Wednesday, December 4, 2013

တိုကျို ရှိဘူယရောက် ကချင် ဝတ်စုံနဲ့ Miss Myanmar ဂုဏ်ရည်အေးကျော်




ဓာတ်ပုံ Demo Wai Yan

စစ်တပ်ယူနီဖောင်းတွေဝတ်ဆင်ထားတဲ့ ဘင်္ဂလီတွေစစ်တွေမြို့ထဲကိုဝင်ရောက်


Khine Myo Lynn

စစ်တပ်ယူနီဖောင်းတွေဝတ်ဆင်ထားတဲ့ ဘင်္ဂလီတွေ ဒီနေ့ညနေ ၄ နာရီလောက်က စစ်တွေမြို့ထဲကိုဝင်ရောက်သွားတယ်ဆိုတဲ့သတင်းတစ်ခု ယခုမိနစ်ပိုင်းအတွင်းမှာလက်ခံရရှိပါတယ်။ မြို့လုံခြုံရေးကိုတင်းကျပ်ထားပြီး အဆိုပါဘင်္ဂလီတွေကို တမြို့လုံးအနှံ့လိုက်ရှာနေတယ်လို့ဆိုပါတယ်။တစ်ချို့ကိုလည်းဖမ်းဆီးရမိထားတယ်လို့ပြောပါတယ်။ ရသမျှကိုဆက်လက်ဖော်ပြပေးပါမည်။
စစ်တပ်ယူနီဖောင်းတွေဝတ်ဆင်ထားတဲ့ ဘင်္ဂလီတွေ ဒီနေ့ညနေ ၄ နာရီလောက်က စစ်တွေမြို့ထဲကိုဝင်ရောက်သွားတယ်ဆိုတဲ့သတင်းတစ်ခု ယခုမိနစ်ပိုင်းအတွင်းမှာလက်ခံရရှိပါတယ်။ မြို့လုံခြုံရေးကိုတင်းကျပ်ထားပြီး အဆိုပါဘင်္ဂလီတွေကို တမြို့လုံးအနှံ့လိုက်ရှာနေတယ်လို့ဆိုပါတယ်။တစ်ချို့ကိုလည်းဖမ်းဆီးရမိထားတယ်လို့ပြောပါတယ်။ ရသမျှကိုဆက်လက်ဖော်ပြပေးပါမည်။

ရဲရင့်ငယ်ဘလော့နှင့်ငြိမ်းချမ်းရေးလဲရင်ကောင်းမလားလို့..

ကောင်းလိုက်တဲ့တိုရိုတာ...

ဒီနေ့ကာတွန်း

အီတာလျံ-ထိုင်း ကုမ္ပဏီ၏ စက်ယန္တရားများထိုင်းနိုင်ငံသို့ ပြန်လည်သယ်ဆောင်ခွင့် မပြု


Eleven Media Group
ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းမှ အီတာလျံ-ထိုင်း ကုမ္ပဏီ၏ စက်ယန္တရားများမှာ တင်သွင်းလာစဉ်ကပင် အခွန်ဆောင်ထားခြင်း မရှိသဖြင့် စီမံကိန်း ရပ်ဆိုင်းချိန်တွင် ထိုင်းနိုင်ငံသို့ ပြန်လည်သယ်ဆောင်ခွင့် မပြု

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းမှ အီတာလျံ-ထိုင်း ကုမ္ပဏီ၏ စက်ယန္တရားများမှာ မြန်မာနိုင်ငံသို့ တင်သွင်းလာစဉ်ကပင် အခွန်ဆောင်ထားခြင်း မရှိသဖြင့် စီမံကိန်း ရပ်ဆိုင်းချိန်တွင် ထိုင်းနိုင်ငံသို့ ပြန်လည်သယ်ဆောင်ခြင်း ခွင့်မပြုကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဘုန်းဆွေ၏ ပြောကြားချက်အရ သိရသည်။

ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်းများအား အီတာလျံ-ထိုင်း (ITD) ကုမ္ပဏီ တစ်ခုတည်းဖြင့် ဆောင်ရွက်ရန် ငွေကြေးလုံလောက်မှု မရှိသဖြင့် ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၂၁ ရက်မှ စတင်ကာ လုပ်ငန်းများ ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။

"အခု အီတာလျံ-ထိုင်းရဲ့ ထိုင်းနိုင်ငံက အလုပ်သမားတွေကို ITD က ထိုင်းကို ပြန်ပို့နေပါပြီ။ လုပ်ငန်းရပ်ဆိုင်းလို့ အလုပ်သမားတွေ ပြန်တာကို ခွင့်ပြုပေမဲ့ စက်ယန္တရားတွေကိုတော့ ထွက်ခွင့်မပေးပါဘူး။ မူလ၀င်လာချိန် ကတည်းက အခွန်မဆောင်ထားလို့ ဖြစ်ပါတယ်" ဟု ထားဝယ်အထူး စီးပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်း လုပ်ငန်းများ ရပ်ရွာဒေသ လူ့အဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍဆိုင်ရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးဘုန်းဆွေက ပြောကြားသည်။

ITD မှ ဆောင်ရွက်နေသည့် လုပ်ငန်းများကို ရပ်ဆိုင်းပြီး ရှေ့ဆက်ဆောင်ရွက်ရမည့် စီမံကိန်း လုပ်ငန်းများအား International Investor and Developer များက ပါဝင်ယှဉ်ပြိုင်နိုင်ရန် ITD မှ ဆောင်ရွက်ထားသည့် လုပ်ငန်းများနှင့် ကုန်ကျစရိတ်အား စိစစ်နိုင်ရန် International Consulting Firm တစ်ခုအား ရွေးချယ်သွားမည်ဟု သိရသည်။

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း လုပ်ငန်းခွင်အတွင်း ရပ်နားထားသည့် စက်ယန္တရားများအား တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဇင်)

ဂျာကာတာမြို့ မြန်မာသံရုံး ဗုံးဖောက်ခွဲဖို့ကြံစည်သူ တရားရုံးမှာ ၀န်ခံ



RFA Burmese


အခုနှစ်မေလက အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ မြန်မာသံရုံးကို ဗုံးဖောက်ခွဲတိုက်ခိုက်ဖို့ ကြံစည်ခဲ့သူ ၂ ဦးကို ဒီကနေ့ ရုံးထုတ်စစ်ဆေးရာမှာ အဖမ်းခံရသူတစ်ဦးက သူဟာ ဖောက်ခွဲတိုက်ခိုက်ဖို့ ဦးဆောင်ကြံစည်ခဲ့သူဖြစ်ကြောင်း ဒီကနေ့တရားရုံးမှာ ဝန်ခံဖြောင့်ချက်ပေးလိုက်ပါတယ်။

အသက် ၂၃ နှစ်အရွယ် ဆီဂစ် အင်ဒရာဂျစ် Sigit Indrajid က သူဟာ မေလက ဂျာကာတာမှာရှိတဲ့ မြန်မာအစိုးရသံရုံးကို ဗုံးခွဲတိုက်ခိုက်ဖို့ လူမှုရေးစာမျက်နှာပေါ်ကနေ အစွန်းရောက် အစ္စလာမ်ဘာသာဝင်တချို့ကို ဦးဆောင်စည်းရုံးခဲ့သူဖြစ်ကြောင်း ဂျာကာတာခရိုင် တရားရုံးမှာ အခုလိုဝန်ခံထွက်ဆိုလိုက်တာဖြစ်ပါတယ်။

ဒီလိုလုပ်ဆောင်ခဲ့တဲ့အတွက် နောင်တရပါသလားလို့ တရားသူကြီးကမေးမြန်းရာမှာ သူက နောင်တမရကြောင်း၊ ဒီဆောင်ရွက်ချက်ဟာ မွတ်စလင်တွေကို စိတ်ရှိသလိုနိမ့်ချဆက်ဆံနေတဲ့ မြန်မာနိုင်ငံနဲ့ တခြားနိုင်ငံတွေကို သတိပေးလိုက်တာဖြစ်ကြောင်း၊ အဲသလို နှိပ်စက်နေသရွေ့ ဒီနိုင်ငံတွေအပေါ်မှာ သူ့အနေနဲ့ စစ်ကြေညာထားဆဲဖြစ်ကြောင်း ဖြေကြားခဲ့တယ်လို့ သိရပါတယ်။

သူ့အနေနဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်စလင်အရေး ဆန္ဒပြပွဲကိုတက်ဖို့ အဖွဲ့တစ်ခုက ဖိတ်ကြားခံရအပြီး မြန်မာသံရုံးကို အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်ဖို့ စိတ်ကူးအကြံအစည်ရရှိခဲ့တာလို့လည်း ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း မွတ်စလင်အများဆုံးနေထိုင်တဲ့ အင်ဒိုနီးရှားမှာ မြန်မာနိုင်ငံက လူမျိုးရေး ဘာသာရေး အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး ဂျာကာတာရှိ မြန်မာသံရုံးကို အကြိမ်ကြိမ်ဆန္ဒြုပခဲ့ကြပါတယ်။

ကြံ့ဖွတ်ကိုယ်စားလှယ်ဦး ရွှေမောင်ကဝှိုက်ကတ်ဒ်တွေကိုပန်းရောင် နိုင်ငံသားကတ်ဒ်နှင့် လဲပေးဖို့ တောင်းဆို



U Naing Win'

ကစားကွက်တွေကတော့ လှချက် ဖလန်းဖလန်းကို ထနေတာပဲ ...... ကြံ့ဖွတ်ကိုယ်စားလှယ် ရွှေမောင်က ချက်ချင်း လက်ငင်း ထပြီးတော့ ရခိုင်ပြည်က ဘင်ဂါလီ လူမျိုးတွေဖြစ်တဲ ဝှိုက်ကတ်ဒ် ကိုင်ဆောင်ထားသူတွေကို ပန်းရောင် နိုင်ငံသားကတ်ဒ်နှင့် လဲပေးဖို့ တောင်းဆို ပြနေပြီး ..... ကြံဖွတ်တွေက ပြုံးစိစိနဲ့ ကြည့်နေတယ် ၊ အန်အယ်လ်ဒီက ငုံးတိတိနဲ့ ကြည့်နေတယ် ၊ ၈၈၈၈ တွေက တုတ်တုတ်မလှုပ်ပဲ ကြည့်နေတယ် ၊ အမျိုးချစ်တွေ အဖွဲ့များရဲ့ ကော်မင့်န်တ်တွေက ဝီရသူကယ်ပါတဲ့ ၊ ဒီ ကစားတဲ့ ဂိမ်းပွဲမှာ နှပ်ကြောင်းတွေက သိပ်လှတယ် သူရဲကောင်ဆိုပြီး ခွေးဆိုးတကောင်ကို ဆင်ပေါ်ထပ်တင်ပေးလိမ့်မယ် အဲ့ဒါ ဘယ်သူ့ကိုလဲ သိလား ..... ၊ အာဏာရှင်ကြီးတွေရဲ့ တည်ကြက်တွေက များသကို .... ခြေဥ အလှည့် မရောက်နိုင်အောင်လို့ အသေ အလဲ ထုနေကြလေရဲ့ ။
ကစားကွက်တွေကတော့ လှချက် ဖလန်းဖလန်းကို ထနေတာပဲ ...... ကြံ့ဖွတ်ကိုယ်စားလှယ် ရွှေမောင်က ချက်ချင်း လက်ငင်း ထပြီးတော့ ရခိုင်ပြည်က ဘင်ဂါလီ လူမျိုးတွေဖြစ်တဲ ဝှိုက်ကတ်ဒ် ကိုင်ဆောင်ထားသူတွေကို ပန်းရောင် နိုင်ငံသားကတ်ဒ်နှင့် လဲပေးဖို့ တောင်းဆို ပြနေပြီး ..... ကြံဖွတ်တွေက ပြုံးစိစိနဲ့ ကြည့်နေတယ် ၊ အန်အယ်လ်ဒီက ငုံးတိတိနဲ့ ကြည့်နေတယ် ၊ ၈၈၈၈ တွေက တုတ်တုတ်မလှုပ်ပဲ ကြည့်နေတယ် ၊ အမျိုးချစ်တွေ အဖွဲ့များရဲ့ ကော်မင့်န်တ်တွေက ဝီရသူကယ်ပါတဲ့ ၊ ဒီ ကစားတဲ့ ဂိမ်းပွဲမှာ နှပ်ကြောင်းတွေက သိပ်လှတယ် သူရဲကောင်ဆိုပြီး ခွေးဆိုးတကောင်ကို ဆင်ပေါ်ထပ်တင်ပေးလိမ့်မယ် အဲ့ဒါ ဘယ်သူ့ကိုလဲ သိလား ..... ၊ အာဏာရှင်ကြီးတွေရဲ့ တည်ကြက်တွေက များသကို .... ခြေဥ အလှည့် မရောက်နိုင်အောင်လို့ အသေ အလဲ ထုနေကြလေရဲ့ ။

    မြန်မာနိုင်ငံအစိုးရက ဘာလုပ်သင့်သလဲ

    ဒီဗွီဘီကနေပြီး ကုလားရွှေမောင်ကို အင်တာဗျူး လုပ်တယ် ။ သတင်းထောက်က မိုက်ခွက်ကိုပေးပြီး ပြောခိုင်းတာ့ ကုလားရွှေမောင်က ပြောပြီပေါ့ ။ ဒီနေရာမှာ ကျွန်တော်က ဒဲ့  ပြောပြလိုက်မယ် ။ ဒီဗွီဘီမှာ ကျွန်တော်က အပါတ်စဉ်စနေ့ နေ့ တိုင်း ရေဒီိယိုဇတ်လမ်းပမာကို ရေးသားထုတ်လွှင့်နေခဲ့ တာ ဆယ်စုနှစ် နှစ်ခုနီးကပါး ရေးသားနေခဲ့ တယ် ။ တိုင်းရင်းသားဘာသာ အသံလွှင့်အစီအစဉ်မှာလဲ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အစီအစဉ်မှာ ရိုးရာယဉ်ကျေးမှုဆောင်းပါးနဲ့  နိုင်ငံရေးဆောင်းပါးတွေ ရာနဲ့  ထောင်နဲ့ ချီလို့  ရေးသားဖေါ်ပြခဲ့ တယ် ။ -RFA- မှာကျပြန်တော့လဲ ပြည်တွင်းမှာနေကတည်းက အဲဒီအသံလွှင့်ဋ္ဌါန ပေါ်လာတာနဲ့  ဆောင်းပါးတွေကို ရေးသားပေးပို့ ခဲ့ လို့  အသံလွှင့်ဖေါ်ပြခဲ့ တယ် ။

    ပြည်ပကိုရောက်တော့ ပြည်ပအသံလွှင့်ဋ္ဌါနတွေမှာ ရေးလိုက်ရတဲ့  ဆောင်းပါး-ပြောလိုက်ရတဲ့  အင်တာဗျူးတွေ မနည်း ။ အဲဒီတော့ -DVB-RFA- စတဲ့  သတင်းထောက်တွေနဲ့  ရင်းနှီးတယ် ။ သူတို့ တွေကို အင်တာဗျူးလုပ်တဲ့ အခါ မေးခွန်းတွေမေးပုံနဲ့  သတင်းအတည်ပြုချက်တွေကို ဘယ်လိုယူရတယ် ဆိုတာကအစ ပြောပြတာတွေ အများကြီးဆွေးနွေးပြောပြခဲ့ တာတွေ ရှိတယ်
    ။

    လွန်ခဲ့ တဲ့  အပါတ်တွေလောက်က ကချင်ပြည်နယ်ဖက်မှာ ရှိနေတဲ့  မှတ်ပုံတင်မရှိတဲ့  သူတွေကို မဲပေးနိုင်အောင် ဘာမှ အထောက်အထားမရှိတဲ့ သူတွေကို လုပ်ပေးနေတယ် ဆိုတဲ့  သတင်းတွေ ကြားသိရတယ် ။ ဒီကတည်းက သမိုင်းလိမ်ဘင်္ဂလီကုလားတွေဆီက အသံတွေကြားလာရလိမ့်မယ်ဆိုတာ ကျွန်တော်တို့ က သိပြီးသား ။ ခုတော့ ထင်တဲ့ အတိုင်းဘဲ ကုလားလော်ဘီ ဒီဗွီဘီက စတင်လုပ်လာတာ ကြားလာရတယ် ။

    ခုကုလားရွှေမောင်ကို အင်တာဗျူး လုပ်နေတာကြည့်တော့ အင်တာဗျူးလုပ်တာလား ဒါမှမဟုတ် သူ့ ကို ပြောချင်ရာ ပြောခိုင်းနေတာလားဆိုတာက အစ စိတ်ထဲမှာ သံသယတွေ ၀င်လာတယ် ။ သတင်းထောက်ကိုဘဲ အင်တာဗျူး ပြန်လုပ်ရမလို ဖြစ်နေပြီ ။ ကုလားလော်ဘီလုပ်နေတဲ့  ဒီအသံလွှင့်ဋ္ဌါနတွေကို ကျွန်တ်ေတို့ က လှည့်တောင် မကြည့်တော့တာ ကြာပေါ့ ။ သတင်းဋ္ဌါနတွေမှာ လုပ်ကိုင်နေတဲ့  ၀န်ထမ်းတွေနဲ့  ရင်းနှီးပါတယ် ။ ဒါပေမဲ့  ဒီအသံလွှင့်ဋ္ဌာနတွေက တကယ့်အထက်တန်း မီဒီယာတွေ မဟုတ်ဘဲ မီဒီယာကျင့်ထုံးကျင့်ဝတ်တွေကိုတောင် နကန်းတစ်လုံးမှ နားမလည်ဘဲ လုပ်နေလို့ ကတော့ မြန်မာနိုင်ငံမှာ ဒီလို သွေးထိုးနေတဲ့  မီဒီယာတွေက ရှိနေအုံးမှာဘဲ ဖြစ်တယ် ။

    ကောင်းပြီ ။ ကုလားရွှေမောင် ပြောသလို -White Card-ကိုင်ဆောင်ထားသူများကို နိုင်ငံသားစီစစ်ရေး ကဒ်ပေးသင့်တယ် ဆိုရင် ဘယ်လို နိုင်ငံသားကဒ်မျိုးကို ပေးရမှာလဲ ဆိုတာ သတင်းထောက်က မေးဖို့  သင့်တယ်ပေါ့- ထားပါတော့ - သတင်းထောက်က မမေးတာကို ကျွန်တော်က မေးကြည့်ပေးပါမယ် ။ နိုင်ငံသားစီစစ်ရေးကဒ်ပေးမှာမို့ လို့  ဘာလူမျိုးအနေနဲ့  အသိအမှတ် ပြုပေးရမှာလဲ ဆိုတာ မေးပြီ ဆိုပါစို့  ။ သူဘာဖြေမလဲ ဆိုတာ ကြည့်လိုက်ပါ ။

    ဒီတော့ ကုလားရွှေမောင်က ဒီနှစ်ခုအနက် တစ်ခုကို တောင်းဆိုလာရင်

    ၁- White Card-ကိုင်ဆောင်သူများကို ရိုဟင်ဂျာလူမျိုးများအဖြစ် နိုင်ငံသားအဖြစ် ပေးရမယ် ။

    ၂-ဘင်္ဂလီလူမျိုးတိုင်းကို နိုင်ငံသားအဖြစ်ပေးရမယ် ။

    ကဲ-ဒီတော့ ကျုပ်တို့ ကတော့ မြန်မာနိုင်ငံအစိုးရကို ဘာလုပ်ပေးသင့်သလဲ ဆိုတဲ့  အဖြေကို သိချင်တယ် ။ မြန်မာနိုင်ငံအစိုးရဟာ ခုအချိန်ထိ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဋ္ဌါနနဲ့  ပြည်သူ့ အင်အားဦးစီးဋ္ဌါန-၀န်ကြီးဦးခင်ရီနဲ့  ဗဟိုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ -ဦးတင်အေးတို့ က တစ်ဦးကို တစ်ဦး ဘော်လီဘောပုတ်ရမဲ့ အချိန် မဟုတ်တော့ဘူးဆိုတာ ပြောချင်တယ် ။ -၂၀၁၄-ခုနှစ် ဇန္န၀ါရီလ- တစ်ရက်နေ့ ကစလို့  -White Card- ကိုင်ဆောင်သူများကို မဲပေးစေတဲ့  ပါတီတွေကို ကန့် ကွက်ဆန္ဒပြပွဲတွေ- မဲမပေးရေးဆိုတဲ့  ဆန္ဒပြ့ကန့် ကွက်ပွဲတွေကတော့ စတင်ပေါ်ပေါက်လာတော့မှာ ဖြစ်ကြောင်း သတင်းတွေ ကြားနေမိတယ် ။ ဘာဖြစ်လို့ လဲ ဆိုတော့ မြန်မာနိုင်ငံကို မူဆလင်ဘာသာဝင်များ ကြီးစိုးသော နိုင်ငံမဖြစ်စေဖို့  ဗုဒ္ဒဘာသာဝင်တွေက ဆက်လက်သည်းညည်း မခံနိုင်ကြတော့လို့  ပြောနေလို့ ဘဲ ဖြစ်ပါတယ် ။

    ခိုင်အောင်ကျော် ( နယူးယောက် )


( ကြံ့ဖွံ့ဘာလဲ ကြံ့ဖွံ့ဘယ်လဲ ...? )
=====================
ကြံ့ဖွံ့ပါတီအနေနဲ့ ကိုယ့်ပါတီထဲမှာ နိုင်ငံသား စစ်မှန်းမသိ၊ မစစ်မှန်းမသိပဲ လွှတ်တော်ထဲ ရောက်နေတဲ့ အမတ်တစ်ချို့ကို သေခြာစိစစ်သင့်နေပီ...... တဖြည်းဖြည်းနဲ့ အဲ့ဒိအမတ်တွေ ဘောင်ကျော်ပီး လုပ်လာနေတာကို ကြံ့ဖွံ့ဥက္ကဌ ပြည်ထောင်စု လွှတ်တော် နာယကကြီးက ဘာမှမလုပ်ပဲ ငုတ်တုတ်ထိုင်ကြည့်နေတာ လွန်လွန်းတယ်ပဲ ဆိုရမယ်...... လဝက ဝန်ကြီးလည်း ဘာထိုင်လုပ်နေလည်း စဉ်းစားလို့မရဘူး.......

အခု ဥပဒေထက် ဘောင်ကျော်တဲ့စကားကို ဘူးသီးတောင်အမတ် ဦးရွှေမောင်းက ပြောလာပီ..... White Card ကိုင်တွေကို ပန်းရောင်နိုင်ငံသား စိစစ်ရေးကဒ်ပြားကို ပေးခိုင်းနေပီ...... ၈၂ ဥပဒေ ရှိရဲ့သားနဲ့ White Card တွေကို ပန်းရောင် နိုင်ငံသားစိစစ်ရေးပေးခိုင်းနေရတဲ့ သူ့လုပ်ပိုင်ခွင့်ထက် ဘောင်ကျော်နေတဲ့ အဲ့ဒိအမတ်ကို ဒီအတိုင်းပဲ ဆက်ပြီး ငြိမ်ကြည့်နေမယ်ဆိုရင်တော့ အဆင်မပြေလှဘူး...... လွှတ်တော်ကို မထေမဲ့မြင်လုပ်နေတဲ့အပြင် တည်ဆဲ တရားဝင်ဥပဒေကိုပါ စိန်ခေါ်လာတဲ့ အဲ့ဒိလုပ်ရပ်ဟာ အတော်လေး လွန်လွန်းတယ်လို့ပဲ ဆိုရမယ်......

လွှတ်တော်နာယက / ကြံ့ဖွံ့ဥက္ကဌ၊ လဝက ဝန်ကြီးတို့ ဘာလုပ်နေလဲ..... အဲ့ဒိလူတွေစီက ဘယ်လောက်တောင် လာဘ်စားထားလို့ စကားတစ်ခွန်းမှ မဟနိုင်ဖြစ်နေသလဲ မေးချင်လာတယ်..... ဒီအတိုင်းသာ ဆက်ပီး မှိန်းနေ ငြိမ်နေရင် ဟိုက ဆီစွတ်နေမှာမဟုတ်ဘူး......
Voice of James Mint

ဘန်ကောက်/မဲဆောက်သွားမြန်မာများဒီလူ့ကားကိုတော့ လုံးဝမစီးကြပါနဲ့



Santhit Aung

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား/သူများ

ဘန်ကောက်ကနေ မဲဆောက်ကို ပြန်တာပဲဖြစ်ဖြစ်..မဲဆောက်ကနေ
ဘန်ကောက်ကိုပြန်တက်တာပဲဖြစ်ဖြစ် ဒီလူ့ကားကိုတော့ လုံးဝမစီးကြပါနဲ့.....
ကားဒရိုင်ဘာဟာ လမ်းတလျှောက်မှာရှိသမျှ ရဲပုလိပ်ဂိတ်တွေနဲ့ ပေါင်းကြံပီး
စာရွက်စာတမ်းစုံလင်စွာပါသူတွေရော မပါသူတွေရောကိုပါ
ငွေညှစ်ကောက်ခံခိုင်းသူဖြစ်လို့ပါ...ဒီကားနံပါတ်လေးကို သေချာမှတ်ထားပီး
မိမိတို့နဲ့နီးစပ်ရာသူငယ်ချင်းတွေကိုလည်း လက်တို့ပေးကြပါဦး....
(မယုံမရှိနဲ့...ကျနော် ကိုယ်တွေ့ဖြစ်ရပ်လေးပါ..ကျနော်တို့လို အခြားမြန်မာများလည်း
 ဒီလိုအဖြစ်မျိုး မကြုံရအောင် တဆင့်ပြန်လည် ပြောပြတာပါ)

တက္ကသိုလ်ရိပ်သာလမ်းအိမ်အမှတ်(၄၂) မြန်မာမိန်းကလေးအယောက်(၅၀)လောက်ကိုမဖွယ်မရာများ လုပ်စားနေ



 တက္ကသိုလ်ရိပ်သာလမ်းအိမ်အမှတ်(၄၂) အောက်ထပ်က စုစုပေါင်း(၄)ခန်းကိုငှားပြီး ကိုရီးယားနိုင်ငံသားတစ်ယောက်က မြန်မာမိန်းကလေးအယောက်(၅၀)လောက်ကို ဗန်းပြပြီး နိုင်ငံခြားသားများနှင့် စီးပွားရှာစားနေပါတယ်။ နေ့ဘက်တွင် မိန်းကလေးများကို အပြင်သို့ ပေးမထွက်ဘဲ ညဘက်ကျမှ တရုန်းရုန်းနှင့် ကာရာအိုကေ အနှိပ်ခန်းအပြင် တခြားမဖွယ်မရာများ လုပ်စားနေသည်ဟု သိရှိရပါသည်။

အဘသခင်လှကြိုင်အတွက်မြေ၀ယ်လှူဒါန်း

အ ဘ သ ခင် လှ ကြိုင် နှင့် မိ သား စု အ တွက် ဒီ ခြံ လေး ကို ဝယ် ပေး
ဖြစ် ခဲ့  ပါ တယ်။အ ရှေ့ မျက် နှစ် ဝ ၄၈ ပေအ နောက် မျက် နှစ် ဝ ၄၅ ပေ ရှေ့ နောက်
အ ရှည် ၆၈ ပေ ရှိ ပါ တယ်။ ဂ ရံ မြေ တော့  မ ဟုတ် ပါ ဘူး။ ကျပ် သုံး ဆယ့်  ငါး သိန်း
ပေး ရ ပါ တယ်။ခင် လေး တို့  ရောင်း သူ ဝယ် သူရပ် ကွက် ဆယ် အိမ် ခေါင်း နဲ့ 
ခြံ နီး ခြံ စပ် က သူ များ ကို ခေါ် ပြီး ခြံ ကို လေး ဖက် လေး တန် ခြံ စိုက်ကြိုး တား
လုပ် ပေး ခဲ့  ပါ တယ်။

