Thursday, December 12, 2013

ကြိုတောင်မကြေငြာနိုင်ပဲကမျောသောပါးကြီးကိုထွက်သွားရှာ



ဘောလုံးပရိတ်သတ်ယဉ်ကျေးလာအောင်အင်္ဂလန်ကလပ်ပွဲတွေရဲ့
အကာမပါတဲ့ရှေ့ဆုံးတန်းထိုင်ခိုင်းပြီးယဉ်ပါးလာအောင်နောက်မှကျင့်ချင်ကျင့်...

အစအဆုံးသူတို့လုပ်ပေးတယ်ပြောနေတဲ့တရုတ်ကြီးရဲ့အလံကို
နောက်မှမီးရှို့ချင်ရှို့...

ကဒ်မပါတဲ့ညောက်လောင်းလေးကိုနောက်မှဆဲချင်ဆဲ...

ကန်သန်း၄၀၀ကုန်တယ်ဆိုတာလဲယုံချင်ယုံမယုံချင်နေ...

ပေါင်မှာတော့သေးစီးကြောင်းနဲ့ပြောချင်ပြော...

နိင်ငံခြားမီဒီယာတွေကတော့အတော့်ကိုချီးကျူးကြလေရဲ့...

ကိုယ်နဲ့ရင်းပြီးအပင်ပန်းခံလေ့ကျင့်ကြိုးစားခဲ့တဲ့လူငယ်မောင်
မယ်များကိုတော့ဒီနေရာကနေဂုဏ်ပြုလိုက်ပါတယ်။

ရဲရင့်ငယ်....




ကုန်ကျစရိတ်တွေအတွက်တော့သိပ်မပူပါနဲ့...သမ္မတကြီးဂျပန်မှာအဆင်ပြေလာပါလိမ့်မယ်

Ye Htut
သမ္မတကြီးနဲ့မြန်မာကိုယ်စားလှယ်အဖွဲ့ ရန်ကုန်က ဒီဇင်ဘာ ၁၂ ည ထွက်ခွာခဲ့ပြီး ဂျပန်နိုင်ငံ တိုကျိုမြို့ကို ဒီနေ့( ဒီဇင်ဘာ ၁၃ရက်နေ့ ) မနက်ရောက်ပါတယ်။


ကြိုတောင်မကြေငြာနိုင်ပဲကမျောသောပါးကြီးကိုထွက်သွားရှာတာ....။


သမ္မတထက် ရာထူးကြီးတဲ့သူကတော့ ဝင်ထွက်ခွင့်ကဒ်ပြားမလို






နိုင်ငံတော်သမ္မတကြီးနဲ့ ဇနီးဟာ အများပြည်သူများနည်းတူ ၀င်ထွက်ခွင့်ကဒ်ပြားကို ချိတ်ဆွဲပြီး ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော် ဖွင့်ပွဲ အခမ်းအနားကို တက်ရောက်အားပေးခဲ့ပါတယ်။
ကဒ်ပြားလေးတစ်ခုကို အများနည်းတူ အသုံးပြုခြင်းရဲ့ နောက်ကွယ်က လေးနက်တဲ့ သတင်းစကားကို အားလုံးနားလည်နိုင်မယ်လို့ မျှော်လင့်ပါတယ်။


Ye Htut

ဦးလေးကို ကွပ်မျက်လိုက်တဲ့ ကင်ဂျူံအွန်


Zweleo Thiha

မြောက်ကိုရီယားနိုင်ငံက အာဏာရှင်ကင်ဂျုံအွန်ရဲ့ ဦးလေးJang Song Thaek ကို ကွပ်မျက်လိုက်ပြီလို့  မြောက်ကိုရီးယားအစိုးရမီဒီယာက ကျေညာလိုက်ပါတယ်
မြောက်ကိုရီးယာားက ဒုတိယခေါင်းဆောင်အဖြစ်သိကြတဲ့ Jang Song Thaekကို လာဘ်စားမှု။ မူးယစ်ဆေးဝါးမှု။ လောင်းကစားမှုနဲ့  မိန်းမလိုက်စားမှုနဲ့  ရာထူးကဖယ်ရှားအပြီးရက်အနည်းငယ် မှာဘဲ ခုလို ကွပ်မျက်တဲ့ သတင်းကို ကျေညာတာဖြစ်ပါတယ်
Jang Song Thaek ဟာ ကင်ဂျုံအွန်ရဲ့ ဖခင် ကင်ဂျုံအီကွယ်လွန်အပြီး ကင်ဂျုံအွန်အာဏာရလာချိန်မှာ ကူညီခဲ့ သူဖြစ်ပါတယ်

မိကျောင်းကန် သပိတ်စခန်း ရုပ်သိမ်း


RFA Burmese


ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန်ရပ်ကွက် အပိုင်း (၁၊၂၊၃) မြေနေရာပြန်ရဖို့ သပိတ်စခန်းဖွင့် ဆန္ဒပြနေသူတွေဟာ ၃ လအတွင်း မြေရာကိစ္စကို ကြိုးစားဖြေရှင်းပေးမယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ကတိပေးခဲ့တာကြောင့် ဒီနေ့သပိတ်စခန်းကို ရုပ်သိမ်းလိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းနဲ့ ဆွေးနွေးအပြီးမှာ သဘောတူညီမှုရခဲ့ပြီး ၃ လစောင့်မယ်လို့ ကတိပြုခဲ့ကြောင်း သပိတ်စခန်းဖွင့်ဆန္ဒပြခဲ့သူ မနေနွယ်သန်းက ပြောပါတယ်။

“ဦးအောင်သိန်းလင်းကနေပြီးတော့ ဆက်ပြီးတော့ တင်ပြဆွေးနွေးဆောင်ရွက်နေပါမယ်ဆိုတဲ့ သူ့ရဲ့လက်မှတ်နဲ့ ကျမတို့ပြည်သူတွေကို တရားဝင်ချပြတယ်၊ သူကိုယ်တိုင်လည်း တရားဝင်ဖွင့်ပြသွားတယ်၊ သူပြောတဲ့အထဲမှာ ပြည့်စုံတဲ့အချက်တွေတော့ မရှိသေးဘူးရှင့်၊ ခေါင်းဆောင်ပိုင်းအနေနဲ့ ဦးအောင်သိန်းလင်းတို့နဲ့ ဒီရက်ပိုင်းအတောအတွင်းမှာ တွေ့ဆုံဆွေးနွေးပြီး လိုအပ်တဲ့အချက်တွေ ထပ်ဖြည့်ပါဦးမယ်၊ သပိတ်စခန်းကို ခတ္တရပ်လိုက်တာပါ၊ နောက်သုံးလ အချိန်ပေးထားပါတယ်၊ အဲသုံးလအတွင်းမှာ လုပ်ဆောင်မှု တစ်စုံတစ်ရာမရှိဘူး၊ သူတို့ဘက်က အဖြေတစ်ခု မထွက်လာဘူးဆိုလို့ရှိရင် တတိယသပိတ်ကြီးကို ဆက်ပြီးတော့ တောင်းဆိုမှုတွေဖြစ်လာလိမ့်မယ်လို့ ကြေညာလိုက်ပါတယ်”

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ရန်ကုန်မြို့ စည်ပင်သာယာရေးအဖွဲ့က အဲဒီ မိကျောင်းကန် သပိတ်စခန်းကို ဒီဇင်ဘာလ ၉ ရက်နေ့ နောက်ဆုံးထားပြီး ဖျက်သိမ်းပေးရမယ်လို့ သတိပေးစာထုတ်ပြန်ခဲ့ပေမယ့် အချိန်ကာလတစ်ခုအတွင်း မြေနေရာကိစ္စကို ဖြေရှင်းပေးမယ်ဆိုတဲ့ ကတိစာချုပ်ကို လက်မှတ်ရေးထိုးပေးမှ ဖယ်ပေးနိုင်မယ်လို့ ဆန္ဒပြသူတွေဘက်က တောင်းဆိုခဲ့တာပါ။

အဲဒီ မိကျောင်းကန် သပိတ်စခန်းဟာ ၁၇ ရက်ကြာ ဖွင့်ခဲ့တာဖြစ်ပြီး ဒုတိယအကြိမ်မြောက် သပိတ်စခန်းဖွင့် ဆန္ဒပြတာလည်းဖြစ်ပါတယ်။

သတင်းစာတွေမှာ ဘာမှ ၀င်မပြောဘဲနဲ့ မက်စေ့ခ်ျ ပေးလို့ရတဲ့ပညာရှိတယ်



ဒီနေ့ 7 Day Daily မျက်နှာဖုံး
 Lin Thurein

သမ္မတကိုယ်ရံတော်.

အဘ ဥက္ကာကိုကို

Sea Game က မည်သည့်လွှတ်တော် အမတ်မဆို တက်ခွင့်ရှိ


Sea Game က မည်သည့်လွှတ်တော် အမတ်မဆို တက်ခွင့်ရှိပါတယ် ဒေါ်စုအ နေနဲ့ မအားလို့ မတက်နိုင် တာပါ (ဒေါ်စန္ဒာမင်း)..

ဆီးဂိမ်းအမောပြေ



ဒီနေ့ နေပြည်တော်မှာလုပ်သွားတဲ့ ၂၇ ကြိမ်မြောက် ဆီးဂိမ်းဖွင့်ပွဲကိုကြည့်ပြီး ကျွန်တော့်ကိုယ်ကျွန်တော် တရုတ်လူမျိုးတစ်ယောက်ဖြစ်ရတာကို အရမ်းဂုဏ်ယူတာပဲ။ လူအယောက် (၇၀၀) တည်းနဲ့ ဆီးဂိမ်းဖွင့်ပွဲကို အစအဆုံးစီစဉ်သွားတာ မဟုတ်လား။ မြန်မာဘက်က စိုက်ရတာဆိုလို့ လူအင်အားနဲ့ ဝတ်စုံပဲရှိတယ်။ ကစားကွင်းတောင်မှ တရုတ်က မြစ်ဆုံဆည်မလုပ်ရလို့ ပိုနေတဲ့ဘိလပ်မြေတွေသုံးပြီး စိတ်ဆိုးဆိုးနဲ့ဆောက်ပေးထားတယ်ဆိုလားပဲ။

မီးပန်းတွေကလည်း လှမှလှ။ သေနတ်ပြောင်းဝက ကျည်ဆံတွေထွက်နေတဲ့အတိုင်းပဲ။ ကစားကွင်းကြီးတစ်ခုလုံး ထိန်ထိန်လင်းနေတာများ ကချင်မှာ ကြဲသွားတဲ့ ဗုံးတွေအတိုင်းပါလား။ ပါဝင်ကပြတဲ့ လူအင်အားကလည်း ၂၀၀၈ ခုနှစ်တုန်းက နာဂစ်မုန်တိုင်းကြောင့် သေသွားတဲ့လူအရေအတွက် ထက်တောင်များမယ်ထင်တယ်။ ဖွင့်ပွဲမှာသုံးထားတဲ့လျှစ်စစ်ဓာတ်အားက မြန်မာတစ်နိုင်ငံလုံးကိုပေးထားတဲ့ လျှပ်စစ်ဓာတ်အားထက်တောင် ပိုတယ်ဆိုပဲ။ နောက်ပြီး ကမ္ဘာ့ပထမဆုံး မီးစက်နဲ့ ဖွင့်ပွဲလုပ်တဲ့နိုင်ငံဆိုပြီး မှတ်တမ်းတင်ခံရတယ်လေ။

တစ်ကမ္ဘာလုံးက လူတွေက ဒီဖွင့်ပွဲကိုစောင့်ကြည့်နေကြတာ။ ဘယ်အချိန်မှာ မီးပျက်မလဲဆိုပြီးတော့ပေါ့။ အခုတော့ မြန်မာနိုင်ငံကို အထင်သေးတဲ့မျက်စိနဲ့ ကြည့်ချင်နေတဲ့လူတွေကို ခေါင်းမော့ရင်ကော့ပြလို့ရပြီ။ အလံတောင်မှ တရုတ်နိုင်ငံအလံတင်ဖို့ စီစဉ်ထားသေးတာ။ ကံဆိုးချင်တော့ တရုတ်အလံက အခိုးခံလိုက်ရတယ်။ အလံကို သံရုံးရှေ့မှာ မီးရှို့ပြီးဆန္ဒပြကြတာတဲ့။ ရင်နာလိုက်တာ ~

အနီဝါဒ အဓွန့်ရှည်ပါစေ။
တိန့်ရှောင်ဖိန် လမ်းစဉ်တည်တံ့ပါစေ။

(ထွန်းကျော်လင်း)
11/12/13

ငါတို့ချစ်တဲ့ ယမ်စီ မြစ်ကြီးလည်း အခုလိုရေခဏခဏခမ်းနေမှာမဟုတ်ဘူး


Wine Chit Aung Nld
ပေါက်ဖော်တွေ မီးရှုးမီးပန်းဖောက်နည်းပညာ ကူညီတာနဲ့ ပါတ်သတ်ပြီး...သတိရတာလေး တစ်ခုပါ..။ ငွေဆောင်က အပြန်ရန်ကုန် E-lite ကားဂိတ်မှာ.. ဆီးဂိမ်းကဒ်ပြားလေးတွေ လည်ပင်းမှာဆွဲလို့ ရွယ်တူကောင်လေး ၃ ယောက် ၀င်လာပါတယ်။ ကျွန်တော်က သူတို့ကို ဗီယက်နမ် .. ဒါမှမဟုတ် စင်္ကာပူ ကစားသမားတွေလို့ထင်ခဲ့ပါတယ်..။ နောက်တော့မှ ရွယ်တူတွေဆိုတော့ အနီးနားလာထိုင်ရင်း စကားစပ်မိလို့ပြောကြတော့.. ကစားသမားတွေမဟုတ်ပဲ တရုတ်နိုင်ငံသားတွေဖြစ်နေပါတယ်..။ သူတို့က အခုလိုမီးပန်းဖောက်ပေးတာ တင်မဟုတ်ပါဘူး..ဆီးဂိမ်းပွဲနဲ့ပါတ်သတ်တဲ့ လူတွေအားလုံးရဲ့ လည်ပင်းမှာဆွဲထားတဲ့ အီလက်ထရောနစ်ကဒ်ပြားလုပ်တာတွေ၊ တိုက်ဆိုင်စစ်ဆေးတာတွေ၊ ကစားပွဲရမှတ်တွေကို အီလက်ထရောနစ်နဲ့ထိမ်းချုပ်တာတွေ၊ စတာတွေကိုစပွန်ဆာပေးထားတဲ့အဖွဲ့က အဖွဲ့ဝင်တွေပါ။ ဒီလိုနဲ့စပ်မိစပ်ရာပြောကြတော့ နိုင်ငံရေးတွေပါလာပြီး ဧရာဝတီမြစ်..ယမ်စီ မြစ်တွေ အကြောင်း ရောက် သွားပါတယ်..။ သူကပြောပါတယ်.. "မင်းတို့ချစ်တဲ့ ဧရာဝတီကို အစိုးရဆီက ဇွတ်အတင်း ပြန်တောင်းသလို ငါတို့အစိုးရကို ငါတို့ ပြန်တောင်းခွင့်ရခဲ့မယ်ဆိုရင်.. ငါတို့ချစ်တဲ့ ယမ်စီ မြစ်ကြီးလည်း အခုလိုရေခဏခဏခမ်းနေမှာမဟုတ်ဘူးတဲ့" ယမ်စီ မြစ်ရေကာတာကြီးဆောက်တော့ သူတို့အဘွားအိမ်နဲ့ယာခင်းလေးတောင်ဖယ်ပေး လိုက်ရပါသတဲ့လေ။ နောက်ပြီးသူကပြောပါသေးတယ်.. "ဒီဆည်နဲ့ပါတ်သတ်လို့ ငါတို့မှာရွေးချယ်ခွင့်မရှိဘူး..။ အစိုးရကသာ ငါတို့ကို သူ့စိတ်ကြိုက်ရွေးချယ်သွားခဲ့တာ။ အခုဒီစကားတွေ ငါတို့နိုင်ငံမှာ မပြောရဲဘူးတဲ့။ ဘာလို့ဆို ငါတို့အစိုးရက ကွန်မြူနစ်အစိုးရမို့လို့လေ.." တဲ့..။ သြော်..တို့ထက်တောင်ပိုဆိုးနေပါပေါ့လားကွယ်...။

မြန်မာလို "ရူပဗေဒ"... အင်္ဂလိပ်လို "Geology"

ဆီးဂိမ်းစ်ပြိုင်ပွဲကာလအတွင်း စစ်သင်္ဘော ငါးစင်း၊ တိုက်လေယာဉ်များဖြင့် လုံခြုံရေးဆောင်ရွက် ။



Thursday, December 12, 2013
============================================

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်အားကစားပွဲတော်ရက်အတွင်း လုံခြုံမှုရှိစေရန် စစ်သင်္ဘော ငါးစင်းနှင့် ဝေဟင် လုံခြုံရေးဆောင်ရွက်ရန် တိုက်လေယာဉ်များဖြင့် ကင်းလှည့် ဆောင်ရွက်နေကြောင်း (၂၇)ကြိမ်မြောက် ဆီးဂိမ်းစ် အားကစားပွဲတော်လုံခြုံရေးဆပ်ကော်မတီမှ ရုံးအဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုးက ဒီဇင်ဘာ ၁၁ ရက်က ပြောကြားသည်။

ယင်းကဲ့သို့ ရေကြောင်းလမ်းနှင့် လေကြောင်းပရိဝုဏ် လုံခြုံမှုရှိစေရန် စစ်သင်္ဘောနှင့် တိုက်လေယာဉ်များဖြင့် ကင်းလှည့် ဆောင်ရွက်နေသည့်အပြင် ရေကြောင်းရဲတပ်ဖွဲ့မှလည်း ရေယာဉ်ငယ်လေးစင်းဖြင့် ပူးပေါင်း ဆောင်ရွက်နေကြောင်း သိရသည်။ " ဆီးဂိမ်းပြိုင်ပွဲ လုံခြုံအေးချမ်းမှုရှိပြီးတော့ ပြီးဆုံးသွားဖို့အတွက် ပင်လယ်ဝမှာ စစ်သင်္ဘော တစ်စင်း၊ ငွေဆောင်ကမ်းခြေအနီးမှာ စစ်သင်္ဘောလေးစင်းနဲ့ ကင်းလှည့်နေတယ်။

ဝေဟင်လုံခြုံမှုရှိစေဖို့အတွက်လည်း တိုက်လေ ယာဉ်တွေနဲ့ ကင်းလှည့် ဆောင်ရွက်နေပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ နယ်စပ်တွေကို ၀င်ရောက်လာနိုင်တဲ့ ဂိတ်ပေါက်တွေအပြင် မြို့ဝင်မြို့ထွက် ဂိတ်တွေမှာလည်း လုံခြုံရေး အထူးတင်းကျပ်ထားပြီးတော့ စစ်ဆေးနေပါတယ်။ ပြည်သူတွေအနေနဲ့ တစ်စုံတစ်ရာ မသင်္ကာမှုတွေ့ရှိခဲ့ရင် သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အမြန်ဆုံးအကြောင်းကြားပြီးတော့ ပူးပေါင်း ဆောင်ရွက်ပေးပါလို့ မေတ္တာရပ်ခံပါတယ် " ဟု (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်အားကစားပွဲတော် လုံခြုံရေးဆပ်ကော်မတီမှ ရုံးအဖွဲ့မှူးရဲမှူးကြီးအောင်မြတ်မိုးက ပြောကြားသည်။
ယခု ကျင်းပနေသည့် ဆီးဂိမ်းပြိုင်ပွဲတွင် လုံခြုံရေးဆောင်ရွက်ရာတွင် အသုံးပြုရန် တရုတ်၊ စင်ကာပူ၊ ဂျပန်နိုင်ငံနှင့် အခြားနိုင်ငံတို့မှ ငွေကျပ်သန်းပေါင်း ၃၀၀၀ ကျော် တန်ဖိုးရှိ အဆင့်မြင့် စစ်ဆေးကိရိယာများကို ၀ယ်ယူခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်ရုံးမှ သိရသည်။
Eleven Media Group

မိန်းမောတွေဝေ မင်တက်မိသွားစေတဲ့ ဆီးဂိမ်းဖွင့်ပွဲ



▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
█ ★အမျိုးသားဆုံမှတ်-27th SEA Games ★ █
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
[12-12-13]

● ဒီကနေ့ ဒေသတွင်းမီဒီယာတွေ၊ နိုင်ငံတကာက မြန်မာ့အရေးစိတ်ဝင်စားကြတဲ့ မီဒီယာတွေရဲ့ Front Page တွေမှာ နေပြည်တော်ဆီးဂိမ်းဖွင့်ပွဲသတင်းကို ဓါတ်ပုံတွေနဲ့ တခမ်းတနား ရေးသား ဖော်ပြထားကြတာ တွေ့ရပါတယ်။ တစ်ချို့ သတင်းအာဘော်တွေမှာ ရေးသားဖော်ပြထားတာတွေက စိတ်ဝင်စားစရာ သိပ်ကောင်းပါတယ်။

● တစ်ချိန်က အထီးကျန် သင်းကွဲနိုင်ငံကလေးဆီက ကမ္ဘာကို ထုတ်ပြလိုက်တဲ့ Message က မြန်မာတွေ လုပ်နိုင်တယ် ဆိုပါသတဲ့။ တစ်ချို့ဆိုရင် ဒီလောက်ထင်မထားဘူး ဆိုပြီး ပြောင်ပဲ ရေးသားထားတာ တွေ့ရှိရပါတယ်။ ဘာပဲ ဖြစ်ဖြစ် မြန်မာနိုင်ငံကို အပြုသဘောမြင်ကြသည် ဖြစ်စေ၊ အဆိုးမြင်ကြသည် ဖြစ်စေ တလေးတစား ဖြစ်သွားကြရတာတော့ မငြင်းနိုင်ပါဘူး။

● တစ်ချို့က ဘာကို အသားပေးပြီး ရေးထားသလဲ ဆိုတော့ ဖွင့်ပွဲအခမ်းအနားမှာ ပြသသွားတဲ့ မြန်မာ့ရိုးရာတူရိယာတွေနဲ့ တေးသွားသံစဉ်တွေကို စိတ်ဝင်တစား ရေးသားပြီး မြန်မာနိုင်ငံရဲ့ နောက်ခံသမိုင်းကြောင်းတွေကိုပါ တို့ထိသွားခဲ့ပါတယ်။

● အာဆီယံနိုင်ငံတစ်ချို့က မီဒီယာတွေမှာဆိုရင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီတံခါးဖွင့်မှု၊ စီးပွားရေးထွန်းသစ်မှုတွေနဲ့ ဒီဆီးဂိမ်းဖွင့်ပွဲကို နှိုင်းယှဉ်ရေးသားထားတာကိုလည်း တွေ့ရှိရပါတယ်။

● အာဆီယံနိုင်ငံတစ်နိုင်ငံက မီဒီယာတွေမှာဆိုရင် မိန်းမောတွေဝေ မင်တက်မိသွားစေတဲ့ ဆီးဂိမ်းဖွင့်ပွဲ ဆိုပြီး ဂုဏ်ပြုချီးကျူးရေးသားထားတာ တွေ့ရှိရပါတယ်။

● အနောက်နိုင်ငံက မီဒီယာတစ်ချို့မှာဆိုရင် တရုတ်နည်းပညာအသုံးပြုမှုနဲ့ပတ်သက်ပြီး လန်ဒန်အိုလံပစ်လည်း တရုတ်နည်းပညာ သုံးခဲ့ရတာပဲ၊ ကမ္ဘာမှာ တရုတ်နည်းပညာနဲ့ ကင်းနိုင်တာ ဘယ်မှာ ရှိလို့လဲ ဆိုပြီး ရေးသားထားတာလည်း တွေ့ရပါတယ်။

● မှန်ပါတယ်။ မြန်မာဆိုတာ အနှိမ်ခံ၊ အပယ်ခံ၊ အထီးကျန် နိုင်ငံငယ်လေး တစ်နိုင်ငံပါ။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ မငြိမ်းနိုင်တဲ့ ပဋိပက္ခတွေ၊ ဆင်းရဲနွမ်းပါးမှုတွေနဲ့ ပြည့်လွှမ်းနေတဲ့ နိုင်ငံငယ်ကလေးပါ။

● ဒီနိုင်ငံငယ်လေးက ဆီးဂိမ်းတာဝန်ယူကျင်းပမယ် ဆိုတော့ ဟုတ်မှဟုတ်ပါ့မလား၊ လုပ်မှလုပ်နိုင်ပါရဲ့လား ဆိုတဲ့ သံသယမျက်ဝန်းတွေ၊ မျက်မှောင်ကျုံ့ပြီး ကြည့်တာမျိုးတွေ၊ အထင်သေးအမြင်သေး အကြည့်တွေ ရှိခဲ့ကြတာဟာလည်း ရင်နာစရာပါ။

● တရုတ်နိုင်ငံဟာ ကမ္ဘာ့အဆင့်ကို တက်လှမ်းလိုက်ပြီ ဆိုတာကို ဘေကျင်းအိုလံပစ်နဲ့ သက်စေပြခဲ့ပါတယ်။ တောင်အာဖရိကဟာ ကမ္ဘာ့အဆင့် အခမ်းအနားတွေ အသင့်ဖြစ်နေပါပြီ ဆိုတာကို ကမ္ဘာ့ဖလားနဲ့ ပြသခဲ့ပါတယ်။ အိမ်နီးချင်းမိတ်ဆွေ လာအိုနိုင်ငံသည်ပင်လျှင် ဆီးဂိမ်းကို အိမ်ရှင်အဖြစ် လုပ်ပြခဲ့ပြီးပါပြီ။

● ကျွန်တော်တို့ မြန်မာနိုင်ငံ ဆီးဂိမ်းအိမ်ရှင်နဲ့ ဝေးကွာခဲ့တာ နှစ်ပေါင်း(၄၀)ကျော်ခဲ့ပါပြီ။ ဒီဆီးဂိမ်း ဖွင့်ပွဲကို ကြည့်လိုက်ရတဲ့သူတိုင်း အပြုသဘော ရှုမြင်ကြသည်ဖြစ်စေ၊ ချီးကျူးဂုဏ်ယူကြသည် ဖြစ်စေ အားလုံးရဲ့ရင်ထဲမှာ တူညီတဲ့ ခံစားချက်တစ်ခုစီတော့ သေချာပေါက် ရှိနေပါတယ်။ "မြန်မာ" ဆိုတဲ့ ဇာတိပုညဂုဏ်မာနပဲ ဖြစ်ပါတယ်။ မတူကွဲပြားမှုတွေ ဘယ်လိုပဲ ရှိရှိ တူညီတဲ့ ဆုံမှတ်တစ်ခုကတော့ အားလုံးရဲ့ ရင်ထဲ၊ နှလုံးသားထဲမှာ ရှိနေကြပါတယ်။

● ရက်ရှည်လများ အပင်ပန်းခံ လေ့ကျင့်ခဲ့ကြတဲ့ ကျောင်းသူကျောင်းသားလေးတွေ၊ ဗော်လံတီယာ လူငယ်လေးတွေ၊ ဆီးဂိမ်းဖွင့်ပွဲကို အနယ်နယ်အရပ်ရပ်က ကြည့်ရှုခဲ့ကြရတဲ့ မျိုးဆက်သစ်တွေ အားလုံးရဲ့ ရင်ထဲမှာ ဘယ်လိုအခက်အခဲတွေပဲ ကြုံကြုံ၊ ဘယ်လို စိန်ခေါ်မှုတွေပဲ တွေ့ရ တွေ့ရ "ငါတို့ လုပ်နိုင်တယ်" ဆိုတဲ့ ခံယူချက်၊ အမျိုးသားရေးစိတ်ဓါတ်ကလေး ခိုဝင်ကိန်းအောင်းသွားပြီ ဆိုရင်ပဲ ကျေနပ်စရာပဲ။

● ဒီစိတ်ဓါတ်၊ ဒီခံယူချက်နဲ့ ဒီနိုင်ငံရဲ့ အနာဂတ်ကို သူတို့ တည်ဆောက်သွားနိုင်မှာပါ။ သူတို့ခေတ် သူတို့အခါမှာ ဒီကနေ့ထက် အဆများစွာ သာလွန်တဲ့ အဆင့်အတန်းတွေကို ဖန်တီးသွားနိုင်မယ်ဆိုတာကို အသေအချာ ယုံကြည်မိပါတယ်။

● ဆီးဂိမ်းအောင်မြင်ရေး အဖက်ဖက်မှ ကျရာအခန်းကဏ္ဍက ပံ့ပိုးကူညီခဲ့ကြသူအားလုံးကို အထူးပဲ ဂုဏ်ယူချီးကျူးမိပါတယ်။

● ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါတယ်။

 Black Angle

ဆီးဂိမ်းအတွက် ဘယ်လိုလေ့ကျင့်ခဲ့ကြသလဲ

"သမီးတို့ က ကိုယ်ပိုင် အချိန်မှာ မနားဘဲ .... ဘာလို့  ညကြီးမှာ ထပ် လေ့ကျင့်ကြတာလဲ" "သမီးတို့ မညီရင် ... သမီးတို့ နိုင်ငံကို အထင်သေး သွားကြမှာပေါ့"
==============================
နေပြည်တော် နေပူပူမှာ .... အချိန်မဟုတ် ရွာချတဲ့ မိုးစက်တွေကြား .... အသားတွေ မည်းနေအောင် လေ့ကျင့်ခဲ့ကြတဲ့ .... ဆယ်ကျော်သက် သားငယ် သမီးငယ်တွေ .... ညနေ ၆ နာရီ တန်းဖြုတ်ပြီးလို့ ..... ရေချိုး ထမင်းစား ပြီးတာတောင် မနားနိုင်ပဲ ..... ကိုယ့် အစီအစဉ်နဲ့ ကိုယ် သူငယ်ချင်းတွေ စုပြီး ..... တည်းခိုရေး စခန်းကွင်းထဲမှာ လေ့ကျင့်ခဲ့ကြတဲ့ .... သမီးငယ်လေးတွေကို မေးခဲ့တဲ့ မေးခွန်း နဲ့ သူတို့ အဖြေပါ ..... ကျနော့် တစ်သက်လုံး .... ဘယ်တော့မှ မေ့လို့ ရမှာမဟုတ်တော့တဲ့ စကား .....။
(Credit to - လင်းအောင်)

Ko Kyi Win




မနေ့က ဖွင့်ပွဲအခမ်းအနားအတွက် တာဝန်ထမ်းဆောင်ယင်း အရမ်းကိုပင်ပန်းနေပုံပေါက်တဲ့ ယာဉ်ထိန်းရဲမေတစ်ဦး.....။ SEA Game တွင် စေတနာလုပ်အားပေးနေသော အနုပညာရှင်နှစ်ဦး ကိုဝေဠုကျော် နှင့် ကိုအောင်ခိုင်

မီးရှုးတိုင်အား တစ်ကယ်မြှားနဲ့ပစ်ခဲ့သော ကို ဝေလင်းထွန်း

ဆီးဂိမ်းရဲ့အခင်းအကျင်းထက် မီးရှုးတိုင်းကိုမြှားနဲ့ပစ်တာ တစ်ကယ်လား မဟုတ်ဘူးလားဆိုပြီးအငြင်းပွားမှုက ပိုများနေတာ Facebook သုံးသူတိုင်းသိမှာပါ .. မြှားနဲ့ပစ်ခဲ့သူရဲ့ အမည်ကတော့ ကိုဝေလင်းထွန်းဖြစ်ပါတယ်... တစ်ကယ်ပစ်ခဲ့ခြင်းဖြစ်ပြီး... ၀န်ကြီးက စိုးရိမ်တဲ့အတွက် မီးရှုးတိုင်မှာ ယမ်းနည်းနည်းဘဲထည့်ခဲ့တယ်လို့လဲပြောပြပါတယ်...

