Sunday, December 8, 2013

သေဆုံးမူများနေတဲ့ ကံကုန်း (လက်ပန်းတောင်းတောင်) ပြည်သူ့ ဆရာဝန်အလိုရှိသည်


ဝင်းမျိုးသူ (၈.၁၂.၁၃)

ဆာဖြူရစ်စက်ရုံရှိတဲ့ လက်ပံတောင်းက ကံကုန်းကျေးရွာ သေဆုံးစာရင်းပို့လာပါတယ်။ ဒီစာရင်းအရ ၂၀၁၂ မှာ ၂၉ ယောက်၊ ၂၀၁၃ နိုဝင်ဘာလအထိ ၃၁ ယောက်သေဆုံးပါတယ်။ စုစုပေါင်းလုဦးရေ ၃၈၈၂ ပေါ်မှာအခြေခံတွက်ရင် သေဆုံးမှုနှုန်းဟာ လူဦးရေ တစ်သိန်း မှာ ၇၄၇ယောက် (၂၀၁၂) နဲ့ ၇၉၉ ယောက် (၂၀၁၃) ရှိကြောင်းတွေ့ရပါတယ်။ ဒီသေနှုန်းဟာ မြင့်မားတယ်လို့ ယူဆပါတယ်။ (နိုင်ငံတော်ပျမ်းမျှနှုန်းနဲ့ အခြားဒေသတွေရဲ့နှုန်းတွေနဲ့ ဆက်လက်နှိုင်းယှဉ်သွားဘို့တော့ လိုပါသေးတယ်) သေတဲ့သူတွေထဲမှာ ငရဲမီး(ဆာလဖြူရစ်အက်စစ်) ကြောင့် ဖြစ်တဲ့ရောဂါလို့ယူဆနိုင်တဲ့ အဆုတ်၊လည်ချောင်း နဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေကြောင့် သေဆုံးမှုကိုဆက်လက်လေ့လာရင် ၂၀၁၂ ခုနှစ်မှာ စုစုပေါင်းရဲ့ ၃၄% နဲ့ ၂၀၁၃ ခုနှစ်မှာ ၁၆% တွေ့ရပါတယ်။ ၂၀၁၃ မှာ စီမံကိန်း ဆောင်ရွက်မှုဟာ ၂၀၁၂ ထက်စာရင် အရှိန်လျော့ သွားလို့ ဆက်စပ်ရောဂါ ဖြစ်ပွားမှုနှုန်း ကျသွားလို့ စဉ်းစားစရာ ရှိပါတယ်။ ဒါပေမဲ့ စုစုပေါင်း သေဆုံးမှုနှုန်း က မြင့်နေသေးတော့ ပြည်သူ့ ကျမ္မာရေးပုစ္ဆာတစ်ပုဒ် ဖြစ်နေပါတယ်။ ကျမ္မာရေးစစ်တမ်းဆောင်ရွက်ပါလို့ ကျွန်တော်တို့တောင်းဆိုနေပေမဲ့ သက်ဆိုင်ရာ ကဆောင်ရွက်မဲ့ အနေအထား မတွေ့ ရဘူး။ ဒီတော့ ကျွန်တော်တို့ စိမ်းလမ်းအမိမြေ အသင်းကဘဲ ဦးဆောင်ပြီး ကံကုန်းကျေးရွာ နဲ့ စီမံကိန်းနဲ့ အဆက်အစပ်မရှိတဲ့ဒေသထဲက ကျေးရွာတစ်ရွာမှာ ကျမ္မာရေးစစ်တမ်းကောက်ယူပြီး နှိုင်းယှဉ်လေ့လာသွားချင်ပါတယ်။ ကျွမ်းကျင်ဆေးပညာရှင်တွေက ရွာအတွင်း က လူတွေ၍ ကျမ္မာရေး ကို စစ်ဆေးမှတ်တမ်းတင်မှာ ဖြစ်သလို တစ်ချို့ ကို ရန်ကုန်၊မန္တလေး ဆေးရုံများ မှာ လိုအပ်သလို ခောတ်မှီ စက်ကရိယာများနဲ့ စစ်ဆေးသွားဘို့ ပါဘဲ။ ဒီအတွက် ပူးပေါင်းဆောင်ရွက်လိုတဲ့ ပြည်သူ့မျက်နှာ ရှေ့ထား၊ အကျိုးသယ်ပိုးလိုတဲ့ ဆေးပညာရှင်များကို ဖိတ်ခေါ်လိုပါတယ်။ မိတ်ဆွေများ လက်တို့ပေးကြပါအုန်း။

ဒီနေ့ကာတွန်း

နိုင်ငံတော်သမ္မတကြောင့် ဥပဒေပြုရေး ကြန့်ကြာဟု ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဝေဖန်


