Wednesday, December 25, 2013

လွတ်လပ်ရေးနေ့မှာ ဆန္ဒပြမယ်


 Published on Dec 24, 2013

စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေ ပုဒ်မ (၁၈) အပါအဝင် ပြည်သူတွေကို နိုင်ငံရေးအရ တဖက်သတ် ဖိနှိပ်ချုပ်ချယ်ထားတဲ့ ဥပဒေတွေကို ပြင်ဆင်ဖို့နဲ့၊ မကိုက်ညီတာတွေကို ဖျက်သိမ်းပေးဖို့အတွက် လူမှုအဖွဲ့ အစည်း ၆ဝ ကျော် စုပေါင်းပြီး ဆန္ဒဖော်ထုတ်ကြ ဖို့ ပြင်ဆင်နေပါတယ်။ အကြောင်းစုံကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။

ဒီနေ့ကာတွန်း

မလေးရှားနိုင်ငံ ဆာဘား ဆာရာဝပ် ပြည်နယ်ရှိ သဘောင်္ကျင်း စက်ရုံတစ်ခုတွင် မြန်မာ ၉၇ ဦး အသက် အန္တရာယ်စိုးရိမ် ရင်ဆိုင်နေရ



 (နောက်ဆုံးရ မလေးရှား သတင်း)

(သတင်း အချက်အလက်များ မှန်ကန် ပြည့်စုံရေး အတွက် ကျွန်တော် ကိုယ်တိုင်
ဆက်သွယ် မေးမြန်းထားပါသည်။)

မလေးရှားနိုင်ငံ SABAH,SARAWAK (ဆာဘား ဆာရာဝပ်) ပြည်နယ်ရှိ
Shin Yang Shipyard SDN. BHD သဘောင်္ကျင်း စက်ရုံတွင် အလုပ်လုပ်ကိုင်နေသော
မြန်မာ အလုပ်သမား ၂ ဦးသည် အင်ဒိုနီးရှား ၂ ဦးနှင့် ရန်စကားများရာကနေ
ပြသာနာ စတင်ဖြစ်ခဲ့ကြောင်း သိရှိရသည်။

" ပြသာနာစဖြစ်တာက ၂၃ ရက် တနင်္လာနေ့မှာပါ။ အဲဒီနေ့က ကျွန်တော်တို့ အိုတီ ဆင်းနေပါတယ်။
တစ်ချို့တစ်ဝက်က အခန်းမှာပါ။ အခန်းမှာကျန်တဲ့ မြန်မာ ၂ ယောက်က စားသောက်ဖို့အတွက် ဆိုင်မှာ
ပစ္စည်းတွေ သွားဝယ်တဲ့အခါ အင်ဒိုနီရှား လူမျိုး ၂ယောက်နဲ့ ရန်စထိုးကြိတ်ပြီး ပြသာနာဖြစ်ခဲ့ပါတယ်။

သူတို့နဲ့ ပြသာနာ ဖြစ်ခဲ့ပြီး မြန်မာတွေက အဆောင်ကို ပြန်လာတဲ့ အချိန်မှာ အင်ဒို ၃ ယောက်က
ထပ်လိုက်လာပြီး အဆောင်ကို ခဲတွေနဲ့ ပေါက်တယ်။ ဒါနဲ့ ကျွန်တော်တို့ မြန်မာထဲက အစ်ကိုတစ်ယောက်က
ပြသာနာ မဖြစ်အောင် ပြောပေမယ့် သူတို့ လက်မခံဘူး ... ထပ်ပြီး စကားများကြတယ်။

အင်ဒို ၃ ယောက် ပြန်သွားတော့ နောက်ထပ် အင်ဒိုနီရှား လူမျိုးတွေ အများကြီး
ကျွန်တော်အထင် ၅၀၀ ကျော်မယ်ဗျာ ကျွန်တော်တို့ နေတဲ့ဖက်မှာက သူတို့လူမျိုးတွေများတယ်။
အုပ်စုလိုက် ရောက်ချလာတယ်။ သူတို့လက်ထဲ တုတ်တွေ ဓားတွေ ၊ ခဲတွေ စတဲ့ လက်နက်အပြည်ပါပဲ ....

ကျွန်တော်တို့လည်း အဆောင်က ထွက်ပြေးခဲ့ရတယ်။ အဆောင်က ကျွန်တော်တို့ ပစ္စည်းတွေ
အားလုံး ရိုက်ခွဲပြီး မီးရှုံ့ခံရတယ်။ ကျွန်တော်တို့နေတဲ့ နေရာအနားက တောထဲ ဝင်ပြေးပြီး
ပုန်းနေရတယ်။ အခု သူတို့ အင်ဒိုနီးရှား လူမျိုးတွေ ကျွန်တော်တို့ နေတဲ့ အဆောင်ရှေ့မှာ အုပ်စုလိုက်
လက်နက်အပြည့်နဲ့ ထိုင်စောင့်ကြတယ်။ ဘယ်သူမှ မထွက်ရဲဘူး
ထွက်တဲ့လူကို သတ်ဖို့ သူတို့စောင့်နေကြတယ်။

အခုလက်ရှိ ကျွန်တော်တို့ အဆောင်နဲ့ နည်းနည်းဝေးတဲ့ ဝပ်ရှော့ထဲမှာ တောင်းပန်ပြီး နေနေရပါတယ်။
ဒီကိစ္စနဲ့ ပက်သက်ပြီး ကျွန်တော်တို့ အေးဂျင့် မလေးနိုင်ငံသားကို ကျွန်တော်တို့ မြန်မာပြည်ကို ပြန်မယ်။
ဆက်မလုပ်နိုင်ဘူး ငါတို့ကို အင်ဒိုနီးရှားတွေက လိုက်သတ်နေတယ်လို့ ပြောပြတော့ ပြောတဲ့မြန်မာတွေကို
ထိုးလားကြိတ်လား လုပ်သေးတယ်။

