Sunday, December 29, 2013

ဒီနေ့ကာတွန်း

ရွှေလင်ဗန်းကျေးရွာ၌တုတ်၊ ခဲများ ကိုင်ဆောင်၍ ရုန်းရင်းဆန်ခတ်ဖြစ်ပွား



Eleven Media Group

လှိုင်သာယာ၊ ရွှေလင်ဗန်းကျေးရွာ၌ တဲထိုးနေရန် လာရောက်ပြင်ဆင်သူ ၁၀၀ ခန့်နှင့် ဒေသခံရွာသား ၃၀၀ ကျော်တို့ တုတ်၊ ခဲများ ကိုင်ဆောင်၍ ရုန်းရင်းဆန်ခတ်ဖြစ်ပွား

လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းကျေးရွာအတွင်း တဲထိုးနေထိုင်ရန်လာရောက် ပြင်ဆင်သူ ၁၀၀ ခန့်နှင့် ဒေသခံရွာသား ၃၀၀ ကျော်တို့ အငြင်းပွားရာမှတစ်ဆင့် တုတ်၊ ခဲများကိုင်ဆောင်၍ ရုန်းရင်းဆန်ခတ် အခြေအနေတစ်ခု ဒီဇင်ဘာ ၂၈ ရက် နံနက် ၁ နာရီခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ ဖြစ်ပေါ်ခဲ့ခြင်းမှာ ဒီဇင်ဘာ ၂၇ ရက် ည ၈ နာရီခွဲခန့်မှစ၍ လှိုင်သာယာ၊ ယောအတွင်းဝန် ဦးဖိုးထောင် လမ်းနှင့် ကနောင်မင်းသားကြီး လမ်းထောင့်တွင်ရှိသော မြေနေရာများပေါ်တွင် အိမ်ရာမဲ့ဟုဆိုသော လူအယောက် ၁၀၀ ခန့်မှ တဲထိုးနေထိုင်ရန် ပြင်ဆင်မှုများရှိနေသည်ကို ရပ်ကွက်နှင့်မြို့နယ်မှ တာဝန်ရှိသူများ သွားရောက်စစ်ဆေးသည့်အချိန်မှစတင်ကာ တင်းမာမှုဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ယင်းအပြင် အဆိုပါလမ်းပေါ်သို့ ဖြတ်သန်းသွားသော ယာဉ်များ၊ လူများကို နေထိုင်ရန်ပြင်ဆင်နေသူတို့မှ စစ်ဆေးမေးမြန်းမှုများ၊ ခြိမ်းခြောက်လုပ်ဆောင်မှုများ ပြုလုပ်မှုကြောင့် ဖြစ်စဉ်မှာ ပိုမိုကြီးထွားခဲ့ခြင်းဖြစ်ကြောင်း ရွှေလင်ဗန်းကျေးရွာအတွင်း နေထိုင်သူဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ရုန်းရင်းဆန်ခတ်မှု မတိုင်မီဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့် စပ်လျဉ်းပြီး ရွှေလင်ဗန်းကျေးရွာတွင် နေထိုင်သူတစ်ဦးက "ကျွန်တော်တို့ အဲဒီလမ်းကဆိုင်ကယ်နဲ့ ဖြတ်သွားတော့ ယာဉ်ကိုတားတယ်။ ပြီးတော့ လေးခွတွေနဲ့ပစ်တယ်။ အဲဒီအပြင် ရပ်ကွက်ကိုပါ မီးရှို့ပစ်မယ်"ဟု စကားသံများပင် ထွက်ပေါ်လာကြောင်း ဆိုသည်။

သို့သော် မိမိတို့မှာ ပြည်သူအချင်းချင်း တိုက်ခိုက်ချင်း လုပ်ဆောင်မှုများ မပြုလုပ်ကြောင်း၊ အာဏာရှင်ခရိုနီများ ရရှိထားသောမြေနေရာများတွင်သာ ကျူးကျော်မှုကို ပြုလုပ်ထားကြောင်း၊ ယင်းအပြင် လက်ရှိနေထိုင်ရန် ပြင်ဆင်နေသူများမှာ ဧရာဝတီတိုင်းဒေသကြီးတွင် နာဂစ်ဖြစ်စဉ်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူ အများဆုံးဖြစ်ကြောင်း တဲထိုးနေထိုင်ရန် ပြင်ဆင်သူအဖွဲ့မှ ဦးဘကျော်က ရုန်းရင်းဆန်ခတ်မှု မဖြစ်ပွားမီ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

မီးရှို့မည်ဟု ထွက်ပေါ်လာသည့်အတွက်ကြောင့် ရွှေလင်ဗန်းရွာသားများမှာ စုရုံးမှုပြုလုပ်ကာ တုတ်၊ အုတ်ခဲအစရှိသည့် ပစ္စည်းများ ကိုင်ဆောင်ထားသည့်အပြင် တဲထိုးနေထိုင်ရန် ပြင်ဆင်နေသူ ၁၀၀ ခန့်မှလည်း တုတ်၊ ဓား အစရှိလက်နက်များ ကိုင်ဆောင်ထားပြီးနောက် နှစ်ဖက်အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့သည်။

ထို့နောက် လူသုံးရာကျော်ရှိသော ရွာသားများက ကျူးကျော်နေထိုင်ရန် ပြင်ဆင်နေသူများကို ဖယ်ရှားမှုများနှင့် ရိုက်နှက်ပစ်ခတ်၊ ထိန်းသိမ်းမှုအချို့ပင်ရှိခဲ့သော်လည်း မည်သည့်အာဏာပိုင်အဖွဲ့အစည်းမှ လာရောက်တားဆီးမှုများပင် မရှိခဲ့သည့်အပြင် ဖြစ်စဉ်မတိုင်မီကပင် ရွှေလင်ဗန်းကျေးရွာ အုပ်ချုပ်ရေးမှူး ကိုမြင့်လှိုင်က "ကျွန်တော်တို့ ရဲစခန်းကိုတော့ အကြောင်းကြားထားပါတယ်" ဟု ဖြေကြားခဲ့သည်။

(ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် ရွှေလင်ဗန်းကျေးရွာအတွင်း ရုန်းရင်းဆန်ခတ်မှု အခြေအနေကို တွေ့ရစဉ်)

(၂၀၁၂) ခုနှစ်အတွက် မြန်မာရုပ်ရှင်ထူးချွန်ဆုပေးပွဲရုပ်သံ

(၂၀၁၂) ခုနှစ်အတွက် မြန်မာရုပ်ရှင်ထူးချွန်ဆုပေးပွဲမှ အကယ်ဒမီဆုရှင်များ၏ ရင်ခုန်သံများ

ကလစ် PLAY ALL ကိုနှိပ်ပါ။ ၁၂ ဖိုင်တွဲထားသည်။


သူဘယ်သူလဲ
ဘယ်သူ့ဒီဇိုင်းလဲ



Ko Nay Myo
ဂျပု ဦးကျော်ဆန်း သာ “သမ” မရောက်ပဲ ပြန်ကြားရေးမှာပဲ ရှိမယ်ဆိုရင် “ဥ”ကတော့ ဆု မရနိုင်ပါဘူး…။ ဟုတ်တယ်လေ… “ဟိုဖက်ခြံက အကောင် ပုကွကွ.. စကားပြော ဘုကျကျ…” “အတင်းဝင်ကောက်တဲ့ ဟိုဖက်က ဂျပု… မလွန်ခင် တူ နဲ့ ထု…” “လူပါး ၀ လွန်းတဲ့ ဂျပု မျက်ခွက် မျက်စိထဲက မထွက်…” “မင်းကြက်အထီးက မဥတဲ့ဘ၀.. အဲ့တာ မင်းကိစ္စ မင်းမကျေနပ်ရင် ကိုယ်တိုင် ထိုင် ဥ ပါ…” ဆိုတော့ ခြင်းတောင်းလေးထဲမှာ ဦးကျော်ဆန်း က သူ့ကို ဥ ထိုင် ဥ ခိုင်းတယ်….၊ သူ့ကိုစောင်းပြီး ရိုက်တယ်…၊ ဒီအခန်းဖြတ်…၊ ဒီကားဖြတ်… ဆိုပြီး ပြီးသွားလိမ့်မယ် ထင်တယ်နော်….

ခေါင်းဆောင်ကောင်းကို၇ဖို့ အတွက်၅၉စ ကို ပြင်ချင်တာ



 May Thin Gyan
တချို့ ကမေးတယ် ၅၉ စ ကိုပြင်ခိုင်းတာဟာ.....ဒေါ်အောင်ဆန်းစုကြည်၇ဲ့ပုဂ္ဂိုလ်ေ၇းအတွက်လား.....ပြည်သူ့ အကျိုးအတွက်လားတဲ့....အများစု မကောင်းမြင်ဝါဒသမားတွေကတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ အ၇မ်းဖြစ်ချင်လို့ ပြင်ခိုင်းတယ်ထင်နေကြတယ်.....အဲဒီလိုမဟုတ်ပါဘူး..... ၅၉စ ကိုပြင်ခိုင်းမှ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်မှာ....အမေစု သမ္မတ ဖြစ်မှ......နောက်ဆက်တွဲတွေဆက်လုပ်လို့၇မှာဖြစ်ပါတယ်...နိုင်ငံတခုမှာ ပြည်သူတွေကို ဦးစီးလမ်းညွှန်မယ့် ခေါင်းဆောင်းကောင်းတ ယောက်လိုအပ်ပါတယ်....အဲဒီခေါင်းဆောင်ကလည်း....နိုင်ငံတကာ ၀င်ဆန့်၇မယ်....နိုင်ငံတကာက လေးစား၇မယ့်သူဖြစ်၇မယ်.... ဥာဏ်ပညာမြင့်မားပြီး...ပြည်သူကို....စာနာကြင်နာတတ်သူဖြစ်၇မယ်.... ဒီလိုအ၇ည်ချင်းတွေနဲ့ပြည့်စုံတာ ဆိုလို့ အခုလောလောဆယ်မှာ အမေစု တယောက်ပဲ၇ှိပါတယ်....ဒါကြောင့် အမေစုကို သမ္မတတင်ချင်တယ်.... အမေစု သမ္မတ ဖြစ်ဖို့ အခွင့်ေ၇းကို ပိတ်ပင်ထားတဲ့ ပုဒ်မ မှန်သမျှဖယ်၇ှားပစ်၇မယ်....ဒါဟာ နိုင်ငံ နဲ့ပြည်သူအတွက်ပါ...ပုဂ္ဂိုလ်ေ၇းအတွက်မဟုတ်ပါဘူး.....လူပေါင်းသန်း၆၀ ကို ခေါင်းဆောင်တဲ့သူမ၇ှိပဲ ကျွန်မတို့တွေဘယ်လိုေ၇ှ့ဆက်သွားမလဲ.....တယောက်တပေါက်စီဖြစ်ကုန်မှာပေါ့.... ခေါင်းဆောင်ကောင်း၇ှိမှသာ...အားလုံးညီညီညာညာနဲ့ နောက်က လိုက်လို့ ၇မှာပါ...နေ ၇ာတိုင်းမှာ ခေါင်းဆောင်လိုအပ်ပါတယ်.....အဲဒီ ကျိန်မတို့ေ၇ွးချယ်တဲ့ ခေါင်းဆောင်ဟာလည်း အ၇ည်အချင်းပြည့်စုံပြီး...ဘက်စုံတော်နေတဲ့ ခေါင်းဆောင်ဖြစ်ဖို့ အေ၇းကြီးပါတယ်..... ဒါကြောင့် ကျွန်မတို့ပြည်သူတွေအခု ၇ထားတဲ့ ခေါင်းဆောင်ကောင်းကို ကာကွယ်စောင့်ေ၇ှာက်၇မယ်.....ကူညီ၇မယ်...စည်းလုံး၇မယ်...ကျွန်မတို့လိုချင်တဲ့ခေါင်းဆောင်ကို ပိတ်ပင်တားဆီးထားတဲ့အ၇ာတွေကို ပြည်သူတွေက ၀ိုင်းပြီး ဖယ်၇ှားပစ်၇မယ်...ဒါမှ ပြည်သူတွေလိုချင် တဲ့ခေါင်းဆောင်ကောင်းကို၇မှာပါ....ဒီလို၇ဖို့ အတွက် ကြောင့် ၅၉စ ကို ပြင်ချင်တာပါ....တကယ့်ကိုပြည်သူ့အကျိုးအတွက်ပါ.....

