Friday, December 27, 2013
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကပုပ္ပားတောင် မြေယာတွေကိုလျော်ကြေးမပေးဘဲ အဓမ္မသိမ်းယူခဲ့
May Popa
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန က ပုပ္ပားတောင်က တောင်သူတွေ ရဲ့ အကောင်းဆုံး မြေယာတွေကို ပြီးခဲ့တဲ့ ၁၀နှစ်ကျော်က မြေယာလျော်ကြေးမပေးဘဲ အဓမ္မသိမ်းယူခဲ့ပါတယ်။ ဒီ လို သိမ်းယူ၊ ပုပ္ပားတောင်ရဲ့ မီးတောင် ချော်မှုန့်တွေကို တူးယူ သဘာဝ ပိုဇိုလန်ထုတ်ယူကာ ရေအားလျှပ်စစ် ထုတ်ဖို့ ဆည်တွေ တည်ဆောက်ရာမှာ အသုံးပြုခဲ့ပါတယ်၊ ဒီက ထုတ်တဲ့ လျှပ်စစ်တွေကို လည်း နိုင်ငံခြားကို ရောင်းစားနေတာပါ။ ဒီ လို ခံခဲ့ရတဲ့ တောင်သူတွေ မှာ တော့ ဘာအခွင့်အရေးမှ မရခဲ့ပါဘူး၊ ပုပ္ပားတောင်ချစ်သူများအသင်း ဟာ တောင်သူတွေ ရဲ့ နစ်နာ ဆုံးရှုံးမှုတွေ ကို စစ်တမ်းတွေကို ယူ၊ တောင်သူတွေကို စွမ်းရည်မြှင့်တင်ရေး သင်တန်းတွေ ကို ပေးနေပါတယ်။ ဒီလို ဆောင်ရွက်နေရာမှာ ပိုဇိုလန် စက်ရုံတာဝန်ခံ ဗိုလ်ကြီးဟောင်း ဆိုသူက က ရွာသားတွေ ကို နည်းမျိုးစုံ နဲ့ ဖိအားပေးခြိမ်းခြောက်မှုတွေ ပြုလုပ်နေတယ်လို့ ပုပ္ပားတောင်ချစ်သူများအသင်း က ကျမထံ သတင်းပေးပို့လာပါတယ်။ မြေတွေ သိမ်းယူခံရ၊ အမှုန့်တွေ ရှု နေရ လို့ လူမှုစီးပွါးမျိုးစုံထိခိုက်နေ တဲ့ တောင်သူလယ်သမားတွေက ပုပ္ပားတောင်ချစ်သူများအသင်း ရဲ့ သင်တန်းတွေ ကို တက်ရင် ကိုယ်ထူကိုယ်ထ လျှပ်စစ်မီးသွယ်တန်းဖို့ ကြိုးစားနေတာကို မလုပ်ပေးနိုင်ပါဘူးလို့ ခြိမ်းခြောက်လို့ ကျောက်တံခါး ရွာမှာ တောင်သူတွေဟာ သင်တန်း စကာစမှာပဲ နှုတ် ထွက်သွားကြပါတယ်။ ဒီနှစ်ထဲမှာ ပုပ္ပားတောင်ချစ်သူများအသင်းက စစ်တမ်းကောက်ယူရာမှာ ကူညီပေးရင် ကံစပ်ကုန်းရွာက ပြည်သူတွေရဲ့ ကိုယ်ထူကိုယ်ထလျှပ်စစ်မီးသွယ်တန်းခြင်းကို လုပ်မပေးနိုင်ဘူးလို့ စက်ရုံတာဝန်ခံက ပြောခဲ့လို့ ရွာသားတွေက မေးမြန်းတာတွေကို ဖြေကြားမပေးခဲ့ပါဘူး။ ပြည်သူတွေကို အကြောက်တရားနဲ့ အုပ်ချုပ်နေဆဲပါ ပဲ။ နစ်နာ နေတဲ့ ပြည်သူတွေကို အစိုးရက အခမဲ့ လျှပ်စစ်သွယ်တန်းပေးရမဲ့ အစား ကိုယ်ထူကိုယ်ထ လုပ်ရရုံမက ခြိမ်းခြောက်ဖိအားပေးမှုတွေကို ပါပြုလုပ်နေတဲ့ ဝန်ထမ်းတွေဟာ ပြည်သူ့တွေရဲ့ ဝန်ထမ်းကောင်းတွေ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒီစက်ရုံ တာဝန်ခံဟာ ပိုဇိုလန်မှုန့်တွေကို ကိုယ်ပိုင်အုတ်ရိုက်လုပ်ငန်း အတွက် အလွဲသုံးစားပြုလုပ်နေရုံသာမက အခြားအဂတိလိုက်စားမှုတွေကို ပြုလုပ်ပြီး ကြီးပွါးချမ်းသာနေပါတယ်။ အဆိုးဆုံးက တော့ စက်ရုံအနီးအနားမှာ ရှိတဲ့ ကျောက်ပန်းတောင်းမြင်းခြံကားလမ်းနံဘေးက တောင်ကုန်းတစ်ခုလုံးကို အာဏာပိုင်တို့နဲ့ပေါင်း ကာ သိမ်းယူ၊ သဘာဝ ပေါက်နေတဲ့ သစ်တောတွေကို ခုတ် ကာ ကိုယ်ပိုင် စိန်တစ်လုံးသရက်စိုက်ခင်း တွေကို စိုက်ပျိုးခဲ့ခြင်းပါပဲ။ နစ်နာ ဆုံးရှုံးနေတဲ့ ပြည်သူတွေကို အစိုးရ က ကာကွယ်စောင့်ရှောက်ဖို့ ကို ပျက်ကွက်နေလို့ အသိပညာပေးကာ စွမ်းရည်မြှင့် သင်တန်းတွေ ပြုလုပ်ပေးနေတဲ့ ပုပ္ပားတောင်ချစ်သူများကို ကျေးဇူးတင်ရှိပါကြောင်းနဲ့ အဂတိလိုက်စားပြီး ပြည်သူတွေကို ဖိအားပေး နှိပ်စက်ကလူပြုနေတဲ့ ဝန်ထမ်းဆိုးတွေကို အရေးယူပေးပါရန် ပြောကြားလိုပါတယ်။ ပြည်သူတွေလည်း ကြောက်ရွံ့ခြင်းတွေမှ ကင်းဝေးပြီး မိမိတို့ နစ်နာဆုံးရှုံးမှုတွေကို ကာကွယ်စောင့်ရှောက်နိုင်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်။ ဒီ သတင်းနဲ့ ဓာတ်ပုံတွေ ပေးပို့ပေးတဲ့ ပုပ္ပားတောင်ချစ်သူများအသင်း ကို ကျေးဇူးတင်ကြောင်းနဲ့ ဒီ အကြောင်းအရာ လေးကို ထပ်ဆင့်ရှယ်ကာ မျှဝေပေးပါလို့ ပြောချင်ပါတယ်။ မေပုပ္ပား ၂၀၁၃ ဒီဇင်ဘာ ၂၈ ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန က ပုပ္ပားတောင်က တောင်သူတွေ ရဲ့ အကောင်းဆုံး မြေယာတွေကို ပြီးခဲ့တဲ့ ၁၀နှစ်ကျော်က မြေယာလျော်ကြေးမပေးဘဲ အဓမ္မသိမ်းယူခဲ့ပါတယ်။ ဒီ လို သိမ်းယူ၊ ပုပ္ပားတောင်ရဲ့ မီးတောင် ချော်မှုန့်တွေကို တူးယူ သဘာဝ ပိုဇိုလန်ထုတ်ယူကာ ရေအားလျှပ်စစ် ထုတ်ဖို့ ဆည်တွေ တည်ဆောက်ရာမှာ အသုံးပြုခဲ့ပါတယ်၊ ဒီက ထုတ်တဲ့ လျှပ်စစ်တွေကို လည်း နိုင်ငံခြားကို ရောင်းစားနေတာပါ။ ဒီ လို ခံခဲ့ရတဲ့ တောင်သူတွေ မှာ တော့ ဘာအခွင့်အရေးမှ မရခဲ့ပါဘူး၊ ပုပ္ပားတောင်ချစ်သူများအသင်း ဟာ တောင်သူတွေ ရဲ့ နစ်နာ ဆုံးရှုံးမှုတွေ ကို စစ်တမ်းတွေကို ယူ၊ တောင်သူတွေကို စွမ်းရည်မြှင့်တင်ရေး သင်တန်းတွေ ကို ပေးနေပါတယ်။ ဒီလို ဆောင်ရွက်နေရာမှာ ပိုဇိုလန် စက်ရုံတာဝန်ခံ ဗိုလ်ကြီးဟောင်း ဆိုသူက က ရွာသားတွေ ကို နည်းမျိုးစုံ နဲ့ ဖိအားပေးခြိမ်းခြောက်မှုတွေ ပြုလုပ်နေတယ်လို့ ပုပ္ပားတောင်ချစ်သူများအသင်း က ကျမထံ သတင်းပေးပို့လာပါတယ်။ မြေတွေ သိမ်းယူခံရ၊ အမှုန့်တွေ ရှု နေရ လို့ လူမှုစီးပွါးမျိုးစုံထိခိုက်နေ တဲ့ တောင်သူလယ်သမားတွေက ပုပ္ပားတောင်ချစ်သူများအသင်း ရဲ့ သင်တန်းတွေ ကို တက်ရင် ကိုယ်ထူကိုယ်ထ လျှပ်စစ်မီးသွယ်တန်းဖို့ ကြိုးစားနေတာကို မလုပ်ပေးနိုင်ပါဘူးလို့ ခြိမ်းခြောက်လို့ ကျောက်တံခါး ရွာမှာ တောင်သူတွေဟာ သင်တန်း စကာစမှာပဲ နှုတ် ထွက်သွားကြပါတယ်။ ဒီနှစ်ထဲမှာ ပုပ္ပားတောင်ချစ်သူများအသင်းက စစ်တမ်းကောက်ယူရာမှာ ကူညီပေးရင် ကံစပ်ကုန်းရွာက ပြည်သူတွေရဲ့ ကိုယ်ထူကိုယ်ထလျှပ်စစ်မီးသွယ်တန်းခြင်းကို လုပ်မပေးနိုင်ဘူးလို့ စက်ရုံတာဝန်ခံက ပြောခဲ့လို့ ရွာသားတွေက မေးမြန်းတာတွေကို ဖြေကြားမပေးခဲ့ပါဘူး။ ပြည်သူတွေကို အကြောက်တရားနဲ့ အုပ်ချုပ်နေဆဲပါ ပဲ။ နစ်နာ နေတဲ့ ပြည်သူတွေကို အစိုးရက အခမဲ့ လျှပ်စစ်သွယ်တန်းပေးရမဲ့ အစား ကိုယ်ထူကိုယ်ထ လုပ်ရရုံမက ခြိမ်းခြောက်ဖိအားပေးမှုတွေကို ပါပြုလုပ်နေတဲ့ ဝန်ထမ်းတွေဟာ ပြည်သူ့တွေရဲ့ ဝန်ထမ်းကောင်းတွေ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒီစက်ရုံ တာဝန်ခံဟာ ပိုဇိုလန်မှုန့်တွေကို ကိုယ်ပိုင်အုတ်ရိုက်လုပ်ငန်း အတွက် အလွဲသုံးစားပြုလုပ်နေရုံသာမက အခြားအဂတိလိုက်စားမှုတွေကို ပြုလုပ်ပြီး ကြီးပွါးချမ်းသာနေပါတယ်။ အဆိုးဆုံးက တော့ စက်ရုံအနီးအနားမှာ ရှိတဲ့ ကျောက်ပန်းတောင်းမြင်းခြံကားလမ်းနံဘေးက တောင်ကုန်းတစ်ခုလုံးကို အာဏာပိုင်တို့နဲ့ပေါင်း ကာ သိမ်းယူ၊ သဘာဝ ပေါက်နေတဲ့ သစ်တောတွေကို ခုတ် ကာ ကိုယ်ပိုင် စိန်တစ်လုံးသရက်စိုက်ခင်း တွေကို စိုက်ပျိုးခဲ့ခြင်းပါပဲ။ နစ်နာ ဆုံးရှုံးနေတဲ့ ပြည်သူတွေကို အစိုးရ က ကာကွယ်စောင့်ရှောက်ဖို့ ကို ပျက်ကွက်နေလို့ အသိပညာပေးကာ စွမ်းရည်မြှင့် သင်တန်းတွေ ပြုလုပ်ပေးနေတဲ့ ပုပ္ပားတောင်ချစ်သူများကို ကျေးဇူးတင်ရှိပါကြောင်းနဲ့ အဂတိလိုက်စားပြီး ပြည်သူတွေကို ဖိအားပေး နှိပ်စက်ကလူပြုနေတဲ့ ဝန်ထမ်းဆိုးတွေကို အရေးယူပေးပါရန် ပြောကြားလိုပါတယ်။ ပြည်သူတွေလည်း ကြောက်ရွံ့ခြင်းတွေမှ ကင်းဝေးပြီး မိမိတို့ နစ်နာဆုံးရှုံးမှုတွေကို ကာကွယ်စောင့်ရှောက်နိုင်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်။ ဒီ သတင်းနဲ့ ဓာတ်ပုံတွေ ပေးပို့ပေးတဲ့ ပုပ္ပားတောင်ချစ်သူများအသင်း ကို ကျေးဇူးတင်ကြောင်းနဲ့ ဒီ အကြောင်းအရာ လေးကို ထပ်ဆင့်ရှယ်ကာ မျှဝေပေးပါလို့ ပြောချင်ပါတယ်။ မေပုပ္ပား ၂၀၁၃ ဒီဇင်ဘာ ၂၈ ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန က ပုပ္ပားတောင်က တောင်သူတွေ ရဲ့ အကောင်းဆုံး မြေယာတွေကို ပြီးခဲ့တဲ့ ၁၀နှစ်ကျော်က မြေယာလျော်ကြေးမပေးဘဲ အဓမ္မသိမ်းယူခဲ့ပါတယ်။ ဒီ လို သိမ်းယူ၊ ပုပ္ပားတောင်ရဲ့ မီးတောင် ချော်မှုန့်တွေကို တူးယူ သဘာဝ ပိုဇိုလန်ထုတ်ယူကာ ရေအားလျှပ်စစ် ထုတ်ဖို့ ဆည်တွေ တည်ဆောက်ရာမှာ အသုံးပြုခဲ့ပါတယ်၊ ဒီက ထုတ်တဲ့ လျှပ်စစ်တွေကို လည်း နိုင်ငံခြားကို ရောင်းစားနေတာပါ။ ဒီ လို ခံခဲ့ရတဲ့ တောင်သူတွေ မှာ တော့ ဘာအခွင့်အရေးမှ မရခဲ့ပါဘူး၊ ပုပ္ပားတောင်ချစ်သူများအသင်း ဟာ တောင်သူတွေ ရဲ့ နစ်နာ ဆုံးရှုံးမှုတွေ ကို စစ်တမ်းတွေကို ယူ၊ တောင်သူတွေကို စွမ်းရည်မြှင့်တင်ရေး သင်တန်းတွေ ကို ပေးနေပါတယ်။ ဒီလို ဆောင်ရွက်နေရာမှာ ပိုဇိုလန် စက်ရုံတာဝန်ခံ ဗိုလ်ကြီးဟောင်း ဆိုသူက က ရွာသားတွေ ကို နည်းမျိုးစုံ နဲ့ ဖိအားပေးခြိမ်းခြောက်မှုတွေ ပြုလုပ်နေတယ်လို့ ပုပ္ပားတောင်ချစ်သူများအသင်း က ကျမထံ သတင်းပေးပို့လာပါတယ်။ မြေတွေ သိမ်းယူခံရ၊ အမှုန့်တွေ ရှု နေရ လို့ လူမှုစီးပွါးမျိုးစုံထိခိုက်နေ တဲ့ တောင်သူလယ်သမားတွေက ပုပ္ပားတောင်ချစ်သူများအသင်း ရဲ့ သင်တန်းတွေ ကို တက်ရင် ကိုယ်ထူကိုယ်ထ လျှပ်စစ်မီးသွယ်တန်းဖို့ ကြိုးစားနေတာကို မလုပ်ပေးနိုင်ပါဘူးလို့ ခြိမ်းခြောက်လို့ ကျောက်တံခါး ရွာမှာ တောင်သူတွေဟာ သင်တန်း စကာစမှာပဲ နှုတ် ထွက်သွားကြပါတယ်။ ဒီနှစ်ထဲမှာ ပုပ္ပားတောင်ချစ်သူများအသင်းက စစ်တမ်းကောက်ယူရာမှာ ကူညီပေးရင် ကံစပ်ကုန်းရွာက ပြည်သူတွေရဲ့ ကိုယ်ထူကိုယ်ထလျှပ်စစ်မီးသွယ်တန်းခြင်းကို လုပ်မပေးနိုင်ဘူးလို့ စက်ရုံတာဝန်ခံက ပြောခဲ့လို့ ရွာသားတွေက မေးမြန်းတာတွေကို ဖြေကြားမပေးခဲ့ပါဘူး။ ပြည်သူတွေကို အကြောက်တရားနဲ့ အုပ်ချုပ်နေဆဲပါ ပဲ။ နစ်နာ နေတဲ့ ပြည်သူတွေကို အစိုးရက အခမဲ့ လျှပ်စစ်သွယ်တန်းပေးရမဲ့ အစား ကိုယ်ထူကိုယ်ထ လုပ်ရရုံမက ခြိမ်းခြောက်ဖိအားပေးမှုတွေကို ပါပြုလုပ်နေတဲ့ ဝန်ထမ်းတွေဟာ ပြည်သူ့တွေရဲ့ ဝန်ထမ်းကောင်းတွေ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒီစက်ရုံ တာဝန်ခံဟာ ပိုဇိုလန်မှုန့်တွေကို ကိုယ်ပိုင်အုတ်ရိုက်လုပ်ငန်း အတွက် အလွဲသုံးစားပြုလုပ်နေရုံသာမက အခြားအဂတိလိုက်စားမှုတွေကို ပြုလုပ်ပြီး ကြီးပွါးချမ်းသာနေပါတယ်။ အဆိုးဆုံးက တော့ စက်ရုံအနီးအနားမှာ ရှိတဲ့ ကျောက်ပန်းတောင်းမြင်းခြံကားလမ်းနံဘေးက တောင်ကုန်းတစ်ခုလုံးကို အာဏာပိုင်တို့နဲ့ပေါင်း ကာ သိမ်းယူ၊ သဘာဝ ပေါက်နေတဲ့ သစ်တောတွေကို ခုတ် ကာ ကိုယ်ပိုင် စိန်တစ်လုံးသရက်စိုက်ခင်း တွေကို စိုက်ပျိုးခဲ့ခြင်းပါပဲ။ နစ်နာ ဆုံးရှုံးနေတဲ့ ပြည်သူတွေကို အစိုးရ က ကာကွယ်စောင့်ရှောက်ဖို့ ကို ပျက်ကွက်နေလို့ အသိပညာပေးကာ စွမ်းရည်မြှင့် သင်တန်းတွေ ပြုလုပ်ပေးနေတဲ့ ပုပ္ပားတောင်ချစ်သူများကို ကျေးဇူးတင်ရှိပါကြောင်းနဲ့ အဂတိလိုက်စားပြီး ပြည်သူတွေကို ဖိအားပေး နှိပ်စက်ကလူပြုနေတဲ့ ဝန်ထမ်းဆိုးတွေကို အရေးယူပေးပါရန် ပြောကြားလိုပါတယ်။ ပြည်သူတွေလည်း ကြောက်ရွံ့ခြင်းတွေမှ ကင်းဝေးပြီး မိမိတို့ နစ်နာဆုံးရှုံးမှုတွေကို ကာကွယ်စောင့်ရှောက်နိုင်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်။
 ဒီ သတင်းနဲ့ ဓာတ်ပုံတွေ ပေးပို့ပေးတဲ့ ပုပ္ပားတောင်ချစ်သူများအသင်း ကို ကျေးဇူးတင်ကြောင်းနဲ့ ဒီ အကြောင်းအရာ လေးကို ထပ်ဆင့်ရှယ်ကာ မျှဝေပေးပါလို့ ပြောချင်ပါတယ်။
 မေပုပ္ပား ၂၀၁၃ ဒီဇင်ဘာ ၂၈ ရက်
သား ၂ ဦးစလုံးဟာ ၁၉၈၉ ခုနှစ်တိုင်အောင် မြန်မာနိုင်ငံသား အဖြစ်သာရှိခဲ့
Zaw Win
အမှန်တရားဆိုတာ ဖုံးကွယ်လို့မရပြီ
==================
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သား ၂ ဦးစလုံးဟာ ၁၉၈၉ ခုနှစ်တိုင်အောင် မြန်မာနိုင်ငံသား အဖြစ်သာ ရှိခဲ့ပြီး စစ်အစိုးရက မြန်မာနိုင်ငံသားအဖြစ်ကနေ ပယ်ဖျက်လိုက်သောကြောင့် ဗြိတိန်နိုင်ငံသား အဖြစ် ပြောင်းလဲလိုက်ရကြောင်း
မူရင်းသတင်းဆောင်းပါးများကို ဒီမှာဖတ်ပါ >>>
http://www.atimes.com/atimes/Southeast_Asia/IL04Ae01.html
http://www.mmtimes.com/index.php/opinion/8313-true-democracy-impossible-without-constitution-change.html
Yan Naung Soe : မိဘမဲ့တာထက် နိုင်ငံမဲ့တွေရဲ့ဘ၀ကပိုခံစားရခက်ပါတယ်...နိုင်ငံခြားကိုရောက်မှပဲ နိုင်ငံသားတယောက်ရဲ့တန်ဖိုးကိုပိုသိလာရတယ်...ဒေါ်စုရဲ့သားတွေဟာ ဘယ်လောက်တောင်ခံစားရရှာမလည်း အမေကိုထောင်ချတယ် သားတွေကိုနိုင်ငံမဲ့လုပ်ပြစ်တယ်...ဗြိတိန်နိုင်ငံသားအဖြစ်ပြောင်းလည်းလိုက်တာမဟုပ်ပါဘူး.....နိုင်ငံမဲ့နေတဲ့ ခလေးနှစ်ရောက်ကို လူသားချင်းစာနာပြီး နိုင်ငံသားဖြစ်ခွင့်ပေးလိုက်တာပါ။
Credit: D Chitthu
ဒီနေ့ကာတွန်း
မေးတာတခြား ဖြေတာတခြား မြန်မာဝန်ကြီးများ
NLD ၏ ဖွဲ့စည်းပုံ အခြေခံပြင်ဆင်ရေးကြေငြာချက်
 Coko Dmoe
အခြေခံဥပဒေ ပြင်ဆင်ရေး စာမျက်နှာ NLD ၏ပြည်သူများသိရှိစေရန် ဖွဲ့စည်းပုံ အခြေခံပြင်ဆင်ရေးကြေငြာချက်
------------------------------------------------------------------------
၁ ။ နိုင်ငံတော်၏ အခြေခံမူများတွင် "နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည် " ဟုချမှတ်ထားခြင်း ။ ။ ပုဒ်မ - ၆ (စ)
၂ ။ နိုင်ငံတော်သမ္မတနှင့် ဒုသမ္မတများ၏ အရည်အချင်းများတွင် " စစ်ရေးအမြင်ရှိရမည် " ဟူသော အချက်ကို ထည့်သွင်းထားခြင်း ။ ။ ပုဒ်မ ၅၉ (ဃ )
၃။ ဥပဒေရေးတွင် ပြည်ထောင်စုလွှတ်တော် ၊ တိုင်းဒေသကြီးလွှတ်တော် နှင့် ပြည်နယ်လွှတ်တော်များတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းမည့် တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါဝင်နေခြင်း ။ ပုဒ်မ - ၁၀၉ (ခ) ၊ ၁၄၁ (ခ) ၊ ၁၆၁ (ဃ)
၎ ။ လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ၀န်ကြီးများအဖြစ် ခန်.အပ်တာဝန်ပေးခြင်းခံရပါက လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နှုတ်ထွက်ပီး ဖြစ်သည်ဟု သတ်မှတ်ထားပြီး ကာကွယ်ရေး ၊ ပြည်ထဲရေး ၊ နယ်စပ်ရေးရာဝန်ကြီးဌာနများအတွက် ခန့်အပ်ထားသော တပ်မတော်သားကိုယ်စားလှယ်များကို အငြိမ်းစားယူရန် (သို.မဟုတ် ) နှုတ်ထွက်ရန်မလိုဟု သတ်မှတ်ထားခြင်း ။ ပုဒ်မ - ၁၀၉ (ခ) ၊ ၁၄၁ (ခ) ၊၁၆၁ (ဃ )
၅ ။ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယ၀န်ကြီးများ ခန်.အပ်တာဝန်ပေးခြင်းနှင့်စပ်လျင်းပြီး ကာကွယ်ရေး ၊ ပြည်ထဲရေး ၊နယ်စပ်ရေးရာဝန်ကြီးဌာနများအတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံမှ သင့်လျော်သည့် တပ်မတော်သားများ၏ အမည်စာရင်းကို နိုင်ငံတော်သမ္မတက ရယူခြင်း ။ ။ ပုဒ်မ - ၂၃၂ (ခ) (၂ )
၆ ။ ပြည်ထောင်စုဝန်ကြီး၏ အရည်အချင်းများနှင့် မပြည့်စုံကြောင်း အထင်အရှား မပြနိုင်ပါက ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတော်သမ္မတမှ အမည်စာရင်းတင်သွင်းသည့်ပုဂ္ဂိုလ်အား ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးရန် ငြင်းပယ်ခွင့်မရှိစေရ ။ ။ ပုဒ်မ - ၂၃၂ (ဃ)
၇ ။ ရာထူးမှနုတ်ထွက်ရမည့် တပ်မတော်သား ၀န်ကြီး ဒုတိယ၀န်ကြီးတို.နှင့်ပတ်သက်လျှင် နိုင်ငံတော်သမ္မတသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်းဆောင်ရွက်ရမည်။ ပုဒ်မ - ၂၃၅ ( ဂ ) ( ၂ )
၈ ။ အုပ်ချုပ်ရေးကဏ္ဍတွင် ပြည်ထောင်စု ၊ တိုင်းဒေသကြီး ၊ပြည်နယ် ပြည်ထောင်စုနယ်မြေနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတို့တွင်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်တင်သွင်းမည်. တပ်မတော်သားများ ပါဝင်နေခြင်း ။ ။ပုဒ်မ ၂၆၂ (က ) ( ၂ ) ၊( ခ ) ပုဒ်မ - ၂၆၄ ( ခ ) ( ၁ ) ( ၂ )
၉ ။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို ( ၁၁ ) ဦးဖြင့် ဖွဲ.စည်းထားရာ ဒုတိယ သမ္မတ ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၊ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီး ၊ နယ်စပ်ရေးရာဝန်ကြီး ၊ စုစုပေါင်း ( ၆ ) ဦးတို့ဖြင့် မဲအများစုကို တပါတည်း ယူထားခြင်း ။ ပုဒ်မ - ၂၀၁
၁၀ ။ တပ်မတော်သည် တပ်ပိုင်းဆိုင်ရာအားလုံးကို လွပ်လပ်စွာ စီမံ ခန့်ခွဲ စီရင် ဆောင်ရွက်ပိုင်ခွင့် ရှိနေခြင်း ။
၁၁ ။ လက်နက်ကိုင်အဖွဲ.အစည်းအားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင်ရှိရမည်ဟုထည့်သွင်းထားခြင်း ။ ပုဒ်မ - ၃၃၈
 ၁၂ ။ အရေးပေါ်အခြေအနေပေါ်ပေါက်လာလျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဌာန်းချက်မျာညးနှင့်အညီ ရယူသုံးစွဲခွင့်ရှိခြင်း
၁၃ ။ ဖွဲ.စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး ၏ ၇၅ ရခိုင်နှုန်း ကျော်မှ ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရမည်ဟု မည်သို့မျှ ပြင်ဆင်ခွင့်မရအောင် သတ်မှတ်ထားခြင်း ။ ပုဒ်မ - ၄၃၆
၁၄ ။ပြည်ထောင်စုလွှတ်တော်သည် သက်တမ်းကုန်ဆုံးချိန်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ယင်း၏လုပ်ငန်းဝတ္တရားများ ဆောင်ရွက်ရန်မပြီးပြတ်သေးကြောင်း အထောက်အထားနှင့်တင်ပြလာပါက ထပ်ဆောင်းခွင့်ပြုကာလ ( ၆ ) လခွင့်ပြုနိုင်သည် ။ ထပ်ဆင့်တိုးပေးချိန် နောက်ထပ်တကြိမ် ( ၆ ) လပေးနိုင်သည် ။ နှစ်ကြိမ်ထိပေးပိုင်ခွင့် ရှိသည်ဟူသော အန္တရာယ်အလွန်ကြီးမားသည့် တဖက်သတ်ရေးဆွဲထားခြင်းများ ပါရှိနေခြင်း။ ပုဒ်မ - ၄၂၁ (ခ ) ၄၂၅ စသည်တို.ဖြင့် အချုပ်အခြာ အာဏာသည် ပြည်သူလူထုထံမှ ဆင်းသက်ရမည်ဟူသော ဒီမိုကရေစီမူများနှင့် ညီညွတ်ခြင်းမရှိဘဲ တဖက်သတ်ရေးဆွဲထားသည်ကို တွေ.ရသည် ။
 ဗဟိုအလုပ်မှုဆောင်အဖွဲ. အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အမှတ် ( ၉၇ ၊ ခ ) အနောက်ရွှေဂုံတိုင်လမ်း ဗဟန်းမြို့နယ် ၊ ရန်ကုန်မြို့။
ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးအဖွဲ့ ဖွဲ့စည်း
    By ရွှေအောင်
    27 December 2013
  burmese.dvb.no
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် အဖွဲ့ချုပ်ဗဟို အလုပ်အမှုဆောင်အဖွဲ့က လုံခြုံရေးအထောက်အကူပြုအဖွဲ့ ဖွဲ့စည်းပြီး တာဝန်ပေးလိုက်ပါတယ်။
Daw Su Securityမိတ္တီလာအမတ် တပ်မတော်အရာရှိဟောင်း ဦးဝင်းထိန် ခေါင်းဆောင်တဲ့ အဖွဲ့ကို ပါတီဥက္ကဋ္ဌရဲ့ လုံခြုံရေးအဖွဲ့ ဖွဲ့စည်းတာဝန်ယူဖို့ ဒီဇင်ဘာ ၂၆ ရက်က ပြုလုပ်တဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးက ဆုံးဖြတ်လိုက်တာပါ။
ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မကြာသေးခင်ကမှ ခြေထောက်ခွဲစိတ် ကုသမှုခံယူထားတာဖြစ်ပြီး သူ့ရဲ့ လုံခြုံရေးအခြေအနေ စိုးရိမ်ရတယ်ဆိုတဲ့ သတင်းတွေကတော့ ကြားသိရခြင်း မရှိပါဘူး။
အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင် ဦးဝင်းမြင့်ကတော့ ဥက္ကဋ္ဌလုပ်ငန်းတွေ အထောက်အကူပြုနိုင်ဖို့ အဓိက ရည်ရွယ်ဖွဲ့လိုက်တာဖြစ်ပြီး သုတေသနအဖွဲ့ ဖွဲစည်းဖို့ ရှိတယ်လို့ ပြောပါတယ်။
ဥက္ကဋ္ဌလုံခြုံရေး အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ပေးခံရတဲ့ ဦးဝင်းထိန်ကတော့ လုံခြုံရေးအတွက် သူလုပ်မယ့် အစီအစဉ်ကို ခုလို ပြောပါတယ်။
“ခါတိုင်းလိုပဲ ဒေါ်အောင်ဆန်းစုကြည်နားက အနီးကပ်လုံခြုံရေးတွေရယ်၊ နောက်ပြီးတော့ တနေရာကနေ တနေရာသွားမယ်ဆိုရင် ဒေသဆိုင်ရာ လူငယ်တွေ၊ လူကြီးတွေနဲ့ တွဲပြီး အလုပ်လုပ်ရမှာပါ။ နောက်တချက်က ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ကိုယ်စားလှယ် ဖြစ်နေတဲ့အတွက် သက်ဆိုင်ရာ သတင်းတပ်ဖွဲ့တို့၊ ရဲတို့ကလည်း တာဝန်ယူပြီးလုပ်တော့ သူတို့နဲ့လည်း ညှိနှိုင်းပြီး ဆောင်ရွက်ရမှာပေါ့။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို အစိုးရဘက်က အခမ်းအနားတွေဆိုရင် လာပြီး ကူညီပါတယ်။ ခရီသွားတယ်ဆိုရင်လည်း သက်ဆိုင်ရာ ဒေသတွေက မသိမသာ တာဝန်ယူပေးတဲ့ ကဏ္ဍတွေ ရှိတယ်။ ဒါပေမယ့် ကျနော်တို့ လူငယ် လုံခြုံရေး ခေါင်းဆောင်ပါသွားတဲ့ ကလေးတွေနဲ့ သူတို့နဲ့ အဆက်အသွယ်ရှိ ပြီးတော့ ဘယ်လိုလုပ်ရမယ်ဆိုတာတွေကို အမြဲတမ်းညှိနှိုင်းပြီး ဆောင်ရွက်တာ ရှိပါတယ်။ ကျနော်တို့က အစိုးရဘက်ကို ဒေါ်စု လုံခြုံရေးအတွက် သတ်သတ်မှတ်မှတ် လုပ်ပေးပါလို့ မတောင်းဆိုဘူး။ ဒါပေမယ့် သူသွားလေရာ ဒေသတိုင်းမှာ ရှိတဲ့ ရဲတို့၊ အက်စ်ဘီတို့ ထောက်လှမ်းရေးရှိရင်လည်း ထောက်လှမ်းရေးတွေက ၀ိုင်းဝန်းကူညီပြီးတော့ ကျနော်တို့နဲ့ လက်တွဲ ဆောင်ရွက်တဲ့ သာဓကတွေ အများကြီး ရှိခဲ့ပါတယ်။”
ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို ၁၉၈၈-၈၉ ကာလက သုံးရောင်ခြယ်လူငယ်တွေက တာဝန်ယူခဲ့ပြီး၊ ၁၉၉၅-၉၆ လောက်ကစပြီး သုံးရောင်ခြယ် လူငယ်အဖွဲ့နဲ့ အန်အယ်လ်ဒီလူငယ်တို့ ပူးပေါင်း တာဝန်ယူခဲ့ကြပါတယ်။ အခု ၂၀၁၀ နောက်ပိုင်းမှာတော့ အန်အယ်လ်ဒီ လူငယ်တွေကပဲ တာဝန်ယူ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။
ယခင်စစ်အစိုးရလက်ထက် ၂၀၀၃ ခုနှစ်မေလက စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဒီပဲယင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်း အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရဖူးပြီး သမ္မတ ဦးသိန်းစိန် လက်ထက်မှာတော့ အန္တရာယ် ကြီးကြီးမားမား ကြုံတွေ့ခဲ့ရတာ မရှိခဲ့ပါဘူး။
ကျပ်သိန်း ၁၂၀၀၀ ကျော် တန်ဖိုးရှိမြေကွက် နာရေးကူညီမှု အသင်းသို့လှူဒါန်း
Yangon Media Group
 ============
အလင်္ကာ
 =====
ရန်ကုန် ၊ ဒီဇင်ဘာ ၂၆ ။ ။
နာရေးကူ ညီမှုအသင်းသို့ ကျပ်သိန်းပေါင်း ၁၂၈၀၀ တန်ဖိုးရှိသည့် မြေကွက်အား အလှူ့ဒါယိကာမတစ်ဦးက လာရောက်လှူဒါန်းသွားခဲ့ကြောင်း သိရသည်။ အဆိုပါလှူဒါန်းသည့် အ လှူရှင်မှာ ဒေါ်လှကြည်ဖြစ်ပြီး သိမ်ဖြူလမ်း တွင်နေထိုင်သူ ဖြစ် ကြောင်း သိရသည်။ ယခုလို မြေကွက်လှူရခြင်း နဲ့ပတ်သက်၍ အလှူရှင် ဒေါ်လှ ကြည်က ''ကျွန်မ ယောက်ျားဆန္ဒ လဲပါပါတယ်။ ကျွန်မလဲ အရင်က တည်းကလှူဖို့ စဉ်းစားထားတာ ပါ ပြီးတော့ တခြားလိုအပ်တဲ့နေ ရာတွေကိုလဲ တတ်နိုင်သလောက် လှူဖြစ်မှာပါ''ဟု ပြောသည်။ နာရေးကူညီမှုအသင်း အား လှူဒါန်းလိုက်သည့်မြေကွက် ကို ရှေ့နေနှင့်တကွ လုပ်ဆောင် ၍ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းနှင့်ပတ်သက်၍ နာ ရေးကူညီမှုအသင်းမှ တာဝန်ရှိ သူတစ်ဦးက ''ကျွန်မတို့ အဲဒီမြေ ကွက်မှာ ဆေးပေးခန်းတွေ ဆောက်မယ်။ ပြီးရင် ပညာရေး ကျောင်းလေးတွေကို ဆောက် လုပ်လှူဒါန်းသွားမယ်။ အခုလို လှူဒါန်းတဲ့အတွက်လဲ အန်တီ ဒေါ်လှကြည်ကို ကျေးဇူးတင်ပါ တယ်''ဟု ပြောသည်။ ယင်းမြေကွက်သည် ပဲခူး တိုင်းသာယာကုန်းဒေသတွင် တည် ရှိသော မြေ ကွက် တစ်ခုဖြစ် ကြောင်းလည်းသိရကာ အဆိုပါ မြေကွက်ကို ဒီဇင်ဘာ ၂၄ ရက် တွင် လာရောက်လှူဒါန်းခဲ့ပြီး နာရေးကူညီမှုအသင်းမှ ဂုဏ်ပြု လွှာမှတ်တမ်းပြန်လည် ပေးအပ် ခဲ့ကြောင်းလည်း သိရသည်။
ဦးအောင် သိန်းလင်း ကို မျက်လုံးချင်းဒဲ့ ကြည့်ပြီး မေး ချင် တယ်
Myat Noe May
ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တောင်ဥက္ကလာပ
ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးအောင် သိန်းလင်း ကို
ကျုပ် မျက်နှာချင်းဆိုင် မျက်လုံးချင်းဒဲ့ကြည့်ပြီး မေး ချင် တယ်
 ခြေဥ က ၅၉ ( စ ) ကို မပြင် ဖို့
ခြေဥပြင် ဆင်ရေးကော်မတီကို အကြံပြုစာ ၅၀၀၀၀ တောင်
ရောက်တယ်ပြောရ အောင် အဲ့ဒီ ၅၀၀၀၀ ထဲက လူတွေက
တယောက်မှ ဖေ့ဘွတ် မသုံးဘူးလား ?
