Saturday, December 28, 2013

မြစ်ဆုံမှပေးသော သင်ခန်းစာများ


 ငရဲ သား
 -----------------------------------
အစိုးရနဲ့ တရုတ်က ပဏာမ စာချုပ် ချုပ်တယ်။ မြစ်ဆုံ စီမံကိန်း စတင်စဉ်က ကေအိုင်အေက အစိုးရ၊ တရုတ် နှစ်ဖက်စလုံးကို စာပို့ကန့်ကွက်တယ်။ မြစ်ဆုံ စီမံကိန်းဝင်းထဲမှာ ဗုံးတွေ ဆက်တိုက်ကွဲတယ်။ အဲဒီတုန်းက မြောက်ပိုင်းတိုင်း တိုင်းမှူး (အခု ဒု-ကာချုပ်) စိုးဝင်း ကေအိုင်အေနဲ့ ဆွေးနွေးရတယ် ...။ အစိုးရသစ် ခေတ်ဦးမှာ BANCA ရဲ့ မြစ်ဆုံဒေသကို ကွင်းဆင်းစစ်ဆေးပြီး စီမံကိန်းမလုပ်သင့်ကြောင့် သုံးသပ်ထားတဲ့ EIA report နှင့် ပွဲစားခများ ပါဝင်ကြောင်း အချက်အလက်များ ပေါက်ကြားပြီး မြစ်ဆုံကို အသည်းအသန် ကန့်ကွက်ကြတယ် ...။ မြစ်ဆုံကို ယူနန် ပြည်နယ် အစိုးရ လက်အောက်ခံ CPI ကုမဏီဖြင့် သဘောတူ ကြောင်း ပဏာမ လက်မှတ်ထိုးသည်မှာ ကူမင်းကောင်စစ်ဝန် ဦးသန်းရွှေ သားမက် ဇော်ဖြိုးဝင်းဖြစ်ကြောင်း ပွဲစားမှာ Asia World ဦးထွန်းမြင့်နိုင်ဖြစ်ကြောင်း အထောက်အထားများ ထွက်ပေါ်လာတယ်။ အထောက်အထားများအရ ဆည်ရေသောက် ဧရိယာ မိုင် (၅၀) ပတ်လည်က သဘာဝ သယံဇာတတွေ အကုန်ပြောင်တယ်။ အင်ကြင်းကျောက် များ၊ သစ်ပင်ကြီးများအား အမြစ်က တူးပြီး တရုတ်ကို ပို့ကြသလို သင်းခွေခြပ်ပါ မကျန် ချက်စားကြတယ်။ အထောက်အထားတွေ ပေါ်လာချိန်မှာ လျှပ်စစ် (၁) ၀န်ကြီးက မြစ်ဆုံကို မည်သူတားတား ဆက်လုပ်မည်ဖြစ်ကြောင်း ကြေညာတယ်။ နောက်တော့ ကန့်ကွက်မှုတွေ များပြားလာတဲ့အတွက် သမ္မတက သူ့သက်တမ်း အတွင်း မြစ်ဆုံးကို ရပ်ဆိုင်းကြောင်း ကြေညာတယ်။ မြစ်ဆုံကို ရပ်ဆိုင်းလိုက်တဲ့ အကျိုးဆက်အဖြစ် တရုတ်အစိုးရက တရုတ်ရတနာကုန်သည်တွေကို ငွေထုတ်မချေးတဲ့အတွက်ကြောင့် အားထားနေရသော မြန်မာ့ ကျောက်စိမ်းလုပ်ငန်းဈေးကွက် လုံးဝပျက်စီးသွားသလို နှစ်လည် ကျောက်မျက်ရတနာ ပြပွဲများ နေပြည်တော်တွင် နှစ်ကြိမ်ခန့် ပြသရောင်းချမှု ရပ်ဆိုင်းခဲ့ရတယ်။ နစ်နာမှုအတွက် အနည်းဆုံး ဒေါ်လာ သန်းငါးရာမှ တစ်ထောင်ခန့် နစ်နာခဲ့ရတယ်။ မကြာမီမှာပဲ ကျောက်ဖြူ ကူမင်း သဘာဝဓါတ်ငွေ့ ပိုက်လိုင်းကို ယခင်က ချုပ်ဆိုခဲ့တဲ့ စာချုပ်များအရ စတင်အကောင်အထည်ဖော်လာတယ်။ တရုတ်ကို အများစု တင်ပို့ မယ့် တာပိန် ရေအားလျှပ်စစ် စီမံကိန်း နယ်မြေစိုးမိုးမှုကို အကြောင်းပြုပြီး နောက်ပိုင်းမှာ ကေအိုင်အေနဲ့ တပ်မတော် တိုက်ပွဲတွေ စတင်ဖြစ်ပွားပြီး ၁၇ နှစ်ကြာ ငြိမ်းချမ်းရေး ပျက်ပြားတယ် ..။ ကျောက်ဖြူကူမင်း သဘာဝဓါတ်ငွေ့ပိုက်လိုင်း လမ်းကြောင်းကျရာနေရာတွေမှာ အထူးခြားဆုံးအဖြစ်၊ ကေအိုင်အေအပါအ၀င် တအောင်းပလောင်၊ SSA အစရှိသော တိုင်းရင်းသားလက်နက်ကိုင်များနှင့် အစိုးရတပ်များအကြား တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်ပွားပြီး နှစ်ဖက်စစ်သားတွေ သေကြေကြတယ်။ (မြေပုံအရ) CPI က မြစ်ဆုံကို ဆက်လုပ်မယ် ကြေညာသလို မြန်မာအစိုးရ က တောက်လျောက်ပြောနေသလို နှစ် (၃၀) မဟုတ်ပဲ နှစ် (၅၀) ဖြစ်ကြောင်း (Undertable) ငွေများ ကျွံထားကြောင်း သတင်းစာရှင်းလင်းပွဲ တချို့မှာ ပြောကြားလာတယ်။ အရိုးသာသာကိုက်နေရသော နိုင်ငံအတွက် အကျိုးအမြတ် မသေချာတဲ့ လက်ပံတောင်းတောင် ကိစ္စအား နိုင်ငံအတွက် ၆၀ ရာနှုန်းခန့် အကျိုးအမြတ်ရရှိအောင် ကိုင်တွယ်နိုင်စွမ်းရှိသော ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အား မြစ်ဆုံ ကို ဆက်လုပ်ရန် တရုတ်အစိုးရက စကားဦးသန်း လာတယ်။ အခုအခြေအနေကတော့ အားလုံး သိတဲံ့ အတိုင်းပဲ ဖြစ်ပါကြောင်း ...။

NLD ဒုတိယအကြိမ်ဗဟိုကော်မတီအစည်းအဝေးက ၅၉(စ) လုံးဝမပြင်လည်း ရွှေးကောက်ပွဲဝင်မှာ



Zayar Myatkhaing

ကျွှန်တော်တို့ ဒီဗဟိုကော်မတီ အစည်းအဝေးဟာ ဒုတိယအကြိမ်ပေါ့နော် အဲ့တော့ဘာတွေလုပ်လည်းဆိုရင်ပါတီတွေရဲ့ထုံးစံအတိုင်းပါတီနိုင်ငံရေးမစီရင်ခံစာအဲဒီကြားထဲမှာတက်ရောက်လာတဲ့မီဒီယာသမားတွေ စိတ်ဝင် စားမယ့် စိတ်ဝ်ငစားမယ်ထင်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ကျွန်တော်တို့ ၂၆ ရက်နေ့က အစီရင်ခံစာနဲ့ပတ်သက်ပြီး ဆွေးနွေးတယ်တိုင်ပင်တယ် ဒီနေ့ဗဟိုကော်မတီမှာ အတည်ပြုတယ် ဒီအတည်ပြုချက်က ပူးပ်ေင်းကော်မတီကိုတင်ဖို့ပါ သမ္မတနဲ့တွေ့ဆုံဖို့နဲ့ပါတ်သက်ကြီးမေးမြန်းရာ ကျွန်တော်အနေနဲ့က တရားဝင်အကြောင်းပြန်တာမရသေးတဲ့အတွက် ဘယ်လိုသဘောထားလည်းမေးရင် ကျွန်တော်တို့ ၁၉၈၈ ခုနှစ်ထဲက အမျိုးသားရင့်ကြားစေ့ရေးကိုပြောနေတယ် ဒီနေ့ ၂၀၁၃ကုန်တော့မယ် အမျိုးသား ရင့်ကြားစေ့ရေးက တဖြေးဖြေးတိုးတက်မှုတွေရလာတယ် ဆိုလိုချင်တာ NLD ကမိမိလုပ်ရမယ့်အလုပ်ကို တခါမှ မအောင်မြင်ရုံနဲ့ ဘယ်တော့မှ လက်မလျော့ပါဘူး လုပ်သင့်တာတွေလုပ်သွားမယ်လို့ အဲ့လိုပြောချင်တယ် ဟုတ်ပါတယ် ကျွန်တော်တို့ဖြေရင်းတယ်ဆိုတာက်တော့ စာနဲ့မဟုတ်ဘူးပေါ့ဗျာ မေးလို့ဖြေရတာတွေ ကျွန်တော်တို့ဖြေခဲ့ပြီးသားပါ အဲ့တော့ဒေါ်အောင်ဆန်းစုကြည်က ရွှေးကောက်ပွဲမ၀င်ဘူးလို့ပြောတဲ့ အဓီပါယ် မဟုတ်ပါဘူး သဘောတရားအရ ဒီလိုအခြေအနေမျိုးကြီးက ရွှေးကောက်ပွဲဝင်ချင်စရာမရှိဘူးလို့ပြောတာပါ မ၀င်ဘူးလို့ပြောတာမဟုတ်ဘူး ပိုပြီးတိကျအောင်ပြောရရင် ကျွန်တော်တို့ရွှေးကောက်ပွဲဝင်ကိုဝင်မယ် အယူခံနှစ်ယောက်နဲ့ပတ်သက်ပြီး ဒီအစည်းအဝေးမှာဆုံးဖြတ်တာမဟုတ်ပါဘူး ၂၆ ရက်နေ့ဗဟိုအလုပ်မှုဆောင်အစည်းအဝေးက ဆုံးဖြတ်တယ် ဆုံးဖြတ်ချက်ဒီအစည်းအဝေးကိုတင်ပြတယ် နိုင်ငံရေးအာဲးပြိုင်မှုနဲ့ပတ်သက်ပြီး ကျွန်တော်တို့ပါတီမှာ ရှေ့ကိုနိုင်ငံရေးအားပြိုင်မှုရှိလာမလားမေးရင် ကျိန်းသေပေါက်ရှိမှာ ကျွန်တော်အဲ့ဒီလိုပြောချင်တယ် ကျွန်တော်တို့ပါတီက ဒီမိုကရေစီကို လိုလားလို့ ယုံကြည်လို့ ဒီမိုကရေစီနည်းအရညီလာခတွေလုပ်ပြီး ဖွဲ့စည်းထားတဲအခြေအနေ ဟိုတုန်းအခြေအနေမဟုတ်ပါဘူး ဟိုတုန်းကကျွန်တော်တို့လည်းပါပါတယ် ဗဟိုဦးစီးပါ အခုကညီလာခံကတက်လာတာ ပါတီအားပြိုင်မှုက ရှိမှာပါဘဲ ဒါပေမယ်လို့မှန်ကန်တဲ့ဒီမိုကရေစီက အောင်ပွဲခံမှာပါ။ ကြးဖြတ်ရွှေးကောက်ပွဲရဲ့ရလဒ်ထက်ပိုတဲ့ရလဒ်ရဖို့ ကျွန်တောတို့ကြိုးစားသွားမယ် ရွှေးကောက်ပွဲတရားမျှတမှုအတွက်ကျွန်တော်တို့သံသယရှိတယ် လွှတ်လပ်မှုတော့ရှိကောင်းရှိမယ် ကျွန်တော်တို့ ကြားဖြတ်ရွှေးကောက်ပွဲကလုပ်သလိုဘဲ ကျွန်တော်တိုပမှာ သုတေသနရှိတယ်၊ စာဘေးလုပ်တဲ့လူတွေလည်းရှိတယ် ပြည်သူအပေါကနေရရှိတဲ့သတင်းအချက်အလက်ပေါ်မှာ စီစဉ်ဆောင်ရွက်မှာဖြစ်တယ် တိုက်ပွဲအပြင်းအထန်ဖြစ်မှာလားဆိုတဲ့နေရာမျာတော့ ကျွန်တော်တို့ နှလုံးရေတိုင်ပွဲတော့ ရှိမှာဘဲ အခုအကြံပြုစာ ငါးသောင်းလို့ပြောတယ် ကျွန်တော်တို့စည်းဝေးပွဲတွေမှာ အဲ့ဒီထက်ပိုပါတယ် ဗဟိုကော်မတီက၀င်မယ်ဆိုတာနဲ့ပါတ်သက်ပြီး သာယာဝတီမှာပြောတာနဲ့ ကွဲလွဲမှုရှိလားမေးမြန်းရာ စစချငိးထဲကဖြေပြီးသားပါ ကျွန်တော်ပြန်ဖြေပါမြယ် ဒီလိုအခြေအေမှာ မပြင်ဘဲနဲ့ဆိုရင် ရွှေးကောက်ပွဲမ၀င်သင့်ဘူးဆိုတာသဘောတရားအရပြောတာပါ NLD အတွက်ပြောနေတာမဟတ်ြပါဘူး နောက်ပြီးတော့ဒီနေ့အစည်းအဝေးက NLD ၀င်ဖို့ဆုံးဖြတ်တာမဟုတ်ဘူး NLD ၀င်ဖို့က ဒီထက်စောပြီးဆုံးဖြတ်ပြီးသားပါ ၀င်ဖြစ်အောင်ဝင်မယ်လို့ ကျွန်တော်ပြောတာပါ ဥက္ကဌပြောတာက မ၀င်ဘူးလို့ မပြောဘူး သာယာဝတီမှာပြောတာ ဒီလှိုင်းစာဆောင်မှာ အကုန်ပါပါတယ် ဖွဲ့စည်းပုံ အခြေခံဥပဒေမပြင်ဘူးဆိုရင် အမပြင်ဘဲနဲ့ ကိုယ့်ဟာကိုယ်တစ်ဘက်သတ် အသာယူပြီး ၀င်တဲ့လူတွေက သိက္ခာမရှိဘူးလို့ပြောတာပါ ပြင်ဆင်ရေးနဲ့ပါတ်သက်ပြီး ဗဟိုကော်မတီက တင်မဲ့အချက်ပေါင်း ၁၆၈ ချက်ရှိပါတယ် အခန်းပေါင်း ၁၄ ခန်းပါ ၅၉(စ) လုံးမပြင်လည်းဝင်မှာပါ ပြင်ဆင်ဖို့ရာခိုင်းနှုန်းအောင်မြင်မှုနဲ့ ပါတ်သက်ပြီး အကုန်လုံးပြင်ဖို့မျှော်လင့်ထားပြီးသားပါ ပြည်သူ့လွှတ်တော်က လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ဘဲဆိုင် ဘာတယ် မိမိကိုယ်ကိုယ် ပြည်သူ့ကိုယ်စားလှယ်တွေပါ ဒီမိုကရေစီလိုလားတဲ့ ပြည်သူတွေကမဲပေးထားတဲ့ ကိုယ်စားလှယ်တွေပါလို့ခံယူထားတဲ့ မဲနဲ့ပြင်ဆင်သွားမှာပါ စသည့်ဖြင့်ဖြေကြားခဲ့သည်။

National League for Democracy's  photo.

သေရွာပြန်ခရိုနီနဲ့ဧရာဝတီရောက်ဘီလူးများ(သူရိယနေဝန်း)

October Zawwin

သမ္မတကြီး ဦးသိန်းစိန် မြစ်ဆုံစီမံကိန်းမှာ နှုတ်ကျွံ၊ လက်ကျွံခဲ့



ယခုသမ္မတကြီး ဦးသိန်းစိန် မြစ်ဆုံစီမံကိန်းကို သွားရောက်ကြည့်ရှု စစ်ဆေးစဉ်မှာ ပြောကြားလမ်းညွှန်ခဲ့တဲ့ စီမံကိန်း သတ်မှတ်အချိန်ထက်
 စောပြီးအောင် အရှိန်အဟုန်နဲ့ ဆောင်ရွက်ဖို့ နှုတ်ကျွံ၊ လက်ကျွံခဲ့ပါတယ် ။
၂၀၁၁ခုနှစ် ဇန္နဝါရီလ ၂၂ရက်နေ့က ရွေးကောက်ပွဲအပြီး ၂လကျော်အကြာ မြစ်ဆုံဆည် စီမံကိန်းသို့ ရောက်ရှိလာသည့် ဦးသိန်းစိန်..
သတင်း--- ဒီမိုဝေယံ

မြန်မာ-အိန္ဒိယ နယ်စပ်အရေးနှင့် ပတ်သက်၍ ကလေးမြို့တွင် ဆက်လက်ဆန္ဒထုတ်ဖော်


Eleven Media Group

မြန်မာ-အိန္ဒိယ နယ်စပ်အရေးနှင့် ပတ်သက်၍ ကလေးမြို့တွင် အထက်ချင်းတွင်း လူငယ်ကွန်ရက်နှင့် တမူးလူငယ် ကွန်ယက်တို့မှ ပူးပေါင်း၍ ဒီဇင်ဘာ ၂၇ ရက် မနက်ပိုင်းတွင် ဆက်လက်ဆန္ဒ ထုတ်ဖော်ခဲ့သည်ဟု သိရသည်။
''ကျွန်တော်တို့က ကလေးမြို့၊ မင်းကင်းမြို့နဲ့ တမူးမြို့စတဲ့ သုံးမြို့မှာ လုပ်ပြီးပြီဆိုရင် ထုတ်ပြန်ချက်တစ်ခု ထုတ်မှာပါ။ ဆန္ဒပြပြီး နောက်ပိုင်းမှာ နှစ်နိုင်ငံ နယ်နိမိတ်သတ်မှတ်ရန် သဘောတူညီမှု မရရှိသေးသော နယ်စပ်နယ်နိမိတ် မှတ်တိုင် BP-77 နှင့် 78 ကြားတွင် စစ်ဆေးရေးဂိတ် (Integrated Check Post – ICP) တည်ဆောက်ရန်အတွက် အိန္ဒိယနိုင်ငံ၊ မိုးရေးမြို့ရှိ အမှတ် ၉ အာသံ တပ်ရင်းမှ ဦးဆောင်ကာ မြေပြုပြင်တဲ့ အလုပ်တွေ ရပ်ထားတယ်။ အိန္ဒိယနိုင်ငံ ဘက်ကလည်း နယ်စပ်အစည်းအဝေးကို နောက်ဆုတ်သွားပါတယ်။ ဆန္ဒထုတ်ဖော်ပွဲ လုပ်လိုက်တဲ့ ရလဒ်ပါ ။ ကလေးမြို့နဲ့ တမူးမြို့ ကွာခြားတာက တမူးမြို့က ပိုနီးတော့ နယ်စပ်မှာ ကျူးကျော်ခံနေရတာ ပိုသိနေတယ်။ နီးနီးစပ်စပ်နေတော့ ပိုခံစားရတယ်။ ကလေးမြို့ကတော့ နယ်စပ်နဲ့ဝေးတော့ နည်းနည်းသွေးအေးတာပေါ့။ ဒါပေမဲ့ မသိသေးတဲ့ ပြည်သူတွေ အားလုံးသိသွားတာပေါ့။ အစိုးရကိစ္စ၊ ပြည်သူကိစ္စရယ်လို့ ခွဲခြားထားလို့ မရပါဘူး။ ကိုယ့်ဘက်က တတ်နိုင်သလောက် လုပ်ကြရပါမယ်။ အစိုးရဆိုတာက ပြည်သူတွေရဲ့ အစေခံပဲလေ။ အစိုးရ အလုပ်မလုပ်ရင် ပြည်သူတွေက တွန်းအားပေးတဲ့ သဘောပါ။ အငြင်းပွားနေတဲ့ နယ်ခြားမှတ်တိုင် ၉ တိုင် ကိစ္စကိုလည်း မြန်မြန်ဆောင်ရွက် စေချင်ပါတယ်။ အခုဆိုရင် အိန္ဒိယနိုင်ငံ မိုးရေးမြို့မှာ BJP ပါတီက ကြားဖြတ် ရွေးကောက်ပွဲဝင်ရာမှာ သူတို့သာ အနိုင်ရခဲ့ရင် ကဘော်ဒေသနဲ့ ကလေးမြို့၊ တမူးမြို့၊ မင်းကင်းမြို့တွေဟာ သူတို့က ၂၀၁၅ ခုနှစ် ဇွန်လပိုင်းမှာ ရအောင် တောင်းပေးမယ်ဆိုပြီး မဲဆွယ်ထားတယ်။ အခုအဲဒီပါတီက မဲနိုင်သွားတယ်။ ဒီလိုသတင်းတွေကို အိန္ဒိယနိုင်ငံထဲက မီဒီယာတွေမှာ ဖော်ပြထားခဲ့တယ်။ အဲဒီအပေါ်မှာ ကျွန်တော်တို့ ဒေသခံတွေက စိုးရိမ်ပါတယ်။ ဒါ့ကြောင့် ဒီသုံးမြို့မှာ ဆန္ဒထုတ်ဖေါ် ခဲ့တာပါ'' ဟု တမူးလူငယ်ကွန်ရက်မှ ကိုယဉ်ကိုဦးက ပြောကြားခဲ့သည်။ မြန်မာ - အိန္ဒိယ နယ်စပ်အရေးနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖေါ်ပွဲကို ဒီဇင်ဘာ ၂၉ ရက်တွင် မင်းကင်းမြို့တွင်လည်း ဆက်လက်ပြုလုပ် သွားမည်ဟု သိရှိရပါသည်။
''ကလေးမြို့ကလည်း ကဘော်ချိုင့်ဝှမ်း ဒေသနဲ့ ဆက်စပ်နေတာရယ် အခုကိစ္စကလည်း နိုင်ငံနယ်နမိတ်ရဲ့ကိစ္စ ဖြစ်နေတာဆိုတော့ ဆန္ဒထုတ်ဖော် သင့်ပါတယ်။ ဒီပွဲမှာ ကလေးမြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့ ဒေသခံတွေအကုန် သိသွားတာပေါ့။ ဆက်လုပ်စရာတွေက အများကြီး ရှိပါသေးတယ်။ ပြည်သူလူထုအနေနဲ့ ပိုမိုပူးပေါင်း ဆောင်ရွက်လာနိုင်ဖို့ တိုက်တွန်းပါတယ်။ ကျွန်တော်တို့ကလည်း ပိုမိုစည်းရုံးသွားပါမယ်'' ဟု အထက်ချင်းတွင်း လူငယ်ကွန်ရက်မှ ကိုကျော်သက်ဝင်းက ပြောကြားခဲ့သည်။

(မြန်မာ-အိန္ဒိယ နယ်စပ်အရေးနှင့် ပတ်သက်၍ ကလေးမြို့တွင် ဆန္ဒထုတ်ဖော်မှု ပြုလုပ်နေကြစဉ်)

တစ်ဒေါ်လာ ၉၉၂ ကျပ်အထိ ရှိလာ



Eleven Media Group

နိုင်ငံခြားငွေ လဲလှယ်မှုနှုန်းတွင် အမေရိကန်ဒေါ်လာဈေး ဆက်တိုက်တက်လာပြီး သိမ်ဖြူငွေလဲ ကောင်တာ၌ တစ်ဒေါ်လာ ၉၉၂ ကျပ်အထိ ရှိလာ

ဒီဇင်ဘာ နောက်ဆုံးပတ်မှ စတင်၍ နိုင်ငံခြားငွေ လဲလှယ်မှုနှုန်းတွင် အမေရိကန်ဒေါ်လာ တန်ဖိုးမှာ ဆက်တိုက် တက်လာပြီး သိမ်ဖြူငွေလဲ ကောင်တာ၌ တစ်ဒေါ်လာလျှင် ၉၉၂ ကျပ်အထိ မြင့်တက်လာကြောင်း ဗဟိုဘဏ်၏ ခွင့်ပြုချက် ရရှိထားသော နိုင်ငံခြားငွေကြေး လဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့် ရရှိထားသည့် ပြည်တွင်းပုဂ္ဂလိက ဘဏ်များနှင့် ပြင်ပဈေးကွက် အသိုင်းအ၀ိုင်းထံမှ သိရသည်။
ဒီဇင်ဘာ ၂၇ ရက် သိမ်ဖြူငွေလဲ ကောင်တာတွင် အမေရိကန် တစ်ဒေါ်လာ တန်ဖိုးမှာ ရောင်းဈေး ၉၉၂ ကျပ်ဝန်းကျင်၊ ၀ယ်ဈေး ၉၈၄ ကျပ် ၀န်းကျင်တွင် ရှိနေပြီး ပြင်ပငွေလဲနှုန်းတွင် အမေရိကန် တစ်ဒေါ်လာ တန်ဖိုးမှာ ရောင်းဈေး ၉၈၉ ကျပ်၊ ၀ယ်ဈေး ၉၈၇ ကျပ် ၀န်းကျင်တွင် တည်ရှိနေသည်။
ဒီဇင်ဘာ နောက်ဆုံးပတ် ၂၄ ရက်မှ စတင်၍ သိမ်ဖြူငွေလဲ ကောင်တာတွင် အမေရိကန် တစ်ဒေါ်လာ တန်ဖိုးမှာ စတင်တက်ရိပ် ပြလာခဲ့ပြီး အဆိုပါနေ့တွင် ရောင်းဈေး ၉၉၀ ကျပ်ဝန်းကျင်၊ ၀ယ်ဈေး ၉၈၂ ကျပ်ဝန်းကျင်၌ ရှိနေသည်။ ဒီဇင်ဘာ ၂၆ ရက်ပြီး သိမ်ဖြူငွေလဲ ကောင်တာတွင် အမေရိကန်တစ်ဒေါ်လာ တန်ဖိုးမှာ ရောင်းဈေး ၉၉၁ ကျပ်၊ ၀ယ်ဈေး ၉၈၃ ကျပ် ၀န်းကျင်အထိ ရှိလာခဲ့ပြီး ပြင်ပငွေလဲနှုန်းတွင် ရောင်းဈေး ၉၉၀၊ ၀ယ်ဈေး ၉၈၉ ကျပ်သို့ မြင့်တက်ခဲ့သည်။
ဒီဇင်ဘာ တတိယပတ်အထိ နိုင်ငံခြားငွေ လဲလှယ်မှုနှုန်းတွင် အမေရိကန်ဒေါ်လာ တန်ဖိုးသည် သိမ်ဖြူငွေလဲ ကောင်တာ၌ ရောင်းဈေး ၉၈၇ ကျပ်ဝန်းကျင်၊ ၀ယ်ဈေး ၉၇၉ ကျပ်ဝန်းကျင်တွင် ရှိခဲ့ခြင်းဖြစ်သည်။ ပြင်ပငွေလဲနှုန်းတွင် အမေရိကန် တစ်ဒေါ်လာ တန်ဖိုးမှာ ရောင်းဈေး ၉၈၄ ကျပ်၊ ၀ယ်ဈေး ၉၈၂ ကျပ် ၀န်းကျင်၌ တည်ရှိခဲ့ပြီး ဒီဇင်ဘာ ၂၀ ရက်မှစ၍ ရောင်းဈေး ၉၈၇ ကျပ်၊ ၀ယ်ဈေး ၉၈၅ ကျပ်ဝန်းကျင်သို့ စတင်မြင့်တက် လာခဲ့သည်။
ထိန်းကျောင်းမှုရှိသည့် နှုန်းရှင်ငွေလဲနှုန်းစနစ် စတင်ခဲ့သည့် ၂၀၁၂ ခုနှစ် ဧပြီ ၂ ရက်တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၈၁၅ ကျပ် ပေါက်ဈေးသာ ရှိရာမှ ယခု ၁၉ လ အကြာ ကာလအတွင်း တစ်ဒေါ်လာလျှင် ၁၇၇ ကျပ် ကျော်အထိ ဈေးနှုန်းဆက်လက် မြင့်တက်လျက်ရှိသည်။

(သိမ်ဖြူငွေလဲ ကောင်တာအား တွေ့ရစဉ်)

ဖွဲ့စည်းပုံကော်မတီ တင်သွင်းရက် နီးကပ်လာ




 28 ဒီဇင်ဘာလ 2013
bbc.co.uk

 အကြံပြုချက် တွေကို ကော်မတီက စုစည်း တင်ပြမယ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာ သုံးသပ်ရေး ကော်မတီမှာ အကြံပြုချက် အများအပြား ရရှိ နေပြီလို့ ကော်မတီ အတွင်းရေးမှူး ဦးအေးမောက် က ဘီဘီစီကို ပြောကြား ပါတယ်။ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံး ထားပြီး ကော်မတီကို တင်သွင်းရမယ့် အစီရင်ခံစာ တွေထဲမှာ ဘယ်လို အကြံပြုချက် တွေ ပါတယ် ဆိုတာကို ကော်မတီက စုစည်း တင်ပြ ပေးသွားမှာ ဖြစ်တယ် လို့လည်း ဆိုပါတယ်။ကြံခိုင်ရေး ပါတီဘက်က အကြံပြုစာတွေ သိပ်ရောက်မလာသေးတာက အသေးစိတ် ရှင်းလင်း ဆွေးနွေးနေလို့ ဖြစ်တယ်လို့လည်း သိရပါတယ်။ဇန်နဝါရီ ၃၁ ရက် မတိုင်ခင်မှာ ရရှိထားတဲ့ အကြံပြုလွှာ တွေကို စုစည်းပြီး လွှတ်တော်ကို အစီရင်ခံစာ တင်ရမယ် လို့လည်း ဆိုပါတယ်။

ရန်ကုန်အထွေထွေ ရောဂါကု ဆေးရုံသစ်ကြီး၌ ဓာတ်လှေကားညပ် သေဆုံး



Eleven Media Group

ရန်ကုန်အထွေထွေ ရောဂါကု ဆေးရုံသစ်ကြီး၌ မလေးရှားမှ သီတဂူ အစီအစဉ်ဖြင့် ပြန်လာသူ လူနာတစ်ဦး ဓာတ်လှေကားညပ် သေဆုံး

ရန်ကုန်အထွေထွေ ရောဂါကု ဆေးရုံသစ်ကြီး (ဂျပန်ဆေးရုံ)ရှိ အဆောင်ဟောင်းတွင် ဒီဇင်ဘာ ၂၇ ရက် နံနက်ပိုင်းက လူနာတစ်ဦး ဓာတ်လှေကားညပ် သေဆုံးခဲ့ကြောင်း အဆိုပါ ဆေးရုံအုပ်ကြီးက ပြောကြားသည်။