The Voice Weekly
 နေပြည်တော်၊ ဒီဇင်ဘာ ၇

လွှတ်တော် အစည်းအဝေးများ ရပ်ထားသည့် အချိန်တွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသော ယင်းဥပဒေကြမ်းအပေါ် နိုင်ငံတော်သမ္မတက အမြင်မတူသော သဘောထား မှတ်ချက်ဖြင့် ပြန်လည် ပေးပို့လာသောကြောင့် ဥပဒေပြုရေး နှောင့်နှေး ကြန့်ကြာကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြောကြားသည်။ အစိုးရသစ် အုပ်ချုပ်သည့် သုံးနှစ်နီးပါး ကာလအတွင်း ပြည်ထောင်စု လွှတ်တော်မှ ဥပဒေကြမ်း ၅၄ ခုကို နိုင်ငံတော်သမ္မတထံ ပြည်ထောင်စု လွှတ်တော်က အတည်ပြု ပေးပို့ခဲ့ရာ နိုင်ငံတော်သမ္မတက မတူညီသည့် သဘောထား မှတ်ချက်များဖြင့် ပြန်လည် ပေးပို့ခဲ့ကြောင်း ၎င်းကဆိုသည်။ “သမ္မတ ပေးပို့တဲ့ သဘောထား မှတ်ချက်ထဲမှာ ကောင်းတာတွေလည်း ရှိပါတယ်။ ဥပဒေမှာ ထည့်ဖို့ မသင့်တာတွေ ပြန်ပါလာတယ်။ အဲဒီတော့ လွှတ်တော်မှာ ပြန်ဆွေးနွေး ရတာလည်း အချိန်ယူရတယ်” ဟု ၎င်းကဆိုသည်။ ယင်းကဲ့သို့သော ဥပဒေများကို နိုင်ငံတော် သမ္မတလက်မှတ် ရေးထိုး အတည်ပြုခဲ့ခြင်း မရှိကြောင်း ၎င်းကဆိုသည်။ ပြီးခဲ့သည့် အဋ္ဌမအကြိမ်မြောက် လွှတ်တော် အစည်းအဝေးက အတည်ပြုလိုက်သည့် ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတ လက်မှတ် ရေးထိုး အတည်ပြုခြင်း မရှိဘဲ လွှတ်တော်သို့ ပြန်လည် ပေးပို့လာခြင်းကြောင့် ဥပဒေ အသက်ဝင်ရေး နှောင့်နှေး ကြန့်ကြာနေပြီး လွှတ်တော် ကိုယ်စားလှယ်များ၏ ဒေသဖွံ့ဖြိုးရေး အသုံးစရိတ် သုံးစွဲရန် နောက်ကျနေကြောင်း ၎င်းက ဥပမာပေး ပြောကြားသည်။ သမ္မတနှင့် ပြည်ထောင်စု လွှတ်တော်ကြား ဖြစ်ပေါ်နေသည့် သဘောထား ကွဲလွဲမှုနှင့် ဆက်ဆံရေး ပြေလည်မှု မရှိသည့် ကိစ္စသည် နိုင်ငံနှင့် ပြည်သူ အတွက် ထိခိုက်မှု မရှိသော်လည်း ဥပဒေပြုရေး လွှတ်တော်တွင် အခက်အခဲ များစွာဖြင့် ပြန်လည် ညှိနှိုင်း ဆွေးနွေးနေရကြောင်း ဥပဒေကြမ်း ပူးပေါင်း ကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောကြားသည်။ ဥပဒေ အတည်ပြု ပြဋ္ဌာန်းရေး ကိစ္စများတွင် နိုင်ငံနှင့် ပြည်သူအတွက် အခြေခံကျသော ဥပဒေများကို လိုအပ်သည်ထက် အချိန်ပိုယူကာ ညှိနှိုင်း အတည်ပြုခဲ့ရကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူးအဖြစ် လပေါင်း ၃၀ တာဝန်ယူခဲ့သော ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၁) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစံထွန်းက အတည်ပြု ပြောကြားသည်။ ဒေသဖွံ့ဖြိုးရေးအတွက် ကျပ်သိန်း ၁၀၀၀ သုံးစွဲမည့်ငွေ ပါဝင်သည့် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်၏ တိုက်ရိုက် စစ်ဆေးခွင့်၊ တိုင်းရင်းသားရေးရာ ဝန်ကြီးနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း (သို့မဟုတ်) ပြည်နယ်မှ ခေါင်းဆောင်ပိုင်း များကို ညှိနှိုင်း လုပ်ဆောင်ခွင့် မပေးထားသောကြောင့် သဘောတူညီမှု မရှိဘဲ သဘောထားမှတ်ချက် ပြန်ပေးခြင်း ဖြစ်ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဆိုသည်။ “သူတို့ဟာ သူတို့သုံး၊ သူတို့ဟာ သူတို့ ပြန်စစ်မယ် ဆိုတာက မရဘူး။ လိုအပ်လျှင် အစစ်ခံနိုင်သည် ဆိုတဲ့ သဘောလေးတော့ ပါတယ်။ လိုအပ်လျှင် ဆိုတာက မရဘူးလေ။ အစစ်ကိုခံရမှာ” ဟု ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေကို အတည်မပြုခြင်းနှင့် ပတ်သက်၍ ၎င်းကဆိုသည်။ ပြည်ထောင်စု လွှတ်တော်နှင့် နိုင်ငံတော် သမ္မတရုံး၏ ညှိနှိုင်း ဆက်ဆံမှုသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ကြောင့် ယခုကဲ့သို့ ဆက်လက် လုပ်ကိုင် သွားရဦးမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
နိုင်ငံတော်သမ္မတကြောင့် ဥပဒေပြုရေး ကြန့်ကြာဟု ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဝေဖန် နေပြည်တော်၊ ဒီဇင်ဘာ ၇ လွှတ်တော် အစည်းအဝေးများ ရပ်ထားသည့် အချိန်တွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသော ယင်းဥပဒေကြမ်းအပေါ် နိုင်ငံတော်သမ္မတက အမြင်မတူသော သဘောထား မှတ်ချက်ဖြင့် ပြန်လည် ပေးပို့လာသောကြောင့် ဥပဒေပြုရေး နှောင့်နှေး ကြန့်ကြာကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြောကြားသည်။ အစိုးရသစ် အုပ်ချုပ်သည့် သုံးနှစ်နီးပါး ကာလအတွင်း ပြည်ထောင်စု လွှတ်တော်မှ ဥပဒေကြမ်း ၅၄ ခုကို နိုင်ငံတော်သမ္မတထံ ပြည်ထောင်စု လွှတ်တော်က အတည်ပြု ပေးပို့ခဲ့ရာ နိုင်ငံတော်သမ္မတက မတူညီသည့် သဘောထား မှတ်ချက်များဖြင့် ပြန်လည် ပေးပို့ခဲ့ကြောင်း ၎င်းကဆိုသည်။ “သမ္မတ ပေးပို့တဲ့ သဘောထား မှတ်ချက်ထဲမှာ ကောင်းတာတွေလည်း ရှိပါတယ်။ ဥပဒေမှာ ထည့်ဖို့ မသင့်တာတွေ ပြန်ပါလာတယ်။ အဲဒီတော့ လွှတ်တော်မှာ ပြန်ဆွေးနွေး ရတာလည်း အချိန်ယူရတယ်” ဟု ၎င်းကဆိုသည်။ ယင်းကဲ့သို့သော ဥပဒေများကို နိုင်ငံတော် သမ္မတလက်မှတ် ရေးထိုး အတည်ပြုခဲ့ခြင်း မရှိကြောင်း ၎င်းကဆိုသည်။ ပြီးခဲ့သည့် အဋ္ဌမအကြိမ်မြောက် လွှတ်တော် အစည်းအဝေးက အတည်ပြုလိုက်သည့် ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတ လက်မှတ် ရေးထိုး အတည်ပြုခြင်း မရှိဘဲ လွှတ်တော်သို့ ပြန်လည် ပေးပို့လာခြင်းကြောင့် ဥပဒေ အသက်ဝင်ရေး နှောင့်နှေး ကြန့်ကြာနေပြီး လွှတ်တော် ကိုယ်စားလှယ်များ၏ ဒေသဖွံ့ဖြိုးရေး အသုံးစရိတ် သုံးစွဲရန် နောက်ကျနေကြောင်း ၎င်းက ဥပမာပေး ပြောကြားသည်။ သမ္မတနှင့် ပြည်ထောင်စု လွှတ်တော်ကြား ဖြစ်ပေါ်နေသည့် သဘောထား ကွဲလွဲမှုနှင့် ဆက်ဆံရေး ပြေလည်မှု မရှိသည့် ကိစ္စသည် နိုင်ငံနှင့် ပြည်သူ အတွက် ထိခိုက်မှု မရှိသော်လည်း ဥပဒေပြုရေး လွှတ်တော်တွင် အခက်အခဲ များစွာဖြင့် ပြန်လည် ညှိနှိုင်း ဆွေးနွေးနေရကြောင်း ဥပဒေကြမ်း ပူးပေါင်း ကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောကြားသည်။ ဥပဒေ အတည်ပြု ပြဋ္ဌာန်းရေး ကိစ္စများတွင် နိုင်ငံနှင့် ပြည်သူအတွက် အခြေခံကျသော ဥပဒေများကို လိုအပ်သည်ထက် အချိန်ပိုယူကာ ညှိနှိုင်း အတည်ပြုခဲ့ရကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူးအဖြစ် လပေါင်း ၃၀ တာဝန်ယူခဲ့သော ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၁) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစံထွန်းက အတည်ပြု ပြောကြားသည်။ ဒေသဖွံ့ဖြိုးရေးအတွက် ကျပ်သိန်း ၁၀၀၀ သုံးစွဲမည့်ငွေ ပါဝင်သည့် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်၏ တိုက်ရိုက် စစ်ဆေးခွင့်၊ တိုင်းရင်းသားရေးရာ ဝန်ကြီးနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း (သို့မဟုတ်) ပြည်နယ်မှ ခေါင်းဆောင်ပိုင်း များကို ညှိနှိုင်း လုပ်ဆောင်ခွင့် မပေးထားသောကြောင့် သဘောတူညီမှု မရှိဘဲ သဘောထားမှတ်ချက် ပြန်ပေးခြင်း ဖြစ်ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဆိုသည်။ “သူတို့ဟာ သူတို့သုံး၊ သူတို့ဟာ သူတို့ ပြန်စစ်မယ် ဆိုတာက မရဘူး။ လိုအပ်လျှင် အစစ်ခံနိုင်သည် ဆိုတဲ့ သဘောလေးတော့ ပါတယ်။ လိုအပ်လျှင် ဆိုတာက မရဘူးလေ။ အစစ်ကိုခံရမှာ” ဟု ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေကို အတည်မပြုခြင်းနှင့် ပတ်သက်၍ ၎င်းကဆိုသည်။ ပြည်ထောင်စု လွှတ်တော်နှင့် နိုင်ငံတော် သမ္မတရုံး၏ ညှိနှိုင်း ဆက်ဆံမှုသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ကြောင့် ယခုကဲ့သို့ ဆက်လက် လုပ်ကိုင် သွားရဦးမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ရန်ကုန်ကြံ့ဖွတ်ရုံးချုပ်နေရာ ကျပ်ဘီလီယံ ၄၀ ကျော်ဖြင့်ရောင်း


Yangon Media Group
ရန်ကုန်ပြည်ခိုင်ဖြိုး ရုံးချုပ်နေရာ ကျပ်ဘီလီယံ ၄၀ ကျော်ဖြင့်ရောင်း ချခဲ့ကြောင်း သတင်းထွက်ပေါ်

 ရန်ကုန် တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးချုပ် အား မြန်မာကျပ်ငွေဘီလီယံ ၄၀ ကျော်ဖြင့် ရောင်းချလိုက်ကြောင်း သတင်းများထွက်ပေါ်လျက်ရှိ ကြောင်း သိရသည်။ ယင်းရုံးမှာဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းသစ်တွင် တည်ရှိပြီး ယင်းသို့ရောင်းချရခြင်း မှာ ပါတီ၏ ရန်ပုံငွေအတွက် ရောင်းချ ရခြင်းဖြစ်ကြောင်း သ တင်းများ ထွက်ပေါ်လျက်ရှိသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ ဒုတိယဥက္ကဋ္ဌဦးဌေးဦး အား ရန်ကုန်တိုင်းမ်မှဆက်သွယ် မေးမြန်းရာတွင် ဖြေကြားရန်မ ရှိကြောင်း ပြန်လည်ပြောဆိုခဲ့ သည်။ ဦးဌေးဦးက ''အဲဒါပြည်သူ အတွက်လဲ အကျိုး မရှိ ပါဘူး။ ရောင်းလို့ရှိရင်လဲ ပြည်သူအတွက် ဘာဖြစ်လဲ။ တစ်ခုတော့ ရှိတာ ပေါ့။ ပါတီတွေငွေရှိလာရင်တော့ ပြည်သူအတွက် အလုပ်အကျွေး ပိုပြုနိုင်တာပေါ့။ ဒီဥစ္စာနဲ့ပတ် သက်ပြီးတော့ ကျွန်တော်ဘာမှ လဲ မပြောချင်ဘူး။ ပြောရမယ့် အလုပ်လဲ မဟုတ်ဘူးလို့ ကျွန်တော် မြင် တယ်''ဟု ရန်ကုန်တိုင်းမ်၏မေးမြန်းမှုအား ပြန်လည်ဖြေကြား သည်။ ပါတီပိုင်ဆိုင်သည့်ပစ္စည်း များအားရောင်းချခြင်းမှာ ပါတီ ၏ သဘောဆန္ဒသာဖြစ်ကြောင်း၊ လူထု၏ သဘောထားရယူဆောင် ရွက်ရမည့် ကိစ္စတစ်ခု မဟုတ် ကြောင်း၊ ပါတီ၏ဆောင်ရွက်လျက် ရှိသည့်လုပ်ငန်းများမှာ တစ်ဦး တစ်ယောက်တည်း လုပ်ဆောင်၍ ရသည့်ကိစ္စများမဟုတ်ကြောင်း ယင်းက ဆက်လက်ပြောသည်။ ''ရောင်းတယ် ဝယ်တယ် ဆိုတဲ့ကိစ္စတွေက ဒီကိစ္စနဲ့မဆိုင် ပါဘူး။ သီးခြားပြဿနာတွေပါ။ ဘာပဲလုပ်လုပ် ကျွန်တော်တို့ဆီ ကတော့ အဖွဲ့အစည်းနဲ့လုပ်ပါ တယ်။ အကုန်လုံး ရဲ့အဖွဲ့အစည်း ရဲ့ စုပေါင်းဆုံးဖြတ်ချက်နဲ့ လုပ် တာပါ။ တစ်ဦးတစ်ယောက်တည်း ရဲ့သဘောနဲ့ ဘယ်သူမှမလုပ်ကြ ပါဘူး။ အဲဒီတော့မလိုရင်ရောင်း မှာပဲ။ လိုမယ်ဆိုရင် ကျွန်တော် တို့ထားမှာပဲ။ ဒါပါပဲ။ ဒါနဲ့ပတ် သက်လို့ ကျွန်တော် တို့ ဘာမှမ ပြောချင်ပါဘူး။ ပြောတဲ့လူတွေ ပြောတာလဲ မဝေဖန်ချင်ပါဘူး''ဟု ယင်းကဆက်လက်ပြောသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ယင်းပါတီ၏ အကြံပေးတစ်ဦး ဖြစ်သူ ဦးကျော်ဟိုးက နေပြည် တော်ရုံးချုပ်မှ ဆောင်ရွက်သည့် ကိစ္စဖြစ်ကြောင်း၊ မည်သည့်ငွေ ကြေးအတိုင်းအတာဖြင့် မည် သည့်အဖွဲ့အစည်းထံသို့ ရောင်း ချသည်ကိုမသိရှိကြောင်း ပြော ဆိုသည်။ ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးချုပ်။

ဓာတ်ပုံ - ဖြိုး(ဘူမိ) လင်းအောင်

၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေပြင်ဖို့ အကြံပြုချက် ၂၅၀၀ ကျော်ပေးပို့



RFA Burmese

နိုင်ငံရေးပါတီတွေ အသင်းအဖွဲ့တွေက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြင်ဆင်ဖို့ အကြံပြုချက်ပေါင်း ၂၅၀၀ ကျော် ပေးပို့ထားတယ်လို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီက ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက်နေ့စွဲနဲ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလကစပြီး ဒီဇင်ဘာလ ၅ ရက်နေ့အထိ နိုင်ငံရေးပါတီတွေ အသင်းအဖွဲ့တွေက ပေးပို့ထားတဲ့ အကြံပြုစာပေါင်း ၄၄၀ ရရှိထားကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ အခန်းပေါင်း ၁၂ ခန်းထဲက နိုင်ငံတော်အခြေခံမူများဆိုတဲ့ အခန်း(၁)မှာ ပြင်ဆင်ဖို့ အချက်ပေါင်း ၅၉၀ ပေးပို့ထားကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် နိုင်ငံတော်သမ္မတရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေ၊ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဖွဲ့စည်းခွင့် စတဲ့အချက်တွေပါတဲ့ အုပ်ချုပ်ရေးကဏ္ဍ အခန်း(၅) အတွက် အကြံပြုချက်ပေါင်း ၄၃၈ ချက် ပေးပို့ထားတယ်လို့ သိရပါတယ်။

အဲဒီ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ရက်နေ့က ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းပေးခဲ့တာဖြစ်ပြီး ပူးပေါင်းကော်မတီရဲ့ လုပ်ပိုင်ခွင့်နဲ့ လုပ်ထုံးလုပ်နည်းတွေကို သြဂုတ်လ ၂၇ရက်နေ့က အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံရေးပါတီတွေ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ ပြည်သူလူထုက ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်သင့်တယ်လို့ ယူဆတဲ့အချက်တွေကို ဒီဇင်ဘာလ ၃၁ရက်နေ့ မတိုင်ခင် အကြံပြုစာတွေ ပေးပို့ရမှာဖြစ်ပါတယ်။

အဲ့ဒီပူးပေါင်းကော်မတီမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ် ၅၂ယောက်၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ယောက်၊ NLD ကိုယ်စားလှယ် ၇ယောက်အပါအ၀င် လွှတ်တော်ထဲမှာရှိတဲ့ တခြားနိုင်ငံရေးပါတီအသီးသီးက အနည်းဆုံးကိုယ်စားလှယ် တစ်ယောက်စီနဲ့ စုစုပေါင်း ပူးပေါင်းကော်မတီဝင် ၁၀၉ ဦးနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

အဆုံးမသတ်နိုင်ဖြစ်နေတဲ့ ဘင်္ဂလီ ရှင်းတမ်း

ငရဲ သား

မပြီးနိုင် မစီးနိုင် အဆုံးမသတ်နိုင်ဖြစ်နေတဲ့ ဘင်္ဂလီ ရှင်းတမ်း note အတွက်လိုတဲ့အချက်အလက်လေးတွေကို လေ့လာရဦးမယ်။

မင်္ဂလာတောင်ညွန့် မြရာကုန်းနဲ့ ဗညားဒလ လမ်းကြားက တရုတ်သချိုင်းကို ဘင်္ဂလီ လွှတ်တော်အမတ်တွေ ၀င်ထွက်နေတဲ့ ဘင်္ဂလီထဲမှာ သြဇာတ္တိကမ္မ အကြီးဆုံး ငပလီ construction ကအခု အမျိုးသားနိုင်ငံရေးပဲလုပ်မယ်ဆိုတဲ့ အမျိုးသားသစ္စာဖောက်ကြီးဆီက ဘယ်လို ရသွားသလဲ ဆိုတာရယ်။

ယခင် စာဖတ်သူကြီး PA ပစ္စတို စိုးရှိန် ပိုင်ဆိုင်တယ်လို့ နာမည်ခံထားတဲ့ ကုလားရေမွှေးသုံးတဲ့ နေပြည်တော် မြင့်မိုရ်နန်းဟိုတယ် နဲ့ Naing Group တို့ ဆက်စပ်ပုံ အထောက်အထားတွေကို ဘယ်သူ့ကို မေးရင်ကောင်းမလဲ ....။

နောက်တစ်ချက်က ရန်ကုန် ကျောက်တံတားတခွင့်မှာ လုပ်ပိုင်ခွင့်ရသွားတဲ့ ဘင်္ဂလီ ကျော်မြင့်နဲ့ ဦးမြင့်ဆွေတို့ ပတ်သက်ပုံ အထောက်အထားအချို့ လိုနေပါသေးတယ်။

ဘင်္ဂလား မောင်တော စစ်တွေ ငါးခူရ လမ်းကြောင်းက ၀င်လာတဲ့ ဘင်္ဂလီတွေ ရန်ကုန်မြို့ထဲမှာ ဘယ်သူ့ကို ဘယ်လို ချဉ်းကပ်ဘာတွေရ ပြီး အဆင်ပြေနေသလဲ ဆိုတာကတော့ စုံသလောက်ရှိနေပါပြီ။

ကို @Thunder Payit နဲ့ @Moe Zay Nyein တို့ နည်းနည်း ကူပေးကြဦးဗျ။

လိုအပ်ရင် ဗိုလ်မှူး(ဟောင်း)အောင်လင်းထွဋ် ဆီက Data နည်းနည်း ယူရဦးမယ်။

အင်း .........

ပြန်လေ့လာကြည့်တော့

အမျိုးသားသစ္စာဖောက် ခဲ့တဲ့ ကောင်တွေ အကုန်လုံးက

အဲဒီတုန်းက အပွင့်တွေ ပုခုံးပေါ်မှာတင်၊

မနက်တိုင်း တန်းစီ သစ္စာ ဆိုနေကြပြီး

အခုကျတော့

ဘုရားဒကာလိုလို ...။

သာသနာ့နုဂ္ဂဟ အသင်းဝင်လိုလို

မျိုးစောင့်လိုလို

အရောင်ပြောင်းနေကြတာ

ကြောက်စရာ အတော်ကောင်းတယ်ဗျား။

အလိုမရှိဘူးဆိုရင်ရာထူးက နုတ်ထွက် ပေးပါမယ် (ယင်းလပ် ရှင်နာဝပ်)


ထိုင်းနိုင်ငံမှာ ဖြစ်ပွားနေတဲ့ပဋိပက္ခကို အဆုံးသတ်ဖို့ရည်ရွယ်ပြီးတော့ ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်က
လူထုဆန္ဒခံယူပွဲတရပ်ကျင်းပဖို့ ဒီကနေ့ပဲ အဆိုပြုသွားပါတယ်။ အဲဒီမှာမှ သူ့ကို လူထုက အလိုမရှိဘူးဆိုတာ
 သိရရင် သူ ရာထူးက နုတ်ထွက် ပေးပါမယ်လို့လည်း ပြောသွားပါတယ်။

VOA သတင်းကောက်နှုတ်ချက်

မတရားမူကို ဖုံးကွယ်ထားလို့ရရိုးလား ( သို့ ) အဖေကိုဖမ်းရင် သမီးတက်လာမယ်...ဟေ့

ရဲဌာနကို ဂရုမစိုက် ... ရဲဌာနရဲ့ လုပ်ပိုင်ခွင့်ကို ကျော်ပြီး လူတစ်စုက တုတ်တွေနဲ့ ဝင်ရိုက်တယ်။ တူညီ ဝတ်စုံ ဝတ်ထားကြတယ်။ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဆိုတဲ့ ရင်ထိုး တံဆိပ်တွေ ကပ်ထားကြတယ်။ မြန်မာပြည် တရားရေး နဲ့ ပြည်ထဲရေး ဌာနတွေက ... ဒီလို တူညီ ဝတ်စုံ ဝတ်လိုက်တာနဲ့ ဒီလို တံဆိပ် ကပ်လိုက်တာနဲ့၊ ဒီလို ကြည်းတပ်က ဖြစ်တယ် ဆိုတာနဲ့ ... အကြမ်းဖက် ရိုက်နှက်ခွင့်ကို ပေးလိုက်ရပြီလား။ တရားရေး ဌာန နဲ့ တရားရေး စနစ်ဟာ ... အုပ်ချုပ်ရေး အောက်မှ ကျရောက် အမိန့် နာခံနေရရုံ မကဘဲ ... စစ်တပ်ကိုပါ ... ကြောက်နေရတယ် ဆိုရင်တော့ ... မြန်မာပြည်အရေး ရင်လေးစရာ .... နဲ့ ဒီပုံဆို ... မြန်မာပြည်ဟာ လူကောင်းသူကောင်းတွေ၊ ရိုးရိုးသားသား ရှင်သန်နေထိုင်သူတွေ မနေသင့်တော့တဲ့ .... အရပ်ပျက်ကြီး ဖြစ်နေပြီ။
(ကိုထိုက်)




