင်းရုပ်ရှင်
ဂီတအနုပညာ အသိုင်းအ၀ိုင်းကဆိုပါသည်။

ဆက်တိုက်မြင့်တက်လာသည့် ကန်ဒေါ်လာ ငွေလဲနှုန်း ယခုလကုန် အမြင့်နှုန်းသို့ ရောက်နိုင်



 Popular Myanmar News Journal


နိုဝင်ဘာလဆန်းပိုင်းမှ စတင်၍ နိုင်ငံခြားငွေလဲလှယ်နှုန်းများ နေ့စဉ် တက်နေရာ လကုန်ချိန်တွင် ကန်တစ် ဒေါ်လာကျပ် ၁ဝဝဝ နီးပါးအထိအမြင့် ဆုံးဈေးသို့ ရောက်နို င်ခြေရှိကြောင်း နိုင်ငံခြားငွေကြေးဈေးကွက် ကျွမ်းကျင် သူအချို့က သုံးသပ်သည်။

အရောင်းနှေး၍ အဝယ်လိုက်နေ ခြင်းကြောင့် ယခုလဆန်းပိုင်းက ကန် တစ်ဒေါ်လာ မြန်မာငွေ ၉၆၉ ကျပ်ရှိရာ မှ ၂၅ ရက်နေ့တွင် ၉၈၇ ကျပ်ရှိသွား ခဲ့သည်။ တစ်ဒေါ်လာ လျှင် ကျပ် ၂ဝ အထိတက်သွားသော်လည်း ယင်းငွေ သတ်မှတ်ချက်၌ ဝယ်ဈေးနှင့်ရောင်းဈေး နှစ်မျိုးရှိရာ ပြင်ပဈေးကွက် တစ် ဒေါ်လာ ၉၉ဝ အထိပင်ရောက်ရှိနေ သည် ဟု နိုင်ငံခြားငွေကြေး ကျွမ်းကျင်သူ ဦးစန်း ဝင်းက ပြောသည်။

”စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ ၃ လစလုံးမှာ ဒေါ်လာက နေ့ စဉ်အတက်ချည်းပဲ”ဟု ၄င်းကဆိုသည်။

လက်ရှိတွင် ပို့ကုန်ရငွေ(အန်နီ)နှင့် အဝေး (ဟွန်ဒီ)ဈေး ၂ ခုစလုံး၏ ဈေးမှာ အဓိကမြင့်နေသည့် ကာလ လည်းရောက်နေပြီဟု ဦးစန်းဝင်းက ပြောသည်။

”ပုဂ္ဂလိကဘဏ်အချို့က ပြီးခဲ့တဲ့ အပတ်က တစ်ဒေါ်လာ မြန်မာငွေ ၁၅ ကျပ်နဲ့ အပိုဈေးတောင်းတယ်။ ဒါက တော်တော်ဆိုးသွားတယ်။ ဒီလိုရှိသွား တဲ့အတွက် သွင်းကုန် လုပ်ငန်းရှင်အချို့ ဆို လုပ်ငန်းဆိုင်းငံ့လိုက်ကြတယ်။ ဒါ ကြောင့် ဒေါ်လာကစင်ကာပူကို အသွား နည်းနေတော့ အဝေးဈေးမှာ ပြဿနာရှိ သွားတယ်” ဟု ဦးစန်းဝင်းက ဆက်ြေ ပာ သည်။

မြန်မာဗဟိုဘဏ်က နှုန်းရှင်ငွေ လဲလှယ်မှုစနစ်တစ်ရပ်ကို စတင် အကောင်အထည်ဖော်လိုက်သည့် ၂ဝ၁၂ ဧပြီ ၁ ရက်နေ့ နောက်ပိုင်းတွင် တရားဝင်သတ်မှတ်ခဲ့ သည့် နှုန်းထား အမြင့်ဆုံးတက်ခြင်း လည်း ဖြစ်သည်ဟု စာရင်းများအရ သိရသည်။

ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ဒေါ် လာလဲလှယ်နှုန်းဈေး တည်ငြိမ်မှုမရှိ သည့်အပြင် လဲလှယ်မှုနှုန်းထား သတ် မှတ်ချက်များ ကွဲပြားမှုများနေ မှုကလည်း ဗဟိုဘဏ်၏ ထိန်းကျောင်းမှု လိုအပ်နေ ခြင်းကို ပြနေသည်ဟု သူ့အမြင်ကို ပြော သည်။

”ပုဂ္ဂလိကဘဏ် အချင်းချင်း တောင်ဈေးမတူဘူး။ နောက်ပြီး အပြင် ဈေးတွေ လည်းရှိတော့ ပုဂ္ဂလိကဘဏ် တွေကို ဗဟိုဘဏ်အနေနဲ့ ဆွေးနွေးဖို့ လည်းလိုနေပြီ”ဟု ၄င်းကပြောသည်။

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန် ပုံငွေအဖွဲ့ (IMF) ၊ ကမ္ဘာ့ဘဏ် စသော နိုင်ငံတကာ ငွေရေးကြေးရေးအဖွဲ့တို့နှင့် ဗဟိုဘဏ်က ပူးပေါင်း ၍ ပြည်ပငွေလဲ လှယ်မှုနှုန်း ထားကို တစ်ခုတည်းဖြစ် အောင် ကြိုးပမ်းနေခြင်းဖြစ်သည်။

၂ဝဝ၉ ခုနှစ်မှစကာ ကန်တစ် ဒေါ်လာ လဲလှယ်နှုန်းသည် ကျပ် ၉ဝဝ ကျော်အောက်ကျဆင်းပြီး ၂ဝ၁၂ ခုနှစ် ဧပြီတွင်မှ ကျပ် ၈ဝဝ ကျော်သို့ တက်ခဲ့ သည်။


အခြေခံဥပဒေ ပြုပြင်ရေးကိစ္စ အစိုးရတုန့်ပြန်ချက် NLD ဝေဖန်


RFA Burmese


၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ရေးနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌရဲ့ မေတ္တာရပ်ခံစာအပေါ် အစိုးရအုပ်ချုပ်ရေးဘက်က တုန့်ပြန်ပြောကြားချက်ဟာ ဒီမိုကရေစီအရေးနဲ့ ပြုပြင်ပြောင်းလဲရေးကို မလိုလားသလိုဖြစ်နေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဒီနေ့ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်တာနဲ့ ပတ်သက်ပြီး အန်အယ်လ်ဒီပါတီရဲ့သဘောထားကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဥာဏ်ဝင်း က အခုလိုပြောပါတယ်။

“သူတို့တုန့်ပြန်တဲ့အထဲမှာ ပြည်ထောင်စုလွှတ်တော်ကို ကျော်ရာရောက်မယ်၊ ဘာမှရောက်စရာ မလိုဘူး၊ အဆိုပြုတဲ့အတိုင်း လုပ်မယ်ဆိုရင်လည်း လွှတ်တော်ဥက္ကဌပါလာမှာပဲ၊ အလျှင်အမြန်လုပ်နိုင်ရင် တိုင်းပြည်အေးချမ်းမှာ၊ ဒီလိုလုပ်နိုင်ဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဟာ လိုအပ်တယ်၊ ပြင်ဆင်ရာမှာ ထိထိရောက်ရောက်ဖြစ်ဖို့ တွေ့ဆုံဆွေးနွေးပွဲဟာ လိုအပ်တယ်လို့၊ ငြင်းနေရင်တော့ ပြုပြင်ပြောင်းလဲရေးရော၊ ငြိမ်းချမ်းရေးရော မလိုချင်လို့ပဲလားလို့ စဉ်းစားစရာဖြစ်လာတော့၊ ၈၈ တုန်းကလည်း အမျိုးသားရင်ကြားစေ့ရေးအတွက် NLD တစ်ခုတည်းတော့ မရဘူး၊ ငြင်းပုံခြင်းက ပုံစံကတော့ တူနေတယ်”

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော် နာယက၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ တွေ့ဆုံဆွေးနွေးလိုကြောင်း ပြီးခဲ့တဲ့ နိုဝင်ဘာလ၂၃ ရက်နေ့က မေတ္တာရပ်ခံစာပေးပို့ခဲ့တာပါ။

အဲဒီအပေါ် နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးအတွက် ဆွေးနွေးမယ်ဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လိုပဲ တရားဝင်ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီ ၅၈ ခုရဲ့ သဘောထားအကြံပြုချက်တွေကို လိုအပ်တဲ့အပြင် ပြည်ထောင်စုလွှတ်တော်ရဲ့ အခွင့်အာဏာကိုလည်း လေးစားဖို့လိုတဲ့အတွက် ၂၀၀၈ ခုနှစ် အခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီရဲ့ အစီရင်ခံစာထွက်ပြီးချိန်မှ ညှိနှိုင်းမယ့်အစီအစဉ်တွေကို ဆက်ပြီးဆောင်ရွက်သင့်တယ်လို့  သူ့ရဲ့ဖေ့စ်ဘုတ် လူမှုရေးစာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဒီနေ့ထုတ်ပြန်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကြေညာချက်ထဲမှာ အစိုးရရဲ့ပြောကြားချက်ဟာ အချိန်ရွှေ့ဆိုင်းရန်ရည်ရွယ်ပြီး ပြောကြားချက်ဖြစ်တဲ့အတွက် အန်အယ်လ်ဒီပါတီအနေနဲ့ လက်မခံနိုင်ကြောင်း၊ ပြုပြင်ပြောင်းလဲရေးကို နှောင့်နှေးစေနိုင်ကြောင်းလည်း ပြောထားပါတယ်

