Tuesday, December 3, 2013

ငွေဖြည့်ကဒ် အတုတွေပေါ်



Aung Chan Myint

ငွေဖြည့်ကဒ် အတုတွေပေါ်နေပါတရ်။ဆိုင်မှာ ခုနလေးတင်ဖြစ်သွားတာပါ။

ဈေးဝယ်တစ်ယောက်ပထမ တသောင်းတန် တကဒ်ဝယ်သွားတယ်။ ၀ယ်ပြီး သိပ်မကြာသေးခင်မှာပဲငါးထောင်တန်နှစ်ကဒ်နဲ့ လဲပေးပါဆိုလို့လဲပေးလိုက်တရ်. ။ ခနနေတော့ သူလဲသွားတဲ့ တသောင်းကဒ်ကိုဆိုင်က ဖုန်းတလုံးထဲဖြည့်တာ ဘယ်လိုမှဖြည့်မရပါဘူး။ ဒါနဲ့ ဆက်သွယ်ရေး ကိုSerial No. နဲ့တိုက် ပြီး မေးကြည့်တော့ ငွေဖြည့်ကဒ်ကလွန်ခဲ့တဲ့ တပတ်လောက်ကထဲက သုံးထားတဲ့နံပတ် တွေပါ တဲ့။

ဘေးနားပတ်ဝန်းကျင်က အသိ ဆိုင်တွေ စုံစမ်းလိုက်တော့သူတို့လဲ အာ့လိုမကြာခန ကြုံနေကြပါတရ်တဲ့ ။ ငွေဖြည့်ကဒ်ဟောင်းတွေ ကိုခဲပြန်အုပ် ပလတ်စတစ်ပြန်ဖုံးပြီးအသစ်နဲ့ အဟောင်းနဲ့လဲပြီးသုံးနေကြတာပါ။ တချို့ဆို ဆယ်ကဒ်လောက်ဝယ်ပြီးမှ ငါးကဒ် လောက်ကို ငါးထောင်တန် နဲ့ ပြန်လဲခိုင်းတာပါ။ အတုတကဒ်တွေ့တာနဲ့ အောက်မှာ ပုံနဲ့ ပြထားလိုက်ပါတရ်။ တော်တော်ခွဲမရအောင် တူပါတရ်။ (တူမှာပေါ့အစစ်ကိုခဲအုပ်ပြီးအိတ် နဲ့ထည့်ထားတာကိုး) အတုကခဲခြစ်ထားတဲ့ ပေါ်မှာ MPT ဆိုတာ မပါပါဘူး။ နောက် ပလတ်စတစ်က ပိုပါးပါတရ်။

သူငယ်ချင်းတို့လဲဝယ်ရင်တခါထဲဖြည့်ခိုင်းပါ။ တခါထဲ မဖြည့်နိုင်ဖူးဆိုလဲခဲပေါ်မှာ MPT စာ ပါမပါ သေချာ စစ်ပါ။ တော်တော်လေးကို ခွဲမရအောင်တူပါတရ်။ လောလော နဲ့ဝယ်သွားရင် သတိထားမိမှာမဟုတ်ပါဘူး သတိထားကြပါ...................

ရခိုင် ပြည်ခိုင်ဖြိုး ၀န်ကြီး ဦးကျော်ခင်ကို တင်ဆောင်ထားသော ကား က တိုက်မိပြီး မှောက်သွားသော ဆိုက္ကား နှင့် ခရီးသည် အား ကူညီပေးခြင်းမပြုဘဲ ထွက်ပြေးသွား


 Coral Arakan News
===============

စစ်တွေ ၊ ၀၃ ဒီဇင်ဘာ ၂၀၁၃ ၊ Coral Arakan News ၊ [ သတင်း ]

ယနေ့ နံနက် ရှစ်နာရီခွဲတွင် ပြည်တော်သာရပ်ကွက် ကွန်ပျူတာ တက္ကသိုလ်ရှေ့လမ်းပေါ်တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဌာန ၀န်ကြီး ဦးကျော်ခင် ၏ ကားက အမျိုးသမီးတစ်ဦးကို တင်ဆောင်ထားသော ဆိုက္ကားတစ်စီးအားတိုက်မိသဖြင့် ဆိုက္ကား မှောက်ကာ ဆိုက္ကားအောက်သို့ ခရီးသည်နှင့် ဆိုက္ကားသမား ရောက်သွားသည့်အခြေအနေ ရောက်သွားသော်လည်း သိလျက်သားနှင့် ဘာမှ အကူအညီပေးခြင်းမပြုဘဲ ဆက်လက် မောင်းနှင်သွားခဲ့သည် ဟု သိရသည်။

တိုက်ခိုက်ရေး နှင့် စည်းရုံးရေးတပ် မှ တပ်သား ကိုအောင်ထွန်းလင်း နင်းကာ ခရီးသည် မစုမြတ်ဝေ စီးနင်းလိုက်ပါလာသော ဆိုက္ကားကို ၀န်ကြီး ဦးကျော်ခင် စီးနင်းသောကားနံပါတ် --/၇၉၂၁ က တိုက်မိသည့်အချိန်တွင် ၀န်ကြီး ဦးကျော်ခင် နှင့် ဇနီးတို့ ကားပေါ်တွင် ပါသည် ဟု သိရသည်။

ခရီးသည် မစုမြတ်ဝေ မှာ ခြေထောက်တွင် ကွဲရှ နှင့် ပေါက်ပြဲ ဒဏ်ရာများ ရသွားခဲ့သည် ဟုသိရသည်။

( Coral Arakan News )

မောင်းကုန်းတောင်သူများ၏ ဆန္ဒပြခေါင်းဆောင်ဦးစိန်လှ ရုံးချိန်းပျက်ကွက်မှုဖြင့် ထီးချိုင့်ရဲစခန်းတွင် ဖမ်းဆီးခံရ



ဟာဂျူလီ ကသာ

************************************
စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးသာအေးအား ဆန္ဒထုတ်ဖေါ်လိုကြောင်း စာတင်ထားသည့် မောင်းကုန်းတောင်သူများ၏ ဆန္ဒပြခေါင်းဆောင်ဦးစိန်လှ အား ထီးချိုင့်ရဲစခန်းမှ ၃၊၁၂၊၂၀၁၃ရက်နေ့
နေ့လည်က ဖမ်းဆီးထားလိုက်ပြီဖြစ်ကြောင်း သတင်းရရှိပါသည်၊ထိုသို့ ဖမ်းဆီးလိုက်ရခြင်းမှာ ထီးချိုင့်မြို့နယ်တရားရုံးမှ ရုံးချိန်းပျက်ကွက်သဖြင့် ၀ရမ်းထုတ် ဖမ်းဆီးစေခိုင်းမှုကြောင့်ဖြစ်ကြောင်းသိရှိရပါသည်။
ဦးစိန်လှသည် ရှေ့နေတစ်ယောက်ဖြစ်ပြီး နိုင်ငံရေးဆောင်ရွက်မှုကြောင့် ၁၉၉၀ခုနှစ်မှစတင်၍ ထောင်ချခံခဲ့ရပြီး ရှေ့နေလိုင်စင်လည်း အသိမ်းခံခဲ့ရပါသည်၊ယခုနှစ်မှ ရှေ့နေလိုင်စင်ပြန်ရပြီး သူကိုယ်တိုင် တရားစွဲ
ခံခဲ့ရသော အမှုများနှင့် လူသတ်မှုတစ်မှုကိုလည်း ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးနေသူဖြစ်ပါသည်၊သူအား တရားခံအဖြစ် စွဲဆိုထားသောအမှုအား ၂၈၊၁၁၊၁၃ရက်နေ့က ထီချိုင့်မြို့နယ်တရားမှစစ်ဆေးရန်
ချိန်းဆိုထားသော်လည်း ထိုနေ့က ဦးစိန်လှမှာ နေပြည်တော် တရားရုံးချုပ်သို့ရောက်ရှိနေသဖြင့် တပည့်ဖြစ်သူ ကိုနေ၀င်းအား ထီးချိုင့်တရားရုံးသို့ ခွင့်တိုင်ခိုင်ခဲ့ကြောင်း၊ ကိုနေ၀င်းမှ တရားသူကြီးထံ သွားရောက်၍
ခွင့်တိုင်ကြားခဲ့သော်လည်း တရားသူကြီးမှ ခွင့်တိုင်စာကို လက်ခံခြင်းမပြုဘဲ ယခုလို ဖမ်းဝရမ်းထုတ်၍ ဖမ်းဆီးစေခဲ့ခြင်း ဖြစ်သည်ဟု ကိုနေ၀င်းမှ herjule mediaသို့ ဆက်သွယ်ပြောကြားခဲ့ပါသည်။
သူသည် ဂရိတ်ဝေါပိုင်ရှင် ဦးတင်မောင်၏ တောင်သူများထံမှ လယ်သိမ်းခဲ့မှု၊သစ်လုံးများ တရားမ၀င် ခုတ်မှုများအတွက် ဆန္ဒပြမှု အကြိမ်ကြိမ်ပြုလုပ်ခဲ့သူ ဖြစ်ပါသည်၊နောက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး
ဦးသာအေးမှ ဦးတင်မောင်ကို ကာကွယ်ပေးနေသည်ဆိုသည့် စွတ်စွဲချက်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးသာအေးအား ဆန္ဒပြခွင့်ပြုရန် လျှောက်ထားချိန်တွင် ယခုလို ရုံးချိန်းပျက်ကွက်သဖြင့်ဟုဆိုခါ
အဖမ်းဆီး ခံလိုက်ရခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

အင်တာနက်အသုံးပြုနိုင်သည့် ပမာဏကို 20 GB အထိတိုးချဲ့



အတွဲ (၁၄)၊ အမှတ် (၄၇)
Mon, 12/02/2013 - 17:16

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ဆီးဂိမ်းအတွက်ရည်ရွယ်၍ အင်တာနက်အသုံးပြုနိုင်သည့် Bandwidth ပမာဏကို 20 GB အထိ တိုးချဲ့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယခင်က 12GB အထိသာ ပြည်တွင်း၌ သုံးစွဲခဲ့သော်လည်း အောက်တိုဘာလကုန်၌ 16GB အထိ တိုးချဲ့နိုင်ခဲ့ပြီး ယခုလကုန်ပိုင်း၌ 20GB အထိတိုးချဲ့သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဦးဆောင်ညွှန် ကြားရေးမှူး ဦးအောင်မော်က နိုင်ငံပိုင်သတင်းစာမှ တစ်ဆင့်ပြောသည်။

ဆီးဂိမ်းပွဲတော်အတွင်း WiFi အင်တာနက်စနစ်ကို အခမဲ့အသုံးပြုခွင့်ပေးမည်ဖြစ်သည့်အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် အင်တာနက်စနစ်အမြန်နှုန်းများ မြှင့်တင်နိုင်ရန် ဆောင်ရွက် လျှက်ရှိကြောင်း ISP အသစ်များကိုလည်း နေပြည်တော်နှင့် မန္တလေးမြို့၌ တိုးချဲ့တည်ဆောက်ထားရှိပြီး IXP ဟု ခေါ်ဆိုသော အင်တာနက် Gate Way တစ်ခုကိုလည်း နေပြည်တော်၌ တည်ဆောက်ထားရှိကြောင်း သိရသည်။

ထို့အပြင် ဂျပန်နှင့်ပူးပေါင်း၍ ဖိုင်ဘာဆက်ကြောင်းများကို တိုးချဲ့တည်ဆောက်ခြင်း၊ အရေးကြီးပုဂ္ဂိုလ်များနှင့် သတင်းမီဒီယာများအတွက် Long Term Evolution စနစ်ဖြင့် WiFi အင်တာနက်စနစ်အသုံးပြုနိုင်ရန် ဆောင်ရွက်ခြင်းစသည်တို့ကို ပြုလုပ်ဆောင်ရွက်နေကြောင်း ဦးအောင်မော်က ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် နေပြည်တော်ရှိ အားကစားရွာနှင့် အားကစားကွင်းများရှိ ရုံးခန်းများသို့ အင်တာနက်စနစ်ချိတ် ဆက်ပေးခဲ့သည့်အပြင် ဆီးဂိမ်းသို့ လာရောက်သည့် အများပြည်သူအတွက် အင်တာနက်စနစ် ဝန်ဆောင်မှုပေးနိုင်ရန် မြန်မာ့ဆက်သွယ်ရေးမှ ပုဂ္ဂလိကကုမ္ပဏီများကို တင်ဒါ ခေါ်ယူခဲ့သည်။

Red Link ကုမ္ပဏီနှင့် Global Telphone ကုမ္ပဏီတို့သည် ဆီးဂိမ်း အားကစားပွဲတော်၌ အင်တာနက်စနစ်ကို ကူညီထောက်ပံ့ခဲ့သည့်အတွက် အထက်မြန်မာပြည် နေပြည်တော်နှင့် မန္တလေးမြို့၌ Global Telephone အကူအညီဖြင့် အင်တာနက်အသုံးပြုနိုင်မည်ဖြစ်ပြီး အောက်မြန်မာပြည် ရန်ကုန်နှင့် ငွေဆောင်၌ Red Link ကုမ္ပဏီ အကူအညီဖြင့် အင်တာနက်စနစ် အသုံးပြုနိုင်မည်ဖြစ်သည်။ မြန်မာ့ဆက်သွယ်ရေး၏ ဦးဆောင်မှုအောက်၌ ဆီးဂိမ်းလာ ဧည့်ပရိသတ်များအနေဖြင့် WiFi အင်တာနက်စနစ်ကို အသုံးပြုရာတွင် Password များ လိုအပ်မည်မဟုတ်ဘဲ လွယ်ကူစွာဖြင့် အသုံးပြုနိုင်မည်ဟု သိရသည်။

မြင့်ကျော်လှိုင်

တိုင်းဒေသကြီး အစိုးရအဖွဲ့ နှင့် နီးစပ်သူ ခရိုနီများဖြင့် နိုင်ငံတော်ဘဏ္ဍာငွေအား တစ်နှစ်သုံးဖြင့် ဝေစားနေခြင်း



ThanLarWaddy Times
ပြည်သူတစ်ဦးမှ ပေးစာ
============
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ မှ နိုင်ငံတော်ဘတ်ဂျက်ဖြင့် ကျေးလက်
မီးလင်းရေးအတွက် တစ်အိမ်သုံးဆိုလာမီးအိမ်များအား တိုင်းဒေသကြီး အစိုးရအဖွဲ့ နှင့် နီးစပ်သူ ခရိုနီများဖြင့် နိုင်ငံတော်ဘဏ္ဍာငွေအား တစ်နှစ်သုံးဖြင့် ဝေစားနေခြင်း။
----------------------------------------------------------------------------------
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျေးလက်မီးလင်းရေးအတွက် နိုင်ငံတော် မှ ချထားပေးသော ဘဏ္ဍာငွေဖြင့် အစိုးရတစ်ဝက်ကျေးလက်နေပြည်သူ များ တစ်ဝက်ဖြင့် ချထားပေးရာတွင် တိုင်းဒေသကြီးအတွင်းရှိ ကျေးလက်
နေပြည်သူများအနေဖြင့် ကျေးဇူးတင်ဝမ်းသာလက်ခံရရှိရာတွင် ကုမ္ပဏီတစ် ချို့မှ မသမာသောနည်းဖြင့် တင်ဒါခေါ်ယူရာတွင် ပစ္စည်း အကောင်း(အာမခံအပြည့်ဖြင့်)တင်သွင်းပြီး တင်ဒါအောင်မြင်သော်လည်း
ကျေးလက်နေပြည်သူများလက်ဝယ်သို့ ဖြန့်ချီရာတွင် တန်ဘိုးနည်းပြီး အရည်အသွေးညံ့ ၊ ပစ္စည်းညံ့များဖြင့် တင်ပို့ခဲ့ခြင်းကြောင့် ကျေးလက်နေ ပြည်သူများ အခက်အခဲကြုံတွေ့ရပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဘဏ္ဍာ ငွေမှာလည်း ပြည်သူလူထုထံအပြည့်အ၀မရောက်ဖြစ်နေပါသည်။
ယခင်နှစ်တင်သွင်းသော ကုမ္ပဏီများအား စစ်ဆေးရာတွင် အရည်အသွေး
နိမ့်ပစ္စည်းများတင်သွင်းထားသည်ကိုတွေ့ရှိရသဖြင့် အစိုးရအဖွဲ့မှ အမှုဖွင့် ပေးလျှော်ရန်အတွက် အမိန့်ချမှတ်ထားရှိပြီး သိရှိရပါသည်။ သို့ သော်လည်း ယခုနှစ် တင်ဒါခေါ်ယူရာတွင်လည်း ၄င်းကုမ္ပဏီများကိုသာ
ရွေးချယ်ကြောင်းကြားသိရသဖြင့် ပြည်သူများအနေဖြင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ နှင့် ကုမ္ပဏီများ နိုင်ငံဘဏ္ဍာငွေကို ပေါင်ပြီးလိမ်ညာစားနေ သည် ထင်မြင်မိပါကြောင်း ဒေသခံပြည်သူများပြောနေလျှက်ရှိပါသည်။
တင်ဒါဖွင့်ဖောက်စစ်ဆေးရာတွင် ကုမ္ပဏီမှတ်ပုံတင်ခိုင်လုံမှစစ်ဆေးပြီး အပ်နှံပစ္စည်းများကို ဒေသပေါက်ဈေးနှင့် နှိုင်းယှဉ်၍ အရည်အသွေးမှန်ကန် မှသာလျှင်ရွေးချယ်သင့်ကြောင်း ။ ယခင်နာမည်ပျက် ကုမ္ပဏီများအနေဖြင့် ဈေးနှုန်းနည်းသော်လည်း မရွေးချယ်သင့်ကြောင်း ပြည်သူများသုံးစွဲရာတွင် အဆင်ပြေပြီး နိုင်ငံတော်၏ ဘဏ္ဍာငွေ အလဟသ မဖြစ်စေရန်အရေးကြီးကြောင်း ကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရှိရန် လိုအပ်နေပါကြောင်း အကြံပြုတင်ပြုလိုက်ရပါသည်။

ရုပ်ရှင်သရုပ်ဆောင်တို့ရဲ့ မူးယစ်ဆေးဝါးသုံးစွဲဖမ်းဆီးစစ်ဆေးခံရမှုမြန်မာရုပ်ရှင်အစည်းရုံးကမေတ္တာရပ်ခံ

ဘဏ်မှဓမြတိုက်တာခံရခြင်း



Moe Kyaw Swa
2 dec 2013
အမျိုးတွေဝယ်ထားတဲ့ကား၂စိးအတွက်ဒီနေ့UABဘဏ်မှာTTသွားလွှဲတာတစ်ဒေါ်လာကိုတစ်ဆယ်ကျပ်လောက်လွှဲငွေပေါ်မှာ
ထပ်ဆောင်းပေးရမယ်တဲ့။မဆောင်းပေးရင်မလွှဲပေးမှာဖြစ်တယ်။အဝေးဈေးကများနေလို့လား?ဒေါ်လာဈေးကတက်သွားလို့
လား?ဒေါ်လာဈေးကျခဲ့ရင်ကောသူတို့ပြန်ပေးဘူးလား။စထည့်ကတည်းကဒေါ်လာထည့်ထားတာ၊ဘဏ်စရိတ်လည်းတောင်း
လို့ပေးတာဘဲ၊တစ်ဒေါ်လာတစ်ဆယ်၊ငါးထောင်ဆိုငါးသောင်း၊အဓိက ကတော့လူတစုလက်ထဲကိုဘဲလုပ်ပိုင်ခွင့်တွေထည့်
ထားတော့၊ဒီလူတစုလုပ်သမျှတိုင်းသူပြည်သားတွေအလူးအလှိမ့်ခံနေရတယ်။

နယ်ရုပ်ကလေးဖြစ်ရသောကျောက်ဖြူမြို့ (သို့) တရုတ်တို့၏ဗျူဟာကုန်း



By Mra Wah

ကျောက်ဖြူ ၊ ၀၃ နိုဝင်ဘာ ၂၀၁၃ ၊ Coral Arakan News ၊ [ ဆောင်းပါး ]

ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်အောင် စီမံကိန်းများချမှတ်ဆောင်ရွက်မည်ဆိုသည်မှာကောင်းမွန်သောကိစ္စဖြစ်ပါသည်။ မိမိတို့နေထိုင်ရာဒေသ၊ ပတ်ဝန်းကျင် ကိုမဖွံ့ဖြိုးမတိုးတက်ချင်သူရှိမည်မဟုတ်ပါ။ သို့သော် ဖွံ့ဖြိုးတိုးတက်မှုအတွက် တခုခုကိုပေးဆပ်ကြရမည်ဆိုလျှင် ယင်းအရာသည်တန်ပါ၏လော ကျွန်တော်တို့စဉ်းစားရမည်ပင်ဖြစ်သည်။

ကျောက်ဖြူစီးပွါးရေးနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးဇုံတည်ဆောင်ရန် အတွက် ၂၀၀၉-ခုနှစ်၊ ဒီဇင်ဘာလ နှင့် ၂၀၁၁-ခုနှစ်၊ ဖေဖေါ်ဝါရီလတို့တွင် တရုတ်အစိုးရနှင့်မြန်မာအစိုးရတို့သည် နားလည်မှု စာချွန်လွှာများကိုသဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။ ယင်းနောက် ကျောက်ဖြူဒေသခံတို့၏နှုတ်ဖျားတွင် စီးပွါးရေးဇုံဆိုသောစကားသည် အထူးရေပန်းစားလာခဲ့သည်။ အထူးစီးပွါးရေးဇုန်သည် ဒေသတခုကို ဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်စေနိုင်သည် ဆိုခြင်းအား မငြင်းပယ်ဝံ့ပါ။ ပြည်တောင်စု မြန်မာနိုင်ငံတွင် ရိုးမ၏ အနောက်ဖက်ခြမ်းသည် ဖွံဖြိုးတိုးတက်မှု ဒုတိယအနိမ့်ဆုံးဟုဆိုသည်။ လမ်းပန်းဆက်သွယ်ရေးညံ့ဖျင်းမှု၊ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးမှု၊ အခြေခံပညာသင်ကြားရန် ဆရာ/ဆရာမများ၊ စာသင်ကျောင်းများမလုံလောက်ခြင်းတို့ကြောင့်ဖြစ်နိုင်ပါသည်။

အထူးစီးပွါးရေးဇုံကိုကျောက်ဖြူမြို့တွင် တည်ဆောက်ရန် အဘယ်ကြောင့်စီမံဆောင်ရွက် ကြသလဲဆိုသည့်အချက်ကို ဝေဖန်ပိုင်းခြားကြည့်သင့်ပါသည်။ ရခိုင်ပြည်သူလူထုတို့၏ ဆင်းရဲမွဲတေမှုကိုတွန်းလှန် တိုက်ဖျက်ရန်တော့ ဖြစ်နိုင်ဟန်မတူပါ။ ၂၀၀၆ ခုနှစ်တွင် တရုတ်သမ္မတဟူဂျင်တောင်းသည် “တကမ္ဘာလုံးဖြန့်ကြက်” ဟုကြွေးကြော်ခဲ့သည်။ ၎င်းနောက်တွင် တရုတ်တို့သည် ကမ္ဘာအနှံ့မှ လောင်စာဆီ၊ ဓာတ်ငွေ့ နှင့် အခြားသဘာဝအရင်းအမြစ်များကို ဖြန့်ကျက်ရှာဖွေကြရာ မြန်မာနိုင်ငံသည် တရုတ်တို့အတွက် စိတ်ဝင်စားစရာနိုင်ငံတနိုင်ငံအဖြစ်တည်ရှိနေလေသည်။ တရုတ်တို့သည် နှစ်ပေါင်းများစွာအရှိန်ယူကာ မြန်မာအစိုးရအားနည်းမျိုးစုံဖြင့် အလိုလိုက်အကြိုက်ဆောင် ပေါင်းသင်းခဲ့သည်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အရေးယူရန် ဆောင်ရွက်မှုကိုပင် တရုတ်အစိုးရကဗီတိုအာဏာသုံး၍ ပယ်ချခဲ့သည် အထိ မြန်မာစစ်အစိုးရ၏ အရေးကိုဆောင်ရွက်ပေးခဲ့သည်။ ၎င်းတို့၏ကြိုးပမ်းမှုများကားအလာဟသမဖြစ်ခဲ့ပေ မြန်မာနိုင်ငံတွင် ကျောက်စိမ်း၊ သစ်၊ သတ္တုတူးဖော်ရေး၊ ရေအားလျှပ်စစ်စီမံကိန်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့တူးဖော်ရေးစသည့်လုပ်ငန်းများအားလုပ်ကိုင်ခွင့်၊ ရင်းနှီးမြှပ်နှံခွင့် များကိုရရှိခဲ့သည်။ ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံတွင်း တရားဝင် ရင်းနှီးမြှပ်နှံမှုတန်ဖိုးမှာအမေရိကန်ဒေါ်လာ (၁၄) ဘီလျံခန့်ဖြစ်ပြီး မြန်မာနိုင်ငံတွင်း နိုင်ငံခြားရင်းနှီးမှုများတွင် ထိပ်ဆုံးမှရပ်တည်နိုင်ခဲ့သည်ဟုထုတ်ပြန်ထားချက်များအရသိရှိရသည်။ ထို့အပြင် အာဖရိကနှင့်အရှေ့အလယ်ပိုင်းဒေသတို့မှ တင်သွင်းလာမည့် လောင်စာဆီများကို ဖြတ်လမ်းအဖြစ် မြန်မာနိုင်ငံကိုအသုံးပြုဖြတ်သန်း၍ တင်သွင်း နိုင်ရုံသာမကရခိုင်ပြည်နယ်မှထွက်သော သဘာဝ ဓာတ်ငွေ့လောင်စာကိုပါ တရုတ်နိုင်ငံသို့အရောက် သယ်ဆောင်နိုင်ခဲ့ကြသည်။

မြန်မာအစိုးရနှင့်အထူးစီးပွါးရေးဇုံစီမံကိန်းကိုသဘောတူစာချုပ် ချုပ်ဆိုပြီးနောက် ၂၀၁၀-ခုနှစ်တွင် တရုတ်နှင့်အာဆီယံနိုင်ငံများကြားလွတ်လပ်စွာကုန်သွယ်ခွင့်သဘောတူစာချုပ် (Free Trade Agreement) ကိုလက်မှတ်ရေးထိုးခဲ့ကြသည်။ ၎င်းစာချုပ်သည် အရှေ့တောင်အာရှတွင် တရုတ်တို့အတွက် ဈေးကွက်ရှာဖွေရန်နှင့် ကျောက်ဖြူစီးပွါးရေးဇုံမှ ထွက်သောတရုတ်တို့၏ ကုန်ပစ္စည်းများကိုအရှေ့တောင်အာရှနိုင်ငံများသို့ လွတ်လပ်စွာကုန်သွယ်ဖြန့်ဖြူးခွင့်ရရန်ဖြစ်သည်ဟုသုံးသပ်ခန့်မှန်းကြပါသည်။

ယင်းနောက်ပိုင်းတွင် ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံတောင်ပိုင်း ရူလီမြို့ထိဆက်စပ်ပေါက်ရောက်မည့် အမြန်ရထားလမ်းတစ်ခုကို နှစ်(၅၀) BOT သဘောတူညီချက်ဖြင့် ရထားပို့ဆောင်ရေးဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ Railways Engineering Corporation တို့က ၂၀၁၁-ခုနှစ်၊ ဧပြီလတွင် နားလည်မှု စာချွန်လွှာတွင်လက်မှတ်ရေးထိုးခဲ့ကြသည်။ ထိုမီးရထားလမ်းသည် ကီလိုမီတာ (၈၀၀) ခန့်ရှည်လျားမည်ဖြစ်ပြီးကုန်တန်ချိန် (၄၀၀၀) သယ်ယူနိုင်ကာတနာရီ (၁၇၀) ကီလိုမီတာအမြန်နှုန်းဖြင့် မောင်းနှင်နိုင်သောရထားများဖြတ်သန်းပြေးဆွဲမည်ဖြစ်သည်။ ဤရထားလမ်းသည် တရုတ်နှင့် ကျောက်ဖြူ စီးပွါးရေးဇုံတို့အကြားကုန်သွယ်ရေးအဆင်ပြေစေရန်ဟုအပြင်ပန်းအားဖြင့်ထင်ရသော်လည်းစစ်ရေးရှုထောင့်မှသုံးသတ်သူပညာရှင်အချို့က အမေရိကန်တို့ လွှမ်းမိုးနေသာအိန္ဒိယသမုဒ္ဒရာအားစစ်ရေးထိန်းချုပ်နိုင်ရန် စစ်ပစ္စည်းနှင့် စစ်အင်အားများကိုအလွယ်တကူသယ်ယူပို့ဆောင်နိုင်ရန်ဖြစ်သည် ဟုဝေဖန်သုံးသပ်ကြပါသည်။

ဤရထားလမ်းဖောက်လုပ်နိုင်ရန်အတွက်လည်းကျောက်ဖြူမြို့တွင် စီးပွါးရေးဇုံတခုကိုဖန်တီးတည်ဆောက်ခြင်းဖြစ်သည်ဟုလည်းသုံးသပ်ပြောဆိုကြပါသည်။ ထို့အပြင် နားလည်မှု စာချွန်လွှာများအရကျောက်ဖြူ-ရူလီ အဝေးပြေးကားလမ်းတစ်ခုလည်း တည်ဆောက်ရန် အစီအစဉ်ရှိပြီးဖြစ်သည်။

တရုတ်တို့သည် ၎င်းတို့လိုချင်သောစီမံကိန်းများကို မြန်မာအစိုးရနှင့် စာချုပ်စာတမ်းများ၊ နားလည်မှုစာချွန်လွှာများ၊ ပြုလုပ်ချုပ်ဆိုထားပြီးဖြစ်သည်။ ကျောက်ဖြူစီးပွါးရေးနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးဇုံတည်ဆောက်ရေးစီမံကိန်းသည် တရုတ်တို့၏ဗျူဟာမြောက်သောတချက်ခုတ် ဆယ်ချက်ပြတ်သောအကျိုးစီးပွါးဖြစ်နေသည်ကိုယုံမှားသံသယဖြစ်စရာမလိုပါ။ မြန်မာအစိုးရအနေဖြင့် စီမံကိန်းလုပ်ငန်းများကိုဒေသခံပြည်သူများမှ သဘောမတူလျှင် မဆောင်ရွက်ပါဟုပြောဆိုသောစကားမှာအသံကောင်းဟစ်နေ ရုံသက်သက်သက်သာဖြစ်သည်။

စစ်မှန်သောဒီမိုကရေစီနိုင်ငံသို့ပြုပြင်ပြောင်းလဲနေပါသည်ဆိုသောအစိုးရအသည် ပြည်သူတို့၏အခွင့်အရေးများ၊ သဘောထားများကိုမျက်နှာလွှဲခဲပစ်လုပ်နေဆဲဖြစ်သည်။

မြ၀ါ

========================

ဓါတ်ပုံ ရည်ညွှန်းစာသား ။ ကျောက်ဖြူမြို့နယ် မဒေးကျွန်းပေါ်တွင် တရုတ်ဘာသာဖြင့်ရေးသားထားသော ဆိုင်းဘုတ် တစ်ခု အနီး ဒေသခံ ရခိုင်လယ်သမားတစ်ဦး နွားကျောင်းနေသည်ကို ၂၀၁၁-ခုနှစ် မိုးရာသီအတွင်းက တွေ့ရစဉ်။

ရခိုင် ပြည်ခိုင်ဖြိုး ၀န်ကြီး ဦးမြအောင် က တရားစွဲလာမည် ဆိုလျှင်လည်း RNDP ဂျာနယ်က ပြင်ဆင်ခုခံမည် ဟု ဆို ။


 ဦးမြအောင် က အစိုးရငွေများကို တစ်ဆင့်ထုတ်ချေးခဲ့ကြောင်းမှာ ဟုတ်မှန်သည် ဟု ဆို
--------------------------------------
စစ်တွေ ၊ ၀၃ ဒီဇင်ဘာ ၂၀၁၃ ၊ Coral Arakan News ၊ [ သတင်း ]

ဗဟိုအစိုးရက ချပေးပေးသော အတိုးနည်းချေးငွေများကို အတိုးနှုန်းထပ်တင်ပြီး ထပ်ဆင့် ထုတ်ချေးသည့် ငွေကြေးအရှုပ်တော်ပုံ တစ်ခုတွင် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီး ဦးမြအောင် ပါဝင်ပတ်သက်မှုရှိကြောင်း RNDP ပါတီက ထုတ်ဝေသော တိုးတက်ရေးသတင်းလွှာတွင် ဖော်ပြခဲ့သည့်အတွက် ထိုစာစောင်အားတရားစွဲဆိုမည်ဟု ၄င်းက ပြောကြားခဲ့မှုနှင့် ပတ်သက်၍ အဆိုပါဂျာနယ် တာဝန်ရှိသူများအနေဖြင့် နောက်မဆုတ်ဘဲ တရားရင်ဆိုင်ရပါက အဆင်သင့်ဖြစ်နေစေရန် အချက်အလက် စုဆောင်းပြင်ဆင်မှုကို စတင်နေပြီ ဖြစ်ကြောင်း RNDP ပါတီမှ တာဝန်ရှိသူတစ်ဦးက Coral Arkan News အား ပြောကြားခဲ့သည်။

အဆိုပါသတင်းကို ၂၀၁၃ အောက်တိုဘာ (၃၀) ရက်နေ့ထုတ် တိုးတက်ရေးသတင်းလွှာ အတွဲ (၃) အမှတ် (၁၅) ၏ စာမျက်နှာ (၁၅)တွင် “မာန်အောင်မွေးမြူရေးဇုံ ပြုလုပ်ရန်ချပေးသည့် ငွေများအား ငွေတိုးချေးထား”ဟူသည့် ခေါင်းစဉ်ဖြင့် ရေးသားခဲ့ခြင်းဖြစ်သည်။

မွေးမြူရေးဇုံပြုလုပ်ရန်အတွက် ချပေးထားသည့် ငွေသန်းပေါင်း (၁၀၀၀)အား မန်အောင်ဒေသခံများအား အတိုးနှုန်းဖြင့် ထုတ်ချေးထားသည်ဆိုသည့် အဆိုပါသတင်းတွင် “ယခုအခါ ယင်းငွေများအား ပြည်နယ်မွေးမြူရေးဝန်ကြီး ဦးမြအောင်က ငွေတစ်ရာလျှင် အတိုးနှုန်း ငါးကျပ်ဖြင့် လူတစ်ဦးကို ၂၄၀၀၀၀ စီထုတ် ချေးကာ ချေးငွေအဖြစ် ပြောင်းလဲ အသုံးပြုလိုက်ကြောင်း သိရသည်” ဟု ဖော်ပြထားသည်။

သို့ရာတွင် ဦးမြအောင်မှာ ထိုသတင်းတွင် ဖော်ပြထားသကဲ့သို့ မွေးမြူရေးဝန်ကြီးမဟုတ်ဘဲ စည်ပင်ဝန်ကြီးသာ ဖြစ်သဖြင့် “မွေးမြူရေးဝန်ကြီး ဦးသာလူချေ” အဖြစ် အမှားပြင်ဆင်ချက် ဖော်ပြစေလိုသော်လည်း ယင်းကဲ့သို့ ဖော်ပြရန်မှာ မဖြစ်နိုင် ဟုတိုးတက်ရေးသတင်းလွှာမှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ရာထူးနာမည်ပဲ မှားတာပါ။ လူနာမည် မမှားပါဘူး။ ဦးမြအောင်ပါပဲ။ အဲသည်ငွေတွေကို ကိုင်ပြီး အလုပ်လုပ်သွားတာ ဦးမြအောင် မှ ဦးမြအောင် အစစ်ပါပဲ” ဟု အဆိုပါတာဝန် ရှိသူက ထပ်လောင်း ပြောကြားသည်။

ထိုချေးငွေကို ပတ်သက်ကိုင်တွယ်ရမည့်သူများအဖြစ် မန်အောင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးအောင်စိန်၊ ရခိုင်ပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဦးသာညွန့် နှင့် ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးမြအောင်တို့ ဖြစ်ကြသည့်အနက် အဓိက ကိုင်တွယ်ခန့်ခွဲသူမှာ ဦးမြအောင်ဖြစ်သည် ဟု ဆိုသည်။

ထပ်ဆင့်အတည်မပြုရသေးသည့် သတင်းတစ်ခုအရ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကျပ်ငွေသိန်းပေါင်းသုံးသောင်းကို ပြည်ထောင်စုအစိုးရကရခိုင်ပြည်နယ်အစိုးရထံတစ်နှစ်လျှင် လေးရာခိုင်နှုန်းအတိုးဖြင့် ပေးချေးခဲ့ခြင်းဖြစ်သည် ဟု ဆိုသည်။ မွေးမြူရေးလုပ်ပါ၊ ဘာလုပ်ပါ၊ မည်သည့်မြို့နယ်တွင် လုပ်ပါ ဟု မည်သည့် ညွှန်ကြားချက်မှ မပါဘဲ ထုတ်ချေးပေးခြင်းဖြစ်သည် ဟု ဆိုသည်။

ပြည်ခိုင်ဖြိုးပါတီဝင် များကြီးစိုးသည့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကမူ ပြည်ခိုင်ဖြိုးအမတ်များ အနိုင်ရခဲ့သည့် မန်အောင်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မွေးမြူရေးဇုံပြုလုပ်ရန်အတွက် ဟု ဆိုကာ အဆိုပါချေးငွေကို ထပ်ဆင့် ချပေးခဲ့ခြင်းဖြစ်သည် ဟု ဆိုသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့သည် ဘက်ဂျက် ခွဲဝေချပေးမှုကို ပြည်ခိုင်ဖြီုးပါတီ စည်းရုံးရေးအမြင်ဖြင့်သာ အမြဲလုပ်ဆောင်ချထားလေ့ ရှိသည်။
ထိုကဲ့သို့ချပေးသည့်ငွေများကို တစ်ဖန် မွေးမြူရေးသမားများကိုချထားပေးခြင်းမပြုဘဲ ရွှေဆိုင်ပိုင်ရှင်များကို တစ်နှစ်လျှင် ငါးကျပ်နှုန်းဖြင့် ထပ်ဆင့်ချထားပေးခဲ့ခြင်း ဖြစ်သည်။

ထိုအကြောင်းအရာများကို သည့်ထက်မက အသေးစိတ် သိရှိနိုင်ရန် တိုးတက်ရေးသတင်းလွှာ ၏ တာဝန်ခံအယ်ဒီတာ ဦးခိုင်ပြည်စိုးက မာန်အောင်မြို့သို့ ကိုယ်တိုင်ကိုယ်ကျသွားရောက်ကာ အချက်အလက်စုဆောင်းသွားမည် ဖြစ်ကြောင်း Coral Arakan News အားပြောကြားသည်။

အဆိုပါကဲ့သို့ ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချပေးသော လည်ပတ်နေရမည် ငွေ (revolving fund) များကို ဗဟိုအစိုးရ (ပြည်ထောင်စု အစိုးရ) အနေဖြင့် အတိုးမယူဘဲ ထုတ်ချေးရမည် ဖြစ်သည် ဟု ဆိုသည်။ “ဗဟို အစိုးရက အဲသည်ငွေကို လေးရာခိုင်နှုန်းအတိုးနဲ့ ထုတ်ချေးတယ် ဆိုကတည်းက မှားနေတယ်။ အစိုးရကိုယ်တိုင်က အတိုးယူတာလား၊ ကြားက စီမံခန့်ခွဲသူတွေက အဲသည်အတိုးကို ယူလိုက်တာလား ဆိုတာ မသိရဘူး” ဟု နေပြည်တော်အစိုးရ နှင့် နီးစပ်သူတစ်ဦးက Coral Arakan News အား ပြောကြားသည်။

မန်အောင်မြို့ပေါ်တွင်ထုတ်ချေးသည့် အတိုးနှုန်းကွာခြားချက်မှ ရရှိသည့် အမြတ်ငွေဖြင့် ဆို၊က၊ရေး၊တီး ပြိုင်ပွဲဝင်သူများ၏ ကုန်ကျစရိတ်ကို ကျခံခဲ့သည် ဟု တိုးတက်ရေးသတင်းလွှာပါ သတင်းက ဆိုသည်။

ထို့အပြင် သံတွဲမြို့နယ် နှင့် ဂွမြို့နယ်အတွင်းမှ ငါးနီတူ လုပ်ငန်းရှင်အချို့အား တစ်ဦးတစ်ဦးလျှင် သိန်းထောင်ချီကာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အဆက်အသွယ်များထံမှ အတိုးနှုန်းကြီးကြီးဖြင့် ထုတ်ချေးထားသည်များ ရှိသည် ဟုလည်း ကြားသိရရာ၊ အဆိုပါချေးငွေများမှာ ယခု သိန်းပေါင်း သုံးသောင်း ကိစ္စနှင့် ပတ်သတ်မှုရှိမရှိကို မသိရပေ။

( Coral Arakan News သတင်းအယ်ဒီတာအဖွဲ့)


ဒီနေ့ကာတွန်း

မြန်မာမှ ပြည်ပသို့ တရားမ၀င် သစ်ခိုးထုတ်မှု မြင့်တက်နေပြီး တရုတ်သို့ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း၂၀၀ ခန့် တရားမ၀င်တင်ပို့မှု အများဆုံးဖြစ်


Eleven Media Group


မြန်မာနိုင်ငံမှ ပြည်ပသို့ တရားမ၀င် သစ်ခိုးထုတ်မှုများ မြင့်တက်နေပြီး တရုတ်နိုင်ငံ တစ်ခုတည်းသို့ နှစ်စဉ်ပျမ်းမျှ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ခန့် ရှိနေကာ အများဆုံး တင်ပို့နေကြောင်း မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များ အသင်းမှ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးဘာဘာချိုက ပြောကြားသည်။

''အဓိကတော့ တရုတ်ကို တင်ပို့နေတာဖြစ်ပြီး နှစ်စဉ်ပျမ်းမျှအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၂၀၀ လောက် ရှိနေပြီး တရုတ်ကို တင်ပို့မှု အများဆုံးပဲ'' ဟု မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များအသင်း၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးဘာဘာချိုက ပြောကြားသည်။

မြန်မာနိုင်ငံတွင် အဓိက သစ်မှောင်ခို ထုတ်လုပ်မှုဒဏ်ကို ခံနေရသော ပြည်နယ်များတွင် တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်၊ ထိုင်း-မြန်မာ နယ်စပ် ကရင်၊ ကယားနှင့် ရှမ်းပြည်နယ်များ ဖြစ်ကြကြောင်း သိရသည်။

ကချင်ပြည်နယ်ရှိ သစ်တောများမှ သစ်များအား ခိုးယူထုတ်လုပ်မှုများ ရှိကြောင်း ဦးဘာဘာချိုက ပြောကြားသည်။

မြန်မာနိုင်ငံသည် ဒေသတွင်း နိုင်ငံများတွင် သစ်တောပြုန်းတီးမှု အများဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့နှင့် ကုလသမဂ္ဂသ ဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ်၏ အစီရင်ခံစာများတွင် ဖော်ပြထားသည်။ သစ်တောပြုန်းတီးရသည့် အကြောင်းရင်းများတွင် တရားမ၀င်၊ တရားဝင် သစ်ထုတ်လုပ်မှုများ၊ ကျူးကျော် တောင်ယာများနှင့် စွမ်းအင်ရရှိရေးအတွက် ထင်းနှင့် မီးသွေး ထုတ်လုပ်မှုများကြောင့် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာ သစ်ဈေးကွက်များဖြစ်သော အီးယူနိုင်ငံများ သစ်ဈေးကွက်၊ အမေရိကန် သစ်ဈေးကွက်နှင့် ဂျပန်နိုင်ငံ သစ်ဈေးကွက်များသို့ တင်ပို့နိုင်ရန် တရားဝင် ထုတ်လုပ်သည့်သစ်များ ဖြစ်ကြောင်း ထောက်ခံချက်နှင့် အသိအမှတ်ပြု ထောက်ခံချက်များ ရရှိရန် လိုအပ်နေကြောင်း သိရသည်။ ထိုကဲ့သို့ ထောက်ခံချက် (FLEGT Certificate) ရရှိရန်အတွက် မြန်မာနိုင်ငံ အနေနှင့် ကြိုတင်ပြင်ဆင်ခြင်း အဆင့်အား စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း၊ နှစ်ရှည်ကြိုးပမ်း ဆောင်ရွက်ရန် လိုအပ်ကြောင်း သိရသည်။

(တရုတ်-မြန်မာနယ်စပ်တွင် သစ်လုံးများ သယ်ဆောင်လာသည့် ကားတစ်စီးကို တွေ့ရစဉ်)



လေးပွင့်ဆိုင် တွေ့ဆုံရေးအပေါ် သမ္မတ၏ သဘောထား မှတ်ချက်အား ဒေါ်အောင်ဆန်းစုကြည် ပြန်လည်တုံ့ပြန်




 Eleven Media Group

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာတွင် အဆင်ပြေ ချောမွေ့စေရန် အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ လွှတ်တော်၊ တပ်မတော်တိုနှင့် လေးပွင့်ဆိုင် တွေ့ဆုံရန် မေတ္တာရပ်ခံစာ ပေးပို့ခဲ့ရာ နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာ ထွက်ရှိပြီးမှသာ လေးပွင့်ဆိုင် တွေ့ဆုံမှုကို စဉ်းစားသင့်ကြောင်း သဘောထား မှတ်ချက်အပေါ် ဒီဇင်ဘာ ၁ ရက် ရေဒီယို သြစတြေးလျ မြန်မာပိုင်းနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဒေါ်အောင်ဆန်းစုကြည်က တုံ့ပြန်ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။

ထိုကဲ့သို့ နိုင်ငံတော်သမ္မတ၏ တုံ့ပြန်ချက်သည် တွေ့ဆုံဆွေးနွေးပွဲအား မလိုလား၍သာ ဖြစ်သည်ကို ပြတ်ပြတ်သားသား ပြောကြားလိုကြောင်း၊ လိုလားပါက ယခုကဲ့သို့ မတွေ့ဆုံစရာ အကြောင်းမရှိကြောင်း၊ ပြည်ထောင်စု လွှတ်တော်အား မကျော်လွန်ချင်ဟု ပြောဆိုမှုသည်လည်း ယခုကိစ္စတွင် လွှတ်တော်ပါဝင်ပြီးသား ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

''လွှတ်တော်ဆိုတော့ ပြည်ထောင်စု လွှတ်တော်နာယက ပါရမှာပေါ့။ ပြည်ထောင်စု လွှတ်တော်နာယက ပါပြီးမှ ပြည်ထောင်စု လွှတ်တော်ကို ကျော်သွားချင်လို့ ပြောစရာ အကြောင်းမရှိပါဘူး။ ကျွန်မတို့ရဲ့ ရည်ရွယ်ချက်က ပြည်ထောင်စု လွှတ်တော်ကနေ လုပ်နေတဲ့ အလုပ်ကို ပံ့ပိုးဖို့ပါ။ ဒီအလုပ်က ပိုပြီးတော့ ချောမွေ့ဖို့အတွက် ကြိုတင်ရည်ရွယ်တဲ့ အနေနဲ့ တွေ့ဆုံဆွေးနွေးပွဲကို တောင်းဆိုတာ ဖြစ်ပါတယ်။ ကျွန်မအနေနဲ့ကတော့ ဒါရှောင်ချင်လို့ ရှောင်တာလို့ပဲ ပြောရမှာပဲ'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့အပြင် ယခုကဲ့သို့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုကို သမ္မတ အနေဖြင့်သာ လုပ်ပေးနိုင်ပြီး လွှတ်တော်မှလည်း လုပ်၍ မရကြောင်း၊ နိုင်ငံရေးပါတီ ၅၈ ခုရှိသည့် အနက်မှ တစ်ခုတည်းနှင့် တွေ့ဆုံရန် မသင့်လျော်ကြောင်း အကြောင်းပြချက်သည် ၁၉၈၈ ခုနှစ်တွင် န၀တနှင့် NLD တို့ တွေ့ဆုံဆွေးနွေးရန် တောင်းဆိုသည့်အခါ ယခုကဲ့သို့ သဘောမျိုးပင် ပါတီပေါင်း ၂၀၀ ကျော် ရှိသည့်အထဲမှ ပါတီတစ်ပါတီတည်းနှင့် တွေ့ဖို့မသင့်လျော်ဟု စသည်ဖြင့် ပြောကြားခဲ့ပြီး မတွေ့ချင်၍ မတွေ့ခြင်းသာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

''ဒီလို တပ်မတော်နဲ့ လွှတ်တော်နဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ ကျွန်မတို့က ပါတီနိုင်ငံရေး လို့ပဲဆိုဆို အကြီးဆုံး အတိုက်အခံပါတီ လို့ပဲဆိုဆို ဒီလိုပြည်သူ့ဘက်က ကိုယ်စားပြုပြီး ပြောတယ်ဆိုတယ် ဆွေးနွေးတယ် ဆိုတာ အင်မတန်မှ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စပါ။ အဲဒီတော့မှလည်း တပ်မတော်ရဲ့ အနေအထားကို ကျွန်မတို့ နားလည်ပြီးတော့ ကျွန်မတို့ရဲ့ အနေအထားကိုလည်း တပ်မတော်က နားလည်နိုင်မှာ ဖြစ်ပါတယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အကယ်၍သာ ပြည်ထောင်စု လွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီမှ ပြည်ထောင်စု လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းမည့် ၂၀၁၄ ခုနှစ် ဇန်န၀ါရီလကုန်ထိ လေးပွင့်ဆိုင် တွေ့ဆုံမှု မပြုလုပ်နိုင်ပါက လုပ်သင့်လုပ်ထိုက်သည်များ၊ လုပ်ဖို့လိုအပ်သည်များကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

''သို့သော်ငြားလည်း ဒီလိုတွေ့ဆုံဆွေးနွေးပွဲ ဖြစ်လို့ရှိရင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး အတွက် အများကြီးပိုပြီးတော့ အားရှိသွားမယ်လို့ ယူဆပါတယ်။ ဒါကြောင့်မို့လို ဒါကိုကျွန်မတို့ တောင်းဆိုတာပါ။ အဲ့ဒီတော့ ကျွန်မအနေနဲ့ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာကနေပြီးတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကို မလိုလားဘူးလားလို့ ထင်စရာ ဖြစ်သွားပါတယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ယင်းသို့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးအတွက် နိုင်ငံတော် သမ္မတကြီးအား စာဖြင့် မေတ္တာရပ်ခံရန် ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၂၃ ရက်တွင် ပြုလုပ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင် အစည်းအဝေးတွင် ဆုံးဖြတ်ချက် ချမှတ်ခဲ့ပြီး နိုင်ငံတော်သမ္မတထံ မေတ္တာရပ်ခံစာ ပေးပိုခဲ့ပြီးနောက် နိုင်ငံတော်သမ္မတမှ ပါတီပေါင်း ၅၈ ခုမှအခြားပါတီများ၏ သဘောထား အကြံပြုချက်များ အလေးထားသင့်ကြောင်း၊ ပြည်ထောင်စု လွှတ်တော်၏ လုပ်ပိုင်ခွင့်ကို လေးစား၍ ကျော်လွန်မှု မဖြစ်စေရန် သတိပြုသင့်ကြောင်း စသည်တို့ကြောင့် တွေ့ဆုံရန် မသင့်သေးကြောင်းကို သဘောထားမှတ်ချက် ပေးခဲ့ခြင်းဖြစ်သည်။

(သြစတြေးလျ အမျိုးသား တက္ကသိုလ်တွင် မြန်မာမိသားစုများနှင့် တွေ့ဆုံစကား ပြောနေသော ဒေါ်အောင်ဆန်းစုကြည်)


 RFA Burmese
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကမ်းလှမ်းချက်ကို သမ္မတက မငြင်းပယ်ကြောင်း ပြောကြား

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးလိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကမ်းလှမ်းချက်ကို နိုင်ငံတော်သမ္မတက ငြင်းပယ်မှုမရှိကြောင်း သမ္မတရဲ့ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်က ပြောကြားပါတယ်။

အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကမ်းလှမ်းချက်အပေါ်မှာ အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီရဲ့အစီရင်ခံစာကို စောင့်ဆိုင်းပြီးမှ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်သင့်တယ်လို့ယူဆကြောင်း ဦးရဲထွဋ်က ပြောပါတယ်။

“ကော်မတီရဲ့ အစီရင်ခံစာ ထွက်လာပြီးရင် သူတို့တောင်းဆိုတဲ့ လေးယောက်တင်မဟုတ်ဘူး၊ လွှတ်တော်ထဲမှာ မရှိသေးတဲ့ နောက်ထပ်ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီတွေ၊ အခုငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ သဘောထားကို နားထောင်ရမယ်၊ ဒါတွေအားလုံး နားထောင်ပြီးတော့မှ ကျနော်တို့ လိုအပ်တယ်ထင်လို့ရှိရင် တွေ့ဆုံဆွေးနွေးတာမျိုး လုပ်သင့်တယ်လို့ ကျနော်ကပြောတာပါ၊ တွေ့ဆုံဆွေးနွေးရေးကို ကျနော်တို့ ငြင်းပယ်တာ မဟုတ်ပါဘူး”

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော် နာယက၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ တွေ့ဆုံဆွေးနွေးလိုကြောင်း ပြီးခဲ့တဲ့ နိုဝင်ဘာလ၂၃ ရက်နေ့က မေတ္တာရပ်ခံစာပေးပို့ခဲ့တာပါ။

အဲဒီအပေါ် နိုင်ငံတော်သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဆွေးနွေးမယ်ဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လိုပဲ တရားဝင်ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီ ၅၈ ခုရဲ့ သဘောထားအကြံပြုချက်တွေကို လိုအပ်တဲ့အပြင် ပြည်ထောင်စုလွှတ်တော်ရဲ့ အခွင့်အာဏာကိုလည်း လေးစားဖို့လိုတဲ့အတွက် ၂၀၀၈ ခုနှစ် အခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီရဲ့ အစီရင်ခံစာထွက်ပြီးချိန်မှ ညှိနှိုင်းမယ့်အစီအစဉ်တွေကို ဆက်ပြီးဆောင်ရွက်သင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရအုပ်ချုပ်ရေးဘက်က တုန့်ပြန်ပြောကြားချက်ဟာ ဒီမိုကရေစီအရေးနဲ့ ပြုပြင်ပြောင်းလဲရေးကို မလိုလားသလိုဖြစ်နေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကလည်း မနေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အသေအချာ ရှင်းပြခွင့်ရပါက အခြေခံဥပဒေ ပြင်ဆင်ရေးကို တပ်မတော်သား အများစုက ထောက်ခံလိမ့်မည်ဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား



Eleven Media Group

မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ အဘယ့်ကြောင့် ပြင်ဆင်ရန် လိုအပ်သည်ဆိုသည့် အချက်ကို တပ်မတော်သားများအား အသေအချာ ရှင်းပြခွင့် ရနိုင်မည်ဆိုလျှင် အခြေခံဥပဒေ ပြင်ဆင်ရေးကို တပ်မတော်သား အများစုက ထောက်ခံလိမ့်မည်ဟု ယုံကြည်ကြောင်း သြစတြေးလျ နိုင်ငံရောက် ဒေါ်အောင်ဆန်းစုကြည်က ရေဒီယို သြစတြေးလျ မြန်မာပိုင်းနှင့် ဒီဇင်ဘာ ၁ ရက် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားသည်။

ရေဒီယို သြစတြေးလျ မြန်မာပိုင်းနှင့် တွေ့ဆုံမေးမြန်းခန်းတွင် မေးမြန်းသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ တပ်မတော်၏ သဘောထားကို ဘယ်လိုခန့်မှန်း ထားပါသလဲ ဆိုသည့် မေးခွန်းနှင့် ပတ်သက်၍ အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

''တပ်မတော် တစ်ခုလုံးကို ပြောဖို့ဆိုတာက အင်မတန်ခက်ပါတယ်။ တပ်မတော်မှာ ရိုးရိုးသာမန် တပ်မတော်သားတွေ အများကြီး ရှိပါတယ်။ အရာရှိ အရာခံတွေ ရှိသလို အဆင့်အမြင့်ဆုံး အရာရှိတွေလည်း ရှိပါတယ်။ သူတို့အားလုံး တစ်သဘောတည်း ဖြစ်မလား ဆိုတာတော့ ကျွန်မ မပြောတတ်ပါဘူး။ ဒါပေမဲ့ အများစုဟာ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ဘာကြောင့် ပြောင်းလဲဖို့ လိုအပ်တာလဲ ဆိုတာကို အသေအချာ ရှင်းပြခွင့် ရခဲ့မယ်ဆိုရင် ဒါကို ထောက်ခံကြမယ်လို့ ကျွန်မယုံကြည်ပါတယ်'' ဟု အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

''တပ်မတော်ရဲ့ ကဏ္ဍကလည်း အရေးကြီးပါတယ်။ အခုလေးပွင့်ဆိုင် ဆိုတာကလည်း အုပ်ချုပ်ရေးရယ်၊ လွှတ်တော်လို ဥပဒေပြုရေးရယ်၊ တပ်မတော်ရယ် တွေ့ဆုံဖို့ပါ။ နိုင်ငံရေးပါတီ တစ်ခုတည်းနဲ့ တွေ့တာ မသင့်တော်ဘူးဆိုတဲ့ အကြောင်းပြချက်လည်း ကြားမိပါတယ်။ အဲဒီမှာ သွားသတိရမိတာက ၁၉၈၈ မှာ န၀တနဲ့ တွေ့ဆုံဆွေးနွေးဖို့ ပြောတုန်းကလည်း ဒီလိုပဲ တုံ့ပြန်ခံခဲ့ရတယ်။ ပါတီပေါင်း ၂၀၀ ကျော်ရှိတဲ့ အထဲမှ ဒီတစ်ခုတည်းနဲ့ တွေ့ဖို့မသင့်တော်ဘူးလို့ပဲ အပြောခံခဲ့ရတယ်။ အခုကျွန်မတို့ အကြီးဆုံး အတိုက်အခံပါတီ အနေနဲ့ ပြည်သူကို ကိုယ်စားပြုပြီး တွေ့ဆုံဆွေးနွေးဖို့ ကိစ္စဟာ အင်မတန်မှ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စပါ။ ဒီလိုလုပ်ခြင်းအားဖြင့် တပ်မတော်ရဲ့ အနေအထားကို ကျွန်မတို့ နားလည်လာမယ်။ ကျွန်မတို့ရဲ့ အနေအထားကိုလည်း တပ်မတော်က နားလည်နိုင်မှာပါ'' ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ပြောကြားသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်အား ယခုမြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးသည် မည်မျှစစ်မှန်သည် ထင်ပါသလဲဟု မေးမြန်းခဲ့ရာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို မည်သို့ သဘောထားသလဲ ဆိုသည့် အချက်ကို ကြည့်ပြီး ဆုံးဖြတ်ရမည် ဖြစ်ကြောင်း၊ ဘယ်လိုပဲ ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လှမ်း နေပါသည် ပြောပြော၊ ပြုပြင်ပြောင်းလဲရေးကို လုပ်နေပါသည်ပြောပြော ဖွဲ့စည်းပုံဥပဒေ ပြုပြင်ပြောင်းလဲရေးကို မထောက်ခံဘူးဆိုလျှင် တကယ်ဒီမိုကရေစီကို လိုလားသည်ဟု မသုံးသပ်နိုင်ကြောင်း ပြောကြားခဲ့ပြီး ယခုလို တွေ့ဆုံဆွေးနွေးရေးကို ငြင်းဆန်လိုက်သည့် အစိုးရ၏ တုံ့ပြန်ချက်သည် အုပ်ချုပ်ရေးပိုင်း အနေဖြင့် ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးအပေါ် မလိုလားဘူးလို့ ထင်သွားစရာ ရှိကြောင်း ဆက်လက် ပြောကြားခဲ့သည်။

(တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များအား နေပြည်တော်ရှိ လွှတ်တော်တွင် တွေ့ရစဉ်)Eleven Media Group
Liked · 19 hours ago

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အသေအချာ ရှင်းပြခွင့်ရပါက အခြေခံဥပဒေ ပြင်ဆင်ရေးကို တပ်မတော်သား အများစုက ထောက်ခံလိမ့်မည်ဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ အဘယ့်ကြောင့် ပြင်ဆင်ရန် လိုအပ်သည်ဆိုသည့် အချက်ကို တပ်မတော်သားများအား အသေအချာ ရှင်းပြခွင့် ရနိုင်မည်ဆိုလျှင် အခြေခံဥပဒေ ပြင်ဆင်ရေးကို တပ်မတော်သား အများစုက ထောက်ခံလိမ့်မည်ဟု ယုံကြည်ကြောင်း သြစတြေးလျ နိုင်ငံရောက် ဒေါ်အောင်ဆန်းစုကြည်က ရေဒီယို သြစတြေးလျ မြန်မာပိုင်းနှင့် ဒီဇင်ဘာ ၁ ရက် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားသည်။

ရေဒီယို သြစတြေးလျ မြန်မာပိုင်းနှင့် တွေ့ဆုံမေးမြန်းခန်းတွင် မေးမြန်းသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ တပ်မတော်၏ သဘောထားကို ဘယ်လိုခန့်မှန်း ထားပါသလဲ ဆိုသည့် မေးခွန်းနှင့် ပတ်သက်၍ အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

''တပ်မတော် တစ်ခုလုံးကို ပြောဖို့ဆိုတာက အင်မတန်ခက်ပါတယ်။ တပ်မတော်မှာ ရိုးရိုးသာမန် တပ်မတော်သားတွေ အများကြီး ရှိပါတယ်။ အရာရှိ အရာခံတွေ ရှိသလို အဆင့်အမြင့်ဆုံး အရာရှိတွေလည်း ရှိပါတယ်။ သူတို့အားလုံး တစ်သဘောတည်း ဖြစ်မလား ဆိုတာတော့ ကျွန်မ မပြောတတ်ပါဘူး။ ဒါပေမဲ့ အများစုဟာ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ဘာကြောင့် ပြောင်းလဲဖို့ လိုအပ်တာလဲ ဆိုတာကို အသေအချာ ရှင်းပြခွင့် ရခဲ့မယ်ဆိုရင် ဒါကို ထောက်ခံကြမယ်လို့ ကျွန်မယုံကြည်ပါတယ်'' ဟု အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

''တပ်မတော်ရဲ့ ကဏ္ဍကလည်း အရေးကြီးပါတယ်။ အခုလေးပွင့်ဆိုင် ဆိုတာကလည်း အုပ်ချုပ်ရေးရယ်၊ လွှတ်တော်လို ဥပဒေပြုရေးရယ်၊ တပ်မတော်ရယ် တွေ့ဆုံဖို့ပါ။ နိုင်ငံရေးပါတီ တစ်ခုတည်းနဲ့ တွေ့တာ မသင့်တော်ဘူးဆိုတဲ့ အကြောင်းပြချက်လည်း ကြားမိပါတယ်။ အဲဒီမှာ သွားသတိရမိတာက ၁၉၈၈ မှာ န၀တနဲ့ တွေ့ဆုံဆွေးနွေးဖို့ ပြောတုန်းကလည်း ဒီလိုပဲ တုံ့ပြန်ခံခဲ့ရတယ်။ ပါတီပေါင်း ၂၀၀ ကျော်ရှိတဲ့ အထဲမှ ဒီတစ်ခုတည်းနဲ့ တွေ့ဖို့မသင့်တော်ဘူးလို့ပဲ အပြောခံခဲ့ရတယ်။ အခုကျွန်မတို့ အကြီးဆုံး အတိုက်အခံပါတီ အနေနဲ့ ပြည်သူကို ကိုယ်စားပြုပြီး တွေ့ဆုံဆွေးနွေးဖို့ ကိစ္စဟာ အင်မတန်မှ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စပါ။ ဒီလိုလုပ်ခြင်းအားဖြင့် တပ်မတော်ရဲ့ အနေအထားကို ကျွန်မတို့ နားလည်လာမယ်။ ကျွန်မတို့ရဲ့ အနေအထားကိုလည်း တပ်မတော်က နားလည်နိုင်မှာပါ'' ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ပြောကြားသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်အား ယခုမြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးသည် မည်မျှစစ်မှန်သည် ထင်ပါသလဲဟု မေးမြန်းခဲ့ရာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို မည်သို့ သဘောထားသလဲ ဆိုသည့် အချက်ကို ကြည့်ပြီး ဆုံးဖြတ်ရမည် ဖြစ်ကြောင်း၊ ဘယ်လိုပဲ ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လှမ်း နေပါသည် ပြောပြော၊ ပြုပြင်ပြောင်းလဲရေးကို လုပ်နေပါသည်ပြောပြော ဖွဲ့စည်းပုံဥပဒေ ပြုပြင်ပြောင်းလဲရေးကို မထောက်ခံဘူးဆိုလျှင် တကယ်ဒီမိုကရေစီကို လိုလားသည်ဟု မသုံးသပ်နိုင်ကြောင်း ပြောကြားခဲ့ပြီး ယခုလို တွေ့ဆုံဆွေးနွေးရေးကို ငြင်းဆန်လိုက်သည့် အစိုးရ၏ တုံ့ပြန်ချက်သည် အုပ်ချုပ်ရေးပိုင်း အနေဖြင့် ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးအပေါ် မလိုလားဘူးလို့ ထင်သွားစရာ ရှိကြောင်း ဆက်လက် ပြောကြားခဲ့သည်။

(တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များအား နေပြည်တော်ရှိ လွှတ်တော်တွင် တွေ့ရစဉ်)



ဂုဏ်ရည်အေးကျော် ဂျပန်နိုင်ငံသို့ ရောက်ရှိ.


ချယ်ရီမြေမှာ လာရောက် ယှဉ်ပြိုင်မယ့် မြန်မာ့နိုင်ငံကိုယ်စားပြု ဂုဏ်ရည်အေးကျော် ဂျပန်နိုင်ငံသို့ ရောက်ရှိ...

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပမယ့် Miss International Beauty Pageant 2013ပြိုင်ပွဲအတွက် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့် မန္တလေးသူ ဂုဏ်ရည်အေးကျော် မနက်ပိုင်းက နာရီတာလေဆိပ်သို့ ရောက်ရှိလာပါတယ်..။

တိုကျို နာရီတာ လေဆိပ်မှာ ဂျပန်နိုင်ငံရောက် မြန်မာမိသားစုများမှ သွားရောက် ကြိုဆိုခဲ့ကြပါတယ်..။ လာမယ့် ၇ရက်နေ့မှ ဒီဇင်ဘာလ ၁၇ရက်နေ့အထိ ကျင်းပမယ့် Miss International Beauty Pageant 2013အတွက် ဒီဇင်ဘာလ (၅)ရက်နေ့မှ စတင်Camp ဝင်ရမှာ ဖြစ်ပါတယ်..။

အဆိုပါ ပြိုင်ပွဲရဲ့ ရိုးရာယှဉ်ကျေးမှု ပြိုင်ပွဲမှာတော့ မြန်မာတိုင်းရင်းသား ဝတ်စုံဖြစ်တဲ့ ကချင်ရိုးရာဝတ်စုံနဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီး ကိုယ်တိုင် တီးခတ်တတ်တဲ့ မြန်မာ့စောင်းဖြင့် ဂျပန်နာမည်ကျော် သီချင်းများဖြစ်တဲ့ Sukiyaki သီချင်းအား ကိုယ်တိုင်တီးခတ် ဖျော်ဖြေယှဉ်ပြိုင်မှာ ဖြစ်ပါတယ်..။

'ဒီဇင်ဘာလ (၁၇)ရက်နေ့ နောက်ဆုံး ဖိုင်နယ်ဆုချီးမြှင့်မယ့် တိုကျို ရှိနာဂါဝမြို့မှ Prince Hotel Hall မှာ ကျင်းပမယ့် ပွဲသို့လည်း မြန်မာမိသားစုများမှ သွားရောက် အားပေးဖို့ ပြင်ဆင်နေကြပါတယ်..။ လက်မှတ် ဝယ်ယူရန်လင့်ခ် (http://au.ibtimes.com/articles/526079/20131129/522109-522126-522385-525769-525138-525150-52503.htm#.Upsb4-Il-GR).

တဆက်တည်းမှာပဲ ယခုတကြိမ်မှာ မြန်မာပြည်သားတွေ တောင့်တနေတဲ့ Miss International Crown ဆုအပြင် မြန်မာပိုင် Miss Internetဆုအတွက်လည်း အစဉ်အလာမပြတ် အောက်မှ လင့်ခ်(၃)ခုမှာ သွားရောက် Vote လုပ်ပေးကြဖို့ တောင်းဆိုရင်း

(၁)http://359906.tbits.me/?option_id=444280 (လောလောဆယ် Who deserves the crown?မှာ ဖိလစ်ပိုင်မယ်က ပထမနေရာ ရောက်ရှိနေပါတယ်..။ မျိုးချစ်မြန်မာများရဲ့ Vote ပေးဖို့ အထူးလိုအပ်နေပါတယ်...။)

(၂) နောက် Vote တခုဖြစ်တဲ့ https://apps.tradablebits.com/tb_app/349344
Who will be Miss International 2013?

(၃)https://www.facebook.com/BeautyPageantGS?sk=app_129324060456864&app_data

ဂုဏ်ရည်အေးကျော် Fan Page https://www.facebook.com/GonyiAyeKyaw

ဒီမိုဝေယံမှလည်း အဆိုပါ ပြိုင်ပွဲ Update သတင်းများအား တတ်နိုင်သလောက် ဖြော်ပပေးမှာ ဖြစ်ပါတယ်..။

Miss International Beauty Pageant 2013ပြိုင်ပွဲအတွက် မြန်မာကိုယ်စားပြု မန္တလေးသူ ဂုဏ်ရည်အေးကျော် မြန်မာပြည်သူတွေရဲ့ လိုအင်ဆန္ဒကို ဖြည့်ဆည်းနိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင် နိုင်ပါစေကြာင်း...

ဒီမိုဝေယံ

" ဥပဒေ နှင့်ဘဝများကြား လက်တစ်လုံးသာ ခြားသည် "



စိုင်းနောင်၊ စိုင်းလမင်း
Popular Myanmar News Journal
3/12/2013

ပျောက်သောသူ ရှာလျှင်တွေ့ သေ သောသူ ကြာလျှင်မေ့ ဆိုသော်လည်း ခေတ် စနစ်နှင့် လူ့အခွင့်အရေး ဆုံးရှုံးမှု အောက် စိတ်ဒဏ်ရာ ဖြစ်နေသော ပြည် သူများ အဖို့ မမေ့နိုင်သော ဖြစ်ရပ် များစွာ အနက် ရခဲ လှသော လူ့ဘဝနှင့် အသက် ကို ကြက် ကလေး၊ ငှက်ကလေး များကဲ့သို့ သဘောထားကာ ဇီဝိန်ချွေ ခဲ့ကြသော လူ သတ်မှု များနှင့် ရာဇဝတ်မှု များကလည်း တငွေ့ငွေ့ လှိုက်လောင်နေဆဲ ဖြစ်သည်။

မြန်မာနိုင်ငံ၏ သမိုင်း တစ်လျှောက် ရုပ်ဆိုး အကျည်း တန်လွန်းသော ဖြစ်ရပ် များက ကာလ ကြာရှည်သော်လည်း ပြည် သူများ၏ စိတ်ထဲတွင် မမေ့မပျောက် ရှိ နေဆဲ။

စိမ်းလဲ့ ကန်သာ ၅ လောင်းပြိုင် လူ သတ်မှုဟု ဆိုလိုက်တိုင်း ထိုအချိန် အခါ က တာဝန်အရှိဆုံး စစ်ဗိုလ်ချုပ်ကြီးများ နှင့် အတူ ယှဉ်တွဲပြီး မြင်နေကြသည် မှာ အကြောင်း မဲ့တော့ မဟုတ်တန်ရာ။ ထို အချိန်က မြန်မာနိုင်ငံ ၏လုံခြုံရေး အခြေ အနေနှင့် အုပ်ချုပ်မှု ပုံစံအရ အဆိုပါပတ် ဝန်းကျင် အသိုက်အဝန်း သို့ ဝင်ဆံ့နိုင် သည့် လူတန်းစား ဆိုသည်က သီးသန့်ဆန် သည်က သေချာသည်။ ရုပ်ရှင်ထဲ မှာသာ မြင်ဖူးသည့် နာမည်ကျော် စစ်တပ်သုံး ၉ မမ ပစ္စတို သေနတ်ဖြင့် အနုကြမ်း ဝင်စီး ကာ အိမ်သားများ ကို သတ်သွား ခဲ့သည်ဟု ထိုစဉ်က သတင်း ထုတ်ပြန်ချက် များအရ သိခဲ့ကြသည် မဟုတ်ပါလား။

ထို အမှုဖြစ်ပွားခဲ့သည် က ၅ နှစ် ကျော်ခဲ့ပြီ။ ထိုသို့အချိန် များစွာ၏ နောက် ပိုင်း လက်ရှိ အစိုးရသစ် လက်ထက် ပြည် ထဲရေး ဒုဝန်ကြီးအား ဒီကိစ္စမှာ အသုံးပြု သွားတဲ့ လက်နက် အနေ အထားများနှင့် အခြေအနေတွေ အရ အရင်တုန်းက အကြီး အကဲ တစ်စုံတစ်ဦး သို့မဟုတ် အစိုးရနှင့် ဆက်စပ်မှုများ ရှိနေမလားလို့ ပြည်သူ အများစု ကထင်ကြေးပေး ကြကြောင်း၊ ယင်း အတွက် မေးမြန်းခဲ့ရာ ”အရင် အစိုးရနဲ့ ပတ်သက်ပြီး ဘာအထောက် အထားမှ မရ ဘူး။ အခု လက်ရှိက စုံစမ်း စစ်ဆေးနေတဲ့ ကာလဖြစ် တယ်။ ဥပမာ တစ်ခုခု အဲဒီလို သာ သိတယ် ဆိုရင် ဖော်ထုတ် လိုက်တာ ကြာပြီပေါ့။ အဲဒီတော့ ဒီဟာတွေဟာ စုံ စမ်း စစ်ဆေးနေတဲ့ ကာလဖြစ်တဲ့ အ တွက် ကြောင့် ဒါနဲ့ ပတ်သက်ပြီးတော့ လော လောဆယ် ဘာမှတော့ ပြောလို့မရသေး ဘူး” ဟု ဖြေခဲ့ဖူးသည်။

စုံစမ်း စစ်ဆေးနေဆဲ ဖြစ်သည်ဟု ပြည်ထဲရေး ဒုဝန်ကြီးက ပြန်ဖြေခဲ့သည့် အတွက် နောက်ဆက်တွဲ အနေဖြင့် အခွင့် အရေးရ သလို ပြည်သူများက ထိုမေးခွန်း ကို ထပ်မေးနေ ကြဦးမည်က သေချာ သည်။ အဘယ့်ကြောင့် ဆိုသော် ထိုကဲ့သို့ သီးသန့် ဆန်သော အခြေအနေ တစ်ခုမှ ဘဝများပင် ယင်းကြမ္မာ ဆိုးမျိုး ကြုံခဲ့ရပြီး ယခု အချိန်ထိ တရားခံ မပေါ်ဘဲ ခြေရာ လည်းပျောက် ရေလည်း နောက်ဆဲဖြစ်ရာ သာမန် အဖုံးအဝှက် မရှိ ထွေးရောယှက် တင် ပြည်သူ့ဘဝ များအတွက် စိတ်ချ လုံ ခြုံမှု ဟူသည်ကို အကြောက် တရားဖြစ်နေ ခြင်းပင်။

ဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော် ထွန်းကတော့ ”အဲဒါတော့ တောက်လျှောက် ပဲ။ ခုရတဲ့ အထောက် အထားတွေ ပေါ်မူ တည်ပြီးတော့ စစ်ဆေးနေတယ်။ ဒါပေမဲ့ အမှု တိုင်း အမှုတိုင်းကတော့ ပေါ်မယ် လို့လည်း ပြောလို့မရဘူး။ နိုင်ငံတကာမှာ လည်း အကုန်ပေါ်တဲ့ အမှုတွေ ရှိသလို မပေါ်တဲ့ အမှုတွေလည်း ရှိတယ်” ဟု ပြောသည်။

ပြည်ထဲရေး ဒုဝန်ကြီးက ဆက်ပြော ခဲ့သည်ကတော့ ”အဲဒီတော့ ဒီအမှုက တော့ ပျောက်ပျက် မသွားဘူးပေါ့။ အချိန် မရွေး ရဲတပ်ဖွဲ့ အနေနဲ့ စုံစမ်း စစ်ဆေး ထောက် လှမ်းနေတယ်။ သက်သေအ ထောက်အထားတွေ ခိုင်လုံရင် အားလုံး ဖော်ထုတ်လို့ ရပြီ ဆိုတဲ့ အချိန်မှာတော့ ကြေညာပေး မှာပေါ့။ အခု လက်ရှိ အနေ အထားအရတော့ စုံ စမ်း စစ်ဆေး ကာလပဲ ဖြစ်တယ်။ တချို့ ရန်ကုန်မှာ ရှိပါတယ်။ သုံးလောင်း ပြိုင် လူသတ်မှုတွေဆို ချက် ချင်းပေါ်တာပဲ။ အဲဒီတော့ အမှုတိုင်း ကတော့ အကုန် လုံးပေါ်မယ် ဆိုတာတော့ ပြောလို့မရ ဘူးပေါ့နော်။ စုံစမ်း စစ်ဆေးဆဲ ကာလပေါ့” ဟုပြောသည်။

ရှေ့နေများ ကွန်ရက်မှ ဦးကိုနီက မူ ”အမှုကြီးတွေ ဖြစ်တယ်။ တရားခံ မဖော် နိုင်ဘူး ဆိုရင် ပြည်သူ့ရဲ့ ဘဝဟာ အပူ အပင်ကြောင့်ကြမှု ကင်းကင်း နဲ့နေဖို့ အခွင့် အရေး မရနိုင်ဘူး ခင်ဗျာ။ ကျွန်တော် တို့ အမြဲတမ်း စိုးရိမ် သောကတွေနဲ့ပဲ နေရ တော့မယ်” ဟု ပေါ်ပြူလာနယူးစ်သို့ ပြော ခဲ့ဖူးသည်။