Min Hteteain

 မိချောင်းကန်သပိတ်အားဦးဆောင်သူ ဦးစိန်သန်းဖမ်းဆီးခံရပြီးနောက် သမီးဖြစ်သူ နေနွယ်မှ လူထုသွေးကိုမှ
စုပ်ချင်တဲ့ အာဏာရှင်စစ်ဘီလူးတွေကို မကြောက်ဖို့ ၊ ငါတို့မြေ ငါတို့ကိုပြန်ပေး၊ တရားမျှတမူအတွက်ရင်ဆိုင်ကြ ၊
 ထောင်ကျရင်လည်းကျမယ် ၊ အသက်ပေးရရင်လည်းပေးရမယ်၊ ဒို့မြေပြန်ရဖို့ ဆက်လက်တိုက်ပွဲဝင်ကြရမယ်ဟု
 သပိတ်စခန်းအား အနက်ရောင်ဝတ်ဆင်ထားသော လူတစုမှ ဝင်ရောက်ဆီးနှင်းပြီးနောက် ဒဏ်ရာရသူ ( ၈ ) ဦး
အား ဆေးရုံသို့ပို့ဆောင်ပြီးနောက် ပြောကြားနေစဉ်။

စင်ကာပူနိုင်ငံ Little India မှာဒီနေ့ ဒီဇင်ဘာလ ၈ ရက် အဓိကရုဏ်းဖြစ်ပွား




SINGAPORE: At least three busloads of police officers in riot gear responded to a riot that broke out along Race Course Road in Singapore around 10pm on Sunday night.
The mob, believed to be made up mainly of foreign workers, apparently attacked an ambulance and a traffic police highway patrol car responding to an accident earlier in the vicinity.
Singapore's The Straits Times understands that a Bangladeshi worker was hit by a bus earlier and first responders were believed to be attending to the victim when the riot started.
According to preliminary reports from the ground, two vehicles were set on fire, an ambulance and a police car. A few police cars were also overturned.
At least two explosions occurred at the scene involving the vehicles.
Police have cordoned off the entire Race Course Road as they try to contain the situation.
A section of the shops along Buffalo Road have been ordered to close their shutters.
Firefighters were seen putting out flames that had engulfed the two vehicles, believed to be an SCDF ambulance and a police patrol car.
There were at least four police patrol cars which were overturned along the road.
A minibus which is believed to have collided with a civilian vehicle is further down Buffalo Road.
As at 12.03am Monday, all the rioters appeared to have dispersed, but riot police could be seen combing the area.
Crowds who were earlier cheering the police were still milling around.
Residents in the area described the scene as "havoc".
One resident said at one point he saw about 200 men surround the minibus that was involved in the accident.
The Singapore Police Force tweeted at 12.26am that it was in control of the situation on Race Course Road and Hempshire Road. It advised the public to stay away from the area. -

Source: ANN/ The Straits Times





စင်္ကာပူတွင်ယနေ့ ဖြစ်ခဲ့သော မငြိမ်သက်မူများနှင့် စပ်လျှဉ်း၍ စင်္ကာပူ ၀န်ကြီးချုပ် Lee Hsien Loong ၏ တိုင်းပြည်သို့  ပြောကြားချက်

{Channel NewsAsia Singapore]

"The Little India မှာပြီးခဲ့တဲ့ညက ဖြစ်ခဲ့တဲ့ဖြစ်ရပ်ဟာ အလွန်တရာကို အရုပ်ဆိုးခဲ့ပါတယ်။ ရဲအရာရှိအများ အပြား ဒဏ်ရာရခဲ့ပြီး ယာဉ်တွေဖျက်ဆီးခံခဲ့ရတယ်။ အခုအခါမှာ အခြေအနေကိုထိမ်းသိမ်းနိုင်ပြီး စုံစမ်းစစ် ဆေးမူတွေကိုပြုလုပ်နေပါပြီ။ ဘယ်လိုအခြေအနေတွေ ကပဲ သည်မငြိမ်သက်မူ့ ကို မီးမွှေးခဲ့သည်ဖြစ်စေ ... အခုလိုအကြမ်ဖက်ခြင်း ဖျက်ဆီးခြင်းနဲ့  ရာဇ၀တ်မူ စရိုက်တွေကို လုံးဝ သည်းခံမည် မဟုတ်ပါ။ ကျုပ်တို့ အနေနဲ့  သည်ရာဇ၀တ်ကောင်တွေကို ဖေါ်ထုတ်ရေး တွင် သနားကြင်နာမူရှိလိမ့်မည် မဟုတ်ပဲ - ယင်းတို့ ကို တရားဥဒေအရ ပြင်းပြင်းထန်ထန်အရေးယူသွား မှာဖြစ်ပါတယ်"
"စင်္ကာပူနိုင်ငံသားတွေအနေနဲ့  အေးဆေးစွာနေကြဖို့ ကျွန်တော် တိုက်တွန်းလိုပါတယ်။ ရဲတပ်ဖွဲ့ ကိုလည်း သတင်းအချက်အလက်တွေ၊ ဓါတ်ပုံတွေ၊ ဗီဒိုယိုမှတ် တမ်းတွေ သင်တို့ မှာရှိသမျှ ပို့ ပေးကြပါ။ ဒဏ်ရာရခဲ့ တဲ့ (ရဲ) အရာရှိတွေလည်း အမြန်ဆုံး သက်သာနိုင်ပါ စေ"

by:[Lee Hsien Loong] (စင်္ကာပူဝန်ကြီးချုပ်)
translated by:[Hlaing Bwa]

ညကဖြစ်ခဲ့တဲ့ ဘင်္ဂလီတွေရဲ့ အထိဂရုဏ်းဟာ (၄၄) နှစ် အတွင်း စင်္ကာပူနိုင်ငံမှာ ပထမဆုံးဖြစ်ပွားခြင်းပါတဲ့။ Source: [Coconuts Singapore]

ဦးသန်းရွှေ ရဲ့ နျူကလီးယား အစီအစဉ် သဲလွန်စရပြီ

Hawdeka Khalaylay

(နေပြည်တော် အထူးသတင်း)

ဦးသန်းရွှေ ရဲ့ နျူကလီးယား အိပ်မက် အစီအစဉ် သဲလွန်စများရရှိနေပြီဖြစ်ကြောင်း နေပြည်တော် သတင်းရပ်ဝန်းမှ အထူးသတင်းအဖြစ် ပေးပို့လာပါတယ် ၊

ရရှိထားတဲ့ သဲလွန်စများ အနက် တစ်နေရာကို စတင်ဖော်ပြပါ့မယ် ၊

အဲဒီနေရာကတော့ မြန်မာနိုင်ငံအလယ်ပိုင်း မြေလတ်ဒေသ မကွေးမြို့ အနောက်ဖက် ဧရာဝတီမြစ်အနောက်ဖက် ရခိုင်ရိုးမအစပ်က ငဖဲမြို့ အနီးတစ်ဝိုက် တောစပ် တောင်စပ် နေရာတွေမှာပါပဲ ၊

ဂူဂယ်မပ် google map မှာရှာနိုင်အောင် လတ်တီကျု လောင်ဂျီကျုတွေပေးပါ့မယ် ၊

ငဖဲမြို့ 20.064316,94.483881
ပန်းဒိန်ရွာကြီး 20.013839,94.517305
ငဖဲရေလှောင်တမံဆည်ကြီး 20.083382,94.419612
ဂူဂယ်မတ်မှ ဖုံးကွယ်ထားသောနေရာ 20.083382,94.419612

အဲဒီ ငဖဲ ဆိုတဲ့ မြို့လေးဟာ လူသူ အရောက်အပေါက် နဲတဲ့ မြို့လေးပါ ၊ ငဖဲမြို့တောင်ဖက်မှာ ပန်းဒိန်ဆိုတဲ့ ရွာကြီးရှိပါတယ် ၊ အဲဒီရွာကို ကိုရီးယား လူမျိုးတွေတောထဲကနေပြီး ဈေးလာလာဝယ်တတ်ပါတယ် ၊ ဆေးလာလာကုတတ်ပါတယ် ၊

ငဖဲမြို့ အနောက်မြောက်ယွန်းယွန်း ရခိုင်ရိုးမပေါ်မှာ ငဖဲဆည်ကြီးရှိပါတယ် ၊ အဲဒီဆည်ကနေ စိုက်ပျိုးရေးအတွက် ရေပေးဝေတာလည်း မတွေ့ရပါဘူး ၊ ဘာအတွက် အဲလောက်ကြီးတဲ့ ဆည်ဆောက်ထားရတာလဲ ၊ ဘာအတွက် အဲဒီရေတွေ အသင့်လုပ်ထားရတာလဲ

အလွန်သံသယရှိဖွယ်အနေအထားပါ ၊

ဂူဂယ်မတ်ကိုကြည့်တော့လည်း ငဖဲဆည်ကိုရိုက်ထားတဲ့ ကောင်းကင်မြေပုံဟာ မရှင်မလင်း အနေအထားပါ ၊ ဂူဂယ်ကို လာဘ်ထိုးပြီးတမင်လုပ်ထားတာလား စဉ်းစားစရာပါ ၊ အဲဒီတစ်ဝိုက်မှာ ကိုးရီးယားတွေ ကားကြီးကားငယ် အသွယ်သွယ်နဲ့ လျှို့ဝှက်စီမံကိန်းတွေ

