Friday, December 6, 2013

မြစ်ဆုံစီမံကိန်းကို နည်းလမ်းရှာပြီး ပြန်လုပ်လို့ရ



၂၀၁၅ မှာ တက်လာမယ့် သမ္မတ လက်ထက်ကျရင် ရပ်နားထားတဲ့ မြစ်ဆုံစီမံကိန်းကို နည်းလမ်းရှာပြီး ပြန်လုပ်လို့ရကြောင်း ပြည်သူ့လွှတ်တော် သယံဇာတနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဦးလွန်းသီက တရုတ်အစိုးရ ကိုယ်စားလှယ်အဖွဲ့ ကို ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလထဲ နိုင်ငံ သဘာဝပတ်ဝန်းကျင်နဲ့ သယံဇာတ ထိန်းသိမ်းရေး ကော်မတီ အဖွဲ့ဝင်တွေ နေပြည်တော်လွှတ်တော်ရေးရာ ကော်မတီရုံးခန်းကို လာရောက်စဉ် ပြောလိုက်တာခဲ့လို့ ဥတ္တရသီရိမြို့နယ် NLD ပြည်သူ့လွှတ်တော်အမတ် ဦးမင်းသူက ပြောပါတယ်။

“ယခု သမ္မတက ရပ်ဆိုင်းထားတယ်။ သမ္မတ သက်တမ်းပြီးတာနဲ့ နောင် ၂၀၁၅ တက်လာမယ့် သမ္မတနဲ့ ညှိနှိုင်းတိုင်ပင် နည်းလမ်းရှာပြီးရင် ပြန်လည် ဆောင်ရွက်လို့ ရတယ်လို့ ပြောလိုက်တာပါ။ ပွင့်ပွင့်လင်းလင်းပြောရရင် ကော်မတီရဲ့ သဘောထားလည်း မဟုတ်ဘူးဗျ။ ကော်မတီအဖွဲ့ဝင်တွေကိုလည်း ကြိုပြီးဆွေးနွေးထားတာလည်း မရှိဘူးဗျ။ ”

burmese.dvb.no/archives/47807

ကုလားရှောင်လမ်း



ကုလားကိုကြောက်သော ပြည်နယ်အစိုးရ ကုလားရှောင်လမ်းဖောက်လုပ်
==============================================
၆။ ဒီဇင်ဘာလ ၊ ၂၀၁၃။
Rakhine News Group

စစ်တွေတက္ကသိုလ်သို့ သွားသောလမ်းတွင် ဘုမေကုလားရွာရှိနေသောကြောင့် ပြည်နယ်အစိုးရသည် မင်းဂံရပ်ကွက်မှတဆင့်ဖြတ်လမ်းကိုဖောက်လုပ်နေကြောင်းသိရသည်။

ယင်းတက္ကသိုလ်သို့သွားသောလမ်းတွင်လုံခြုံရေးအစောင့်များချထားသော် လည်းနေ့စဉ်စောင့်ကြည့်ရန်မဖြစ်နိုင်သဖြင့် ကုလားရှောင်လမ်းကိုဖောက်လုပ်ရခြင်းဖြစ်ကြောင်း အမည်မဖေါ်လိုသော ပြည်နယ် အစိုးရရုံး ၀န်ထမ်းတစ်ဦးမှ RNG အားပြောကြားသည်။

စစ်တွေတက္ကသိုလ်ကု ကုလားရွာများဝန်းရံထားပြီး လုံခြုံရေးအရ စိတ်ချရခြင်းမရှိဟု တက္ကသိုလ်ဆရာတစ်ဦးက ပြောကြားသည်။ စာသင်ချိန်ပြီးတာနဲ့စောစောပြန်တာပဲ။ သောကြာနေ့ဆိုရင် ပိုတောင်စောစောပြန်သေးတယ် ဟုဆိုသည်။

စစ်တွေတက္ကသိုလ်သို့ သွားသောလမ်းတွင် ယခင် ၂၀၁၂ ဇွန်လ ၈ ရက်နေ့က နာရေးသွားပို့သော ကားတန်းကို ကုလားများက ခဲများဖြင့်ပေါက်ကာ ရန်စခြင်းဖြင့် စစ်တွေမြို့တွင် ကုလား- ရခိုင်ပဋိပက္ခဖြစ်ပွားလာရခြင်းဖြစ်သည်။

