Monday, December 23, 2013

ယုံကြည်ရင် သူပြောတဲ့အတိုင်း၊ သူချိုးတဲ့အတိုင်း..... (ကိုမင်းကိုနိုင်)


Mya Thein

တကယ်တမ်း ခေါင်းဆောင်ကို ယုံကြည်ရင် သူပြောတဲ့အတိုင်း၊ သူချိုးတဲ့အတိုင်း ချိုးရမယ်..
ဒါကသိတ်အရေးကြီးတယ်..အမှားပါခဲ့ရင်တောင် ညီညွတ်တဲ့အခါကျ သက်သာတယ်ဗျ..
မှားတယ်မှန်တယ်ဆိုတာ လူဖြစ်တဲ့အတွက်ကြောင့် အထိုက်အလျောက်ရှိမယ်..
ဦးဆောင်သူနဲ့ နောက်ကလိုက်သူ တစ်သားတည်းကျရင် ဘာမဆိုရင်ဆိုင်ရတာ ပျော်တယ်ဗျ..
အဲဒီအချိန်မှာ အလံတွေ အသံတွေ အရောင်တွေ ရှုပ်သွား ထွေးသွားအောင် ကြိုးစားတဲ့သူလည်းကြိုးစားမှာပေါ့ ..
ကျွန်တော်တို့ အဲလိုဖြစ်အောင်လုပ်လို့ မရဘူး "

(ကိုမင်းကိုနိုင်)

 Messenger Journal 22.12.2013

သမ္မတ သက်တမ်း ငါးနှစ် တာ ရည်မှန်းချက်

ဘင်္ဂလားဒေရှ့်နိုင်ငံကိုရောက်ရှိသောရခိုင်တိုင်းရင်းသားများမောင်တောမြို့နယ်အတွင်းသို့လာရောက်ခိုလှုံသူဦးရေ(၁၀၀၀)ကျော်ရှိနေ

မြဝတီဘက် ကို ဒီလိုသယ်လာပြီး လူတိုင်းစီးနိုင်ကြပါစေ

FB လူမှုကွန်ယက်တန်ခိုးကြောင့် အဘသခင်လှကြိုင်အိမ်ဆောက်နိုင်ပြီ


 Posted by Kyi Linn.

ပဲခူးမြို့ တံတားပေါ်တွင် တောင်းရမ်းစားသောက်နေရသောတော်လှန်ရေး ရဲဘော်ဟောင်း၊အသက်(၉၃)နှစ်အရွယ်ရှိ သခင်လှကြိုင်သည် ပဲခူးမြို့ပေါ်ရှိ Facebook သုံးစွဲသူတစ်ဦးကြောင့်(၆.၁၁.၂၀၁၃)နေ့တွင် တကမ္ဘာ လုံးသိရှိသွားပြီး ဂရုဏာရှင်များ၏စေတနာနှင့် မြန်မာနိုင်ငံ စစ်မှု့ ထမ်းဟောင်း အဖွဲ့ တို့၏ကောင်းမှု့ တို့ကြောင့် အလှူငွေများ ရရှိခဲ့ပြီး တောင်းရမ်းစားသောက်ရသည့်ဘ၀မှ လွတ်မြောက်ခဲ့ပါသည်။ သခင်လှကြိုင်သည် နေထိုင်စရာအိမ်မရှိသဖြင့် ပဲခူးမြို့ အိုးလေးစုရပ်ကွက် မဇင်းချောင်းနဘေးတွင် တဲထိုးနေထိုင်နေရရှာသောဘ၀မှ ယခုအခါ စေတနာ ရှင် များ ၀ိုင်းဝန်းလှူဒါန်းသော ငွေဖြင့်၎င်းရပ်ကွက် အတွင်း မြေတကွက်ဝယ်ကာ အိမ်ဆောက်နေနိုင်တော့မည်ဖြစ်ပါသည်။ ပဲခူးမြို့စစ်မှု့ထမ်းဟောင်းအဖွဲ့ မှ လစဉ် (၂၀၀၀၀ိ/)ထောက်ပံပေးနေပြီး မွေး/ရေ ၀န်ကြီးမှ လစဉ် (၆၀၀၀၀ိ/)ထောက်ပံပေးသွားမည်ဟု ပြောကြားထားကြောင်း သိရသည်။


</span>

ဂျာနယ်လစ်များနှင့် သတင်းလွတ်လပ်ခွင့်အတွက် သတိပေးခေါင်းလောင်းသံ



Eleven Media Group


ဂျာ ဂျာနယ်လစ်များနှင့် သတင်းလွတ်လပ်ခွင့်အတွက် သတိပေးခေါင်းလောင်းသံ၊ မျှော့ကြိုးသဖွယ် ဖြစ်နေသော ဥပဒေများက
ဂျာနယ်လစ်များအား ထောင်ဒဏ်ချမှတ် အရေးယူနိုင်သည်အထိ သက်ရောက်မှု ရှိနေဆဲ
===============================================
    Created on Sunday, 22 December 2013 18:45


သတင်းထောက်မခိုင် (ပုံသေး) နှင့် ၎င်းနေထိုင်ခဲ့သည့် အဆောင်ခန်းအား တွေ့ရစဉ်

၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်တွင် Eleven Media Group ၏ နယ်သတင်းထောက် မခိုင်အား လွိုင်ကော်မြို့ မြို့နယ်တရားရုံးက ပြစ်မှုဆိုင်ရာပုဒ်မ ၄၅၁၊ ပြစ်မှုဆိုင်ရာပုဒ်မ ၅၀၀၊ ပြစ်မှုဆိုင်ရာပုဒ်မ ၂၉၄ (ခ) တို့ဖြင့် ထောင်ဒဏ်သုံးလ ချမှတ်ခဲ့သည်။

သတင်းထောက် မခိုင်သည် သတင်းရယူနေစဉ် ကာလအတွင်း အိမ်ကျော်နင်းမှု၊ အသေရေဖျက်မှု၊ ညစ်ညမ်းစွာပြောဆိုမှု အစရှိသည်တို့ဖြင့် တရားစွဲဆိုခံခဲ့ရပြီး ယင်းကဲ့သို့ ပြစ်ဒဏ်ကျခံခဲ့ရသည်။

ထိုကဲ့သို့ ထောင်ဒဏ်ချမှတ်လိုက်ခြင်းသည် သမ္မတဦးသိန်းစိန်လက်ထက် သတင်းထောက်တစ်ဦးအား ပထမဆုံး ထောင်ချလိုက်ခြင်း ဖြစ်သည်။ မခိုင်၏ အမှုဖြစ်စဉ်တွင် ဆုံးဖြတ်ချက်ချခဲ့သော တရားသူကြီးသည် ၎င်းအားအပ်နှင်းထားသည့် အာဏာကို ကျော်လွန်ပြီး ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း မဟုတ်သော်လည်း သတင်းရယူခဲ့သည့် သတင်းထောက်တစ်ဦးအား အိမ်ကျော်နင်းမှုဖြင့် တရားစွဲဆိုခဲ့ခြင်းကို လက်ခံစဉ်းစားခဲ့ခြင်း၊ အသေရေဖျက်မှု၊ ညစ်ညမ်းစွာပြောဆိုမှုကဲ့သို့ အစဉ်အလာအားဖြင့် ငွေဒဏ်သာ ချမှတ်လေ့ရှိသည့် ပုဒ်မများဖြင့် ထောင်ဒဏ်ချလိုက်ခြင်းမှာ ဂျာနယ်လစ်များနှင့် အသွင်ကူးပြောင်းစ မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်အပေါ် သတိပေး ခေါင်းလောင်းသံများ ထွက်ပေါ်စေခဲ့သည်။

အမှုဖြစ်စဉ် အကျဉ်း 

သတင်းထောက် မခိုင်သည် အောက်တိုဘာ ၂၇ ရက် ည ၇ နာရီခွဲတွင် သတင်းမေးမြန်းရန် လွိုင်ကော်မြို့ လောဓမ္မရပ်ကွက်၌ နေထိုင်သူ အထက်တန်းရှေ့နေ ဒေါ်အေးအေးဖြိုး၏ နေအိမ်သို့ သွားရောက်ပြီး ထိုသို့သွားရောက်ရာတွင် ၎င်းနှင့်အတူ ဦးသန်းဇော်ဝင်း၏ဇနီး၊ ယောက်ဖတို့နှင့်အတူ သွားခဲ့သည်။

သတင်းထောက် မခိုင်နှင့်အတူပါသည့် ဦးသန်းဇော်ဝင်းသည် ဆင်ဆာမဲ့ခွေများ ငှားရမ်းမှုဖြင့် လွိုင်ကော်မြို့နယ် တရားရုံးက ဒဏ်ငွေတစ်သိန်း (ငွေဒဏ်) ချမှတ်ခံထားရသူ ဖြစ်သည်။

ယင်းငွေဒဏ် ချမှတ်ခံရသည့် အမှုတွင် သိမ်းဆည်းခံရသော ဆင်ဆာမဲ့အခွေများ၌ ဦးသော်တာသိန်းဆိုသူ၏ မူပိုင်မြန်မာဇာတ်ကား ၁၃ ကား ပါဝင်ကြောင်းနှင့် ယင်းအမှုတွင် ဦးသော်တာသိန်းက တရားလိုအဖြစ် ထွက်ဆိုခဲ့ကြောင်း သိရသည်။

ဦးသော်တာသိန်းသည် ရှေ့နေဒေါ်အေးအေးဖြိုး၏ တရားလိုဖြစ်ပြီး ဦးသော်တာသိန်းက ရှေ့နေငှားရမ်းခနှစ်သိန်း ဒေါ်အေးအေးဖြိုးသို့ သွားပေးရန် ဦးသန်းဇော်ဝင်းကို တောင်းဆိုထားခြင်းကြောင့် ဦးသန်းဇော်ဝင်းက ယင်းကိစ္စကို ညှိနှိုင်းရန် ဒေါ်အေးအေးဖြိုးထံသို့ သွားရောက်ခြင်းဖြစ်ပြီး ယင်းကိစ္စကို သတင်းရယူရန် သတင်းထောက် မခိုင်က လိုက်ပါသွားခြင်းဖြစ်ကြောင်း သိရသည်။
အမှုစစ်ဆေးစဉ် ကာလတစ်လျှောက် စစ်ဆေးမှု ဖြစ်စဉ်များကို ပြည်နယ်တရားလွှတ်တော်သို့ တင်ပြခဲ့ခြင်း မရှိဟု ဦးမြမင်းဟန်က ငြင်းဆိုသော်လည်း အမှုစစ်ဆေးသည့် နေ့ရက်တိုင်း ပြည်နယ်တရားလွှတ်တော်သို့ အစီရင်ခံရကြောင်း . . . . .

ထိုသို့ လိုက်ပါသွားရာတွင်  ဦးသန်းဇော်ဝင်းနှင့် မခိုင်တို့ကို အိမ်ရှင်ဖြစ်သူက တံခါးဖွင့်ပေးခဲ့ပြီး ဦးသန်းဇော်ဝင်းက ရှေ့နေဒေါ်အေးအေးဖြိုးကို ရှေ့နေခ မပေးနိုင်သေးခြင်းအား တောင်းပန်ခဲ့သည်။ ထိုသို့တောင်းပန်ခဲ့ပြီးနောက်ပိုင်း ရှေ့နေဒေါ်အေးအေးဖြိုးက မခိုင်အား မေးမြန်းခွင့် ပြုခဲ့သည်။ မေးမြန်းခြင်းမပြုမီ အချိန်မှာပင် ၎င်းသည် သတင်းထောက်တစ်ဦးဖြစ်ကြောင်း ကြိုတင်ပြောဆိုခဲ့ကြောင်း သိရသည်။ မေးမြန်းရာတွင် “ရှေ့နေခ ဘယ်လောက်ပေးသလဲ” ဟု မေးမြန်းချိန်၌ ဒေါ်အေးအေးဖြိုးက စိတ်ဆိုးပြီး ၎င်း၏ဖခင် ဦးအောင်ရှိန်ကိုခေါ်၍ နေအိမ်အတွင်းမှ မောင်းထုတ်ခဲ့သဖြင့် ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။

ဒေါ်အေးအေးဖြိုး၏ ဖခင်ဖြစ်သူ ဦးအောင်ရှိန်သည် NLD ပါတီ၏ ခရိုင်ဥက္ကဋ္ဌဖြစ်ပြီး ရှေ့နေအဖြစ် လုပ်ကိုင်ခဲ့ဖူးသူ ဖြစ်သည့်အပြင် မှုခင်းသတင်းထောက် တာဝန်ကို ထမ်းဆောင်နေသူဖြစ်သည်။ ဒေါ်အေးအေးဖြိုး၏ ခင်ပွန်းမှာ စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ (စရဖ) မှ ဗိုလ်ကြီးချမ်းမြေ့အောင်ဖြစ်ပြီး အမှုစစ်ဆေးစဉ်က တရားခွင်သို့ မကြာခဏ လာရောက်ခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၂၇ ရက်က ဖြစ်ပွားခဲ့သော ထိုကိစ္စရပ်နှင့် စပ်ဆက်ပြီး အောက်တိုဘာ ၂၉ ရက်တွင် မခိုင်နှင့် ဦးသန်းဇော်ဝင်းတို့အား တရားရုံးက ဆင့်ခေါ်သဖြင့် သွားရောက်ခဲ့ပြီး ထိုသို့ဆင့်ခေါ်ရ ခြင်းမှာ ရှေ့နေဒေါ်အေးအေးဖြိုးက တရားလိုပြုလုပ်၍ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ယင်းအမှုကို ပုဒ်မ ၄၅၁၊ ပုဒ်မ ၅၀၀၊ ပုဒ်မ ၂၄၉ (ခ) တို့ဖြင့် လွိုင်ကော်မြို့နယ် ဒုတိယမြို့နယ် တရားသူကြီး ဦးမြမင်းဟန်က စစ်ဆေးခဲ့ပြီး အချိန်တစ်လခွဲအတွင်း သတင်းထောက် မခိုင်နှင့် ဦးသန်းဇော်ဝင်းတို့ကို ထောင်ဒဏ်သုံးလစီ ချမှတ်ခဲ့ခြင်းဖြစ်သည်။

တရားသူကြီး၏ ပြောကြားချက်  

မခိုင်ကို ထောင်ဒဏ်ချမှတ်ခဲ့သည့် ကိစ္စရပ်နှင့် ပတ်သက်ပြီး Eleven Media Group ၏ သတင်းအဖွဲ့သည် လွိုင်ကော်မြို့သို့ သွားရောက်စုံစမ်းခဲ့ရာ ဒုတိယမြို့နယ် တရားသူကြီး ဦးမြမင်းဟန် တစ်ဦးတည်းကသာ တရားဝင်ဖြေကြားမှု ပြုလုပ်ခဲ့ပြီး တရားခံရှေ့နေ အပါအ၀င် အခြားသူများမှာ တရားဝင်ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။

ထိုအခြေအနေက နယ်မြို့များတွင် အုပ်ချုပ်ရေးပိုင်းနှင့် တရားစီရင်ရေးပိုင်းမှ ပုဂ္ဂိုလ်များကို မြို့ခံများက ကြောက်လန့်လေ့ရှိခြင်းကို ပြဆိုလျက်ရှိသည်။

ဒုတိယမြို့နယ် တရားသူကြီး ဦးမြမင်းဟန်ကို Eleven Media Group က သီးသန့်တွေ့ဆုံခဲ့ပြီး မေးမြန်းခဲ့သော မေးခွန်းများကို ရဲရဲဝံ့ဝံ့ပင် ဖြေကြားခဲ့ပြီး အမှုကိစ္စနှင့် ပတ်သက်၍ စနစ်တကျ ပြင်ဆင်မှုများ ပြုလုပ်ထားသည်ဟု သတင်းပေးပို့ချက်များအရ သိရသည်။

“တရားလိုနဲ့ တရားလိုပြ သက်သေတွေကို စစ်ဆေးမေးမြန်းချက်တွေ တရားခံရဲ့ရှေ့နေ ဦးစောဖကြာရဲ့ အပြန်အလှန် စစ်မေးချက်တွေအရ တရားခံတွေအပေါ်ကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၅၁ ပထမပိုင်း၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၄ (ခ) ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၀ အရ စွဲချက်တင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။ ပုဒ်မသုံးခုလုံးနဲ့ စွဲချက်တင်တာကတော့ ဒေါ်ခိုင်ခိုင်အေးချို (မခိုင်) ကိုပါ။ ကိုသန်းဇော်ဝင်း အပေါ်ကို စွဲချက်တင်တာကတော့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၅၁ ပထမပိုင်း ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၄ (ခ) အရ စွဲချက်တင်တာ ဖြစ်ပါတယ်။ နောက်တရားခံနဲ့ တရာခံပြသက်သေ ငါးယောက်ကို စစ်ဆေးပါတယ်။ စစ်ဆေးပြီးတဲ့အခါမှာ အခုလ ၁၇ ရက် ၁၂ လ ၂၀၁၃ ရက်မှာ အပြီးသတ် အမိန့်ချမှတ်တာ ဖြစ်ပါတယ်” ဟု Eleven Media Group ၏မေးခွန်းမေးမြန်းမှုကို ဦးမြမင်းဟန်က ပြန်လည်ဖြေကြားရာ၌ ပြောကြားခဲ့သည်။