ဒါအပြင်မီးရှုးတိုင်ရဲ့ အလယ်ပွင့်ဖတ်ကို မြှားထိတာပါလို့လဲ ထပ်ဆင့်ပြောခဲ့ပါသေးတယ်.. မီးရှုးတိုင်ရဲ့ ပွင့်ဖတ်တွေမျာ ယမ်းတွေကိုထည့်ထားတာဖြစ်ပြီး..မြှားဦးထိပ်မှာ ရှိတဲ့ သံချွန်နဲ့ထိတွေ့စေကာ သံပွတ်အားနဲ့ယမ်းပေါင်းစပ်ပြီးမီးလောင်စေတာဖြစ်ပါတယ်...ဒီလိုအများရှေ့မှာအဆင်ပြေပြေလုပ်နိုင်ဖို့ ရက်ပေါင်းများစွာသေသေချာချာလေ့ကျင့်ခဲ့ရတယ်လို့လဲပြောပါတယ်... ဓာတ်ပုံမှာ တွေ့ရတာကတော့ နေပြည်တော် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်မှ ဆရာဟန်ဝင်းစိုး နဲ့ မီးရှုးတိုင်ကိုမြှားနဲ့တစ်ကယ်ပစ်ခဲ့သူ ကိုဝေလင်ထွန်းတို့ဘဲဖြစ်ပါတယ်ခင်ဗျာ။

သူရိယ နေ၀န်း
Source & Photo: We Love True

အဲ့ဒိမှာ စတွေ့ တာပဲ..ဆီးဂိမ်းကိုဘယ်သူကလုပ်တယ်ဆိုတာ



 Myo Min

အဲ့ဒိမှာ စတွေ့ တာပဲ အရပ်ကတို့ရေ လုပ်ကြပါဦး ဆီးဂိမ်ကိုကူညီတာ တရုတ်အစိုးရအတွက် အထူးအရေးပါသော စီမံကိန်း ဖြစ်ပါသတဲ့ ဧရာဝတီမြစ်ကြီး(မြစ်ဆုံ) လှုပ် တုပ် လှုပ် တုပ်။ လက် ပံ တောင်း တောင် ကြီး က တော့ စုန်း စုန်းမြုပ်။ ဓါတ် ငွေ့ တွေ က တော့ စုပ် ထုတ် လို့ ကုန်ပါပေါ့။ စုံ စမ်း လဲ ကြည့်ကြပါဦး ဆရာတို့ ဘာပဲဖြစ်ဖြစ် ဆီးဂိမ်းဖွင့်ပွဲကြီး အောင်အောင်မြင်မြင်ကြီးကျယ်ခမ်းနားစွာ ဖွင့်နိုင်လို့ ဂုဏ်ယူတယ်ကွာ ကြိုက်တယ်ကွာ ဆိုသော နိုင်ငံကြီးသားများတို့ရေ တို့မြေ တို့ရေ တို့လေ တို့သဘာဝသယံဇာတတွေကို ရယူသုံးစွဲ လုပ်ကိုင်ဆောင်ရွက်ခွင့် ဘယ်လောက်သော နှစ်ရှည်စာချုပ် ကတိခံဝန်ချက်စာချုပ်တွေ ချုပ်ပီး ဆီးဂိမ်းဖွင့်ပွဲအတွက် အကူအညီတောင်းခံရယူခဲ့တာလဲ မသိဘူးနော် သားစဉ်မြေးဆက် အကြွေးဆပ်ရဦးမလား မသိ???????? ကောင်းတော့တော်တော်ကောင်းတယ်ဗျို့ ဒါပေမဲ့ မျက်စိ နည်းနည်းးစပ်တယ်

ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ်ကိုရုံးထုတ်


Myo Min
ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ် ရုံးထုတ်လာစဉ်။

 အဘီဆစ်ဟာ သူဝန်ကြီးချုပ်ဖြစ်စဉ်အခါတုန်းက သက်ဆင်ထောက်ခံလှုပ်ရှားဆန္ဒပြသူတွေကို စစ်တပ်အလွန်အကျွံစစ်အင်အားအလွန်အကျွံအသုံးပြုဖြိုခွင်းခဲ့ပီး ဆန္ဒပြသူပေါင်း ၉၀ ကျော်လောက် သေဆုံးခဲ့ရလို့ တရားစွဲဆိုအရေးယူခံရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

Source - ဘီဘီစီနယူးစ်

ကဲ..... အိမ်နီးချင်း ထိုင်းနိုင်ငံကတော့ မြန်မာနိုင်ငံကို သင်ခန်းစာတွေ ကောင်းကောင်းပေးနေပါပီ။ ၈၈၈၈ လူထုအရေးတော်ပုံကြီးမှာ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေ အတုံးအရုံး သေဆုံးပျက်စီးခဲ့မှု၊ ၂၀၀၇ ရွှေဝါရောင်သံဃာအရေးတော်ပုံကြီးမှာ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေ အတုံးအရုံး သေဆုံးပျက်စီးခဲ့မှု၊ ၂၀၀၃ မေလ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD စည်းခေါင်းဆောင်တွေရဲ့ မုံရွာလမ်းကြောင်းစည်းရုံးရေးခရီးစဉ်မှာ ဒီပဲယင်းရွာအဝင် စစ်အစိုးရအပြော ဒေါသထွက်နေတဲ့ လူအုပ်ကြီးက ဝင်ရောက်အကြမ်းဖက် ရိုက်နှက်ဖျက်စီးလို့ ကျောင်းသားလူငယ် ပါတီလူငယ်များစွာအပါအဝင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဘဘဦးတင်ဦး တို့ ကား ရိုက်နှက်ဖျက်ဆီး အကြမ်းဖက်ခံရမှု၊ ၂၀၀၈ မှာ နာဂစ်မုန်တိုင်း မြန်မာ့ကမ်းရိုးတမ်းနဲ့ ကုန်းတွင်းပိုင်း ဝင်မှာမို့လို့ မိုးလေဝသနှင့်ဇလဗေဒပညာရှင်တို့ ကြိုတင်ခန့်မှန်းအသိပေးတင်ပြထားပါလျှက်ပြည်သူလူထုသို့ အသိမပေးပဲ သတင်းထိန်ချန်ထားမှုကြောင့် လူပေါင်းတစ်သိန်းကျော် သေဆုံးပျက်စီးခဲ့ရ စေတီဘုရားပုထိုး ကျောင်းကန်ဇရပ်ဆေးရုံတို့ ပျက်စီးဆုံးရှုံးခဲ့ရမှု........
ရန်ကုန်မှာ ဖြစ်ပွားခဲ့တဲ့ မိုးကုတ်စိန်ကုန်သည် မိသားစု ငါးလောင်းပြိုင် လူသတ်မှု၊ စတဲ့ စတဲ့ ပြောမဆုံးပေါင် တောသုံးတောင် အမှုပေါင်းများစွာကို ဘယ်သူကမှ ဘယ်ပုဂ္ဂိုလ်ကမှ ဘယ်အဖွဲ့အစည်းကမှ ကျနော်တို့တော့ ကျုးလွန်ခဲ့မိပါတယ်၊ ကျမတို့တော့ ကျုးလွန်ခဲ့မိပါတယ် ဝန်ချတောင်းပန်ပါတယ် သွေ့ပုချိ သွေ့ပုချိ ပါ လို့လည်း စကားလေးတစ်ခွန်းတောင် အသံမကြားရ၊ ရူးသလိုလို ကြောက်သလိုလို ဖိနပ်ပျောက်သလို ရွှေခွက်ပျောက်သလို နဲ့ အရူးကွက် အရူးပြဇာတ်တွေ ခင်းနေတာ ဘယ်တရားရုံးကမှလဲ ဆွဲမရ ဘယ်သူကမှလဲ ဆွဲမရ နဲ့ အခုတော့လည်း ပျော်ပျော်ပါးပါးကြီး ဒီမိုကရေစီ ဆိုပီး ဘောင်းဘီတွေချွတ် ပုဆိုးတွေ ဝတ်နေကြပီပေါ့ဗျာ...... ကျနော်တို့ မြန်မာလူထုတွေ ကိုယ်တိုင်ကလည်း ငါးစိမ်းမြင် ငါးကင်ပစ်၊ နောက်တက်တဲ့ ဘုရင် ငါ့ ဘုရင်ကွ ဆိုပီး လွယ်လွယ်နဲ့ အတိတ်မေ့တတ်ကြပါပေတယ်ဗျာ..... ထိုင်းနိုင်ငံက အဘီဆစ်လိုများ လူ၉၀ လောက် သေတဲ့ နှိမ်နင်းမှုကို တရားရုံးက တရားစွဲတယ် ဆိုရင် အထက်ပါအမှုတွဲများကိုများ တရားစွဲခွင့် စစ်ခုံရုံးတင်ခွင့်ရခဲ့မယ် ဆိုရင် ဒါမှမဟုတ် ကိုယ်ကိုတိုင်များ တစ်သက်စာနောက်ကျောမလုံတော့လို့ သေခါနီး ဝဠ်ကြွေးတွေ ပါမသွားချင်တော့လို့ နောင်တသတိတရားတွေရပီး ဝန်ခံ ဝန်ချသွားရင်ဖြင့် အချိန်မှီပါသေးကြောင်း နဲ့ ကိုယ့်လမ်းကြောင်းကိုယ်လည်း ဖြောင့်ဖြောင့်ကြီး သက်တောင့်သက်သာ သွားနိုင်ပါသေးကြောင်း စေတနာကောင်းဖြင့် သတိပေးလိုက်ရပါသောကောဗျာ........

၂၀၁၀ကအမေစုလွတ်လာတုန်းကလို...တမျိုးလေးခံစားရတယ်


မနေ့ကတင်ထားတဲ့ဒေါ်ရင်လတ်ဖေ့စ်ဘွတ်မှ

အမေစုကိုကာတာအဲယားမှကိုယ်ပိုင်လေယာဉ်ဖြင့်အကြိုအပို့လုပ်ပေး


ရန်ကုန်လေဆိပ်သို့ပြန်အရောက်

နေမျိုးဇင် ရဲ အချုပ်သို့ ချုပ်နှောင်ခံရန် စောင့် ဆိုင်းနေ




ဖေဖေါ်ဝါရီ လ ၁ရက် ၂၀၁၃ခုနှစ်က သရေစည်သူဦးဆန်းဆင့် အား လူထုမှ ထောက်ခံသည့် ဆန္ဒဖေါ်ထုတ်ပွဲတွင် ပါဝင်ကူညီခဲ့မှု ပုဒ်မ၁၈ ဖြင့် ယနေ့ ပန်းတနော်တရားရုံးတွင် နောက်တမှု တရားစွဲဆိုခံရပြန်ရာ ယခုထက်ထိ ထိုပုဒ်မ၁၈ကိုပြင်ဆင်ခြင်း မပြုသေးသည်ကို ကန့်ကွက်သောအားဖြင့် ခံဝန်ချုပ်ကို လက်မှတ်မထိုးပါ။
ထို့ကြောင့် ရဲ အချုပ်သို့ ချုပ်နှောင်ခံရန် စောင့် ဆိုင်းနေပါသည်။
မတရားသော ပုဒ်မ အတွက် ကျနော်တို့၏ အဖိုးတန် သော အချိန်များကို စတေးပြီး တိုက်ဖျက်ကြရမည်သာ ဖြစ်ပါသည်။

နေမျိုးဇင်