သိန်းပေါင်းသုံးသောင်းကျော် အတိုးထပ်ဆင့်ကာ ထုတ်ချေးသည် ဟု သံသယဖြစ်ခြင်း ခံရသူဝန်ကြီး ဦးမြအောင်


Coral Arakan News


    အတိုးနည်း ချေးငွေ သိန်းပေါင်းသုံးသောင်းကျော် အား (တရားမ၀င်) အတိုးထပ်ဆင့်ကာ ထုတ်ချေးရာတွင် ပါဝင်ပတ်သက်သည် ဟု သံသယဖြစ်ခြင်း ခံရသူ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမြအောင်။

    ===============

    ရခိုင် ပြည်ခိုင်ဖြိုး ၀န်ကြီး ဦးမြအောင် က တရားစွဲလာမည် ဆိုလျှင်လည်း RNDP ဂျာနယ်က ပြင်ဆင်ခုခံမည် ဟု ဆို ။ ဦးမြအောင် က အစိုးရငွေများကို တစ်ဆင့်ထုတ်ချေးခဲ့ကြောင်းမှာ ဟုတ်မှန်သည် ဟု ဆို
    --------------------------------------
    စစ်တွေ ၊ ၀၃ ဒီဇင်ဘာ ၂၀၁၃ ၊ Coral Arakan News ၊ [ သတင်း ]

    ဗဟိုအစိုးရက ချပေးပေးသော အတိုးနည်းချေးငွေများကို အတိုးနှုန်းထပ်တင်ပြီး ထပ်ဆင့် ထုတ်ချေးသည့် ငွေကြေးအရှုပ်တော်ပုံ တစ်ခုတွင် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီး ဦးမြအောင် ပါဝင်ပတ်သက်မှုရှိကြောင်း RNDP ပါတီက ထုတ်ဝေသော တိုးတက်ရေးသတင်းလွှာတွင် ဖော်ပြခဲ့သည့်အတွက် ထိုစာစောင်အားတရားစွဲဆိုမည်ဟု ၄င်းက ပြောကြားခဲ့မှုနှင့် ပတ်သက်၍ အဆိုပါဂျာနယ် တာဝန်ရှိသူများအနေဖြင့် နောက်မဆုတ်ဘဲ တရားရင်ဆိုင်ရပါက အဆင်သင့်ဖြစ်နေစေရန် အချက်အလက် စုဆောင်းပြင်ဆင်မှုကို စတင်နေပြီ ဖြစ်ကြောင်း RNDP ပါတီမှ တာဝန်ရှိသူတစ်ဦးက Coral Arkan News အား ပြောကြားခဲ့သည်။

    အဆိုပါသတင်းကို ၂၀၁၃ အောက်တိုဘာ (၃၀) ရက်နေ့ထုတ် တိုးတက်ရေးသတင်းလွှာ အတွဲ (၃) အမှတ် (၁၅) ၏ စာမျက်နှာ (၁၅)တွင် “မာန်အောင်မွေးမြူရေးဇုံ ပြုလုပ်ရန်ချပေးသည့် ငွေများအား ငွေတိုးချေးထား”ဟူသည့် ခေါင်းစဉ်ဖြင့် ရေးသားခဲ့ခြင်းဖြစ်သည်။

    မွေးမြူရေးဇုံပြုလုပ်ရန်အတွက် ချပေးထားသည့် ငွေသန်းပေါင်း (၁၀၀၀)အား မန်အောင်ဒေသခံများအား အတိုးနှုန်းဖြင့် ထုတ်ချေးထားသည်ဆိုသည့် အဆိုပါသတင်းတွင် “ယခုအခါ ယင်းငွေများအား ပြည်နယ်မွေးမြူရေးဝန်ကြီး ဦးမြအောင်က ငွေတစ်ရာလျှင် အတိုးနှုန်း ငါးကျပ်ဖြင့် လူတစ်ဦးကို ၂၄၀၀၀၀ စီထုတ် ချေးကာ ချေးငွေအဖြစ် ပြောင်းလဲ အသုံးပြုလိုက်ကြောင်း သိရသည်” ဟု ဖော်ပြထားသည်။

    သို့ရာတွင် ဦးမြအောင်မှာ ထိုသတင်းတွင် ဖော်ပြထားသကဲ့သို့ မွေးမြူရေးဝန်ကြီးမဟုတ်ဘဲ စည်ပင်ဝန်ကြီးသာ ဖြစ်သဖြင့် “မွေးမြူရေးဝန်ကြီး ဦးသာလူချေ” အဖြစ် အမှားပြင်ဆင်ချက် ဖော်ပြစေလိုသော်လည်း ယင်းကဲ့သို့ ဖော်ပြရန်မှာ မဖြစ်နိုင် ဟုတိုးတက်ရေးသတင်းလွှာမှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

    “ရာထူးနာမည်ပဲ မှားတာပါ။ လူနာမည် မမှားပါဘူး။ ဦးမြအောင်ပါပဲ။ အဲသည်ငွေတွေကို ကိုင်ပြီး အလုပ်လုပ်သွားတာ ဦးမြအောင် မှ ဦးမြအောင် အစစ်ပါပဲ” ဟု အဆိုပါတာဝန် ရှိသူက ထပ်လောင်း ပြောကြားသည်။

    ထိုချေးငွေကို ပတ်သက်ကိုင်တွယ်ရမည့်သူများအဖြစ် မန်အောင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးအောင်စိန်၊ ရခိုင်ပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဦးသာညွန့် နှင့် ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးမြအောင်တို့ ဖြစ်ကြသည့်အနက် အဓိက ကိုင်တွယ်ခန့်ခွဲသူမှာ ဦးမြအောင်ဖြစ်သည် ဟု ဆိုသည်။

    ထပ်ဆင့်အတည်မပြုရသေးသည့် သတင်းတစ်ခုအရ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကျပ်ငွေသိန်းပေါင်းသုံးသောင်းကို ပြည်ထောင်စုအစိုးရကရခိုင်ပြည်နယ်အစိုးရထံတစ်နှစ်လျှင် လေးရာခိုင်နှုန်းအတိုးဖြင့် ပေးချေးခဲ့ခြင်းဖြစ်သည် ဟု ဆိုသည်။ မွေးမြူရေးလုပ်ပါ၊ ဘာလုပ်ပါ၊ မည်သည့်မြို့နယ်တွင် လုပ်ပါ ဟု မည်သည့် ညွှန်ကြားချက်မှ မပါဘဲ ထုတ်ချေးပေးခြင်းဖြစ်သည် ဟု ဆိုသည်။

    ပြည်ခိုင်ဖြိုးပါတီဝင် များကြီးစိုးသည့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကမူ ပြည်ခိုင်ဖြိုးအမတ်များ အနိုင်ရခဲ့သည့် မန်အောင်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မွေးမြူရေးဇုံပြုလုပ်ရန်အတွက် ဟု ဆိုကာ အဆိုပါချေးငွေကို ထပ်ဆင့် ချပေးခဲ့ခြင်းဖြစ်သည် ဟု ဆိုသည်။

    ရခိုင်ပြည်နယ်အစိုးရအဖွဲ့သည် ဘက်ဂျက် ခွဲဝေချပေးမှုကို ပြည်ခိုင်ဖြီုးပါတီ စည်းရုံးရေးအမြင်ဖြင့်သာ အမြဲလုပ်ဆောင်ချထားလေ့ ရှိသည်။
    ထိုကဲ့သို့ချပေးသည့်ငွေများကို တစ်ဖန် မွေးမြူရေးသမားများကိုချထားပေးခြင်းမပြုဘဲ ရွှေဆိုင်ပိုင်ရှင်များကို တစ်နှစ်လျှင် ငါးကျပ်နှုန်းဖြင့် ထပ်ဆင့်ချထားပေးခဲ့ခြင်း ဖြစ်သည်။

    ထိုအကြောင်းအရာများကို သည့်ထက်မက အသေးစိတ် သိရှိနိုင်ရန် တိုးတက်ရေးသတင်းလွှာ ၏ တာဝန်ခံအယ်ဒီတာ ဦးခိုင်ပြည်စိုးက မာန်အောင်မြို့သို့ ကိုယ်တိုင်ကိုယ်ကျသွားရောက်ကာ အချက်အလက်စုဆောင်းသွားမည် ဖြစ်ကြောင်း Coral Arakan News အားပြောကြားသည်။

