Sunday, December 22, 2013

မစိုးရိမ်တိုက်သစ်က သင်္ဃာအချို့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို တိုက်ခိုက်သောစာများ ဝေနေဆိုသည်မှာ



(ပြည်သူများအား အသိပေးကြေညာချက်)

မစိုးရိမ်တိုက်သစ်၊ ဒီဇင်ဘာ -၂၂

မစိုးရိမ်တိုက်သစ်သည် ပရိယတ္တိသာသနာ့တာဝန်ကို အချိန်ပြည့် ထမ်းဆောင်နေသော စာသင်တိုက် တတိုက်ဖြစ်ပါသည်။
ပြည်သူများအတွက် မဖြစ်မနေ လိုအပ်လျှက်ရှိသော အချိန်အခါမှ လွဲ၍ နိုင်ငံရေးတွင် ပါဝင်ပတ်သက်လေ့မရှိပါ။
မြန်မာနိုင်ငံ၏ ခေတ်တခေတ်ကို ပြောင်းလဲရောက်ရှိစေခဲ့သော ကမ္ဘာနှင့် မြန်မာကပါ လေးစားတန်ဖိုးထားသော စေတနာလည်းမှန်၍ အရည်အချင်းပြည့်ဝသည့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော NLD ပါတီအား ဝေဖန်ရှုံ့ချခြင်း
လုံးဝပြုလုပ်မည်မဟုတ်ပါကြောင်း၊
သို့ဖြစ်ပါ၍ “ မစိုးရိမ်တိုက်သစ် ဘုန်းကြီးများ ဦးဆောင်ပြီး NLD ပါတီနှင့် အမေစုအား တိုက်ခိုက်တဲ့စာတွေ ဝေနေပါသည်”
ဟူသော သတင်းမှာ လုံးဝမဟုတ်ပါကြောင်း အတိအလင်း အသိပေးကြညာအပ်ပါသည်။

မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ်
မန္တလေးမြို့

Lucky 7 လေး သန်းသန်းထွေးကို လက်မှာ Tattoo ထိုးပြီးတော့ကို ဂုဏ်ပြု

မောင်(စွယ်စုံကျမ်း)

လျှပ်စစ်တာဝါတိုင် လုံခြုံရေးရဲတပ်ဖွဲ့ တိုက်ခိုက်ခံရ ၁ ဦးသေ ၄ ဦး ဒဏ်ရာပြင်းထန်


(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်မြောက်ပိုင်း မန့်တုံမြို့နယ်အတွင်းရှိ လျှပ်စစ်တာဝါတိုင်အတွက် လုံခြုံရေးယူနေသော ရဲကင်းတစ်ခုကို ယမန်နေ့ အစောပိုင်းက လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့က ၀င်ရောက်တိုက်ခိုက်ရာ တာဝန်ကျ ပြည်သူ့ ရဲတပ်ဖွဲ့ဝင် တဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာ ရရှိသည်ဟု ဒေသခံများကပြောသည်။

၂၀၁၃ ဒီဇင်ဘာ ၁၃ ရက် နံနက် ၅ နာရီ တွင် တိုင်းရင်းသားတပ်ပေါင်းစုဟု ယူဆရသည့် လက်နက် ကိုင်အဖွဲ့က မန့်တုံမြို့နယ် မန့်ပတ်ကျေးရွာရှိ လျှပ်စစ်တာဝါတိုင်အတွက် လုံခြုံရေးယူနေသော ရဲတပ်ဖွဲ့ဝင်များအား ၀င်ရောက်တိုက်ခိုက်ရာမှာ ပွဲချင်းပြီး တဦးသေဆုံးကြောင်း၊ ရဲအရာရှိတဦး တပ်သားတဦး နှင့် ရဲမိသားစုဝင် ၂ ဦးလည်း ဒဏ်ရာ ရရှိကြောင်း၊ ၄င်းတို့အား နမ္မတူမြို့ ဆေးရုံသို့ ပို့ဆောင် ကုသနေကြောင်း ဒေသခံ တစ်ဦးကပြောသည်။

