Wednesday, December 18, 2013

လူကျွံနေတယ်ဆိုတဲ့မှတ်ချက်နဲ့ မပေးလိုက်တဲ့ ပထမဂိုး


လူကျွံနေတယ်ဆိုတဲ့မှတ်ချက်နဲ့ မပေးလိုက်တဲ့ ပထမဂိုး


မကြည့်လိုက်ရပြန်ဖူးနေ့ညလွဲတဲ့အကျိုး....
ယူကျူ့လင့်တက်ရင်ရှယ်ကြပါအုံး..
တတိယနေရာကိုဂိုးများများနဲ့နိုင်ပါစေ...
FIGHTING MYANMAR !!! ..............။

မြောက်ကိုရီးယား လက်နက် ၀ယ်ယူမှု မှာ ပါဝင်တဲ့ မြန်မာ ကုမ္ပဏီတွေ နဲ့  ဗိုလ်မှုးကြီး တစ်ဦး ကို အရေးယူ


  

by FNG on December 18, 2013

FNG ဗိုလ်ချုပ်ကြီး သိန်းဌေး ကို အမေရိကန် က ပိတ်ဆို့  အရေးယူ မှု ပြု ပြီး နောက်မှာ
ကာကွယ်ရေး ပစ္စည်း ထုတ် လုပ် မှု ညွှန် ကြား ရေး မှုး ရုံး က ညွှန်ကြား ရေး မှု ကိုယ်
စား ဒုတိယ ဗိုလ်မှုးကြီး ကျော်ညွှန့်  ဦး နောက် တော့ ဗိုလ်မှုးချုပ်  ဟောင်း တစ်ဦး
ပိုင် တဲ့ မရမ်း ကုန်း မြို့  နယ် ကမ္ဘာ အေး ဘုရား လမ်း စိုးမင်းထိုက် သွင်း ကုန် ထုတ်
ကုန် ကုမ္ပဏီ ၊ အမေရိကန် ကုမ္ပဏီ တွေ နဲ့  ပါ အဆက် အသွယ် ရှိ တဲ့ လှိုင်သာယာ
ဦး တရုတ် ကြီး လမ်း က Excellence Mineral Myanmar ကုမ္ပဏီ ၊  မြောက်ကိုး
ရီးယား က ဒုံးလက်နက် ဆက်စပ် ပစ္စည်း တွေ ကို အလူမီနံယမ် တွေ ၊ သံမဏိလွန်
တွေ နဲ့  ညှပ် ပြီး သွင်းလာ တယ် လို့  သတင်းရထား တဲ့ ရွှေပြည်သာ က Asia Metal
Group of Companies တွေ ကို ဒဏ် ခတ် အမည် ပျက် စာရင်း ထည့် သွင်း လိုက်
တာ ဖြစ် ပါတယ်။

အင်္ဂါနေ့ နံနက် က အမေရိကန် ဘဏ္ဍာ ရေး ၀န်ကြီးဌာန က ထုတ် ပြန် တဲ့ စာရင်း မှာ
မြန်မာ စစ်အရာ ရှိ တစ်ဦး နဲ့  မြန်မာ ကုမ္ပဏီ သုံး ခု ပါဝင် ခဲ့ တာ ဖြစ်  အမေရိကန်
မှာ ရှိ တဲ့ သူတို့  ပိုင်ဆိုင် တဲ့ ဓန ဥစ္စာ ကို ထိမ်းချုပ် ဖို့  နဲ့  အမေရိကန် ကုမ္ပဏီတွေ က
ဒီကုမ္ပဏီ တွေ နဲ့  ဆက် ဆံ မှု တွေ ကို ရှောင် ဖို့  သတိပေး ထား ပါတယ်။

အမေရိကန် က အခု လို  အရေး ယူပိတ် ဆို့  မှု ဟာ ဇူလိုင် လဆန်း က ကကထုတ်
နဲ့  ဒုံးလက် နက် သုတေသန ဌာန က ဒုတိယ ဗိုလ် ချုပ်ကြီး သိန်းဌေး ကို အမည်မဲ
စာရင်း ထည့် သွင်း ပြီး နောက် မှာ အခုလို  ထပ်မံ ပိတ် ဆို့  အရေးယူတာ ဖြစ် ပါတယ်။

ဗိုလ်ချုပ်ကြီး သိန်းဌေး ဟာ အသစ်ဖွဲ့  စည်းထား တဲ့ Missile Strategic and
Defense Command  ဒုံးလက်နက် ပစ်လွှတ် ရေး နဲ့   ကာကွယ်ရေး တပ် ဖွဲ့ 
ကို လည်း ထပ်မံ ဦးစီး မှု ရှိ တယ် လို့  တပ် တွင်း သတင်း ထွက် ပေါ် ပြီး နောက်
မှာ အခု လို ပိတ် ဆို့  လိုက်တာ ဖြစ် ပါတယ်

ဒီ ဒဏ် ခတ် အရေးယူ မှု မှာ ဒုတိယ ဗိုလ်မှုးကြီး ကျော်ညွှန့်  ဦး နဲ့  ကုမ္ပဏီ တွေရဲ့ 
ငွေ ကြေး လွှဲ ပြောင်း ရ ယူ မှု ပြု တဲ့ သူတွေ ၊ အမေရိကန် မှာရှိ ကောင်း ရှိ နိုင် တဲ့
သူ့  ရဲ့  ပိုင် ဆိုင် မှု တွေ ကို ထိမ်းချုပ် မှာ ဖြစ် ပါတယ်။