ဒီနေ့ကာတွန်း

မိုးဇေငြိမ်း ကောင်းမှု

r

အစားနည်းတာလား ၊ အစိုးရက ကောင်းကောင်း မကျွေးနိုင်တာလား

အွန်လိုင်းတွင် ပျံ့နှံ့နေသည့် မူးယစ်ဆေးသုံးစွဲအနုပညာရှင်များစာရင်း လူမင်း စုံစမ်းဖော်ထုတ်မည်




တနင်္လာနေ့၊ ဒီဇင်ဘာ ၂ ရက်၊ ၂၀၁၃ ခုနှစ်

ဖေ့စ်ဘွတ်စာမျက်နှာတွင် နိုဝင်ဘာ ၃၀ ရက်မှစတင်၍ ပျံ့နှံ့လျက်ရှိသည့် မူးယစ်ဆေးဝါးအသုံးပြုသည့် အနုပညာရှင်များ၏အမည်တွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ လူမင်းကသူ၏အမည်ပါဝင်နေ ခြင်းနှင့်ပတ်သက်၍ ငြင်းဆိုခဲ့သည့်အပြင် ၎င်းကိစ္စအား စုံစမ်းဖော်ထုတ်သွားမည်ဖြစ်သည်ဟု မဇ္ဈိမ သတင်းစာသို့ ဒီဇင်ဘာ ၁ ရက်က ပြောကြားလိုက်သည်။

ယခုပျံ့နှံ့လျက်ရှိသည့် အနုပညာရှင်များ မူးယစ်ဆေးဝါးအသုံးပြုသောအကြောင်းအရာမှာ ၂၀၀၈ ခုနှစ် က အနုပညာရှင်နှစ်ဦးအား ခေါ်ယူစစ်ဆေးသည့် မှုခင်းမှတ်တမ်းထွက်ဆိုချက်အနေဖြင့် ထွက်ရှိလာ ခဲ့ခြင်းဖြစ်သည်။

“စာတွေထဲမှာပါတဲ့အကြောင်းအရာတွေက တကယ် ဟုတ်၊ မဟုတ်ဆိုတာကို စုံစမ်းနေပါတယ်။ ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ အကြမ်းဖျင်းအားဖြင့်တော့ ပြောရမယ်ဆိုရင်တော့ စဉ်းစားကြည့်မယ်ဆိုရင် ဒီကိစ္စ ဟာ တကယ်အစစ်အမှန် ဟုတ်လား၊ မဟုတ်လားဆိုတာကို ပြောရမှာပါ။ ဟုတ်နေတယ်၊ တကယ်အစစ် အမှန်ဆိုရင်တော့ သက်ဆိုင်ရာက တာဝန်ယူရပါလိမ့်မယ်။ အစစ်အမှန်မဟုတ်ရင်တော့လည်း မဟုတ် တဲ့အတွက် ဆက်လက်ဆောင်ရွက်သွားမှာပါ။ အခု ဒီစာထဲမှာလည်း ကျွန်တော်လည်း ပါတယ်။ ကျွန် တော့်နာမည်ပါလို့ ဘာမှထွေထွေ ထူးထူးမခံစားရပါဘူး။ မူးယစ်ဆေးဝါးကို ငယ်ငယ်လေးကတည်းက စမ်းတောင်မစမ်းဖူးပါဘူး။ ဒါဟာ သုံးဖို့မပြောပါနဲ့။ အစ်ကို ကင်းရှင်းတယ်ဆိုတာ အနုပညာ လောကထဲ ကသူတိုင်း အားလုံးသိကြပါတယ်”ဟု လူမင်းက ပြောဆိုလိုက်သည်။

လူမင်းသည် လက်ရှိတွင် မူးယစ်ဆေးဝါးဆန့်ကျင်တိုက်ဖျက်သည့်အသင်းတွင် ချစ်ကြည်ရေးသံတမန် အဖြစ် ဆောင်ရွက်နေခြင်းဖြစ်ပြီး ဥက္ကဋ္ဌတစ်ယောက်အနေဖြင့် အနုပညာရှင်များနှင့် မူးယစ်ဆေးဝါး ပြဿနာကို ဖော်ထုတ်သွားမည် ဖြစ်သည်။ ယင်းသို့ဖော်ထုတ်ရာတွင် ခိုင်မာမှုရှိပါက တရားဝင်ထုတ် ဖော်ပြောဆိုသွားမည်ဟုလည်း ထပ်မံပြောဆိုလိုက်သည်။

ယင်းသို့မှုခင်းစစ်ချက်ကို ထွက်ဆိုထားသူနှစ်ဦးမှာ မင်းသမီးနှစ်ဦးဟု ဖေ့စ်ဘွတ်တွင် ဖော်ပြထားပြီး ၎င်းတို့အား ဆက်သွယ်မေးမြန်းရာတွင်လည်း ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။

အဆိုပါစာရင်းတွင် ဖော်ပြခြင်းခံရသူ ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်)က “ဒီကိစ္စက ဘယ်သူတွေ တင်တာလဲ၊ ဘယ်သူတွေ လုပ်တာလဲဆိုတာကို သိဖို့လိုပါတယ်။ ဒီကိစ္စကို ကျွန်တော်ကန့်ကွက်ပါ တယ်။ ရုပ်ရှင်အစည်းအရုံးအနေနဲ့ စုံစမ်းသင့်ပါတယ်၊ ကန့်ကွက်သင့်ပါတယ်။ တရားဝင်ဖြစ်လား မဖြစ် လား၊ ဟုတ်လား မဟုတ်လားဆိုတာကိုတော့ သိရမှပါ။မစိုးကြီးကတော့ မဟုတ်ဘူးလို့ပြောတယ်။ ဒီကိစ္စ ဟာ လျှို့ဝှက်ချက်ဖြစ်ရမှာဆိုတော့အပြင်ကို မထွက်သင့်ပါဘူး။ သက်ဆိုင်ရာက တာဝန်ရှိပါတယ်။ အဲဒါ ကို သေချာလုပ်သင့်တယ်လို့ ထင်ပါတယ်”ဟု ယင်းက ပြောသည်။

ဆေးဝါးသုံးစွဲသည်ဟု ဆက်စပ်ဖော်ထုတ်ခြင်းခံရသည့် အနုပညာရှင်များ စာရင်းတွင် ကွယ်လွန်သူ မင်းသားလည်း ပါဝင်လျက်ရှိသည်ဟု ဖော်ပြထားပြီး ကွယ်လွန်ချိန်အထိ ဖောက်သည်တစ်ဦး အနေဖြင့် ရှိခဲ့သည်ဟုလည်း ပါရှိသည်။ ဒါ့အပြင် ဂီတလောကမှ ထင်ပေါ်ကျော်ကြားသူများ၊ စီးပွားရေးအသိုင်း အ၀ိုင်းနှင့် စစ်ဗိုလ်ချုပ်ကြီးများ၏ သားသမီးအမည်များလည်း အဆိုပါစစ်ချက်၏ ပြောကြားချက်တွင် ပါဝင်လျက်ရှိပြီး အချို့မှာ မူးယစ်ဆေးဝါးအမှုဖြင့် ထိန်းသိမ်းခြင်းခံခဲ့ရသူ ထိပ်တန်းစီးပွားရေးသမားနှင့် ပြန်လည်လွတ်မြောက်လာသည့် ဒါရိုက်တာတစ်ဦး၏အမည်လည်း ပါဝင်လျက်ရှိသည်။

ဘုန်းနေလ(ဒဂုံတက္ကသိုလ်)

Mizzima - News in Burmese

ရာထူးတိုးချင်လို့ဗုံးခွဲတဲ့ အဖြစ်အပျက်လေး


Moe Zay Nyein

ရာထူးတိုးချင်လို့ ကိုယ့်ဘာနင် ဗုံးခွဲတဲ့ အဖြစ်အပျက်လေးကို ပြောပြမယ်နော်။

တစ်ခါတုန်းက နေပြည်တော်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှာ ရဲမှူးတစ်ယောက်ရှိပါတယ်။ သူက အရင်တုန်းက ပျဉ်းမနား မြို့နယ်မှူးပေါ့။ နောက်တော့ ရာထူးတိုးပြီး ခရိုင်မှာ ရဲမှူးဖြစ်သွားတယ်။ တာဝန်ကတော့ ခရိုင်ရဲမှူး (ဦးစီး) ပေါ့ဗျာ။ ဒုရဲမှူးကနေ ရဲမှူးဖြစ်ဖို့ ဆယ်နှစ်ဆယ်မိုး ကြားသလို ရဲမှူးကနေ ဒုရဲမှူးကြီးဖြစ်ဖို့လည်း ဆယ်နှစ်ဆယ်ဆယ်မိုး ကြာနိုင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ ရဲမှူးလေးက နှစ်တွေအများကြီးမစောင့်ပဲ ရာထူးတိုးချင်တယ်ဗျ။ ဒီတော့ကား သူက ရဲဦးစီးအရာရှိချုပ် ဖြစ်တဲ့ ရဲမှူးချုပ်ခင်မောင်စီဆီကို သိန်း (၅၀) နဲ့အတူ လက်အုပ်လေးချီ ကန်တော့ပြီး “အဘ၊ ကျနော် ဒုရဲမှူးကြီး ဖြစ်ချင်လို့ပါ။ ဘယ်လို လုပ်ရမလဲဆိုတာ ညွှန်ကြားပါခင်ဗျ” လို့ လျှောက်ထားပါတယ်။

ခင်မောင်စီဆိုတာ ဘယ်သူလဲလို့ သိချင်လို့လား။ ဟုတ်ကဲ့ ပြောပြပါမယ်။ ခင်မောင်စီဆိုတာက DSA အပတ်စဉ် (၁၈) က ဆင်းတဲ့ ကြည်း - ၁၃၉၂၁၊ ဗိုလ်မှူးကြီးခင်မောင်စီ ဖြစ်ပါတယ်ဗျာ။ ခင်မောင်စီဟာ မြ၀တီမှာ ဗျူဟာမှူးအဖြစ် ထိုင်ခဲ့ဖူးတာမို့ ဘယ်လောက်လာဘ်စားသလဲဆိုတာ မြ၀တီကကုန်သည်တွေ အကုန်သိပါတယ်။ ခင်မောင်စီ တစ်ယောက်လာဘ်စားလွန်းလို့ အရပ်ဘက်ကို ပြောင်းလိုက်တော့ ရဲထဲကို ရောက်လာပါတယ်။ ပိုပြီး စားလို့ ကောင်းတာပေါ့ဗျာ။ ရဲထဲရောက်တော့ သူ့ကိုယ်ပိုင်နံပတ်က လ-၁၆၆၈၊ ရဲဦးစီးအရာရှိချုပ်၊ ရဲမှူးချုပ်ခင်မောင်စီ ဖြစ်သွားပါတယ်။ စကားမစပ်ပြောရမယ်ဆိုရင် ခင်မောင်စီတစ်ယောက် ရဲဦးစီးအရာရှိချုပ်ဆိုတဲ့ ရာထူးနဲ့ နေပြည်တော်မှာ ဘီယာသောက်၊ မာဆတ်သွားပြီး အပြန်မှာ ယာဉ်တိုက်မှုဖြစ်ပါသေးတယ်။ အဲဒီတုန်းကတော့ သူက ကံဖယ်လို့ မသေပေမဲ့ သူ့သူငယ်ချင်း ရဲမှူးကြီးမြင့်အုန်း (ရဲထောက်ညွှန်မှူး၊ OTS ဆင်း၊ သူရဲကောင်းမှတ်တမ်းဝင်) တစ်ယောက်ကတော့ သေသွားရှာပါတယ်။ အဲဒီနေ့ကလည်း ကိုမြင့်အုန်းက အတော်မူးနေတာမို့ မမောင်းပါနဲ့ လို့ပြောတာကို နားမထောင်ပဲ “ငါက သူရဲကောင်းမှတ်တမ်းဝင်ကွ၊ ဒီလောက်မူးတာလောက်ကတော့ အေးဆေးပဲ” ဆိုပြီး တက်မောင်းရာကနေ ကြွသွားတာပေါ့ဗျာ။ ထားပါတော့။ စောစောကဟာလေး ဆက်ပါဦးမယ်။

ရာထူးတက်ချင်တဲ့ ရဲမှူးက အကြံညဏ်တောင်းတော့ ခင်မောင်စီက“ အေး၊ မင်းလည်း ဒုရဲမှူးကနေ ရဲမှူးဖြစ်တာ မကြာသေးဘူး။ ဒီတော့ နောက်တဆင့်တက်ဖို့ဟာ မလွယ်ဘူးကွ။ ဒါပေမဲ့ တစ်ခုခုမှာ ထူးချွန်အောင် လုပ်လိုက်ရင်တော့ ငါက စစ်မြေပြင်အဆင့်တိုးပုံစံမျိုးနဲ့ နောက်တဆင့်တက်လို့ရအောင် ရဲချုပ် ကိုပြောပေးမယ်ကွာ” လို့ ပြောပါတယ်။ ဇာတ်လမ်းတွေရေးနေရင် ရှည်နေမှာစိုးလို့ ကျနော်အတိုချုပ်ပဲ ပြောပါတော့မယ်။

(၁) စောစောက ရဲမှူးက တောင်ငူနယ်ထဲက သူ့အင်ဖော်မာ ဆင်းရဲသားကရင်တစ်ယောက်ကို “မင်း ထောင်ထဲမှာ လေးငါးဆယ်နှစ် သွားနေလိုက်ရင် မင်းမိသားစုကို ငါစောင့်ရှောက်မယ်” ဆိုပြီး စည်းရုံးပါတယ်။ တောထဲဝင်၊ မျှစ်ချိုး၊ ရေလုံပြုတ်နဲ့ ထမင်းနပ်မမှန်တဲ့ ကရင်ဆင်းရဲသားက သူ့မိသားစုကို ရန်ကုန်မှာ ခေါ်ထားမယ်၊ ကလေးတွေကိုလည်း ကျောင်းထားပေးမယ်ဆိုတော့ သူ့မိဘ၊ သူ့မိသားစုနဲ့ သူ့ဘ၀ကို လဲလှယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူ့မှာ မိဘအိုနှစ်ပါးနဲ့ ဇနီးမယား၊ သားသမီးတွေ ရှိပါတယ်။

(၂) ဒီလိုနဲ့ ခရိုင်ရဲမှူးရဲ့ကြီးကြပ်မှုနဲ့ ရထားပေါ်မှာ ဗုံးခွဲပါတယ်။ ဗုံးက ရမည်းသင်းအနားမှာ ကွဲပါတယ်။ မူလ အစီအစဉ်ကတော့ လူအသေအပျောက်မရှိအောင် စီစဉ်ထားတာပါ။ ရဲမှူးက ရထားမှာ ခုံ (၄) ခုံ ၀ယ်ပါတယ်။ အဲဒီ့ ခုံတွေ အပေါ်က တန်းမှာ ဗုံးပါတဲ့ အိတ်ကို တင်ထားပါတယ်။ ဗုံးကွဲတဲ့အချိန်မှာ အောက်ကခုံတွေကလည်း လူမရှိတာမို့ ထိခိုက်စရာမရှိပါဘူး။ အသံမိုင်းလောက်အနေနဲ့ပဲ လုပ်ခဲ့တာပါ။ သို့ပေမဲ့ ကံဆိုးချင်တော့ ခုံမဲ့နဲ့ လိုက်လာတဲ့ လင်မယားနှစ်ယောက်က အဲ့ဒီခုံတွေမှာ လူမရှိတာတွေ့တော့ ၀မ်းသာအားရနဲ့ ၀င်ထိုင်ပါတယ်။ ဒီတော့ ဗုံးပေါက်တဲ့အချိန်မှာ အဲ့ လင်မယားနှစ်ယောက် သေသွားရရှာပါတယ်။

(၃) ဗုံးပေါက်ပြီးတော့ အစောက ရဲမှူးက ရှားလော့ဟုမ်းကဲ့သို့ “ဒီအကြမ်းဖက်သမားဟာ ဒီနေရာမှာ ဓီလို လုပ်သွားခဲ့တာဖြစ်တာမို့ ဒီကနေ လိုက်ဖမ်းမယ်” ဆိုပြီး တွက်ချက်ပြပြီး တောတိုးပြီး ၀င်ဖမ်းပါတယ်။ ရဲတွေ တောတိုးတာ နှစ်ရက်လောက် ကြာမယ်ထင်ပါတယ်။ နောက်တော့ မူလအစီအစဉ်အတိုင်း ကရင်ဆင်းရဲသားလေးဟာ နေပြည်တော်အရှေ့ဘက်၊ ရွာတစ်ရွာအနီးမှာ ကျနော် ဗုံးခွဲသူပါခညာာ ဆိုပြီး အဖမ်းခံပါတယ်။ ခြုံငုံပြောရရင်တော့ ရဲမှူးရဲစနစ်တကျစီစဉ်ဆောင်ရွက်မှုတွေကြောင့် တရားခံကို လက်ရဖမ်းဆီးမိတယ် ပေါဗျာ။