“ မနေ့မနက်မှာ ပစ်ခံရတာလေ ၊ လာပစ်တဲ့အဖွဲ့ကတော့ ဘယ်အဖွဲ့လဲခုထိ မသိသေး ဘူး၊ တစ်နာရီကျော်ကျော် တော့ အပြန်အလှန်ပစ်ခတ်ကြတာပဲ၊ ရဲဘက်ကတော့ လေးယောက်ဒဏ် ရာရရပြီးနှစ်ယောက်မှာ ဒဏ်ရာ ပြင်းထန်တယ်၊ တစ်ယောက်တော့ ပွဲချင်းပြီးသေသွားတယ်” ဟု နီးစပ်သည့် အသိုင်းအဝိုင်းကပြောသည်။

ထိုအပစ်ခံရသော ရဲတပ်ဖွဲ့ဘက်မှ M 21,22 မောင်းပြန်သေနတ် ၄ လက် နှင့် ရိုင်ဖယ်သေနတ် ၂ လက် ဆုံးရှုံးသည်ဟု ရဲတပ်ဖွဲ့များနှင့် နီးစပ်သည့် ဒေသခံ နောက်တဦးကလည်း ပြောသည်။

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ်သည် TNLA တအာင်း(ပလောင်) အမျိုးသား လွတ်မြောက် ရေးတပ်မတော်၊ KIA ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ ၄ နှင့် SSPP/SSA သျှမ်းပြည်တိုးတပ်မတော်တို့ ပူးပေါင်းလှုပ်ရှားသည်။ သီးခြားအတည်ပြုချက်မရသည့် သတင်းအရ ၄င်းတို့ပူးပေါင်းသည့် တပ်ပေါင်းစုတပ်ဖွဲ့ဝင်များက ၀င်ရောက်တိုက်ခိုက်ကြသည်ဟုလည်း ဆိုသည်။

TNLA တအာင်း(ပလောင်) အမျိုးသား လွတ်မြောက် ရေးတပ်မတော် နှင့် KIA ကချင်လွတ်လပ်ရေး တပ်မတော်တို့ သည် ငြိမ်းချမ်းရေးတည်ဆောက်ရန်အစိုးရနှင့် ဆွေးနွေးထားဆဲ တပ်ဖွဲ့များဖြစ်၏။

မြောက်ပိုင်းသျှမ်းပြည်တပ်မတော် အမည်ရ SSPP/SSA သျှမ်းပြည်တိုးတပ်မတော် မှာမူ ဦးသိန်းစိန်အစိုးရ နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတည်ဆောက်ထားသည့် တပ်ဖွဲ့ ဖြစ်သည်။

ရေခဲမိုးတွေရွာ....


မီးကြိုးတွေရေခဲကုန်လို့ဓါတ်ရထားကားတွေရပ်ထားရတယ်၊
ဆားဖြူးတဲ့ကားတွေလဲမနိုင်တော့ဖူး၊
တချို့နေရာတွေလမ်းပေါ်စကိတ်စီးပြတဲ့သူတွေကရှိသေး၊
လေဆိပ်တွေလဲပိတ်ထားရတယ်၊
အအေးချိန်က -1' ဆိုပေမယ့်ရေခဲမိုးဆိုတော့အောက်ရောက်တာ
နဲ့တန်းခဲတော့တာပဲ..freezing rain လေ
အဲ့ဒါကနေဒါပါ.....

နားလည်မှုယူပြီးသား

ဒီမို ဖက်တီး

၂၇ကြိမ်မြောက်ဆီးဂိမ်းပိတ်ပွဲ(ကြာမြင့်ချိန်၃နာရီ)

ဒီနေ့ကာတွန်း

ဒေါ် အောင် ဆန်း စု ကြည် ၏ ကျန်း မာ ရေး ကြေ ညာ ချက်

မြေရှင်ပဒေသရာဇ်လက်သစ်များကျဆုံးပါစေ(ထောင်သူရဲ ဘအုပ်)



Martin Swe

မင်းတို့ အဓ္ဓမ လိုက်သိမ်းနေတဲ့မြေတွေဟာ
အောင်ဆန်း ရဲ့ သွေးတွေ လူးနေတဲ့ မြေ
မင်းတို့ အသက်ရှင်ဖို့ ရှုနေတဲ့ လေဟာ
အောင်ဆန်းရဲ့ ချွေးတွေ သင်းနေတဲ့ လေ

မြန်မာပြည်တစ်ဝန်းကမြေယာတွေကို မင်းတို့လိုက်သိမ်းဖို့
အောင်ဆန်း အသက်ပေးခဲ့ တာမဟုတ်ဘူး ။ ။

ထောင်သူရဲ ဘအုပ်

အန်အယ်ဒီရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ရေး ထောက်ခံကြောင်း ၈၈ ခေါင်းဆောင်ဦးကိုကိုကြီး ပြော


 ဒီဗွီဘီ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို အားပေးထောက်ခံတယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲအစည်း ခေါင်းဆောင် ဦးကိုကိုကြီး က ပြောလိုက်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်လုပ်ကိုင်နေတဲ့ အခြေခံ ဥပဒေပြင်ဆင်ရေး လူထုဆန္ဒ ထုတ်ဖော်ပွဲတွေကို အားပေးထောက်ခံကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုကိုကြီးက ဒီဗွီဘီနဲ့ သီးသန့် တွေ့ဆုံမေးမြန်းခန်းမှာ ထုတ်ဖော်ပြောကြား လိုက်တာပါ။ အခြေခံဥပဒေ ပြင်ဆင်ရေးနည်းလမ်းနဲ့ ပတ်သက်လို့လည်း ဦးကိုကိုကြီးက အခုလို ပြောဆိုပါတယ်။ “ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ဖို့ တရားဝင်လမ်းကြောင်းကတော့ ကျနော်တို့ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ၇၅ ရာခိုင်နှုန်းကျော် ပုဒ်မ ၇၄ ခုဆိုရင် ဒါအထူးကန့်သတ်ထားတာ အားလုံးဟာ ၇၅ ကျော်တဲ့အပြင် လူထုဆန္ဒခံယူပွဲ ထက်ဝက်ကျော် မဲနဲ့မှ ရမယ်ဆိုတော့ အရမ်းတင်းကြပ်အောင်လုပ်ထားတာ ဆိုတော့ ဒီဥပဒေအရသွားမယ် ဆိုရင်တော့ လမ်းကြောင်းက ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ယာယီအားဖြင့် လက်ခံထားတဲ့ အနေအထားမှာတော့ ဒီလမ်းကြောင်းအတိုင်းကပဲပြင်ရမယ်။ ပြင်တဲ့အခါမှာ ဘယ်လောက် ပမာဏ ပြင်မလဲဆိုတဲ့ ကျနော်တို့က ညှိနှိုင်းဆောင်ရွက်ရမှာဆိုတော့ အဲ့တာမျိုးက အစိုးရ ကလည်း ပြောတဲ့ဟာပေါ့။ အခြေခံဥပဒေပြင်ချင်ရင် လွှတ်တော်ထဲမှာသွားပြင် လွှတ်တော်ထဲမှာ ဆွေးနွေးကြ အဲ့တာနဲ့အတူတူပဲလို့ ပြောချင်တာလား။ အခုလိုရှင်းပြတဲ့ဟာ အဲ့တာဆိုလည်း ကျနော်တို့က မေးခွန်းပဲပြန်မေးရမယ့်ကိစ္စက ဒီနည်းလမ်း မဟုတ်ရင် ဘယ်လိုနည်းလမ်းက ရှိသလဲလို့ ကျနော်တို့က ပြန်မေးရမယ်။” အခြေခံဥပဒေပြင်ဆင်ရေး အောင်မြင်နိုင်ဖို့အတွက် နိုင်ငံရေး အင်အားစုတွေအကြား ယုံကြည်မှု တည်ဆောာက်ရေးဟာ အရေးပါကြောင်းကိုလည်း ဦးကိုကိုကြီးက ဒီဗွီဘီနဲ့ တွေ့ဆုံးမေးမြန်းစဉ်မှာ ထောက်ပြသွားပါတယ်။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ၈၈ မျိုးဆက်တွေတင်မက နိုင်ငံရေးအဖွဲ့အစည်း တော်တော်များများနဲ့ တိုင်းရင်းသား အင်အားစုတွေ ပြည်သူလူတွေကလည်း တောင်းဆို နေကြတာပါ။