မြန်မာ အစိုးရ က ၊ ကွန်မြူနစ် မြောက်ကိုရီးယား နဲ့  စစ်ရေး ဆက် ဆံ မှု တွေ ရပ် ဆိုင်း လိုက် ပြီ လို့ 
နိုင်ငံ ခြား ရေး ၀န် ကြီး ဟီလာရီ ကလင် တန် ၂၀၁၁ ခုနှစ် နိုဝင် ဘာလ ၁၉ ရက်နေ့   က မြန်မာ နိုင်ငံ
ကို လာရောက် ခဲ့ စဉ် က တည်း က သမ္မတ ဦးသိန်းစိန် က မြောက် ကိုရီးယား နဲ့  စစ်ရေး ဆက် ဆံ မှု
တွေ မရှိ တော့ ပါ ဘူး လို့  တရားဝင် ပြောကြား ခဲ့ ပြီး  ၊ မေ လ အတွင်း က ဦးသိန်းစိန် ရဲ့ အမေရိကန်
ခရီး စဉ် သမ္မတ အိုဘားမား နဲ့  တွေ့  ဆုံ မှု မှာ လည်း ပဉ္စမ အကြိမ် မြောက် ထပ် လောင်း ပြော
ကြား ခဲ့ ပါတယ်။

Source – AP, NPR,FNG
US Blacklists Myanmar Firms For NKorea Arms Trade

freedomnewsgroup.com

အပေါက်တွေအားလုံး တစ်ထေရာထဲ

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငွေကျပ်သိန်း ၄၀၀ ဖြင့် ကနဦး မ,တည်လှူဒါန်း

ခွန် ဒီးယမ်

eleven media

တနသာင်္ရီတိုင်း ဒေသကြီးရှိ ထားဝယ်မြို့ ကျက်သရေဆောင် ရွှေတောင်စား စေတီတော်မြတ်ကြီး၏ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူ ပူဇော်မှုအောင်ပွဲ၊ ရှေးဟောင်းသမိုင်းဝင် ရဟန္တာ သိမ်တော်ကြီး ပြုပြင်မွမ်းမံခြင်းနှင့် ဗုဒ္ဓဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကို ဒီဇင်ဘာ ၁၇ ရက် နံနက် ၈ နာရီခွဲက ရွှေတောင်စားစေတီတော် ရင်ပြင်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

၎င်းအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကိုနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးများ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ မိသားစုတို့မှ စေတီတော်ဝင်း အတွင်းရှိ ရှေးဟောင်းသမိုင်းဝင် ရဟန္တာသိမ်တော်ကြီး ပြုပြင်မွမ်းမံခြင်းအတွက် ဘုရားဂေါပက အဖွဲ့သို့ အလှူတော်ငွေ ကျပ်သိန်း ၆၀၀ လှူဒါန်းခဲ့ပြီး စေတီတော်ဝင်း အတွင်းရှိ အသစ်တည်ဆောက်ထားသော ဘုရားကြီးပြတိုက်ကို ဖွင့်လှစ်ပေးခဲ့သည်။

နှစ်ပေါင်း ၂၅၀ သက်တမ်းရှိပြီဖြစ်သော ရွှေတောင်စား စေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူရန်နှင့် ဘက်စုံပြုပြင်နိုင်ရန်အတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငွေကျပ်သိန်း ၄၀၀ ဖြင့် ကနဦး မ,တည်လှူဒါန်းခဲ့ပြီး ဘုရားဖူးလာ ပြည်သူများနှင့် စေတနာရှင်များမှ အလှူငွေ ကျပ် ၈၁၉၆၀၅၈၅၁ ရရှိခဲ့ကာ ယနေ့အထိ ကျပ် ၇၄၁၉၂၅၃၄၇ သုံးစွဲပြီးဖြစ်ကြောင်း၊ ရှေးဟောင်းသမိုင်းဝင် ရဟန္တာသိမ်တော်ကြီး ပြုပြင်တည်ဆောက်မှုအတွက် လက်ရှိတွင် ကျပ်သိန်း ၄၄၀ ကျော်သုံး စွဲထားပြီး ပြုပြင်မှု အားလုံးပြီးစီးပါက ကျပ်သိန်း ၆၇၀ ကျော်ခန့် ကုန်ကျမည်ဖြစ်ကြောင်း ဘုရားဂေါပက အဖွဲ့မှ သိရသည်။

ထို့ပြင် ပြီးခဲ့သည့် မတ် ၁၃ ရက်တွင် ရွှေတောင်စား စေတီတော်မြတ်ကြီး၏ စတုတ္ထ ရွှေထီးတော်အသစ်ကို ထားဝယ်ဇာတိဖြစ်သည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မိသားစုတို့က လှူဒါန်းခဲ့ပြီး ထားဝယ်မြို့သို့ လာရောက်၍ ထီးတော်တင်လှူ ပူဇော်ခဲ့ကြောင်း သိရသည်။

ဒီမိုကရေစီ နိုင်ငံ တည်ဆောက်မယ် ဆိုရင် ပြင်ကို ပြင်ပေးရမယ်


 Democratic Wave
 18-12-2013

 မြန်မာ့နိုင်ငံရေး လတ်တလော အခြေအနေများ နှင့် ပတ်သက်ပြီး ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်၊ တရားဥပဒေ စိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်နှင့်တွေ့ ဆုံမေးမြန်း ထားသည်များကို ဖော်ပြလိုက်ပါသည်။ လက်ရှိ ဖွဲ့စည်းပုံ အရ ဆိုရင် သမ္မတဖြစ်ဖို့ ပဲ လိုတယ်။ သမ္မတ က ၀န်ကြီးတွေ ကို အရည် အချင်းရှိတယ် ဆိုပြီး ခန့် ခွင့်ရှိတယ်။ တပ်မတော် ကလည်း သမ္မတ တစ်ယောက် တင် ရမယ် ဆိုတော့ အဲဒီ ဒုတိယ သမ္မတ က သမ္မတ ဖြစ်ခဲ့ပြီး အဲဒီ သမ္မတ က သူ့စိတ် ကြိုက် အစိုးရဖွဲ့ ၊NLD ကလည်း မဲ အများကြီး ရထားတယ် ဆိုတာမျိုး ၂၀၁၅ မှာ ကြုံရင် ဘယ်လို လုပ်မလဲ။ ကျွန်တော့်အနေ နဲ့ ကတော့ အချုပ်အခြာ အာဏာသည် ပြည်သူလူထု ထံက ဆင်းသက် ရမယ် ဆိုတာ ဒါ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရဲ့ အခြေခံ မူမှာ ပါတယ်။ အချုပ်အခြာ အာဏာသည် ပြည်သူလူထု ထံက ဆင်းသက် ရမယ် ဆိုတော့ နှစ်နည်းပဲ ရှိတယ်။ အဲဒါ ဘာလဲ ဆိုရင် ပြည်သူမဲ ပေးထားတဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေ က မဲပေး ရွေးချယ်ခွင့် ရမလား၊ နောက်တစ်နည်း က ပြည်သူ လူထု က သမ္မတ ကို တိုက်ရိုက် ရွေးချယ်ခွင့် ရမလား၊ ဒါအရေးကြီးတယ်။ ပြည်သူက နိုင်ငံ့ အကြီးအကဲ ကို ရွေးချယ်တာ။ အခြားနိုင်ငံတွေ မှာက ပြည်သူက သမ္မတ ကို ရွေးချယ်တာ။ ဒီမှာက အစု အဖွဲ့ သုံးဖွဲ့ က ရွေးချယ်တာ။ စစ်တပ် က တင်တဲ့ တစ်ယောက် က သမ္မတ သေချာ နေတယ်။ ဒီလိုပဲ သမ္မတ ဖြစ်လာ သူက လည်း သူရွေးလိုက် တဲ့ အစိုးရ အဖွဲ့ဝင် တွေဟာ အရည်အချင်း ပျက်ယွင်းမှု မရှိရင် ငြင်းပယ် ပိုင်ခွင့် မရှိစေရ ဆိုတော့ ငြင်းပယ်လို့လည်း မရဘူး။ အရည်အချင်း က ရှိချင်မှ ရှိမယ်။ အင်္ဂါရပ်ညီတဲ့ သူကို ပေးလိုက် တာကို။ ဖြစ်နိုင် ရင်တော့ သမ္မတကိုရော ပြည်ထောင်စု အစိုးရ အဖွဲ့ ကိုရော ပြည်သူတွေ က ရွေးချယ် အပ်နှင်း လိုက်တဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေ က ရွေး ချယ်ခွင့် ရရင်တော့ ပိုကောင်းတာပေါ့။ ဒီလို မဟုတ်လို့ သမ္မတ တစ်ဦး တစ်ယောက်တည်း ရွေးချယ် နေရင်တော့ အရည်အချင်း ရှိတဲ့ ပုဂ္ဂိုလ် တွေ ဖြစ်ဖို့ လိုတာပေါ့။ ငြင်းပယ် ပိုင်ခွင့် မရှိ ဆိုပြီး လျှောက်ခန့် ရင်တော့ တိုင်းပြည် အတွက် နစ်နာ တာပေါ့။ အခု အစိုးရအဖွဲ့ မှာ ၀န်ကြီး ဦးရေက အိမ်နီးချင်း နိုင်ငံတွေ ထက် အများကြီး ပိုများ တယ် ဆိုပြီး ပြောတာတွေ ရှိသလို တချို့ ကိစ္စတွေမှာ လူမှန် နေရာမှန် မဖြစ်ဘူးဆို တဲ့ ဝေဖန်မှုတွေ ကိုရော အင်အားကြီး အတိုက်အခံ ပါတီက ကိုယ်စားလှယ်အနေ နဲ့ ဘယ်လို မြင်လဲ။ ၀န်ကြီးဦးရေများတော့ လစာတွေ ပေး ရတာများ ပြီး တိုင်းပြည် ရဲ့ ဘဏ္ဍာငွေ ပိုကုန် ကျတာပေါ့။ တိုင်းပြည် ရဲ့ ဘဏ္ဍာငွေ ကုန်ကျ တာနဲ့ အတူ ၀န်ကြီးတွေက အရည်အချင်း ရှိဖို့ လိုတာပေါ့။ ကျွန်တော်တို့ ကြုံတွေ့ နေရတာ ကိုပင် ကျွန်တော်တို့ မေးတာကို တိတိကျကျ မဖြေဘဲ သူတို့ ဖြေချင်တာ ဖြေသွား တာပဲ။ ဦးသိန်းစိန် အစိုးရ နဲ့ ဦးရွှေမန်း ဦးဆောင် တဲ့ လွှတ်တော်ကြားမှာ နိုင်ငံရေး ပွတ်တိုက် မှုတွေ ဖြစ်နေတယ်လို့ သုံးသပ်ကြတယ်။ NLD က ဦးဝင်းတင် ကတော့ ဒါတကယ် မဟုတ်ဘဲ အတိုက်အခံတွေ အာရုံများအောင် လုပ်နေတယ်လို့ ပြောဖူးတော့ လွှတ်တော် ကိုယ်စားလှယ် တစ်ဦး အနေနဲ့ ဘယ်လို မြင်လဲ။ ဒီမိုကရေစီ မှာ အယူအဆ ကွဲတာ ရှိမှာ ပဲ။ ဒီလို အယူ မတူတာကို ညှိနှိုင်းပြီး ဖြေရှင်း ရတာ ကိုက ဒီမိုကရေစီ ရဲ့ ကျင့်စဉ် တစ်ခုပဲ။ ဒီမိုကရေစီ မှာတော့ တစ်ဖက်နဲ့ တစ်ဖက် အယူအဆ မတူတာတွေ ငြင်းခုန်တာတွေရှိမယ်။ ဒါကို တစ်ဦးချင်း အပေါ်မှာ မီဒီယာ တွေက ပွတ်တိုက်မှု ရှိတယ်လို့ ပြောတယ်။ ကျွန်တော်ကတော့ ဒါ ဒီမိုကရေစီနဲ့ ကျင့်စဉ် တစ်ခုပဲ။ ဒီမိုကရေစီမှာရှိတဲ့ သဘောသဘာဝ မှာတော့ ကျွန်တော်တို့ အချင်းချင်း တောင် သဘောမတူတာရှိမယ်။ လွှတ်တော်ကိုယ် စားလှယ် အချင်းချင်းလည်း အယူအဆ မတူ တာရှိမယ်။ တူတာရှိမယ်။ တူတာ မတူတာကို ငြင်းတာ ခုန်တာကို ဒီမိုကရေစီ ယဉ်ကျေးမှု ထူထောင် နိုင်အောင်ကြိုးစားတယ် လို့ပဲ မြင် တယ်။ သူတို့က တကယ် ပွတ်တိုက် နေတာ မဟုတ် ဘဲ အတိုက်အခံတွေ အာရုံများအောင် လုပ်နေတယ် ဆိုတာ ကိုရော။ ကျွန်တော် အဲဒီလို မထင်ဘူး။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကိုက အပြန်အလှန် ထိန်းကျောင်း ဖို့ လေ။ အုပ်ချုပ်ရေးပိုင်း က ဥပဒေနဲ့ အညီ အုပ်ချုပ်လား၊ တရားစီရင်ရေး ကလည်း ဥပဒေ နဲ့ အညီ တရားစီရင်လား၊ ဒီလိုပဲ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကလည်း လွှတ်တော်ကို ဖွဲ့စည်းပုံ နဲ့ အညီ လုပ်လား၊ အပြန်အလှန် ထိန်း ကျောင်း တာတော့ ရှိမှာပဲ။ ဒီ အပြန်အလှန် ထိန်းကျောင်းတာကို ခုလို ပြောသလို မမြင် ဘူး။ ရှေ့ဆက်လည်း ဒီယဉ်ကျေးမှု က ရှိနေ မှာပဲ။ ဒါကို သဘောထား ကြီးကြီးနဲ့ ဒီယဉ်ကျေးမှု ကို ထူထောင် ရမှာပဲ။ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်က လွတ်ပြီးနောက် သမ္မတနဲ့ တွေ့တယ်။ ဒီလိုတွေ့ဆုံမှု ကလည်း ရွေးကောက် ပွဲဝင်ပြီး လွှတ်တော် ကိုယ်စားလှယ် ဖြစ်စေ ခဲ့တယ်။ ကိုယ်စားလှယ် ဖြစ်ပြီးတဲ့ နောက် မှာတော့ လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းနဲ့ ပိုရင်းနှီးလာတယ်။ ပြောချင်တာက ဦး သိန်းစိန် နဲ့ ဆက်ဆံရေးက