ပြသနာကို ဖြေရှင်းနိုင်စွမ်းနဲပါးသောပြည်နယ်အစိုးရသည်ထိုကုလားရွာရှိနေခြင်းကြောင့် လုံခြုံရေးအားနဲခြင်း ကို
ဖြေရှင်းခြင်းတစ်ရပ်အဖြစ် ယခုကဲ့သို့ လမ်းသစ်ဖောက်ရခြင်းဖြစ်သည်။

(ဦးခင်ရီဖြေပါ...အဲ့ဒါအတုလားအစစ်လား)



ရခိုင်+ရိုဟင်ဂျာတဲ့.....
၁၉၉၀ကထုတ်ပေးတာ...
ဦးခင်ရီ...တို့ ဘယ်သူ့မှာတာဝန်ရှိသလဲ
၁၉၉၀ရွေးကောက်ပွဲနီးလုပ်ပေးတဲ့မှတ်ပုံတင်တွေပြန်စစ်သင့်တယ်၊
အခုလက်မခံဖူးခင်ရီပြောပေမဲ့အရင်ကရေးချင်သလိုရေးခဲ့တာတွေ ပြန်စိစစ်လာအောင်ပါ။
လူမျိုးနေရာအဲ့လိုမရေးရဖူး အတုလဲဖြစ်နိုင်ပါတယ်၊
လူမျိုး=ဘင်္ဂလီပဲဖြစ်သင့်တယ်
ဘာလို့လဲဆိုတော့ဘင်္ဂလီနဲ့ရခိုင်အစပ်ဆိုတာမရှိသလောက်နဲတယ်၊

(ဦးခင်ရီဖြေပါ...အဲ့ဒါအတုလားအစစ်လား)
အတုကြီးဆိုရင်အစစ်ကဘယ်လိုပုံလဲ..သိချင်လို့တင်တာ..
အထင်တော့မလွဲစေချင်ပါ

ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်



RFA Burmese
photos - Ko Tun Wai

နာရေးကူညီမှုအသင်း(ရန်ကုန်) အရေးပေါ်လူနာတင်ယာဉ်များကားလမ်းမပေါ်တွင်သာနေရာချထား



Kyaw Thu

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပပြီး နိုင်ငံပေါင်း ၁၁ နိုင်ငံပါဝင်ယှဉ်ပြိုင်မဲ့ ၂၇ကြိမ်မြောက် SEA Games ပြိုင်ပွဲကြီးတွင်မတော်တဆထိခိုက်ဒဏ်ရာရရှိသောအားကစားသမားများနှင့်ပရိသတ်များအတွက်နီးစပ်
ရာဆေးရုံကြီးများသို့ လျင်မြန်စွာပို့ ဆောင်ပေးနိုင်ရေးအတွက်ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ အရေးပေါ်လူနာတင်ယာဉ်များနှင့်တကွမြန်မာနိုင်ငံ/ရန်ကုန်တိုင်းကြက်ခြေနီသင်တန်းများတက်ရောက်ပြီးသော
အရေးပေါ်အသက်ကယ်တင်ရေးလူငယ်ပရဟိတသမားများအားအကူအညီတောင်းခံလာသည့်အတွက်များစွာ
ဂုဏ်ယူဝမ်းမြောက်စွာဖြင့်ကူညီပေးရန်လက်ခံခဲ့ပါသည်။ သို့ ရာတွင်ကျွန်တော်တို့ ကယ်ဆယ်ရေးလူငယ်အဖွဲ့ 
များအားပြိုင်ပွဲကျင်းပသည့်အားကစားကွင်းပြင်ပမော်တော်ကားလမ်းမပေါ်တွင်သာနေရာချထား
ပါသောကြောင့်ပြိုင်ပွဲပြုလုပ်စဉ်မထင်မှတ်ဘဲဖြစ်ပေါ်လာမည့်ထိခိုက်မှုများအားလက်ပိုက်ကြည့်နေယုံမှလွဲပြီးအခြားမရှိတော့ချေ။ ထို့ ကြောင့်ကွင်းအတွင်းထိခိုက်မှုများဒဏ်ရာရရှိမှုများဖြစ်ပေါ်လာပါမည်သို့ လျှင်မြန်စွာကယ်တင်မှုများကိုလုပ်နိုင်ပါမည်နည်း? ကယ်တင်မှုနောက်ကျသွားပါကမည်သို့ ဆောင်ရွက်ပါမည်နည်း? ဟုသာတွေးတောမိပါတော့သည်။

