Saturday, December 14, 2013

မင်းပြားမြို့နယ်မှ အမျိုးသမီးငယ် ၆ ဦး ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုမှ ပျောက်ဆုံး



(နိရဉ္စရာ- ၁၄ ဒီဇင်ဘာ ၂၀၁၃)

Minbya signboardရခိုင်ပြည်နယ် မင်းပြားမြို့နယ် သင်ပုန်းချောင်း ကျေးရွာ အုပ်စုမှ အမျိုးသမီးငယ် ၆ ဦးသည် စစ်တွေ-ရန်ကုန် ကားလမ်းရှိ ဆောက်လုပ်ရေး စခန်းတစ်ခုတွင် အလုပ် လုပ်နေရာမှ ပျောက်ဆုံးသွားကြောင်း သတင်း ရရှိသည်။

ပျောက်ဆုံးသွားသည့် အမျိုးသမီးငယ်များမှ မင်းပြားမြို့နယ် သင်ပုန်းချောင်း အုပ်စု အ၀ရွာမှ  ၃ ဦး၊ ပြားရှည်ပြင်ရွာမှ ၁ ဦးနှင့် ခွဆုံရွာမှ ၂ ဦးတို့ ဖြစ်ကြသည်။

၎င်းအမျိုးသမီးငယ် ၆ ဦးသည် ယခုလ ၁၂ ရက်နေ့၊ ၁၃ ရက်နေ့က ပျောက်သွားကြောင်း ဒေသခံ လူကြီး တစ်ဦးက နိရဉ္စရာသို့ ပြောကြားသည်။

“ သူတို့ပျောက်သွားတာကို ဒီလ ၁၂ ရက်၊ ၁၃ ရက်မှ သိရတာပါ။ မြေပုံမြို့နယ် ဇော်နိုင်ဝင်း ဆောက်လုပ်ရေး ကုမ္ပဏီက လှော်ကားမှာ လမ်းလုပ်နေတဲ့ လုပ်ငန်းခွင်ကနေ ပျောက်သွားတာ ဖြစ်ပါတယ်။ အဲဒီ ကုမ္ပဏီက ဒီလိုပျောက်သွားတာကို အကြောင်းမကြားတဲ့ အတွက် အခုမှ သူတို့ ပျောက်နေတယ်ဆိုတာကို သိရပါတယ်” ဟု ၎င်းလူကြီးက ဆိုသည်။

ပျောက်ဆုံးသွားသည့် အမျိုးသမီးငယ်များမှာ မချိုချိုဝင်း (၁၇) နှစ် ၊ မဌေးဌေးးသန်း( ၂၂) နှစ်၊ မသင်းသင်းစိုး( ၁၅) နှစ်၊ မစိုးစိုး (၂၂) နှစ် ၊ မလှဖြူ (၁၄) နှစ်၊ မလုံးလုံး (၂၃) နှစ် တို့ ဖြစ်ကြသည်။

ယနေ့ ညနေက မိသားစုများက လာရောက်ပြီး မင်းပြားမြို့ ရဲစခန်းတွင် လူပျောက်မူဖြင့် လာရောက် အမူဖွင့်တိုင်ကြားခဲ့သည်ဟု သူက ပြောသည်။

“ ဒီနေ့ ညနေမှာတော့ သူတို့မိသားစုတွေက လာရောက်ပြီး လူပျောက်မူနဲ့ အမူဖွင့်ပါတယ်။ သူတို့က နယ်က ဖြစ်ကြတာတော့ အခြေအနေကို နားမလည်တဲ့ အတွက် ဒီနေ့မှ လာရောက်ပြီး တိုင်းတန်းတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

၎င်းဇော်နိုင်ဝင်း ကုမ္ပဏီသည် အလုပ် လုပ်ရန်ဟုဆိုကာ လွန်ခဲ့သော နိုဝင်ဘာလ အကုန်က ခွဆုံရွာကျေးရွာမှ တဆင့် ဒေသခံ အမျိုးသမီး ၂၀ ခန့်ကို တင်ဆောင် ခေါ်ယူသွားပြီး ထိုအထဲမှ ၎င်းအမျိုးသမီးငယ် ၆ ဦးမှာ ယခု အခါ ပျောက်ဆုံးသွားခြင်း ဖြစ်ကြောင်း ကျေးရွာလူကြီးများမှ နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။

မင်းပြားရဲစခန်းသို့ ဆက်သွယ်ရာ ဖုံးပိတ်ထားသည်ဟု ဖုံးမှ အကြောင်းပြန်ပြီး ယခုအချိန်ထိ ဆက်သွယ်၍ မရရှိသေးပါ။

ကရာတေးဒိုရွှေရအေးချမ်းနိုင်ရဲ့ကြည်နူးအငိုရိပ်

နီပေါတွင် အသစ်တွေ့ရှိခဲ့သော ရှေးအကျဆုံး ဗုဒ္ဓဘာသာ ကျောင်းတော်ရာကို ငြိမ်းချမ်းရေးဇုံ ပြောင်းလဲသတ်မှတ်ရန်စီစဉ်



The Myanma Age

 ဒီဇင်ဘာ ၁၄။
လွန်ခဲ့သော လက နီပေါနိုင်ငံ ဟိမ၀န္တာတောင်ဘက်ပိုင်း ဗုဒ္ဓလောင်းလျာမွေးဖွားတော်မူရာ အရပ်တွင် တူးဖော်တွေ့ရှိခဲ့ သော ကမ္ဘာ့ရှေးအကျဆုံး ဗုဒ္ဓဘာသာ သစ်သားကျောင်းတော်ရာကို ငြိမ်းချမ်းရေးဇုံအဖြစ် သတ်မှတ်နိုင်ရန် စီစဉ်လျက်ရှိသည်။ ထို့အတွက် အနီးအနားမှ ရွာသားများကိုလည်း နောက်ထပ်နေရာသစ်သို့ ရွေ့ပြောင်းပေးရန် ကြိုးပမ်းလျက်ရှိသည်။ နီပေါနှင့် အိန္ဒိယနယ်စပ်အနိးတွင် တည်ရှိသော ဗုဒ္ဓလောင်းလျာ မွေးဖွာရာအရပ်ကို ကမ္ဘာ့တစ်ဝန်းမှ သန်းပေါင်း ၅၀၀ကျော်ရှိသော ဗုဒ္ဓဘာသာဝင်များ မကြာခဏ လာကြသဖြင့် လိုအပ်သော အခြေခံ အဆောက်အဦနှင့် လုံခြုံရေး အစီအစဉ်သစ်များ ရေးဆွဲနိုင် ပြင်ဆင်လျက်ရှိသည်။ လွန်ခဲ့သောလက ရှေးဟောင်းသုတေသန အဖွဲ့သည် ယင်းအရပ်တွင် နှစ်ပေါင်း ၂၅၅၀နှစ်သက်တမ်းရှိ သစ်သားကျောင်းတော်ရာတစ်ခု တူးဖော်တွေ့ရှိပြီးနောက်ပိုင်း ဗုဒ္ဓဘာသာအတွက် အခိုင်မာဆုံ သမိုင်းဝင် အထောက်အထားသစ် တစ်ခု တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။ ဗုဒ္ဓဘာသာကျမ်းစာများတွင် သိဒ္ဓတ္ထမင်းသားကို မယ်တော်မာယာ ဒေ၀ီက အံ့ဖွယ်အတိရှိသော လုမ္ဗိနီဥယျာဉ်၌ မွေးဖွားခဲ့သည်ဟု ရေးသားထားသော်လည်း ရုပ်ဝတ္ထုဆိုင်ရာ အထောက်အထားမှာ အခိုင်အမာ မပြနိုင်ခဲ့ကြပေ။ သို့သော် ယခုအခါ ကျမ်းစာလာ အရပ်တွင် ကျောင်းတော်ရာ၊ ခြံဝန်းတို့သည် သိဒ္ဓတ္ထမွေးဖွားသည့် နှစ်ကာလများနှင့် သူ၏သက်တမ်းမှာ သမိုင်းနှင့်ချီပြီးကြည့်လျှင် မတိမ်းမယိမ်း ဖြစ်၍ ခိုင်မာသော အထောက်အထား တွေ့လာရပြီဖြစ်သည်။

Ref: Al Jazeera

တောင်ကြီးမြို့မှာ မိုင်း ၃ လုံး ရှာဖွေတွေ့ရှိ



RFA Burmese

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကန်အောက်ရပ်ကွက်မှာ ရေဆိုးမြောင်းထဲမှာ မနေ့ညက လက်လုပ်မိုင်းလို့ယူဆရတဲ့ မိုင်း ၃ လုံးတွေ့ရှိခဲ့ပြီး အဲဒီမိုင်းတွေကို ဒီကနေ့ မနက်ပိုင်းမှာ အာဏာပိုင်တွေက ဖောက်ခွဲဖျက်စီးခဲ့တယ်လို့ သတင်းရရှိပါတယ်။

မိုင်းလို့ယူဆရတဲ့နေရာကို သွားရောက်ရှာဖွေရာမှာ မိုင်း ၃ လုံးတွေ့ရှိခဲ့ပြီး ဖောက်ခွဲဖျက်စီးခဲ့တယ်လို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကျော်နိုင်က RFA ကို ပြောပါတယ်။

" မြို့နယ်စခန်းမှူးအဖွဲ့ သွားကြည့်တဲ့အခါမှာ တွေ့တယ်ပေါ့၊ တွေ့တာနဲ့ပဲ သူသတင်းပို့တယ်၊ နောက်စစ်မြေပြင် အင်ဂျီနီယာတပ်ကို အကြောင်းကြားတဲ့အတွက်ကြောင့်မို့ လာရောက်ပြီးတော့ သယ်ယူပြီးတော့မှ ရေဆိုးမြောင်းရဲ့အနားမှာရှိတဲ့ ပတ်ဝန်းကျင်ကိုရှာတဲ့အခါမှာ အလားတူပုံစံမျိုး နောက်ထပ် နှစ်လုံး စုစုပေါင်း သုံးလုံးတွေ့ရှိတယ်၊ အဲ့ဒါကို စိန်ပန်းရပ်ကွက်ထဲမှာရှိတဲ့ အ.ထ.က ၁ ဘောလုံးကွင်းထဲမှာ အဲ့ထဲမှာထည့်ထားတယ်၊ ခုမနက်မှာတော့ အဲ့ဗုံး ၃ လုံးကို ၈ နာရီ ၅၀ မှာ သက်ဆိုင်ရာ စစ်မြေပြင် အင်ဂျီနီယာတပ်ကနေပြီတော့ ဖောက်ခွဲရှင်းလင်းလိုက်တယ်"

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၈ ရက်ကလည်း တောင်ကြီးမြို့၊ မြို့မရပ်ကွက်ရှိ မွတ်စလမ်ဘာသာဝင် တစ်ဦးနေအိမ်မှာ ငါးဖမ်းရာမှာအသုံးပြုတဲ့ လက်လုပ်မိုင်းပေါက်ကွဲခဲ့တာကြောင့် အိမ်ရှင်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ကာတွန်း

ပညာရေးဝန်ကြီးဌာနလုပ်ရပ်ကို မကျေနပ်ကြောင်း တက္ကသိုလ် ၆ ခု ဝေဖန်



RFA Burmese

တက္ကသိုလ်ဆရာ၊ ဆရာမတွေရဲ့ နေရေးထိုင်ရေးနဲ့ ပတ်သက်လို့ အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို မကျေနပ်တဲ့အတွက် တက္ကသိုလ် ၆ ခုကို ကိုယ်စားပြုပြီး ဖွဲ့စည်းထားတဲ့ တက္ကသိုလ် ဆရာဆရာမများအသင်းက မနေ့က အရေးပေါ် ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ မန္တလေးတက္ကသိုလ်နဲ့ စစ်တွေတက္ကသိုလ်စတဲ့ တက္ကသိုလ် ၆ ခုက တက္ကသိုလ်ဆရာ၊ ဆရာမများအသင်းက ပညာရေးဝန်ကြီးဌာနရဲ့ စီမံခန့်ခွဲမှုတွေကို မကျေနပ်တာကြောင့် အဲဒီ ကြေညာချက်ကို ထုတ်ပြန်လိုက်တာပါ။

ရန်ကုန်တက္ကသိုလ်မှာ ဆရာ ဆရာမတွေနဲ့ ကျောင်းသူ ကျောင်းသားတွေရောပြီး နေရာချထားတဲ့အတွက် မသင့်တော်ကြောင်း ကြေညာချက်ထုတ်ပြန်လိုက်တာဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် ဆရာများအသင်းအဖွဲ့ဝင် ဒေါက်တာ စိုင်းခိုင်မျိုးထွန်းက ပြောပါတယ်။

“အဓိကကတော့ ဆရာဆရာမတွေ ဝန်ထမ်းတွေကို ၁ဝ ရက်အတွင်း ရွေ့ပါလို့ပြောတယ်၊ နောက်တစ်ခုက ဆရာ၊ ဆရာမတွေ ကျောင်းသူကျောင်းသားတွေကို ရောထားမယ်၊ ဒါဟာ မသင့်လျော်တဲ့ အနေအထားပေါ့နော်၊ နောက်တစ်ခုက စာသင်ဆောင်ကို ကျောင်းသူဆောင်ဆိုပြီးလုပ်မယ့်ဟာတွေ၊ အဲလိုလုပ်မယ့်ဟာတွေက တကယ်တန်းကျတော့ မဖြစ်သင့်တဲ့ဟာတွေပေါ့၊ အခုတော့ ရောပြီးလုပ်တဲ့အနေအထားပေါ့၊ ဒါကို ကျနော်တို့ ကန့်ကွက်တယ်”

ရန်ကုန်တက္ကသိုလ်မှာဆိုရင် အဆောင်နေကျောင်းသား၊ ကျောင်းသူတွေကို လက်ခံရာမှာ လိုအပ်တဲ့အဆောက်အဦး၊ ပရိဘောဂတွေ လုံလောက်အောင် ကြိုတင်စီမံမှုမရှိပဲ လက်ခံနေကြောင်း၊ တချို့တက္ကသိုလ်တွေမှာ ကျောင်းသား၊ သူတွေအတွက် အဆောင်တွေမရှိကြောင်း၊ ဆရာ၊ ဆရာမတွေနေထိုင်ဖို့ ပေးထားတဲ့အဆောင်တွေကို ဖယ်ခိုင်းပြီး ကျောင်းသူ ကျောင်းသားတွေကို နေရာချထားပေးတဲ့အတွက် မသင့်တော်ကြောင်း ဒါကြောင့် ဆရာ ဆရာမတွေ အခက်အခဲဖြစ်နေကြောင်းစတဲ့ အချက် ၉ ချက်ပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့တာပါ။

တစ်ဆက်တည်းမှာလည်း ရန်ကုန်တက္ကသိုလ်ထဲက အရင်က ကျောင်းသားတွေနေထိုင်ခဲ့ကြတဲ့ ရွှေဘိုဆောင်နဲ့ ဒဂုံဆောင်ကို ကျောင်းသူဆောင်အဖြစ်ပြောင်းလဲဖို့ ပြင်ဆင်နေတဲ့အတွက် အဆောင်နေကျောင်းသားဟောင်းတွေက ဒီကနေ့ ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမမှာ ကန့်ကွက်ကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ပွဲအပြီး ထိုင်းအသင်းက ပရိတ်သတ်ကို ဂါရ၀လာပြုတာကို


TunTun Kyaw

အညွန့် ဖူး ပေါ် တက်က မြင်းတယ်။ပွဲအပြီး ထိုင်းအသင်းက ပရိတ်သတ်ကို ဂါရ၀လာပြုတာကို အဲဒိစရိုက်တကောင်က ရေသန့်ဗူးနဲ့ ကာထားတဲ့ သံဇကာပေါ်ကနေ ကျော်ပြီး ပစ်လိုက်တာတွေ့ရတယ်.ကွင်းထဲဝင်လာတဲ့ အဲဒိရေသန့်ဗူးကို ထိုင်းဘောလုံးသမားလေးက လက်အုပ်လေးချီပြီး ကွင်းဘေး ပြန်ကန်ထုတ်လိုက်ပါတယ်
နိုင်ငံကြီးသားဆိုတာ ဘာလဲဆိုတာကို ကျန်နော်တို့နိုင်ငံမှာ မူလတန်းကထဲက သင်ရိုးညွှန်းတန်းမှာ ထည့် သင်ကြားပေးသင့်ပါပြီ အန်ကယ်တို့ ခင်ဗျား

Photo by Lu Mg
မြန်မာ - ထိုင်း တဖက် (၁)ဂိုးစီဖြင့် ပွဲပြီးဆုံးသွားခဲ့ပါသည်။

ကော့မှူး မြို့ နယ်ဟောပြောပွဲတွင် အ မေ စု ရဲ့ ၏ခြေဥ ပြင် ဖို့  ထောက် ခံ မှု ၉၉ ရာ ခိုင် နှုန်း ထောက် ခံ



Tun Wai
အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ် အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာဟောပြောပွဲ ပုံရိပ်များ ဖြစ်ပါတယ်။
ယနေ့ ကော့မှူး မြို့ နယ်ဟောပြောပွဲတွင် အ မေ စု ရဲ့ ၏အခြေခံဥ ပြင် ဖို့  ထောက် ခံ မှု ၉၉ ရာ ခိုင် နှုန်း ထောက် ခံ ကြ ပါ တယ်။ ပြည် သူ သုံး သောင်း ကျော် တက် တယ် လို့  သိ ရ ပါ တယ်။


RFA Burmese
၂၀၀၈ အခြေခံဥပဒေ တပ်နဲ့ပြည်သူ စိတ်ဝမ်းကွဲစေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ပြည်သူတွေနဲ့ တပ်မတော်အကြား စိတ်ဝမ်းကွဲအောင် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်နေတဲ့အတွက် အမျိုးသားရင်ကြားစေ့ရေးကို ထိခိုက်စေတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြစ်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီနေ့ ရန်ကုန်တိုင်းဒေသကြီး ကောမှူးမြို့နယ် အဖျောက်ကျေးရွာမှာကျင်းပတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မလား အသစ်ပြန်လည်ရေးဆွဲမလား လူထုဆန္ဒကောက်ခံပွဲမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောခဲ့တာပါ။

"ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၉၈၈ ခုနှစ် စပြီးဖွဲ့ကတည်းက အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်မယ်ဆိုပြီးတော့ ကျမတို့လုပ်ခဲ့ပါတယ်၊ ပြီးတော့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေဟာ အမျိုးသားရင်ကြားစေ့ရေးကို ထိခိုက်စေတယ်လို့ ကျမတင်ပြချင်တယ်၊ ဘာဖြစ်လို့ ထိခိုက်စေလဲဆိုတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ တစ်နည်းအားဖြင့်ပြောရမယ်ဆိုရင် ပြည်သူတွေနဲ့ တပ်မတော်ကြားမှာ စိတ်ဝမ်းကွဲအောင်လို့ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေလို့ပဲ ကျမပြောချင်ပါတယ်"

ဒီနေ့ပွဲမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်နဲ့ တရားလွှတ်တော်ရှေ့နေ ဦးဌေးဦးတို့ကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်သင့်တဲ့ အချက်တွေကို အခန်းလိုက် ပုဒ်မအလိုက် ရှင်းပြခဲ့ပါတယ်။

အမျိုးသားနိုင်ငံရေးမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍဆိုတဲ့အချက်ကို ဆန့်ကျင်တယ်ဆိုတာ တပ်မတော်ကို ဆန့်ကျင်တာ မဟုတ်ကြောင်း၊ တပ်မတော်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အကြား နားလည်မှုလွဲအောင် ပြောဆိုမှုတွေလည်းရှိနေကြောင်း ဒေါ်အောင်ဆန်းစုကြည်က တက်ရောက်လာသူတွေကို ရှင်းပြခဲ့ပါတယ်။

ဒီနေ့ သဘောထား ဆန္ဒကောက်ခံပွဲကို ကော့မှူးမြို့နယ်အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းက တခြားမြို့နယ်က ပါတီဝင်တွေ ပြည်သူတွေလည်း တက်ရောက်ခဲ့တဲ့အတွက် ပရိတ်သတ် နှစ်သောင်းနီးပါးလောက်ရှိခဲ့ပါတယ်။ တက်ရောက်လာသူတွေအားလုံးရဲ့ ဆန္ဒကို တာဝန်ရှိသူတွေ မေးမြန်းချက်အရ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်လိုကြောင်း သဘောထားပေးခဲ့ကြပါတယ်။


ကော့မှုးမြို့နယ်တွင် အဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်ပြောကြားသောမိန့်ခွန်း အပြည်.အစုံ
*****************************************************

ကျွှန်မ ဒီကွင်းကိုကြည့်လိုက်တဲ့ အခါကြတော့ လူအများစုက ဟိုဘက်ကိုရောက်နေတယ်။ဘာလို့ လဲဆိုတော့ အဲဒီဘက်က အရိပ်ရှိလို့ ပါ။အဲဒီတော့ ကျွှန်မတို့ ဟာ လူ့ သဘာဝပဲ အရိပ်အာဝါသအောက်မှာ အေးအေးချမ်းချမ်းနေချင်ကြတယ်။ကျွှန်မတို့ နိုင်ငံသူ ၊ နိုင်ငံသားတွေ ဖွဲ့ 
စည်းပုံအခြေခံဥပဒေရဲ့ အရိပ်အာဝါသ အောက်မှာ အေးအေးချမ်းချမ်းနေနိုင်ဖို့ ဆိုရင် ဒီဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြောင်းမှဘဲ ဖြစ်ပါလိမ့်မယ်။ပြည်သူလူထုကို အေးချမ်းမူ ၊ ကာကွယ်မူ မပေးနိုင်တဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုတာဟာ နိုင်ငံကို အကျိုးမပြုဘဲနဲ့ နိုင်ငံကို နစ်နာစေမှာ ဖြစ်ပါတယ်။ဒါကြောင့် ကျွှန်မတို့ က ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကို မူတစ်ခုအနေနဲ့ အဖွဲ့ ချုပ်က ခိုင်ခိုင်မာမာ လက်ထဲမှာ ဆုပ်ကိုင်ခဲ့ တာ ဖြစ်ပါတယ်။

ဖွဲ့ စည်းပုံအခြေခံဥပဒေထဲက အသေးစိတ်ကိစ္စတွေကို ဦးဝင်းမြင့်နဲ့ ဦင်္းဌေးဦးက ရှင်းပြသွားပြီးပါပြီ။ ကျွှန်မက အရေးကြီးတဲ့ ကိစ္စတစ်ခုကို ပြည်သူကို တင်ပြပြီးတော့ ပြည်သူတွေကြားထဲမှာ စူးစမ်းစေချင်ပါတယ်။ကျွှန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က (၁၉၈၈)ခုနစ် စပြီးဖွဲ့ ထဲက အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်မယ်ဆိုပြီး ကျွှန်မတို့ လုပ်ခဲ့တာပါ။ဒီတော့ ဒီဖွဲ့ စည်းပုံအခြေခံဥပဒေဟာ အမျိုးသားရင်ကြားစေ့ရေးကို ထိခိုက်စေတယ်လို့ ကျွှန်မတင်ပြချင်တယ်။

ဖွဲ့ စည်းပုံအခြေခံဥပဒေဟာ တနည်းအားဖြင့် ပြောရမယ်ဆိုရင် ပြည်သူတွေနဲ့ တပ်မတော်ကြားမှာ စိတ်ဝမ်းကွဲအောင်လို့ ရေးဆွဲထားတဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေလို့  ကျွှန်မပြောချင်ပါတယ်။

