Thursday, December 19, 2013

အသက်နှင့်ထပ်တူအားပေးတဲ့ပရိတ်သတ်

သတင်းထောက် မခိုင်၏ မိသားစုဝင်များကို အားပေးရန်



ထောင်ဒဏ်ချမှတ် ခံခဲ့ရသော နယ်သတင်းထောက် မခိုင်၏ မိသားစုဝင်များကို အားပေးရန်နှင့် ဥပဒေကြောင်းအရ ဆက်လက်ဆောင်ရွက်ရန် Eleven Media Group အယ်ဒီတာချုပ် ဦးဝေဖြိုး လွိုင်ကော်သို့ သွားရောက်
************************************
သတင်းရယူမှု ဖြစ်စဉ်အတွက် တရားစွဲဆို ခံခဲ့ရပြီး ထောင်ဒဏ်သုံးလ ချမှတ်ခံခဲ့ရသည့် Eleven Media Group ၏ နယ်သတင်းထောက် မခိုင်၏ မိသားစုဝင်များကို အားပေးရန်နှင့် ဥပဒေကြောင်းအရ ဆက်လက်စီစဉ် ဆောင်ရွက်ရန် Eleven Media Group ၏ အယ်ဒီတာချုပ် ဦးဝေဖြိုးနှင့် အဖွဲ့သည် ဒီဇင်ဘာ ၁၉ ရက်တွင် လွိုင်ကော်မြို့သို့ ထွက်ခွာသွားကြောင်း သိရသည်။

ထိုသို့ သွားရောက်ရာတွင် နယ်သတင်းထောက် မခိုင်၏ မိသားစုဝင်များကို အားပေးရန်၊ မခိုင်အား ချမှတ်ခဲ့သော ပြစ်ဒဏ်အတွက် အယူခံဝင်ရန်နှင့် ဥပဒေကြောင်းအရ ဆက်လက် စီစဉ်ဆောက်ရွက်ရန် ရှိသည်များကို လုပ်ဆောင်နိုင်ရန်အတွက် သွားရောက်ခဲ့ခြင်း ဖြစ်သည်။

နယ်သတင်းထောက် မခိုင်သည် ငွေဒဏ်သာ ချမှတ်လေ့ရှိသော အိမ်ကျော်နင်းမှု၊ အသရေဖျက်မှု၊ ညစ်ညမ်းစွာ ဆဲရေးမှုများဖြင့် တရားစွဲဆို ခံခဲ့ရကာ တရားစွဲဆို ခံခဲ့ရပြီး တစ်လကျော်ခန့် အကြာတွင် ထောင်ဒဏ်သုံးလ ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။

ထိုသို့ ထောင်ဒဏ်ချမှတ် ခဲ့ခြင်းအပေါ် ပြင်းထန်စွာ ကန့်ကွက်ကြောင်း Eleven Media Group က ထုတ်ပြန်ထားပြီး ဒီဇင်ဘာ ၁၉ ရက် ရက်စွဲဖြင့် အများပြည်သူမှ တစ်ဆင့် နိုင်ငံတော်သမ္မတ အပါအ၀င် ပြည်ထောင်စု တရားသူကြီးချုပ်၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌထံသို့ အသိပေး တိုင်ကြားစာ ပေးပို့ထားပြီး ဖြစ်ပါသည်။ ထို့အပြင် ပြည်တွင်းမီဒီယာ အဖွဲ့အစည်းများဖြစ်သော PEN Myanmar နှင့် မြန်မာစာနယ်ဇင်းသမဂ္ဂ (MJU) တို့ကလည်း ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်များကို ဒီဇင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်ထားသည်။ ထို့အတူ နိုင်ငံတကာ သတင်းထောက်များ ကာကွယ်စောင့်ရှောက် ရေးအဖွဲ့ (CPJ) ကလည်း ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်မည်ဟု CPJ ၏ အရှေ့တောင်အာရှ တာဝန်ခံ Shawn Crispin က ပြောကြားသည်။

(EMG)

တောလည်ချင်ရင်တောနံ့တောင်နံ့လေးတော့ယဉ်ပါးသင့်တာပ



အမေစုအကျယ်ချုပ်လွတ်လာပြီးနောက်ဦးသိန်းစိန်နဲ့တွေ့တယ်...
ကြားဖြတ်ရွေးကောက်ပွဲဝင်ဖြစ်တယ်...အချို့အ၀က်ယုံလို့ယူဆရ..