မြစ်ဆုံစီမံကိန်း ဆုံးဖြတ်ချက် သမ္မတ ပြင်ဆင်မည်မဟုတ်ဟုဆို



7Day News Journal
----------------
ရန်ကုန်

သမ္မတဦးသိန်းစိန်က မြစ်ဆုံစီမံကိန်းကို ၎င်း၏ သမ္မတ သက်တမ်းအတွင်း ဆိုင်းငံ့ထားမည့် ဆုံးဖြတ်ချက်ကို ပြင်ဆင်မည်မဟုတ်ဘဲ တစ်ဖက်ကုမ္ပဏီက ဥပဒေကြောင်းအရ စွဲဆိုလာပါကလည်း ပြည်သူ့ဆန္ဒကိုမူတည်၍ နိုင်ငံတကာစံနှုန်းများ၊ ဥပဒေများနှင့်အညီ အစိုးရက တုံ့ပြန်သွားမည်ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။ ဒီဇင်ဘာ ၂၆ ရက်က CPI ကုမ္ပဏီက ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် သမ္မတဦးသိန်းစိန်ကို ယခင်အစိုးရနှင့် ချုပ်ဆိုခဲ့သော စာချုပ်များအား လေးစားသင့်ကြောင်း ပြောကြားချက်အပေါ် တုံ့ပြန် ပြောကြားခြင်းလည်း ဖြစ်သည်။ ပြည်သူ့ဆန္ဒကို အလေးထားသည့်အနေဖြင့် ယခုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲအတွက် အကျိုးမျှော်ကိုး ပြုလုပ်ထားခြင်းလည်းမဟုတ်ကြောင်း ၎င်းကပြောသည်။ “ကုမ္ပဏီကတော့ သူ့ဆန္ဒကို သူပြောတာပေါ့။ သမ္မတကြီး အကြိမ်ကြိမ်ပြောကြားထားသလိုပဲ သူ့အစိုးရသက်တမ်းမှာတော့ ဒါကို ဆိုင်းငံ့ထားမှာ။ ဘယ်လိုအကြောင်းနဲ့မှ ဆုံးဖြတ်ချက်ကို ပြင်မှာမဟုတ်ဘူး။ တစ်ဖက်ကုမ္ပဏီက ဥပဒေကြောင်းအရ လုပ်လာလို့ ပြောဆိုဖြေရှင်းလာရရင်တောင် ကျွန်တော်တို့ အစိုးရသက်တမ်းအတွင်းမှာ နိုင်ငံတကာဥပဒေစံနှုန်းတွေနဲ့ စာချုပ်ပါ စည်းမျဉ်းတွေအတိုင်းပဲ ရင်ဆိုင်တုံ့ပြန်သွားမှာပါ”ဟု ဦးရဲထွဋ်ကပြောကြားသည်။ မြန်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် ဆီးဂိမ်းအားကစား ပိတ်ပွဲ၊ ဖွင့်ပွဲတွင် တရုတ်အစိုးရ၏ အဓိကပံ့ပိုးကူညီမှုရှိခဲ့ပြီးနောက် မြစ်ဆုံစီမံကိန်းကို ပြန်လည်စတင်လို၍ တရုတ်က ထိုသို့ကူညီခဲ့ခြင်းဖြစ်ကြောင်း၊ ဆီးဂိမ်းကို အကြောင်းပြု၍ မြစ်ဆုံစီမံကိန်းပြန်စရန် ဖိအားပေးလာနိုင်ဖွယ်ရှိကြောင်း ဝေဖန်မှုများ ပေါ်ထွက်နေချိန်တွင် ဆီးဂိမ်းအပြီး လေးရက်အကြာတွင် CPI ကုမ္ပဏီက ယင်းသို့ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ကချင်ပြည်နယ် ဧရာဝတီမြစ်အထက်ပိုင်းရှိ မြစ်ဆုံတွင် ရေကာတာ ခုနစ်ခု တည်ဆောက်ရန် ၂၀၀၆ ခုနှစ်က စစ်အစိုးရနှင့် China Power Investment Corporation (CPI) တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာရေးထိုးခဲ့ကြခြင်းဖြစ်သည်။ သို့သော် ယင်းစီမံကိန်းကို ကန့်ကွက်မှုများကြောင့် သမ္မတဦးသိန်းစိန်က ၎င်း၏အစိုးရသက်တမ်းအတွင်း ဆိုင်းငံ့ထားခဲ့သည်။စစ်အစိုးရနှင့် ချုပ်ဆိုထားသည့်စာချုပ် ဖြစ်သော်လည်း လက်ရှိသမ္မတဦးသိန်းစိန်မှာ စစ်အစိုးရမှ အရပ်ဝတ်သို့ ပြောင်းလဲထားသော ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်နေပြီး မြစ်ဆုံကိစ္စမှာ နောင်ကျင်းပမည့် ရွေးကောက်ပွဲအရ ပေါ်ပေါက်လာမည့် အစိုးရအတွက် အကျပ်အတည်းပြဿနာတစ်ခုဖြစ်နေကြောင်း၊ ယင်းကိစ္စကို အပြီးတိုင် ရပ်စဲပစ်စေလိုကြောင်း သဘာဝပတ်ဝန်းကျင် တက်ကြွလှုပ်ရှားသူများနှင့် ပြည်သူ့အရေးတက်ကြွလှုပ်ရှားသူများက ဝေဖန်ပြောကြားသည်။ ထိုစဉ်က စီမံကိန်းအတွက် မြန်မာဘက်က တာဝန်ယူလက်မှတ်ရေးထိုးထားသူအချို့မှာ လက်ရှိအစိုးရအတွင်း ဆက်လက်ပါဝင်နေဆဲဖြစ်ရာ ယခုမြစ်ဆုံစီမံကိန်းအပြီးရပ်စဲရန်မှာ လက်ရှိအစိုးရ၌ပါ တာဝန်ရှိကြောင်း ဥပဒေပညာရှင်အချို့ကလည်း ထောက်ပြကြသည်။ ထို့အပြင် ယခုနှစ်စက်တင်ဘာက စင်ကာပူနိုင်ငံသို့ ဒေါ်အောင်ဆန်းစုကြည်ရောက်ရှိခဲ့စဉ် စင်ကာပူရောက်မြန်မာမိသားစုများနှင့် တွေ့ဆုံခိုက် မြစ်ဆုံကိစ္စ နှင့် ပတ်သက်၍ ယခုကဲ့သို့ ပြောကြားခဲ့သည်။ “အစိုးရများကို တာဝန်ယူမှုရှိစေချင်ရင် ပွင့်လင်းမြင်သာမှုရှိရမယ်။ ကျွန်မတို့ မြစ်ဆုံစီမံကိန်းအတွက် ဘာလုပ်မလဲဆိုတာက ဘယ်လို Contract မျိုး ရေးဆွဲထားလဲ။ ဘယ်လိုလက်မှတ်ထိုးထားလဲဆိုတာ မသိဘဲနဲ့ ကျွန်မ ပြောလို့မရဘူး။ ကျွန်မ မေးချင်တယ်။ လက်မှတ်ထိုးတဲ့လူတွေက ဘာလို့ တာဝန်ယူပြီးတော့ မရှင်းသလဲဆိုတာ ကျွန်မသိချင်တယ်” ဟု ပြောကြားခဲ့သည်။ “နိုင်ငံတကာနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေမှာ အငြင်းပွားမှုတွေဖြစ်လာရင် နိုင်ငံတကာခုံရုံးတွေတက်ရတာတွေ ရှိနိုင်တယ်။ တရုတ်ကုမ္ပဏီကတော့ ခုထိ ဒါမျိုးလုပ်မယ်လို့ ထုတ်တော့ မပြောသေးဘူး။ အခုဦးပိုင်နဲ့ F&N ဖြစ်နေတဲ့ ပြဿနာလိုပေါ့။ ခုံရုံးတက်တဲ့အခါ စာချုပ်မှာပါတဲ့ အချက်တွေက အသက်ပဲ။ ဒါတွေကို အစိုးရက ကြိုပြီးပြင်ဆင်ထားဖို့လိုတယ်”ဟု နိုင်ငံတကာနှင့် အငြင်းပွားမှုပြဿနာများတွင် အတွေ့အကြုံရှိသည့် ဥပဒေပညာရှင်တစ်ဦးကပြောကြားသည်။

"၂၀၀၈ ခြေဥ ပြုပြင်ပြောင်းလဲရေး တစ်အိမ်တက်ဆင်း ပြည်သူ့ဆန္ဒခံယူပွဲ.."