“အမှုတွဲတစ်ခုလုံးရဲ့ စစ်ဆေးတွေ့ရှိချက်တွေအရ တရားခံ မခိုင်အပေါ်ကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ပထမပိုင်းအရ ထောင်ဒဏ်သုံးလ၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၄ (ခ) အရ ထောင်ဒဏ်တစ်လ၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၀ အရ အလုပ်လက်မဲ့ ထောင်ဒဏ်တစ်လ စုစုပေါင်း တစ်ပေါင်းတည်း ကျခံစေရန် အမိန့်ချမှတ်ပေးတာ ဖြစ်တဲ့အတွက် မခိုင်ကျခံရမယ့် ထောင်ဒဏ်က သုံးလပဲဖြစ်ပါတယ်။ နောက်တစ်တရားခံဖြစ်တဲ့ ကိုသန်းဇော်ဝင်းနဲ့ ပတ်သက်ပြီးတော့  ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၅၁အရ ထောင်ဒဏ်သုံးလ၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၄ (ခ) အရ ထောင် ဒဏ်တစ်လ တစ်ပေါင်းတည်းကျခံ စေတာဖြစ်တဲ့အတွက် ကိုသန်းဇော်ဝင်းလည်း ထောင်ဒဏ်သုံးလ ကျခံခဲ့ရတာပဲ ဖြစ်ပါတယ်” ဟု ဦးမြမင်းဟန်က ဆိုပါသည်။

ထို့ပြင် အမှုကို စစ်ဆေးရာ၌ နှစ်ကုန်လက်ကျန် ကျဆင်းရေးအတွက် ရည်ရွယ်ပြီး အချိန်တစ်လကျော်အတွင်း ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အခုအမှုနဲ့ ပတ်သက်ပြီးတော့ တစ်လခွဲပဲ ကြန့်ကြာတယ်ဆိုတာက တရားလိုပြသက်သေ အားလုံးပေါင်းငါးယောက် စစ်ဆေးခဲ့ပါတယ်။ တရားခံနဲ့ တရားခံပြသက်သေ သုံးယောက်ဆိုတော့ စုစုပေါင်း ငါးယောက်နှစ်ဖက်ကိုမှ ၁၀ ယောက်ပဲ စစ်ရတာပါ။ ပြီးတော့ စပြီးတော့ ရုံးချိန်းဖြစ်တဲ့ တရားခံမခိုင်တို့၊ ကိုသန်းဇော်ဝင်းတို့ အပေါ်ကို အာမခံပေးတဲ့နေ့မှာပဲ မခိုင်ဟာ ကျွန်တော့်ကို တင်ပြထားတာ ရှိပါတယ်။ သူက သတင်းထောက်တစ်ယောက် ဖြစ်ပါတယ်။ တခြားတစ်မြို့တစ်ရွာကနေ လာပြီးတော့ ပြဿနာဖြစ်ခဲ့ရတာ ဖြစ်တဲ့အတွက် အမှုကို အတတ်နိုင်ဆုံးနဲ့ အမြန်ဆုံး စစ်ဆေးပေးဖို့ သူကိုယ်တိုင် ရုံးရှေ့မှာလျှောက်ထားထားတာ ရှိသလို ကျွန်တော်ကလည်း အမှုလက်ကျန် ကျဆင်းရေး စီမံချက်လည်း ရှိတဲ့အတွက် အမှုကို မှန်မှန်နဲ့မြန်မြန် စီရင်ပေးရတာ ဖြစ်ပါတယ်” ဟု ဦးမြမင်းဟန်က ဆိုသည်။

အမှုကို စစ်ဆေးရာတွင် မခိုင်ကို သတင်းထောက်အဖြစ် စဉ်းစားခြင်း မရှိခဲ့ကြောင်း၊ အမှုကို စတင်တိုင်ကြားစဉ်က မခိုင်သည် Eleven Media Group ၏ သတင်းထောက်ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ တရားစွဲဆိုခြင်းသည် ထူးခြားသည့် ဖြစ်စဉ်ဖြစ်ကြောင်း ပြည်နယ်တရားလွှတ်တော်သို့ တင်ပြခဲ့သည်ဟု ဦးမြမင်းဟန်က ဆိုသည်။

“ကျွန်တော်က မခိုင်ကို သတင်းထောက်တစ်ယောက် အနေနဲ့ မမြင်ခဲ့ဘူး။ သူသတင်းထောက်ဆိုတာကိုမှ ကျွန်တော် သေသေချာချာ မေးမြန်းခဲ့တာ မရှိဘူး။ သူ့ရဲ့တင်ပြချက်အရ ကျွန်တော် သတင်းထောက်ဆိုတာ သိတယ်” ဟု ဦးမြမင်းဟန်က ပြောပါသည်။
တရားစီရင်ရေး နယ်ပယ်မှ တရားသူကြီးများ လာဘ်စားခြင်း၊ တရားဥပဒေများက လိုရာဆွဲ အသုံးချနိုင်သည့် မျှော့ကြိုးဖြစ်နေခြင်း၊ လာဘ်ပေးလာဘ်ယူမှုများကို အစိုးရက ထိရောက်စွာ မကိုင်တွယ်ခြင်းတို့ကြောင့် တရားမျှတမှု မရှိသော အမှုများ ပေါ်ပေါက်နေခြင်းဖြစ်ကာ . . . . .

“ပြည်နယ်တရားလွှတ်တော်ကို ထူးခြားဖြစ်စဉ် သဘောမျိုးနဲ့ တင်ပြတာကလွဲရင် ကျန်တာဘာမှ တင်ပြရတာမျိုး မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အမှုတိုင်ကြားလာတဲ့ အခါမှာ မခိုင်ဟာ သတင်းထောက်ဖြစ်တယ် ဆိုတဲ့အကြောင်း၊ ဒီလို တရားစွဲဆိုတာဟာ ထူးခြားတဲ့ဖြစ်စဉ် ဖြစ်တယ်။ ဒါကြောင့်မို့ ထူးခြားဖြစ်စဉ် ဖြစ်တယ်လို့ ကျွန်တော်ရေးပြီးတော့ Report တင်ခဲ့တာကလွဲရင် ကျွန်တော့်လူကြီးတွေက ဒီကိစ္စနဲ့ ခေါ်ပြီးတော့ မေးတောင်မမေးဖူးသေးဘူး။ အခုမှသာ အမိန့်ချမှတ်ပြီးတော့မှသာ ခေါ်မေးတာပေါ့။ စီရင်ချက် ချပြီးပြီးချင်း Report မလုပ်ရပါဘူး။ စီရင်ချက်ချပြီးနောက် နေ့ ၉ နာရီလောက်မှာ ဒီတရားခံ မခိုင်တို့ကို သန်းဇော်ဝင်းတို့ကို အမိန့်ချတယ်လို့ ကျွန်တော့်အထက်လူကြီးတွေ သိပါတယ်။ သိတဲ့အချိန်မှာ မင်းဘာအမိန့်ချလဲလို့ မေးတဲ့အခါမှာ ကျွန်တော်သွားရောက်ပြီးတော့ တင်ပြခဲ့တာသာ ဖြစ်ပါတယ်။ အမိန့်ချပြီး နောက်တစ်နေ့မှ သူတို့သိတာပါ” ဟု ဦးမြမင်းဟန်က ပြောကြားသည်။

အမှုစစ်ဆေးစဉ် ကာလတစ်လျှောက် စစ်ဆေးမှု ဖြစ်စဉ်များကို ပြည်နယ်တရားလွှတ်တော်သို့ တင်ပြခဲ့ခြင်း မရှိဟု ဦးမြမင်းဟန်က ငြင်းဆိုသော်လည်း အမှုစစ်ဆေးသည့် နေ့ရက်တိုင်း ပြည်နယ်တရားလွှတ်တော်သို့ အစီရင်ခံရကြောင်း Eleven Media Group မှ စုံစမ်းသိရှိရသည်။ ထို့အပြင် ဦးမြမင်းဟန် မြောင်းမြမြို့တွင် တာဝန်ထမ်းဆောင်စဉ် အချိန်က ၎င်း၏အထက်အရာရှိဖြစ်သော ဒေါ်သန်းသန်းအေးမှာလည်း ယခုအချိန်တွင် ကယားပြည်နယ် တရားလွှတ်တော် တရားသူကြီး ဖြစ်သည်။

ဦးမြမင်းဟန်နှင့် တရားစီရင်ရေး၏ နောက်ကွယ်   

လွိုင်ကော်မြို့နယ် တရားစီရင်ရေး နယ်ပယ်၌ ရှေ့နေသုံးဦးသာရှိသော အခြေအနေတွင် မခိုင်အမှု၌ တရားလိုဖြစ်သော ဒေါ်အေးအေးဖြိုးမှာ လွိုင်ကော်မြို့နယ် တရားရုံးတွင် အထက်တန်းရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်နေသော အမှုများစွာ ရှိနေသည့်အပြင် ဒုတိယမြို့နယ် တရားသူကြီး ဦးမြမင်းဟန် အလုပ်ပိုင်းဆိုင်ရာ ကြုံဆုံမှုများ ရှိနေသည့်အပြင် ခင်ပွန်းဖြစ်သူ စရဖဗိုလ်ကြီး ချမ်းမြေ့အောင် တရားခွင်သို့ လာရောက်ခြင်းမှာလည်း ဖိအားပေးရာရောက်ကြောင်း လွိုင်ကော်ဒေသခံများက ပြောပါသည်။

“ဒီအမှု စစ်နေဆဲမှာရော ဒီအမှု အမိန့်ချပြီးတဲ့နောက်မှာရော နောက်ထပ်စစ်ဆေးနေဆဲ အမှုမှာရော သူက အထက်တန်းရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်တာ၊ ကျွန်တော့်ဆီမှာ စစ်ဆေးနေတဲ့အမှု လေးငါးမှု ရှိပါတယ်။ ပိုပြီးရင်းနှီးမှုရှိတယ် ဆိုတာထက် အလုပ်နဲ့ပတ်သက်ပြီး မခိုင်ထက်စာရင် ပိုတွေ့ဖူးတာပေါ့” ဟု ဦးမြမင်းဟန်က ပြောကြားသည်။

မြန်မာ့ တရားစီရင်ရေး စနစ်၏ ဖြစ်ပေါ်နေသော ပုံစံအရ နယ်မြို့များရှိ ရှေ့နေအများစုသည် “အမှုပွဲစား” ကဲ့သို့ ဖြစ်နေသည့်အပြင် တရားသူကြီးများကို လာဘ်ငွေပေးရာတွင် ရှေ့နေများလည်း ပါဝင်ပတ်သက်မှုရှိကြောင်း ဒီဇင်ဘာ လဆန်းပိုင်းက ထုတ်ပြန်ခဲ့သော နိုင်ငံတကာ ဥပဒေပညာရှင်များအဖွဲ့ (ICJ) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထိုအချက်ကလည်း ဦးမြမင်းဟန်၏ ဆုံးဖြတ်ချက်ကို သံသယဖြစ်ဖွယ် အကြောင်းတစ်ရပ် ဖြစ်စေခဲ့သည်။   

ဦးမြမင်းဟန်က ၎င်းအနေဖြင့် တာဝန်ထမ်းဆောင်ခဲ့သည့် ကာလတစ်လျှောက် အမှုများကို အမိန့်ချမှတ်ရာတွင် အဂတိ ကင်းရှင်းသည်ဟု ‘လက်မထောင်နိုင်ကြောင်း’ ပြောဆိုခဲ့သည်။ ထို့အပြင် မည်သည့်စုံစမ်းစစ်ဆေးမှုမှ မခံရကြောင်းနှင့် မည်သည့်ပြစ်ဒဏ်မှ မရှိဘဲ လွိုင်ကော်မြို့သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း အဂတိလိုက်စားမှု ကင်းရှင်းကြောင်းနှင့် မည်သည့်စုံစမ်း စစ်ဆေးမှုမျှ မခံရကြောင်း ဦးမြမင်းဟန်က ငြင်းဆိုခဲ့သော်လည်း မြောင်းမြမြို့နှင့် ဘိုကလေးမြို့များတွင် ဦးမြမင်းဟန် တာဝန်ထမ်းဆောင်စဉ် အချိန်က တိုင်ကြားခံရသော အမှုပေါင်း ဒါဇင်ထက်မနည်း ရှိခဲ့ပြီး စစ်ဆေးရေးအဖွဲ့က ခုံရုံးဖွဲ့ စစ်ဆေးမှုများ ရှိခဲ့သည်ဟု မြောင်းမြမြို့ခံများ၏ ပြောကြားချက်အရ Eleven Media Group က စုံစမ်းသိရှိရသည်။

ထိုကိစ္စရပ်များအနက် “ဒုတိယမြို့နယ် တရားသူကြီး၏ ရာထူးကို ထောက်ထားခြင်းမပြုဘဲ မိန်းမနှင့်ကလေး ရှိပါလျက် နောက်မိန်းမနှင့် ချိန်းတွေ့ပြီး ပြည်သူတစ်ဦးအား ဥပဒေမဲ့ ရန်ပြု၊ ခြိမ်းခြောက် ကြိမ်းမောင်းသူ ဒုတိယတရားသူကြီး ဦးမြမင်းဟန်အား ဥပဒေအရ တရားစွဲဆို အရေးယူနိုင်ရေးအတွက် ခွင့်ပြုမိန့်ပေးရန်” ၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၂ ရက် ရက်စွဲဖြင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ လိပ်မူပြီး  ဦးသက်ပိုင်ဖြိုးက တိုင်ကြားသည့် တိုင်ကြားစာ၊ ၂၀၁၀ ပြည့်နှစ်က ဖြစ်ပွားခဲ့သော ခွေးကိုက်ခံရသည့် အမှုတွင် တရားခံဟု စွပ်စွဲခံရသူ ဦးဆန်းဦးက လာဘ်ငွေကျပ်နှစ်သိန်း ပေးဆောင်သည့်အမှု၌ တရားလိုက လာဘ်ငွေပိုပေးသောကြောင့် တရားခံကို ပြစ်မှုဆိုင်ရာပုဒ်မ ၂၈၉ ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်လ ချမှတ်ခဲ့ခြင်း စသည်တို့အပြင် ဦးမြမင်းဟန်ကို ၎င်းတို့ကိုယ်တိုင် လာဘ်ငွေပေးရသည်ဟု ၀န်ခံပြောကြားထားသည့် ကိုနောင်နောင်နှင့် အခြားသူများ၊ တရားလွှတ်တော် ရှေ့နေများ ပြောကြားချက် များစွာကိုလည်း Eleven Media Group က ရရှိထားသည်။

ထို့အပြင် မြောင်းမြမြို့တွင် ဦးမြမင်းဟန် တာဝန်ထမ်းဆောင်စဉ်က ၎င်းအားတိုင်ကြားသူ များပြားသောကြောင့် စစ်ဆေးရေးအဖွဲ့ဖွဲ့ကာ စစ်ဆေးခဲ့ရသည့် ဖြစ်စဉ်လည်းရှိကြောင်း ဦးမြမင်းဟန်အား စစ်ဆေးရာတွင် ပါဝင်ခဲ့ပြီး မြောင်းမြတရားရုံးတွင် တာဝန်ထမ်းဆောင်ခဲ့သည့် တရားရေး ၀န်ထမ်းတစ်ဦးက ပြောကြားသည်။

“သူ့ကိုစစ်တုန်းက ဆရာပါတယ်။ သူ့ကို တိုင်ထားတာက များတယ်လေ။ လာဘ်စားတာရော၊ အမှုကို မတရား ဆုံးဖြတ်တာရော၊ အရင်အချိန်ကဆိုတော့ အရေးယူတာတော့ မလုပ်ဘူး။ နယ်ပြောင်းပေးလိုက်တယ်” ဟု မြောင်းမြတရားရုံးတွင် တာဝန်ထမ်းဆောင်ခဲ့သည့် တရားရေး ၀န်ထမ်းကဆိုသည်။

“မြောင်းမြမှာ သူတာဝန်ထမ်းဆောင်စဉ် အချိန်က သူဘာတွေ လုပ်ခဲ့သလဲဆိုတဲ့ အထောက်အထားတွေကို ကျွန်တော်တို့ ရထားတယ်။ လိုအပ်မယ်ဆိုရင် ဒါကိုထုတ်ဖော် ပြောကြားသွားမှာပါ။ ဒီလိုထုတ်ဖော် ပြောကြားတာက သူတစ်ယောက်တည်းကို အပြစ်ကျစေချင်လို့ မဟုတ်ပါဘူး။ တရားစီရင်ရေး စနစ်ကြီးတစ်ခုလုံး ပျက်နေတာကို ပြောချင်တာပါ” ဟု Weekly Eleven News ဂျာနယ်၏ သတင်းထောက်ချုပ် ကိုမာန်သူရှိန်က ပြောကြားသည်။

မြန်မာ့တရားစီရင်ရေး စနစ်တွင် တရားသူကြီးများ မလျော်မကန် ပြုလုပ်မှုများ ရှိပါက ပြစ်ဒဏ်ပေးမှု နည်းပါးပြီး နယ်ပြောင်းရွှေ့ပေးခြင်းသာ ရှိပါသည်။ ထို့အတွက်ကြောင့် နယ်ပြောင်းခံရသူ တရားသူကြီးများသည် ၎င်းတို့ပြောင်းရွှေ့ တာဝန်ထမ်းဆောင်သည့် နယ်မှာပင် ယခင်ကဖြစ်ပွားခဲ့သော ပြဿနာများနည်းတူ အလားတူ ပြဿနာများ ဆက်လက်ဖြစ်ပွားလေ့ ရှိကြသည်။

ယခုအမှု ဖြစ်စဉ်တွင်လည်း အမှုဖြစ်စဉ်၏ အမှား၊ အမှန်ကို တရားသူကြီး ဦးမြမင်းဟန် တစ်ဦးတည်းကသာ သိရှိနိုင်မည်ဖြစ်ပြီး တရားစီရင်ရေး၏ နောက်ကွယ်တွင် အုပ်ချုပ်ရေးမဏ္ဍိုင်က ပါဝင်ပတ်သက်မှု မည်မျှရှိသည် ဆိုခြင်းကို မှန်ကန်မျှတသည့် စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းပြီး လုပ်ဆောင်မှသာ သိရှိနိုင်မည်ဖြစ်သည်။
အမှုဖြစ်စဉ်သည် သာမန်ဖြစ်ရိုးဖြစ်စဉ် မဟုတ်ဘဲ ဥပဒေနှင့် ဆက်နွှယ်နေသူ တစ်ဦး၏ Bribery (လာဘ်ငွေပေးမှု)နှင့် ဆက်စပ်နေသည့်အပြင် တရားလိုများမှ ဥပဒေ ကျွမ်းကျင်သူများ ဖြစ်နေသည့်အတွက် ဥပဒေထောင်ချောက် အတွင်းသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်ဟု . . . . .

