Tuesday, December 31, 2013

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်နေထိုင်သူများ

အကယ်ဒမီပွဲတက်ဖက်ရှင် ဒီဇိုင်းများ

ဒီနေ့ကာတွန်း

သမ္မတနေရာပြည်ပကတင်ဒါ



BBC Burmese
ဒေါ်စု သမ္မတ ဖြစ်နိုင်ပြီလား
==============

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်ရေး အတွက် ဥပဒေကြောင်း ဆိုင်ရာ အဟန့်အတား ဖြစ်နေတဲ့ ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်ပေးဖို့ ကြံ့ခိုင်ရေး ပါတီက သဘောတူလိုက်ပါပြီ။
ဒါပေမဲ့ ကြံ့ခိုင်ရေးပါတီက ပြင်ဆင်ပေးဖို့ သဘောတူတာဟာ ချွေးမနဲ့ သားမက်တွေ နိုင်ငံခြားသားဖြစ်ရင် ဒုတိယ သမ္မတလောင်းအဖြစ် အရွေးခံဖို့ အရည်အချင်းမပြည့်စုံ ဆိုတဲ့ အချက်ကိုသာ ပြင်ဆင်ပေးဖို့ သဘောတူတာ ဖြစ်ပြီး သားနဲ့ သမီးတွေ နိုင်ငံခြားသား ဖြစ်နေရင်ဆိုတဲ့ အချက်ကိုတော့ ပြင်ဆင်ပေးဖို့ သဘောတူ မထား ပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားနှစ်ယောက်ဟာ ပြည်ပတိုင်းပြည်ရဲ့ နိုင်ငံသားတွေ ဖြစ်နေတဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိအခြေအနေမှာ ဥပဒေကြောင်းအရ ဒုတိယ သမ္မတလောင်း အဖြစ် အရွေးခံနိုင်တဲ့ အရည်အချင်း မပြည့်မီနိုင်သေးပါဘူး။
ဒုတိယသမ္မတလောင်း အဖြစ် အရွေးခံဖို့ အရည်အချင်း မပြည့်မီရင် သမ္မတလည်း မဖြစ်နိုင်ပါဘူး။
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဒုတိယသမ္မတ၊ သမ္မတ အဖြစ် အရည်အချင်းပြည့်မီချင်ရင် သားတွေကို မြန်မာနိုင်ငံသား အဖြစ်ခံယူခွင့် လျှောက်ထားလိုက်ရင် ရနိုင်ပါပြီလို့ ကြံ့ခိုင်ရေးပါတီ လွှတ်တော်အမတ် ဦးလှဆွေက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိတည်ဆဲ ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားတွေဟာ မြန်မာနိုင်ငံသား ဖြစ်ချင်တယ်ဆိုရင် လက်ရှိသူတို့နိုင်ငံသား ဖြစ်နေတဲ့ တခြားနိုင်ငံတွေရဲ့ နိုင်ငံသားအဖြစ်ကနေ စွန့်လွှတ်ရမှာ ဖြစ်ပါတယ်။
သားတွေက မြန်မာနိုင်ငံသား အဖြစ်လျှောက်ထားမယ်ဆိုရင် လက်ခံမခံ ဆိုတဲ့အချက်ကို လက်ရှိ အစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက ဆုံးဖြတ်ဖွယ်ရှိပါတယ်။
ကြံ့ခိုင်ရေးပါတီက ပြင်ဆင်ဖို့ သဘောတူတဲ့ အပိုင်းကိုလည်း လွှတ်တော်မှာ တင်ပြပြီး လွှတ်တော်ရဲ့ ဆုံးဖြတ်ချက် ရယူရဦးမှာ ဖြစ်ပါတယ်။

 Zaw Win
ဒီ ၂၀၁၃ ကုန်ခါနီး အခါသမယဟာ ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်ရေးအတွက် စစ်အုပ်စု ကာလုံ ကာချုပ်တွေ အကြီးအကျယ် ခေါင်းချင်းရိုက် အကြံထုတ် အလုပ်ရှုတ်နေကြချိန်လို့ ဆိုကြပါစို့ရဲ့။ ဒေါ်စု သမ္မတဖြစ်နိုင်ရေး အတွက် ဥပဒေကြောင်းဆိုင်ရာအဟန့်အတားဖြစ်နေတဲ့ ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်ပေးဖို့ ကြံ့ခိုင်ရေး ပါတီက သဘောတူလိုက်ပြီဆိုသော်ငြား ချွေးမနဲ့ သားမက်တွေ နိုင်ငံခြားသားဖြစ်ရင်သာ ပြင်ဆင်ပေးဖို့သဘောတူတာသာဖြစ်ပြီး သားသမီး နိုင်ငံခြားသားဖြစ်ရင်ပြင်ဆင်ပေးမယ်ဆိုတာမပါတဲ့ ပြင်ဆင်မှုဖြစ်နေတယ်။ ဒေါ်စုသားတွေ တခြားနိုင်ငံတွေရဲ့ နိုင်ငံသားအဖြစ်ကနေ စွန့်လွှတ်ခဲ့လိုက်ပြီဆိုရင်တောင်မှ လက်ရှိ အစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက လက်ခံမခံ မသေချာတဲ့အပြင်၊ အခု ကြံ့ခိုင်ရေးပါတီက ပြင်ဆင်ဖို့ သဘောတူတဲ့ အပိုင်းဖြစ်တဲ့ ချွေးမနဲ့ သားမက်ကိစ္စပြင်ပေးမယ်ဆိုတာကိုတောင် လွှတ်တော်မှာ တင်ပြပြီး လွှတ်တော်ရဲ့ ဆုံးဖြတ်ချက် ရယူရဦးမယ်တဲ့ဗျာ။ အဆင့်ဆင့်ကိုပိတ်ဆို့ထားတဲ့သဘော ဖြစ်ပါတယ်။ အဓိပ္ပါယ်က အခုလာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်နိုင်သေးလို့ စစ်အုပ်စု ကာလုံ ကာချုပ် ကြံ့ဖွတ်တွေရဲ့ သတင်းစကားဖြစ်ပါတယ်။ ဘာတွေဆက်ဖြစ်လာမလဲ ပိတ်ကားပေါ်မှာပဲ စောင့်မျှော်ကြည့်ကြရမှာဖြစ်ပါတယ်ဗျား။

 Moe Zay Nyein

(၁) ၂၀၁၅ လွန်အစိုးရအတွက် ရုပ်လုံးပေါ်စပြုလာပြီလို့ ထင်မိပါတယ်။ အရင်ကိစ္စတွေနဲ့ လက်ရှိအခြေအနေတွေကို ဆက်စပ်ပြီး ဖြစ်ကောင်းဖြစ်နိုင်တာတစ်ခုကို သုံးသပ်ကြည့်မိတာပါ။

(၂) အရင် ၂၀၁၀ ၀န်းကျင်ကကိစ္စတွေကို ပြန်ကြည့်ရအောင်။ စစ်အာဏာရှင်အလွန် ပထမဆုံးဒီမိုကရေစီနာမည်ခံ အစိုးရအတွက် သမ္မတနေရာလျာထားစဉ်မှာ စစ်ဗိုလ်ချုပ်တွေ အချင်းချင်း သဘောထားကွဲလွဲမှုတွေ ရှိခဲ့ပါတယ်။ ဦးရွှေမန်းက ပထမဆုံးသမ္မတ သူဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ထားခဲ့ပါတယ်။ အဲဒီအချိန်က သူက တပ်မတော်ရဲ့ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး တာဝန်၊ နံပတ် (၃) နေရာမှာရှိနေပါတယ်။ ဦးသိန်းစိန်ကတော့ တပ်မတော်ရာထူးအနေနဲ့ ဦးရွှေမန်းထက်နိမ့်တဲ့စစ်ရေးချုပ် တာဝန်ကိုသာ ၀န်ကြီးချုပ်ရာထူးနဲ့ တွဲဖက်ထမ်းဆောင်ဖူးပါတယ်။ ဒါပေမဲ့ ဦးသန်းရွှေက သမ္မတနေရာအတွက် ဦးသိန်းစိန်ကို ရွေးချယ်ခဲ့တာမို့ သဘောထားကွဲလွဲမှုတွေ ရှိခဲ့ပါတယ်။ သားတွေရဲ့ စီးပွားရေး သောင်းကျန်းမှုတွေကြောင့် နာမည်ပျက်ရှိ၊ မြောက်ကိုရီးယားနဲ့ဆက်ဆံရေးမှာလည်း ထိပ်တန်းက ပါဝင်ပတ်သတ်နေတဲ့ ဦးရွှေမန်းကို သမ္မတတင်ခဲ့မယ်ဆိုရင် အမေရိကန်လိုနိုင်ငံမျိုးက မျက်စောင်းထိုးမှာကို ကြိုတွေးခဲ့ပုံရပါတယ်။

(၃) ဒါ့ကြောင့် အရှုပ်အရှင်းကင်းပြီး ခိုင်းသမျှကို ရိုရိုကျိုးကျိုးလုပ်တတ်တဲ့ ဦးသိန်းစိန်ကို ရွေးချယ်ခဲ့ပါတယ်။ လွှတ်တော်ဥက္ကဌနေရာသာ လျာထားခံရလို့ ဦးရွှေမန်းနဲ့ ဦးသန်းရွှေတို့ ကတောက်ကဆဖြစ်ကြကြောင်း သတင်းတွေ ပေါ်ထွက်လာတာကို မှတ်မိကြဦးမယ်ထင်ပါတယ်။ ဒါပေမဲ့ ဦးသန်းရွှေက ဦးရွှေမန်းကို လွှတ်တော်ဥက္ကဌသက်တမ်း ငါးနှစ်ကာလအတွင်းမှာ နာမည်ကောင်းရအောင်နဲ့ လူထုယုံကြည်မှုရအောင်အရင်လုပ်၊ ပြီးမှ ၂၀၁၅ မှာ သမ္မတလုပ်ဖို့ နှစ်သိမ့်ခဲ့တယ်လို့ သတင်းတွေကြားခဲ့ပါတယ်။ မူလလျာထားချက်အရ ၂၀၁၅ အစိုးရမှာ DSA (၁၁) ဆင်း ဦးရွှေမန်းက သမ္မတ၊ DSA (၁၅) ဆင်း ဦးမြင့်ဆွေ ဒုသမ္မတနေရာပါ။ ၂၀၁၂ ခုနှစ် ဇူလိုင်လအတွင်းမှာ ဦးတင်အောင်မြင့်ဦး အနားယူစဉ်က ဦးမြင့်ဆွေကို ဒုသမ္မတနေရာအတွက် အမည်စာရင်း တင်သွင်းခဲ့ပေမဲ့ သူ့သား တာရာမြင့်ဆွေက သြစတေးလျနိုင်ငံသား ဖြစ်နေတာမို့ ခြေ/ဥ-၅၉(စ)နဲ့ ငြိစွန်းပြီး အပယ်ခံလိုက်ရပါတယ်။ လတ်တလောသတင်းတွေအရ ၅၉(စ) ကို ပြင်ဆင်လိုက်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်သာမကပဲ ဦးမြင့်ဆွေကလည်း သမ္မတ/ဒုသမ္မတ နေရာအတွက် မျှော်မှန်းလာနိုင်ပြီ ဖြစ်ပါတယ်။

(၄) ဒီနှစ်ပိုင်းတွေအတွင်းမှာ “ဦးရွှေမန်းက ဒေါ်စုဘက်ယိုင်တယ်၊ ဒေါ်စုနဲ့ ပူးပေါင်းလုပ်ဆောင်မယ်” “ကြံ့ဖွံ့အတွင်းမှာ ဦးရွှေမန်းနဲ့ ကြံ့ဖွံ့ခေါင်းဆောင်တွေ သဘောထားကွဲလွဲတယ်။ လွှတ်တော်နဲ့ သမ္မတ သဘောထားကွဲလွဲတယ်” “ဦးရွှေမန်းက ၉၆၉ တွေကို အရေးယူမယ်” အစရှိတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်လာခဲ့တာကို သတိထားမိမှာပါ။ ဒါတွေက မူလအစီအစဉ် အတိုင်း လူထုယုံကြည်မှုရအောင်၊ နာမည်ကောင်းရအောင် ပြည်သူတွေကို စိတ်ဓာတ်စစ်ဆင်ရေး လုပ်ခဲ့တဲ့သတင်းတွေလို့ပဲ ယူဆပါတယ်။ ၂၀၁၅ အစိုးရရဲ့သမ္မတနေရာအတွက် စီစဉ်မှုတွေပါ။