ပြင် ဆင် ဖို့ နိုင် ငံ အနှံ့ လက် မှတ်တွေ ထိုးနေတဲ့ အသံတွေ
ထွက်လာတယ် မပြင် ဖို့ပြောတဲ့ အသံလေး တချက်တောင်
မကြားမိဘူး ဒါနဲ့ အကြံပြုစာ ၅၀၀၀၀ က ဘယ်က ရတာလဲ
ကျုပ် ငယ်ငယ်က ကျုပ် ဖေဖေ ပြောဘူးတဲ့ ဖဆပလ ခေတ်
သန့်ရှင်း/ တည်မြဲ ခေတ်ကို သတိရမိတယ်
တည်မြဲက တပ်မ တော် က သေသွားတဲ့လူ သူလူတွေနဲ့
နှစ်ခါ သုံးခါပြန်ထည့်တဲ့မဲ ဒါတောင် မနိုင် ဘူး
အခုလဲ ၅၀၀၀၀ အကြံပြုစာ က ဖေဖေ ပြောပြ တဲ့ နည်းလား
ခင် ဗျားတို့ ယုတ်မာ ကောက် ကျစ် မဲခိုးနည်းက ရိုးနေပြီ
၂၀၁၅ ဒီစနစ် ပုံဟောင်းတွေလာမရိုက်နဲ့ ပြည်သူတွေ မအဘူး
ခင် ဗျားတို့ ယောင်္ကျားတွေပဲ ရဲရဲဝံ့ဝံ့ ယှဉ်ပြိုင်ပါလား
ကြောက်နေ ရင် ပုဆိုးမဝတ်နဲ့ ကျုပ် မြတ်နိုးမေ ရဲ့ထမီ အ ဟောင်း
တွေ ခင် ဗျားတို့ပါတီက လူတွေနဲ့ ဝန်ကြီးတွေကို ပေးမယ်
Photo credit...ခွပ်ဒေါင်းကြယ်ဖြူ
 May Thin Gyan
Andrew Myo Aung-----
အနည်းအများပေါ် မူတည်ပြီး ဆုံးဖြတ်မှာလား ။
ရာဇ ကုမာရ -----
ကန့်ကွက်စာ ၅သောင်းဟတ်လား စာမဖွဲ့လောက်ပါဘူး ပြောင်သိန်းလင်းရာ
ထောက်ခံစာ ဘယ်နှစ်သိန်းလိုချင်လဲဆိုတာသာပြော...
ဒီမို ဖက်တီး
အဲသည် အခွက်ကြီးကို မှတ်မိသေးလား ၊ တရုတ်သတင်းစာတစ်ခုနဲ့ အင်တာဗျူး မှာလေ
 ပြည်ခိုင်ဖြိုးက မြစ်ဆုံကို ဆက်လုပ်ချင်ပါတယ် ။ ဦးသိန်းစိန် ရဲ့ မြစ်ဆုံကို ရပ်ဆိုင်းမှုဟာ
 ပါတီရဲ့ ဆန္ဒမဟုတ်ရဲ့ဘူး ဆိုပြီးတော့ ရေးကြတာလေ ....
အခြေအနေမဟန်တော့ ဖွတ်ဖာတွေက ၀င်ဖာကြတာလေ ၊
ဘာတဲ့ မြန်မာ-အင်္ဂလိပ်-တရုတ် ဘာသာပြန်ဆိုရာမှာ အဓိပ္ပါယ်လွဲသွားတာပါ
ဆိုပြီးတော့...
ဇန်နဝါရီလ ၄ ရက်နေ့ကို အလကားမဖြစ်စေချင် ၊ ဦးသန်းရွှေ ဆင်ထားတဲ့ ထောင်ချောက်ထဲ မကျစေချင် ၊
Hawdeka Khalaylay
(နေပြည်တော်အထူးသတင်း)
ပုဒ်မ ၁၈ ကို ပြင်ဖို့ ဥပဒေကြမ်းတောင်ထွက်နေပါပြီ ၊
ဒီဇင်ဘာ ၁၃ ရက်နေ့က မြန်မာနိုင်ငံတော်ပြန်တမ်း အတွဲ၆၆ အမှတ်၅၀ မှာ ပါပြီးသားကြီးပါ ၊
http://www.moi.gov.mm/ppe/node/946 အဲဒီလင့်ကနေ စာမျက်နှာ ၃၄ နဲ့ ၃၆ မှာကြည့်ပါ ၊
ဒီတစ်ခေါက်လုပ်မယ့် လွှတ်တော်မှာ အဲဒီမူကြမ်းကို အတည်ပြုဖို့ လုပ်ပြီးသားလို့ သိရပါတယ် ၊
ပုဒ်မ ၁၈ ကို ဖျက်သိမ်းဖို့ အထူးအထွေ ဘာမှ ထပ်လုပ်စရာမလိုတော့ပါဘူး ၊
ဦးသန်းရွှေက နိုင်ငံရေးလှည့်ကွက်တစ်ခုဆင်ထားပါတယ် ၊
အဲဒါက အန်အယ်ဒီ နဲ့ ၈၈ ကို သွေးခွဲဖို့ပါ ၊
အန်အယ်ဒီက ၂၈ ရက်နေ့မှာ ဗဟိုကော်မတီ အစည်းအဝေးလုပ်ပြီး ဖွဲ့စည်းပုံအတွက်ပြင်ရေးအကြံပြုချက်များကို လွှတ်တော်ကော်မတီသို့ပေးပို့ပါမယ် ၊
ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ မြန်မာနိုင်ငံရဲ့ အသက်လို အရေးကြီးတဲ့အတွက် ဒီအချိန်မှာ အားလုံးဟာ အန်အယ်ဒီ နဲ့ တစ်သံတည်းဖြစ်နေဖို့လိုပါတယ် ၊
အန်အယ်ဒီက ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အခရာကျတဲ့ အချက်တွေကို လွှတ်တော်ကော်မတီကို တင်လိုက်တဲ့ အချိန်မှာ ၈၈ နဲ့ အရပ်ဖက် အဖွဲ့ ၆၀ လောက်က တခြားဟာတွေ ကို တောင်းဆိုနေရင် လူရီစရာကြီးဖြစ်နေပါတယ် ၊
အမ်ပီစီ ဆိုတဲ့ အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်မပါတဲ့ တတိယနိုင်ငံရေးအင်အားစု ဆိုတာကို လုပ်နေတာကြာပါပြီ ၊ ဒါ နောက်ကွယ်က ဦးသန်းရွှေ ရဲ့ အကြံပါ ၊
ဇန်နဝါရီ ၄ ရက်မှာ ၈၈ခေါင်းဆောင်တဲ့ အရပ်ဖက် အဖွဲ့ ၆၀ လောက်က အန်အယ်ဒီ နဲ့ အသံမတူပဲ ထွက်လာခဲ့ရင် ဒါဟာ မြန်မာ့နိုင်ငံရေးသမိုင်းမှာ အမဲစက်ကြီးဖြစ်စေပါလိမ့်မယ် ၊
ဇန်နဝါရီလ ၄ ရက်နေ့ အာရုဏ်တက်အချိန်မှာ ဦးသန်းရွှေက ပထမယတြာချေပါလိမ့်မယ် ၊ ဘယ်နေရာမှာ ဘာလုပ်မယ်ဆိုတာ စုံစမ်းဆဲပါ ၊
အဲဒီနေ့အတွက် ဦးသန်းရွှေ ရဲ့ ဒုတိယ ယတြာက ၈၈ နဲ့ အဖွဲ့ ၆၀ ရဲ့ ဆန္ဒပြပွဲခေါင်းစဉ်တွေပါ ၊ ဦးသန်းရွှေ ရဲ့ တတိယ ယတြာကတော့ ည ၈ နာရီသတင်းမှာ ကြေညာဖို့ ဖြစ်ပါတယ် ၊
ဇန်နဝါရီလ ၄ ရက်နေ့ ဆန္ဒပြပွဲမှာ အန်အယ်ဒီ နဲ့ တစ်သံတည်း ရှိအောင်နေပေးကြပါ ၊ မျက်စိမလည်ကြပါနဲ့ ၊ အသုံးချခံ မဖြစ်စေကြပါနဲ့ ၊
မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ချန်ထားလို့ မရနိုင်ပါဘူး ၊
တလက်စာထဲ ပြောပါရစေ ၊ ၂၀၁၅ မှာ ဦးသန်းရွှေ ဝှက်ဖဲအဖြစ် အသုံးချမယ့် သမ္မတလောင်းကတော့ ကျနော်တို့ အစ်ကိုကြီး ၈၈မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင်ပဲဖြစ်ပါတယ် ၊
အားလုံး ညီညွတ်ကြပါ ၊ သွေးခွဲ မခံကြပါနဲ့ ၊ ဇန်နဝါရီလ ၄ ရက်နေ့ကို အလကားမဖြစ်စေချင် ၊ ဦးသန်းရွှေ ဆင်ထားတဲ့ ထောင်ချောက်ထဲ မကျစေချင် ၊
(နေပြည်တော်သတင်းရပ်ဝန်းမှ ပေးပို့လာသော အထူးသတင်းဖြစ်သည်)
သန်းခေါင်းစာရင်းစစ်တာကို အသုံးချပြီး မြန်မာနိုင်ငံသားဖြစ်ခွင့်ပေးတော့မယ်
