Thursday, December 26, 2013

၅၉(စ)ကို ပြင်ရန်အန်နဲလ်ဒီကိုမဲပေးမည့်သူတို့တာဝန်



လူ့ဘောင်သစ်ပါတီဖွဲ့ခဲ့စဉ်ကအန်နဲလ်ဒီကိုအရံပြုသည့်ပါတီအဖြစ်ခံယူခဲ့တယ်၊
ကနေဒါအစိုးရမှတ်တမ်းမှာလည်းအဲလိုပဲမှတ်သားထားတာတွေ့ရတယ်၊
လက်ရှိပွင့်လင်း၈၈မှာကိုမင်းဇေယျကလွဲရင်အများစုကလူ့ဘောင်သစ်မှာပါသူ
တွေများတယ်။
ကိုမင်းဇေယျကလဲဖြစ်နိုင်ချေရှိတာထောက်ပြတာပဲ၊
၅၉(စ)ပြင်ပြင်မပြင်ပြင်၊နားလည်မှုနဲ့ပဲဖြစ်ဖြစ်၊
လူထုဆန္ဒပဲခံယူခံယူ..အမေစုသမ္မတဖြစ်ဖို့ပဲ....
အမေစုသမ္မတမဖြစ်ခဲ့ရင်....
(၁)အမေစုအသက်အရွယ်အရအလုပ်လုပ်ချိန်သိပ်မကျန်၊
(၂)    ၂၅နှစ်ကျိုးပမ်းထားတာတွေရေစုံပြန်မျောသွားမှာစိုးရိမ်ရ၊
(၃)လတ်တလောမှာအတိုက်အခံဖက်ကထင်ရှားခေါင်းဆောင်
   မျိုးဆက်ပြတ်တောက်နေချိန်ဖြစ်သည်။
(၄)နိင်ငံတကာထောက်ခံမှုရရှိထားသူဖြစ်သည်။
(၅)အာဏာရှင်များကိုပါဝါယှဉ်နိုင်သူဖြစ်သည်။
(၆)အမေစုနောက်တွင်ပါဝင်အားဖြည့်မည့်အသိအတတ်ပညာရှင်တွေရှိသည်။
နည်းမျိးစုံဖြင့်သပ်ရှိုသွေးခွဲမှုတွေနားမယောင်ဖို့လိုသည်။
ပွင့်လင်း၈၈၏ရပ်တည်မှုကိုလည်းအမြင်ရှင်းရန်လိုအပ်သည်။
ပြည်သူယုံကြည်ရမည့်အစိုးရဖြစ်သည်အထိရင်းမည့်သူများဖြစ်သည်။
လိုအပ်ချက်ရှိလာလျှင်ထိပ်တိုက်ရင်ဆိုင်ရန်အသင့်ရှိသူများဖြစ်သည်။
မြန်မာနိုင်ငံ၏လက်ရှိအကြပ်အတည်းမှာအမေစုသမ္မတဖြစ်ရေးပင်၊
ဗိုလ်ချူပ်အောင်ဆန်းကိုယ်တိုင်ရေးဆွဲခဲ့သည်ဆိုသည်မှာဟုတ်သည်
ဖြစ်စေ၊မဟုတ်သည်ဖြစ်စေ၊လက်ရှိအချိန်လိုအပ်ချက်အရ၅၉(စ)ကို
ပြင်ရန်အန်နဲလ်ဒီကိုမဲပေးမည့်သူတို့တာဝန်သာဖြစ်ပေသည်။


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကြေငြာချက် [ 26,12 ,2013 ]

Tin Hlaing

မောင်ကိန်းရွှေဆိုင် ဓားပြအားရှန့် မှာ ပြည်ခိုင်ဖြိုးပါတီဝင်ကိုယ်စားလှယ်ဦးလျူကွယ်၏တူဖြစ်နေ


Eleven Media Group

မောင်ကိန်းရွှေဆိုင် ဓားပြမှုတွင် ကိုင်ဆောင်ခဲ့သည့် သေနတ်မှာ လောက်ကိုင်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၏ နေအိမ်လုံခြုံရေး အစောင့်ထံမှ ယူဆောင်လာခြင်းဖြစ်ဟု ကျူးလွန်သူထွက်ဆို

မောင်ကိန်းရွှေဆိုင် ဓားပြမှုဖြစ်စဉ် အနုကြမ်းစီးရာတွင် ကျူးလွန်သူ ကိုင်ဆောင်အသုံးပြုသည့် သေနတ်မှာ လောက်ကိုင်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလေးဖြစ်သူ၏ နေအိမ်လုံခြုံရေး အစောင့်ထံမှ ယူဆောင်လာခြင်းဖြစ်ကြောင်း ကျူးလွန်သူက ၀န်ခံထွက်ဆိုခဲ့ကြောင်း သိရသည်။
ကျူးလွန်သူမှာ လောက်ကိုင်မြို့တွင် နေထိုင်သူ ကိုးကန့်လူမျိုး အားရှန့် (၃၀ နှစ်)၊ (ဘ) ဦးလီကွမ်ရီဟု သိရပြီး မန္တလေးမြို့သို့ လုပ်ငန်းကိစ္စဖြင့် မကြာခဏ လာရောက်လေ့ရှိကာ မြို့သစ် (၁) ရပ်ကွက်၊ ၆၄ လမ်း၊ သိပ္ပံလမ်းတောင်ဘက်ရှိ အဒေါ်ဖြစ်သူ နေအိမ်တွင် တည်းခိုလေ့ရှိကြောင်း သိရသည်။
ကျူးလွန်သူ အားရှန့်၏ ဦးလေးတော်စပ်သူ ဦးလျူကွယ်ရှိမှာ ပြည်ခိုင်ဖြိုးပါတီဝင် ကိုးကန့်အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဖြစ်ပြီး အသုံးပြုခဲ့သည့် သေနတ်အမျိုးအစားမှာ အီတလီနိုင်ငံလုပ် PIETRO BERETTA ပစ္စတိုခဲရောင်ဖြစ်ကာ ကျည်ခွံခြောက်တောင့်နှင့် ကျည်ဆန်ခုနစ်တောင့် သိမ်းဆည်းရမိခဲ့သည်။

“ကျောက်အရောင်းအ၀ယ်လုပ်တာ အဆင်မပြေတဲ့အတွက် ငွေလိုလို့လုပ်တာလို့ ကနဦး ထွက်ဆိုထားတယ်။ ကျူးလွန်စဉ်မှာ အရက်သောက်ထားပါတယ်။ နောက်ပြီး ပုံမှန်စိတ်အခြေအနေလား၊ မူးယစ်ဆေးဝါး သုံးစွဲထားလားဆိုတာသိအောင် ဆေးစစ်မှာပါ။ သာမန်လူတစ်ယောက် အနေနဲ့ ကျူးလွန်ဖို့ ခဲယဉ်းတဲ့ အရာကို ပြုလုပ်သွားတာဖြစ်လို့ မိုက်ရူးရဲ ဆန်ပါတယ်။ သတိရလိုက် မေ့သွားလိုက်နဲ့မို့ ဖြည်းဖြည်းချင်း စစ်ဆေးနေရတာပါ” ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ဇော်မင်းဦးက ဆိုသည်။
အဆိုပါ ပြစ်မှုကျူးလွန်သူ အားရှန့်အား ၀ိုင်းဝန်းလုံးထွေး ဖမ်းဆီးခဲ့ခြင်းကြောင့် ဦးခေါင်းပေါက်ပြဲ၊ နှာခေါင်းသွေးထွက်၊ ယာဘက်မျက်လုံးညိုမည်း (သတိမရ) ဖြင့် ဖမ်းမိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အားရှန့်အား မန္တလေးပြည်သူ့ ဆေးရုံကြီးတွင် ဆေးကုသမှု ပေးလျက်ရှိပြီး (ပ) ၅၅၆/၂၀၁၃ ပြစ်မှုပုဒ်မ ၃၈၆/၃၀၇ အရ ချမ်းအေးသာစံမြို့နယ် မြို့မရဲစခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက်နိုင်ရန် စစ်ဆေးနေကြောင်း သိရသည်။

(သေနတ်ပစ်ဖောက်ကာ ဓားပြတိုက်မှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် သေနတ်အား တွေ့ရစဉ်)

စတေကာကပ်ယာဉ်များနှင့် ကညန နံပါတ်ပြား အသုံးပြုခြင်း မရှိလျှင် ယာဉ်မောင်းလိုင်စင် တစ်နှစ် ပိတ်သိမ်းမည်



Eleven Media Group


စတေကာကပ် မောင်းနှင်နေသည့် မော်တော်ယာဉ်များနှင့် က.ည.န မှတရားဝင် ထုတ်ပေးထားသော ယာဉ်နံပါတ်ပြား တပ်ဆင်အသုံးပြုခြင်းမရှိဘဲ မိမိအစီအစဉ်ဖြင့် ဖန်တီးထားသော နံပါတ်ပြားများ အသုံးပြုပြီး မောင်းနှင်သွားလာနေသော ယာဉ်မောင်းများကို ယာဉ်မောင်းလိုင်စင် တစ်နှစ် ပိတ်သိမ်းသည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီး ကျော်ထွေးက ဒီဇင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ယခုကဲ့သို့ စည်းကမ်းဖောက်ဖျက်ပြီး သွားလာနေသော မော်တော်ယာဉ်များကို စီမံချက်ဒဏ်ငွေဖြင့် ဒဏ်ရိုက်မှုများ ပြုလုပ်ခဲ့သော်လည်း အဆိုပါ စီမံချက်ဒဏ်ငွေကို ပယ်ဖျက်ပြီးနောက်ပိုင်းတွင် စည်းကမ်းချိုးဖောက်သူများ အလွန်များပြားလာကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးက ပြောကြားခဲ့ကြောင်း သိရသည်။