ဖြစ်စဉ်မှာ ယင်းနေ့ နံနက် ၁၁ နာရီခွဲခန့်က လူနာကိုအောင်ဇော်မျိုး အသက် ၂၆ နှစ်သည် ဆေးကုသမှုခံယူပြီး သုံးလွှာသို့ လူနာတင်လှည်းဖြင့် ဓာတ်လှေကားဖြင့် တက်ရောက်စဉ် နှစ်လွှာနှင့် သုံးလွှာကြား၌ ဓာတ်လှေကား ဖရိန်ဖြင့် ကန့်လန့်ညပ်၍ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်သောင်းက ''လူနာက သုံးလွှာမှာ ကုသနေတဲ့လူနာပါ။ အောက်ထပ်မှာ ဆေးကုသမှုခံယူပြီး တက်လာတာ။ နှစ်လွှာမှာ ထော်လီ ထုတ်တဲ့အချိန် ဓာတ်လှေကားက ရုတ်တရက် အပေါ်ကို တက်သွားတယ်။ အဲ့ဒီမှာ အပေါ်ကဖရိန်နဲ့ သူ့ခါး ကန့်လန့်ကြီး ညပ်သွားတာ။ ဆွဲထုတ်အပြီးမှာ အောက်ဆီဂျင်တွေပေးပြီး ကုသသေးတယ်။ ဒါပေမဲ့ သူက ဆုံးသွားပါပြီ။ ခုလက်ရှိ သူ့ကိုဆေးရုံကပဲ တာဝန်ယူ သင်္ဂြိုဟ်ပေးမှာပါ'' ဟု ဆိုသည်။

ဆေးရုံအောက်ထပ်တွင် အပေါက်စောင့်သည့် ၀န်ထမ်းတစ်ဦးက ''၀ုန်းဆိုပြီး အသံကြားလိုက်လို့ ဘာဖြစ်တာလဲဆိုပြီး တက်ကြည့်တော့ ဓာတ်လှေကားနဲ့ လူနာက ကန့်လန့်ကြီး ညပ်နေတာ။ မကြည့်ရဲတော့တာနဲ့ အောက်ကို ပြန်ဆင်းလာခဲ့တယ်။ ဓာတ်လှေကားက အပေါ်ကနေ အောက်ကိုပြုတ်ကျတာ မဟုတ်ဘဲ အောက်ကနေအပေါ်ကို တက်သွားတာ။ တော်တော်ထူးဆန်းတယ်'' ဟု ပြောကြားသည်။

ယင်းကဲ့သို့ ဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ အဆိုပါ ဓာတ်လှေကားအား တာဝန်ယူ စစ်ဆေးပေးနေသည့် အင်ဂျင်နီယာ တစ်ဦးက ''အခုဖြစ်သွားတဲ့ ဖြစ်စဉ်က ဓာတ်လှေကား အပြင်တံခါးက ပိတ်ပြီး အတွင်းတံခါးက မပိတ်ဘဲ အပေါ်ကို တက်သွားတဲ့အခါ လူနာက ဖရိန်နဲ့ ကန့်လန့်ကြီး ညပ်သွားတာပါ။ အခုဓာတ်လှေကားတိုင်းက တံခါးအစုံမပိတ်ဘဲ လုံးဝမတက်ပါဘူး။ ဓာတ်လှေကားကိုလည်း အင်ဂျင်နီယာ အဖွဲ့က တစ်လတစ်ခါ စစ်ဆေးမှုတွေ ပြုလုပ်ပါတယ်။ ဘာကြောင့် ဒီလိုမျိုးဖြစ်တယ် ဆိုတာကိုတော့ အသေအချာ မပြောတတ် သေးပါဘူး။ အတော်ထူးဆန်းပါတယ်'' ဟု ဓာတ်လှေကားအား တာဝန်ယူ စစ်ဆေးပေးနေသည့် အင်ဂျင်နီယာ တစ်ဦးက ပြောကြားခဲ့သည်။

ယင်းဓာတ်လှေကားမှာ ဆေးရုံစဆောက်သည့် ၁၉၈၄ ခုနှစ်ကတည်းက တပ်ဆင်ထားပြီး ဓာတ်လှေကား အမျိုးအစားမှာ ဂျပန်လုပ် ''အော့တစ်'' အမျိုးစား ဖြစ်ကြောင်း ၎င်းကထပ်မံ ပြောကြားသည်။

သေဆုံးခဲ့သည့်လူနာ ကိုအောင်ဇော်မျိုးမှာ ယင်းဆေးရုံတွင် နိုဝင်ဘာလကတည်းက တက်ရောက် နေသူဖြစ်ကာ ရန်ကုန်ဆေးရုံကြီးတွင် နှလုံးအဆို့ရှင် ခွဲစိတ်ရန် ရက်ချိန်းယူထားပြီး ဖြစ်ကြောင်းနှင့် ၎င်းမှာမလေးရှားနိုင်ငံတွင် အလုပ်သွားရောက် လုပ်ကိုင်နေရာမှ သီတဂူ အထောက်ကူပြု အဖွဲ့၏ အစီအစဉ်ဖြင့် ပြန်လည်ရောက်ရှိ လာခဲ့သည့် မလေးရှားရောက် မြန်မာအလုပ်သမား တစ်ဦးလည်း ဖြစ်ကြောင်း ဆေးရုံအုပ်ကြီးထံမှ သိရသည်။

(လူနာညပ်၍ သေဆုံးခဲ့သည့် ဓာတ်လှေကား ၀င်ပေါက်အား တွေ့ရစဉ် (ဓာတ်ပုံ- ဥာဏ်ဝင်းရှိန်))

ဒီနေ့ကာတွန်း

ဘောလုံးကိုတော့ ဖွတ်အသင်းရဲ့ ပယ်နယ်တီထဲမှာ တည်လိုက်ပါပြီ


ဒီမို ဖက်တီး
မပြင်ရင်လည်း ၀င်မယ် ။ ကဲ ဘောလုံးကိုတော့ ဖွတ်အသင်းရဲ့ ပယ်နယ်တီထဲမှာ တည်လိုက်ပါပြီ
ငါ့တို့ကတော့ ကြိုက်တယ်ဟေ့ ။ ခံစစ်ကြီးပဲ အနှစ် ၂၀ ဆော့လာတာ ။ အခု ထိုးစစ်ပါ စတင်ပြီ ။ တစ်ကွင်းလုံးကို ပတ်ဆော့နေပြီ
NLD က ၂၀၁၅ မှာပါမယ်လို့ ပြောလိုက်တာဟာ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုတွေကို Assurance ပေးလိုက်တာပဲ ။
 နိုင်ငံနဲ့ ပြည်သူတွေ အတွက်ကတော့ အားတက်စရာပဲ အားမတက်တဲ့ အဖွဲ့များကတော့ ....
၂၀၁၅ ကို NLD က သပိတ်မှောက်ခဲ့ရင် ဆိုတဲ့ အိပ်မက်ကနေ လန့်နိုးလာကြသူများ ....
၂၀၁၅ အလွန် အခင်းအကျင်းကို NLD နဲ့ ဆက်က ကြပါစို့ကွာာာာ .... ငင်း ငင်းးး


The Irrawaddy (Burmese Version)
NLD သည် ပြိုင်ဖက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် နှလုံးရည်အရ ယှဉ်ပြိုင် သွားမည်ဖြစ်ပြီး
 တိုက်ပွဲများ ပြင်းထန်မည်ဖြစ်ကြောင်း၊ NLD အနေနှင့် ပုဒ်မ ၅၉ စ လုံးအပါအ၀င် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်
 ပြင်ဆင်လိုသော အချက် ၁၆၈ ချက်ရှိကြောင်း ယနေ့ ထုတ်ပြန် ပြောဆိုသည်။


Kamayut Media - BREAKING NEWS: (12/28/2013)
=ဖွဲ့စည်းပုံပြင်ဆင်ရေးအခန်းပါ အချက် ၂ချက်ကို ပြင်ဆင်ရေးအပါအဝင် စုစုပေါင်း ၁၆၈ချက်ကို NLD ပါတီက လွှတ်တော်ကော်မတီသို့ ပေးပို့ထား
=၂ဝ၁၅ အထွေထွေရွေးကောက်ပွဲများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဝင်ကို ဝင်မည်ဟု ပါတီအတွင်းရေးမှူး ဦးဉာဏ်ဝင်းက အတည်ပြုပြောဆို
=အာဏာရပါတီဖြစ်၍ ဖွဲ့စည်းပုံပြင်ဆင်ရေး တာဝန်ရှိ၊ တိုင်းပြည်မျက်နှာကြည့် ပြီး ပြောင်းလဲသင့်တာပြောင်းရန် ကြံခိုင်ရေးပါတီညီလာခံ၌ သူရဦးရွှေမန်းပြော


ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေကြောင့်NLD ဗဟိုကော်မတီအစည်းအဝေးသို့ မတက်ရောက်နိုင်
============================================================
ဒေါ်အောင်ဆန်းစုကြည်သည်ကျန်းမာရေးအခြေအနေကြောင့်NLDမှယနေ့နံနက်ကျင်းပသော ဗဟိုကော်မတီအစည်းအဝေးသို့မတက်ရောက်နိုင်ခဲ့ကြောင်းသိရသည်။ ယနေနံနက်၁၀နာရီတွင် တော်ဝင်နှင်းဆီစားသောက်ဆိုင်၌အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပထမအကြိမ်ဗဟိုကော်မတီ ` ဒုတိယအကြိမ်အစည်းအဝေးကို ကျင်းပနေပြီဖြစ်သည်။
အဆိုပါအစည်းအဝေးကိုဒေါ်အောင်ဆန်းစုကြည် မတက်ရောက်နိုင်သောကြောင့်ခွင့်တိုင်ကြားခဲ့ခြင်းဖြစ်ပြီး ခွင့်တိုင်ကြားရခြင်းအကြောင်းတွင် ကျန်းမာရေးအခြေအနေကြောင့်ဟုဖော်ပြထားသည်။
သူမသည် ယခုလ ၁၆ရက်နေ့က စမ်းချောင်းမြို့နယ်အာရှတော်ဝင်အထူးကုဆေးခန်းတွင် ခြေချောင်းကို အသေးစားခွဲစိတ်မှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဝေမာထွန်း
Popular Myanmar News Journal

မြန်မာ့ ရုပ်ရှင်ဆုပေးပွဲ အစီအစဉ်




Popular News

မြန်မာ့ ရုပ်ရှင်ဆုပေးပွဲ အစီအစဉ်မြန်မာ့ရုပ်ရှင် ထူးချွန်ဆု (အကယ်ဒမီ)ပေးပွဲကို ဒီဇင်ဘာ ၂၉ ရက်၊ မွန်းလွဲ ၃ နာရီ အချိန်တွင် စတင်ကျင်းပမည်ဖြစ်သည်။ ၄င်းအကယ်ဒမီ ပေးပွဲတွင် အစီအစဉ်ခုနစ်ချက် ပါဝင်ကြောင်း သိရသည်။ အစီအစဉ်(၁)တွင် 'မြန်မာ့မြန်မာ့ ရုပ်ရှင်' တေးသီချင်းဖြင့် ပဏာမ ဖျော်ဖြေ မည်ဖြစ်ပြီး ညီထွဋ်ခေါင်၊ စည်ဖြိုး၊ စိုးရန်အောင်၊ ဇေရဲထက်၊ ကောင်းပြည့်၊ ဂျွန်ဂို၊ ထိုက်စံမော့စ်၊ စူးရှ၊ ချမ်းမေမြတ်နိုး၊ ဧကရီမှူး ပိုင်၊ဘေဘီမောင်၊ ရှင်ယွန်းမြတ်၊ မီးနို၊ ငြိမ်းစုသာ၊ ထက်ထက်စု လှိုင်နှင့် ရှင်းရှင်း တို့က သီဆိုကြ မည်ဖြစ်သည်။

၎င်းနောက်တွင် The Trees Band နှင့်အတူ ချိုပြုံး၊ ထွန်းအိန္ဒြာဗို၊ မေဆွိ၊ ချစ်စနိုးဦး၊ဝိုင်းစု ခိုင်သိန်း၊ ရန်အောင်၊ မြင့်မြတ်၊ မင်းမော်ကွန်း နှင့် စိုးပြည့်သဇင်တို့က သီဆိုဖျော်ဖြေကြမည်ဖြစ်သည်။ အစီအစဉ်(၂) အဖြစ် ၂ဝ၁၂ခုနှစ်အ တွက် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆုကို စတင်ကြေညာ မည်ဖြစ်သည်။ ထို့နောက်တွင် အစီအစဉ်(၃) အဖြစ်၊ ပြန်ကြားရေး ဝန်ကြီး ဌာန၊ ပြည်ထောင် စုဝန်ကြီး ဦးအောင်ကြည်က မိန့်ခွန်းပြောကြား မည်ဖြစ် သည်။ အစီအစဉ်(၄)အရ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက မိန့်ခွန်းပြောကြား မည်ဖြစ်ပြီး အစီအစဉ်(၅) အဖြစ်၂ဝ၁၂ ခုနှစ် အတွက် အကယ်ဒမီထူးချွန် ဆုရသူ များကို စတင်ကြေညာ ပြီး ဆုပေး အပ်မည်ဖြစ်သည်။

၎င်း နောက် တွင် အချိန် အကန့်အသတ် အရ မိနစ်၂ဝစာခန့် ရပ်နားမည်ဖြစ် ပြီး ရပ်နားချိန် ၌ ဇော်ဝင်းထွဋ်၊ စိုင်းစိုင်းခမ်းလှိုင်၊ဖြူဖြူကျော်သိန်း တို့အပါအဝင် သဘင် ကဏ္ဍမှတင် မောင်ဆန်းမင်းဝင်း၊ ဟန်ဇာမိုးဝင်း၊ ဖိုးချစ်၊ စူးရှ၊ကျော်ကျော်ဗိုတို့ က သူတို့၏ ပါဖောမန့် များနှင့် သီဆိုဖျော်ဖြေပေး မည်ဖြစ်ပြီး အစီအစဉ် ၆ အဖြစ် ထူးချွန်ဆုရရှိ သူများကို ဂုဏ်ပြုနှုတ် ဆက်ကြမည်ဖြစ်သည်။

၂၀၁၅အတွက်နိမိတ်ကောင်း ဖြစ်လာလေမလား



Aung Aung Shwe's photo.

    ဇမ္ဗူဒီပါ လကျာင်္ တောင် ကျွန်း
    သြဘာ နိမိတ် ထွန်းသတဲ့...
    ၂၀၁၅ အတွက်
    နိမိတ်ကောင်း ဖြစ်လာလေမလား

မြစ်ဆုံစီမံကိန်း ဆက်လုပ်/မလုပ် ဒေါ်အောင်ဆန်းစုကြည်ဖြေကြားချက်



MrMaung KoThet
--------------------------------
စီးပွားရေးလာလုပ်တယ်ဆိုတာ အကျိုးအမြတ်အတွက် လာလုပ်တာ၊ ဒီစီးပွားရေးလုပ်ငန်းရှင်တွေ အကျိုးအမြတ်အတွက်လာလုပ်တဲ့ တစ်ချိန်တည်းမှာ ကျွန်မတို့ နိုင်ငံသူ/နိုင်ငံသား တွေအတွက်လည်း အကျိုးအမြတ်ရှိရမယ်ဆိုတာလဲ အဲလိုရှိအောင် လုပ်ဖို့ဟာက အစိုးရရဲ့တာဝန်ဖြစ်တယ်၊

အခုဆိုလို့ရှိရင် ကျွန်မတို့ ပြည်သူ/ပြည်သားတွေ ဟာ မကျေနပ်တာတွေရှိတယ်၊ တခြားနိုင်ငံတွေက လာပြီးတော့ ရင်းနှီးမြှုပ်နှံတယ်၊ ရင်းနှီးမြှုပ်နှံတဲ့ အခါကျလို့ရှိရင် ခေါင်းပုံဖြတ်တယ်၊ စသဖြင့် ရှိတယ်၊