Hawdeka Khalaylay
သန်းခေါင်းစာရင်းစစ်တာကို အသုံးချပြီး ခိုးဝင်နေထိုင် စီပွားလုပ်ကိုင်နေတဲ့ တရုတ်တွေ ကုလားတွေ မြောက်ကိုရီးယားတွေကို မြန်မာနိုင်ငံသားဖြစ်ခွင့်ပေးတော့မယ်
(နေပြည်တော်သတင်း)
သန်းခေါင်းစာရင်းစစ်တာကို အသုံးချပြီး ခိုးဝင်နေထိုင် စီပွားလုပ်ကိုင်နေတဲ့ တရုတ်တွေ ကုလားတွေကို မြန်မာနိုင်ငံသားဖြစ်ခွင့်ပေးတော့မယ် ဟု နေုပြည်တော်သတင်းရပ်ဝန်းမှ ပေးပို့လာပါတယ် ၊
သန်းခေါင်းစာရင်းစစ်တဲ့ လုပ်ငန်းစဉ်တွေမှာ ပိုင်ဆိုင်မှုဆိုင်ရာမေးခွန်းတွေကို ထည့်သွင်းမေးမြန်ခြင်းအားဖြင့် လျှို့ဝှက်စီမံကိန်းအသွင်ဆောင်ကာ ပွင့်လင်းမြင်သာမှု နိုင်ငံတကာစောင့်ကြည့်မှုတွေကို နှစ်ပေါက်တစ်ပေါက်ရိုက်မည့်ပုံရှိနေပါတယ် ၊
သန်းခေါင်းစာရင်း စစ်တာနဲ့ အတူ နိုင်ငံတကာအဆင့်မီနိုင်ငံသား စိစစ်ရေးကတ်များ ပြုလုပ်ခြင်းဆိုတာကလည်း တွဲပါလာပါတယ် ၊
မြန်မာတစ်နိုင်ငံလုံးစာအတွက် အင်တာနေရှင်နယ်လယ်ဗယ် အိုင်ဒီကတ် ကို အခမဲ့ ဆောင်ရွက်ကူညီပေးဖို့ ဂျပန်နိုင်ငံက ကမ်းလှမ်းထားတယ်လို့သိရပါတယ် ၊
ဂျပန်နိုင်ငံ ရဲ့ ကမ်းလှမ်းချက် နောက်ကွယ်မှာ ပွင့်လင်းမြင်သာမှုရှိမှု နဲ့ အချက်အလက်များကို အတုအယောင် ပြူပြင်ထားသလား ပြန်လှန်စစ်ဆေးခွင့်ရှိမှု စတာတွေ ပါဝင်နေပါတယ် ၊
လဝက ဝန်ကြီးဌာနက ဂျပန်နိုင်ငံရဲ့ ကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်ပြီး တရုတ်ပြည်ထုတ်စက်များကို အသုံးပြုသွားမယ်လို့ သိရပါတယ် ၊
ပွင့်လင်းမြင်သာမှုမရှိအောင် တမင်ဖန်တီးထားတဲ့ အချက် နဲ့ နိုင်ငံသားကတ်အသစ်များကို တရုတ်လုပ်စက်များနဲ့ အသုံးပြုမယ်ဆိုတာတွေက သံသယရှိဖွယ် အကောင်းဆုံးအချက်အလက်များ ဖြစ်ပါတယ် ၊
သန်းခေါင်စာရင်းကောက်ယူတယ်ဆိုတာဟာ အားလုံးနဲ့ဆိုင်တဲ့ အလုပ်ပါ ၊ ပွင့်လင်းမြင်သာမှု လုံးဝ ရှိရပါမယ် ၊
(နေပြည်တော် သတင်းရပ်ဝန်းမှ ပေးပို့လာသောသတင်းဖြစ်သည်)
မြန်မာမိန်းကလေးများနင့် တရုတ်နိုင်ငံ၏လိုအပ်ချက်
December 21, 2013 at 5:55pm
ထွန်းအောင်ကျော် (၇၄)
၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက် သောကြာနေ့ထုတ် ရန်ကုန်တိုင်း (မ) နေ့စဉ်သတင်းစာမှာပါတဲ့ ကျွန်တော့်ဆောင်းပါး - မြန်မာမိန်းကလေးများနင့် တရုတ်နိုင်ငံ၏လိုအပ်ချက်
စက်တင်ဘာလ ၅ ရက်နေ့ထုတ် ယူကေမှ Telegraph (တယ်လီဂရပ်) အွန်လိုင်းသတင်းစာက “မြန်မာ မိန်းကလေးများအား တရုတ်သတို့သမီးများအဖြစ် အတင်းအကြပ်စေခိုင်းခံရခြင်း” (Burma’s women forced to be Chinese Brides) အမည်နှင့် သတင်းဆောင်းပါးတစ်ပုဒ်ကို ရွှေလီမြို့မှနေ၍ ဒေးဗစ်အီမာ (David Eimer) ဆိုသူ ရေးသားလိုက်သည့် သတင်းကို ဖတ်ရှုလိုက်ရပါသည်။
သူ့ဆောင်းပါး အတိုချုပ်ကို ကောက်ရလျှင် တရုတ်ပြည်ကြီး၏ “ကလေးတစ်ယောက်ပေါ်လစီ” အရ တရုတ် မိသားစုများ ကလေးတစ်ယောက် ရပြီးလျှင် ဆရာဝန်က အလိုအလျောက် သားကြောဖြတ်လိုက်သဖြင့် တရုတ်မိသားစုများ မိန်းကလေးထက် ယောက်ျားလေးကိုသာ ရအောင် ကြိုးစားယူကြသဖြင့် ယောက်ျား ဦးရေနှင့် မိန်းမဦးရေ အချိုးအစား ကွာဟမှု ဖြစ်လာခဲ့သည်။ ခန့်မှန်းချေအရ ယောက်ျားလေး ၁၂၀ ဖွားမြင်တိုင်း မိန်းကလေး ၁၀၀ ခန့်သာ ဖွားမြင်သည့်အတွက် တရုတ်လူမှုရေးသိပ္ပံအကယ်ဒမီမှ ထုတ်ပြန်သည့် ခန့်မှန်းချက်အရ ၂၀၂၀ ခုနှစ်တွင် တရုတ်ယောက်ျား ၂၄ သန်းတို့အတွက် လက်ထပ်ယူနိုင်မည့် မယားမရှိဟူ၍ ဖြစ်သည်။
တရုတ်၏ ထို “ကလေးတစ်ယောက်ပ်ါလစီ” အရ ယောက်ျားမိန်းမ အချိုးအစားမညီမျှမှုကြောင့် မိန်းမရှားပါးမှုဒဏ်ကို တရုတ်နိုင်ငံသည် ခံစားနေသည်။ ထိုလိုအပ်ချက်ကို တရားဝင် စေ့စပ်ကြောင်း လမ်းခြင်းဖြင့် လက်ထပ်ယူနိုင်သော သူများရှိသော်လည်း၊ ထိုနည်းလမ်းဖြင့် မရနိုင်သူများက တရားဥပဒေဘောင်အပြင်မှ နည်းလမ်းများကို အသုံးချလာကြသည်ဟု ယူနက်စကို၊ ဘန်ကောက်ရုံးမှ HIV/ AIDS နှင့် လူကုန်ကူးမှုပပျောက်ရေးတာဝန်ခံ ဒေးဗစ်ဖင်းဂိုးလ် (David Feingold) က ဆိုသည်။ သူသည် ၂၀၀၃ ခုနှစ်က ထုတ်လုပ်ခဲ့သော မိန်းမရောင်းဝယ်ရေးအကြောင်း ရိုက်ကူးခဲ့သည့် ဒါရိုက်တာဖြစ်သည်။
တရုတ်နိုင်ငံတွင် သတို့သမီး (မယား) အဖြစ် အတင်းအကြပ် စေခိုင်းခြင်းခံရသူ မိန်းကလေးအများစု လာရာနိုင်ငံသည် မြန်မာနိုင်ငံဖြစ်သည်ဟု သူကဆိုသည်။
ဒေးဗစ်က ဗုဒ္ဓဘာသာဝင်များလည်းဖြစ် စစ်အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်နေသူများလည်းဖြစ်သော ဂေါက်သီးရိုက်ရာတွင်လည်း အလွန်အထုံဝါသနာပါသော မြန်မာစစ်ဗိုလ်ချုပ်များသည် မြန်မာနိုင်ငံရှိ အမျိုးသမီးများ တရုတ်နိုင်ငံသို့ အရောင်းစားခံရခြင်း၏ အဓိကတရားခံများအဖြစ် ထောက်ပြခဲ့သည်။
