Thursday, January 2, 2014

ဒီမိသားစုတွေရဲ့ ဘ၀တွေ ဘယ်လောက်ကြေမွခဲ့ကြမလဲ



 Aung Myo Min

ကျဆုံးနိုင်ငံရေးအကျဉ်းသားများအား ဂုဏ်ပြုပွဲကို ဒီနေ့ကျင်းပပါတယ်...၀ါရင့်နိုင်ငံရေးသမားတွေ၊ နိုင်ကျဉ်းဟောင်းတွေ တက်ရောက်ပါတယ်..... တချို့မိသားစုတွေက ဂုဏ်ပြုတာကို လက်ခံရင်း မျက်ရည်မဆည်နိုင်ဖြစ်ခဲ့ကြတယ်...ကျနော်လဲ သူတို့ရင်ထဲဝင်ပြီး ခံစားမိတယ်..သေသွားတဲ့အလောင်းကိုတောင်မှ တွေ့ခွင့်မရ.. ဆွမ်းသွပ်ခွင့်မရ.. ပတ်ဝန်းကျင်ကလဲ နိုင်ငံရေးနဲ့ ပတ်သက်လို့ ဖယ်ကျဉ်ကြ.. ဒီမိသားစုတွေရဲ့ ဘ၀တွေ ဘယ်လောက်ကြေမွခဲ့ကြမလဲ.. အခုလာတက်တဲ့ မိသားစုတွေထဲမှာလဲ စားဝတ်နေရေးအဆင်မပြေတဲ့မိသားစုတွေပါတယ်ဆိုတာ မြင်ယုံနဲ့ သိတယ်.. သူတို့တွေဟာ စင်မြင့်တွေပေါ် တက်လေ့ရှိကြတဲ့သူတွေဟုတ်ဘူး.. တီဗိဖန်သားပြင်တွေ ဂျာနယ်တွေမှာ တွေ့ရတဲ့သူတွေမဟုတ်ဘူး.. သူတို့တွေဟာ အညတြသူရဲကောင်းတွေရဲ့ တိုက်ပွဲဝင်မိသားစုတွေဖြစ်တယ်...


Win Maw Shwethanzin
ကျဆုံးနိုင်ကျဉ်းများဂုဏ်ပြုပွဲ တက်ရောက်သော မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ လူမင်း နှင့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး တို့ တက်ရောက်။


2nd Jan 2014 နေ့လည် ၁ နာရီက ရန်ကုန်မြို့ တော်ဝင်နှင်းဆီ သီရိခန်းမ တွင် စစ်ကြောရေးစခန်း နှင့် အကျဉ်း ထောင်များ တွင်ကျဆုံးခဲ့ကြသည့် နိုင်ငံရေးအကျဉ်းသားများအား ဂုဏ်ပြုပွဲပြုလုပ်ပါသည်။

သမ္မတအနေဖြင့်အခြေခံဥပဒေပြင်ဆင်မှုကို ထောက်ခံမထောက်ခံကို ရှင်းလင်းစွာပြောစေလိုဟု ဒေါ်အောင်ဆန်းစုကြည်ပြော၊


တရားဥပဒေစိုးမိုးရေးစင်တာများ တည်ဆောက်ရန် အစိုးရအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့

လူကိုလူလို မဆက်ဆံနိုင်သရွေ့ နိုင်ငံခြားရောက် ပညာရှင် များ ပြည်တော်ပြန် လာဖို့ မရှိနိုင်ဟုဆို



Yangon Media Group
 ============
 နိုင်နိုင်ဇော်
 ရန်ကုန်

နိုင်ငံတည်ဆောက်ရေးတွင် အထောက်အကူပြုမည့် နိုင်ငံခြားရောက် မြန်မာပညာရှင်များ ပြည်တော်ပြန်ရန် အတွက် လူကိုလူလို သဘောထားဆက် ဆံသည့်အလေ့အထများနှင့် ပညာ ရှင်အား နေရာပေး တတ်သည့်အကျင့် များ တာဝန်ရှိသူများ နားလည်ရန်လို အပ်ကြောင်း မြို့ပြအင်ဂျင်နီယာပညာ ရှင် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ အဖွဲ့ဝင် ဒေါက်တာဉာဏ်မြင့်ကျော်က ပြောသည်။ ယင်းက ''ဒီမှာသာ ပညာရှင်တွေ ကိုနေရာပေးဆက်ဆံမယ်၊ လူကို လူ လိုဆက်ဆံမယ်ဆိုရင် အားလုံးပြန်လာ ကြမှာပါ။ တိုင်းပြည်ကိုချစ်လို့ဆိုပြီး ဖက်တွယ်နေရင်လဲ အပုပ်အသိုးပဲဖြစ် မှာပဲ။ ကိုယ်ရဲ့အောင်မြင်မှုအတွက် နိုင်ငံခြားထွက်ရတာပဲ။ ဒါကိုအပြစ်တင် လို့မရဘူး။ သူတို့တွေပြန်လာဖို့ဆိုရင် တာဝန်ရှိသူတွေဘက်က နားလည်ဖို့ လိုတယ်''ဟု ဒီဇင်ဘာ ၃၀ ရက်က ကုန်သည်စက်မှုအသင်းချုပ်ရုံး၌ပြုလုပ် သော အင်ဂျင်နီယာ နည်းပညာဆိုင်ရာ ဟောပြောပွဲတွင် ပြောခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံ တည်ဆောက်ရေးအတွက် ပညာရှင် များ အဘက်ဘက်မှလိုအပ်နေလျက် ရှိရာ ရှိသမျှအသင်းအဖွဲ့နှင့် နေရာအ များစုသင့်လျော်သော ပညာရှင်မရှိခြင်း ကြောင့် လူတစ်ဦးတည်းနှင့် တာဝန်ယူ လုပ်ကိုင်နေရကြောင်း၊ မြန်မာနိုင်ငံ၏ လုပ်သားအများစုတွင်လည်း skill labour ပြဿနာများကြုံနေကြောင်း ယင်းက ထပ်မံပြောသည်။ မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲ ရေးခရီးစဉ်အတွင်း နိုင်ငံခြားမှလုပ်ငန်း ရှင်များနှင့်ပညာရှင်များ ဝင်ရောက် လုပ်ကိုင်နေရာ ရာထူးတူသော်လည်း မိမိလူမျိုးအားနေရာပေးရမည်ဖြစ် ရာ ယင်းနိုင်ငံသားများနှင့် အရည်အ ချင်းတူသူများဖြစ်မှသာ နေရာပေးနိုင် မည်ဟု ပညာရှင်များ၏ပြောဆိုချက် အရ သိရသည်။ နိုင်ငံတော်သမ္မတအကြံပေးဖြစ် သူ ဒေါက်တာအောင်ထွန်းသက်က '' အခုက အလုပ်မရှိတာမဟုတ်ဘူး။ ရှိတဲ့အလုပ်ကိုပေးဖို့ လူမရတာ။ အဲဒီ အတွက် လူသားအရင်းအမြစ်တွေအ များကြီးလိုအပ်နေတယ်။ လိုအပ်နေ တဲ့ရာထူးကို ဝင်လုပ်နိုင်တဲ့သူမရှိရင် တော့ နိုင်ငံခြားက ဝင်ယူသွားမှာပဲ''ဟုဆိုသည်။ မြန်မာနိုင်ငံပြင်ပတွင် နိုင်ငံသား ပညာရှင်အများစုရှိနေသော်လည်း ယခုအချိန်အထိ နိုင်ငံတည်ဆောက် ရေးတွင် ပါဝင်မှုအားနည်းနေကြောင်း အစိုးရအနေဖြင့် နိုင်ငံတကာအဆင့် တန်းထက်မနိမ့်သော ခံစားခွင့်များဖြင့် စည်းရုံးသင့်ကြောင်း ပညာရှင်များက ပြောသည်။

" နိုင်ငံတော် သမ္မတကြီးရေ..သမ္မတကြီးရဲ့ မိန့်ခွန်းကို ယုံလိုက်ချင်လွန်းလို့ "


(ဟာဂျူလီ-ကသာ)

 ဒီကနေ့ နိုင်ငံတော် သမ္မတကြီးက သူ့ရဲ့မိန့်ခွန်းမှာ ပြောသွားတာလေး ရှိပါတယ်၊ "အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးကို ရှေးရှုပြီး လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီရဲ့ ကြိုးပမ်းမှုနဲ့ ကျွန်တော်ကတိပေးထားတဲ့အတိုင်း ဒီနှစ်ကုန်မှာ နိုင်ငံရေး အကျဉ်းသား တစ်ဦးတစ်ယောက်မှ မကျန်ရှိစေဖို့ ဆောင်ရွက်ပြီးဖြစ်ကြောင်း မိဘပြည်သူများကို အသိပေး ပြောကြားလိုပါတယ်။ "...တဲ့၊ သမ္မတကြီးစကားလေးကြားလိုက်ရတာ နားဝင်လေးကို ချိုလို့ မြလို့..၊ပျော်လိုက် ကြည်နူးလိုက် ၀မ်းသာလိုက်ရတာကလည်း ပြောမနေပါနဲ့တော့၊ အဲဒီကြည်နူးမှုလေးက တစ်ရက်တောင် မခံလိုက်ပါဘူး၊နေ့လည်ပိုင်း တရားရုံးကို သတင်းသွားရှာမိတဲ့အချိန် ပျောက်ဆုံးသွားတော့တာပါပဲ၊ စိတ်ထဲကလည်း တို့ရဲ့သမ္မတကြီး ပြောထွက်လေခြင်းဆိုပြီးလည်း ထားလုလု ထားချင်ချင် ရွှေမေတ္တာတောင် ပျက်ချင်ချင်ဖြစ်သွားမိပါတယ်၊ ဖြစ်ပုံက ဒီလိုပါ၊ ဒီကနေ့ (၂၊၁၊၁၄)ရက်နေ့ တရားရုံးမှာ တရားခွင်ကနေ ဒေါက်တာသန်းထိုက်ဦးနဲ့ အမှုတွဲ (၃)ယောက်ကို လက်ထိပ်ခတ်ပြီး ပြန်ခေါ်လာတာတွေ့ရပါတယ်၊ စပ်စပ်စုစုနဲ့ မေးကြည့်တော့ သူတို့ဟာ ပါတီတစ်ခုရဲ့ ဥက္ကဌ၊ဒုဥက္ကဌ နဲ့ ဗဟို အလုပ်အမှုဆောင်တွေ ဖြစ်ကြပါတယ်၊ပြောရရင် နိုင်ငံရေး သမားတွေပါပဲ၊ရာဇ၀တ်မှု တစ်ခုမှ မရှိပါပဲ နိုင်ငံရေးနဲ့ ထောင်ထဲရောက်လာကြတဲ့သူတွေပါ၊သူတို့ မလွတ်ခြင်းဟာ နိုင်ငံရေးပုဒ်မတွေနဲ့ ဆက်နွယ်ပြီး ဖြန့်စွဲထားတဲ့ ၁၉၆၂ခုနှစ် ပုံနှိပ်ဥပဒေနဲ့ ပုဒ်မ(၅၀၀)တွေကြောင့်ပါ၊ပြောရရင် ဖြစ်စဉ်တစ်ခုထဲအပေါ်မှာ ပုဒ်မ(၅)ခုနဲ့ စွဲခံရခြင်း ဖြစ်ပါတယ်၊နိုင်ငံတော် သမ္မတကြီးရဲ့ အမိန့်အမှတ် ၅၁/ ၂၀၁၃အရ ပုဒ်မ(၃)ခု ပြုတ်သွားခဲ့ပေမယ့် (၂)ခုကတော့ ကျန်နေဆဲဖြစ်ပါတယ်၊ အဲဒီအထဲမှာ ကျန်နေတဲ့ ၆၂ခုပုံနှိပ်ဥပဒေရဲ့ တရားလိုဖြစ်တဲ့ မြစ်ကြီးနားရဲစခန်းက စခန်းမှူး ရဲအုပ်ရဲလွင်ဟာ ဧရာဝတီတိုင်းထဲကို ရာထူးတိုးပြီး ပြောင်းသွားခဲ့ပြီး ဆင့်စာထုတ်ခဲ့ပေမယ့် ရုံးချိန်းကို ရောက်မလာတာ(၂)လကျော်သွားခဲ့ပါပြီ၊ အဲဒီလိုဖြစ်စဉ်တွေကြောင့် ဒေါက်တာသန်းထိုက်ဦးတို့ရဲ့ အာမခံအယူခံလျှောက်လွှာအရ အမှုတွဲကြီးဟာ မုံရွာမြို့ (စစ်ကိုင်းတိုင်းဒေသကြီး)မှာ တပုံ့ပုံ့နဲ့ အထက်မရောက် အောက်မရောက် တစ်လစ်ကြီး ဖြစ်နေကြရပါတယ်၊အဲဒီလို ဖြစ်နေတဲ့အတွက် ၊နိုင်ငံတော် သမ္မတကြီးရဲ့ အမိန့်အမှတ် ၅၁/ ၂၀၁၃ဟာ သူတို့အတွက် ပေးကားပေး၏ မရ ဆိုသလို ဖြစ်နေရကြပါတယ်၊ ဒီလို အခြေအနေမျိုးမှာ ၊နိုင်ငံတော် သမ္မတကြီးရဲ့ မိန့်ခွန်းအရ "ဒီနှစ်ကုန်မှာ နိုင်ငံရေး အကျဉ်းသား တစ်ဦးတစ်ယောက်မှ မကျန်ရှိစေဖို့ ဆောင်ရွက်ပြီးဖြစ်ကြောင်း" လူသိရှင်ကြား ပြောလိုက်လေတော့ ဒေါက်တာ သန်းထိုက်ဦးတို့ဟာ နိုင်ငံရေးအကျဉ်းသား မဟုတ်လို့ ရာဇ၀တ်မှု ကျူးလွန်ထားကြတဲ့ ပုဂ္ဂိုလ်တွေများလားလို့ တွေးတောချင်စရာ ဖြစ်နေပါတယ်၊ တကယ်တမ်း နိုင်ငံတော် သမ္မတကြီးက နိုင်ငံရေး အကျဉ်းသား မရှိစေချင်ဘူးဆိုရင် နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့ ပုဒ်မ(၅၀၀)အတွက် ရော ၆၂ခုနှစ် ပုံနှိပ်ဥပဒေအတွက်ပါ ချွင်းချက်မရှိ လွတ်ပစ်သင့်ပါတယ်၊ တကယ်လို့ ပုဒမ(၅၀၀)အတွက် ဥပဒေနဲ့ ညီစေချင်ရင် တရားလိုဖြစ်တဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ်(သို့မဟုတ်)ကချင်ပြည်နယ် အစိုးရအဖွဲ့ကို ကြေအေးလွှာ တင်ခိုင်းသင့်ပါတယ်၊၁၉၆၂ခု ပုံနှိပ်ဥပဒေဆိုတာက နိုင်ငံရေးသမားတိုင်း သိကြပြီးသားပါ၊ ခေတ်အဆက်ဆက် အစိုးရမကြိုက်တဲ့ စာတွေအတွက် မလိုရင် မလိုသလို ထောင်ထဲထည့်တဲ့ အာဏာရှင်လက်ကိုင်တုတ်ဥပဒေသာ ဖြစ်ပါတယ်၊အဲဒီလို ၆၂ခုနှစ် ပုံနှိပ်ဥပဒေဟာ ဒီမိုကရေစီကို ဖီလာဖြစ်စေတဲ့အတွက် ၆၂ခုနှစ်ပုံနှိပ်ဥပဒေကို ဆိုင်းငံ့ထားတဲ့ အကြောင်း ပြန်ကြားရေး ဒုတိယ၀န်ကြီး ဦးရဲထွဋ်မှ (၁၅၊၇၊၁၃)ရက်နေ့ထုတ်ဝေတဲ့ the voiceဂျာနယ်မှာ တရားဝင် ပြောဆိုခဲ့ပြီး ဖြစ်ပါတယ်၊အဲဒီလိုလည်း ပြန်ကြားရေး ဒုတိယ၀န်ကြီး ဦးရဲထွဋ်မှ ပြောထားပြီး ကျန်နိုင်ငံရေး ပုဒ်မတွေကို နိုင်ငံတော် သမ္မတကြီးက အမိန့်အမှတ် ၅၁/ ၂၀၁၃နဲ့ ထုတ်ပြန်ရပ်ဆိုင်းပေးခဲ့ပေမယ့် မလွတ်ခဲ့သေးတာဟာ ကျွန်တော်အစက ပြောခဲ့သလို "သမ္မတကြီး ပြောထွက်လေခြင်းဆိုပြီး ထားလုလု ထားချင်ချင် ရွှေမေတ္တာတောင် ပျက်ချင်ချင်" မဖြစ်စေချင်လို့ ဒီအမှုတွေနဲ့ ပါတ်သက်ပြီး သမ္မတကြီး စုံစမ်းမေးမြန်းကျေအေးပေးနိုင်ဖို့ ရေးသားလိုက်ရပါတယ်၊ ဒီကနေ့ တရားရုံးမှာ ရုံးထုတ်ခဲ့တဲ့ ဦးဒိန်ရအဖုန်၊ပြည်သူ့ဒီမိုကရေစီပါတီ ဥက္ကဌ ဒေါက်တာသန်းထိုက်ဦး၊အယ်ဒီတာချုပ် ဆရာဟိန်းထက်အောင်၊ ကိုဝင်းနိုင် တို့ ဓါတ်ပုံတွေနဲ့တကွ တရားခံရှေ့နေက ပြန်ကြားရေးဝန်ကြီးဌာနကို ဏပဒေနဲ့အညီ တရားဝင်မေးမြန်းထားတဲ့ မေးမြန်းချက်လျှောက်လွှာကိုလည်း အများပြည်သူစဉ်းစားနိုင်စေရန် ဖေါ်ပြပေးလိုက်ပါတယ်၊ဒီကနေ့တရားရုံးမှာ တရားခွင်ပေါ်ကနေ တရားဝင်ပြောတဲ့ တရားသူကြီးပြောတဲ့စကားကလည်း စိတ်ဝင်စားစရာကောင်းလွန်းလှပါတယ်၊ ခင်ဗျားတို့ အမှုနဲ့ပါတ်သက်ပြီး ဘာညွှန်ကြားချက်မှ မလာဘူးတဲ့ဗျာ....။

နိုင်ငံကြီးသားပီသစွာ တာဝန်ကိုယ်စီယူစေချင်



 သတင်းချစ်သူ - ဝေဟင်
==================
 1-1-2014 မနက် New year morning က အဖြစ်အပျက်လေးပါခင်ဗျာ...
 12-12-2013 New Year Night တုန်းက ကန်တော် ကြီးမှာ New Year Party ကျင်းပခဲ့ကြတဲ့ သူငယ်ချင်းတွေ သတိမေ့လျော့ပြီး လုပ်မိခဲ့တာလား ဒါမှမဟုတ် အပျော်အပျက်သဘောနဲ့ လုပ်ခဲ့ကြတာလားတော့မသိပါ ....1-1-2014 မနက်ခင်းမှာ ကန်တော်ကြီးရဲ့သာယာလှပတဲ့ရေပြင်မှာမြင်မကောင်းအောင် ရေဗူးအခွံတွေ ။ ပလတ်စတစ်အိတ်တွေ ။ အရက်ပုလင်းအခွံတွေ ။ ဆေးလိပ်တိုတွေ ။ နေကြာစေ့အခွံတွေ အမျိုးမျိုးသောအမှိုက်တွေနဲ့ပြည့်နေနတာကို စိတ်မကောင်းကြီးစွာမြင်တွေ့ခဲ့ရပါတယ် ခင်ဗျာ . ပုံမှာမြင်တွေ့ရတဲ့အတိုင်းလူတိုင်းစွတ့်ပြစ်ခဲ့တဲ့ အမှုက်သ ရိုက်တွေကို တဦးတည်းရှင်းလင်းနေရပါတယ်ခင်ဗျာ ပြိးတော့ ၄ ကိုက်တိုင်းမှာလည်းအမှိုက်ပုံးတွေ ချထားပေးပါတယ် ခင်ဗျာ ဘာဖြစမလို့ ရေထဲကိုအးမှစွန့်ပစ်ချင်ကြလည်းဆိုတာကိုမစဉ်းစားတတ်အောင်ပါပဲ ကျွန်တော်တို့တတွေ တဦးချင်းအသိစိတ်နဲ့လုပ်ဆောင်လိုက်မယ်ဆိုရင် ကန်တော်ကြီးတင်မကပါဘူး နေရာတိုင်းကသန့်ရှင်းလှပနေမှာပဲလို့ တွေးမိရင်း ဆန္ဒပြုလိုက်ပါတယ် ခင်ဗျာ

