Wednesday, January 1, 2014

တမျိုးရင်ခုန်စရာကောင်းတဲ့နိုင်ငံရေးနှစ်လေးတနှစ်



http://www.yeyintnge.com/ မှာ ၂၀၁၃အတွက်အရင်နှစ်တွေထက်
စာရင်ပိုစ့်တွေပိုတင်ဖြစ်ခဲ့တယ်၊

၂၀၁၄မှာတော့ခြေဥအသစ်လှလှလေးဖြစ်စေမယ့်သတင်းတွေ၊ဆောင်းပါး
တွေကိုအဓိကထားရှာဖွေတင်ဆက်ပါမယ်၊

အမေစုရယ်အတိုက်အခံနိုင်ငံရေးသမားစစ်စစ်တွေရယ်ကိုအကာအကွယ်
ပေးပြီးသူတို့နဲ့အတူရပ်ပါမယ်။

ပြည်သူဘ၀ကိုမကြည့်ပဲမြေသိမ်းယာသိမ်းသိမ်းချင်ရာသိမ်းနေသူတွေကို
တိုက်ခိုက်ပါမယ်။

ပြည်သူလုထုဖူလုံရေးကိုအထောက်အကူပြုမဲ့နည်းပညာနဲ့သတင်းတွေ
ဖေါ်ပြပါမယ်။

၂၀၁၄ဟာတမျိုးရင်ခုန်စရာကောင်းမယ့်နိုင်ငံရေးနှစ်လေးတနှစ်ဆိုတာတော့
အမှန်ပါပဲ၊

နာဂစ်ခြေဥကိုခေါင်းမူးခြုံပြီးလက်သီးပုန်း ထောင်ပြနေသူ


၂၁နှစ်ပြည့်ပြီးသူဆိုရင်မိမိဆန္ဒအရကမ္ဘာကြီးရဲ့ဘယ်နေရာမဆိုသွားနေထိုင်ခွင့်နဲ့
ရောက်ရှိနေတဲ့နိုင်ငံရဲ့နိုင်ငံသားခံခွင့်ရှိတယ်လို့အန်နယ်လ်ဒီ..တင်လိမ့်မယ်၊
အတည်ပြုချက်ရရင် မြင့်ဆန်းအောင်နဲ့ထိန်လင်းကိစ္စလွတ်သွားနိုင်တယ်။

ဘာပဲဖြစ်ဖြစ်၈၉မှာသူတို့ကိုနိုင်ငံသားကပယ်လိုက်ပြီးနိုင်ငံခြားသားဖြစ်အောင်
န၀တကလုပ်ခဲ့ရင်နိုင်ငံသားဖြစ်ခဲ့ဖူးတာထင်ရှားပြီ၊အဲဒီမတရားစီရင်မှုကို
လက်ရှိအစိုးရကပြန်လည်ဖြေရှင်းအတည်ပြုပေးရမယ်၊ဒါအမှန်တရားပဲ၊

အချိန်တွေလဲကြာခဲ့ပြီ၊
၂၅နှစ်ကျော်တိုက်ခတ်ဆဲနိုင်ငံရေးမုန်တိုင်းကြီးမှာငှက်ကလေးတကောင်လို
လွင့်စင်ခံခဲ့ရပြီးရောက်သွားတဲ့အရပ်မှာသူမိသားစုနဲ့ဖြစ်တည်နေပြီ၊အထိုင်
ကျနေပြီ၊မြန်မာနိုင်ငံသားပြန်ခံရမယ်ဆိုတဲ့ကြံဖွတ်ရဲ့ပြင်ဆင်မှုတင်သွင်းမယ့်
အဆိုဟာမဖြစ်နိုင်ဖူးဆိုတာကလေးကအစသိတယ်။

အမေစုနဲ့အန်နယ်လ်ဒီကိုမတိုက်ခိုက်ရဖူးလို့မပြောလိုပါဖူးကြံ့ဖွတ်ရယ်၊
ဒီလိုကလေးကွက်လေးတွေနဲ့နာဂစ်ခြေဥကိုခေါင်းမူးခြုံပြီးလက်သီးပုန်း
ထောင်ပြနေတာမရှက်ဖူးလား၊

စကြောက် !



Coko Dmoe

စကားတွေသိုင်းဝိုင်းမပြောနဲ့ဗျာ လိုရင်းမရောက်ဖူး ပြော ... တည့်တည့်ပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားနှစ်ယောက်ဖြစ်တဲ့ မြင့်ဆန်းအောင်နဲ့ထိန်လင်းက မြန်မာနိုင်ငံသားအဖြစ်ကို စွန့်လွှတ်ပြီး နိုင်ငံခြားသားခံယူသွားတာလား န၀တအစိုးရက သူတို့ရဲ့နိုင်ငံသားအဖြစ်ကို ရုပ်သိမ်းလိုက်တာလား သူတို့က နိုင်ငံသားအဖြစ်ကို စွန့်လွှတ်သွားတာပါဆိုရင် ဘာမှပြောစရာမရှိဖူး ဘာဆိုဘာမှ မပြောတော့ဖူး ထပ်ပြောမယ် ဘာဆိုဘာမှ မပြောတော့ဖူး သူတို့ရဲ့နိုင်ငံသားကို ရုပ်သိမ်းခဲ့တာဆိုရင်တော့ ခင်ဗျားတို့ ရှင်းကြ မပြေလည်မချင်းရှင်းကြ ၊ တစ်လုံစား တစ်ကွက်ကျန်တော့လာမလုပ်နဲ့ ဘယ်အစိုးရ က နိုင်ငံသားတစ်ယောက်ရဲ့နိုင်ငံသားဖြစ်ခွင့်ကို ရုပ်သိမ်းပိုင်ခွင့်ရှိသလဲ အဲဒါရှင်းပေး မရှင်းနိုင်ရင်တော့ အဲဒီကိစ္စကို ကမ္ဘာကသိအောင် ကျုပ်တို့လုပ်မယ်

ဒေါ်အောင်ဆန်းစုကြည်က သားနှစ်ယောက် နိုင်ငံသားပြန်ခံယူမှ သမ္မတဖြစ်ရမယ် ဆိုတာကို လက်ခံမဲ့ ခပ်ပျော့ပျော့ မိန်းမလို့ ထင်နေတယ်ပေါ့ ဟုတ်စ ဗျူဟာပြောင်းလိုက်စမ်းပါ ဒီဗျူဟာက ရိုးလွန်းသဗျ

ထင် လင်း ဦး

လူထု ရဲ့ တုန့် ပြန်မှုဟာ အခုချိန်မှာအမှန်ကန်ဆုံးပဲ



Kate Dizzel

ကျွန်မတို့ Twenty First Century ဟာ သမိုင်းရဲ့ Pattern ကိုပုံပျက်သွားစေလောက်တဲ့ Revolutionary Explosion နှစ်ခုနဲ့မျက်နှာစာ ကိုစဖွင့်ပါတယ် ။
Information ပေါက်ကွဲမှုနဲ့ World Population Explosion နှစ်ခုပါ။ သတင်းအချက်အလက်ပေါက်ကွဲမှုဟာ Communication လိုင်းတွေကို ပေါက်ပြဲသွားစေပြီး Time Space ကိုလုံးဝနီးပါးကျုံ့ ဝင်သွားစေပါတယ် ။ပြန့် ကျဲနေ တဲ့ Identification အလွှာတွေဟာ High Network Streaming ခုန်ကူးမှုတွေကြောင့် Samuel P. Huntington ရဲ့ Fault Line တွေကို Out of Date ဖြစ်သွားစေပြီး ပြတ်ကျန်စေခဲ့ ပါတယ် ။Autocracy ,Democracy နဲ့ Theocracy တို့ ဟာ ရုန်းကြွပြီး
Boiling point ကိုရောက်လာပါတယ်။Theocracy ဟာ Global စိုးရိမ်စရာဖြန့် ခင်းမှုကြီးဖြစ်လာပါတယ် ။အင်ပါယာ Struggle တွေ နှင့်အတူ Neo Nationalism ဟာခိုင်ခိုင်မာမာ ကို Nation States တွေရဲ့ ပုံရိပ်အဖြစ် နဲ့ တွေ့ မြင်လာရပါတယ်။
Democratic Bubbles တွေဟာလည်း အာရပ်နွေဦးအနေ နဲ့ အသွင်ဆောင်ပြီး တော့ ကစဉ့် ကလျား Middle East တစ်ခုလုံးကို ပုံသွင်းလာပါတယ်။
ကမ္ဘာနိုင်ငံရေးဖြစ်စဉ်ရဲ့ ဒေါက်တိုင်ကြီးတစ်ခုလိုပြောရ မဲ့ Petropolitics အတက်အကျ ဟာ အဆိုပါဖူဖောင်းတွေနဲ့ အလားတူခောတ်ပြိုင်ပုံရိပ်များအဖြစ်
Butterfly effect vibration ကိုပရမ်းပတာ တုန်ခါစေပါတယ်။__________________________World Population ကိုကြည့်မယ်ဆိုရင် နှစ်၂ ရာ အတွင်းမှာ သန်းတစ်ထာင်( One Billion)ကနေပြီးတော့  သန်းခုနှစ်ထောင် (Seven Billion)ခုန်ပြီးပေါက်ကွဲထွက်လာပါတယ်။
ကျွန်မတို့ ရဲ့ သက်တမ်းအတွင်း ၂၀၅၀ မှာ Ten Billion ကိုရောက်လာပါမယ်။ Eco System ၊သဘာဝပတ်ဝန်းကျင်၊ဆင်းရဲချမ်းသာ ကွာဟမှု၊ WMD ၊Domino effect ၊ Power အကျပ်အတည်း (Power Crisis) ၊ Identity Crisis ၊water Crisis ၊Crisis of Existential ၊climate change ၊
Modernization ဖိအား၊ Emperor Struggle တွေကြားထဲမှာ ပရမ်းပတာ နဲ့ အရှိတရား ကိုမျက်မှောက်ပြုစေပါတယ်။ Billion နဲ့ချီတဲ့လူအုပ်စုကြီးတွေရဲ့ Social Psychology ဟာ Active /Passive ဆိုတဲ့ ပိုင်းခြားမှု၂ ခုထဲနဲ့လုံးဝ
လုံလောက်မှု မရှိတော့ ပါဘူး ။ Flock Theory တွေအတိုင်း ပရမ်းပတာ အုပ်စုဖွဲ့  တုန့် ပြန်မှု အမူအကျင့် တွေအတိုင်းသာကျွန်မတို့ တွေ့ မြင်ရပါ လိမ်.မယ် ။

__________________________ဟုတ်ပြီ ဒါဟာ CHAOS ပါ ။ကျွန်မတို့ စီမန် ခန့် ခွဲ နိုင်မှု ရဲ့ ဘောင်ကို ကျော်လွန်ပြီးတော့ ဒီ Explosion ( ပေါက်ကွဲမှု) နှစ်ခုဟာ မျက်နှာချင်း ဆိုင်ပါတယ်။ ပရမ်းပတာ Controlless movement တွေဟာ သန်း၇ထောင် သော (Seven Billion) Population ရဲ့ ပုံရိပ်ကို ထင်ဟပ်စေပါတယ်။
Controlless Position ဟာ Law of inevitability ကိုလိုက်နာပါတယ် ။နောက်ဆုံး ပေါ့ရှင် ကျွန်မတို့ ရဲ့Civilization ဟာနှစ်ခြောက်ထောင်သက်တမ်းမှာ Critical tipping pointလို့ ပြောရမဲ့ သမိုင်းဆိုင်ရာ New Order for Historical Paradigm// Human Era နဲ့ အနားသတ်ဘောင်ခတ်ထားပါတယ်။
ကျွန်မ ဆိုလိုချင်တာ က ကျွန်မတို့ ရဲ့ မြန်မာ မြန်မာပြည်သူလူထုကို သုံးမရလောက်အောင်ပြောနေ တဲ့ နိုင်ငံရေး Figuresကြီးတွေ ၊ဘာသာပြန်စာရေးဆရာတွေ ၊ကိုယ်ကျိုးစီးပွားနောက်လိုက်တဲ့ ယောင်တောင်တောင်ကောင်တွေဟာ
ကိုယ်ရဲ့အသုံးမကျတဲ့ ကိုယ်ရေးကိုယ်သွေး ၊စုတ်ပြတ်သတ် နုံချာနေတဲ့ အတွေးအခေါ်တွေနဲ့လူထုကိုစော်ကားနေ တယ်။ကျွန်မတို့ လူထု ရဲ့ တုန့် ပြန်မှုဟာ အခုချိန်မှာအမှန်ကန်ဆုံးပဲ။ကျွန်မတို့ ဟာရှုပ်ထွေးလှတဲ့ သမိုင်းကြောင်းဆိုင်ရာ
အပြောင်းအလဲပေါ်မှာ အသက်ရှင်ရပ်တည်မှုအတွက်ကြိုးစားနေ တာ.. ဒါ ပြီးပြည့်စုံတဲ့ ရပ်တည်ချက် ပဲ။

တကမ္ဘာလုံးမှာ ကွဲပြားခြားနားတဲ့ယဉ်ကျေး မှုတွေ၊ဖြစ်တည်မှု တွေလိုချင်တယ်ဆိုရင် ၆၅ သန်းသာ ရှိတဲ့ မြန်မာနိုင်ငံကိုကာကွယ်တာဟာ ဘယ်ပုံ သဏ္ဍန်ပဲဖြစ်ဖြစ်မှန်ကန်တယ်။

By Kate (2011 .&. 2013)

ဒေါ်အောင်ဆန်းစုကြည်ကို လော်ဘီ လုပ်စရာအကြောင်းကို မရှိဘူး




Coko Dmoe

ဒေါ်အောင်ဆန်းစုကြည်ကို လော်ဘီ လုပ်စရာအကြောင်းကို မရှိဘူး…။ ဒေါ်အောင်ဆန်းစုကြည် ဟာ ကျုပ်တို့ ခင်ဗျားတို့ လောဘီလုပ်ပေးရလောက်အောင် သိမ်ငယ်နေတဲ့ ဖွတ်ပွဲစား ငတက်ပြားတွေလို မဟုတ်ဘူး…။ သူ့ဂုဏ် နဲ့ သူ့အရှိန်အ၀ါ နဲ့ သူရှိပြီးသား….၊ ထည်ဝါပြီးသား…။ သူ့နိုင်ငံ သူ့လူမျိုးတွေအတွက် သူ့ရဲ့အနစ်နာခံမှု..၊ သူ့ရဲ့ပေးဆပ်မှု တိုင်းသိပြည်သိ ကမ္ဘာသိ ကမ္ဗည်းတင်ထားပြီးသား….။ နှလုံးသားထဲက စကားတစ်ခွန်းပဲပြောမယ်…။သူ့ထက် ယုံကြည်ရတဲ့သူတောင် သူ့လောက်မယုံကြည်ရဘူး…။ စိတ်မချရဘူး…။ ရွေးချယ်စရာ ရှိခဲ့ရင်လည်း သူ့ထက်ပိုကောင်းတဲ့သူ မရှိဘူး…။ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ဒေါ်အောင်ဆန်းစုကြည်ကို ချန်ထားခဲ့ရင် ပြီးပြည့်စုံလိမ့်မယ်..လို့ ခင်ဗျားတို့ထင်သလား…? စမ်းကြည့်လိုက်လေ…၊ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ဒေါ်အောင်ဆန်းစုကြည် မပါရင် ရလာမယ့် အကျိုးရလာဒ်ဟာ အကောင်းမဖြစ်နိုင်ဘူး….။

ခင်ဗျားတို့သာ ခင်ဗျားတို့လူတွေကို လော်ဘီ လုပ်ပေးကြပါ…။ ခင်ဗျားတို့ လော်ဘီလုပ်ပေးမှ ခင်ဗျားတို့လူတွေက ဖြစ်မယ့်အခြေအနေမို့ပါ….။ ပုံရိပ်မှ မကောင်းခဲ့တာ…၊ လော်ဘီလုပ်ပေးမှ ရမှာပေါ့…။ မှတ်ထား…. မူရင်း မကောင်းရင် မိတ္တူ မကောင်းနိုင်ဘူး….။

Ko Nay Myo

မလေးရှား တိုက်ခိုက်ခံရသည့် မြန်မာလုပ်သား ၉၀ ခန့် ပြည်တော်ပြန်ခွင့်ရ



The Voice Weekly

မလေးရှားနိုင်ငံ ဆာရာဝပ် ပြည်နယ် မီရီမြို့ရှိ အင်ဒိုနီးရှား နိုင်ငံသားများ အုပ်စုဖွဲ့ တိုက်ခိုက်မှုကြောင့် ဂိုဒေါင် အတွင်းတွင် ပုန်းခိုနေသည့် မြန်မာလုပ်သား ၉၈ ဦးအနက် ၈၈ ဦး မြန်မာနိုင်ငံသို့ ပြန်ခွင့် ရရှိထားပြီ ဖြစ်ကြောင်း ပြည်တော်ပြန်ခွင့်ရ လုပ်သား ဦးစိုးသန်းဦးက ပြောကြားသည်။

မြန်မာ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်၏ လူမှုစာမျက်နှာတွင် မြန်မာလုပ်သား ၉၀ ပြန်လာမည်ဟုလည်း ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ဖော်ပြခဲ့သည်။

ပြည်တော်ပြန်ခွင့်ရသည့် လုပ်သား ၈၀ ကျော်သည် Levy ကြေး (တရားဝင် နေထိုင်ခွင့်) ကြေးကို အလုပ်ရှင်က လျော်ကြေး တောင်းထားရာ ယင်းကိစ္စနှင့် ပတ်သက်၍ ညှိနှိုင်းနေဆဲ ဖြစ်သဖြင့် အသေအချာ ပြောဆို၍ မရသေးကြောင်း၊ လေယာဉ် လက်မှတ်ကိုလည်း လုပ်သားများ၏ အစီအစဉ်ဖြင့် ပြန်ရမည် ဖြစ်ကြောင်း ပြည်တော်ပြန်ခွင့် ရထားသည့် လုပ်သားတစ်ဦးက ပြောကြားသည်။
“ပါမစ်ကြေး လျော်ကြေး တောင်းရင်တော့ လျော်စရာ မရှိဘူး။ လေယာဉ် လက်မှတ်ဖိုးလောက်ပဲ ရှိတယ်” ဟု လုပ်သားတစ်ဦးဖြစ်သူ ဦးသိန်းလှိုင်က ဆိုသည်။

မြန်မာနိုင်ငံသို့ ပြန်လာခွင့် ရရှိသူများအတွက် လေယာဉ်လက်မှတ် အခက်အခဲရှိ၍ အသုတ်လိုက်ခွဲကာ ပြန်ရမည် ဖြစ်ပြီး ပထမအသုတ် အနေနှင့်၂၁ ဦး မြန်မာနိုင်ငံသို့ စတင်ပြန်ခွင့်ရရှိမည် ဖြစ်ကြောင်း၊ လေယာဉ် လက်မှတ် ရရှိသည့် ဦးရေနှုန်းထားအတိုင်း အသုတ်လိုက် ပြန်ခွင့်ရမည် ဖြစ်ကြောင်း လုပ်သားများထံမှ သိရှိရသည်။
“အခုထိတော့ ဂိုဒေါင်ထဲမှာပဲ ရှိသေးတယ်” ဟု ပြည်တော်ပြန်ခွင့်ရ လုပ်သားတစ်ဦးက ပြောဆိုသည်။

သင်္ဘောကျင်းတွင် ကျန်နေခဲ့မည့် လုပ်သား ၁၀ ဦး ဝန်းကျင်ကိုလည်း လက်ရှိ အလုပ်နေရာထက် ပိုမို လုံခြုံမှုရှိသည့် အလုပ်နေရာ ပြောင်းရွှေ့လိုက်ပြီ ဖြစ်ကြောင်း လုပ်သားများထံမှ သိရှိရသည်။
“သူတို့ (ကျန်ခဲ့မည့်သူများ) မှာက မိသားစု အခက်အခဲတွေ ရှိတယ်။ လုပ်သက်ကလည်း တစ်လ၊ နှစ်လလောက်ပဲ ရှိသေးတော့ ပြန်လို့ လုံးဝ အဆင်မပြေကြဘူး” ဟု ဦးသိန်းလှိုင်က ပြောကြားသည်။

မလေးရှားနှင့် ဘရူနိုင်းနှစ်နိုင်ငံ နယ်စပ်တွင်ရှိသည့် မီရီမြို့ ရှင်ယန်း သင်္ဘောကျင်းတွင် လုပ်ကိုင်သည့် မြန်မာလုပ်သား ၉၈ ဦး သင်္ဘောကျင်း စက်ရုံဝင်းရှိ ဂိုဒေါင်တစ်ခုတွင် ပုန်းခိုနေရသည့် ပြဿနာကို ဖြေရှင်းရန် အလုပ်သမား သံအရာရှိ ဦးစိုးဝင်း၊ မြန်မာနှင့် မလေးရှား အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများမှ ကိုယ်စားလှယ်များ အဆိုပါနေရာသို့ ဒီဇင်ဘာလ ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့တို့တွင် ရောက်ရှိပြီး ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် အဆိုပါ အဖွဲ့သည် အလုပ်ရှင်၊ လုပ်သားများနှင့် တွေ့ဆုံကာ လေးပွင့်ဆိုင် ဖြေရှင်းခဲ့ကြသည်။

မြန်မာလုပ်သားတစ်ဦး ဒီဇင်ဘာလ ၂၃ ရက်နေ့က ဈေးဝယ်ထွက်စဉ် အင်ဒိုနီးရှား နိုင်ငံသားတစ်ဦးက ရန်စခဲ့ရာမှ ပြဿနာ စတင်ခဲ့ပြီး မြန်မာလုပ်သား ၁၅ ဦးနေထိုင်သည့် အဆောင်ကို အင်ဒိုနီးရှား နိုင်ငံသား အုပ်စုလိုက် ဝင်ရောက် ဖျက်ဆီးခဲ့ကြောင်း၊ ၂၄ ရက်နေ့တွင် တိုက်ခိုက်မှု မိုပိုပြင်းထန်လာ၍ မြန်မာလုပ်သား ၉၈ ဦးလုံး သင်္ဘောကျင်းရှိ ဂိုဒေါင်တစ်ခုတွင် ပုန်းအောင်းခဲ့ရကြောင်း လုပ်သားများထံမှ သိရှိရသည်။

နိုင်ငံသားကို ရုပ်သိမ်းခဲ့တာဆိုရင်တော့ ခင်ဗျားတို့ ရှင်းကြ


Coko Dmoe

စကားတွေသိုင်းဝိုင်းမပြောနဲ့ဗျာ လိုရင်းမရောက်ဖူး ပြော ... တည့်တည့်ပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားနှစ်ယောက်ဖြစ်တဲ့ မြင့်ဆန်းအောင်နဲ့ထိန်လင်းက မြန်မာနိုင်ငံသားအဖြစ်ကို စွန့်လွှတ်ပြီး နိုင်ငံခြားသားခံယူသွားတာလား န၀တအစိုးရက သူတို့ရဲ့နိုင်ငံသားအဖြစ်ကို ရုပ်သိမ်းလိုက်တာလား သူတို့က နိုင်ငံသားအဖြစ်ကို စွန့်လွှတ်သွားတာပါဆိုရင် ဘာမှပြောစရာမရှိဖူး ဘာဆိုဘာမှ မပြောတော့ဖူး ထပ်ပြောမယ် ဘာဆိုဘာမှ မပြောတော့ဖူး သူတို့ရဲ့နိုင်ငံသားကို ရုပ်သိမ်းခဲ့တာဆိုရင်တော့ ခင်ဗျားတို့ ရှင်းကြ မပြေလည်မချင်းရှင်းကြ ၊ တစ်လုံစား တစ်ကွက်ကျန်တော့လာမလုပ်နဲ့ ဘယ်အစိုးရ က နိုင်ငံသားတစ်ယောက်ရဲ့နိုင်ငံသားဖြစ်ခွင့်ကို ရုပ်သိမ်းပိုင်ခွင့်ရှိသလဲ အဲဒါရှင်းပေး မရှင်းနိုင်ရင်တော့ အဲဒီကိစ္စကို ကမ္ဘာကသိအောင် ကျုပ်တို့လုပ်မယ်

ဒေါ်အောင်ဆန်းစုကြည်က သားနှစ်ယောက် နိုင်ငံသားပြန်ခံယူမှ သမ္မတဖြစ်ရမယ် ဆိုတာကို လက်ခံမဲ့ ခပ်ပျော့ပျော့ မိန်းမလို့ ထင်နေတယ်ပေါ့ ဟုတ်စ ဗျူဟာပြောင်းလိုက်စမ်းပါ ဒီဗျူဟာက ရိုးလွန်းသဗျ

ထင် လင်း ဦး

ဒီနေ့ကာတွန်း

ကိုကျော်ဇော(၈၈ပွင့်လင်း) ရဲ့ဈာပန



Ko Marky

(1.1.2014 , 14:45 , Yeway)
ဒီနေ့ ကိုကျော်ဇောရဲ့ဈာပနပွဲမှာ
ကျနော်တို့သူငယ်ချင်းတွေအားလုံးပဲ မျက်ရည်ကျကြရတယ်။
ကျနော်က ကိုကျော်ဇောကိုင်လေ့ရှိတဲ့ ကင်မရာနဲ့
ကိုကျော်ဇောရဲ့တာဝန်ကိုယူပြီး ကိုကျော်ဇောရဲ့နောက်ဆုံးခရီးကို
မှတ်တမ်းတင်ပေးရတယ်။
မြင်ကွင်းကို ဘာမှမမြင်ရအောင် မျက်ရည်ကျနေတော့
မှတ်တမ်းပုံတွေကို ရမ်းမှန်းပြီးတော့သာ ရိုက်ခဲ့ရပါတယ် … ။

၅၉ (စ)၊ ပြည်ခိုင်ဖြိုးနှင့် နိုင်ငံရေးဗျူဟာခင်းခြင်း



Eleven Media Group

(Written by: ဒေါက်တာရန်မျိုးသိမ်း)

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုကော်မတီ အစည်းအဝေးတွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာသုံးသပ် ပြင်ဆင်ရေးနှင့် ပတ်သက်၍ နိုင်ငံတော် အကြီးအကဲအခန်းကို ပြင်ဆင်နိုင်ရန် ထည့်သွင်းအဆိုပြုမည်ဖြစ်ကြောင်း အတည်ပြု ဆုံးဖြတ်ချက်သည် လတ်တလော ပြည်တွင်းနိုင်ငံရေး အခင်းအကျင်းအပေါ် စိတ်ဝင်စားမှုများကို မြင့်တက်စေခဲ့သည်။ အများစိတ်ဝင်စားနေသော ပုဒ်မ ၅၉ သည် ပြည်ခိုင်ဖြိုးပါတီ၏ ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေး အစီရင်ခံစာတွင် ပါဝင်လာခြင်းသည် နိုင်ငံရေးအရ စိတ်ဝင်စားဖွယ်ဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီ၊ ဗဟိုကော်မတီ အစည်းအဝေးတွင် နိုင်ငံတော် အကြီးအကဲမှာ ရှိသင့်ရှိထိုက်သော အရည်အချင်းများနှင့် ပတ်သက်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၅၉ ကိုလည်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီသည် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ၏ အရည်အချင်း သတ်မှတ်ချက်တွင် ပါဝင်သည့် တရားဝင် သားသမီးတစ်ဦးဦး၏ ဇနီး (သို့မဟုတ်) ခင်ပွန်းသည် နိုင်ငံခြားသား မဖြစ်စေရဟူသည့် အချက်အား လျှော့ချပေးရန် သဘောတူ ဆုံးဖြတ်ခဲ့သည်ဟုလည်း သတင်းများတွင် ဖော်ပြကြသည်။ အဆိုပါ ဆုံးဖြတ်ချက်ပါ ပယ်ဖျက်မှုကို ပြည်ထောင်စုလွှတ်တော်နှင့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတို့မှတစ်ဆင့် အတည်ပြုပြီးပါက၊ ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတအဖြစ် ရွေးကောက်ခံနိုင်ရန် အလားအလာ ကောင်းနိုင်ခြေ ရှိသော်လည်း၊ ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ဦးသည် မြန်မာနိုင်ငံသားအဖြစ် ခံယူရန် မဖြစ်မနေ လိုအပ်မည်ဖြစ်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီ ဒုတိယအကြိမ် အစည်းအဝေးကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှ ၃၀ ရက်အထိ ကျင်းပခဲ့ပြီး၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာသုံးသပ်မှုများ ပြုလုပ်ခဲ့သည်ဟု ပါတီ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အစားထိုးခြင်း ၁၂ ချက်၊ ဖြည့်စွက်ခြင်း ၁၃ ချက်၊ ပယ်ဖျက်ခြင်း ၅ ချက်၊ ဇယား ၂ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြု စာရင်းတွင် ဖြည့်စွက်ခြင်း ၁၁ ချက်နှင့် အခြေအနေ အချိန်အခါအရ ပြင်ဆင်သင့်သော ပြဋ္ဌာန်းချက် ၆ ချက်တို့ကို သဘောတူ ဆုံးဖြတ်ခဲ့ကြသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း၊ အသေးစိတ် အချက်အလက်များကို တရားဝင် ထုတ်ပြန်ထားသည်ကို မတွေ့ရှိရပေ။ ပြည်ခိုင်ဖြိုးပါတီသည် အချက်ပေါင်း (၄၇) ချက်ပါ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး အစီရင်ခံစာကို ပူးပေါင်းကော်မတီသို့ ပေးပို့မည်ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်မှ ဖွဲ့စည်းထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသည် ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၃၁ ရက်မတိုင်မီ လေ့လာသုံးသပ်ချက် အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းရမည်ဖြစ်သည်။ ပြည်ခိုင်ဖြိုးပါတီ၊ ဒီချုပ်ပါတီ အပါအ၀င် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားနိုင်ငံရေး ပါတီများနှင့် တပ်မတော်တို့သည် သီးခြားအဆိုပြုချက်များကို ကော်မတီသို့ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထားလျက်၊ တင်သွင်းခဲ့ပြီးဖြစ်သည်။ ပူးပေါင်းကော်မတီသို့ တင်သွင်းမည့် ပြည်ခိုင်ဖြိုးပါတီ၏ အဆိုပြုချက်များနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၏ အဆိုပြုချက်များကို ဆန်းစစ်သုံးသပ်လျှင် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ မတိုင်မီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ခြေကို တွက်ချက်သုံးသပ်နိုင်မည်ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကာလတွင် ပုဒ်မ ၅၉ (စ)သည် ရေပန်းအစားဆုံး ပြဋ္ဌာန်းချက်တစ်ခု ဖြစ်သည်။ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ၏ အရည်အချင်း သတ်မှတ်ချက်များနှင့် ဆက်စပ်သော ပုဒ်မ ၅၉ တွင် ပုဒ်မခွဲ (စ)သည် မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော် လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ မိမိ၏ တရားဝင်သားသမီး တစ်ဦးဦးသော် လည်းကောင်း၊ ထိုတရားဝင်သားသမီး တစ်ဦးဦး၏ ဇနီးသို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ။ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော် လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော် လည်းကောင်း၊ ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရဟု ပြဋ္ဌာန်းထားသည်။ ပုဒ်မ ၅၉ (စ) တွင် မိမိ၏ တရားဝင် သားသမီးတစ်ဦးဦးသော် လည်းကောင်း၊ ထိုတရားဝင် သားသမီးတစ်ဦးဦး၏ ဇနီ့း မဟုတ် ခင်ပွန်းသော်လည်းကောင်းဟူသည့် အပိုဒ်ကို ဖြုတ်ပယ်ပြင်ဆင်နိုင်မည်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သမ္မတအဖြစ် ၀င်ရောက်အရွေးခံနိုင်ရန် အပြည့်အ၀ လမ်းပွင့်သွားနိုင်ဖွယ် ရှိနေသည်။

အကယ်စင်စစ် ပုဒ်မ ၅၉ (စ)ပါ ပြဋ္ဌာန်းချက်များကို ပယ်ဖျက်နိုင်ရန် သို့မဟုတ် ပြင်ဆင်နိုင်ရန် ပြည်ထောင်စုလွှတ်တော်တွင် အများစုပါတီဖြစ်သော ပြည်ခိုင်ဖြိုးပါတီ၏ အဆိုပြုချက်သည် နိုင်ငံရေးအရ အားကောင်းသော်လည်း၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်၏ ထောက်ခံမှုကို ရရှိမှသာ၊ ပုဒ်မ ၅၉ အပါအ၀င် အဓိကပုဒ်မပေါင်း ၇၄ ခုကို ပြင်ဆင်နိုင်ရန် ပထမအဆင့် အနေဖြင့် အထမြောက်မည် ဖြစ်သည်။ နောက်တစ်ဆင့်မှာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဖြစ်ပြီး၊ မဲပေးပိုင်ခွင့်ရှိသူ၏ ထက်ဝက်ကျော်က ထောက်ခံရမည်ဖြစ်သည်။ ထို့ကြောင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြင်ဆင်ရန် သို့မဟုတ် ပယ်ဖျက်ရန် ထောက်ခံအဆိုပြုရုံမျှဖြင့်၊ ပြင်ဆင်မှု အထမမြောက်နိုင်သေးကြောင်း၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ခံမှုကို မရရှိလျှင်၊ ပုဒ်မ ၅၉ အပါအ၀င် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မများအားလုံးကို ပြင်ဆင်နိုင်ရန် ဖြစ်နိုင်ခြေ မရှိကြောင်း သုံးသပ်တွေ့ရှိရသည်။ ထို့ကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များသည် အဆုံးအဖြတ် အစုအဖွဲ့ ဖြစ်သည်ဟု ကောက်ချက်ပြုနိုင်သည်။

ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ဆက်စပ်လျက် တပ်မတော်ကို မည်သို့ချဉ်းကပ် ဆွေးနွေးမည်ကို လက်တွေ့ကျကျ စဉ်းစားနိုင်ရန် လိုအပ်မည်ဖြစ်သည်။ အကျိုးစီးပွားများနှင့် ဆက်စပ်နေသည့်အလျောက် ပြည်ခိုင်ဖြိုးပါတီ၊ ဒီချုပ်ပါတီ၊ တိုင်းရင်းသားပါတီများနှင့် အခြားပါတီများ၏ ခေါင်းဆောင်များသည် တပ်မတော် အကြီးအကဲများနှင့် အလုပ်သဘော တွေ့ဆုံဆွေးနွေးမှုများ၊ နိုင်ငံရေးအရ အပေးအယူများတို့ကို ပြုလုပ်နိုင်မှသာ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသည် ပိုမိုခရီးပေါက်နိုင်ဖွယ် ရှိသည်ဟု မှတ်ချက်ပြုနိုင်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ သမ္မတနှင့် ဒုတိယသမ္မတများ၏ အရည်အချင်း သတ်မှတ်ချက်များနှင့် ဆက်စပ်သော ပုဒ်မ (၅၉) ကို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်းတို့ကို ထင်ဟပ်သည့် ဆုံးဖြတ်ချက်၏ နောက်ကွယ်တွင် နိုင်ငံရေးဗျူဟာ ခင်းမှုများ ရှိနေနိုင်သည်ကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်မည်ဖြစ်သည်။ အဆိုပါ ဆုံးဖြတ်ချက်ကို အကြောင်းပြုလျက် ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်များနှင့် ဒီချုပ်ပါတီ ခေါင်းဆောင်များအကြား ယုံကြည်မှုနှင့် နားလည်မှုကို ပိုမိုမြှင့်တင်လာနိုင်ရန် ရည်ရွယ်သည့်အပြင် နိုင်ငံရေးအရ သဘောထားကြီးမှုနှင့် ရင့်ကျက်မှုတို့ကို ကိုယ်စားပြုနိုင်ရန် ရည်ရွယ်ပုံရသည်။

လက်တွေ့ကျကျ ဆန်းစစ်လျှင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ကာလတွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၅၉) အပါအ၀င် အဓိကပုဒ်မ (၇၄) ခုကို ပြင်ဆင်နိုင်ရန်မှာ ဖြစ်နိုင်ခြေ နည်းပါးလျက်ရှိသည်ဟု ကောက်ချက်ပြုနိုင်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ သာမန်ပုဒ်မများသာ ပြင်ဆင်နိုင်ခြေ မြင့်မားပြီး တပ်မတော်နှင့် ဆက်စပ်သော ပြဋ္ဌာန်းချက်များကို ပြင်ဆင်နိုင်ခြေမှာ ၂၀၁၅ ခုနှစ်မတိုင်မီ ကာလတွင် ဖြစ်နိုင်ခြေမရှိဟု သုံးသပ်နိုင်သည်။

