Monday, December 9, 2013

လူတွေဆိုရင် လူလို သိပါစေ



Mungdung La Wawhkyung

ဂုတ်သွေး စုပ်တယ်ဆိုတာ တင်စားပြောတဲ့ အသုံးအနှုန်း မဟုတ်ပါဘူး ။ တကယ့် ပကတိ ဖြစ်ရပ်ကို ပြောတာပါ ။ လတ်တလော လွယ်လွယ် သိမြင်နိုင်တဲ့ ဂုတ်သွေးစုပ်တဲ့ ဥပမာကို သိချင်ရင် လက်ပံတောင်းတောင် အရပ်ကို ကြည့်လိုက်ပါ ။ မိကျောင်းကန်ကို ကြည့်လိုက်ပါ ။

လက်ပံတောင်းတောင် အရပ်မှာ လူတွေ ပါးပါးလှီး ခံနေရတယ် ။ အဆိပ်သင့် နေတယ် ။ လယ်ဆုံး မြေဆုံး လူညွန့်တုံး လုံးပါးပါး နေတယ် ။ သူတို့ရဲ့ အသွေး အသားတွေကို အုပ်စိုးသူ လူတန်းစားက ဘီယာ အရက် ယမကာနဲ့ မြည်းစား ပစ်နေတယ် ။ လူတစု မြူးထူး ပျော်ပါးဖို့ လူထုရဲ့ အညွန့်ကို အရသာရှိရှိ ခူးစားနေတယ် ။

မိကျောင်းကန်မှာ မြေဆုံး လူတွေလည်း ဘ၀တုံး နေရတယ် ။ အုပ်စိုးသူ စစ်တပ် အသိုင်းအ၀ိုင်း ပျော်ပါး သောက်စားနိုင်ဖို့ မူလ မြေပိုင်ရှင်တွေရဲ့ မိသားစုတွေ ဘဝတွေ ကြွေပြုန်း ပျက်စီးပေးနေ ရတယ် ။

တိုင်ပြည်ကို အုပ်ချုပ်တာဟာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် ဘဝတွေကို လုံခြုံ ကာကွယ် ပေးဖို့ပဲ ဖြစ်တယ် ။ တိုင်းပြည်ကို အုပ်ချုပ်တာဟာ ပြည်သူလူထုတွေကို မတရား ဖိနှိပ်ချုပ်ချယ်ဖို့ မဟုတ်ဘူး ။ ထမင်းစားပြီး ကြီးလာတာဆိုရင် ခင်ဗျာတို့ စစ်အာဏာရှင်တွေ စဉ်းစား သုံးသပ် နေရမယ် ။ အခုတော့ ဗျာ ခင်ဗျားတို့ လုပ်ပုံတွေက ချီးစားပြီး ကြီးလာတဲ့ ပုံပဲ ။

တိုင်းရင်းသား အရေး ၊ လက်ပံတောင်းတောင် အရေး ၊ မိကျောင်းကန် အရေး ဘယ် အရေးမှ မဖြေရှင်း နိုင်ဘူး ။ ပြသနာတွေဟာ လျော့သွားတာဆိုတာ မရှိဘူး ။ တိုးလာတာပဲ ရှိတယ် ။ ပြည်သူလူထုက မတရား ဖိနှိပ် ခေါင်းပုံဖြတ်တာ ခံပေါင်းများတော့ မတရား ၊ တရားတယ်ဆိုတာ ပြေးကြည့်စရာ မလိုဘူး ။ တွေးကြည့်တာနဲ့ ပုဆိုးဂွင်လုံ ချွတ်သလို မြင်တယ် ။

ကျုပ်တို့ ပြည်သူလူထုတွေဟာ ခင်ဗျားတို့အတွက် စစ်ကျွန်ပြုဖို့ မြန်မာပြည်မှာ လာမွေးဖွားတာ မဟုတ်ဘူး ။ ခင်ဗျားတို့ စစ်အာဏာရှင်တွေ ရိုက်ချိုး ပစ်ခဲ့လို့ ပြည်သူလူထုဘဝတွေဟာ လက်ချိုး မရေမတွက်နိုင်အောင် ဘဝတွေ ပျက်ခဲ့သူတွေ များပြား ခဲ့ပြီ ။ တိုင်းပြည်မှာ ထွက်သမျှဟာလည်း တိုင်းတစ်ပါး အတွက်တွေပဲ ဖြစ်ကုန်ပြီ ။ ပြည်သူလူထုတွေဆီမှာ ပေးစရာဆိုလို့ ဘာမှ မရှိတော့ဘူး ။

မျက်ရည်တွေနဲ့ ဒုက္ခပင်လယ်ထဲ ဆွဲသွင်းတာ ခင်ဗျားတို့ပဲ ။ စာနာမှု နှလုံးသားတွေဆိုတာ ခင်ဗျားတို့ဆီမှာ ဝေးလေစွ ။ ပြည်သူလူထုဘက်ကတော့ မတရားမှုတွေကို ဆက်လက် တော်လှန် သွားနေမယ် မှာပဲ ။

မီးတုတ် မီးတုတ် - ရှို့ ရှို့
မတရားမှုတွေကို - တွန်းလှန်ကြ
အာဏာရှင်စနစ် - ကျရှုံး ပါစေ
ဖယ်ဒရယ် ဒီမိုကရေစီ ရရှိရေး - ဒို့ အရေး
အရေးတော်ပုံတိုင်း - အောင်ရမည်

အုပ်စိုးသူ လူတန်းစား ရှင်သန် နေပျော်ဖို့ အများစုဖြစ်တဲ့ အုပ်စိုးခံ ပြည်သူလူထုကလည် စဉ်းစားမပေးနိုင်ပါ ။ တော်လှန်ရေး လှိုင်းလုံးဆိုတာ ရိုက်ခတ်လာ စမြဲပဲ ။ မကြာခင် ပြည်သူ့ တော်လှန်ရေး လှိုင်းတံပိုးတွေ ဗမာ့မြေမှာ ထကြွလာပါ လိမ့်မယ် အသင့်ရှိပါစေ ။

ကိုမိုးသီးဇွန်မိချောင်းကန်သို့သွားရောက်အားပေး(အသက်သေတဲ့ အထိ ဆန္ဒပြသွားကြမယ်လို့ ပြော)



 Mg Ko
8/12/2013



10.12.2013 Saw Phoe Kwar
ဒီနေ့ မိကျောင်းကန်သပိတ်စခန်းကို ညနေ(၆)နာရီမှာ နောက်ဆုံးထားပြီး ပိတ်ပေးဖို့ သက်ဆိုင်ရာက ညွှန်ကြားထားပေမယ့် အခုအချိန်ထိ သပိတ်စခန်းကို ဖွင့်ထားဆဲပါပဲ။သပိတ်စခန်းကို ဒီနေ့ မပိတ်ပေးပါက အင်အားသုံးဖြေရှင်းမယ်ဆိုတဲ့ သတင်းတွေကြောင့် သတင်းမီဒီယာတွေကတော့ သပိတ်စခန်းမှာ စောင့်နေတုန်းပါပဲ။့ မိကျောင်းကန်သပိတ်စခန်း အရေးဆောင်ရွက်နေသူတွေက ဒီနေ့ နယ်လုံဝန်ကြီးနဲ့ တွေ့ပြီး ဆွေးနွေးမှုတွေ လုပ်ခဲ့ပေမယ့် လည်း တိကျတဲ့ အဖြေမရခဲ့ သေးပါဘူးလို့ သိရပါတယ်။မိကျောင်းကန်သပိတ်စခန်းဖွင့်ထားတာ ဒီနေ့ ဆို (၁၄)ရက်ရှိ ပြီ ဖြစ်ပါတယ်။ မိကျောင်းကန်သပိတ်စခန်းက ဆန္ဒပြ သူတွေက တော့ မြေတွေပြန်မပေး မချင်း သပိတ်စခန်းမှာပဲ အသက်သေတဲ့ အထိ ဆန္ဒပြသွားကြမယ်လို့ ပြောဆိုနေပါတယ်။

ရသမျှ အကုန်ယူ...ဘာပေးစရာကျန်မလဲ...??

Mungdung La Wawhkyung's photo
• ပြောတော့ .. ( အမျိုးဂုဏ် ၊ ဇာတိဂုဏ် ထိန်းသိမ်းရေး ) …
• လုပ်တော့ … အမျိုးကောင်း သမီးပျို ပြည်သူ မိန်းကလေးတွေကို …
• အာဏာ - ဥစ္စာအတွက် … သူ့ အဖေ ( ပေါက်ဖေါ်ကြီး ) တယုတ်တွေ ခေါ်ပြီး
• မြင်မကောင်း ရှု့မကောင်း ဧည့်ခံနေတဲ့ …
•×××× စစ်အစိုးရ …..



မိုးကြိုး ပုရစ်

စာချုပ်တွေကပြုံးနေတယ်.
---------------------------
သစ်တောတွေ...
ကုန်သလောက်ဖြစ်နေပြီ..
နှစ်တစ်ရာကျော်သစ်ပင်ဆိုတာစာအုပ်ထဲမှာပြန်ရှာရမလား.
ခရိုနီတွေ ဟာ..သစ်နဲ့ မြက်ကို...မှားပြီးရိတ်နေသလိုပဲ..။
လူဆယ်ဖက်မကကြီးတဲ့သစ်ကို မြင်ဖူးဖို့နေနေသာသာ..
လူနှစ်ဘက်သစ်ပင်တောင် ပတ်ဝန်းကျင်မှာ မရှိတော့ဘူး..။
၂၅ နှစ်အတွင်း သစ်တောဖုံးလွှမ်းမှု ၄၀ ရာခိုင်နှုန်းကနေ
၁၉ ရာခိုင်နှုန်းလောက်ပဲကျန်ခဲ့တယ်..


ပတ္တမြား..နီလာ..
အ၀ိဇိအထိတူးမှထွက်ရုံပဲရှိတယ်...
နိုင်ငံတကာဈေးကွက်တွေမှာ..တရားဝင်ရော..မှောင်ခိုရော..
အဆမတန်ဈေးတွေနဲ့ ရောင်းကောင်းနေတယ်..၊..ခရိုနီတစ်ချို့က.
အလကားနီးပါးရတဲ့ ထဲက..ပတ္တမြားတစ်ပွင့်လောက်ကို..
သူ့ဘိုးဘွားပိုင်ရတနာကိုလှူသကဲ့သို့..အစိုးရကိုလှူပြပြီး..
အမှတ်ယူ ဂုဏ်တက်နေချိန်မှာ..... တို့ပြည်သူအများစုဟာ...
မိုးကုတ်ပတ္တမြားဆိုတာ ...ခိုသွေးရောင် မှန်း မသိကြတော့ဘူး..။


ကျောက်စိမ်း...
ဖါးကန့်တစ်မြို့လုံး ကလပ်စတာဗုံးဒဏ်ခံထားရသလို..
စက်ယန္တယားကြီးမျိုးစုံနဲ့ တစ်မြို့လုံး ဖွာစုတ်နေအောင်
မွစာတက်နေအောင် တူးဆွနေတာတောင်....လွန်ခဲ့တဲ့နှစ် ၃၀ ကျော်က
လက်နဲ့တူးတဲ့အချိန် ထွက်တာလောက်ပဲရှိတယ်...
တို့နိုင်ငံသားတွေဟာ.. ရေစက်နဲ့တူတဲ့ ကျောက်စိမ်းအရည်ကောင်းကို
ပုံပြင်ထဲမှာပဲ ကြားဖူးတော့မယ်ထင်တယ်..။

ဓာတ်ငွေ့ ..
ဘာသာရေးအရေးအခင်းဖြစ်တဲ့အချိန်မှာ..
တရုတ်အတွက် ဂက်စ် ပိုက်လိုင်းဘယ်လိုပြီးသွားမှန်းမသိဘူး..
အဖိုးနှုန်းချိုသာစွာနဲ့ တရုတ်ပြည်ကို တောက်လျောက်ပို့နေပြီ..
လျှပ်စစ်မီးမရှိတဲ့ နယ်မြေတော်တော်များများကို...
ဒီပိုက်လိုင်းက ဖြတ်သွားရတာကိုက ရင်နာစရာ..။

အဲဒီသယံဇာတတွေအများစုဟာ..
တရုတ်ကို ဦးတည်တာများတယ်..
တရုတ်တွေဈေးကွက်ကို ပေါ်ချောင်ကောင်းနဲ့ရောက်တယ်..
တရုတ်က အဆပေါင်းများစွာ ဈေးတင်ပြီး ကမ္ဘာ့ဈေးကွက်ကိုဖြန့်တယ်..
မြန်မာကျောက်စိမ်း တရုတ်ကျောက်စိမ်းဖြစ်သွားတယ်..

မြန်မာပြည်က လမ်းတွေမှာ မမြင်ရတဲ့...
အလွန်ကြီးမားတဲ့ စီမံကိန်းကြီးတွေအတွက်..
ယန္တယားယာဉ်ကြီးတွေ အလုပ်လုပ်နေတယ်လို့ထင်ရအောင်..

ငါတို့မြေ..ငါတို့သယံဇာတကို...ဒီစက်ယန္တယားကြီးတွေနဲ့
တူးနေကြတယ်..။

အဲဒီတော့...တစ်ခုစဉ်းစားမိတာက..
စာချုပ်တွေက...နှစ် ၃၀ ချုပ်ကြတယ်...

အခု...ဘာမှမကြာသေးဘူ...သယံဇာတတွေ.ပြောင်တော့မယ်..

စာချုပ်တွေက ရီနေတော့မှာပဲ.....။

အဲဒီတော့...ဘာပေးစရာကျန်မလဲ...??

ရှိပါသေးတယ်..။
တရုတ်အစိုးရရဲ့ ဥပဒေအရ...
ခလေးယူရင် ယောင်္ံကျားလေးသာအယူများနေလို့..
လက်ရှိစာရင်းအရ..သတို့သမီး သန်း (၂၀၀) တောင် လိုအပ်နေတဲ့..
ပေါက်ဖေါ်ပြည်ကြီးအတွက်...

မြန်မာအမျိုးသမီး...၃၀၀၀၀ လောက်..
နှစ်စဉ်....တရားမ၀င် နယ်စပ်ဖြတ်ကျော်ပြီး.။
သူတို့ဆီကို လူမှောင်ခိုရောင်းစားခံရတယ်..

ပေးစရာ..သယံဇာတတွေသာ..ကုန်သွားရင်...

လူသား..သယံဇာတတွေကို...
တရားဝင်ရောင်းစားကြတော့မှာလားဆိုတာ.

ကွက်ကျော်.၀ံသာနုစိတ်ဓာတ်တွေ..
အလကားနေ...တက်ကြွနေတဲသူတွေကို..
မေးခွန်းထုတ်လိုပါတယ်ဗျာ..။

( Oct လက ရွှေပုရစ်မှာတင်တဲ့ပို့စ်ပါ)

စင်္ကာပူက ကားမတော်တဆ တိုက်မှုမှ ပွားလာတဲ့ Little India ဆူပူလှုပ်ရှားမှု





Thet Tun
 စင်္ကာပူနိုင်ငံရှိ Little India တွင် တနင်္ဂနွေနေ့ည ၉နာရီ ၂၃မိနစ် အချိန်က ဖြစ်ပွားခဲ့သော ကားမတော်တဆတိုက်မှုကနေ ရဲကားငါးစီး ၊ ဆေးရုံကားတစ်စီးနဲ့ အခြားကိုယ်ပိုင်ကားများ မီးရှို့ ၊ ဖျက်ဆီးခံရသော ဆူပူလှုပ်ရှားမှုကြီးတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုကဲ့သို့ အကြမ်းဖက်သော ဆူပူသူဦးရေဟာ ခန့်မှန်းခြေအားဖြင့် ၄၀၀ ခန့်ရှိကြောင်း သိရသည်။ ထိုဆူပူမှုကြောင့် စင်္ကာပူရဲအရာရှိ (၁၀)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြကြောင်း သိရသည်။ အနည်းဆုံး စင်္ကာပူရဲကား နှစ်စီးဟာ ပြောင်းပြန်လှန်ထားခြင်း ခံထားရကာ ဆေးရုံကားကတော့ မီးရှို့ခံခဲ့ရတာဖြစ်ကြောင်း သိရသည်။ LI riot ဖြစ်ပွားပုံမှာ Little India ရှိ Race Course လမ်းဆုံတွင် တနင်္ဂနွေနေ့ည ၉နာရီ ၂၃မိနစ် အချိန်က ကိုယ်ပိုင်ဘတ်စ်ကားတစ်စီးဟာ ဘင်္ဂါလီဟု ယူဆရသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား အလုပ်သမားတစ်ဦးအား မတော်တဆတိုက်မိ၍ အတိုက်ခံရသူ ပွဲချင်းပြီး သေဆုံးသွားသည့်ကိစ္စကို မကျေနပ်သော အနီးရှိသူများက စတင်၍ တိုက်သည့်ဘတ်စ်ကားအား မှန်ရိုက်ခွဲဖျက်ဆီးကာ အကြမ်းဖက် ဆူပူလှုပ်ရှားပြီးနောက် ထိုကဲ့သို့ အုပ်စုလိုက် ဖျက်ဆီး ၊ မီးရှို့မှုများ ဖြစ်ပွားလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ စင်္ကာပူရဲတပ်ဖွဲ့၏ တရားဝင် ထုတ်ပြန်ချက်များအရ တနင်္ဂနွေနေ့ ညသန်းခေါင်နီးပါး ည၁၁နာရီ ၄၇မိနစ်အထိ ဆူပူလှုပ်ရှားမှုများဟာ ဆက်လက်ရှိနေခဲ့ကြောင်း သိရသည်။ ထို့ကြောင့် တာဝန်ရှိသူများက ထိုအကြမ်းဖက် ဆူပူမှုများ ဖြစ်ပွားနေခဲ့သော Little India ဧရိယာသို့ ဖြတ်သန်းသွားလားခြင်း မပြုကြဖို့ အများသူငါကို သတိပေး နှိုးဆော်ခဲ့ရကြောင်းလည်း သိရသည်။ အကြမ်းဖက် ဆူပူလှုပ်ရှားကြသူအများစုဟာ စင်္ကာပူနိုင်ငံသို့ ပြည်ပနိုင်ငံမှ အလုပ်လာရောက်လုပ်ကိုင်ကြသော ရွှေ့ပြောင်းအလုပ်သမားများဖြစ်ကြောင်း စင်္ကာပူ The Straitstimes သတင်းစာက ရေးသား ဖော်ပြထားခဲ့သည်။
Source : Yahoo
 Credit ပုံရိပ်(burmesehearts.com)

လက်ပံတောင်းတောင် ဆာလ်ဖျူရစ်အက်စစ် စက်ရုံ ပတ်ဝန်းကျင်ရှိ ယာမြေများ မြေဆိပ်သင့်နေသည်ဟု ဓာတ်ခွဲစမ်းသပ်တွေ့ရှိ


ရန်ကုန်တိုင်းမ်

====================================
အောင်အောင်
========
ရန်ကုန် ၊ ဒီဇင်ဘာ ၆ ။ ။ လက်ပံ တောင်းတောင် ကြေးနီစီမံကိန်း နယ်မြေရှိ ဆာလ်ဖျူရစ်အက်စစ် စက်ရုံပတ်ဝန်းကျင်ရှိ ယာမြေများ မှာ မြေဆိပ်သင့်မှုများဖြစ်ပေါ် နေသည်ကို ဓာတ်ခွဲစမ်းသပ်တွေ့ ရှိရကြောင်း စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဓာတ် ခွဲခန်း တာဝန်ခံဓာတုဗေဒ ပညာ ရှင် ဒေါက်တာကျော်ငြိမ်းအေး က ပြောသည်။

အဆိုပါရလဒ်သည် စိမ်းလန်း အမိမြေ ဖွံ့ဖြိုးတိုးတက်ရေးဓာတ် ခွဲခန်းနှင့် မြေအသုံးချရေးဦးစီး ဌာနပိုင်ဓာတ်ခွဲခန်းများတွင် စမ်း သပ်တွေ့ရှိချက်များဖြစ်ကာ လက်ပံ တောင်းတောင် ကြေးနီစီမံကိန်း အနီးရှိ လယ်ယာမြေခြောက်ကွက် မှ မြေဆီလွှာများကို စမ်းသပ် ဓာတ်ခွဲခဲ့ခြင်းဖြစ်ကာ ဒီဇင်ဘာ ၅ရက်တွင် ယင်းသို့ရလဒ်ထွက်ရှိ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒေါက်တာကျော်ငြိမ်းအေး က ''အခုတွေ့ရှိချက်က ဆာလ်ဖိတ် ပါဝင်မှုမြင့်မားနေတာကိုတွေ့ရှိ ရပါတယ်။ အခြားနိုက်ထရိုဂျင် တို့၊ ဘာတို့လဲများနေတာတွေ ရှိ ပါတယ်။ ဒါပေမဲ့ မြေဆီလွှာအနေ အထားအရလဲ များတာတွေရှိ တတ်ပါတယ်။ တော်တော်များ များကို တွေ့ရှိရတာကတော့ ဆာ လဖိတ်ပါဝင်မှုပါ။ ဆက်ပြီး လေ့ လာမှုတွေလုပ်ပြီး တိုင်းတာမှုတွေ လုပ်ဖို့လဲလိုပါတယ်'' ဟုပြောသည်။ဆာလ်ဖိတ်ပါဝင်မှု အချိုးအစားအနေဖြင့်
မြေဆီလွှာ တစ်ကီလိုဂရမ်တွင် မီလီဂရမ် ၅၀ ထက်ပိုမိုပါဝင်နေပါက အလွန် မြင့်မားသည်ဟုသတ်မှတ်ထားပြီး ယခုဓာတ်ခွဲစမ်းသပ်မှုမှာ ၂၅၀ မီလီဂရမ် ရှိ နေကြောင်းသိရသည်။
အဆိုပါအသင်း၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းမျိုးသူ က " ကန့်သတ်ပမာဏ ထက် ၅ ဆ လောက်မြင့်တက်နေတာ ကြောက်ခမန်းလိလိပါဘဲ။စိုက်ပျိုးမြေ
တွေမှာ ဒီလောက်အဆိပ်သင့်မှုတွေကို တွေ့နေရရင် စက်ရုံထဲမှာ နေထိုင်တဲ့ ရွာသူ/သားတွေမှာ ဘယ်လောက်အထိ အန္တရာယ်များမယ်ဆိုတာ တွေးကြည့် လို့ရပါတယ်။ဒါကြောင့် ကျန်းမာရေးဆိုင်ရာဆန်းစစ်ချက် Health Impact Assess-ment တွေကိုချက်ခြင်းဆောင်ရွက်သင့်ပါတယ်"ဟု ပြောသည်။ယင်း နှင့် ပတ်သက်ပြီး ဒေသခံ ကိုဇေမောင် က " ကျွန်တော်တို့ရဲ့ စိုက်ပျိုးရေးက အတော်ကို ကျသွားတယ်။ဘယ်လောက်နည်းသွားလည်းဆိုတာ ပြောပြဘို့ ခက်တယ်။အဲဒါကြောင့် အခု ဓာတ်ခွဲစမ်းသပ်တဲ့ အဖြေကိုစောင့်နေကြပါတယ်"
ပြောသည်။
လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းသည် ၂၀၁၀ ပြည့်နှစ်မှာစတင်ကာဆောင်ရွက်ခဲ့ပြီး ဆန္ဒပြမှုများကြောင့် အကောင်အထည်ဖော်မှုကို ခေတ္တမျှ ရပ်ဆိုင်းခဲ့ပြီး စုံစမ်းရေးကော်မရှင်တစ်ခုကိုဖွဲ့စည်းကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး အဆိုပါကော်မရှင်၏ အစီရင်ခံစာအတိုင်း စာချုပ်ကို ဇူလိုင်လ (၂၄) ရက်နေ့က ပြန်လည်ချုပ်ဆိုခဲ့ပြီး ယခင်စာချုပ်များတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာအစီအမံများ၊အကျိုးအမြတ်ခွဲဝေမှု ၊သတ္ထုတွင်းပြန်လည် အပ်နှံရေး နှင့် သတ္ထုတွင်းပိတ်သိမ်းရေး ၊လူမှုရေးတာဝန်ယူမှု CSR လုပ်ငန်း များနှင့်ပတ်သက်ပြီး တိတိကျကျ ဖော်ပြထားခြင်းမရှိကြောင်းသိရသည်။

ဝန်ကြီးချုပ် ဦးမြင့်ဆွေမိကျောင်းကန် ကိစ္စတာဝန်မယူရဲ


Eleven Media Group


မိကျောင်းကန် ဆန္ဒပြသူများနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး ခဲ့သော်လည်း တိကျသည့်အဖြေ မရရှိသည့်အပြင် ဖယ်ရှားခြင်း မပြုပါက ဥပဒေတိုင်း ဆောင်ရွက်သွားမည်ဟုဆို

မိကျောင်းကန် ဆန္ဒပြ ဦးဆောင်သူများနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ ဒီဇင်ဘာ ၈ ရက် ညနေပိုင်းတွင် အရှေ့ပိုင်းခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် တွေ့ဆုံခဲ့သော်လည်း တိကျသည့်အဖြေ မရှိခဲ့သည့်အပြင် သတ်မှတ်ရက်အတွင်း ဖယ်ရှားမှုများ မပြုလုပ်ပါက ဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဟု ၀န်ကြီးချုပ်က ပြောကြားခဲ့ကြောင်း ဆွေးနွေးပွဲတွင် ပါဝင်သူ မနေနွယ်သန်း၏ ပြောပြချက်အရ သိရသည်။

အဆိုပါ ဆွေးနွေးပွဲကို မိကျောင်းကန် ဆန္ဒပြ ဦးဆောင်သူ လေးဦးနှင့် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ၊ နယ်စပ်ရေးရာရေးနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းတို့ ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ယင်းနေ့မွန်းလွဲပိုင်းတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်နှင့် ဆန္ဒပြ ဦးဆောင်သူတို့ ဆွေးနွေးပြီးနောက် ထိုသို့ တိုင်းဒေသကြီး အစိုးရဘက်မှ ခေါ်ယူတွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

"ကျွန်မတို့ တွေ့ဆုံခဲ့တဲ့ ရလဒ်ကတော့ အဖြူအမဲ ကွဲပြားမှု မရှိပါဘူး။ ၀န်ကြီးချုပ် ဦးမြင့်ဆွေက သူ့အနေနဲ့ ဒီကိစ္စကို ဆုံးဖြတ်ပိုင်ခွင့် မရှိဘူးလို့ ပြောတယ်။ မြေယာကော်မရှင် အနေနဲ့ ဆုံးဖြတ်ပြီးမှသာ သိရမယ်လို့ ပြောတယ်။ ဆုံးဖြတ်ချက်ကို ဘယ်အချိန် သိရမလဲလို့ ကျွန်မတို့က မေးတယ်။ အဖြူအမဲ သိရရင် သပိတ်စခန်းကို ရုတ်သိမ်းပေးပါ့မယ်လို့ ပြောတော့ ရုပ်သိမ်းတာ၊ မရုပ်သိမ်းတာကို မပြောပါဘူးတဲ့။ မရုပ်သိမ်းရင်တော့ ခင်ဗျားတို့ပဲ ခံရမှာလို့ ပြောတယ်။ ထပ်ပြီးတော့ ဒီလိုသပိတ်စခန်းကို အင်အားသုံး ဖြေရှင်းရင် ကျွန်မတို့ ပြည်သူတွေ သေရမှာလားလို့ ပြောတော့ ၀န်ကြီးချုပ်က တရားဥပဒေ အရတော့ ဆောင်ရွက်ရမှာပဲ။ တပ်ကလာခြံခတ်လို့ ဆန္ဒပြပြည်သူတွေ ထိခိုက်ဒဏ်ရာ ရတာတွေကလည်း တပ်ကဥပဒေအရ ဆောင်ရွက်တာပဲလို့ ၀န်ကြီးချုပ် ဦးမြင့်ဆွေက ပြောပါတယ်" ဟု ဆန္ဒပြဦးဆောင်သူ မနေနွယ်သန်းက ဒီဇင်ဘာ ၈ ရက် ညပိုင်းတွင် ပြောကြားသည်။

မိကျောင်းကန် သပိတ်စခန်းအား ဒီဇင်ဘာ ၉ ရက် ညနေ ၆ နာရီ နောက်ဆုံးထား၍ ဖယ်ရှားရန် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးနှင့် တပ်မြို့စည်ပင်တို့မှ ဒီဇင်ဘာ ၇ ရက် ညပိုင်းက အမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

သပိတ်စခန်းဖွင့် ဆန္ဒပြသူများအား အမှုဖွင့် အရေးယူမှု ပြုလုပ်မှုများ ရှိသော်လည်း တပ်စည်ပင် ဆိုသူများမှ ဆန္ဒပြသူများကို ထိခိုက်အောင် ပြုလုပ်ခြင်းအား မည်သို့ကြောင့် အရေးယူမှု တစ်စုံတစ်ရာ ပြုလုပ်ခြင်း မရှိလဲဟု မေးမြန်းသည့်အခါ တာဝန်ရှိသူများမှ ထိခိုက်ဒဏ်ရာ ရရှိအောင် ၎င်းတို့အနေဖြင့် အမိန့်ပေးခြင်း မရှိကြောင်းနှင့် အဆိုပါ ကိစ္စကို အထက်သို့ တင်ပြပြီး ဖော်ထုတ်အရေးယူ သွားမည်လို့ ပြောကြားခဲ့ကြောင်း ဆန္ဒပြ ဦးဆောင်သူ မနေနွယ်သန်းက ထပ်မံပြောကြားသည်။

မိကျောင်းကန် မြေယာသပိတ်စခန်း ကိစ္စကို ကူညီဆောင်ရွက်ဖြေရှင်း ပေးပါရန် ဆန္ဒပြသူများမှ တောင်းဆိုမှုကြောင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် အနေဖြင့် ဒီဇင်ဘာ ၈ ရက် မွန်းလွဲပိုင်းတွင် ဆန္ဒပြ ဦးဆောင်သူများနှင့် ဆွေးနွေးခဲ့ပြီး ၎င်းအနေဖြင့် တရားဥပဒေ အကြောင်းအရ လွှတ်တော်နည်းလမ်းဖြင့် တတ်နိုင်သမျှ ကူညီဆောင်ရွက် သွားမည်ဟု ပြောကြားသည်။

"ကျွန်တော့်အနေနဲ့ တရားဥပဒေနဲ့အညီ လွှတ်တော်လမ်းကြောင်းကနေ ဆောင်ရွက်ပေးသွားမယ်။ ဆန္ဒပြ ဦးဆောင်သူတို့နဲ့ ဆွေးနွေးတဲ့အခါ သူတို့ရဲ့ တောင်းဆိုချက်က ခုနစ်ချက် ရရှိတယ်။ အဲ့ဒီထဲကမှ ကျွန်တော်ဆောင်ရွက်ပေးနိုင်တဲ့ အချက်သုံးချက်ကို အတတ်နိုင်ဆုံး ဆောင်ရွက်ပေးမယ်လို့ ပြောခဲ့တယ်" ဟု ဦးသိန်းညွန့်က ဒီဇင်ဘာ ၈ ရက် ညနေ ၄ နာရီတွင် ပြောကြားသည်။

မိကျောင်းကန် ဆန္ဒပြ ဦးဆောင်သူများနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ တွေ့ဆုံပွဲကို မီဒီယာများအား တာဝန်ရှိသူများက ၀င်ရောက်ခွင့် မပြုခဲ့သလို မီဒီယာများလည်း မေးမြန်းခွင့် မရခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် ဆွေးနွေးပြီးနောက် ဆန္ဒပြ ဦးဆောင်သူ တစ်ဦးက မီဒီယာများသို့ ရှင်းလင်းဖြေကြားနေစဉ်

မိကျောင်းကန်သားဆန္ဒပြပွဲ ခေါင်းဆောင်နှစ်ဦး ထောင် ၆ လ စီရင်ခံရ



RFA Burmese


ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန်ရပ်ကွက် အပိုင်း (၁၊ ၂၊ ၃) မြေနေရာတွေပြန်ပေးဖို့ ဦးဆောင်ဆန္ဒပြခဲ့ကြတဲ့ မိကျောင်းကန်သား ဦးစိန်သန်းနဲ့ ကိုထင်ကျော်တို့ကို ဒီနေ့ ကျောက်တံတားမြို့နယ် တရားရုံးက တရားမ၀င် စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၆ လစီ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

ကျောက်တံတားမြို့နယ်က ချမှတ်တဲ့ပြစ်ဒဏ်ကို တခြားပြစ်ဒဏ်တွေနဲ့ သီးခြားစီ ကျခံသွားရမှာတယ်လို့ ဦးစိန်သန်းရဲ့သမီး မိကျောင်းကန်အရေး လက်ရှိ သပိတ်စခန်းဖွင့် ဆန္ဒပြနေသူ မနေနွယ်သန်းက ပြောပါတယ်။

“မြို့တော်ခန်းမရှေ့မှာ ၅ ကြိမ်မြောက် ခွင့်ပြုချက်မရဘဲ ဆန္ဒပြခဲ့တဲ့အမှုနဲ့ ဦးထင်ကျော်နဲ့ ဦးစိန်သန်း နှစ်ဦးကို ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၆ လ သီးခြားကျခံစေဆိုပြီး ချလိုက်တာပါ”

အသိမ်းခံထားရတဲ့ သူတို့ရဲ့ မိကျောင်းကန် မြေနေရာတွေ ပြန်ပေးဖို့ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် မတ်လက တရားမ၀င် ဆန္ဒပြခဲ့တာကြောင့် ဦးစိန်သန်းကို သင်္ဃန်းကျွန်းမြို့နယ် တရားရုံးက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ထောင်ဒဏ် ၃ လ ချမှတ်ခဲ့ပါသေးတယ်။