Wine Chit Aung Nld

ပြည်သူတွေ ကိုယ်တိုင်ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ချင်ပြောင်းချင်ပါတယ်. လိုလိုလားလားဆန္ဒပြုတောင်းဆိုချင်ပါတယ်ဆိုတဲ့ မဟာအောင်မြေမြို့နယ်ရဲ့ လူထုလူတန်းစား အလွှာစုံ

ဝန်ကြီးများ၏ဇနီး၊ သားသမီးများဌာနမှ အပိုယာဉ်များ ယူဆောင်သုံးစွဲခြင်း၊မပြုလုပ်ရ


ဒီမို ဖက်တီး

ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ၀န်ကြီးများအား ဌာနမှ အပိုယာဉ်များ ယူဆောင်သုံးစွဲခြင်း၊ ဇနီး၊ သားသမီးများကို မောင်းနှင်စေခြင်း၊ သတ်မှတ်ချက်ထက် စက်သုံးဆီ ပိုမိုသုံးစွဲခြင်း မပြုလုပ် ကြရန် ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးမှ ဒီဇင်ဘာ ၉ ရက် ရက်စွဲဖြင့် ညွှန်ကြားချက် ထုတ်ပြန် လိုက်သည်။

ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ၀န်ကြီးများသည် သတ်မှတ်ထုတ်ပေးထားသည့် ယာဉ် အရေအတွက်၊ ယာဉ်အမျိုးအစားကိုသာ မောင်းနှင်သုံးစွဲကြရန်လည်း အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်လက်မှတ်ဖြင့် ၀န်ကြီးဌာနများသို့ ပေးပို့သော ညွှန်ကြားလွှာ တွင်ဖော်ပြထားသည်။

ပြည်ထောင်စုအဆင့်ရှိ ၀န်ကြီးများသည် ရုံးသုံး၊ အိမ်သုံးနှင့် ခရီးသွားရန် မော်တော်ယာဉ်သုံး စီး အဆောင်အယောင်အဖြစ် ရရှိပြီး မော်တော်ယာဉ်တစ်စီးလျှင် တစ်လ ဆီဂါလန် ၆၀ စီ အခမဲ့ထုတ်ယူခွင့်ရရှိထားသည်။ မော်တော်ယာဉ်ပြင်ဆင်စရိတ်ကို အစိုးရက အကုန်အကျ ခံရပြီး ပြင်ပယာဉ်မောင်းသုံးဦးအတွက် လစာငွေတစ်သိန်းခန့်စီကိုလည်း အစိုးရက ထုတ်ပေးရသည်။ ၀န်ကြီးတစ်ဦးစီသည် အိမ်အကူနှင့် ခြံစောင့်တစ်ဦးစီပါ ခန့်ထားခွင့်ရရှိ ထားပြီး ၎င်းတို့အတွက် လစာငွေကိုလည်း အစိုးရက ကျခံရသည်။

ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေပုဒ်မ ၂၁ နှင့် ပုဒ်မ ၂၂ တွင် ၀န်ကြီးနှင့် ဒုတိယ၀န်ကြီးများသည် အဆောင်အယောင် အဖြစ် မော်တော်ယာဉ် သုံးစီး၊ ယာဉ်မောင်းသုံးဦး၊ ယာဉ်တစ်စီးလျှင် တစ်လ စက်သုံးဆီ ဂါလန် ၆၀ နှင့် အမှန်တကယ်ကုန်ကျမည့် စက်ဆီ၊ ချောဆီများ ခံစားခွင့်ရှိကြောင်း ပြဋ္ဌာန်း ထားသည်။

အစိုးရအဖွဲ့၏ ညွှန်ကြားလွှာတွင် ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက်က ပို့ဆောင်ရေးဝန်ကြီး ဌာနပိုင် ပါဂျဲရိုးမော်တော်ယာဉ်သည် စက်ဘီးစီးနင်းလာသူ နှစ်ဦးကို ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းတွင် တိုက်မိခဲ့ရာ ယာဉ်တိုက်ခံရသူနှစ်ဦး သေဆုံးခဲ့သည်။ ထိုယာဉ်ကို စိစစ်တွေ့ရှိချက်များအရ Unique Marine Service ကုမ္ပဏီ အကြံပေးအရာရှိ Mr. Jonathan Sivapunian ကို ငှားရမ်း ထားကြောင်း ဖော်ပြထားသည်။

ဧရာဝတီ ( ယီးလေလေ့ယီး )




ဟောဒီ
ဧရာဝတီရဲ့ပခုံးပေါ်မှာ ထမ်းပိုးထား
စစ်ကိုင်း (အင်းဝ) တံတား။

မြန်မာ့ဖြစ်အင်
သမိုင်းစဉ်ကို
စစ်ကိုင်းတံတားလည်း မြင်ခဲ့တယ်
ဧရာဝတီလည်း မြင်ခဲ့တယ်။

လက်ပံပွင့်တွေ နီရဲနေပေမယ့်
လက်ပံပင်တွေ ပတ်လည်ဝန်းနေတဲ့
သပြေတန်းခံတပ်မှာ
မျက်နှာ ဓားနဲ့ လှီးပစ်ချင်စရာ
မြန်မာတို့ လက်နက်ချခန်း
ဝမ်းနည်းစိတ် လှိုင်းရိပ်တွေနဲ့
ဧရာဝတီ ရင်နာခဲ့ရဖူးတယ်။

ဂေါဝိန်ဆိပ်ကမ်းကနေ
မျက်နှာတော် ညှိုနွမ်း မလန်းရွက်ကြာ
တဦးလက် တဦးဆုပ်ကိုင်အားပေးနေတဲ့
သီပေါနဲ့ စုဖုရား
နယ်ချဲ့စစ်သားများအကြားက
ကုန်းဘောင်မှနေ “သူရိယ” ပေါ် အတက်
ဧရာဝတီ မျက်နှာပျက်သွားခဲ့ဖူးတယ်။

ဂျပန်ခေတ်
ဗမာ့သွေးစစ်တဲ့ စစ်ကိုင်း ကိုသိန်းတန်
ဂျပန်က ခေါင်းဖြတ်သတ်
ခေါင်းသာပြတ်ပေမယ့်
မြင့်မြတ်ကြက်သရေ ရွှန်းတင့်နေတဲသူ
သူ့သွေးတွေကို ထိနမ်းပွေ့ပိုက်လျက်
ဒီလို သူရဲကောင်းမျိုး
မွေးဖွားနိုင်တဲ့ ဗမာပြည်အတွက်
ဧရာဝတီ ဂုဏ်ယူခဲ့ဖူးတယ်။

စစ်ကိုင်းတံတားကနေ
အင်္ဂလိပ်တွေ ဆုတ်ခွာခန်း
ဝမ်းနည်းသနားစရာ
အိန္ဒိယက သူတို့ခေါ်လာတဲ့
ကူလီနဲ့ ဆင်းရဲသားတွေရဲ့
ထောင်ချီပြီး သေဆုံးခဲ့ရတဲ့
ဒုက္ခနဲ့ အလွမ်း
အရှုံးရဲ့ သင်ခန်းစာကိုလည်း
ဧရာဝတီ ဆင်ခြင်ခဲ့တယ်။

ငှက်လှေကလေး စီးလာပြီး
တေးသွားကလေး ဆိုညည်းခဲ့တဲ့
မြို့မငြိမ်းရဲ့ မျက်နှာလည်း
ဧရာဝတီ မြင်ခဲဖူးတယ်။

တောင်လေးလုံးခရီးတထောက်
ဧရာကမ်း ရောက်လာတတ်တဲ့
ဒေါ်အမာရဲ့ နှုတ်ဆက်စကား
ဧရာဝတီ ကြားခဲ့ဖူးတယ်။

လယ်သမားတွေကို လိမ်ညာဖို့
ဧရာဝတီကို ဖြတ်ပြီး
ကားကောင်းတွေ တဝှီးဝှီးစီး
နှီးနှောဖလှယ်ပွဲ သွားတဲ့
စစ်အာဏာ ဇာတ်ဝင်ခန်းများ
ဗိုလ်ချုပ်ကြီးတွေ ရယ်သံတဟားဟား
ဧရာဝတီ ကြားခဲ့ဖူးတယ်။

ခုတော့ ရင်နာစရာပါ
စစ်အာဏာရှင်စနစ်ဟာ
ဗမာပြည်မှာ
ကြာလွန်းမက ကြာခဲ့ပြီ။

ခုတော ရင်နာစရာပါ
ဧရာကမ်းက
ပြည်သူ့ဘဝ
ဒုက္ခတွေ ဧရာရေလောက်မက
ဒုက္ခတွေ ပင်လယ်ဝေခဲ့တာ
ကြာတောင့်မက ကြာခဲ့ပြီ။

ခုတော့ လွမ်းစရာပါ
ရွှေထီးရွှေနန်း ရွှေကြငှန်းဆိုတာလည်း အတိတ်ပန်းချီဆေး
ဘေးမသန်းဘဲ အေးချမ်းတဲ့ ဒီမိုကရေစီခေတ်ကလည်း အရိပ်မသီသေး
စစ်အာဏာရှင်စနစ် ခေတ်ဆွေးခေတ်အိုကြီးထဲမှာ
မြန်မာ့ဂုဏ်သိက္ခာဟာ ရေစုန်မျောလို့။

ခုတော့ ရမ်းရော်မိသည် ဧရာဝတီ
တောင်ပင်လယ်ဆီမှာလည်း လှိုင်းတွေ ထန်လို့။
ကြေကွဲမိပြီ ဧရာဝတီ
မေခ မလိခ မြစ်ဆုံဆီမှာလည်း စစ်မိုးတွေ ညို့လို့။

နွေကာလ သောင်ထွန်းပြီး
မိုးအခါ ရေကြီးတဲ့ သင့်ရင်ခွင်မှာ
ရှိုက်ကြီးတငင် ငိုရှိုက်နေတဲ့ ဂေါဝိန်ဟာ
နာကြည်း ကျိန်စာတိုက်နေတဲ့ ပုဂံဟာ
တရာသီစာ အလွမ်းဘွဲ့ မဟုတ်ပါ။

ဒါပေမဲ့ ဧရာ
ဝမ်းနည်းစရာ
သင့်ကိုယ်မှာ သင့်ဦးခေါင်းမှာ
ဒဏ်ရာအနာတရ၊ သင်ကိုယ်တိုင်ရ
စစ်ဒဏ်ခလျက်။

ဒို့ချစ်တာ တိုက်ပွဲဝင် ဧရာဝတီပါ
ဧရာဝတီချစ်တာ တိုက်ပွဲဝင် ပြည်သူပါ
သင့်ကိုယ်မှာ သေလောက်တဲ ဒဏ်ရာတွေနဲ့

ဒို့ကိုယ်မှာ သေလောက်တဲ့ ဒဏ်ရာတွေနဲ့
ဒဏ်ရာတွေ အခြေဆိုးပေမယ့်
ဇာနည်တွေ မသေမျိုးပေမို့
မိုးမြေကို မှောက်လှန်
ဗြောင်းဆန်အောင် ပြောင်းလှန်ပြီး

အမှောင်လွှာကို ဖြိုခွဲဖျက်ဆီး
အက္ခောဘဏီ အင်အားစုစည်း
လှိုင်းမာန်တွေ တောင်လောက်ကြီးနဲ့
ဧရာဝတီ … စီးလေလေ့စီး သည်ခရီး
ယီးလေလေ့ယီး။ ။

မောင်လှဝင်း ( မြင်းခြံ )

BY - Ka Yin Lay &  Mung L Wawhkyung

ပု ဂံ ခေတ် က ရွာ က ကြံ ဖွတ် တည် ထား ခဲ့ တာ

ဆန္ဒထုတ်ဖော်မှု ၄ ရက်နေ့ အစား၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့သို့ ပြောင်းလဲသတ်မှတ်



The 88 Generation Peace and Open Society
Liked · Yesterday ·

သတင်းထုတ်ပြန်ချက်
နေ့စွဲ။ ။ ၂၉.၁၂.၂၀၁၃

ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေအပါအဝင် ဒီမိုကရေစီနိုင်ငံတော်နှင့် မသင့်လျှော်ဘဲ၊ ပြည်သူလူထုအပေါ်
နိုင်ငံရေးအရ တဖက်သတ်ဖိနှိပ်ချုပ်ချယ်သည့် ဥပဒေများနှင့် ကန့်သတ်မှု၊အရေးယူမှုများအား ပူးပေါင်းဆန္ဒထုတ်ဖော်မှုကိုသက်ဆိုင်
ရာလုံခြုံရေးအဖွဲ့စည်းများ၏ ပြန်လည်ညှိနှိုင်းမှုအရ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ အစား၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့သို့
ပြောင်းလဲသတ်မှတ်ကြောင်း သက်ဆိုင်ရာသို့ အသိပေးအကြောင်းပြန်ကြားခဲ့ပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

ငြိမ်းချမ်းစွာ စုဝေးမည့်နေရာ - မဟာဗန္ဓုလပန်းခြံလမ်း၊(မဟာဗန္ဓုလပန်းခြံဘေး)
ငြိမ်းချမ်းစွာ စုဝေးမည့်နေ့ရက် - ၅၊ ၁၊၂ဝ၁၄ (တနင်္ဂနွေနေ့)
ငြိမ်းချမ်းစွာ စုဝေးမည့်အချိန် - နေ့လည် ၃းဝဝ နာရီမှ ညနေ ၅းဝဝ နာရီအထိ