မော်တော်ယာဉ်အတိုက်ခံခဲ့ရသောမေတ္တာရှင်


Kyaw Thu

မနက်ဖန်မနက် ဧရာဝတီဖက်သို့ ဗြဟ္မစိုရ်ဟောပြောပွဲခရီးထွက်ရမည်ဆိုသောအတွေးနှင့်အတူပြည်ပမှခေတ္တလာလည်ကြသောသား၊သမီး၊မြေးများနှင့် မတွေ့ ရတာကြာပြီဖြစ်သော ဇနီးထံသို့ ညဖက် အချိန်အားဖြင့်၈း၀၀နာရီခန့် တွင်နာရေးကူညီမှုအသင်း(ရန်ကုန်)မှမော်တော်ယာဉ်ကိုယ်တိုင်မောင်းနှင်ကာနေအိမ်သို့ သွားရောက်ခဲ့သည်။သားဖြစ်သူက မနက်၁၁း၀၀နာရီလေယာဉ်ကွင်းဆင်းပြီးအမေရိကန်နိုင်ငံသို့ ပြန်တော့မည်။သမီးတို့ ဇနီးမောင်နှံနဲ့ မြေးတွေကမနက်၅း၀၀နာရီငွေဆောင်သွားကြမည်။ကျွန်တော်ကမနက်၉း၀၀နာရီ ဧရာဝတီတိုင်းဖက်သို့ သွားရမည်။နာရေးကူညီမှုအသင်းမှာလည်းတွံတေးဆရာတော်ကြီးတရားပွဲကျင်းပနေသည်..ဆိုသောအတွေးများနှင့်ရောက်ယက်ခတ်နေသည်။ဒီအတွေးများနဲ့ အတူ(၈)မိုင်မီးပွိုင့်
သို့ ရောက်လာတော့သည်။ကျွန်တော်ကကမ္ဘာအေးဘုရားလမ်းမှလာသောကြောင့်ကျွန်တော့်ရဲ့ နေအိမ်ရှိရာ(၇)မိုင်သို့ သွားရမည်ဖြစ်ရာမီးပွိုင့်တွင်ဘယ်ဖက်သို့ ကွေ့ ရန်နေရာယူလိုက်သည်။
မီးစိမ်းနေသောကြောင့်ကျွန်တော်ထွက်ရန်ပြင်လိုက်သောအချိန်တွင်တစ်ပြိုင်နက်တည်းမီးနီသွားသောကြောင့်ကားအားရပ်လိုက်တော့သည်။သို့ သော်ကျွန်တော့်ရဲ့ မော်တော်ကားမှာ မီးပွိုင့်ရှိသတ်မှတ်မျဉ်းအားကျော်လွန်နေသောကြောင့်ကားအားနောက်ဖက်သို့ ဆုတ်ရန်နောက်ကြည့်မှန်မှတချက်ကြည့်လိုက်သည်။မှန်တွင်တဖက်မှလာသောကားမီးများစူးကနဲထိုးခံလိုက်ရသည်
။နောက်ကားရှင်းနေသောကြောင့်ကျွန်တော့်ရဲ့ ကားအားနောက်သို့ ဆုတ်လိုက်သောအခါ " ဒုံး" ကနဲအသံနှင့်အတူ ကားတစ်စီးလုံးတုန်ခါသွားတော့သည်။ကျွန်တော်ဧ။်အသိတရားမှဖြတ်ခနဲပေါ်..ဆတ်ခနဲလုပ်ဟူသောစကားအတိုင်းကားပေါ်မှလျင်မြန်စွာဆင်းပြီးနောက်မှ ကျွန်တော်တိုက်မိသောမော်တော်ကားအားတောင်းပန်ပြီးပျက်စီးသွားသမျှမော်တော်ယာဉ်အစိတ်အပိုင်းအားပြန်လည်ပြုပြင်ပေးပါမည်ဟုပြောဆိုရန်နောက်မှမော်တော်ကားရှိရာသို့ သွားခဲ့တော့သည်။
တဖက်မှမော်တော်ကားမောင်းလာသူမှာအမျိုးသမီးတစ်ယောက်ဖြစ်ပြီးကားပေါ်မှလူတစ်ဦးလည်းလျင်မြန်စွာဆင်းလာသည်။ကျွန်တော်မှနောက်ကားကိုမောင်းလာသူအမျိုးသမီးအားမီးပွိုင့်အလည်ခေါင်ကြီး
တွင်ဖြစ်နေသောကြောင့်ကွေ့ ပြီးမှကားရပ်ပြီးစကားပြောပါမည်ဟုပြောစဉ်တဖက်မှဆင်းလာသူကလည်းအနီးသို့ ရောက်လာပြီဖြစ်တော့သည်။ ကဲ..မထူးတော့ပြီ၊ငါ့ကိုထိုးရင်လည်းခံဖို့ အသင့်၊ငါကိုကမှားတာကိုး၊ငါကိုကအတွေးများနေတာကိုး၊ငါကိုကအသိနဲ့ သတိလွတ်သွားတာကိုး၊ငါ့ကားကလည်းမြင့်နေတော့နောက်ကြည့်မှန်မှကြည့်တဲ့
အခါကိုယ့်ကားထက်ဘော်ဒီနိမ့်နေသောကားကိုမမြင်လိုက်မိတာကိုး၊တဖက်ကားလမ်းဖက်ကလည်းကားမီးကြီးထိုးထားတာကိုး...ထိုးပလေ့စေ။ ငါကိုကမှားမိတာကိုး..လို့ တွေးလိုက်စဉ် တဖက်ကားကိုမောင်းနှင်လာသူက ကျွန်တော့်အားစူးစိုက်ကြည့်ကာ "ကိုကျော်သူလား..ကိုကျော်သူလား"ဟုမေးမြန်းရာကျွန်တော်မှလည်း "ဟုတ်ပါတယ်ခင်ဗျာ"ဟုပြန်လည်ဖြေလိုက်သောအခါ " ပြသနာမရှိဘူး..ကိစ္စမရှိဘူး၊OK " ဟုပြောကြားလိုက်သည့်အတွက်ကျွန်တော်မှလည်း"ကျေးဇူးတင်ပါတယ်ခင်ဗျာ"ဟုပြန်လည်ပြေကြားခဲ့တော့သည်။ ထိုအခါ တစ်ဖက်မှဆင်းလာသောလူကြီးသည်လည်းပြုံးပြီးကားပေါ်သို့ ပြန်လည်တက်သွားတော့သည်။တော်သေးသည်။အမှုဇာတ်လမ်းရှည်မည့်ယာဉ်ထိမ်းရဲတစ်ယောက်မှမရှိသောကြောင့်ဟုတွေးမိကာ
ကျွန်တော်သည်မီးစိမ်းသွားသောအခါမော်တော်ယာဉ်အားပြန်လည်မောင်းနှင်လာတော့သည်။ နောက်မှအတိုက်ခံရသောကားမှကျွန်တော့်ကားအားကျော်တက်သွားကာလက်များပင်ပြသွားတော့သည်။
 အော်..ဘ၀..ဘ၀တစ်လျှောက်မထင်တာတွေ၊မမျှော်လင့်တာတွေအများကြီးပါလား။လူပီသတဲ့သူတွေ၊ကိုယ်ခြင်းစာနာတတ်တဲ့သူတွေအများကြီးရှိပါလား၊မေတ္တာတရားလွှမ်းခြုံထားတဲ့သူတွေလည်းရှိပါလား
ဟုတွေးမိတော့သည်။ အဘယ့်ကြောင့်ဆိုသော်..ယခင်တစ်ပါတ်ကနာရေးယာဉ်တစ်စီးအသုဘသွားသယ်ရာရေဝေးသုသန်သို့ အသွား ပါရမီဘတ်စ်ကားတစ်စီးမှ ခါးမှဖြတ်တိုက်ခြင်းကိုခံခဲ့ရသည်။ ယာဉ်မှုစစ်များရောက်လာကာထိုဘတ်စ်ကားကိုမောင်းလာသောယာဉ်မောင်းသည်အရက်သောက်ထားကြောင်းစစ်ချက်အရသိခဲ့ရသည်။နာရေးကူညီမှုမော်တော်ယာဉ်ပေါ်လိုက်ပါလုပ်အားပေးသော
လူမှုရေးပရဟိတသမား(နာရေးကူညီမှုအသင်း-ရန်ကုန်မှအသင်းသူ)သည်လည်းမော်တော်ယာဉ်တိုက်မှုကြောင့်ဦးခေါင်းအနည်းငယ်ထိသွားသောကြောင့်ဆေးရုံသို့ ပို့ ခဲ့ရသည်။ ယင်းဖြစ်စဉ်တွင် တိုက်ခဲ့သောဘတ်စ်ကားပိုင်ရှင်ဖက်မှ ခါးဖြတ်အတိုက်ခံရသောကျွန်တော်တို့ မော်တော်ယာဉ်မောင်းသူအားပြန်လည်တရားစွဲမည်ဟုပင်အပြောခံခဲ့ရသည်။အော်..တရားဥပဒေဆိုတာဘာလဲ? ၊ကြီးနိုင်ငယ်ညှင်းလား?၊ ကျားကြောက်လို့ ရှင်ကြီးကိုး..ရှင်ကြီးကျားထက်ဆိုးနေတော့မှာလား..ဟူသောအတွေးများနဲ့ အတူကျွန်တော်ကြုံတွေ့ ခဲ့ရမှုဖြစ်စဉ်အားပြန်လည်တွေးတောမိသောအခါ တစ်ဖက်မှကားသည်ကျွန်တော်ဧ။်ကားထက်များစွာမော်ဒယ်မြင့်သည်။ကျွန်တော်ဧ။်ကားထက်တန်ဖိုးမြောက်များစွာရှိသည်။ကားနံပါတ်ကိုလည်းကျွန်တော်ပူထူနေသောကြောင့်မမှတ်မိလိုက်ချေ၊ ကားအရောင်ကားအဖြူ၊ကားမောင်းလာသူ၊ကားပေါ်ပါလာသူတို့ အားလည်းသေချာစွာမမှတ်မိ..ကျွန်တော်ဧ။်မျက်လုံးများေ၀၀ါးနေသည်။ကျွန်တော်ဧ။်စိတ်တို့ သည်နေအိမ်သို့ ရောက်နေသည်။ယခု ကျွန်တော်ရေးသားသောဖြစ်ရပ်မှန်စာမျက်နှာအားကာယကံရှင်တို့ ဖတ်မိပါက ကျွန်တော်ပြင်ပတွင်ကျေးဇူးတင်စကားများပြောဆိုလိုပါသည်။တကယ်လို့ များ ယာဉ်မှုစစ်များရောက်လာပါက ကျွန်တော်သည် နောက်နေ့ မနက်သွားရမည့်ကျွန်တော်ဧ။် ဗြဟ္မစိုရ်ခြေလှမ်းတို့ ရပ်ဆိုင်းသွားတော့မည်ဖြစ်သည်။ကျွန်တော်ဧ။်သားဖြစ်သူအိမ်ပြန်ခရီးသည်၎င်း၊ကျွန်တော်ဧ။်သမီးမိသားစုအပျော်ခရီးတို့ 
သည်၎င်းတုန့် ဆိုင်းကုန်တော့မည်ဖြစ်တော့သည်။ထို့ ကြောင့်လူသားချင်းစာနာထောက်ထားသော၊ကိုယ်ချင်းစာနာတတ်သောယခုလိုမေတ္တာရှင်များမြောက်များစွာပေါ်ထွန်းလာပါကကျွန်တော်
တို့ မြန်မာနိုင်ငံအနေဖြင့်ဓမ္မကအဓမ္မကိုအနိုင်ပိုင်းနိုင်မည့်အချိန်ကာလသို့ ရောက်ရှိလာတော့မည်ဖြစ်တော့သည်။မည်သို့ ပင်ဖြစ်စေ.......ကျွန်တော့်အားသက်ညှာစွာဖြင့်၎င်း၊ကိုယ်ချင်းစာနာစိတ်ဖြင့်၎င်း၊
ခွင့်လွှတ်နားလည်ပေးသောစိတ်ဖြင့်၎င်း၊အများပြည်သူတို့ အတွက်ပေးဆပ်မှုခရီးစဉ်ဖြစ်သောဗြဟ္မစိုရ်ခရီးစဉ်အားအနှောင်အဖွဲ့ လွတ်ကင်းစွာစိတ်ကြည်လင်စွာဖြင့်သွားခွင့်ပြုလိုက်သောမော်တော်ယာဉ်
အတိုက်ခံခဲ့ရသောမေတ္တာရှင်မိသားစုအား ကျွန်တော်အထူးကျေးဇူးတင်ရှိကာအများပြည်သူတို့ ကိုယ်စား သာဓု..သာဓု..သာဓု ဟုကုသိုလ်မျှဝေပေးလိုက်ရပါတော့သည်။