" အခု စီမံချက်ဒဏ်ငွေဆိုတာ မရှိတော့ဘူး။ မော်တော်ယာဉ်နည်းဥပဒေအရ ဒဏ်ငွေ ကျပ်၁၅၀၀ ကနေ ၂၀၀၀ ထိပဲ ပေးဆောင်ရတယ်။ အဲ့ဒီတော့ ယာဉ်မောင်းတွေ၊ ယာဉ်ပိုင်ရှင်တွေအနေနဲ့ စည်းကမ်းပိုင်းကို လိုက်နာမှုအားနည်းလာတယ်။ စည်းကမ်းဖောက် ပြီးတော့ ဒဏ်ငွေ ကျပ် ၁၅၀၀ ကို လွယ်လွယ် ကူကူပေးဆောင်လာကြတယ်။ ဒါကြောင့် စည်းကမ်းတွေ လိုက်နာဖို့ စတေကာကပ်ပြီးမောင်းတဲ့ ယာဉ်မောင်းတွေနဲ့ ကားနံပါတ်ကို ဒီဇိုင်းလုပ်ပြီး မောင်းနှင်နေတဲ့ ယာဉ်မောင်းတွေကို အနည်းဆုံး ယာဉ်မောင်းလိုင်စင် ခြောက်လကနေ တစ်နှစ်ထိ ပိတ်သိမ်းအရေးယူသွားမယ် " ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီး ကျော်ထွေးက ဒီဇင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် The Daily Eleven သတင်းစာသို့ ပြောကြားသည်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ နိုဝင်ဘာလအထိ ပြည်တွင်း၌ ယာဉ်တိုက်မှု စုစုပေါင်း ၁၂၇၀၃ မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
သေဆုံးသူ ၃၂၉၇ ဦးရှိခဲ့ကာ ၂၁၅၉၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ရန်ကုန်မြို့တွင်းတစ်နေရာ၌ စတေကာကပ်၍ မောင်းနှင်နေသည့် ယာဉ်တစ်စီးအားတွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)

ခင်သောင်းရွှေ လို့ခေါ်နိုင်သည်။



Nay Myo Zin

ဒီဇင်ဘာ ၂၆ ရက် ပန်းတနော် မြို့နယ် တရားရုံး.

ယနေ့ထိ စွဲချက် မတင်သေးသော လေးကြိမ်မြောက် ပုဒ်မ ၁၈ ရုံးချိန်းကို ငွေကုန်အချိန်ကုန် ခံပြိး သွားခဲ့ရပြန်ပါသည်။ နိုင်ငံတော်၏ တရားစီရင်ရေး စနစ်ကြီးသည် ပြည်သူနိုင်ငံသားတို့ အတွက် အချိန်ကုန်လူပန်း စိတ်ပင်ပန်းဖြစ်စေရန်သာ ရည်ရွယ်ဆောင်ရွက်နေသော ဖိနှိပ်ရေး ယန္တရား အဆင့်မှ တိုးတက်လာခြင်း မရှိသေးပေ။ ယနေ့ တရားရုံးတွင် မိမိတို့ ကဲ့သို့ ဆင့်ခေါ် စစ်မေး ခံရသူ ပြည်သူများအား ဦးဒေါ် မောင် စသည်ဖြင့် ယဉ်ကျေးမှု အရ နာမည် အရှေ့တွင် တပ်ခေါ်သည့် အသုံးအနှုန်းတို့ကို အဘယ်ကြောင့် တရားရုံးတော် စာရေးမှ အစ မသုံးနှုန်းပဲ ကိုယ့် ထက် အသက် ကြီးသော လူကိုပင် ရင့်သီးစွာ ဦး မတပ် ကို မတပ် ခေါ်ဆိုရခြင်း အကြောင်းကို မေးမြန်းခဲ့ပါသည်။ အခြေခံ ဥပဒေ မှာကိုက ယခုလို နာမ်နှိမ်ပြီး ခေါ်ဆိုရမည်ဟု ပြဌာန်းထားခြင်း ရှိပါသလားဟု မေးသောအခါ တရားသူကြီး ဒေါ်ခင်သောင်းရွှေက ပြဌာန်းထားခြင်း မရှိကြောင်း ဖြေပါသည်။ သို့ဆိုလျှင် ဘာကြောင့် ဦးနေမျိုးဇင် သော်လည်းကောင်း ကိုနေမျိုးဇင် သော်လည်းကောင်း မခေါ်ပဲ နေမျိုးဇင် ဟု ရုံး စာရေး က အစ ဘာကြောင့် ခေါ်ပါသလဲ မေးရာ မိမိတို့ တရားရေး ၀န်ထမ်းများ က ကြိုက်သလို ခေါ်ခွင့်ရှိကြောင်း ဆိုပါသည်။
သို့ဆိုလျှင် တရားသူကြီးဒေါ်ခင်သောင်းရွှေ ကို ဒေါ် တပ် မခေါ်ပဲ ကျနော်က ခေါ်မည်ဆိုလျှင်ရော လက်ခံ ပါမည်လား ဟု ဆိုရာ ကြိုက်သလို ခေါ်ဆိုနိုင်ပါသည်ဟု ( ဒေါ် ) ခင်သောင်းရွှေ က ဆိုပါသည်။

တိုက်ပွဲများ စဖြစ်ရာ နေရာတွင် အစိုးရတပ်က စခန်းသစ် တိုးချဲ့ ချထား



26 December 2013
 BY - KNG

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် KIA ထိန်းချုပ် နယ်မြေမှာတည်ရှိတဲ့ တာပိတ် ၁ ရေအားလျှပ်စစ် စက်ရုံ။ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ် အနီး တာပိန်ရေအား လျှပ်စစ်အနီးတွင် အစိုးရတပ်က စစ်စခန်း တခု တိုးချဲ့ ချထားလိုက်သဖြင့် KIAနှင့် အစိုးရ စစ်တပ်အကြား တင်းမာမှု ပိုမို ကြီးထွားလာနေသည်ဟု KIA ရှေ့တန်း အရာရှိများက ပြောသည်။ ယင်းနေရာသည် ၂၀၁၁ ခုနှစ် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားစဉ်က ပထမဆုံး တိုက်ပွဲ ဖြစ်ပွားရာ နေရာလည်း ဖြစ်သည်။ “အနီးကပ်မှာရှိနေတယ် ၁ ဖာလုံတောင်ရှိဘူး ပစ်ခတ်မှုလည်းရှိလာနိုင်တယ် ဒါမဲ့ ပစ်တော့မပစ်သေးဘူး နှစ်ဖက် တပ်ကနေ စောင့်ကြည့်နေကြတယ် သူတို့ဘက်ကလည်းသတိနဲ့နေကြတယ် ကျနော်တို့ဘက် နေနေကြ တယ်” ဟု KIA အရာရှိ တဦးက ပြောသည်။ KIA တပ်မဟာ (၅) လှုပ်ရှားရာ ဒေသအတွင်း (တာခေါ်ခ) တာပိန်ရေအား လျှပ်စစ် ဓာတ်အားပေးစက်အနီးတွင် ဒေါ့ဖုန်းယန် အခြေစိုက် ခလရ ၁၄၂ မှ တပ်ဖွဲ့ တဖွဲ့က ယခုလ အတွင်း စခန်း တိုးချဲ့ ချထားခြင်း ဖြစ်သည်။ ထိုအစိုးရတပ်စခန်းသည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ (၅)အောက် KIA တပ်ရင်း ၂၅ ၏ ရှေ့တန်းစခန်းအနီးတွင်ရှိနေပြီးအစိုးရတပ်စစ်အင်အား ၄၀ ကျော်ဖြင့် စခန်းချလှုပ်ရှားနေကြောင်းသိရသည်။ ထိုနေရာသည် ၂၀၁၁ ဇွန်လ ၉ ရက်နေ့ တိုက်ပွဲစတင်ဖြစ်သည့် နေရာဖြစ်ပြီး ယခင်က အစိုးရတပ်စခန်း မရှိသော် လည်း ယခုချိန် တာပိန်ရေအား လျှပ်စစ် ဓာတ်အားပေးစက် လုံခြုံရေးခေါင်းစဉ်ဖြင့် စခန်းချ လာခြင်းဖြစ်ကြောင်း သိရသည်။ တိုက်ပွဲများဖြစ်ပွားပြီး ၎င်းတာပိန်ရေအားလျှပ်စစ်ဓာတ်အားပေးမှုကိုရပ်ဆိုင်းခဲ့သော်လည်း ယခုချိန် ၎င်းလျှပ်စစ် ဓာတ်အားပေးစက်ရုံမှလျှပ်စစ်မီးများပြန်လည်ပေးနေပြီ ဖြစ်သည်။

အစိုးရက မိတ်ကပ်အဖွဲ့ကို အသိအမှတ်မပြု



RFA Burmese


မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော်ဖွင့်ပွဲနဲ့ ပိတ်ပွဲတွေမှာ ၀ိုင်းဝန်းကူညီပေးခဲ့သူတွေကို နိုင်ငံတော်ကဂုဏ်ပြုချီးမြှင့်ရာမှာ မိတ်ကပ် အခမဲ့ကူညီပြင်ဆင်ပေးခဲ့တဲ့ မိတ်ကပ်ပညာရှင်အဖွဲ့ကို အစိုးရက အသိအမှတ်ပြုဖို့ ပျက်ကွက်နေကြောင်း မိတ်ကပ်ပညာရှင်အဖွဲ့ခေါင်းဆောင်က ဒီနေ့ ပြောလိုက်ပါတယ်။