အေးသွားပြီး ဦးရွှေမန်းနဲ့ ပိုရင်းနှီး လာတယ် ဆိုတဲ့ သုံး သပ်ချက်တွေ ရှိနေတယ်။ အဲဒါ ဘာကြောင့် လဲ။ အဲဒါ ထင်မြင် ယူဆချက်ပါ။ ကျွန်တော်တို့ ခေါင်းဆောင်နဲ့ အဖွဲ့ချုပ်မှာမူ ရှိပါတယ်။ တွေ့ဆုံ ဆွေးနွေးရေး၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး၊ အထွေထွေ သဟဇာတ ဖြစ်မှုကို ရှေ့ရှုရေး ဒါပါတီ စထောင်ကတည်း က ဒီမူ ရှိတယ်။ ကျွန်တော်တို့ ခေါင်းဆောင်က အခြေအနေ အရ လိုအပ်ရင်လည်း သမ္မတနဲ့ တွေ့တာ ရှိပါတယ်။ နောက်တစ်ခုက လွှတ်တော် ဥက္ကဋ္ဌအနေနဲ့ ကလည်း လုပ်ငန်း သဘော သဘာဝအရ တွေ့ နေရတာ ပါပဲ။ ဒါကို ဟိုမှာ ကျဲလို့ ဒီမှာ နည်းလို့ မဟုတ်ပါဘူး။ လုပ်ငန်း သဘောဝ အရ ဆောင်ရွက် ရတာ။ ဒါပေမဲ့ ခုနက ပြောသလို ဆောင်ရွက်တဲ့ အခါမှာ အမျိုးသား ပြန်လည် သင့်မြတ်ရေး မူကို ကိုင်ပြီး ဆောင်ရွက် တာပါ။ ကျွန်တော် အမြင် ပြောရရင်တော့ သက်သက် မညီမညွတ် ဖြစ်အောင် ထိုးနှက် နေတာပေါ့။ တချို့ ညီညွတ်သွား မှာကို မလိုလား ကြတဲ့ လူတွေ ပေါ့။ အခုပဲ ကြည့်လေ အခု လိုအပ်တဲ့ အခါ ကျတော့ ဖွဲ့စည်းပုံပြင်ဆင်ရေး အတွက် တွေ့ ချင်တော့ သူကိုယ်တိုင်တောင် တွေ့ခွင့် တောင်း သေးတာပဲ။ ဒါက တိုင်းပြည် အတွက် လိုအပ် လို့၊ လိုအပ်တဲ့ အခါ တွေ့ မှာ ပါပဲ။ တကယ်လို့သာ ဒေါ်အောင်ဆန်းစုကြည် က အစိုးရ အဖွဲ့ရဲ့ အကြီးအကဲ ဖြစ်ရင်လည်း ၀န်ကြီး ဌာနတွေနဲ့ နေ့စဉ် မထိတွေ့လို့ ရမလား။ ဒါပါပဲ။ လွှတ်တော် ကိုယ်စားလှယ် ဖြစ်နေတော့ လွှတ်တော်ထဲမှာ ထိတွေ့မှုတော့ ရှိတာပေါ့။ နိုင်ငံရေး အရ ထိုးနှက် တာပါ။ အစိုးရနဲ့ လွှတ် တော်နဲ့ သင့်မြတ်မှာကို မလိုလား တာလည်း ပါမှာပေါ့။ နိုင်ငံတော်သမ္မတ နဲ့ ဒေါ်အောင်ဆန်း စုကြည်တို့ ဘယ်နှစ်ကြိမ် တွေ့ဆုံ ခဲ့လဲ။ မမှတ်မိဘူး။ အတိအကျ မပြောနိုင် တော့ဘူး။ ပြဿနာတချို့ကနေ NLD ကို ပြောဆို တာတွေ ရှိသလို ဘာသာရေးဖက် က ပြော ဆိုတာတွေလည်း ရှိတော့ ပါတီ အခြေ အနေ က ဘယ်လိုလဲ CEC မှာရော ဆွေး နွေးဖြစ်လား။ ကျွန်တော်တို့ ပါတီက ပြည်သူလူထု ထောက်ခံတဲ့ ပါတီ ဖြစ်နေတယ်။ ဒေါ်အောင် ဆန်းစုကြည် ဆိုရင် ပြည်တွင်းရော ပြည်ပ ကပါ ထောက်ခံ တဲ့ ပုဂ္ဂိုလ်ဖြစ်နေတော့ မနာလို မရှုစိမ့်တဲ့ ပါတီတွေလည်း ရှိတာပေါ့။ ၂၀၁၅ အတွက် ယှဉ်ပြိုင်ဖို့ အတွက် အခက်အခဲ ရှိတော့ ဒါအင်အား ပြိုအောင် ကြံဖန် ပြောဆိုတာတွေ ရှိတယ်။ ကြံဖန် ပြောကြ ဆို ကြ တာက လေ့လာရင် တွေ့မှာပါ။ ဘယ်သူ တွေနောက်ကွယ် က လုပ်နေကြလဲ ဆိုတာ လေ့လာကြည့်ပါ။ ကျွန်တော်တို့ ပါတီက အရင်ကတည်းက ပါတီရဲ့ ဖွဲ့စည်းပုံ စည်းမျဉ်း ကိုက ဘာသာမရွေး၊ လူမျိုး မရွေး ကျား/မ မရွေး လက်ခံ ထားတာပဲ။ ကျွန်တော်တို့ မှာ တန်းတူညီမျှ ခွင့်ပေးထား တာပဲ။ ဒီအပေါ်မှာ အင်အား ပြိုအောင် ထိုးနှက် တိုက်ခိုက်နေ တာပါ။ ဖွဲ့စည်းပုံ ချောမွေ့ စွာ ပြင်ဆင်နိုင်ရေး အတွက် ဒေါ်အောင်ဆန်းစုကြည် က သမ္မတ နဲ့ တွေ့ဖို့ မေတ္တာရပ်ခံတာ ကို သမ္မတရဲ့ ပြောရေး ဆိုခွင့် ရှိသူက လွှတ်တော် က အစီရင်ခံစာ ပြီးမှ စဉ်းစားမယ်လို့ မီဒီယာ တွေကို ပြောတာ ဘယ်လို မြင်လဲ။ ကျွန်တော်တို့ ဥက္ကဋ္ဌက မေတ္တာရပ်ခံ တယ် ဆိုတာ မီဒီယာက ပြောတာ မဟုတ်ဘူး။ တရားဝင် စာပို့ တာ။ တရားဝင် စာပို့ တာကို မီဒီယာ ကလည်း ပြန်ပြောလို့ တရားမ၀င်ဘူး။ တရားဝင် စာပြန် မှ တရားဝင်မယ်။ နောက်တစ်ခုက ခုနက ပြောသလို ဖွဲ့စည်းပုံ လေ့လာ သုံးသပ်ရေး ကော်မတီက ဆုံးဖြတ်ပြီးမှ ဆိုတော့ လွှတ်တော်က ဆုံးဖြတ်ပြီးရင် ဘယ် သူက ပြင်လို့ ရမှာလဲ။ ဒီမှာ ဘယ်သူက ဆွေးနွေးလို့ ရမှာလဲ။ လွှတ်တော်က ဆုံးဖြတ် ပြီးမှ ဘာမှ ပြောလို့ မရတော့ဘူး။ အချို့က မသိဘဲ ပြောနေတာ က တွေ့ ဖို့ ကြိုးစားတာ က ဟို တစ်ချက်ညှိ မယ်။ ဒီအချက်ညှိမယ် ဆိုပြီး ပြောနေ ကြတယ်။ ဟိုပုဒ်မ ညှိမယ်။ ဒီပုဒ်မ ညှိမယ် ထင်နေ တာ။ ကျွန်တော်တို့ ပြောတာ ရှင်းရှင်းလေး၊ ဖွဲ့စည်းပုံပြင်ဆင် ရေးအဆင်ပြေ ချောမွေ့စေဖို့ ပြောနေတာ။ ဒီပြောင်းလဲမှုမှာ နိုင်ငံရေး အခင်းအကျင်း အားလုံး အဆင်ပြေအောင် ပြောနေတာ။ ပုဒ်မပေါင်း ၄၀၀ ကျော်ကို တစ်ချက်ခြင်း ညှိပြင်ဖို့ ပြောနေတာ မဟုတ် ဘူး။ NLD ရဲ့ တွေ့ဆုံဖို့ တောင်းဆိုတာကို အစိုးရ ရဲ့ တုံ့ပြန်မှု အပေါ်ပြန်ပြီး ထုတ်ပြန်ချက် က နည်းနည်း တင်းမာ နေလိုပဲ။ ဒါကတော့ စာတစ်ခုက စာပေါ်မှာ ကြည့်ရုံတင် မရဘူး။ စာပေါ်က စကားလုံး တွေကို ပြင်းအောင် ပြောရင်လည်း ရတယ်။ ပျော့အောင်ပြောရင်လည်း ရတယ်။ ဒီလိုပဲ ဖတ်တဲ့ အခါမှာ ပြင်းအောင် ဖတ်လို့ ရတယ်။ ပျော့အောင် ဖတ်လို့ ရတယ်။ စာကြည့်ပြော လို့တော့ မရဘူးပေါ့။ ဖွဲ့စည်းပုံ အားလုံးကို ပြင်လို့ ရပေမယ့် ပုဒ်မ ၅၉ (စ)ကို ပြင်နိုင်မယ်လို့ ယုံကြည်လား။ ဘယ်လို အခက်အခဲတွေ ကြုံ နိုင်မလဲ။ တကယ့် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်မယ်၊ နိုင်ငံရေးသမားတွေ ကို ဒီမိုက ရေစီ အခွင့်အရေးပေးမယ် ဆိုရင် ပြင်ကို ပြင်ပေး ရမယ်။ သန့်ရှင်းပြီး မျှတတဲ့ ရွေးကောက် ပွဲလုပ်မယ်လို့ ကြွေးကြော် ထားရင် ပြင်ကို ပြင်ပေးရမယ်။ မပြင်ပေးရင်တော့ ဒါတွေ မဟုတ်တာ အကုန်ပေါ်မယ်။ ဖြည့်စွက် ပြောချင်တာ ရှိရင်လည်း ပြော ပေးပါဦး။ လွှတ်တော် ထဲမှာ အဆိုတွေ တင်ပေမယ့် ရှုံးနိမ့် ခဲ့ရ တာတွေ ရှိတာပေါ့။ ကျွန်တော် ပြောချင်တာက ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ မထားဘဲ ပြည်သူ ပြည်သားတွေ အတွက်ပဲ ရည်ရွယ်ပြီး တင်တာ။ တင်တဲ့အခါ ကျတော့ စိတ်ဆန္ဒ ရှိ သလောက် မပြည့်သေးဘူးပေါ့။

 Messenger News Journal

KNU တပ်ရင်း(၇၀၉)မှ သားကြီးနှင့်အပေါင်းပါများက ရိုက်နှက်....လူနာမှာကွယ်လွန်(ရုပ်သံ)


Myat Ko Dawnamyay
မြ၀တီမြို့ စေတနာ နာရေးကူညီမှုအသင်းမှ အုပ်ချုပ်သူ ဦးလှထွန်းအပါအ၀င် အသင်းသူ အသင်းသားများသည် ၁၆-၁၂-၂၀၁၃ ရက်နေ့ ညက အမှတ်(၄)ရပ်ကွက်ရှိ လူနာတစ်ဦးအား တစ်ဖက်နိုင်ငံသို့ ဆေးကုသရန်သွားရောက်ကြိုဆိုရာ KNU တပ်ရင်း(၇၀၉)မှ သားကြီးနှင့်အပေါင်းပါများက Hilux Surf ယာဉ်ဖြင့်လိုက်လာပြီး နာရေးကူညီမှုယာဉ်မောင်းနှင့်အပေါင်းပါများအား ရိုက်နှက်ခြင်း ကားအားရိုက်နှက်ခြင်းတို့ပြုလုပ်ကြပြီး လူနာရှင်မှ ငိုယိုတောင်းပန်နေသော်လည်း သားကြီးတို့လူစုမှ မိုက်ရိုင်းရမ်းကားသောကြောင့်လူနာမှာလည်း တစ်ဖက်နိုင်ငံသို့အချိန်မှီပို့ဆောင်နိုင်ခြင်းမရှိသဖြင့် ကွယ်လွန်သွားခဲ့ရပါတယ်


ဦးခင်ညွန့် စကားကို စဉ်းစဉ်းစားစားပြောပါ



Hawdeka Khalaylay
 (ထောက်လှမ်းရေးဝန်ထမ်းဟောင်တစ်ဦးမှပေးစာ)

ကျနော်ဟာ အဘခင်ညွန့်အောက်မှ အမှုထမ်းဖူးတဲ့သူတစ်ယောက်ပါ ၊ အဘ ဦးခင်ညွန့် စကားကို စဉ်းစဉ်းစားစားပြောစေချင်ပါတယ် ၊ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ ခေါင်းစဉ်အောက်ကိုရောက်လို့ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေပါပြီ ၊ ဒီမိုကရေစီဆိုတာ လုပ်နည်လုပ်ဟန် တစ်မျိုးပါ ၊ အသိဥာဏ်ကိုထိုက်ထိုက်တန်တန်နေရာပေးပြီး လူကိုလူလိုမြင်တဲ့ လုပ်နည်းလုပ်ဟန်ပါ ၊ ဒီမိုကရေစီဆိုတာ သဘာဝထဲက လာတာပါ ၊ သူ့အနက်နဲ့ သူ ရှိပြီးသားပါ ၊ ဒီမိုကရေစီကို လိုရာဆွဲပြီး အနက်ဖွင့်လို့မရပါဘူး ၊ အင်တာဗျူးတစ်ခုမှာ အဘက ဒီမိုကရေစီကို ပုံတူကူးချလို့ မရပါဘူး ၊ မြန်မာရေမြေဒေသ နဲ့ လိုက်ဖက်တဲ့ သင့်တော်တဲ့ ဒီမိုကရေစီပုံစံဖြစ်အောင် ဖော်ဆောင်ကျင့်သုံးရပါမယ် လို့ ပြောတာ ကျနော်ကြားလိုက်ရပါတယ် ၊ ကျနော်ပြောတာကို အဘဦးခင်ညွန့် ဂရုတစိုက် နားထောင်စေချင်ပါတယ် ၊ ဒီမိုကရေစိကို အဘ ဘယ်လောက် နားလည်လို့လဲ ၊ အဲဒီ အနောက်တိုင်းလို့ ပြောနေတဲ့ အမေရိကန်က ဒီမိုကရေစီကို အဘ ဘယ်လောက်နားလည်လို့လဲ ၊ အဲဒီ အနောက်တိုင်းလို့ ပြောနေတဲ့ အင်္ဂလန်က ဒီမိုကရေစီကို အဘ ဘယ်လောက်နားလည်လို့လဲ ၊ အဲဒီ အနောက်တိုင်းလို့ ပြောနေတဲ့ ပြင်သစ် စပိန် ဂျာမဏီ တို့ဆီက ဒီမိုကရေစီ ဆိုတာကို အဘ ဘယ်လောက်နားလည်လို့လဲ ၊ အဲဒီ ဒီမိုကရေစီတွေကို အဘ နှိုင်းယှဉ်ဝေဖန်ထောက်ပြနှိုင်စွမ်းမရှိဘူးဆိုတာ ကျနော် အသိဆုံးပါဗျာ ၊ အဲဒီလိုပါပဲ ၊ ၂၀၀၈ ဖွဲ့စည်းပုံကိုရေးခဲ့တဲ့ လူကြီးလူကောင်းဆိုတဲ့သူတွေဟာ ဘယ်ဒီမိုကရေစီ နိုင်ငံမှာမှ ဒီမိုကရေစီအရသာကို မခံစားဖူးတဲ့ သူတွေပါ ၊ အဲလိုလူမျိုးတွေ နဲ့ ရေးခဲ့တဲ့ အတွက် ၂၀၀၈ ဖွဲ့စည်းပုံကြီးဟာ အယောင်ဆောင် ဒီမိုကရေစီ ဖွဲ့စည်းပုံကြီးပါ အဘရာ ၊ မြန်မာပြည်မှာ တကယ့်ဒီမိုကရေစီ ရနေပြီးပြီဆိုရင် အဘ ဘာလို့ အမေရိကား နဲ့ အနောက်ကို သွားလည်ပတ်ခွင့်မရသေးတာလဲ ၊ ကျနော်တို့ ရော ဘာလို့ စစ်တပ်အထဲက သူငယ်ချင်းတွေ ဆီ သွားလည်ခွင့်မရှိရတာလဲ ၊ အခု အချိန်မှာ ကျနော်တို့က မြန်မာပြည်ကို ဖျက်ဆီးမယ့်သူတွေ ဖြစ်နေလို့လား အဘရာ ၊ ၂၀၀၈ ဖွဲ့စည်းပုံအတိုင်းသာဆက်သွားရင် မြန်မာပြည်ကြီးဟာ ဒီမိုကရေစီ မျက်နှာဖုံးစွပ်ထားတဲ့ ဘီလူးတွေ အုပ်ချုပ်နေတဲ့ နိုင်ငံဖြစ်သွားတော့မယ် ၊ ဒါကို အဘ လည်း သိနေပါတယ် အဘရာ ၊ အခုလို မြန်မာပြည်သူတွေက တခါမှ မရဘူးသေးတဲ့ ဒီမိုကရေစီဆိုတဲ့ အသိဥာဏ်ကို ထိုက်ထိုက်တန်တန်နေရာပေးပြီး လူကိုလူလိုမြင်တဲ့ လုပ်နည်းလုပ်ဟန် ကို ပြည်သူတွေ အားလုံးဝိုင်းပြီး ပြုပြင်ပစ်တော့မယ့် အချိန်ကိုရောက်နေပါပြီဗျ ၊ ဒီလိုအချိန်မှာ အခုအချိန်အထိ ကျနော်တို့လို လူဟောင်းတွေ အပေါ်မှာ ထီးလိုမိုးထားတဲ့ အရှိန်အဝါရှိနေသေးတဲ့ အဘအနေနဲ့ စကားတွေ ထပ်ပြီး မမှားစေချင်တော့ပါဘူး ၊ ဒါ ကျနော် တစ်ယောက်တည်း သဘော နဲ့ ပြောတာ မဟုတ်ပါဘူး ၊ အဘ ကျနော်တို့ ကို ချစ်သလို ကျနော်တို့လည်း အဘကို ချစ်နေဆဲပါ ၊ ကျနော်တို့ က ဟိုးအောက်ခြေမှာ နေနေတော့ ကျနော်တို့ အမှားတွေ အမှားတွေရဲ့ အကျိုးဆက်တွေကို နေစဉ် မြင်သိထိတွေ့နေရတဲ့သူတွေပါ ၊ ကျနော်တို့ အပြစ်တွေကို ဗွေမယူပဲ ကျနော်တို့ကို လွတ်လပ်စွာဆက်လက် ရှင်သန်ခွင့် ပေးထားတဲ့ ဒီမြန်မာပြည်သူတွေရှိနေတဲ့ ပတ်ဝန်ကျင်ကြီးအပေါ် ဒီကနေ့ ကျနော်တို့ တာဝန်ကျေချင်တယ် အဘရာ ၊ ကိုယ်မသိ ကိုယ်မတတ်တဲ့ နေရာကို ကိုယ်သိကိုယ်တတ်သယောင် ဆရာဝင်ဝင်လုပ်ချင်တဲ့ ကျနော်တို့ရဲ့ ဥာင်ဆိုးတွေကို ပြင်ရတော့ပါမယ် အဘရာ ၊ ကျနော်ကတော့ အားလုံးထက် ငါကအမြဲပိုသိပိုတတ်တယ် ဆိုတဲ့ ဥာင်ဆိုးကို ဖယ်လိုက်ပါပြီ ၊ ကျနော်ထောင်ထဲ ရောက်နေတုန်းက အပြင်မှာ ကြုံသလို ကျဘမ်းရပ်တည်ခဲ့တဲ့ ကျနော့် မိန်းမနဲ့ ကလေးတွေကိုယ်တိုင်က အဲဒီကျနော့် ဥာင်ဆိုးကို လက်မခံကြတော့ဘူးလေ ၊ ရှင် နဲ့ ရှင့် အဘကို ထောင်ထဲကအပြင်ရောက်အောင်လုပ်ပေးတာ ပြည်သူတွေပဲရှင့် လို့ ကျနော့်မိန်းမကပြောတယ် အဘရေ ၊ စစ်အုပ်ချုပ်ရေး ဆိုတဲ့ အရင်ခေါင်းစဉ်ရှိတုန်းက ပြည်သူတွေအပေါ် ကျနော်တို့ မှားခဲ့တာတွေ ရှိခဲ့ပါတယ် ၊ အဲဒါတွေအတွက် ပြည်သူတွေကို ပြန်ပေးဆပ်ဖို့ သဘာဝကပေးထားတဲ့ တာဝန်ကြီး ကျနော်တို့ ပခုံးအပေါ်မှာ အကြွေးတင်နေပါတယ် အဘရယ် ၊ ဒီကနေ့လို ဒီမိုကရေစီခေါင်းစဉ်အောက် ရောက်နေတဲ့ မြန်မာပြည်အပေါ် ကျနော်တို့ရင်ထဲက ခေါင်းဆောင်ဖြစ်နေဆဲ အဘဦးခင်ညွန့် တစ်ယောက် တစ်ခုခုထပ်မှားတာမျိုး ကျနော်တို့ မဖြစ်စေချင်တော့ပါဘူး အဘရာ ၊

 လေးစားလျှက်ပါ ၊
(ထောက်လှမ်းရေးဝန်ထမ်းဟောင်း တစ်ဦးမှ ပေးပို့လာသောစာဖြစ်သည်)