မြန်မာ အလုပ်သမားများကို ရန်ပြုခဲ့သော အင်းဒိုနီးရှားများကို မလေးရှား ရဲတပ်ဖွဲ့က အရေးယူတော့မည်

သမ္မတ ဖြစ်ချင်ရင် ဘောရေး ဘောအမြင် ရှိရမယ်



ဒီမို ဖက်တီး
မြန်မာဘောလုံးအသင်း နိုင်ဖို့ ဆိုတာ ဘောအုပ်လဲ ထွက်စရာ မလိုပါဖူး။ နည်းပြလဲ ပြောင်းဖို့ မလိုပါဖူး။ ဘောလုံးကွင်းတွေလဲ ဆောက်ဖို့ မလိုပါဖူး။ ရောင်းပြီးသား ကစားကွင်းတွေလဲ ပြန်တောင်းဖို့ မလိုပါဖူး။ တကယ်လိုတာ ကတော့ တစ်ခု ထဲပါ။

ပြည်ထောင်စု မြန်မာနိုင်ငံ ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ကို ပြင်လိုက်ရင် ပြီးရော။ ပွဲသိမ်း။

ကြည့်လေ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ သမ္မတ လုပ်ချင်ရင် စစ်ရေး အမြင်ရှိ ရမယ်လို့  ဖော်ပြထားတယ်လေ။ ဇာဂနာ တို့ က ဘယ်နိုင်ငံ နဲ့  စစ်တိုက်ရမှာမို့  သမ္မတ က စစ်ရေးအမြင် ရှိဖို့ လိုမှာတုန်း။ တရုတ်နဲ့ လဲ စစ်တိုက်စရာမလို၊ ယိုးဒယားနဲ့ လဲ စစ်တိုက်စရာ မရှိ။ ဘာကိစ္စနဲ့ သမ္မတက စစ်ရေးအမြင် ရှိသင့်မှန်းကို ဇာဂနာ မသိပါဖူး။ ဒါကြောင့် လူထုဆန္ဒ ကောက်ယူပြီး ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ပြင်ပစ်မယ်ဗျာ။ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေသုံးသပ်တဲ့ ကော်မတီဆီကို လဲ စာဝိုင်းတင်ကြတာပေါ့။

အဲဒါ ဘာလဲဆိုတော့ သမ္မတ ဖြစ်ချင်ရင် ဘောရေး ဘောအမြင် ရှိရမယ်လို့ ။ ဒါမှ မြန်မာအသင်း ဘောပွဲမှာ နိုင်တော့မှာပေါ့။ သိသားဘဲ။ ခင်ဗျားတို့  ဘာပြောမယ် ဆိုတာ။

ဇာဂနာ
(၂၁၊၁၂၊၁၃) ပဲ့တင်သံဂျာနယ်

(၂၀၁၂) ခုနှစ်အတွက် မြန်မာရုပ်ရှင်ထူးချွန်ဆုပေးပွဲမှ အကယ်ဒမီဆုရှင်များ စာရင်း




၁။ အကောင်းဆုံး အသံဆု - တိုနီလင်း (ကယန်းအလှ ရုပ်ရှင် ဇာတ်ကား)
၂။ အကောင်းဆုံး တေးဂီတဆု - ဂီတမှူး ဝင်းကို (အမွေခံထိုက်သူ ဖြစ်ပါစေ ဇာတ်ကား)
၃။ အကောင်းဆုံး ရုပ်ရှင် တည်းဖြတ်ဆု - ဇော်မင်း (ဟံသာမြေ) - (ဥ ဇာတ်ကား)
၎။ အကောင်းဆုံး ရုပ်ရှင် ဓာတ်ပုံဆု - ကိုအောင်ကိုလတ် (ကယန်းအလှ ရုပ်ရှင် ဇာတ်ကား)
၅။ အကောင်းဆုံး ကလေး သရုပ်ဆောင်ဆု - ယွန်းယွန်း (တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ ဇာတ်ကား)
၆။ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု - ပြေတီဦး (လက်ပံ ဇာတ်ကား)
၇။ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု - ချောရတနာ (ဥ ဇာတ်ကား)
၈။ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု - ဖွေးဖွေး (လက်ပံ ဇာတ်ကား)
၉။ အကောင်းဆုံး ဒါရိုက်တာဆု ကိုဇော် (အရုဏ်ဦး) (ဥ ဇာတ်ကား)

နေဇော်လင်း
Free Online Radio Media (Malaysia)


တေ့လွဲသွားသူများအတွက် ....

ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေးသို့ မီဒီယာများ ၀င်ရောက်ခွင့်အား တားဆီးပြောဆိုမှုနှင့် ပါတ်သက်၍ ဆက်သွယ်မေးမြန်းချက်





Sanay Minthar
ဒီဇင်ဘာလ ၂၉ရက် ၂၀၁၃ခုနှစ်

ပြည်ခိုင်ဖြိုးပါတီအစည်းအဝေး မီဒီယာများဝင်ရောက်ခွင့် ပိတ်ပင်ခြင်းမှာ အစည်းအဝေး ကျင်းပနေစဉ်အတည်မပြု ရ သေးသော ဆွေးနွေးပြောဆို မှုများကို မလိုလားအပ်သော ပြဿနာများ ပေါ်ပေါက်စေရန် ရေးသားလှုံဆော်မှုများမပြုလုပ် နိုင်ရေးအတွက် ခေတ္တ ပိတ်ပင် ထားခြင်း သာ ဖြစ်ကြောင်း ၊ အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ပါတီ၏ သဘောထားများကို ပြည်သူလူထုအား ပါတီပိုင် မီဒီယာများမှ လည်းကောင်း အခြား မီဒီယာများမှ သော်လည်းေ ကာင်း ဖော်ပြသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

နေပြည်တော်၌ ကျင်းပပြုလုပ်နေသော ပါတီမှ ထုတ်ဝေသော ပြည်ထောင်စု သတင်းစာမှ သတင်းထောက်များကို လည်း ဆွေးနွေးပြော ဆိုမှုများအား သတင်းရယူခွင့် မပြုကြောင်း သိရှိရပါသည်။

ပြည်ခိုင်ဖြိုးပါတီသည် ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပါတီ၏ ရှေ့ဆက်သွားမည့် လုပ်ငန်းစဉ်များကို ဒီဇင်ဘာလ (၂၄)ရက်မှ စ၍ နေပြည်တော်ရှိ ပါတီဌာနချုပ်ရုံးတွင် အစည်းအဝေးများ ကျင်းပနေခြင်း ဖြစ်ကြောင်း၊ ထို့နည်းတူ NLD ပါတီသည်လည်း ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်၍ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် အစည်းအဝေးများ ကျင်းပပြုလုပ်လျှက်ရှိကြောင်း သိရှိရပါသည်။ NLD ပါတီတွင် ရှေ့ဆက် သွားမည့် လမ်းစဉ်များကို CEC အဆင့် ဆွေးနွေးပြောဆိုမှုများအား မီဒီယာ များကို ဖိတ်ကြား အသိပေးခြင်း ပြု လုပ်လေ့မရှိကြောင်း ၄င်းတို့ပိုင် ဒီလှိုင်းဂျာနယ် တစ်ခုမှသာ သတင်းဦးများအား မီဒီယာများသို့ အသိပေးလေ့ရှိကြောင်း သိရှိရပါသည်။