နိဂုံး
အချုပ်အားဖြင့်ဆိုသော် လာမည့်လွှတ်တော် အစည်းအဝေးများတွင် တင်သွင်းမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာသည် မြန်မာ့နိုင်ငံရေး ရှေ့ခရီးနှင့် လည်းကောင်း၊ နိုင်ငံတကာ မျက်နှာစာတွင် မြန်မာနိုင်ငံ၏ ပုံရိပ်နှင့်လည်းကောင်း များစွာဆက်စပ်နေသည်။ ၂၀၁၄ ခုနှစ် လွှတ်တော်အစည်းအဝေးများတွင် ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆိုင်ရာ ဆွေးနွေးမှုများနှင့် ပြည့်နှက်နေနိုင်သော်လည်း နဖူးတွေ့ဒူးတွေ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်သည့် အဆင့်ကိုမူ ၂၀၁၅ ခုနှစ် နှစ်ဦးပိုင်းရောက်မှသာ ဖော်ဆောင်နိုင်ဖွယ် ရှိနေသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသည် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ မထောက်ခံလျှင် အထမမြောက်နိုင်သည့်အလျောက် နိုင်ငံရေးခေါင်းဆောင်များနှင့် တပ်မတော်ခေါင်းဆောင်များအကြား ပွင့်လင်းမြင်သာမှုရှိသော အလုပ်သဘော တွေ့ဆုံဆွေးနွေးမှုများသည် ၂၀၁၄ ခုနှစ်အတွင်း ရုပ်လုံးပေါ်လာရေးသည် မြန်မာ့နိုင်ငံရေး စပ်ကူးမပ်ကူး၏ အဓိက လိုအပ်ချက်ဟုပင် သတ်မှတ်နိုင်သည်။ ပြည်ခိုင်ဖြိုးပါတီသည် နိုင်ငံရေးဗျူဟာနှင့် အစီအမံများကို စနစ်ကျသိမ်မွေ့စွာ ပြင်ဆင်နေသည့်အပြင် ပြည်သူလူထု အခြေပြု နိုင်ငံရေးပါတီ တစ်ခုအဖြစ် တည်ဆောက်နိုင်ရန် ပြင်ဆင်နေသည့် တစ်ချိန်တည်းတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ တိုင်းရင်းသားနိုင်ငံရေး ပါတီများနှင့် အခြားပါတီများသည် စနစ်ကျ ပွင့်လင်းမြင်သာသော ပြင်ဆင်မှုများနှင့် ပါတီတည်ဆောက်ရေးကို ရုပ်လုံးပေါ်အောင် အားမထုတ်နိုင်လျှင် ရေရှည်နိုင်ငံရေး စင်္ကြံလမ်းတွင် နိမ့်ပါးမှုများ၊ အားနည်းမှုများ၊ အဆင်မပြေ ရှုပ်ထွေးမှုများနှင့် ကြုံလာရနိုင်သည်ကို မျက်ခြည်မပြတ်သင့်ပါကြောင်း ပြည်သူလူထု အကျိုးမျှော် နှိုးဆော်လိုက်ရပါသည်။

ကွာချင်ကွာ၊ဖြတ်ချင်ဖြတ်မယ့် လက်ထပ်စာချုပ်တော်မြတ်ကြီး



(THE LADIES Weekly News Journal Vol 1. N0.95 Dec 29, 2013)

                         ရီနေနိုင်

    အခုတလော လှုပ်လှုပ်ခတ်ခတ် ဖြစ်နေတဲ့အကြောင်းအရာတစ်ခုကတော့ ဖွဲ့စည်းပုံ

အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စပါပဲ။ ဒီ အကြောင်းကို ဂျာနယ်တွေမှာရော၊ အွန်လိုင်းမှာနဲ့ အသံ

လွှင့်မီဒီယာများမှာပါ ပြောကြရေးကြတာတွေလည်း ဖတ်ရနားထောင်ရပါသဗျာ။  တစ်ဖက်မှာ

လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေး လူထုဆန္ဒခံယူပွဲတွေ နိုင်ငံ

အနှံ့လုပ်နေပြီး  ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်လိုကြောင်း တက်ရောက်ဆန္ဒပြုနေကြတာ

ကိုလည်း မြင်နေကြားနေရပါသဗျ။ အင်း၊ ပြောသူကပြော၊ ရေးသူကရေး၊ နှက်သူနှက်၊ ထုသူထု၊

(ဆန္ဒ)ပြုသူကပြုပေမယ့် ပြည်သူများအတွက် နေ့မအားညမအား မီးပန်းတစ်ဖေါက်ဖေါက်နဲ့

အဟုတ်တကယ်မအား၊  (အဲလေ၊ မှားလို့) မညည်းတမ်းတောက်လျှောက် အလုပ်အမယ်များတဲ့

အစိုးရမင်းများ သိမှသိ၊ကြားမှကြားရဲ့လားဆိုတာ စဉ်းစားပူပန်မိပါသဗျာ။        

တကယ်တော့ အခုမှ ပြောခွင့်ရရေးခွင့်သာလို့ ပြောကြရေးကြရတာကိုးဗျ။ အရင်က ဘာမှပြောမရ

ရေးမရအောင် ဥပဒေအထပ် ထပ်ပြဋ္ဌာန်းပြီး အမျိုးသားညီလာခံကစလို့ ဒီကိစ္စနဲ့ပတ်သက်ရင် ဝေဖန်

မထောက်ပြရဲအောင် (ထောင်နှစ်နှစ်ဆယ်အထိလို့ပြဋ္ဌာန်းပြီး) တားထား ရုံနဲ့ အားမရသေးဘူး၊ စိစစ်

ရေးဆိုတဲ့ ဆင်ဆာဓားကြီးနဲ့ အမြီးဖြတ်၊ ခေါင်းဖြတ်၊ အလယ်သားနှုတ်နှုတ်စင်းနဲ့ ဘာမှမကျန်ရအောင်

 ရှင်းခဲ့တာဆိုတော့ ]ထောင်ကျချင်ကျဗျာ၊ ရေးပါရစေ}ဆိုတဲ့ သဘောမျိုးနဲ့

မိုက်မိုက်ကန်းကန်း စွပ်ရေးရင်တောင် ]မင်းကထောင်ကျရဲပေမယ့် ငါကအလုပ်မပြုတ်ရဲဘူး}ဆိုတဲ့

 စိစစ်ရေးကြောင့် ဘယ်မှာ ရေးခွင့်ရခဲ့လို့တုန်း။ ဒီတော့ ဇွတ်ရေးလို့မရတော့လည်း ခိုးကြောင်ခိုး

ဝှက်ပဲရေးတာပေါ့ ဆိုပြီး ကျွန်တော်တို့က ရေးလို့ရသလောက် ရေးခဲ့တာပါပဲ။ ဒါပေမဲ့ ရေးလို့ရ

သလောက်ပဲ ရေးရမှတော့ စာဖတ်သူဆီ မျက်စိမြင် နား ပေါက်အောင် ဘယ်ရောက်ဖို့လွယ်ပါ့

မလဲ။ မျက်စိမြင် နားကောင်းပါရက်နဲ့ ခြေဟန်လက်ဟန်ပြ၊ မျက်စပစ်၊မျက်စောင်းထိုး၊ ဇက်ချိုး

သလိုလိုနဲ့ ခေါင်းညိတ်၊ တိတ်တိတ် မသိမသာ ခိုးပြီးတော့ခေါင်းခါ ဆိုတာမျိုး အရူးကွက်နင်းတဲ့

ပုံစံနဲ့ ရေးကြဖွဲ့ကြ ဖြတ်သန်းခဲ့ရတာမျိုးလေ။           

    ဖွဲ့စည်းပုံအခြေခံဥပဒေ စဆွဲတော့ အခြေခံမူ ၁၀၄ချက်မှာကိုပဲ "တပ်မတော် က

အာဏာသိမ်းနိုင်သည်"ဆိုတဲ့ မူချထားတာကို အမျိုးသားညီလာခံကာလကတည်းက ဝေဖန်မှု

တွေများခဲ့ပြီး နိုင်ငံတ၀န်းမှာလည်း တရားဝင်ပြောလို့မရတဲ့တိုင် မကျေမနပ်ပြောသံတွေက

အဲဒီခေတ်ကအစိုးရဆိုတာကြီး ဘယ်လိုမှမကြားချင်ယောင်ဆောင်နေလို့ မဖြစ်လောက်တဲ့

အထိပါပဲ။ ဒါကြောင့် အရေးပေါ်ဆိုင်ရာ ပြဋ္ဌာန်းချက် များအခန်း မှာ စစ်တပ်က တိုက်ရိုက်

အာဏာသိမ်းနိုင်သည်ဆိုတာမျိုး မသုံးနှုန်းတော့ပဲ "သမ္မတက ကာ/ချုပ်ကို တိုင်းပြည်အေး

ချမ်းတဲ့အထိ တစ်နှစ်အထိ အာဏာလွှဲနိုင်တယ်"ဆိုတာမျိုးကို ရှူးဂါးကုတ်တက်လုပ်လိုက်ပြီး

ပြဋ္ဌာန်းလိုက်တာ တွေ့ရပါတယ်။ အဲဒီကာလတုန်းက အဲဒီ "စစ်တပ်က အာဏာ သိမ်းနိုင်

သည်"ဆိုတာကြီး ထည့်ဆွဲမယ်ဆိုတော့ ကျွန်တော့်အနေနဲ့ ပြည်သူကို စော်ကားလှတယ်လို့

ခံစားမိ သလို စော်ကားရာမှာ အသုံးချခံရတဲ့ တပ်မတော်အတွက်လည်း တစ်မျိုးနာစရာ မြင်

ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီကာလက ဘာမှရေးမရခဲ့ဘူးလေ။ ဒါပေမဲ့ ဒီလောက် စော်စော်ကား

ကား ဖြစ်နေတယ်လို့ ခံစားမိတာကို မရေးပဲမနေနိုင်တာမို့ အဲဒီကာလမှာ ကျွန်တော်

သရော်စာပုံမှန်ရေးနေတဲ့ "ဟဒယ"မဂ္ဂဇင်းမှာ "မင်းမှာသစ္စာ၊ လူမှာကတိ"ဆိုတဲ့ ခေါင်းစဉ်နဲ့

 ရေးခဲ့ပါတယ်။ ကတိမတည်တဲ့မင်းတွေ သမိုင်းမှာ အမည်းစက်ထင်တတ်တာ မြန်မာနိုင်ငံကို

 လွတ်လပ်ရေးမယ်ဆိုပြီး မြန်မာပြည်ကိုသိမ်းပြီးတော့ ရွှေရည်စိမ်လွတ်လပ်ရေးနဲ့ကျွန်ဆက်ပြု