ဆီးဂိမ်း အားကစားပွဲတော် ဖွင့်ပွဲနဲ့ပိတ်ပွဲတွေမှာ မိတ်ကပ်ပညာရှင် ၄၀၀ ကျော်ကို ဦးဆောင်ပြီး ကူညီခဲ့တဲ့ ကိုကျော်သူက နိုင်ငံတော်အစိုးရက သူတို့မိတ်ကပ်ပညာရှင်အဖွဲ့ကို ခွဲခြားဆက်ဆံတယ်လို့ ပြောပါတယ်။

"ကျနော်တို့ရဲ့ ရပိုင်အခွင့်အရေးကို တောင်းဆိုနေတာ မဟုတ်ဘူး၊ လိုချင်တဲ့စိတ်နဲ့ ပြောနေတာ မဟုတ်ဘူး၊ အဓိကကတော့ နိုင်ငံတော်က volunteer ချင်းအတူတူ အကုန်လုံးကို ချီးမြှင့်ပေးလိုက်တယ်၊ အဲဒါတွေက ကျနော်တို့ မိတ်ကပ်အဖွဲ့ကို တကယ်ပါလား၊ မပါဘူးလားဆိုတာကို ကျနော်တို့သိချင်တာ၊ ဆီးဂိမ်းအမှတ်တရ DVD အခွေတွေပေးတယ်၊ အကြောင်းတောင် မကြားဘူး၊ ကျန်တဲ့ဟာတွေကျတော့ ပြည့်ပြည့်စုံစုံနဲ့ အကုန်လုံးပေးတယ်၊ ကျနော်တို့အဖွဲ့ကျတော့ မပေးဘူး၊ ရင်ထဲမှာ တဖြည်းဖြည်းနဲ့ ကျနော်တို့ကို ခွဲခြားဆက်ခံရတယ်၊ ချောင်ထိုးခံရတယ် အဲလိုမျိုးခံစားရတာ"

ဆီးဂိမ်းပွဲတော် အောင်မြင်ဖို့အတွက် အခမဲ့ကူညီကြသူတွေအားလုံးကို နိုင်ငံတော်ကဆုချီးမြှင့်ရာမှာ ဆီးဂိမ်းပွဲကြည့်တဲ့ လက်မှတ်တွေ၊ ဖုန်းဆင်းကဒ်တွေ၊ ဆီးဂိမ်းအမှတ်တရ တိတ်ခွေတွေ၊ မဲဖောက်ပေးတာတွေ၊ ဂုဏ်ပြုလွှာပေးအပ်တာတွေ ရှိခဲ့ပါတယ်။

အဲဒီအထဲမှာ မိတ်ကပ်ပညာရှင် ၄၀၀ ကျော်မပါတဲ့အပြင် ဂုဏ်ပြုလွှာမှာ နာမည်တောင်မတပ်ဘဲ ထုတ်ပေးခဲ့တယ်လို့ မိတ်ကပ်ပညာရှင် အဖွဲ့ခေါင်းဆောင် ကိုကျော်သူက ပြောပါတယ်။

နေပြည်တော်မှာ ကျင်းပခဲ့တဲ့ အရှေ့တောင်အာရှ အားကစားပွဲတော် ဖွင့်ပွဲပိတ်ပွဲမှာ ကဏ္ဍအသီးသီးအတွက် အခမဲ့ကူညီခဲ့သူ ၂၀၀၀၀ နှစ်သောင်းလောက် ရှိခဲ့တယ်လို့ သိရပါတယ်။

မြန်မာအစိုးရ မှန်ကန်စွာဆုံးဖြတ်ဖို့ တရုတ်ကုမ္ပဏီ ပြော



RFA Burmese

ဧရာဝတီ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး မြန်မာအစိုးရအနေနဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်မယ်လို့ မျှော်လင့်ကြောင်း မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံက ACHC ကုမ္ပဏီ တာဝန်ရှိသူတွေက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း ကုမ္ပဏီတစ်ခုဖြစ်တဲ့ တရုတ် ACHC ဥက္ကဋ္ဌ Mr . Li Guanghua က မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး ဘာသာပြန်ကတဆင့် အခုလိုပြောပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လက်ရှိအစိုးရသက်တမ်း ၅ နှစ်အတွင်း မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ရပ်ဆိုင်းထားကြောင်း ကြေညာထားခဲ့ပါတယ်။

မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ဖို့ အခုလို ကြိုးစားနေတာလားလို့ သတင်းထောက်တွေကမေးမြန်းရာမှာ ပြည်သူတွေကို မှန်မှန်ကန်ကန် ချပြသွားမှာဖြစ်သလို အစိုးရရဲ့ဆုံးဖြတ်ချက်နဲ့ ဆက်လက်ဆောင်ရွက်သွားမယ်လို့သာ ဖြေကြားခဲ့ပါတယ်။

ဒီနေ့ သတင်းစာရှင်းလင်းပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ၊ ကျားဖြူပါတီ စတဲ့ပါတီတွေက ဖိတ်ကြားထားသူတွေလည်း တက်ရောက်ကြပါတယ်။ ဒီနေ့ သတင်းစာရှင်းလင်းပွဲကို တက်ရောက်လာတဲ့ NLD ပါတီကပုဂ္ဂိုလ်တွေက မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသခံပြည်သူတွေရဲ့ သဘောထား အရေးကြီးကြောင်းနဲ့ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနဲ့ သဘာဝပတ်ဝန်းကျင် မပျက်စီးစေရေးနှစ်ခုကို ထိန်းညှိလုပ်ဆောင်သွားနိုင်ရေး အရေးကြီးကြောင်း RFA ကို ပြောပါတယ်။

မလေးရှားမီရီမြို့မှာ ဒုက္ခရောက်နေတဲ့ မြန်မာများ အကူုမရရှိသေး


RFA Burmese


မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ်၊ မီရီမြို့မှာ ဒုက္ခရောက်နေတဲ့ မြန်မာအလုပ်သမား ၉၇ ယောက်ကို ကူညီဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အလုပ်သမားဝန်ကြီးဌာနတို့က မလေးရှားအစိုးရနဲ့ ဆက်သွယ်ဆောင်ရွက်နေတယ်လို့ သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

နေပြည်တော် လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနမှာကျင်းပတဲ့ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေး နည်းဥပဒေရေးဆွဲရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအပြီး RFA က မေးမြန်းရာမှာ ဒုတိယ၀န်ကြီး ဦးရဲထွဋ်က အခုလိုပြောတာပါ။

"ဆာရာဝပ်ပြည်နယ်ဆိုတာ ဒီမလေးရှားကျွန်းမကြီးမှာ မဟုတ်ဘူး၊ ဘရူနိုင်းနဲ့ကပ်တဲ့ နယ်စပ်မှာဖြစ်တယ်၊ ဒီကနေ့ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ပထမက မလေးရှား ကွာလာလမ်ပူမှာ ဒီအလုပ်သမားကောင်စစ်ဝန် တစ်ယောက်ရှိတယ်၊ ပြီးတော့ရှိရင် ဒီအလုပ်သမားတွေအတွက် ပတ်စ်ပို့ကိစ္စတွေလုပ်ဖို့အတွက် နိုင်ငံခြားရေးရုံးကလူ ၁ဝ ယောက်ကျော် ရောက်နေတာရှိတယ်၊ အဲဒီအဖွဲ့တွေကလည်း မလေးရှားအစိုးရနဲ့ ဆက်သွယ်ဆောင်ရွက်နေတယ်၊ နောက်အနီးဆုံးမှာရှိနေတဲ့ ဘရူနိုင်းနိုင်ငံ သံအမတ်ကြီးကလည်း အဲဒီဒေသကိုသွားဖို့အတွက် မနေ့ကစပြီး ဆက်သွယ်ဆောင်ရွက်နေတယ်၊ ကျနော်ထင်တယ်၊ ဒီနေ့လောက်ဆိုရင်တော့ သက်ဆိုင်ရာဒေသအာဏာပိုင်တွေနဲ့ အဆက်အသွယ်ရပြီးတော့မှ လိုအပ်တဲ့အကူအညီတွေ ပေးနိုင်မယ်လို့ထင်တယ်"

ဒါပေမဲ့ ဒီညနေ ၇ နာရီအထိတော့ ဘာအကူအညီမှ မလာသေးဘူးလို့ မြန်မာအလုပ်သမားတွေက ပြောကြပါတယ်။

ဒီပလက်ဖောင်း တွေ ဘယ်သူ့အတွက်လဲ



Tinzar Zaw

ပလက်ဖောင်းကောင်းကောင်းခင်းထားတာ ခြံစည်းရိုးခတ်ထားဖို့လား

၃၅ လမ်းဂုံးကျော် ပေါ်တွင် က လေးများအား တောင်းရမ်းခိုင်းနေသော အဖွဲ့အားအ ရေးယူစေချင်


 Komin Htike
ဒီနေ့ ၃၅ လမ်းဂုံးကျော် တံတားပေါ်ကဖြတ် သွားရင်း မြင် လိုက် ရတဲ့မြင် မြင် ကွင်းကြောင့် ပါ။ ပိုက်ဆံလိုက်တောင်းနေတဲ့ က လေးတစ်ယောက် လက်ကောက်ဝတ်လေးကို ကိုင်ပြီးငယ်သံပါအောင် ငိုနေတယ်။ ဘေးမှာ မိန်းမ နှစ်ယောက် ရပ်နေပြီးဆဲဆိုထွက်သွား တယ်။မ နေနိုင် လို့ နောက်ကလိုက်ပြီး၃၅လမ်း က နေ ၇၈ လမ်းဘက်ကွေ့ပြီးကြည့်လိုက် ပိုက်ဆံတောင်းတဲ့ က လေးတွေဆီက ပိုက်ဆံတွေ ယူပြီး အိပ်ထဲကထမင်းတွေကို လက်တစ်ဆုပ်ဆီဘဲ ကျွေးလိုက်တယ်။ သူတို့က တော့ အဝစားနေတယ်။ က လေးတွေကို တောင်းရမ်းခိုင်းပြီး ခေါင်းပုံဖြတ်စားနေတဲ့ အဖွဲ့ပါ။ လူကုန်ကူးခြင်း တစ်မျိုးပါ

ကွက်တူဆင်တူ




Soe Zeya Tun

ဗေဒင်ဆရာ၊ ၊ အင်္ဂါဂြိုလ်ပေါ် ငှက် တစ်ကောင်တက်ပြီး ချီးပါသွားတယ်...

အာဏာရှင်၊ ၊ အဲဒါ ဘာဖြစ်တတ်ပါသလဲဆရာ

ဗေဒင်ဆရာ၊ ၊ အမျိုးသမီးတစ်ယောက် အာဏာရကိန်းရှိတယ်...

အာဏာရှင်၊ ၊ ရတြာချေလို့ မရနိုင်ဘူးလား..

ဗေဒင်ဆရာ၊ ၊ သိပ်ရတာပေါ့၊ မင်းတို့ တစ်ဖွဲ့လုံး လုံခြည်ဝတ်လိုက်
အဲဒါဆို ကျိန်းကျေသွားလိမ့်မယ်

အာဏာရှင်၊ ၊ ဆရာအမိန့်တိုင်း လိုက်နာပါ့မယ်ခင်ဗျာ....

အဲဒီကစလို့ တစ်ချို့ ယောင်္ကျားကြီးတွေ လုံခြည်ဝတ်ကြတော့တာပါပဲကွယ် အက်အက်အက်

လှိုင်သာယာ အမှတ် ၁၅ ရပ်ကွက်တွင် ကျူးများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိပ်တိုက်တွေ့




ဓာတ်ပုံ- နစ်ကီ
7 Day News

ရန်ကုန်- လှိုင်သာယာမြို့နယ် အမှတ် ၁၅ ရပ်ကွက်တွင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနပိုင်သည်ဆိုသော မြေကွက်များ၌ ကျူးကျော်တဲ အလုံးရေ ၁၀၀၀ ၀န်းကျင် ၀င်ရောက်ဆောက်လုပ်နေသော ကျူးကျော်တဲထိုးသူများ နှင့် ယင်းတဲများကို ဖယ်ရှားရန်လာသော မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်၊ မီးသတ် စသည့် ၀န်ထမ်းနှစ်ရာကျော် ထိပ်တိုက်တွေ့ကာ နှစ်ဖက်အခြေအနေ တင်းမာနေသည်။ လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန်အနီးရှိ အမှတ် ၁၅ ရပ်ကွက်နေ ပြည်သူများက အိုးအိမ်ပိုင် မြေနေရာများပေါ်တွင် ၀ါးလုံးများဖြင့် တဲထိုးခြင်း၊ စည်းရိုးတားရန်အတွက် ခြံခတ်ခြင်း စသည်များကို ဒီဇင်ဘာ ၂၃ ရက်က စတင်ပြုလုပ်ခဲ့သည်။

ကျူးကျော်တဲများနှင့် တဲများဆောက်လုပ်ရန်အတွက် ချထားသော ၀ါးလုံးများကို ဒီဇင်ဘာ ၂၃ ရက်နှင့် ၂၄ ရက်များတွင် မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်၊ မီးသတ် စသည်တို့က လာရောက်ဖယ်ရှားခဲ့သည်။

ဒီဇင်ဘာ ၂၅ ရက် နံနက်တွင် အမှတ် ၁၅ ရပ်ကွက်နေ ပြည်သူများက ကန်ပတ်တာလမ်းဘေးတစ်လျှောက်တွင် တဲအလုံးရေ ၁၀၀၀ ကျော် ထိုးခဲ့သည်။ ထိုသို့ တဲထိုးမှုများကြောင့် မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်၊ မီးသတ် စသည်တို့က အင်အားသုံးကာ ဖယ်ရှားရန်အတွက် လာရောက်ခဲ့သည်။

ထိုသို့လာရောက်သည်ကို လက်မခံဘဲ ကျူးကျော်တဲထိုးသူများက ဓားများကိုင်ဆောင်ပြီး ရန်မူသောကြောင့် ကျူးကျော်တဲထိုးသူများထဲမှ တစ်ဦးကို ဓားကိုင်မှု ပုဒ်မ ၁၉(င)ဖြင့် ဖမ်းဆီးရေးယူခဲ့ကြောင်း လှိုင်သာယာမြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးသိန်းမြင့်ဦးကပြောသည်။

“အရင်နေ့ကတည်းက ကျူးကျော်တွေက တဲတွေထိုးနေတာပါ။ ဒီနေ့မှာကို တဲအလုံးရေထိုးတာ တော်တော်များပါတယ်။ ဓားမြှောင်ကိုင်မှုနဲ့ ဖမ်းဆီးထားတာပါ။ ဆက်ပြီးအရေးယူတာက အထက်ကအမိန့်ကို စောင့်နေပါတယ်”ဟု လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့မှူးသိန်းမြင့်ဦးကပြောသည်။

ကျူးကျော်တဲထိုးသူများသည် လက်ထဲတွင် တုတ်၊ ဓား စသည့်လက်နက်များ ကိုင်ဆောင်ထားပြီး ရဲတပ်ဖွဲ့ဝင်များ တဲများကို ၀င်ရောက်မဖျက်ဆီးနိုင်ရန် ဒီဇင်ဘာ ၂၅ ရက် ည ၁၀ နာရီအထိ လမ်းအားပိတ်ဆို့ထားဆဲဖြစ်သည်။

ရဲတပ်ဖွဲ့၊ မီးသတ်၊ စည်ပင်နှင့် လက်မောင်းများတွင် အနီရောင်တာဝန်ဟူသည့် လက်ပတ်များ ၀တ်ဆင်ထားသော အရပ်ဝတ်လူများကလည်း ၎င်းတို့၏လက်ထဲတွင် နံပါတ်တုတ်နှင့် ၀ါးလုံးများ ကိုင်ဆောင်ထားသည်ကို တွေ့ရသည်။

ကျူးကျော်တဲထိုးသူ အများစုသည် ဧရာဝတီတိုင်းမှဖြစ်ပြီး နာဂစ်မုန်တိုင်းဒဏ်ကြောင့် အိုးအိမ်မဲ့များဖြစ်ကာ ရန်ကုန်မြို့သို့ ပြောင်းရွှေ့လာ၍ ကျပန်းလုပ်ကိုင်နေသူများဖြစ်သည်။ ၎င်းတို့သည် လှိုင်သာယာမြို့နယ်တွင် အိမ်ငှားဖြင့် နေထိုင်ကြသူများဖြစ်သည်။ ၎င်းတို့၏ အိမ်ငှားခမှာ တစ်လလျှင် ၂၅၀၀၀ ကျပ် ပေးရပြီး ထိုအိမ်ငှားခပေးရန် အခက်အခဲများဖြစ်နေသောကြောင့် ယခုလို ကျူးကျော်တဲများထိုးရခြင်းဖြစ်ကြောင်း ၎င်းတို့ကပြောသည်။

“မိသားစုများလာရင် အိမ်ငှားကလည်း မနေခိုင်းတော့ဘူး။ ရတဲ့လခနဲ့ အိမ်လခပေးတာနဲ့က ဘယ်လိုမှအဆင်မပြေဘူး။ အဲဒါကြောင့် ကျူးကျော်တဲထိုးနေရတာပါ။ အရင်နေ့ကတည်းက တဲတွေထိုးတာကို ရဲတွေက လာဖယ်ရှားတယ်။ ဒီနေ့တော့ တဲအလုံးရေ တစ်ထောင်ကျော် ထိုးပြီးသွားပါပြီ။ သူတို့ လာဖျက်ဆီးမှာကြောက်လို့ လမ်းကနေ ပိတ်ထားတာပါ”ဟု အမှတ် (၁၅) ရပ်ကွက်တွင် နေထိုင်ကာ အိုးအိမ်ပိုင်မြေနေရာတွင် ဒီဇင်ဘာ ၂၅ ရက်က ကျူးကျော်တဲများထိုးထားသော ဧရာဝတီတိုင်း၊ ဟင်္သတာမြို့နယ်ဇာတိဖြစ်သူ ဒေါ်သန်းသန်းထွေးက ပြောသည်။

“အိုးအိမ်ပိုင်မြေနေရာဖြစ်တဲ့အတွက် ဘယ်လိုမှ တဲဆောက်ခွင့်မပေးပါဘူး။ တာဝန်အရ ဖယ်ရှားဖို့အတွက် လုပ်ဆောင်နေရတာပါ”ဟု လှိုင်သာယာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးထိန်စိုးကပြောသည်။

လှိုင်သာယာမြို့နယ်အတွင်းရှိ စက်မှုဇုန်မြေနေရာများ၊ လမ်းဘေးမြေနေရာများတွင် ကျူးကျော်တဲများ မကြာခဏ ၀င်ရောက်ဆောက်လုပ်နေမှုကြောင့် အာဏာပိုင်များနှင့် ကျူးကျော်တဲထိုးသူများ မကြာခဏ ပြဿနာဖြစ်ပွားနေသည်။ ပန်းလှိုင်မြစ်ကူးတံတားအနီးနေရာများနှင့် တွံတေးမြို့သို့သွားသော လမ်းဘေးမြေနေရာများတွင်လည်း ယခုလပိုင်းတွင် ကျူးကျော်တဲထိုးသူများက တဲအလုံးရေတစ်ထောင်ကျော် ၀င်ရောက်ဆောက်လုပ်ထားသည်။


အမျိုးသမီးများ သတိထားဂရုပြုရှောင်ကြဉ်နိုင်စေ



ဖော်ပြပါပုံမှာ ဆေးရည်ကို အချိုရည် ရေနှင့် အစားအစာများထဲသို့ နှစ်စက် သုံးစက်မျှ ထည့်ရုံဖြင့်
၎င်းအစားအသောက်များကို စားသောက်မိသောအမျိုးသမီးတို့၏စိတ်ကို
ကာမဆန္ဒပြင်းထန်သောစိတ် ဖြစ်လာအောင် အားပေးသည့် ဆေးရည်တစ်မျိုးဟုသိရပါသည်..
အရောင် အနံ့ အရသာမရှိသဖြင့် ဝယ်ယူမှုများသည်..
၎င်းဆေးမှာ ထိုင်းနိုင်ငံမဲဆောက်တွင် အသုံးများပြီး..မြန်မာဖက်သို့လည်းဝင်နေပြီဟု
သိရပါသည်..

အမျိုးသမီးများအနေဖြင့် မိမိချစ်သူ အမျိုးသားမိတ်ဆွေသူငယ်ချင်းများကျွေးသော
အစားအသောက်များကို အလွယ်တကူစားသုံးမိခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော
 နောက်ဆက်တွဲအန္တရာယ်များကို ရှောင်ကြဉ်နိုင်ရန်ဖော်ပြပေးလိုက်ပါသည်..

ဆည်တည်းဇီးတောရွာသစ် ဆက်ဆံရေးရုံးနေရာတွင် တောင်းဆိုချက်(၃)ချက်ဖြင့် ထိုင် သပိတ်မှောက်နေ


၂၆-၁၂-၂၀၁၃ ည၈:၁၃မိနစ်
BY - Min Thawe Thit

ဆည်တည်းဇီးတောရွာသစ် ဆက်ဆံရေးရုံးနေရာတွင် တောင်းဆိုချက်(၃)ချက်ဖြင့် ထိုင် သပိတ်မှောက်နေသော လက်ပန်တောင်းလယ်သမား(၁၂၀)ခန့်အား ဖြိုခွဲရန် လုံးထိန်များရောက်ရှိလာပြီး အချုပ်ကား(၂)စီး ပါဝင် ရောက်ရှိလာပြီ အခြားရွာသားများ မလာနိုင်စေရန် လမ်းများကို ပိတ်ဆို့ လိုက်ပြီး မီးများ အမှောင်ချလိုက်သည် ဆန္ဒပြမှု ဆက်လက် ဖြစ်ပေါ်နေသည်

သူတို့ ရွှေဥာဏ်တော် စူးရောက်ခဲ့စဉ်က .....



ဒီမို ဖက်တီး


ဦးဝင်းထိန် (NLD) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကိုယ်တိုင်ရေးသားသည့် The SUN Rays ဂျာနယ်ပါ ဆောင်းပါး ။ (ကူးယူ ပြန်တင်နိုင်ပါသည် ။ ရှယ်နိုင်ပါသည် ။ နောင်လာနောင်သားများ မျိုးဆက်သစ်များ ဖတ်ရှုနိုင်စေရန် သိမ်းထားနိုင်ပါသည်။)

တကယ်တော့ နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာခဲ့ပါပြီ။ ကျွန်တော်ကြုံတွေ့ခဲ့ရတာက မြန်မာ ပြည်နိုင်ငံရေးအတွက် အလွန်အရေးပါတဲ့ဖြစ်ရပ်လေး တစ်ခုပါ။ အဲဒီဖြစ်ရပ်လေးဖြစ်ပွားတဲ့အခါ ကျွန်တော်က အနီးကပ်မြင်တွေ့ခဲ့ ရတဲ့အတွက် “အော် ငါဟာ အရေးကြီးတဲ့ သမိုင်းအတွေ့တစ်ခုကို ကိုယ်တိုင်ကိုယ်ကျတွေ့နေရပါပကော” လို့ အတွေး ပုံရိပ်လေးတစ်ခု ပေါ်လာခဲ့တဲ့ အထိပါပဲ။ ဒီအကြောင်းကို ကြုံတဲ့သူ တချို့ကို ပြောပြမိခဲ့ပေမဲ့ အလုပ်တာဝန်တွေကများ၊ ခရီးဝေး (တကယ်ဝေးတဲ့ ခရီးတွေပါ) တွေကလည်း ခဏခဏ သွားခဲ့ရလို့ မရေးဖြစ်ခဲ့တာ။ ညီတော်မောင် “မောင်မိုးဟိန်း” ရဲ့ တိုက်တွန်းချက်ကြောင့် အခုမှပဲ ချရေးဖြစ်ပါတော့တယ်။

တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ NLD က ၈၆ ရာနှုန်းကျော် အပြတ်အသတ်နိုင်ခဲ့တဲ့ ၁၉၉၀ ခုနှစ် ရွေးကောက် ပွဲကာလမှာ ကျွန်တော်ကအင်းစိန်ထောင်ထဲမှာပါ။ ၂၀.၇.၁၉၈၉ ရက်နေ့က စပြီး ကျွန်တော့်ကို ဖမ်းထားခဲ့တာ။ အဲဒီနေ့က ဒေါ်အောင်ဆန်းစုကြည် အိမ်ကို တပ်နဲ့ ဝိုင်းပြီး ခြံထဲမှာရှိတဲ့ လူတွေအားလုံး သိမ်းကြုံးဖမ်းတဲ့ထဲမှာရှိတဲ့ လူတွေအားလုံး သိမ်းကြုံး ဖမ်းတဲ့ထဲမှာ ကျွန်တော်ပါ သွားတာလေ။ ဘာပြစ်မှုမှ ရှာလို့မရတော့ ၁၀(က) ပုဒ်မတပ်ပြီး ထိန်းသိမ်း ထားတာပေါ့။ ၁၉၉၀ ရွေးကောက်ပွဲနီးလာတော့ တချို့ကိုပြန်လွှတ်ပေမဲ့ ကျွန်တော့်ကို ပြန်မလွှတ်ဘူးလေ။ ဘာ့ကြောင့်လဲ ဆိုတော့ ရွေးကောက်ပွဲပြီးရင် တပ်မတော်က ရွေးကောက်ပွဲ အနိုင်ရတဲ့ပါတီကို အာဏာလွှဲမှာ မဟုတ်ဘူးလို့ ပြောခဲ့လို့ပဲ။

ဟုတ်တယ်လေ။ သူတို့မေးတဲ့မေးခွန်းကို ကျွန်တော်ကစိတ်ထဲရှိတဲ့အတိုင်းဖြေခဲ့တာ။ အဲဒီလိုဖြေရတဲ့ အကြောင်းကလည်း ထင်ထင်ရှားရှား ရှိပါတယ်။ ရွေးကောက်ပွဲလုပ်နေတဲ့ ကာလမှာတောင် မာရှယ်လောခေါ်တဲ့ စစ်အုပ်ချုပ်ရေးကဆက်ရှိနေဆဲ၊ ပြီးတော့ NLD ရဲ့အဓိက ပုဂ္ဂိုလ်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦး တို့ကိုလည်း နေအိမ် အကျယ်ချုပ်နဲ့ ထားပြီး ပြန်မလွှတ်သေးဘူး။ အဲဒီအကြောင်းတွေကြောင့် ကျွန်တော်က အမှန် အတိုင်းဖြေတော့ ကျွန်တော့်ကို လွှတ်မပေးတော့ဘူးပေါ့။

ထောင်ထဲ ရောက်ခါစတော့ (၂)တိုက်၊ (၃)တိုက်နဲ့ (၅)တိုက်တို့ကိုလှည့်ပိတ်ထားနေခဲ့ပေမဲ့ ၈၉ မကုန်ခင်မှာပဲ အထူးတိုက်ကို ရောက်သွားပြီး အဲဒီမှာမြဲနေတော့တာပါ။ အထူးတိုက် ဆိုတာ အရင်ခေတ်အဆက်ဆက်ကလေး အကျဉ်းသားတွေကို ထားတဲ့နေရာလေ။ န၀တ ခေတ်ကျမှ အထူးဆောင်ရယ်လို့ ပြောင်းပြီးထောက်လှမ်းရေးက VIP အကျဉ်းသားလို့ သတ်မှတ်တဲ့ သူတွေလို ထားတာ။ ကျွန်တော့်အပြင် ဦးဝင်းတင်၊ပေါ်ဦး(မင်းကိုနိုင်)နဲ့ ကျန် ယူဂျီတွေဖြစ်တဲ့ ကိုသက်နိုင်၊ ကိုတင်အောင်(ဒေါင်းဖြူ)၊ ဦးခင်မောင်မြင့်(ကွယ်လွန်) နဲ့ ဒေါက်တာမောင်ဇော်နဲ့ KNU ဗုံးခွဲသမား ကိုကိုနိုင်၊ အထူးဆိုတဲ့အတိုင်း ကျွန်တော်တို့ကို အပြင်နဲ့ လုံးဝ အဆက်အသွယ်ဖြတ်ထားတယ်လေ။

ဒါ့ ကြောင့် ထောင်ထဲမှာရှိတဲ့ တခြားတိုက်တွေ၊ အဆောင်တွေမှာ ဘာဖြစ်နေတယ်ဆိုတဲ့ သတင်းတွေက ကျွန်တော် တို့ အထူးတိုက်ကို ရောက်မလာသလောက်ပဲ။ ဒါပေမဲ့ ဦးဝင်းတင်၊ ကိုတင်အောင်နဲ့ ကိုမော်ဇင်တို့က ထောင်ဝင်စာ ရှိတော့ အပြင်ကသတင်းတွေ အနည်းနဲ့ အများရတတ်ပါတယ်။ ဒါ့ကြောင့် ရွေးကောက်ပွဲမှာ NLD က အပြတ်အသတ်နိုင်တဲ့ သတင်းလည်း ချက်ချင်းသိရပါတယ်။ အဲဒီ သတင်းကြားခါစကတော့ ရုတ်တရက် ၀မ်းသာ သလိုဖြစ်ခဲ့ပေမဲ့ ကျွန်တော့်အနေနဲ့တော့ ရုတ်တရက် ၀မ်းမသာရဲသေး ပါဘူး။ ပေါ်ဦး ကလည်း အဲဒီတုန်းက ၁၀(က) ဆိုတော့ ထောင်ဝင်စာမရှိဘူးလေ။

ကျွန်တော်က အခန်း (၁)၊ သူက အခန်း(၃)၊ အခန်း(၂)ကို လွှတ်ထားတယ်။ ဒါမှ သူနဲ့ ကျွန်တော်တို့ပြောတဲ့စကားတွေ သူတို့ကြားဖြတ် နားထောင်နိုင်အောင်လို့ ။ သူက ရွေးကောက်ပွဲသတင်းကို ကြားရတော့ ကျွန်တော့်ကို “ဦးထိန် ဘယ်လိုထင်လဲ” လို့မေးတဲ့အခါ ကျွန်တော်က “ပြဿနာ အခုမှစတော့မယ် ထင်ပါရဲ့ကွာ”လို့ ဖြေမိပါတယ်။
အဲလိုပြောမိတဲ့ အတိုင်းပါပဲ၊ ထောင်ထဲမှာရော၊ အပြင်မှာပါ ပြဿနာတွေဖြစ်လိုက်ကြတာ။
၁၉၉၀ ခုနှစ်ရွေးကောက်ပွဲဟာ ဘယ်သူ့ကို ဖမ်းရမလဲဆိုတဲ့ လူဖမ်းပွဲကြီး လုပ်လို့ဖို့ အကြို ကျင်းပခဲ့ပုံနဲ့ သွားတူနေတာပေါ့။ အထူးတိုက်ကိုလည်း အပြင်မှာ အကျယ်ချုပ်ထားတဲ့ ဦးတင်ဦး အပြင် NLD ရွေးကောက်ပွဲမှာ ဦးဆောင်ခဲ့တဲ့ ဦးကြည်မောင်နဲ့ ဦးချစ်ခိုင်တို့ပါ အထူး တိုက်ထဲရောက်လာကြပါရောလား။ တကယ်တော့ ကျွန်တော်တို့ အများစုက “ကျောမချ ခင်ကတည်းက ဓားပြ” မှန်းသိကြပြီးသားပါ။ သို့သော် အနာဂတ်မြန်မာပြည်ကောင်းစားရေး အတွက် မှန်ကန်တယ် လို့ ယုံကြည်တဲ့လမ်းစဉ်ကို နှလုံးရည်နဲ့ အနာခံပြီး တိုက်ပွဲ ၀င်နေခဲ့ကြသူတွေပါ။ အဲဒီတုန်းကတည်းက ကျွန်တော်တို့ ရပ်တည်ကျင့်သုံးခဲ့တဲ့မူဟာ ယနေ့လွှတ်တော်ထဲ ရောက်တဲ့ အထိ ကိုင်ဆွဲကျင့်သုံးနေဆဲပါ။
....
....
စိတ်ပိုင်းဆိုင်ရာ ခံစားမှုနဲ့ ပတ်သက်လို့ရှိရင် တော့ ထောင်ထဲမှာ သာမန်ထက် ခံစားချက် ပိုပြင်းထန်လေ့ရှိပါတယ်။ ကျွန်တော့် အတွေ့အကြုံအရပြောရမယ်ဆိုရင် တော့ ၁၉၉၁ ခုနှစ် အကုန် ၁၉၉၂ အကူး ကာဖြစ်ပါတယ်။ ထောင်ဝင်စာကတဆင့် အပြင်က ဘာ သတင်း ၀င်လာသလဲ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ကို NLD က ထုတ်ပစ်လိုက်ပြီ ဆိုတဲ့သတင်းပါပဲ။ အဲဒီအချိန်မှာ အပြင်ကကျန်တဲ့ NLD တွေကိုဥက္ကဋ္ဌအဖြစ် ဦးအောင်ရွှေနဲ့ အတွင်းရေးမှူးအဖြစ် ဦးလွင်တို့ တာဝန်ယူနေကြတာပါ။ အဲဒီ သတင်းလဲကြားရော အခြား လူတွေတော့ မပြောတတ်ဘူး။ ကျွန်တော့် အနေနဲ့တော့ ဒေါသမီးတွေ အလိပ်လိပ် ထွက် လာပြီပေါ့။ စိတ်ထဲမှာလည်း ဦးအောင်ရွှေနဲ့ ဦးလွင်တို့က ဘာလို့ ဒီအမိန့်ထုတ်ရတာလဲ၊ န၀တက ဖိအားပေးတယ်ဆိုရင်လည်း ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ တစ်ခုလုံးအောင်မြင်အောင် လူထု အသိအမှတ်ပြုခံရတဲ့ ပုဂ္ဂိုလ်တွေကို အဲဒီလို လုပ်ရက်ကြ သလား။ န၀တဆိုတဲ့ကောင်တွေကလည်း ပက်စက်တဲ့အကြံနဲ့ ဒီလို လုပ်တာ ဘာသဘောလဲ စတဲ့ ဒေါသဆန်တဲ့ အတွေးတွေရဲ့ ဖိစီးနှိပ်စက်မှုတွေကို အလူးအလဲခံရပါတယ်။ တစ်ဆက် တစပ်တည်း စဉ်းစားကြည့်တဲ့အခါကျတော့ “သြော် …ဒင်းတို့အကြံက ဒါပဲကိုး၊ ဒေါ်စုနဲ့ ဦးတင်ဦးကို ထုတ်လိုက်ခြင်းအားဖြင့် NLD မှာ သူတို့ကို လိုလားတဲ့အုပ်စုက တစ်အုပ်စု၊ ဦးအောင်ရွှေနဲ့ ဦးလွင်တို့ကို လက်ခံတဲ့အုပ်စုကတစ်အုပ်စု၊ အဲလို အုပ်စုကွဲ သွားအောင် လုပ်တဲ့ အကြံပေးပဲကို” လို့ တရေးရေးမြင်လာပါတယ်။ ရိုးရိုးစကားနဲ့ပြောရရင်တော့ NLD ကို နှစ်ခြမ်းခွဲပစ်မယ့် အစီအစဉ်ပါပဲ။

ထောင်ထဲမှာရှိတဲ့ ကျွန်တော်တို့ NLD အုပ်စု ဦးဝင်းတင်တို့ ကျွန်တော်တို့ ဘယ်လိုခံစားရမလဲ ဆိုတာ စဉ်းစားသာကြည့်ကြပါတော့ခင်ဗျာ။ ကျွန်တော်တို့ ထင်တဲ့အတိုင်း ပါပဲ။ ထောင်က လွတ်ပြီးမှ ပြန်ကြားရတာက အဲဒီအမိန့်လည်းထွက်ပြီး NLD ဗဟိုက စပြီးတော့ အောက်ခြေ ရပ်/ကျေး အထိ ပွက်လောထအောင် ဂယက်ရိုက်ကြပါသတဲ့။ အချို့မြို့နယ်တွေမှာဆို ဆိုင်းဘုတ်တွေဖြုတ်ချ၊ တချို့တိုင်း/မြို့နယ်တွေမှာကျတော့ အဲဒီအမိန့်ကို လက်မခံဘူးဆိုတဲ့ ဆုံးဖြတ်ချက်တွေချ၊ အမိန့်ထုတ်တဲ့ သူတွေကို ရှုတ်ချ၊ တချို့ကတော့လည်း၊ အဲဒီ အမိန့်ကို သဘောမတူတဲ့အတွက် အုစုလိုက် အပြုံလိုက်နှုတ်ထွက်ကြ စသဖြင့် ပရမ်းပတာ ဖြစ်ကုန်ကြ ပါသတဲ့။ အဲဒီသတင်းတွေကို နောက်ကျမှကြားရသော်လည်းပဲ ကျွန်တော် တော်တော် ခံစား ရပါတယ်။ တချိန်တည်းမှာပဲဒီအကွက်ကိုဖန်တီးခဲ့ ကြတဲ့ န၀တ ထိပ်သီးခေါင်းဆောင် များဖြစ်တဲ့ ဦးစောမောင်၊ ဦးသန်းရွှေ၊ ဦးခင်ညွန့်နဲ့ ဦးတင်ဦးတို့ကတော့ သူတို့ လုပ်လိုက်လို့ဖြစ်သွားပြီဟလို့ ကျေကျေနပ်နပ်ကြီးပြုံးနေမယ့် မျက်နှာတွေကို မြင်ယောင်လာ မိပါတယ်။

နောက်ဖြစ်ရပ်တစ်ခုကတော့ ၁၉၉၃ ခုနှစ် အမျိုးသားညီလာခံကို NLD တက်တယ်ဆိုတဲ့ သတင်း ပါဘဲ။ ဒီ ကြားထဲမှာ အရေးကြီးဖြစ်စဉ်တစ်ခုကိုတော့ မဖြစ်မနေ ရေးပြချင်ပါသေး တယ်။ ကျွန်တော့်ကို ၁၀(က)နဲ့ ထိမ်းသိမ်းထားတာ အရင်က ရေးခဲ့ပြီးပါပြီ။ အဲဒီတုန်းက ၁၀ (က) အကျဉ်းသားဆိုရင် အလွန်ဆုံး(၃)နှစ်ပြည့်ရင် လွှတ်ပေးရိုး ထုံးစံရှိပါတယ်။ ဥပဒေ အရပေါ့။ အဲဒီတော့ ကျွန်တော့်ကို ၁၉၈၉ ဇူလိုင်မှာ ဖမ်းခဲ့တဲ့အတွက်ကြောင့် ၁၉၉၂ ဇူလိုင်မှာ လွှတ်ပေး ရမယ်ပေါ့။ ၁၉၉၂ ရောက်ပြီဆိုတာနဲ့ အကျဉ်းသားတွေရဲ့ သဘာဝအတိုင်း ကိုယ်လွတ်ချိန် နီးပြီဆိုပြီး လွတ်ရက်ကိုမျှော်ရင်း ၀မ်းသာနေ ခဲ့တာပါ။ ဒါပေမဲ့ မတ်လ လည်းရောက်ရော ထောင်မှူးက ကျွန်တော်တို့ကို အပြင် ခေါ်သွားပြီးစစ်ခုံရုံးကိုတင်၊ စစ်ခုံရုံးက ကျွန်တော့်ကို ပုဒ်မ ၅(ည)နဲ့ထောင်ဒဏ် (၇)နှစ်ဆိုပြီး ချလိုက်ပါတယ်ဗျာ။

န၀တ လုပ်ပုံက အဲလို။ ကျွန်တော်တင်မကဘူး။ ပေါ်ဦးလဲ ဒီဇာတ်လမ်း အတိုင်းဖြစ်ခဲ့တာ ပါဘဲ။ ဒီလိုနဲ့ ဦးစောမောင် ဆီကဦးသန်းရွှေအာဏာယူပြီးတဲ့အခါ အမိန့် ၁၁/၉၂ ထုတ်ပြန်ပြီး နိုင်ငံရေး အကျဉ်းသားတွေကိုအလီလီလွှတ် ပေးမယ့် ကျွန်တော့်ကိုတော့ လွှတ် မပေးခဲ့ပါဘူး။ ၁၉၉၃ ခုနှစ်၊ အမျိုးသားညီလာခံကို NLD တက်မယ်ဆိုတုန်းကလည်း ကျွန်တော့်မှာ ဒေါသလှိုင်းတွေ တရိပ်ရိပ် တက်ရပြန် ပါသေးတယ်။

ဒေါ်အောင်ဆန်းစုကြည် က အကျယ်ချုပ်၊ ဦးတင်ဦး၊ ဦးကြည်မောင်နဲ့ NLD လွှတ်တော် ကိုယ်စားလှယ်တွေက အများကြီးထောင်ထဲမှာရှိနေခိုက်မှာ သူတို့က အမျိုးသား ညီလာခံကို တက်ရက်တယ်ဆိုတဲ့ အတွေးကြောင့်ပါ။ အဲဒီအခါမှာလည်း NLD တစ်ခုလုံး သဘော ထားတွေ ကွဲတယ်။ လူတွေလည်း ကွဲတယ်။ အင်အားတွေ ပြုန်းတီးကုန်တယ် ဆိုပါတော့။ န၀တ ဆင်တဲ့ အကွက် အတိုင်း ကျွန်တော်တို့က လိုက်ကနေပါရောလား။ အဲဒီလိုနေ ရင်းနဲ့ တွေးမိတာ ကတော့ ဒေါ်စုနဲ့ ဦးတင်ဦးတို့ကိုထောက်ခံတဲ့ NLD အုပ်စုက တစ်ပိုင်း၊ ဦးအောင်ရွှေနဲ့ ဦးလွင်တို့ ခေါင်းဆောင်တဲ့ NLD က တစ်ပိုင်း နှစ်ပိုင်းကွဲဖို့ သေချာသွားပြီးပေါ့။

ကျွန်တော်က ၁၉၉၅ ခု၊ ဖေဖော်ဝါရီမှာ ပြန်လွတ်ခဲ့ပါတယ်။ အကြောင်းရင်းကတော့ တပ်မတော်နှစ် ၅၀ ပြည့် အထိမ်းအမှတ်နဲ့ ထောင်တွင်းရှိ တပ်မတော်သားတွေကို လွှတ်ပေး တဲ့ သဘောပေါ့။ အိမ်ပြန်ရောက်တော့ သိသိသာသာချို့တဲ့နေတဲ့ ကျန်းမာရေးကို ပြန် လည်ပြုစုရင်း အိမ်မှာပဲ အနေများ ခဲ့ပါတယ်။ NLD ရုံးကိုလည်းသွားသတင်းမပို့ဘူး။ ဦးအောင်ရွှေနဲ့ ဦးလွင် တို့ကိုလည်း သွားမတွေ့ဘူး။ ဘာပြုလို့လဲဆိုတော့ ၁၊ အချက်က ထောင်ကျခဲ့တဲ့ အဖွဲ့ချုပ်ဝင်တွေကိုလည်း ပါတီက ထုတ်ပစ်သတဲ့။ ဟုတ်မဟုတ် မေးမကြည့်ဖူးပါဘူး။ ၂ အချက် ကတော့ ခေါင်းဆောင်တွေကို ထုတ်ပစ်ပြီး အမျိုးသား ညီလာခံ တက်ဖို့ သဘောတူခဲ့တဲ့ ဦးအောင်ရွှေနဲ့ ဦးလွင်တို့ကိုလည်း စိတ်ထဲမှာ မကြည်ဘူး။ ကျွန်တော်တစ်ခု ကံကောင်းတာက အဲလိုမကျေ နပ်တာတွေကို စာနဲ့ရေးသား ဖြန့်ပေးခြင်း မပြုခဲ့သလို နှုတ်အားဖြင့်လည်း သူတို့ကို မပြောမိအောင် ထိန်းသိမ်းနိုင်ခဲ့တဲ့လအဖြစ်ပဲ။

၁၉၉၅ ဇူလိုင်လ ၁၀ ရက် မှာဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်က လွတ်ကြောင်း ကြေညာချက် ထွက်ပါတယ်။ ကျွန်တော်လည်း အဲဒီနေ့ ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့ကို နေ့ခင်း ၁၁ နာရီ လောက် ရောက်သွားပါတယ်။ ဂိတ်ဝမှာတော့ NLD လူငယ်တွေက လုံခြုံရေး တာဝန်ယူနေကြပါပြီ။ ကျွန်တော် ရောက်ကြောင်း သတင်းပို့တဲ့အခါမှာ ကျွန်တော် ၀င်ခွင့်ရပါတယ်။ အထဲရောက်တော့ ဦးတင်ဦးနဲ့ ဦးကြည်မောင် လည်းရောက်နေကြ ပါပြီ။ ခြံပြင် မှာတော့ နိုင်ငံခြား သတင်းထောက်တွေ အများကြီးရောက်နေပါပြီ။ သံတမန်တွေလည်း ရောက်လာတဲ့အတွက်ကြောင့်မို့ သူတို့ကို ၀င်ခွင့်ပေးခဲ့ပါတယ်။ ကျွန်တော်လည်း ၁၉၉၈/ ၈၉ ကာလကဒေါ်စုခြံထဲမှာ တာဝန်ယူခဲ့တဲ့အတိုင်း ဆက်ပြီး တာဝန်ယူ ခဲ့ပါတယ်။ နေ့ ခင်း ၁၂ နာရီကျော်လောက်ကျတော့ ဦးအောင်ရွှေနဲ့ ဦးလွင်တို့ ဂိတ်မှာ ရောက်ကြောင်း သတင်းရောက်လာပါတယ်။