ယခုအချိန်တွင်မူ တရားစီရင်ရေးဘက်တွင် အကြောင်းပြချက်များစွာ ရှိနေပြီး အသရေဖျက်မှုချင်းတူသည့် အမှုမှာပင် ထောင်ဒဏ်ချမှတ်ခြင်းနှင့် ငွေဒဏ်သာချမှတ်ခြင်းတို့၌ မည်သည့်အတွက်ကြောင့် ထောင်ဒဏ်ချမှတ်ရသည်၊ မည်သည့်အတွက်ကြောင့် ငွေဒဏ်ချမှတ်ရသည် အစရှိသဖြင့် အကြောင်းပြချက်များ ရှိနေကြောင်း စုံစမ်းသိရှိရသည်။

အဓိက အခြေခံပြဿနာများ အနေဖြင့် တရားစီရင်ရေး နယ်ပယ်မှ တရားသူကြီးများ လာဘ်စားခြင်း၊ တရားဥပဒေများက လိုရာဆွဲ အသုံးချနိုင်သည့် မျှော့ကြိုးဖြစ်နေခြင်း၊ လာဘ်ပေးလာဘ်ယူမှုများကို အစိုးရက ထိရောက်စွာ မကိုင်တွယ်ခြင်းတို့ကြောင့် တရားမျှတမှု မရှိသော အမှုများ ပေါ်ပေါက်နေခြင်းဖြစ်ကာ မခိုင်၏အမှု ဖြစ်ပေါ်ခြင်းမှာလည်း ထိုအကြောင်းအရာများ၏ နောက်ခံဖြစ်နေသည်။

ထို့အပြင် အမှုစစ်ဆေးစဉ် ကာလမှာပင် မခိုင်ကို Eleven Media Group ၏ နယ်သတင်းထောက်အဖြစ် သိရှိထားသော ဦးမြမင်းဟန်၏ အပြီးသတ် အမိန့်ချမှတ်ခြင်းသည် Weekly Eleven သတင်းဂျာနယ်တွင် တရားစီရင်ရေးမဏ္ဍိုင် ခြစားမှုများကို ပထမဆုံးအကြိမ် အထောက်အထားများဖြင့် ရေးသားခဲ့သော “တရားခွင်မှာ တရားသူကြီးအစား ငွေထုပ်ပဲ ရှိလာတဲ့အခါ” သတင်းဆောင်းပါး ဖော်ပြအပြီး နှစ်ပတ်ခန့်အကြာ၌ ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ထိုအချက်ကလည်း မီဒီယာကို တရားစီရင်ရေး မဏ္ဍိုင်က ချုပ်ကိုင်ရန် ပြင်ဆင်လာသော ခြေလှမ်းတစ်ရပ်ဖြစ်ပြီး မခိုင်အမှု ဖြစ်စဉ်၏ နောက်ကွယ်တွင်လည်း ထိုသို့ရေးသား ထုတ်ဖော်မှုများက အကြောင်းတစ်ရပ် အနေဖြင့် ရှိနေနိုင်သည်။

Eleven Media Group အနေဖြင့် လွိုင်ကော်မြို့သို့ သွားရောက်စုံစမ်းခဲ့ရာတွင် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအပေါ် အကြောက်တရား လွှမ်းမိုးနေပြီး တရားဝင်ဖြေကြားရန် ကြောက်ရွံ့နေသူများနှင့် တွေ့ဆုံခဲ့ရပြီး တရားခံမခိုင်၏ ရှေ့နေကိုယ်တိုင်က အမှန်တရားကို ထုတ်ဖော်ပြောကြားရန် အခက်အခဲ ရှိနေကြောင်း တွေ့ရှိရသည်။ သို့သော် တရားဝင်ထုတ်ဖော် ပြောကြားလိုခြင်း မရှိသော အများပြည်သူထံမှ သတင်းအချက်အလက်များစွာ ရရှိခဲ့ပြီး မီဒီယာကို သတိပေးသည့် အနေဖြင့် ရည်ရွယ်ချက်ရှိရှိဖြင့် Eleven Media Group ၏ နယ်သတင်းထောက်ကို ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

တရားစီရင်ရေး နယ်ပယ်၌ တရားသူကြီး၊ ရှေ့နေနှင့် အုပ်ချုပ်ရေးပိုင်းက ပုဂ္ဂိုလ်များ၏ အုပ်စုဖွဲ့ လှုပ်ရှားမှုများက နယ်မြို့တိုင်းတွင် ရှိနေပြီး ထိုသို့အုပ်စုဖွဲ့ လှုပ်ရှားမှုများကို နယ်ခံများက ကြောက်ရွံ့နေသည်မှာ စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်ချုပ်နှင့် သက်ဆိုင်သော အမှုများကို အရေးယူနိုင်မှု မရှိသေးခြင်းက သက်သေခံနေကြောင်း စစ်ကိုင်းတိုင်းမှ တရားရေးဝန်ထမ်း တစ်ဦးက ပြောကြားခဲ့သည်။

ပုဒ်မ ၄၅၁ နှင့် အိမ်ကျော်နင်းမှု

လွိုင်ကော်သတင်းထောက်မခိုင် ရင်ဆိုင်ခဲ့ရသော ပြစ်မှုဆိုင်ရာ ပုဒ်မသုံးခုအနက် ပုဒ်မတစ်ခုမှာ ပုဒ်မ ၄၅၁ အိမ်ကျော်နင်းမှုပုဒ်မ ဖြစ်သည်။ အိမ်ကျော်နင်းမှုဆိုင်ရာ ပုဒ်မများမှာ ပုဒ်မ ၄၅၁၊ ပုဒ်မ ၄၄၇ နှင့် ပုဒ်မ ၄၄၈ အစရှိသဖြင့် ပုဒ်မသုံးမျိုးရှိသည်။ ပုဒ်မ ၄၄၇ နှင့် ၄၄၈ အရ ဆုံးဖြတ်မည်ဆိုပါက ငွေဒဏ်ကို ချမှတ်နိုင်သော်လည်းပုဒ်မ ၄၅၁ ဖြင့် ဆုံးဖြတ်ပါက အနိမ့်ဆုံး ထောင်ဒဏ်တစ်ရက်မှ နှစ်နှစ်အထိ ထောင်ဒဏ်ကျခံမည်ဖြစ်ပြီး တရားသူကြီးက ပြစ်မှုထင်ရှားသည်ဟု ဆုံးဖြတ်ပါက မလွဲမသွေ ထောင်ဒဏ်ကျခံရမည့်ပုဒ်မ ဖြစ်သည်။

“တရားလိုဘက်က ရှေ့နေကိုး။ ရှေ့နေဆိုတော့ ၄၄၇ ပိုင်နက်ကျူးကျော်တယ်ဆိုရင် ဒဏ်ငွေနဲ့တင် ပြီးသွားမယ့် ကိစ္စပဲ။ ၄၄၇ ဆိုတာလည်း ထောင်ချလေ့ မရှိဘူး။ ၄၅၁ ကျတော့ ကြီးကျယ်တာပေါ့။ ပိုင်နက်အတွင်းကို ကျူးကျော်ဝင်ရောက်တာ။ ပိုင်ရှင်ကို စိတ်အငြိုအငြင်ဖြစ်အောင် စော်ကားတာ၊ ဘာလုပ်တာ၊ ညာလုပ်တာဆိုတော့ ပိုကြီးတာပေါ့” ဟု တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောကြားသည်။

ဥပဒေ ပြဋ္ဌာန်းချက်တွင်မူ “ပြစ်မှုဆိုင်ရာ ဥပဒေ ၄၅၁- မည်သူမဆို ပြစ်မှုကိုကျူးလွန်ရ န်အလို့ငှာ အိမ်ကျော်နင်းမှုကို ကျူးလွန်ရန် ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ်အမျိုးမျိုး ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ အကယ်၍ ကျူးလွန်ရန် ကြံရွယ်သည့် ပြစ်မှုသည် ခိုးမှုဖြစ်ခဲ့သော် ထောင်ဒဏ်ကို ၇ နှစ်အထိ တိုး၍ချမှတ်နိုင်သည်” ဟု ဖော်ပြထားသည်။

အိမ်ကျော်နင်းမှုများတွင် အသုံးပြုလေ့ရှိသော ပုဒ်မ ၄၄၇ ဖြင့် စွဲဆိုခံရပြီး ပြစ်မှုထင်ရှားသည်ဟု တရားသူကြီးက ဆုံးဖြတ်သည်ဆိုပါက ထောင်ဒဏ်သုံးလဖြစ်စေ၊ ငွေဒဏ်ကျပ် ၅၀၀ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရမည်ဖြစ်သည်။ ထို့ပြင် ပုဒ်မ ၄၄၈ ဖြင့် စွဲဆိုခံခဲ့ရပြီး ပြစ်မှုထင်ရှားသည်ဟု စီရင်ခြင်း ခံရသည်ဆိုပါက တစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ကျပ်ငွေတစ်ထောင်အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်မည်ဖြစ်သည်။

“အမှုတစ်ခု ဖြစ်တယ်ဆိုလို့ရှိရင် ဥပဒေ၀န်ထမ်းတို့၊ ရဲတို့တပ်ပေးတဲ့ ပုဒ်မနဲ့စစ်တာပေါ့။ သဘောကတော့ ပြစ်ဒဏ်ပြစ်မှုကို ရဲကတည်ဆောက်တယ်။ တည်ဆောက်ပြီးတော့ ဥပဒေရုံးကိုပို့တယ်။ ဥပဒေရုံးက အဲဒီပုဒ်မ၊ အဲဒီပုဒ်မဆိုပြီး လုပ်တယ်။ ပြောကြမယ်ဆိုရင် ဥပဒေရုံးဘက်ကလည်း တာဝန်တော့ရှိတယ်။ ဥပဒေရုံးက တပ်ပေးတဲ့ပုဒ်မကို တရားသူကြီးက မလျှော့မပြုရဲဘူးလို့ပဲ ပြောရမလား။ မလျှော့မပြုရဘူးလို့ အပေါ်ကညွှန်ကြားချက် လာသလားတော့ မသိဘူး။ လူတစ်ယောက်ကို အာမခံချက် မပေးချင်ရင် အာမခံပေးလို့ မရတဲ့ ပုဒ်မစွဲတပ်လိုက်တယ်။ အခုလည်း ထောင်ချလို့ရတဲ့ ပုဒ်မတစ်ခုကို စွဲတယ်။ ပုဒ်မ ၅၀၀ လောက်နဲ့ဆို ထောင်ချလို့ မကောင်းဘူးဆိုပြီး အဲဒါမျိုးတွေလုပ်တယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးသန်းမောင်က ဆိုသည်။

မခိုင်၏ အမှုဖြစ်စဉ်သည် သာမန်ဖြစ်ရိုးဖြစ်စဉ် မဟုတ်ဘဲ ဥပဒေနှင့် ဆက်နွှယ်နေသူ တစ်ဦး၏ Bribery (လာဘ်ငွေပေးမှု)နှင့် ဆက်စပ်နေသည့်အပြင် တရားလိုများမှ ဥပဒေ ကျွမ်းကျင်သူများ ဖြစ်နေသည့်အတွက် ဥပဒေထောင်ချောက် အတွင်းသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်ဟု ယူဆကြောင်း ဦးသိန်းသန်းဦးက ပြောကြားသည်။

“ဘာတွေဖော်ပြသလဲဆိုတော့ ဥပဒေ ထောင်ချောက်တွေကို မသိကြဘူး။ ဒီကိစ္စမျိုးဆိုရင် ဖြစ်တဲ့အမှုက Bribery နဲ့ ဆက်နွှယ်နေတာ။ ငါ့ရှေ့နေနဲ့ သွားတွေ့ချည်ဆိုတဲ့အခါ၊ လိုက်သွားတဲ့အခါ ဒီကိစ္စမှာ သတင်းထောက်ဆိုတော့ ဘယ်ပြောပါ့မလဲ။ ပြီးတော့ ဟိုဘက်က လူတွေက ရှေ့နေတွေ။ ရှေ့နေဆိုတော့ သိပြီလေ။ ဒီဘက်ကလူတွေက သာမန်လူ။ ဥပဒေနဲ့ နားမလည်တဲ့သူတွေ သဘောရိုး လိုက်သွားတဲ့အခါမှာ ပုံကြီးချဲ့ပြီးတော့ အမှုကို ဖန်တီးလိုက်တာပဲ” ဟု ဦးသိန်းသန်းဦးက ဆိုသည်။

မခိုင်ကို စတင်အမှုတင်စဉ် အချိန်က ပုဒ်မ ၄၅၁၊ ပုဒ်မ ၅၀၆၊ ပုဒ်မ ၂၉၅ (ခ) တို့ဖြင့် စွဲဆိုခဲ့သော်လည်း နောက်ပိုင်းတွင် ပုဒ်မ ၅၀၆ ကို ပုဒ်မ ၅၀၀ အဖြစ်သို့ ဒုတိယမြို့နယ် တရားသူကြီး ဦးမြမင်းဟန်က ပြောင်းလဲပေးခဲ့သည်မှအပ ကျန်ရှိသည်များကို မူလစွဲချက်တင်သည့် အတိုင်းပင် လက်ခံခဲ့ခြင်းဖြစ်သည်။

ထိုသို့ ပုဒ်မတစ်ခုကိုသာ ပြောင်းလဲပေးခဲ့ခြင်းကြောင့် မခိုင်သည် အမှုစတင် ရင်ဆိုင်စဉ် အချိန်ကပင် တရားသူကြီး၏ ဆုံးဖြတ်ချက်အရ ပြစ်မှုထင်ရှားသည် ဆိုပါက အနိမ့်ဆုံး ထောင်ဒဏ်တစ်ရက် ကျခံရမည် ဖြစ်သည်။

တစ်နည်းအားဖြင့် မခိုင်ကို ထောင်ဒဏ်အမိန့် ချမှတ်နိုင်သော ပုဒ်မဖြင့် စွဲချက်တင်လာခြင်းကို တရားသူကြီးက သိလျက်နှင့်ပင် စစ်ဆေးပြီး ထောင်ဒဏ်အမိန့် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ပုဒ်မ ၅၀၀ နှင့် ထောင်ဒဏ်  

ဒုတိယမြို့နယ် တရားသူကြီး ဦးမြမင်းဟန်သည် မခိုင်အား ကနဦး စွဲချက်တင်ခဲ့သော ပုဒ်မ ၅၀၆ အစား ပုဒ်မ ၅၀၀ ဖြင့် ပြောင်းလဲစစ်ဆေးပေးခဲ့သည့်နည်းတူ ထိုပြောင်းလဲပေးခဲ့သော ပုဒ်မဖြင့်ပင် ထောင်ဒဏ်တစ်လ ချမှတ်ခဲ့သည်။
နယ်မြို့အသီးသီးတွင် အုပ်ချုပ်ရေးနှင့် တရားရေးနယ်ပယ်ကို ပုဂ္ဂိုလ်များ၊ အုပ်စုဖွဲ့မှုများကို ကြောက်ရွံ့နေမှုများ ဆက်ရှိနေခြင်းက ၂၀၁၅ ရွေးကောက်ပွဲသည် မည်မျှအထိ တရားမျှတမှု ရှိမည်၊ မရှိမည် ဆိုသည့်အပေါ် သံသယ ရှိနေ . . . . .

