Wednesday, January 22, 2014

ကိုဇာဂနာပြောပြတဲ့ထောင်ထဲရောက်ဆရာတော်များ

ဓါတ်ပုံ - ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ကာလအတွင်းက အကျယ်ချုပ်ကျခံနေရသော NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ တက္ကသိုလ်ရပ်သာလမ်းရှေ့တွင် သပိတ်မှောက်ကံဆောင် မေတ္တာသုတ် ရွတ်ဖတ်ပူဇော်နေသော သံဃာတော်များအား လုံခြုံရေးအစောင့်အရှောက်များကြားမှ ... ထွက် ဖူးမျှော်နေစဉ် ..။



-ကျွန်တော်ဟာ NLD ပါတီဝင် မဟုတ်ပါဖူး။
ဒါပေမဲ့ မဟုတ်တာတွေပြော မမှန်တာတွေရေးနေတာကိုတော့
ဒီအတိုင်းထိုင်ကြည့်နေရလောက်အောင်လဲ မကြောင်သေးပါဖူး။ ဒါကြောင့် မနေနိုင် မထိုင်နိုင် ၀င်ပြောလိုက်ပါရစေ။
ရွှေဝါရောင် တော်လှန်ရေး စစချင်း ၂၅ စက်တင်ဘာ ည မှာ ဖမ်းခံရတဲ့၃၂ယောက်ထဲမှာ NLD ၃၁ ယောက် နဲ့ ကျွန်တော်ပါ။ -
သံဃာတော်တွေကို နေ့စဉ်ဆွမ်းကပ်၊ လမ်းတလျောက် လုံခြုံရေး ယူပေးခဲ့တဲ့ အပြင် မူးမော်လဲသွားတဲ့
သံဃာတွေကိုဆေးလိုက်ကုပေးခဲ့တာ အားလုံး NLD တွေပါပဲ။
ဘယ် တစည ဘယ် ကြံ့ခိုင်ရေးမှ မပါပါဖူး။
ခုမှ သံဃာနဲ့ NLD ထိပ်တိုက် မတွေ့ စေနဲ့ လို့ ပြောနေကြတာတွေကိုနားမလည်ပါဖူး။
ပြောနေတဲ့ လူအားလုံး ကို မေးချင်တယ်။
ရွှေဝါရောင် ကာလတုန်းက(ခင်ဗျားတို့ ဘာတွေ လုပ်နေခဲ့ကြလဲ)။
NLD ကတော့ သူ့တာဝန် သူကျေခဲ့တယ်လို့  ကျွန်တော်ရဲရဲကြီး အာမခံတယ်။


ဒကာရယ် လို့ ပြောမိလို့  ဘာ ဒကာ လဲ ဆိုပြီး နားရင်းအုပ်ခံရတာ မဂ္ဂင် ဆရာတော် ပါ။
 ဖြောင့်ချက် မပေးရင် (ကန်တော့ပါရဲ့ ) ဖင်ချမယ် ဆိုပြီး ၀ိုင်းချုပ်ခံရတာ မစိုးရိမ်တိုက်ကျောင်းက ဆရာတော်။
 ထောင်ထဲမှာ ဘုန်းကြီး မရှိဖူး။ဆွမ်း မရှိဖူး။ လိုချင်ရင် ဒါပဲ ရမယ် ဆိုပြီး ဆဲ ခံရတာ မေဒိနီ ဆရာတော်။
အဲဒါတွေ လုပ်ခဲ့ ဆဲခဲ့ ကြတာ NLDတစ်ယောက်မှ မပါဖူး။
 ကြည့်ကျက် ရေးကြပြောကြစမ်းပါဗျာ။ အာရုံနောက်လွန်းလို့ ။

(( Maung Thura ခေါ် ကိုဇာဂနာ ))

သူတို့ကိုထိတော့အင်းစိန်ဂျီတီအိုင်ထဲမှာလဲအပြည့်...
မီးလောင်ဗုံးစာကြွေးဖို့လဲဝန်မလေး.....
အမေစုကိုတိုက်ခိုက်တဲ့ကိုယ်တော်ကျတော့ရဲအစောင့်
အရှောက်လေးတောင်ချထားပေးလိုက်သေး.....
အဲဒါကြောင့်ပြောပါတယ်...
ခြင်္သေ့တော့ခြင်္သေ့...........

0 အကြံပြုခြင်း: