Tuesday, December 17, 2013

ပတ်ဆောင်ဟွာက အင်ဒိုနီးရှားကို ရှုံးနိမ့်၍ မရဟု ပြောကြားခဲ့

Eleven Media Group
Eleven Media Group

အင်ဒိုနီးရှားနှင့်ပွဲ မတိုင်မီ အစည်းအဝေး၌ ပတ်ဆောင်ဟွာက အင်ဒိုနီးရှားကို ရှုံးနိမ့်၍ မရဟု ပြောကြားခဲ့ကြောင်း မြန်မာအသင်းအုပ်ချုပ်သူ ဦးစိုးမိုး ပြောကြား

မြန်မာယူ-၂၃ အသင်း၏ အုပ်ချုပ်သူ ဦးစိုးမိုးက တောင်ကိုရီးယားလူမျိုး ပတ်ဆောင်ဟွာ အနေဖြင့် အုပ်စုအဆင့်၌ Head to Head စည်းမျဉ်းဖြင့် ဆုံးဖြတ်မည်ကို မသိရှိခဲ့ဟု ပြောကြားခြင်းမှာ မှန်ကန်မှုမရှိဘဲ ယင်းပွဲမတိုင်မီ ပြုလုပ်ခဲ့သည့် အစည်းအဝေး၌ ၎င်းကိုယ်တိုင်က အင်ဒိုနီးရှားကို ရှုံးနိမ့်၍မရကြောင်း သတိပေးခဲ့သည်ဟု ပြောကြားသည်။

မြန်မာအသင်းမှာ အင်ဒိုနီးရှားနှင့် ကစားခဲ့သည့် အုပ်စုနောက်ဆုံးပွဲ မတိုင်မီ ခုနစ်မှတ် ရရှိထားပြီး ယင်းပွဲတွင် အနိမ့်ဆုံး သရေရလဒ် ရရှိပါက ဆီမီးဖိုင်နယ် တက်ရောက်နိုင်မည် ဖြစ်သော်လည်း (၁-၀) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သောကြောင့် အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။ ယင်းပွဲအပြီး ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာအသင်းနည်းပြချုပ် ပတ်ဆောင်ဟွာက မိမိအနေဖြင့် ပွဲပြီးဆုံးအချိန်အထိ Head to Head စည်းမျဉ်းဖြင့် ဆုံးဖြတ်မည်ကို မသိရှိခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ပတ်ဆောင်ဟွာ၏ ပြောကြားမှုကြောင့် မီဒီယာများနှင့် ပရိသတ်များအကြား ဝေဖန်မှုများစွာ ထွက်ပေါ်ခဲ့သည်။ ယင်းပြောကြားချက်နှင့် ပတ်သက်၍ The Daily Eleven သတင်းစာက မြန်မာယူ-၂၃ အသင်းအုပ်ချုပ်သူ ဦးစိုးမိုးအား ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းက "ကိုယ်တို့က Team Manager အစည်းအဝေး တက်ပြီးတော့ အစ်ကိုတို့ တက်လာတဲ့ဟာတွေကို အင်္ဂလိပ်လိုပဲ ရှင်းတာလေ။ အင်္ဂလိပ်လိုက ကိုယ်တို့မတတ်စရာ နားမလည်စရာမှ မရှိတာ။ Regulation ကလည်း အင်္ဂလိပ်လို ရေးလိုက်တာ အစ်ကိုတို့ လက်ထောက်နည်းပြတွေ လုပ်နေတဲ့ ဦးတင်မြင့်အောင်၊ ဦးဇော်ဝင်းထွန်း၊ ဦးမျိုးချစ်တို့ အားလုံးကလည်း အင်္ဂလိပ်လို တတ်တယ်။ ကိုယ်တို့မန်နေဂျာတွေကလည်း အင်္ဂလိပ်လို တတ်တယ်။ ကိုယ်တို့က မန်နေဂျာ အစည်းအဝေး ပြန်လာကတည်းက အဲဒီလို Head To Head လို့တော့ မပြောဖြစ်ဘူး။ Teams Concerned လို့ ပြောဖြစ်တယ်။ အမှတ်တူသွားရင် အုပ်စုမှာ နှစ်သင်းက အမှတ်တူနေရင် အပေါ်တက်ဖို့ Tie ဖြစ်လာရင် အဲဒီနှစ်သင်းရဲ့ ရလဒ်ကို အဓိက ထားယူမယ်ပေါ့။ ဒါဟာဘောလုံးရဲ့ စကားနဲ့ပြောရင် Head To Head ပဲ။ Teams Concerned။ ကိုယ်တို့ အင်ဒိုနီးရှားနဲ့ မကန်ခင် အင်ဒိုနီးရှားက လေးမှတ်၊ အင်ဒိုနီးရှားက ကိုယ်တို့ကို တက်နိုင်ရင် အင်ဒိုနီးရှားက ခုနစ်မှတ်စီ တူသွားရင် ခုနစ်မှတ် ခုနစ်မှတ်ဆိုရင် Teams Concerned ဖြစ်သွားတယ်။ ဒီနှစ်သင်းနဲ့ပဲ ကြည့်ရမှာ။ နောက်ပိုပြီးသေချာတာက ထိုင်းနဲ့ပွဲအပြီးမှာ ဥက္ကဋ္ဌက ထပ်မေးတယ်။ သေချာအောင်၊ မေးတဲ့အချိန်မှာ ကိုယ်တို့ Match Commissioner ကိုထပ်ပြီး တိကျအောင်မေးတယ်။ အစ်ကိုတို့ ထပ်မေးတဲ့အချိန်မှာ MC ကလည်း အဲဒီလိုပဲ ရှင်းပြတယ်။ ရှင်းပြတော့ အစ်ကိုကိုတင်မြင့်အောင်တို့ကိုလည်း ထပ်မေးတယ်။ သူတို့လည်း သိပြီးသား။ အဲဒါကိုလည်း သူတို့နေ့စဉ် လုပ်နေတဲ့ Team Meeting မှာ ပြောပြတယ်။ စကားပြန်လည်း သိတယ်။ လက်ထောက်ကိုရီးယား နည်းပြတွေလည်း သိတယ်။ ကစားသမားတွေ အားလုံးလည်း သိတယ်၊။ သူကိုယ်တိုင် မသိဘူးဆိုတော့ အဲဒါစဉ်းစားကြည့်။ ပွဲရှိတဲ့နေ့က ပွဲမစခင် Team Meeting လုပ်တယ်။ အဲဒီမှာ သူကိုယ်တိုင်ပြောတာ။ အင်ဒိုနီးရှားကို ညံ့တယ်မထင်နဲ့။ ရှေ့ပွဲတွေမှာ အင်ဒိုနီးရှားက မကောင်းပေမယ့် တစ်ဦးချင်းပိုင်းမှာ ငါတို့ထက် Skill ကောင်းတဲ့သူတွေ ပါတယ်။ အဲဒီမှာ ငါတို့က ပေါ့လို့မရဘူး။ သူတို့ကလည်း ရှုံးရင်ထွက်ရမယ်။ နိုင်ရင်တက်ရမယ်ဆိုတော့ Do or Die ကစားမယ်။ ငါတို့ပေါ့လို့ မရဘူး။ ငါတို့သရေမျှောပြီး ကစားလို့ မရဘူးလို့ ပြောခဲ့တယ်။ ငါတို့ ထွက်ရမယ်ဆိုတာ ပြောတယ်။ မသိဘဲနဲ့ ဒီလိုစကားမျိုး ဘယ်လိုပြောမလဲ" ဟု ပြောကြားခဲ့သည်။