(၅) ယခင်ကတည်းက ကြိုတင်စီစဉ်မှုတွေနဲ့ လက်ရှိအခြေအနေကို အကျဉ်းချုံးပြီး သုံးသပ်ရရင်တော့ ၂၀၁၅ မှာ ဖြစ်လာမဲ့ အစိုးရဟာလည်း ယခုအစိုးရလိုပဲ အငြိမ်းစားဗိုလ်ချုပ်ကြီး နှစ်ဦးနဲ့ အရပ်သားဒု-သမ္မတတစ်ဦးတို့ပါဝင်မယ်လို့ ခန့်မှန်းပါတယ်။ သမ္မတနဲ့ ဒု-သမ္မတ တစ်နေရာကတော့ အငြိမ်းစားဗိုလ်ချုပ်ကြီးတွေဖြစ်တဲ့ ဦးရွှေမန်းနဲ့ ဦးမြင့်ဆွေတို့အတွက် ဖြစ်လာပါမယ်။ ကျန်တဲ့ အရပ်သားဒု-သမ္မတနေရာကတော့ ဒေါ်အောင်ဆန်းစုကြည် ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ ဘာ့ကြောင့် ဖြစ်ကောင်းနိုင်လဲလို့ပြောရလဲဆိုတော့ ဒု-သမ္မတဖြစ်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့သားနှစ်ဦးကို မြန်မာနိုင်ငံသား ပြန်လည် လျှောက်ထားမလား/ မလျှောက်ထားဘူးလားဆိုတာ မသိသေးလို့ပါ။ ၂၀၁၅ ကို စောင့်ကြည်ကြပါဦးစို့။

 (မိုးဇေညိမ်း)


 Hawdeka Khalaylay

ငါးမျှားမယ်ဆိုရင် ငါးမျှားချိတ်ကို ငါးတွေကြိုက်တဲ့ တီကောင်နဲ့ အရင် ဖုံးစွပ်ရုပ်ဖျက်လိုက်ရပါတယ်
(နေပြည်တော်မှပေးစာ)

ငါးမျှားမယ်ဆိုရင် ငါးမျှားချိတ်ကို ငါးတွေကြိုက်တဲ့ တီကောင်နဲ့ အရင် ဖုံးစွပ်ရုပ်ဖျက်လိုက်ရပါတယ် ၊

အဲလိုပါပဲ ၊ ၂၀၁၄ ပွဲဦးထွက်လှုပ်ရှားမှုအဖြစ် ဦးသန်းရွှေက ကြံ့ခိုင်ရေးပါတီ နဲ့ သမ္မတ တို့ကို ခြေလှမ်းတစ်လှမ်းစီ စလှမ်းခိုင်းလိုက်ပါတယ် ၊

ကြံ့ခိုင်ရေးပါတီက ဖွဲ့စည်းပုံကို ပြင်မယ်တဲ့ ၊ ၅၉(စ) ကိုလည်း ပြင်မယ်တဲ့ ၊

သမ္မတအမိန့် နဲ့ နိုင်ငံရေး အကျဉ်းသားတွေ အကျဉ်းသားလောင်းတွေကို လွှတ်ပေးလိုက်တယ် တဲ့ ၊

မြန်မာပြည်ကြီး တကယ်တိုးတက်အောင် ခြေလှမ်းစလိုက်တာလား ၊ ငါးမျှားချိတ်ကို ငါးတွေကြိုက်တဲ့ တီကောင်နဲ့ ဖုံးစွပ်ရုပ်ဖျက်လိုက်တာလား ဆက်ကြည့်ရမှာပါ ၊

