Friday, January 10, 2014

ပြည်ခိုင်ဖြိုးက ပါတီဝင်တွေ ညစ်နည်းပေါင်းစုံကို သုံးပြီး စုဆောင်း


 မေပုပ္ပား
 ၂၀၁၄ ဇန်နဝါရီ ၁၀ ရက်

ကျောက်ပန်းတောင်းက သတင်း တစ်ခု ဝင်လာပါတယ်၊ ရွာတွေ မှာ ပြည်ခိုင်ဖြိုးက ပါတီဝင်တွေ ဇွတ်ရော အတင်းရော စုဆောင်းနေပါတယ် တဲ့။ ရွာသေး ဆိုရင် ပါတီဝင် အသစ် အနည်းဆုံး ၅၀၊ ကြီးရင် ရာကျော် ရအောင် စုဆောင်းရမယ် ဆိုပြီး ၅၀၀၀၀ စား စည်းရုံးရေးမှူးတွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာ က ညွှန်ကြားလိုက်ပါတယ်။ ဒီဇင်ဘာ ၁၅ ရက်တုန်းက စည်းရုံးရေးမှူးတွေခေါ် အနွေးထည် အင်္ကျီတွေ ဘောင်းဘီလေးတွေ ပေး၊ နေ့စားခ လေးတွေ ထမင်းဖိုးလေး တွေ ထုတ်ပေးလိုက်ပါတယ်။ ဒီနေ့ မှာလည်း တူညီဝတ်စုံ ဝတ်ထားတဲ့ ပြည်ခိုင်ဖြိုး တို့ ကျောက်ပန်းတောင်း မြို့ပေါ်မှာ သင်တန်းတက်လာရင်း လမ်းသလား နေကြပြီး ဘယ်သူက ဘယ်လောက်စည်းရုံးနိုင်ကြောင်း ကြွားဝါ ပြောဆိုနေကြပါကြောင်း။
---------------------------------- ရွာတွေ မှာ ငါးသောင်းစား ဖွတ်သမား တို့ အနွေးထည်လေး တကြွားကြွား ဘောင်းဘီလေး တကားကား နဲ့ တစ်အိမ်တက် တစ်အိမ်ဆင်း ကင်မရာလေးကိုင် ကာ ဓာတ်ပုံဇွတ်လိုက်ရိုက်ကြတယ် ဆိုပဲ။ မှတ်ပုံတင်အတွက် ပတ်စပို့ ပုံရိုက်မလို့လိုလို ဘာလိုလို နဲ့ နောက်မှ ပါတီဝင်ခိုင်းမှန်း သိကြရပါတယ် လို့ ခံခဲ့ရသူ တစ်ဦးက ပြန်လည်ပြောပြပါတယ်။ ကြောက်ကလဲ ကြောက် မဝင်ဘူးလို့ လဲ မပြောရဲလို့ ဝင်လိုက်ရပါတယ် ဆိုပြီး ပြောပါတယ်။
 ----------------------------------- ဒီချုပ် အမာခံတွေ အိမ်က လွဲလို့ ကျန်အိမ်တွေ ကို ဒီလို မျိုးဇွတ် စည်းရုံးခဲ့လို့ အိမ်ခြေ ၁၀၀ ကျော်သာသာရှိ တဲ့ ရွာလေး မှာ ပါတီဝင် ၂၅၀ လောက်ကို ရသွားတယ် ဆိုပါတယ်။ ငွေကို ရေလို သုံး၊ ညစ်နည်းပေါင်းစုံကို သုံးပြီး ၂၀၁၅ အတွက် အကွက်ကျကျ စီစဉ်နေပြီဖြစ် ကြောင်း မြို့နယ် ပေါင်းစုံက ဝင်လာတဲ့ သတင်းတွေက သိရပါတယ်. ကော်မရှင် တိုင်ဖို့ ဆိုတော့ လည်း ဘယ်ရွာသားက မှ နာမည်ခံ မတိုင်ရဲ၊ နောက်ရောက်လာသူတွေက လည်း ဘောင်းဘီချွတ်တွေ ဆိုတော့ စဉ်းစားရကျပ်နေကြကြောင်းပါ။
----------------- ဒီချုပ် ပါတီဝင် စုဆောင်းရာမှာ တော့ ပါတီဝင်ကတ်ပြားဖို့ ၃၀၀ ကျပ်ကို မပေးနိုင်ကြသလို၊ ဓာတ်ပုံရိုက် ထုတ်ဖို့ရော ကတ်ပြားဖိုးရော မလွယ်လှပါဘူး။ ပါတီမှာ လည်း ရန်ပုံငွေ မရှိလို့ စိုက်မပေးနိုင်ပါဘူးလို့ ကျောက်ပန်းတောင်း မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တာဝန်ရှိသူတစ်ဦးက ပြောပြဖူးပါတယ်။
-------------------- ပြည်ခိုင်ဖြိုး တို့ရေ ပါတီဝင် တွေသာ ရရင်ရသွားမယ် ဒီလို အောက်လမ်းနည်းတွေ နဲ့ တော့ မဲတွေ မရနိုင်ပါဘူး။ ဒင်း တို့ လုပ်ရပ်ကလေးတွေ သိအောင်လို့ ရှယ်ပေးကြပါ နော်။

0 အကြံပြုခြင်း: