Tuesday, December 10, 2013

ဗုံးပေါက်မှုသံသယရှိသူ နေတိုးရှိသည့်နေရာသိနေပြီဟု ကေအင်န်ယူ ထုတ်ဖော်ပြောဆို

r

စံတော်ချိန်သတင်းစာ
10.12.2013

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် အပါအ၀င်တိုင်းဒေသကြီး အချို့၌ အောက်တိုဘာလအတွင်းက ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ယင်းသို့ ဖြစ်ပွားစေရန် စေခိုင်းခဲ့သည်ဟုသံသယရှိခံရသူ နေတိုး(ခ)စောရွှေထူးမှာ လွတ်မြောက်နေသော်လည်း ယခုအခါ ၎င်းရှိသည့်နေရာကို ကရင်အမျိုးသား အစည်းအရုံး(ကေအင်န်ယူ)၏ စုံစမ်းစစ်ဆေးရေး ကော်မရှင်က သိရှိထားပြီဖြစ်ကြောင်း ကေအင်န်ယူဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က စံတော်ချိန်သို့ ပြောဆိုသည်။

ကြေးနန်းရိုက် နေတိုး(ခ)စောရွှေထူးသည် မြန်မာနိုင်ငံကေအင်န်ယူ၏ ထိန်းချုပ်နယ် မြေအတွင်း၌ ရှိနေပြီး စုံစမ်းစစ်ဆေးရေးကော်မရှင်၏ စစ်ဆေးမှုကို လာရောက်ခံယူရန်အတွက် ကြေးနန်းရိုက်ကာခေါ်ယူသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

" စုံစမ်းစစ်ဆေးရေးကော်မရှင်က နာမည်ထွက်နေတဲ့ နေတိုးရှိတဲ့နေရာကို သိထားပြီးပါပြီ။ သူက ကေအင်န်ယူနယ် မြေအတွင်းမှာပဲ ရှိနေသေးတယ်လို့ သိရပါတယ်။ အဲဒါက မြန်မာနိုင်ငံထဲမှာပါပဲ။ ကော်မရှင်မှာလာရောက်ပြီးတော့
အစစ်ဆေးခံဖို့လည်း ကြေးနန်းရိုက်ခေါ်သွားမှာပါ " ဟု ၎င်းက ပြောသည်။
သို့သော် တရားခံဟု သံသယရှိသူအားမဖမ်းဆီးဘဲ လာရောက်စစ်ဆေး ရန်အတွက် မည်သည့်အတွက်ကြောင့် ကြေးနန်းဖြင့် ဖိတ်ခေါ်ရသည့် အကြောင်းရင်းကိုမူ ၎င်းကထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

ဗုံးပေါက်ကွဲမှုများကို စေခိုင်းသည်ဟု သံသယရှိခံရသူ နေတိုး(ခ)စောရွှေ ထူးသည် ကရင်အမျိုးသားအစည်းအရုံး(ကေအင်န်ယူ)၏ အောက်ခြေအဆင့်မှ အဖွဲ့ဝင်တစ်ဦးဖြစ်သည့်အတွက် ကေအင်န်ယူ အနေဖြင့် အောက်တိုဘာ ၂၅ ရက်က ဗဟိုကော်မတီအစည်း အဝေးခေါ်ယူကာ စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ခုဖွဲ့စည်းခဲ့ပြီး သံသယရှိသူကို အမြန်ဆုံးဖော်ထုတ်နိုင်ရန် စုံစမ်းမှုများကို မြန်မာနိုင်ငံရဲ တပ်ဖွဲ့နှင့် မပူးပေါင်းဘဲ သီးသန့်စုံစမ်းကာ ဆောင်ရွက်ခဲ့ကြောင်း ဖဒိုမန်းငြိမ်းမောင်က ဆက်လက်ပြောကြားသည်။

နေတိုး(ခ)စောရွှေထူးရှိနေသည့် နေရာနှင့် စစ်ဆေးသွားမည့်အကြောင်း အရာများမှရရှိလာမည့် အချက်အလက်များကို မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလအတွင်း ရန်ကုန်မြို့နှင့် တိုင်းဒေသကြီး အချို့၌ ဖြစ်ပွား ခဲ့သော ဗုံးပေါက်ကွဲမှုများကြောင့် လူနှစ်ဦးသေဆုံးခဲ့ပြီး နိုင်ငံခြားသူတစ်ဦး အပါအ၀င် သုံးဦးဒဏ်ရာရရှိခဲ့ကြောင်းပြန်ကြားရေးဝန်ကြီးဌာနကထုတ်ပြန် ခဲ့သည်။

ဒီနေ့ကာတွန်း

ယာဉ်ကြောပိတ်ဆို့ ကျပ်တည်းမှု မြို့တော်စည်ပင်နှင့်လည်းသက်ဆိုင်သည်



Myat Thu



    ရန်ကုန်မြို့ တွင် 2013 ခုနှစ်အတွက်အဆိုးရွားဆုံးပြဿနာတခုဖြစ်သည့် ယာဉ်ကြောပိတ်ဆို့မှုပြဿနာသည် ယာဉ်စည်းကမ်း လမ်းစည်းကမ်း မလိုက်နာသူများ ၊ မော်တော်ယာဉ်လိုင်းများမှ စည်းကမ်းဖောက်ဖျက်မှုများအပြင် လမ်းနယ်သို့  အလွန်အကျူးတိုးချဲ့ရောင်းချနေကြသည့် စားသောက်ဆိုင် ၊ စတိုးဆိုင်များ နှင့် လမ်းဘေးဈေးသည်များ ကို မြို့ တော်စည်ပင်မှ စနစ်တကျ ကြပ်မတ်ဆောင်ရွက်ခြင်းမရှိသည့်အပေါ်တွင်လည်းများစွာသက်ဆိုင်သည်ဟုဆိုရပေမည် ။

    နေ့စဉ် ကားလမ်းပိတ်ဆို့မှု အဖြစ်ပွားဆုံးနေရာများ ဖြစ်ကြသည့် လှည်းတန်း ၊ မြေနီကုန်း ၊ တာမွေ ၊ ယုဇနပလာဇာ ၊ ဖရေဇာ ၊ ကုန်ဈေးတန်းလသာ တ၀ိုက်တွင် လမ်းဘေးဈေးသည်များမှာ ဈေးတန်း နှစ်တန်း သုံးတန်းခန့်ထိအောင်ပင် လမ်းမဘေးပလက်ဖောင်းများ ပေါ်တွင်ခင်းကျင်းရောင်းချနေကြပြီး မြို့ ထဲ လူစည်ကားရာနေရာများတွင် ပလက်ဖောင်းအပြင်ဖက် လမ်းနယ်ထိတိုင်အောင် စားပွဲဝိုင်း ဆယ်ဝိုင်းကျော်ရှိ လက်ဖက်ရည်ဆိုင် ထမင်းကြော်ဆိုင်များ အပြိုင်အဆိုင်တည်ခင်းရောင်းချနေသည်ကိုမြင်တွေ့နိုင်မှာဖြစ်ပါတယ် ။

    ထိုဆိုင်များသို့ လာရောက်စားသောက်ကြသူများနှင့်အတူပါရှိလာသော မော်တော်ယာဉ်များ နှင့် ခရီးသည်လာရောက်စောင့်စားရှာဖွေကြသူ အဌားကားများသည့် အဆိုပါဆိုင်များအပြင်ဖက် လမ်းမပေါ်တွင် ထပ်မံရပ်နားထားကြပြန်ရာ အမှန်တကယ်သွားလာနိုင်သည့် လမ်းမအကျယ်အ၀န်းမှာ ၆ လမ်းသွား ဟုဆိုသော်လည်း ၄ လမ်းသွားခန့်သာ မော်တော်ယာဉ်များသွားနိုင်ခြင်းရှိပါသည် ။ ထို့ကဲ့သို့လမ်းဘေးဈေးသည်များစည်းပျက်ကမ်းပျက်ရောင်းချနေခြင်းကို သက်ဆိုင်ရာ မြို့နယ်စည်ပင်မှ အရေးယူဆောင်ရွက်ခြင်းမရှိပေ။ လမ်းမပေါ်ရှိ ရောင်းချနေသော နေရာအကျယ်အ၀န်းပေါ်မူတည်၍ ဈေးကောက် အခကြေးငွေကောက်ခံခြင်းကိုသာ အလေးထားဆောင်ရွက်နေသည်ကို မြင်တွေ့နိုင်ပါသည် ။

    ရန်ကုန်မြို့တွင်းလူနေထူထပ်သည့် မြို့ နယ်များဖြစ်ကြသည့် စမ်းချောင်း ၊ အလုံ ၊ ဗဟန်း ၊ တာမွေမြို့ နယ်တို့ တွင် ဈေးဆိုင်ဖွင့်လှစ်ရောင်းချနေကြသည့် မြေညီထပ်မှဆိုင်ခန်းများသည် စည်ပင်သာယာနယ်နိမိတ် ရေမြောင်းများအားကျော်လွန်ပြီးလမ်းမများပေါ်ထိတိုင်အောင် ယာယီဟုခေါ်ဆိုနိုင်သော်လည်း အမြဲတစေထားရှိသည့် သံကိုင်းထီးကြီးများဖြင့် ကျူးကျော်ရောင်းချနေသည်ကို မြို့နယ်စည်ပင်သာယာမှ ကြပ်မတ်ဆောင်ရွက်ခြင်းမရှိပဲ ဒါဏ်ကြေး ၊ စည်ပင်ကြေး ၊ လိုင်းကြေးများကိုသာတွင်တွင် ကောက်ခံနေသဖြင့် လမ်းမများတွင်ဆိုင်ကြီးများဖွင့်လှစ်ရောင်းချနေမှုသည် တနေ့တခြားအပြိုင်အဆိုင်များပြားလာခဲ့ပြီး ရပ်ကွက်များအတွင်းလမ်းပိတ်ဆို့မှုမှာလည်း ပိုမိုဆိုးရွားလာခဲ့သည်။

    အချို့သောမြေညီထပ်တွင်နေထိုင်ကြသူများသည် ၎င်း တို့ အိမ်ရှေ့မျက်နှာစာနှင့် ကားလမ်းကြားရှိမြေပေါ်တွင် အလှစိုက်ပန်းအမျိုးမျိုးတို့ အား ပန်းအိုးကြီးငယ်စုံစွာဖြင့် ပန်းခြံအသေးစားတခုနီးပါးထိ စိုက်ပျိုးထားကြသည်ကိုလည်းလမ်းအတော်များများတွင် မြင်တွေ့နေရပါသည်။ယခုကဲ့သို့စိုက်ပျိုးထားခြင်းသည်လည်း လမ်းကျဉ်းမြောင်းမှုကိုဖြစ်ပေါ်စေသည့် အခြေအနေတရပ်ဖြစ်သည်။

    ယခုကဲ့သို့  ယာဉ်ကြောပိတ်ဆို့မှုများကို ဖြေရှင်းနိုင်ရန်အတွက် လမ်းမများပေါ်တွင် တည်ခင်းရောင်းချနေကြသောဈေးသည်များအားလည်းစနစ်တကျရှိစေရန် စီမံနေရာချထားခြင်း ၊ အလွန်အမင်းကျူးကျော်ရောင်းချနေကြသော စားသောက်ဆိုင်ကဲ့သို့ ဆိုင်ကြီးများကို နေရာသတ်မှတ်ပေးခြင်း ၊ လမ်းမဘေးနခမ်းများရှိ ပန်းခြံငယ်များကို လိုသည်ထက်မပိုအောင် စီမံသတ်မှတ်ပေးခြင်းကို အလျှင်အမြန်ဆောင်၇ွက်ပြီး ၊ အစိုးရရုံးအချို့ အား လမ်းပန်းဆက်သွယ်ရေးအနေအထားကောင်းမွန်မည့် မြို့နယ်များသို့ အပိုင်းလိုက်ရွှေ့ပြောင်းခြင်း စသည်တို့ကို ဆောင်၇ွက်နိုင်မည်ဆိုပါက လက်ရှိ ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုပြဿနာကို တဖက်တလမ်းမှ ပြေလည်စေမည်ဖြစ်ပြီး ယခုနှုန်းထားအတိုင်း ယာဉ်ကြောပိတ်ဆို့မှုဆက်လက်ဖြစ်ပွားနေပါက လာမည့် 2014 နှစ်ကုန်ပိုင်းတွင် အလွန်ဆိုးရွားသောအခြေအနေများပေါ်ပေါက်နိုင်ဖွယ်ရှိနေပြီဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။


    မြတ်သူ
    https://www.facebook.com/MgMyatThu

အ.ထ.က(၄)မရမ်းကုန်းသတ္တမတန်းကလေး(၄)ယောက် မနေ့ကကျောင်းသွားချိန်ကနေ ယခုထက်တိုင် ပျောက်ဆုံး



မိတ်ဆွေများ ကျေးဇူးပြု၍ အရေးတကြီးရှာပေးကြပါ။
အ.ထ.က(၄)မရမ်းကုန်းမှာ သတ္တမတန်းကျောင်းတက်နေတဲ့ဓာတ်ပုံရှင်ကလေး(၄)ယောက် မနေ့ကကျောင်းသွားချိန်ကနေ ယခုထက်တိုင် ပျောက်ဆုံးနေပါတယ်။မရမ်းကုန်းရဲစခန်းမှာလည်း လူပျောက်တိုင်ချက်ဖွင့်ထားပါတယ်။မိဘတွေလည်း အလွန်စိတ်ပူနေကြပါတယ်။ ကလေးတွေက ၁၂နှစ်၁၃နှစ်ဝန်းကျင်တွေပါ။။တွေ့ရှိသူများ ကျနော့်ထံသတင်းပေးကြပါ။ဖုန်း-၀၉၇၃၁၆၄၂၉၆။ ၀၉၃၁၂၉၀၃၇၀ ။ ၀၉၂၅၀၅၁၆၄၆၆ ကိုဆက်သွယ်ပေးကြပါ။

Ko Win Naing


Ko Win Naing

ကလေး၎ယောက်ပြန်တွေ့ပါပြီ
အဆက်အသွယ်သတင်းရပါပြီ။
နေပြည်တော်ဘူတာကိုရောက်နေပါတယ်လို့ဖုန်းဆက်ပါတယ်။
ဆီးဂိမ်းကိုဦးတည်သွားကြတယ်လို့ယူဆရပါတယ်။ စားရိတ်ပြတ်တော့မှ နေပြည်တော်ဘူတာပီစီအိုဖုန်းဆိုင်ကနေအိမ်ကိုလှမ်းဆက်ပါတယ်။
ပီစီအိုဖုန်းဆိုင်ကသူတို့လေးယောက်ကိုမသင်္ကာလို့ခေါ်မေးပြီးထိန်းသိမ်းထားပေးပါတယ်။
မိဘကိုလည်းလှမ်းအကြောင်းကြားပေးပါတယ်။ မိဘတွေလိုက်သွားကြပါပြီ။
ဝိုင်းစိတ်ပူပေးကြ၊သတင်းမေးကြ၊ရှယ်ပေးကြတဲ့မိတ်ဆွေအပေါင်းကိုအထူးကျေးဇူးတင်ပါတယ်။

တစ်နေ့ မှာ မြန်မာ့လွှတ်တော်-ကြုံတွေ့ လာလေမလား



ခိုင်အောင်ကျော် ( နယူးယောက် )

ထိုင်းနိုင်ငံဟာ အာဏာသိမ်းမှုပေါင်း-၂၀-နီးပါး ရှိတဲ့ နိုင်ငံဖြစ်တယ် ။ အစိုးရဖြုတ်ချပွဲ အကြိမ်ပေါင်းများစွာ ဖြစ်ပေါ်တဲ့ နိုင်ငံ ။ စစ်တပ်ကအာဏာသိမ်းတယ်ဆိုရင် လူတွေရာထောင် ချီလို့  သေဆုံးကြရမယ် ။ အဲလို မဟုတ်ဘူး ။ မဖြစ်စလောက် ဆယ်ဂဏန်းလောက် သေဆုံးပြီး နိုင်ငံက တည်ငြိမ်အေးချေမ်းသွားတယ် ။ အစိုးရဖြုတ်ချပွဲ ဆန္ဒပြပွဲ ဖြစ်လာရင်လဲ ရက်သတ္တပါတ် ကျော်လာရင် ထိုင်းနိုင်ငံဟာ အတီးအမှုတ်တွေနဲ့  ဆန္ဒပြပွဲတွေ ပြုလုပ်လာတတ်ကြတယ် ။ အနုပညာရှင်တွေက ပါဝင်လာတော့ ကခုန်သီဆိုရင်း ဆန္ဒပြ့ပွဲဟာ ပျော်စရာတွေ ဖြစ်လာတယ် ။ အတိုက်အခံ နိုင်ငံရေးသမားတွေက ဟောပြောပွဲတွေ ပြုလုပ်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေက လမ်းပေါ်ထွက်လာရင် အစိုးရဟာ လွှတ်တော်ကို ဖျက်သိမ်းလိုက်ရတော့တယ် ။


ဘယ်လိုဘဲဖြစ်ဖြစ် ၀န်ကြီးချုပ်စနစ်နဲ့  နိုင်ငံရေးကို ဦးဆောင်နေတဲ့  ထိုင်းနိုင်ငံမှာ ပြည်သူလူထုတွေက လမ်းပေါ်ထွက်လို့  အစိုးရကို အယုံအကြည်မရှိ ဖြစ်လာပြီ ဆိုရင် အဖြေက တစ်ခုဘဲ ရှိလာတယ် ။ အစိုးရကနုတ်ထွက်သွားရတာပါဘဲ ။ ထူးခြားတာကတော့ ဘယ်အစိုးရကဘဲ ဖြုတ်ချခံရခံရ ဘယ်အစိုးရကဘဲ တက်တက် သူတို့ ရဲ့  ထိခြင်းငါးပါးနဲ့  ဒူးထောက်ဖူးမျှော် ရှိခိုးပြီး ရိုသေကိုင်းညွတ်ရတဲ့  သူတစ်ဦးဆီမှာ သူတို့ တွေ ကတိသစ္စာ ခံယူဆုံးမခံကြရတယ် ။ အဲဒီပုဂ္ဂိုလ်ကတော့ ထိုင်းဘုရင်မင်းမြတ်ဘဲဖြစ်တယ် ။


ထိုင်းဘုရင်ဟာ တိုင်းနိုင်ငံမှာ ပြည်သူချစ်သော ဘုရင်မင်းမြတ်ဖြစ်တယ် ။ ပြည်သူတစ်ရပ်လုံးဟာ ထိုင်းဘုရင်ရဲ့  မွေးနေ့ ဆိုရင် အဖူးမျှော်ခံမဲ့  လမ်းတစ်လျှောက်မှာ မြေကြီးပေါ်ပြားပြားဝပ်ပြီး နဖူးမြေထိ ရှိခိုးပူဇေါ်ဖို့  သွားကြတယ် ။ စစ်တပ်ဟာ ထိုင်းဘုရင်ရဲ့  စကားကို ချစ်ကြောက်ရိုသေပြီး မြေ၀ယ်မကျ နားထောင်တယ် ။ အစိုးရဟာ ထိုင်းဘုရင်ဆီမှာသစ္စာတော်ခံ ကြတယ် ။ ထူးခြားတာကတော့ ထိုင်းပြည်သူတွေဟာ သွေးမြေကျ အနည်းဆုံးနဲ့  အစိုးရတစ်ခုကို ပြောင်းလဲစေတတ်တဲ့  နိုင်ငံရေးပညာမြင့်မားနေတဲ့  နိုင်ငံဖြစ်တယ် ။


အစိုးရကို အယုံအကြည်မရှိဆိုတာဟာ နိုင်ငံတကာမှာ လုပ်ရိုးလုပ်စဉ် ဒီမိုကရေစီအခွင့်အရေး လှုပ်ရှားမှုဖြစ်တယ် ။ ခုလဲဘဲ ထိုင်းနိုင်ငံက ၀န်ကြီးချုပ် မစ္စယင်လပ်က လွှတ်တော်ကို ဖျက်သိမ်းလိုက်ကြောင်း ကြေညာလိုက်ပြီ ။ ဒါပေမဲ့  အစိုးရကို မဖျက်သိမ်းဘဲ ထားနေသေးတယ် ။ ပြည်သူတွေဟာ အစိုးရကိုပါ ဖျက်သိမ်းပေးဖို့  တောင်းဆိုလာရင် သူလုပ်ပေးပါမယ်လို့  ပြောနေတဲ့  ရွေးကောက်ပွဲကို အလိုမရှိဘူးဆိုရင် သူမဟာ အစိုးရကိုပါ ဖျက်သိမ်းပြီး ၀န်ကြီးချုပ်ရာထူးက နုတ်ထွက်ပေးရတော့မှာဖြစ်တယ် ။ ကြားဖြတ်အစိုးရကို ဖွဲ့ စည်းပေးဖို့ အထိ အတိုက်အခံပါတီတွေနဲ့  ပြည်သူတွေက တောင်းဆိုလာမယ်ဆိုတာ နိမိတ်လက္ခဏာတွေ မြင်နေရတယ် ။ ဘာဖြစ်လို့ လဲဆိုတော့ အတိုက်အခံတွေထဲမှာ အယင်က၀န်ကြီးချုပ်ဟောင်းဖြစ်တဲ့  မစ္စတာအဘီဆစ်တို့ လို လွှတ်တော်ကိုယ်စားလှယ်တွေ ပါလာကြပြီဖြစ်တယ် ။


မြန်မာနိုင်ငံမှာ ကြံ့ ခိုင်ရေးနဲ့  ဖွံ့ ဖြိုးရေးပါတီဟာ နိုင်ငံသားလဲ မဟုတ်-တိုင်းရင်းသားလဲမဟုတ်သူလို့  သတ်မှတ်ထားပြီး အမျိုးအမည် မသတ်မှတ်တဲ့  လူတွေကို အဖြူရောင်စာရွက် ကဒ်လေးတစ်ခု လုပ်ပေးပြီး ပေးထားတယ် ။ နိုင်ငံသားဖြစ်သူ တိုင်းရင်းသားဖြစ်သူတွေကို နိုင်ငံသားမှတ်ပုံတင်ကဒ်ပြား ထုတ်ပေးတယ် ။ ဒီလိုနိုင်ငံသားစီစစ်ရေး မှတ်ပုံတင်ကဒ်ပြား ကိုင်ဆေင်သူများကို -၂၀၀၈-ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ -၂၀၁၀-ခုနှစ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ပေးတယ် ။


ဒါပေမဲ့  ဘာမှန်းမသိတဲ့  စာရွက်ဖြူကဒ်ပြားလေးကို ကိုင်ဆောင်ထားသူများကို ရွေးကောက်ပွဲဝင်ဖို့  ဆိုပြီး ကြံ့ဖွံ့ ပါတီက တင်သွင်းတဲ့ အခါကျတော့ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီက ကန့် ကွက်တင်ပြတယ် ။ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က ဒီလို ကန့် ကွက်တင်ပြတာဟာ မှန်ကန်တယ် ဆိုပြီး -၂၀၁၀-ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခွင့်ကို ပယ်ချခဲ့ တယ် ။ ဒါပေမဲ့  နေပြည်တော်ရှိ ဗိဟုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ကြံ့ဖွံ့ ပါတီက စာရွက်ဖြူကဒ်ပြားကို ကိုင်ဆောင်သူ -မှတ်ပုံတင်လိမ်သူ-လူမျိုးလိမ်သူတွေကို -၂၀၁၀-ရွေးကောက်ပွဲဝင်ခွင့်ပြုခဲ့ တယ် ။ ဒီတာ့ စာရွက်ဖြူကဒ်ပြား ကိုင်ထားတဲ့  လူတွေက ရခိုင်ပြည်နယ်စပ်မှာ -၅-သိန်းကျော်ရှိနေတော့ သူတို့ တွေဟာ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သွားကြတယ် ။


လူဝင်မှုကြီးကြပ်ရေးနဲ့  ပြည်သူ့ ဆက်ဆံရေးဝန်ကြီးဋ္ဌါန ၀န်ကြီး ဦးခင်ရီက ဘာလူမျိုးမှန်းလို့  ပြောလို့ မရတဲ့  လူတွေကို စာရွက်ဖြူ ကဒ်ပြား ( White Card ) သာ ထုတ်ပေးထားတယ် ။ သူ့ ကို လူမျိုး အနေနဲ့  သတ်မှတ်ပေးတာ မရှိဘူး- ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ဟာ သူ့ ရဲ့  လူဝင်မှုကြီးကြပ်ရေးဋ္ဌါန အလုပ်မဟုတ်ဘူးဆိုတာ တင်ပြပြီး အစိုးရကို လွှဲပြောင်းစစ်ဆေး စေတယ် ။ ဒါပေမဲ့  ဗဟိုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ရွေးကောက်ပွဲကို ၀င်ရှောက်ယှဉ်ပြိုင်ဖို့  တင်လာတဲ့  လွှတ်တော်ကိုယ်စားလှယ်တွေကို သူ့ မှာ ၀င်ပြိုင်စေဖို့  လက်ခံခဲ့ တယ်လို့  တင်ပြနေတယ် ။


ဒါပေမဲ့  အစိုးရကတော့ ခုအချိန်ထိ ဘာသတင်းမှ မထုတ်ပြန်ဘဲ ရေငုံနုတ်ပိတ်နေတယ် ။ စာရွက်ဖြူကဒ် ( White Card ) ကိုင်ဆောင်သူများကို အစိုးရက ခုချိန်ထိ စစ်ဆေးအရေးမယူတာဟာ မြန်မာနိုင်ငံကို မီးဟုန်းဟုန်းတောက်စေဖို့  စနက်တံတွေ ဖြစ်တယ် ။ လောင်စာပြင်းပြင်းနဲ့  တောက်လောင်စေဖို့  စက်သုံးဆီတွေဖြစ်တယ် ။ ပေါက်ကွဲစေတတ်တဲ့  ဗုံးတွေကို ဖင်ခုထိုင်နေသလို ဖြစ်တယ် ။



အကယ်၍သာ -ထိုင်းနိုင်ငံလို မြန်မာနိုင်ငံ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ စက္ကူဖြူကဒ် ( White Card ) ကိုင်ဆောင်ထားသူများကို အမြန်ဆုံး စစ်ဆေးပြီး မပြုလုပ်ပါက လမ်းပေါ်ထွက် တောင်းဆိုလာမယ်ဆိုရင် ------------


အကယ်၍သာ - စက္ကူဖြူကဒ်ကိုင်ဆောင်ထားသူများကို ကြံ့ဖွံပါတီမှာ အမြန်ဆုံးဖယ်ရှားပေးဖို့  ပြည်သူတွေက တောင်းဆိုလာရင် ----------


အကယ်၍သာ- ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များနဲ့  ပြည်သူလူထုတွေက -( White Card ) ကိုင်ဆောင်ထားသူများကို မစစ်ဆေးဘဲ ဒီအတိုင်းထားနေတဲ့ အတွက် အစိုးရကို အယုံအကြည် မရှိ လမ်းပေါ်ထွက် ဆန္ဒပြလာခဲ့ မယ် ဆိုရင် -------------

တစ်နေ့ မှာ မြန်မာနိုင်ငံ လွှတ်တော်ဟာ-၂၀၁၅-ခုနှစ် မတိုင်မှီ နိုင်ငံရေးပါးရည် ၀လာပြီဆိုရင် ကြုံတွေ့ လာမယ်လို့  ပြောနိုင်လေမလား -----------။။။။။



ခိုင်အောင်ကျော် ( နယူးယောက် )

မြန်မာနိုင်ငံမှာ နိုင်ငံခြားအလံကို မီးရှို့မှုပြုလုပ်ရင် ဘယ်လိုပြစ်ဒဏ် ကျခံနိုင်စေတယ်လို့ ပြဋ္ဌာန်းထားတဲ့ ဥပဒေ မတွေ့သေး



Eleven Media Group

တရုတ်အလံ မီးရှို့ဆန္ဒပြမှုအတွက် ဒေါ်နော်အုန်းလှနှင့် ကိုတင်ထွဋ်ပိုင်တို့အမှု ယနေ့ (ဒီဇင်ဘာ ၁၀ ရက်) တွင် ဒဂုံမြို့နယ်တရားရုံး၌ ပူးတွဲရုံးထုတ် စစ်ဆေးမည်
====================================================================================
လက်ပံတောင်းတောင် အကြမ်းဖက် ဖြိုခွင်းခံရသည့် နှစ်ပတ်လည်နေ့တွင် စီမံကိန်း ရပ်ဆိုင်းရန်အတွက် တရုတ်သံရုံးရှေ့တွင် တရုတ်နိုင်ငံအလံအား မီးရှို့ဆန္ဒပြ တောင်းဆိုခဲ့သူများဖြစ်သည့် ဒေါ်နော်အုန်းလှနှင့် ကိုတင်ထွဋ်ပိုင်တို့ အမှုကို ဒီဇင်ဘာ ၁၀ ရက်တွင် ဒဂုံမြို့နယ်တရားရုံး၌ ပူးတွဲရုံးထုတ် စစ်ဆေးမည်ဖြစ်ကြောင်း အမှုကို လိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်၏ ပြောပြချက်အရ သိရသည်။ တရုတ်နိုင်ငံအလံကို မီးရှို့ဆန္ဒပြခဲ့သူ တစ်ဦးဖြစ်သူ ဒေါ်နော်အုန်းလှကို ဒီဇင်ဘာ ၉ ရက်တွင် ဒဂုံမြို့နယ် တရားရုံးသို့ ရုံးထုတ်ခဲ့ပြီး အမှုကို စစ်ဆေးမှုမပြုလုပ်ဘဲ ဒီဇင်ဘာ ၁၀ ရက်သို့ ထပ်မံ ချိန်းဆိုခဲ့ကြောင်း သိရသည်။ အဆိုပါအမှုကို လိုက်ပါဆောင်ရွက်ပေးနေသူ ဦးရောဘတ်စန်းအောင်က "တခြားနိုင်ငံတွေမှာရော ဆန္ဒပြတဲ့အခါ အလံတွေကို မီးရှို့ဖျက်ဆီးမှုတွေ ရှိပါတယ်။ အဲဒီနိုင်ငံတွေမှာ ဘယ်လိုဥပဒေမျိုးတွေရှိလဲ မသိပေမယ့် လက်ရှိ ကျွန်တော်သိသလောက်က မြန်မာနိုင်ငံမှာ နိုင်ငံခြားအလံကို မီးရှို့မှုပြုလုပ်ရင် ဘယ်လိုပြစ်ဒဏ် ကျခံနိုင်စေတယ်လို့ ပြဋ္ဌာန်းထားတဲ့ ဥပဒေ မတွေ့သေးပါဘူး။ အာဏာပိုင်တွေအနေနဲ့ အမှုကို စစ်ဆေးမယ်ဆိုရင် လွတ်လပ်တဲ့ သက်သေတွေဖြစ်ဖို့ လိုအပ်ပါတယ်" ဟု ဒီဇင်ဘာ ၉ ရက် မွန်းလွဲပိုင်းက The Daily Eleven သတင်းစာသို့ ပြောကြားသည်။ လက်ရှိတွင် ဒေါ်နော်အုန်းလှကို ဒဂုံမြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး ကိုတင်ထွဋ်ပိုင်ကို အင်းစိန် အကျဉ်းထောင်အတွင်း ချုပ်နှောင်ထားကြောင်း သိရသည်။ ထိုသို့ တရုတ်နိုင်ငံအလံကို မီးရှို့ဆန္ဒပြသူများဖြစ်သည့် ဒေါ်နော်အုန်းလှနှင့် ကိုတင်ထွဋ်ပိုင် အပါအ၀င် လေးဦးကို နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေသည့် ပြစ်မှုပုဒ်မ-၅၀၅ (ခ) ဖြင့် တရားစွဲဆိုခံထားရခြင်း ဖြစ်သည်။ ပုဒ်မ-၅၀၅ (ခ) သည် နိုင်ငံရေးပုဒ်မတစ်ခုအဖြစ် သတ်မှတ်ထားကြပြီး တရုတ်နိုင်ငံအလံအား မီးရှို့ခြင်းဖြင့် ယခုဥပဒေပါ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို မည်သို့ထိခိုက်စေသည် ဆိုသည်ကိုမူ သိရှိရခြင်း မရှိချေ။ တရုတ်နိုင်ငံအလံအား မီးရှို့ဖျက်ဆီးမှု နှင့်ပတ်သက်ပြီး တရုတ်နိုင်ငံမှ မြန်မာအစိုးရထံ အကြောင်းကြားစာ ပေးပို့မှုရှိသည်ဟူ၍ အင်တာနက် စာမျက်နှာအချို့တွင် ဖော်ပြခဲ့သော်လည်း တရုတ်သံရုံး တာဝန်ရှိသူက ထိုစာနှင့်ပတ်သက်၍ သိရှိမှုမရှိကြောင်း The Daily Eleven သတင်းစာ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။ "အဲဒီအသိပေးစာနဲ့ ပတ်သက်လို့ ဘာမှမကြားမိပါဘူး။ ကျွန်တော့်အနေနဲ့ ပြောရရင် အရင်ကလည်း တရုတ်နိုင်ငံနဲ့ ပတ်သက်တဲ့ ကောလာဟလတွေ မြန်မာနိုင်ငံမှာ အလွယ်တကူ ပြန့်နှံ့လေ့ရှိတာကြောင့် ဒါဟာလည်း အချက်အလက်အပေါ် အခြေခံမှုမရှိတဲ့ အကြောင်းအရာတစ်ခုလို့ ထင်ပါတယ်။ မြန်မာနိုင်ငံသားတစ်ဦးအပေါ်မှာ တရုတ်နိုင်ငံအနေနဲ့ ဘယ်လိုအရေးယူမလဲဆိုတာ မသိပါဘူး။ ကျွန်တော့်အနေနဲ့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံသားတစ်ဦးကို အရေးယူလို့ မရဘူးလို့ ထင်ပါတယ်" ဟု Mr. Xiong Guofeng က ဖြေကြားခဲ့သည်။ မြန်မာနိုင်ငံအတွင်း ရခိုင်ပြည်နယ်ရှိ ရခိုင်များနှင့် ဘင်္ဂါလီများအကြား ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများ ဖြစ်ပေါ်ပြီးနောက် ပါကစ္စတန်နှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် မြန်မာနိုင်ငံတော်အလံကို မီးရှို့မှုများ ဖြစ်ပွားခဲ့သော်လည်း မည်သည့် အင်ဒိုနီးရှား နိုင်ငံသားတစ်ဦးကိုမှ မြန်မာနိုင်ငံအနေနှင့် အရေးယူဆောင်ရွက်နိုင်ခြင်း မရှိကြောင်းလည်း သိရှိရပြီး တောင်တရုတ်ပင်လယ်အတွင်းရှိ ကျွန်းစုများပိုင်ဆိုင်မှု အငြင်းပွားမှုကြောင့် ဖိလစ်ပိုင်နိုင်ငံတွင်လည်း တရုတ်အလံအား မီးရှို့ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ဖူးကြောင်း သိရသည်။ လက်ပံတောင်းတောင် သပိတ်စခန်း အကြမ်းဖက်ဖြိုခွင်းခံရမှု တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် လက်ပံတောင်းတောင်အရေး တက်ကြွလှုပ်ရှားသူများက ကန့်ကွက်ဆန္ဒပြမှုတစ်ရပ်ကို နိုဝင်ဘာ ၂၉ ရက်တွင် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှ တရုတ်သံရုံးရှေ့သို့ လမ်းလျှောက်ဆန္ဒပြခဲ့ကြပြီး သံရုံးအနီး အလုံမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ တားဆီးခဲ့သောကြောင့် ဆန္ဒပြသူများက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အလံကို မီးရှို့ခဲ့ကြခြင်းဖြစ်သည်။ အလံကို မီးရှို့ဆန္ဒထုတ်ဖော်ခဲ့သူများဖြစ်သည့် ဒေါ်နော်အုန်းလှကို ဒီဇင်ဘာ ၆ ရက်၊ ကိုတင်ထွဋ်ပိုင်ကို ဒီဇင်ဘာ ၃ ရက်တို့တွင် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ကျန်နှစ်ဦးကို ရှာဖွေစုံစမ်းနေဆဲဖြစ်ကြောင်း ဒဂုံမြို့မရဲစခန်းမှ သိရသည်။ မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းထားသော တည်ဆဲဥပဒေများတွင် မြန်မာနိုင်ငံတော် အလံအား မလေးမစားပြုလုပ်ခြင်း၊ ဖျက်ဆီးခြင်း အစရှိသည်တို့နှင့် ပတ်သက်၍ အရေးယူနိုင်သည့် ဥပဒေကိုသာ ပြဋ္ဌာန်းထားပြီး အခြားနိုင်ငံတစ်နိုင်ငံ၏ အလံနှင့်ပတ်သက်၍မူ သီးခြားပြဋ္ဌာန်း ဥပဒေမရှိကြောင်း သိရသည်။

(လက်ပံတောင်းတောင်သပိတ်စခန်း အကြမ်းဖက်ဖြိုခွင်းခံရသည့် တစ်နှစ်ပြည့်အထိမ်းအမှတ် ဆန္ဒထုတ်ဖော်နေသူများနှင့် တရုတ်သံရုံးရှေ့တွင် လုံခြုံရေးယူထားသည့် ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်))

ဒီနေ့ဆီးဂိမ်းဆုတံဆိပ်ရရှိပြီးဇယား

စကာင်္ပူကလက်ရှိဖမ်းဆီးမှုအခြေအနေ




SINGAPORE: 24 Indian nationals were charged in court on Tuesday afternoon with rioting in Little India on Sunday night.

The incident, Singapore's first major riot in four decades, broke out when a private bus knocked down 33-year-old Indian worker,
Sakthivel Kumaravelu, at the junction of Race Course Road and Hampshire Road after 9pm.

Aged between 22 and 40, the 24 accused are from different dormitories and companies.

The men are also accused of throwing concrete pieces at police officers.

Each of them faces a charge of rioting on December 8 between 9.20pm and 10.45pm in the vicinity of Race Course Road.

During the short hearing, the court heard that the Law Society’s Pro Bono Services Office is looking into offering legal aid to the accused persons.

So far, more than 10 lawyers have volunteered to do so.

The High Commission of India has also contacted the accused persons about legal representation.

Singapore's Foreign Affairs Ministry added that it is working with the High Commission to facilitate consular access and support for the men.

The accused are among 28 people who were earlier arrested in the fracas -- 25 Indian nationals, two Bangladeshis and one Singapore PR.

Subsequent police investigations showed that the Singapore PR, the two Bangladeshis and an Indian national were not involved in the incident and have been released.

If convicted of rioting, the maximum penalty is seven years' jail and caning.

The case will be mentioned on December 17.

- CNA/ac/nd

http://www.channelnewsasia.com/news/singapore/24-indian-nationals/917554.html?cid=FBSG

ကာ တာ WISH-Summit မှာဒေါ် အောင် ဆန်း စု ကြည် မိန့် ခွန်း ပြော



Tun Wai

ဦးရွှေမန်း နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ နှစ်ဦး စလုံး တို့ ၏ ဆန္ဒ အရ ၄င်း ငြိမ်းချမ်း ညီညွတ် စွာ ဖြင့် ဆန္ဒ ဖော်ထုတ် ပွဲကြီး


ပုဒ်မ ၃၈(က) မှာပြောထားတာက.. နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီရွေးကောက်တင်မြှောက်ခွင့်နှင့်..ရွေးကောက်တင်မြှောက်ခံ ပိုင်ခွင့်ရှိသည်...ဟုပြောထားပြီး..။
ပုဒ်မ ၅၉(စ) မှာကျတော့..မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏မိဘ တစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ဇနီး သို့ မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏တရားဝင်သားသမီးတစ်ဦးဦးသော်လည်းကောင်း၊ထိုတရားဝင်သားသမီးတစ်ဦးဦး၏ဇနီး သို့ မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ကျေးဇူးသစ္စာတော်ကိုခံယူစောင့်ရှောက်ရိုသေသူ သို့ မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ၊ သို့ မဟုတ်တိုင်းတပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊တိုင်းတပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ။ လို့ ပြောထားပြန်တယ်...ဒါကြောင့်မို့ လို့ ရှေ့ နောက် မညီတဲ့ ဥပဒေတစ်ခုဖြစ်တဲ့ ၅၉(စ) အား ၃၈ (က) နှင့်ကိုက်ညီအောင် ပြင်ဆင်(သို့ မဟုတ်) ဖျက်သိမ်းရပါမည်။ (၂၀၀၈ဖွဲ့ စည်းပုံတွင် ဒီမိုကရေစီနည်းလမ်းမကျသောပြင်ဆင်ရမည့်ဥပဒေပုဒ်မများစွာရှိနေပါသေးသည်)