ထို့ပြင် ယင်းပွဲစဉ်၌ မြန်မာအသင်း၏ အားထားရသော တိုက်စစ်မှူး ကျော်ကိုကို ပွဲထွက်ကစားသမား စာရင်းတွင် မပါဝင်ခဲ့ခြင်းမှာလည်း ပွဲမတိုင်မီ Team Meeting ၌ ကျော်ကိုကိုက ၎င်းအားခံစစ်တွင် ဆင်းကစားရန် မှာကြားသည့် နည်းစနစ်ပိုင်းနှင့် ပတ်သက်၍ Duty Function အား ပြန်လည်ရှင်းလင်းပေးရန် ပြောဆိုခဲ့ရာ ပတ်ဆောင်ဟွာက ဒေါသတကြီး တုံ့ပြန်ခဲ့ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးသို့ ဘောလုံးအသင်း အောင်နိုင်ရေးဥက္ကဋ္ဌ ဦးအောင်မိုးကျော်လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။ မူလက ကျော်ကိုကိုအား ပွဲထွက်ကစားသမား စာရင်း၌ ထည့်သွင်းထားကြောင်း၊ အဆိုပါ လူစာရင်းအား အသင်းအုပ်ချုပ်သူ ဦးစိုးမိုးမှ လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း ဦးစိုးမိုး၏ ပြောကြားချက်အရ သိရသည်။ သို့သော် အဆိုပါကိစ္စ ဖြစ်ပွားပြီးနောက် ပတ်ဆောင်ဟွာက ကျော်ကိုကိုအား ပွဲထွက်လူစာရင်းမှ ချန်လှပ်ခဲ့ခြင်းဖြစ်ကြောင်း ဦးစိုးမိုးက ပြောကြားခဲ့သည်။

ကျော်ကိုကိုနှင့် ပတ်ဆောင်ဟွာတို့ ပြဿနာ ဖြစ်ပွားခဲ့သည့်အပေါ် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ၀င်ရောက်ဖျန်ဖြေကာ ပွဲမတိုင်မီ၌ ကျော်ကိုကိုအား ပတ်ဆောင်ဟွာကို ပြန်လည်ကန်တော့၍ တောင်းပန်စေခဲ့ကြောင်းလည်း သိရသည်။ ထို့ကြောင့် ကျော်ကိုကိုမှာ ဒုတိယပိုင်းတွင် လူစားလဲကစားခွင့် ရရှိခဲ့သော်လည်း ၎င်းနှင့်တွဲဖက် ကစားလေ့ရှိသည့် ကျော်ဇေယျာဝင်းနှင့် လူစားလဲခဲ့ခြင်း ဖြစ်သည်။

Eleven Media Group သတင်းထောက်မခိုင်အား ထောင်ဒဏ်သုံးလချမှတ်

r

Eleven Media Group

အစိုးရသစ်လက်ထက်တွင် ပထမဆုံးအဖြစ် လွိုင်ကော်မြို့မှ Eleven Media Group ၏ နယ်သတင်းထောက်အား သတင်းရယူမှုနှင့် ပတ်သက်၍ အိမ်ကျော်နင်းမှုဖြင့် မြို့နယ်တရားရုံးက ထောင်ဒဏ်သုံးလချမှတ်

အစိုးရသစ်လက်ထက်တွင် ပထမဆုံးအဖြစ် လွိုင်ကော်မြို့မှ Eleven Media Group ၏သတင်းထောက်အား သတင်းရယူမှုနှင့်ပတ်သက်၍ အိမ်ကျော်နင်းမှုဖြင့် လွိုင်ကော်မြို့နယ်တရားရုံးမှ ဒုမြို့နယ်တရားသူကြီး ဦးမြမင်းဟန်က ထောင်ဒဏ်သုံးလ ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

ဒုမြို့နယ်တရားသူကြီး ဦးမြမင်းဟန်က မခိုင်အား ဒီဇင်ဘာ ၁၇ ရက်က ပြစ်မှုပုဒ်မ ၄၅၁ အရ ထောင်ဒဏ်သုံးလ၊ ပြစ်မှုပုဒ်မ ၅၀၀ အရ ထောင်ဒဏ်တစ်လနှင့် ပြစ်မှုပုဒ်မ ၂၉၄ (ခ) အရ ထောင်ဒဏ်တစ်လတို့ကို တစ်ပေါင်းတည်း ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၃ ခုနှစ် အောက်တိုဘာ ၃၁ ရက်တွင် စတင်တရားစွဲဆိုခဲ့သည့်အမှုအား ဒီဇင်ဘာ ၁၇ ရက်က အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ရာ တစ်လခွဲကာလအတွင်း လျင်လျင်မြန်မြန် အမိန့် ချမှတ်ခဲ့သည်ကိုလည်း တွေ့ရသည်။ ပြစ်မှုပုဒ်မ ၄၅၁ သည် ပိုင်နက်ကျူးလွန်မှုဖြစ်ပြီး ပြစ်မှုပုဒ်မ ၂၉၄ (ခ) မှာ ညစ်ညမ်းစွာပြောဆိုမှုဖြစ်ကာ ပြစ်မှုပုဒ်မ ၅၀၀ သည် အသရေဖျက်မှုဖြစ်ကြောင်း သိရသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ နောက်ကွယ်တွင် အဂတိလိုက်စားမှုများ၊ ဘက်လိုက်မှုများ ရှိ မရှိ စုံစမ်းစစ်ဆေးပေးရန် Eleven Media Group က နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် လွှတ်တော်များသို့ တိုင်ကြားစာ၊ ကန့်ကွက်စာများပေးပို့၍ လိုအပ်သလို အရေးယူဆောင်ရွက်နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် ယခုအမှုကိုလည်း အယူခံဝင်သွားမည်ဖြစ်ကြောင်း သိရသည်။

Weekly Eleven ဂျာနယ်တွင် "တရားခွင်မှာ တရားသူကြီးအစား ငွေထုပ်ပဲရှိလာတဲ့အခါ" သတင်းဆောင်းပါးဖော်ပြပါရှိပြီး နှစ်ပတ်ခန့်အကြာတွင် ယခုကဲ့သို့ လွိုင်ကော်မြို့မှ Eleven Media Group ၏ သတင်းထောက်အား ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