တရားခံ မဟုတ်ပါဘဲ တရားခံ အဖြစ် အတင်း ဇွတ်သွင်းခံလိုက်ရသည့် အဓမ္မမှု များသည်ရော မည်မျှ ရှိနေပါပြီ လဲ။ နှစ်ပေါင်းများစွာ အာဏာရှင် စနစ် အောက် နေခဲ့ရ သည့် ပြည်သူ့ဘဝများ အတွင်း ကြုံခဲ့ရသည်က မချိမဆံ့ များ ချည်းဟု ဆိုနိုင်စရာ အဖြစ်အပျက်များ၊ ဇာတ်လမ်းများက ဒုနှင့်ဒေး။

ယင်းအတွက် တစ်သက်တစ်ခါ ပေါ်လို့လာ ဆိုသကဲ့သို့ ရောင်နီသန်းလာ သော မျှော်လင့်ချက် ဒီမိုကရေစီခေတ် ဦးတွင် တရား မျှတမှုကို တောင်းဆိုခြင်း သည် ပြည်သူ များ ၏ မတော်လောဘ ဟု မယူဆသင့်ပေ။ မဟုတ် တန်ရာပါဘူး။ အာဏာရှင် စနစ်ရဲ့အကျိုးဆက်ကို အလူး အလိမ့် ခံစားခဲ့ရသည့် ”အဲဒီ အချိန်တုန်း က တရားဥပဒေ အကာ အကွယ် လုံးဝ မရခဲ့ဘူးဟု ဆိုလာသူက တစ်ချိန်က ABSDF ဗဟိုကော်မတီဝင် ဦးအေး ဖြစ်သည်။ သူသည် ထိုအချိန်က ABSDF နိုင်ငံရေး ပြန်ကြားရေး တာဝန် သာ ယူ ထားသူဖြစ်သည်။ သူက ထိုစဉ်က စစ် အစိုးရမှ ၁၇/၁၊ ၁၃/၁၊ ၁၉ (က)၆/၁၊ ၄(က) စသည့် ပုဒ်မများဖြင့် ပြည်အထူး တရားရုံး တွင် ထောင် ၂၃ နှစ်ချခံခဲ့ရ သည်။ ရန်ကုန် အရှေ့ပိုင်းခရိုင်၊ အနောက် ပိုင်း ခရိုင်တရားရုံး များတွင် အဆိုပါ အမှု များနှင့်ပင် နောက်ထပ် ၄၂ နှစ်ပေါင်း ၆၅ နှစ် ချမှတ်ခံခဲ့ရသည်။

”ကျွန်တော့်ကို အပြစ်ပေးတာ အရမ်း ထူးဆန်းတယ်။ တရားရုံး တစ်ခုက အမိန့် ချပြီးသားကို နောက်ထပ် တရားရုံး တစ်ခု မှာ အမိန့်ချ လို့ မရဘူး ဒါပေမဲ့ ချခဲ့တယ်” ဟု ဦးအေး က သူ့အား အမိန့်ချမှု ပြင်း ထန်ကြောင်းကို ဆိုလိုက်သည်။

မြန်မာနိုင်ငံ တရား စီရင်ထုံး ပေါင်းချုပ် (၁၉၇၁-၂ဝ၁ဝ) စာအုပ်တွင် ကော်လံ ၁၉ဝ ၌ တူညီသော အကြောင်းခြင်းရာ တစ်ခုတည်း အပေါ် ထပ်မံ၍ တရားစွဲဆို ခြင်း မပြုရန် ပြစ်မှု ဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄ဝ၃ (၁) ဖြင့် တားမြစ် ထားသည်ဟု ပါရှိသည်။ မြန်မာနိုင်ငံ လက်ရှိ အခြေအနေတွင် လည်း တရား ဥပဒေ၏ ကာ ကွယ် ပေးခြင်း မခံရသလို ခံစားနေရကြောင်း ၄င်းက ထပ်မံဆိုသည်။

ပြည်သူတွေ အပြော များနေဆဲ ဖြစ် သည့် (စစစ) ရုံးပေါ်က ခုန်ချသတ် သေ သွားတဲ့ ရှမ်း တိုင်းရင်းသူလေး မနန်းဝိုးဖန် ကိစ္စ အပါအဝင် ဖြစ်သည်။ ဂျပန်နိုင်ငံ သား မစ္စတာ နာမဆဲ မိုတိုဟီကိုနှင့် ပေါင်းသင်း နေထိုင်သူ မနန်းဝိုးဖန်ကို ခင်ပွန်း သည်၏ ပိုင်ဆိုင်မှု ငွေကြေးနှင့် ဝယ်ယူ ထားသော မြေကွက် အကြောင်းကို စစ် ဆေးမေးမြန်း ရန် ဆိပ်ကမ်းသာလမ်း ရှိ (စစစ) ရုံးချုပ်သို့ ခေါ်ယူခဲ့သည်။ စစ်ဆေး နေစဉ် ကာလ အတွင်း မနန်းဝိုးဖန် မှာ အဆိုပါ ရုံးငါးထပ် အမြင့်ရှိ အဆောက် အအုံပေါ် မှ ပြုတ် ကျသေဆုံးသွားခဲ့သည်။ ယင်းကိစ္စ ကို တရား မျှတမှုရစေရန် ကျောက် တံတား ရဲစခန်းတွင် သေဆုံးသူ၏ မိသား စုမှ သွားရောက် အမှုဖွင့် တိုင်ကြား ခဲ့သော် လည်း အထက် ကို တင်ပြပေးမည်ဟုသာ ပြောဆိုခဲ့ပြီး အမှုဖွင့်ခွင့် မပေးခဲ့ပေ။ ယင်း ကိစ္စနှင့် ပတ်သက်ပြီး ဥပဒေနှင့် အညီ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း မည်သည့် သတင်းစာ ရှင်းလင်းမှုမျှ ပြုလုပ်ခဲ့ခြင်း မရိှ ချေ။

တရား လွှတ်တော် ရှေ့နေ ဦးကြီး မြင့်က ကိုယ့်ဟာကိုယ် သတ်သေသော တရားခံ မပေါ်သော အမှုများကိုသာ အမှု ပိတ်ခွင့် ရှိသည်။ သူများ သတ်၍ သေသော အမှုကို အမှု ပိတ်ခွင့် မရှိဘူး”ဟု ပြော သည်။

ဘယ်သူကမှ ကိုယ့်ရဲ့ သမိုင်း ကြောင်းကို အမည်းစက်နဲ့ မရှင်သန်စေ ချင်ပါဘူး။ သမိုင်း တရားခံ မဖြစ်ချင် ကြ ပါဘူး။ ဒါဆို မတရားမှုတွေ ကို သိသိကြီး နဲ့ ခွင့်ပြု လိုက်မယ် ဆိုရင်တော့ သမိုင်း တရားခံတွေ ဖြစ်နေမှာပါပဲ။ နောင်လာ နောက်သားတွေ က ဒီလို တရား လက်မဲ့ အမှုတွေကို ဘာဖြစ်လို့ ခွင့်ပြုခဲ့ကြတာ လဲလို့ပြန်မေး ရင် ဘယ်သူ့အပေါ် လွှဲချကြ မှာလဲ။

ရှေ့နေ ဦးကိုနီက”ဘာကြောင့် အမှု တွေ မပေါ်တာလဲ။ ဒါမှမဟုတ် အမှုတွေ မဖော် ထုတ်တာလား။ ဒါလည်း ကျွန်တော် တို့ ရှင်းရှင်းလင်းလင်း မသိဘူး။ သဘော က သိ လျက်နဲ့ မဖော်တာလား။ မသိကို မသိတာလား။ ဒါလည်း ကျွန်တော် တို့ မသိဘူး” ဟု ဝေဖန်သည်။

မြောက်ဥက္ကလာပ မြို့နယ် နွယ် သာကီ ၆ လမ်းတွင် လူတစ်ဦးအား လူ အများမှ မျက်နှာဖုံး စွပ်ပြီး ရုပ်ရှင်ဆန် ဆန် လူသတ်မှု မှာလည်း မြန်မာတစ်နိုင် ငံလုံးရှိ ပြည်သူ အများ ထိတ်လန့်ခဲ့ရ သည်။ ထိုဖြစ်စဉ် ကျူးလွန်သူဟု ယူဆ ရသူ ၂၃ ဦးကို ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက ဖမ်းဆီး ရမိခဲ့ပြီး ရန်ကုန် အရှေ့ပိုင်း ခရိုင် တရားရုံး တွင် ရုံးတင် စစ်ဆေးခဲ့သည်။ အဆိုပါ ရုံးတွင် ခိုက်ရန်ဖြစ် ပွားခဲ့သဖြင့် လုံခြုံရေး အရပြီးခဲ့သည့် နှစ် အကုန်တွင် ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံး သို့ပြောင်းလဲ စစ်ဆေးမှု ပြုလုပ်ခဲ့ သည်။ လက်ရှိ အချိန်အထိ အဆိုပါ အမှု မှာ ပြီးပြတ်ခြင်း မရှိသေးပေ။

”ကျွန်တော့် သက်တမ်းတစ် လျှောက် ကြုံတွေ့ဖူး တာကတော့ မပေါ်တဲ့ အမှု လုံးဝ မရှိဘူး။ မပေါ်တဲ့ အမှုတွေက တမင်မဖော်လို့ မပေါ်တာလား ဆိုတာ မေးခွန်း ထုတ် စရာ ဖြစ်လာတယ်” ဟု တရား လွှတ်တော်ရှေ့နေဦးကြီးမြင့်က ဆို သည်။

ဆက်လက်၍ ယခုကဲ့သို့ ကျူးလွန် သူ အမှန်မပေါ်ပေါက်သေးသော အမှုများ ရှိနေသရွေ့ မြန်မာနိုင်ငံတွင် တရားဥပဒေ စိုးမိုးမှု မရှိခြင်းမှာ အကောင်းဆုံး သာဓက များ ပင်ဖြစ်ကြောင်း ၄င်းကသုံးသပ်သည်။ ငါးလောင်းပြိုင် စိမ်းလဲ့ကန်သာ လူသတ်မှု၊ လူမိုက်များ ငှားပြီး အုပ်စုဖွဲ့ လူသတ်ခဲ့သော မြောက်ဥက္ကလာ လူ သတ်မှု၊ ညအချိန် မတော် လမ်းမများ တွင် အခွင့်ထူးခံ သောင်းကျန်းနေသော ပြိုင်ကားများ အမှု၊ မန္တလေးတိုင်း ဒေသ ကြီး၊ မန္တလေးမြို့၌ ညပိုင်းတွင် ဓားဖြင့် လိုက်ခုတ်မှု စသည် တို့ အပါအဝင် နိုင်ငံ တစ်ဝန်းတွင် နစ်နာခံ ရသူများက ခံရပြီး ကျူးလွန် သူများမှာ ဖမ်းဆီးမိသည် များ ရှိသကဲ့သို့ လွတ်မြောက်မှု များလည်း ရှိ နေဆဲပင်ဖြစ်သည်။ လွတ်မြောက်မှုများ တွင် ပုဂ္ဂိုလ်စွဲ မသတ်မှတ်ဘဲ မည်သူနှင့် ပတ်သက်သောကြောင့် မည်သူနှင့် မကင်းသောကြောင့် ဟူသော ဥပဒေ အထက် တက်နေခြင်း များကြောင့် ဟု ဆိုလျှင် ပြည် သူ့ဘဝသည် နောက်ကျော မလုံရုံသာမက စိတ်ချလက်ချ ရှိနေမည်မဟုတ်။ ကျီး လန့်စာစား ဘဝသာ ရောက်ရှိနေပြီး မတရား မှုကို တရား မှုက ကြောက်ရွံ့နေရမည့် ပုံပမာ ရှိနေဦးမည်သာ ဖြစ်သည်။

လက်ရှိ ထိုအမှု များသည် ရဲဘက် မှ ဖော်ထုတ်နိုင်မှု မရှိခြင်းမှာ အရည် အသွေး မပြည့်ဝ သည်လား။ ပြည့်ဝရန် အတွက် မဖြည့်တာလား ဟု မေးခွန်း ထုတ် စရာ ဖြစ်လာသည်။

ဖြူးမြို့၌ ခေါင်းဖြတ် သတ်ခံရ သော အမျိုးသမီးငယ် တစ်ဦး သေဆုံးမှုကို တိုင်း ရဲမှ ဖော်ထုတ်နိုင်ခြင်း မရှိသည့် အတွက် နေပြည်တော်ရှိ ရဲတပ်ဖွဲ့ ဌာနချုပ် ဆီသို့ အကူ အညီ တောင်းခံခဲ့သော်လည်း လချီ ကြာမြင့်ကာ ဌာနချုပ်မှ ယနေ့ အချိန်ထိ ဖော်ထုတ်နိုင်ခြင်း မရှိခဲ့ပေ။ လက်ဗွေရာ ကို လဝက သို့ပေးပို့ စစ်ဆေးနေသည်ဟု သာ ရဲတပ်ဖွဲ့မှ လဝကသို့ လွှဲပြောင်းခဲ့ရ သည်။ ”ခေတ်မီ ကိရိယာတွေ လိုအပ်နေ သေးတဲ့ အချက်ထဲက ဖြစ်ရပ်တစ်ခု ဖြစ်သွားတာပေါ့။ နိုင်ငံတကာမှာ ရဲက မှုခင်း ဖြစ် ရပ်တွေ ဖော်ထုတ်တဲ့ အခါမှာ နည်း စနစ်တွေ ရှိပေမယ့် မြန်မာနိုင်ငံ မှာတော့ လက်အိတ်တောင် အနိုင်နိုင် ဖြစ်နေတယ်” ဟု ရဲတပ်ဖွဲ့ ဌာနချုပ်မှ ရဲမှူးကြီး တစ်ဦး က ပြောသည်။

မျိုးရိုးဗီဇ DNA စစ်ဆေးသည့် လို အပ်သော ကိရိယာ များသည် ရာဇဝတ် မှုများကို စစ်ဆေးရာတွင် တိကျသေချာ သော အထောက် အထားများ ထုတ်ပေး နိုင်သော် လည်း ယင်းကဲ့သို့ အဆင့်မြင့် ပစ္စည်း များမှာ မြန်မာနိုင်ငံ၌ သုံးစွဲနိုင်ခြင်း မရှိသေးပေ။

ထိုကဲ့သို့ လက်ရဲဇက်ရဲမှု များကို ဦး ကိုနီက ”ဒီလို လက်ရဲဇက်ရဲ လုပ်ရပ်တွေ ကို ပေါ်အောင် ဖမ်းရမယ်။ မိအောင်ဖမ်း ရမယ်။ ထိုက်သင့်တဲ့ အပြစ်ဒဏ် ပေးရ မယ်။ နောက်ပြီးရင် ဒီလို ရက်စက်လို့ ပြီးတော့ အပြစ်ပေး လိုက်ပြီ ဆိုတာ ပြည်သူလူထု သိအောင် ထုတ်ဖော်ပြော ရမယ်။ ဒါမှ ပြည်သူက ဒီလို လုပ်လို့ မရ ဘူးဆိုတာ အသိ ရှိမယ်။ လုံခြုံမှု အတော် အတန်ရှိမယ် ဆိုတာ သိမယ်။ အဲဒီလို အမှုတွေဖြစ်ပြီး မပေါ်တာ များလာတော့ ကျွန်တော်တို့ လူမှုဘဝလုံခြုံမှု မရှိဘူး ဆို တာပြောနေ တာပဲ” ဟု သုံးသပ် ပြောဆို သည်။

ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံး စစ်တမ်းများအရ ၂ဝ၁ဝ ခုနှစ် တွင် အမှုကြီး ၁ မှု၊ ခိုးမှု ၁၅ မှု၊ ကြိုတင်ကာ ကွယ်မှု ၁ မှုနှင့် အခြား အမှု ၂၄ မှု ကျန် ရှိနေသည်။ ၂ဝ၁၂ ခုနှစ် တွင်လည်း အမှုကြီး ၂၁ မှု၊ ခိုးမှု ၂၁၉ မှု၊ အခြား အမှု ၅၁၇ မှုတို့ဖြင့် အမှု ၇၇၇ မှု ကျန်ရှိနေ သေးသည်။

လက်ရှိ ၂ဝ၁၃ ခုနှစ် မတ်လ ၈ ရက်နေ့ အထိ မဖော်ထုတ်နိုင်သေးသည့် လူသတ်မှု ၂ဝ၊ မုဒိမ်းမှု ၂၅ မှု၊ လုယက်မှု ၅ မှုနှင့် ဓားပြတိုက်မှု ၁ မှု စုစုပေါင်း အမှုကြီး ၅၁ မှု အပြင် ခိုးမှု ၁၂၃ မှုနှင့် အခြား အမှုပေါင်း ၂၃၇၄ မှုအထိ ရှိနေ သည်။ ထို အခြားအမှု များအနက် ၅၈၁ မှုမှာ စွဲချက် တင်ထားပြီး ၇ မှုကို ပိတ်သိမ်း ခဲ့ကြောင်း သိရသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီး တောင်ငူ ခရိုင်ဖြူးမြို့၌ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ တွင် ဖြစ်ပွားခဲ့သော အမျိုးသမီး တစ်ဦး ခေါင်းဖြတ် သတ်ခံရမှုတွင်လည်း ကျူး လွန်သူ အမှန်ကို ယနေ့အထိ ဖမ်းဆီးနိုင်မှု မရှိသေးပေ။

ရဲတပ်ဖွဲ့ဝင် ၃၈ဝဝ ကျော် တာဝန် ထမ်းဆောင်လျက် ရှိသည့် တိုင်းတစ် တိုင်း အနေနှင့် မျက်နှာမလှခဲ့ပေ။

ထို့အတူ ရခိုင်ပြည်နယ် ကျောက် တော်မြို့နယ်၊ ပေါက်တော မြို့နယ်တို့ တွင် အသက် ၅ နှစ်အရွယ် ကလေးသူ ငယ်များ အသတ်ခံ ရခြင်းမှာလည်း တရား ဥပဒေ စိုးမိုးမှုမရှိခြင်းကို မျက်စောင်းထိုး လျက်ရှိသည်။

လူသတ် ဓားပြတိုက်သော ကိစ္စ များ မထူးဆန်းသလို ဖြစ်နေသော ဒေသ မြန်မာနိုင်ငံ တွင် ရှိနေသည်ကို ပြည်သူ များ အနေဖြင့် သိချင်စိတ် ရှိနေပါလိမ့် မည်။ ရေငတ် သူ ရေကြည် တစ်ပေါက် သောက်ချင် သကဲ့သို့ တရားဥပဒေ စိုးမိုး မှုမရှိသော အရပ်ဒေသ တွင် နေရသူများ အဖို့ ပိုမိုလို့ တရား ဥပဒေကို တောင့်တကြ မည်မှာလည်း အားလုံး အသိပင် ဖြစ် သည်။

”မူဆယ်ဈေးထဲ ကို နေ့ခင်းကြောင် တောင် သေနတ်ကိုင်ပြီး ရွှေဆိုင်ကို ဓားပြတိုက် သွားတယ်။ လူအစည်ကား ဆုံး ဈေးနေ့မှာ ဖြစ်သွားတာ။ နောက် ပိုင်းလည်း ၃ ရက်ဆက် တိုက် ဆိုင်ကယ် စီးလာတဲ့ သူတွေရဲ့ မျက်နှာကို ဓားနဲ့ ခုတ်ပြီးလုတဲ့ အမှုတွေလည်း မပေါ်သေး ဘူး။ မူဆယ်မှာ သေနတ် နဲ့ ပစ်သတ် တယ်။ ဓားပြ တိုက် တယ်။ နှစ်တိုင်း ဖြစ် နေကျ မြို့လယ်ခေါင်ဈေး မှာကို လာပြီး ဓားပြ တိုက်ကြတာ”ဟု မူဆယ် မြို့ခံ စိုင်း ရီက ပြောသည်။

အဆိုပါ မူဆယ် မြို့နယ်သည် တရုတ်နိုင်ငံ နယ်စပ်ဖြစ်သည့် အတွက် ရာဇဝတ်မှု အဖြစ် အများဆုံး ဒေသလည်း ဖြစ်ကြောင်း၊ ဒေသခံ များ အနေဖြင့်လည်း တရား ဥပဒေ စိုးမိုးမှု ၏ အရသာကို မခံ စားရကြောင်း၊ တရားခံ မိသည် ဆိုသည် မှာလည်း အလွန်နည်းကြောင်း ၄င်းက ဆက်လက်ရှင်းပြသည်။

ယင်းကဲ့သို့ လူသတ် ဓားပြတိုက်မှု များကြောင့် ပြည်သူများ စိုးရိမ်သည့် အတွက် ယခုနှစ် အောက်တိုဘာလ နှောင်းပိုင်းတွင် နယ်စပ် ဒေသ များတွင် ရဲတပ်ဖွဲ့များ ထပ်မံ တိုးချဲ့ပေးရန် ရှမ်း ပြည်နယ် မဲဆန္ဒနယ် အမှတ် (၅) အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဝင်းမောင် က မူဆယ်ခရိုင် အတွင်း ဖြစ်ပွားနေသည့် လူသတ် ဓားပြ တိုက်မှု၊ အိမ် ထဲဝင်၍ သေနတ်ဖြင့် ပစ်သတ်မှု၊ မြို့ လယ်ကောင် ဈေးတွင် နေ့ခင်းကြောင် တောင် ဓားပြတိုက်မှု၊ နယ်စပ် ကုန်သွယ် ရေး စခန်းဂိတ် အဝင်ဝ အနီး တွင် သေ နတ်ဖြင့် ပစ်ခတ်မှု စသည့် ဒေသခံ ပြည် သူများ အထူး တုန်လှုပ် ချောက်ချားခဲ့ရ သည့် ရာဇဝတ်မှု များကို လွှတ်တော်တွင် တင်ပြခဲ့သည်။

နိုင်ငံတော်နှင့် ပတ်သက်သော လုပ် ငန်း မှန်သမျှ အကုန်လုံးသည် နိုင်ငံတော် ဘက်ကသာ အကုန် ထုတ်ပေးရမည်ဖြစ် ကြောင်း၊ ထိုအခြေအနေ အရ ရဲတပ်ဖွဲ့မှ မည် သည့် အတွက်ကြောင့် အကုန်ထုတ် ပေးရသည်ကို မသိကြောင်း၊ ပြည်ထဲရေး တွင် တာဝန်ရှိပြီး ရဲတပ်ဖွဲ့ကို ပြည့်စုံအောင် လုပ်ပေးရန် တာဝန် ရှိကြောင်း ဦးကိုနီ က ဝေဖန်သည်။

”ကျွန်တော်တို့ တရားခံ မပေါ်ဘူး ပြောတဲ့အခါမှာ သူတို့က ဘာမပြည့်စုံလို့ ပါလို့ ပြောတာက ဒီလိုပုံစံကို ကျွန်တော် တို့ လက်ခံလို့ မရဘူး။ ကျွန်တော် တို့က ပြည်သူတွေ။ ကျွန်တော် တို့ အခွန်ထမ်း ပြည်သူတွေ။ ကျွန်တော် တို့က နိုင်ငံ တော် ဘဏ္ဍာ တိုက်ထဲကို ပိုက်ဆံထည့် ပေးနေတယ်။ အဲဒီ ပိုက်ဆံတွေနဲ့ ရဲတပ် ဖွဲ့က ကျွန်တော် တို့ကို ပြန် ကာကွယ်ပေး နေတယ်။ ကျွန်တော်တို့က ပိုက်ဆံ မှန်မှန် ထည့်ပေးနေတယ်။ အဲဒါကို စားသုံးနေတဲ့ ရဲတပ်ဖွဲ့ကျတော့ ကျွန်တော် တို့ရဲ့ လုံခြုံ မှုကို လုပ် မပေးနိုင် တာကိုတော့ ဘယ်လို မှလက်ခံလို့ မရဘူး”ဟု ၄င်းက ထပ်လောင်း ဝေဖန်သည်။

နယ်စပ်ဒေသ အစိုးရ ဝန်ထမ်းများ က ပြည်သူ့ဘဝ လုံခြုံရန် တရား ဥပဒေ စိုးမိုးရေး လုပ်ငန်းများကို ထိထိရောက် ရောက် ဆောင်ရွက်နိုင်ခြင်း မရှိဘဲ မိမိ တို့၏ အသက်ဘေး အန္တရာယ် မထိခိုက် စေရန် ဂရုတစိုက် ဆောင်ရွက်နေရကြောင်း ပြည်သူ့ လွှတ်တော် တရား ဥပဒေ စိုးမိုး ရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောသည်။

”တရားဥပဒေ စိုးမိုးမှု အတွက် ပြည် သူတွေရဲ့ဘဝ လုံခြုံမှုကို မပြောနဲ့ တကယ် ကို အာဏာပိုင်တွေ ဖြစ်တဲ့ အုပ်ချုပ်ရေး ပိုင်းတို့ တကယ်ကို တရားစီရင်ရေး အပိုင်း ဖြစ်တဲ့ တရား သူကြီးတို့၊ တကယ်ကိုယ့် လုံခြုံရေး အပိုင်းယူထားတဲ့ ပြည်သူ့ရဲတို့ ပင်လျှင် သူတို့ ရဲ့ပြောစကားပေါ့။ သူတို့ လည်း သူတို့ရဲ့ လုံခြုံရေးကို ကြည့် ပြီးတော့ လုပ်ကိုင် နေထိုင်နေကြတယ်” ဟု ၄င်းက ပြောသည်။

အောက်တိုဘာ ၂၅ ရက်နေ့ မှ ၂၇ ရက်နေ့ အထိ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သော ပြည်သူ့ လွှတ်တော် တရား ဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေး ကော်မတီဝင်များ၊ ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ် ခရိုင် နှင့် မြို့နယ် ရဲစခန်းများ၊ ထွေ/အုပ် ရုံးနှင့် တရားရုံးများကို ပြည်သူ များ၏ တိုင်ကြား ချက် များ အရ သွားရောက် စစ်ဆေးဆွေး နွေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ယင်း ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောသည်။

”ပြည်သူတွေ ကရော၊ နယ်ခံ လွှတ် တော် ကိုယ်စားလှယ်တွေ ကရော၊ နောက် အုပ်ချုပ်ရေး အာဏာပိုင်တွေရော၊ ထွေ/ အုပ်တင်မက တရား စီရင်ရေး အာဏာ ပိုင် တွေရော၊ လုံခြုံရေး ယူထားတဲ့ ပြည်သူ့ရဲ အပိုင်းကရော အားလုံးက ညှိနှိုင်းပူး ပေါင်း ဆောင်ရွက်မှ ရမှာ။ အားလုံးက တရားဥပဒေ စိုးမိုးရေး အတွက် ပါဝင် ပူး ပေါင်းဆောင်ရွက် မှရမှာ။ အားလုံးက ပူး ပေါင်း မဆောင်ရွက်ကြဘူး ဆိုရင် ဝတ် ကျေတန်းကျေပဲ ဆောင်ရွက်မယ် ဆိုရင် အဲဒီ ဘက်တွေက တရားဥပဒေ စိုးမိုးရေး အ တွက် အခက်အခဲ ရှိသေးတယ်” ဟု ၄င်းက ပြောသည်။

နယ်စပ် မြို့များတွင် တရားဥပဒေ စိုးမိုးရေး အတွက် အထူး အစီအစဉ် ရေး ဆွဲ အကောင် အထည်ဖော်ရန် ပြည်သူ့ လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကို တင်ပြပြီး အုပ်ချုပ်ရေး အာဏာပိုင် များကို တိုက် တွန်းသွားမည်ဟု ၄င်းက ပြောသည်။

ရဲတပ်ဖွဲ့ဝင်များ ဘက်စုံအဆင့် မြှင့်တင်ရေးနှင့် ပတ်သက်ပြီး လွှတ်တော် တွင် မကြာခဏ မေးခွန်း မေးမြန်းလေ့ရှိ သည့် တာမွေမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဒေါ်လဲ့လဲ့ဝင်းဆွေက အနိမ့် ဆုံး ရဲတပ်ဖွဲ့ဝင် များ၏ လစာငွေ ၆ဝဝဝဝ ကျပ်သာ ရှိသည့် အတွက် တိုးမြှင့်ပေးရန် လိုအပ်ကြောင်း၊ ထို့ပြင် ရဲဝတ်စုံ အသုံး အဆောင် များကိုလည်း နိုင်ငံတော်က တစ်နှစ်နှစ်ကြိမ် ခန့်သာ ထောက်ပံ့ပေး သည်မှာလည်း နည်းနေသေးကြောင်း ပြောသည်။

”စားဝတ်နေရေး အဆင်မပြေရင် ကိုယ် တာဝန်ကျေဖို့ ဆိုတာ မလွယ်ပါ ဘူး။ အောက်ခြေ ရဲတပ်ဖွဲ့ဝင်တွေ ရဲ့ အမျိုးသမီးတွေ ဆို ပြည်သူတွေ ရဲ့ အိမ် မှာ အဝတ်တွေ လိုက်လျှော်နေတာ တွေ့ နေရတာပဲ။ အခုခေတ် ကုန်ဈေးနှုန်းနဲ့ သူ တို့တွေရဲ့ ကလေးတွေဆို ကျောင်းတက် ဖို့တောင် လွယ်တာ မဟုတ်ဘူး။ မိသားစု အရေး အဆင် မပြေရင် တာဝန်လစ်ဟင်း မှုတွေ အနည်းနဲ့ အများဖြစ်မှာပဲ”ဟု ပြော သည်။ ပြည်ထဲရေး ဝန်ကြီးဌာန အနေဖြင့် ရဲတပ်ဖွဲ့ဝင် များအတွက် လုံလောက်သော ဘတ်ဂျက်ငွေ များ တောင်းခံ သင့်ကြောင်း၊ လွှတ်တော် အနေဖြင့် အခြေခံ အဆောက်အအုံ များတည်ဆောက်ရေး တွင် အမှန် တကယ် လိုအပ်နေသည့် အတွက် ဖြတ် တောက်ခြင်း မပြုဘဲ ခွင့်ပြုပေးကြောင်း ၄င်းက ပြောသည်။

အစိုးရ အနေဖြင့် ပြည်သူများ၏ ယုံကြည်မှုကို တည်ဆောက်ရာတွင် အပြော သက်သက်သာ မဟုတ်ဘဲ အလုပ်နှင့် လည်း သက်သေပြ ရပေတော့မည်။ ပြည် သူများက အစိုးရကို အထင် အမြင်သေး စေခဲ့သော လုံခြုံမှု မရှိသော စိတ်နှလုံး ညှိုးငယ်ခဲ့ ရသော ခံစားချက်များကို စိတ် ထဲတွင် ဖြစ်ပေါ်စေခဲ့ သည့် ရာဇဝတ်မှု များ ကို ဖော် ထုတ်နိုင်မှသာ ပြည်သူများ ၏ ဘဝသည် အေးချမ်း တည်ငြိမ်လာမည် ဖြစ်သည်။

မည်သို့ပင်ဆိုစေ မြန်မာနိုင်ငံသား အများစုမှာ စစ်အစိုးရ လက်ထက် အာဏာ အငွေ့အသက်အောက် တစ်လျှောက် လုံးတွင် တရားဥပဒေ ရှိခဲ့သော် လည်း ကျောသား ရင်သား ခွဲခြားခံခဲ့ ရမှုများ သာမက ဥပဒေဟူသည် လိုတစ်မျိုး၊ မလိုတစ်မျိုး အဓိပ္ပာယ် လိုရာဖွင့်ဆို လုပ် ဆောင်နိုင်သည့် ကြိုးဆွဲရာ ကရသော ရုပ်သေးရုပ် များ လည်း ဖြစ်ခဲ့ပြီးပါပြီ။

အရပ်သား အစိုးရဟူ၍ ဒီမိုကရေစီ ဦးတည်ချက်နှင့် အတူ အသစ်ဖြစ်ထွန်း လာသော လက်ရှိ အစိုးရ၏ သက်တမ်း အတွင်းတွင် လည်း ထိုနည်းလည်းကောင်း ဟုသာ ဆိုပါက ပြည်သူ အတွက်တော့ မျော့မျော့ သာကျန်၊ ခံနိုင်ရည်လည်း နည်း ကြတော့မည် ဖြစ်သည်။

သန့်ရှင်းသော အစိုးရ၊ ကောင်းမွန် သော အုပ်ချုပ်မှု ဟူသော အင်မတန် ကောင်းမွန်သော စကားဖြင့် တာထွက် လှခဲ့သော အစိုးရ၊ ဟာကွက် ချို့ယွင်းချက် များ ရှိနေသော တည်ဆဲဥပဒေများ၊ အကျင့် ပျက်ခြစားခြင်းနှင့် အသား ကျနေသော အုပ်ချုပ်မှု ယန္တရား၊ ဝမ်းစာ လိုအပ်ချက် မပြည့်မီအောင် လက်ဝါးကြီး အုပ်ထိန်းချုပ် ကန့်သတ်မှု များကြောင့် စိတ်ဓာတ်ပျက် ပြားချည့်နဲ့နေသော ပြည်သူ၊ အာဏာနှင့် အသပြာ အကာအကွယ်ယူ၍ လက်ခ မောင်းခတ်နေကြသော တောကြောင်နှင့် မင်းသား ခေါင်းဆောင်းထားသော လူ့ဘီလူး များ။

ဤသို့ဖြင့် သန့်ရှင်းသော အစိုးရ နှင့် ကောင်းမွန်သော အုပ်ချုပ်မှု ဟူသော စကားအတွက် မည်သို့ သက်သေပြကြ မည် ဆိုသည်ကိုတော့ မျက်နှာ မလိုက် သော သမိုင်း ၏ ပိတ်ကားထက်တွင် ဆက် လက် ရှုစားရန်သာ ရှိပါတော့သည်။

မိမွေးတိုင်း၊ ဖမွေးတိုင်းကြီးကို တစ်သံတည်းအတူတူ “ နိုးနိုးနိုး” လုပ်ပစ်လိုက်ကြပြီလော (ဟံသာဝတီဦးဝင်းတင်)


ဟံသာဝတီ ဦးဝင်းတင်

ဟားဟားဟား … အတော်နောက်တဲ့ ဒီချုပ်ကိုရင်လေးတွေပဲဗျာ။ အားလုံးမြင်လိုက်ကြမှာပေါ့။ လူထု အစည်းအဝေးကြီးရဲ့ ရှေ့ဆုံးတန်းအလယ်မှာ ကျုပ်တစ်ယောက်တည်းလေ။ လက်ရုံးထောင်လို့၊ လက်သီးပြောင်လို့။ မီဒီယာတွေထဲလည်း ပါလာတာပေါ့။ သတင်းစာမျက်နှာ ပြူးတူးပြဲတဲ။

ကျုပ်က ရုပ်သံတွေထဲမှာ ပါလောက်တဲ့လူမဟုတ်လို့ ရုပ်ပဲပေါ်တယ်လေ။ အသံဗလံတွေ မတော်တရော် အဆစ်မကြားရဘူးလေ။ အသံတွေသာ သွင်းလိုက်လို့ကတော့ ရွှေမကောင်း၊ စိန်မကောင်း ဖြစ်ကုန်မှာပေါ့။ (ကျုပ်မိတ်ဆွေကာတွန်းဆရာကြီး ဦးဖေသိန်းက ဖဆပလကွဲချိန်၊ ၁၉၅၈-၅၉ တုန်းက သူ့ရဲ့ပြည်သူ့အိုးဝေ- ဥဒတယံ ကာတွန်းမှာ ကျော်လည်းမကောင်း၊ ကျားလည်းမကောင်းဆိုတဲ့ စကားလုံး မကြာခဏသုံးတယ်။ တည်မြဲဖဆပလ ၀န်ကြီးချုပ်ဟောင်း ကျားကြီးဗဆွေ မကောင်းလို့ ဆိုချင်တာပေါ့။) ကျုပ်ရဲ့ ရွှေလဲမကောင်း၊ စိန်လဲမကောင်းကတော့ ကျုပ်ရဲ့ သတို့သမီးလောင်း မင်္ဂလာပွဲအကြို၊ တကဲကဲပြင်နေတဲ့ ရွှေရည်စိမ်လက်ကောက်တွေနဲ့ ရုရှားစိန်တု လက်စွပ်တွေကို ပြောတာပါ။ ဟဲ … ဟဲ … ဟဲ။

လူထုစည်းဝေးပွဲမှာ ကြားရတဲ့ အသံဗလံတွေက ဘာတဲ့။ “ တို့ဘဘကြီး ချိုမိုင်မိုင်ကတယ်ဟေ့” တဲ့။ လူတစ်အုပ်က ဟားတယ်။ နောက်တစ်အုပ်က “ တို့ဘိုးတော်က ချိုလိမ်စို့ချင်လို့ တောင်းတာပါဟ” တဲ့။ နောက်တစ်အုပ် ပြက်ပုံကတော့ “တို့အကိုကြီး ဒို့ရေးအသံ မမာရဲလို့ လက်သီးပဲ မြှောက်တာကွဲ့” တဲ့။

ကျုပ်ကို ရှစ်ဆယ့်ရှစ်ခေတ်ကြွင်း ခေတ်ကျန်ကြီး လုပ်လိုက်တာပေါ့။ ကျုပ်ကို ချိုမိုင်မိုင်ကတယ်လို့ ပြက်လုံး ထုတ်ခံရတာ ရယ်တောင်ရယ်မိပါသေးတယ်။ ကျုပ်ရဲ့အိမ်နီးချင်း ဟိုနိုင်ငံရေးသူငယ်ပြန် အဘိုးကြီးနဲ့ လူမှားတာနဲ့တူရဲ့လို့ပဲ သဘောထားပါတယ်။ အဲ … အဲ တို့အရေးလုပ်တာလို့ ပြောခံရတာတော့ ရင်အောင့်တယ်ဗျာ။ ရင်တင်မဟုတ်။ တစ်ကိုယ်လုံးအောင့်တယ်ဗျ။ စစ်ကြောရေး အ၀င်ခံရသလိုမျိုး ခံစားရတယ်ဗျာ။ အဲဒါမျိုး အပြောခံရတာတော့ နာသဗျ။ အာဏာရှင်ခေတ်က ကုန်သေးတာမဟုတ်ဘူးနော်။ ရာဇပလင်ပေါ် ငုပ်တုတ်ထိုင်မနေတောင် ရာဇပလင်အရိပ်ခိုပြီး အာဏာပါဝါ သြဇာအကျန်အကြွင်း၊ မသိုးထမင်း၊ မသိုးဟင်းတွေ ပါးဖြဲနားဖြဲမျိုကြ၊ ခဲကြတုန်းနော်။ သူတို့မကြိုက်မယ့် စကားနဲ့တော့ ကျုပ်ကို မကလိပါနဲ့ဗျာ။ ကျုပ်က ကြောက်တုန်း၊ ကြောက်ဆဲ၊ ကြောက်တွဲလဲဗျ။ ဟဲ … ဟဲ … ဟဲ။

အခုကျုပ်ပြောနေတဲ့ လူထုစည်းဝေးပွဲကြီးဆိုတာ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန်ရပ်ကွက်မှာ လုပ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရန်ကုန်တိုင်းလုံးကျွတ် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်သူဆန္ဒ သဘောထား ရယူရေး လူထုဟောပြောပွဲကြီး ဖြစ်သဗျ။ တစ်ပြည်လုံး၊ မြို့နယ်အတော်များများမှာ လုပ်နေကြတဲ့ ဒီချုပ်ပွဲတွေက အခြေခံဥပဒေ ပြင်ဆင်ရေးဟောပြောပွဲဆိုတာ များသဗျ။ ဒီပွဲကတော့ လူထုဆန္ဒခံယူပွဲတဲ့။ ဒီတော့ ကျုပ်ကလည်း လူထုထဲက လူပဲ။ ကျုပ်ရဲ့ဆန္ဒကို ဖော်တာပေါ့။ ကျုပ်လက်သီးပင့်၊ လက်မောင်းထောင်လိုက်တာပေါ့။ အဲဒီ့မှာတင် ကျုပ်ကို ချိုမိုင်မိုင်ကတယ် လုပ်ကြတာဗျို့။

လုပ်ချင်တာ လုပ်ကြပါစေ။ ကျုပ်က ပျော်ပျော်ပါပဲဗျ။

၂၀၀၈ ထောင်ကလွတ်တော့ မီဒီယာတွေကို ကျုပ်ပြာခဲ့တဲ့စကားရှိတယ်။ ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ အများကြီးကျန်ခဲ့တယ်။ တစ်ပြည်လုံးလည်း ထောင်ကျနေတယ်။ လူထုကြီးဟာ ၂၀၀၈ အခြေခံဥပဒေရဲ့ အကျဉ်းသား ဖြစ်နေတယ်။ ဒီဥပဒေကြီးက ပြည်သူကိုလည်း ကောင်းအောင်မလုပ်ဘူး။ ဒီဥပဒေကြီးက ဆုတ်ဖြဲပစ်ရမှာပဲလို့ ပြောခဲ့တယ်။

ဒီဥပဒေကြီး သက်ဆိုးရှည်နေသေးတယ်။ သမိုင်းတရားခံ အာဏာရှင်တွေလည်း သက်ဆိုးရှည်နေဆဲ ရှိသေးတယ်။ ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့်အသက်ရှည်နေတာလဲ။ တွေးမနေနဲ့၊ မေးမနေနဲ့။ မူရှိရင် လူရှိနေမှာပဲ။ လူရှိရင် မူရှိနေမှာပဲ။ မကောင်းဆိုးဝါးတွေ သွားကြ။ အားလုံးဒိုးကြ။ အားလုံး ဂိုးကြ။ အားလုံးညောင်းကြ။ အားလုံး ဂျောင်းကြ။ ကိစ္စပြတ်။ ဇာတ်သိမ်းကြ။ လေများရှည်လျား တစ်သွားတည်း သွားကြတာ လုပ်မနေကြနဲ့။ နိုင်ငံရေး ဘ၀သံသရာ ရှည်မနေကြနဲ့။

အရေးတော်ပုံ စိတ်ဓါတ်မွေးကြ။ အရေးတော်ပုံသမိုင်း ဆက်ကြ။ အရေးတော်ပုံတိုက်ပွဲ ဆန့်ကြ။ အာဏာရှင် စစ်အုပ်စုတွေခင်းခဲ့တဲ့ ရွှေရည်စိမ်လမ်းက ခွဲထွက်ကြ။ အာဏာရှင်စစ်အုပ်စု အမွေခံ စစ်တပူးရိုင်းအုပ်စု ခင်းနေတဲ့ စိန်တုကြဲလမ်းက ခွာထွက်ကြ။

ဒါ ၂၀၀၈ မှာ ထောင်ကထွကတဲ့နေက ကျုပ်ကိုင်စွဲခဲ့တဲ့ နိုင်ငံရေးအမြင်။ ဒီနေ့ ၂၀၁၃ မှာ ကျုပ်သေတွင်းဝ ရောက်နေချိန် ကျုပ်ကိုင်စွဲထားဆဲ နိုင်ငံရေးအမြင်။ ကျုပ်ရဲ့ နိုင်ငံရေးအမြင်မှာ ဒီနေ့နိုင်ငံရေးကျိုးပဲ့ခေတ်ကြီးရဲ့ အဓိကလက်သည်ဟာ ဒီအခြေခံ ဥပဒေကြီးပဲ။ ဒါကြီးကို ဥုံဖွမတ်တပ်ထ လုပ်နေလို့ မရဘူး။ အာငွေ့ပေး၊ ကျပ်ပူတိုက်နေလို့ မရဘူး။ အကုန်ပစ်၊ အသစ်ရေးမှ ဖြစ်မယ်။

ဟော ၂၀၁၃ နိုဝင်ဘာ ၁၀ မှာ ဒီချုပ်က ရန်ကုန်တိုင်လုံးကျွတ် ဆန္ဒသဘောထားရယူပွဲကြီး ကျင်းပတယ်ဗျာ။ ကျုပ်လည်း ဆန္ဒသဘောထား ပေးခဲ့တာပေါ့။

ဆန္ဒသဘောထားယူပွဲကြီးရဲ့ ၉၉ ရာခုင်နှုန်းက ပြင်မယ်တဲ့။ ကျုပ်ရဲ့သဘောထား `သစ်ချင်သဗျား´ ဆိုတာက တစ်ရာခိုင်နှုန်းတဲ့။ ကောင်းပါလေ့ဗျာ။

ကောင်းပါလေ့လို့ပြောတာက ဒီလိုပါ။ ဒါကြီးက မိမွေးတိုင်း၊ ဖမွေးတိုင်း မြင်မတော်၊ ရူမပျော် သရမ်းချင်တိုင်း သရမ်းနေလို့က မတော်ဘူးဗျ။ ဘယ်သူဆို ဘယ်သူကမှလည်း လက်သင့်မခံကြတော့ဘူး။ ပြည်သူလူထုကြီးက ငြင်းလိုက်ပြီ။ “ နိုး” လိုက်ပြီ။

သွားပေတော့ဗွေဆိုး။ ဂိုးပေတော့ စစ်အာဏာရှင်အမွေဆိုး။ မြေလျှိုးလို့မိုးပျံ သဝေထိုးဦးမယ်တော့ မကြံလေနဲ့နော်။

ကျုပ်ကတော့ ပျော်ပါတယ်ဗျာ။ အနည်းအုပ် “တစ်” ရော၊ အများအုပ် “ ကိုးကိုး” ပါ မိမွေးတိုင်း၊ ဖမွေးတိုင်းကြီးကို တစ်သံတည်းအတူတူ “ နိုးနိုးနိုး” လုပ်ပစ်လိုက်ကြပြီလောဟဲ့လို့ ခံစားရပါတယ်ခင်ဗျား။

ဟံသာဝတီဦးဝင်းတင်

ဒီလှိုင်း အတွဲ(၂) အမှတ် (၄၇)၊ တနင်္လာနေ့၊ ၂-၁၂-၂၀၁၃

ယင်းလပ်လို စကပ်ဝတ်တစ်ယောက်လောက်..သတ္တိရှိခဲ့ရင်...

ဘော်မြစ်ကျေးရွာအုပ်စုကပစ၈ စစ်တပ်အထိ ချီတက်ဆန္ဒပြ မည်


 Min Nay Htoo

မကွေးတိုင်း ဆင်ပေါင်ဝဲမြို့နယ် ဘော်မြစ်ကျေးရွာအုပ်စု မတရားအသိမ်းဆည်းခံ လယ်ယာမြေ ပိုင်ရှင် များမှ မတရားသိမ်းထားသော ကပစ ၈ စစ်တပ်ကို ဆန္ဒပြရန် ခွင့်ပြုမိန့် ၄ ကြိမ်တိုင်တိုင် တောင်းခဲ့သော်လည်း ၄ ကြိမ် လုံးအငြင်းပယ်ခံ ရ သောကြောင့် ၅.၁၂.၂၀၁၃ ရက်နေ့တွင် ဘော်မြစ်ရွာဦးစေတီတွင် စုဝေးပြီး ကပစ၈ စစ်တပ်အထိ ချီတက်ဆန္ဒပြ မည်ပာု သိရပါသည်

သမ္မတကြီးကိုအမှတ်ပေးကြ...

မက်စင်ဂျာ ဂျာနယ်