ချင်တဲ့ ကတိပျက်မှုကြောင့် ဒီနေ့ဂျပန်တွေက မြန်မာတွေအပေါ် မျက်နှာပျက်ရပုံမျိုးနဲ့အစချီ

ပြီး လှည့်ပတ်ရေးတယ်။ ပြီးတော့ ဖွဲ့စည်းပုံနဲ့ပတ်သက်လို့တော့ ကျွန်တော့် စိတ်ထဲမှာ "ဖြစ်မှ

ဖြစ်ရလေ၊ အရင်ကလည်း ဖွဲ့စည်းပုံတွေကို အာဏာသိမ်းပြီး နှစ်ကြိမ်ဖျက်ခဲ့ပြီးပြီ၊ အခုလည်း

ဖွဲ့စည်းပုံကို ထပ်ဖျက်မယ့်ကိစ္စကို ဖွဲ့စည်းပုံထဲ ထည့်ပြဋ္ဌာန်းမယ်ဆိုတာကတော့ လက်ထပ်

စာချုပ်ထဲ ကြိုက်တဲ့အချိန်ကွာရှင်းနိုင်သည်လို့ ထည့်ချုပ်တာနဲ့တူနေပါရောလား"လို့ ခံစားမိ

နေတာပါ။ ဒါကြောင့် အဲဒါကိုသရော်ပြီး အဲဒီဆောင်းပါးမှာ ထည့်ရေးခဲ့ပါတယ်။ လက်ထပ်

စာချုပ်မှာ ကွာရှင်းနိုင်တယ်လို့ ထည့် ချုပ်တော့ သတို့သမီးဖက်က မခံမရပ်နိုင်ဖြစ်ကြပုံ၊

နောက်ဆုံးအဖိုးကြီးတစ်ယောက်က" တကယ်တော့ ထည့်မချုပ်လည်း သူကွာချင်ရင်ကွာမှာ

ပါပဲ၊ အဲဒါကို ကြိုထည့်လည်းဘာမှ ပိုထူးမနစ်နာတော့ပါဘူး၊ ထည့်ချင်ထည့်ပါစေကွာ"လို့

ဖြန်ဖြေပြောလိုက်ပုံနဲ့ အဆုံးသတ်ထားခဲ့ပါတယ်။   

    အဲဒီဆောင်းပါးက ဟာသမဂ္ဂဇင်းထဲ ထည့်ခဲ့ရတော့ စိတ်အညောင်းပြေရေး

သလို ဖြစ်ပြီး ဖွဲ့စည်းပုံကို ပြောတာလို့ စိစစ်ရေးက မသိသလိုပဲ ဖတ်သူများကလည်း လုံးဝ

မသိခဲ့ပါဘူး။ (သိရင်တော့လည်း အနှစ်နှစ်ဆယ်အထိ ထောင်ချနိုင်သည်လို့ ဆိုထားလို့

ဟိုတစ်လောကမှ လွတ်တဲ့ ထဲပါချင်မှာပေါ့ဗျာ)။  ဒါကြောင့် ဒီခံစားချက်နဲ့တင်စားချက်ကို

အမှတ်တရ ပြန်ပြောမိတာပါ။                   

    တကယ်က ကျွန်တော်တို့အဖြစ်က ဘာနဲ့တူလဲဆိုတော့ အပျိုလေးတန်မဲ့နဲ့

အဓမ္မအနိုင်ပြုကျင့်ခံရပြီး ကိုယ်ဝန်ရှိရုံမက ကလေး နှစ်ယောက်လောက်ရတော့မှ

လက်ထပ်စာချုပ်လုပ်ပေးပြီး "ငါကွာချင်တဲ့အချိန်ကွာမှာနော်"လို့ စာချုပ်ထည့်အချုပ်ခံ

ရတာနဲ့ တူနေပါတယ်။ အဲဒီ လက်ထပ်စာချုပ်ကြီးကိုလည်း ငွေတွေမတန်တဆသုံးပြီး

(အမျိုးသားညီလာခံကာလက စရိတ်အဖြစ် တစ်ရက်ကို ကျပ်တစ်သန်းကျော် သုံးနေရ

တယ်လို့ ဗိုလ်ချုပ်ကြီးခင်ညွန့်က အင်တာဗျူးတစ်ခုမှာပြောခဲ့ဖူးတာလေ) အချိန်လည်း

၁၅နှစ်နဲ့တစ်လကျော် အချိန်ယူခဲ့ပါတယ်။ ပုဒ်မ၃၇၆ တရားခံကနေ သတို့သားဖြစ်

အောင်လုပ်ချင်တဲ့သူကတော့ ဘယ်လောက်ကြာကြာ၊ ဘယ်လောက်ကုန်ကုန် တန်တယ်

ထင်မှာပေမယ့် ခံရတဲ့သူတွေကတော့ ဘယ်တန်ပါ့မလဲဗျာ။ ကဲ၊ ထားပါတော့ ဒီစာချုပ်ကြီး

ကို တရားဝင်အောင်လုပ်ပြန်တော့လည်း ၇၄ဖွဲ့စည်းပုံတုန်းက သွားလေသူ အဖေကြီးရဲ့

လုပ်ထုံးအတိုင်း မည်းလည်းဖြူ၊ ဖြူလည်းဖြူ၊ ကန့်ကွက်လည်း ထောက်ခံ၊ ထောက်ခံလည်း

ထောက်ခံ လုပ်ခဲ့ရာမှာ "သန်း၆၀မှာ၉၈ရာခိုင်နှုန်းက ထောက်ခံထားတာလေ"လို့ ဒီနေ့

မျက်စိမှိတ်ပြီး ဇွတ်ကြီးပြောခွင့်ရအောင် အားမနာပါးမနာ နာဂစ်ကြောင့် ဘ၀ပြောင်း

သွားရရှာသူများကိုပါ ထောက်ခံဆန္ဒမဲစာရင်းထဲ ထည့်တွက်ခဲ့ရတာကိုး။

         ဒီနေရာမှာ ဒီနေ့ အဲဒီဖွဲ့စည်းပုံကြီးကိုပဲ ကျွန်တော်တို့ ပြည်သူများကပဲ တကယ်

၉၈ရာခိုင်နှုန်း ထောက်ခံကြသယောင်ယောင် ဇွတ်ပြောနေကြတဲ့အထဲမှာ "မရှက်တတ်"

ဝတ်စုံ ၀တ်ထားသူများက ပြောတာတော့ ထားပါတော့။ (နောင်ကျတော့ ကျွန်တော်

တကယ်ပြောခဲ့ရင်လည်း ခိုင်းလို့ပြောတာသာ ဖြစ်မည်လို့ ခေါင်းရှောင်ချင်ရှောင်လို့ရ

သေးသကိုး)။ သူလိုငါလို ရိုးရိုးအင်္ကျီလုံခြည်ဝတ်သူများကလည်း အဲဒီလိုပြောနေတာ

အံ့သြစရာတွေ့ရသဗျ။ သူတို့ခမြာ သူတို့ရဲ့သားစဉ်မြေးဆက် ဒီ ဖွဲ့စည်းပုံကြီးရဲ့ဆိုးကျိုး

ကို ခံသွားရနိုင်တယ်ဆိုတာလောက်မှ မမြင်တတ်သူများကိုး။ စကားစပ်မိလို့ပြောရရင်

အစိုးရကိုလက်ဖက်ရည်ဆိုင်မှာ အော်ကြီးဟစ်ကျယ်ဆဲရေးပြီး သတင်းစာထဲမှာ အတုံး

လိုက် အတစ်လိုက်ထောက်ခံဆောင်းပါးရေးတဲ့ဆိုတဲ့ စာရေးဆရာကြီးတစ်ဦးက ဘုတ်အုပ်

အထူကြီး တလောကထွက်တာတွေ့လို့ လေသံများပြောင်း ပလား ယူဖတ်ကြည့်မိတာ၊

အမယ်၊ ဖွဲ့စည်းပုံကြီး ရေးဆွဲရာမှာ သူတစ်ထောင့်တစ်နေရာက ဘယ်လိုတက်ကြွစွာ

ပါဝင်ခဲ့ပုံကို အကျယ်တ၀င့် ရေးထားသဗျ။ သြော်၊ သမိုင်းမော်ကွန်းလား၊ သမိုင်းခုံရုံး

ဖြောင့်ချက်လား ဘာဖြစ်လာနိုင်တယ်ဆိုတာ မသိရှာသေးသူများပဲကိုး။          

    ကဲ၊ လိုရင်းပြန်ကောက်ရရင် ဒီလက်ထပ်စာချုပ်ကြီးကို ချုပ်ခဲ့တုန်းကလည်း

 ဇွတ်ကြီးလိမ်ခဲ့၊ ဖိနှိပ်ခဲ့၊ ထောက်ခံမှုအတုလုပ်ခဲ့ပြီး ချုပ်ခဲ့တာဟာ တစ်ကမ္တာလုံးမသိချင်