လွန်မင်းစွာ ဖိနှိပ်အုပ်ချုပ်မှုကြောင့် ပြည်သူများ ငတ်မွတ်ခေါင်းပါးလာပြီး စီးပွားရေး လွန်မင်းစွာ နိမ့်ကျလာမှုကြောင့် မြန်မာမိန်းကလေးများ လူအရောင်းအဝယ်ပွဲစားများ၏ ဈေးကွက်တွင်းသို့ ကျရောက်လာရသည်ဟု ထောက်ပြခဲ့သည်။ စီးပွါးရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အစစအရာရာ နိမ့်ကျမှုကြောင့် ကုန်ထုတ်လုပ်မှု ကျဆင်းလာပြီး အစာရေစာရှားပါး ပြတ်လတ်မှုကိုပါ ကြုံတွေ့လာရသည့်အတွက် မြန်မာနိုင်ငံမှ အမျိုးသမီးများ အစာရေစာရှာရန်အတွက်လည်းကောင်း၊ မိသားစုထောက်ပံ့ရန်အတွက်လည်းကောင်း တရုတ်နိုင်ငံသို့ ထွက်ကြသည့်အခါ လူပွဲစားများ၊ ပြန်ပေးသမားများ လက်တွင်းသို့ သက်ဆင်းကြရသည်ဟုဆိုသည်။ မြန်မာပြည်မှအမျိုးသမီးအများစုမှာ တရုတ်နိုင်ငံသို့ လူကုန်ကူးသူများ၏ ပို့ခြင်းခံရပြီးနောက် အတင်းအကြပ် မယားအဖြစ် ပေါင်းသင်းခံရခြင်းနှင့် အဆုံးသတ်သွားကြရသည်ဟု သူကဆိုသည်။
တရုတ်ပြည်တွင် ခိုးသွင်းလာသောအမျိုးသမီးတယောက်၏တန်ဖိုးသည် ယွမ် ၆၀၀၀ နှင့် ၄၀,၀၀၀ အထိ ရှိပြီး သူမ၏ အချိုးအစား၊ အသက်၊ အသားအရည်၊ မျက်နှာသွင်ပြင်ကောင်းလျှင် ကောင်းသလောက် ဈေးပေးခံရသည်။ စတာလင်ပေါင်နှင့် ၅၆၀ မှ ပေါင် ၃၇၅၀ အထိ ဈေးပေါက်သည်။
ယိုးဒယားအခြေစိုက် ကချင်အမျိုးသမီးအဖွဲ့မှ ထုတ်ပြန်ချက်တွင် ရောင်းစားခံရသော မြန်မာမိန်းကလေးများ၏ ၂၅% သည် အသက် ၁၈ နှစ်အောက်ဖြစ်သည်ဟုဆိုသည်။ “ယောက်ျားတွေက သူတို့အတွက် ကလေးမွေးပေးနိုင်မဲ့ ကျန်းမာသန်စွမ်းပြီး အသက်အရွယ်ငယ်တဲ့ မိန်းကလေးတွေ လိုလားသည်” ဟု ယူနန်ပြည်နယ်ရှိ ကဝပ်လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့(Kwat’s anti-trafficking programme in Yunan Province) ခေါင်းဆောင် ဂျူလီယာမရစ် (Julia Marip)ကဆိုသည်။ “မိန်းကလေးတွေကို ကလေးမွေးပေးဖို့ စက်တစ်ခုလိုပဲ သဘောထားကြတယ်” ဟု သူက မှတ်ချက်ပေးခဲ့ပါသည်။
ဤဆောင်းပါးအစကို မြန်မာပြည်မှ ၁၂ နှစ်သမီးအရွယ်တွင် ပြန်ပေးဆွဲခံရသည့်ကလေးမ “အပ” (တိုင်းရင်းသူဖြစ်ပုံရသည်) နှင့်စပြီး ၎င်းကို တရုတ်မိသားစုတစုထံတွင် ပြန်ပေးဆွဲသူများက ရောင်းစားခဲ့ပြီး ၎င်းတို့၏ အသက် ၂၀ အရွယ် သားနှင့် ပေးစားရန် ကြံစည်ခဲ့သော်လည်း နောက်ဆုံး ၃ နှစ်အကြာ တရုတ်ပုလိပ်များက မှတ်ပုံတင်စစ်ဆေးသည့်အခါတွင် သူသည် နိုင်ငံခြားသူဖြစ်ကြောင်း ပေါ်လွင်သွားပြီး မြန်မာပြည်သို့ ပြန်ခွင့်ရခဲ့ခြင်းဖြစ်သည်ဟု အဆုံးသတ်ထားသည်။ မြန်မာမိန်းကလေးများကို ဈေးလယ်တွင် ဝတ်ကောင်းစားလှများကို ဝတ်ဆင်စေပြီး မိတ်ကပ်ခြယ်သလျက် ဗြောင်လေလံတင် ရောင်းချသည့် နေရာများလည်းရှိကြောင်း ထိုဆောင်းပါးတွင် ရေးသားထားသဖြင့် တုန်လှုပ်ချောက်ခြားစရာ သူတို့ဘဝကို ကိုယ်ချင်းစာမိခဲ့ပါသည်။ ၂၁ ရာစု ခေတ်မီတိုးတက်နေသော လူ့သမိုင်းသည် တစ်ပတ်လည်၍ ကျွန်ရောင်းကျွန်ဝယ်စနစ်ဆီသို့ ပြန်ရောက်နေပြီလားးဟု မေးခွန်းထုတ်ရတော့မလို ဖြစ်နေပါသည်။
နိဂုံးအားဖြင့် ချုပ်၍ ပြောရလျှင် မြန်မာနိုင်ငံသည် အာရှနိုင်ငံများကြားတွင် လွတ်လပ်ရေး ရခါစမှ ၁၉၆၂ ခုနှစ် မတိုင်မီအထိ အရှေ့တောင်အာရှ၏ ကြယ်တစ်ပွင့်၊ အာရှတိုက်၏ စပါးကျီ ဝမ်းဗိုက်ဟု တင်စားခေါ်ခံရသည့် ဆန်စပါးအထွက်ဆုံး နိုင်ငံဘဝ၊ အိမ်နီးးချင်းနိုင်ငံများ၏ အားကျလေးစား လောက်သော အဆင့်မြင့်တက္ကသိုလ် ပညာတတ်များ မွေးထုတ်ရာ ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ကြီး ရှိသည့် အရှိန်အဟုန် ကြီးခဲ့သော နိုင်ငံဘဝမှ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဘဝသို့ ၁၉၈၇ ခုနှစ်တွင် ကျရောက်သွားခဲ့ရခြင်းနှင့် ကမ္ဘာက ဖိနှိပ်မှု အပြင်းထန်ဆုံး၊ လူ့အခွင့်အရေး အချိုးဖောက်ဆုံး နိုင်ငံအဖြစ် အပြစ်တင်ခံခဲ့ရခြင်းမှာ စစ်အာဏာရှင်စနစ်ကြောင့် ဖြစ်သည်။ ယခင်က ယိုဒယားနိုင်ငံကို မြန်မာပြည်သားများက “ဖာနိုင်ငံကြီး” ဟူ၍ အထင်သေးအမြင်သေးရှုံ့ချကြသည်။ ယနေ့ အိမ်နီးခြင်း ယိုးဒယားနိုင်ငံ၊ တရုတ်နိုင်ငံ၊ ကုလားပြည်တို့တွင်ရှိသော ဖာအများစုသည် မြန်မာနိုင်ငံမှ အမျိုးသမီးများဖြစ်သည်။ မြန်မာပြည်တွင်း၌လည်း တရားမဝင်ဖာများ သောင်းနှင့်ချီ၍ မြို့နယ်၊ တိုင်းအလိုက် အနှိပ်ခန်းများ၊ ကာရာအိုကေ နိုက်ကလပ်များတွင်ရှိနေကြပြီ ဖြစ်သည်။ ယခင်စစ်အာဏာရှင်များ၏ အတ္တစွဲကြီးမားလွန်းမှုကြောင့် လူမျိုးဂုဏ်သိက္ခာကို တန်ဖိုးထားသောနိုင်ငံဘဝမှ ဂုဏ်သိက္ခာသည် ကင်းမဲ့သော ဖာနိုင်ငံဘဝသို့ ရွေ့လျှောရောက်ရှိလာခြင်းကို မြန်မာပြည်ရှိ မည်သူကမျှ မတားဆီးနိုင်ခဲ့ပါ။