အခု...

ဦးသိန်းစိန်အစိုးရ၊ကြံခိုင်ရေး၊စစ်တပ် သားပေးသမီးယူတွေ...တလေသံ
တသွေးထဲတွေ...ပြင်ချင်ရင်လဲအတူ...မပြင်ဖူးဟေ့ဆိုလဲဒါပဲ..တွေ....

အဲ့တော့...

အမေစုကကာချူပ်ရောဦးသိန်းစိန်ပါတွေ့ဆုံဆွေးနွေးခွင့်တောင်းတာ
လွှတ်တော်နဲ့ကာပြီးငြင်းထားတယ်....အခြေအနေကအဲ့ဒီဆွေးနွေးမှု
မရပဲခြေဥပြင်ရေးကဖြစ်လာမှာမဟုတ်တာအသေအချာပဲ...

အဲလို့တွေ့ဖို့ဆိုတာနားလည်မှု၊ယုံကြည်မှုတွေလိုတယ်...
ဒီအဆင့်ကအရင်၊ခြေဥပြင်တာကပြီးမှ...

***ဒါကို ကိုကိုကြီးကပြောတာ...***

တကယ်တော့လွှတ်တော်နဲ့ခြေဥကအကြောင်းပြချက်တရပ်
ဖြစ်နေပြီးပါဝါလွန်ဆွဲမူတွေကအရှိန်မြင့်နေချိန်လေ....
တောလည်ချင်ရင်တောနံ့တောင်နံ့လေးတော့ယဉ်ပါးသင့်တာပ...
အမေစုတို့၊ကိုကိုကြီးတို့ကိုဝေဖန်တော့မယ်ဆိုရင်ကိုယ့်ကိုကိုယ်
တော်တော်လေးမြင့်အောင်လုပ်သင့်တယ်....

ကြိုကန်တာတွေ၊ကြိုထောက်တဲ့အကွက်တွေဟာတော်ယုံကျွန်တော်
တို့အဆင့်လိုက်မမှီဖူး။။
တခါတလေပါးစပ်လေးပိတ်ပြီးထိုင်လေ့လာနေတာကမှကောင်းသေး၊

နင်ဝမ်းမြောက်တာငါသိတယ်

ဂိုးဝင်သွားပြီး စက္ကန့် ၅၀ အထိ အလံထောင်ထားခြင်းမရှိ




မြန်မာမှယိုးဒယားဘက်သို့ လူကျွံဘောဟုသတ်မှတ်ခံရသောဂိုးဝင်သွားပြီး စက္ကန့် ၅၀ အထိ စည်းကြပ်ဒိုင်( တောင်ကိုရီးယားမှ- Park Mi Suk ) အလံထောင်ထားခြင်းမရှိ သေးပါ

မြန်မာ့အလှ


မြန်မာအမျိုးသမီး ဘောလုံးအသင်းရဲ့ ဂျပန်လူမျိုး နည်းပြက အခု
ကစားသွားတဲ့ပွဲမှာ အိန္ဒိယ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေကို
မကျေနပ်တာကြောင့် အာရှဘောလုံးအဖွဲ့ချုပ်ကို တိုင်ကြားသွားမယ်
လို့ ထိုင်း-မြန်မာ ဆီမီးဖိုင်နယ်အပြီး ပြုလုပ်သွားတဲ့ သတင်းစာ
ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

အုပ်ချုပ်သူအဖွဲ့မှ တစ်ယောက်
အာကာ မိုးတိမ်'s photo.


လွတ်၂ကျွတ်၂ ကြီးပါခင်ဗျာဘယ်လူမှ မထိရပဲနဲ့ ဂိုးမပေးပါဘူးတဲ့ခင်ဗျာ အသိသာကြီးကို လူကျွံဘော ပါတဲ့ ခင်ဗျာ လို့အော်တာဒီလူကြီးပါ။

မိဘပြည်သူများခမျာ နောက်ထပ်၁၅မီးနစ်တောင်ကျန်ပါသေးတယ် ချေပဂိုးရောအနိုင်ဂိုးပါသွင်းသွားနိုင်ပါသေးတယ် ဆိုတာဒီလူကြီးအော်တာပါတဲ့။ လူကပ်ထားဖို့လိုပြီတို့ အားမလိုအားမရနဲ့ ရီရီဦး ဘာလုပ်မှာလဲ လို့အော်ပြီးဆရာလုပ်တာသူပါတဲ့ခင်ဗျာ။ ဂိုးပါပြီခင်ဗျာာာာာ ဆိုပြီး အာခေါင်သံကြီးနဲ့အော်တာ သူပေါ့။မိဘပြည်သူများ ဘာမှမပူပါနဲ့ခဗျာ... ဆိုတာ သူလေ... အောင်မလေးဗျာာာာ... လို့တောင် အော်လိုက်သေး။ လူကပ်ထား လူကပ်ထားလို့ အားတက်မာန်တက်အော်ခဲ့တာ။ သူ့ကြောင့် ရယ်ရသလို အားလည်းတက်ခဲ့ကြတယ်။
သူလည်းတာဝန်ကြေတဲ့အထဲမှာပါတယ်။ လေးစားပါတယ်ဗျာ။
credit : We are Myanmar

ရွေးကောက်ပွဲကို ဂုဏ်သိက္ခာရှိစွာဝင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း


 RFA

 ဒေါ်အောင်ဆန်းစုကြည်က မိမိဂုဏ်သိက္ခာကို တကယ်တန်ဖိုးထားတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံကို မပြုပြင်ပဲနဲ့ ၂ဝ၁၅ ရွေးကောက်ပွဲကို ဝင်မှာမဟုတ်ဘူးလို့ သာယာဝတီမြို့မှာ ပြောခဲ့တာကို တချို့က ဒါဟာလာမယ့်ရွေးကောက်ပွဲကို NLD က သပိတ်မှောက်လိမ့်မယ်လို့ ရည်ညွန်းပြောဆိုတာဖြစ်နိုင်ကြောင်း ယူဆနေကြတာနဲ့ ပတ်သက်ပြီး RFA က မေးမြန်းရာမှာ ဒါဟာတဖက်သတ်အပေါ်စီးကနေ ရွေးကောက်ပွဲ ယှဉ်ပြိုင်လိုစိတ်ရှိသူတွေကို ရည်ညွန်းခဲ့တာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းပြောကြားလိုက်ပါတယ်။ “အဲဒါကတော့ မတရားတဲ့ရွေးကောက်ပွဲကို မဝင်ဘူးဆိုတာဟာ ဒီလိုဟာမှာ ယှဉ်ပြိုင်ချင်စိတ် မရှိတာကိုပေါ့နော် ပြောတာပါ၊ ကိုယ်ကနေပြီးတော့ တစ်ဘက်ကနေပြီးတော့ အသာရထားတဲ့ပွဲမှာ ယှဉ်ပြိုင်ချင်စိတ်ရှိတာ ကိုယ့်သိက္ခာကိုကိုယ် မထောက်ထားရာရောက်ပါတယ်” RFA က သီးသန့်တင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် ဗုဒ္ဓဟူးနေ့ မနေ့ကညနေပိုင်း ဆက်သွယ်မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။ တဆက်တည်းမှာပဲ ပြည်ထောင်စုလွှတ်တော်က မြို့နယ်တမြို့နယ်ကို ဖွံ့ဖြိုးရေးအသုံးစရိတ်အဖြစ် ကျပ်သိန်းတစ်ထောင်စီ ချပေးမယ့်ကိစ္စကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လက်မှတ်မထိုးဘဲ လွှတ်တော်ကိုပြန်ပို့လိုက်တာနဲ့ ပတ်သက်လို့ မေးမြန်းရာမှာတော့ သမ္မတကြီးရဲ့ အကြောင်းပြချက် မှားယွင်းတယ်လို့ ရှုမြင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ “သမ္မတအနေနဲ့ လက်မှတ်မထိုးရတဲ့အကြောင်းကို ဖွဲ့စည်းပုံ အခြေခံဥပဒေက အချက်တချို့ကို ထောက်ပြပါတယ်၊ ကျမအမြင်မှာတော့ ဒီဟာက အကြောင်းပြချက်က မမှန်ပါဘူး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေက ဒီလိုဖွံ့ဖြိုးမှုရန်ပုံငွေကို မသုံးဖို့ ဒီလိုရန်ပုံငွေပုံစံမျိုးနဲ့ မလုပ်ဖို့ တားမြစ်ထားတာ မရှိပါဘူး” ဒါ့အပြင် ၂ဝ၁၄ ခုနှစ်အကြို နှုတ်ခွန်းဆက်စကားအဖြစ် မြန်မာနိုင်ငံသားအားလုံး တိုင်းပြည်တိုးတက်ရေး၊ ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် ဘာတွေဆောင်ရွက်သင့်တယ်ဆိုတာကို မိမိတို့ဘဝမှာ တစ်ကြိမ်တစ်ခါအဖြစ် လေးလေးနက်နက် စဉ်းစားကြည့်ကြပါလို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