ကျွန်တော် အရမ်း စိတ်ဝင်စားသွားပါတယ်။ ဒါပေမဲ့ တာဝန်ရှိတဲ့ အတိုင်း ဒေါ်စုကို သတင်းပို့တော့ သူက ၀င်ခွင့်ပြုလိုက်ပါလို့ ပြန်ဖြေပါတယ်။ ဒေါ်စု အမူအရာကို အကဲခတ်ကြည့် မိပါတယ်။ သူ့ မျက်နှာ အမူအရာမှာ ဘာအရိပ်အရောင်မှ မတွေ့ရပါ။ ၀မ်းသာတဲ့ အမူအရာ မတွေ့ရသလို စိတ်ဆိုးတဲ့ အမူအရာလည်း မတွေ့ရပါ။ ဒါနဲ့ ဦးအောင်ရွှေ နဲ့ ဦးလွင်တို့ ၀င်လာပါတယ်။ သူတို့ကို ဒေါ်စု၊ ဦးတင်ဦးနဲ့ ဦးကြည်မောင်တို့က အိမ်ဝက ကြိုဆိုပါတယ်။ သူတို့ချင်းလည်း တွေ့တော့ ဦးအောင်ရွှေက ဒီလိုပြောပါတယ်။

“စုစုရေ အန်ကယ် တို့ကတော့ ကိုယ်စွမ်းရှိသ၍ ဥာဏ်စွမ်းရှိသ၍ လုပ်ခဲ့တာပါ။ စုစု အပြင်ရောက်တယ်ဆိုတာနဲ့ NLD တစ်ခုလုံကို စုစု လက်ထဲ အပ်ပါတယ်”

“ရပါတယ် အန်ကယ်။ ကျွန်မတို့အရင်အတိုင်းပဲဆက်လုပ်ကြတာပေါ့”

ကျွန်တော်အရမ်းကို အံ့သြသွားပါတယ်။ လုံးဝ မျှော်လင့်မထားတဲ့ အနေအထားပါ။ ကျွန်တော်က အနီးကပ်နေခဲ့ဖူးတော့ ဒေါ်စုဟာ နိုင်ငံရေးနဲ့ ပတ်သက်ရင် ပြတ်သားတယ်။ အားမနာတတ်ဘူး ဆိုတဲ့ အချက်တွေ သိပြီးသားပါ။ သူ့ကိုပါတီက ထုတ်ပယ်တဲ့အပြင် အများ သဘောမတူတဲ့ အမျိုးသား ညီလာခံတက်တဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး တစ်ဖက်သား ကို အပြစ်တင်တဲ့လေသံ တစ်ချက်မှ မတွေ့လိုက်ရပါ။

စိတ်ထဲမှာတော့ ဒေါ်စုအနေနဲ့ NLD အနာဂတ်အတွက် အကောင်းဆုံးလမ်းကို ရွေးချယ်လိုက် ပြီပဲလို့ ချက်ချင်းပဲသဘောပေါက်လိုက်မိပါတယ်။ တစ်ပြိုင်နက်ထဲမှာတော့ အတွေးရိပ်တွေ ဖြစ်ပေါ်လာပါတယ်။ ဘာလဲဆိုတော့ NLD နှစ်ခြမ်းကွဲရော့ဟဲ့ လို့ သူတို့ ကြိုးစားပမ်းစားလုပ်ခဲ့တဲ့ အကွက်တွေ ကတော့ သဲထဲရေသွန်ဖြစ်ကုန် ပါပကောလားလို့ ရင်ထုမနာ ဖြစ်နေကြမယ့် န၀တ ခေါင်းဆောင်တွေရဲ့အဖြစ်တွေပါ။ နှစ်ပေါင်းများစွာ NLD ကို ဖြိုခွဲဖို့လုပ်ခဲ့တဲ့ သူတို့အကြံတွေ ထင်တိုင်း မပေါက်ဖြစ် သွားပြီပေါ့ဆိုတဲ့ အတွေးနဲ့ ကျွန်တော်ဟာ ကျေနပ်နေမိပါတယ်။ ၀မ်းသာပီတိလည်းဖြစ်မိပါတယ်။

မကြာမီမှာပဲ နိုင်ငံခြားသံတမန်တွေနဲ့ သတင်းထောက်တွေကို ၀င်ခွင့်ပြုလိုက်ပါတယ်။ အင်အား ကတော့ ၈၀ နဲ့ ၁၀၀ ကြားရှိပါလိမ့်မယ်။ သူတို့ ကိုဒေါ်စုနဲ့ ဧည့်ခန်းထဲ ကိုခေါ်သွင်း လိုက်ပါတယ်။ ထိပ်က ထိုင်ခုံမှာတော့ ဒေါ်စုက အလယ်မှာထိုင်ပါတယ်။ ဦးတင်ဦးနဲ့ ဦးကြည်မောင်က ဒေါ်စုရဲ့ ညာဘက်မှာ ထိုင်ပြီးဦးအောင်ရွှေနဲ့ ဦးလွင် တို့ကတော့ ဒေါ်စုရဲ့ ဘယ်ဘက်မှာထိုင်ပါတယ်။ ဦးအောင်ရွှေနဲ့ ဦးလွင်တို့ကို ကြည့်ရတာ လွတ်လပ်ပေါ့ပါးနေကြ တယ်လို့ ကျွန်တော်မြင်ရပါတယ်။ သူတို့အနေနဲ့လည်း ဒေါ်စု အကျယ်ချုပ်ကာလမှာ လုပ်ခဲ့ သမျှတွေကို အပြစ်တင်ရင်လည်း ခံမယ်ဆိုပြီး အတူတကွ လာခဲ့ကြတာပါ။

ဒီကိုရောက်တော့ ဒေါ်စုက သူတို့ကိုဒေါသနဲ့ မတုံ့ပြန်တဲ့ အပြင် အရင်အတိုင်းဘဲ ဆက်လုပ် ကြဖို့ ပြောလိုက်တဲ့အခါမှာ သူတို့ရဲ့ စိတ်တွေဟာ အရမ်းကို လွတ်လပ်ပေါ့ပါးသွား ကြတယ်လို့ ယူဆရပါတယ်။ အဲဒီလိုနဲ့ ဧည့်ပရိသတ်စုံတဲ့ အခါမှာ ပရိသတ်ထဲက မေးချင်တာ မေးဖို့ အခမ်းအနားမှူးလုပ်တဲ့ ကျွန်တော့်အနေနဲ့ ဖိတ်ခေါ် လိုက်ပါတယ်။ အဲဒီအချိန်မှာ နိုင်ငံခြားသံတမန်တစ်ဦးက (အမေရိကန်သံရုံးမှလို့ ယူဆ ရပါတယ်။ သေသေချာချာ မမှတ်မိပါ) အောက်ပါအတိုင်းမေးပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဦးအောင်ရွှေနဲ့ ဦးလွင်တို့အပေါ် ဘယ်လို သဘောထား ပါသလဲ”

“အခုမြင်ကြတဲ့အတိုင်းပါပဲ။ ဦးကြည်မောင်နဲ့ ဦးတင်ဦးက ညာဘက်မှာ ထိုင်နေကြပါတယ်။ ဦးအောင်ရွှေနဲ့ ဦးလွင်တို့ကို ဒီဘယ်ဘက်မှာထိုင်နေ ကြပါတယ်။ ခုလို တစ်ပြေးညီ ထိုင်နေကြသလိုနောင် NLD ကိစ္စအ၀၀တွေကိုလည်း အခုလိုပဲညီညီညွတ်ညွတ် ဆက်လုပ် သွားကြမှာပါ”

ကျွန်တော့်စိတ်ထဲမှာတော့ ပွဲပြတ်ပြီပေါ့ ဟုယူဆလိုက်ပါတယ်။ အဲဒီတွေ့ဆုံပွဲဟာ တစ်နာရီခွဲ ခန့်ကြာသော်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဲဒီတုံ့ပြန်ချက် သာလျှင် ထိုတွေ့ဆုံပွဲ တစ်ခု လုံးရဲ့ အဓိကအနှစ်သာရဖြစ်တယ်လို့ ကျွန်တော်သတ်မှတ်လိုက်မိပါတော့တယ်။

ဒါပါပဲခင်ဗျား။ ကျန်းမာချမ်းသာကြပါစေ။

-- ၀င်းထိန်

မြစ်ဆုံစီမံကိန်း စတင်နိုင်ရန် CPI မှ တရားဝင်သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်





နိုင်ငံတော် သမ္မဦးသိန်းစိန် သမ္မတသက်တမ်း ကာလအတွင်း ၂ နှစ်နှင့် ၃ လခန့် ရပ်ဆိုင်းထားခဲ့သော မြစ်ဆုံရေးအားလျှစ်စစ်စီမံကိန်းအား ပြန်လည်စတင်နိုင်ရန် တရုတ်ရင်းနှီးမြှပ်နှံမှု ကော်ပိုရေးရှင်း China Power Industry(CPI)မှ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် တရားဝင် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ကြသည်။ CPI ၏ စီမံကိန်း မန်နေဂျာ မစ္စတာ Li Guanghua ကိုယ်တိုင် အစိုးရ၏ ချမှတ်ထားသော မူဝါဒလမ်းစဉ်များအတိုင်း ဆက်လက်အကောင်အထည် ဖော်သွားမှာဖြစ်ပြီး စီမံကိန်း ပတ်ဝန်းကျင်ရှိ ပြည်သူများအတွက် လူ့မှုကူညီမှုများစွာကို ဆက်လက်ပေးသွားမည်ဟုလည်း ဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် ဆီးဂိမ်းပြိုင်ပွဲကို တရုတ်ကူညီမှုများဖြင့် အောင်မြင်စွာ ကျင်းပလာခဲ့ပြီးနောက် ယခုကဲ့သို့ မြစ်ဆုံစီမံကိန်းစတင်မည့် ရှင်းလင်းပွဲတစ်ခုကို CPI ဘက်မှ ပြုလုပ်ခွင့်ရခဲ့ခြင်းလည်း ဖြစ်သည်။


By Soe Yazar Tun