ဒီကနေ့မှာပဲ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းဖြိုခွင်းခံရတဲ့ တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက်နေ့က ရန်ကုန်မြို့ တရုတ်သံရုံးအနီးမှာ တရုတ်နိုင်ငံအလံကို မီးရှို့ခဲ့သူ ပြည်သူ့အကျိုးဆောင်ကွန်ရက်က ဒေါ်နော်အုန်းလှကို ဒဂုံမြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။

အစိုးရဖက်က သက်သေမရှိသေးတာကြောင့် ဒေါ်နော်အုန်းလှအပါအ၀င် အဲဒီနေ့ကဆန္ဒပြလို့ အဖမ်းခံထားရသူတချို့ကို မနက်ဖြန်ကျမှ ဆက်လက်စစ်ဆေးမယ်လို့ သိရပါတယ်။

ပြည်ထောင်စုမှခွဲထွက်မည်ဟုစိတ်မပူကြရန် (NCCT) ပြော

ဗြိတိန်မှာအစ္စလာမ်အစွန်းရောက်တားဆီး

မြန်မာနိုင်ငံမှ သစ်များကိုယွမ်ငွေအတုများဖြင့် ငွေပေးချေ


Eleven Media Group

█ မြန်မာနိုင်ငံမှ သစ်များကို တရုတ်နိုင်ငံဘက်သို့ တန်ချိန်သောင်းနှင့်ချီ တရားမ၀င် ခိုးထုတ်နေပြီး ယွမ်ငွေအတုများဖြင့် ငွေပေးချေနေမှုကို တရုတ်အစိုးရ အနေဖြင့် တားဆီးပေးရန် မြန်မာဘက်က တောင်းဆို မြန်မာနိုင်ငံမှ သစ်များကို တရုတ်နိုင်ငံဘက်သို့ တန်ချိန်သောင်းနှင့်ချီ တရားမ၀င် ခိုးထုတ်မှုများကို တရုတ်အစိုးရ အနေဖြင့် တားဆီးပေးပါရန် တရုတ်နိုင်ငံတွင် ဒီဇင်ဘာ ၆ ရက်မှ ၈ ရက်အထိ ကျင်းပနေသည့် (၁၃) ကြိမ်မြောက် တရုတ်-မြန်မာနယ်စပ် ကုန်စည်ပြပွဲ ရက်ပိုင်းအတွင်း ကျင်းပခဲ့သည့် တရုတ်-မြန်မာ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးပွဲများတွင် မြန်မာအစိုးရ တာဝန်ရှိသူများက တရားဝင် တောင်းဆိုခဲ့ကြောင်း သိရသည်။ "အခု လက်ရှိကို ကန်ပိုက်တီး တောင်ဘက်နယ်မြေမှာ သစ်လုံးတွေကို ခုတ်ပြီးသား တန်တစ်သောင်း နှစ်သောင်းခန့် လက်ရှိရှိနေပါတယ်။ အဲဒီဟာတွေက မြန်မာနိုင်ငံဘက်ကို ထုတ်တာမဟုတ်ဘူး။ တရုတ်ပြည်ဘက်ကို ထုတ်တာ။ သစ်လုံးတွေက တန်သောင်းနဲ့ချီ ထုတ်လိုက်တော့ ကချင်ပြည်နယ်က တောင်တွေက တောင်ကတုံးတွေ ဖြစ်ကုန်တယ်။ သစ်ပင်မရှိတဲ့တောင်တွေ ဖြစ်ကုန်တာပေါ့။ တကယ်ဆို သစ်လုပ်ငန်းရဲ့ ထုံးစံအရဆိုရင် သစ်လုံးကို ခုတ်ပြီးရင် ပြန်စိုက်ရတာ။ သူတို့ကျတော့ ခုတ်သာခုတ်တာ။ ပြန်မစိုက်ဘူး။ အဲဒီတော့ ကြာလာရင် သစ်ပင်မရှိတဲ့ အတွက်ကြောင့်မို့ ရာသီဥတု ပြောင်းလဲမှုတွေ ဖြစ်ပေါ်နိုင်တယ်။ အဲဒီ အကျိုးဆက်တွေက မြန်မာနိုင်ငံကို ဆိုးဆိုးရွားရွား ထိခိုက်စေပါတယ်။ အဲဒီဟာတွေကို တားဆီးပေးနိုင်မယ် ဆိုရင်တော့ ကျွန်တော်တို့ နှစ်နိုင်ငံရဲ့ ရာသီဥတုတွေ ထိန်းသိမ်းတာရော၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းတာရော အားလုံးကောင်းသွားမှာ ဖြစ်ပါတယ်" ဟု ကောင်စစ်ဝန်ချုပ် ဦးအောင်ကျော်ဦးက (၁၃) ကြိမ်မြောက် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေး ကုန်စည်ပြပွဲ ကျင်းပနေစဉ်အတွင်း ယူနန်ပြည်နယ် အစိုးရ ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။ "ဒီနေ့ မနက်မှာပဲ ရှမ်းပြည်နယ်က ၀န်ကြီးပြောတာ ရှိတယ်။ ခုနက ပြောသလို ကချင်ပြည်နယ်ဘက်မှာ သစ်တွေခုတ်တယ်။ အဲဒီ ပိုက်ဆံကို တရုတ်တွေက မပေးတာ မဟုတ်ဘူး။ ပေးတယ်။ ဒါပေမဲ့ ပိုက်ဆံက မြန်မာပိုက်ဆံ အတုတွေ ပေးသွားတယ်။ ယွမ်ငွေအတုတွေ ပေးသွားတာ။ အဲဒီတော့ သစ်တောသာ ပေးလိုက်ရတယ်။ ရတဲ့ ပိုက်ဆံကကျတော့ ဘာမှသုံးမရဘူး ဖြစ်နေတယ်။ အဲဒီတော့ သစ်ပင်ကို ဒီအတိုင်း ယူသွားတဲ့ သဘောမျိုး ဖြစ်နေတာပေါ့နော်။ ပိုက်ဆံက အတုတွေ ဖြစ်နေပေမယ့် ဘာမှလုပ်လို့ မရဘူး။ အစိုးရကိုလည်း တိုင်လို့မရဘူး ဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ သစ်ပင်က ခိုးရောင်းထားတာကိုး" ဟုလည်း ကောင်စစ်ဝန်ချုပ် ဦးအောင်ကျော်ဦးက ဆက်လက်ပြောကြားသည်။ ယင်းကဲ့သို့ တရားမ၀င် သစ်ခိုးထုတ်မှုများမှာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များတွင် ဖြစ်ပွားလျက်ရှိပြီး ယွမ်ငွေအတုများနှင့် ငွေပေးချေမှုများမှာ ရှမ်းပြည်နယ် နမ့်ခမ်းနယ်စပ်များတွင် ဖြစ်ပွားလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ အလားတူ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များမှ တရုတ်နိုင်ငံသို့ တရားမ၀င် သစ်ထုတ်ယူနေမှုများကို တရုတ်အစိုးရ အနေဖြင့် မြန်မာအစိုးရနှင့် ပူးပေါင်းတားဆီး ပေးရန်လည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လေးက ရွှေလီမြို့ရှိ ကျင်းချင်-ဒီဟိုင်း ဟိုတယ်တွင် ယူနန်ပြည်နယ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။ "ကချင်နဲ့ ရှမ်းက တရားမ၀င်သစ်တွေ ခိုးထုတ်နေတာတွေ ရှိတယ်။ နောင်တောင်းဘက်မှာ တရားမ၀င် သွားတာရှိတယ်။ ဒါတွေကို နှစ်ဖက်စလုံးက ၀ိုင်းဝန်းတားဆီးဖို့ လိုပါတယ်" ဟု ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လေးက ပြောကြားသည်။


ဗိုလ်အောင်ကျော်ဆိပ်ကမ်းတွင် ပြည်ပသို့ တရားဝင် တင်ပို့ရန် ပြင်ဆင်နေသည့် သစ်လုံးတင်ယာဉ်များအား တွေ့ရစဉ်
(ဓာတ်ပုံ-အောင်မျိုးသန့်)

ဦသိန်းစိန်ဖျက်ကနဲ တုန့် ပြန်လိုက်တဲ့ အမှား

r Thiha Thwe ဘာမှရှည်ရှည်ဝေးဝေး နက်နက်ရှိုင်းရှိုင်းတွေ စဉ်းစားမနေနဲ့ ပြီး ခဲ့တဲ့ နှစ် ၅၀ လုံးလုံး နိုင်ငံရေးကို ဝန်ထမ်းတွေ ဦးဆောင်ခဲ့ လို့ တိုင်းပြည် ချွတ်ခြုံကျ သွားတာ၊ ခုလည်း ကိုယ့်ကိုယ်ကိုနိုင်ငံရေး သမားမှန်း မသိ ဝန်ထမ်းမှန်းမသိတွေ နိုင်ငံရေးကိုဆက်ပြီး ဦးဆောင်နေတဲ့ အတွက် တိုင်းပြည်ပြန်လည် ဦးမော့ဖို့ အကြောင်းမမြင်ဖူး။ ဦသိန်းစိန်ဖျက်ကနဲ တုန့် ပြန်လိုက်တဲ့ အမှားကိုကြည့် ရင်ရှင်းနေတယ်။ NLD ဟာတခြား ၅၈ ပါတီတွေ ထဲကတစ်ခုဆိုတဲ့ အမြင် က မိမိ ဟာ ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြု ပါတီနိုင်ငံ ရေးသမား ဆိုတဲ့အချက်ကို သတိ လစ်သွားတာဖြစ်သလိုအရင်ဝန်ထမ်းနိုင်ငံရေးသမားဘဝ က အချက်အလက် အခြေပြု တုန့် ပြန်မှု ကိုလုပ်မိသွားတဲ့ အတွက် တိုင်းပြည်နဲ့ နိုင်ငံတကာ ကို ပြ ထားတဲ့ အဓိက အင်အားကြီးအတိုက်အခံဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တည်ဆောက်နေတဲ့ ပူးပေါင်းဆောင်ရွက်မှု ဟာ အပေါ်ယံ ဆန်လွန်းတာကိုထင်ရှားသွားစေတယ်။ ဒီ တိုင်းပြည် ပြုပြင်ပြောင်းလဲရေး ၊ဒီမိုကရေစီ နိုင်ငံထူထောင်ရေး ဆိုတာ ပေးအပ်တဲ့တာဝန်ကျေပြွန်အောင်၊ ကျရာဇာတ်ရုပ်ပီပြင်အောင် ထမ်းဆောင်ရတဲ့ ကိစ္စမဟုတ်ပါဖူး ကိုယ်တိုင်က ဒီမိုကရေစီပြု အပြောင်းအလဲတွေ ကို ချစ်တက်ပြီး ဖြစ်အောင်လုပ်မယ်၊ ရအောင်လုပ်မယ် ဆိုတဲ့ လိုလားတက်ကြွမှု ရှိနေဖို့ လိုပါတယ်။ ဝန်ထမ်းအမြင်က အမှားမရှိ တဲ့တာဝန်ကျေပြွန်မှု ၊ နိုင်ငံရေးသမား အမြင်က အမှားမကင်းတဲ့ တာဝန်ယူမှု ပဲဖြစ်ပါတယ်၊ နိုင်ငံရေးဆိုတာ မှော်ရှိ တဲ့အတွက် မှော်အောင်တဲ့ လူတွေ လုပ်တာအကောင်းဆုံးပါ။ အမှားများစွာ ကို မရှိသရောင် ဖုန်းကွယ်ထား ရတဲ့ အမှန်တရားမှိန်မှိန်လေး အောက်မှာ အသက်ရှုမဝ တဲ့ဘဝတွေထက်၊ အမှားများစွာကို တက်ညီလက်ညီရင်ဆိုင်ဖြေရှင်းကြရင်း ကိုယ့်အမျိုးသားအချင်းချင်း ရန်သူလိုမမြင်ပဲ သံသယကင်းတဲ့ လူ့ ဘောင်မှာနေရတဲ့ ဘဝတွေက ပိုပြီးထွန်းလင်းအမှန်တရားစီ ကို ဝေးကွာနေသေးလည်း အသက်ရှုဝတယ်၊ ပင်ပမ်းပြီးဆင်ရဲရလည်းအားလုံပျော်နိုင်ပါတယ်။ ရထားတဲ့ညီညွတ်ရေး လမ်းစလေး သင့်ကြောင့်ပျောက်မသွားပါစေနဲ့။

တောင်ကြီးမြို.၊မြို.မရပ်ကွက်မှာလက်လုပ်ဗုံးကို စမ်းသပ်ရင်း ပေါက်ကွဲမှုဖြစ်ပွား


ခွန် ကသေး

တောင်ကြီးမြို. ၂၀၁၃ ဒီဇင်ဘာလ ၇ ရက်နေ.
ည၁၀း၃၀ ခွဲခန်.တွင် တောင်ကြီးမြို.၊မြို.မရပ်ကွက်၊သီတကူလမ်း၊အမှတ်(၁၈၈)တွင်နေထိုင်တဲ့မွတ်ဆလင် ဦးမြင့်သိန်း ၄၈နှစ် အလယ်ဗလီ ဥက္ကဌ မှာ ၄င်းစမ်းသပ်နေသော လက်လုပ်ဗုံးကို စမ်းသပ်ရင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။ ဦးမြင့်သိန်း ကတော့ ၄င်းအိမ်အောက်ထက်လှေကား ခြေရင်းတွင် ၀ဲဖက်ခြေထောက် စုတ်ပြတ်သက်ပြီးတော့လဲနေပါတယ်။ ။ ဦးမြင့်သိန်းရဲ. အခင်းဖြစ်ပွားရာနေရာနှင့် ၄င်းအသုံးပြုထားသော ပစ္စည်းများအား ပုံနှင့်တကွဖေါ်ပြထားပါတယ်။ ၄င်းမိသားစုကိုဆက်စပ်ပြီးတော့ကွင်းဆက်လိုက်ရာ အလယ်ဗလီတွင် သိမ်းဆည်းထားသော တုတ်၊ဓါးရှည်၊ဓါးမ၊များနှင့်လောက်လေးခွနှင့်ခဲသီးများ လည်းဖမ်းဆီးရမိပါတယ်၊ အခြားဆက်စပ် ပစ္စည်းများလဲ သိမ်းဆည်းရမိထားပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ၏ ရဲဘော်ကြိး သခင်ထွန်းလှ အသက် ၉၄


တပ်ရင်း ၄ မှာ နောက်ဆုံး တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ဗိုလ်ချုပ်အောင်ဆန်း နေအိမ်တွင် အနီးကပ် အဖြစ် တာဝန်ကိုလည်း ထမ်းဆောင်ခဲ့ဖူးကြောင်း။ ဒေါ်အောင်ဆန်းစုကြည် ကလေး ဘ၀ကို ထွေးပိုက် စောင့်ရှောက်ပေးခဲ့ဖူးသူဖြစ်ကြောင်း။ အခွင့်အခါ ရခဲ့မည် ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း တွေ့ဆုံနှုတ်ဆက်လို ပါကြောင်း အဘ သခင်ထွန်းလှ က ပြောရှာပါသည်။

အသက် ၉၄ ဆိုပေမယ့် အသံမာကြော တည်ကြည်နေဆဲဖြစ်သည့် လွတ်လပ်ရေးခေတ် တပ်မတော်သားဟောင်းကြီး၊ တိုင်းပြည် အတွက် အသက်စတေး ပေးဆပ်ပြီး လွတ်လပ်ရေး တိုက်ပွဲဝင်ပေးခဲ့သည့် မျိုးချစ် စစ်သားဟောင်းကြီး အဘသခင်ထွန်းလှ သည် ရွှေကျင်မြို့မှ တနာရီကျော် ကြာ မော်တော်ကား စီးသွားရသည့် ပဒဲကော ကျေးရွာလေးမှ တဆင့် မော်တော်ကားလမ်း မရှိသော ရွာအစွန်ဘက်ခြမ်းသို့ ထော်လာဂျီ ဖြင့် ထပ်သွားမှ ရောက်နိုင်သော ဇနပုဒ်ရွာစွန်လေးတွင် ချို့တဲ့ နွမ်းပါး ပင်ပန်းဆင်းရဲစွာဖြင့် ဇရာ၏ နာမကျန်းခြင်းကို ရင်ဆိုင် အံတုနေရရှာ သည်ကို ရွှေကျင်မြို့သား တဦးဖြစ်သော ကိုတင်ထွတ်ဝင်း မှ တဆင့် သိရှိရပါသည်။

( နေမျိုးဇင် )
C/O KYAW SWA MYINT


မိချောင်းကန်မှာ၈နာရီခွဲကျော်မှ မထွက်ခွါလျှင် အထက် အမိန့်အတိုင်း ဆောင်ရွက်မည်


 nay myo zin

ပြည်သူ့ဘက်တော်သား မနေနိုင် မိချောင်းကန်မှာ လူထုနှင့် တသားတည်း ရောက်နေပါသည်။ ည ၁၀ နာရီထိစောင့်ကြည့်နေမည်ဖြစ်ပါသည်။

ဘုရားအတွင်း ၀င်းထဲတွင် ဒုတ် နှင့် သေနက်ကိုင် ထားသော လုံခြုံရေး စစ်တပ်ဖွဲ့များ ၊ အရပ်ဝတ် ယောင်္ကျား မိန်းမများ က အသင့်စောင့်ဆိုင်းနေကြကြောင်း။
ယနေ့ ည ၈ နာရီ သုံးဆယ် အထိ အပြင်မှ သပိတ်မှောက် သော လူများကို ထွက်ခွါရန် အချိန်ပေးထားကြောင်း ၊ ၈နာရီခွဲကျော်မှ မထွက်ခွါလျှင် အထက် အမိန့်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုနေသည်ဟု ကြားသိရပါသည်။

အခြေအနေအနည်းငယ်တင်းမာလာသည်ဟုဆိုပါသည်။လူထုများဆက်တိုက် ရောက်လာနေဆဲဖြစ်ပြီး ငြိမ်းချမ်းစွာဖြင့် ဖြေရှင်းစေလိုသော တောင်းဆိုချက်များ
 ပြောဆိုနေကြသည်ဟု သိရပါသည်။

၈နာရီ၁၅မိနစိအထိ မထူးသေးပါ သုဝဏ္ဏ အားကစားကွင်းတွင်း ထောင်သောင်းချီသော ဘောလုံး ပရိတ်သတ် က ၈နာရီခွဲတွင် ပွဲပြီးပြနိချိန်ဖြစ်သည်။ မိချောင်းကန်ပြည်သူ့ သပိတ်စခန်းပတ်လည်တွင် လာရောက်စောင့်ကြည့်အားပေးနေသောပြညိသူလူထုက ရာဂဏန်းမကပါ အာရုံမတက်မှီ ညဉ့်နက်လူခြေတိတ်ချိန် မီးလောင်ဗုံးဖြင့် ပစ်ခတ်ဖြိုခွင်း၍ သံဃာများမီးလောင်ခဲ့ကြချိန် အကြောင်း ထိုင်ပြောနေကြပါသည်။ ယခုလေးတင် လော်စပီကာဖြင့် ကြေငြာနေသံကြားရပါသည်။
=====================
သပိတ်စခန်းကို အကြမ်းဖက် ဖြိုခွင်းရန် အစီအစဉ်မရှိကြောင်း
မက်ဖြန်မနက် ၈နာရီတွင်လွှတ်တော်ကိုယ်စားလှယ်တဦး လာရောက်ဖြေရှင်းပေးမည်ဖြစ်ကြောင်း ယနေ့ည သပိတ်စခန်းကို ဖြိုခွင်းမှုလုပ်နိုင်မနိုင် မေးမြန်းရာ အစိုးရ၏ ပြည်သူပေါ်ထားသည့် သဘောထားပေါ် မူတည်ကြောင်း သွားရောက်တွေ့ဆုံခဲ့သူ တဦးက ပြောဆိုနေပါသည်။
သပိတ်သမားများက ယခုဖြေရှင်းချက်သည် မရေရာသေးသဖြင့် သပိတ်မရုပ်သိမ်းနိုင်သေးကြောင်း တခဲနက်ပြန်လည်ဖြေကြားနေပါသည်

Nay Myo Zin
9.12.2013


Thein Aung Myint