သတင်းရယူသည့် သတင်းထောက်တစ်ဦးအား အိမ်ကျော်နင်းမှုဖြင့် တရားစွဲဆိုကာ ထောင်ဒဏ်သုံးလချမှတ်ခြင်းသည် လက်ရှိအစိုးရသစ် တရားစီရင်ရေး၌ ပထမဆုံးဖြစ်ပြီး ညစ်ညမ်းစွာပြောဆိုမှု၊ အသရေဖျက်မှုများဖြင့် ထောင်ဒဏ်ချမှတ်ခြင်းမှာလည်း မရှိသလောက်နည်းပါးကြောင်း တရားစီရင်ရေးနယ်ပယ်နှင့် နီးစပ်သူများထံမှ သိရသည်။

ဖြစ်စဉ်မှာ သတင်းထောက်မခိုင်သည် အောက်တိုဘာ ၂၇ ရက် ည ၇ နာရီခွဲတွင် သတင်းမေးမြန်းရန် လွိုင်ကော်မြို့ လောဓမ္မရပ်ကွက်၌ နေထိုင်သူ အထက်တန်းရှေ့နေ ဒေါ်အေးအေးဖြိုး၏ နေအိမ်သို့ သွားရောက်ခဲ့ပြီး ထိုသို့ သွားရောက်ရာတွင် ၎င်းနှင့်အတူ ဦးသန်းဇော်ဝင်း၏ ဇနီး၊ ယောက်ဖတို့နှင့်အတူ သွားရောက်ခဲ့ကြောင်း သတင်းထောက်မခိုင်၏ ပြောကြားချက်အရ သိရသည်။

သတင်းထောက်မခိုင်နှင့်အတူပါသည့် ဦးသန်းဇော်ဝင်းသည် ဆင်ဆာမဲ့ခွေများ ငှားရမ်းမှုဖြင့် လွိုင်ကော်မြို့နယ်တရားရုံးက ဒဏ်ငွေတစ်သိန်း (ငွေဒဏ်) ချမှတ်ခံထားရသူ ဖြစ်သည်။

ယင်းငွေဒဏ်ချမှတ်ခံရသည့်အမှုတွင် သိမ်းဆည်းခံရသော ဆင်ဆာမဲ့အခွေများတွင် ဦးသော်တာသိန်းဆိုသူ၏ မူပိုင်မြန်မာဇာတ်ကား ၁၃ ကားပါဝင်ကြောင်းနှင့် ယင်းအမှုတွင် ဦးသော်တာသိန်းက တရားလိုအဖြစ် ထွက်ဆိုခဲ့ကြောင်း သိရသည်။

ဦးသော်တာသိန်းသည် ရှေ့နေဒေါ်အေးအေးဖြိုး၏ တရားလိုဖြစ်ပြီး ဦးသော်တာသိန်းက ရှေ့နေငှားရမ်းခနှစ်သိန်း ဒေါ်အေးအေးဖြိုးသို့ သွားပေးရန် ဦးသန်းဇော်ဝင်းကို တောင်းဆိုထားခြင်းကြောင့် ဦးသန်းဇော်ဝင်းက ယင်းကိစ္စ ညှိနှိုင်းရန် ဒေါ်အေးအေးဖြိုးထံသို့ ၂၇ ရက်တွင် သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းကိစ္စကိုသတင်းရယူရန် သတင်းထောက်မခိုင်က လိုက်ပါသွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ သတင်းထောက်မခိုင်က"ကယားပြည်နယ်မှာ ဆင်ဆာမဲ့ဗီဒီယိုခွေတွေကို ဖမ်းဆီးတာနဲ့ပတ်သက်လို့ တရားခံတွေကို တွေ့ဆုံမေးမြန်းပြီးတော့ ဦးသော်တာသိန်းရဲ့ သီရိမွန် ဗီဒီယိုဖြန့်ချိရေး (ရှမ်းမြောက်ပိုင်း) ရပ်ကွက်နေတဲ့သူကို တွေ့ဆုံမေးမြန်းလိုပေမယ့်လို့ မတွေ့ခဲ့ရပါဘူး။ ဒါကြောင့် ဦးသော်တာသိန်းနေအိမ်ကို တွေ့ဆုံမေးမြန်းဖို့ တရားခံတွေက ရှေ့နေခပေးချေတဲ့နေ့မှာ လိုက်လာဖို့ပြောတဲ့အတွက် ၂၇ ရက်ညမှာ သွားရောက်ဖြစ်ခဲ့ပါတယ်။ အိမ်ရှင်ဒေါ်အေးအေးဖြိုးက ဦးသန်းဇော်ဝင်းဇနီးနဲ့ ယောက်ဖဖြစ်သူတို့ကို တံခါးဖွင့်ပေးခဲ့တာပါ။ ဦးသန်းဇော်ဝင်းတို့က ရှေ့နေခမပေးနိုင်တဲ့အတွက် တောင်းပန်တဲ့အခါကျမှ ကျွန်မက မေးမြန်းခွင့်ပြုဖို့ ရှေ့နေဒေါ်အေးအေးဖြိုးကို ခွင့်တောင်းတဲ့အခါ သူမက ခွင့်ပြုခဲ့ပါတယ်။ ကျွန်မကမမေးမြန်းခင်မှာ ကျွန်မ Eleven က သတင်းထောက်ဖြစ်ကြောင်းကို ပြောပြီးမှ မေးမြန်းခဲ့ပါတယ်။ မေးမြန်းတဲ့အခါမှာ ရှေ့နေခဘယ်လောက်ပေးလဲလို့ မေးလိုက်တဲ့အခါ ဒေါ်အေးအေးဖြိုးက စိတ်ဆိုးသွားပြီး သူမရဲ့ဖခင်ဖြစ်သူ ဦးအောင်ရှိန်ကိုခေါ်ပါတယ်။ အဲဒီအခါ ဦးအောင်ရှိန်က မင်းငါ့ကိုသိလား။ ငါကခရိုင် NLD ဥက္ကဋ္ဌ မှုခင်းသတင်းထောက်ရှေ့နေလည်း ဖြစ်တယ်လို့ပြောဆိုပြီး သတင်းမပေးနိုင်ကြောင်း ပြောပါတယ်။ ဒါ့အပြင် ဒီခရိုင်မှာ ဘယ်သတင်းထောက်မှ သတင်းလာယူခွင့်မရှိဘူးဆိုတာ မသိဘူးလားလို့ ပြောပါတယ်။ အဲဒီနောက် ဒေါ်အေးအေးဖြိုးက ကျွန်မသတင်းထောက် ကတ်ကိုတောင်းလို့ ပြခဲ့ပါတယ်။ ပေးတော့မပေးခဲ့ပါဘူး။ ကျွန်မက ဥပဒေတွေကိုမသိလို့ ဦးသန်းဇော်ဝင်းနဲ့ လိုက်လာပြီး မေးမြန်းခြင်းဖြစ်ကြောင်းကို ပြောပြပါတယ်။ အဲဒီအခါဦးအောင်ရှိန်က သမီးဖြစ်တဲ့ ဒေါ်အေးအေးဖြိုးကို စခန်းမှူးကို ဖုန်းဆက်ခေါ်လို့ပြောပြီး ခြိမ်းခြောက်ပါတယ်။ ပြီးတော့ မောင်းထုတ်လို့ ဦးသန်းဇော်ဝင်းက တောင်းပန်ပြီးထွက်လာတော့ ကျွန်မတို့ကို ခြံပြင်ရောက်တော့ သူခိုးသတင်းထောက်လို့ အော်ဟစ်မောင်းထုတ်ပါတယ်" ဟု ဖြစ်စဉ်ဖြစ်ပွားပြီးနောက် နိုဝင်ဘာလအတွင်းက ပြောကြားခဲ့သည်။