မှအဆုံး ဖြစ်နေပြီ။ ဒီတော့ ဒီစာချုပ်ကြီးဟာ စော်ကားခံရတဲ့သတို့သမီးထက် စော်ကား

သူသတို့သား က ပိုရှက်စရာဆိုတာ နားလည်ပါလို့ ကျွန်တော်တို့က ပြောခွင့်ရလာလို့

ခုပြောနေကြပြီ။ နားဝင်သူလည်း ၀င်သလောက်ဝင်နေပြီ။ ဒါပေမဲ့ သတို့သားက တစ်ဦး

တည်းမဟုတ်တော့ တစ်ယောက်နှစ်ယောက်ရှက်ရုံနဲ့တော့ ပြင်လို့ရမှာ မဟုတ်သေးဘူး။

ဘာပဲဖြစ်ဖြစ် ဒီ ဖွဲ့စည်းပုံကြီးဟာ ၇၄လောက်တောင် ပြည်သူ့ကိုချပြတာ၊ ဆွေးနွေးတာ

မလုပ်ပဲ သင်္ကြန်အနီးမှကပ်ပြီးစာအုပ်ထုတ်၊ သင်္ကြန်နဲ့လူတွေ မေ့နေတုန်း၊ သူတို့စာအုပ်

လည်း ဘယ်သူမှစိတ်မ၀င်စား၊ ထောက်ပြခွင့်လည်းမပေးပဲ မေလမှာ ဇွတ်ကြီးအတည်ပြု

ခဲ့တာလေ။ သမိုင်းဟာ လိမ်လို့မရဘူး။ ဆက်ပြီးလည်း လိမ်ဖို့မကြိုးစားကြစေချင်ဘူုး။

တစ်ခုရှိတာက ဒီဖွဲ့စည်းပုံမှာ တပ်ကိုကာကွယ်သူများကတစ်ဖက်၊ ကျန်လူ တွေကတစ်

ဖက်လို့ မမြင်ကြစေချင်ဘူး။ ကျွန်တော်တို့တတွေက တပ်ကိုဆန့်ကျင်ရမယ့်သူတွေလည်း

မဟုတ်ဘူး။ မြန်မာနိုင်ငံထဲမှာ ဘယ်အုပ်စုကမှ အခုလို အခွင့်ထူးခံယူထားတာကိုသာ

မဖြစ်စေချင်တာ။ တကယ်လို့ အင်အယ်လ်ဒီက ရွေးကောက်ပွဲမ၀င်ပဲ လွှတ်တော် ထဲမှာ

၂၅ရာခိုင်နှုန်းယူပါမယ်လို့ ဖွဲ့စည်းပုံထဲပြင်ပြီး ထည့်ချင်တယ်ဆိုရင် "ဒီလောက်အရှက်

မရှိရလား"လို့ ကျွန်တော်ထိပ်ဆုံးကဆဲမှာ။      

    ဖွဲ့စည်းပုံပြင်ဖို့ ၀ိုင်းရေးကြပြောကြချိန်မှာ "၈၈ပွင့်လင်း"က (ဦး)ကိုကိုကြီးက

အဲဒါကြီးပြင်ဖို့ ယုံကြည်မှုကိုအရင်တည်ဆောက်ရ မယ်လို့ ပြောနေလို့ လှုပ်လှုပ်ခတ်ခတ်

ဖြစ်ကြတယ်။ ပြောတာကို သဘောပေါက်ပါတယ်။ ကွဲလွဲခွင့်လည်း ရှိပါတယ်။ ဒါပေမဲ့

ကိုကိုကြီး ပြောတဲ့ ဒီလိုမှမမြင်သူတွေမှန်သမျှဟာ နိုင်ငံရေးကိုထဲထဲဝင်ဝင် မလေ့လာ

သူတွေဘာညာနဲ့ စွပ်စွဲတာကတော့ မသင့်တော်ဘူးထင်တယ်။ ကိုကိုကြီးက ယုံကြည်မှု

ဆိုတာ ကျွန်တော်တို့ ဒီမိုကရေစီအင်အားစုထဲမှာလည်း တည်ဆောက်ရမှာပဲ ဆိုတာကို

လည်း သဘောတူပြီး အဲဒီလိုသဘောတူတာမို့ ယုံကြည်မှုပျက်မယ့်စကားတွေ မပြောစေ

ချင်ဘူး။ လွှတ်တော်ထဲမှာ ၇၅ရာခိုင်နှုန်းသဘောတူမှ ရမယ့်ဟာကြီးကို ပြည်သူ့အင်အား

ပြပြီး ဖိအားပေးနေတာဟာ စိတ်ကူးယဉ်တယ်လို့ ထင်ကောင်းထင်နိုင်တယ်။ ဒါဆိုရင်

ဒီအတိုင်းလေးမျှောလိုက်ပြီး ၁၉၁၅မှ ရွေးကောက်ပွဲနိုင်အောင်လုပ်ပြီးမှ ပြင်လိုတဲ့အင်

အားစုတွေက လွှတ်တော်ကို စီးမိပြီး ပြင်နိုင်မယ်ထင်တာကကော သေချာပေါက် ဖြစ်

နိုင်တဲ့လမ်းလို့ ယူဆစရာရှိလို့လား။ နိုင်ငံရေးမှာ ကွဲလွဲနိုင်ခွင့်ရှိသလို  ကိုယ်ယုံကြည်ရာ

လည်း လုပ်ခွင့်ရှိပါတယ်။ သူများကိုသာ မပုတ်ခတ်နဲ့၊ မစော်ကားနဲ့ ပေါ့။ ဝေဖန်ခွင့်လည်း

ရှိပေမယ့် "NLDက လျှောက်လုပ်နေတယ်"ဆိုတဲ့အသုံးအနှုန်းမျိုးက မသင့်

တော်ပါဘူး။       

    ကျွန်တော်တို့ကတော့ တစိမ်းလည်းမဟုတ်တဲ့ ကိုယ့်သွေးသားချင်း၊ မိသားစု

ချင်းကြားမှာ နိုင်ငံတကာမှာရော၊ သမိုင်းမှာပါ ရှက်စရာဖြစ်နေတဲ့ ဒီအမှားတွေကို ၀ိုင်းပြင်

ဖို့ရာမှာ လက်ထပ်စာချုပ်ဆိုလည်း မေတ္တာထုံမွှမ်းတဲ့၊ သစ္စာနှောင်တည်းတဲ့ စာချုပ်မျိုး

အဖြစ် ပြင်ဆင်စေချင်ပြီး မူလက မှားယွင်းထည့်သွင်းပြီး ထောက်ပြခွင့်မရခဲ့ကြတဲ့ "ကွာ

ချင်သည့်အချိန်ကွာနိုင်သည်"တို့၊ "ကျန်မိသားစုများက ထမင်းကို ရေကျင်းပြီးပဲသောက

ချင်သောက်၊ ငါကတော့ ၀က်သားကြက်သားဟင်း တစ်ရက်အစိတ်သား မထပ်အောင်

စားမည်"ဆိုတာမျိုးတို့ ဖော်ပြထားတာများဟာ ရှက်စရာဖြစ်နေလို့ ၀ိုင်းပြင်သင့်ပါကြောင်း

ပြောချင်တာပါခင်ဗျား။   ။

                        ရီနေနိုင်      

အာဏာရသူများ ရှုံးနိမ့်နိုင်သည့် အနေအထား ဖြစ်ပေါ်လာပါက ရွေးကောက်ပွဲ မသမာမှုများ ပြုလုပ်လာနိုင်


Eleven Media Group
အာဏာရသူများ ရှုံးနိမ့်နိုင်သည့် အနေအထား ဖြစ်ပေါ်လာပါက ရွေးကောက်ပွဲ မသမာမှုများ ပြုလုပ်လာနိုင်ပြီး ရွေးကောက်ပွဲ စောင့်ကြည့်နိုင်ရေး စတင်လုပ်ဆောင်သင့်ကြောင်း ပါမောက္ခ လာရီဒိုင်းမွန်း သတိပေး လက်ရှိအာဏာရယူထားသူများ အနေဖြင့် ဆက်လက်ကျင်းပမည့် ရွေးကောက်ပွဲတွင် ရှုံးနိမ့်နိုင်သည့် အနေအထား ဖြစ်ပေါ်လာပါက ရွေးကောက်ပွဲ မသမာမှုများ ပြုလုပ်လာနိုင်ပြီး မြန်မာနိုင်ငံရှိ အရပ်ဘက် အဖွဲ့အစည်းများ အနေဖြင့် လက်ရှိကာလမှ စတင်ကာ ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲစောင့်ကြည့်ရေး လုပ်ငန်းစဉ်များအား စတင်ပြင်ဆင် လုပ်ဆောင်သင့်ကြောင်း ပါမောက္ခလာရီဒိုင်းမွန်းက သတိပေးပြောကြားခဲ့သည်။ ပါမောက္ခလာရီဒိုင်းမွန်းသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဆိုင်ရာ ကမ္ဘာ့ထိပ်တန်း ပညာရှင်တစ်ဦးဖြစ်ပြီး အမေရိကန် စတမ်းဖို့တက္ကသိုလ်တွင် သုတေသနနှင့် သင်ကြားပို့ချမှု ပြုလုပ်နေသူဖြစ်ကာ Journal of Democracy ကို စတင်တည်ထောင်ခဲ့ပြီး ယင်းဂျာနယ်မှ အယ်ဒီတာတစ်ဦးလည်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲပြုလုပ်စဉ်က မဲမသမာမှုများ၊ မဲလိမ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း နိုင်ငံတကာ အဖွဲ့အစည်းများမှ စောင့်ကြည့်ဝေဖန်မှုများ ဖြစ်ပွားခဲ့သကဲ့သို့ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း အတိုက်အခံပါတီဖြစ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ မျိုးဆက်သစ်လှိုင်း စသည့်အဖွဲ့အစည်းများက လူငယ်များ စောင့်ကြည့်ခဲ့ပြီး မဲပေးရာတွင် မဲကိုဖယောင်းသုတ်မှုများ ရှိခဲ့ကြောင်း ဝေဖန်မှုများ ထွက်ပေါ်ခဲ့ကြောင်း သိရသည်။ “အာဏာလက်ဝယ်ရှိသူတွေက ရှုံးနိုင်တယ်ဆိုတာသိရင် မဟုတ်တာ ပိုလုပ်လေ့ရှိတယ်။ လွတ်လပ်တဲ့ရွေးကောက်ပွဲ စောင့်ကြည့်သူတွေ ဒီမိုကရေစီ ရရှိဖို့အတွက် မသမာမှုတွေ လုပ်ထားကြောင်း ထောက်ပြနိုင်တယ်။ ဒီလုပ်ငန်းစဉ်တွေအတွက် နိုင်ငံတကာက ရွေးကောက်ပွဲစောင့်ကြည့်ရေး ကျွမ်းကျင်သူတွေအနေနဲ့ စနစ်တကျ လေ့ကျင့်သင်ကြား ပေးနိုင်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေအနေနဲ့ အခုကတည်းက စတင်ပြင်ဆင်သင့်ပါတယ်။ နှစ်လသုံးလလောက် အလိုကျမှ ဖုတ်ပူမီးတိုက် ထလုပ်မယ်ဆိုရင် မအောင်မြင်နိုင်ပါဘူး” ဟု လာရီဒိုင်းမွန်းက သတိပေးပြောကြားသည်။ မြန်မာနိုင်ငံ၌ ၂၀၁၅ ခုနှစ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲများတွင် မဲမသမာမှု၊ မဲခိုးမှု၊ မဲမသမာမှု၏ နောက်ဆက်တွဲ ပြဿနာများ စသည့်ပြဿနာများ ဖြစ်ပွားမှု လျော့နည်းစေရန် ရွေးကောက်ပွဲ စောင့်ကြည့်မှုဆိုင်ရာ နည်းဗျူဟာများကို မြန်မာနိုင်ငံရှိ အရပ်ဘက် အဖွဲ့အစည်းများနှင့် သတင်းမီဒီယာများသို့ ဖြန့်ဝေကူညီပေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ အခြေစိုက် (COMFREL) အဖွဲ့မှ အမှုဆောင်ဒါရိုက်တာ Mr.Koul Panha က ကမ်းလှမ်းထားကြောင်း ပေါင်းကူးအဖွဲ့မှ ဒေါက်တာကျော်သူက ပြောကြားသည်။ ကမ္ဘောဒီးယားနိုင်ငံ၏ ရွေးကောက်ပွဲ အများစုသည် မြန်မာနိုင်ငံကဲ့သို့ မဲမသမာမှုများ၊ မဲခိုးမှုများ ဖြစ်ပေါ်လေ့ရှိသဖြင့် ရွေးကောက်ပွဲ တရားမျှတရန် ဆန္ဒဖော်ထုတ်မှုများ ဖြစ်ပွားလေ့ရှိကာ ၂၀၁၃ ခုနှစ် ဇူလိုင်လအတွင်း ရွေးကောက်ပွဲပြုလုပ်ရာ၌ ကြိုတင်ပြင်ဆင်မှုဖြင့် လူပေါင်း ၁၁၀၀၀ ကျော် အားစုစည်းနိုင်ခဲ့ကာ ကုန်ကျစရိတ် အနည်းငယ်ဖြင့် ရွေးကောက်ပွဲ စောင့်ကြည့်မှုများ ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။ “ရွေးကောက်ပွဲတွေကို စောင့်ကြည့်မှုတွေ ပြုလုပ်ပေးခြင်းအားဖြင့် မမျှတမှု၊ အကြမ်းဖက်မှုတွေကို လျှော့ချနိုင်ပါမယ်။ မြန်မာနိုင်ငံကို ဘာတွေကူညီနိုင်မလဲ ဆိုရင်တော့ ကျွန်တော့်ရဲ့ ရွေးကောက်ပွဲ စောင့်ကြည့်မှုဆိုင်ရာ နည်းဗျူဟာတွေကို ဖြန့်ဝေပေးခြင်းအားဖြင့် ကူညီပါ့မယ်” ဟု Mr. Koul Panha က ပြောကြားသည်။ “ရွေးကောက်ပွဲ မသမာမှုလုပ်ရင် ပြဿနာ အများကြီးရှိတယ်။ ကျွန်တော်တို့အနေနဲ့ ရွေးကောက်ပွဲစောင့်ကြည့်မှု၊ သတင်းရယူမှုတွေအတွက် COMFREL ဆီမှာ နည်းပညာ အကြံဥာဏ်တွေ လိုချင်ရင် ဆက်သွယ်ပေးပါမယ်” ဟု ပေါင်းကူးအဖွဲ့မှ ဒေါက်တာကျော်သူက ဆိုသည်။ ရွေးကောက်ပွဲတွင် စောင့်ကြည့်သူများ အနေဖြင့် အာဏာရ အစိုးရ၏ အတိုက်အခံပါတီ မဖြစ်ခြင်း၊ ဘက်လိုက်မှုမရှိဘဲ အမှန်တရားကိုသာ ပြောဆိုခြင်း၊ ရွေးကောက်ပွဲ မှန်ကန်မှုရှိမရှိ အများသိရှိရန် ပြည်သူများ၏ ဝေဖန်ပြောကြားသံများ၊ ရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် အကြောင်းအရာများ ပြောကြားခြင်း၊ ထိုရလဒ်များကို ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြခြင်း စသည့်လုပ်ငန်းစဉ်များအား အဓိကလုပ်ဆောင်ရကြောင်း Mr.Koul Panha က ပြောကြားသည်။ (ပါမောက္ခ လာရီဒိုင်းမွန်း မြန်မာ့နိုင်ငံရေးဖြစ်စဉ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားစဉ်)

ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား ၁၅၀ နီးပါး အဖမ်းခံရ


RFA Burmese
2014-01-01

ထိုင်းနိုင်ငံ လယောင်းမြို့မှာ မြန်မာ အလုပ်သမား ၂၀၀ နီးပါးလောက်နဲ့ ဒေသခံ ထိုင်းလူမျိုးတွေ မနေ့ညပိုင်းက ခိုက်ရန်ဖြစ်ပွားခဲ့ပြီး တဲ့နောက် အဲဒီအထဲက မြန်မာ အလုပ်သမား ၁၅၀ နီးပါးလောက်ကို လယောင်မြို့ ရဲတပ်ဖွဲ့က ဖမ်းဆီး ချုပ်နှောင်ထားတယ်လို့ သိရပါတယ်။

လယောင်းမြို့က ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှာ အလုပ်လုပ်နေကြသူ မြန်မာနိုင်ငံသား အလုပ်သမားတွေထဲက တစ်ဦးဟာ စက်ရုံနားမှာ ဈေးဝယ်ရင်း ဒေသခံတချို့နဲ့ခိုက်ရန်ဖြစ်ရာကနေ တောက်ထပ် ထိုင်းနိုင်ငံသားတွေဝိုင်းလာပြီး သေနတ်နဲ့ပါပစ်ခတ်တာကြောင့် မြန်မာ အလုပ်သမားတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူ အလုပ်သမားကိုဇော်မိုး က ပြောပါတယ်။

" ပိုက်ဆံပေးပြီးသားကို မပေးရသေးဘူးလို့ ထပ်တောင်းတဲ့နေရာကနေပြီးတော့ မပေးရသေးဘူးလို့ ပြောတယ်၊ ပေးပြီးသားပြောတယ်၊ အဲ့လို ငြင်းခုန်နေရာကနေ၊ ဝိုင်းဝန်းထိုးကြိတ်ပြီးတော့ နင်းကြတယ်ခင်ဗျ၊ မြန်မာအလုပ်သမား လည်းပြီးတော့ ဒဏ်ရာရတဲ့အခါမှာ ကျွန်တော်တို့ မြန်မာအလုပ်သမားတွေက တွေ့ကြတဲ့ အခါမှာ ဝိုင်းပြီးတော့ ဆွဲတဲ့အခါမှာ သူတို့ဘက်က သေနတ်တွေနဲ့ ထွက်လာတယ်ခင်ဗျ၊ ကျွန်တော်တို့ အလုပ်သမားတွေကလည်း တုတ်ကိုင်ကြတယ်၊ အဲ့အခါမှာ သေနတ်နဲ့ ပစ်တော့ ကျွန်တော်တို့ အလုပ်သမားတွေကလည်း ပြန်လည်တော့ ခုခံတယ် "

ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးစဉ် မြန်မာအလုပ်သမား ၆၀ ကျော်လောက် လွတ်မြောက်သွားပြီး အဲဒီလူတွေဟာလည်း စက်ရုံကို ပြန်မသွားရဲတော့ဘဲ ထွက်ပြေးပုန်းရှောင်နေရတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ လယောင်းမြို့က ဆောက်လုပ်ရေးကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေကို ရန်ကုန်မြို့အခြေစိုက် ရွှေရည်ဖြိုးအောင် ကုမ္ပဏီက ပို့ဆောင်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီနေ့အထိ မြန်မာအလုပ်သမားတွေဟာ ထိုင်းနိုင်ငံဘန်ကောက်မြို့က မြန်မာသံရုံးကိုဆက်သွယ်ဖို့ ကြိုးစားနေဆဲဖြစ်ကြောင်း သိရပါတယ်။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ခေါင်းဆောင်တွေရဲ့ သုံးသပ်ဝေဖန်ချက်




 Published on Jan 1, 2014

၂ဝ၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခင်းအကျင်း ဘယ်လိုဖြစ်လာနိုင်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ခေါင်းဆောင်တွေရဲ့ သုံးသပ်ဝေဖန်ချက်တွေကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က စုစည်း တင်ပြထားပါတယ်။