Saturday, December 7, 2013

မန်းမန်း...အာဘွား

KTV တို့ မာဆက် တို့မှာလုပ်စားနေရတဲ့ ကောင်မလေးတွေကို ကြံ့ဖွတ်ပါတီဝင်ခိုင်း



ThanLarWaddy Times


ကေတီဗွီနှင့်မာဆက်မှ မိန်းကလေးအများအပြား ပြည်ခိုင်ဖြိုးပါတီသို့ဝင်ရောက်

မုံရွာမြို့ရှိ ကေတီဗွီနှင့်မာဆက်မှ မိန်းကလေးအများအပြား ပြည်ခိုင်ဖြိုးပါတီသို့ ဝင်ရောက်နေလျက်ရှိကြာင်း သတင်းရရှိသည်။
"အာဏာပိုင်တွေနဲ့ပါတီကလူတွေနဲ့ ဆိုင်ကိုလာကြပါတယ်။ ကျွန်တော်တို့ကလည်း ဆိုင်အခြေအနေအရမို့ ဝင်ရောက်ကြရတာပါ။ တော်ကြာ ဆိုင်ကိုတစ်ခုခု လုပ်ပစ်မှာစိုးတယ်လေ။ သူတို့က ပါတီဝင်ကတ်ပြားတွေ ထုတ်ပေးပါတယ်" ဟု မုံရွာမြို့ရှိ ကေတီဗွီမန်နေဂျာတစ်ဦးက ပြောကြားသည်။

"ဟုတ်ပါတယ်။ အခုတစ်လော ကျွန်တော်တို့ဆိုင်ကို ကေတီဗွီဆိုင်က ကောင်မလေးတွေရဲ့ ပြည်ခိုင်ဖြိုးပါတီဝင်ကတ်ပြားတွေကို ပလတ်စတစ်လာလောင်းကြပါတယ်။ အခု ကျွန်တော်ရေတွက်ကြည့်သလောက် နှစ်ရာနီးပါး လောင်းပေးခဲ့ရပြီးပြီ" ဟု မုံရွာမြို့ပေါ်တွင် ကွန်ပျူတာစာစီစာရိုက်ဆိုင် ဖွင့်လှစ်ထားသူတစ်ဦးက ပြောကြားသည်။
"မသိပါဘူး။ ဂျာကြီးက နင်တို့ဝင်လိုက်ဆိုလို့ ဓာတ်ပုံတွေပေး၊ ကိုယ်ရေးအချက်အလက်တွေ ပေးလိုက်တာ။ ညီမတို့ကတော့ ဘာခံယူချက်မှမရှိပါဘူး" ဟု ကေတီဗွီဆိုင်တစ်ခုတွင် အလုပ်လုပ်နေသော မိန်းကလေးငယ်တစ်ဦးမှ ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲနီးလာသောကြောင့် ပြည်ခိုင်ဖြိုးပါတီမှ အာဏာပိုင်များနှင့်ပူးပေါင်းပြီး ယခုကဲ့သို့ နည်းလမ်းပေါင်းစုံဖြင့် ပါတီဝင်အရေအတွက်များစေရန် လုပ်ဆောင်နေခြင်း ဖြစ်နိုင်ကြောင်း၊ ပါတီဝင်တစ်ယောက်ဖြစ်စေရန် မဲဆွယ်စည်းရုံးနိုင်သော်လည်း ယခုကဲ့သို့ စီးပွားရေးသမားများ၏ အကြောက်တရားကို အခွင့်အရေးတစ်ခုအဖွယ်အသုံးချခြင်းမှ မဖြစ်သင့်ကြောင့် မုံရွာမြို့ရှိ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးမှ ပြောကြားသည်။

သတ်မှတ်ယာဉ်ကြောအတိုင်းသာမောင်းစေချင်


မယ် ပိုး

နိုင်ငံခြားရေးဝန်ကြီးရုံးမှာ တတိယအတွင်းဝန် ခန့်ဖို့စစ်တဲ့ စာမေးပွဲလားလို့ ထင်သွားတာ..

မြန်မာတွေရဲ့ မူပိုင်ခွင့်



Thet Thet Tun
 ============ မွန်ထရီရယ်က မြန်မာစားသောက်ဆိုင်မှာ ပုံမှန်မြန်မာသီချင်းတွေ ဖွင့်တယ်။ ဂီတလုလင်မောင်ကိုကိုတို့၊ သဟာယဆရာတင်တို့ ရေးစပ်တဲ့ သီချင်းတွေ၊ မဟာဂီတအယ်လ်ဘမ်က ရီရီသန့်ရဲ့ ထူးမခြားနားတို့ လို သီချင်းကြီး၊ သီချင်းခန့်တွေ ဆိုပါတော့လေ။ တနေ့တော့ အဲဒီဆိုင်ကို SOCAN (Society of Composers, Authors and Music Publishers of Canada) လို့ ခေါ်တဲ့ အဖွဲ့အစည်းက ဖုန်းဆက်တယ်။ အရင်ကလည်း ခဏခဏဆက်ဖူးဆိုပဲ။ ဒီတခေါက်တော့ ဆိုင်ရှင် ခပ်စွာစွာ အမျိုးသမီးနဲ့ တွေ့ပါရော။ ဆိုင်ကို ဖုန်းခေါ်ရခြင်း အကြောင်းက ဘာသီချင်းတွေ ဖွင့်နေသလဲ စစ်ကြောမေးမြန်းတာပါ။ မေးခွန်းတွေထဲ သီချင်းပေါင်းစုံနာမည် ပါတယ်ပေါ့လေ။ အလုပ်ရှုပ်နေချိန်ဆိုတော့ မြန်မာအမျိုးသမီးက ဘာလဲ. အင်တာဗျူးနေတာလား၊ ဒီဆိုင်က မြန်မာသီချင်းပဲ ဖွင့်တယ်။ ဘာသီချင်းမှ စိတ်မဝင်စားဘူး၊ အချိန်မရဘူး၊ နောက်ကို ဖုန်းလုံးဝ မခေါ်နဲ့ ဖြစ်ပါလေရော။ အဲဒီတော့ ဟိုက ဘာပြောလဲ ဆိုတော့ ဘာသီချင်းပဲ ဖွင့်ချင် ဖွင့်ချင် သူတို့အဖွဲ့ကို ပုံမှန်ငွေပေးရမယ်။ ဟင်... ဘာကြောင့်လဲ ဆိုတော့ ဒါ ကနေဒါ တဲ့။ မပေးနိုင်ရင် သီချင်း မဖွင့်ပါဘူးဆိုတာ အီးမေးက တဆင့် တရားဝင် ကတိကဝတ် ပေးရမယ်၊ တကယ်လို့ ဖွင့်တဲ့အချိန် မိရင် ဒေါ်လာ ၄၀၀၀ လောက် ဒါဏ်ရိုက်မယ်ပေါ့။ မကြေနပ်ပေမဲ့ ဘာမှ မတတ်နိုင်ဘူး။ သီချင်းဖွင့်တာ ခဏရပ်ထားလိုက်ပြီး သူပြောသလို ဂတိပေးလိုက်ရသပေါ့။ မြန်မာတွေဖက်က အဲဒီကိစ္စ အတော်မကြေမချမ်း ဖြစ်နေချိန်မှာ အဖြူတချို့ကိုယ်တိုင်က ဘာပြောသလဲဆိုတော့ SOCAN က မြန်မာအနုပညာအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပြီး မူပိုင်ခွင့်အတွက် တရားဝင် တခုခု လုပ်ထားတယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောတယ်။ လိပ်ခဲတင်းလဉ်း ဖြစ်နေပြီး ဆိုင်မှာ လာစားသူတွေက မြန်မာသီချင်း ဖွင့်ပါဆိုပေမဲ့ ဒီ SOCAN ဆိုတာကြီးကို မြန်မာသီချင်းတွေအတွက် ငွေပေးရမယ်ဆိုတာကြီးက ဘယ်လိုမှ လက်ခံလို့ မရဘူး ဖြစ်နေတော့ မဖွင့်ဘူးဆိုပြီး ဇွတ်တင်းခံထားတယ်။ ၃ပါတ်လောက်အကြာ နောက်ဆုံးမှာ ဥပဒေ နားလည်သူတွေနဲ့ တိုင်ပင်လိုက်ပြီး သူတို့ဝက်ဆိုဒ်မှာ တင်ထားတဲ့ စာရင်းထဲ မြန်မာသီချင်းတွေ ပြန်ရှာကြည့်တော့ မတွေ့တော့ သီချင်း ပြန်ဖွင့်သပေါ့လေ။ ဘယ်လိုလုပ် တွေ့ပါ့မလဲ။ တချို့သီချင်းတွေက မြန်မာတွေတောင် သိကြတာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီမှာက အဖွဲ့အစည်းကြီးတွေ ကိုယ်တိုင်က ခပ်တည်တည်နဲ့ ရိုက်စား နေကြတာလေ။ ဥပဒေနားမလည်ရင် ခံရပေမပေါ့။

နေပြည်တော်မှာ ဖော်မြူလာဝမ်း ကားပြိုင်ပွဲအတွက် သင့်တော်သော လမ်းကို တွေ့ပြီ

Hawdeka Khalaylay

(ပေးစာ)

နေပြည်တော်မှာ ဖော်မြူလာဝမ်း ကားပြိုင်ပွဲအတွက် သင့်တော်သော လမ်းကို တွေ့ပြီ ဟု ပေးစာတွင်ဖော်ပြလာပါသည် ၊

ကားလမ်းကို Google Map တွင် လွယ်ကူစွာ ရှာဖွေတွေ့ရှိနိုင်ပြီး ကာလမ်းအစကိုရှာလိုလျှင် 19.736734,96.163244 နှင့် လမ်း အဆုံးကိုရှာရန် 19.709263,96.161098 ဟုရိုက်ထည့်ရှာဖွေနိုင်ကြောင်းသိရသည် ၊

အဆိုပါကားလမ်းသည် ဘိလပ်မြေကွန်ကရစ် ကာလမ်း အမျိုးအစားတွင်ပါဝင်ပြီး အင်ဂျင်နီယာမပါပဲ စက်ယန္တရားများမပါပဲ ပန်းရန်အဖွဲ့များစွာဖြင့် အမြန်ခင်းခဲ့သောလမ်းဟု သိရသည် ၊

ဆီးဂိမ်းအတွက် အလည်အပတ်ရောက်နေသူများ သွားရောက်လေ့လာသင့်သောလမ်းဖြစ်ပြီး ကားစီးရင်း မြင်းစီးသကဲ့သို့ ထူးခြားသောအရသာကို ခံစားရမည့်လမ်းဖြစ်သည် ဟုသိရသည် ၊

အဆိုပါလမ်း နှင့် တဆက်တည်းဖြစ်သောလမ်း 19.684374,96.158692 မှာ လည်း တကယ့်လက်ရှိတွင် ကွန်ကရစ်မခင်းရသေးပဲ လူမသွားသူမသွား မြေကြီးပုံ မြက်ပေါက်လမ်းကြီးဖြစ်နေကြောင်းလည်း သတင်းပေးပို့ပါသည် ၊

နေပြည်တော် ရောက်နေသူများ လက်တွေ့သွားရောက်လေ့လာသင့်သော နေရာဖြစ်ပါသည် ၊

လက်ရှိ နေပြည်တော်တွင် သက်တမ်း ၃ နှစ် မပြည့်သေးသော ကွန်ကရစ်လမ်းများ မှာ အက်ကွဲ နိမ့်ကျ ပေါက်ပြဲ မှုများဖြစ်နေသဖြင့် ပေါ်မှ ကတ္တရာပါးပါးအုပ်ကာ ဖုံးဖုံးဖိဖိ လိုက်လုပ်နေကြောင်းလည်း သိရပါသည် ၊

ဒီလိုကွန်ယက်ဖွဲ့စရာလား၊ပညာရေးဝန်ကြီးဖြေပါ

မိချောင်းကန်သပိတ်စခန်းတွင် ပဋိပက္ခဖြစ်ပွားအပြီး မြစာရံဘုရားကို စစ်သားများ ပိတ်ဆို့


Saturday, 07 December 2013 21:57
Written by  နန်းမြင့်
mizzimaburmese.com

သင်္ကန်းကျွန်းမြို့နယ် မိချောင်းကန်သပိတ်စခန်းတွင် ဒီဇင်ဘာလ ၇ရက် နံနက် ၁၁နာရီခန့်က ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီးနောက်တွင် စစ်သားအယောက် ၃၀ခန့်က ထိုနေ့ည ၇နာရီခန့်တွင် သပိတ်စခန်းအနီးရှိ မြစာရံ အေးစေတီဘုရားကို ပိတ်ဆို့လိုက်ပြီဟု သပိတ်စခန်းမှ ဆန္ဒပြသူများက မဇ္ဈိမကို ပြောသည်။

ယင်းကဲ့သို့ စစ်သားများက မြစာရံဘုရားကို ဝင်၊ထွက်ခွင့်မပြုတော့ဘဲ ပိတ်ဆို့လိုက်ပြီဖြစ်သော်လည်း ဆန္ဒပြသူများ၏ သပိတ်စခန်းမှာမူ ဆက်လက် ဖွင့်ထားလျှက်ရှိသည်။ မြစာရံဘုရားအား တပ်မတော်သားများက ပိတ်ပင်သည်ဟု ဆိုသော်လည်း မဇ္ဈိမက သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပေ။

သင်္ကန်းကျွန်းမြို့နယ် မိချောင်းကန် အပိုင်း ၁၊ ၂၊ ၃ရှိ မြစာရံ အေးစေတီ ဘုရားဘေးတွင် စစ်တပ်မှ သိမ်းဆည်းထားသည့် မြေများ ပြန်လည်ရရှိရန် သပိတ်စခန်းဖွင့်ကာ ဆန္ဒပြသူများထံ ဒီဇင်ဘာလ နံနက် ၁၁နာရီခန့်တွင် အရပ်ဝတ်နှင့် လူ၄၀၀ခန့် ရောက်ရှိလာကာ ဆန္ဒပြသူများနှင့် ရုန်းယင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူ ရှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့က ကိုနောင်နောင်က မဇ္ဈိမကို ပြောသည်။

ဒဏ်ရာရရှိသော ဒေါ်လှလှသိန်း၊ ဒေါ်ခိုင်ခိုင်လွင်၊ ဒေါ်စောခင်၊ ဒေါ်မြင့်ဋ္ဌေး၊ ဒေါ်အေးမိ၊ ဒေါ်အေးအေးမာ၊ မစန်းရီနှင့် မသူဇာခိုင်တို့ကို သင်္ကန်းကျွန်း စံပြဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ပြီး ညနေ ၄နာရီခန့်တွင် ခြောက်ဦးမှာ သပိတ်စခန်းသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။

ညနေပိုင်းတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည့် ဦးခိုင်မောင်ရီ၊ ဒေါ်ခင်ဝိုင်းကြည်၊ ဦးနိုင်ငံလင်းနှင့် ဦးအောင်သိန်းလင်းတို့လည်း လာရောက်ကြည့်ရှုခဲ့သည်ဟု သိရသည်။

မိချောင်းကန်သပိတ်စခန်း ဖွင့်လှစ်ထားသည်မှာ ၂၀၁၃ခုနှစ် နိုင်ဝင်ဘာလ ၂၆ရက်တွင် သင်္ကန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းပေါ်ရှိ မြစာရံ အေးစေတီဘုရားဘေးတွင် ဖွင့်ထားခဲ့ခြင်းဖြစ်သည်။