(၄) အဲတာနဲ့ပတ်သတ်ပြီးတော့ တရားခံကို ဘယ်လိုဖမ်းဆီးကြောင်း၊ တရားခံဟာ ဘယ်ကဖြစ်ကြောင်း ဆိုတာ သတင်းစာရှင်းလင်းပွဲကြီးလုပ်ခဲ့၊ သတင်းစာတွေမှာပါခဲ့သလို တရားခံဖမ်းဆီးခဲ့တဲ့ ရဲမှူးကိုလည်း ဒုရဲမှူးကြီးအဖြစ်ရာထူးတိုးမြင့် ပေးခဲ့ပါတယ်။ ဒီကောင်လေး တော်ပါတယ်။ ရာထူးတိုးပေးလိုက်ပါဗျာ လို့ ကိုခင်မောင်စီက ရဲချုပ်ကို ပြောပေးတာပေါ့ဗျာ။

(၅) အဲဒီရဲမှူးကတော့ …။ နာမည်တော့ မပြောတော့ပါဘူး။ ကိုယ်ပိုင် နံပတ်က လ-၁၁၂၆၃၅ ပါ။ သူ့သမီးက နိုင်ငံခြားရေးဝန်ကြီးဌာနမှာ လုပ်နေပါတယ်ခင်ဗျာ။ တရားခံဆိုတဲ့ ဆင်းရဲသားကရင်လေးရဲ့ မိသားစုကိုတော့ ရဲမှူးက အိမ်တွေ၊ ခြံတွေ ၀ယ်ပေးပြီး ရန်ကုန်ကိုခေါ်ယူ စောင့်ရှောက်ပေးခဲ့ကြောင်း သတင်းကြားသိရပါတယ်။

ဆောင်းပါးရှင်၏ အမည်ရင်းနှင့် အပတ်စဉ်တို့ကိုတော့ မဖော်ပြလိုတော့ပါ

Soe Zeya Tun

ရုပ်ရှင်နဲ့ ဗီဒီယို လောကသားတွေ ဗိုလ်ချုပ်သားတွေ သူဌေးတွေနဲ့ ပေါင်းပြီး ဆေးသုံးစဉ်က ရဲတပ်ဖွဲ့ရဲ့ စစ်ချက်တွေ အပြင်ကို ပေါက်ကြားလာတာ အကြောင်းမဟုတ်ဘူး.....
နိုင်ငံရေးသမားတွေ စစ်အစိုးရလက်ထက် ဖမ်းဆီးခံရစဉ်က စစ်ချက်တွေ ပေါက်ကြားလာရင်တော့ မြန်မာ့နိုင်ငံရေး လောကမှာ အကွဲအပြဲတွေနဲ့ မျက်နှာပျက်စရာတွေ ရှိလာနိုင်တယ်....
ဒင်းက ထောက်လှမ်းရေးမေးတဲ့ အခါ ငါ့နာမည်ကြီး တပ်ပြီး ဖော်ကောင်လုပ်ခဲ့တာကိုး အဲဒီတုန်းကတောင် ငါ့ကို ချောက်ချခဲ့တယ်ဆိုရင် နောင်လဲ ချောက်ချနိုင်တာပဲ အစရှိသဖြင့်ပေါ့......