ဒါနဲ့ မြန်မာပြည်က အေးဂျင့်ကို ဖုန်းဆက်ပြီး ပြောတော့ သူဘာမှ တာဝန်မယူနိုင်ဘူးလို့
လက်လွတ်စပယ် ပြောလိုက်တယ်။ အခုလက်ရှိ ဒီမှာ ပိတ်မိနေတယ်။ အခု မလေးရှားက ပရဟိတ
အဖွဲ့တွေနဲ့ မြန်မာသံရုံးက အလုပ်သမားရေး အရာရှိတွေကို ဖုန်းဆက်ပြီး ပြောပြထားတယ်။
ကူညီပေးမယ်လို့တော့ ပြောတယ်။

လက်ရှိ ကျွန်တော်တို့ဆီက လူတွေ တစ်ယောက်မှ အပြင်ထွက်လို့ မရဘူး ။
ကျွန်တော်တို့ဆီကိုလည်း ဘယ်သူမှ ဝင်လာပြီး ကူညီလို့ မရဘူး ဖြစ်နေတယ်။
ကျွန်တော်တို့ မြန်မာ ၉၇ ယောက် စလုံးအခု ဝပ်ရှော့ထဲမှာ သတင်းစာ စက္ကူလေးခင်းပြီး
ဖြစ်သလိုနေ ရှိတာလေးနဲ့ ဖြစ်သလိုစားပြီး ကူညီမယ့် သူကိုစောင့်နေပါတယ် "
ဟု မြန်မာ တစ်ဦးဖြစ်သူ ကိုတင်ဦးမှ မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာသို့
ပြောကြားခဲ့သည်။

ဒီကိစ္စနဲ့ ပက်သက်ပြီး ကွာလာလမ်ပူမြို့ရှိ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အဖွဲ့သို့
အကူအညီ တောင်းခံလာရာ မြန်မာသံရုံး အလုပ်သမား အရာရှိများထံသို့ တိုက်ရိုက် ဆက်သွယ်ကာ
သတင်းပို့ခဲ့ပြီး သူတို့ အဖွဲ့မှလည်း လိုအပ်သော ကိစ္စများကို ကူညီဖို့အတွက် လုဆောင်နေကြောင်း
ဥက္ကဌ ကိုသက်မှ ပြောခဲ့သည်။

မလေးရှားနိုင်ငံရှိ ဆာဘား ၊ ဆာရာဝပ်ပြည်နယ်သည် မလေးရှားနိုင်ငံ၏ ခွဲထွက်ပြည်နယ်
တစ်ခုဖြစ်ပြီး ကွာလာလမ်ပူမြို့တော်နှင့် အလွန် ဝေးကွာနေကြောင့် သွားလာရန်ပင် မလွယ်ကူသော
နေရာတစ်ခုဖြစ်ကာ ၎င်းနေရာတွင် မြန်မာလူမျိုးများ အကြောင်းအမျိုးမျိုးကြောင့်
အသက်ဆုံးရှုံးမှု အများဆုံးနေရာလည်း ဖြစ်သည်။

ထိုကြောင့် မလေးရှားနိုင်ငံသို့ အလုပ်သမား ပို့ဆောင်မှုများကို ဆာဘား ဆာရာဝပ် ပြည်နယ်သို့
ပို့ဆောင်ရန်အတွက် တရားဝင် တားမြစ်ထားတဲ့ တစ်နေရာ တစ်ခုလည်း ဖြစ်သည်။ သို့သော်လည်း
မလေးရှားနိုင်ငံသို့ လာရောက်အလုပ်လုပ်ရန် မသိသေးသော မြန်မာများအား အေးဂျင့်များမှ
တဆင့် လိမ်လည်ကာ ထိုနေရာသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

ဒီကိစ္စနဲ့ ပက်သက်ပြီး ကူညီမည့်သူများ အနေဖြင့် မိမိတို့ တတ်နိုင်တဲ့ ဖက်ကနေ
+60111 6067 664 ကိုဆက်သွယ်ပြီး အကူညီပေးနိုင်ပါသည်။

(သတင်းဓာတ်ပုံများကို ကျွန်တော်ဖုန်းထဲသို့ ပို့ပေးထားသောပုံများနှင့်
အွန်လိုင်း FB မှပေးပို့ထားသော ဓာတ်ပုံများ ဖြစ်သည်။)

နေဇော်လင်း




မလေးရှား နိုင်ငံ လက်ရှိ ဖြစ်ရပ် အတွက် ရှင်းလင်းချက်

မလေးရှား နိုင်ငံ SABAH, SARAWAK (ဆာဘား ဆာရာဝပ်) ပြည်နယ်ရှိ Shin Yang Shipyard SDN. BHD သဘောင်္ကျင်း စက်ရုံတွင် အလုပ်လုပ် ကိုင်နေသော မြန်မာ အလုပ်အမား ၂ ဦးသည် အင်ဒို နီးရှား ၂ ဦးနှင့် ရန်စကား များရာ ကနေ ပြသာနာ စတင် ဖြစ်ခဲ့ကြောင်း သိရှိရ သည်။

" ပြသာနာ စဖြစ် တာက ၂၃ ရက် တနင်္လာ နေ့မှာ ပါ။ အဲဒီနေ့က ကျွန်တော်တို့ အိုတီ ဆင်းနေ ပါတယ်။ တစ်ချို့ တစ်ဝက်က အခန်း မှာပါ။ အခန်းမှာ ကျန်တဲ့ မြန်မာ ၂ ယောက်က စားသောက်ဖို့ အတွက် ဆိုင်မှာ ပစ္စည်း တွေ သွားဝယ်တဲ့ အခါ အင်ဒို နီရှား လူမျိုး ၂ ယောက်နဲ့ ရန်စထိုး ကြိတ်ပြီး ပြသာနာ ဖြစ်ခဲ့ပါ တယ်။

သူတို့နဲ့ ပြသာနာ ဖြစ်ခဲ့ပြီး မြန်မာ တွေက အဆောင်ကို ပြန်လာတဲ့ အချိန်မှာ အင်ဒို ၃ ယောက်က ထပ်လိုက် လာပြီး အဆောင်ကို ခဲတွေနဲ့ ပေါက်တယ်။ ဒါနဲ့ ကျွန်တော်တို့ မြန်မာ ထဲက အစ်ကို တစ်ယောက်က ပြသာနာ မဖြစ်အောင် ပြောပေမယ့် သူတို့ လက်မခံဘူး ... ထပ်ပြီး စကားများ ကြတယ်။

အင်ဒို ၃ ယောက် ပြန်သွားတော့ နောက်ထပ် အင်ဒို နီရှား လူမျိုးတွေ အများကြီး ကျွန်တော်အထင် ၅၀၀ ကျော်မယ်ဗျာ
ကျွန်တော်တို့ နေတဲ့ဖက် မှာသူတို့ လူမျိုးတွေ များတယ်။ အုပ်စုလိုက် ရောက်ချလာ တယ်။ သူတို့ လက်ထဲ တုတ်တွေ
ဓားတွေ ၊ ခဲတွေ စတဲ့ လက်နက် အပြည်ပါပဲ ....

ကျွန်တော် တို့လည်း အဆောင်က ထွက်ပြေး ခဲ့ရတယ်။ အဆောင်က ကျွန်တော်တို့ ပစ္စည်းတွေ အားလုံး ရိုက်ခွဲပြီး
မီးရှုံ့ခံရတယ်။ ကျွန်တော်တို့ နေတဲ့ နေရာ အနားက တောထဲ ဝင်ပြေးပြီး ပုန်းနေ ရတယ်။ အခု သူတို့ အင်ဒို နီးရှား လူမျိုးတွေ
ကျွန်တော်တို့ နေတဲ့ အဆောင်ရှေ့မှာ အုပ်စုလိုက် လက်နက်အပြည့်နဲ့ ထိုင်စောင့်ကြ တယ်။ ဘယ်သူမှ မထွက် ရဲဘူး
ထွက်တဲ့ လူကို သတ်ဖို့ သူတို့ စောင့်နေ ကြတယ်။

အခုလက်ရှိ ကျွန်တော်တို့ အဆောင်နဲ့ နည်းနည်း ဝေးတဲ့ ဝပ်ရှော့ ထဲမှာ တောင်းပန်ပြီး နေနေရ ပါတယ်။
ဒီကိစ္စနဲ့ ပက်သက်ပြီး ကျွန်တော်တို့ အေးဂျင့် မလေး နိုင်ငံသားကို ကျွန်တော်တို့ မြန်မာ ပြည်ကို ပြန်မယ်။
ဆက်မ လုပ်နိုင်ဘူး ငါတို့ကို အင်ဒိုနီး ရှားတွေက လိုက်သတ် နေတယ်လို့ ပြောပြတော့ ပြောတဲ့ မြန်မာ တွေကို
ထိုးလား ကြိတ်လား လုပ်သေး တယ်။

ဒါနဲ့ မြန်မာ ပြည်က အေးဂျင့်ကို ဖုန်းဆက်ပြီး ပြောတော့ သူဘာမှ တာဝန်မ ယူနိုင်ဘူးလို့ လက်လွတ် စပယ် ပြောလိုက် တယ်။
အခု လက်ရှိ ဒီမှာ ပိတ်မိနေတယ်။ အခု မလေးရှားက ပရဟိတ အဖွဲ့တွေနဲ့ မြန်မာ သံရုံးက အလုပ်သ မားရေး အရာရှိ တွေကို
ဖုန်းဆက်ပြီး ပြောပြ ထားတယ်။ ကူညီပေး မယ်လို့တော့ ပြောတယ်။

လက်ရှိ ကျွန်တော် တို့ဆီက လူတွေ တစ်ယောက်မှ အပြင်ထွက်လို့ မရဘူး ။ ကျွန်တော်တို့ ဆီကိုလည်း ဘယ်သူမှ ဝင်လာပြီး
ကူညီလို့ မရဘူး ဖြစ်နေတယ်။ ကျွန်တော်တို့ မြန်မာ ၉၇ ယောက် စလုံးအခု ဝပ်ရှော့ထဲမှာ သတင်းစာ စက္ကူလေး ခင်းပြီး
ဖြစ်သလိုနေ ရှိတာ လေးနဲ့ ဖြစ်သ လိုစားပြီး ကူညီမယ့် သူကို စောင့်နေပါတယ် " ဟု မြန်မာ တစ်ဦးဖြစ်သူ
ကိုတင်ဦးမှ မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာသို့ ပြောကြားခဲ့သည်။

ဒီကိစ္စနဲ့ ပက်သက်ပြီး ကွာလာလမ်ပူ မြို့ရှိ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အဖွဲ့သို့ အကူအညီ တောင်းခံလာရာ
မြန်မာသံရုံး အလုပ်သမား အရာရှိ များထံသို့ တိုက်ရိုက် ဆက်သွယ်ကာ သတင်း ပို့ခဲ့ပြီး သူတို့ အဖွဲ့မှလည်း
လိုအပ်သော ကိစ္စများကို ကူညီဖို့ အတွက် လုဆောင်နေကြောင်း ဥက္ကဌ ကိုသက်မှ ပြောခဲ့သည်။