အသေရေဖျက်မှုဟု သိရှိထားသည့် ပုဒ်မ ၅၀၀ ဖြင့် ထောင်ဒဏ်ချမှတ်ခဲ့သည့် ဖြစ်စဉ်မှာ မြန်မာ့တရားစီရင်ရေး နယ်ပယ်၌ မရှိသလောက် ရှားပါးပြီး ငွေဒဏ်ဖြင့်သာ ပြီးဆုံးလေ့ရှိသည်။ ၂၀၁၀ ပြည့်နှစ်အတွင်းက မြန်မာ့သတင်းမီဒီယာ လောကအတွင်း အထင်ကရ ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့သည့် အမှုဖြစ်သော “ထက်ထက်မိုးဦးက သတင်းထောက်ကို ပါးရိုက်သည့်အမှု” တွင် အသေရေဖျက် ပုဒ်မဖြင့် တရားစွဲဆိုခံခဲ့ရသော ထက်ထက်မိုးဦးသည် အပြီးသတ် အမိန့်ချမှတ်ချိန်တွင် ဒဏ်ငွေတစ်ထောင် ပေးဆောင်ခဲ့ခြင်းဖြင့်သာ အဆုံးသတ်ခဲ့သည်။

သို့ရာတွင် နေအိမ်အတွင်း ပိုင်ရှင်ခွင့်ပြုချက်ဖြင့် ၀င်ရောက်မေးမြန်းခဲ့သည့် မခိုင်ကို အသေရေဖျက်မှု ပုဒ်မဖြင့်ပင် ထောင်ဒဏ်တစ်လ ချမှတ်လိုက်ခြင်းမှာ တရားသူကြီး၏ ဆုံးဖြတ်ချက်အပေါ် မေးခွန်းထုတ်စရာ ဖြစ်ခဲ့သည်။

“ဒါကတော့ ရှင်းပါတယ်။ နာမည်ကြီး ရုပ်ရှင်မင်းသမီး တစ်ယောက်ရဲ့ အမှုမှာ ဒဏ်ငွေပဲ တပ်ရိုက်ပြီးတော့ အခု ဒီပုဒ်မမှာကျမှ ထောင်ဒဏ်ပဲ သတ်မှတ်တယ်ဆိုတော့ ဒါကတော့ ဥပဒေကြောင်းအရ ပြောရင်တော့ ထောင်ဒဏ်၊ ငွေဒဏ် ဒဏ်နှစ်ရပ်စလုံး ချမှတ်နိုင်ခွင့်ကတော့ တရားသူကြီး လက်ထဲမှာ ရှိတာပဲ။ ဒါပေမဲ့ အခုလို ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ကာလမှာ ထောင်ဒဏ်ကို သတင်းထောက်တစ်ယောက်ကို ပေးတဲ့ကိစ္စကတော့ ဒီ့ထက်ထူးခြားတဲ့ နောက်ခံအကြောင်းလေးတွေ ရှိမယ်လို့ထင်တယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြားသည်။

“ဥပဒေအရ ပြောမယ်ဆိုရင် ရုံးကချတာကတော့ ဥပဒေအရ ချတာပဲ။ အမှန်အမှားက သပ်သပ်၊ ပြစ်ဒဏ်တွေကတော့ သူစီရင်ပိုင်ခွင့်ရှိတဲ့ ပြစ်ဒဏ်တွေကို ချတာပဲ။ ဒါကတစ်အချက်။ နံပါတ်နှစ်အချက်က ဒါပေမဲ့ ပုဒ်မ ၅၀၀ လို အမှုမျိုးက ဘယ်တော့မှ ထောင်မချဖူးဘူး။ ထောင်နှစ်နှစ်အထိ ချလို့ရတယ်။ ဒဏ်ငွေတွေပါတယ်။ ဒဏ်ငွေပဲ ဆောင်ခိုင်းလေ့ရှိတယ်။ ထောင်ဒဏ်ချလေ့ မရှိဘူး။ နောက်ပြီးတော့ ကြီးမားတဲ့ကိစ္စလည်း မဟုတ်ဘူး”ဟု ဦးသိန်းသန်းဦးက ဆိုသည်။

“ရုံးကတော့ အမှုကို ဆုံးဖြတ်တာပဲ။ သူပေးတဲ့ ပြစ်ဒဏ်ဆို ပုဒ်မ ၅၀၀ ဆို ထောင်နှစ်နှစ်အထိ ချလို့ရတယ်။ သူတစ်လချတယ်။ သူကဘောင်နဲ့ပဲ။ အများကြီးတောင် သက်သာတယ်ဆိုတဲ့ ပုံစံမျိုး။ သို့သော် ပုဒ်မ ၅၀၀ နဲ့ ထောင်ချတာ တစ်ခါမှ မတွေ့ဖူးသေးဘူး။  ဥပဒေအရတော့ ဖြစ်တာပေါ့။ သူ့ကို အပ်နှင်းမထားတဲ့ အခွင့်အာဏာကို သုံးတာမဟုတ်ဘူး။ သူက ဘောင်အတွင်းက လုပ်တာဖြစ်လို့ သူ့အမှုနဲ့ ပတ်သက်လို့ ပြောမယ်ဆိုရင် ပြင်းထန်တယ်လို့ ပြောလို့ရတယ်” ဟု ဦးသိန်းသန်းဦးက ဆက်လက်ပြောကြားသည်။

မေးခွန်းထုတ်စရာ ဖြစ်နေသည်များ  

ဒုတိယမြို့နယ် တရားသူကြီး ဦးမြမင်းဟန်က မခိုင်၏အမှုကို စစ်ဆေးဆုံးဖြတ်ရာတွင် သက်ညှာစွာဖြင့် ဆုံးဖြတ်ပေးခြင်းဖြစ်ကြောင်း ပြောကြားသော်လည်း ၎င်း၏ဆုံးဖြတ်ချက် အမိန့်သည် မေးခွန်းထုတ်စရာ အများအပြား ရှိနေသည်ဟု ၀ါရင့်ဥပဒေ ပညာရှင်များက ပြောကြားသည်။

“အရေးကြီးတဲ့ အချက်တစ်ချက်က ဘာလဲဆိုတော့ ဒီနေ့အချိန်မှာ မိမိတို့ချမှတ်တဲ့ အမိန့်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်သလား၊ မညီညွတ်ဘူးလား။ အဲတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၄၆ မှာ တည်ဆဲဥပဒေများသည် ပြည်ထောင်စုလွှတ်တော်က ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း မပြုသေးမီ ဤဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မဆန့်ကျင်သမျှ အတည်ဖြစ်သည်ပေါ့။ အဲဒီတော့ ပုဒ်မ ၃၅၄ သတင်းမီဒီယာသမားတွေ အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မိမိရဲ့သတင်းကို ရေးသားဖြန့်ဝေခွင့်ရဖို့ သတင်းသွားယူတယ်။ သတင်းသွားယူတဲ့ အပေါ်မှာ အင်တာဗျူး လုပ်တဲ့သူက ခွင့်မပြုတဲ့အခါမှာ ငြင်းဆန်တဲ့ အချက်ပေါ့။ ဒါပေမဲ့ အဲဒီလို ငြင်းဆန်ရုံလောက်နဲ့ အခုလို ထောင်ဒဏ်သုံးလ ချမှတ်ခဲ့တယ် ဆိုတာကတော့ အမျိုးသမီး တစ်ယောက်ပေါ်မှာ ဖြစ်တဲ့အတွက် အများကြီး တရားစီရင်ရေး အပေါ်မှာ မေးခွန်းထုတ်စရာရှိတယ်” ဟု တရားလွှတ်တော်ရှေ့နေ တစ်ဦးဖြစ်သည့်အပြင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ထောက်ပြသည်။

“ဥပဒေရဲ့ သဘောတရားက အမျိုးသမီးတွေဆိုရင် သေဒဏ်တောင်မပေးဘူး။ တော်တော်တန်တန် အာမခံ မပေးရဘူးဆိုတဲ့ ပုဒ်မကိုတောင်မှ အမျိုးသမီးဆို ပေးလို့ရတယ်။ ဒီကိစ္စမှာလည်း သတင်းထောက်ဖြစ်နေတာ တစ်ခု၊ အမျိုးသမီးဖြစ်နေတာ တစ်ခု၊ ပြစ်ချက်ဟောင်းတွေ အရင်က မရှိခဲ့တာ တစ်ခု၊ ဒီမိုကရေစီ ထွန်းခါစ၊ မီဒီယာဥပဒေတွေနဲ့ လူတွေအကုန်လုံး စိတ်ဝင်စားနေတဲ့ အချိန်မှာ သတင်းထောက်မလေးကို လုပ်တာက လွန်ကျူးသွားတယ်ပေါ့” ဟု ဦးသန်းမောင်က ပြောကြားသည်။

သို့သော် မခိုင်၏ အမှုကို စဉ်းစားရာတွင် သတင်းထောက်ဟူ၍ မစဉ်းစားခဲ့သည့်အပြင် သတင်းယူစဉ် ဖြစ်ပွားသည်ဟုလည်း မယူဆကြောင်း ဦးမြမင်းဟန်က ပြောပါသည်။

“သတင်းထောက်ဆိုတာ ထည့်စဉ်းစားဖို့လိုတယ်။ လူတစ်ယောက်ကို အပြစ်ရှိတယ်၊ မရှိတယ် ဆုံးဖြတ်ရတာလည်း တစ်ပိုင်း၊ အဲဒီလူတစ်ယောက်ကို ပြစ်ဒဏ်ဘယ်လောက်ချရမယ် ဆိုတာကလည်း တစ်ပိုင်း၊ စဉ်းစားရတာ နှစ်မျိုးရှိတယ်။ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ပြီးပြီ ဆိုရင်တော့ အဲဒီလူကို ပြစ်ဒဏ်ဘယ်လောက် ပေးသင့်လဲဆိုတဲ့ အခါကျရင် အဲဒီလူရဲ့ အလုပ်အကိုင်၊ သဘောသဘာဝ၊ လိင်၊ အသက်အရွယ်၊ ပြစ်ဒဏ်ကျူးလွန်ခဲ့ဖူးခြင်း ရှိမရှိ၊ နောက်ဒီပြစ်ဒဏ်ကို ခံစားလိုက်ရင် တရားခံမှာ ဘာတွေထိခိုက် နစ်နာမလဲဆိုတာ စဉ်းစားတာက ပိုပြီးတော့ ထည့်သွင်းစဉ်းစားရမယ့် ကိစ္စဖြစ်တယ်။ တရားစီရင်တယ်ဆိုတာ စက်ရုံက ကွန်ပျူတာနဲ့တွက်တဲ့ ထောင်ဒဏ်ချတာမျိုး မဟုတ်ဘူး။ တရားသူကြီးရဲ့ ဆင်ခြင်တုံတရားနဲ့ချတဲ့ ပြစ်ဒဏ်ဖြစ်တယ်။ အချက်အလက်တွေပြပြီး ထောင်ဘယ်လောက်ချတယ် ဆိုတာမျိုးမှ မဟုတ်တာ” ဟု ဦးသန်းမောင်က ပြောကြားသည်။

မခိုင်ကို စွဲချက်တင်ခဲ့သည့် အိမ်ကျော်နင်းမှုမှာလည်း မေးခွန်းထုတ်စရာများ ရှိခဲ့သည်ဟု တရားလွှတ်တော်ရှေ့နေ ကိုဖိုးဖြူက ဆိုသည်။

“လူတစ်ယောက်ရဲ့ ဥပစာ၊ အိမ်ထဲထိအောင်ကို သွားခွင့်၊ သတင်းယူခွင့် ရခဲ့တယ် ဆိုတာကိုက ကာယကံရှင် မိသားစုကိုယ်တိုင်က သဘောတူညီမှု ရှိခဲ့လို့သာလျှင် သတင်းရယူခွင့် ရခဲ့တာ ဖြစ်နိုင်မယ်လို့ ယူဆမိပါတယ်။ ဘာလို့လဲဆိုတော့ အိမ်ထဲထိသွားတယ်၊ ကျူးကျော်မှုတွေ၊ ကျော်နင်းမှုတွေ ဖြစ်တယ်ဆိုကတည်းက သတင်းသမား တစ်ယောက်ဟာ အဲဒီမိသားစုအိမ်က လက်မခံဘဲနဲ့တော့ ဘယ်နည်းနဲ့မှ ဒါဟာအိမ်ထဲထိရောက်အောင် ယူနိုင်မှာမဟုတ်ဘူး။ တစ်စုံတစ်ရာ လက်ခံမှု ရှိခဲ့လို့သာ သူ့အနေနဲ့ အိမ်ထဲကို ရောက်ခဲ့ရတယ်လို့ မြင်ပါတယ်” ဟု ကိုဖိုးဖြူက ဆိုသည်။

နိုင်ငံတကာ၏ တုံ့ပြန်မှု

သတင်းထောက် မခိုင်ကို ထောင်ဒဏ်ချမှတ်ခဲ့ခြင်းနှင့် ပတ်သက်ပြီး နိုင်ငံတကာ ဂျာနယ်လစ် အဖွဲ့အစည်းများက ကန့်ကွက်မှုများကို လျင်မြန်စွာ ပြုလုပ်ခဲ့သည်။

ထိုသို့ ကန့်ကွက်မှုများ ထုတ်ပြန်ခဲ့သည့် အဖွဲ့အစည်းများမှာ ကမ္ဘာ့သတင်းစာများနှင့် သတင်းစာထုတ်ဝေသူများ အစည်းရုံး (WAN-IFRA) နှင့် နိုင်ငံတကာ ဂျာနယ်လစ်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ) တို့ ဖြစ်ကြသည်။

WAN-IFRA သည် ကမ္ဘာ့နိုင်ငံပေါင်း ၂၀၀ ကျော်မှ မီဒီယာများ အသင်းဝင်ထားသည့် အဖွဲ့ဖြစ်ပြီး CPJ သည် နိုင်ငံတကာ ဂျာနယ်လစ်များအားလုံး အလေးထားသည့် အဖွဲ့တို့ဖြစ်ကြသည်။ ၎င်းတို့၏ အတွေ့အကြုံအရ ဂျာနယ်လစ်တစ်ဦးကို နေအိမ်ကျော်နင်းမှု၊ အသေရေဖျက်မှု၊ ညစ်ညမ်းစွာပြောဆိုမှုများဖြင့် တရားစွဲဆိုပြီး ထောင်ချလိုက်ခြင်းသည် သတင်းလွတ်လပ်ခွင့်ကို ထိပါးမည့် အရိပ်လက္ခဏာ ဖြစ်ခြင်းကြောင့် ယခုကဲ့သို့ လျင်မြန်စွာ ကန့်ကွက်ရခြင်းဖြစ်ကြောင်း သိရသည်။

သမ္မတဦးသိန်းစိန်ထံသို့ တိုက်ရိုက်ရေးသားခဲ့သော WAN-IFRA ၏ မေတ္တာရပ်ခံစာတွင် “ကျွန်ုပ်တို့အနေဖြင့် အဆိုပါ ပြစ်ဒဏ်ချမှတ်မှုကို အလျင်အမြန် စုံစမ်းစစ်ဆေး၍ အဆိုပါအမှုတွင် နိုင်ငံရေးအရ ၀င်ရောက်နှောင့်ယှက်မှုများနှင့် လွဲချော်မှုများ ရှိမရှိ ပြန်လည်စိစစ်ပေးရန် သမ္မတကြီးအား လေးစားစွာ တောင်းဆိုအပ်ပါသည်။ ဤကဲ့သို့ ပြစ်ဒဏ်ပေးမှုသည် မြန်မာမီဒီယာများကြား ထိတ်လန့်တုန်လှုပ်ဖွယ် အကျိုးသက်ရောက်မှုနှင့် အထူးသဖြင့် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ကာလတွင် စိုးရိမ်ဖွယ် အခြေအနေတစ်ရပ် ဖြစ်ပေါ်စေမည်ကို ကျွန်ုပ်တို့အနေဖြင့် စိုးရိမ်မကင်း ဖြစ်မိပါသည်” ဟု ဖော်ပြခဲ့သည်။

CPJ မှ ထုတ်ပြန်ခဲ့သော သတင်းထုတ်ပြန်ချက်တွင် ယခုချမှတ်ခဲ့သော ပြစ်ဒဏ်ကို ပြင်းထန်စွာ ကန့်ကွက်ကြောင်းနှင့် အမှု၏ ပြစ်ဒဏ်အတွက် ထပ်မံအယူခံဝင်ရာတွင် အမှုကို အရေးမယူဘဲ ပလပ်ပေးရန် တောင်းဆိုခဲ့သည်။

“မေးခွန်းထုတ်စရာဖြစ်တဲ့ တရားစွဲဆိုမှုတွေနဲ့ သတင်းထောက်တစ်ယောက်ကို ထောင်ဒဏ်ချမှတ်ခဲ့တာဟာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဘယ်လောက်အထိ လုပ်ဆောင်ဖို့ လိုနေသေးလဲဆိုတာနဲ့ မီဒီယာကို ဖိနှိပ်တဲ့ ဥပဒေတွေကို ပယ်ဖျက်ဖို့ လိုနေတယ်ဆိုတာကို ပြသနေပါတယ်” ဟု CPJ က ပြောကြားခဲ့သည်။

နိုင်ငံတကာ အဖွဲ့အစည်းများနည်းတူ ပြည်တွင်းရှိ မီဒီယာအဖွဲ့အစည်း အသီးသီးကလည်း သတင်းထောက် မခိုင်ကို ထောင်ဒဏ်ချမှတ်ခဲ့ခြင်းအား ကန့်ကွက်ကြောင်း ကြေညာချက်များ ထုတ်ပြန်ခဲ့ကြပြီး “လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်” ကို ထိပါးနေသည့်အပြင် မြန်မာနိုင်ငံ၏ တရားဥပဒေ စိုးမိုးရေးကို ပြည်သူများနှင့် နိုင်ငံတကာမှ မေးခွန်းထုတ်နေချိန်တွင် သတင်းထောက်တစ်ဦးကို ထောင်ဒဏ်ချမှတ်လိုက်ခြင်းသည် သတင်းမီဒီယာ လွတ်လပ်ခွင့်ကို တိုက်ရိုက်ခြိမ်းခြောက်ခြင်း ဖြစ်နေသည့်အပြင် သတင်းထောက်များ၏ အခြေခံအခွင့်အရေးဖြစ်သော လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်ကို ခြိမ်းခြောက်ခြင်း ဖြစ်သည်ဟု ယူဆကြောင်း ထုတ်ပြန်ချက်များ၌ ပြောဆိုခဲ့ကြသည်။

သတိပေးခေါင်းလောင်းသံ

မည်သို့ပင်ဆိုစေကာမူ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် သတင်းထောက်တစ်ဦးကို အငြင်းပွားဖွယ်၊ မေးခွန်းထုတ်ဖွယ် စွဲဆိုချက်များဖြင့် ပထမဆုံး ထောင်ဒဏ်ချမှတ်လိုက်ခြင်းသည် အခြားသော ဂျာနယ်လစ်များနှင့် အသွင်ကူးပြောင်းစ မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်အတွက် သတိပေးခေါင်းလောင်းသံ ဖြစ်ခဲ့သည်။

ဥပဒေဘောင် အတွင်းမှပင် လွတ်လပ်စွာ လှုပ်ရှားနေသော သတင်းထောက်များအား တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးမဏ္ဍိုင်မှ ပုဂ္ဂိုလ်များက မျှော့ကြိုးသဖွယ် ဖြစ်နေသော ဥပဒေများဖြင့် အချိန်မရွေး အရေးယူနိုင်သည့် အခြေအနေက မြန်မာ့သတင်းမီဒီယာ လောကအား တုန်လှုပ်မှု ဖြစ်စေခဲ့သည်။

“အထူးသဖြင့် လူငယ်သတင်းသမားတွေအပေါ် အဟန့်အတား ဖြစ်စေနိုင်တယ်။ ဒါလန့်သွားစေနိုင်တာပေါ့။ ဘာလို့ဆိုတော့ သူကထောင်ချောက်ဆင်လို့ ရတာကိုး” ဟု ဦးသိန်းသန်းဦးက ပြောကြားသည်။


</span>

သဘာဝဘေးအန္တရာယ်နှင့် ခိုးယူမှုများကြောင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး ပျက်စီးပျောက်ဆုံးမှု ဖြစ်ပေါ်


Eleven Media Group

 သဘာဝဘေးအန္တရာယ်နှင့် ခိုးယူမှုများကြောင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး ပျက်စီးပျောက်ဆုံးမှုများ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ မောင်တောမြို့နယ်မြောက်ပိုင်း တောတွင်းနယ်မြေများတွင် မိုးတွင်းကာလအတွင်း တောင်ကျရေများကြောင့် နိုင်ငံခြံစည်းရိုး ပျက်စီးခြင်းများ၊ ပင်လယ်ရေ တိုက်စားသဖြင့် ကမ်းပါးပြိုဆင်းကာ ခြံစည်းရိုး ပြိုပျက်စီးမှုနှင့် ကုန်းမြေချင်း ထိစပ်လျက်ရှိသည့် ဒေသများတွင် တစ်ဖက်နိုင်ငံမှလူများ ခိုးယူခြင်းကြောင့် ခြံစည်းရိုးများ ပျောက်ဆုံးမှုများ ဖြစ်ပေါ်နေခြင်း ဖြစ်ကြောင်းလည်း သိရသည်။ မြစ်ရေတိုက်စားမှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် နေရာမှာ နယ်စပ်ခြံစည်းရိုး စတင်တည်ဆောက်ခဲ့သည့် ပင်လယ်ကမ်းစပ် နေရာများဖြစ်ပြီး မောင်တောမြို့နယ် ညောင်ပင်ကြီး၊ မှိုဝင်ချောင်းကင်းစခန်း အနီးတွင် ပေ ၅၀၀ ခန့် ပျက်စီးမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ပျက်စီးသွားသည့် နေရာမှာ နယ်စပ်ခြံစည်းရိုး စတင်သည့်နေရာမှဖြစ်ပြီး သဲသောင်ပြင်ကြီးအား မြစ်ရေတိုက်စားမှုဒဏ်ကြောင့် ခြံစည်းရိုး ပျက်စီးရခြင်း ဖြစ်ကြောင်းနှင့် ပြန်လည်ပြုပြင် တည်ဆောက်မှုများ ဆောင်ရွက်ရန်ရှိကြောင်း သိရသည်။ ပျက်စီးသွားသည့် နယ်စပ်ခြံစည်းရိုးများကို စစ်မြေပြင် အင်ဂျင်နီယာတပ်မှ ပြန်လည်တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးနေပြီဖြစ်ပြီး တည်ဆောက်ရေး လုပ်ငန်းများမှာ ဇန်န၀ါရီလခန့်တွင် ပြီးစီးနိုင်ဖွယ်ရှိကြောင်း ခြံစည်းရိုးလုပ်ငန်းကို လုပ်ကိုင်နေသည့် စစ်မြေပြင် အင်ဂျင်နီယာတပ်မှ အရာရှိတစ်ဦးက ပြောကြားသည်။ ခြံစည်းရိုးရှိ သံဆူးကြိုးခွေများ ပျောက်ဆုံးခဲ့သည့် နေရာမှာ မောင်တောမြို့နယ်မြောက်ပိုင်း နယ်စပ်မှတ်တိုင် ၄၆ နှင့် ၄၈ ကြားရှိ ခြံစည်းရိုးအခန်းပေါင်း ၄၉၆ ခန်းတွင် ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး သံဆူးကြိုးခွေပေါင်း ၂၀၀၀ နီးပါး ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ပျောက်ဆုံးခဲ့မှုအား အောက်တိုဘာလအတွင်း တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး ပြန်လည်ပြုပြင် တည်ဆောက်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ “ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ရွာတွေနဲ့ နီးတဲ့နေရာတွေမှာ အခိုးခံရတာ ဖြစ်တယ်။ ခြံစည်းရိုး တည်ဆောက်စကတည်းက သံဆူးကြိုးခွေတွေဖြတ်ပြီး အခိုးခံရတာ ဖြစ်တယ်။ ဘင်္ဂလားဒေ့ရှ်မှာ ဒီကသံဆူးကြိုးတွေနဲ့ စိုက်ပျိုးရေးခြံတွေကို ကာရံကြတယ်လို့ ကြားတယ်။ ခြံစည်းရိုး တည်ဆောက်ထားပေမယ့် လုံခြုံရေး အပြည့်မရှိတော့ အခိုးခံနေရတာ ဖြစ်တယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။ နယ်စပ်ခြံစည်းရိုး ကာရံခြင်း လုပ်ငန်းများအား ၂၀၀၉ ခုနှစ်ကတည်းက စတင်ကာရံခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် တည်ဆောက်ပြီး ခြံစည်းရိုးများ ပျက်စီးမှုများ ကြုံတွေ့လာရခြင်း ဖြစ်ကြောင်းနှင့် သံဆူးကြိုးခွေများ ပျောက်ဆုံးမှုများနှင့် ပတ်သက်ပြီး နှစ်နိုင်ငံနယ်စပ် လုံခြုံရေးအရာရှိများအဆင့် ဆွေးနွေးပွဲများတွင် ထည့်သွင်းပြောကြားခဲ့ကြောင်းလည်း သိရသည်။ မောင်တောမြို့နယ်တောင်ပိုင်း နတ်မြစ်ဝမှ စတင်ကာရံခဲ့သည့် နယ်စပ်ခြံစည်းရိုးမှာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနိုင်ငံ နယ်စပ်အထိ မိုင်တိုင် ၁၆၈ မိုင် ရှည်လျားသည်။

 မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး တစ်နေရာ၌ ပျက်စီးနေသည်ကို တွေ့ရစဉ်

အုန်းချောနားက စက်ရုံကြီးက မြစ်ငယ်မြစ်ထဲကို အဆိပ်အတောက်ဖြစ်စေတဲ့ စွန့်ပစ်ရေဆိုးတွေ စွန့်ပစ်နေတာကြာပါပြီ


Hawdeka Khalaylay

(နေပြည်တော်သတင်း)

အုန်းချောနားက စက်ရုံကြီးက မြစ်ငယ်မြစ်ထဲကို အဆိပ်အတောက်ဖြစ်စေတဲ့ စွန့်ပစ်ရေဆိုးတွေ စွန့်ပစ်နေတာကြာပါပြီ လို့ နေပြည်တော်သတင်းရပ်ဝန်းက ပေးပို့လာပါတယ် ၊

အုန်းချောဆိုတာ မန္တလေး ပြင်ဦးလွင်ကားလမ်း က တိုးဂိတ်ရှိတဲ့ လမ်းဆုံရွာကြီးပါ ၊ အဲဒီနေရာအနီးမှာ နေ့ည ၂၄ နာရီ လည်ပတ်နေတဲ့ စက်ရုံ အကြီးကြီးရှိပါတယ် ၊

အဲဒီစက်ရံကြီးရဲ့ ခေါင်းတိုင်တွေက မီးခိုးတွေ နေ့ည မပြတ် ထုတ်လွှတ်နေပါတယ် ၊

အဲဒီစက်ရုံကြီး ရှိတဲ့နေရာသိချင်ရင် ဂူဂယ်မပ်မှာ 21.840119,96.25548 လို့ ရိုက်ထည့်ပြီးရှာနိုင်ပါတယ် ၊

အဲဒီစက်ရုံကြီးဟာ မြစ်ငယ်မြစ်ဘေးမှာ ကပ်ပြီး တည်ဆောက်ထားတာပါ ၊ အဲဒီစက်ရုံကြီးလည်ပတ်ဖို့ မြစ်ငယ်မြစ်ထဲက ရေတွေ အတော်များများကို စုပ်ယူ အစုံးပြုရပါတယ် ၊

အဲဒီစက်ရုံကြီးက ထွက်လာတဲ့ အမှိုက်တွေ နဲ့ ရေဆိုးတွေကို မြစ်ငယ်မြစ်အထဲကို ဒီအတိုင်း စွန့်ပစ်နေတာကြာပါပြီ ၊

အဲဒီစက်ရုံကြီးဘေးက မြစ်ငယ်မြစ်ရေတွေ နီရဲနေတာကိုကြည့်ရင် သိနိုင်ပါတယ် ၊

အဲဒီစက်ရုံကြီးကြောင့် မြစ်ငယ်မြစ် အကြေက လူတွေ မြစ်ရေကို သုံးလို့ သောက်လို့ မရတော့ဘူးလို့ကြားပါတယ် ၊

အဲဒီစက်ရုံကြီးရှိတဲ့ နေရာကနေ ဧရာဝတီမြစ်ကြီးအထဲကို စုန်ဆင်းမယ်ဆိုရင် မြစ်ကွေ့တွေကို ပါထည့်တွက်မယ်ဆိုရင် အရှည် မိုင် ၃၀ လောက်ရှိပါတယ် ၊

အဲဒီလိုမျိုး စက်ရုံကြီးတွေ ကျနော်တို့ မြန်မာနိုင်ငံရဲ့ မြစ်ကြီး ချောင်းကြီး နဲ့ ဆည်ကြီးတွေ နားမှာ ဘယ်နှရုံလောက်များရှိနေလဲ မသိပါ ၊

သေချာတာက အဲဒီလိုစက်ရုံကြီးတွေကြောင့် ကျနော်တို့ မြန်မာနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်ကြီး နေ့စဉ် အဆိပ်သင့်နေပါတယ် ၊

နေပြည်တော် သတင်းရပ်ဝန်းမှ ပေးပို့သောသတင်းဖြစ်ပါတယ် ၊

လွှတ်တော်အဆောက်အဦးအထဲတွင် မြောက်ကိုးရီးယားများတွေ့သည်ဟု အတည်မပြုနိုင်သော သတင်းများထွက်ပေါ်နေ



Hawdeka Khalaylay

(နေပြည်တော်သတင်း)

လွှတ်တော်အဆောက်အဦးအထဲတွင် မြောက်ကိုးရီးယားများတွေ့သည်ဟု အတည်မပြုနိုင်သော သတင်းများထွက်ပေါ်နေသည်ဟု နေပြည်တော်သတင်းရပ်ဝန်းမှ ပေးပို့လာပါသည် ၊

လွှတ်တော်အဆောက်အဦးအထဲရှိ လုံခြုံရေး ကင်မရာများတွင် မြောက်ကိုးရီးယားများကို တွေ့မြင်ခဲ့ရသည်ဟု လုံခြုံရေးကင်မရာ အခန်းရှိ တာဝန်ကျသူများထံမှ စတင်ထွက်ပေါ်လာသော သတင်းဖြစ်သည် ၊

လွှတ်တော်အောက်တွင် မြေအောက်လှိုဏ်ဂူလမ်းကြောင်းများရှိသည် ဟူသော ကောလဟာလမှာလည်း ၂၀၀၉ ခုနှစ်ကတည်းက ထွက်ပေါ်နေခဲ့သည် ၊

ယခုဆက်လက်ထွက်ရှိလာသော သတင်းအရ လွှတ်တော်အဆောက်အဦးသည် အရေးကြီး ပုဂ္ဂိုလ်များအတွက် လုံခြုံရေးအာမခံချက် ပေးနိုင်မပေးနိုင် ဟု အငြင်းပွားဖွယ်ရာဖြစ်လာသည် ၊

အကောင်းဆုံးနည်းလမ်းကတော့ နိုင်ငံတကာ စစ်ဆေးရေး အဖွဲ့များကို လွှတ်တော်သို့ ဖိတ်ကြား၍ လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်သင့်သည်ဟု အကြံပြုသည်များလည်း ရှိနေသည် ၊

နေပြည်တော် သတင်းရပ်ဝန်းမှ ပေးပို့သော သတင်းဖြစ်သည် ၊

တိုင်းပြည်ကို တစ်ခါမျှ တစ်ပတ်မရိုက်ခဲ့



ဒီမို ဖက်တီး

အဲသည်ပိတ်စတွေ ၊ ပန်းချီတွေကို ဒေါ်စုနဲ့ အကျယ်ချုပ်ကျ တပည့်တွေ ကိုယ်တိုင် အိမ်မှာရှိတဲ့ ပိတ်စတွေနဲ့ လုပ်ခဲ့တာဗျ ။

ဗိုလ်ချုပ်ဓါတ်ပုံပေါ်မှာ ရေးထားတဲ့ စာကို အခုမှ သတိထားမိတယ် ။
"တိုင်းပြည်ကို တစ်ခါမျှ တစ်ပတ်မရိုက်ခဲ့" တဲ့

တရုတ်မယားအဖြစ်ပေါင်းသင်းရန် လူကုန်ကူးခံရသူအမျိုးသမီးကို တရုတ်ရဲပြန်ပို့


 7day Daily

တရုတ်မယားအဖြစ်ပေါင်းသင်းရန် မူဆယ်နယ်စပ်သို့ လူကုန်ကူးခံခဲ့ရသည့် အမျိုးသမီးကို တရုတ်ရဲကဖမ်း၍ ပြန်ပို့ခဲ့ကြောင်းသတင်းရရှိသည်။ ဧရာဝတီတိုင်းဒေသကြီးကန်ကြီးဒေါင့်မြို့နယ် ဘဲဂရက်ရွာမှ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးအား လှိုင်သာယာမြို့မှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့က တရုတ်မယားအဖြစ် တစ်နှစ်ပေါင်းသင်းလျှင် ငွေကျပ်ဆယ်သိန်းရရှိပြီး တစ်နှစ်ပြည့်လျှင် ပြန်လည်ခေါ်မည်ဆိုကာစည်းရုံး၍ မူဆယ်မြို့သို့ ပို့ဆောင်ခဲ့ကြသည်။ အထက်ပါအတိုင်း သဘောတူညီခဲ့ကြပြီးနောက် ဒီဇင်ဘာ ၁၃ ရက်တွင် ယင်းအမျိုးသမီးသည် အောင်မင်္ဂလာအဝေးပြေးဝင်းမှ မန္တလေး၊ ထိုမှတစ်ဆင့် မူဆယ်သို့ပို့ဆောင်ခြင်းခံခဲ့ရသည်။ ထို့နောက် မူဆယ်နယ်စပ်ပေါက်မှတစ်ဆင့် တရုတ်ပြည်ကြယ်ဂေါင်ရှိ တည်းခိုခန်းတစ်ခုသို့ ဆက်လက်ခေါ်ဆောင်ခံခဲ့ရသည်။ ဒီဇင်ဘာ ၁၆ ရက်တွင် ယင်းအမျိုးသမီးအား တရုတ်အမျိုးသမီးတစ်ဦးနှင့်ထားခဲ့ကာ လူကုန်ကူးသူသုံးဦးသည် ရန်ကုန်သို့ပြန်လာခဲ့ကြသည်။ ဒီဇင်ဘာ ၁၇ ရက်တွင် ထိုတရုတ်အမျိုးသမီးက မြန်မာအမျိုးသမီးကိုတရုတ်နိုင်ငံတွင်းသို့ ခေါ်ဆောင်သွားစဉ် တရုတ်ရဲကမသင်္ကာ၍ လူကုန်ကူးခံရသူ အမျိုးသမီးကို ဖမ်းဆီးစစ်ဆေးခဲ့သည်။ ဒီဇင်ဘာ ၁၈ ရက်တွင် မြန်မာနိုင်ငံလွယ်ဂျယ်ရှိ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့သို့ လူကုန်ကူးခံရသူအား လွှဲပြောင်းပေးခဲ့ကြောင်း သတင်းရရှိသည်။ ထို့ကြောင့် လူကုန်ကူးမှုကျူးလွန်သူသုံးဦးအား ရန်ကုန်ရှိလူကုန်ကူးမှုတားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုမှ ဒုတိယရဲမှူးတစ်ဦးက တရားလိုပြု၍တိုင်ကြားကာ ဖမ်းဆီးရမိသည့် အမျိုးသားတစ်ဦးကို စစ်ဆေးနေကြောင်း တောင်ကြီးရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ကျန်သူများ ဖမ်းဆီးရမိရေးကို ဆက်လက်စုံစမ်းနေလျက်ရှိသည်။

လိုအပ်သောအနေအထားဆိုတာဘယ်တော့လဲအဘ

ဒီမို ဖက်တီး

အမျိုးသမီးအခွင့်အရေးနှင့် အမျိုးစောင့် ဥပဒေဟောပြောပွဲ



ဒီမို ဖက်တီး

အမျိုးသမီးအခွင့်အရေးနှင့် အမျိုးစောင့် ဥပဒေဟောပြောပွဲကို 26.12.2013 ရက်နေ့ မွန်းလွဲ 2:00 နာရီတွင်
 အောင်မြေသာဇံမြို့နယ်၊ ၂၆လမ်း ၆၀×၆၂ လမ်းကြား၊ ဓမ္မဝိဟာရီ သီလရှင် စာသင်တိုက် မှာ
ကျင်းပမည် ဖြစ်ကြောင်းသိရသည်။

ဟောပြောမည့် ပညာရှင်များမှာ
ဒေါ်ခင်ဝိုင်းကြည်(NDF ပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)
ဒေါ်နန်းရွှေကြာ (ဝံသာနု NLD ပါတီ၊ အတွင်းရေးမှူး မန္တလေး)
ဒေါ်ယဉ်ယဉ်နု (အမျိုးသားစာပေဆုရ စာရေးဆရာမ)
တို့ဖြစ်ကြောင်း သိရသည်။

အမျိုးစောင့်ဥပဒေကို ထောက်ခံရဲသော ရဲရဲတောက် မြန်မာအမျိုးသမီးများဖြစ်ပါသည်။

အလားတူ မိတ္ထီလာမြို့မှာလည်း 31.12.2013 ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း

ဒေါ်ခင်ဝိုင်းကြည် 09.73110545
ဒေါ်နန်းရွှေကြာ 09.256033108
ဒေါ်ယဉ်ယဉ်နု 09.43128732

နေပြည်တော်က မြင့်မိုလ်နန်းဟိုတယ်



Soe Zeya Tun

ခင်လို့ သတိပေးတာ ....

ဘဝမှာ ကျွန်တော် တည်းဖူးသမျှ ဟော်တယ်ထဲမှာ အစုတ်ပြတ်သတ်ဆုံးနဲ့ ဝန်ဆောင်မှု အညံ့ဆုံးဟိုတယ်ကတော့ နေပြည်တော်က မြင့်မိုလ်နန်းဟိုတယ်ပဲ...

ယူထားတဲ့ဈေးက နေပြည်တော်က ဈေးခပ်ကြီးကြီး ဟိုတယ်တွေနဲ့ တန်းတူ... ပေးတဲ့ ဝန်ဆောင်မှုက လမ်းဘေးက တည်းခိုခန်းလောက် အဆင့်မျိုး....

တစ်ခါမှ မကြားဖူးဘူးဗျာ အိပ်ယာအောက်မှာ ခိုးလိုး ခုလုဖြစ်နေလို့ ဘာများလဲလို့ လှန်ကြည့်တော့ အိပ်ယာအောက်မှာ တာလဘတ်စတွေ ခင်းထားတယ်...

မနက်စာ ဘရိတ်ဖတ်ကို ပုံတော်သလို ကျွေးပြီး ကြက်ဥကြော်တောင်းတော့ တစ်လုံးကို ထောင့်နှစ်ရာနှုန်းနဲ့ ရှင်းရတယ်...

အခန်းထဲမှာ အင်တာနက်မရဘူးဆိုတော့ ရီဆက်ရှင်မှာ လာသုံးပါတဲ့...

မီနီဘားကို မသုံးပဲနဲ့ မီနာဘား ထဲက ယူထားပါတယ်ဆိုပြီး ခုနှစ်ထောင်ကျတယ်ဆိုပြီး ဖင်ပိတ်ညင်းတယ်...

မယူဘူး ဆိုပြီး အချေအတင်း ပြန်ပြောတော့ ဟိုတယ်လုပ်စားတာ ဒါမျိုးတွေ ရိုးနေပြီဆိုပဲ...

 သေချာလား သေချာ ပြန်စစ်ခိုင်းလိုက်ဦးဆိုပြီး ပြန်ခိုင်းတော့ သူ့လူတွေ ပြန်စစ်ခိုင်းတယ် အစကတည်းက ထည့်မထားတာဆိုတော့မှ လျှော်သွားတယ်....

ကိုစိုးသန်းဝင်းက သူ့ဘာသူ အပြင်က ဝယ်လာတဲ့ ဇီးထုပ် ဖောက်စားထားတာ အခန်းထဲမှာ အခွံတွေ့တာနဲ့ သူတို့ဆီကဟာ ဖောက်စားပါတယ်ဆိုပြီး ပိုက်ဆံတောင်းတယ်...

တစ်ရက် ဒေါ်လာငါးဆယ်နှုန်းနဲ့ နေမလောက် ဒီပို့ဇစ်ပေးရတယ်... ကိုယ်တွေ ပေးထားတဲ့ ဒေါ်လာတွေက အသစ်တွေ သူတို့ ပြန်ပေးတော့ အစုတ်တွေ အခြေတင်ပြောပြီး ပြန်လှဲခိုင်းရတယ်...

ဒေါ်လာ အကြွေးအမ်းစရာ မရှိလို့ တစ်ဒေါ်လာကို ကိုးရာနှုန်းနဲ့ ပြန်အမ်းပါတယ်ဆိုပြီး လုပ်တယ်...

အဲဒါဆြို မန်မာငွေ နဲ့ ပေးမယ်ဆိုတော့ တစ်ဒေါ်လာ တစ်ထောင်နှုန်းနဲ့ တောင်းတယ်...

 သောက်မြင်ကတ်တာနဲ့ ဒေါ်လာပေးမယ် ဒေါ်လာပဲ ပြန်အမ်းဆိုတော့ ဘေးနားက ဘဏ်ကို အသည်းသန်ပြေးပြီး အကြွေသွားလှဲပြီး အမ်းတယ်...

အခန်းတံခါး လော့ကျသွားလို့ ဖုန်းဆက်ခေါ်တာ မိနှစ်နှစ်ဆယ်ကျော်မှ လာဖွင့်ပေးတယ်...

သိပ်ရှည်ရှည်ဝေးဝေးတော့ မပြောချင်တော့ဘူး တည်းဖူးတဲ့လူတွေ သိပါတယ်.... မယုံကြည်သူများ သွားရောက် စမ်းသပ် တည်းခိုကြပါကုန်

၉ရက်ကြာတဲ့အထိ အစာငတ်ခံဆန္ဒပြနေတဲ့ ဒေါ်မြင့်မြင့်အေး သတိမေ့



 Aye Mar
 အမှုကို ၆လကြာကျော်ကြာတဲ့အထိ အချိန်ဆွဲ ဆုံးဖြတ်ချက်မချသေးတဲ့အတွက် ပဲခူးတိုင်းပေါင်းတည်းအကျဉ်းထောင်မှာအစာငတ်ခံဆန္ဒြပနေတဲ့ မိထီလာပြည်သူအကျိုးဆောင်ကွန်ယက်ကဒေါ်မြင့်မြင့်အေးအပါအ၀င် ၃ဦးဟာ ၉ရက်ကြာပြိဖြစ်တဲ့အတွက် အစာငတ်ခံသူတွေထဲက
သတိမေ့မျောတာတွေဖြစ်လာပါတယ် ။ ဒီအတွက်ဆေးသွင်းနေရပြိးကျန်းမာေ၇းချိုတဲ့လာပြိဖြစ်ကြောင်း။ ကိုသန့်စင်ထက်ကတော့ လွန်ခဲ့တဲ့ ၂ရက်ကစပြိး ဆေးစသွင်းနေရပြီး ခေါ်ခင်မိမိခိုင်ကတော့ ဆေးသွင်းဖို့အတွက်ငြင်းဆန်နေတယ်လို့ သိရပါတယ်။

ချိတ်ပိတ်ခံရသော တာမွေဓမ္မာရုံ

မြန်မာသံတော်ဆင့်

တာမွေမြို့နယ်၊ တာမွေကြီး (ခ) ရပ်ကွက်၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ အမှတ်(၂၂/၂၄)ရှိ တာမွေဓမ္မာရုံအား အမှုဆောင်အဖွဲ့(ဂေါပက) ရွေးချယ် ဖွဲ့စည်းရာတွင် ဖွဲ့စည်းနိုင်ခြင်း မရှိခဲ့သဖြင့် မြို့နယ် သံဃနာယကအဖွဲ့၊ ဓမ္မာရုံ သြ၀ါဒါစရိယ ဆရာတော်အဖွဲ့တို့မှ တိုင်းဒေသကြီး သံဃနာယက အဖွဲ့သို့ ဆက်လက်တင်ပြခဲ့ရာ တိုင်းဒေသကြီး သံဃနာယက အဖွဲ့၏ ညွှန်ကြားလွှာအရ ၂၂-၁၁-၂၀၁၃ တွင် ယာယီ ချိတ်ပိတ်လိုက်ကြောင်း သတင်းရရှိသည်။

ယခုအခါ ၄င်းဓမ္မာရုံအား ယာယီ ထိန်းသိမ်းရေး အဖွဲ့ဝင် (၁၁) ဦးဖြင့် ဖွဲ့စည်း ထိန်းသိမ်းထားသည်။ လွန်ခဲ့သော နှစ်မှ ရွေးချယ်ဖွဲ့စည်းရေး စနစ်သစ်အရ ဂေါပကအဖွဲ့အား ရွေးချယ်ခဲ့ချိန်မှစ၍ ပြဿနာ အမျိုးမျိုးဖြင့် ညီညွတ်မှု မရှိဘဲ ရှိနေခဲ့သဖြင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ညှိနှိုင်း ခဲ့ကြသော်လည်း ညှိနှိုင်း၍ မရခဲ့ကြောင်း ဆက်လက်၍ မြို့နယ် အုပ်ချုပ်ရေးမှူးရုံး၌ မြို့နယ် သံဃနာယက ဆရာတော်ကြီးများ ရှေ့မှောက်၌ ၃-၁၁-၂၀၁၃ တွင် ထပ်မံ၍ ညှိနှိုင်း ဆွေးနွေး ရွေးချယ်ခဲ့ကြသော်လည်း ညှိနှိုင်း၍ မရဘဲ ပျက်ပြား သွားခဲ့သဖြင့် မြို့နယ် သံဃနာယကအဖွဲ့၊ ဓမ္မာရုံ သြ၀ါဒါစရိယ ဆရာတော် အဖွဲ့များမှ တိုင်းဒေသကြီး သံဃနာယက အဖွဲ့သို့ ဆက်လက်တင်ပြ လျှောက်ထား ခဲ့ကြသည်။ တိုင်းဒေသကြီး သံဃနာယက အဖွဲ့ ညွှန်ကြားလွှာ (၈-၁၁-၂၀၁၃) ရက်စွဲပါ စာအမှတ် ၁၀၇၁/တနက-သာ/ထွေ) ၂၀၁၃ အရ လည်းကောင်း၊ မြို့နယ် သံဃနာယက အဖွဲ့ စာအမှတ် (၁၄-၁၁-၂၀၁၃) ရက်စွဲပါ စာအမှတ် – ၀၀၈/၀၀၃ (ဓမ္မ)-တမန/ ၂၀၁၃ တို့ဖြင့် လည်းကောင်း ယာယီ ချိတ်ပိတ် လိုက်ခြင်း ဖြစ်သည်။ …

တာမွေဓမ္မာရုံနှင့် ပတ်သက်၍ တာမွေမြို့နယ် သာသနာရေးမှူး ဦးမောင်ဖြူအား ဆက်သွယ် မေးမြန်းကြည့်ရာ ““ချိတ်ပိတ်လိုက်တာ ဟုတ်ပါတယ်။ သူတို့ အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် မညီညွတ်ကြလို့ တိုင်း သံဃနာယက ညွှန်ကြားလွှာအရ ချိတ်ပိတ်လိုက်တာပါ။ ချိတ်ပိတ်တဲ့နေ့က နာယက ဆရာတော်ကြီးတွေရယ် ကျွန်တော်ရယ်၊ စီမံကိန်း ဦးစီးမှူးရယ်၊ မြို့နယ်ထွေ/အုပ် ဒုဦးစီးရယ်၊ ပြည်သူ့ ရဲတပ်ဖွဲ့၊ ရပ်ကွက် အထောက်အကူပြု အဖွဲ့တွေပါတယ်””ဟု မြန်မာသံတော်ဆင့်သို့ ပြောကြားသည်။

၎င်းတာမွေ ဓမ္မာရုံကြီးသည် မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီ ၁၉၄၅ ခုနှစ်မှ စတင် တည်ထောင်ခဲ့ပြီး ဘာသာရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ကာ ၁၉၈၀ ပြည့်နှစ် မှစ၍ နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓမြတ်စွာဘုရားများအား စတင်ပူဇော် လှည့်လည်ပြီး နှစ်စဉ် ဘုရားပွဲတော်များ ကျင်းပခဲ့ကြောင်း၊ စတင် တည်ထောင်ခဲ့စဉ် (၁၉၄၅) ခုနှစ်ကတည်းက ၀ါတွင်းကာလ ဥပုသ်နေ့တိုင်း အရုဏ်ဆွမ်း လောင်းလှူခြင်း၊ ဆရာတော်များအား ပင့်ဖိတ်၍ သီလ ဆောက်တည်ခြင်း၊ ဆရာတော်များက ၀ါတွင်း(၃)လ ကာလပတ်လုံး ဥပုသ်နေ့တိုင်း တရားတော်များ ချီးမြှင့်ခြင်းနှင့် သီတင်းကျွတ် လပြည့်နေ့တွင် ဆွမ်းတော်ကြီး ပွဲတင်၍ ဆီမီးပူဇော်ပွဲများ ကျင်းပခြင်း၊ သက်ကြီး ပူဇော်ပွဲများလည်း နှစ်စဉ်ကျင်းပခြင်း စုပေါင်းဒုလ္လဘ ရဟန်းခံရှင်ပြု၊ သီလရှင်ပြုနှင့် မဟာပဋ္ဌာန်း ပူဇော်ပွဲများ အထူးတရားပွဲများအား စည်ကား သိုက်မြိုက်စွာ စဉ်ဆက်မပြတ် နှစ်စဉ် ကျင်းပခဲ့သော ဓမ္မာရုံကြီး တစ်ခုဖြစ်ပြီး တာမွေမြို့နယ်တွင် သက်တမ်း အရှည်ကြာဆုံးနှင့် အစဉ်အလာ ရှိခဲ့သော စံနမူနာ ပြဓမ္မာရုံကြီး တစ်ခု ဖြစ်ကြောင်း ရပ်ကွက်နေ ပြည်သူတစ်ဦးက မြန်မာသံတော်ဆင့်သို့ ပြောကြားသည်။

တာမွေအောင်ကို

လှောင်အိမ်ထဲမှ လွတ်ထွက်လာသော ငှက်ကလေးများ

မြန်မာသံတော်ဆင့်



တာမွေအောင်ကို

သူငယ်ချင်းထံမှပေးသောစာ (သို့) ပြီးဆုံးခဲ့ပြီဖြစ်သော အမှတ်တရများ

တစ်နေ့ ဂျာနယ်တိုက်ရုံးမှ ညနေ အိမ်ပြန်ရောက်တော့ ဇနီးဖြစ်သူက ကိုအောင်ကို အမည်နဲ့ စာတစ်စောင် ရောက်နေတယ်။ အစ်ကိုကြီး ကိုအောင်ကိုတဲ့ ကြည့်လည်းလုပ်ဦးနော်… ဘယ်တုန်းက အဆက်ဟောင်း တွေဆီကလဲဟု ဇနီးဖြစ်သူမှ ခနဲ့တဲ့တဲ့နှင့် ပြောရင်း စာကို ထုတ်ပေးသည်။ ဘယ်သူပါလိမ့်ဟု စိတ်ထဲတွေးရင်း စာအိတ်ပေါ်မှာ ရေးထားတာက စောလွင်မကွေးမြို့တဲ့.. ဘယ်သူလဲ စဉ်းစားကြည့်သည်၊ ကြံ့ခိုင်ရေး မှော်ဘီ သင်တန်းတွေ တက်တုန်းက နယ်က သူငယ်ချင်းတွေနဲ့တူတယ်ဟု တွေးရင်းစာကို ဖွင့်ဖောက် ဖတ်ကြည့်ရာ ကိုအောင်ကိုကြီး ကျွန်တော့်ကို မှတ်မိသေးရဲ့လား၊ ကျွန်တော် မောင်စောလွင်လေ . .. ကိုအောင်ကိုကြီး ကတော့ ဘယ်မှတ်မိတော့မလဲ ကျွန်တော်ကို အစ်ကိုတို့ နောက်ပြောင်ပြီးခေါ်တဲ့ ဆော်ကြီးလေ၊ စောလွင် မကွေးမြို့ကပါ၊ ကျွန်တော်လည်း ကိုအောင်ကိုကြီးကို သတိရပြီး သင်တန်းမှာတုန်းက အမှတ်တရ ဖြစ်ခဲ့တာတွေ ပြန်တွေးကြည့်ပြီး စာရေးလိုက်ရတာ။ ၁၉၉၉ ခုနှစ်ကဆိုတော့ နှစ်တွေလည်း အတော်ကြာခဲ့ပြီ နော် … ကိုအောင်ကိုကြီးကို သတိရစေတာက ပြီးခဲ့တဲ့လ (၁၀)လပိုင်း လောက်က မုံရွာမှာနေတဲ့ ဦးလေးအိမ် ကျွန်တော် ရောက်တော့ ဂျာနယ်တစ်စောင် တွေ့တယ်။ အဲ့ဒီ ဂျာနယ်က သံတော်ဆင့်ဂျာနယ် ဖတ်ကြည့် မိတော့ ကိုအောင်ကိုကြီးပုံနဲ့ ဆောင်းပါးတစ်ခု တွေ့တယ်။ အဲ့ဒီတော့မှ ဒါငါတို့ မှော်ဘီကြံ့ခိုင်ရေး စီမံခန့်ခွဲရေး သင်တန်းတက်တုန်းက ကိုအောင်ကိုကြီးပဲ အဲ့ဒီမှာ ဆောင်းပါး ဖတ်ကြည့်မိမှဘဲ အစ်ကိုအောင်ကို ကို ပြန်သတိတရ ဖြစ်စေတာကိုတော့ ကျွန်တော့်ကို ခွင့်လွှတ်ပါ။

ဘာလဲ ဆောင်းပါးအမည်က ““ဆပ်ပြာကောင်းလို့ ခေါင်းပေါင်းဖြူတဲ့”” အစ်ကို အဖေဆုံးသွားတဲ့ အကြောင်း တွေလည်း ပါတယ်။ စိတ်မကောင်းလည်း ဖြစ်မိပါတယ်။ အစ်ကို့လောက် တက်ကြွတဲ့ ကေဒါခေါင်းဆောင် ကောင်းတစ်ယောက် ဘာကြောင့် အသင်းကြီးကနေ ထွက်သွားတာကို ဘယ်လိုမှ တွေးလို့မရဘူး၊ နိုင်ငံရေး အကြောင်း၊ ကြံ့ခိုင်ရေး အကြောင်းတွေ မပြောတာဘဲ ကောင်းပါတယ်။ ကျွန်တော်လည်း အပြင် စီးပွားရေးပဲ လုပ်နေတယ်။ သင်တန်းတုန်းက ကိုအောင်ကိုကြီးက အလွန်ပျော်တတ်တာတွေကို ပြန်သတိရစေတယ်။ အစ်ကို ကျွန်တော်တို့ကို စနေ/တနင်္ဂနွေ အပြင်ထွက်ခွင့် အောက်ပတ်စ် (Out Pass) ရတုန်းက ရန်ကုန်မြို့အနှံ့ တန်ခိုးကြီးဘုရားတွေ၊ ရုပ်ရှင်တွေ လိုက်ပြတာတွေ အစ်ကို့ ဘေးခုတင်က မြ၀တီက တင်ယုလည်း ပါတယ် လေ။ သင်တန်းမှာ နောက် ရယ်စရာ အမှတ်တရ လေးတွေလည်း ရှိသေးတယ်၊ အဆောင်မှူးက ညနေတိုင်း တန်းစီတန်းညှိ လူစစ်တော့ အမိန့်ထုတ်ထားတယ်လေ၊ မင်းတို့ ဘာပဲလုပ်နေနေ ၀ီစီခရာ မှုတ်သံကြားတာနဲ့ တန်းစီ ညာညှိပြီး ဖြစ်ရမယ်လို့လေ အဲ့ဒါ တစ်နေ့ ၀ီစီမှုတ်တော့ အစ်ကိုက ရေကန်မှာ ရေချိုးနေတုန်း အမြန်ပြေးလာပြီး ပုဆိုးလဲမပါလည်း အောက်ခံဘောင်းဘီလေးနဲ့ လာတန်းစီတာလေ၊ အဆောင်တစ်ခုလုံး ပွဲကျသွားတာ မှတ်မိနေတယ်။ နောက်ရှိသေးတယ်၊ ကိုအောင်ကိုကြီး လူစွမ်းကောင်း လုပ်ခဲ့တာလေ၊ တစ်နေ့ ခန်းမ၀င်တော့ ကျွန်တော်တို့ အဆောင်(၅) အဖွဲ့ခန်းမဆီ သွားနေတုန်းလမ်းမှာ မိန်းကလေးတစ်သိုက် အလန့်တကြား ဖြစ်နေကြတယ်။ ဘာတွေဖြစ်နေလဲ ကျွန်တော်တို့သွား ကြည့်တော့ ရှမ်းတောင်က ရှမ်းမလေး ခြေထောက်မှာ မျှော့ကြီး တွယ်နေတာလေ။ စကားသံဝဲ၀ဲ ကြောက်လို့ အော်နေလိုက်တာ သူ့ခြေထောက် ကိုပြပြီး အစ်ကိုတို့ ကူညီပါတဲ့… ကျွန်တော်တို့လည်း မကိုင်ရဲဘူး အစ်ကိုက လူစွမ်းကောင်းကြီးလေ ဟဲ..ဟဲ … လက်နဲ့ကိုကိုင်ပြီး ရှမ်းမလေး ခြေထောက်က မျှော့နက်မည်းကြီးကို ဖယ်ပေးလိုက်တာ အစ်ကိုက ပြောသေးတယ်၊ ကောင်မလေးမို့ ငါလုပ်ပေးလိုက်တာပါ မင်းတို့လို အထီးကြီးတွေဆို ငါမလုပ်ဘူးတဲ့။ အဲ့ဒီမှာ ကျွန်တော်တို့ တင်ယုတို့က အစ်ကိုအောင်ကို မျှော့နက်မည်းကြီးလို့ စနောက်ခဲ့တာလေ အစ်ကို တော်တော် အမည်တွင် သွားတယ်၊ နောက်ရှိသေးတယ် ရှမ်း/ မြောက်က စိုင်းမိုင်လေ ကိုအောင်ကိုက ၀တော့ မိုးဒီလို ခေါ်တယ်၊ ကြော်ငြာလေ … အဲဒီတုန်းက တီဗွီမှာ ကြော်ငြာလာနေကျ မိုးဒီရဲ့ သားသားစား ချင်တာစားလို့ရပြီ ထက်လင်း ရင်လူးဆေး … အဲဒီကောင်က အစ်ကို့ကိုတွေ့တိုင်း သားသားစားချင်တာ စားလို့ရပြီ ဆိုပြီး နောက် တာ ကိုအောင်ကို စိတ်ဆိုးပြီး လိုက်ထိုးတာတွေ ရယ်စရာလေးတွေ၊ အမှတ်တရ ရှိခဲ့တာတွေ တွေးရင်း စာထဲ ထည့်ရေးမိတာ စိတ်မဆိုးနဲ့နော်…နောက်ရှိသေးတယ်၊ ထားဝယ်ဂျပုကစ်ကောင် ညဘက်အိမ်သာ သွားတက်တော့ လက်နှိပ်ဓာတ်မီးနဲ့ အိမ်သာထဲ လိုက်ထိုးကြည့်မိတာ သူ့နောက်မှာ မြွေခွေနေတာတွေ့တော့ လန့်ဖျပ်ပြီး ရေတောင် မဆေးတော့ဘဲ အဆောင်ပြန်ပြေး လာရတာတွေ အဆောင်ထဲမှာ မကွေးက ကသ ၁၅၂ ထင်တယ် သူ့ရည်းစား ပေးလိုက်တဲ့ နာရီလေး ပျောက်တော့ အဆောင်မှူးကို သွားတိုင်တယ်၊ အဆောင်မှူး တပ်ကြပ်ကြီးက အဆောင်မှာရှိတဲ့ သေတ္တာတွေ အားလုံးစစ်မယ် အားလုံး အဆောင်အပြင် ထွက်ပြီး တန်းစီ ခိုင်းတယ်၊ အဲဒီမှာတင်ယု မြ၀တီက ပြဿနာပဲ။ ဘာလဲ မင်းယူထား လို့လားဟု မေးရာ မယူပါဘူးဗျာ၊ ကျွန်တော် သေတ္တာထဲက ၀ှက်ထားတဲ့ အရက်ပုလင်း တွေ့သွားမှာ စိုးလို့ပါဟု ရယ်ခဲ့ရတာတွေ၊ ပျော်ခဲ့ ရတာတွေ၊ နောက်တော့ နာရီက ရေချိုးကန် ခေါင်မိုးတန်းဘေးမှာ ချိတ်ထားမိခဲ့ပြီး ပြန်တွေ့လို့ နာရီပျောက်တဲ့ ကသ-၁၅၂ ကို ၀ိုင်းထုခဲ့ကြတာတွေ ကျွန်တော်တို့ တစ်တွေ ခေါင်းအုံး၊ စောင်၊ အိပ်ရာ ကစ် (Kit) မခေါက် တတ်တော့ အစ်ကို သင်ပေးတာလေ၊ ကစ်( Kit )ကို ပုံစံမပျက်အောင် အသေတစ်ခါတည်း ခေါက်ထား နည်းတွေ သင်ပေးထားတာ ညအိပ်တော့ အခြား ခေါင်းအုံးတစ်ခုနဲ့အိပ်၊ သင်တန်း ခန်းမ၀င်တော့ အဆောင်မှူးတွေက လာစစ်၊ ညအိပ်တဲ့ ခေါင်းအုံးကို မမြင်အောင် သေတ္တာထဲ ၀ှက်ထားခဲ့တာတွေ အဆောင်စစ်တဲ့ မှတ်တမ်းမှာ မှတ်ချက် ပြုသွားတာက သံသေတ္တာအောက်က ကင်းမြီးကောက်တွေ့တဲ့ မယုံလို့ သေတ္တာအောက် မကြည့်ကြတော့ ကင်းမြီးကောက်ကြီး တစ်ကောင် ရှိနေခဲ့ရတာတွေ၊ အဆောင်လိုက် ဘောလုံးပြိုင်ပွဲမှာ ကိုအောင်ကို ကိုယ်လုံးကြီးနဲ့တစ်ဖက်က ဂိုးသွင်းလို့ မရအောင် ပိတ်ဆို့ပြီး ဟာသလုပ်ပြီး ကစားခဲ့တာတွေ၊ ဟိုကောင် အရက်သမား မြ၀တီကတင်ယု တစ်ယောက် မှော်ဘီဗိုလ်သင်တန်း ကျောင်းဝင်းနောက်က တပ်မတော် စစ်တီးဝိုင်း တပ်ဖွဲ့လိုင်းခန်းမှာ အာမီရမ် ခိုးထွက်ဝယ်လို့ အဆောင်မှူး မိသွားပြီး အဆောင် (၁၀) ပတ် ပြေးခိုင်းပြီး ဒဏ်ပေးခံရတာတွေ၊ ညဘက် နိုက်စတာဒီ Night Study သင်တန်းအားလုံး ခန်းမ၀င်တဲ့ အချိန်ဗိုလ်ကြီး သင်တန်းအုပ်ချုပ်သူက ကသနံပါတ် ဘယ်သူ ဘယ်ဝါသင်တန်း မှာ အိပ်ငိုက်၊ ကသ နံပါတ် ဘယ်သူကတော့ ဟင်းတစ်ခွက် ပိုယူစား၊ အဆောင်လိုက် အမှတ်ရရှိမှု၊ ၀တ်စား ဆင်ယင်မှု၊ သန့်ရှင်း သပ်ရပ်မှု ပြစ်ဒဏ် အမှတ် လျော့ခဲ့တာတွေ စင်ပေါ်တက်ပြီး လူထုဟောပြောနည်း ဘာသာရပ် တက်ပြောခဲ့ရတာတွေ လူထုဟောပြောနည်း စင်ပေါ်တက် ပြောရမှာ ကြောက်လို့ ကိုယ့်အလှည့် ရောက်တဲ့အခါ အိမ်သာ သွားတက်ချင်ယောင် ဆောင်ခဲ့တာတွေ၊ သင်တန်းသူ တစ်ယောက် စင်ပေါ် ရောက်မှ ကြောက်စိတ်ဝင်ပြီး မူးလဲသွားလို့ ကျန်းမာရေး ဆေးခန်း ပို့ခဲ့ရတာတွေ၊ သင်တန်းပြီးလို့ နာယကကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ရန်ကုန် သိမ်ကြီးဈေး အပေါ်ထပ် မေဟွား ဟိုတယ်မှာ ဂုဏ်ပြုညစာ စားပွဲ တက်ခဲ့ရတာတွေ အဲ့ဒီတုန်းက ကျွန်တော်တို့နဲ့ကိုအောင်ကိုကြီး သီချင်းဆိုခဲ့ကြတာတွေ၊ ဒီလိုခမ်းနားလွန်းတဲ့ ညစာစားပွဲကို တက်ခဲ့ရတဲ့အကြောင်း ကျွန်တော်တို့ မြို့ရောက်တော့ ပြန်ပြော၊ ပြန်ကြွားခဲ့ရ တာတွေဟာ မမောနိုင်အောင်ပါပဲ။ ကျွန်တော်လည်း အစ်ကိုရေးတဲ့ ဆောင်းပါးဖတ်ကြည့်ပြီး အိမ်ပြန်ရောက်တော့ ကျွန်တော် တို့ဆီက ပိုက်ဆံကောက်ပြီး သင်တန်းက လုပ်ပေးလိုက်တဲ့ လိပ်စာ မှတ်တမ်းစာအုပ်မှာ အစ်ကို လိပ်စာပြန်ရှာပြီး စာရေးလိုက်ရတာ။ ကျွန်တော်တို့ သင်တန်းကာလ (၂)လတာ နီးပါးကာလမှာ တစ်ဦးနှင့်တစ်ဦး သံယောဇဉ်တွေ ဖြစ်ပြီး သင်တန်းပြီးဆုံးလို့ အချိန်တန် အိမ်ပြန်ရတဲ့ အချိန်မှာ ကျွန်တော်တို့ ယောက်က်ျားကြီးတွေ တန်မဲ့ မျက်ရည်ကျခဲ့ရတာ တွေကို ပြန်သတိရပြီး လွမ်းဆွေး သတိရနေမိတယ်။ အစ်ကိုကိုယ် အခု အပြင်လောကမှာ တွေ့နေရတာ ကောင်းပါတယ်။ ကျွန်တော်လည်း ပါတီပြောင်းတော့ မပါတော့ဘူး၊ တစ်ယောက်နဲ့ တစ်ယောက် တွန်းတိုက်နေတာနဲ့ပဲ အချိန်တွေ ကုန်ခဲ့တယ်၊ ဟိုတုန်းက အသင်းကြီးမှာ လူမှုရေး လုပ်ငန်းတွေပဲ လုပ်ခဲ့ကြရတာကို သန့်ရှင်းတယ်လို့ ကျွန်တော်ကတော့ ယူဆတယ်၊ တချို့ ကျွန်တော်တို့နဲ့အတူ လုပ်ခဲ့ကြသူတွေထဲမှာ ၀န်ကြီးတွေ ဖြစ်တဲ့ သူတွေလည်း ဖြစ်နေကြပြီ။ သူတို့က ၀န်ကြီးဇာတာပါတယ် ထင်တယ်။ ကျွန်တော်တို့ ဘယ်လောက်ပဲ လုပ်ခဲ့လုပ်ခဲ့ နေရာ မရခဲ့ဘူး။ ကျွန်တော်လည်း ဘွဲ့ရ တစ်ယောက်ပါ။ အပေါ်ကို မဖားလို့လားတော့ မသိဘူး၊ အထက်ဖား အောက်ဖိ သူတွေကတော့ အတော်များတယ်။ အခွင့်အရေးကို ရအောင် ယူတတ်တဲ့ သူတွေကတော့ နေရာ တွေရကြနဲ့ ချမ်းသာ နေကြပြီလေ၊ သူတို့ ကောင်းစားတာ မနာလိုလို့ ပြောတာလို့ ပြောနေကြဦးမယ်။ ဘေးထိုင်ပြီး ဘုပြော နေတယ်။ မင်းသားကြီး မလုပ်ရလို့ ပတ်မကြီး ထိုးဖောက်တယ်လို့ အပြောမခံချင်ပါဘူး။ အခုတော့ ဘယ် အဖွဲ့အစည်းမှာမှ မ၀င်တော့ ကိုယ့်မိသားစုအတွက် အချိန်ပေးနေနိုင်တယ်။ အစ်ကိုနဲ့ ရန်ကုန်မှာ လျှောက် လည်ကြရင်း ဗဟန်းမြို့နယ်၊ တက္ကသိုလ် ရိပ်သာလမ်းက ကြံ့ခိုင်ရေးဌာနချုပ်ကို အစ်ကို လိုက်ပို့ပေးတယ်လေ၊ အဲဒီက၀ယ်ပြီး လက်ဆောင်ပေးလိုက်တဲ့ စင်ကာပူလုပ် ကြံ့ခိုင်ရေး အလံတံဆိပ်နှင့် လေးထောင့်သံတံဆိပ် ကျွန်တော့်ဆီမှာ အခု ထိရှိသေးတယ် စင်ကာပူလုပ် တံဆိပ်က ရှားတယ် အခုထိ အရောင်မပြယ်သေးဘူး။ အစ်ကိုမှတ်မိမလား မသိဘူး။ သင်တန်းမှာတုန်းက အဘ၀န်ကြီးတစ်ဦး ပြောသွားတယ်လေ။ မင်းတို့ ပေါင်းစားကြ အရိုးမစူးဘူး၊ ပေါင်းပြီးမစားရင်ကတော့ အရိုးစူးလိမ့်မယ်။ အသင်းကြီးထဲမှာ အရိုးစူးသွားကြတဲ့ သူတွေ အများကြီးပဲနော်… အစ်ကိုနဲ့ ကျွန်တော်တို့ သင်တန်းတက်တဲ့နှစ်က (၁၉၉၉) ခုနှစ်က ဆိုတော့ (၁၄)နှစ် တောင် ကြာခဲ့ပြီနော် ယခင်က သတင်းစာတွေထဲ မှာ တီဗွီတွေထဲမှာ အစ်ကိုတို့ လှုပ်ရှားမှု သတင်းတွေ မကြာခဏ တွေ့နေရတယ်။ အတော့်ကို လှုပ်ရှားခဲ့ကြတာပဲ၊ (၂၀၀၈) ခုနှစ်၊ အခြေခံ ဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲတုန်းကဆို အစ်ကိုတို့ တာမွေက သတင်းတွေ အများကြီးပဲ တွေ့နေရတယ်။ အခု အစ်ကိုလည်း အပြင်လောကကို ရောက်သွားပြီဆိုတော့ အတော်လေး ရင်ပေါ့ သွားမှာပေါ့နော်၊ အစ်ကို့ဇနီး သားသမီးတွေကတော့ သူတို့အတွက် အချိန်ပေးနိုင်ပြီဆိုတော့ စိတ်ချမ်းသာကြမှာပေါ့။ ကျွန်တော်လည်း ဒီအတိုင်းပါပဲ၊ မြ၀တီက တင်ယု၊ လွိုင်ကော်က ဇေယျာမြင့်၊ အစ်ကိုနောက် နောက်နေတဲ့ အုတ်ဖိုက ကုတ်တို၊ စိုင်းအောင်ခိုင်လေ မမှတ်မိတော့ဘူးလား နောက်ပြီး ဟင်္သာတက ခိုင်စိုးလင်း၊ ကျွန်တော်တို့ သာကေတ ရှုခင်းသာမှာ ဓာတ်ပုံအတူတူ တွဲရိုက် ခဲ့ကြသေးတယ်။ အဲဒီဓာတ်ပုံ ကျွန်တော် အခုစာရေးရင်း ထုတ်ကြည့်နေမိ တယ်။ အစ်ကို့ဆီမှာကော အဲ့ဒီဓာတ်ပုံရှိသေးလား၊ အခုတော့ လွမ်းစရာလေးတွေ ဖြစ်ကုန်ပြီ။ ဒါပေမယ့် ပြီးခဲ့တာတွေ ပြီးခဲ့ပါပြီ၊ ကျွန်တော်လည်း အပြင်လောကရောက်ပြီး၊ ဆန်အရောင်းအ၀ယ် လုပ်နေတယ်။ အိမ်ထောင်ကျပြီး၊ သမီးလေးတစ်ယောက်လည်း ရနေပါပြီ။ အခုမုံရွာနဲ့ ကျွန်တော်တို့မြို့ ကူးချည်သန်းချည် ဆန်အရောင်း အ၀ယ်လုပ်နေတယ်။ ကျွန်တော့်ဆီလည်း စာရေးပါဦး။ ကျွန်တော့်ဖုန်းနံပါတ်လည်း ရေးပေးလိုက်ပါတယ် ၀၆၃ …… စာလည်း ရှည်သွားပြီ အစ်ကိုရာ၊ ကိုအောင်ကိုကြီးကိုတော့ အားရ ကျေနပ်မိတယ်။ အစ်ကို့ဓာတ်ပုံ ဂျာနယ်မှာ တွေ့တော့ သတိရမိပြီး ဒီစာကို ရေးလိုက်တာပါ။ သင်တန်း တက်စဉ်က ပုံရိပ်တွေ ပြန်မြင်ယောင်မိပြီး ၀မ်းနည်းမိသလိုလို ခံစားရတယ်။ တက်ခဲ့တဲ့ သင်တန်းတွေတော့ အခုတော့ အလကား ဖြစ်ကုန်ပြီ။ ကျွန်တော်တို့လို အပြင်ရောက်သွားတဲ့ လူမျိုးတွေ ဘယ်လောက်တောင် ရှိနေမလဲ မသိဘူးနော် … အဲဒီသင်တန်းတွေအတွက် နိုင်ငံတော်က ပိုက်ဆံတွေ အများကြီး ကုန်မှာပဲ သတိရခြင်း များစွာဖြင့်… မှ စောလွင်/မကွေး။ မိမိလည်း စာဖတ်အပြီး ခေတ္တမျှ တွေဝေကာ အသင်းကြီးတွင် ပါဝင်ခဲ့စဉ်က ပုံရိပ်ဟောင်းတွေ ပြန်မြင်ယောင်မိလျက် ရှိနေစဉ် အတွေးများ ဖြတ်၍ စောလွင်ဆီ ဖုန်းဆက် ကြည့်လိုက်သည်။ ဟဲလို ..ဟဲလို ငါပါကွ ကိုအောင်ကိုပါ ဟာ…ကိုအောင်ကိုကြီး ကျွန်တော် စောလွင်ပါ အရမ်းဝမ်းသာတယ်။ ကျွန်တော့်စာ အစ်ကိုဆီ ရောက်ပြီ ထင်တယ်၊ ငါလည်း ၀မ်းသာပါတယ်။ မင်း စာဖတ်ပြီးပြီးချင်း ငါ ဖုန်းဆက်လိုက်တာ၊ အစ်ကိုမကွေး ရောက်ရင်ဝင်ခဲ့နော်.. အခုတော့ အစ်ကိုတို့ဂျာနယ် အမြဲဝယ်ဖတ်တယ်။ အစ်ကို လိပ်စာက လိပ်စာမှတ်တမ်း စာအုပ်ထဲက လိပ်စာပဲ မဟုတ်လား၊ ရန်ကုန် ရောက်ဖြစ်ရင် ၀င်ခဲ့မယ်။ အေးပါကွာ . . . ငါလည်း မင်းစာဖတ်ကြည့်ပြီး ပြီးဆုံးခဲ့ပြီဖြစ်သော မေ့ထားခဲ့သည့် အတိတ်ကပုံရိပ်တွေ ပြန်မြင်ယောင်လာမိတယ်။ ငါတို့တွေက လှောင်အိမ်ထဲက လွတ်ထွက်လာတဲ့ ငှက်ကလေးတွေပါ။ လှောင်အိမ်ထဲ ဘယ်တော့မှ ပြန်မ၀င်တော့ဘူး။ ၀မ်းသာတယ်ကွာ အဲဒီမှာ ငါ့ဖုန်းနံပါတ် ပေါ်တယ် မဟုတ်လား …ပေါ်တယ် အစ်ကို… အေးဒါပဲနော်။ မင်းရေးလိုက်တဲ့ စာကငါ့အတွက် ဆောင်းပါးတစ်ပုဒ် ရတာပေါ့၊ ဟဲ ဟဲ ငါရေးလိုက်မယ် … မင်း ဖတ်ကြည့်ပေတော့၊ ငါကတော့ ဒီလို အမည် ပေးလိုက်တယ် …. သူငယ်ချင်းထံမှ ပေးသောစာ (သို့) ပြီးဆုံးခဲ့ပြီဖြစ်သော အမှတ်တရများဟု…သာ ရေးချလိုက်မိသည်။