https://www.facebook.com/teza.ten.9
ဒီရက်ပိုင်းနာမည်ကြီးလျှက်ရှိသော မင်းသားမင်းသမီးများ၏ မူးယစ်ဆေးဝါးသုံးမှုသတင်းများကို သမီးငယ်မှ ပြောပြ၍ သိရှိရသည့်အတွက် ထိုဆောင်းပါးရှင်ဖြစ်သော Moe Zay Nyein ၏ Facebook စာမျက်နှာသို့ ၀င်ကြည့်မိပါသည်။ ထိုသူ၏ Profile ဓာတ်ပုံနှင့် နာမည်တို့အား တွေ့ရသောအခါတွင် ကျွန်တော်တပ်မတော်အတွင်း တာဝန်ထမ်းဆောင်စဉ်က ခင်မင်ရင်းနှီးဖူးသော မိတ်ဆွေများထဲမှ တစ်ဦးဖြစ်မည်ဟု ခန့်မှန်းမိပါသည်။ ကျွန်တော့်၏ ခန့်မှန်းချက်မှာ 99% သေချာသလောက်ရှိပါသည်။ အဘယ့်ကြောင့် 99% ဟုပြောရသနည်းဟု အမေးရှိသော် ထို Profile ပုံထဲမှ လူကို ကျွန်တော်ရင်းနှီးပါသည်။ ထိုပုံသည် ဆောင်းပါးရှင်၏ ပုံမဟုတ်ပါ။ ဆောင်းပါးရှင်၏ ညီတစ်ဦးပုံသာ ဖြစ်ပါသည်။ ဆောင်းပါးရှင်နှင့် ကျွန်တော် ရင်းနှီးခဲ့စဉ်က သူ့ညီအား မိတ်ဆက်ပေးသဖြင့် သုံးကြိမ်ခန့် တွေ့ဆုံဖူးခဲ့သဖြင့် ကောင်းကောင်းမှတ်မိနေပါသည်။ ဆောင်းပါးရှင် အသုံးပြုထားသော အမည်သည်လည်း ဆောင်းပါးရှင်၏ သမီးနာမည် ဖြစ်ပါသည်။
ဆောင်းပါးရှင်၏ အမည်ရင်းနှင့် အပတ်စဉ်တို့ကိုတော့ မဖော်ပြလိုတော့ပါ။ ထိုဆောင်းပါးရှင်နှင့် ရင်းနှီးသူ၊ အပတ်စဉ်တူများတွင် လက်ရှိတာဝန်ထမ်းဆောင်ဆဲပုဂ္ဂိုလ်များ ရှိနေသဖြင့် ဘေးထွက်ဆိုးကျိုးဖြစ်မည်ကို စိုးရိမ်ပါသည်။ ကျွန်တော်ထိတွေ့သိရှိသလောက်ဆိုရသော် ဆောင်းပါးရှင်သည် ခြေလျင်တပ်ရင်းမှူးသင်တန်း အမှတ်စဉ် (၃၈)၊ ၂၀၀၅ ခုနှစ်က စစ်ဦးစီးတက္ကသိုလ်သင်တန်း အမှတ်စဉ် (၅၅) တို့ကို တက်ရောက်ခဲ့သူ ဖြစ်သည်။ တပ်မတော်တွင် တာဝန်ထမ်းဆောင်နေစဉ် အုပ်ချုပ်မှုလျော့နည်းဖြစ်စဉ်များ ပေါ်ပေါက်ခဲ့ပြီး စုံခုံဖွဲ့စစ်ဆေးကာ တိုင်းမှူး၏ ပြင်းထန်စွာသတိပေးခြင်းခံခဲ့ရသည်။ ထို့နောက် အရပ်ဘက်ဝန်ကြီးဌာနတစ်ခုသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရန် ဆုံးဖြတ်ညွှန်ကြားချက်ထွက်လာသည်ဟု ကြားသိရပါသည်။ ထိုအချိန်တွင် ကျွန်တော်သည် တပ်မတော်အတွင်း၌ တာဝန်ထမ်းဆောင်ခြင်းမရှိတော့သော်လည်း မိတ်ဆွေများထံမှ တဆင့် သတင်းများကြားနေရသည်။ ဆောင်းပါးရှင် မည်သည့်ဝန်ကြီးဌာနသို့ ပြောင်းရွှေ့သွားသလဲဆိုသည်ကို ကျွန်တော်မပြောလိုတော့ပါ။ သူရေးသားသည့်စာများတွင် ပေါ်လွင်နေပါသည်။
ဒီ့နောက်ပိုင်းတွင် ကျွန်တော်သည်လည်း သမီးငယ်ရှိရာ အမေရိကန်နိုင်ငံ၊ Boca Raton မြို့သို့ ပြောင်းရွှေ့ နေထိုင်ခဲ့သဖြင့် မြန်မာပြည်မှ မိတ်ဆွေများနှင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့သည်။ ဆောင်းပါးရှင်နှင့် ပတ်သတ်သည့် နောက်ဆုံးသတင်းမှာ ၂၀၀၈ ခုနှစ်တွင် အစိုးရအမှုထမ်းမှ နုတ်ထွက်၍ ပြင်ပစီးပွားရေးလုပ်နေသည်ဟု သိရသည်။
နိဂုံးချုပ်အနေဖြင့် ကျွန်တော်ပြောလိုသည်မှာ ဆောင်းပါးရှင်အနေဖြင့် သူအရေးယူခံရသည့်ဖြစ်စဉ်နှင့် ပတ်သတ်ပြီး အထက်အရာရှိကြီးများအား မကျေနပ်ဖြစ်မှုများရှိခဲ့သည်။ ထိုအချက်ကို ကျွန်တော့်အနေနှင့် နားလည်ပေးနိုင်ပါသည်။ သို့သော် ဆောင်းပါးရှင်မကျေနပ်သော တပ်မတော်အရာကြီးတစ်စုကြောင့် တပ်မတော်ကို သိက္ခာမချ၊ သစ္စာမဖောက်ပါနှင့်ဟု မိတ်ဆွေတစ်ဦးအနေဖြင့် ပြောလိုပါသည်။ ဆောင်းပါးရှင်၏ အကောင့်တွင် Comment ရေး၍ မရသည့်အတွက် Massage မှ တဆင့်လည်း ပေးပို့ထားပါသည်။