သမ္မတ လို့ နာမည်တပ်မယ်ဆိုရင် ဘာလို့ ပြည်သူတွေက တိုက်ရိုက်ရွေးချယ်တင်မြှောက်ခွင့် မရှိရတာလဲ ၊ ဖွဲ့စည်းပုံ ပြင်မယ်ဆိုတဲ့ ကြံ့ခိုင်ရေးပါတီက အဲဒီအထိပြင်မှာ မို့လို့လား ၊

မရှိသင့်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းထားတာ သိက္ခာမရှိတဲ့ အစိုးရ ရဲ့ လုပ်ရပ်လေ ၊ အခုနိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးလိုက်တယ်ဆိုတာ အစိုးရက စေတနာနဲ့ ပြန်လွှတ်ပေးတာလား ၊ သူ့သိက္ခာ သူ ပြန်ဆယ်တာလား ၊ အဲလိုပြန်လွှတ်ပေးလို့

သမ္မတကြီး ဦးသိန်းစိန်က ငြိမ်းချမ်းရေး နိုဘယ်ဆု နဲ့ ထိုက်တန်သွားပါပြီလို့ ကျေးဇူးတင် ချီးမြှောက်နေရမှာလား ၊

မြန်မာပြည်ကောင်းစားဖို့ အဲဒီ သမ္မတကြီး ဦးသိန်းစိန်က နောက်ကွယ်က ကြိုးကိုင်နေတဲ့ ဦးသန်းရွှေကို ဆန့်ကျင်ရဲလို့လား ၊

ကဲ အားလုံးကို ထပ်ပြောချင်ပါတယ် ၊

ဦးသန်းရွှေက ငါးမျှားချိတ်တွေကို တီးကောင်တွေ နဲ့ ထပ်ပြီး ဖုံးစွပ်ရုပ်ဖျက်နေတာကို ဆက်တိုက်ဆက်လုပ်ပါမယ် ၊ လုပ်ရပ်ရော ရင်ထဲက စိတ်ဓါတ်ရော ကြည့်ရင်မြင်နိုင်ပါတယ် ၊ ဦးသန်းရွှေ ရဲ့ စိတ်ဓါတ် နဲ့ လုပ်ရပ် ကို စောင့်ကြည့်ကြပါ ၊

(နေပြည်တော်မှ ပေးပို့လာသော ပေးစာဖြစ်သည်)

အမေစုဆုတောင်း

နိုင်ငံရေးအမှိုက်ပုံကြီး



"ဦးသိန်းစိန် ခင်းတဲ့လမ်းဆိုတာက ဒေါ်အောင်ဆန်းစုကြည်နဲ့ သူတွေ့ကြတော့ ပြောတဲ့ စကားပေါ့။ အခု လက်ရှိအစိုးရပြောနေတဲ့ စကားပေါ့။ သဘောထား။ “တူတာတွေ တွဲလုပ်ကြမယ်၊ မတူတာတွေ ခွဲလုပ်ကြ” ဆိုတာ။ အဲသည်အတိုင်း နိုင်ငံရေးအစုအဖွဲ့တွေက အစိုးရနဲ့ တွဲလုပ်လာကြတယ်လေ။ တကယ်တမ်း ကြည့်လိုက်တော့ ငါတို့ ဒီမိုကရေစီအင်အားစုတွေက အစိုးရနဲ့ တူတာတွေတော့ တွဲလုပ်တာ မှန်ပါရဲ့၊ မတူတာတွေကျတော့ ခွဲလုပ်ကြတာ ဖြစ်လာမယ့်အစား “မတူတာတွေ ဘေးဖယ်ထား” ဆိုတာ ဖြစ်လာတယ်။ အခုအချိန်မှာ သူတို့နဲ့ တူတဲ့အလုပ်က နည်းနည်းလေးပဲ ရှိတယ်ကွ။ မတူတာတွေ ဘေးဖယ်ထားလိုက်ဆိုတော့ လက်ရှိ မြန်မာနိုင်ငံရေးမှာ နိုင်ငံရေး အမှိုက်ပုံကြီးလို ဖြစ်နေတယ်"

ဦးဝင်းတင် (NLD နာယက)

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖြစ် မဖြစ်ဖြစ် NLD ပါတီဝင်များ ယုံကြည်မှုရှိရန် လာရီဒိုင်းမွန်းတိုက်တွန်း



Yangon Media Group
=========================================
နန်းသီတာဝင်း ၊ရွှေရည်
=========================================

၂၀၁၅ ရွေးကောက်ပွဲတွင် ဒေါ်အောင် ဆန်းစုကြည် သမ္မတရာထူးရ သည်ဖြစ်စေ ၊ မရသည်ဖြစ်စေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါ တီဝင်များ အနေဖြင့် မိမိကိုယ် ကိုယ်ယုံကြည်မှုရှိကြရန် ပါ မောက္ခလာရီ ဒိုင်းမွန်းက တိုက်တွန်း ပြောကြားလိုက်သည်။

ပါမောက္ခလာရီဒိုင်းမွန်း က 'NLD ပါတီဝင်တွေ ကိုယ့် ကိုယ်ကိုယ်လုပ် နိုင်တယ်ဆိုတဲ့ ယုံကြည်မှုရှိကြဖို့ ပြောလိုပါ တယ်။ ဒေါ်စုသမ္မတမဖြစ်လဲ ပါတီကတော့ သူ့ပါတီပဲဖြစ်နေ ဦးမှာပဲ။ ကိုယ့်လူထုကတော့ ကိုယ့်ကို အမြဲထောက်ခံနေမှာ ပဲ။ ပါတီဝင်တွေအနေနဲ့ ယုံ ကြည်မှုရှိပါ''ဟုပြောသည်။

ဒီဇင်ဘာ၂၉ရက်က ဥမ-ခ့ငိ ဟိုတယ်၌ ပြုလုပ်သည့် ''မြန်မာ့ဒီမိုကရေစီ အသွင်ရေး နိုင်ငံရေး ပဋိညာဉ်မရှိခြင်း၏ အန္တရာယ်''ခေါင်းစဉ်ဖြင့် ပြုလုပ် သည့်ဆွေးနွေးပွဲတွင် ယင်းကဲ့ သို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းအနေဖြင့် မြန်မာ့နိုင်ငံ ရေးနှင့်ပတ်သက်၍ ကျွမ်းကျင် သူမဟုတ်သော် လည်း ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို လေ့ လာပါက ဒေါ်အောင်ဆန်းစု ကြည်အနေဖြင့် သမ္မတမဖြစ်နိုင် သော်လည်း အနိုင်ရခဲ့ကြောင်း၊ လာမည့် ၂၀၁၅ ရွေးကောက်ပွဲ တွင် မဲဆန္ဒနယ်မြေ ၃၃ဝကို ယခုစနစ်အတိုင်းထားကာ ကျန် သည့်နယ်မြေ၁၁ဝကို အချိုးကျ ရွေးကောက်ပွဲစနစ်(PR) စနစ် ကို အသုံးပြုမည်ဆိုလျှင်လည်းNLD အနေဖြင့် ရှုံးစရာအ ကြောင်းမရှိဘဲ လွှတ်တော်တွင် ကိုယ်စားလှယ်အများစု ရရှိနေ မည်ဖြစ်ကြောင်း ယင်းကဆွေး နွေးပြော ကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးဝင်းမြင့် က ''ကျွန်တော်တို့ပါတီခေါင်း ဆောင် အကျယ်ချုပ်ဘဝမှာရှိ စဉ်ကတည်းက ယုံကြည်မှုတွေ နဲ့ ကြံ့ကြံ့ခိုင်ခိုင်ရပ်တည်ခဲ့ တယ်။ ပြည် တွင်းပြည် ပထောက်ခံမှုကို ရနေတဲ့ ဥက္ကဋ္ဌရဲ့ခေါင်းဆောင် မှုအောက်မှာ ပါတီဝင်တွေက ပိုလို့တောင် တက်ကြွမှုရှိနေပါ တယ်''ဟုပြောသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီအနေဖြင့် လက် ရှိ အချိန်တွင် ၂၀၀၈ဖွဲ့စည်းပုံအ ခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လူထုဟောပြောပွဲများကို ရပ် ကွက်ကျေးရွာများအထိ ဆင်း ကာလုပ်ဆောင်နေကြောင်း၊ ထို အရာသည် လည်း ၂၀၁၅ရွေး ကောက်ပွဲအတွက် စည်းရုံးမှု တစ်ခုပင်ဖြစ်ကြောင်း ယင်းက ဆက်လက်ပြောသည်။