တရုတ်ပြည်ရှိ မယားလိုအပ်မှုအရ ရောင်းစားခံရသောမိန်းကလေးများတွင် လူချမ်းသာပညာတတ် တရုတ်များ၏ မယားဖြစ်ဖို့ထက် တရုတ်လယ်သမားများ၏ အဖြည့်ခံအလုပ်ကျွန်မယားဖြစ်ဖို့က များပါသည်။ ထိုမိန်းကလေးများသည် ထိုသူ၏သွေးသားဖြည့်ဆည်းပေးရာ မယားအဖြစ်လည်းကောင်း၊ မိမိကာမကို ဝယ်ယူထားသူ၏ မိဘဖြစ်သူ၏ အစေခံအဖြစ်လည်းကောင်း အလုပ်အကျွေးပြုရင်း အနှိပ်စက်ခံပြီး နေထိုင်ရသည်၊ မိမိဘယ်နေရာရောက်နေသည်၊ ဘယ်သူကို အကူအညီတောင်းရမည်ကို မသိကြချေ။ တရုတ်မိသားစု၏ အိမ်ကျွန်လုပ်ရင်း လွတ်လမ်းမမြင်သည့်အခါ မိမိကိုယ်ကိုယ် အဆုံးစီရင်သွားတတ်ကြသည်။ လယ်ယာသုံးပိုးသတ်ဆေးသောက်၍ အဆုံးစီရင်ခြင်းကို အများဆုံး အသုံးပြုခြင်းဖြင့် ကြွေကွဲစွာ ဘဝကို အဆုံးသတ် သွားကြရသည်။
တရုတ်ပြည်သည် မြန်မာပြည်ကို လူမျိုးအရ ဝါးမြိုမည်ဆိုသည်မှာ စိတ်ကူးယဉ် မဟုတ်ချေ။ မြန်မာပြည်ရှိ ဝနယ်မြေ၊ ကချင်နယ်မြေ၊ ရှမ်းနယ်မြေတို့တွင် တရုတ်ပြည်မှ တရွေ့ရွေ့ ပြောင်းလာသူများ ၁၉၈၈ ခုနှစ် နောက်ပိုင်းအနေနှင့်ပင် သန်းချီ၍ ရှိနေပြီဖြစ်သည်။
ထို့အပြင် တရုတ်ပြည်၏ မိန်းကလေးလိုအပ်ချက်သည် တစ်နှစ်ထက်တစ်နှစ် တိုးပွားများပြားလာမည်မှာ မြေကြီး လက်ခတ်မလွဲ ဖြစ်သည်။ ထိုလိုအပ်ချက်ကို ဖြည့်ဆီးပေးရမည့် အဓိကနိုင်ငံမှာ မြန်မာနိုင်ငံ ဖြစ်နေပြန်သည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံကို မှီခိုနေရသည့် အဆင့်သို့ တရွေ့ရွေ့ ကျရောက်လျက်ရှိသောကြောင့်ဖြစ်သည်။
(၁) ကချင်ဒေသတွင် စစ်ဖြစ်နေခြင်းကို ကြားဝင်ဖြန်ဖြေသူအဖြစ် ပါဝင်နာမည်ကောင်းယူခဲ့သော်လည်း နောက်တစ်ကြိမ် ဆွေးနွေးပွဲတွင် အမေရိကန်နှင့် ကုလမဂ္ဂတို့မှ စောင့်ကြည့်လေ့လာသူများအဖြစ် ပါဝင်လာရန် အဆိုပြုခြင်းကို တရုတ်အစိုးရက ကန့်ကွက်ခဲ့သည်။ ထိုသို့ ကန့်ကွက်ခဲ့ခြင်းသည် တရုတ်အစိုးရ၏ နိုင်ငံခြားရေးပေါ်လစီဖြစ်သော သူများပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မရှိစေရဆိုသည့်မူကို ဖြောင်ချိုးဖောက်၍ ကချင်ဒေသ၏ ငြိမ်းချမ်းရေးကို ဝင်ရောက်တားဆီးလိုက်သည်နှင့် တူပေသည်။
(၂) မြန်မာနိုင်ငံသည် ဆင်းရဲမွဲတေနေသော နိုင်ငံဖြစ်သဖြင့် မိမိထက် ချမ်းသာသော တရုတ်နိုင်ငံက သစ်လိုလျှင် သစ်၊ ကျောက်လိုလျှင်ကျောက်၊ ဓါတ်ငွေ့လိုလျှင် ဓါတ်ငွေ့၊ ကြေးနီလိုလျှင် ကြေးနီ၊ လျှပ်စစ်လိုလျှင် လျှပ်စစ်။ နောက်ဆုံး မိန်းမလိုလျှင် မိန်းမ ပေးကိုပေးရတော့မည်ဖြစ်သည်။
လာမည့် ၂၀၂၀ ခုနှစ်တွင် လူပျိုလူလွတ် တရုတ်ယောက်ျား ၂၄ သန်းသည် ၎င်းတို့၏ သွေးသား ကာမဖြေဖျောက်ရန်အတွက်လည်းကောင်း၊ မျိုးပွားရန်အတွက်လည်းကောင်း၊ ဈေးချိုချိုနှင့် ရနိုင်သော မြန်မာပြည်မှ အမျိုးသမီးလေးများကို ဦးလှည့်လာပေလိမ့်မည်။ လူပွဲစားများအတွက် အလွန်ကြီးမားသော “သတို့သမီးဈေးကွက်”သည် တားဆီးနေသည့်ကြားမှ မလွဲမသွေ ပိုမိုကြီးမားလာမည်မှာ မြေကြီးလက်ခတ် မလွဲပင် ဖြစ်သည်။ တရုတ်ပြည်ကြီးတွင် ပြည့်တန်ဆာများကို အစိုးရမှ တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ ရပ်ကွက်ဖွင့်၍ တိုးပွားလာသော လူလွတ်ယောက်ျားများ အာသာဆန္ဒကိုမပေါက်ကွဲစေရန် ထိန်းချုပ်ဖို့ လုပ်ဆောင်ကောင်းလုပ်ဆောင် လာနိုင်ဖွယ်ရှိသည်။ ထိုသို့ လုပ်လာပါက ယိုးဒယားနိုင်ငံတွင် မြန်မာတိုင်းရင်းသူအများစု “ဖာ” ဖြစ်နေသည့်နည်းတူ၊ ၎င်းတရုတ်ဖာခန်းများတွင်လည်း မြန်မာအမျိုးသမီးများအများစုသာ ဖာအဖြစ် တွေ့မြင်ရနိုင်ဖွယ်ရှိပေသည်။
ထိုအဖြစ်ကို ကာကွယ်ရန်မှာ မြန်မာနိုင်ငံသည် တရုတ်၏ အမှီအခိုကင်းသော နိုင်ငံဖြစ်ရန် လိုအပ်ပေသည်။ ဒီမိုကရေစီနည်းကျ လွတ်လပ်သော နိုင်ငံအဖြစ် မထူထောင်နိုင်လျှင် စစ်ကျွန်ဘဝမှနေ၍ တိုင်းတစ်ပါး အိမ်နီးချင်း တရုတ်ကျွန်ဖြစ်ရန် လက်တစ်ကမ်းသာလိုတော့ကြောင်း မျိုးချစ်မြန်မာများ၊ အထူးသဖြင့် တိုင်းချစ်ပြည်ချစ်စိတ်ရှိသော တပ်မတော် ဗိုလ်ချုပ်၊ အကြပ်တပ်သားများကို သတိပေးနှိုးဆော် လိုက်ပါသည်။ ယနေ့ မြန်မာပြည်ကြီးကို ကယ်တင်ရန် မျိုးချစ်စိတ်ရှိသော ဗိုလ်ချုပ်၊ ဗိုလ်မှူး၊ ဗိုလ်ကြီး၊ အကြပ်တပ်သားများ ပူးပေါင်းပါဝင်မှုရှိဖို့ အထူးလိုပါသည်။ ပြိုင်တူတွန်းလျှင်ရွေ့နိုင်ပါသည်။
မှတ်ချက်။ ပြည့်တန်ဆာဟု မသုံးဘဲ “ဖာ” ဟု သုံးနှုန်းရခြင်းမှာ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းအရ “ဖာသည်နိုင်ငံကြီးဖြစ်သွားမှာပဲ” ဆိုသည့် စကားကို အမှတ်ရစေလို၍ ဖြစ်ပါသည်။ ဖာနိုင်ငံကြီး ဖြစ်အောင် ဘယ်သူတွေက လုပ်နေကြသနည်း။
အားလုံးကိုလေးစားလျက်
ထွန်းအောင်ကျော် (၇၄)
ပါမောက္ခချုပ် လက်မှတ် မပါ ဘဲ ပေးအပ် ခဲ့ သော ဘွဲ့ နှင်း သဘင်
Maung Yoe