Wednesday, January 15, 2014

လှိုင်သာယာ-တွံတေးလမ်းမှ ကျူးကျော်များကို ရှင်းပြီ



Yangon Media Group

ပန်းလှိုင် တံတား တစ်ဘက်ကမ်းမှ တွံ တေးတံတားအထိ ခုနစ်မိုင်ရှည် သော လမ်းတစ်လျှောက် ကျူး ကျော်နေထိုင်သည့် တဲအိမ် လေးသောင်းကျော်ခန့်ကို ဇန် နဝါရီ ၁၄ရက် နံနက် ၃နာရီခွဲ ခန့်တွင် အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ရင်း တပ်ဖွဲ့ဝင်အလုံးအ ရင်းဖြင့် အင်အားသုံး နှိမ်နင်းခဲ့ ကြောင်း သိရသည်။

ထိုသို့ နှိမ်နင်းမှုကြောင့် ယင်းကျူးကျော်သူများကို ခေါင်း ဆောင်သူများက ဖြေရှင်းပေး ခြင်းမရှိဘဲ ထွက်ပြေးတိမ်းရှောင် သွားကြသဖြင့် ကျန်ရစ်သူ ကျူး ကျော်သူများမှာ ဒုက္ခပင်လယ် ဝေကုန်ကြကြောင်း သိရသည်။

““အဲဒီလိုဝင်ဖျက်ဆီးကြတဲ့ အချိန်က မှောင်နေတဲ့အချိန်ဆို တော့ ကလေးတွေ ငိုသံတွေ၊ အမျိုးသမီးတွေ အော်ဟစ်ဆဲ ဆိုသံတွေရော ဆူညံနေတယ်။ တချို့ကျူးကျော်တွေကတော့ ကိုယ့်အိမ်ကို ဖျက်ပါ့မယ်ဆိုတဲ့ တောင်းပန်သံတွေကိုလဲ အမှောင် ထဲကနေ ကြားနေရတယ်””ဟု ယင်းနေရာတွင် နွေစပါးစိုက် နေသည့် ဦးအောင်ထွေးက ပြောပြသည်။
““အခုလာပြီး ကျူးတဲ့တဲ အိမ်တွေက ထွေအုပ်စာရင်း အရဆိုရင် သုံးသောင်းကျော် တယ်။ ကျွန်တော်တို့ သေချာ ရေတွက်တော့ လေးသောင်း ကျော်ထိ ရှိသွားပြီ””ဟု တမာ တကောကျေးရွာမှ လယ်သ မားတစ်ဦးက ပြောသည်။

0 အကြံပြုခြင်း: