Tuesday, December 24, 2013

ဗိုလ်အောင်ကျော် ကျောက်တိုင် ဟုတ် မဟုတ်



Aungmyo Tun

ပြိုပျက်နေတဲ့ တကသ အဆောက်အအုံရှေ့ က မပျက်စီးဘဲ ကျန်နေသေးတဲ့ အုတ်ခုံတုံးလေးကို “ဗိုလ်အောင်ကျော်ကျောက်တိုင်” လို့  ပြောနေကြတာတွေ တွေ့ နေရတယ်။ ပြောကြရေးကြတဲ့ပုဂ္ဂိုလ်တွေက ကျွန်တော်တို့ နဲ့  မျိုးဆက်အတော်ခြားသွားတဲ့ လူလတ်ပိုင်း လူငယ်တွေဖြစ်တော့ အုတ်ခုံတုံးရဲ့  သမိုင်းအမှန်ကို မသိဘဲဖြစ်နေကြတယ်။ တစ်ချိန်က အဲဒီအုတ်ခုံတုံးပေါ်မှာ ဗိုလ်အောင်ကျော်ရဲ့  ကိုယ်တစ်ပိုင်းပုံ “BUST” ကြေးရုပ်ရှိခဲ့တယ်။ ဒါကြောင့် အဲဒီအုတ်ခုံတုံးဟာ ဗိုလ်အောင်ကျော်ကြေးရုပ်ထားတဲ့ အောက်ခံ အုတ်ခုံတုံးသာ ဖြစ်တယ်။ ဒုတိယကမ္ဘာစစ်အပြီး မြန်မာ့နိုင်ငံရေးဇာတ်ခုံမှာ ဗိုလ်ချုပ်အောင်ဆန်း တစ်ယောက်တည်း ယှဉ်ပြိုင်သူမရှိ သျှမ်းသျှမ်းတောက်ဖြစ်ခဲ့တယ်။ အဲဒီလိုဖြစ်နေတာကို ချိန်ခွင်လျှာညှိဖို့ အတွက် အင်္ဂလိပ်တို့ က စစ်ရှုံးလို့  ဂျပန်တပ်တွေနဲ့  ဂျပန်နိုင်ငံကို ပါသွားတဲ့ ဒေါက်တာဘမော်ကို မဟာမိတ်တပ်တွေ ဖမ်းချုပ်ထားတဲ့ “ဆူဂါမို” SUGAMO ထောင်ထဲကထုတ်ပြီး မြန်မာနိုင်ငံဆီ ပြန်ခေါ်ခဲ့တယ်။ ထို့ အတူဘဲ ဂျပန်နဲ့ အဆက်အသွယ်ရှိတယ်ဆိုတဲ့အကြောင်းနဲ့  အင်္ဂလိပ်ဝန်ကြီးချုပ် ၀စ်စတန်ချာချီနဲ့ တွေ့ ပြီး မြန်မာနိုင်ငံအပြန်မှာ မြန်မာနိုင်ငံအစိုးရအဖွဲ့ နန်းရင်းဝန် ဂဠုန်ဦးစောကို အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ “ယူဂန်ဒါ” မှာ အင်္ဂလိပ်တို့ က ဖမ်းဆီးထိန်းသိမ်းခဲ့တယ်။ နန်းရင်းဝန်ဂဠုန်ဦးစောကိုလည်း အင်္ဂလိပ်တို့ က မြန်မာနိုင်ငံကို ပြန်ခေါ်ခဲ့တယ်။ အဲဒီလို ရှေးခေတ်နိုင်ငံရေးသမားကြီးနှစ်ယောက် မြန်မာနိုင်ငံကို ပြန်ရောက်ပြီး မကြာခင်မှာဘဲ နိုင်ငံရေးသမားကြီးတစ်ဦးဖြစ်တဲ့ ဒေါက်တာဘမော်က တက္ကသိုလ် ကျောင်းသားများရဲ့ ထောက်ခံမှုရဖို့  တက္ကသိုလ်နယ်မြေမှာ ဟောပြောပွဲတစ်ခု ကျင်းပဖို့ စီစဉ်တယ်။ ဟောပြောမယ့်နေရာအဖြစ် ကျောင်းသားသမဂ္ဂကို ရွေးခဲ့တယ်။ အဲဒီလို ဟောပြောပွဲနေရာကို ဒေါက်တာကြီးက ရွေးလိုက်တဲ့အခါမှာ ရှေ့ မီနောက်မီ တကသ ခေါင်းဆောင်များက “တို့ တစ်သက် ဒေါက်တာကြီး ဘယ်တော့မှ တကသ အဆောက်အအုံမှာ ခြေချခွင့်မပေး” ဟု ကြုံးဝါးခဲ့တယ်။ အကြောင်းကတော့ ဒေါက်တာကြီးရဲ့  ညွန့် ပေါင်းအစိုးရအဖွဲ့ လက်ထက် (၁၉၃၇) မှာ ဗိုလ်အောင်ကျော် ကျဆုံးခဲ့တယ်။ ဗိုလ်အောင်ကျော် ကျဆုံးခဲ့တဲ့အတွက် ဥပဒေပြုအဖွဲ့  (လွှတ်တော်) အစည်းအဝေးမှာ အယုံအကြည်မရှိ အဆို တင်သွင်းခံရလို့  ဒေါက်တာကြီးရဲ့ အစိုးရအဖွဲ့  ပြုတ်ကျခဲ့တယ်။ တစ်ခါ တကသ အဆောက်အအုံရှေ့ မှာ ကျောင်းသားသမဂ္ဂက အမှတ်တရအဖြစ် ဗိုလ်အောင်ကျော်ရဲ့ ကိုယ်တစ်ပိုင်းပုံကြေးရုပ်ထားခဲ့တယ်။ အဲဒီကြေးရုပ် ဂျပန်ခေတ်က ပျောက်သွားတယ်။ အဲဒီအချိန်က ဒေါက်တာကြီးက မြန်မာနိုင်ငံရဲ့  အကြီးအကဲ “အဓိပတိ” ဖြစ်နေတယ်။ ဒါကြောင့် ဗိုလ်အောင်ကျော်ကြေးရုပ် ပျောက်သွားတာဟာ ဒေါက်တာကြီးရဲ့ တာဝန်မကင်းဟု တကသ ခေါင်းဆောင်တွေက အခိုင်အမာ ယုံကြည်တယ်။ ဒါကြောင့် သူတို့ တစ်သက် ဒေါက်တာကြီး ကျောင်းသားသမဂ္ဂအဆောက်အအုံမှာ ဘယ်တော့မှ ခြေချခွင့် မပေးဟု ကြုံးဝါးခဲ့ခြင်းဖြစ်တယ်။ ဒီအကြောင်းတွေ မှတ်မိနေလို့  တကသ အဆောက်အအုံရှေ့ က အုတ်ခုံတုံးဟာ ဗိုလ်အောင်ကျော်ကျောက်တိုင် မဟုတ်၊ ဗိုလ်အောင်ကျော်ကိုယ်တစ်ပိုင်းကြေးရုပ်တင်ထားတဲ့ အောက်ခံအုတ်ခုံတုံး ဖြစ်တယ်လို့  ကျွန်တော်ပြောနေခြင်းဖြစ်ပါတယ်။ အဲဒီလို ကျောင်းသားသမဂ္ဂမှာ ဒေါက်တာကြီးခြေချခွင့်မရတဲ့အတွက် “ဂျပ်ဆင်ကောလိပ်” က ASSEMBLY HALL မှာ ဒေါက်တာကြီးသွားဟောရတယ်။ နောက်မကြာခင်မှာဘဲ ဖဆပလ ဦးကျော်ငြိမ်းလည်း ဂျပ်ဆင်ကောလိပ်မှာဘဲ ဟောပြောပွဲလုပ်တယ်။ ဦးကျော်ငြိမ်းဟောပြောပွဲက ဒေါက်တာကြီးဟောပြောပွဲလို မချောမွေ့ ဘူး။ ကျောင်းသားတွေ အပြင်းအထန် ဆူပူကန့် ကွက်ကြလို့  ပွဲမပြီးဘဲ ပွဲပျက်သွားတယ်။ အစောင့်အကြပ်တွေက ဦးကျော်ငြိမ်းကို ကျောင်းသားတွေကြားထဲကနေ အတင်းဆွဲထုတ်သွားရတယ်။ ပြည်သူတွေနဲ့ မျိုးဆက်သစ်တို့ ရဲ့ ပြင်းပြတဲ့ဆန္ဒအရ သမဂ္ဂအဆောက်အအုံ (UNION BUILDING) မကြာခင် ပြန်ပေါ်လာမယ်လို့  ကျွန်တော်ယုံကြည်တယ်။ အဲဒီလို ပေါ်လာတဲ့အခါ သမဂ္ဂအဆောက်အအုံရှေ့ က ကျန်နေသေးတဲ့ အုတ်ခုံတုံးရဲ့ သမိုင်းအမှန်ကို ကျွန်တော်တို့ လို အသက် ၉၀ တန်း ရောက်နေသူတွေ၊ စစ်ပြီးခေတ် ရန်ကုန်တက္ကသိုလ်ရဲ့ ရှေ့ ပိုင်းကို မီခဲ့တဲ့သူတွေက ရှင်းမပြသွားရင် တာဝန်ကျေပွန်မှာမဟုတ်ဘူးလို့  ကျွန်တော်ယုံကြည်တယ်။

 ထွန်းညွန့်  အမျိုးသားကျောင်းဆရာ (ငြိမ်း)

 (ဒီလှိုင်းစာစောင် အတွဲ ၂ အမှတ် ၅၀ တွင် ပါရှိသော “ဗိုလ်အောင်ကျော် ကျောက်တိုင် ဟုတ် မဟုတ်” မှ ထုတ်နုတ်ဖော်ပြပါသည်။ ပုံကို Aung Pan ဖေ့စ်ဘွတ်မှ ယူပါသည်)

အဆန်းထွင်တတ်ကြပါပေရဲ့ sickဘိုကြီးများရယ်



Khaing Soelynn

ဆရာမင်းလူလို ပြောရရင် ရယ်စရာ မောစရာ ပေါ့ဗျာ ။
ရယ်တော့ ရယ်စရာပါပဲ ။ နောက်ဆက်တွဲ မောရတာက ရယ်ရတာနဲ့ မကာမိပါ ။
စတိုင်လ် ရှိမှ စတား ဖြစ်တာ ဆိုပေသည့် ရာစုဝက်ကြာတော့လည်း...
ရိုးအီရုံမက အော့အန်ချင်စရာ ဖြစ်သွားပါပြီ ။

တစ်မတ်သား တစ်မတ်သားနဲ့ သုံးမတ်သားက ဘာမို့တုန်းလေ ။
အစိုးရနဲ့ လွှတ်တော်အပ နိုင်ငံထောင့်တိုင်းအနှံ့ကရော ဘူတွေ မို့တုန်းလေ ။

အင်း ဘာလုပ်လုပ် အဆိုးချည့်မြင်နေတယ် ဆိုသူတွေအတွက် ဖက်ရှင်တွေကတော့
တစ်မျိုးပြီးတစ်မျိုး မရိုးအောင် အဆန်းထွင်တတ်ကြပါပေရဲ့ sickဘိုကြီးများရယ်ပေါ့ ။

၈၈ ခေါင်းဆောင်တွေ ဆန္ဒပြဖို့ သမ္မတနဲ့ လွှတ်တော်ကို စာပေးပို့

RFA Burmese

 ပြည်သူအပေါ် နိုင်ငံရေးအရ တဖက်သတ် ဖိနှိပ်ချုပ်ချယ်ထားတဲ့ ဥပဒေတွေကို ပြင်ဆင်ဖို့နဲ့ မကိုက်ညီတာတွေကို ဖျက်သိမ်းပေးဖို့ တောင်းဆိုတဲ့အနေနဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ အပါအ၀င် အရပ်ဘက်လူမှုအဖွဲ့အစည်း ၆၀ ကျော်စုပေါင်းပြီး ဆန္ဒပြဖို့ နိုင်ငံတော်သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌတွေထံ မနေ့က အကြောင်းကြားစာ ပေးပို့လိုက်တယ်လို့ သိရပါတယ်။ ၈၈ မျိုးဆက်ကျောင်းသာ ခေါင်းဆောင်တွေအနေနဲ့ ဆန္ဒပြပွဲမှာပါဝင်ဖို့ ဆုံးဖြတ်လိုက်တာနဲ့ ပတ်သက်လို့ ရန်ကုန်မြို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရုံးခန်းမှာ ဒီကနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုပြုံးချိုက RFA ကို အခုလို ပြောပါတယ်။ “တိုင်းပြည်အပြောင်းအလဲမှာ သူတို့တွေကနေပြီးတော့ နိုင်ငံသားတွေ ပါဝင်ခွင့်တွေကို ဥပဒေက တဖက်ကပြဌာန်းပြီးတော့ ဒီဥပဒေအရ တဖက်ကနေ ချုပ်နှောင်ထားတာတွေ ပေါ်လာတဲ့အတွက် ရေရှည်မှာ နိုင်ငံသားတွေ ပါဝင်တဲ့ကိစ္စတွေမှာ အငြင်းပွားမှုတွေ အများကြီးဖြစ်လာနိုင်သလို ဆန္ဒပြုမှု ကိုယ်စားပြုမှု စစ်စစ်မှန်မှန် မရလိုက်မှာကို ကျနော်တို့အများကြီး စိုးရိမ်ပါတယ်” ဒီဆန္ဒပြပွဲအတွက် လာမယ့်သီတင်းပတ် ဇန်န၀ါရီလ ၄ ရက်နေ့မှာ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြခွင့်ရဖို့ ကျောက်တံတားမြို့နယ် ရဲစခန်းမှာ ခွင့်ပြုချက်တောင်းခံထားတယ်လို့ သိရပါတယ်။ အဲဒီ ဆန္ဒပြပွဲမှာ တရားမ၀င် စီတန်းလှည့်လည်ခြင်းဆိုင်ရာပုဒ်မ ၁၈ ပြင်ဆင်ရေးအပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မရှိ လွှတ်ပေးဖို့နဲ့ တရားစွဲဆိုထားဆဲအမှုတွေကို ဖျက်သိမ်းပေးဖို့ စတဲ့အချက်တွေကို တောင်းဆိုကြမှာဖြစ်ပါတယ်။ လက်ရှိအချိန်အထိ အကျဉ်းထောင်တွေထဲမှာ လက်ကျန်နိုင်ငံရေးအကျဉ်းသား ၅၀ ကျော်နဲ့ ပုဒ်မ ၁၈ အပါအ၀င် နိုင်ငံရေးအမှုနဲ့ တရားစွဲဆိုခံထားရသူ ၁၅၀ ကျော်ရှိတယ်လို့လည်း သိရပါတယ်။
၈၈ ခေါင်းဆောင်တွေ ဆန္ဒပြဖို့ သမ္မတနဲ့ လွှတ်တော်ကို စာပေးပို့ ပြည်သူအပေါ် နိုင်ငံရေးအရ တဖက်သတ် ဖိနှိပ်ချုပ်ချယ်ထားတဲ့ ဥပဒေတွေကို ပြင်ဆင်ဖို့နဲ့ မကိုက်ညီတာတွေကို ဖျက်သိမ်းပေးဖို့ တောင်းဆိုတဲ့အနေနဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ အပါအ၀င် အရပ်ဘက်လူမှုအဖွဲ့အစည်း ၆၀ ကျော်စုပေါင်းပြီး ဆန္ဒပြဖို့ နိုင်ငံတော်သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌတွေထံ မနေ့က အကြောင်းကြားစာ ပေးပို့လိုက်တယ်လို့ သိရပါတယ်။ ၈၈ မျိုးဆက်ကျောင်းသာ ခေါင်းဆောင်တွေအနေနဲ့ ဆန္ဒပြပွဲမှာပါဝင်ဖို့ ဆုံးဖြတ်လိုက်တာနဲ့ ပတ်သက်လို့ ရန်ကုန်မြို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရုံးခန်းမှာ ဒီကနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုပြုံးချိုက RFA ကို အခုလို ပြောပါတယ်။ “တိုင်းပြည်အပြောင်းအလဲမှာ သူတို့တွေကနေပြီးတော့ နိုင်ငံသားတွေ ပါဝင်ခွင့်တွေကို ဥပဒေက တဖက်ကပြဌာန်းပြီးတော့ ဒီဥပဒေအရ တဖက်ကနေ ချုပ်နှောင်ထားတာတွေ ပေါ်လာတဲ့အတွက် ရေရှည်မှာ နိုင်ငံသားတွေ ပါဝင်တဲ့ကိစ္စတွေမှာ အငြင်းပွားမှုတွေ အများကြီးဖြစ်လာနိုင်သလို ဆန္ဒပြုမှု ကိုယ်စားပြုမှု စစ်စစ်မှန်မှန် မရလိုက်မှာကို ကျနော်တို့အများကြီး စိုးရိမ်ပါတယ်” ဒီဆန္ဒပြပွဲအတွက် လာမယ့်သီတင်းပတ် ဇန်န၀ါရီလ ၄ ရက်နေ့မှာ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြခွင့်ရဖို့ ကျောက်တံတားမြို့နယ် ရဲစခန်းမှာ ခွင့်ပြုချက်တောင်းခံထားတယ်လို့ သိရပါတယ်။ အဲဒီ ဆန္ဒပြပွဲမှာ တရားမ၀င် စီတန်းလှည့်လည်ခြင်းဆိုင်ရာပုဒ်မ ၁၈ ပြင်ဆင်ရေးအပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မရှိ လွှတ်ပေးဖို့နဲ့ တရားစွဲဆိုထားဆဲအမှုတွေကို ဖျက်သိမ်းပေးဖို့ စတဲ့အချက်တွေကို တောင်းဆိုကြမှာဖြစ်ပါတယ်။ လက်ရှိအချိန်အထိ အကျဉ်းထောင်တွေထဲမှာ လက်ကျန်နိုင်ငံရေးအကျဉ်းသား ၅၀ ကျော်နဲ့ ပုဒ်မ ၁၈ အပါအ၀င် နိုင်ငံရေးအမှုနဲ့ တရားစွဲဆိုခံထားရသူ ၁၅၀ ကျော်ရှိတယ်လို့လည်း သိရပါတယ်။



လွတ်လပ်ရေးနေ့တွင် ဆန္ဒထုတ်ဖော်ရန် အဖွဲ့အစည်း ၅၉ဖွဲ့ ခွင့်ပြုမိန့်တောင်းခံထား

ရန်ကုန်၊ ဒီဇင်ဘာ ၂၄။

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ အပါအဝင် ဖိနှိပ်ချုပ်ချယ်သည့် ဥပဒေများကို လာမည့် ဇန်နဝါရီ(၄)ရက်တွင် မဟာဗန္ဓုလ ပန်းခြံရှေ့၌ ကန့်ကွက်ဆန္ဒပြရန် နိုင်ငံရေးအဖွဲ့အစည်း (၅၉)ဖွဲ့ စုပေါင်း၍ ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံ ခွင့်ပြုမိန့်တောင်းခံထားကြောင်း၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းရုံးမှ သိရသည်။

ယင်း ခွင့်ပြုမိန့်ကို ဦးဆောင်လျှောက်ထားသူ ကိုမာကီ က“ဆန္ဒထုတ်ဖော်တဲ့အခါ ကိုမင်းကိုနိုင်၊ ကိုကိုကြီး အပါအဝင် ၈၈ခေါင်းဆောင်တွေအားလုံး ပါဝင်ကြမှာပါ၊ ဒီနေ့မနက်ပဲ စာသွားတင်ခဲ့တာပါ၊ လူဦးရေကတော့ (၃ဝဝ) တင်ထားခဲ့ပါတယ်”ဟု ပြောသည်။

ယခုကဲ့သို့ ဆန္ဒပြ ခွင့်ပြုမိန့် တောင်းခံရခြင်းနှင့် ပတ်သက်၍ “ရည်ရွယ်ချက်မကောင်းတဲ့ အရေးယူမှုတွေကို နိုင်ငံရေးအရ လက်မခံပါဘူး၊ အခြေအနေအရ လိုအပ်လာတဲ့အတွက် ဆန္ဒပြဖို့ ဆုံးဖြတ်လိုက်တာပါ” ဟု ၈၈မျိုးဆက် ကျောင်းသားတစ်ဦးဖြစ်သည့် ကိုပြုံးချိုက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ(၁ဝ)ရက်ကလည်း အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် နိုင်ငံရေးအင်အားစု (၅၉)ဖွဲ့ ပါဝင်ဖွဲ့စည်းထားသည့် ကွန်ယက်မှပုဒ်မ၁၈အပါအဝင် ဖိနှိပ်ချုပ်ချယ်သည့် ဥပဒေများနှင့်ပတ်သက်၍
တောင်းဆိုချက်တစ်စောင်ကို ပြည်ထောင်စု လွှတ်တော် နာယက၊ နိုင်ငံတော်သမ္မတ၊ လွှတ်တော်ဥက္ကဌများ၊ ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စု ရှေ့နေချုပ်၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌနှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့ထံ
ပေးပို့ထားကြောင်း သိရသည်။

ယင်း တောင်းဆိုချက်တွင် ပြည်သူလူထုအပေါ် နိုင်ငံရေးအရ တဖက်သတ် ဖိနှိပ်ချုပ်ချယ်မှု မပြုလုပ်ရန်၊ ဖိနှိပ်ချုပ်ချယ်သည့် ဥပဒေများကို ပြင်ဆင်ရန်၊ နိုင်ငံရေးအကျဉ်းသားများအား ခြွင်းချက်မရှိ လွှတ်ပေးရန်နှင့် တရားစွဲဆိုထားသော အမှုများကို ပလပ်ပေးရန်၊ ထပ်မံဖမ်းဆီးခြင်းများ မပြုလုပ်ရန်စသည့်အချက်များ ပါဝင်သည်။

မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိနိုင်ငံရေးအကျဉ်းသား (၄ဝ)ဦးခန့် အကျဉ်းထောင်များအတွင်း ကျန်ရှိနေကာ ပုဒ်မ၁၈၊ ပုဒ်မ၅ဝ၅(ခ) စသည်တို့ဖြင့် တရားစွဲဆိုခံထားရသူ ၂ဝဝဦးခန့် ရှိနေသေးကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောင်ရေးအသင်း(AAPP)မှ ကိုတိတ်နိုင်၏ ပြောကြားချက်အရ သိရသည်။

မြန်မာ့ခေတ်

လစာနည်းပါး၍ အလုပ်ရှင် အလုပ်သမားအကြား ပဋိပက္ခများ ဖြစ်ပေါ်ပြီး နောက်ဆက်တွဲ ဒုစရိုက်မှုများ ကျူးလွန်လာ


Eleven Media Group


အခြေခံ အလုပ်သမားများ၏ လစာဝင်ငွေ နည်းပါးမှုသည် စက်ရုံအလုပ်ရုံများတွင် အလုပ်ရှင် အလုပ်သမား ပဋိပက္ခများ ဖြစ်ပွားရသည့် အဓိက အကြောင်းရင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ်မှ ကောက်ခံသည့် 'အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ရေးနှင့် အခြေခံလူမှုဘ၀ ကုန်ကျစရိတ်' စစ်တမ်းအရ သိရသည်။

အဆိုပါ စစ်တမ်းအရ အလုပ်သမားများ၏ လစာဝင်ငွေ နည်းပါးမှု နောက်ဆက်တွဲ ပြဿနာများ အနေဖြင့် စားဝတ်နေရေး အဆင်မပြေမှုကြောင့် ဒုစရိုက်မှုများ ကျူးလွန်ခြင်း၊ လုပ်ငန်းခွင် အဆင်မပြေခြင်း၊ ထုတ်ကုန်စွမ်းအား ကျဆင်းခြင်း၊ အလုပ်ရှင်နှင့် ပဋိပက္ခဖြစ်ခြင်း၊ ကိုယ်ကျင့်စာရိတ္တ ပျက်ပြားခြင်း၊ ၀န်ထမ်းဖြစ်ပါက လာဘ်ပေးလာဘ်ယူမှုများ ရှိလာခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုများ ဆုံးရှုံးခြင်း၊ မိဘကျောင်းစရိတ် မတတ်နိုင်မှုကြောင့် ကလေးသူငယ်များ ပညာသင်ခွင့် ဆုံးရှုံးခြင်းနှင့် လူမှုရေးတာဝန် လစ်ဟင်းမှုများ ကြုံတွေ့ရမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြဿနာများ ပြေလည်စေရန် အစိုးရ အနေဖြင့် ကုန်ဈေးနှုန်းကို အခြေခံ၍ အလုပ်သမားများ၏ စားဝတ်နေရေးကို ဖူလုံစေမည့် အနိမ့်ဆုံး လုပ်ခလစာကို အမြန်ဆုံး သတ်မှတ်ရန် လိုအပ်နေသည်။

မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် (ယာယီ) အနေဖြင့် အခြေခံ အလုပ်သမားများ၏ အထွေထွေ စားဝတ်နေရေး ကုန်ကျစရိတ်အား စစ်တမ်းကောက်ယူရာတွင် ဇနီး၊ ခင်ပွန်း၊ မူလတန်းအရွယ် ကလေးတစ်ဦး ပါဝင်သည့် မိသားစုတစ်စု၏ တစ်လတာ ကုန်ကျစရိတ် ပမာဏမှာ ကျပ် ၁၈၂၉၁၀ ရှိပြီး ယင်းတို့ လက်ရှိရရှိသည့် လစာဝင်ငွေနှင့် လုံလောက်မှု မရှိကြောင်း သိရသည်။

လက်ရှိလစာ တိုးမြှင့်ရေးအတွက် ဆန္ဒပြ တောင်းဆိုမှုများ ဖြစ်ပွားလျက်ရှိသော စက်ရုံများတွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမား တစ်ဦး၏ အခြေခံလစာမှာ ကျပ် ၂၅၀၀၀ မှ ၃၀၀၀၀ ကြားသာ ရှိနေသည်။

ယခုနှစ်အတွင်း ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ စံကောင်း၊ ဟုတ်စိန်ပီနံအိတ် စက်ရုံ၊ ၀မ်ဟောင်ဟမ့်(သုံးထပ်ကြီး) အထည်ချုပ်စက်ရုံ၊ Myanmar Yes သကြားလုံးစက်ရုံ၊ နျဆကငမန ဖိနပ်ချုပ်စက်ရုံ၊ Esquire ဖိနပ်စက်ရုံ၊ ဆုလာဘ်ထက်သာ အထည်ချုပ်စက်ရုံ၊ ကောင်းမြတ်ဆန်းသစ် အချောထည်စက်ရုံနှင့် Hope one အထည်ချုပ်စက်ရုံ၊ Myanmar hand some အထည်ချုပ်စက်ရုံ၊ north shore အထည်ချုပ်စက်ရုံနှင့် Great wall ဖိနပ်စက်ရုံတို့တွင် အခြေခံလစာ တိုးမြှင့်ပေးရေးနှင့် အခြားအလုပ်သမား ရပိုင်ခွင့်များအတွက် ဆန္ဒထုတ်ဖော်မှုများ ဖြစ်ပေါ်ခဲ့သည်။ ''စက်တင်ဘာမှာ ဖြစ်ခဲ့တဲ့ အလုပ်သမား အခွင့်အရေး တောင်းဆိုမှုမှာ ပါဝင်တဲ့ အလုပ်သမား ခေါင်းဆောင်တွေ တော်တော်များများက အလုပ်ထုတ် ခံလိုက်ရပြီ'' ဟု အလုပ်သမားအရေး ဆောင်ရွက်သူ ရှေ့နေဦးဌေးက ဆိုသည်။

(Myanmar Hand some အထည်ချုပ်စက်ရုံမှ အလုပ်သမားများ သပိတ်စခန်းဖွင့်လှစ် ဆန္ဒထုတ်ဖော် နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-သက်မျိုးမင်း))

အင်းစိန်ထောင်ကရဲမင်းဦးကျောင်းပြန်တက်ခွင့်ရလို

ရွှေကူမြို့မှ ကချင်သတင်းထောက်တစ်ဦးကြောင့် ရှပ်ပြေးစီး သက်ကြီးရွယ်အိုများ ဒုက္ခရောက်ခဲ့ကြရ



 (ဟာဂျူလီ-ကသာ)
***************************
အာဏာကို မစွန့်လွတ်လိုသည့် စနစ်ဟောင်းကို ဖက်တွယ်လိုကြသောအာဏာရှင်ဟောင်းများ၏ အလိုကျ မီဒီယာလောကနာမည်ပျက်အောင်
ပြုလုပ်လိုသူသတင်းထောက်အချို့ ရှိနေခြင်းကြောင့် မြန်မာနိုင်ငံအထက်ပိုင်းရှိ သတင်းထောက်များ နာမည်ပျက်ရဖွယ်ရှိနေကြောင်း သိရှိရပါသည်၊
ထိုသို့ သတင်းထောက်များနာမည်ပျက်စေနိုင်သည့် ဖြစ်စဉ်များတွင် ၂၂၊၁၂၊၁၃ရက်နေ့က ဖြစ်ခဲ့သော ဖြစ်စဉ်မှာ လူပြောသူပြောများလျှက်ရှိပါသည်၊
ထိုဖြစ်စဉ်နှင့်ပါတ်သက်၍ ထိုရှပ်ပြးမော်တော်ပေါ် လိုက်ပါလာသူခရီးသည်တစ်ဦးမှ ယခုလို ပြောပြခဲ့ပါသည်၊
" ကျွန်တော်တို့ စီးလာတဲ့ ရှပ်ပြေးမော်တော်ဟာ ဗန်းမော်ကနေထွက်လာတော့ မော်တောအမိုးပေါ်မှာ လူတစ်ယောက် ဓါတ်ပုံတွေ တဖြတ်ဖြတ် ရိုက်လာတဲ့ ခရီးသည် တစ်ယောက်ပါလာပါတယ်၊
ကင်မရာအိတ်နဲ့ ကင်မရာကလည်း အတော်ကြီးပါတယ်၊ ခဏနေတော့ ရှပ်ပြေးမော်တော်သမားတစ်ယောက်က လက်မှတ်လိုက်စစ်ရင်း လက်မှတ် မပါတဲ့သူတွေကို လက်မှတ်လိုက်စစ်ပါတယ်၊
ကင်မရာအကြီးကြီးနဲ့လူကိုလက်မှတ်စစ်တော့ လက်မှတ်မပါဘူးလို့ပြောပါတယ်၊ ဘယ်အထိလိုက်မှာလဲ၊မော်တော်ခပေးပါလို့တောင်းတော့ ငါက ရွှေကူက သတင်းထောက်ကွ၊ လက်မှတ်ဝယ်နေရဦးမှာလား
လို့မေးပါတယ်၊မော်တော်သမားက ဒါဆိုရင်လည်း လက်မှတ်ခအပြည့်(၃၀၀၀)မပေးပါနဲ့၊(၂၀၀၀)ပဲပေးပါလို့ ပြောတယ်၊ အဲဒီလိုတောင်းတာကို မကျေမနပ်နဲ့ (၂၀၀၀)ပေးပြီး ရှပ်ပြေးပေါ်က ဆိုင်ကယ်တွေကို
ဓါတ်ပုံရိုက်ပါတယ်၊ဒီလိုနဲ့ နေ့လည်ထမင်းစားချိန်ရောက်လို့ ရွှေကူဆိပ်ကမ်းနားရောက်တော့ ရွှေကူဂိတ်ကနေ ရှပ်ပြေးပေါ်ကို ဖုန်းဆက်ပါတယ်၊ ရွှေကူဆိပ်ကမ်းမှာ ရှပ်ပြေးပေါ်က ဆိုင်ကယ်တွေကို ဖမ်းဖို့
အဖွဲ့အစုံ စောင့်နေကြတယ်၊မင်းတို့ရှပ်ပြေးပေါ်မှာပါလာတဲ့သတင်းထောက်က မြစ်ကြီးနားရုံးကိုဖုန်းဆက်တိုင်လို့ မြစ်ကြီးနားရုံးကနေဖမ်းခိုင်းတာလို့လည်း ပြောနေသံကြားရပါတယ်၊ရှပ်ပြေးပေါ်ကသတင်းထောက်ကတော့ခပ်တည်တည်ပါပဲ၊ ဆိုင်ကယ်ပိုင်ရှင်တွေလည်း မျက်နှာတွေ ပျက်နေကြပါတယ်၊ ဆိုင်ကယ်ပိုင်ရှင်တွေဆိုလို့ သူဌေးတွေ မဟုတ်ကြပါဘူး၊ဗန်းမော်ကနေ ဆိုင်ကယ်တစ်စီးကို (၅၀၀၀)မြတ် (၁၀၀၀၀)မြတ်နဲ့ ၀ယ်ပြီး ကသာမှာပြန်ရောင်းနေကြတဲ့သူတွေပါ၊အဲဒီလိုဖြစ်နေတဲ့အချိန် မော်တော်အလွတ်တစ်စီးက ရှပ်ပြေးနားက ဖြတ်မောင်းသွားလို့ ရွှေကူက ခရီးသည်တွေ(သတင်းထောက်အပါအ၀င်)ကို အဲဒီမော်တော်နဲ့ တင်လွတ်ပြီး ကျွန်တော်တို့ ဆိုင်ကယ်တွေကိုဗန်းမော်ဆိပ်ကမ်းမှာ ပြန်ချလိုက်ဦးမယ်ဆိုပြီး ရှပ်ပြေးကို နောက်ပြန်လှည့်လိုက်ကြပါတယ်၊ နောက်တော့ ဗန်းမော်ဆိပ်ကမ်းကနေ ဖုန်းဝင်လာပြန်ပါတယ်၊ဗန်းမော်ဆိပ်ကမ်းကို ပြန်လှည့်မယ်ဆိုလို့ အဲဒီမှာလည်း ဖမ်းဖို့ စောင့်နေတယ်လို့ပြောပါတယ်၊ ဆိုင်ကယ်ပိုင်ရှင်တွေက ငိုရမလို ရယ်ရမလိုတွေ ဖြစ်နေပါတယ်၊နောက်တော့ ဆိုင်ကယ်ပိုင်ရှင်တွေရဲ့ ဆန္ဒအရ သောင်ပြင်တစ်ခုမှ ဆိုင်ကယ်တွေ ချထားပေးလိုက်ပါတယ်၊ ပြီးတော့မှ ရွှေကူဆိပ်ကမ်းကပ်ခဲ့ကြပါတယ်၊
ရှပ်ပြေးပေါ်ပါလာတဲ့ ခရီးသည်တွေ သက်ကြီးရွယ်အိုတွေ ကလေးတွေ မနက်စာကို (၄)နာရီထိုးမှ စားကြရပါတယ်၊ အဲဒီလို ဖြစ်စဉ်တွေကြောင့် ကသာကို ပုံမှန် ညနေ(၃)နာရီရောက်ရမယ့် ရှပ်ပြေးဟာ ည(၁၁)နာရီကျော်မှ ရောက်လာနိုင်ပါတယ်"ဟု ပြောဆိုခဲ့ပါသည်၊
အခြား ခရီးသည်တစ်ဦးကလည်း"ဒါဟာ မဖြစ်သင့်ပါဘူး၊ ဆိုင်ကယ်တွေတင်လာလို့ နိုင်ငံတော် ထိခိုက်တယ်ထင်ရင် အစောကြီးကတည်းက တိုင်လေ၊ အခုဟာက သူ့ကို မော်တော်ခကောက်လို့ ဆိုင်တယ်ဆိုတာကတော့ ခပ်ညံ့ညံ့ရဲထက်တောင်ဆိုးရွားတဲ့ လုပ်ရပ်ဖြစ်ပါတယ်၊ကျွန်တော်သိရတာက ရွှေကူမြို့ခံ သတင်းထောက်လို့ပြောပါတယ်၊ လူကတော့ ကချင်လူမျိုးဖြစ်ပါတယ်၊ဘယ်ဂျာနယ်က သတင်းထောက်မှန်းတော့ မသိပါဘူး၊ သက်ဆိုင်ရာဂျာနယ်တွေ ရွှေကူက အခြားသတင်းထောက်တွေကတော့ သိကြမှာပါ၊ ဒီလို သတင်းထောက်မျိုးကို ထိရောက်တဲ့ ဝေဖန်မှုတွေ ပြုလုပ်ပြီး သက်ဆိုက်ရာဂျာနယ်တွေကို တိုင်ပြိး အရေးယူကြဖို့ ကောင်းပါတယ်၊ နို့မဟုန်ရင်တော့ သတင်းထောက်ဆိုတာ လူထုတွေ အော့နှလုံးနာစရာ ဖြစ်ကုန်နိုင်ပါတယ်၊"
ဟု ပြောဆိုသွားခဲ့ပါသည်၊(မှတ်ချက် ထိုဖြစ်စဉ်နှင့် ပါတ်သက်၍ ကျွန်တော်တို့ မီဒီယာမှ စုံစမ်းလျှက်ရှိပြီး သိရှိရပါက ထိုသတင်းထောက်နှင့် သက်ဆိုင်ရာ မီဒီယာသို့လည်းကောင်း၊ စာပေအဖွဲ့အစည်း အသီးသီးသို့လည်းကောင်း အသိပေးတင်ပြသွားမည်ဖြစ်ပါသည်၊
နောက်နောင်တွင်လည်း သတင်းထောက်များ၏ မသမာမှုများကို အထောက်အထားနှင့် တင်ပြပေးပို့ခြင်းဖြင့် မီဒီယာလောကသန့်စင်ရေးကို ကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်)

လုံခြုံမှု မရှိသဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရခိုင်တိုင်းရင်းသား ၃၈ ဦး ရခိုင်ပြည်နယ်သို့ ထပ်မံဝင်ရောက်ခိုလှုံ


Eleven Media Group

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရခိုင်တိုင်းရင်းသား ၃၈ ဦးပါသော အဖွဲ့သည့် ယင်းနိုင်ငံတွင် လုံခြုံမှု မရှိခြင်းကြောင့် ဒီဇင်ဘာ ၂၀ ရက်က ရခိုင်ပြည်နယ် ပလက်ဝမြို့သို့ ၀င်ရောက်ခိုလှုံ လာကြောင်း သိရသည်။

အဆိုပါ ရခိုင်တိုင်းရင်းသားများသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ တောင်တန်းဒေသများတွင် နေထိုင်လုပ်ကိုင် စားသောက်နေခြင်းဖြစ်ပြီး ယင်းတို့ဘ၀ လုံခြုံမှုမရှိခြင်း၊ ဘာသာခြားများက နိုင်ထက်စီးနင်း ပြုကျင့်ခြင်းများနှင့် စီးပွားရေး လုပ်ငန်းများကို ဖျက်ဆီးခြင်းများကို ရင်ဆိုင်နေရသဖြင့် ယခုကဲ့သို့ ထွက်ပြေးခိုလှုံ လာရခြင်း ဖြစ်ကြောင်း သိရသည်။

ပလက်ဝမြို့မှ ဦးသိန်းမောင်က ''ဘင်္ဂလားဒေ့ရှ် တောင်တန်းဒေသက ရခိုင်တိုင်းရင်းသားတွေဟာ လူမျိုးခြားတွေ အနိုင်ကျင့်လို့ မနေနိုင်တာကြောင့် ဒီဘက်ကို ခိုလှုံလာတာလို့ ပြောတယ်။ လူဦးရေ ၃၈ ဦးလောက် ပါလာတယ်။ မိသားစု ကိုးစုပါ။ ကျောက်တော်ဘက်က လူတွေကလည်း သူတို့ကို လာခေါ်ဖို့ စီစဉ်နေကြတယ်။ ပလက်ဝမှာ နေမှာတော့ မဟုတ်ဘူး။ ကျောက်တော်ကတစ်ဆင့် တခြားနေရာ ပြောင်းမယ်လို့ သိရတယ်'' ဟု ပြောကြားသည်။

အဆိုပါ ခိုလှုံလာသူများအား ဒေသခံများ ယာယီကျွေးမွေး ပြုစုထားကြောင်း သိရပြီး ဒီဇင်ဘာ၂၂ ရက်က ကျောက်တော်မြို့သို့ ၃၈ ဦးရောက်ရှိလာခဲ့ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

''သူတို့ပြောတာကတော့ လုပ်ကိုင်စားသောက်လို့ အဆင်မပြေတော့ဘူး။ အနှောင့်အယှက် ပေးတာတွေ များလာတယ်။ ရွေးကောက်ပွဲမှာ ဘယ်သူနိုင်မယ်ဆိုတာ မသိဘူး။ တိုင်းရင်းသားတွေဘက်က ရပ်တည်ပေးမယ့်သူ မရှိရင် အခက်တွေ့နိုင်တယ်။ လုံခြုံရေး မရှိမှာကို စိုးရိမ်တယ်လို့ ပြောတယ်။ ဒါကြောင့် ပလက်ဝကနေ ၀င်လာတယ်။ အခု ကျောက်တော်ကို ရောက်နေပြီး ဘုန်းတော်ကြီးကျောင်းမှာ ကျွေးမွေးစောင့်ရှောက် ထားပါတယ်'' ဟု လူမှုရေး လုပ်ငန်းများကို လုပ်ကိုင်နေသူ ဦးမောင်ဝင်းက ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခနောက်ပိုင်း ၂၀၁၂ အောက်တိုဘာမှ စတင်ကာ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ရခိုင်တိုင်းရင်းသားများနှင့် မျိုးနွယ်စုများ ရခိုင်ပြည်နယ် အတွင်းသို့ စတင်ဝင်ရောက် ခိုလှုံလာခဲ့ကြရာ မောင်တောမြို့နယ် အတွင်းသို့ လူဦးရေ ၁၀၀၀ ကျော် ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူးကလည်း ''သူတို့ကို မြို့ပေါ်ဓမ္မာရုံမှာ ယာယီထားပါတယ်။ အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်အတိုင်း ပို့ပေးဆိုတဲ့ နေရာကို ပို့ပေးသွားမှာ ဖြစ်ပါတယ်။ အမြန်ဆုံး ဆောင်ရွက်သွားမှာပါ'' ဟု ပြောကြားသည်။

(ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရခိုင်ပြည်နယ်အတွင်း ခိုလှုံလာသော ရခိုင်တိုင်းရင်းသားများအား ကျောက်တော်မြို့ပေါ် ဓမ္မာရုံ၌ တွေ့ရစဉ် (ဓာတ်ပုံ- မောင်ဝင်း))

အခြေခံဥပဒေကို မပြင်ရင် ရွေးကောက်ပွဲကို သပိတ်မှောက်မယ်လို့ SNLD ပြော



 RFA Burmese
 မြန်မာနိုင်ငံရဲ့ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်ဘူးဆိုရင် ၂၀၁၅ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ ဥက္ကဌ ဦးခွန်ထွန်းဦးက ပြောကြားလိုက်ပါတယ်။ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြည်သူတွေအတွက် အကျိုးမဖြစ်စေသလို တိုင်းရင်းသား အခွင့်အရေးတွေလည်း ကင်းမဲ့နေတဲ့အတွက် SNLD ပါတီအနေနဲ့ လက်မခံနိုင်ကြောင်း ၊ ဒါကြောင့် ဒီဖွဲ့စည်းပုံကိုမပြင်ရင် ၂၀၁၅ ရွေးကောက်ပွဲကို မဝင်ဖို့ဆုံးဖြတ်ထားကြောင်း ဦးခွန်ထွန်းဦးက ပြောပါတယ်။ “အရင်တုန်းကလိုပဲ လုံးဝမပြင်ဘူးဆိုရင်တော့ ကျနော်တို့ အရင်တုန်းက ခံယူတဲ့အတိုင်းပဲ မဝင်ပဲနေဖို့တော့ အစီအစဉ်တွေများတယ်၊ လုံးဝမပြင်ဘူးဆိုရင်တော့ လုံးဝမဝင်ဘူးဆိုတဲ့ သဘောမျိုးသက်ရောက်လိမ့်မယ်၊ လောလောဆယ် ပြောင်းလဲလာတယ်၊ အများပြည်သူကလည်း တောင်းဆိုတယ်ဆိုတော့ ဝင်ဖို့ဆိုတာကတော့ ကျနော်တို့က စဉ်းစားရတော့မယ့် အခြေအနေမျိုးမှာရှိပါတယ်၊ ဒီဖွဲ့စည်းပုံ မပြင်ဘူးဆိုရင်တော့ ကျနော်တို့ဒါရင်းခဲ့တာတွေ၊ ဘဝတွေ ပေးဆပ်ခဲ့တာတွေကလည်း အလကားဖြစ်ကုန်မှာပေါ့၊ ကျနော်တို့ရဲ့ ယုံကြည်ချက်က ဒီဖွဲ့စည်းပုံက ပြည်သူအတွက် ဘာမှအကျိုးမရှိဘူး၊ တိုင်းရင်းသားတွေအတွက်လည်း ဘာမှအကျိုးမရှိတဲ့အတွက်ကြောင့် မဝင်ပဲနေခဲ့တယ်၊ အသိအမှတ်လည်း မပြုခဲ့ဘူးလေ၊ ညီလာခံကနေ ထွက်ခဲ့တာပဲ” SNLD ပါတီဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ ဒုတိယမဲအများဆုံးအနိုင်ရရှိခဲ့တဲ့ တိုင်းရင်းသား အင်အားကြီးပါတီတစ်ခု ဖြစ်ပါတယ်။ ပါတီအနေနဲ့ စစ်အစိုးရရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံတဲ့အတွက် ၂၀၁၀ ခုနှစ်တုန်းကကျင်းပတဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်မယှဉ်ပြိုင်ခဲ့ပါဘူး။ လက်ရှိမှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို လွှတ်တော်မှာကော်မတီဖွဲ့ပြီး လုပ်ဆောင်နေပြီဖြစ်တဲ့အတွက် SNLD ပါတီအနေနဲ့ ဒီဖွဲ့စည်းပုံကိုပြင်ဆင်ဖို့ သေချာနေပြီဆိုမှသာ ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

မြောက်ဦးတွင် ဒေသခံများနှင့် မပူးပေါင်းသည့် INGO များ လက်ခံထားသည့် ဟိုတယ်များကို မြို့ခံအချို့ သတိပေး


The Voice Weekly
 ရန်ကုန်၊ ဒီဇင်ဘာလ ၂၃

ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် အခြေစိုက်သည့် INGO များအနေနှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသခံ လူထုအဖွဲ့အစည်းနှင့် ပူးပေါင်းလုပ်ခြင်း မပြုပါက ယင်း INGO များကို တည်းခိုခွင့် မပေးရန် ဟိုတယ်သုံးခုကို သတိပေးထား ကြောင်း မြောက်ဦးမြို့မှ မြို့မိမြို့ဖတစ်ဦး ဖြစ်သူ ဦးထွန်းလှိုင်က ပြောကြားသည်။ INGO များသည် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ကိုင်ရာတွင် မြောက်ဦး မြို့ခံလူထုဖြင့် ဖွဲ့စည်းထားသည့် INGO များနှင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ နှင့် ပူးပေါင်းရန် အပါအဝင် အချက်ကိုးချက်ကို လိုက်နာရန် ဟိုတယ်မှ တစ်ဆင့် တောင်းဆိုထားပြီး ယင်းအချက်များကို မလိုက်ပါက INGO များကို ဟိုတယ်တွင် လက်မခံရန် ဒီဇင်ဘာလ ၂၃ ရက်နေ့က အရေးပေါ် အစည်းအဝေးကျင်းပကာ သတိပေးထားကြောင်း ၄င်းက ဆိုသည်။ အဆိုပါ တောင်းဆိုချက် ကိုးချက်နှင့် ပတ်သက်၍ INGO များ၏ သဘောထားကို ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် နောက်ဆုံးထား အကြောင်းပြန်ရမည် ဖြစ်ပြီး တောင်းဆိုချက်များကို မလိုက်နာသည့် INGO များကို ဆက်လက်တည်းခိုခွင့် ပေးသည့် ဟိုတယ်များကို မြို့ခံများက ဆန္ဒပြသွားမည် ဖြစ်ကြောင်း ဦးထွန်းလှိုင်က ပြောဆိုသည်။ "INGO တွေကို ထွက်သွားဖို့ တောင်းဆိုတာ မဟုတ်ဘူး။ တောင်းဆိုတဲ့ အချက်တွေကို INGO တွေက မလိုက်နာရင် ဟိုတယ်မှာ မထားဖို့ မြို့ခံလူထုရဲ့ သဘောထားကို တင်ပြတာ။ ဟိုတယ်မှာ တည်းခိုခွင့်ပေးထားလို့ INGO ရှိနေတာ" ဟု ၄င်းက ထပ်မံပြောကြားသည်။ တောင်းဆိုထားသည့် အချက်များ မှာ INGO များသည် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ကိုင်ရာတွင် INGO များနှင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီနှင့် ပူးပေါင်းရန်၊ ဘက်လိုက်မှု မရှိဘဲ အချိုးညီမျှစွာ ပြုလုပ်ပေးရန်၊ INGO များ သွားရောက်မည့် ကျေးရွာများသို့ ကော်မတီမှ အနည်းဆုံး လူငါးဦး လိုက်ခွင့်ပေးရန်၊ သုံးဆောင်မည့် ပစ္စည်းများနှင့် သိုလှောင်ထားသည့် ပစ္စည်းများကို အချိန်မရွေး စစ်ဆေးခွင့်ပြုရန်၊ မြို့နယ်ကျော်လွန် သွားရောက်ကူညီမှု များကို လုံးဝခွင့်မပြု၊ အကူအညီပေးရေး လုပ်ငန်းများကို နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိသာ လုပ်ရန်၊ အကယ်၍ အရေးပေါ် ဆောင်ရွက်ရန် လိုပါက ကော်မတီ၊ ဒေသအာဏာပိုင် အဖွဲ့အစည်း များနှင့် ချိတ်ဆက်လုပ်ကိုင်ရန် အပါအဝင် အချက်ကိုးချက် ရှိကြောင်း အဆိုပါ ကော်မတီထံမှ သိရှိရသည်။ လူသားချင်းစာနာသည့် လုပ်ငန်းများကို သဘောမပေါက်ဘဲ ဝင်ရောက် လုပ်ကိုင်၍ မရနိုင်ကြောင်း၊ INGO များ သည် လွတ်လပ်မှု၊ ဘက်မလိုက်မှု၊ မျက်နှာသာမပေးမှု အပေါ် မူတည်ပြီး လူသားချင်း စာနာသည့် လုပ်ငန်းများကို လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း ကုလသမဂ္ဂသတင်း ပြန်ကြားရေးဌာန (UNIC)မှ သတင်း ပြန်ကြားရေးတာဝန်ခံ ဦးအေးဝင်းက မှတ်ချက်ပေးသည်။ "ဒေသခံတွေက အဲဒီအပေါ် နားလည်မှု လွဲနေတယ်" ဟု ၄င်းကဆိုသည်။ မြောက်ဦးမြို့နယ်တွင် ဟိုတယ်သုံးခု၌ အခြေစိုက်ကာ လုပ်ကိုင်နေသည့် INGO သုံးခုရှိကြောင်း၊ INGO များနှင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီကို နိုင်ငံရေးပါတီ၊ မြို့ခံလူထု၊ သံဃာတော်တို့ ပူးပေါင်းကာ ဖွဲ့စည်းထားကြောင်း မြို့ခံများထံမှ သိရှိရသည်။ အလားတူ ပေါက်တောမြို့နယ်နှင့် စစ်တွေမြို့ တို့တွင်လည်း လွန်ခဲ့သည့် ရက်ပိုင်းက INGO များကို ကန့်ကွက်မှုများ ဖြစ်ပေါ်ခဲ့သည်။