မီဒီယာများ ပိတ်ပင်ခြင်းနှင့် ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူ တစ်ဦးအား မေးမြန်းရာတွင် နိုင်ငံတစ်နိုင်ငံ၏ ဦးဆောင် ပါတီကြီးများတွင် ပါတီဗဟိုအဆင့် ဆွေး နွေး ပြောဆိုမှုများအား မီဒီယာများအား ကြိုတင် အသိပေး ဖော်ပြလေ့ မရှိကြောင်း၊ ယင်းကဲ့သို့ ဆောင်ရွက်ခြင်းမှာ ပါတီကြီးများ၏ လုပ်ရိုးလုပ်စဉ် တစ်ခုသာဖြစ်ကြောင်း ၄င်းတို့ ပါတီပိုင် အ၀န်းအ၀ိုင်းအတွင်း အကြိတ်အနယ် ဆွေးနွေး ပြောဆိုရသည်များ လည်း ရှိကြောင်း ပြည်ခိုင်ဖြိုးပါတီသည် ဒီမိုကရေစီနည်းလမ်းတကျ ဆောင်ရွက်လျှက်ရှိ သည့် ပါတီဖြစ်သည့်အတွက် ပါတီအတွင်း တာဝန်ထမ်းဆောင် လျှက်ရှိသော ပြည်နယ် တိုင်းအသီးသီးမှ အဆင့်ဆင့်သော ပါတီဝင်များအားလုံးသည် ပါတီအစည်း အဝေးများ တွင် အကြိတ်အနယ် လွတ်လပ် စွာပြောဆို ဆွေးနွေးခွင့်ရှိကြောင်း ယင်းကဲ့သို့ ပြောဆို ဆွေးနွေးလျှက်ရှိကြောင်း ဒီမိုကရေစီ နည်းလမ်း တကျ အများ သဘောတူ ဆုံးဖြတ် သော ကိစ္စများ ကို အတည်ပြု လျှက်ရှိကြောင်း၊ ခေါင်းဆောင် တစ်ဦးတစ်ယောက်၏ မျက်နှာကိုသာကြည့်၍ ဆုံးဖြတ်ရ ခြင်းမျိုး မရှိကြောင်း ပြန် လည်ဖြေကြားခဲ့ပါသည်။

ပြည်ခိုင်ဖြိုးပါတီ ၏ အထူးတံခါးပိတ် အစည်းအဝေးမှ သတင်းခိုးရောင်းချမှုဖြစ်ပွား



ရွာဆော် ငထော်

ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အထူးအားထားရသော ပြည်ထောင်စု သတင်းစာ အယ်ဒီတာတစ်ဦးမှ
 ပြည်ခိုင်ဖြိုးပါတီ ၏ အထူးတံခါးပိတ် အစည်းအဝေးမှ သတင်းများနှင့် မိန်ခွင့် အားDVB သတင်းဌါနသို့သတင်းခိုးရောင်းချမှု့ဖြစ်ပွား
=========================================================================

မနေ့ကစတင်ကျင်းပသော ပြည်ခိုင်ဖြိုးပါတီ ဒုတိယ အကြိမ် ဗဟိုကော်မတီ အစည်းဝေးမျ တံခါးပိတ် အထူးအစည်းဝေး အကြောင်းအရာများနှင့် ပါတီဥက္ကဌ ၏ မိန့်ခွန်းစာမျက်နှာများကို ရိုက်ကာ DVB သတင်းဌါနသို့ ပါတီ တာဝန်ရှိသူများ၏ ခွင့်ပြု့ချက် မတောင်းခံပဲ/ခွင့်ပြု့ချက်မရှိပဲ ခိုးပြီးေ၇ာင်းချခဲ့ခြင်းဖြစ်ပါသည်။
ယင်းသို့ အတွင်းသတင်းပေါက်ကြား သွားကြောင်းသိသည် နှင့် သတင်း လုံခြုံရေး နှင့် သတင်းထုတ်ပြန်ရေး အဖွဲမှ စုံစမ်းရာ မှ ယင်း အယ်ဒီတာ မှ ခိုးပြီးေ၇ာင်းချခဲ့တာဖြစ်ကြောင်းသိရှိရပါသည်။
အဆိုပါ အကြောင်းအရာ နှင့် ပါတ်သတ်ပြီး ပါတီ တွင်း သတင်းလုံခြုံရေးနှင့် ပါတီသတင်းထုတ်ပြန်ရေး အဖွဲ့ဝင်များနှင့် ပါတီ အဖွဲ့ဝင် များကြားတွင် ထိုသို့ ခွင့်ပြု့ချက်တစ်စုံတစ်ရာမတောင်းခံပဲ သတင်းခိုးရောင်းသော အယ်ဒီတာ မ-------- အား မည်သို့အေ၇းယူဆောင်ရွက် မည်ကို အထူးစိတ်ဝင်စားလျက်ရှိကြောင်း။






ကျွန်မ ဒီစာရွက်ကို DVB တခုတည်း ကို ပေးတာ မဟုတ်ဘူးးး ကျွန်မ ပေ့ဂ်ျမှာ အကုန်တင်ထားတာ ဒီလိုပြောတာ လူကို အထင်သေးရာ မကျဘူးလားး။လူကို တိုက်ရိုက်လာ ပြောပါ .... သိချင်ရင် တိုက်ရိုက်လာပြောကြပါ သတင်းကတရားဝင်ပေးတာပါရှင်။သတင်း ထုတ်ဖို့ ဘယ်သူ့ ဆီ က ခွင့်ပြုချက် တောင်းမှ ထုတ်လို့ရတယ် ဆိုတာ သေချာ သိရဲ့လားရှင့်။အကို တို့သိတဲ့ သတင်းနဲ့လုံခြုံရေး အဓိက တာဝန်ရှိသူဆိုသူရဲ့ ဖုန်းနံပါတ် တွေ ကို နာမည်တွေကိုပြောပါ။ ကျွန်မကိုယ်တိုင်ဖုန်းဆက်ပြိ အသံ ဖိုင်နဲ့ တင်ပေးပါ့မယ်..------ က သတင်းထောက်ပါ သက်သေမရှိဘဲ မလုပ်ပါ။ကိုယ်ပိုင် စာမျက်နှာ မှာ မီဒီယာ သူငယ်ချင်းတွေ အားလုံးအတွက် သိလို့ရအောင် တင်ပေးတာပါ။ -------- အနေနဲ့ ဘာမှ ပြောစရာမရှိပါ ၊ ဒီထပ်ပိုပြီး လည်း ရှင်းပြစရာ မရှိပါ။ တကယ်လို့ဒါနဲ့ ပတ်သတ်ပြီး သိချင်တာ ရှိရင် ၊မကျေ နပ်ရင် တိုက် ရိုက်ဆက်သွယ်နိုင်ပါတယ်။------ဖုန်းနံပါတ်က ၀၉------၆၁ ပါ။မြောက်ဒဂုံမှာနေပါတယ်။------- အံ့သြတယ် ။တခါးပိတ် အစည်းအဝေး ဆိုတာကို အားလုံးသိတယ်။အဲအထဲက သတင်းတခု အပြင်မှာ ပေါက်လို့လားး ။ခုဟာက အကို တို့ ပြောနေတာက --------တင်တဲ့ ဥက္ကဌကြီး မိန့်ခွန်း ကိုတင်တာလေ.။အဲမိန့်ခွန်းကို------က ခိုးပြီးရိုက်တာလည်း မဟုတ်ဘူး။အဲမိန့်ခွန်းကို မိထ္ထူကို-------လက်ထဲမှာလည်း၇ှိတယ်။ အဲတော့-------က တာဝန်ရှိသူကိုမေးတယ် ၊တခြား မီဒီယာတွေကလည်းလိုချင်တယ်။------ ဖေစ့်ဘုတ်တင်ခွင့်၇ှိမလားး လို့ ၊ ခွင့်ပြုတယ် ။-----တင်လိုက်တယ်။အဲမိန့်ခွန်း ကို မ ခိုးဘူး လု မယူဘူး တာ ဝန် ရှိသူ ကိုယ် တိုင် လက် ထဲထည့်ပေး တာပါ