1,000 Million Strong For Daw Aung San Suu Kyi in 2015

အထူး အရေးကြီး သတင်း ။။။။။။ ကျေး ဇူး ပြု ၍ > >>> " L I K E & S H A R E "<<<< ပေး ကြ ပါ
***************************************************************************************************************
မြန်မာ နိုင်ငံ သားတိုင်း နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ အား သမ္မတ ရွေးချယ် နိုင်ခွင့် ရရှိ ရန် နှင့် လွပ်လပ် ညီမျှသော ၂၀၁၅ ရွေးကောက် ပွဲ ကို ကျင်းပ နိုင်ရေး ကို ရည်ရွယ် ၍ လည်းကောင်း၊ ဦးရွှေမန်း နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ နှစ်ဦး စလုံး တို့ ၏ ဆန္ဒ အရ လည်းကောင်း ၊ အနာဂတ် မြန်မာ နိုင်ငံ ကောင်းမွန် တိုးတက် ရေး အတွက် လည်ကောင်း ရည်ရွယ် ၍ ငြိမ်းချမ်း ညီညွတ် စွာ ဖြင့် ဆန္ဒ ဖော်ထုတ် ပွဲကြီး အား အောက်ပါ အတိုင်း အေးချမ်းစွာ ပြုလုပ် မည် ဖြစ်ပါသည်။
တရားဝင် ခွင့်ပြု ရန်၊ ဘေးရန် အနှောက်အယှက် ကင်းဝေးစွာ ဖြင့် အေးဆေး ငြိမ်းချမ်း စွာ ဆန္ဒ ထုတ်ဖော်နိုင် ရန်၊ ဆန္ဒ ဖော်ထုတ် ခွင့်ကို ကျောက်တံတား ရဲစခန်း ၌ လျှောက်လွှာ တင်ပြီး ပြီ ဖြစ်ကြောင်း နှင့် သက်ဆိုင်ရာ မှ ခွင့်ပြု ချက် ပေး၊ မပေး ကို တောင်းဆိုရက် (၄၈နာရီ) မတိုင် ခင် ပြန်လည် အကြောင်း ကြားမည် ဟု ပြောကြား ခဲ့ကြောင်း ၊ အသိပေး ကြေငြာ အပ်ပါ တယ် မြန်မာ ပြည်သူ အပေါင်းတို့ ။။။။။။
ကျွန်ုပ် တို့ သည် ပုဂ္ဂိုလ်ရေး အစွဲ ဖြင့် ပြုလုပ် ခြင်း မဟုတ်၊ တိုင်း ပြည် ကောင်းစား ရေး အတွက် ၊ မိမိ တို့ မြင်နိုင် သလောက် ၊ နိုင်ငံရေး အတွေး အခေါ် နည်းပညာ ဖြင့် ပြုလုပ် ဆောင်ရွက် သော အေးဆေး ငြိမ်းချမ်း ညီညွတ်စွာ သံပြိုင် တောင်းဆိုသော ပျော်ရွှင် စရာ ဆန္ဒ ထုတ်ဖော်ပွဲ ကို ပြုလုပ် ကြခြင်းသာ ဖြစ်ပါ ကြောင်း နှင့် မြန်မာ တွေ အားလုံး အဆင့်မြင့် နိုင်ငံရေး အတွေးအခေါ် ကို ဤသို့ လုပ်နိုင် ကြောင်းကို တစ်ကမ္ဘာလုံး သိအောင် ၊ ကြွမြန်း အားပေး ပါဝင်ကြ ပါရန် လေးစားစွာ ဖိတ်ကြား လိုက်တယ် မြန်မာတို့။။။။။။။။။.

>>>>>>>>> နိုင်ငံသား တာဝန် ကြေကြ ရအောင် <<<<<<<<<

"မှတ်ချက်" ********* ထိုနေ့တွင် တစ်နိုင်ငံ လုံး နိုင်ငံသား အားလုံး အကျီ င်္အဖြူ ရောင် ဝတ်ဆင် ကြပါရန် ထပ်မံ တိုက်တွန်း လိုက်ပါတယ်။ အကြောင်းမှာ မည်သူမဆို ဘယ်နေရာမှာ ရှိရှိ ၊ ဘာတွေပဲ လုပ်နေနေ ၊ အကြောင်း အမျိုးမျိုး ကြောင့် မလာရောက် နိုင်ခြင်းသော် လည်းကောင်း ၊ တူညီစွာ ကျွန်ုပ်တို့၏ ဆန္ဒ ကို တစ်နေ့တည်း တစ်ချိန်တည်း ပြသခြင်း ဖြင့် ကျွန်ုပ်တို့ အစိုးရ နှင့် အခြား နိုင်ငံ မှ သူများ အားလုံး ကို ဒီလို ငြိမ်းချမ်း စွာဖြင့် ဖြူစင်သော ရွေး ကောက်ပွဲ ဖြစ်လာစေရန် ၊ အဖြူရောင်များ ဝတ်သောနေ့ ဖြင့် အဆင့်မြင့်မြင့် လိမ္မာပါးနပ် စွာ ဆန္ဒထုတ် ဖော်လိုက်ကြ ရအောင် မြန်မာ တို့။။။။။။။။

သတင်းထောက်တွေနဲ့ မေးမြန်းရင်း ဒေါ်ယဉ်လတ်ငိုချပါတယ်


 เนชั่นสุดสัปดาห์ NationWeekend's photo.

น้ำตานายกฯ
@jeerapong_nna: 09.55น. นายกฯร้องไห้!! บอก "ไม่รู้จะถอยยังไงไงแล้ว" วอนม็อบยุติชุมนุม แล้วเตรียมตัวเลือกตั้ง
คำถามที่ทำให้ร้องไห้ คือ รู้สึกยังไงกับข้อเสนอให้ตระกูลชินวัตรออกจากประเทศไทย ...นายกเสียงสั่น น้ำตาเริ่มมาและตอบว่า "ไม่รู้จะถอยยังไงแล้ว

Khin Maung Htway
၀၉း၅၅ မှာ..သတင်းထောက်တွေနဲ့ မေးမြန်းရင်း ဒေါ်ယဉ်လတ်ငိုချပါတယ်....သတင်းထောက်တွေက ဘာလို့ငိုသလဲမေးတော့...ဆန္ဒသြူတွေ အော်ဟစ်နေတဲ့...."ချင်နာဝပ် မျိုးနွယ်တွေ တိုင်းပြည်မှထွက်!" ဆိုတာကို ကြားရလို့ဝမ်းနဲကြောင်းပြောပါတယ်။....ချင်နာဝပ်အနွယ်လည်း ထိုင်းနိုင်သားတဦးဖြစ်လို့ ထိုင်းမြေပေါ်နင်းခွင့်မရှိပြီလား..ဆန္ဒပြသူတွေတောင်းဆိုချက်အတိုင်း...သူနောက်ဆုတ်စရာတွေ အကုန်ဆုတ်ပေးထားပြီးဖြစ်ကြောင်း...နောက်ဆုံး တိုင်းပြည်ထဲက နှင်ထုတ်နေတာကို ဝမ်းနဲကြောင်းပြောပါတယ်။


 Thunder Pa Yit

ဒေါ်ယင်လပ်ရေ.. တိုင်းပြည် နဲ့ပြည်သူ့မျက်နှာပဲကြည့်တာကို အပြောနဲ့မဟုတ်ပဲ အလုပ်နဲ့သက်သေပြခဲ့ပြီပေါ့..၊ တိုင်းပြည် အရေးပိုမိုရှုပ်ထွေးလာမဲ့အရေးနဲ့.. ကိုယ်ရဲ ရထူးအခွင့်အာဏာနဲ့ လဲပြီး စတေးခဲ့ပြီပေါ့.. ပြည်သူတွေ ဆူပူကြပြီး..ဒေသတွင်းမှာ..တိုင်းပြည်သိက္ခာကျမဲ့အရေးကို.. ခင်ဗျား အာဏာတည်မြဲမဲ့ အရေးထက်ပို ပိုပြီး..အလေးနက်ထားခဲ့တယ်ပေါ့...၊ နိုင်ငံအရေးတွေရှုပ်ထွေးပြီး..တိုင်းပြည်နဲ့ ပြည်သူတွေရဲ့စီးပွားရေး. ရပ်တန့်နှေးကွေးမဲ့ ဘေးကို.. ခင်ဗျား ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေထက် အရေးကြီးတယ်လို့.. ခံယူထားလိုက်တယ်ပေါ့..၊ မြို့ရွာတွေ မီးဟုန်းဟုန်းတောက် ၊ သွေးသံရဲရဲတွေဖြစ်ပြီး.. ကိုယ့်ပြည်သူပြည်သားတွေ ကမ္ဘာမှာ မျက်နှာငယ်မဲ့ဘေးကို.. ခင်ဗျားရဲ့ ချောမွတ်တည်ကြည်နေတဲ့ မျက်နှာနဲ့...လဲပစ်လိုက်ပြီပေါ့..၊ နှစ် ၅၀ အတွင်းမှာ... ခင်ဗျားလိုမျိုး နိုင်ငံ့ခေါင်းဆောင်မျိုးအုပ်ချုပ်တာကို ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ မခံရသေးဘူး.. ခင်ဗျားလို ပြည်သူ့အတွက် ကြည့်တဲ့ နိုင်ငံ့အကြီးအကဲကို.. ကျွန်တော်တို့ မြန်မာပြည်သူတွေ...ဦးမညွတ်ဖူးသေးဘူး..၊ အဲဒီလိုပဲ.. ဒေါ်စုတို့..ခင်ဗျားတို့ရဲ့.. မိန်းမသားတန်မဲ့ ပြတ်သားပြီးပြောင်မြောက်တဲ့ လုပ်ဆောင်မှုတွေကိုကြည့်ပြီး.. ကြိတ် ပြီး အရှက်ရနေသူတွေ.. အကွဲကြီး ကွဲနေသူတွေ..၊ အီလည်လည် ခံစားနေရသူတွေ.. ရှိနေတယ်ဆိုတာကိုလဲ.တွေ့ရတဲ့အတွက် ကျေးဇူးပါပဲ ဒေါ်ယင်လပ်ရေ..၊ ခင်ဗျားကတော့.. ခင်ဗျားရဲ့ သိက္ခာ နဲ့ စိတ်ဓာတ်ကို လိပ်ပြာသန့်သန့်နဲ့ ပြသနိုင်ခဲ့ပေမဲ့.. ဟိုလူတွေ..ခမြာမှာတော့.... အခုလောက်ဆို.... ?

စစ်အာဏာရှင်စနစ် ပြန်လည် ထွန်းကားရေ့း အားပေးတဲ့ ဦးခင်ညွန့်အင်တာဗျူး


Sithu Aung Myint

ရာနဲ့ချီတဲ့ နိုင်ငံရေးသမားတွေ ထောက်လှမ်းရေးရဲ့ စစ်ကြောရေးနဲ့ အကျဉ်းထောင်တွေမှာ နှိပ်စက်ခံရပြီး သေဆုံးကြရပါတယ်။ တစ်ချို့ သေဆုံးသွားပြီဖြစ်ပေမယ့် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၊ လက်ရှိ တရုတ်နိုင်ငံမှာ နေထိုင်တဲ့ ကဗျာဆရာ ၀င်းတင့်ထွန်း အပါအ၀င် ရက်ရက်စက်စက် လူမဆန်လောက်အောင် နှိပ်စက်ခံရတဲ့၊ ထောင်နဲ့ချီရှိမယ့် နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ဒီကနေ့ထိ အသက်ရှင်နေတုန်း ဖြစ်ပါတယ်။ စစ်ထောက်လှမ်းရေးရဲ့ ဆိုးရွားရက်စက် ယုတ်မာမှုတွေကို သက်သေ အမြောက်အများနဲ့ ပြောပြနိုင်ကြပါတယ်။ “ ဦးခင်ညွန့် ဘယ်လိုလူလဲ၊ သူဘာတွေ ပြောနေသလဲ၊ သူ့ရည်ရွယ်ချက်က ဘာလဲ ” စည်သူအောင်မြင့် မြန်မာပို့စ်ဂျာနယ်၊ ၁၀-၁၂-၁၃။ စာ - ၁၂။ ပြီးခဲ့တဲ့ရက်ပိုင်း ထွက်ပေါ်ခဲ့တဲ့ သတင်းတွေထဲမှာ အရင် စစ်အစိုးရခေတ် နံပါတ်(၃) ခေါင်းဆောင်၊ စစ်ကောင်စီ အတွင်းရေးမှူး(၁)၊ ၀န်ကြီးချုပ်၊ စစ်ထောက်လှမ်းရေးမှူးချုပ် တာဝန်တွေ ယူခဲ့ဖူးတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ရဲ့ ပြောစကားတွေကို စုပေါင်းထားတဲ့ အင်တာဗျူး စာအုပ် မိတ်ဆက်ပွဲ သတင်းလည်း ပါပါတယ်။ လျှပ်တစ်ပြက်အယ်ဒီတာချုပ် မြတ်ခိုင်က ရေးသားတာဖြစ်ပြီး မိတ်ဆက်ပွဲကို ဇေကမ္ဘာဦးခင်ရွှေပိုင် ကရ၀ိတ်ဟော်တယ်မှာ ကျင်းပပါတယ်။ အဲဒီပွဲမှာ ကာယကံရှင် ဦးခင်ညွန့်ကိုယ်တိုင်နဲ့အတူ စစ်ဗိုလ်ဟောင်းတစ်ချို့၊ ပရိတ်သတ် တစ်ချို့နဲ့အတူ သိပ်မကြာသေးခင်ကမှ အကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့ အရင်အာဏာရှင်ဟောင်း ဦးနေ၀င်းရဲ့ မြေးလည်း တက်ရောက်တာ တွေ့ရပါတယ်။ နိုင်ငံရေး လုပ်မှာ မဟုတ်ပါဘူး ဆိုပြီး အကြိမ်ကြိမ်ပြောဆိုရင်း အင်တာဗျူးတွေ ဆက်တိုက်လုပ်ခဲ့တဲ့၊ လျှပ်တစ်ပြက်ဂျာနယ်မှာ ဆက်တိုက် ဖော်ပြပေးခြင်း ခံရတဲ့ ဦးခင်ညွန့်ဟာ ဒီ စာအုပ်ထုတ်ဝေနိုင်တာနဲ့ ပါတ်သက်ပြီး အလွန်အားရကျေနပ်မှု ရှိတယ်လို့လည်း သတင်းတွေက ဆိုပါတယ်။ စိတ်ဝင်စားမှုများတဲ့အတွက် ဦးခင်ညွန့် အင်တာဗျူး စာအုပ် ရောင်းရတယ်လို့လည်း စာအုပ်ဆိုင်တစ်ချို့က ဆိုပါတယ်။ ဦးခင်ညွန့်ဆိုတာ ဘယ်လို လူမျိုးလဲ၊ အခု အင်တာဗျူးတွေမှာ သူဘာတွေ ပြောခဲ့သလဲ၊ သူ့ရည်ရွယ်ချက်က ဘာဖြစ်နိုင်မလဲဆိုတာ ခုတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။ ဦးခင်ညွန့် ဦးခင်ညွန့်ဆိုတာ အရင် စစ်အာဏာရှင်ကြီး ဦးနေ၀င်းကိုယ်တိုင် ယုံကြည်စိတ်ချရပြီး ထောက်လှမ်းရေး ညွှန်ကြားရေးမှူး တာဝန်ပေးခံရသူဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် ပြည်သူလူထုရဲ့ ဒီမိုကရေစီအရေး တောင်းဆိုဆန္ဒပြတဲ့ အရေးအခင်းကို စစ်တပ်က အာဏာသိမ်း ဖြိုခွဲခဲ့တဲ့ ဖြစ်စဉ်မှာလည်း စစ်ကောင်စီ အတွင်းရေးမှူး(၁) အဖြစ် ဦးနေ၀င်းရဲ့ ယုံယုံကြည်ကြည် တာဝန်ပေးခြင်း ခံရသူဖြစ်သလို နောက်ဆုံး ဦးနေ၀င်း ကွယ်လွန်ချိန်အထိ သိစ္စာရှိခဲ့တဲ့ လူယုံတစ်လောက်လည်း ဖြစ်ပါတယ်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ န၀တ၊ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ နအဖ အဖွဲ့တွေမှာ အတွင်းရေးမှူး(၁)၊ တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ်၊ နောက်ပိုင်း နိုင်ငံတော်ဝန်ကြီးချုပ် တာဝန်ယူခဲ့တာတင်မက ပညာရေးကော်မတီလို ကော်မတီပေါင်းမြောက်များစွာမှာ တာဝန်ယူခဲ့တဲ့ စစ်အစိုးရရဲ့ သြဇာကြီးလှတဲ့ နံပါတ်(၃) ခေါင်းဆောင်ဖြစ်ပါတယ်။ အင်တာဗျူးတွေမှာ ဘာတွေပြောထားသလဲ သူ့ရဲ့ အင်တာဗျူးပါ ပြောကြားချက်တွေကို ခြုံငုံသုံးသပ်ကြည့်ရင် ပထမ တစ်ချက်က လက်ရှိ စစ်ခေါင်းဆောင်တွေနဲ့ တိုင်းပြည်အာဏာရနေသူတွေဘက် လှည့်ပြီး ပြောတာနဲ့ ပြည်သူတွေဘက် လှည့်ပြီး ပြောတာ နှစ်ချက် ပါပါတယ်။ လက်ရှိ စစ်ခေါင်းဆောင်တွေဘက် လှည့်ပြီး ပြောတာကတော့ သူ့ကို တည်ဆဲဥပဒေ ချိုးဖေါက်ပြီး ထောင်ချ၊ နေအိမ်အကျယ်ချုပ်ချ၊ သူ့သား၊ သမက် တွေ ဖမ်းဆီးခံရ၊ သူ့မြေးတွေလည်း သူနဲ့အတူ နေအိမ်အကျယ်ချုပ် အတူနေရ အဲလို အရေးယူမှုတွေ လုပ်ခဲ့ပေမယ့် သူ့အနေနဲ့ ဘယ်လိုမှ သဘောမထားတဲ့အကြောင်း၊ တည်ဆဲဥပဒေ ချိုးဖေါက်ခဲ့လို့ အရေးယူခံရတာပဲလို့ မှတ်ယူတဲ့အကြောင်း၊ သူဟာ စစ်သားဖြစ်တဲ့အတွက် အထက်အမိန့်ကို နာခံတတ်သူ တစ်ယောက် ဖြစ်တဲ့အကြောင်း၊ ဒီနေ့အချိန်အထိလည်း တပ်မတော်ရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုတဲ့အကြောင်း ပြောဆိုတာတွေ တွေ့ရမှာဖြစ်ပါတယ်။ ခြုံပြောရရင် ဒီနေ့အချိန်ထိ သူဟာ စစ်တပ်အပေါ်မှာ သစ္စာရှိနေတယ် ဆိုပြီး ပြောချင်တဲ့သဘောပါ။ ဒုတိယ တစ်ချက် ပြည်သူတွေဘက် လှည့်ပြီးပြောတာက သူနဲ့ စစ်ခေါင်းဆောင်တွေ လုပ်ခဲ့တာဟာ တိုင်းပြည်ကောင်းဖို့ အတွက်ပဲဖြစ်တဲ့အကြောင်း၊ တိုင်းပြည်ကို ကယ်တင်ခဲ့တဲ့အကြောင်း၊ ဒီနေ့ သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့သစ် ချီတက်နေတဲ့ လမ်းကြောင်းဟာလည်း သူနဲ့ စစ်ခေါင်းဆောင်တွေ ချခဲ့တဲ့ လမ်းကြောင်းပဲ ဖြစ်တဲ့အကြောင်း ပြောပါတယ်။ နောက်ဆုံးကုန်ကုန် သူနဲ့ စစ်ထောက်လှမ်းရေးတွေ လုပ်ခဲ့ ကိုင်ခဲ့တာတွေကလည်း မှန်ကန်တဲ့အကြောင်း၊ ထောက်လှမ်းရေးတွေဆိုတာ အထက်က ခိုင်းတာ လုပ်ရတဲ့အကြောင်း အဲဒါတွေပဲ ပြောခဲ့ပါတယ်။ တကယ့်အဖြစ်မှန် တကယ်တော့ ၁၉၈၈ ကနေ ၂၀၁၁ အထိ ဖြစ်စဉ်တွေကို ပြန်သုံးသပ်ကြည့်ရင် မြန်မာနိုင်ငံဟာ စစ်အာဏာရှင်စနစ် လက်အောက် ကျရောက်ခဲ့ပါတယ်။ ဒါတင်မက စစ်ဗျူရိုကရေစီ စနစ်နဲ့ စစ်ထောက်လှမ်းရေး ခြေဖ၀ါးအောက် ကျရောက်ခဲ့ပြီး ညှင်းပန်းနှိပ်စက်မှု၊ လူ့အခွင့်အရေးချိုးဖေါက်မှု၊ အကြောက်တရား စတာတွေ လွှမ်းမိုးတဲ့ နိုင်ငံဖြစ်ခဲ့ပါတယ်။ ပိုပြီး ထင်သာမြင်သာရှိတာကတော့ တိုင်းပြည် စီးပွားရေး၊ ပညာရေး စသဖြင့် အဖက်ဖက်က ချွတ်ခြုံကျသွားခဲ့တာပါ။ ဘယ်အိမ်နီးချင်းနိုင်ငံတွေနဲ့မှ မတူ နိမ့်ပါးသွားခဲ့ရတာပါ။ ဒါတွေကို လက်ရှိ အာဏာပိုင်တွေကတောင် ၀န်ခံထားပြီးပြီ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ဝန်ခံပုံကတော့ “ စေတနာကောင်းပေမယ့် ရလာဒ် မကောင်းခဲ့ဖူး” ဆိုတဲ့ ၀န်ခံမှုမျိုးနဲ့ပါ။ ဘယ်လိုဖြစ်ဖြစ် တိုင်းပြည်ဒီလို ချွတ်ခြုံကျသွားတဲ့ ကိစ္စ တိုင်းပြည်မှာ အဓိက တာဝန်အရှိဆုံးဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေ၊ ဒုဗိုလ်ချုပ်မှူးကြီးဟောင်း မောင်အေး၊ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် ဒီ ခေါင်းဆောင်တွေမှ တာဝန်မရှိဘူးဆိုရင် ဘယ်သူတွေကများ တာဝန်ယူကြမလဲလို့ မေးကြဖို့ပဲ ရှိပါတယ်။ တိုင်းပြည်ပျက်စီးခဲ့တာနဲ့ ပါတ်သက်ရင် ဦးခင်ညွန့်ဟာ လက်ရှိ အာဏာပိုင်တွေလောက်တောင် ရိုးရိုးသားသား ၀န်ခံပြောဆိုမှု မရှိပါဘူး။ စစ်ထောက်လှမ်းရေး အကြီးအကဲ စစ်အာဏာရှင်ခေတ် ဦးခင်ညွန့် တန်ခိုးထွားခဲ့ချိန် စစ်ထောက်လှမ်းရေးတွေ ဘာလုပ်ခဲ့ကြသလဲ ဆိုတာ အဲဒီခေတ် ဖြတ်သန်းခဲ့သူတိုင်း သိကြပါတယ်။ ကိုယ်တိုင်ကြုံဖူးတဲ့ သူတွေကတော့ အထူးဆိုဖွယ်ရာ မရှိပါဘူး။ ရာနဲ့ချီတဲ့ နိုင်ငံရေးသမားတွေ ထောက်လှမ်းရေးရဲ့ စစ်ကြောရေးနဲ့ အကျဉ်းထောင်တွေမှာ နှိပ်စက်ခံရပြီး သေဆုံးကြရပါတယ်။ တစ်ချို့ သေဆုံးသွားပြီဖြစ်ပေမယ့် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၊ လက်ရှိ တရုတ်နိုင်ငံမှာ နေထိုင်တဲ့ ကဗျာဆရာ ၀င်းတင့်ထွန်း အပါအ၀င် ရက်ရက်စက်စက် လူမဆန်လောက်အောင် နှိပ်စက်ခံရတဲ့၊ ထောင်နဲ့ချီရှိမယ့် နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ဒီကနေ့ထိ အသက်ရှင်နေတုန်း ဖြစ်ပါတယ်။ စစ်ထောက်လှမ်းရေးရဲ့ ဆိုးရွားရက်စက် ယုတ်မာမှုတွေကို သက်သေ အမြောက်အများနဲ့ ပြောပြနိုင်ကြပါတယ်။ အဲဒီအတွက် တာဝန်အရှိဆုံး စစ်ထောက်လှမ်းရေး အကြီးအကဲ က သူတို့ ထောက်လှမ်းရေးတွေဟာ အထက်အမိန့် နဲ့ တာဝန်ပေးချက်အရ လုပ်ရတယ်၊ “ထောက်လှမ်းရေးတွေဆိုတာ ခေါ်စစ်ပြီး ထောင်ချတာပဲလေ” ဆိုပြီး ပေါ့ပေါ့လေး ပြောခဲ့တာကတော့ တိုင်းပြည်နဲ့ ပြည်သူတွေကို၊ သေဆုံးသွားခဲ့ပြီးသူတွေကို နိုင်ငံရေးအကျဉ်းသားဟောင်းတွေကို အားလုံးကို စော်ကားလိုက်တဲ့ သဘောပဲဖြစ်ပါတယ်။ ပညာရေးကော်မတီ နာယက နောက်တစ်ချက် အရေးကြီးတာ တစ်ခုက ဦးခင်ညွန့်ဟာ သူအာဏာရှင်ရှိစဉ်က ပညာရေးကော်မတီ နာယက တာဝန်ယူခဲ့ပြီး တိုင်းပြည် ပညာရေးကိစ္စတွေ စီမံခန့်ခွဲခဲ့ပါတယ်။ ဒီအတွက် မေးစရာ မေးခွန်းက ကျောင်းသားတွေကို ဖမ်းတာ ဆီးတာ၊ ရန်ကုန်တက္ကသိုလ်၊ မန္တလေး တက္ကသိုလ်တွေကို ပိတ်ပစ်ပြီး မြို့ပြင်မှာ တက္ကသိုလ်တွေဆောက် ကျောင်းသားတွေကို မြို့ပြင် ပို့ပစ်တာ၊ အဆောင်စနစ် ဖျက်ဆီးပစ်တာ၊ ပညာရေး စနစ်တစ်ခုလုံး ကုန်းကောက်စရာ မရှိအောင် ဖျက်ဆီးပစ်တာတွေကိုရော ဘယ်သူတွေက ဦးဆောင်လုပ်ခဲ့တာပါလဲ။ လက်ရှိ တိုင်းပြည်ရဲ့ ပညာရေး အလွန့်အလွန် အောက်တန်းနောက်တန်းကျ ဖြစ်အောင် ဘယ်သူတွေက အကောင်အထည် ဖော်ခဲ့ပါသလဲ။ ဒါလည်း အထက်က ခိုင်းလို့ တက်တက်ကြွကြွ လုပ်ခဲ့တာပဲလား လို့ မေးရမလို ဖြစ်နေပါတယ်။ ဒီ့အပြင် တိုင်းပြည်ကို ဖျက်ဆီးခဲ့တဲ့ ကိစ္စတွေ အမြောက်အများရှိနေပါသေးတယ်။ ဘာရည်ရွယ်ချက်လဲ အခု အင်တာဗျူးတွေမှာ ပြောဆိုတာတွေနဲ့ ပါတ်သက်ပြီး ဦးခင်ညွန့်မှာ ရည်ရွယ်ချက်နှစ်ခုပဲ ရှိပါတယ်။ တိုင်းပြည်မှာ စစ်တပ်က လုပ်တာ အမြဲမှန်တယ်၊ သူ့ကို ဘယ်လို အရေးယူခဲ့ ယူခဲ့ သူဟာ လက်ရှိ အချိန်ထိလည်း စစ်တပ်ကို ထောက်ခံမြဲ ထောက်ခံနေတယ် ဆိုတာက တစ်ခု ဖြစ်ပါတယ်။ နောက်တစ်ခုက သူလုပ်ခဲ့ကိုင်ခဲ့သမျှ အမှန်တွေချည်းပဲ ဖြစ်တယ်၊ အထက်က ခိုင်းလို့ လုပ်ရတယ်၊ ဒါကြောင့် စစ်ထောက်လှမ်းရေးက ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုဆန်တဲ့ လုပ်ရပ်တွေကအစ တိုင်းပြည် အောက်ကျနောက်ကျ ဖြစ်ရတာ အလယ် ဘာကိစ္စနဲ့မှ ဘယ်နိုင်ငံရေးသမား ဘယ်ပြည်သူတွေကိုမှ တောင်းပန်ဖို့ မရှိဘူး ဆိုတာပဲဖြစ်ပါတယ်။ ပြောရရင် ဦးခင်ညွန့်ရဲ့ အင်တာဗျူးတွေဟာ တိုင်းပြည်နဲ့ ပြည်သူတွေကို လိမ်ညာဖို့၊ မျက်စေ့ကိုသဲနဲ့ပက်ဖို့ ကြိုးစားတဲ့ အင်တာဗျူးတွေ ဖြစ်ရုံမက နောင်အနာဂတ် တိုင်းပြည်မှာ စစ်အာဏာရှင်စနစ် ပြန်လည် ထွန်းကားရေးအတွက် သွယ်ဝိုက်တဲ့နည်းနဲ့ အားပေးအားမြှောက်ပြုတဲ့ အင်တာဗျူးမျိုးလည်း ဖြစ်နေပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်။

မင်္ဂလာဈေး ညကလပ်များပြန်ဖွင့် လေတပ်ထဲက ဗိုလ်ကြီးနှစ်ဦး မူးယစ်ရမ်းကား


TunTun Kyaw
 by စံတော်ချိန် နေ့စဉ်သတင်းစာ

 မင်္ဂလာတောင်ညွန့်မြို့နယ် မင်္ဂလာဈေးဝင်းအတွင်း နိုက်ကလပ်များကို နိုဝင်ဘာ ၇ ရက်မှစ၍ ပိတ်ထားပြီး ဒီဇင်ဘာ ၇ ရက်၌ ပြန်လည်ဖွင့်လှစ်ခဲ့ရာ ဒီဇင်ဘာ ၈ ရက် နံနက် ၀၀း၃၀ နာရီက ဗိုလ်ကြီးဟုဆိုသူနှစ်ဦးမှ မူးယစ်ရမ်းကားပြီး မင်္ဂလာဈေးဝင်းအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသည့် လမ်းဘေးဈေးဆိုင်လေးများကို ဖျက်ဆီးပစ်ခဲ့ကြကြောင်း သိရသည်။ " ဒီဈေးထဲက နိုက်ကလပ်တွေက မကြာခဏရန်ဖြစ်လို့ ပိတ်ထားတာ တစ်လနီးပါးလောက်ရှိနေပြီ။ မနေ့ကမှ ပြန်ပြီးဖွင့်လိုက်တာ။ ညက လေတပ်ထဲက ဗိုလ်ကြီးတွေဆိုပြီး လူငယ်နှစ်ယောက်က လာပြီးရမ်းကားသွားတယ် " ဟု မင်္ဂလာဈေးဝင်းအတွင်း ညဘက် ဈေးထွက်ရောင်းသည့် ဈေးသည်တစ်ဦးက ပြောဆိုသည်။ အဆိုပါ အရာရှိနှစ်ဦးမှာ မြိတ်လေတပ်စခန်းဌာနချုပ်မှ ဗိုလ်ကြီးအဆင့် အရာရှိနှစ်ဦးဖြစ်ပြီး ၎င်းတို့သည် ဒီဇင်ဘာ ၇ ရက် ညပိုင်းက မင်္ဂလာဈေးဝင်းအတွင်းရှိ နိုက်ကလပ်သို့အငှားယာဉ်ဖြင့် မူးယစ်ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ နိုက်ကလပ်များက ၎င်းတို့ကို အမူးလွန်နေသဖြင့် လက်မခံဘဲ ပြန်လွှတ်လိုက်ရာမှ ယခုကဲ့သို့ လမ်းဘေး၌ စားသောက်ဖွယ်ရာများ ဖွင့်လှစ်ရောင်းချသည့် ဆိုင်ခန်းများကို ဖျက်ဆီးရမ်းကားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ " သူတို့နှစ်ယောက်က တက္ကစီနဲ့ပဲလာကြတာ။ ပြီးတော့ ကလပ်ပေါ်တက် သွားပြီး နာရီဝက်လောက်ကြာတော့ ပြန်ဆင်းလာပြီး ကားလမ်းမပေါ် ထွက်ပြီး လာသမျှ ကားတွေရှေ့မှာရပ်ပြီး တိုက်ကြစမ်း၊ သတ္တိရှိရင်ဆိုပြီး အော်ဟစ်ဆဲဆိုနေကြတယ်။ ကားသမားတွေက ရှောင်ကွင်းသွားရင်း ကားကို လှမ်းပြီးကန်ကြတယ် " ဟု ဈေးသည်တစ်ဦးက ပြောဆိုသည်။ လေတပ်မှ ဗိုလ်ကြီးဆိုသူနှစ်ဦးသည် မူးယစ်ရမ်းကားပြီး မင်္ဂလာဈေးဝင်း၌ ဖွင့်လှစ်ရောင်းချနေသည့် ထမင်းကြော်ဆိုင်ရှိ ထိုင်ခုံမျာ၊ စားပွဲခုံများနှင့် ထမင်းပန်းကန်များကို ရိုက်ခွဲကန်ကျောက်ခဲ့ကြသဖြင့် ငွေကျပ် ငါးသောင်းကျော်ဖိုးခန့် ဆုံးရှုံးသွားခဲ့ရကြောင်း၊ ယခုကဲ့သို့ စစ်ဗိုလ်များဟုဆိုကာ ရမ်းကားခဲ့ခြင်းမျိုးမှာ မဖြစ်သင့်ကြောင်း၊ သက်ဆိုင်ရာရဲစခန်းသို့ ဖုန်းဆက်အကြောင်း ကြားခဲ့သဖြင့် ရဲတပ်ဖွဲ့ ၀င်များက လာရောက်ထိန်းသိမ်းခဲ့ကြသော်လည်း ၎င်းတို့မှ လေတပ်ဗိုလ်ကြီးများ ဟု ပြောဆိုဆဲရေးကြပြီး ရဲတပ်ဖွဲ့ဝင်များကို ပြန်လည်ထိုးကြိတ်ခဲ့သဖြင့် အနီးပတ်ဝန်းကျင်ရှိ လူများက ၀ိုင်း၍ ထိန်းသိမ်းခဲ့ ပြီး ရဲစခန်းသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။ " သူတို့နှစ်ယောက်ကို ကျွန်တော်တို့စခန်းမှာပဲ ခဏထိန်းသိမ်းထားပြီး သက်ဆိုင်ရာတပ်ရင်းကို အကြောင်းကြား ပေးခဲ့ပါတယ်။ အခုတော့ သူတို့ကို လာခေါ် သွားကြပါပြီ "ဟု မင်္ဂလာတောင်ညွန်မြို့ နယ်ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ဒီဇင်ဘာ ၈ ရက် ညနေ ၆ နာရီဝန်းကျင်တွင် စံတော်ချိန်သို့ ပြောဆိုသည်။

သီတဂူ ဆရာတော်ဘုရားကြီး နှင့် ဒေါ်အောင်ဆန်းစုကြည် ကာတာနိုင်ငံမှာ ဆုံ

(၁၀)ကျောင်းသူမအေးမြတ်သူဦးခေါင်း ပေါက်ပြီး ကျောဘက်စုတ်ပြဲ


Nyein Chan myit

(၁၀)ကျောင်းသူမအေးမြတ်သူ

"" သူနေတာက နေပြည်တော် လယ်ဝေးမြို့နယ် ဂုံမင်းအိုင်ကျေးရွာမှာပါ။ရွာနဲ့(၇)မိုင်ခန့်ဝေးတဲ့ အေလာမြို့ အထက(၅)မှာ ရွာနဲ့အသွားအပြန် လိုင်းကားစီးပြီးကျောင်းတက်ပါတယ်။မိဘတွေ ဆင်းရဲလို့စက်ဘီးတစ်စီးတောင်မှဝယ်မပေးနိုင်ပါ။ ၉.၁၂.၂၀၁၃ တနင်္လာနေ့ ညနေကျောင်းဆင်း ချိန်မှာမွတ်ဆလင်ကုလားမောင်းတဲ့ ကားနံပါတ် ၈(ဃ)၇၅၅၀ ရွှေမြို့တော်လိုင်းကားကို ရွာမှတ်တိုင်ပါကြောင်းသေခြာပြောပြပြီးစီးခဲ့ ပါတယ်။စပယ်ယာမပါ။သူနဲ့တခြားခရီးသည် တစ်ယောက်နဲ့နှစ်ယောက်တည်း။ ရွာမှတ်တိုင်မရောက်ခင်အတူစီး အဖော်ခရီးသည် ဆင်းသွားလို့တယောက်တည်းကျန်တော့တဲ့ အချိန်မှာ မှတ်တိုင်ရောက်လို့အော်ပြောတော့လည်း ကားရပ်မပေးတော့ပါ။ငါးကြိမ်လောက်အထိ အော်ပြီးလှမ်းပြောတော့လည်း ဒရိုင်ဗာ ကုလားက ရပ်မပေးပဲအမြန်ဆက်ပြီးမောင်းသွားနေပါတယ်။ ကြောက်လန့်လာတဲ့ကျောင်းသူက ကားနောက်ပိုင်း ကိုထွက်ရပ်ရင်းသတိလွတ်ပြုတ်ကျပြီးဦးခေါင်း ဘယ်ဖက်ခြမ်း ၃ လက်မလောက်ပေါက်သွားပြီး ကျောဘက် တစ်ကိုယ်လုံးစုတ်ပြဲကုန်ပါတယ်။ မောင်းပြေးတဲ့ကားနောက်ကိုတော့ မြင်တွေ့လိုက်တဲ့ ရွာသားတွေအမြန်ပြန်လိုက်ဖမ်းလို့မြို့ရှောင်လမ်းစုံ မှာမိပါတယ်။(ယာခင်းအကွက်ထည်းအလုပ်ဆင်း နေကြတဲ့ဂုံမင်းအိုင်ရွာသားတွေပါပဲ) အခုတော့ မအေးမြတ်သူလည်းပျဉ်းမနားပြည်သူ့ ဆေးရုံကြီးမှာ ရောက်နေပါတယ်။ညကအထိတော့ စိုးရိမ်စရာမရှိသေးပါဘူး။ ကျွန်တော်ကိုယ်တိုင်မေးကြည့်လို့ ဘယ်လိုဖြစ်တယ် ဆိုတာကို ကျောင်းသူမအေးမြတ်သူကိုယ်တိုင် သေသေခြာခြာပြောပြနိုင်ပါသေးတယ်။ အမှုဖြစ်စဉ်အနေနဲ့တော့ ထုံးစံအတိုင်းပဲဖြစ်သွား မယ်ထင်ပါတယ်။အခုထိ ကုလားကအဖမ်းမခံရ ပါဘူး။ဆေးရုံမှာ လူမှုရေးကူညီမှုလေးခပ်ပါးပါးနဲ့ အငြိမ်ဇယားတွေ့ခဲ့ရပါတယ်။ မှုခင်းယာဉ်ထိန်းရဲကလည်း ကုလားကိုပဲ မေးစစ်ပြီး မအေးမြတ်သူကပဲခုန်ချသလိုလို သူ့အလိုလိုပြုတ်ကျသွားသလိုလုပ်ထားပါတယ်။ (နောက်ဆက်တွဲအခြေနေ စုံးစမ်းသိရှိသလောက် ထပ်တင်ပေးပါအုံးမယ်။)

ပြည်ချစ်ဘုရားနားက တိုးဂိတ်မှာဖြစ်သွားတဲ့ဆိုင်ကယ်မတော်တဆရုပ်သံ


ပြင်ဦးလွင် ဒီဇင်ဘာ ၁၀

မနေ့ညတုန်းက ပြည်ချစ်ဘုရားနားက တိုးဂိတ်မှာဖြစ်သွားတဲ့ မြင်ကွင်းလေး ပါ။ လူတိုင်း ဂရုစိုက်သင့်ပါတယ်။
ကောင်းထက်


ပိုက်ဆံ ရ ဘို့ ပဲ ကြည့် နေ တော့ Accident ဖြစ် နေတာ တောင် သတိ မထား နိုင် တော့ ဘူး
ကိုယ့်‌ရဲ့မျက်‌‌လုံး‌ရှေ့မှာ ဒုက္ခ ‌ရောက်‌‌နေတာ ‌တွေ့ကြပါလျှက်‌နဲ့ အကူအညီမ‌ပေးပဲ ဒီအတိုင်းပဲ ပြစ်‌ပယ်‌ထားကြတာ။
လူ‌တွေမဟုတ်‌ဘူးနဲ့တူတယ်‌။လူစိတ်‌မရှိကြဘူး။အကြင်‌နာတရား‌တွေ ‌တော်‌‌တော်‌‌ခေါင်းပါးကြပုံများ....