Monday, December 16, 2013

ဒီနေ့ကာတွန်း

ရှုံး....ရှို့...ဖျက်..ရိုက်.

SOPRT

မြန်မာအင်ဒိုဘောလုံးပွဲတွင်မြန်မာအသင်းရှုံးနိမ့်သဖြင့်ပရိသတ်ဒေါသထွက်အကြမ်းဖက်ရခြင်း၏အကြောင်းရပ်တွင်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်စီမံခန့်ခွဲမှုညံ့ဖျင်းသဖြင့်လက်မှတ်တစ်စောင်၅၀၀၀၀ထိပေါက်ဈေးပေးကြည့်ရခြင်းသည်လည်းအကြောင်းရင်းတစ်ရပ်တွင်ပါဝင်ကြောင်းမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌMaxဇော်ဇော်မှဝန်ခံပြောကြားသွားသည်။

Sky Net Up to Date

ခွန် ဒီးယမ်
မြန်မာ က အင်ဒိုနီးရှား ကို တစ် ဂိုး ဂိုးမရှိ ဖြင့် ရှုံး နိမ့် ရာ မှ သုဝဏ္ဏ အားကစား ကွင်း တွင် အကြမ်းဖက် မှု များ ဖြစ် ပွား
==============================================================
အစိုးရ ကျောထောက် နောက်ခံ ပေး ထား သည့် မှောင်ခို လက်မှတ် ရောင်းသူ များ မှ တစ်ဆင့် ဈေးကြီး ပေး ၀ယ် ရသည့် ဘောလုံးပွဲလက်မှတ် ကြောင့် မြန်မာ အသင်း ရှုံး နိမ့် သည့် အခါ
ပရိတ်သတ် များ က ဒေါသ အိုးပေါက် ကွဲ ပြီး လက်မှတ် မှောင် ခို ရောင်း ချမှု တွင် ပတ်သက် မှု ရှိသည် ထင်သည့် ရဲ တပ် ဖွဲ့  ကို ပြန်လည် တိုက် ခိုက်သည် ဟု သတင်း ရရှိသည်။

ရဲ တပ် ဖွဲ့  က လည်း မီးသတ် ပိုက်များ ၊ မျက်ရည်ယို ဗုံး များ ၊ နံပါတ် တုတ်များ ဖြင့် အပြင်းအထန် ပြန် လည် တိုက် ခိုက်သည် ဟု ဘောလုံး ပွဲ သွား ရောက် ကြည့် ရှု သူ တစ်ဦး က ပြောသည်။

ရန်ကုန် တိုင်း ရဲ တပ် ဖွဲ့  မှု ခင်းနှိမ်နှင်း ရေး ဌာ န မှ အရာ ရှိ တစ်ဦး က မူ " ဘောလုံး ပွဲ ပရိတ်သတ် တွေ မဟုတ် ဘူး စစ်သွေးကြွ တွေ " ဟု ပြော သည်။

တောင်ဥက္ကလာ မှ ဘောလုံး ပရိသတ် တစ်ဦး က မူ " ဒီဘောလုံး ပွဲ လက်မှတ် ဈေးနဲ့  ဆို ပတ်ဆောင်ဟွာ မပြော နဲ့  အာဆင် ၀င်းဂါး တောင် ငှားလို့  ရတယ် ဟု ပြောသည်။

သုဝဏ္ဏ ကွင်း ကို ရဲ တပ် ဖွဲ့  က အထပ် ထပ် ပိတ် ဆို့  လိုက် သော် လည်း လက်မှတ် မှောင် ခိုရောင်းဝယ် မှု တွင် ပါဝင် သည့် သင်္ဃန်းကျွန်း ရဲ စခန်း ကို မီးရှို့ ရန် ဆက် လက် ချီတက် သွား ကြ ကြောင်း သတင်း ရရှိသည်။
--------------------------------------------
မြန်မာနဲ့အင်ဒိုနီးရှား ပွဲအပြီး သုဝဏ္ဍကွင်း အပြင်ဘက်မှာ ပရိသတ်နဲ့ ရဲတွေ အကြား ရုန်းရင်းဆန်ခတ် ဖြစ်နေပါတယ်။ ရဲတွေ က ဒိုင်းတွေကိုင်ပြီး လုံခြုံရေးယူထားရပါတယ် ။ ပရိသတ်တွေက ရဲတွေကို ခဲတွေပစ်ပေါက်တာရှိပြီး ဘောလုံးကွင်း ခြံစည်းရိုးတွေကို ပရိသတ်က ဖြို ဖို့ ကြိုးစားနေတာတွေ ဖြစ်ပွားနေပါတယ်။

မြန်မာ-အင်ဒိုးနီးရှား ဆီးဂိမ်းဘောလုံးပြိုင်ပွဲအပြီးမှာ အရှေ့ဘက် ပွဲကြည့်စင်နား မီးရှို့မှု ဖြစ်ပွားခဲ့ပေမယ့် လုံခြုံရေး အခြေအနေကို ၀င်ထိန်းခဲ့ပါတယ်။ ကွင်းထဲမှာ မီးသတ်နဲ့ လုံခြုံရေးတွေ နေရာယူထားပါတယ်။

DVB TV News
----------------------------------
Ant Bwe Kyaw
အခု ဘောလုံးကွင်း ၀န်းကျင်က လေးထောင့်ကန်လမ်း၊ ဝေဇယန္တာလမ်း၊ သုဝဏလမ်း လမ်းအားလုံးကို ပိတ်ထားလိုက်ပြီ။ ဖမ်းဆီးခံရသူ ၄- ၅ ယောက် ရှိတယ်။ အခြေအနေကို ရဲအင်အားများများနဲ့ ထိန်းနိုင်လိုက်ပြီလို့ သတင်းထောက်ညီလေးတစ်ယောက်ဆီက သိရပါတယ်။
------------------------
Ko Thet Dvb
ည ၁၀ နာရီကျော်မှာ အခြေအနေ ငြိမ်သွားပါပီ ။ အဖမ်း အဆီးတွေ ရှိ သလို လူတွေရော ရဲတွေပါ ထိခိုက်မု့ တွေ ရှိခဲ့ပါတယ်။ ဆီးဂိမ်း ၀က်ဆိုဒ် လည်း အဟတ်ခံလိုက်ရပါတယ် ။
---------------------------



နေပြည်တော်ဆီးဂိမ်းမှာ အား/ကာညွှန်မှူးက ကားမှန်ရိုက်ခွဲ
Monday, December 16, 2013
http://blog.irrawaddy.org/2013/12/blog-post_6461.html

ဆီးဂိမ်းပြိုင်ပွဲများကျင်းပနေသည့် နေပြည်တော် ၀ဏ္ဍသိဒ္ဓိအားကစားကွင်းရှိ ကမ္ဘောဇဘဏ်ရှေ့တွင် ရပ် ထားသော လိုက်ထရပ်အဖြူရောင်ကားတစီးကို အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးဝင်း ဆိုသူက ကား၏ရှေ့မှန်ကို ရိုက်ခွဲခဲ့သည်။ “ ဒီကဆိုင်တွေ အကုန်လုံးကို ကားမရပ်ရဘူးလို့ ပြောထားပြီးသား။ ကျနော် ဒီကားကို တွေ့တာ ၄ ရက် လောက် ရှိပြီ။ ဘယ်သူကားလဲဆိုတာ သိအောင်ခေါ်သေးတယ်။ ပိုင်ရှင်ထွက်မလာလို့ တရားခံပေါ်လာအောင် ကားမှန်ရိုက်ခွဲလိုက်တာ”ဟု အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူးဦးကျော်မိုးဝင်း ကပြောသည်။ ကားပိုင်ရှင်မှာ ကိုဗညားဆိုသူဖြစ်ပြီး ဆီးဂိမ်းပြိုင်ပွဲတွင် ဆီးဂိမ်းအမှတ်တရ ပစ္စည်းအရောင်းဆိုင်ကို ၄င်း ကားရပ်နားထားရာ Social Zone အတွင်း ဖွင့်ထားသူတဦးဖြစ်သည်။ ယနေ့ နံနက် ၁၀ နာ၇ီခန့်တွင် ကမ္ဘောဇဘဏ်သို့ လာရောက်စဉ် ကားရှေ့ ညာဘက်နှင့် ဘယ်ဘက် မှန်နှစ်ချပ်စလုံး ရိုက်ခွဲခံလိုက်ရ ခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။ “ဒီနေရာမှာ ကားမရပ်ရဘူးဆိုပြီးတော့ ရေးမထားဘူး။ ဒီနေရာမှာ ကားမရပ်ရဘူးဆိုတာ မသိဘူးလားဆိုပြီး ကျနော်ကားကို တုတ်နဲ့ရိုက်ခွဲသွားတာ။ ကျနော် သမ္မတရုံး ပြည်သူ့ဝန်ဆောင်မှု ရုံးကို ဖုန်းဆက်ထားတယ်။ ဒီနေ့ဖြေရှင်းပေးမယ်လို့ ပြောတယ်။ နေပြည်တော် အမှတ်(၅) ရဲစခန်းကို လှမ်းပြောတော့ အမှုလာဖွင့်ပါလို့ ပြောတယ်” ဟု ကိုဗညားက ဆိုသည်။ “ ဗိုလ်မှူးကျော်မိုးဝင်းရဲ့ လူတွေက တွေ့လား ငါတို့ညွှန်မှူး ရိုက်ခွဲလိုက်တာ ဆိုပြီး ဂုဏ်ယူပြီးတော့ ဒီနားက လူတွေကို ကြွားသွားသေးတယ်တဲ့။ ကားမှန်ရိုက်ခွဲခံရတာကိုတွေ့တဲ့ မျက်မြင် သက်သေတွေရှိတယ်” ဟု လည်း ကိုဗညား ပြောသည်။ နောက်ရက်များတွင် Social Zone အတွင်းသို့ ကားဝင်ရောက်ခွင့်ကို ကန့်သတ်သွားမည်ဟု အားကစား ၀န်ကြီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးဝင်းက ဆိုသည်။
ထက်နိုင်ဇော် ~

ဒီလိုဒီလိုပွက်ပွက်ညံရုပ်သံ