 (ဤဆောင်းပါးတွင် ပါရှိသော တချို့အမည်နှင့် မြို့အမည်များအား (အမည်လွှဲ) ထားပါသည်။)

ကိုမင်းကိုနိုင် ၃ မျက်နှာစာ ဖြေသွားတာ

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး၏ ထုတ်ပြန်ချက်




ဒီဇင်ဘာလ ၂၀ ရက်နေ့

မြန်မာ ၊  နှစ်မကုန်မီ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူအားလုံးအား လွှတ်ပေးရမည် ။



ပြည်ထောင်စုမြန်မာနိုင်ငံတော် သမ္မတဦးသိန်းစိန် အနေဖြင့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူအားလုံးအား နှစ်မကုန်မီ လွှတ်ပေးမည်ဆိုသောကတိကို အကောင်အထည်ဖော်ဖို့ အချိန်မှာ တဖြည်းဖြည်းကုန်းဆုံးလျက်ရှိသည် ။

နှစ်ကုန်ရန် နှစ်ပတ်အလို နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးလျက်ရှိသော်လည်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူအတော်များများမှာ သံတိုင်များနောက်ကွယ်တွင် ရှိတုန်း ၊ အချို့သောတက်ကြွလှုပ်ရှားသူများမှာ သူတို့၏ ငြိမ်းချမ်းစွာလှုပ်ရှားမှုများအတွက် အမှုရင်ဆိုင်နေရတုန်း ။ အစိုးရ၏ လူ့အခွင့်အရေးဆိုင်ရာ ပြုမူကိုင်တွယ်ပုံက မေးခွန်းထုတ်စရာ ဖြစ်နေသည် ။

ယုံကြည်ချက်ကြောင့် ထောင်သွင်းအကျဉ်းချ ခံနေရသူများထဲမှ ထောင်ဒဏ် ၁၇ နှစ်ကျခံနေရသူ ဒေါက်တာထွန်းအောင်သည် ဒေသမှ ခေါင်းဆောင်တစ်ဦးဖြစ်သလို ဆရာဝန်တစ်ဦးလည်းဖြစ်သည် ။ ၂၀၁၂ ဇွန်လအတွင်း မြန်မာနိုင်ငံ အနောက်ပိုင်း မောင်တောတွင် ဖြစ်ပေါ်ခဲ့သော လူထုအကြမ်းဖက်မှုကို တားဆီးရန်ကြိုးစားရာမှ ထောင်သွင်းအကျဉ်းချခံခဲ့ရသည် ။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် အပါအ၀င် လူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် နိုင်ငံတကာ စောင့်ကြည့်လေ့လာသူများမှ သူ့အားပြန်လွှတ်ပေးရန် အကြိမ်ကြိမ်တောင်းဆို သော်လည်း အခုနှစ်အတွင်းထပ်မံလွှတ်ပေးမည့် စာရင်းထဲတွင် ပါဟန်မရှိပါ ။

 နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးအနေဖြင့် အထူးစိုးရိမ်မိသည်မှာ ယုံကြည်ချက်ကြောင့် အကျဉ်းချခံခဲ့ရသူများမှာ ပြန်လည် အဖမ်းခံရမည့် အရေးရှိနေသေးသောကြောင့်ဖြစ်သည် ။ အဆိုပါ ယုံကြည်ချက်ကြောင့်အကျဉ်းချခံခဲ့ရသူများမှာ သူတို့မလွတ်ခင် နိုင်ငံရေးလှုပ်ရှားမှုများတွင် မပါဝင်ရန်ကန့်သတ်ခြင်း စသော သဘောတူညီမှုများ ပြုလုပ်ခဲ့ရသည် ။ လွတ်မြောက်သူများအား အကြွင်းမဲ့ လွတ်မြောက်မှုအတွက် အစိုးရက အာမခံချက်ပေးရမည် ။ မည်သည့် အကြောင်းပြချက်နှင့်မှ ပြန်လည်ဖမ်းဆီးခြင်းမရှိစေရ ။

မကြာသေးမီလများက ဖမ်းဆီးခံထားခဲ့ရသည် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ ၊ လူ့အခွင့်အရေးကာကွယ်သူများ ၊ လယ်သမားများ အများအပြားအတွက် မည်သည့်အာမခံချက်မှ ရှင်းရှင်းလင်းလင်းမသိရသေးပေ ။ အဆိုပါပုဂ္ဂိုလ်များမှာ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် မကိုက်ညီသော လွတ်လပ်စွာထုတ်ဖော်ခွင့်၊ သင်းပင်းဖွဲ့စည်းခွင့်နှင့် ငြိမ်ချမ်းစွာ စုဝေးခွင့်များကို ကန့်သတ်ထိန်းချုပ်သည့် ဥပဒေများ နှင့် တရားစွဲဆိုခံထားရခြင်းဖြစ်သည် ။

ဒေါ်မြင့်မြင့်အေး ၊ ဒေါ်ခင်မိမိခိုင်နှင့် ကိုသန့်စင်တို့မှာ ဇွန်လ ၁၁ ရက် ၂၀၁၂ ခုနှစ်တွင် ပဲခူးတိုင်းအနောက်ပိုင်း  နတ္တလင်းမြို့နယ် တွင် အဖမ်းခံခဲ့ရသည် ။ အကြောင်းရင်းမှာ နှစ်ပေါင်းနှစ်ဆယ်ကျော်ခန့်က သိမ်းယူခံခဲ့ရသော လယ်များ ပြန်လည်ရရှိရေးအတွင် ဆန္ဒထုတ်ဖော်မည့် ရွာသားများနှင့် သွားရောက်ပူးပေါင်းရန် ပဲခူးသို့ရောက်ရှိပြီး အဖမ်းခံခဲ့ရခြင်း ဖြစ်သည် ။ အဆိုပါ လူ့အခွင့်အရေးတက်ကြွှလှုပ်ရှားသူ ၃ ဦးစလုံးအား ထောင်ဒဏ် (၅) နှစ်အထိ အပြစ်ပေးနိုင်သော ပုဒ်မ (၆) ၁၉၈၈ ခုနှစ်အဖွဲ့အစည်း ဥပဒေဖြင့် တရားစွဲဆိုခံထားရပြီး (၃) ဦးထဲမှ ကိုသန့်စင်မှာ ထောင်ဒဏ် (၁) နှစ်နှင့် ငွေဒဏ် ၃၀၀၀၀ ကျပ်အထိ အပြစ်ပေးနိုင်သော ပုဒ်မ (၆) အပြင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ရေးဥပဒေ ပုဒ်မ (၁၈) ဖြင့် တရားစွဲဆိုခံထားရသည် ။ အမှုစစ်ဆေးသည်မှာ (၆) လကျော်ရှိနေပြီဖြစ်ပြီး အဆိုပါ ၃ ယောက်စလုံးအား အမှုစစ်ဆေးနေစဉ် ပေါင်းတည်ထောင်တွင် ထိန်းသိမ်းထားသည်မှာ (၆) လကျော်ရှိနေပြီဖြစ်သည် ။ ဒီဇင်ဘာလ (၁၃) ရက်မှ စတင်၍ အစာငတ်ခံဆန္ဒထုတ်ဖော်နေသည်ဟုလည်း သိရသည် ။

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးအနေဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်သမ္မတအနေဖြင့် အထက်ပါ ပုဂ္ဂိုလ်များအပါအ၀င် နိုင်ငံအ၀ှမ်းရှိ ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရသူများအား ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုအပ်ပါသည် ။ ထို့အပြင် အာဏာပိုင်များအနေဖြင့် လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် ၊ အသင်းအပင်းဖွဲ့စည်းခွင့် နှင့် ငြိမ်းချမ်းစွာ စုဝေးခွင့် များကျင့်သုံးနိုင်ရေးအတွက် ချုပ်ချယ်ကန့်သတ်မှုများကို ရပ်တန့်ပေးရန်တောင်းဆို ပါသည် ။ ထို့အပြင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့် ၊ အသင်းအပင်းဖွဲ့စည်းခွင့် ၊ စုဝေးခွင့်များကို ကန့်သတ်ထားသည့် ပြစ်မှုဆိုင်ရာ ဥပဒေများကို ဖျက်သိမ်းပြင်ဆင်ရန်နှင့် ဥပဒေအားလုံးသည် နိုင်ငံတကာလူ့အခွင့်အရေး ဥပဒေများနှင့် ကိုက်ညီမှုရှိအောင် ပြင်ဆင်ရန် တိုက်တွန်းပါသည် ။

မြန်မာအာဏာပိုင်များအနေဖြင့် ယုံကြည်ချက်ကြောင့် အကျဉ်းချခံခဲ့ရသူများအား ပြန်လည်ကုစားရေးနှင့် အကူအညီများကို သင့်လျော်သလိုအမြန်ဆုံးဆောင်ရွက်ပေးရမည်ဖြစ်သည် ။ အမြောက်အများမှာ နှစ်ပေါင်းများစွာ ထောင်သွင်းအကျဉ်းချခံခဲ့ရပြီး သူတို့နှင့် သူတို့၏ မိသားစုများကို ထိခိုက်ခဲ့ရသည် ။ ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရသူများအား စီစစ်ရေးကော်မတီအား ၂၀၁၃ ဖေဖော်ဝါရီတွင် ဖွဲ့စည်းခဲ့ပြီး အဆိုပါကော်မတီအနေဖြင့် ၂၀၁၃ ပြီးနောက် ဆက်လက်၍ အကူအညီများပေးနိုင်ခွင့်ရရှိရမည်ဖြစ်သည် ။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးအနေဖြင့် ယုံကြည်ချက်ကြောင့် အကျဉ်းချခံခဲ့ရသူများမှာ နှိပ်စက်ညှဉ်းပမ်းမှု အမျိုးမျိုးနှင့် ကြုံတွေ့ခဲ့ရကြောင်းသိရှိရသည် ။ မြန်မာအာဏာပိုင်များအနေုဖြင့် အဆိုပါ နှိပ်စက်ညှဉ်းပမ်းမှုများကို စုံစမ်းစစ်ဆေးပြီး တာဝန်ရှိသူများကို အရေးယူခြင်းဖြင့် တရားမျှတမှုကိုဆောင်ကြဉ်းပေးရမည် ။ နစ်နာသူများအတွက် ပြန်လည်ကုစားပေးရမည်ဖြစ်သည် ။

ထို့အပြင် မြန်မာအစိုးရအနေဖြင့် နိုင်ငံတကာ ပဋိညာဉ်ဖြစ်သော နိုင်ငံရေးနှင့် နိုင်ငံသားအခွင့်အရေးဆိုင်ရာ စာချုပ် ၊ နှိပ်စက်ညှဉ်းပမ်းမှုနှင့် လူမဆန်စွာ ပြုမူဆောင်ရွက်သော အပြစ်ပေးမှုကိုတားမြစ်သည့် စာချုပ် များကို လက်မှတ်ရေးထိုးရန်နှင့် အဆိုပါ အချက်များကို နိုင်ငံတွင်း ဥပဒေများနှင့် မူဝါဒများတွင် ထည့်သွင်းရေးဆွဲရန်တောင်းဆိုလိုက်သည် ။

 (ရွှေထားဝယ်သား ပေးပို့ပါသည်)

တာမွေမှလဲ့လဲ့ဝင်းဆွေ တစ်မျိုးကြံပြန်ပြီ။


ကလေးမွေးဖွားထားသော ရပ်ကွက်အတွင်းရှိ အမျိုးသမီးများနှင့် မိသားစုများအား အိမ်တိုင်ရာရောက် တစ်ဦးလျှင် အနှီးပိတ်စ(၁၀)စနှင့် ထောက်ပံငွေ (၂၀၀၀၀ိ-နှစ်သောင်းကျပ်)ပေးပြီး ပါတီဝင်ခိုင်းနေသည်ဟု သတင်းရရှိသည်။ သတိထားကြပါ။

သတင်း-ဓာတ်ပုံ (ကေကေတီ)


ထားဝယ်တိုင်းရင်းသားများပါတီ၏ ထုတ်ပြန်ချက် (၁/၂၀၁၃)


ထားဝယ် တိုင်းရင်းသားများပါတီ၏ ထုတ်ပြန်ချက် ပေးပို့လိုက်ပါတယ်ခင်ဗျား။

DNP