ခေါင်းပုံမဖြတ်အောင်လို့ ဘယ်သူက ကာကွယ်ရမှာလဲ၊ အစိုးရက ကာကွယ်ရမှာပေါ့၊ ကိုယ့်လူမျိုးကို အစိုးရကမကာကွယ်လို ဘယ်သူကကာကွယ်ပေးမှာလဲ၊

ဒီကိစ္စထဲမှာ မြစ်ဆုံစီမံကိန်း ကို မေးထားတယ်၊ အန်တီ သမ္မတဖြစ်တာ/ မဖြစ်တာ သတ်သတ်။ မူအရပြောသွားမယ်၊

စီမံကိန်းတစ်ခုမှာ ဒီနိုင်ငံနဲ့ ဒီအစိုးရနဲ့၊ ပြည်ပနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေပဲဖြစ်ဖြစ်၊ အစိုးရနဲ့ပဲဖြစ်ဖြစ်၊ သဘောတူညီမှုယူတဲ့အခါကျလို့ရှိရင် ဘာတွေပါလည်းဆိုတာ ပြည်သူတွေမှာ သိပိုင်ခွင့်ရှိတယ်၊

ကျွန်မတို့ ဘာမှမသိဘူး၊ မြစ်ဆုံစီမံကိန်းမှာ ကျွန်မကိုဘာလုပ်မလဲလို့ မေးရင်၊ ဘာသဘောတူညီထားလဲဆိုတာ ကျွန်မမသိပဲနဲ့ ဘယ်လိုလုပ်ဖြေမလဲ၊ Contract ဆိုတာရှိတယ်နော်၊

ဘာတွေသဘောတူညီထားလဲ၊ သဘောတူညီချက်အရမလုပ်လို့ရှိရင် ဘာတွေ ပြန်ဆပ်ရမလဲဆိုတာ ကျွန်မတို့မသိဘူး၊ ကျွန်မဆိုလိုတာက ပွင့်လင်းမြင်သာမှုနဲ့ အများကြီးဆိုင်တယ်၊

အစိုးရများကို တာဝန်ယူမှုရှိစေချင်ရင် ပွင့်လင်းမြင်သာမှု ရှိရမယ်၊ ကျွန်မတို့ မြစ်ဆုံစီမံကိန်းအတွက် ဘာလုပ်မလဲဆိုတာက ဘယ်လို Contract မျိုးရေးဆွဲထားလဲ၊ ဘယ်လိုလက်မှတ်ထိုးထားလဲဆိုတာ မသိပဲနဲ့ ကျွန်မပြောလို့မရဘူး၊

ကျွန်မမေးချင်တယ်၊ လက်မှတ်ထိုးတဲ့လူတွေက ဘာလို့တာဝန်ယူပြီးတော့ မရှင်းသလဲဆိုတာ ကျွန်မသိချင်တယ်။

၂၀၁၃ခု စက်တင်ဘာလ (၂၂)ရက်နေ့ စင်္ကာပူနိုင်ငံ မြန်မာမိသားစုများနှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံပွဲမှ မြစ်ဆုံစီမံကိန်းကိစ္စမေးမြန်ချက်ကို ဖြေကြားချက်မှ.....


ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း ပြန်လည် အကောင်အထည် ဖော်ရန်အတွက် ၂၀၁၅ ရွေးကောက်ပွဲပြီးနောက် တက်လာမည့် အစိုးရသစ်နှင့် ညှိနှိုင်းသွားမည်
==================================================================== ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း ပြန်လည် အကောင်အထည် ဖော်ရန်အတွက် ၂၀၁၅ ရွေးကောက်ပွဲပြီးနောက် တက်လာမည့် အစိုးရသစ်နှင့် ညှိနှိုင်းသွားမည် ဖြစ်ကြောင်း ဧရာဝတီ မြစ်ညာ-မြစ်ဆုံရေအား လျှပ်စစ် စီမံကိန်း ကုမ္ပဏီ၏ ဥက္ကဋ္ဌက ပြောကြားသည်။ ဧရာဝတီ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း အကောင်အထည် ဖော်ဆောင်ရေး ကုမ္ပဏီက ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ဆီဒိုးနား ဟိုတယ်၌ ကျင်းပခဲ့သည့် ကုမ္ပဏီလုပ်ငန်း စတင်ဆောင်ရွက်သည့် ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ဆောင်ရွက်ခဲ့သည့် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုရေး တာဝန်ယူမှုဆိုင်ရာ အစီရင်ခံ စာထုတ်ပြန်သည့် အခမ်းအနားတွင် ၎င်းက ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။ ယခုအစိုးရ လက်ထက်၌ စီမံကိန်း ဆောင်ရွက်ရန် ပြည်သူလူထု၏ ကန့်ကွက်ဆန္ဒ ထုတ်ဖော်မှုကြောင့် ရပ်ဆိုင်း လိုက်ရသော်လည်း နောက်အစိုးရသစ် လက်ထက်များတွင် စီမံကိန်း ပြန်လည် အကောင်အထည် ဖော်ရန်အတွက် နိုင်ငံတကာ စံချိန်စံညွှန်းများ၊ နှစ်ဖက်အစိုးရ သဘောတူ ချုပ်ဆိုထားသည့် စာချုပ်များအရ ညှိနှိုင်းမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ “အဓိကတော့ မြန်မာပြည်သူတွေက စီမံကိန်းနဲ့ ပတ်သက်ပြီးတော့ နားလည်မှု လွဲမှားနေတာ တွေ့ရတယ်။ ကျွန်တော်တို့ ဘက်ကလည်း ကြိုးစားပြီး ဖြေရှင်းသွားဖို့ ရှိပါတယ်” ဟု ၎င်းက ရှင်းပြသည်။ ကချင်ပြည်နယ် ဧရာဝတီမြစ် အထက်မေခနှင့် မလိခမြစ်ပေါ်တွင် ရေကာတာ ခုနစ်ခု တည်ဆောက်ရန် ၂၀၀၆ ခုနှစ်က တပ်မတော်အစိုးရနှင့် China Power Investment Corporation တို့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရန် နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့ကြသော် လည်း မြန်မာ ပြည်သူများက ပြည်လုံးကျွတ် ကန့်ကွက် ဆန္ဒထုတ်ဖော်ကြခြင်းကြောင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မြစ်ဆုံ စီမံကိန်းကို မိမိအစိုးရ လက်ထက်တွင် ရပ်ဆိုင်းထားမည်ဟု ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့တွင် အမိန့်ထုတ်ပြန်ခဲ့သည်။
---------------------------------------------------------------------------------
[Source-The Voice : https://www.facebook.com/thevoiceweekly/posts/683952941624968]