ဂုဏ်ယူလောက်ပါပေတယ်

Ye Min Tun


Ye Htut

သမ္မတကြီးဟာ ဒီနေ့ မနက် ဖိလစ်ပိုင်နိုင်ငံ ဘန်တာရန်ကျွန်းကို ရဟတ်ယာဉ်နဲ့ သွားရောက်ပြီး မုန်တိုင်းဒဏ်ခံဒေသမှ တာဝန်ရှိသူများ၊ ပြည်သူများနဲ့ တွေ့ဆုံ ခဲ့ပါတယ်။ အထူးကုဆရာဝန်ကြီးများပါဝင်တဲ့ မြန်မာကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ဟာ အဲဒီဒေသမှာ အခြေပြုပြီး မုန်တိုင်း ဒဏ်ခံဒေသများမှာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်သွားမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ တရုတ်အစိုးရမှ ပေးပို့တဲ့ ရာဇာသံ


Chit Thu Sky

ဒီစာလေးရဖို့ အတော်ကလေးကို လှုပ်ရှားခဲ့ရပါတယ်၊ မြန်မာနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ တရုတ်အစိုးရမှ ပေးပို့တဲ့ စာပါ။ အကြောင်းက တရုတ်ပြည်မှ မြန်မာအစိုးရကို တိုက်ရိုက် ရာဇာသံ ပေးတဲ့စာမို့ အားလုံးဖတ်ရှု့ခွင့်ရအောင် တင်ပြရခြင်းဖြစ်ပါ၏…

တရုတ်တို့ ဖြစ်ချင်သည့်အတိုင်း မြန်မာအစိုးရမှ လက်ရှိ ပုဒ်မ (၁၈) အပါဝင် လက်ပံတောင်း ဒေသ တရုတ်ဝမ်ပေါင် စီမံကိန်းနှင့် ပတ်သက်ကာ လက်ရှိ တ၇ုတ်အကျိုးစီးပွားအားလုံး အား တ၇ုတ်ပြည်မှ မြန်မာပြည်သို့ ၀င်ရောက်ကာ တိုက်ရိုက် ကာကွယ် အရေးယူဆောင်ရွက်မှုမျိုး ပြုလုပ်လာနိုင်သည့် အနာဂတ် ပုံရိပ်ပြ စာတစောင်လည်း ဖြစ်နေတာမို့ စာရေးသူက တင်ပြရခြင်းပါ။ တရုတ်တို့ အဆောတလျင် ပေးပို့လိုက်သော အဆိုပါ ရာဇသံစာအား မြန်မာနိုင်ငံခြားရေးဌာနမှ နေပြည်တော် သမ္မတရုံးအား တိုက်ရိုက် တင်ပြခဲ့ပြီးနောက် မြန်မာနိုင်ငံအနှံပြားက ဆန္ဒပြသူတွေအားလုံးနည်းပါးကို လက်ရှိ ဖမ်းဆီးအရေးယူထောင်ချတာတွေ ပြုလုပ်နေကြပြီဖြစ်ပါသည်။ သို့သော် မြန်မာ့နိုင်ငံခြားရေးဌာနမှ မည်သည့်သတင်းမီဒီယာကိုမှ ပြောဆိုခြင်းမရှိပဲ နုတ်ပိတ် ဆွံ့အ နေကြောင်းအား သိစေလိုပါသည်။ တရုတ်ပြည်မှ ပေးပို့သော အဆိုပါ ရာဇာသံစာအား မိမိနိုင်ငံသည် မကြာခင် တရုတ်ကျေးကျွန်အဖြစ် တရုတ်ကိုလိုနီအောက်သို့ ရောက်တော့မည်ကို ကျိမ်းသေပေါက် စိုးရိမ်ကာ မှီသလောက် ကူးယူ၍ ဘာသာပြန်ပြီး စာရေးသူထံသို့ ပေးပို့လာခြင်းကြောင့် အားလုံး သတိထား သုံးသပ်နိုင်ရန်အလို့ငှါ တင်ပြလိုက်ရပါသည်။

စာ၏ မူရင်းတွင် စနစ်တကျ တရုတ်အစိုးရ၏ နိုင်ငံခြားရေးဌာနဆိုင်ရာ တံဆိပ်တုံးအနီရောင် အထင်ရှားဖြင့် အထက်အောက်ပါရှိပြီး တရားဝင် နိုင်ငံတကာသို့ တရုတ်အစိုးရမှ ပေးပို့လေ့ရှိသော စာမျိုးလဲဖြစ်ပါသည်။ သို့သော် စာရေးသူတို့မှ လျှို့ဝှက် ကူးယူရရှိကာ ပြန်လည်ဖေါ်ပြထားခြင်းမျှသာဖြစ်ကြောင်း သိစေလိုပါသည်။

 ကျေးဇူးတင်ပါသည်
ဂိုလ်ရှယ်လေး

တရုတ် ပြည်သူ့သမ္မတ နိုင်ငံမှ မြန်မာနိုင်ငံသို့ ကန့်ကွက် အမျက်ထွက်သ၀န်လွှာ ဒီဇင်ဘာလ (၁)ရက်၊ ၂၀၁၃ ခုနှစ် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတော်မှ နိုင်ငံတော် သမ္မတ နှင့် တရုတ်ပြည်သူ့ ကွန်မြူနစ်ပါတီ အကြီးကဲများ၊ တရုတ်ပြည်သူလူထုတရပ်လုံးနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတော်၏ တပ်မတော်တို့မှ အောက်ပါ ကန့်ကွက်ကြောင်း သ၀န်လွှအား ပေးပို့လိုက်သည်။

အကြောင်းအရာမှာ နိုင်ဝင်ဘာလ (၂၉)ရက်နေ့တွင် ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သောဆန္ဒပြခဲ့ကြသည့် ဆ န္ဒပြလူအုပ်စုမှ တရုတ်ပြည်၏ တည်ဆဲဥပဒေအား၎င်း မြန်မာပြည်၏ တည်ဆဲဥပဒေအား၎င်း တိုက်ခိုက်သော အနေဖြင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၏ အထူးအလေးမြတ်ထားသော နိုင်ငံတော်အလံအား အရှက်မဲ့စွာ သတင်းမီဒီယာများ၏ ရှေ့မှောက်တွင် မီးရှို့စော်ကားခဲ့သော လုပ်ရပ်သည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတော်၏ ဂုဏ်သိက္ခာ ထိခိုက်ခြင်း အကြီးအကျယ်ဖြစ်ရသကဲ့သို့ တရုတ်ပြည်သူ့သမ္မနိုင်ငံမှ စီးပွားရေး စစ်ရေး နည်းပညာနှင့် နိုင်ငံတိုးတက်ဖွံ့ဖြိုးရေးများအတွက် အဖက်ဖက်မှ လိုအပ်သမျှ ကူညီးတောင်းကာ နိုင်ငံနှစ်ခု ရင်းနှီးချစ်ကြည်စွာဖြင့် ဆက်ဆံနေသော မြန်မာနိုင်ငံ အဖို့လဲ အရှက်ရစေပါသည်။ တရုတ်ပြည်၏ တည်ဆဲဥပဒေအရ တရုတ်ပြည်သူ့သမ္မနိုင်ငံ၏ အလံတော်အားမီးရှို့ခြင်း၊ လူမြင်ကွင်းအလယ်တွင် ဖျက်ဆီးခြင်း နှင့် သတ်မှတ်ထားသော နေရာများတွင် လွှင့်တင် ထားရှိခြင်းမပြုပါက ပြစ်မှုကြူးလွန်သူများအား ဒေသဏ်အဆင့်ထိချမှတ်ကာ အပြစ်ပေးအရေးယူဆောင်ရွက်မှုများ ရှိသော သာဓကအား တရုတ်ပြည်တွင် ရှိခဲ့သည်ကို မြန်မာနိုင်ငံတော်အား လက်ရှိတည်ဆဲဥပဒေအရ အုပ်ချုပ်နေသော အစိုးရအဖွဲ့အား သိစေအပ်ပါသည်။ ထိုသို့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံတော်၏ အလံတော်အား မီးရှို့ ဆန့်ကျင်ခဲ့ကြသော လူအုပ်စုအား လက်ရှိ မိမိတို့ သက်ဆိုင်ရာတိုင်းပြည်မှ တာဝန်ရှိသော အာဏာပိုင်များအနေဖြင့် ထိရောက်စွာ အပစ်ပေးအရေးယူဆောင်ရွက်ရန် တိုက်တွန်းလိုက်သည့်အပြင် နောက်နောင် အထက်တွင်ဖေါ်ပြခဲ့သော ဖြစ်ရပ်အမျိုးစားမျိုး ဆက်လက်ဖြစ်ပေါ်လာပါက တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြစ်မှုကျူးလွန်သူများအား တိုက်ရိုက် ၀င်ရောက်အရေးယူသွားမည်ကိုလည်း သိစေအပ်ပါသည်။

 တရုတ်ပြည်သူသမ္မနိုင်ငံတော် နိုင်ငံခြားရေးနှင့် နိုင်ငံတကာ ဆက်ဆံရေး ဌာန

 Credit : Maha Kung Myit Myaat

မော်ကွန်းဝင် ပထမအဆင့်၏ ဇနီးဟု ဆိုသူကို ပုဒ်မ ၁၈ ဖြင့် တရားစွဲ

r


The Voice Weekly - ရန်ကုန်၊ ဒီဇင်ဘာ ၅

လွတ်လပ်ရေး မော်ကွန်းဝင် ပထမအဆင့်ရှိ တပ်ကြပ်ကလေး မောင်တင် (တပ်မတော် မှတ်ပုံတင် အမှတ်- ၀၉၀၃၇) ၏ ဇနီးဟုဆိုကာ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် တစ်ကိုယ်တော် ဆန္ဒ ထုတ်ဖော်ခဲ့သူ ဒေါ်တင်ရီကို ခွင့်ပြုချက်မရှိဘဲ ဆန္ဒထုတ်ဖော်မှု ပုဒ်မ (၁၈) ဖြင့် ကျောက်တံတား ရဲစခန်းက တရားစွဲဆိုထားကြောင်း အဆိုပါ ရဲစခန်းထံမှ သိရှိရသည်။

အသက် ၇၂ နှစ် ရှိပြီဖြစ်သော လွတ်လပ်ရေး မော်ကွန်းဝင် ပထမအဆင့် တပ်ကြပ် မောင်တင်၏ ဇနီးဖြစ်သူ ဒေါ်တင်ရီသည် နေထိုင်စရာ အိမ်ရာမရှိသဖြင့် အစိုးရထံ အကူအညီ တောင်း လိုသောကြောင့် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ကြောင်း ကာယကံရှင် ဒေါ်တင်ရီ က ပြောဆိုသည်။

photo-Mizzima

ဒေါ်စု ကျန်းမာရေးအတွက်စိတ်မပူပန်ရန် ဒီမိုဖက်တီးမှ တိုက်တွန်း


ဒီမို ဖက်တီး

Myanmar Express နှင့် မြ၀တီ ၀ဘ်ဆိုဒ်တို့အား ဒေါ်စု ကျန်းမာရေးအတွက်စိတ်မပူပန်ရန် ဒီမိုဖက်တီးမှ တိုက်တွန်းလိုက်ကြောင်း သတင်းရရှိ

သတင်းအပြည့်အစုံမှာ ။ ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည် တစ်နှစ်ကျော်က နေအိမ်တွင် သူမ၏ ခွေးကလေး တိုင်ချီဒိုနှင့် ဆော့ကစားရာမှ စားပွဲနှင့် ခြေမတိုက်မိရာ ခြေမ အရိုးအနည်းငယ် အက်သွားသဖြင့် ပတ်တီးစည်းထားရသည်ကို ကမ္လာတ၀န်းရှိ မီဒီယာများ ဖော်ပြခဲ့ကြသည်ကို သင်တို့ အသိပင်ဖြစ်သည် ။

အဆိုပါ ခြေမငယ်မှာ ယခုလပိုင်းအတွင်း ဥရောပ ခရီးစဉ် ၊ သြဇီ ခရီးစဉ်များတွင် လေဒီရှုးဖြင့် လမ်းလျောက်များရာမှ အနည်းငယ် ပြန်နာလာသဖြင့် ကာတာနိုင်ငံခရီးစဉ်ကို သီတဂူ ဆရာတော် ဘုရားကြီးနှင့် အတူ မထွက်ခွာမီ အာရှတော်ဝင်ဆေးခန်းသို့ သွားရောက်ကာ ဓါတ်မှန်ရိုက်ခြင်း ဖြစ်ပါသည် ။

ဒေါ်အောင်ဆန်းစုကြည်မှာ လမ်းကောင်းစွာလျောက်နိုင်ရုံမျှမက မိုင်ပေါင်းများစွာ ဒီမိုကရေစီ ခရီးကြမ်းအား ဆက်လျောက်နိုင်သေးပါသဖြင့် ဖွတ်မီဒီယာများ အနေဖြင့် လမ်းမလျောက်နိုင် စကားပြောပါးရွဲ့ နေသည့်သည့် ဖွတ်အို ခေါင်းဆောင်များ၏ ကျန်းမာရေးသတင်းများကိုသာ အသားပေး ဖော်ပြရန် တိုက်တွန်းလိုက်ကြောင်း သတင်းရရှိပါသည်။

စောင့်ကြည့်ဂျာနယ်က စောင့်ကြည့်မယ်တဲ့ .

ဒီမို ဖက်တီး

ရန်ကုန်မြို့ World Women's Forum မှ ဒေါ်အောင်ဆန်းစုကြည်



DVB

World Women's Forum ကို ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်မှာ ဒီဇင်ဘာ (၆)ရက်နဲ့ (၇)ရက် ၂ရက်တာ ကျင်းပနေပြီး ဒီနေ့မနက်မှာ အမျိုးသမီးဖိုရမ် ဥက္ကဌ Veronique Morali ပြင်သစ်သံအမတ်ကြီး Thierry Mathou တို့က နှုတ်ခွန်းဆက် အမှာစကားအသီးသီး ပြောကြားကြသလို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောကြားပါတယ်။


ဒီဇင်ဘာလ ၅ ရက်နေ့  ညနေချိန် ပြင်သစ်သံရုံးတွင် ပြုလုပ်သော Womans Forum အကြို ညစာ စားပွဲ အခမ်းအနား

ဗိုလ်ချုပ်မြတ်ဟိန်း ၏ ၀န်ကြီးအခန်းအ၀င်ဝ နံရံတွင်.....



ရဲရင့်ငယ် ခင်ဗျား

ဆက်သွယ်ရေးဝန်ကြီးဟောင်း ဦး(ဗိုလ်ချုပ်) သိန်းထွန်း နှင့် အဖွဲ့
လာဘ်စားသဖြင့် တာဝန်မှ အနားပေးခံခဲ့ရပါသည်။ (အစိုးရမှ
မည်သို့ဖြစ်ရကြောင်း ရှင်းပေးမည်ဟုဆိုထားသော်လည်း ယနေ့အထိ မရှင်းပါ)။
လေတပ်ဦးစီးချုပ်ကို သမတ မှ အစားထိုးခဲ့ပါသည်။ (ရေတပ်ဦးစီးချုပ်မှာ
ဒုသမတ ဖြစ်လာခဲ့သဖြင့် မျက်စိလည်ရပါသည်။) ဦး(ဗိုလ်ချုပ်ကြီး)သိန်းစိန်မှ
သန့်ရှင်းသောအစိုးရ လုပ်နေခဲ့သည်ဟု ထင်ခဲ့မိပါသည်။

ယမန်နေ့ကလည်း သစ်ထူးလွင်သတင်းတွင် ဦး(ဗိုလ်ချုပ်)စိုးသိန်းမှ
အစိုးရအတွင်း အပြောင်းအလဲ လုပ်လိုသူမှာ လခစား ၁၀၀၀ တွင် ၁ ဦးသာ ရှိဟု
သိရပါသည်။ ၁၀၀၀၀ မှာ ၁ ဦးသာ ဖြစ်ပါမည်။