မြန်မာနိုင်ငံ၏ အဓိကဖြစ် သော နိုင်ငံရေးပြုပြင်ပြောင်း လဲမှုတွင် အပေးအ ယူပဋိညာဉ် မရှိသေးသည့်အတွက် အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ် အနေ ဖြင့် ရွေးကောက်ပွဲစနစ်အ ကြောင်းပြောပါက ပဋိညာဉ်ဆို သည်က လည်း ဖြေရှင်းပြီးဖြစ် သွားမည်ဖြစ်ကြောင်း၊ သို့မှသာ အခက် အခဲ ဖြေရှင်းနိုင် သည့် အရွေ့တစ်ခုဖြစ်လိမ့်မည်ဟု ဆက် လက်ပြောကြား ခဲ့သည်။

ပါမောက္ခလာရီဒိုင်းမွန်း သည် လက်ရှိအချိန်တွင် စတန်း ဖို့၌ တက္ကသိုလ် ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ထိပ်တန်း သုတေသနပညာရှင်တစ်ဦးဖြစ် သည်။

စစ်တွေမြို့ ယနေ့ကုလားအကြမ်းဖက်မှုသတင်း



Share Arakan News

******************************
ယနေ့ ၃၀.၁၂.၂၀၁၃ ညနေပိုင်းတွင်
စစ်တွေမြို့နယ် မှန်စီရဲကင်းမှ ရဲတပ်သားနှစ်ဦး
ကုလားတို့၏ ၀ိုင်းဝန်းအကြမ်းဖက်ခံရမှုကြောင့် ဒဏ်ရာပြင်းစွာရရှိပြီး စစ်တွေဆေးရုံကြီးသို့ပို့ဆောင်ပြီး အရေးပေါ်ကုသမှုခံယူရလျက်ရှိသည် ။

တစ်ချိန်လုံးသတိလစ်မေ့မျောနေရာမှ
ယခုညပိုင်းတွင်မှ သတိပြန်လည်လာကြောင်း သိရှိရသည် ။

ဖြစ်စဉ်မှာ ဘင်္ဂလီကုလား ၁၀ ဦးခန့် မှန်စီဘာသာပေါင်းစုံသုဿန်မှ
တရုတ်သချိုင်းရှိ အုတ်ဂူများကို ဖြိုဖျက်လျက်ရှိကြောင်း တွေ့ရှိရသဖြင့် ထိုရဲတပ်သားနှစ်ယောက်က သွားရောက်ဟန့်တားရာမှ
ကုလားများက ၀ိုင်းဝန်းရိုက်နှက်ခဲ့ကြခြင်းဖြစ်သည် ။

မြန်မာပြည်ထဲ တရားဝင်နေထိုင်ခွင့်မရှိသည့် ထိုဘင်္ဂလီကုလားဆိုးများသည်
ယခင်ကလည်း လုံခြုံရေးတာဝန်ယူရသော တပ်မတော်သားအပါအ၀င်
အဖွဲ့အစည်းဝင်များကို လူအင်အားဖြင့် အကြမ်းဖက်မှုများ အကြိမ်ကြိမ် ကျူးလွန်ခဲ့ကြဖူးပြီးဖြစ်သည် ။

ဘင်္ဂလီကျေးရွာများနှင့် စခန်းများသည်
ဥပဒေစိုးမိုးမှုမရှိသော ၊ မြန်မာ့အချုပ်အခြာအာဏာစက် မသက်ရောက်သော
နေရာများဖြစ်နေသည်ကို ရခိုင်တိုင်းရင်းသားများက အကြိမ်ကြိမ်ထောက်ပြ ပြောဆိုခဲ့ကြပြီးလည်းဖြစ်သည် ။

လုံခြုံးရေးကို စီမံခန့်ခွဲသူတို့၏ အရေးယူမှု မ၀ံ့မရဲ ဖြစ်နေခြင်းကိုလည်း မချင့်မရဲဖြစ်လျက်ရှိနေကြသည် ။

( Than Tun Than )