အောက်တိုဘာ ၂၇ ရက် ညပိုင်းက မခိုင်နှင့် ဦးသန်းဇော်ဝင်းတို့ ရှေ့နေနေအိမ်သို့ သွားရောက်ခဲ့ခြင်းနှင့် ပတ်သက်၍ အောက်တိုဘာ ၂၉ ရက်တွင် မခိုင်နှင့် ဦးသန်းဇော်ဝင်းတို့အား တရားရုံးကဆင့်ခေါ်သဖြင့် သွားရောက်ခဲ့ကြောင်း၊ ထိုသို့ဆင့်ခေါ်ရခြင်းမှာ ရှေ့နေဒေါ်အေးအေးဖြိုးက တရားလိုပြုလုပ်၍ တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မခိုင်သည် နို့တစ်စာ အချခံထားရသူနှင့် လိုက်လာကြောင်း၊ ရှေ့နေများ၊ ဥပဒေများ၊ တရားသူကြီးများကို ဂျာနယ်ထဲတွင် ကြော်ငြာထည့်ရလိမ့်မည်ဆိုသည့် ပုံစံမျိုးဖြင့် အိမ်ပေါ်သို့ အဓမ္မတက်လာကြောင်း၊ ၎င်းအနေဖြင့် မခိုင်အားမပြောသော်လည်း သန်းဇော်ဝင်းအား နှင်ထုတ်ခဲ့ကြောင်း "မင်းဘာဖြစ်လို့ ခေါ်လာတာလဲ"ဟုဆိုကာ ၎င်းကိုယ်တိုင် မောင်းထုတ်ခဲ့ကြောင်း၊ အဲ့ဒါနဲ့ပတ်သက်ပြီး မင်းဥပဒေမဲ့ မလုပ်ရဘူးဟု ပြောခဲ့ကြောင်း၊ ထိုအခါတွင် အဲဒီသူကဆဲသွားကြောင်း၊ အဲဒါနှင့်ပတ်သက်ပြီး တရားစွဲထားကြောင်း၊ တရားလိုမှာ မအေးအေးဖြိုးဖြစ်ပြီး ၎င်းအနေဖြင့် သက်သေလိုက်မည်ဖြစ်ကြောင်း တရားလို မအေးအေးဖြိုး၏ ဖခင်ဦးအောင်ရှိန် (လွိုင်ကော်ခရိုင် NLD ဥက္ကဋ္ဌ) က နိုဝင်ဘာလဆန်းပိုင်းက ပြောကြားခဲ့သည်။

"ဒါပေမဲ့ သာမန်အားဖြင့်တော့ သတင်းထောက်တစ်ယောက်ဟာ သတင်းကိစ္စနဲ့ သွားရင်းလာရင်းနဲ့ ပိုက်နက်ကျူးလွန်မှုနဲ့ တရားစွဲပြီး အပြစ်ပေးခံရတယ်ဆိုတာတော့ ဒါကတော့ သတင်းထောက်ဘက်က နစ်နာတာပေါ့။ စတုတ္ထမဏ္ဍိုင် ဆိုတာကတော့ သမ္မတကြီးလည်း ပြောပါတယ်။ တစ်ဦးဦးရဲ့ လုပ်ဆောင်ချက်တွေကို စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာတွေကနေ စောင့်ကြည့်နေကြတယ်။ မှန်မှန်လုပ်ကြပါ။ မျှမျှတတလုပ်ကြပါလို့ သမ္မတကြီးက ပြောထားတာ ရှိတယ်လေ။ အဲ့ဒီတော့ ဒီလိုခေတ်ကြီးမှာ စတုတ္ထမဏ္ဍိုင်အတွက် တာဝန်ယူလုပ်တဲ့၊ မိမိတာဝန်အရ မိမိလုပ်ကိုင်ရတဲ့ သတင်းထောက်တစ်ယောက်ကို ဒီလိုပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲတယ်ဆိုတာကတော့ မဖြစ်သင့်ဘူးပေါ့။ သေသေချာချာ မသိရသေးတော့ ဘယ်သူမှန်တယ်။ မှားတယ်ဆိုတာတော့ မပြောလိုဘူး။ ဒါပေမဲ့ ဒါမျိုးအဖြစ်ကတော့ မဖြစ်သင့်ဘူးလို့ပဲ မှတ်ချက်ပေးလိုပါတယ်။ ဖြစ်စဉ်အပေါ် သုံးသပ်ပြောတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သတင်းထောက်တစ်ယောက်ရဲ့ သတင်းရယူခွင့်ထဲကဆိုရင်တော့ ဒါမျိုးဟာ မဖြစ်သင့်ပါဘူး"ဟု အမျိုးသားဒီမိုကရေစီပါတီသစ် ဒုတိယဥက္ကဋ္ဌနှင့် တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်သူ ဦးဝင်းရွှေက ပြောကြားသည်။

"မြန်မာ့ယဉ်ကျေးမှုအရ ပိုင်နက်ကျူးလွန်မှုဆိုတဲ့ကိစ္စကို စဉ်းစားစစ်ဆေးသင့်တယ်။ ရှေ့နေနဲ့ တရားသူကြီးဆိုတာက အပြန်အလှန်အပေးအယူရှိတယ်လို့ ယူဆနိုင်တဲ့အတွက် အလျဉ်အမြန် မဆုံးဖြတ်သင့်ဘူး။ အသရေဖျက်တာလည်း ယူဆလို့မရဘူး။ တစ်ဦးတစ်ယောက်ကို အသရေဖျက်တယ်ဆိုတာ ဘယ်လိုဟာမျိုးဆိုတာကို ထုတ်ပြန်သင့်တယ်။ ဒါက စတုတ္ထမဏ္ဍိုင်ကို စော်ကားသကဲ့သို့ ဖြစ်နေလို့ စိတ်မကောင်းဖြစ်ရတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး နောက်ထပ် သတင်းထောက်တွေ သတင်းလိုက်တဲ့အခါ ကြောက်ရွံ့နေမယ်ဆိုရင် မကောင်းဘူး။ အမှန်တရားကို မျက်ကွယ်ပြုရာရောက်မယ်။ ဒါကြောင့် ဒီကိစ္စက ဒီမိုကရေစီနိုင်ငံတည်ထောင်နေတဲ့ အနေအထားမှာ သတိထားဆင်ခြင်သင့်တယ်" ဟု စာရေးဆရာနှင့် သတင်းစာဆရာ ဒေါက်တာခင်မောင်ညိုက ပြောကြားသည်။