Martin Swe
ဒီမိုကရေစီအရေးနဲ့ ပါတ်သက်လာရင် ၈၈ တွေရဲ့သမိုင်း ဘယ်တုန်းကမှ မရိုင်းခဲ့ဘူးဆိုတာ ယုံကြည်လိုက်ပါ မိတ်ဆွေ။
*********************************************************
၂၅ နှစ်တာ နိုင်ငံရေး ခရီးကြမ်းကို ဖြတ်သန်းခဲ့ကြတဲ့ ၈၈ မျိုးဆက်တွေမှာ ကိုယ်ပိုင် နိုင်ငံရေးအမြင် ၊ ကိုယ်ပိုင် နိုင်ငံရေး ခံယူချက်တွေ ကိုယ်စီ ရှိကြပါတယ်။ အထူးသဖြင့် ၈၈၈၈ ကာလကတည်းက ဗကသ ၊ အကသ ၊ လူ့ဘောင်သစ် အစရှိသဖြင့် အဖွဲ့အစည်းတွေကို တည်ထောင်ကြရာမှာ ကိုယ့်အဖွဲ့အစည်းရဲ့ မူဝါဒလမ်းစဉ် တွေကို ကိုယ့်ဘာသာကိုယ် ရေးဆွဲချမှတ်ခဲ့ကြတယ်။ လိုအပ်တဲ့ ငွေရေးကြေးရေး အတွက် လမ်းဘေးမှာ အကြော်ရောင်းရှာဖွေခဲ့ကြရတယ်။ အဖွဲ့အစည်း ရပ်တည်မှု အတွက် ကိုယ့်အား ကိုယ်ကိုးခဲ့ကြရတယ်။
ဒါကြောင့် ဒီနေ့ ပြည်တွင်းပြည်ပမှာ ရှိနေကြတဲ့ ၈၈ မျိုးဆက်တွေဟာ နိုင်ငံရေးပြဿနာတစ်ရပ်ကို ရှာဖွေချဉ်းကပ် အဖြေရှာကြရာမှာတစ်ဦးနဲ့တစ်ဦး နိုင်ငံရေးအယူအဆ ကွဲပြားခြားနားမှုတွေ ရှိတတ်ပါတယ်။ ၈၈၈၈ပန်းတိုင်ဆီသို့ ချီတက်ကြရာမှာ နည်းဗျူဟာအရ လျှောက်တဲ့လမ်းချင်း တူချင်မှ တူမယ်။ မဟာဗျူဟာကတော့ အားလုံး အတူတူသာလျှင် ဖြစ်ပါတယ်။
ပုံမှန်အချိန်တွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့NLD ရဲ့ နိုင်ငံရေးလမ်းကြောင်းအပေါ် အားမလို အားမရ ဝေဖန် ထောက်ပြမှုတွေရှိချင် ရှိခဲ့ကြမယ်။ဒီ ဝေဖန်ထောက်ပြမှု တွေ အားလုံးဟာဒေါ်စု နဲ့ NLD အပေါ် ချစ်တဲ့စိတ်ကို အရင်းခံတယ်လို့ မြင်ပါတယ်။ မည်သို့ပင် ဆိုစေNLD ရဲ့ နိုင်ငံရေးလမ်းကြောင်းနဲ့ ပါတ်သက်လို့ အယူအဆ တူသည် ဖြစ်စေ ၊ မတူညီသည် ဖြစ်စေ အရေးကြုံလာပြီဆိုရင် NLDကို ဝန်းရံခဲ့ကြစမြဲ ဖြစ်ပါတယ်။
NLD ပါတီ မိုးထဲရေထဲမှာ ရုန်းကန်နေရချိန် ၊ပြည်သူ့ကိုယ်စားလှယ်ဆိုသူတွေ NLD နဲ့ဒေါ်အောင်ဆန်းစုကြည်ကို စွန့်ခွာသွားကြချိန်မှာ ဒေါ်စု လွတ်မြောက်ရေး အတွက် တိုက်ပွဲဝင်ခဲ့ကြတာ ပြည်တွင်း ၊ ပြည်ပက ၈၈ မျိုးဆက်တွေ ဖြစ်ပါတယ်။
နယ်က NLD ပါတီဆိုင်းဘုတ်တွေ တစ်ခုပြီးတစ်ခု ပြုတ်ကျနေချိန်တွေမှာ လက်ချိုးရေတွက်လို့ရတဲ့လက်ကျန်အမာခံပါတီဝင်တွေနဲ့ လက်တွဲပြီး NLD ကို ကျားကန်ပေးခဲ့ကြတာ ၈၈ မျိုးဆက်တွေ ဖြစ်ပါတယ်။ NLD နဲ့ ၈၈ မျိုးဆက် တွေဟာ အရေးကြုံလာတိုင်း သွေးစည်းခဲ့ကြစမြဲဆိုတာ ( ၂၅ ) နှစ်တာသမိုင်းက သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။
ဒီမိုကရေစီအရေးနဲ့ ပါတ်သက်လာရင်၈၈ တွေရဲ့သမိုင်း ဘယ်တုန်းကမှ မရိုင်းခဲ့ဘူးဆိုတာ ယုံကြည်လိုက်ပါ မိတ်ဆွေ။

( ကိုဘုန်းဆွေ )

ဗဟိုအတိုင်ပင်ခံများ ရပ်တည်မှုအပေါ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှစ်ခြိုက်အားရမှုရှိ



ညီညွတ်ရန်နှင့် အောင်မြင်အောင်လုပ်ရန် ကြံ့ခိုင်ရေးနာယကကြီး မှာကြား

ရန်ကုန်၊ ဒီဇင်ဘာ ၁၉
 မြန်မာသံတော် ဆင့်

ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင်  ““အဓိကကတော့ အခြေခံဥပဒေ ကိစ္စပဲထင်တယ် ကျန်တာကတော့ ရှိမှာမဟုတ်ပါဘူး အဲဒါနဲ့ပဲ အချိန်ကုန်လိမ့်မယ်”” . . .

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟို အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကို ဒီဇင်ဘာ ၂၄ ရက်တွင် ကျင်းပရန် စီစဉ်ထားပြီး ဒီဇင်ဘာ ၂၈ ရက်တွင် ဗဟိုကော်မတီ အစည်းအဝေးကို တက်ရောက်ရန် အတွက် တစ်ပြည်လုံးရှိ ဗဟိုကော်မတီဝင် ၃၀၀ ကျော်အား ဖိတ်ကြားထားကြောင်း ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီဝင် ဦးစောထား လုံက မြန်မာသံတော် ဆင့်သို့ ပြောသည်။

ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ် အမှုဆောင်အဖွဲ့တွင် ယခင်က ပါတီဥက္ကဋ္ဌဦးသိန်းစိန် (နိုင်ငံတော်သမ္မတ) ဦးဆောင်၍ ဗဟိုအတိုင်ပင်ခံ ၃ ဦးဖြစ်သော ဦးအောင်သောင်း (ယခင် စက်မှု ၁ ၀န်ကြီး)၊ ဦးတင်ထွတ် (ယခင်တိုင်းမှူးဗိုလ်ချုပ်)၊ ဦးစိုးသာ (ယခင် အမျိုးသားစီမံကိန်းဝန်ကြီး) တို့က ပါတီ၏ မူဝါဒ ရေးရာများကို အဓိကထား ကိုင်တွယ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များမှာ ယခင် နယက အစိုးရ လက်ထက်က ၀န်ကြီး၊ ဒုဝန်ကြီး အများစုဖြစ်၍ ပါတီဥက္ကဋ္ဌနှင့် စီနီယာဝန်ကြီးများ ဖြစ်ကြသော ဗဟိုအတိုင်ပင်ခံများကို လွန်ဆန်ခြင်း မပြုကြဘဲ ၎င်းတို့၏ ဆွေးနွေး လိုလားချက်များဖြင့်သာ ပါတီ၏ လုပ်ငန်းစဉ်များကို လုပ်ဆောင်ခဲ့ကြောင်း ပါတီ၏ ၀ါရင့် ဗဟိုအလုပ်အမှုဆောင် တစ်ဦးက မြန်မာသံတော် ဆင့်သို့ ပြောကြားခဲ့သည်။ …

ဒီဇင်ဘာ ၂၄ ရက် ၀န်းကျင်တွင် ကျင်းပမည့် အာဏာရ ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် အဓိကထား ဆွေးနွေးမည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍ ပါတီ၏ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းကို ဒီဇင်ဘာ ၁၉ ရက်တွင် မြန်မာသံတော်ဆင့်က ဆက်သွယ် မေးမြန်းခဲ့ရာ ““ အဓိက ကတော့ အခြေခံဥပဒေ ကိစ္စပဲ ထင်တယ်။ ကျန်တာကတော့ ရှိမှာမဟုတ်ပါဘူး။ အဲဒါနဲ့ပဲ အချိန်ကုန် လိမ့်မယ် ””ဟု ပြောသည်။

ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် အခြေခံဥပဒေ၌ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေးအတွက် ပြင်ဆင်ပေးနိုင်ရန် ရှိမရှိကိုလည်း ““ဒီဟာကတော့ တစ်ဦးချင်း အနေနဲ့တော့ ဘာမှ သိပ်ပြီးတော့ သဘောထား ပေးစရာ မရှိဘူး။ သို့သော် ဗဟို ကော်မတီမှာတော့ ဆွေးနွေးလိမ့်မယ် ထင်တာပဲ။ ပါလိမ့်မယ်ထင်တယ် ဒီကိစ္စ။ အချက်တော်တော်များများ ပါမယ်။ ဘာလို့လဲဆိုတော့ ဒီအချက်အလက်တွေက အရေးကြီး နေတာကိုး။ အဲဒီကိစ္စတို့၊ ၂၃၆ ကိစ္စတို့ တိုင်းရင်းသားတွေကို ပိုပြီးတော့ လုပ်ပိုင်ခွင့်တွေ ပေးရေးကိစ္စ တွေ သေချာပေါက် ပါမှာပါ”” ဟု ဦးအောင်သောင်းက ၎င်း၏ သဘောထားအမြင်ကို ပြောကြားသည်။

ယခင်နယက အစိုးရအဖွဲ့ဝင်များနှင့် အာဏာရကြံ့ခိုင်ရေးပါတီ အကြီးအကဲများ၏ နိုင်ငံရေးဆရာကြီး တစ်ဦးအဖြစ် လေးစားခြင်း ခံနေရသူ ဦးအောင်သောင်း အနေဖြင့် လွန်ခဲ့သော လပိုင်းက စစ်အစိုးရ အကြီးအကဲ ဖြစ်ခဲ့သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို သွားရောက် ဂါရ၀ပြု တွေ့ဆုံခဲ့ကြောင်း၊ ဗိုလ်ချုပ်မှူး ကြီးသန်းရွှေက ပါတီနှင့် ၎င်း၏ တပည့်များဖြစ်ကြသည့် အစိုးရ၊ လွှတ်တော်နှင့် ကြံ့ခိုင်ရေးပါတီ အကြီးအကဲ များကို မည်ကဲ့သို့ မှာကြားသည်ကို ဦးအောင်သောင်းအား မေးမြန်းခဲ့ရာ ““ထွေထွေထူးထူး မရှိဘူးဗျ။ ကျွန်တော်တို့မှာ ဧည့်သည်တွေ များနေလို့ ကျွန်တော်တို့က ခဏလေးပဲ။ ကျန်းမာ ချမ်းသာကြောင်းနဲ့ နေကောင်းလား ဒီလောက်လေးပဲ။ ဘာမှ ထွေထွေထူးထူး မရှိပါဘူး။ ကျန်းမာအောင်နေ၊ ညီညီညွတ်ညွတ် လုပ်ကြ၊ အောင်မြင်အောင် လုပ်ကြ။ ဒါပါပဲ””ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မှာကြားချက်ကို ပြောသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနေဖြင့် ဦးအောင်သောင်းနှင့် ဗဟိုအတိုင်ပင်ခံများ ပါတီကို ပဲ့ကိုင်ထိန်းကြောင်း နေသည့်အပေါ် ကျေနပ်အားရမှု ရှိ မရှိ မည်ကဲ့သို့ သဘောထား ရှိကြောင်း မေးမြန်းခဲ့ရာ ““သြော် နှစ်ခြိုက် ပါတယ်။ ဘာမှပြောတာ မရှိပါဘူး။ ကျွန်တော်တို့က သူ့လက်ထက်တည်းက ပါလာတာဆိုတော့ သဘောကျ ပါတယ်””ဟု ဦးအောင်သောင်းက မြန်မာသံတော်ဆင့်သို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ပြည်ထောင်စု လွှတ်တော် နာယက၊ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း လာရောက် ဂါရ၀ပြုစဉ်ကလည်း လက်ရှိနိုင်ငံရေးကို စိုးရိမ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်ဟု ဥက္ကဋ္ဌ သူရဦးရွှေမန်းက မီဒီယာများသို့ ပြောကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ကြံ့ခိုင်ရေးအသင်း ရှိစဉ်က ဗဟို နာယကကြီးအဖြစ် နှစ်ပေါင်း ၂၀ နီးပါး အကြီးအမှူး ပြုခဲ့ပြီ၊ လက်ရှိအစိုးရနှင့် လွှတ်တော်အကြီးအကဲများမှာ ၎င်း၏ ကြံ့ခိုင်ရေး အသင်းဝင်များဖြစ်၍ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ နိုင်ငံရေးသြဇာမှာ ကြီးမားလျက်ရှိကြောင်း နိုင်ငံရေး သုတေသီများက သုံးသပ် ထားကြသည်။