မလေးရှား နိုင်ငံရှိ ဆာဘား ၊ ဆာရာဝပ် ပြည်နယ်သည် မလေးရှား နိုင်ငံ၏ ခွဲထွက် ပြည်နယ် တစ်ခု ဖြစ်ပြီး ကွာလာလမ်ပူ မြို့တော်နှင့် အလွန် ဝေးကွာနေကြောင့် သွားလာ ရန်ပင် မလွယ် ကူသော နေရာ တစ်ခု ဖြစ်ကာ ၎င်းနေ ရာတွင် မြန်မာ လူမျိုးများ
အကြောင်း အမျိုးမျိုး ကြောင့် အသက်ဆုံး ရှုံးမှု အများဆုံး နေရာလည်း ဖြစ်သည်။

ထိုကြောင့် မလေးရှား နိုင်ငံသို့ အလုပ်သမား ပို့ဆောင်မှု များကို ဆာဘား ဆာရာဝပ် ပြည်နယ်သို့ ပို့ဆောင် ရန်အတွက် တရားဝင် တားမြစ် ထားတဲ့ တစ်နေရာ တစ်ခုလည်း ဖြစ်သည်။ သို့သော်လည်း မလေးရှား နိုင်ငံသို့ လာရောက်အ လုပ်လုပ်ရန် မသိ သေးသော မြန်မာ များအား အေးဂျင့် များမှ တဆင့် လိမ်လည်ကာ ထိုနေ ရာသို့ ပို့ဆောင် ခဲ့ကြောင်း သိရှိရ သည်။

ဒီကိစ္စနဲ့ ပက်သက်ပြီး ကူညီမည့် သူများ အနေဖြင့် မိမိတို့ တတ်နိုင်တဲ့ ဖက်ကနေ +60111 6067 664 ကိုဆက်သွယ်ပြီး
အကူညီပေး နိုင်ပါသည်။

ဖုန်းပိုင်ရှင် နမ်မည် - သိန်းစံပါ
မြန်မာပြည် အေးဂျင့် - ဦး စိန်တင်
အာဘာဖီး ကုမ္ပဏီလို့ သိရပါတယ်

Free Online Radio Media (Malaysia)



မလေးရှားကိစ္စ
***********
Hmuu Zaw

၁။ မလေးရှားရှိမြန်မာအလုပ်သမား အရာရှိမှ အာဘာဖီကုမ္ပဏီနှင့် ပူးပေါင်း ဆောင်ရွက်နေပါသည်။
၂။ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီးကိုယ်တိုင် ဦးစီး၍ မလေးနှင့် ဘရူနိုင်းရှိ မြန်မာသံရုံးများ ၂ နိုင်ငံအစိုးရများနှင့် ဆက်သွယ်၍ အကာအကွယ်ပေး နိုင်ရေး အမြန်ဆုံး ဆောင်ရွက်လျက် ရှိပါသည်။
၃။ စုစုပေါင်း ၉၇ ဦး ဟု သိရှိရပါသည်။
၎။ မလေး-ဘရူနိုင်း နယ်စပ် ဟု သိရှိရပါသည်။
၅။ ၂၃ ရက်နေ့မှာ စကားများ ရန်ဖြစ်တာက စသည် ဟု သိရပါသည်။ ယနေ့ စက်ရုံပိတ် ထားပါသည်။ အာဘာဖီမှာ စေလွှတ်သော အေးဂျင့် ဖြစ်ပါသည်။

ဖုန်းအတွက် ဘော်လုံးအလန်းဇယား Ring tone



==========================================

http://www.mediafire.com/download/frx3p3rw0ws1p5e/Ringtone.mp3

==========================================
ပြည်သူ့ အချစ်တော်သန်းသန်းထွေး
==================

သားအမိနှစ်ဦး လည်လှီးအသတ်ခံရမှု တရားခံဖော်ထုတ်နိုင်ရန် ရဲက ပြည်သူကို အကူအညီတောင်းခံ




Mizzima

မင်္ဂလာဒုံမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် သားအမိနှစ်ဦးလည်လှီးအသတ်ခံရမှုတွင် ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်နိုင်ရန် လူသတ်မှုဖြစ်ပွားခဲ့ပြီး တစ်လကျော်အချိန် တွင် ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ပြည်သူကို ဒီဇင်ဘာ ၂၃ ရက်၌ အကူအညီတောင်းခံလိုက်သည်။

နိုဝင်ဘာ ၁၉ နံနက် ၁ နာရီခန့်က ဖြစ်ပွားခဲ့သော အဆိုပါလူသတ်မှုတွင် မွန်လေးဟူသည့် အမျိုးသား တစ်ဦးကို ရဲတပ်ဖွဲ့က သံသယရှိထားပြီး ၎င်းကိုတွေ့ရှိပါက ဆက်သွယ်အကြောင်းကြားပေးခြင်းဖြင့် ကူညီပေးရန် မေတ္တာရပ်ခံထားခြင်းလည်း ဖြစ်သည်။

“လူသတ်မှုမှာ သံသယရှိနေတဲ့ မွန်လေးဆိုတာ ဘောဂလမ်း၊ ဘောဂဘုန်းကြီးကျောင်းမှ ကိုရင်ဝတ်ပြီး နေသွားခဲ့တဲ့သူပါ၊ သူအခု ပုန်းရှောင်နေတဲ့နေရာကို သိရင်တော့ ကျွန်တော်တို့လည်း ကူညီဖော်ထုတ် ပေးသွားမှာပါ” ဟု လူသတ်မှုဖြစ်ပွားခဲ့သည့် ပလရ ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး သက်ဇော်မင်းက ပြောသည်။

အဆိုပါ လူသတ်မှုသည် မင်္ဂလာဒုံမြို့နယ် ပလရရပ်ကွက်အတွင်းရှိ ဘောဂ(၂)လမ်းတွင် တန်ဆောင် မုန်းလ သူခိုးကြီးညက ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ယင်းလမ်းအတွင်းရှိ ဂျိုးဖြူရေပိုက်လိုင်းအနီးတွင် အမျိုး သမီးတစ်ဦး လဲနေသည်ကို ရပ်ကွက်အတွင်းရှိ ကလေးများမှ စတင်တွေ့ရှိပြီး သက်ဆိုင်ရာ ရပ်ကွက်အုပ် ချုပ်ရေးပိုင်းမှ သူများထံသို့ အကြောင်းကြားပေးခဲ့ခြင်း လည်း ဖြစ်သည်။

ထို့နောက် ရပ်ကွက်အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများနှင့် ရဲများက စစ်ဆေးရာတွင် ယင်းလမ်းတွင် နေ ထိုင်သည့် အမျိုးသမီးတစ်ဦးကို သေဆုံးလျက်တွေ့ရှိခဲ့ရ ခြင်းဖြစ်သည်။ ယင်းအပြင် တာဝန်ရှိသူများက အမျိုးသမီးနေထိုင်ရာ အိမ်အတွင်းသို့ သွားရောက်စစ်ဆေးရာတွင်လည်း ၎င်း၏သမီးငယ်ဖြစ်သူကို ခြင်ထောင်အတွင်းတွင် လည်ပင်းပြတ်ရှဒဏ်ရာဖြင့် အသတ်ခံထားရသည်ကိုပါ တွေ့ရှိခဲ့သည်။

ယင်းဖြစ်စဉ်တွင် သေဆုံးသူသည် မမြတ်မြတ်စန်း (၃၆)နှစ်ဆိုသူဖြစ်ပြီး ၎င်းကို နေအိမ်ရှေ့ ၀ဲဘက် မျက်စောင်းထိုးဂျိုးဖြူပိုက်လုံးဘေး လမ်းပေါ်တွင် လည်ပင်းပြတ်ရှဒဏ်ရာ တစ်ချက်၊ မေးစေ့ပြတ်ရှ ဒဏ်ရာတစ်ချက်တို့ဖြင့် သေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။

ထို့ပြင် ယင်း၏ သမီးဖြစ်သူ မနှင်းဝေ (၉) နှစ်၊ စတုတ္ထတန်းကျောင်းသူကိုလည်း နေအိမ်ရှိ ခြင်ထောင် အတွင်း အိပ်ရာပေါ်တွင် လည်ပင်းပြတ်ရှဒဏ်ရာဖြင့် သေဆုံးနေလျက် တွေ့ရှိခဲ့ခြင်းလည်း ဖြစ်သည်။

အဆိုပါ လူသတ်မှုကို မင်္ဂလာဒုံမြို့နယ် ရဲစခန်းက (ပ)၇၂၄/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် တရားခံ ဖမ်းဆီး ရမိရေး စုံစမ်းဖော်ထုတ်နေသော အမှုလည်း ဖြစ်သည်။

ယင်းလူသတ်မှုကို ကျူးလွန်ခဲ့သူသည် အသက် (၂၅)နှစ်ရှိ မွန်လေး၊ (ဘ)ဦးအုန်း ရွှေ၊ ၁၀/မဒန (နိုင်) ၁၁၀၃၇၄ ဖြစ်သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထား သည်။

၎င်းသည် မွန်ပြည်နယ်၊ မုဒုံမြို့ ကော့ ပရံကျေးရွာနေသူဖြစ်ကြောင်းနှင့် ၎င်းင်းနှင့် ပတ်သက်၍ ဖုန်း ၀၁-၂၃၀၀၇၄၇ (ကွပ် ကဲမှုခန်းမ)၊ ၀၉-၅၂၄၀၁၁၂ (ရဲမှူး ဦးစီး)၊ ၀၉-၈၆၀၂၃၆၃ (ရဲမှူး၊ မှုခင်း)၊ ၀၉- ၈၆၀၂၃၈၆ (မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ မှူးရုံး)၊ ၀၁-၆၃၅၁၄၈ (မင်္ဂလာဒုံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး)၊ ၀၁-၆၃၅၀၇၄ (မင်္ဂလာဒုံမြို့နယ် ရဲစခန်း)တို့ကို ဆက်သွယ်ပြီး ကူညီသတင်းပေးကြရန် အကူအညီ တောင်းခံထားခြင်းဖြစ်သည်။

တောင်ကြီး၊စိန်ပန်းရပ်ကွက်တွင်မပေါက်ကွဲသေးသောလက်လုပ်ဗုံးတွေ.ရှိ



တောင်ကြီး ။ဒီဇင်ဘာ ၂၅

ယနေ.နေ.လည်၁၂နာရီ၅၅မိနစ်ခန်.အချိန်ကရှမ်းပြည်နယ်(မြောက်ပိုင်း) တောင်ကြီးမြို.၊စိန်ပန်းရပ်ကွက်ရှိ ပြည်တော်အေးလမ်း၌မပေါက်ကွဲသေးသော လက်လုပ်ဗုံးတစ်လုံးအားသက်ဆိုင်ရာမှအချိန်မှီရှာဖွေတွေ.ရှိကာဖောက်ခွဲ ဖျက်ဆီးခဲ.ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ.ဌာနချုပ်မှ သတင်းရရှိသည်။

အဆိုပါလက်လုပ်ဗုံးကို၎င်းလမ်းတွင်သန်.ရှင်းရေးတာဝန်ကျသောစည်ပင်သန်.ရှင်းရေးဝန်ထမ်းတစ်ဦးကစတင်တွေ.ရှိခဲ.ခြင်းဖြစ်ပြီးသက်ဆိုင်ရာတာဝန်ရှိသူများထံသတင်းပေးပို.ခဲ.ခြင်းကြောင့်ပြည်သူအများထိခိုက်ဒဏ်ရာရမှုမရှိစေပဲအချိန်မီဖောက်ခွဲဖျက်ဆီးနိုင်ခြင်းဖြစ်သည်ဟုရှမ်းပြည်နယ်ရဲတပ်ဖွဲ.မှူးရုံးမှ အဆင့်မြင့်ရဲအရာရှိကြီးတစ်ဦးကပြောသည်။

အခုတွေ.တာကစိန်ပန်းရပ်ကွက်မှာရှိတဲ.အစ္စလာမ်ဘာသာရေးကျောင်းရဲ.မြောက်ဖက်နဲ.ရှမ်းပြည်နယ်ရဲတပ်ဖွဲ.မှူးရုံးကြားမှာတွေ.တာ။အခုတွေ.တဲ.ဗုံးနဲ.အရင်တွေ.ခဲ.တဲ.ဗုံးအမျိုးအစားချင်းကတော့အတူတူပဲ။အချိန်မရွေးပေါက်နိုင်ပြီးအန္တရာယ်ရှိတဲ.အတွက်ဖောက်ခွဲဖျက်ဆီးလိုက်ရတာပါ။ဟု မိုင်းရှင်းလင်းရေးအဖွဲ.တွင်ပါဝင်ခဲ.သောတပ်မတော်သားတစ်ဦးကပြောသည်။

ယခုအကြိမ်လက်လုပ်ဗုံးတွေ.ရှိမှုသည် ယခုလအတွင်းတတိယ အကြိမ်မြောက်ဖြစ်ပြီး ၄င်းလက်လုပ်ဗုံးများမကြာခဏ တွေ.ရှိနေခြင်းနှင့်ပတ်သတ်၍ သက်ဆိုင်ရာမှစုံစမ်းဖော်ထုတ် လျှက်ရှိကြောင်းထပ်မံသိရသည်။

အာရှအလင်း

အိမ်ဖော်အများဆုံးတင်ပို့သည် နိုင်ငံသုံးခုတွင် ပါဝင်လာ

ပြည်သူများအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ရန် တောင်းဆိုသင့်ဟု ဆောင်းဦးလှိုင်ဆို


Mizzima - News in Burmese
ရန်ကုန်၊ ဒီဇင်ဘာ ၂၄

၂၀၁၄ ခုနှစ်ကစပြီး အဆိုပိုင်း တွင်ရပ်တည်မှုသည် နည်းပါးသွားမည် ဖြစ်ကြောင်း အဆိုတော်ဆောင်းဦး လှိုင်က မဇ္ဈိမသို့ ပြောသည်။ ယင်းကဲ့သို့ဖြစ်ရခြင်း သည် လူမှုရေးလုပ်ငန်းများတွင် ရပ်တည် သွားရန် အစီအစဉ်များရှိနေခြင်းဖြစ်ပြီး လာမည့် ၂၀၁၅ ခုနှစ်တွင် ဒေါ်အောင်ဆန်း စုကြည်၏ သမ္မတအဖြစ် နေရာရရှိလာခြင်း အတွက် ကြိုးပမ်းဆောင်ရွက်ခြင်းဖြစ်သည် ဟု ယင်းက ပွင့်လင်းစွာပြောကြားသည်။

“ဒီလိုလုပ်ခြင်းကလည်း ကျွန်တော့်ရဲ့ အနုပညာသက်တမ်း နှစ်၂၀ အတွင်းမှာ ပြောင်းလဲမှုတွေလို အပ်မယ်ထင်လို့ လုပ် တာပါပဲ။ နောက်ပြီး ကျွန်တော့်ကို အား ပေးကြတဲ့ပရိသတ်တွေက အခုအချိန်ထိ စားဝတ်နေရေးတွေ မပြည့်စုံသေးတာကို တွေ့ရတာ စိတ်မကောင်းဖြစ်မိတယ်။ ကျွန် တော်တို့နိုင်ငံက ဒီမိုကရေစီ ရပြီလို့သာ ပြောနေတာ အခုအချိန်ထိ အမှန်အကန် မရရှိသေးပါဘူး။ တကယ်ကို ပြောင်းလဲ ပေးနိုင်မယ့်သူ၊ အမှန်တကယ်ကို ပြည်သူ လူထုအတွက် လုပ်ပေးနိုင်သူကို ကျွန်တော် တို့တွေ ပံ့ပိုးပေးကြရမှာပါ” ဟု ယင်းက ပြောသည်။

အဆိုတော်ဆောင်းဦးလှိုင်သည် NlD ပါတီဝင်မဟုတ်ဘဲ ၎င်းကိုယ်တိုင်အသိစိတ် ဖြင့် တိုင်းပြည်တွင် ခေါင်းဆောင်နိုင်မည့်သူကို တတ်နိုင်သည့်ဘက်က ကူညီနေခြင်း ဖြစ်သည်။ ဆောင်ဦးလှိုင်သည် နာရေးကူ ညီမှုအသင်း၏ ရာသက်ပန်အသင်းဝင်ဖြစ် သည်။ ပြည်သူများအနေဖြင့် ၂၀၁၄ တစ်နှစ် အတွင်း တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြုပြင် ပြောင်းလဲရန်အတွက် ယခုအချိန်ကတည်း က တောင်းဆိုမှုများ လုပ်ဆောင်သင့်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။ ယင်းအပြင် ခေတ်အဆက်ဆက်တွင် မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့ကြသည့်အစိုးရသည် ယူနီဖောင်း ၀တ်အစိုးရနှင့် ယူနီဖောင်းချွတ်အစိုးရတို့ သာ ကွာခြားပြီး အုပ်ချုပ်ခဲ့ခြင်းဖြစ်ကြောင်း ပွင့်လင်းစွာဆိုသည်။ အရပ်သားအစိုးရ အနေဖြင့် နေ့ချင်းပြောင်းလဲမှုများ၊ ချမ်းသာမှုများသည် ချက်ချင်းပြောင်းလဲခြင်းများ မရှိသော်လည်း အရပ်သားအစိုးရ အုပ် ချုပ်ပါက တိုင်းပြည်အတွက် ပြောင်းလဲမှုများစွာရနိုင်မည်ဖြစ်ကြောင်း သုံးသပ်ပြော ကြားခဲ့သည်။

ဒီမိုကရေစီရရှိခြင်းသည် ပြည်သူများ အတွက် အမှန်တကယ်ရရှိနေသေးသည် မဟုတ်သည့်အပြင် ဆန္ဒပြခြင်းသည်လည်း လွတ်လပ်စွာဆန္ဒပြခွင့်မရှိသေးကြောင်း၊ ဆန္ဒပြမည်ဆိုပါက သက်ဆိုင်ရာသို့ တင်ပြ ခြင်းများရှိနေပြီး တင်ပြခြင်းမရှိသူများကို ဖမ်းဆီးမှုများသည်လည်း ရှိနေခြင်းကြောင့် ဒီမိုကရေစီလို့ မဆိုနိုင်ကြောင်း ယင်းက ဆိုသည်။

ပြည်သူများအနေဖြင့် ၂၀၁၅ အတွက် သမ္မတဖြစ်ခွင့်တွင် မဲပေးသည့်စနစ်သည် များစွာအရေးကြီး ကြောင်း ဆိုခဲ့ပြန်သည်။ ယင်းသည် ယခုအချိန်တွင် လူမှုရေးလုပ် ငန်းများတွင်သာ အဓိကထားဆောင် ရွက်မည်ဖြစ်သည်။ အဆိုတော်ဆောင်ဦးလှိုင် သည် ၁၉၉၀-၁၉၉၁ တွင် အဆိုတော် ကိုသီဟန်၏ “ဘယ်တော့မှ” သီချင်းကို ရေးစပ်ပေးခဲ့သည့် တေးရေးဆရာဖြစ်ပြီး ၁၉၉၃ ခုနှစ်တွင် “မင်းရဲ့သူရဲ ကောင်း”၊ “ခရီးသွားငါးယောက်”၊ “၁၉း ၁၈” သီချင်း အခွေများကို ထွက်ရှိခဲ့သည့်အပြင် နှစ်သစ် ကူးအထိမ်းအမှတ်ဖြစ်သည့် “၉၈၊ ၉၉၊ ၂၀၀၀” ခုနှစ်အမည်များဖြင့် တေးသီချင်း များစွာကို သီဆိုခဲ့သလို ယင်းစီးရီးများသည် အောင်မြင်ထင်ရှားပြီး ပရိသတ်များ လက်ခံ အားပေးခြင်းကို ရရှိခဲ့သူဖြစ်သည်။

၂၀၁၅ မှာအမေစု သမ္မတ ဖြစ်မယ့်အကြောင်း ဆရာစံဇာဏီဘို ခိုင်မာစွာ ပြောကြား

နီနီခင်ဇော်နဲ့ တွေ့ဆုံမေးမြန်းခန်း

ကြယ်ဂေါင်က တရုတ်ကုန်သည်တွေ ကြားမှာ တီးတိုးစကားထွက်နေ



Hawdeka Khalaylay

(နေပြည်တော်သတင်း)

သန်းခေါင်စာရင်းစစ်တာ ပြီးတာနဲ့ နိုင်ငံသားကတ်ရမယ် မြန်မာနိုင်ငံထဲမှာ တရားဝင်နေထိုင်စီပွားလုပ်ခွင့်ရမယ်တဲ့ ၊ ကြယ်ဂေါင်က တရုတ်ကုန်သည်တွေ ကြားမှာ တီးတိုးစကားထွက်နေကြောင်း နေပြည်တော် သတင်းရပ်ဝန်းမှ သတင်းပေးပို့လာပါသည် ၊

မြန်မာနိုင်ငံတွင်း တရားမဝင် ကျူးကျော်ဝင်ရောက်နေထိုင်သူများကို ရှာဖွေဖော်ထုတ် အရေးယူဖို့ ဒေါက်တာမြတ်ဉာဏစိုးက အဆိုတင်သွင်းဖူးတာ မအောင်မြင်ခဲ့ဖူးလို့ ကြားခဲ့ရပါတယ် ၊

အခု ၂၀၁၄ အတွင်းမှာတော့ မြန်မာနိုင်ငံအထဲကို တရားမဝင် ကျူးကျော်ဝင်ရောက်နေထိုင်သူတွေ ရှိမှာ မဟုတ်ပါဘူး ၊ ဘာလို့ လဲဆိုတော့ အဲဒီ တရားမဝင် ကျူးကျော်ဝင်ရောက်နေထိုင်သူတွေက တရားဝင်မှတ်ပုံတင်တွေ ရသွားမှာ ဖြစ်လို့ပါပဲ ၊

မြန်မာနိုင်ငံ အနှံ့အပြားမှာ ဝင်ရောက် နေထိုင်နေကြတဲ့ တရုတ်တွေကို မြန်မာနိုင်ငံသားကတ်တွေ ထုတ်ပေးဖို့ ၂၀၁၀ အာဏာမလွှဲခင်ကတည်းက ဦးသန်းရွှေက တရုတ်အစိုးရကို အာမခံချက်ပေးထားတယ်လို့ သိရပါတယ် ၊

ဘင်္ဂါလီ၅သိန်းကို ဝှိုက်ကတ်ထုတ်ပေးခဲ့တာ ဗူးပေါ်သလို ပေါ်သွားတော့ တရုတ်တွေကို မှတ်ပုံတင်ထုတ်ပေးဖို့ကိစ္စကို သန်းခေါင်စာရင်းနဲ့ ရောချ ဦးသန်းရွှေက ညွှန်ကြားထားတယ်လို့ သိရပါတယ် ၊

မြန်မာနိုင်ငံ အထဲမှာ တရားမဝင် ကျူးကျော်ဝင်ရောက်နေထိုင်နေကြတဲ့ တရုတ်လူမျိုးအရေအတွက်က (ကိုးကန့်နဲ့ ဝ ဒေသအထဲက တရုတ်တွေကိုပါထည့်တွက်မယ်ဆိုရင်) သိန်း ၂၀ လောက်ကိုရှိမယ်ထင်ပါတယ် ၊

အခုလည်း ကြယ်ခေါင်က တရုတ်ကုန်သည်တွေ အကြားမှာ မြန်မာပြည်က မှတ်ပုံတင်လိုချင်ရင် ဘယ်ဈေးပေးရမယ် ဆိုတာမျိုး တီတိုးစကားတွေ ထွက်လာနေပါတယ် ၊

သန်းခေါင်စာရင်းစစ်တာပြီးတာနဲ့ မြန်မာပြည်မှာ ဘိုးဘွားဘီဘင်လက်ထက်ကတည်းက တောက်လျှောက်နေထိုင်ခဲ့တယ်ဆိုတဲ့ နိုင်ငံသားမှတ်ပုံတင်ရရှိမယ်လို့ တီတိုးစကားတွေ ထွက်နေပါတယ် ၊

မန္တလေးမြို့သစ်က ဈေးတွေကို မနက်ဖက်သွားကြည့်ပါ ၊ မြန်မာစကားမတတ်တဲ့ တရုတ်တွေ ဈေးလာဝယ်နေတာ အများကြီးတွေ့ရမှာပါ ၊

ဒီလိုပဲ ရှမ်းမြောက် နဲ့ ကချင် ဒေသ ကိုသွားကြည့်ပါ ၊ ရှမ်းစကားမဟုတ် ပလောင်စကားမဟုတ် ကချင်စကားမဟုတ်ပဲ တရုတ်စကားပြောတဲ့သူတွေ အများကြီးဖြစ်နေတာ တွေ့ရမှာပါ ၊

ကချင်နဲ့ ရှမ်း ကို ရန်တိုက်ပေးပြီး လူတွေကို မျက်စေ့လှည့် အာရုံလွဲပြီး တရုတ်တွေကို နိုင်ငံသား ကတ်ထုတ်ပေးမယ့် ဦးသန်းရွှေ ရဲ့ မဟာ အကြံကြီးဖြစ်ပါတယ် ၊

နေပြည်တော်မှ ပေးပို့လာသော သတင်းဖြစ်သည် ၊

ဖွဲ့စည်းပုံကိစ္စ အထင်ကရပုဂ္ဂိုလ် အားလုံး ဆွေးနွေးဖို့ ၈၈ တိုက်တွန်း



2013-12-24
RFA

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အထင်ကရပုဂ္ဂိုလ်တွေအားလုံး တွေ့ဆုံဆွေးနွေးရေး ဟာ အရေးကြီးကြောင်း ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တွေ က ပြောပါတယ်။
၈၈ အဖွဲ့ကထုတ်ပြန်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး နဲ့ ပတ်သက်ပြီး RFA က မေးမြန်းရာမှာ ၈၈မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမင်းကိုနိုင်က ပြောကြားခဲ့တာပါ။
"တွေ့ဆုံဆွေးနွေးရေးဟာ အခုထိ လက်လွှတ်လို့ မရသေးဘူလို့ ကျနော်တို့ပြောချင်နေတာ၊ မကြာခင်ကမှ အားလုံးသိပြီးသားပေါ့ ဗျာ၊ လေးပွင့်ဆိုင်တွေ့ဆုံဖို့ ကမ်းလှမ်းထား တာမျိုးပေါ့ဗျာ၊ ဒါဟာ ဥပမာတစ်ခုပါ၊ ကနဦးလိုအပ်ချက်လို့ ကျနော်တို့က မြင်တယ်ဗျ၊ အဲဒါကပြီးပြည့်စုံပြီလို့ မဟုတ်သေးပေမယ့် ဒါဟာ အားလုံးပါဝင်တဲ့ နိုင်ငံရေးဖြစ်စဉ်ဖြစ်ဖို့အတွက် အစပျိုးတဲ့တွေ့ဆုံမှုတွေကတော့ တကယ်လိုအပ်နေပြီလို့ ကျနော်တို့ ယုံကြည်တယ်"
ဒါ့အပြင် အဖွဲ့အစည်းအားလုံးအနေနဲ့ ၂၀၀၈ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ၀ိုင်းဝန်းကြိုးပမ်းကြဖို့ လိုအပ်ကြောင်းလည်း ကိုမင်းကိုနိုင်က ပြောပါတယ်။
နိုင်ငံတော်ရဲ့ အခြေခံပြဿနာဖြစ်တဲ့ တိုင်းရင်းသား တန်းတူညီမျှရေးကို ဖြေရှင်းတဲ့အခါမှာ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဘောင်အတွင်းက ဖြေရှင်းနိုင်မှာ မဟုတ်ကြောင်းလည်း ကြေညာချက် မှာ ဖေါ်ပြထားပါတယ်။
၈၈မျိုးဆက်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်တဲ့ သဘောထားအကြံပြုချက်ကို နိုင်ငံတော်သမ္မတ၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်၊ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ဆီကို တနင်္လာနေ့က ပေးပိုခဲ့တယ်လို့ သိရပါတယ်။