"သတင်းယူတဲ့ သတင်းထောက်တစ်ယောက်ကို အိမ်ကျော်နင်းမှုနဲ့ ဒီလိုလုပ်ဆောင်တဲ့အတွက် ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ ဒါဟာ တရားစွဲဆိုလောက်တဲ့ ကိစ္စမဟုတ်ဘူး။ ဒီပြစ်ဒဏ်ကလည်း ပေးရလောက်တဲ့ ပြစ်ဒဏ်မျိုး မဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်တို့ သတင်းထောက်ကို အမြန်ဆုံးပြန်လွှတ်ပေးပြီး မျှတတဲ့တရားစီရင်မှုဖြစ်အောင် ဆောင်ရွက်ပေးဖို့ အစိုးရနဲ့တရားစီရင်ရေးကို တောင်းဆိုပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့ အယူခံဝင်မယ်။ သမ္မတ၊ လွှတ်တော်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ်တာဝန်ယူတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ၊ ပြည်သူ့လွှတ်တော်တရားစီရင်ရေး၊ ဥပဒေရေးရာနဲ့ တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီတွေကိုလည်း တိုင်ကြားစာပေးပို့သွားပါမယ်။ ဒီအမှုဖြစ်စဉ်မှာ အဂတိလိုက်စားမှု ရှိ မရှိ၊ အုပ်ချုပ်ရေးပိုင်း အဆင့်ဆင့်က ၀င်ရောက်စွက်ဖက်မှု ရှိ မရှိကို စစ်ဆေးပေးစေချင်ပါတယ်။ CPJ နဲ့ RSF လို နိုင်ငံတကာ ဂျာနယ်လစ်အဖွဲ့အစည်းတွေကိုလည်း အကြောင်းကြားသွားပါမယ်"ဟု The Daily Eleven သတင်းစာအယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောပါသည်။

"ဒါဟာ မတရားသဖြင့် စွဲချက်တင်ပြီး မတရားသဖြင့် အမှုကိုစီရင်ချက်ချထားတာပါ။ ဒါဟာ ဒဏ်ငွေနဲ့ပြီးရမယ့် အမှုမျိုးဖြစ်တယ်။ သတင်းယူစဉ်ကကိစ္စဖြစ်လို့ စွဲချက်တောင်တင်ထိုက်တဲ့ အမှုမျိုးမဟုတ်ဘူး။ ပြီးတော့ဒီအမှုကို လျင်လျင်မြန်မြန်စစ်ဆေးပြီး စွဲချက်တင်ကာ ပြစ်ဒဏ်ကိုထောင်ဒဏ်အထိ ချမှတ်ခဲ့တယ်။ ဒါဟာ သတင်းထောက်တွေကို သတင်းယူခွင့်မရအောင် လုပ်ဆောင်တာ၊ အစိုးရသစ်လက်ထက်မှာ သတင်းလွတ်လပ်ခွင့်ကို စတင်ထိပါးတာလို့ ယူဆတယ်။ သတင်းယူတာကို အမှုအဖြစ်စွဲတယ်။ ပြစ်မှုနဲ့ပြစ်ဒဏ် မမျှအောင်ချခဲ့တယ်။ နယ်တွေမှာ သတင်းမယူရဲအောင် ခြိမ်းခြောက်သလိုဖြစ်နေတယ်။ နယ်တွေမှာ သတင်းထောက်တွေ သတင်းမယူရဲအောင် အုပ်ချုပ်ရေးအာဏာပိုင်တွေနဲ့ တရားစီရင်ရေးအာဏာပိုင်တွေက ခြိမ်းခြောက်နေဆဲဆိုတာ ဒီဖြစ်စဉ်က သက်သေပြနေတယ်။ ဒီကိစ္စကို ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ သတင်းလွတ်လပ်ခွင့်ကို လိုလားတဲ့သူတွေကလည်း ဒီကိစ္စကိုကန့်ကွက်ကြမှာပဲ"ဟု ကိုဝေဖြိုးက ပြောပါသည်။

(သတင်းထောက်မခိုင်)

မြန်မာ-အင်ဒို ည ကမ္ဘာစာမျက်နှာပေါ်ရောက်ပြီ



Myanmar Soccer Loss in South East Asian Games Sparks Riot
http://on.aol.com/video/myanmar-soccer-loss-in-south-east-asian-games-sparks-riot-518053283

မြေပုံ ပြင်ဝန်းကျေးရွာ လိုင်းဘုတ်ကို ဘင်္ဂလီစက်လှေနှစ်စီးက တိုက်ခိုက်ရန်ကြံစည်


Coral Arakan News
စစ်တွေ၊ ၁၇၊ ဒီဇင်ဘာလ ၊ ၂၀၁၃၊ Coral Arakan News (သတင်း) မြေပုံမြို့မှ ပြင်ဝန်းကျေးရွာသို့ပြန်လာသော လိုင်းဘုတ် (စက်လှေ) ကို ယမန်နေ့ နေ့လည် ၂ နာရီခန့်က ချင်းတောင်ကျေးရွာအနီးမြစ်ပြင်ပေါ်တွင် ဘင်္ဂလီစက်လှေ နှစ်စီးက နောက်မှလိုက်ကာ တိုက်ခိုက်ရန် ကြံစည်ခဲ့ကြောင်းသိရသည်။ ယင်းလိုင်းဘုတ်တွင်ပါလာသော ခရီးသည်များက ဖုန်းဆက်ကာ အကူအညီတောင်းသဖြင့် ပြင်ဝန်းကျေးရွာမှ ရွာသားများနှင့် ကျွန်းသာယာ အမြောက်တပ်မှစစ်သည်အချို့တို့ကစက်လှေ၁၀စီးဖြင့်လိုက်လာကြသဖြင့် ယင်းကုလားစက်လှေများသည် မြေပုံ-ပေါက်တော ကြား အင်္ဂရားချိုင် ကျွန်းအနီးသို့ ထွက်ပြေးသွားကြသည်။ ထိုကုလားများထဲမှ ဘင်္ဂလီ ၁၆ ဦးကို ညနေ ၄နာရီလောက်တွင် ဖမ်းဆီးရမိပြီး ၊ ယင်းကုလားများတွင် ဓါတ်ဆီပုလင်းများ၊ ဓါးများပါလာကြောင်းသိရသည်။ ယင်းဖမ်းဆီးရမိသော ဘင်္ဂလီကုလားများကို ပြင်ဝန်း ကျေးရွာတွင် ဖမ်းဆီးထားပြီး ၁၇ ရက်နေ့နံနက် ၂နာရီတွင် ရေတပ်မှ လာရောက်ခေါ်ယူသွားကြောင်းသိရပြီး၊ မည်သည့်နေရာသို့ခေါ်ယူသွားမှန်းမသိရသေးပေ။ စက်လှေပေါ်မှ ဖမ်းမိသော ကုလားများသည် အသက် ၁၆ နှစ် မှ အသက်၂၀ အရွယ်သာရှိပြီး ရခိုင်၊ မြန်မာစကားလုံးဝ နားမလည်သဖြင့် ဘင်္ဂလာဒေရှ့်မှ တဆင့်ခိုးဝင်ကာ တိုက်ခိုက်ရန်ကြံစဉ်ကြောင်းဖြစ်နိုင်သည်ဟု သုံးသပ်ပြောဆိုနေကြသည်။