Eleven Media Group
မြစ်ဆုံစီမံကိန်းအတွက် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနက အခမဲ့ရှယ်ယာ ၁၅ ရာခိုင်နှုန်း၊ Asia World က လက်ငင်းငွေ ငါးရာခိုင်နှုန်းနှင့် တရုတ် CPI က ရာခိုင်နှုန်း ၈၀ အထိ ပိုင်ဆိုင်ထားပြီး နှစ် ၅၀ စီမံကိန်းဖြစ်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လက်ထက်တွင် ဆက်လက် လုပ်ဆောင်ခြင်း မပြုရန် တားမြစ်ခံရသည့် မြစ်ဆုံစီမံကိန်း အတွက် ရှယ်ယာပိုင်ဆိုင်မှု နှုန်းထားများမှာ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနက အခမဲ့ရှယ်ယာ ၁၅ ရာခိုင်နှုန်း၊ အေးရှားဝေါလ်က လက်ငင်းငွေ ငါးရာခိုင်နှုန်းနှင့် တရုတ်နိုင်ငံပိုင် CPI က ရာခိုင်နှုန်း ၈၀ ဖြင့် အများဆုံး ပိုင်ဆိုင်ထားပြီး စီမံကိန်း ကာလမှာ နှစ် ၅၀ အထိ လုပ်ပိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း ACHC မှ ဒီဇင်ဘာ ၂၆ ရက်က ထုတ်ပြန်ခဲ့သည့် စီမံကိန်းဆိုင်ရာ အချက်အလက်များအရ သိရသည်။
မြစ်ဆုံ ရေအားလျှပ်စစ် ထုတ်လုပ်ရေး စီမံကိန်းများအတွက် ဧရာဝတီမြစ်ညာ-မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း ကုမ္ပဏီ (ACHC) အား တည်ထောင်ခဲ့ပြီး အဆိုပါ ကုမ္ပဏီတွင် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ အေးရှားဝေါလ်၊ တရုတ် CPI တို့မှ ဖွဲ့စည်းခဲ့ပြီး နိုင်ငံတော် ကုန်သွယ်ရေး ကော်မတီမှ ၂၀၁၀ ပြည့်နှစ် ဇွန်လတွင် မှတ်ပုံတင်ခွင့် ပြုခဲ့ကြောင်း သိရသည်။ မလိခ၊ မေခမြစ်နှင့် မြန်မာနိုင်ငံ၏ မိခင်မြစ် တစ်စင်းဖြစ်သည့် ဧရာဝတီမြစ်ဆုံ အထက်ပိုင်းရှိ မြစ်ဆုံ၊ ချီဖွေ၊ ၀ူဆောက်၊ ဖီဆော၊ ခေါင်လန်ဖူး၊ ယဲ့နန်၊ လာဆာတို့၌ စီမံကိန်း ခုနစ်ခုနှင့် လုပ်ငန်းသုံး ရေအားလျှပ်စစ် စက်ရုံတစ်ခု ပါဝင်မည့် စီမံကိန်းများအတွက် မတည်ရင်းနှီး မြှုပ်နှံငွေ အမေရိကန်ဒေါ်လာ ဘီလျံ ၂၀ ဖြစ်ပြီး စီမံကိန်း အပြီးတွင် နှစ် ၅၀ လည်ပတ်ပြီးနောက် မြန်မာအစိုးရထံသို့ အခမဲ့ ပြန်လည်လွှဲပြောင်း ပေးမည်ဖြစ်ကြောင်း စီမံကိန်းဆိုင်ရာ သတင်းအချက် အလက်များတွင် ဖော်ပြထားကြောင်း သိရှိရသည်။
စီမံကိန်း လည်ပတ်နေစဉ် ကာလအတွင်း မြန်မာနိုင်ငံမှ နှစ် ၅၀ အတွက် ဒေါ်လာ ၅၄ ဘီလျံ ရရှိမည်ဖြစ်ပြီး နှစ် ၅၀ စီးပွားဖြစ် လည်ပတ်အပြီးတွင် နိုင်ငံခြားငွေ ဒေါ်လာ ၁၆၀ ဘီလျံ ရရှိနိုင်ကြောင်း စီမံကိန်းဆိုင်ရာ အချက်အလက်များတွင် ဖော်ပြထားသည်။
''မြစ်ဆုံစီမံကိန်းအတွက် အသုံးပြုမယ့် ငွေပမာဏက အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလျံပါ။ စီမံကိန်း ပြန်လည်လုပ်ဆောင်ဖို့ ဒေသခံတွေနဲ့ မြန်မာပြည်သူ လူထုရဲ့ သဘောထား အတိုင်းပါ'' ဟု ဧရာဝတီ မြစ်ညာ-မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကုမ္ပဏီ (ACHC) မှ မန်နေဂျာချုပ်ဖြစ်သူ လီကွမ်းဟွာက ပြောကြားသည်။
မြစ်ဆုံစီမံကိန်းနှင့် ဧရာဝတီမြစ် အသက်သွေးကြော မြစ်များဖြစ်သည့် မေခနှင့် မလိခ မြစ်များပေါ်တွင် ဆည်များ တည်ဆောက်နေမှုကြောင့် မြစ်ကြောင်းဆိုင်ရာ ပြောင်းလဲမှုများ ဖြစ်ပေါ်နေကြောင်း ပညာရှင်များက သုံးသပ်ထားကြောင်း သိရသည်။ လက်ရှိ အခြေအနေတွင် ဧရာဝတီမြစ်၏ အနည်ပို့ချမှုနှုန်း လျော့ကျနေသည့် အပြင် ပင်လယ်ရေ တိုက်စားမှုနှုန်း မြင့်တက်နေမှုကြောင့် မြစ်ဝကျွန်းပေါ် ဧရိယာမှာ နှစ်စဉ်ပျမ်းမျှ 13 spkm (၅ စတုရန်းမိုင်ခန့်) ပျက်စီးဆုံးရှုံးကာ မြစ်ဝကျွန်းပေါ် ဧရိယာမှာ တဖြည်းဖြည်း ကျဉ်းမြောင်းလာကြောင်း မြစ်ချောင်းများဆိုင်ရာ ဘူမိရုပ်သွင် ပညာရှင် ပါမောက္ခ ဦးမောင်မောင်အေးက ပြောကြားခဲ့သည်။
''မြစ်ရဲ့အထက်ပိုင်းမှာ အနှောင့်အယှက်တွေ များနေလို့၊ မြစ်ရဲ့အထက်ပိုင်းဆိုတဲ့ နေရာမှာ မြစ်မကြီး တစ်ခုတည်း ကြည့်မနေနဲ့။ မြစ်လက်တက် လေးတွေကိုပါကြည့်။ ချင်းတွင်းမြစ်ကိုပါ ထည့်စဉ်းစား။ အဲဒီလို စဉ်းစားတဲ့ အခါမှာ ဘာဖြစ်လဲဆိုတော့ မြစ်မကြီးပေါ်မှာ ဆည်အကြီးကြီး မရှိသေးတာကို ဧရာဝတီရဲ့ မြစ်လက်တက်တွေ ပေါ်မှာတော့ ဆည်တွေရှိတယ်။ အပိတ်အဆို့ အတားအဆီးတွေ ရှိလာတာနဲ့ သဘာဝ ဖြစ်စဉ်တွေက ကမောက်ကမ ကယောက်ကယက်တွေ ဖြစ်လာတယ်။ အနှောင့်အယှက်တွေ ၀င်လာတယ်'' ဟု ပါမောက္ခ ဦးမောင်မောင်အေးက ဆက်လက် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း ကာလများတွင် ဈေးကွက်စီးပွားရေးစနစ် အကောင်အထည် ဖော်လာခဲ့ကြောင်း၊ လက်ရှိကာလတွင်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စီးပွားရေး လုပ်ငန်းများ ဧရာဝတီ မြစ်ဝှမ်းလွင်ပြင် ဒေသများတွင် ပြုလုပ်လာသောကြောင်း ယင်းကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်လာမှုများကို မည်ကဲ့သို့ အစီအမံများဖြင့် ထိန်းသိမ်းသွားမည်ကိုလည်း ထည့်သွင်း စဉ်းစားသင့်ကြောင်း ၎င်းကဆက်လက် ပြောကြားခဲ့သည်။
ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသည် လက်ရှိကာလ၌ ပင်လယ်ရေ တိုက်စားမှုကို ခံစားနေရသောကြောင့် အနောက်ဘက် ဟိုင်းကြီးကျွန်းမှ အရှေ့ဘက် တိုးမြစ်ဝအထိ ကျယ်ဝန်းသည့် မြစ်ဝကျွန်းပေါ် ဧရိယာမှာ တဖြည်းဖြည်း ကျဉ်းမြောင်းလာနေကြောင်း သိရသည်။
ဧရာဝတီမြစ်၏ အနည်ပို့ချမှုနှုန်းမှာ ပျမ်းမျှအားဖြင့် မြစ်ဆုံမှ မန္တလေးအထိ တန်ချိန် ၃၂ သန်း၊ မန္တလေးမှ ဟင်္သာတအထိ အနည်ပို့ချမှုမှာ ပျမ်းမျှတန် ၁၂၀ သန်းခန့် ရှိကြောင်းလည်း သိရသည်။
(ကချင်ပြည်နယ် မြစ်ဆုံဒေသအား နိုဝင်ဘာလ အတွင်းက တွေ့ရစဉ်)