မန္တလေးမောင်ကိန်းရွှေဆိုင်အားသေနတ်ဖြင့် ပစ်ခတ်လုယက်သူအားဖမ်းဆီးရမိ



 (သတင်း/ဓါတ်ပုံ- ဖိုးလပြည့်)
Popular Myanmar News Journal

မန္တလေးမြို့ လမ်း၈၀-၂၉လမ်းထောင့်ရှိ မောင်ကိန်းရွှေဆိုင်အား အမျိုးသားတစ်ဦးမှ သေနတ်ဖြင့် ပစ်ခက်ကာ လုယက်မှု ယနေ့ညနေ ၅နာရီ မိနစ် ၄၀ခန့်အချိန်တွင် ဖြစ်ပွားခဲ့သည်။ အင်ကျီလက်ရှည်၊ ဘောင်ဘီအရှည်နှင့် မျက်နှာအုပ်ထားသော အမျိုးသားတစ်ဦးမှ ဆိုင်ကယ်ဖြင့် ရွှေဆိုင်သို့လာရောက်ခဲ့ပြီး ဆိုင်အတွင်းသို့ ၀င်ရောက်တာ သေနတ်ဖြင့်ပစ်ခတ်၍ ရွှေဆိုင်အတွင်းရှိ ရွှေကလစ်မှန်ကောင်တာအားအသင့်ပါလာသော တူဖြင့် ရိုက်ခွဲကာ ရွှေထည်များအား အသင့်ပါ လာသော အိပ်ထဲသို့ ကောက်ထည့်ခဲ့ကြောင်း ထိုသို့ကောက်ထည့်စဉ် ပစ္စတိုသေနတ်ဖြင့် ဘေဘီသို့ ဦးတည်ချက် မရှိဘဲပစ်ခက်ခဲ့သဖြင့် ဆိုင်ဝန်ထမ်းများမှာ နီးစပ်ရာအခန်းနှင့် မြေပြင်သို့ ၀ပ်နေခဲ့ရကြောင်း ဆိုင်ဝန် ထမ်းများ၏ပြောပြချက်အရသိရသည်။ " လူတစ်ယောက်ဝင်လာလာခြင်းမပြောမဆိုသေနတ်နဲ့ပစ်တော့တာပဲ။ ပစ်တာလဲ ဘယ်ကိုပစ်မှန်းမသိ ဘူး။ ရမ်းပစ်နေတာ။ ရွှေထည်ပစ္စည်းတွေထည့်ရင်းပစ်တာ။ ကလစ်ကောင်တာတစ်ခုထဲက ကလစ်တွေကို သိမ်း ကျုံးထည့်တာ။ ညီမလည်း သေနတ်မှန်မှာကြောက်လို့ အောက်ကိုဝပ်နေရတယ်။ တစ်ခါမှမကြုံဘူးတော့ အရမ်းကြောက်တယ်"ဟု ဆိုင်ဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောသည်။ ရွှေထည်ပစ္စည်းများကို ယူဆောင်ပြီး ပြန်အထွက်တွင်လည်း သေနက်ဖြင့် ပစ်ခတ်ခဲ့၍ အနီးဝန်းကျင်ရှိ အမျိုးသားတစ်ဦး၏ ယာဘက်ခြေသလုံးအားထိမှန်ခဲ့ကြောင်း ထိုသေနတ်သမားဆိုင်ကယ်ပေါ်သို့ ခွတက်စဉ် ရွှေဆိုင်မှ ယာဉ်မောင်းဝန်ထမ်း ကိုအာကာမှ ခြေထောက်ဖြင့်ပြေးကန်ကာ ၀င်ရောက်လုံးထွေးခဲ့ကြောင်း အနီးဝန်းကျင်ရှိသူများကပါ ၀ိုင်းဝန်းဖမ်းဆီးခဲ့သောကြောင့် တရားခံအား ချက်ခြင်းဖမ်းမိခဲ့ကြောင်း တရားခံအားဝင်ရောက်ဖမ်းဆီးခဲ့သူ ကိုအာကာနှင့် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတို့၏ပြောပြချက်များအရသိရသည်။ ရွှေဆိုင်အား ဒမြတိုက်ခဲ့သူ ကိုင်ဆောင်သည့် သေနတ်မှာ ခဲရောင်ပစ္စတိုအမျိုးအစားဖြစ်ပြီး ကျည်ခွံလေးခွံနှင့် ကျည်တောင့် ၅တောင့် သိမ်းဆည်းရမိထားကြောင်း မည်သည့် သေနက်အမျိုးအစားနှင့် ကျည်ဆန်အမျိုးအစားဖြစ်သည်ကို မသိရှိရသေးကြောင်း ကနဦးရဲစစ်ချက်များအရသိရသည်။ ဖမ်းဆီးရမိသူ တရားခံအား လုယက်မှု၊ လက်နက်ကိုင်ဆောင်မှု၊ နာကျင်အောင်လုပ်ကာ ပစ္စည်းလုယူမှုဖြင့် ကနဦး အမှုဖွင်ထားကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ဦးစိန်ထွန်းက ပြောသည်။ ယခုအခါ တရားခံမှာ ၀ိုင်းဝန်းဖမ်းဆီးရာတွင် ရိုက်နှက်ဒဏ်များကြောင့် ဦးခေါင်းကွဲကာ ပွန်းပဲဒဏ်ရာ များရရှိထားသောကြောင့် မန္တလေးဆေးရုံကြီးသို့ ရဲလုံခြုံရေးများဖြင့် ပို့ဆောင်ကုသမှုခံယူနေပြီး ခြေသလုံးသေနတ်မှန်သူအမျိုးသားမှာလည်း အဆိုပါဆေးရုံကြီး၌ပင် ကုသမှုခံယူနေ၇ကြောင်း အမှတ်(၈)ရဲစခန်းမှ သတင်းရရှိ သည်။


မောင်ကိန်း ၀င်စီးတဲ့ဓားပြပါ။
ဆွမ်းကြီး ၀ိုင်းလောင်းကြသောကြောင့် သေဖို့အလွန် နီးစပ်နေပါကြောင်း....

Moris Thomas Simural's photo.
မန္တလေး သတင်း ပုံရိပ်များ

NLD နှင့် ၈၈ ကြားထဲမှ ဟ သွားရင် ပျော်တဲ့လူတွေသည် စစ်အာဏာရှင်၏ mindset မကုန်သေးဟု ကိုဂျင်မီမှပြော


ဖိုးစနေ
The Myanma Age
ရန်ကုန်၊ ဒီဇင်ဘာ ၂၄။

လတ်တလောဖြစ်ပေါ်နေသော သတင်းမီဒီယာများ၏ ဖော်ပြမှုအချို့အပေါ် ကိုးကား၍ အသင်းအဖွဲ့များအား အွန်လိုင်းပေါ်တွင် ဝေဖန်တိုက်ခိုက်နေမှုအတွက် အဆိုပါလုပ်ရပ်သည် စစ်အာဏာရှင်၏ mindset များအဖြစ် ကျန်ရှိနေသေးကြောင်းနှင့် ဝေဖန်တိုက်ခိုက်ရေးထက် အကြံဉာဏ်များ ပူပေါင်းကူညီရေးသာ လိုအပ်လျက်ရှိကြောင်း ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုဂျင်မီမှ ပြောကြားခဲ့သည်။

The Voice ဂျာနယ်အယ်ဒီတာ ကိုကျော်မင်းဆွေမှလည်း “ကျွန်တော်တို့က ဘာလုပ်သလဲဆိုရင် သတင်းသမားတွေရဲ့ သဘာဝအရ Hight Light အဖြစ်ဆုံး Strong အဖြစ်ဆုံး ကုတ်တေးရှင်းတွေကို ကျွန်တော်တို့က ဆွဲထုတ်ပြီး ဖော်ပြလေ့ရှိပါတယ်။ ဒါ ဂျာနယ်လစ် ရှုထောင့်ကပြောတာ။ နောက်တစ်ချက်က ကျွန်တော်တို့ရဲ့ ရပ်တည်ချက်က တိုင်းပြည်အတွက်ကော အများအတွက်ကော အကျိုးရှိစေမယ့်ဟာမျိုးကို ကျွန်တော်တို့က ဆွဲထုတ်လေ့ရှိတယ်။ ကာယကံရှင်ပြောတဲ့ ကာယကံရှင်တွေကို နစ်နာစေလိုခြင်းကော အထင်လွဲစေလိုခြင်းကော ကျွန်တော်တို့က တစ်စုံတစ်ယောက်ကို အခု အရပ်စကားနဲ့ပြောရင် ချတယ်ဆိုတဲ့ သဘောမျိုး ကျွန်တော်အဲဒါလုံးဝမရှိပါဘူး။ ကျွန်တော်တို့ တစ်လျှောက်လုံး လုပ်ခဲ့တဲ့ ရပ်တည်ချက်က အဲဒီသဘောရှိပါတယ်”ဟု ပြောကြားခဲ့သည်။

အဆိုပါ သတင်းအချက်အလက်များအပေါ် ကိုးကား၍ ဝေဖန်တိုက်ခိုက်မှုများအတွက် “အခုအချိန်မှာ ကျွန်တော်တို့က ဝေဖန်ရေးထက် အကူအညီပေးနိုင်တဲ့ ပုံစံတစ်ခုကို ပိုပြီးရှာစေချင်တယ်။ ဒီကနေ့ ပြောကြကြေးဆိုရင် ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့အချိန်အထိ ဒီမိုကရေစီခေါင်းဆောင်ပဲ။ ဒီကနေ့ သူရဲ့အခန်းကဏ္ဍမပါရင် မဖြစ်ဆုံးအခြေအနေ။ အဲဒါကို ကျွန်တော်တို့ ပိုပြီးအသိဆုံးပဲ။ အဲဒီတော့ ကျွန်တော်တို့ ဒီကနေ့ သူ့ရဲ့ ဆုံးဖြတ်ချက်တွေကို ဘယ်လိုပံ့ပိုးကူညီရမလဲဆိုတဲ့ ကိစ္စကိုပဲ ကျွန်တော်တို့ စဉ်းစားတယ်။ အခုကဘာလဲဆိုတော့ အမြင်က ကျွန်တော်တို့ကို ဝေဖန်တဲ့လူတွေကို ကြည့်လိုက်တဲ့အခါကျတော့လည်း NLD နဲ့ ၈၈ ကြားထဲမှာ တစ်ခုခု ဟ သွားပြီဆိုရင် သူတို့ပျော်တယ်။ ကျွန်တော်မြင်နေတာက ဟိုဘက်က ၀င်ပြောလိုက်။ ဒီဘက်က၀င်ပြောလိုက်။ သတင်းတွေလုပ်ကြတော့တာပဲ အမျိုးမျိုးပေါ့”ဟု ကိုဂျင်မီမှ ပြောကြားခဲ့သည်။