သတင်းထောက်ကဒ်ပြားတွေ ဆွဲ..ဖင်ကြားထဲ ချွေးကျအောင် ပြေးခဲ့ကြတဲ့ည

(Post By - အဘ ဇိုးအောင် ရင်) လုလင်လေး မှူး .... မှ

မြန်မာ - အင်ဒို ဘောလုံးပွဲစဉ် အပြီးမှာ ရဲတွေနဲ့ ဘောလုံးပရိသတ်တွေအကြား ပဋိပက္ခပြင်းပြင်းထန်ထန်ဖြစ်ခဲ့တယ် ... တစ်ဖက်က ခဲတွေနဲ့ ပေါက် .. ရဲတွေကလည်း ပြန်ခုခံ ... နောက်ဆုံး ရဲတွေ အင်အားများလာတဲ့အချိန်မှာ အားလုံး ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တယ် ... ရဲအင်အားနဲ့ ဆူပူတဲ့ လူထုတွေအပေါ် အင်အားသုံး နှိမ်နှင်းတဲ့အချိန်မှာ .. ရဲတွေဟာ မြင်မြင်သမျှ ကို အင်အားသုံးပြီး ရိုက်တော့တာပဲ ..သတင်းထောက်တွေအပါအ၀င်ပေါ့ MRTV 4 ကသတင်းထောက်ဆို ရဲတွေ ၀ိုင်းကန်ကြတာ ... သူ့ခမျာ ကြောက်အားလန့်အားနဲ့ တွေ့တဲ့ လမ်း ၀င်ပြေးမိတာ .. ပြေးမိတဲ့လမ်းတစ်ဖက်က ပြည်သူတွေက ဒုတ်တွေ ခဲတွေနဲ့ စောင့်နေတယ် ... သူ့ခမျာ ရဲဖက်လည်း ပြန်ပြေးရင်လည်းအရိုက်ခံ၇မယ်.. ပြည်သူ့ဘက် ပြေးရင်လည်း အရိုက်ခံရမဲ့ အခြေအနေမှာ ပြေးပေါက် ပိတ်နေမိတယ် ... ကျတော် ပြေးမိတဲ့ဘက်မှာတောင် .. လွတ်ပြီ ထင်ခဲ့ပေမဲ့ .. ရဲတွေက ငါ့တို့ စည်းကို မကျော်နဲ့ .. ကျော်ရင် ကျော်တဲ့ ကောင်ရိုက်မှာပဲ လှမ်းအော်တယ် .. ကျတော်တို့ လမ်းတစ်ဝက်မှာ ပြေးနေတဲ့ ခြေလှမ်းတဲ့ ရပ်သွားတယ် .. ကျတောတို့ ဘ၀ သွားပြီ ... ခေါင်းကို ခဲ မှန်သွားတဲ့ သတင်းထောက် Hong Sar Wadee နဲ့ ကင်မရာခဲမှန်ပြီး ကင်မရာ ပျက်သွားတဲ့ MRTV က သတင်းထောက်အပါအ၀င် နိုင်ငံခြားသတင်းထောက်တွေ ဘယ်ကို ပြေးလို့ ပြေးရမှန်းမသိ ပြေးပေါက်ပိတ်နေခဲ့ပြီ .. လူထု ဘက်ပြေးရင်လည်း တုတ်နဲ့ ၀ိုင်းရိုက်မဲ့အခြေအနေ.. ရဲဘက်ပြေးရင်လည်း အုပ်စုလိုက် နံပါတ် တုတ်နဲ့ ၀ိုင်းရိုက်ပြီး .. မြေကြီးပေါ် တရွှတ်တိုက် ဆွဲပြီး လက်ထိပ်ခတ်မဲ့အခြေအနေ .. အဲ့အချိန်မှာ ကျတော်တို့ သတင်းထောက်ပါလို့ အော်ပြောလည်း ဘယ်သူမှ လက်မခံတော့ဘူး .... ဒါပေမဲ့ တစ်ခု ကံကောင်းသွားတယ် .. ကျတော်တို့ သတင်းထောက်အချင်းချင်း လူစုပြီး .. နောက်ဆုတ် ကြ .. နောက်ဆုတ်ကြ .. လွတ်တဲ့လမ်းကို ပြေးကြ .... သတင်းထောက်ကဒ်ပြားတွေ ဆွဲထားကြ အော်ပြောပြီး ပြန်ဆုတ်ခဲ့ကြတယ် .. မျက်လုံးအိမ်ထဲမှာတော့ မျက်ရည်အပြည့်နဲ့ပဲ .. ဘယ်သူမှားတယ် ဘယ်သူမှန်တယ် ဆိုတာတော့ ဒီချိန်မှာ ထောက်မပြချင်တော့ဘူး ..............
ကျတော်တို့ ဖင်ကြားထဲ ချွေးကျအောင် ပြေးခဲ့ကြတဲ့ည .. အဲ့ညက .......... အိမ်ရှင် မြန်မာ နဲ့ အင်ဒိုနီးရှား ဘောလုံးပွဲစဉ် ည ............. ။

အောင်သောင်းမှာ ကိုယ်ပိုင်စစ်တပ်ရှိတယ် နေပြည်တော်လာရင် အောင်သောင်း ဒီမှာ တည်းတာ



Hawdeka Khalaylay

(နေပြည်တော်သတင်း)

ဦးအောင်သောင်းမှာကိုယ်ပိုင်စစ်တပ်ရှိကြောင်း နှင့် ဦးအောင်သောင်းနေပြည်တော်လာရင် သူ့ရဲ့ ကိုယ်ပိုင်စစ်တပ်က သူ့ကို လိုက်လံ အကာအကွယ်ပေးကြောင်း နေပြည်တော်သတင်းရပ်ဝန်းမှ ပေးပို့လာပါတယ် ၊

နေပြည်တော် ဟော်တယ်ဇုန်မှာ ဦးအောင်သောင်းကိုယ်ပိုင်ဟော်တယ်ကြီးတစ်လုံးရှိပါတယ် ၊ အင်မတန်မှ ခမ်းနားတဲ့ ဟော်တယ်ပါ ၊

ဂူဂယ်မပ်မှာ ဦးအောင်သောင်ဟော်တယ်ကို 19.69793,96.12741 ရိုက်ကြည့်ပြီးရှာနိုင်ပါတယ် ၊ အမရာ ဟော်တယ် ဖြစ်ပါတယ် ၊

ဦးအောင်သောင်းလားရင် အဲဒီဟော်တယ်မှာပဲတည်းပါတယ် ၊ ဦးအောင်သောင်းရဲ့ စစ်တပ်ကိုလည်း အဲဒီဟော်တယ်ရဲ့ အနောက်ဖက် တန်းလျားမှာထားပါတယ် ၊

ဦးအောင်သောင်းရဲ့ သက်တော်စောင့်တွေလည်း အများကြိး ခေါ်လာတတ်ပါတယ် ၊ ဦးအောင်သောင်းရဲ့ သက်တော်စောင့်တွေ အထဲမှာ မိန်းကလေး သက်တော်စောင့်တွေလည်း ပါပါတယ် ၊