    အဆိုပါကဲ့သို့ ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချပေးသော လည်ပတ်နေရမည် ငွေ (revolving fund) များကို ဗဟိုအစိုးရ (ပြည်ထောင်စု အစိုးရ) အနေဖြင့် အတိုးမယူဘဲ ထုတ်ချေးရမည် ဖြစ်သည် ဟု ဆိုသည်။ “ဗဟို အစိုးရက အဲသည်ငွေကို လေးရာခိုင်နှုန်းအတိုးနဲ့ ထုတ်ချေးတယ် ဆိုကတည်းက မှားနေတယ်။ အစိုးရကိုယ်တိုင်က အတိုးယူတာလား၊ ကြားက စီမံခန့်ခွဲသူတွေက အဲသည်အတိုးကို ယူလိုက်တာလား ဆိုတာ မသိရဘူး” ဟု နေပြည်တော်အစိုးရ နှင့် နီးစပ်သူတစ်ဦးက Coral Arakan News အား ပြောကြားသည်။

    မန်အောင်မြို့ပေါ်တွင်ထုတ်ချေးသည့် အတိုးနှုန်းကွာခြားချက်မှ ရရှိသည့် အမြတ်ငွေဖြင့် ဆို၊က၊ရေး၊တီး ပြိုင်ပွဲဝင်သူများ၏ ကုန်ကျစရိတ်ကို ကျခံခဲ့သည် ဟု တိုးတက်ရေးသတင်းလွှာပါ သတင်းက ဆိုသည်။

    ထို့အပြင် သံတွဲမြို့နယ် နှင့် ဂွမြို့နယ်အတွင်းမှ ငါးနီတူ လုပ်ငန်းရှင်အချို့အား တစ်ဦးတစ်ဦးလျှင် သိန်းထောင်ချီကာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အဆက်အသွယ်များထံမှ အတိုးနှုန်းကြီးကြီးဖြင့် ထုတ်ချေးထားသည်များ ရှိသည် ဟုလည်း ကြားသိရရာ၊ အဆိုပါချေးငွေများမှာ ယခု သိန်းပေါင်း သုံးသောင်း ကိစ္စနှင့် ပတ်သတ်မှုရှိမရှိကို မသိရပေ။

    ( Coral Arakan News သတင်းအယ်ဒီတာအဖွဲ့)

လူမှုရေးကို နားမလည်သော လူမှုရေးဝန်ကြီး ဦးကျော်ခင်



Coral Arakan News

==================


ဦးကျော်ခင် ( အသက် ၆၄-နှစ် )

အဖ (ဦးသန်း) နှင့် အမိ (ဒေါ်အေးပု)၏ သား၊ ဒေါ်ကြူကြူတင် (အ၊လ၊ပြ-ငြိမ်း) ၏ ခင်ပွန်း၊ သန္တာကျော်၊ နီလာကျော် နှင့် ဗိုလ်ကြီးဇေယျကျော် တို့၏ ဖခင်၊ အမှတ် (၂၃)၊ မဟာမြိုင် (၃)လမ်း၊ လှိုင်မြို့နယ်တွင် နေထိုင်သူ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးကျော်ခင်သည် ယမန်နေ့ ဒီဇင်ဘာလ သုံးရက်နေ့ မနက် ရှစ်နာရီခွဲခန့်က ၄င်း၏ ဇနီးဖြစ်သူနှင့်အတူ နိုင်ငံတော်က အပ်နှင်းထားသော အဆောင်အယောင် ကားကြီးအား စီးနင်းလာစဉ် ဆိုက္ကားတစ်စီးကို တိုက်ပစ်လိုက်၍ ဆိုက္ကားရော လူပါ ဒလိမ့်ခေါက်ကွေး ဖြစ်သွားခဲ့သော်လည်း၊ ဘာမှ မေးမြန်းကူညီခြင်း မရှိဘဲ၊ မောင်းထွက်သွားပါကြောင်း။

===================

ရခိုင် ပြည်ခိုင်ဖြိုး ၀န်ကြီး ဦးကျော်ခင်ကို တင်ဆောင်ထားသော ကား က တိုက်မိပြီး မှောက်သွားသော ဆိုက္ကား နှင့် ခရီးသည် အား ကူညီပေးခြင်းမပြုဘဲ ထွက်ပြေးသွား
===============

စစ်တွေ ၊ ၀၃ ဒီဇင်ဘာ ၂၀၁၃ ၊ Coral Arakan News ၊ [ သတင်း ]

ယနေ့ နံနက် ရှစ်နာရီခွဲတွင် ပြည်တော်သာရပ်ကွက် ကွန်ပျူတာ တက္ကသိုလ်ရှေ့လမ်းပေါ်တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဌာန ၀န်ကြီး ဦးကျော်ခင် ၏ ကားက အမျိုးသမီးတစ်ဦးကို တင်ဆောင်ထားသော ဆိုက္ကားတစ်စီးအားတိုက်မိသဖြင့် ဆိုက္ကား မှောက်ကာ ဆိုက္ကားအောက်သို့ ခရီးသည်နှင့် ဆိုက္ကားသမား ရောက်သွားသည့်အခြေအနေ ရောက်သွားသော်လည်း သိလျက်သားနှင့် ဘာမှ အကူအညီပေးခြင်းမပြုဘဲ ဆက်လက် မောင်းနှင်သွားခဲ့သည် ဟု သိရသည်။

တိုက်ခိုက်ရေး နှင့် စည်းရုံးရေးတပ် မှ တပ်သား ကိုအောင်ထွန်းလင်း နင်းကာ ခရီးသည် မစုမြတ်ဝေ စီးနင်းလိုက်ပါလာသော ဆိုက္ကားကို ၀န်ကြီး ဦးကျော်ခင် စီးနင်းသောကားနံပါတ် --/၇၉၂၁ က တိုက်မိသည့်အချိန်တွင် ၀န်ကြီး ဦးကျော်ခင် နှင့် ဇနီးတို့ ကားပေါ်တွင် ပါသည် ဟု သိရသည်။

ခရီးသည် မစုမြတ်ဝေ မှာ ခြေထောက်တွင် ကွဲရှ နှင့် ပေါက်ပြဲ ဒဏ်ရာများ ရသွားခဲ့သည် ဟုသိရသည်။

ဦးသိန်းစိန်တို့ ဒေါက်တာစိုင်းမောက်ခမ်းတို့ရဲ့ မိန့်ခွန်းတွေမဖြေနိုင်ရင် လက်ထောက်ဆရာဝန်မဖြစ်


Soe Zeya Tun

ဦးသိန်းစိန်တို့ ဒေါက်တာစိုင်းမောက်ခမ်းတို့ရဲ့ ဘယ်နားမှာ ဘယ်တုန်းက ပြောခဲ့မှန်းမသိတဲ့ မိန့်ခွန်းတွေကို ဖြေပြီး လက်ထောက်ဆရာဝန် တစ်ယောက်ရဲ့ အရည်အချင်းကို သတ်မှတ်မယ်ဆိုတာတော့ တော်တော့ကို ရွဲပါတယ်... လန်ဒန်မှာရှိတဲ့ ဆရာဝန်တစ်ယောက် ဦးသိန်းစိန်ကို ကြားဖူးရင်တောင် ကံကောင်း... သူက ဦးသိန်းစိန်ကို မသိတာနဲ့ပဲ ဆရာဝန်ဖြစ်ခွင့်မရှိတော့ဘူးလား.... ဆိုင်ရာ ဆိုင်ရာ နယ်ပါယ်လိုက် ရှိသင့် သိသင့်တာကို မေးသင့်ပါတယ်... စောစောက သူတို့မေးထားတဲ့ မေးခွန်းတွေက အစိုးရအဖွဲ့က ညွန်မှူး ညွန်ချုပ်တွေကိုတောင် သွားမေးကြည့်ဦး အလွတ်မကျက်ထားရင် မေးခွန်းကြိုမရရင် ဖြေနိုင်ဖို့ လမ်းစမရှိဘူး... နောက်ပြီးတေ့ အဲဒီ မေးခွန်းတွေ အဖြေတွေ တကယ့်ဆရာဝန်တစ်ယောက်ရဲ့ လက်တွေ့ဘဝမှာ ဘယ်လောက်များ အသုံးဝင်နိုင်သလဲ.... ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းတွေကို အလွတ် ရရုံနဲ့ နိုင်ငံရေးသမား ဖြစ်သွားပြီလား... ဦးသိန်းစိန်ရဲ့ မိန့်ခွန်းတွေကို အလွတ်ရရုံနဲ့ ဆရာဝန်တစ်ယောက် ဖြစ်ထိုက်ပြီလား... လက်ရှိမြန်မာနိုင်ငံမှာ ကျန်းမာရေးဘက်မှာဆိုရင် တော်တော့ကို ချွတ်ယွင်းနေတယ် ပိုက်ဆံရှိတဲ့လူတွေက အထူးကု ဆေးရုံကြီးတွေ နိုင်ငံခြား ဆေးရုံတွေ သွားနိုင်ပေမယ့် ပိုက်ဆံမရှိတဲ့ ဆင်းရဲသားတွေခဗျာ အလကားရမဲ့ ကုသိုလ်ဖြစ်ဆေးခန်းလေးတွေ....... လူနာကုတင်မလောက်တော့လို့ ကော်ရစ်တာမှာ ကုတင်ထိုးထားရတဲ့ အစိုးရ ဆေးရုံတွေမှာ မျက်စိသူငယ် နားသူငယ်နဲ့ တွေ့ရာလူ ဆရာခေါ်ပြီး ဆေးကုနေကြရတယ်.... တစ်ချို့သော လူနာတွေ လူနာရှင်တွေ အလကားရတဲ့ အစိုးရဆေးရုံမှာ လာပြီး သောက်ကြောတင်း မောက်မာတာတော့ ရှိပါတယ်... ဒါပေမယ့် အများစုကတော့ မျက်စိသူငယ် နားသူငယ်ပါ... အဲဒီမှာ အားလုံးက အပြစ်ပုံချကြတယ် ကျန်းမာရေး ဘာဂျက် မလောက်လို့ အစိုးရက ဘာဖြစ်လို့ ညာဖြစ်လို့... ဟုတ်ပါတယ်... ဆေးရုံမှာ ရှိတဲ့ ဆရာဝန်တွေခဗျာမှာလဲ အစိုးရက ပေးတဲ့ ဆေးဝါးမလုံလောက်လို့ ကိုယ်တတ်နိုင်ရင် တတ်နိုင်သလောက် အိတ်စိုက် ကုသပေးနေရတာ အားလုံးသိပါတယ်... ဒါပေမယ့် ကျွန်တော့် နိုင်ငံဖြစ်နေတာ လက်ရှိ ဖြစ်ပျက်နေတဲ့ ပကတိ အခြေနေကို လက်မခံနိုင်ကြတာပဲ.... လက်ထောက်ဆရာဝန်တစ်ယောက် အရည်ချင်းစစ်တဲ့ စာမေးပွဲမှာ ဦးသိန်းစိန် ဘယ်တုန်းက ပြောခဲ့တဲ့ မေးခွန်းကို ဖြေပါဆိုတာကြီးက.... ကင်းဝန်မင်းကြီး ဥရောပသွားပြီး ပြန်လာမှာ မင်းတုန်းမင်းက မေးတဲ့ မေးခွန်းလို ဖြစ်နေတယ်... ဘယ်လိုလဲ သူတို့ နန်းတော်က ငါ့နန်းတော်လောက် သားနားရဲ့လား ဘုန်းတော်ကြောင့် နိုင်းယှဉ်လို့ မရပါဘုရား ဆိုတာလို ဖြစ်နေပြီ.... အထွေထွေ ဗဟုသုတ မေးခွန်း ဆိုသော်လည်း.... ကိုယ်နိုင်ငံမှာရှိတဲ့ အများအားကိုးနေရတဲ့ အစိုးရ ဆေးရုံတွေရဲ့ အခြေနေ တွေ.... ဒီပေါ်မှာ ဒီထက်ကောင်းအောင် ဘယ်လို လုပ်လို့ရနိုင်တယ်ဆိုတဲ့ အကြံပြုချက်တွေ.... နိုင်ငံရေး မေးခွန်းဆိုရင်လဲ... ဗမာပြည် ကျွန်ဖြစ်ပုံကနေ လွတ်လပ်ရေးရပုံ ပြည်တွင်းစစ်ဖြစ်ပုံ ငြိမ်းချမ်းရေးအတွက် အဖြေဘယ်လို ရှာသင့်ပုံ ဒါမျိုးတွေတော့ မမေး.... သူတို့ အစိုးရအဖွဲ့က ညွန်ချုပ်လောက်အဆင့်ရှိတဲ့လူတောင် မေးခွန်းကြိုမရင် မဖြေနိုင်တဲ့ မေးခွန်းတွေကို မျက်နှာလိုအားရ လျှောက်မေးနေမယ်ဆိုရင်တော့ ကျုပ်တို့ မြန်မာနိုင်ရဲ့ အနာဂတ် တွေးကြည့်ရင်း ရင်လေးမိတယ်....

ရွှေတံဆိပ်ဆုရ မြန်မာ ခြင်းလုံး အမျိုးသမီး/အမျိုးသားအသင်း



27th Sea Games, Myanmar 2013

(၂၇)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင်ပါဝင်သော
အားကစားနည်း (၃၃)နည်းထဲမှ ခြင်းလုံးအားကစားနည်းကို
ယနေ့စတင်ကျင်းပခဲ့ရာ ပထမနေ့အပြီးတွင်
အိမ်ရှင်မြန်မာမှ ရွှေတံဆိပ် (၂)ခုဆွတ်ခူးနိုင်ခဲ့ရာ
နိုင်ငံအလိုက်ရပ်တည်မှုတွင် ထိပ်ဆုံး၌ ဦးဆောင်နေပါသည်။


</span>

စိုးသိန်း ပြောတာလဲ မှန်ပါတယ်



ဒီမို ဖက်တီး

အဲသည် ပြောင်းလဲလိုသူ တစ်ထောင်ထဲမှာ
- ဗိုလ်ချုပ်ကြီး အယောက် ၁၀
- ဒုဗိုလ်ချုပ်ကြီး အယောက် ၂၀
- ဗိုလ်ချုပ် အယောက် ၃၀
- ဗိုလ်မှုးချုပ် အယောက် ၅၀
- ဗိုလ်မှုးကြီး အယောက် ၁၀၀
- ဒုဗိုလ်မှုးကြီး အယောက် အယောက် ၂၀၀
- စစ်အင်ဂျင်နီယာတပ်မှ အယောက် ၂၀၀
- ရှရှားပြန် အယောက် ၂၀၀
- အပေါ်ဆွဲ အောက်ဆွဲ ပီအက်စ်အို အယောက် ၁၉၀
တို့ပဲ ဖြစ်ပါတယ်

ဒါနောက်ဆုံးပါ (မိုးဇေညိမ်း)


Moe Zay Nyein
လတ်တလော ကျွန်တော်တင်ခဲ့တဲ့ပို့စ်တွေနဲ့ပတ်သတ်ပြီး သဘောတူ၏ မတူ၏ စသဖြင့် ပြောကြဆိုကြ ရေးကြတာတွေကို လိုက်ဖတ်မိပါတယ်။ ကျွန်တော့်အနေနဲ့ အဲဒါတွေနဲ့ ပတ်သတ်ပြီးတော့ တစ်စုံတစ်ရာ ပြန်လှန်ဆွေးနွေးစရာမရှိပါဘူး။ ကျွန်တော်တင်ခဲ့တာတွေဟာ အာဏာပိုင်ဆိုတဲ့ အကာအကွယ်ကို ယူပြီး တရားဥပဒေချိုးဖောက်တဲ့ လူတစ်စုအကြောင်းကို တင်နေခြင်း ဖြစ်ပါတယ်။ ဥပဒေနဲ့ညိစွန်းတဲ့ကိစ္စတွေ ပြုလုပ်ခဲ့သူတွေကို ဆန္ဒကတိ၊ ဘယာကတိတွေလိုက်စားပြီး အရေးယူဖို့ ပျက်ကွက်ခဲ့တဲ့ ဖြစ်စဉ်တစ်ခုကို ဖော်ထုတ်တာဖြစ်ပါတယ်။ စစ်ဗိုလ်ချုပ်တွေ အုပ်စိုးခဲ့တဲ့ မြန်မာပြည်မှာ ဒါမျိုးကိစ္စတွေ ရှိခဲ့တယ်ဆိုတာကို ရပ်ကွက်အတင်း မဟုတ်ပဲ သက်သေနဲ့ထုတ်ပြတာဖြစ်ပါတယ်။ ဒါဟာ စစ်အစိုးရအုပ်ချုပ်ခဲ့တဲ့ အနှစ် (၂၀) ကာလအတွင်းမှာ အာဏာအလွဲသုံးစားပြုမှုတွေ အမျိုးမျိုးထဲက သေးသေးမွှားမွှားကိစ္စလောက်ပဲရှိပါဦးမယ်။ ဒီအမှုတွဲမှာ ပါဝင်ပတ်သတ်သူတွေဟာ မင်းသား မင်းသမီးဖြစ်ဖြစ်၊ အရပ်သားဖြစ်ဖြစ် ဘယ်လိုလူပဲဖြစ်နေနေ ပါဝင်ပတ်သတ်နေရင်တော့ ဖော်ပြမှာ ဖြစ်ပါတယ်။

ဒါတွေဟာ ရုံးဌာနတွေက လျှို့ဝှက်ထားရမဲ့ကိစ္စတွေမို့ ချမပြသင့်ဖူးလို့ ပြောတဲ့သူက ရှိပါသေးတယ်။ ဟုတ်ပါတယ်ခင်ဗျာ။ အများပြည်သူတွေ မသိအောင် ၀ှက်ထားတဲ့ သတင်းမို့လို့ ကျွန်တော်က ချပြရတာပါ။ လူတိုင်းသိပြီးသားဆို အပင်ပန်းခံပြီး ရေးတင်စရာတောင် မလိုပါဘူးခင်ဗျာ။ နိုင်ငံတကာမှာတော့ ဒီလိုကိစ္စမျိုးကို Investigation Journalism လို့ ခေါ်ဝေါ်ကြပါတယ်။ အစကတော့ ဆောင်းပါးပုံစံမျိုးနဲ့ ကိုယ့်ဘာသာကိုယ် ပြန်ရေးမလို့ပါပဲ။ ဒါပေသိ ကျွန်တော်က အရေးအသားမှာ မကျွမ်းကျင်တော့ ဒီအတိုင်းပဲတင်ဖြစ်လိုက်ပါတယ်။
(မနက်ဖြန်တစ်ရက်တော့ ကျွန်တော်ပို့စ်တင်တာ နားပါဦးမယ်။ နက်ဖြန်မနက်ကနေ ညအထိ ခရီးသွားစရာရှိ၊ အဝေးပြေးကားပေါ်မှာပဲရှိနေမှာမို့ ဖေ့စ်ဘုတ်ပေါ်တက်နိုင်မယ် မထင်လို့ပါ။ )

(မိုးဇေညိမ်း)

================================


မူးယစ်ဆေးဝါး အစီရင်ခံစာနဲ့ စစ်ချက်တွေထဲမှာ နောက်ထပ်ဖော်ပြစရာတွေ အများအပြားကျန်ပါသေးတယ်။ အဲဒီ့အမှုကို စစ်ဆေးစဉ်က တရားခံ (၁၀) ဦး၊ ပတ်သတ်ပါဝင်သူ (၃၃) ဦး၊ စုစုပေါင်း (၄၃) ဦးကို စစ်ဆေးခဲ့ပါတယ်။ စစ်ဆေးခံခဲ့ရသူ အများစုဟာ အနုပညာလောကသားတွေ ဖြစ်ပါတယ်။ အပိုင်း (၁) ကို စတင်စဉ် ကတည်းက အားလုံးကို မချွင်းမချန်ဖော်ပြဖို့ စီစဉ်စဉ်းစားထားပါပြီး ဖြစ်ပါတယ်။ သို့ပေမဲ့ ပတ်သတ်ရာပတ်သတ်ကြောင်း အဖွဲ့အစည်းများရဲ့ မေတ္တာရပ်ခံချက်တွေနဲ့ ကာယကံရှင်များရဲ့ မေတ္တာရပ်ခံမှုတွေကို ထောက်ထားပြီး ဆက်လက်မဖော်ပြတော့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ငရုတ်သီးဟာ ဒီတိုင်းနေရင်ကောင်းပါတယ်။ ကြက်သွန်နဲ့ပေါင်းရင်တော့ အထောင်းခံမှာပါပဲ။ အနုပညာရှင်ပဲဖြစ်ဖြစ်၊ ဘယ်လိုလူပဲဖြစ်ဖြစ် ပြည်သူတွေကို ကုပ်စီးဖိနှိပ်နေတဲ့ အာဏာရှင်တွေနဲ့ သွားပေါင်းရင်တော့ ပြည်သူတွေ ပြန်ထောင်းတာ ခံရပါလိမ့်မယ်။ လက်ရှိဖော်ပြနေတဲ့ အစီရင်ခံစာဟာ ကျွန်တော့် လက်ဝယ်မှာ ရှိနေတဲ့ အတွင်းရေးနဲ့ ပတ်သတ်တဲ့ ထိပ်တန်းလျှို့ဝှက်အဆင့် စာရွက်စာတမ်းတွေထဲက တစ်ခုမျှသာဖြစ်ပါတယ်။ အခြေအနေအရပ်ရပ်ကို ထောက်ထားပြီး လက်ရှိကိစ္စကို ဆက်လက်မဖော်ပြတော့ဖို့ ဆုံးဖြတ်လိုက်တာပါ။ သို့ပေမဲ့ အများပြည်သူတွေ သိရှိသင့်တယ်လို့ ယူဆရတဲ့ အခြေအနေတွေရှိရင်၊ ဥပဒေကို မထီမဲ့မြင်လုပ်လာတဲ့ ကိစ္စတွေရှိလာရင်တော့ ဒီလိုကိစ္စတွေသာမကပဲ အခြားကိစ္စတွေ၊ အကြောင်းအရာတွေ ကိုလည်း ဆက်လက်ဖော်ထုတ်ရဦးမှာ ဖြစ်ပါတယ်။

ငရုတ်သီးနဲ့ပေါင်းမိလို့ အထောင်းခံလိုက်ရတဲ့ အနုပညာရှင်များအတွက် ပုဂ္ဂိုလ်ရေးအရ ထိခိုက်သွားရတဲ့ အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ အဲ့ဒီအတွက်လည်း ကိုယ်ချင်းစာစိတ်နဲ့ ရိုးသားစွာတောင်းပန်ပါတယ်။ Public စာမျက်နှာပေါ်ကို ရောက်မလာပေမဲ့ ဒီအမှုတွဲမှာ ပါဝင်ပတ်သတ်နေသူတွေအနေနဲ့လည်း သင်ခန်းစာတစ်ခု အနေနဲ့ နောက်နောင်ဆင်ခြင်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။

- မိုးဇေညိမ်း

မင်းနိုင်(ခ) စိုးလှိုင်မြတ်၏ အစစ်ခံချက် (မိုးဇေညိမ်း)


Moe Zay Nyein
14 hours ago
၂၀၀၈ ခုနှစ်၊ မူးယစ်ဗဟို အစီရင်ခံစာမှ ထုတ်နုတ်တင်ပြပါသည်-

(တရားခံ မင်းနိုင်(ခ) စိုးလှိုင်မြတ်၏ အစစ်ခံချက်မှ-)

ကိုအောင် (ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဘ၏သား)နှင့် ဆက်သွယ်ရင်းနှီးမှု

၂ဝဝ၇ ခုနှစ် စက်တင်ဘာလခန့်က ပိုင်အိုးနီးယားကလပ်သို့ ကျွန်တော်သွားစဉ် ကိုအောင်နှင့်ရင်းနှီးခဲ့ပြီး ကိုအောင်မှ ကျွန်တော်အား စိတ်ပြောင်း/စိတ်ကြွဆေးပြားများ ပေးသုံးစွဲခဲ့ပြီး ကျွန်တော်မှလည်း အက်စ်တစီ ဆေးပြားများ ပြန်လည်ပေးသုံးခဲ့ဘူးပါသည်။ ကိုအောင်ကို ၄င်းနှင့်အမျိုးတော်သူ နဝရတ်(ခ)မဇာ မိတ်ဆက်ပေး၍ သိရှိရပါသည်၊ကိုအောင်နှင့် တစ်ခါတစ်ရံခန့်သာ ဆုံဖြစ်ပြီး ၄င်း၌ဆေးပြားရှိလျှင် ပေးပြီး ကျွန်တော်၌လည်း ရှိလျှင် တွေဆုံသည့်အခါတိုင်း ပေးဖြစ်ပါသည်။

၂ဝဝ၇ခုနှစ် နိုဝင်ဘာလတွင် ပိုင်အိုးနီးယားကလပ်၌ ကိုအောင်မှ ကျွန်တော်အား ' ၅' တံဆိပ်ပါ အဝါရောင် ဆေးပြား(၅)ပြားအား ပေးခဲ့ပြီး ထိုဆေးများကို ကျွန်တော်မှ မိန်းကလေးများနှင့် မဆက်ဆံမီ နာရီဝက်ခန့် အလို၌ ရေနှင့်တစ်ကြိမ်လျှင်(၁)လုံး သောက်ခဲ့ရာ (၃)ကြိမ်ခန့် သောက်ခဲ့ဘူးပါသည်၊ ထိုဆေးပြားအား လျှာအောက်တွင် ထည့်၍ငုံထားပါက ပို၍ကောင်း ကြောင်း ကိုအောင်မှ ပြောဘူးပါသည်၊ယခု သိမ်းဆည်းခံရသော ' ၅ 'တံဆိပ်ပါအဝါရောင်ဆေးပြား(၂)ပြားမှာ ကိုအောင်မှ ပေးခဲ့သော ဆေးပြားများ ဖြစ်ပါသည်။ ၂ဝဝ၇ ခုနှစ် ဧပြီလ သင်္ကြန်တွင် လျှောက်လည်ရင်း သရုပ်ဆောင်ဂန္တဝင်နှင့်ရင်းနှီးခဲ့ပြီး ၂ဝဝ၇ ခုနှစ် ဒီဇင်ဘာလတွင် ချစ်သူ ဖြစ်ခဲ့ပါသည်။ ၄င်းနှင့်ကျွန်တော်တို့သည် အက်စ်တာစီဆေးပြားသုံးစွဲဘူးပါသည်။ ၄င်းအား ကျွန်တော်ပေး၍ သုံးစွဲခြင်းဖြစ်ပါသည်၊၂ဝဝ၇ ခုနှစ် နိုဝင်ဘာလခန့်တွင် ကျွန်တော်၏ သူငယ်ချင်းဖြစ်သူ အမေရိကန်နိုင်ငံနေ ကျော်သူအောင်အား ရန်ကုန်သို့ပြန်ရောက်လာစဉ် ၄င်းမှ အက်တစီ ဆေးပြား(၁၅)ပြား ပေးသဖြင့် သုံးစွဲခဲ့ပါသည်။ ကျော်သူအောင်မှာ အမေရိကန်နိုင်ငံတွင် နေထိုင်လျက် ရှိပါသည်။

အောင်ဇော်ရဲမြင့် ( ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်၏သား)နှင့်ဆက်သွယ်ရင်းနှီးမှု

၂ဝဝ၈ ခုနှစ် ဖေဖေါ်ဝါရီလခန့်တွင် ကျွန်တော်သည် ပိုင်အိုးနီးယားကလပ်သို့သွားစဉ် နဝရတ်(ခ)မဇာ မိတ်ဆက်ပေးသဖြင့် အောင်ဇော်ရဲမြင့်နှင့် ရင်းနှီးခဲ့ပြီး (WY)စိတ်ကြွဆေးပြား ပေးသုံး၍ မကြာခဏ သုံးစွဲဘူးပါသည်၊ အောင်ဇော်ရဲမြင့်၏ဖုန်းအမှတ်မှာ ဝ၉-၅ဝဝဝဝဝ၅ ဖြစ်ပါသည်။ ၂ဝဝ၈ ခုနှစ် မတ်လ ပထမပါတ်တွင်ပင် ကျွန်တော် ပိုင်အိုးနီးယားကလပ်သို့သွားစဉ် အောင်ဇော်ရဲမြင့်မှ (WY) စိတ်ကြွဆေးပြား (၇ဝ)ပြားကို ကျွန်တော်၏ ဘောင်းဘီအိတ်ထဲသို့ လက်ဆောင်ပေးသွားခဲ့၍ ရရှိခဲ့ပါသည်၊၂ဝဝ၈ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ကျွန်တော်သည် ပိုင်အိုးနီးယားကလပ်သို့သွားစဉ် အောင်ဇော်ရဲမြင့် နှင့် တွေ့ဆုံပြီး ၄င်းမှ ကျွန်တော်၏မွေးနေ့ အတွက် အက်တက်စီဆေးပြား (၃ဝ) ပြားပေးခဲ့ပါသည်၊ကျွန်တော်မွေးနေ့ မှာ ၂ဝဝ၈ မတ်လ ၃ဝ ရက်နေ့ ဖြစ်ပါသည်။

(မူးယစ်ဗဟိုအစီရင်ခံစာမှ ကောက်နုတ်ချက်)

မောင်ဝိတ်၊ အောင်ဇော်ရဲမြင့်နှင့် မလေးရှားနိုင်ငံသား မန်းနီးတို့၏ဆက်စပ်မှု

၂ဝဝ၆ ခုနှစ် စက်တင်ဘာလခန့်တွင် အောင်ဇော်ရဲမြင့်သည် မလေးရှားနိုင်ငံသို့ စီးပွားရေး လုပ်ငန်းများ (လှော်ကားဥယျာဉ်တွင် ကာစီနိုဝိုင်းဖွင့်ရန်၊ ဘိုင်အို ဒီဇယ်ထုတ်သည့်စက်များ ပြည်တွင်းသို့ သွင်းရန်) ဆောင်ရွက်ရန် သွားရောက်ခဲ့ပါသည်။ ထိုသို့သွားရောက်စဉ် ကွာလာလမ်ပူမြို့ရှိ ကွန်းကော့ ဟိုတယ်၌ တည်းခိုခဲ့ပါသည်။ ထိုသို့ တည်းခိုစဉ် မန်းနီးဆိုသူမှ လာရောက်တွေ့ဆုံ၍ စားသောက်ဆိုင်များ၊ ကလပ်များသို့ခေါ်၍ ဧည့်ခံခဲ့ပါသည်။ ထိုသူမှာ မလေးရှား မာဖီးယားဖြစ်ကြောင်း ကိုအောင်မှပြောပြ၍ သိရှိခဲ့ပါသည်။ စားသောက်ဆိုင်များ၊ ကလပ်များသို့ သွားရောက်သည့်အခါ မန်နီးမှာ မြန်မာပြည်မှ နံပါတ် ၅ အဆင့်ရှိသူ၏ သားဖြစ်ကြောင်း မိတ်ဆက်ပေးပါသည်။ ကာစီနိုဝိုင်းသို့သွားသည့်အခါ ကိုအောင်အား မောင်ဝိတ် င်္Family ဟုသာသိရှိကြပါသည်။ မောင်ဝိတ်နှင့် အောင်ဇော်ရဲမြင့်တို့ ကာစီနိုဝိုင်းသို့ သွားရောက်ဖူးသည့်အတွက် မောင်ဝိတ် Family ဟုသိရှိခြင်းဖြစ်ပြီး ကာစီနိုဝိုင်းအား ဘွတ်ကင်ပြုလုပ်သည့်အခါ မောင်ဝိတ် Family ဟုသာ ပေးခဲ့ပါသည်။ မန်းနီးမှာ အောင်ဇော်ရဲမြင့်နှင့် အေးမြတ်အောင်တို့ နေပြည်တော်၌ မင်္ဂလာဆောင်စဉ် မလေးရှားနိုင်ငံမှလာရောက်ခဲ့ပါသည်။

(တရားခံ ချမ်းကျော်၏ စစ်ချက်မှ-)
အောင်ဇော်ရဲမြင့် လက်နက်နှင့်ပတ်သက်သည့်ကိစ္စများ

၂၆။ ကျွန်တော်သည် အောင်ဇော်ရဲမြင့်နှင့်အတူ Micasa ဟိုတယ်တွင် အတူတည်းခိုနေစဉ် သေနတ်လိုချင် ကြောင်း၊ ကျော်စွာမြင့်အား လာရောက်ပေးရန်ဖုန်းဆက်ပြောရာ ကျော်စွာမြင့်မှ ပစ္စတို ၉ MM သေနတ်နှင့် လေ့ကျင့်ရေးသေနတ်တို့အား လာရောက်ပေးပါသည်။ BME ကလပ်သို့သွားသည့်အခါ တစ်ခါတစ်ရံယူသွားပြီး မန်နေဂျာကိုခေါ်ပြီး ကားတံခါးဖွင့်ပြကာ သေနတ်ပါကြောင်း ပြောပြခြောက်လှန့်တတ်ပါသည်။

၂၇။ ၂ဝဝ၆ ခုနှစ် နိုဝင်ဘာ၊ ဒီဇင်ဘာလခန့်တွင် ကျော်စွာမြင့်မှ Micasa ဟိုတယ်သို့ လာရောက်၍ အောင်ဇော်ရဲမြင့်အား သေနတ်လာပို့စဉ် ကျွန်တော်လည်း အခန်းထဲ၌ ရှိနေပါသည်။ ထိုလာပို့သည့် ၉ MM သေနတ်မှာ သေနတ်အစစ်ဖြစ်ပါသည်။ ကျွန်တော်ကိုယ်တိုင် ကိုင်ကြည့်ခဲ့ပါသည်။ ဟိုတယ်အခန်းထဲတွင် ကိုနေလင်းကျော်ပါရှိနေပြီး ၉ MM သေနတ်အား နေလင်းကျော်မှကိုင်၍ သေနတ်ကျည်အိမ်ကို ဖြုတ်ကြည့်ပါသည်။ သေနတ်ကျည်အိမ်ထဲတွင် ကျည်ဆံမပါရှိပါ။ အပြင်၌လည်း ကျည်ဆံမတွေ့ပါ။ ကျွန်တော်မှလည်း လေ့ကျင့်ရေးသေနတ်ဟု ကိုအောင်ဇော်ရဲမြင့်မှ ပြောကြားသည့် အရှည် (ခေါက်လျက်) ၁ ပေကျော်ခန့်ရှိ သေနတ်ကို ကိုင်၍ကြည့်ပါသည်။ သေနတ်မှာ ခေါက်၍ထားပြီး ကိုယ်ထည်တွင် ကပ်ထားသည်ကို တွေ့ရပါသည်။ သေနတ်ကိုယ်ထည်မှာ စီးစီးပိုင်ပိုင်ရှိပြီး လေးပါသည်။ သေနတ်ကိုယ်ထည် တစ်ခုလုံးမှာ သံထည်ဖြင့်ပြုလုပ်ထားပြီး ကျွန်တော်မှ ၂ ကြိမ်ခန့်ကိုင်တွယ်ကြည့်ရှုခဲ့ပါသည်။ ထိုနေ့က သေနတ်လာပေးချိန်မှာ ည ၈ နာရီ ၉ နာရီခန့်ရှိပြီး သေနတ်လာပို့ပြီး နာရီဝက်ခန့်အကြာတွင် ကျော်စွာမြင့်မှာ ပြန်သွားပါသည်။ သေနတ်လာပို့သည့်နေ့က Micasa ဟိုတယ်တွင် ကိုအောင်နှင့်အတူနေထိုင်သူ မဖြူဖြူ (ခ) အုန်းမွှေးလုံး၊ ကျော်လှိုင်၊ နေလင်းကျော်တို့လည်း ရှိနေပါသည်။ သေနတ်လာပို့သည်ကို ဖြူဖြူမှာ အများဆုံး သိရှိနိုင်ပါသည်။ သေနတ်လာပေးပြီးနောက် ရက်မမှတ်မိနေ့ညပိုင်းတွင် BME-1 ကလပ်သို့ ကိုအောင်မှ သေနတ်အရှည်ကို ၄င်း၏ကား (အမည်အမျိုးအစားမမှတ်မိ) ပေါ်တွင် တင်ဆောင်လာသည်ကို ကျွန်တော်မှ တွေ့ရှိခဲ့ပါသည်။ အလားတူ BME-1 မှ ဝန်ထမ်းများလည်း သိရှိနိုင်ပါသည်။ ထိုနေ့ညက ကလပ်သို့ရောက်စဉ် နေလင်းကျော်မှ ကျွန်တော်၏ လက်ကို ဆွဲကိုင်ရင်း သူ၏ခါးကိုစမ်းခိုင်းရာမှ သေနတ်ယူဆောင်လာသည်ကို စမ်းသပ်မိပါသည်။