ဒီလူတွေကလည်း အရင်လူတွေပဲလေ


ဟာဂျူလီ ကသာ
ဌာနဆိုင်ရာများ လူကြီးကြိုက်လုပ်တာကို လူကြီးတွေကရော ကြိုက်တာပဲတဲ့လား
*********************************************************
၁၉၊၁၂၊၁၃ရက်နေ့ ကသာမြို့သို့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဦးသာအေး လာမည်ဆို၍ တစ်မြို့လုံး သစ်လွှင်တောက်ပလို့နေပါတယ်၊ ခါတိုင်းရှုပ်ရှက်ခတ်နေသော မြို့လယ်လမ်းမကြီးမှ သုံးဘီးဂိတ်များကိုလည်း ဟိုချောင်ပို့ ဒီချောင်ပို့နဲ့ခမြာများ ခွေးနေရာမရသလို ဖြစ်နေရှာပါတယ်၊လမ်းဘေး ပလက်ဖေါင်းနှင့် ပန်းခုံများကလည်း သုတ်ထားတဲ့ဆေးပင် မခြောက်ချင်လှသေး၊ဟိုဟိုဒီဒီဖွေးဖွေးဖြူနေအောင် သုတ်ထားတဲ့ ထုံးစထုံးနများကလည်း လေတစ်ချက်ဝှေ့လိုက်တိုင်းလေနဲ့အတူ လွှင့်ပါလို့နေပါတယ်၊ အဲဒီမြင်ကွင်းကို လဘက်ရည်ဆိုင်ထိုင်နေရင်း တွေ့မြင်နေရတဲ့အတွက် ကျွန်တော်က..
"လူကြီးဆိုတဲ့လူတွေက သူတို့လာမယ်ဆိုမှ ဆေးသုတ် ထုံးသုတ် လုပ်ထားကြတာ မသိကြဘူးတဲ့လား၊ "
"မသိပဲ ရှိပါ့မလားဆရာဂျူရယ်၊ဒါတွေအခုမှ ထသုတ်ထားမှန်း ကလေးကအစ ခွေးအဆုံး သိသာနေတဲ့ဟာပဲလေ၊ကတ္တရာလမ်းပေါ်မှာတောင် ဆေးစက်တွေက ကျနေသေးတာ၊လာမယ့်လူကြီးတွေက မသိဘဲ ဘယ်ရှိပါ့မလဲ၊"
"ဒါဆိုလူကြီးတွေက ဒါတွေ ငါတို့လာမှ လုပ်ထားတာ မဟုတ်လား၊ဒီလို မြို့သန့်ရှင်းလှပဖို့ဆိုတာ ငါတို့လာမှ လုပ်ရမှာ မဟုတ်ဘူးကွ၊ အမြဲတမ်း လုပ်နေရမှာလို့ မဆူသွားနိုင်ဘူးလား "
"ဆရာဂျူကလည်း ညံ့ပါဗျာ၊ လူကြီးဆိုတာမျိုးက အရင်က ဘာဖြစ်ဖြစ် သူတို့လာတဲ့အချိန်မှာ အမြင်တင့်အောင် လုပ်ပြထားရင် အရင် မလုပ်ထားမှန်းသိသိကြီးနဲ့ ကျေနပ်နေတာဗျ "
"[ဟွန့် ! ဒါဆို အရင်ခေတ်က အကျင့်ဟောင်းတွေ မပျောက်သေးဘူးလို့ ပြောရမှာပေါ့"
"ဒါများ ပြောနေစရာ လိုသေးလို့လားဗျာ၊ဒီလူတွေကလည်း အရင်လူတွေပဲလေဗျာ"
"ဂိန် "
(ဟာဂျူလီ-ကသာ)