ဦးအောင်သောင်းရဲ့ သက်တော်စောင့်မိန်းကလေးတွေဟာ ဦးသိန်းစိန်ရဲ့ သက်တော်စောင့်မိန်းကလေးတွေထက် အများကြီး သာ တယ်လို့ အဲဒီဟော်တယ်ရဲ့ မန်နေဂျာက မှတ်ချက်ချ ဘူးပါတယ် ၊

ဦးအောင်သောင်း နဲ့ အတူပါလာတဲ့ စစ်တပ်က လက်မောင်းတံဆိပ်တွေ ဟာ ပုံမှန် တံဆိပ်တွေ မဟုတ်ပဲ ထူးခြားနေတယ်လို့ အဲဒီစစ်သားတွေကို တွေ့ဖူးတဲ့ သူက ပြောပါတယ် ၊

ဦးအောင်သောင်း လာပြီးဆိုရင် အဲဒီဟော်တယ်ဘေးက လမ်းကို စစ်သားတွေက ပိတ်ထားတတ်ပါတယ် ၊

အဲလိုအချိန်ဆိုရင် အဲဒီနေရာကို ဆိုင်ကယ်နဲ့ဖြစ်ဖြစ် ကားနဲ့ဖြစ်ဖြစ် သွားပြီး စစ်သားတွေရဲ့ လက်မောင်းတံဆိပ်တွေကို ကြည့်ကြည့်ရင် သိနိုင်ပါတယ် ၊

နေပြည်တော် သတင်းရပ်ဝန်းမှ ပေးပို့လာသော သတင်း ဖြစ်သည် ၊

နိုင်ငံတော်အလံကို မီးရှို့တာနိုင်ငံချစ်စိတ်၊ ဘောလုံးချစ်စိတ်နဲ့မီးရှို့ခဲ့လို့ ဖမ်းဆီးထားသူများပြန်လွှတ်



ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ ဘောလုံးကွင်းတွင် ဒီဇင်ဘာ ၁၆ ရက်ညက မြန်မာလက်ရွေးစင် ဘောလုံးအသင်းသည် အင်ဒိုနီး ရှားလက်ရွေးစင်ဘောလုံးအသင်း ကို ရှုံးနိမ့်ခဲ့သည့်အတွက်ကြောင့် ပွဲကြည့်ပရိသတ်များ ၀မ်းနည်း ကြေကွဲကာ နိုင်ငံအလံမီးရှို့သည် အထိဖြစ်ခဲ့ပြီး ပြစ်မှုကျူးလွန်သူ ၉ ဦးကို အဆိုပါနေ့ ည ၁၀ နာရီ ခန့်တွင် ဖမ်းဆီးစစ်ဆေးခဲ့ပြီးနိုင်ငံ ချစ်စိတ်ဘောလုံးချစ်စိတ်အခြေခံ ၍ ပြစ်မှုကျူးလွန်မိသည်ဟု သုံး သပ်၍ ဒီဇင်ဘာ ၁၇ ရက် ညနေ ၆ နာရီ ၃၅ မိနစ်ခန့်တွင် ပြန် လည်လွှတ်ပေးခဲ့ကြောင်း သိရ သည်။

မြန်မာလက်ရွေးစင်ဘောလုံး အသင်းသည်အုပ်စုနောက်ဆုံးပွဲ စဉ်ဖြစ်သည့်အင်ဒိုနီးရှားလက်ရွေး စင်ဘောလုံးအသင်းကို သရေ ကစားရုံဖြင့် အုပ်စုအောင်နိုင်မည် ဖြစ်သော်လည်း ပင်နယ်တီဂိုးဖြင့် ရှုံးနိမ့်သွားခဲ့ရသည့်အတွက် တစ်ခဲ နက်အားပေးနေခဲ့သော မြန်မာ ပြည်သူသန်းပေါင်းများစွာကို ၀မ်း နည်းကြေကွဲစေခဲ့ကြောင်း၊အဆိုပါ ၀မ်းနည်းမှုကြောင့်ပွဲကြည့်ပရိသတ် အချို့စိတ်မထိန်းနိုင်ကာ ရုန်းရင်း ဆန်ခတ်ဖြစ်ခဲ့ကြောင်း၊ ပွဲပြီးချိန် တွင် ကွင်းအတွင်းသို့ ခုန်ဆင်း လာသော ပရိသတ်အချို့နှင့် ပြစ် မှုကျူးလွန်သူ ပရိသတ်အချို့ကို သင်္ဃန်းကျွန်းမြို့နယ်ရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း သိရ သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ သင်္ဃန်းကျွန်းမြို့မစခန်းမှူးကိုမေး မြန်းရာ ““သူတို့အနေနဲ့ ပြစ်မှုကျူး လွန်တာမှန်ပေမဲ့ တမင်ကျူးလွန် တာမဟုတ်ဘဲ ဘောလုံးပွဲရှုံးတဲ့ အတွက်ကြောင့် နိုင်ငံတော်ချစ် တဲ့စိတ်၊ ဘောလုံးချစ်စိတ်ကို အခြေခံပြီး မျိုးချစ်စိတ်ဓာတ်ပြင်း ထန်ပြီး ဒီလိုကျူးလွန်ခဲ့မိတယ်လို့ လူကြီးတွေက သုံးသပ်ပြီး ဆင့်ကဲ ဆင့်ကဲအထက်ကို တင်ပြခဲ့တယ်။ ဒီနေ့ ၁၇ ရက် ညနေ ၆ နာရီ လောက်မှာ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ရန် ကုန်တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းနိုင်နဲ့ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့ မှူး ဒုရဲမှူးကြီးမြင့်အေးတို့က ပြစ် မှုကျူးလွန်သူတွေနဲ့ သူတို့မိဘ တွေကို တွေ့ဆုံပြီး နောက်နောင် ဒီလိုမကျူးလွန်ဖို့ သတိပေးဆုံးမ ပြီးပြန်လွှတ်ပေးလိုက်ပါတယ်”” ဟု ဒုရဲမှူးသိန်းဟန်က ဆိုသည်။

ယင်းပြစ်မှုကျူးလွန်သူ ၉ ဦး မှာ ညီညီအောင် (ခ) ညီညီ၊ ကျော်ကျော်ထွန်း၊ ငြိမ်းငြိမ်းကျော်၊ သက်ပိုင်ထွေး၊ အောင်ခန့်၊ သန့် ဇင်၊ နိုင်ပန်းလှ၊ လင်းထွဋ်ဦးနှင့် ကျော်မိုးလွင်တို့ဖြစ်ကြောင်း၊ ၎င်းင်း တို့သည်ပြစ်မှုကျူးလွန်ခဲ့သည်မှာ အမှန်တကယ်ဖြစ်သော်လည်း နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ကို အခြေခံသောကြောင့် ပြန်လည်  လွှတ်ပေးခဲ့ကြောင်း သိရသည်။

ပြည်သူ့ညီညီအောင်

http://www.hotnewsweekly.com/node/1190


နော်အုန်းလှတို့အတွက်ဝမ်းမြောက်ဖွယ်ရာသတင်းစကားပါပေပဲနော်

ဦးဇော်ဇော်က ဒေါသထွက်ပေါက်ကွဲ



“I knew this procedure only at the end of this match,” Coach Park Sung Wha said.

“I didn’t really think about this match result because I already expected us to go to the semi-finals. I did not put enough concentration in this match, that’s why I didn’t know about the group stage procedures and the ranking system."

Park, who had also been in charge of the South Korean U23 team in the past, has been leading the Myanmar national teams, including the senior side, since 2011.



"ဒီကောင်အားလုံးကို လိမ်တယ်၊ သန်း ၆၀ လုံးကိုလည်း လိမ်တယ်။ မီဒီယာအရာရှိ မိုးဝေ ၊ အောင်နိုင်ရေးကော်မတီဥက္ကဌ ဦးအောင်ကျော်တို့ အားလုံးသိပါတယ်။ မနေ့ကရော ဒီနေ့ မနက်မှာပါ သူ့ကိုပြိုင်ပွဲစည်းကမ်းအကြောင်းရော ရှုံးလို့မရတဲ့အကြောင်းရော ဦးတင်မြင့်အောင် က သေချာအိုင်ပတ်နဲ့ရှင်းပြတယ်။ စကားပြန်လည်းရှိတယ်၊ အားလုံးအသိပါ၊ ကစားသမားတွေ ကိုတောင် သရေဆိုရင် ဆုကြေးမပေးဘူး၊ နိုင်အောင်ကန်ဆိုပြီး မှာခဲ့တာပါ၊ ဒီနေ့ခင်းမှ နေပြည်တော်ကနေ စိတ်မချလို့ ပြန်လာပြီး သေချာထပ်မှာပါသေးတယ်။ သူအားလုံးကို လိမ်ခဲ့တာပါ"ဟု ဒေါသတကြီးဖြင့် နံရံကိုလက်သီးနှင့်ထိုး၍ ပေါက်ကွဲပြောဆိုသွားခဲ့သည်။

(စံတော်ချိန် သတင်းစာ)
ကိုရီးယားနည်းပြကြီး ပက်ဆောင်ဟွာ ယနေ့ည ၁၀ နာရီတိတိတွင် လေဆိပ်မှ ထွက်ခွာတော့မည်

Nik Nayman
ပြောရမှာက သူ။



မိတ္ထီလာအင်းဝဘဏ်ကို စစ်တပ်မှ ဗိုလ်ကြီးတစ်ဦး အနုကြမ်းစီးလုယက်


 MOI Webportal Myanmar
 ===============

 မိတ္ထီလာမြို့  ဈေးအရှေ့ ပြင်ရပ်ကွက် မြို့ ဈေးကြီး အနောက်တောင်ဘက် ရန်ကုန်-မန္တလေး ကားလမ်းမအနီး အင်းဝဘဏ်တွင် ဒီဇင်ဘာ ၁၇ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က တစ်ကိုယ်တော် အနုကြမ်းစီး လုယက်မှုဖြစ် ပွားကြောင်း သိရသည်။ ဖြစ်ပွားပုံမှာ အင်းဝဘဏ်မန်နေဂျာ ဒေါ်မိမိယဉ် အသက် ၄၄ နှစ် (ဘ) ဦးသောင်း သည် ဘဏ်ဝန်ထမ်း အမျိုးသား ၁ ဦး ၊ အမျိုးသမီး ၈ ဦးတို့ နှင့် ဘဏ်လုပ်ငန်းများ ဆောင်ရွက်နေ ခဲ့သည်။ ဒေါ်မိမိယဉ် သည် ၄င်း ၏ ကွန်ပျူတာထိုင်ခုံတွင် ထိုင်နေစဉ် ဘောင်းဘီရှည် ၊ ပြောက် ကျားအင်္ကျီ ၀တ်ဆင်၍ ကျောပိုးအိတ်တစ်လုံးအား ဆွဲ၍ ၀င်လာသော အမည်မသိ လူတစ်ဦး က ဒေါ်မိမိယဉ်၏ ကျောဘက်မှ သိုင်းဖက်ကာ ကျန်လက်တစ် ဘက်မှ ဓါးဦးချွန်ဖြင့် ထောက်ကာ တစ်ယောက်မှ မလှုပ်နဲ့ အားလုံးငြိမ်ငြိမ်နေဟု ဆိုကာ ကြမ်းပြင်ပေါ် တွင် ၀န်ထမ်းများအား မှောက်လျက်နေခိုင်းခဲ့သည်။ ထိုနောက် ၄င်းယူဆောင်လာသော ကျောပိုးအိတ်ထဲသို့  ဘဏ်မှ ငွေများထည့်ခိုင်းရာ ဘဏ်ကောင်တာပေါ်တွင် ငွေမရှိသဖြင့် ဘဏ်ဝန်ထမ်းများ က ငြိမ်သက်နေခဲ့သည်။ အနုကြမ်းစီးသူက ၄င်း၏ဓါးကို ကောင်တာ စားပွဲပေးတင်ပြီး ဆက်လက်ငြိမ်သက်နေရန် ဘဏ်ဝန်ထမ်းများကိုပြောဆို ခိုက် ကောင်တာပေါ်မှ ဓါးအား ဘဏ်မန်နေဂျာ က ကောက်ယူလွှင့် ပစ်ပြီး လုံခြုံရေးဝန်ထမ်းများ ရောက်ရှိကာ အနုကြမ်းစီးသူအား ၀ိုင်းဝန်းဖမ်းဆီးကြသည်။ အခင်းဖြစ်ပွားရာသို့  ခရိုင်အုပ်ချုပ်ရေးမှူးဦးတင်မောင်စိုး၊ခရိုင်ရဲတပ် ဖွဲ့မှူး ရဲမှူးကြီး စ၀်နေလင်း ၊မြို့ နယ်အုပ်ချုပ်ရေးမှူး၊မြို့ နယ်ရဲတပ်ဖွဲ့မှူးတို့  ချက်ချင်းရောက်ရှိလာပြီး အရေးယူဆောင်ရွက်မှုများ ကို ဦးဆောင်ကြီးကြပ် သည်။ အဆိုပါ အနုကြမ်းစီးလုယက် သူမှာ ဝေယံမျိုးကျော် ( ၂၆ )နှစ် (ဘ) ဇင်မျိုးကျော် အမှတ် ၆၀၀၆ တင့်ကားတပ်ရင်း ၊ ကန့်ဘလူ မှဗိုလ်ကြီး အဆင့်ရှိသူဖြစ်သည်။

Myo Myint
အဲ့စစ်ဗိုလ် ဘဏ်ဓါးမြတိုက်တာ ပိုက်ဆံလိုချင်လို့မဟုတ်ဘူး..တဲ့။ မြန်မာအသင်းရှူံးသွားတာကို ခံပြင်းစိတ်နဲ့ကြိတ်မနိုင်ခဲမရဖြစ်သွားပြီး ထင်ရာမြင်ရာတွေလုပ်မိသွားတာ..တဲ့။ မျိုးချစ်စိတ်ကြီးမားလွန်းလို့ စိတ်မထိမ်းနိုင်ဖြစ်ရတာ..တဲ့။