သမ္မတဦးသိန်းစိန် မြှင့်တင်ရေး အခမ်းအနားသို့ လာရောက် ဒေသခံ နေ့တွက်စရိတ်၊ ခရီးစရိတ်များရရှိ




The Voice Weekly - ပုသိမ်၊ ဒီဇင်ဘာ ၂၄

ပုသိမ်မြို့ ကိုးသိန်း ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်သော ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှု စီးပွားဘဝ မြှင့်တင်ရေး အခမ်းအနားသို့ သမ္မတဦးသိန်းစိန် လာရောက်ရာတွင် ဒေသခံ များနှင့် ဒေသခံ ဝန်ထမ်းများ အခမ်းအနားသို့ တက်ရောက် ကြိုဆိုခဲ့ကြရသည်။

သမ္မတ၏ ပုသိမ် ခရီးစဉ်အတွက် ဒီဇင်ဘာလ ၂၃ ရက် နေ့လယ်ပိုင်းအချိန် ကတည်းက ရွာမှ ဒေးဒရဲသို့ ထော်လာဂျီဖြင့် သွားခဲ့ရပြီး ထိုမှ ပုသိမ်ထိ ကားဖြင့် လာခဲ့ရာ ညပိုင်းတွင်ရောက်ပြီး ကားပေါ်တွင် ညအိပ်ရကြောင်း၊ နံနက်ငါးနာရီတည်းက ကိုးသိန်း ဘောလုံးကွင်းသို့ ရောက်ရှိနေပြီး ယခုအချိန်ထိ မည်သည့် အစားအစာမျှ မစားရသေးကြောင်း ဖျာပုံခရိုင် ဒေးဒရဲ မြို့နယ် မှ ဒေသခံတစ်ဦးက ပြောကြားသည်။ “မအူပင်ကို လှေနဲ့လာရတယ်၊ မအူပင်ရောက်ပြီး ည ၁၁ နာရီ လောက်ကျ ပုသိမ်ကို ကားထွက်တယ်၊ မိုးမလင်းခင်ရောက်တော့ ကားပေါ်မှာ အိပ်ရပြီး ဒီကွင်းထဲကို ငါးနာရီ ကတည်းက ရောက်နေတာ။ လူကြီးတွေက ကောက်ညှင်းပေါင်း လက် တစ်ဆုပ်စာလောက် လာကျွေးကြပါတယ်” ဟု မအူပင်ခရိုင် မလက်တို ကျေးရွာအုပ်စုမှ လယ်သမား တစ်ဦးက ဆိုသည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၄ နာရီအရောက် စုရပ်ကို လာရမည်ဆို၍ နံနက် ၃ နာရီတွင် အိပ်ရာထ ပြင်ဆင်ရကြောင်း၊ ယူနီဖောင်းလည်း မဝတ်ရဘဲ အပြင်အဝတ်အစားဖြင့် သမ္မတ ကိုး နာရီ လာမည်ကို နံနက်ငါးနာရီ ကတည်းက ကွင်းထဲ၌ စောင့်နေရသဖြင့် ဆောင်းတွင်း နံနက်ပိုင်း၏ အအေးဒဏ်ကို ခံစားလိုက် ရကြောင်း၊ နေ့တွက်စရိတ် ပေးမည်ဟု သိရကြောင်း ပုသိမ်မြို့ပေါ်ရှိ အခြေခံပညာ အလယ်တန်းပြ ဆရာမတစ်ဦးက ပြောကြားသည်။ “ကျွန်တော်တို့က သ/မ အသင်းဝင် လည်း မဟုတ်ဘူး၊ ဌာနဆိုင်ရာ ဝန်ထမ်းလည်း မဟုတ်ဘူး၊ ရပ်ကွက်နေ ပြည်သူ တစ်ဦး ပါဗျာ၊ ဘာမဆိုင်ညာမဆိုင် မနက်ငါးနာရီ ကတည်းက ဒီအခမ်းအနားထဲ ရောက်နေရတယ်” ဟု ပုသိမ်မြို့၊ အမှတ် (၁၄) ရပ်ကွက်နေ ပြည်သူတစ်ဦးက ဆိုသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝ မြှင့်တင်ရေး အခမ်းအနားသို့ ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ ခရိုင် ခြောက်ခုမှ ဒေသခံ များကို နေ့တွက်စရိတ်၊ ခရီးစရိတ်များ ထောက်ပံ့ပေးပြီး တက်ရောက် စေခဲ့ကြောင်း၊ ဌာနဆိုင်ရာ ဝန်ထမ်းများကိုလည်း အရပ်ဝတ် ဖြင့်ပင် အခမ်းအနားသို့ တက်ရောက်စေခဲ့ကြောင်း၊ အခမ်းအနားနှင့် ပတ်သက်မှု မရှိသော ပုသိမ်မြို့ပေါ်ရှိ ဂေါပက အဖွဲ့များကိုလည်း မြို့မိမြို့ဖ အမည်ဖြင့် တက်ရောက် စေခဲ့ကြောင်း ပုသိမ်မြို့ရှိ ဒေသခံပြည်သူများက ပြောဆိုကြသည်။

“ဘာတွေ ပြောင်းတယ်ပဲပြောပြော အရင်ခေတ်က စနစ်ဟောင်းတွေ အကျင့်ဟောင်းတွေကတော့ မပြောင်းသေးပါဘူး” ဟု အငြိမ်းစား ကျောင်းအုပ်ဆရာကြီး တစ်ဦးက မှတ်ချက်ပေး ပြောဆိုသည်။