ကျွှန်မတို့ အနေနဲ့ ဒီဖွဲ့ စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး ၊ တပ်မတော်အနေနဲ့ အမျိုးသားနိုင်ငံရေးမှာ ဦးဆောင်မူကဏ္ဍကို ယူရေး ကိစ္စတွေကို ကျွှန်မတို့ ဆန့် ကျင်တာဟာ တပ်မတော်ကို ဆန့် ကျင်လို့ မဟုတ်ဘူး။တပ်မတော်နဲ့ ပြည်သူရဲ့ အကြားမှာ တစ်သွေးတစ်သားတည်း ဖြစ်ချင်လို့ ဆိုတာကို အများသိစေချင်ပါတယ်။အခုဟာက ဒီဖွဲ့ စည်းပုံအခြေခံဥပဒေဟာ တနည်းအားဖြင့် ဆိုရင် ပြည်သူနဲ့ တပ်မတော်ကြားထဲမှာ တိုက်ပေးယုံတင်မက ပြည်သူမကျေနပ်တဲ့ ကိစ္စတွေနဲ့ ပတ်သတ်လို့ ရှိရင် တပ်မတော်ကို တရားခံဖြစ်အောင် လုပ်ထားတယ်လို့ ကျွှန်မကတော့ ဒီလိုပဲ မြင်ပါတယ်။

ခုနက ရှင်းပြသွားသလို့ (၇၅)ရာခိုင်နုန်းသော ပြည်သူ့ ကိုယ်စားလှယ်တွေရဲ့ ဆန္ဒကို တပ်မတော်ထဲက (၂၅)ရာခိုင်နုန်းသော ကိုယ်စားလှယ်တွေကနေပြီးတော့ ဆန့် ကျင်မယ်ဆိုလို့ ရှိရင် ဒါဟာ ပြည်သူတွေအနေနဲ့ ငါတို့ ရဲ့ လိုအင်ဆန္ဒတွေကို ဆန့် ကျင်တာ တပ်မတော်ဆိုပြီး အဲလိုမတွေးကြဘူးလား။တွေးကြမှာပဲ။ဒီတော့ ဒါတပ်မတော်ကို တရားခံဖြစ်အောင် လုပ်တယ်လို့ ကျွှန်မဒီလိုပဲ မြင်ပါတယ်။

တကယ်ဆိုလို့ ရှိရင် နိုင်ငံအတွင်းမှာ နိုင်ငံသူ ၊ နိုင်ငံသားတွေအထဲမှာ သဘောတူညီမူ မရှိဘူးဆိုရင် လွှတ်တော်ထဲမှာ ဒီကိစ္စတွေကို မျှမျှတတ ကျေလည်အောင် လုပ်ဖို့ က အင်မတန်မှ အရေးကြီးပါတယ်။ဒီတော့ လွှတ်တော်ထဲမှာ ဘယ်သူတွေက လုပ်ရမှာလဲ။ဒါဟာ ပြည်သူတွေက ရွှေးချယ်တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေက ပြေလည်အောင် တစ်ယောက်နဲ့ တစ်ယောက် ညှိနိုင်းပြီး လုပ်ရမှာပါ။အဲဒီလုပ်ပိုင်ခွင့်လည်း ရှိရမှာဖြစ်ပါတယ်။ဒါကြောင့် ကျွှန်မတို့ နိုင်ငံရဲ့ အခြေအနေကို သေချာ လေ့လာကြပါ။

အခုတလောဆိုရင် ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲတဲ့ ကိစ္စကို မလိုလားတဲ့ သူတွေက ကျွှန်မတို့ ကနေပြီးတော့ တပ်မတော်ကို တိုက်တယ်။တပ်မတော်ကို ထိပါးစေချင်တယ်။ကျွှန်မတို့ ရဲ့ အဖွဲ့ ချုပ်နဲ့ ကျွှန်မတို့ ရဲ့ ပြည်သူတွေနဲ့ တပ်မတော်ကြားထဲမှာ ပိုပြီးစိတ်ဝမ်းကွဲအောင် ၀ါဒဖြန့် ချိရေးတွေလုပ်နေတယ်ဆိုတာလည်း ကျွှန်မသတိပြုမိပါတယ်။ဒီဟာတွေကို ပြည်သူတွေကနေပြီးတော့ သေသေချာချာ စဉ်းစားရမယ်။

ကျွှန်မတို့ တပ်မတော်ကို တန်ဖိုးထားလို့ ရှိရင် တကယ်ကို ပြည်သူကနေပြီးတော့ လေးစားချစ်ခင်နိုင်တဲ့ တပ်မတော် ဖြစ်စေချင်လို့ ရှိရင် ဒီဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြောင်းကို ပြောင်းရမယ်။

နောက်ပြီးတော့ ကျွှန်မတို့ ကို အခု အစိုးရလုပ်နေတဲ့ သူများ ကပေါ့နော် အစိုးရလုပ်ချင်တဲ့ သူများ ဒါကျွှန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အပါအ၀င်ပါ။ကျွှန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို အစိုးရလုပ်ချင်သလားဆိုရင် လုပ်ချင်တယ်ပဲ ပြောရမှာပဲ။လုပ်ချင်တယ်ဆိုတာ အကြောင်း(၂)ခု ရှိပါတယ်။တစ်ခုက ကျွှန်မတို့ နိုင်ငံအတွက် သင့်တော်တယ်လို့ ထင်တဲ့ မူဝါဒတွေနဲ့ နိုင်ငံတိုးတတ်ရေးအတွက် ကြိုးပမ်းနိုင်တဲ့ အခွင့်အရေး ၊ ကြိုးပမ်းရမယ့်တာဝန်ကို ကျွှန်မတို့ ယူချင်တယ်။နောက်တစ်ခုကလည်း ကျွှန်မတို့ ဟာ ကျွှန်မတို့ အဖွဲ့ အစည်းရဲ့ လူပ်ရှားမူကို အနစ်(၃၀)နီးပါး တစ်စိုက်မတ်မတ် ထောက်ခံခဲ့တဲ့ ပြည်သူတွေ ၊ အခုဆိုရင် ဒီကိုလာပြီး နေပူကျဲတဲထဲမှာ ထောက်ခံခဲ့တဲ့ ပြည်သူတွေ ၊ ဘ၀နဲ့ ရင်းပြီး ထောက်ခံခဲ့တဲ့ ပြည်သူတွေအတွက်လည်း ကျွှန်မတို့ ဟာ ဒီမိုကရေစီအောင်နိုင်မူကို ရယူဖို့ လိုတယ်လို့ ကျွှန်မဒီလိုပဲ ယူဆပါတယ်။

ဒါကြောင့် ကျွှန်မမေးချင်တာဟာ အစိုးရလုပ်နေတဲ့ သူများ ၊ အစိုးရလုပ်ချင်တဲ့ သူများဟာ အာဏာကို ယူချင်တာလား ။ တာဝန်ကို ယူချင်တာလား။အဲဒါကို သေသေချာချာ ဆုံးဖြတ်ကြပါ။အာဏာကို ယူချင်တာ မဟုတ်ဘူးဆိုလို့ ရှိရင် မျှတတဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေ တစ်ခုကို ဆွဲပေးရမယ်။မျှတတဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေ တစ်ခု ဖြစ်အောင်လို့ လုပ်ပေးရမယ်။အဲဒီတော့ ကိုယ်ကိုကိုယ် ပြည်သူက မလိုချင်ရင်လဲ သိက္ခာရှိရှိ နောက်ဆုတ်ရမယ်။တာဝန်ကို ယူချင်တယ်ဆိုလို့ ရှိရင် ဒီလို မျှတတဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေတစ်ခုကို ဦးတည်ရမယ်။

ဖွဲ့ စည်းပုံအခြေခံဥပဒေနဲ့ ပတ်သတ်လို့ အခု ကိုယ်နဲ့ မဆိုင်သလို နေနေတဲ့ ပုဂ္ဂိုလ်တွေကို အရင်တုန်းက ညီလာခံမှာ ဘယ်ကဏ္ဍက ပါဝင်ခဲ့သလဲလို့ ကျွှန်မက မေးချင်တယ်။ဒီဖွဲ့ စည်းပုံအခြေခံဥပဒေကို အတည်ပြုလာခဲ့တဲ့ ညီလာခံမှာ ပါဝင်လာခဲ့တဲ့ ပုဂ္ဂိုလ်များဟာ အခုတော့ ကိုယ်နဲ့ မဆိုင်သလို နေနေတာဟာ တာဝန်သိစိတ် မရှိဘူးလို့ ကျွှန်မဒီလိုပဲ ပြောချင်ပါတယ်။တာဝန်သိစိတ် မရှိတဲ့ ပုဂ္ဂိုလ်များဟာ ဆက်ပြီးတော့ တိုင်းပြည်ကို အပေါ်မှာ အာဏာလွှမ်းမိုးသွားမယ်ဆိုရင် ကျွှန်မတို့ တိုင်းပြည်အတွက် တိုးတတ်မူဆိုတာ တကယ် မဖြစ်နိုင်ပါဘူး။

တစ်ချို့ က ကျွှန်မက ပြည်သူ့ အားကို ယူပြီးတော့ ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြောင်းလဲဖို့ ကြိုးစားနေတယ် ဆိုတော့ ကျွှန်မက ရှင်းရှင်းပဲ မေးချင်တယ်။ပြည်သူ့ အား မယူလို့ ဘယ်သူအား သွားယူရမှာလဲ။ဒါပေမယ့် ပြည်သူ့ အားကို ယူတာနဲ့ ပြည်သူ့ အားကို အလွှဲသုံးစားလုပ်တာနဲ့ မတူဘူးဆိုတာလည်း ကျွှန်မရှင်းပြချင်ပါတယ်။

ကျွှန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ဘယ်တုန်းကမှ ပြည်သူ့ အားကိုအလွှဲသုံးစား မလုပ်ခဲ့ဘူး။ကျွှန်မတို့ စိန်ခေါ်ရဲတယ်။ဘယ်တုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ပြည်သူတွေကို ဆူပူအောင် လူံဆော်တာ ရှိခဲ့သလဲ။ဘယ်တုန်းက ကျွှန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ဥပဒေနဲ့ မကိုက်ညီတာ ဥပဒေနဲ့ မကိုက်ညီတဲ့ ကိစ္စတွေ အတင်းအဓမ္မ ပြည်သူတွေကို တွန်းပြီးတော့ ကျွှန်မတို့ အဖွဲ့ ချုပ် တိုးတတ်ရေးအတွက် လုပ်ခိုင်းခဲ့ဘူးသလဲ။ဒီဟာကို ကျွှန်မက သတ္တိရှိရှိနဲ့ စိန်ခေါ်ရဲတယ်။ကျွှန်မတို့ က ပြည်သူတွေကို တခြားဟာတွေ မပြောနဲ့ ။ကျွှန်မတို့ ရဲ့ အစည်းအဝေးတွေတောင်မှ အတင်းတတ်ပါဆိုပြီး ဖိအားပေးတာ ဘယ်တုန်းက ကျွှန်မတို့ လုပ်ခဲ့ဘူးသလဲ။ဘယ်တုန်းကမှ ကျွှန်မတို့ မလုပ်ခဲ့ဘူး။ပြည်သူ့ ရဲ့ အင်အားကို ဘယ်တုန်းကမှ ကျွှန်မတို့ အလွှဲသုံးစား မလုပ်ခဲ့ဘူး။

ကျွှန်မတို့ က အစည်းအဝေးလုပ်မယ်ဆိုရင် သက်ဆိုင်ရာက အသိပေးသင့်တဲ့ အဖွဲ့ အစည်းတွေကို အသိပေးတယ်။ကျွှန်မတို့ ဟာ တရားဥပဒေဘောင်အတွင်းက လုပ်တယ်။ပြည်သူတွေ သိအောင်လို့ ပြောတယ်။လာကြပါ။မလာချင်ရင်လည်း မလာကြနဲ့ ပေါ့နော်။အတင်း ကျွှန်မတို့ ဆွဲခေါ်လို့ လည်း မရဘူး။နောက်ပြီး ကျွှန်မတို့ က တစ်ယောက် ဘယ်လောက် ပေးနိုင်တဲ့ အခြေအနေလဲ မရှိဘူး။ကျွှန်မတို့ အဖွဲ့ ချုပ်က ချမ်းသာ ကြွယ်ဝတဲ့ ပါတီမဟုတ်ပါဘူး။သို့ သော်ငြားလည်း ကျွှန်မတို့ ဟာ ပြည်သူရဲ့ မေတ္တာ ၊ စေတနာအရတော့ အင်မတန်မှ ချမ်းသာကြွယ်ဝတယ်လို့ ကျွှန်မတို့ ကို ကျွှန်မသတ်မှတ်ထားပါတယ်။သို့ သော်လည်း ပြည်သူ့ မေတ္တာ ၊ စေတနာ ဆိုတာလည်း အနိစ္စသဘောတရားက ကင်းတာမဟုတ်ဘူး။ဘယ်နိုင်ငံရေးအဖွဲ့ အစည်းမဆို မှန်မှန်ကန်ကန် မလုပ်ဘူး။နိုင်ငံအကျိုးအတွက် မဆောင်ရွှက်ဘူး ဆိုလို့ ရှိရင် ပြည်သူ့ မေတ္တာ ၊ စေတနာတွေ ဆုံးရူံးရမှာပဲ။ဒီဟာကို ကျွှန်မတို့ ကောင်းကောင်း နားလည်ပါတယ်။

ဒါကြောင့် ပြည်သူ့ အားကို အားကိုးတဲ့ အခါမှာ မှန်ကန်တဲ့ နည်းတွေနဲ့ ပြည်သူကလေးစားမှ ၊ မေတ္တာရှိမှ ၊ စေတနာရှိမှ ၊ ယုံကြည်မှ ဒီအားတွေနဲ့ ဒီနိုင်ငံကို ပြုပြင်ပြောင်းလဲသင့်သလို ပြုပြင်ပြောင်းလဲနိုင်မယ်ဆိုတာကို လက်ခံပြီးသားပါ။

ကျွှန်မတို့ ရဲ့ ပြည်သူတွေဟာ ခုဖွဲ့ စည်းပုံအခြေခံဥပဒေနဲ့ ပတ်သတ်လို့ သေသေချာချာ နားလည်အောင်ကြိုးစားနေတာ ဒါပါပဲ။နားမလည်ပဲ လက်ညှိးထောင်ပြီး ခေါင်းငုံတဲ့ ပြည်သူမျိုး မလိုချင်ဘူး။ခေါင်းဆိုတာဟာ ငုံဖို့ ပေးထားတာ မဟုတ်ဘူး။စဉ်းစားဖို့ ပေးထားတာပဲ။ဒီခေါင်းက စဉ်းစားလိုက်လို့ ခံရမယ်လို့ ထင်ရင် ခံသာ ခံပေတော့။လိုက်ပြီးတော့ မညိတ်နေနဲ့ ။အဲဒီလို ညိတ်ဖို့ လုပ်ထားတဲ့ ခေါင်းမျိုးဆိုတာဟာ ကျွှန်မတို့ ရဲ့ နိုင်ငံကို ဘယ်လိုမှ အကျိုးမပြုနိုင်ပါဘူး။

ဒါကြောင့် ပြည်သူရဲ့ အားကို ကျွှန်မတို့ အားကိုးတယ်။ပြည်သူရဲ့ အားကို ယူပြီးတော့ ကျွှန်မတို့ ရဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေပြောင်းလဲဖို့ ကျွှန်မတို့ ကြိုးစားတယ်။ပြည်သူ့ အားဆိုတာ ဘယ်လိုနည်းနဲ့ ကျွှန်မတို့ သုံးစေချင်သလဲ။ပြည်သူတွေရဲ့ ဆန္ဒကို အများသိစေချင်တယ်။အခု ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သတ်နေတဲ့ ပုဂ္ဂိုလ်များ ၊ အဖွဲ့ အစည်းများဟာ ပြည်သူရဲ့ ဆန္ဒဘယ်လိုရှိတယ်ဆိုတာကို သိစေချင်တယ်။ဒါကတော့ ပြည်သူရဲ့ ဆန္ဒဘယ်လိုရှိသလဲဆိုတာသိချင်ရင် ပြည်သူကို မကြောက်အောင် ထားရမယ်။ပြည်သူကို ပြောရဲဆိုရဲအောင် ထားရမယ်။မာန်ပြီးတော့ သဘောတူသလား ။ သဘောမတူဘူးလားဆိုရင် ပြည်သူလူထုက ဟုတ်ကဲ့ သဘောတူပါတယ်လို့ ပြောတဲ့ အခြေအနေမျိုး ကျွှန်မတို့ လုံးဝမလိုချင်ဘူး။ကျွှန်မတို့ အတွက် အဲဒီလို သဘောတူညီမူမျိုးဟာ အဓိဟယ်လည်း မရှိဘူး။တန်ဖိုးလဲ မရှိဘူး။

တကယ်ပဲ ဒီမိုကရေစီကို ဦးတည်နေတယ် ဆိုလို့ ရှိရင် ပြည်သူတွေရဲ့ အသံကို နားထောင်ရမယ်။ပြည်သူတွေရဲ့ အသံကို ကြောက်စရာ မလိုဘူး။ရွှံ့ စရာ ၊ ပယ်စရာလည်း မလိုဘူး။ကျွှန်မကို တစ်ချို့ က မေးမယ်။ပြည်သူ့ အသံနားထောင်ရမယ်ဆိုရင် ကျွှန်မက ပြည်သူပြောသမျှ အမြဲလက်ခံမလားလို့ မေးရင် ကျွှန်မလက်မခံဘူးလို့ ပြောမယ်။ကျွှန်မက အခုကနေပြီးတော့ ပြည်သူတွေက ဘာတောင်းဆိုမလဲဆိုတာကို ကျွှန်မဆုံးဖြတ်လို့ မရဘူး။အဆိုတစ်ခုရှိပါတယ်။အားလုံးကို အချိန်အတိုင်းအတာ တစ်ခုအထိ လှည့်ဖြားလို့ ရမယ်။အနည်းစုကို အချိန်ထာဝရလှည့်ဖြားလို့ ရမယ်။ဒါပေမယ့် အားလုံးကို ထာဝရလှည့်ဖြားလို့ မရဘူးဆိုတဲ့ အဆိုရှိသလို ပြည်သူတွေကို တစ်ချို့ တွေက စွဲဆောင်မူကြောင့်မို့ လို့ တစ်ခဏအားဖြင့် သူတို့ ဆန္ဒတွေဟာ တစ်မျိုးဖြစ်နေရင် ကျွှန်မအနေနဲ့ တိုင်းပြည်အတွက် ရေရှည်အတွက် မကောင်းဘူးထင်ရင်တော့ ကျွှန်မက ပြည်သူ့ စကားဆိုပေမယ့် ကျွှန်မသဘောမတူဘူးဆိုရင် ပွင့်ပွင့်လင်းလင်း သဘောမတူဘူးလို့ ပြောမယ်။ခိုးကြောင်ခိုးဝှက်တော့ ခေါင်းငုံပြီး ကျွှန်မလုပ်ချင်တာ လုပ်မှာ မဟုတ်ဘူး။ကျွှန်မပြောချင်တာက ပြည်သူကို မလေးစားလို့ မဟုတ်ဘူး။ပြည်သူကို လေးစားလို့ ကိုး ပြည်သူ့ စကား အမြဲပဲနားထောင်မယ်ဆိုတဲ့ ကတိမျိုး ကျွှန်မမပေးနိုင်ဘူး။ပြည်သူအနေနဲ့ လည်း ကျွှန်မတို့ ကို အမြဲထောက်ခံမယ်ဆိုတဲ့ ကတိမျိုး မပေးနိုင်ဘူးဆိုတာ ကျွှန်မလက်ခံတယ်။ထောက်ခံချင်တဲ့ အခါ ထောက်ခံမယ်။ထောက်ခံသင့်တဲ့ဟာ ထောက်ခံမယ်။ဒါ ကျွှန်မတို့ အဖွဲ့ ချုပ်နဲ့ ပြည်သူကြားမှာ နောက်ဆုံးကြတော့ ဖြောင့်ဖြောင့်တန်းတန်းနဲ့ ဆက်ဆံရမယ်။

ပြည်သူ့ အကြိုက် အမြဲလုပ်တယ်ဆိုတာဟာ တကယ်ကြတော့ ပြည်သူ့ အကြိုက် မဟုတ်တော့ဘူး။ကိုယ်ပေါ်ပြူလာ ဖြစ်ချင်လို့ လုပ်တယ်ဆိုတဲ့ သဘောမျိုး ဖြစ်သွားနိုင်တယ်။အဲတာမျိုးကို ကျွှန်မတို့ မလုပ်ဘူး။ကြိုက်သည်ဖြစ်စေ ကျွှန်မပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ။ကျွှန်မအနေနဲ့ ပြည်သူတွေနဲ့ အမြဲပဲ တစ်သဘောထားတည်း ရှိပါမယ်လို့ ကျွှန်မ ကတိက၀တ် မခံနိုင်ဘူး။ဒါပေမယ့် ကျွှန်မတို့ ဘာပဲ လုပ်လုပ် အဖွဲ့ ချုပ်က ဘယ်လိုပဲ မူဝါဒချချ ပြည်သူကို ရှင်းလင်းတင်ပြမယ်။ကျွှန်မတို့ အမြင်နဲ့ ရဲရဲဝင့်ဝင့်နဲ့ အများစုက သဘောမတူရင်လဲ ဘာကြောင့် သဘောမတူကြောင်းဆိုတာကို ကျွှန်မတို့ ပြောမယ်။

အဲဒီတော့ ဒီအတိုင်းပဲ။ပြည်သူကို တကယ်လေးစားတယ်ဆိုလို့ ရှိရင် ဖွဲ့ စည်းပုံအခြေခံဥပဒေကို မပြင်ချင်တဲ့သူတွေက ပြည်သူတွေနဲ့ မျက်နာချင်းဆိုင် ဆွေးနွေးပြီးတော့ ဘာဖြစ်လို့ မပြင်ချင်ပါဘူးလဲဆိုတာကို လက်ခံနိုင်အောင်လို့ ရှင်းပြပါလို့ ကျွှန်မက စိန်ခေါ်ချင်ပါတယ်။ဒီလို တကယ်ပဲ ရှင်းပြနိုင်ရင် ပြည်သူကလဲ လက်ခံမှာပေါ့။ဒါပေမယ့် မမှန်ကန်တဲ့နည်းတွေနဲ့ ပြည်သူကို ဘာကြောင့်မို့ လို့  ဖွဲ့ စည်းပုံအခြေခံဥပဒေကို မပြောင်းမလဲထားချင်သလဲလို့ ပြောရင်တော့ ပြည်သူကလည်း သဘောတူမှာ မဟုတ်ဘူး။

ဒီဖွဲ့ စည်းပုံအခြေခံဥပဒေဟာ (၂၀၀၈)ခုနစ်က အတည်ပြုခဲ့တယ်။အတည်ပြုခဲ့တဲ့ဖွဲ့ စည်းပုံအခြေခံဥပဒေကို လုံးဝ ၊ ထာဝရ မပြောင်းချင်တဲ့စိတ်ရှိတယ် ဆိုတာဟာ တကယ်တော့ ဒါအနိစ္စသဘောကို နားမလည်လို့ ပဲလို့  ကျွှန်မဒီလိုပြောရမှာပဲ။ပြောင်းလဲမူဆိုတာ အမြဲရှိနေတာ။ကျွှန်မပြောပါတယ်။(၁၉၄၈)ခုနစ်တုန်းက ကျွှန်မတို့ လွှတ်လပ်ရေးရခဲ့တဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေဟာ ခြောက်ပစ်ကင်း သဲလဲစင် မဟုတ်ပါဘူး။လိုအပ်ချက်တွေရှိခဲ့ပါတယ်။ဒီဥပဒေဟာ ဖေဖေဦးဆောင်ပြီးတော့ ရေးဆွဲခဲ့တဲ့ဥပဒေပါ။အဲဒီတုန်းက အချိန်ကာလ အခြေအနေအရ ဒီဖွဲ့ စည်းပုံအခြေခံဥပဒေကို အတည်ပြုခဲ့တယ်။ကောင်းတဲ့ဟာတွေလည်း အများကြီးပါတယ်။မပြည့်စုံတာတွေလည်း ပါတယ်။ဒါကို ကျွှန်မအနေနဲ့ လက်ခံရဲတယ်။ဝန်ခံရဲတယ်။ဖေဖေသာ သက်ရှိထင်ရှားရှိနေလို့ ရှိရင်လဲ သတ္တိရှိရှိနဲ့ တာဝန်ယူပြီးတော့ ရင်ဆိုင်မယ်လို့ ကျွှန်မယုံကြည်တယ်။ဖေဖေကတော့ ငါနဲ့ မဆိုင်ဘူးဆိုတာ ဘယ်တော့မှ ပြောမှာ မဟုတ်ဘူး။တာဝန်ယူမယ်လို့ ပြောမှာ။အဲဒီတော့ ဒီလိုပြောရဲတဲ့ သတ္တိကို တန်ဖိုးထားကြပါ။မပြောင်းချင်တဲ့ မာနကို တန်ဖိုးမထားပါနဲ့လို့ ကျွှန်မက မေတ္တာရပ်ခံချင်ပါတယ်။

တစ်ချို့ တွေက ဖွဲ့ စည်းပုံအခြေခံဥပဒေကို အကာအကွယ်တစ်ခုအနေနဲ့ ယူနေကြတယ်။ဒါလဲ ကျွှန်မ ပြည်သူနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးရမယ့် ကိစ္စပါ။အကာအကွယ်တစ်ခုအနေနဲ့ ဘယ်လိုယူကြလဲဆိုတာ အဲလိုပြောရရင် အဖွဲ့ ချုပ်က အာဏာရသွားလို့ ရှိရင် ကျွှန်မတို့ က အစိုးရဖွဲ့ ဖြစ်သွားလို့ ရှိရင် ပြန်ပြီးတော့ ဂလဲ့စားချေမလား။ထိခိုက်အောင် လုပ်မလားဆိုတဲ့ စိုးရိမ်ပူပန်မူတွေရှိတယ်ဆိုပြီး ကျွှန်မကို မကြာခဏလာပြီးပြောတာရှိတယ်။ကျွှန်မက နံပါတ်တစ်အားဖြင့် ပြောတာက ကျွှန်မတို့ (၁၉၈၈)ခုနစ် ဒီပါတီကို ဖွဲ့ စည်းစဉ်အခါတည်းက အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ဦးတည်မယ်လို့ ကျွှန်မတို့ ပြောခဲ့တယ်။အဲဒီတော့ မေးခွန်းတစ်ခု မေးမယ်နော်။ကျွှန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေနဲ့ ရော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ခေါင်းဆောင်တစ်ဦးအနေနဲ့ ရော ပြည်သူတွေကို ပေးခဲ့တဲ့ ကတိတွေ ဖောက်ဖျက်ခဲ့တာ ရှိလားလို့ မေးချင်ပါတယ်။ကျွှန်မတို့ တစ်ခါမှ မဖောက်ဖျက်ခဲ့ဘူး။ကျွှန်မတို့ ရွှေးကောက်ပွဲအတွက် စည်းရုံးတဲ့ကာလ (၁၉၉၀)ခုနစ် ရွှေးကောက်ပွဲအတွက် ၊ အရင်နစ်တုန်းက ကြားဖြတ်ရွှေးကောက်ပွဲအတွက် စည်းရုံးရေးလုပ်နေတဲ့ အခါကာလတုန်းက ကျွှန်မသေသေချာချာ ကျွှန်မတို့ အဖွဲ့ ဝင်တွေကို ပြောခဲ့ပါတယ်။မတည်နိုင်တဲ့ ကတိတွေ မပေးနဲ့ ။မဲလိုချင်တာနဲ့ ပြည်သူတွေကို ဘာပဲ ကတိပေးရ ၊ ပေးရဆိုတဲ့ မူနဲ့ မလုပ်ပါနင့်လို့ ကျွှန်မသေသေချာချာ ပြောခဲ့တယ်။ကျွှန်မကိုယ်တိုင်လဲ ကျွှန်မပြောခဲ့တယ်။ကျွှန်မပေးနိုင်တဲ့ ကတိတစ်ခုပဲ ရှိတယ်။အဲဒါဘာလဲဆိုတော့ ကျွှန်မအတတ်နိုင်ဆုံး လုပ်မယ်။ကော့မူးမှာ ကျွှန်မလာပြီးတော့ စည်းရုံးရေးဆင်းခဲ့တယ်။မဲဆွယ်ခဲ့တယ်။ကျွှန်မတို့ ကို ထောက်ခံဖို့ မဲပေးဖို့ ကျွှန်မတို့ တောင်းဆိုခဲ့တယ်။အဲဒီတုန်းကလဲ ကျွှန်မ ဒီအတိုင်းပဲ ပြောခဲ့တယ်။ကျွှန်မတို့ အတတ်နိုင်ဆုံး လုပ်ပေးမယ်။ပြည်သူတွေရဲ့ ဘ၀တွေကို တိုးတတ်အောင် အတတ်နိုင်ဆုံး လုပ်ပေးမယ်။ ဒါပေမယ့် ဒီဟာ ၊ ဒီဟာ လုပ်ပေးမယ်ဆိုပြီးတော့ ကိုယ်မပိုင်တဲ့ ကတိတွေကို မပေးပါဘူးလို့ ကျွှန်မပြောခဲ့တယ်။ဒီတော့ ကျွှန်မတို့ ဘယ်တုန်းကမှ ကတိမဖျက်ခဲ့ဘူး။အဲဒါတော့ ကျွှန်မစိန်ခေါ်ရဲတယ်။ကျွှန်မတို့ အဖွဲ့ ချုပ်က ဘယ်ကတိဖျက်ခဲ့သလဲ။ဖျက်ခဲ့တယ်ဆိုရင် ကျွှန်မတို့ ကို လာပြီးတော့ ပြောပါ။ဘာဖြစ်လို့ အဲဒီကတိဖျက်ခဲ့သလဲဆိုရင် ကျွှန်မတို့ မှာ ရှင်းလင်းရမယ့် တာဝန်ရှိတယ်။

ကျွှန်မတို့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ ပတ်သတ်လို့ လည်း ကျွှန်မတို့ ကတိမဖျက်ဘူး။အခုလဲ ဒီကနေပြီးတော့ ကတိပေးချင်တယ်။ကျွှန်မတို့ ပြည်သူပြည်သားတွေကြားမှာ စိတ်ဝမ်းကွဲစေမယ့် ကိစ္စတွေ ကျွှန်မဘယ်တော့မှ မလုပ်ဘူး။စိတ်ဝမ်းကွဲမယ်ထင်တဲ့ ကိစ္စတွေကို ကျွှန်မ မလုပ်လို့ ကျွှန်မကို မထောက်ခံရင်လဲ ရတယ်။မထောက်ခံနဲ့ ။ကျွှန်မက ထောက်ခံမူ လိုချင်လို့ နိုင်ငံရေးလုပ်နေတာ မဟုတ်ဘူး။ဒီနိုင်ငံတိုးတတ်စေချင်လို့ နိုင်ငံရေးလုပ်နေတာ။အဲဒါကြောင့်မို့ လို့ ဒီလိုကိစ္စတွေနဲ့ ဆွေးနွေးချင်ရင် ဆွေးနွေးဖို့ အဆင်သင့်ပဲ။

ကျွှန်မပြောတယ်နော်။ပြည်သူတွေအထဲမှာ တပ်မတော်သားတွေ ပါဝင်တယ်ဆိုတာ တိတိကျကျ ပြောပါရစေ။တပ်မတော်သားအားလုံးဟာ ကျွှန်မတို့ ပြည်သူတွေပဲ။ကျွှန်မတို့ နိုင်ငံသူနိုင်ငံသားတွေပဲ။ကျွှန်မတို့ နိုင်ငံသူ ၊ နိုင်ငံသားတွေကြားထဲမှာ စိတ်ဝမ်းကွဲစေမယ့် အလုပ် ကျွှန်မ မလုပ်ဘူး။ဒီလိုလုပ်လို့  ကျွှန်မတို့ နိုင်ငံတိုးတတ်နိုင်မှာ မဟုတ်ဘူး။

ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲရေးကိုလည်း ညှိနိုင်းဆွေးနွေးတိုင်ပင်ပြီးတော့ ကျွှန်မတို့ လုပ်သွားချင်တယ်။ဒါကြောင့်မို့ ကျွှန်မ မကြာခင်တုန်းကနေပြီးတော့ လေးဦးလေးဖက် တိုင်ပင်ပါ။ဆွေးနွေးပါ ဆိုပြီးတော့ ကျွှန်မက တောင်းဆိုခဲ့တယ်။အဲဒီတော့ ဒီကိစ္စနဲ့ ပတ်သတ်လို့ တစ်ဖက်ကနေပြီးတော့ တုန့် ပြန်ချက်က ပါတီတွေ အများကြီးရှိတယ်ပေါ့နော်။ဒီပါတီ တစ်ပါတီတည်းနဲ့ ဆွေးနွေးတယ်ဆိုလို့ ရှိရင် မသင့်တော်လို့ စသဖြင့် ဒီလိုဟာမျိုးကြတော့ ဒီလိုပြောပြီးတော့ စောစောက ဖွဲ့ စည်းပုံအခြေခံဥပဒေထဲမှာ ပါနေတဲ့ အင်မတန်မှ မမျှတတဲ့ ကိစ္စတွေကိုတော့ မသိချင်ယောင်ဆောင်နေတာဟာ ဒါကတော့ သိပ်မရိုးသားဘူးလို့ ကျွှန်မ ဒီလိုပဲ ပြောရမှာပါ။ဒီလောက်တောင်မှ မမျှတမူကို မလိုလားဘူးဆိုရင် ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြင်ကို ပြင်ရမယ်။အဲဒီထဲမှာ မမျှတတဲ့ ကိစ္စတွေအားလုံးကို ဖယ်ရှားပေးရမယ်။အဲဒါတွေတော့ သိသိကြီးနဲ့ ကြည့်နေပြီးတော့ ကျွှန်မက ပါတီတစ်ခုကိုပဲ ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်မို့ လို့ အခုကို တွေ့ ဖို့ မသင့်တော်ပါဘူး ဆိုတာကို ကျွှန်မတို့ ပြည်သူတွေအနေနဲ့ ဒီဟာကို ဘယ်လိုမြင်သလဲလို့ ပြောလို့ ရှိရင် ဒါဟာ အဓိဟယ်မရှိတဲ့ အကြောင်းပြချက်တစ်ခု ၊ ဆင်ခြေတစ်ခုလို့ ကျွှန်မက ပြောမှာပဲလို့ ထင်ပါတယ်။လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စကို ဘယ်သူကပဲ ဝေဖန် မလုပ်ရဲတဲ့ သူများဟာ တိုင်းပြည်ကို လုံးဝဦးမဆောင်သင့်ဘူး။

သူတို့ အပြောအဆိုပေါ့နော်။ပြောရမယ်ဆိုရင် အခု ဘယ်သူကိုမှ စောင်းပြောတာ မဟုတ်ပါဘူး။လက်ခုတ်ထူတဲ့ နိုင်ငံရေးမျိုးဆိုတာ ကောင်းတဲ့ နိုင်ငံရေးမျိုး မဟုတ်ဘူး။ပြည်သူလူထုက စိတ်ထဲမှာ ၀မ်းသာလို့ စိတ်ပါလို့ အားရလို့  လက်ခုတ်တီးတယ်။သြဘာပေးတယ်ဆိုရင် ကျွှန်မတို့ က မကျေနပ်ဘူးလား။ကျေနပ်တာပေါ့။ဒါက အဓိကမဟုတ်ဘူး။ဒီဟာအတွက် လက်ခုတ်သြဘာခံယူချင်လို့ ပဲ လုပ်နေတယ်ဆိုရင် အမှားအယွင်းတွေ အများကြီး ဖြစ်သွားနိုင်တယ်။ဟိုလူက တောင်းဆိုလို့ ရှိရင် ဟုတ်ကဲ့ ပြောလိုက် လက်ခုတ်ကလေးတီးလိုက် ၊ ဒီဘက်ကတောင်းဆိုရင်လဲ ဟုတ်ကဲ့ ပြောလိုက် လက်ခုတ်ကလေးတီးလိုက်။ အဲလိုပုံစံနဲ့ ကျွှန်မတို့ နိုင်ငံကို တိုးတတ်အောင် မလုပ်နိုင်ဘူး။

ကျွှန်မအချိန်အကြာကြီးလဲ မပြောချင်ဘူး။နောက်ကျွှန်မတို့ အစီအစဉ်လဲ မပြီးသေးဘူး။ပြည်သူလူထုက နေလှန်းခံနေတာလဲ ကျွှန်မသိတယ်။ကျွှန်မတို့ ပြည်သူတွေ တောင့်တယ်ဆိုတာလဲ သိတယ်။ဒီထဲမှာ ဆိုလို့ ရှိရင် တစ်ချို့ ဆို ဟိုးကျွှန်မတို့ အိမ်ရှေ့ မှာ စနေ ၊ တနင်္ဂနွေ ဟောပြောပွဲတွေမှာကတည်းက လာရောက်ပြီး ထောက်ခံနေခဲ့ တဲ့ ပုဂ္ဂိုလ်တွေက အခုထိ မားမားမတ်မတ်နဲ့ ရှိသေးတယ်ဆိုတာ ကျွှန်မမြင်ရတဲ့ အခါကြတော့ အင်မတန်မှ အားတတ်တယ်။အနစ်(၃၀)နီးပါး တကယ်ကို တောင့်တောင့်တင်းတင်းနဲ့ ကျွှန်မတို့ ကို ထောက်ခံခဲ့တယ်။အဲဒီတော့ တစ်ချို့ တွေ က စိတ်ထဲမှာ သြော် ငါတို့ က မနေ့ တစ်နေ့ က ရောက်လာပြီးဆိုပြီးတော့ အားငယ်တဲ့ စိတ်မရှိပါနဲ့ ။ဘာဖြစ်လို့ လဲဆိုရင် စိတ်ဆိုတာက တစ်စက္ကန့် အတွင်းပြောင်းလဲလို့ ရတယ်။ဒါပေမယ့် ကောင်းတဲ့ ဘက်ကို ပြောင်းဖို့ ပြောတာပါ။မကောင်းတဲ့ ဘက်ကိုလည်း တစက္ကန့် အတွင်းမှာ စိတ်က ပြောင်းသွားလို့ ရပါတယ်။ဒီအချိန် ဒီအခါမှာလည်း ထောက်ခံသင့်လို့ ထောက်ခံလာတယ်ဆိုတာလည်း သူအချိန်သူ့ ကာလအရ လိုအပ်ချက်ဖြစ်လို့ လုပ်ပေးတာကိုလည်း ကျွှန်မတို့ အင်မတန်မှ ကျေးဇူးတင်တယ်။နောက်ပြီးတော့ ကျွှန်မတို့ အချင်းချင်းမှာလည်း အဲဒီဟာတွေနဲ့ ပတ်သတ်လို့ စိတ်ဝမ်းကွဲမူတွေ မရှိစေချင်ဘူး။ဒို့ က ဘယ်တုန်းက ရောက်နေတာ မင်းတို့ က အခုမနေ့ တစ်နေ့ ကမှ အဲလိုပြောကြေးဆိုလို့ ရှိရင် တနေ့ ဆိုရင် ကျွှန်မတို့ လဲ ရှိတော့မှာ မဟုတ်ဘူး။လူငယ်တွေက တတ်လာမှာပဲ။အဲဒီတော့ အပြောင်းအလဲဆိုတာတော့ ရှိမှာပဲ။အသစ်ရောက်လာတဲ့ လူတွေကိုလည်း ကျွှန်မတို့ လက်ကမ်းကြိုဆိုတယ်။အဟောင်း ကျွှန်မတို့ ရဲ့ သစ္စာရှိရှိ ရက်ပေါင်းများစွာ လျှောက်လှမ်းခဲ့တဲ့ သူတွေကိုလည်း အင်မတန်မှ ကျေးဇူးတင်တယ်။တန်ဖိုးထားတယ်။ဒီလိုစိတ်ဓာတ်တွေကို အခြေခံပြီးတော့ ကျွှန်မတို့ နိုင်ငံ တိုးတတ်အောင် လုပ်နိုင်မယ်လို့ ကျွှန်မယုံကြည်ပါတယ်။”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

National League for Democracy