လုပ်နေတာ ကြာပါပြီး ၊ ဒီကနေ့အထိလုပ်နေတုန်းပါ ၊

နောက် အဲဒီ ဆည်ကြီး နဲ့ ပန်းဒိန်ရွာ တောင်ပိုင်းနေရာတွေကိုလည်း ဂူဂယ်က ရိုက်ထားတဲ့ ကောင်ကင်ဓါတ်ပုံက အတော်ဝါးတားတား ဖြစ်နေပါတယ် ၊ ဒါ မဖြစ်သင့်ပါဘူး ၊

ဂူဂယ် နဲ့ ပတ်သတ်ပြီး သံသယရှိစရာတစ်ခုကို ပြောချင်ပါသေးတယ် ၊ နေပြည်တော် ပျဉ်းမနားနဲ့ ကပ်နေတဲ့ အောက်ပေါင်းလောင်းဆည်ကြီးကို ၂၀၁၀ နှစ်ကုန်ပိုင်းအထိ ဂူဂယ်မှာ ရှာမတွေ့နိုင်သေးပါဘူး ၊ ၂၀၁၁ သင်္ကြန်ကျော်လောက်ကမှ ဂူဂယ်မပ်မှာ အဲဒီ

အောက်ပေါင်းလောင်းဆည်ကြီးကို စတွေ့ခဲ့ရတာပါ ၊ အာဏာရှင်တွေဘက်က မရပ်တည်ပါနဲ့လို့ ဂူဂယ်မပ် ကိုပြောပါရစေ ၊

ရန်ကုန်ကနေ ငဖဲကို သွားမယ်ဆိုရင် လမ်း ၂ လမ်းရှိပါတယ် ၊ ပုသိမ်မုံရွာလမ်းကတော့ လူပြတ်တဲ့အတွက် ဘယ်သူမှ မသွားချင်ပါဘူး ၊ နောက်တစ်လမ်းက မကွေးဘက်က သွားရမှာပါ ၊ မကွေးမြို့ကိုလည်း ဦးသန်းရွှေလူရင်း တစ်ယောက်ဖြစ်တဲ့ ဖုန်းမော်ရွှေ

(ဘုန်းမော်ရွှေ) က ချုပ်ကိုင်ထားပါတယ် ၊ ဒီကနေ့အထိ ည ၉ နာရီကျော်ရင် မကွေးမှာ ဘယ်လက်ဘက်ရည်ဆိုင် မှာ ဖွင့်လို့မရပါဘူး ၊ ဘုန်းမော်ရွှေ နဲ့ မကွေးမြို့ခံ စိန်ဌေးဆိုသူ ပူးပေါင်းပြီး မကွေးမြို့ကို လက်ဝါးကြီးအုပ်ချယ်လှယ်နေတာ ဒီနေ့အထိလို့ကြားပါတယ် ၊

မကွေး အနောက်ဖက် မင်းဘူး အနောက်ဖက် မှာ ပဒံ ဆိုတဲ့ လမ်းဆုံရွာကလေးရှိပါတယ် ၊ အဲဒီမှာလည်း ကျောက်ဖြူကူမင်း ပိုက်လိုင်း တစ်ထောက်နားရာ စခန်းကြီး အကြီးကြီး တစ်ခုရှိပါတယ် ၊ တရုတ်လူမျိုးတွေ အများကြီးရှိတဲ့နေရာပါ ၊ အဲဒီ မင်းဘူးနယ် တစ်ဝိုက်က

ရေနံတွင်းတွေ နဲ့ ကျောက်မီးသွေးတွင်းတွေ ကိုလည်း အဲဒီ စိန်ဌေးဆိုသူကပဲ ပါမစ်ရ ချယ်လှယ်နေတယ်လို့ကြားပါတယ် ၊

ငဖဲဆည်က ရေတွေဟာ ဦးသန်းရွှေရဲ့ လျို့ဝှက်နျူကလီယား စီမံကိန်းအတွက် အသုံးပြုနေတယ်ဆိုတာ သေချာပါတယ် ၊ ငဖဲဆည် တစ်ဝိုက်မိုင် ၃၀ အတွင်းမှာ မြေအောက် နျူကလီးယား စီမံကိန်းတစ်ခုရှိရပါမယ် ၊ အဲဒီ စီမံကိန်းက ယူရေနီယမ်ကို ပလူတိုနီယမ်

ပြောင်းပစ်တဲ့ စီမံကိန်းပါ ၊ ဆည်ကရေတွေကို ယူရေနီယမ်က ပလူတိုနီယမ်ပြောင်းဖို့ နျုထွန်ဖျူးရှင်းနည်းမှာ အပူလျှော့ဖို့ သုံးနေတာပါ ၊

ဦးသန်းရွှေလက်ထဲကို နျူကလီယားဗုံးရောက်သွားတာဟာ လူသားတစ်မျိုးနွယ်လုံးအတွက်ပါ စိုးရိမ်စရာပါ ၊ ဒီသတင်းကို အခြေပြုပြီး အားလုံး ဆက်လက်ဝိုင်ဝန်းဖော်ထုတ် တားဆီးပေးကြပါ ၊

(နေပြည်တော် သတင်းရပ်ဝန်းမှ ပေးပို့လားသော အထူးသတင်းဖြစ်သည်)


လက်ပံတောင်းတောင်ဒေသ ကံကုန်းရွာအဆိပ်သင့်

လက်ပံတောင်းတောင်ဒေသ ကံကုန်းရွာရှိမြေကြီးများ အဆိပ်သင့်နေ ၊ ဆက်စပ်၍လူသေဆုံးမှုနှုန်းများလည်း မြင့်တက်လျှက်ရှိနေ
(နေပြည်တော်သတင်း)

မုံရွာတစ်ဖက်ကမ်း လက်ပံတောင်းတောင်ဒေသ ကံကုန်းရွာရှိမြေကြီးများ အဆိပ်သင့်နေပြီး ၄င်းနှင့်ဆက်စပ်၍လူသေဆုံးမှုနှုန်းများလည်း မြင့်တက်လျှက်ရှိနေကြောင်း နေပြည်တော်သတင်းရပ်ဝန်းမှ သတင်းပေးပို့လာပါတယ် ၊

သဘာဝပတ်ဝန်းကျင် ပညာရှင် ဦးဝင်းမျိုးသူရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်မှ ရေးသားချက်များ ထွက်ပေါ်လာပြီး မရှေးမနှောင်းမှာပဲ နေပြည်တော်မှ သတင်းပေးပို့လာတာဖြစ်ပါတယ် ၊

ကံကုန်းရွာကို အခြေပြုတည်ဆောက်ထားတဲ့ ဆာလဖျူရစ်အက်ဆစ်ထုတ်လုပ်တဲ့စက်ရုံမှ စွန့်ပစ်ပစ္စည်းများ ပတ်ဝန်းကျင်ရှိ လယ်ယာမြေများတွင် စွန့်ပစ်နေမှု နဲ့ ချင်းတွင်းမြစ်အတွင်း စွန့်ပစ်နေမှု များကနေ ဆိုးကျိုးအကျိုးဆက်အဖြစ် ထွက်ပေါ်လာခြင်းဖြစ်ပါတယ် ၊

ကံကုန်းရွာ ပတ်ဝန်းကျင်ရှိ မြေကြီးများကို နမူနာယူ ဓါတ်ခွဲစမ်းသပ်မှုရလာဒ်အရ ကံကုန်းရွာနဲ့ ပတ်ဝန်းကျင်ဒေသရှိ မြေကြီးများဟာ အဆိပ်သင့်လျှက်ရှိနေပြီး လူမနေသင့်တော့တဲ့ နေရာများအဖြစ် သတ်မှတ်ရန်သာရှိပါတော့တယ် ၊

လေထုအထဲမှာလည်း ဆာလဖျူရစ်အက်ဆစ် အနံ့များကြောင်း အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများ ဖြစ်ပွားလျှက်ရှိနေပြီး ကံကုန်းရွာရဲ့ လူသေဆုံးမှုဟာ လူတစ်သိန်းမှာ ၈၀၀ (လူရှစ်ရာ) နှုန်းနဲ့ သေဆုံးမှုနှုန်းရှိလာပြီဖြစ်ပြီး ဆက်လက်ပြီး သေဆုံးမှုပမာဏ

မြင့်တက်လာခြေရှိတယ်လို့လည်း သတင်းရရှိပါတယ် ၊

ကံကုန်းရွာ အပါအဝင် လက်ပံတောင်းတောင်ဒေသတစ်ခုလုံးကို စစ်ဆေးမှုများ အလျှင်အမြန်ဆောင်ရွက်သွားဖို့ ပညာရှင် ဦးဝင်းမျိုးသူက ဆော်သြထားတယ်လို့လည်း သိရပါတယ် ၊

လက်ပံတောင်းတောင် ဒေသ နဲ့ ပတ်သတ်လို့ ဂူဂယ်မပ်မှာ ရှာကြည်ံနိုင်ပါတယ် ၊

လွမ်းမောဖွယ် လက်ပံတောင်းတောင်ဒေသ 22.07355,95.095539

ပထဝီကနေ သမိုင်းဖြစ်သွားသော ယခင်ကြေးစင်တောင် စပါယ်တောင် ယခု ကြေးနီထုတ်နေသောတွင်းနက်ကြီးများ 22.129672,95.040847

လက်ပံတောင်းတောင်မှာ ကြေးနီထုတ်ဖို့ တောင်ဖြိုနေသောနေရာ 22.083579,95.097779

အဆိပ်သင့်နေသော ကံကုန်းရွာ 22.130092,95.071256

လယ်တီဆရာတော်ကြီး သီတင်းသုံးခဲ့သော သမိုင်းဝင် သိမ်တော်၏ လက်ရှိ စိတ်မချမ်းမြေ့ဖွယ် အနေအထား 22.076903,95.093426

လက်ပံတောင်းတောင်ဒေသ ဝမ်ပေါင်ရုံးခွဲ နေရာ 22.091244,95.074449

တောင်ဖြိုမြေကြီးများ စုပုံရာနေရာများ 22.077289,95.074639 22.088901,95.098121

လက်ပံတောင်းတောင်ကြီးကို လောဘဇောတိုက်နေသူတွေရဲ့ လက်ထဲက ကယ်တင်ဖို့ လူတိုင်းမှာ မွေးရာပါ တာဝန်ရှိပါသည် ၊

(နေပြည်တော် သတင်းရပ်ဝန်းမှ ပေးပို့လာသော သတင်းဖြစ်သည်)

ရာဘာတုတ်များနှင့်ကကကြည်း က တပ်မြို့ စည်ပင်သာယာရေး အဖွဲ့ရုံး က ဆိုသူများ၊

ခြေဥကို အတူ ညီညာပြောင်းလဲနိုင်မှ



မိချောင်းကန်သပိတ်စခန်း ဖြိုခွင်းဖွယ်ရှိ

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် မိချောင်းကန် သပိတ်စခန်းတွင် ဒီဇင်ဘာလ ၇ ရက်နေ့က "တပ်စည်ပင်" အမည်ခံလူစုနှင့် မြေသိမ်းခံ သပိတ်မှောက်သူများကြား ပဋိပက္ခဖြစ်ပွားကာ ဒဏ်ရာရရှိသူ တချို့ရှိခဲ့သည်။ နေ့လည်ပိုင်းတွင် "တပ်စည်ပင်"မှ မြဇံရာအေးစေတီဝင်း အတွင်း ခြံခတ်ရာ မဖယ်ပေးသည့်သပိတ်မှောက်သူများကို သွပ်ပြားများဖြင့်တွန်းကာ ခြံခတ်ရာမှ သပိတ်မှောက်သူများ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ အမျိုးသမီး ၇ ဦးဒဏ်ရာရရှိပြီး သတိ လစ်မေ့မြောသွားသူတစ်ဦး၊ လက်ကြိုးသူတစ်ဦး၊ သွပ်ပြားပွန်းရှဒဏ်ရာရရှိသူ ၅ ဦးတို့ဖြစ်ကာ အချို့မှာ ည ၇ နာရီခန့်တွင် သင်္ဃန်းကျွန်းပြည့်သူဆေးရုံကြီးမှ ပြန်လည်ဆင်းလာခဲ့ပြီးဖြစ်သည်။

သပိတ်မှောက်သူများမှာ မြဇံရာအေးစေတီအတွင်းရှိ အိမ်သာကိုပင် အသုံးပြုနေရသည်ကို ယခုအခါ "တပ်စည်ပင်"အမည်ခံလူစုမှ ထိုတံခါးကို သော့ခတ်ကာ ပိတ်ဆို့လိုက်ပြီဖြစ် သည်။ တောင်းဆိုမှုကြောင့် ငါးယောက်တစ်တွဲသာ အိမ်သာအသုံးပြုခွင့်ပေးခဲ့သည်။ ည ၇ နာရီခန့်တွင်ပင် စစ်တပ် အင်အား သုံးဆယ်ကျော်ခန့်မှာ မြဇံရာအေးစေတီအတွင်း သို့ ခြံဝင်း အနောက်ဘက်မှ ပတ်ဝင်လာခဲ့ပြီး အထဲတွင် မူလကတည်းကရှိနေသည့် "တပ်စည်ပင်"အမည်ခံ လူစုနှင့် ပူးပေါင်း နေရာယူထားသည်။
Irrawady


၃ နှစ်ကြာမှပေါက်တဲ့အစို့၊ တော်တော်မာတဲ့ အစေ့



ဒီမို ဖက်တီး
၃ နှစ်ကြာမှ အစို့ပဲ ပေါက်သေးတယ်ဆိုတော့ တော်တော်မာတဲ့ အစေ့ပဲ ။ အပွင့် ပန်ဖို့ဆိုရင် အနှစ် ၃၀ စောင့်ရမယ် ။ အသီးစားဖို့ဆိုရင် အနှစ် ၇၀ ၊ အရိပ်ရဖို့ဆိုရင် အနှစ် ၁၀၀ ကျော် စောင့်ရမယ့် ပုံပဲ ။

သမ္မဂ ဂျာနယ်

ရာဇ၀င်အိုးနှင့် မိချောင်းကန် ရှင်းတမ်း


Maha Mingyi

    အားလုံးသိပြီးဖြစ်မည်မဟုတ်သော်လည်း စစ်အာဏာရှင်ကြီး၏ တိုင်းပြည်အပေါ် စေတနာထားပုံကလေးအား စာတိုတိုနှင့် ထောက်ပြချင်သည်။
    အနားပေးခံရသော ယခင်စီးပွါးရေးဝန်ကြီးလုပ်ခဲ့သူ ဗိုလ်ချုပ်ဇော်ထွန်းက စာရေးသူအားပြောပြဘူးသည်။ “တပ်မတော်အစိုးရမှ နိုင်ငံတော် ငြိမ်းချမ်းသာယာရေးနှင့် စီးပွါးရေး ဖွံ့ဖြိုးတိုးတက်ရေး ဆိုသော ခေါင်စဉ်နဲ့ အကောင်ထည်ဖေါ် အနစ်နာခံလိုက်လုပ်ပေးတာကို နေတိုင်း ရုပ်မြင်သံကြားက လွှင့်ပေးနေတာကို မသိကြဘူးလား “ဟု ဗိုလ်ချုပ်မှုကြီး သန်းရွှေမှ ၁၉၉၇ မေလ ၀န်ကြီးများ အစည်းဝေးတွင် စီးပွားရေးဝန်ကြီး အဆိုပါ ဗိုလ်ချုပ်ဇော်ထွန်းအားမေးခဲ့သည်။ ဗိုလ်ချုပ်ဇော်ထွန်းမှ ဟုတ်ကဲပါ ဗိုလ်ချုပ်ကြီး…ကျနော် အရပ်ဝတ်နဲ့ ရပ်ကွက်တွေ လမ်းချိုလမ်းကြားလေးတွေထဲကို လေးကြိမ်ထက်မနည်း သွားကြည့်လေ့လာဘူးပါတယ်။ အဲဒီရပ်ကွက်တွေက မြန်မာ့ရုပ်မြင်သံကြားက ထုတ်လွှင့်တဲ့ သတင်းအစီစဉ်တွေကို မကြည့်ကြပါဘူး…သူတို့က သတင်းပြီးလို့ တင်ဆက်လာမယ့် ပေါင်ချိန်တို့ ကျန်ကျောင်းတို့ ဇာတ်ကား ပြသချိန်လောက်မှပဲ အားသွင်းပြီးယူလာတဲ့ ဘက်ထ္တရီကို ချိပ်ပြီး ရုပ်ရှင် ဇာတ်လမ်းကိုပဲ ကြည့်ကြတာပါ” ဟု ဖြစ်ရပ် အခြေနေမှန်ကို ပြောသောအခါ စစ်အာဏာရှင်မှ ချက်ခြင်းပင် “ကဲ..ဒါဆို ဘယ်ရပ်ကွက်လဲ အသေချာပြောစမ်းကွာ …ဗိုလ်ခင်ညွန့်တို့ ထောက်….ရေး အဖွဲ့တွေ မသိကြဘူးလား?...အဲဒီလို နားမလည်တဲ့ လူတန်းစား တွေ နေတဲ့ရပ်ကွက်တွေ မြို့ပေါ်မှာ မထားနဲ့ ချက်ခြင်း ဖျက်ပြီး မြို့ပြင်ထုတ်လိုက်ကွာ” ဟု ဆင်ချင်မဲ့ ဒေါသဖြင့် ပြောဆိုလေသည်။ ထိုနောက် ဗိုလ်ချုပ်ဇော်ထွန်းမှ မိမိတင်ပြချက်သည် လက် ရှိ ပြည်သူတို့ ဘ၀နှင့် ကိုက်ညီသော်လည်း တင်သွင်းမှုပုံစံ အမှားယွင်းကြောင့် ရပ်ကွက် တော်တော်များ ထပ်မံ အကြမ်းဖက် ဖျက်ဆီးခံရပြီး မြို့ပြင်ထုတ်ခံခဲ့ကြရကာ ဗိုလ်ချုပ်ဇော်ထွန်းလဲ ရာထူးမှ မကြာခင်မှာပင် ဖြုတ်ဖယ်ခံရခဲ့လေ၏။ (ဖြစ်ရပ်မှန်ဖြစ်ပါသည်)

    (နောက်ခံသမိုင်း အကျဉ်း)

    ယခုမိချောင်းကန် ကိစ္စ စာရေးသူတင်ပြရတော့မည်။ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် မိချောင်းကန်ရပ်ကွက် (၃) ခုရှိခဲ့သည်။ အဆိုပါရပ်ကွက်သည် ၁၉၀၇ ခုနှစ် မြန်မာတပ်မတော် ထူထောင်ထားသေးခြင်း မရှိသည့် ကာလကပင် တည်ရှိအစပျိုးခဲ့သော ရပ်ကွက်ဖြစ်ကြောင်း မိကျောင်းကန် ရပ်ကွက် အပိုင်း၃ တွင် နေထိုင်ဘူးခဲ့သည် ယခု ကြံခိုင်ရေး အမတ်ကြီး ဦးအောင်သိန်းလင်း ကိုယ်တိုင် သိလေသည်။
    မိချောင်းကန် ရပ်ကွက်တည်ပြီးနောက်မှ ၁၉၆၈ ခုနှစ်တွင် မြို့ပတ်ရထားလမ်းအား အဆိုပါ ရပ်ကွက် သုံးခု၏ အနောက်မှ ဖေါက်လုပ်လာသော မြို့ပြလမ်းပမ်းဆက်သွယ်ရေးတခု ဖြစ်ပေါ်ခဲ့သည်။ ၁၉၆၉ ခုနှစ် မှပင် မိချောင်းကန် ရပ်ကွက်၏ တဖက်မှ ပြည်သာယာ ဘောက်ထော်ရပ်ကွက်အားတည်ဆောက်ပြီးနောက် တပ်မတော် မှတ်တမ်းရုံး အား အုပ်မြစ်ချ တည်ဆောက်လာလေသည်။
    မိချောင်းကန်ရပ်ကွက်သည် ယခင် အင်္ဂလိပ်အစိုးရနှင့် ဖက်ဆစ်တော်လှန်ရေးသမားများ သွားရောက်ကိုယ်ရောင်ဖျောက် ပုန်းခိုကြသော မြို့စွန် ရပ်ကွက် တခုဖြစ်ပြီး လွတ်လပ်ရေးရပြီးနောက်ပိုင်း အဆိုပါ တော်လှန်ရေးသမားများ၏ ဆွေမျိုးများ အနွယ်တော်များထပ်မံ ရောက်ရှိလာကာ တဖြေးဖြေး ကျယ်ပြန့်လာသော ရပ်ကွက်ကြီး တခု ဖြစ်လာရကာ မိချောင်းကန် ရပ်ကွက်သည် ၁၉၈၈ လူထုအုံကြွမှု အရေးတော်ပုံတွင် ကျောင်းသားခေါင်းဆောင်များ လူငယ်ခေါင်းဆောင်များ ထုထည်အုံနှင့် အင်းနှင့် မြန်မြန်ဆန်ဆန်ပင် ပေါ်ထွက်လာပြီးနောက် မြေပေါ်နိုင်ငံရေးနှင့် တောတွင်းလက်နက်ကိုင်နိုင်ငံရေးတို့အား နှစ်ဖက်ခွဲကာ အင်တိုက်အားတိုက် ဒီမိုကရေစီနှင့် လူ့အခွင့်ရေးတို့ အတွက် မိမိတို့ ရရာနေရာမှ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ကြခြင်းကြောင့် စစ်အာဏာသိမ်းပြီးနောက် မိချောင်းကန် ရပ်ကွက်သားအားလုံးတို့သည် စစ်ဖိနပ်အောက်တွင် မလူးသာ မလွန့်သာ နေခဲ့ကြရပြန်သည်။
    ၁၉၉၀ ရွေးကောက်ပွဲကာလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား မဲအပြတ်သတ်အောင်နိုင်ရေးအား စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြပြီး ရပ်ကွက်နေသူရပ်ကွက်သားများအားလုံး ပယ်မဲ လွဲမဲ တပြားတချပ်မှ မရှိပဲ အမျိုးသားဒီမိုကရေ အဖွဲ့ချုပ်အား ကြက်သီးထခမန်း ပုံအော မဲထည့်ခဲ့ကြသော ဆန္ဒကို ယနေ့ ပြည်သူ့လွှတ်တော် ကိုယ်စာလှယ်ကြီး ဦးသိန်းညွန့်ကိုယ်တိုင် နဖူးတွေ့ဒူးတွေ့ကြုံဖူးခဲ့လေသည်။
    ထိုနောက် ၁၉၉၀ ခုနှစ် ဂျူလိုင်လ (၆)ရက်တွင် အာဏာသိမ်းစစ်တပ်၏ တွင်း(၁) တွင်း(၂) ဟုခေါ်သော ဗိုလ်ချုပ်ခင်ညွန့်နှင့် ရဟတ်ယာဉ်ဖျက်ချလုပ်ကြံခံရပြီး သေဆုံးသူ ဗိုလ်ချုပ်တင်ဦးတို့ ဝေစယန္တာ လမ်းမတလျောက်သို့ ကြည့်ရှု့ကြရင်း မိချောင်းကန် ရပ်ကွက်၏ ထိပ်တွင် ကြီးကြီးမားမား ထီးထီးကြီးပင်ရှိနေသော အမြဲတမ်း လူစည်ကားနေသည့် (လူ့ဘောင်သစ်ဒီမိုခရက်တစ်ပါတီ) ဆိုင်းဘုတ်ကြီးအား မြင်တွေကြရပြီး ဗိုလ်ချုပ်ခင်ညွန့်မှ “ ဒါက ဘာရပ်ကွက်လဲကွ ?”..ဟု သူ၏ ပီအေအား မေးမြန်းလေသည်။ သူ၏ ပီအေမှ” မိချောင်းကန် အပိုင်း(၁) နှင့် အပိုင်း(၂)ဆက်စပ်နေတဲ့ နေရာပါ အဘ” ဟု ပြောလေသည်။ ထိုနောက် ၄င်းပီအေမှပဲ “ဒီရပ်ကွက်က ကျောင်းသားခေါင်းဆောင် ယခု တောခိုသွားသူ မိုးသီးဇွန်နှင့် လူ့ဘောင်သစ် လက်ရှိဥက္ကဌ သက်ထွန်းတို့ က ဒီရပ်ကွက်ထဲကပဲ၊ ဒီရပ်ကွက်က တော်တော်ကြီးကို ဟိုကုလားမ ပါတီအားထောက်ခံတဲ့ ရပ်ကွက် “ဟု ဆိုပြန်ပါသည်။
    ထိုနောက် ဗိုလ်ခင်ညွန့်မှ ဗိုလ်ချုပ် တင်ဦးရှေ့မှာပင် “ဒီရပ်ကွက် မမြင်ချင်ဘူး “ ပြောဆိုပြီး ၄င်းတို့နောက်တွင် ပါလာသော မှတ်တမ်းရေးရာ ဗိုလ်မှူးမှ လိုက်လံ ရေးမှတ်ပြီး အဆိုပါ ဗိုလ်ချုပ်နှစ်ဦးနှင့်အဖွဲ့ ချက်ခြင်းပင် ထွက်ခွာသွားကြလေသည်။
    မကြာလိုက်ပါ ရပ်ကွက်ရွေ့ပြောင်းရန် အမိန့်များ အိမ်တိုင်ယာရောက် ပို့ဆောင်လာပြီး သတ်မှတ်ထားသော နေ့ရက်အချိန်တွသ် ဖျက်သိမ်းထွက်ခွာရန် ရာဇသံရောက်လာလေခဲ့ပြီး မိချောင်းကန်ရပ်ကွက်သူ ရပ်ကွက်သားများ ဆက်လက်အံတင်းရန် အမျိုးမျိုးကြိုးစားကြသော်လဲ အကြင်နာမဲ့သော ကျားတို့၏ ချေစုံအောက်တွင် ရောက်နေသော သားကောင်များပမာ အဓမ္မ ဖျက်ဆီး ခံခဲ့ကြရလေသည်။
    ယခုပြသနာဖြစ်နေသော အကြောင်းကိစ္စအား ပြန်လည်ရှင်းလင်းရပါမူ မြန်မာ့တပ်မတော် ထူထောင်ခြင်းမရှိသေးသော ကာလကပင် ဖြစ်တည်နေသောရပ်ကွက်တည်ရှိမှုအား အခုမှ အဘယ်ကြောင့် တပ်ပိုင်မြေဖြစ်သွားရသနည်းကို မေးခွန်းထုတ်ရလေမည်။
    တပ်က မည်သို့သော ပုံစံ စနစ် ဥပဒေအရသာ မြေပိုင်ဆိုင်ခွင့်ရှိမရှိကို တပ်မတော် အရာရှိများနှင့် ဥပဒေ ပညာရှင်များက ပိုပြီးနားလည်ကြပေမည်။
    လက်ရှိဖြစ်ပေါ်နေသော အခြေနေအား သမိုင်းကြောင်းဖြစ်ပေါ်တည်ရှိမှုနှင့် တန်တူညီမျှမှု စံနုံန်းအရ ဥပဒေဘောင်မှ စနစ်တကျ ဖြေရှင်းခြင်း မပြုကြပဲ အာဏာပိုင်များဘက်မှ လူဆိုးလူမိုက်များဖြင့် လက်ရှိ ဆုံးရှုံးနေသော လူ့အခွင့်ရေးအား ငြိမ်းချမ်းစွာ တောင်းဆိုနေကြသည့် မိချောင်းကန် ပြည်သူများအပေါ် ဒုတ်ဓားလက်နက် ဖြင့် အကြမ်းဖက် ကိုင်တွယ်ဖြေရှင်းသော လက်ရှိ အစိုးရ၏ မူဝါဒနှင့် လုပ်ကိုင်ဆောင်ရွက်မှုတို့သည် နောင်အနာဂတ်အတွက် တိုင်းပြည်နှင့် ဒေသအသီးသီးမှ လူတဦးချင်း၏ တည်ငြိမ်လုံခြုံမှုအား ချိမ်းချောက် လုယက် အကြမ်းဖက်နေသော ကာလတခုအား ဖန်းတီး အုပ်ချုပ်သော အစိုးရတရပ်ဟုသာ သမိုင်းစာမျက်နှာပေါ်တွင် ထင်ရှားပေါ်လွင်နေပါမည်ဖြစ်ကြောင်းတင်ပြရင်း…..ကောင်းမွန်သောအစိုးရ ၊ သန့်ရှင်းသော အစိုးရ ဖြစ်လာစေရန် အတွေးခေါ်ကောင်းများ နားလည် ကျင့်သုံးနိုင်သော အာဏာပိုင် များ အဖြစ်သို့ ဦးတည်သွားနိုင်ကြရန် ရည်ရွယ်လျက်ပါ…………

    ကျေးဇူးတင်ပါသည်
    ဂိုလ်ရှယ်လေး

ဟန်ပြအပြောင်းအလဲလော(တပ်စည်ပင်တံဆိပ်များပါသည့် သူများက အကြမ်းဖက် ဝင်ရောက်ရိုက်နှက်)



၁၉၉၂ခုနှစ်ခန့်ကပင် တပ်မတော် အင်ဂျင်နီယာတပ်ရင်းက သိမ်းယူထားသည့် သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန်ရပ်ကွက်မြေနေရာများ ပြန်လည်ရလိုသောကြောင့် သပိတ်စခန်းဖွင့်ကာ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသူ မူလပိုင်ရှင် အမျိုးသမီးကြီးများကို တပ်စည်ပင်တံဆိပ်များပါသည့် အပေါ်ဂျာကင် ဂျိုင်းပြတ်အနက်ရောင် တူညီဝတ်စုံဝတ်ဆင်ထားသူများက အကြမ်းဖက် ဝင်ရောက်ရိုက်နှက်ခဲ့ကြသည်။

ထိုသို့ အကြမ်းဖက်ရိုက်နှက်ခဲ့သောကြောင့် ဆန္ဒထုတ်ဖော်နေသူ အမျိုးသမီး ဆယ်ဦးကျော် ဒဏ်ရာရရှိခဲ့ပြီး သင်္ဃန်းကျွန်း စံပြဆေးရုံကြီးသို့ တင်ပို့ ကုသခဲ့ရသည်အထိ အခြေအနေတင်းမာသွားခဲ့သည်။

၂၀၀၇ခုနှစ် သံဃာတော်များဆန္ဒပြမှုနောက်ပိုင်း ပဋိပက္ခများ၊ အထိကရုဏ်များကို ပြည်သူ့ရဲတစ်ဖြစ်လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ အထိကရုဏ်းနှိမ်နင်းရေး တပ်ဖွဲ့များဖြင့် နှိမ်နင်းလာခဲ့ရာ လူ့အခွင့်အရေးကိုအခြေခံကာ နိုင်ငံတကာက လက်ခံထားသည့် အထိကရုဏ်းနှိမ်နင်းသည့်ပုံစံမျိုးမဟုတ်သည့်အတွက် ဝေဖန်မှုများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။

ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် သံဃာတော်များကို ရက်စက်စွာ အကြမ်းဖက် ရိုက်နှက်ခြင်း၊ ညအချိန်မတော်တွင် သံဃာတော်များ သီတင်းသုံးရာ ကျောင်းတိုက်အတွင်း အလစ်အငိုက် ဝင်စီးကာ အကြမ်းဖက် တိုက်ခိုက်ခြင်း၊ လာရောက်ကြည့်ရှုသော လူအုပ်အတွင်း သေနပ်ဖြင့် ပစ်ခတ်ခဲ့ခြင်းမှာ တပ်မတော်အစိုးရ တစ်နည်းအားဖြင့် စစ်အစိုးရလက်ထက်တွင် ဖြစ်နေသောကြောင့် များစွာ စောဒကတက်စရာမရှိပေ။

သို့သော် ပြည်သူလူထုက ရွေးချယ်တင်မြှောက်သော ပြည်သူ့ကိုယ်စားလှယ်များက ရွေးချယ်တင်မြှောက်ထားသည့် သမ္မတဦးဆောင်သော အရပ်သားအစိုးရလက်ထက် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အကောင်အထည်ဖော်နေပါသည်ဟု တိုင်းသိ၊ ပြည်သိ၊ ကမ္ဘာသိ ထုတ်ဖော်ကြေညာထားသော ကာလမျိုးတွင် ဖြစ်ပေါ်လာသော အကြမ်းဖက်မှုများကို နှိမ်နင်းဖြေရှင်းရာတွင် ယခင်စနစ်ဆိုးအတိုင်းရှိနေခြင်းမှာ မေးခွန်းထုတ်စရာကောင်းလှသည်။

လက်ပံတောင်းတောင်ဒေသ ဆန္ဒပြသူ သံဃာတော်များ၏ သပိတ်စခန်းကိုလည်း ညအချိန်မတော် သူပုန်စခန်းဝင်စီးသကဲ့သို့ အလစ်ဖမ်း တိုက်ခိုက်သည့်အပြင် မီးလောင်စေတတ်သော လက်နက်များ အသုံးပြုခဲ့ခြင်း၊ ရန်ကုန်မြို့တော် ၊ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းဘေးရှိ အလှစိုက်ပန်းပျိုးပင်ရောင်းချသူများကိုလည်း ညအချိန်မတော်တွင် ထွက်ပေါက်ပိတ် အကြမ်းဖက်တိုက်ခိုက်ခြင်း၊ ယခုလတ်တလော မိကျောင်းကန်မြေအရေး ဆန္ဒပြသူများကိုလည်း ထပ်မံ အကြမ်းဖက် ဖြိုခွင်းလာခြင်းတို့မှာ အပြောနှင့် အလုပ် ညီပါ၏လောဟု မေးစရာရှိပေသည်။

ပြည်ထဲရေးဝန်ကြီးဌာနဖြစ်စေ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရဖြစ်စေ၊ ကာကွယ်ရေးဝန်ကြီးဌာနဖြစ်စေ ယနေ့အချိန်အထိ ပြည်သူလူထုက အစိုးရဟုသာ တစ်ပေါင်းတစ်စည်းတည်း မှတ်ယူထားခံရသူများအနေနှင့် ဖြစ်ပေါ်လာသော အကြမ်းဖက်မှုများကို ဒီမိုကရေစီစံနှုန်းများနှင့် အညီ တာဝန်ယူဖြေရှင်းပေးရန် တာဝန်ရှိပေသည်။ အကြမ်းဖက်နှိမ်နင်းမှုများကြောင့် ဖြစ်ပေါ်လာမည့် ဖျောက်ဖျက်မရသည့် နောက်ဆက်တွဲပြဿနာများကိုလည်း အကြမ်းဖက်နှိမ်နင်းရန် အမိန့်ပေးစေခိုင်းသူများကို ကိုယ်စားပြုသော အဖွဲ့အစည်း သို့မဟုတ် အစိုးရက တာန်ယူရမည်ဖြစ်သည်။

ပြီးခဲ့သော ကာလများအတွင်း မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့ကြီးများတွင် ဘာသာရေးအရေခြုံ လူတစ်စုက ရည်ရွယ်ချက်ရှိရှိ စနစ်တကျ ကျူးလွန်ခဲ့သော လူသတ်၊ မီးရှို့၊ လုယက်၊ အကြမ်းဖက်လုပ်ရပ်များကိုမူ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသူများနှင့်မတူ ကွဲပြားစွာ ထိန်းသိမ်းသော ပြည်ထဲရေးဝန်ကြီးဌာန၏ အပြုအမူမှာ များစွာသံသယဖြစ်စရာကောင်းကြောင်း ဝေဖန်သုံးသပ်မှုများ ကျယ်လောင်စွာ ထွက်ပေါ်လျှက်ရှိသည်။

အင်အားသုံးကာ အကြမ်းဖက်နှိမ်နင်းမှုများ၏ နောက်ကွယ်တွင် အများပြည်သူအား ပွင့်လင်းစွာ မထုတ်ပြန်ရဲသော ကြီးမားသည့် အကျိုးစီးပွားများ ပါဝင်ပတ်သက်နေသလောဟူ၍လည်း မေးခွန်းထုတ်စရာရှိပေသည်။ လက်ရှိဆန္ဒပြနေသော မိကျောင်းကန်မြေနေရာများမှာ နိုင်ငံခြားကုမ္ပဏီတစ်ခုထံ နှစ်ရှည်ငှားရမ်းရောင်းချထားကြောင်း အတည်မပြုရသေးသည့် သတင်းများလည်း ထွက်ပေါ်လျှက်ရှိရာ ယခုကဲ့သို့ အင်အားသုံးကာ ဇွတ်အတင်းအကြမ်းဖက် နှိမ်နင်းခြင်းက ထိုသတင်းမှန်ကန်ကြောင်း သက်သေပြသကဲ့သို့ ရှိပေမည်။

မြန်မာနိုင်ငံသာမက ကမ္ဘာတစ်ဝန်းလုံး ဒီမိုကရေစီလူ့ဘောင်တစ်ရပ်ဆီသို့ ဦးတည်စပြုနေသောကာလမျိုးတွင် ဤသို့သော အရေးကိစ္စမျိုးကို ငြိမ်းချမ်းသောနည်းလမ်းဖြင့် စေ့စပ်ညှိနှိုင်းဖြေရှင်းခြင်းဖြင့် ရှည့်လည်းလျှောက်သာ ပျားလည်းစွဲသာ အခြေအနေမျိုး ဖန်တီးသင့်သော်လည်း ယခင်နည်းလမ်းဟောင်းများအတိုင်းသာ ဖြေရှင်းနေပါက လက်ရှိအပြောင်းအလဲသည် အစစ်အမှန်မဟုတ်ပဲ ဟန်ပြသက်သက်ဖြင့် ပြည်သူလူထုနှင့် နိုင်ငံတကာကို လိမ်ညာနေခြင်းဟု သံသယကြီးစွာ စွပ်စွဲပြောဆိုနေသူများ မှန်ကန်ကြောင်း လက်တွေ့လုပ်ရပ်များဖြင့် သက်သေပြသကဲ့သို့ ဖြစ်နေမည်ကို အထူးသတိချပ်သင့်ပေသည်။

အယ်ဒီတာ(၈-၁၂-၂၀၁၃)
Kyaw Min Swe
Photo From :Mizzima - News in Burmese