မိမိ နေပြည်တော် ၀န်ကြီးရုံးအမှတ် (၂) ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်
နည်းပညာ ၀န်ကြီးဌာန ၀န်ကြီးရုံး သို့ ရောက်ရှိချိန်တွင် ပူးတွဲပါ
ဓါတ်ပုံများအတိုင်း အပေါ်ထပ် ဗိုလ်ချုပ်မြတ်ဟိန်း ၏ ၀န်ကြီးအခန်းအ၀င်ဝ  နံရံတွင်
ဗွီနိုင်းဖြင့် ကြီးမားသော ဓါတ်ပုံကို တွေ့မိချိန်တွင် များစွာအံ့အားသင့်မိပါသည်။

ရဲရင့်ငယ် သို့ အသိပေးချင်စိတ်ဖြင့် ထိတ်ထိတ်လန့်လန့်ဖြင့် ဓါတ်ပုံ
ခိုးရိုက်ရသောကြောင့် ကြည်လင်စွာ မရှိသော်လည်း သိသာပါသည်။ ဓါတ်ပုံကြီးမှာ
ရတနာပုံ တယ်လီပို့ ဖွင့်ပွဲပုံ (ဖြတ်ညှပ်ပြုပြင်) ဖြစ်ပြီး
ဗိုလ်ရွှေမန်းမှ အခန်းအနားဖွင့်ပေးနေလျက် ဗိုလ် သန်းရွှေ၊ မြေးဖိုးလပြည့်၊
သမီးတော်၊ မြတ်ဟိန်း၊ သိန်းဇော် နှင့် စစ်အစိုးရ အဖွဲ့ အချို့
တွေ့ရပါသည်။ ဗိုလ်သိန်းစိန်ကိုမူ မတွေ့မိပါ။

အံ့အားသင့်မိသည်မှာ ယခင်အစိုးရလက်ထက် ပတ်သက်ရာ ပတ်သက်ကြောင်းများ ယနေ့အထိ
တခန်းတနား ကိုးကွယ် ပင့်မနေဆဲရှိပုံ ကို ဓါတ်ပုံသက်သေကြီးနှင့်တကွ
(လူအများမြင်ရာတွင်တော့ မဟုတ်ပါ) တွေ့မြင်ရသဖြင့် ဗိုလ်သန်းရွှေ မှ ဗိုလ်သိန်းစိန်ကို
ဗိုလ်မြတ်ဟိန်းအား ခန့်ခိုင်းလိုက်လေသလားဟု ၄င်း၊ ပိုအံ့သြ မိသည်မှာ
ဖိုးလပြည့်မှ မည်သည့်အတွက် ယင်းပုံတွင် ထင်ထင်ရှားရှား စတိုင်အပြည့်ဖြင့်
ပါနေရပါသနည်း ဟု အံ့အားသင့်မိပါသည်။ ( မိမိ ရတနာပုံတယ်လီပို့ဆိုသည် အား
စိတ်ဝင်စားသူ မဟုတ်ပါ။ )တယ်လီနော နှင့် အူရီဒူ တို့ ဆက်သွယ်ရေးဝန်ကြီး
နှင့် မည့်သို့ နှစ်ပါးသွားမည်ကို ၀န်ထမ်းပီသစွာ စိတ်ဝင်စားပါသည်။
ယနေ့အထိလည်း လိုင်စင် မပေးသေးဟု သိထားပါသည်။

ရဲရင့်ငယ်မှ သတင်းအနေဖြင့် ဖော်ပြရပါက ဗိုလ်သန်းရွှေ ဖိုးလပြည့် ဗိုလ်မြတ်ဟိန်း
ဗိုလ်သိန်းစိန် နှင့် ပြည်သူသို့ အသိပေးစေလိုပါသည်။

အစိုးရ၀န်ထမ်းတစ်ဦး (ဗိုလ်စိုးသိန်း ပြောသည့် ၁၀၀၀ ထဲမှ ပြုပြင်လိုသူ ၁ ဦး)