ဒီနေ့ကာတွန်း

ဘာလဲဟဲ့ အမျိုးသမီးလွတ်လပ်ခွင့်? ဘာသာရေးလွတ်လပ်ခွင့်??



 Ashin  Dhammavira
December 31, 2013

ဘာလဲဟဲ့ အမျိုးသမီးလွတ်လပ်ခွင့်? ဘာသာရေးလွတ်လပ်ခွင့်??
(အစ္စလာမ်ဘာသာ ရှာရီးယား ဥပဒေကို အမြည်းသဘော ဖတ်ကြည့်စေချင်၏။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
၁။ မိန်းမတိုင်းသည် ဆံပင်မှ ခြေဖျားအထိ မျက်လုံးမှအပ ဖုံးထားရမည်

၂။ မိန်းခလေး ကို မွေးဖွားလာသည်မှစပြီး အသက်အတိုင်းတာမရှိ လက်ထပ်ယူနိုင်သည်

၃။ မကောင်းသော မိန်းမသာ လိင်နှင့်ပါတ်သတ်သော ခံစားလိုသည်ဟုခံယူသောကြောင့် မိန်းမအင်္ဂါအစေ့ ဖြတ်တောက်ရသည်။

၎။ အိမ်ထောင်မရှိပဲ လိင်ဆက်ဆံပါက လူအုပ်ရှေ့ တွင် သေဒဏ် (သို့ )မသေမချင်း ကျောက်ခဲနှင့် ထုသတ်၏

၅။ မုဒိန်းကျင့်သော အမူသည် မူဆလင်ယောက်ျား လေးယောက် မြင်မှသာ အမူမြောက်သည်

၆။ မုဒိန်းကျင့်သော ယောက်ျားသည် ၄င်းမိန်းမကို လက်မထပ်ပဲ လျော်ကြေးပေးနိင်သည်

၇။ အိမ်ထောင်သည် ယောက်ျားသည် မိန်းမ အတိုင်းဆမရှိ မိမိသဘောဖြင့်ယူနိင်သော်လည်း ၅ ယောက် အကြံပြုသည်

၈။ မူဆလင် ဘာသာဝင်ကို လက်ထပ်ရန် မူဆလင်ဖြစ်ရမည်။ ဘာသာခြားလက်ထပ်ခြင်းကို ခွင့်မပြု

၉။ လက်ထပ်ထားသေား မိန်းမများသည် လင်၏ ခွင့်ပြုချက်မပါပဲ အိမ်မှထွက်သွားလာခြင်း ၊ ခရီးသွားခြင်း
မိမိသဘောနှင့် အလုပ်လုပ်ခြင်းမရှိရ

၁၀။ လင်ယောက်ျားနှင့် လိင်ဆက်ဆံရန် ငြင်းဆိုသော အိမ်ထောင်ရှင်မသည် အပြစ်ရှိသည်

၁၁။လင်ယောက်ျားက အိမ်ရှင်မကို ဆုံးမလိုပါက ရိုက်ခွင့်ပြုသည်

၁၂။ကွာရှင်းပြတ်စဲခြင်းသည် လင်ယောက်ျား ပါးစပ်က ပြောသောစကားဖြင့် တရားဝင်သည်။

၁၃။ ကွာရှင်းပြတ်စဲပြီး ပြန်ပေါင်းလိုပါ ၄င်းမိန်းမသည် တခြားတစ်ယောက်ျား၏ စွန်ကြဲခြင်းကိုခံပြီးမှ ပြန်ပေါင်းရမည်

၁၄။ ကျွန်အဖြစ်သတ်မှတ် ထားသေားမိန်းမများကို မူဒိန်းကျင့်ခြင်းသည် ပြစ်ဒဏ်မရောက်

၁၅။ လိင်တူဆက်ဆံခြင်းများသည် လူအုပ်ရှေ့ တွင် သေဒဏ်ကျနိုင်သည်

၁၆။ ခိုးဝုက် ခြင်းသည် ခြေလက် အင်္ဂါဖြတ်တောက်ခြင်း ပြစ်ဒဏ်ကျမည်

၁၇။ အစ္စလမ်ဘာသာကို စော်ကားသော တခြားဘာသာဝင်များကို သေဒဏ်ပေးသည်

၁၈။ အစ္စလမ်ဘာသာမှ တခြားဘာသာပြောင်းကာ အစ္စလမ်ဘာသာမကောင်းကြောင်းပြောသူသည် သေဒဏ်ကျမည်။

×××××××××××××××××××××××××××××
လူ့အခွင့်အရေးဆိုသူ လုပ်စားလယ်ဘရယ် များဖတ်ကြစေ။

ဆန္ဒနှင့်ဘဝကြား ချိန်ညှိနေရသော သမ္မတကြီး ဦးသိန်းစိန်




ခွန် ဒီးယမ်

 နှစ်သစ်မင်္ဂလာ အခါသမယမှာ ကျန်းမာချမ်းသာပါစေကြောင်း မြန်မာပြည်သူများမှ ဆုတောင်းမေတ္တာ ပို့သလျက်ရှိဟု သိရ

==========================================

မဟာ မိုးဇက်

သမ္မတကြီး ဦးသိန်းစိန်ရဲ့  မိန့်ခွန်းလား။ ခြိမ်းခြောက်မှုလား ဝေဖန်ပေးကြပါဦးဗျာ။
ဖြစ်သင့်ဖြစ်ထိုက် သည့် နိုင်ငံရေးဆန္ဒများကို လက်ရှိနိုင်ငံရေး အခြေအနေ က ဖြည့်ဆည်းပေးနိုင် သည်ထက် ပိုမိုမျှော်မှန်းဆောင်ရွက်ပါက နိုင်ငံရေး အကြပ်အတည်းတစ်ခု ဖြစ်ပေါ်ပြီး လက်တွေ့ဖြစ်နိုင်ချေရှိသည့် အခွင့်အလမ်းများပင် ဆုံးရှုံးသွားနိုင်သည်ကို သတိချပ်ပြီး ဥာဉ်အမြော် အမြင်ရှိသော နိုင်ငံရေးရွေးချယ်မှုများ ပြုလုပ်ကြရန် ပြောကြားလိုပါတယ်။ တဲ့ ဗျား။

===========================================
 ဒီမို ဖက်တီး

" မညှိနှိုင်းလို့ ဘယ်နဲ့ လုပ်မလည်း၊ ဘာကြောင့်လည်းဆိုတော့ အခုအစိုးရက တကယ်တော့ ဒီစီမံကိန်းကြီးကို တန်းလန်းကြီးထားပြီးတဲ့ သဘောပဲ၊ အခု အစိုးရထဲက လူအများစုဟာ အရင်အစိုးရ ထဲမှာ ပါခဲ့တာပဲ၊ ဒီမြစ်ဆုံ စီမံကိန်းကို သဘောတူခဲ့တုံးကလည်း ဒီအစိုးရ အဖွဲ့ဝင်တွေပဲ ၊ ဒါပေမယ့် ဒီမြစ်ဆုံစီမံကိန်းကို ၅ နှစ် ရပ်ထားတယ် ဆိုတာ နောက်လာမယ့် အစိုးရမှပဲတာဝန်ယူတော့လို့ ပြောတဲ့ သဘောမျိုးဖြစ်နေတာပေါ့ ။ အဲ့ဒါတော့ အမက မကြိုက်ဘူး၊ အစိုးရတိုင်းဟာ တာဝန်ယူရဲတဲ့ သတ္တိရှိရမယ်၊ တာဝန်ယူနိုင်တဲ့ အရည်အချင်းရှိရမယ်"
============================================


ဒေါ်အောင်ဆန်းစုကြည်
RFA က သီးသန့်တင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်းအစီအစဉ်မှ။


Pho Par
.......ဒါဘာစကားလဲ....ဒီမိုကရေစီသမ္မတ...ပြောရမဲ့ စကားလား......
×××××××××××××××××××××××××××××××××××××××
.....ဒီနေ့ သတင်းစာမှာ....ရေဒီယိုက....တစ်နိုင်ငံလုံးကိုပောတဲ့ ....မိန်ခွန်းမှာ .....ပါတာလေးကို...သဘောမတွေ့ လို့ ပါ.....ဗျာ.... ×××××××××××××××××××××××××××× .....အထူးပြောကြားလိုသည့် ကိစ္စရပ်ကတော့... ...ဖြစ်သင့် ဖြစ်ထိုက်သည့်  နိုင်ငံရေးဆန္ဒများကို ....လက်ရှိ့ နိုင်ငံရေးအခြေအနေက ဖြည့် ဆည်းပေးနိုင်သည်ထက် ....ပိုမိုမျှော်မှန်းဆောင်ရွက်ပါက ....နိုင်ငံရေးအကျပ်အတည်းတစ်ခု့ ဖြစ်ပေါ်ပြီး.... ....လက်တွေ့ ဖြစ်နိုင်ခြေရှိသည့်  အခွင့် အလမ်းများပင် ....ဆုံးရူံးသွားနိုင်သည်ကို သတိချပ်ပြီး ....ညဏ်အမျှော်အမြင်ရှိ့ သော.... ....နိုင်ငံရေးရွှေးချယ်မှု့ များ ပြု့ လုပ်ကြရန်..... ..တိုက်တွန်းပြောကြားလိုပါတယ်..... ....ခြိမ်းခြောက်သလိုလို.....လေသံများလားလို့ ...

သတိရစရာ အမှတ်တရများ (၂၁) -- မိုးဇေညိမ်း




 NLD ပါတီဟာ ပြည်တွင်းနိုင်ငံရေးအင်အားစုတွေထဲမှာ အင်အားအများဆုံး ဖြစ်တာရယ်၊ NLD ကို ဦးဆောင်နေတဲ့ ခေါင်းဆောင်တွေထဲကအချို့ဟာ ပြည်သူတွေ နှစ်သက်လိုလားတဲ့ ခေါင်းဆောင်တွေဖြစ်နေတာတွေကြောင့် စစ်အစိုးရဟာ NLD ကို ပြည်တွင်းနိုင်ငံရေးရန်သူ နံပတ်(၁) အဖြစ် သတ်မှတ်ထားခဲ့ပါတယ်။ “နိုင်ငံတော်အပေါ် ဆန့်ကျင်သည့် အဖွဲ့အစည်းများအနက် အင်အားအကောင်းဆုံးသည် NLD ပါတီဖြစ်၍ ၎င်းပါတီအား၊ အင်အားချည့်နဲ့စေရန်နှင့် နိုင်ငံရေး ပါတီအဖြစ်မှ ပျက်သုဉ်းသွားစေမည့် နည်းလမ်းများအား ရေးဆွဲတင်ပြရန်” ဆိုပြီး နိုင်ငံတော် လုံခြုံရေးအဖွဲ့အစည်းတွေကို ညွှန်ကြားခဲ့ပါတယ်။ အဲဒီ ညွှန်ကြားချက်အရ ရေးဆွဲခဲ့တဲ့ အစီအစဉ်လေးတစ်ခုကတော့ ဒီလိုပဲ ဖြစ်ပါတယ်။ “(၁) NLD ပါတီ အပါအ၀င် နိုင်ငံတော်အား ဆန့်ကျင်နေသော အဖွဲ့အစည်းများအတွင်းသို့ စိမ့်ဝင်ဖြိုခွဲခြင်း။ နိုင်ငံတော် အပေါ် ဆန့်ကျင်နေသည့် အဖွဲ့အစည်းများအတွင်းသို့ မိမိ လေ့ကျင့် ပေးထားသည့် တပ်ဖွဲ့ဝင်များ၊ အမာခံအဖွဲ့များ စိမ့်ဝင်စေပြီး စိတ်ထက်သန်မှု အားနည်းသူများအား စတင် ချည်းကပ်ခြင်း၊ ၎င်းတို့၏ အားကို ရယူ၍ စိတ်ဓာတ် ထက်သန်သူများအား သိမ်းသွင်းစည်းရုံးစေခြင်းတို့ကို ဆောင်ရွက်စေပါမည်။ (၂) NLD ပါတီ အပါအ၀င် နိုင်ငံတော်အား ဆန့်ကျင်နေသော အဖွဲ့အစည်းများမှ အဖွဲ့ဝင်များကို နှုတ်ထွက်စေခြင်း။ နိုင်ငံတော်အပေါ် ဆန့်ကျင်သည့် အဖွဲ့အစည်းများအနက် အင်အား အကောင်းဆုံးသည် NLD ပါတီဖြစ်၍ ၎င်းပါတီဝင်များ ပါတီမှ နှုတ်ထွက်သည်အထိ ဖော်ပြပါ နည်းလမ်းများဖြင့် ကြိုးစားဆောင်ရွက်ပါမည်။ (က) နည်းလမ်း မျိုးစုံအသုံးပြု နှောက်ယှက်ခြင်းပါမည်။ (ခ)မိမိအမာခံများမှ နိုင်ငံရေးသမားများ၏ မိသားစုထံ အသွင်ယူချဉ်းကပ်၍ ဆန့်ကျင်ဘက် နိုင်ငံရေးသမားအနေဖြင့် ကြုံတွေ့နိုင်သည့် အနိဌာရုံများအား အလျဉ်းသင့်တိုင်း ပြောကြားစေခြင်း။ (ဂ) ၎င်းတို့အား စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှု၍ ဥပဒေညိစွန်းမှု တစ်စုံတစ်ရာဖြစ်ပေါ်လာသည်နှင့် ချက်ချင်းအမှုဖွင့် အရေးယူရေး စီမံဆောင်ရွက်သွားပါမည်။ (၃) မြေပြင်အခြေအနေအပေါ်မူတည်၍ လိုအပ်သည့်နည်းလမ်းများ အသုံးပြုကာ နည်းမျိုးစုံဖြင့်အနှောင့်အယှက်ပြုရန် စီမံဆောင်ရွက်ပါမည်။ (၄) NLD ပါတီ အပါအ၀င် နိုင်ငံတော်အား ဆန့်ကျင်နေသော အဖွဲ့အစည်းများ၏ အတွင်းသရုပ်အား အမှန်သိရှိရေး ဆောင်ရွက်ပါမည်။ (၅) NLD ပါတီ အပါအ၀င် နိုင်ငံတော်အား ဆန့်ကျင်နေသော အဖွဲ့အစည်းများအတွင်း စိတ်ဝမ်းကွဲပြား အားပြိုင်မှုများအပေါ် အခြေပြု၍ ခံယူချက် နည်းပါးသူအား ဖေါ်ထုတ်ပါမည်။ (၆) NLD ပါတီ အပါအ၀င် နိုင်ငံတော်အား ဆန့်ကျင်နေသော အဖွဲ့အစည်းများအတွင်း ခံယူချက်နည်းပါးသူအား ဖဲ့ထုတ်စည်းရုံး သတင်းဖေါ်ထုတ်ပါမည်။ (၇) NLD ပါတီ အပါအ၀င် နိုင်ငံတော်အား ဆန့်ကျင်နေသော အဖွဲ့အစည်းများအတွင်း အားပြိုင်မှုများအကြား မိမိအမာခံများနှင့်သပ်လျှိုခြင်း ဖြင့် ပိုမိုသွေးကွဲ စေရန်ဆောင်ရွက်ပါမည်။ လိုအပ်သည့်နည်းလမ်းများကိုအသုံးပြု၍ ပါတီအတွင်း မငြိမ်မသက်ဖြစ်စေရန် ဆောင်ရွက်ပါမည်။” အဲဒီ စီမံချက်တွေနဲ့ NLD ပါတီ ပျက်သုဉ်းရေးအတွက် အားသွန်ခွန်စိုက် ကြိုးစားလိုက်တာ ၂၀၀၉ ခုနှစ် လေးလပတ် ကာလတစ်ခုအတွင်း ရန်ကုန်တိုင်း အတွင်းက မြို့နယ် (၁၀) ခုက ပါတီဝင် (၄၃၄) ဦး နှုတ်ထွက်အောင် ဖိအားပေး လုပ်ဆောင်နိုင်ပါတယ်။ တခြား တိုင်းတွေ၊ ပြည်နယ်တွေမှာလည်း အများအပြားနုတ်ထွက်ခဲ့ကြပါတယ်။ အမှတ်စဉ် (၃) ဖြစ်တဲ့ မြေပြင်အခြေအနေအပေါ်မူတည်၍ လိုအပ်သည့်နည်းလမ်းများ အသုံးပြုကာ နည်းမျိုးစုံဖြင့် အနှောင့် အယှက်ပြုရန် စီမံဆောင်ရွက်မယ်ဆိုတာကတော့ NLD ပါတီဝင်တစ်ဦးချင်းစီရဲ့ အခြေအနေပေါ်မူတည်ပြီး ဘယ်လို အနှောက် အယှက်ပေးရမလဲဆိုတာကို သက်ဆိုင်ရာ စရဖ၊ သတင်းရဲတပ်ဖွဲ့၊ နယ်မြေခံရဲတွေ အပါအ၀င် အစိုးရဌာန အသီးသီး ပူးပေါင်ပြီး လုပ်ဆောင်ရတာပါ။ ဥပမာ - ထမင်းဆိုင်၊ မုန့်ဟင်းခါးဆိုင်၊ ကွမ်းယာဆိုင်တို့လို ဖွင့်ထားတဲ့ ပါတီဝင်တွေဆိုရင် စည်ပင်ကို အသုံးချပြီး အနှောက်အယှက်ပေးရပါတယ်။ စည်ပင်သာယာဥပဒေ ပုဒ်ထီး၊ ပုဒ်မတွေအရ ညိစွန်းတာမို့ ဆိုပြီး ပြဿနာရှာခိုင်းပါတယ်။ ကျူရှင်ဆရာတွေ၊ ဆရာဝန်တွေ၊ ကုမ္ပဏီဝန်ထမ်းတွေ၊ ကိုယ်ပိုင် လုပ်ငန်းရှင်တွေ အစရှိသဖြင့် NLD ပါတီဝင်တွေရဲ့ လုပ်ငန်းဆောင်တာတွေပေါ်မူတည်ပြီး ရမယ်ရှာ၊ ပြဿနာဖန်တီးဖို့ အစီအစဉ်တွေ လုပ်ကြရပါတယ်။ အဲဒီလိုဖန်တီးတဲ့အခါမှာလည်း NLD ပါတီဝင်မို့ ပြဿနာရှာခံနေရတယ်ဆိုကို ကာယကံရှင်နားလည်အောင် နီးစပ်ရင်းနှီးတဲ့သူ၊ ဆယ်အိမ်မှူးတို့၊ ရယက ဥက္ကဌတို့၊ ဓမ္မာရုံဥက္ကဌ စတဲ့လူတွေကို သုံးပြီး တစ်ဖက်လှည့်နဲ့ ပြောပြ၊ အသိပေးခိုင်းပါတယ်။ ဒါ့အပြင် နိုင်ငံရေးအရ အနှောင့်အယှက်ပေးနိုင်သူများ၏ အမည်စာရင်းတွေ၊ NLD ပါတီဝင်စာရင်းတွေကိုလည်း ရပ်ကွက် အလိုက်၊ မြို့နယ်များအလိုက် မှတ်တမ်းတွေ ပြုစုထားပါတယ်။ မြို့နယ်/ခရိုင်/တိုင်း/ပြည်နယ်အဆင့် တာဝန်ယူထားသူတွေနဲ့ တက်ကြွလှုပ်ရှားတဲ့သူတွေရဲ့ လှုပ်ရှားမှုတွေကို နောက်ယောင်ခံလိုက်ဖို့၊ မျက်ခြေမပြတ် စောင့်ကြည့်ဖို့ ညွှန်ကြားထားပါတယ်။ NLD ပါတီခေါင်းဆောင်တွေရဲ့ နေအိမ်တွေအနီးနားမှာရှိတဲ့ ကွမ်းယာသည်တို့၊ ဆိုက်ကားသမား၊ ဆယ်အိမ်မှူး စတဲ့လူတွေကို စောင့်ကြည့်ရေးသမားတွေအဖြစ် တာဝန်ပေးထားကြောင်း သတင်း ပေးပို့ချက်တွေ မကြာခဏ ဖတ်ခဲ့ဖူးပါတယ်။ စောင့်ကြည့်ဖို့၊ သတင်းယူဖို့ တာဝန်ခံရတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ သူတို့တွေ ဘယ်တွေသွားလဲ၊ ဘာတွေလုပ်လဲ၊ ဘယ်သူတွေနဲ့ စကားပြောလဲ၊ သားသမီးတွေရဲ့ ပညာရေး စသဖြင့် အသေးစိတ်ကိစ္စတွေကအစ နေ့စဉ် အစီရင်ခံစာ တင်ပြရပါတယ်။ “NLD ပါတီမှာ ဘယ်သူသည် ယနေ့ ၀၁၀၃၅ အချိန်တွင် အောင်သာယာဈေးထိပ်ရှိလက်ဖက်ရည်ဆိုင်တွင် ၎င်း၏မိတ်ဆွေ ဘယ်သူဘယ်ဝါတွေနဲ့ ၃၅ မိနစ်ခန့် စကားဝိုင်းဖွဲ့ ပြောဆိုခဲ့” စသဖြင့် အစီရင်ခံတာတွေကို ဖတ်မိရင်း တစ်ခါတစ်လေ ရယ်ချင်ချင်ဖြစ်မိပါတယ်။ အဲဒီနေ့စဉ် အစီရင်ခံစာတွေကို တစ်ပတ်စာ၊ တစ်လစာ၊ လေးလစာ စုပြီး ပြည်ထဲရေးဝန်ကြီးရုံးကို တင်ပြရပါတယ်။ NLD ပါတီရုံးချုပ်မှာ အခမ်းအနားတို့၊ အစည်းအဝေးတို့ လုပ်တဲ့အချိန်တွေမှာလည်း တိုင်းတစ်ခုလုံးမှာရှိတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို အသင့်အနေအထားတပ်လှန့်ထားရပါတယ်။ NLD ရုံးချုပ်အတွင်းမှာ ၀င်ရောက်အကြမ်းဖက် နှိမ်နှင်းဖို့ အကွက်ပေါ်လာရင် ၀င်ပြီး နှိမ်နှင်းနိုင်ဖို့ ရည်ရွယ်ထားတာပါ။ NLD ပါတီဝင်တွေ ကြောက်ရွံ့လာစေဖို့ လက်နက် အသင့်ကိုင်ဆောင်ထားတဲ့ ရဲတွေအပြည့်နဲ့ရဲကားတွေကိုလည်း ရုံးချုပ်ပတ်ဝန်းကျင်မှာ မကြာခဏ ဖြတ်သန်းပြီး မောင်းပြရပါတယ်။ အင်အားပြတာပေါ့။ အသင့်အနေအထားနဲ့ တပ်လှန့်ထားတဲ့ နေရာနဲ့ အင်အားစာရင်းက ဒီလိုပါ။ “NLD ပါတီရုံးချုပ်တွင် အခမ်းအနားကျင်းပစဉ် လုံခြုံရေးဆောင်ရွက်ခြင်း (၁) ရွှေတိဂုံဘုရား ♦ ဒုတိုင်းရဲတပ်ဖွဲ့မှူးဦးစီး တပ်ဖွဲ့ဝင် (၅ဝ)ဦး (၂) ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံး - ယာဉ်တင်အသင့်တပ်ဖွဲ့ဝင် (၅ဝ)ဦး + မော်တော်ယာဉ်(၂)စီး (၃) ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံး - ယာဉ်ထိန်းတပ်ဖွဲ့ဝင်(၅ဝ)ဦး + မော်တော်ယာဉ် (၂)စီး (၄) ဦးလှသိန်းဓမ္မာရုံ - တာမွေမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီး တပ်ဖွဲ့ဝင် (၅ဝ)ဦး (၅) ကန်တော်ကြီးစောင်း - မင်္ဂလာတောင်ညွန့်မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီး တပ်ဖွဲ့ဝင် (၅ဝ)ဦး (၆) ကုက္ကိုင်းမီးပွိုင့် - ရန်ကင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီး တပ်ဖွဲ့ဝင် (၅ဝ)ဦး (၇) အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး - အရန်တပ်ဖွဲ့ဝင်(၅ဝ)ဦး (၈) NLD ရုံးပတ်ဝန်းကျင် - ခရိုင်အုပ်ချုပ်ရေးမှူးရုံးအနီး + အနောက်ပိုင်းခရိုင် ရဲမှူး(ဦးစီး)+ရဲအုပ် ဦးစီး တပ်ဖွဲ့ဝင် (၂+၈)ဦး (အရပ်ဝတ်ဖြင့်) (၉) ကျောက်ဆည်ဓမ္မာရုံ - ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီး တပ်ဖွဲ့ဝင်(၅ဝ)ဦး (၁၀) မြေနီကုန်းမီးပွိုင့်နှင့်ဝိဇယမီးပွိုင့် - စမ်းချောင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီး တပ်ဖွဲ့ဝင်/အရန်ရဲ(၅ဝ)ဦး (၁၁) လှည်းတန်းမီးပွိုင့် - ကမာရွတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးတပ်ဖွဲ့ဝင်/အရန်ရဲ (၅ဝ)ဦး (၁၂) ကြေးသွန်းဘုရားကြီး - အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်(၅ဝ)ဦး (၁၃) သန်လျင်တံတားထိပ်နှစ်ဖက် - တောင်ပိုင်းခရိုင် ရဲမှူး (ဦးစီး) မှ ဦးစီ တပ်ဖွဲ့ဝင်/ အရန်ရဲ အင်အား (၂၀၀) (၁၄) ဒလ/ကွမ်းခြံကုန်း/တွံတေး/ကော့မှူး မြို့နယ်များ၌ အရန်တပ်ဖွဲ့ဝင် (၂၀) ဦးစီ (၁၅) မင်္ဂလာဒုံ/အင်းစိန်မြို့နယ်များ၌ မှော်ဘီ၊ တိုက်ကြီး၊ လှည်းကူး၊ ရွှေပြည်သာမြို့နယ်များမှ ထုတ်နုတ်အင်အား တပ်ဖွဲ့ဝင် (၂၀၀) ဦးစီ (၁၆) ထန်းတပင်/လှိုင်သာယာမြို့နယ်များ၌ ထုတ်နုတ်အင်အား + အရန်တပ်ဖွဲ့ဝင် (၅၀) ဦးစီ”

ပီနန်းမှာ ယနေ့ အသုဘ ချပါပြီ


Qing Minya

အဖြစ်ဆိုးလိုက်တာ ညီမတို့ရယ် သေပြီးတာတောင် ညည်းတို့ကို မူးယစ်ဆေးဝါး ရောင်းသူတွေလို့
အပုချေ မြန်အောင်ဆိုတဲ့ကုလားက အသရေဖျက်တာ ခံကြရသေးတယ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကျောင်းသား/သူ များအတွက် ကျပ်သိန်း (၁၇၀)ကျော် ထောက်ပံ့ငွေပေးအပ်




Ohmar Saw

၂-၁-၂၀၁၄ ရက်နေ့ နှစ်သစ် မင်္ဂလာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်မှ ရန်ကုန်တိုင်းအတွင်းရှိ ကျောင်းပေါင်း (၅၁)ကျောင်းမှ ပညာဒါနကျောင်းများတွင်တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသား/သူ များအတွက် ကျပ်သိန်း (၁၇၀)ကျော် ထောက်ပံ့ငွေပေးအပ်ပွဲကို
 (၅-၂-၂၀၁၄) နံနက်(၁၀နာရီ)အချိန်၊ တောင်ဥက္ကလာပမြို့နယ် သံသုမာလမ်းမကြီး ၊ ၁၄-ရပ်ကွက် ရှိ စိတ်တိုင်းကျ ခန်းမတွင် ကျင်းပပြုလုပ်ပါမည်။
ပြည်နယ်နှင့်တိုင်းများမှ ကျောင်းများအတွက် ပေးအပ်မည့် ရက်ကို ထပ်မံကြေငြာပေးပါမည်။

ကြံခိုင်ဖွံ့ဖြိုးရေး ပြော စကား ဒေါ်အောင်ဆန်းစုကြည် ပယ်ချ

u

RFA
2.1.2014

 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက တင်ပြတဲ့ အချက်တွေထဲမှာ သမ္မတရဲ့ အရည်အချင်းနဲ့ ပတ်သက်ပြီး သား သမီးတွေ မြန်မာနိုင်ငံသား ဖြစ်ရမယ်လို့ သတ်မှတ်အကြံပြုခဲ့တာဟာ ဥပဒေနဲ့ ကိုက်ညီမှု လုံးဝမရှိဖူးလို့ ဝေဖန်ပြောကြား လိုက်ပါတယ်။ " တရားဥပဒေအရ ၂၁ နှစ်ကျော်ရင် ကိုယ်ကပိုင်ဆိုင်တော့တာမှမဟုတ်ပဲ၊ သူတို့ကလူကြီးဖြစ်ပြီ သူတို့ဘဝကို သူတို့ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်၊ ဥပဒေအရဆိုရင် ဘာမှ မတော်တော့ဘူးလို့ ဒီလိုပဲ ပြောရမှာပဲ ဘာမှလည်း တာဝန်မရှိတော့ဘူး၊ အဲ့တော့ ၂၁ နှစ်ကျော်နေတဲ့ သားသမီးတွေဟာ သူတို့ဘာသာ သူတို့ ဘာနိုင်ငံသား ခံယူခံယူ၊ ကိုယ်နဲ့မဆိုင်သင့်ဘူး၊ အဲ့လိုဆိုင်အောင်လို့လုပ်ထားတာကိုက ဒီမိုကရေစီစံနှုန်းနဲ့လည်း မညီဘူး၊ ဒါတမင်သက်သက် လုပ်ထားတာပေါ့နော်" RFA က သီးသန့်တင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့က ညနေပိုင်း ဆက်သွယ်မေးမြန်းရာမှာ အခုလို ဖြေကြားခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီး မြစ်ဆုံစီမံကိန်းကို ပြန်လည် စတင်နိုင်ရေး အတွက် ၂ဝ၁၅ တက်လာမယ့်အစိုးရနဲ့ ညှိနိုင်းမယ်လို့ တရုတ် ကုမ္ပဏီက ဒီရက်ပိုင်း ပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး တကယ်လို့ ရွေးကောက်ပွဲမှာ NLD ပါတီအနိုင်ရရင် အဲဒီလိုဆောင်ရွက်မှာလားလို့ မေးမြန်းခဲ့ရာမှာတော့ ညှိနှိုင်းရေးမှတပါး တခြားနည်းလမ်း မရှိဖူးလို့ ဒေါ်အောင်ဆန်းစုကြည် ကပြောဆိုပါတယ်။ " မညှိနှိုင်းလို့ ဘယ်နဲ့လုပ်မလည်း၊ ဘာကြောင့်လည်းဆိုတော့ အခုအစိုးရက တကယ်တော့ ဒီစီမံကိန်းကြီးကို တန်းလန်းကြီးထားပြီးတဲ့ သဘောပဲ၊ အခုအစိုးရထဲက လူအများစုဟာ အရင်အစိုးရထဲမှာ ပါခဲ့တာပဲ၊ ဒီမြစ်ဆုံ စီမံကိန်းကို သဘောတူခဲ့တုံးကလည်း ဒီအစိုးရအဖွဲ့ဝင်တွေပဲ ဒါပေမယ့် ဒီမြစ်ဆုံစီမံကိန်းကို ၅ နှစ်ရပ်ထားတယ်ဆိုတာ နောက်လာမယ့်အစိုးရမှပဲ တာဝန်ယူတော့လို့ ပြောတဲ့သဘောမျိုးဖြစ်နေတာပေါ့ အဲ့ဒါတော့ အမကမကြိုက်ဘူး၊ အစိုးရတိုင်းဟာ တာဝန်ယူရဲတဲ့ သတ္တိရှိရမယ်၊ တာဝန်ယူနိုင်တဲ့ အရည်အချင်းရှိရမယ်" ဒါ့အပြင်လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ဘဝပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတော်က ပံ့ပိုးကူညီပေးဖို့ကိစ္စကို လွှတ်တော်ပြန်လည် စတင်တဲ့အခါ NLD က ဆွေးနွေးတင်ပြမယ်လို့လည်း ပြောကြားခဲ့ပါတယ်။ 

အခြေခံဥပဒေပြင်ရေးမှာ ပြည်သူတွေ ပါဝင်ဖို့ ဒေါ်အောင်ဆန်းစုကြည် ပြော
=========================================
2014-01-02 (RFA- Burmese)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပြည်ထဲရေးဝန်ကြီးဋ္ဌာနက တာဝန်ရှိသူတွေ နဲ့အတူ UNDP ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် ရုံးတာဝန်ရှိသူတွေနဲ့ ဒီနေ့ ရန်ကုန်မြို့ လွှတ်တော်ရုံးခွဲမှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အဲဒီ စည်းဝေးပွဲအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပြည်သူတွေ ပါဝင်လာဖို့ လိုအပ်တယ်လို့ အခုလို ပြောပါတယ်။
" ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ဖို့အတွက်ဆိုရင် အန်တီတို့ကတော့ တက်နိုင်သမျှ ပြည်သူလူထုနဲ့ တွေ့တာပဲ၊ အဖွဲ့အစည်းတွေကတော့ ကိုယ့်ဘာသာလုပ်လို့ရတယ်၊ ဒါပေမယ့် အများပြည်သူကတော့ ဒီလို ပြည်သူတွေအတွက် တွေ့ဆုံပွဲလုပ်ပေးမှ ပါဝင်နိုင်မှာ၊ အရေးကြီးတာက ပြည်သူလူထုက ပါဝင်ရမယ်၊ အဖွဲ့အစည်းတွေနဲ့ပဲ မပြီးသေးဘူး၊ အဖွဲ့အစည်းတွေက ကိုယ်အစည်းအဝေး ကိုယ်လုပ်ပြီးတော့ ကိုယ့်ဘာသာ ကြေညာချက်တွေ ထုတ်နေကြတာ အဖွဲ့အစည်းတွေ အားလုံး ညီတာတော့ ကောင်းတာပေါ့ ဒါပေမယ့် နိုင်ငံရေးမှာ ဆိုတာဟာ နိုင်ငံရေးပါတီ တစ်ခုနဲ့ တစ်ခုက အမြင်ကတူတာ မဟုတ်ဘူး"
ဒါ့အပြင် လေးပွင့်ဆိုင်ဆွေးနွေးရေးဟာ မိမိရဲ့ သဘောဆန္ဒ သက်သက်မဟုတ်ပဲ တိုင်းပြည်က လိုအပ်နေတာကြောင့် တောင်းဆိုနေတာ ဖြစ်ကြောင်းလည်း ပြောခဲ့ပါတယ်။
ဒီနေ့ တရားဥပဒေ စိုးမိုးရေး ညှိနှိုင်းဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပြည်ထဲရေးဝန်ကြီးဋ္ဌာန တာဝန်ရှိသူတွေနဲ့ နိုင်ငံခြားရေး ၀န်ကြီးဋ္ဌာနက တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ပါတယ်။


Nyi Maw
စကားမစပ်အမေစုသားနှစ်ယောက်ကို မြန်မာနိုင်ငံသားလျှောက်ဖို့ ပြောနေကြတာတွေ့တယ်။ လျှောက်စရာ လိုလို့လား၊ သားနှစ်ယောက်လုံး ၁၉၉၀အထိ မြန်မာနိုင်ငံသားတွေပဲဟာ၊ လန်ဒန်မြန်မာသံရုံးက သူတို့ပတ်စပို့တွေကို သက်တမ်းမတိုးပေးတော့လို့ သက်တမ်းကုန်သွားတာပဲရှိတယ်၊ ဘာမှ ပြန်လျှောက်နေစရာတောင် မလိုဘူး၊ သက်တမ်း ပြန်တိုးပေးလိုက်ရုံပဲ။ သူတို့အမေကိုတွေ့ချင်ရှာလွန်းတော့ ပတ်စပို့လက်မဲ့နဲ့ မြန်မာပြည်ကို ဝင်လို့မရလို့သာ ဧည့်ဗီဇာနဲ့ ဝင်လို့ရအောင် ဗြိတိန်နိုင်ငံကူးလက်မှတ်လျှောက်လိုက်ရတာ။ ဒါက ကြုံလို့ စကားအဖြစ်ပြောတာပါ၊


သမနှင့်ခြ ပြဿနာ



 7Day News Journal
-------------
ရေးသားသူ- မိုးညို၊ အေးမြတ်သူ၊ ဇော်မျိုးလှိုင်၊ အိမွန်ကျော်

ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ဆောင်ရွက်ရာတွင် သမ၀ါယမစနစ်မှာ ထိရောက်ကြောင်း နိုင်ငံတော်သမ္မတက မကြာခဏပြောလေ့ရှိသော်လည်း အရိုးစွဲနေသည့် အကျင့်ပျက်ခြစားမှုများအကြား သမ၀ါယမစနစ် ပြန်လည်ဦးမော့ရန် မဖြစ်နိုင်သေးကြောင်း ကျွမ်းကျင်သူများကသုံးသပ်သည်။

နောင်လာမည့် လေး၊ ငါးနှစ်အတွင်း သမ၀ါယမစနစ် အောင်မြင်လာပါက ပြည်သူများမှာ ငွေလုံးဝချေးစရာမလိုဘဲ မိမိကိုယ်ပိုင်ငွေဖြင့် အလုပ်လုပ်လာနိုင်သည်အထိ အဆိုပါစနစ်အောင်မြင်ရန် အစိုးရကမျှော်လင့်ထားပြီး အောက်ခြေအသင်းငယ်များတွင် ဖြစ်ပေါ်နေသည့် ငွေကြေးအလွဲသုံးစားမှုများကိုမူ အစိုးရက လျစ်လျူရှုထားဆဲဖြစ်သည်။

အစိုးရ၏ ဆင်းရဲမွဲတေမှုစီမံချက်တွင် သမ၀ါယမစနစ်အပေါ် တည်ကြက်ထားသော်လည်း အသင်းဝင်ဖြစ်မှသာ ငွေထုတ်ချေးမည်ဆိုခြင်းကြောင့် အသင်းမ၀င်ထားဘဲ အမှန်တကယ် ငွေကြေးအရင်းအနှီးလိုအပ်သူများမှာ ယင်းကန့်သတ်ချက်ကြောင့် အကျုံးဝင်ရန် အခက်အခဲရှိနေသည်။

သမစနစ်ကို အစိုးရက ပြန်လည်ထူထောင်ရန် ကြိုးပမ်းရာတွင် အောက်ခြေရှိ သမအသင်းဥက္ကဋ္ဌများ၊ အကြီးအကဲများ၏ အကျင့်ပျက်ခြစားမှုများကို မဖြေရှင်းနိုင်ပါက ယခုလုပ်ဆောင်နေသည့် သမစနစ်မှာလည်း အောင်မြင်ဦးမည်မဟုတ်ကြောင်း စီးပွားရေးပညာရှင် ဦးလှမောင်ကပြောကြားသည်။

“ငွေစုငွေချေးအပိုင်းမှာလည်း သိရသလောက် ဥက္ကဋ္ဌနဲ့ ပါဝင်ပတ်သက်သူတွေကို ချေးနေတာ”ဟု ကျွန်းလယ်သမအသင်းမှ အသင်းသားတစ်ဦးက ဝေဖန်ပြောဆိုသည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမှ စစ်အစိုးရလက်ထက်အထိ သမ၀ါယမစနစ် အားနည်းခဲ့သည့်အတွက် သမရုံးများတွင် လုပ်ငန်းလည်ပတ်မှုမရှိဘဲ လူနေထိုင်ခြင်း၊ ဈေးဆိုင်များငှားရမ်းခြင်း၊ ပစ္စည်းသိုလှောင်သည့် ဂိုဒေါင်များကို လက်သိပ်ထိုးရာင်းချခဲ့ခြင်း စသည်ဖြင့် သမစနစ်မှာ လက်ရှိအချိန်ထိ ရေတိမ်နစ်ခဲ့ရကြောင်း သမအသင်းဝင်တချို့က ထောက်ပြပြောဆိုကြသည်။

“သမ၀ါယမက တဖြည်းဖြည်းမှေးမှိန်လာတယ်။ ကြိုက်တဲ့နေရာမှာကြည့် ဆိုင်းဘုတ်ကအစ မှေးမှိန်လာတယ်”ဟု စမ်းချောင်းမြို့နယ် သမ၀ါယမအသင်းသားဖြစ်သူ ကိုတင်ထက်ကိုကပြောသည်။

၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် စတင်ပြီး သမ၀ါယမ၀န်ကြီးဌာနက ငွေကျပ်သိန်းပေါင်းတစ်သိန်းကျော် ကျေးလက်ဒေသများကို ထုတ်ချေးခဲ့ကြောင်း အစိုးရကထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သည့်လွှတ်တော်တွင် ပြည်ထောင်စုဝန်ကြီးဦးကျော်ဆန်းက ချေးငွေများကို အသင်းသားများအားချေးရာတွင် အတိုးနှုန်း ၁ ရာခိုင်နှုန်းဖြင့်သာ ချေးမည်ဟု ပြောကြားခဲ့သော်လည်း ပြင်ပတွင် အတိုးနှုန်း ၂ ရာခိုင်နှုန်းဖြင့်သာ ချေးငှားနေသည်ဟု ကြားသိရကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကပြောသည်။

သို့သော် ဒီဇင်ဘာနောက်ဆုံးပတ်က ပုသိမ်မြို့၌ကျင်းပခဲ့သော ကျေးလက်ဒေသ လူမှုဖွံ့ဖြိုးရေးပွဲတွင်မူ ပြည်ထောင်စုဝန်ကြီးဦးကျော်ဆန်းက သမ္မတ၏ညွှန်ကြားချက်ကြောင့် အတိုးနှုန်းကို ၁ ရာခိုင်နှုန်းအထိ လျှော့ချချေးမည်ဟု ပြောကြားခဲ့ပြန်သည်။

“အခု ၀န်ကြီးပြောသွားတဲ့အတိုင်းဆို ၁ ရာခိုင်နှုန်းလို့ သိရတယ်။ အသင်းဥက္ကဋ္ဌပြောတော့ ဒီနှစ်အတိုးနှုန်းက အရင်တိုင်းလို့ပြောတယ်။ ဘယ်ဟာကို ယုံကြည်ရမှာလဲ”ဟု ဧရာဝတီတိုင်း မြောင်းမြခရိုင်မှ လယ် ၁၀ ဧက ပိုင်ဆိုင်သူ လယ်သမားတစ်ဦးကပြောကြားသည်။

သမ၀ါယမ၀န်ကြီးဌာန၏ အစီအစဉ်အရ ယခုနှစ်တွင် တစ်နိုင်ငံလုံး၌ ချေးငွေတိုးမြှင့်ချေးပေးရန် ရည်ရွယ်ထားပြီး အတိုးနှုန်းကိုလည်း လျှော့ချမည်ဟု ပြောကြားထားသည်။ သို့သော် အမှန်တကယ် ချေးယူမည့်သူများမှာ ချေးငွေတိုးမြှင့်ရရှိမည်ဟုသာသိထားပြီး အတိုးနှုန်းလျှော့ချမည်ကို အများစုက သိရှိထားခြင်းမရှိပေ။

ထို့အပြင် ယခင်က လယ်သမားတစ်ဦးလျှင် တစ်နှစ်တစ်ကြိမ်သာ ငွေချေးပေးမည်ဟု ဆိုသော်လည်း ယခုစနစ်သစ်တွင် ခြောက်လတစ်ကြိမ် ငွေချေးခွင့်ရရှိမည်ဖြစ်သည်။ ယခင်က ချေးငွေကို လယ်ဧကပေါ်မူတည်ပြီး ထုတ်ချေးခဲ့သော်လည်း ယခုအခါ လယ်သမားတစ်ဦးချင်းသာ ချေးတော့မည်ဖြစ်သည်။

ချေးငွေစနစ်ပုံစံ ပြောင်းလဲလိုက်သော်လည်း အသင်းတစ်သင်းချင်းစီတွင် အသင်းသားအဖြစ် ၀င်ရောက်ရန် စိစစ်ရွေးချယ်မှုများရှိခြင်း၊ ချေးငွေရရှိမှု၊ အလှည့်ကျစနစ်တွင် အားနည်းချက်များရှိခြင်းတို့ကြောင့် လယ်သမားများတွင် အခက်အခဲအချို့ရှိနေသည်။

“လက်တွန်းထွန်စက် ၀ယ်ချင်တယ်။ ဘယ်ကိုစာရင်းပေးရမလဲ။ ဘယ်သူတွေရနေတာလဲ မသိရဘူး။ သမ္မတလာတုန်း အရောင်းပြခန်းတွေ လာဖွင့်တယ်။ နောက် အဲဒါတွေ ဘယ်မှာသွားဝယ်ရမှန်းမသိဘူး”ဟု မြောင်းမြခရိုင် သမ၀ါယမအသင်းသားတစ်ဦးကပြောသည်။

ရန်ကုန်မြို့ရှိ အချို့သော မြို့နယ်များရှိ သမ၀ါယမအသင်းအများစုတွင် ငွေစုငွေချေးလုပ်ငန်း လုပ်ကိုင်ခြင်းများကို ရပ်ဆိုင်းထားခြင်းပင်ရှိနေသည်ဟု ယင်းမြို့နယ်ခံများထံမှ သိရသည်။

လက်ရှိအချိန်အထိ အချို့ငွေစုငွေချေးလုပ်ငန်းများ ရပ်ဆိုင်းထားရခြင်းမှာ အစိုးရထံမှ ယခုနှစ်ရရှိမည့် ချေးငွေမရရှိသေးခြင်းနှင့် အသင်းသားနှင့် ဥက္ကဋ္ဌများကြား ငွေရေးကြေးရေးပြဿနာကြောင့် အမှုအခင်းများ ရင်ဆိုင်နေရဆဲခြင်းတို့ကြောင့်ဖြစ်ကြောင်း ဒဂုံမြို့သစ်မြောက်ပိုင်းရပ်ကွက် သမ၀ါယမရောင်းဝယ်ရေးလီမိတက်မှ အသင်းသားစာရင်းစစ်တစ်ဦးကပြောသည်။

အစိုးရက သမ၀ါယမစနစ်အတွက် အရေးကြီးသည့် ချေးငွေအများစုကို ယခုနှစ်တွင် တရုတ်နိုင်ငံမှ ဒေါ်လာသန်းခုနစ်ရာချေးရန် စီစဉ်ထားပြီး ကနဦးရရှိထားသည့် သန်းတစ်ရာကို ကျေးလက်ဒေသ အများစုအတွက် စတင်ထုတ်ချေးနေပြီဖြစ်သည်။

ယင်းကဲ့သို့ တရုတ်နိုင်ငံမှ ချေးငွေယူရာတွင် အတိုးနှုန်းမှာ ၄ ရာခိုင်နှုန်းဖြစ်သောကြောင့် နိုင်ငံတကာအတိုးနှုန်းများနှင့်ယှဉ်ပါက များစွာကြီးမြင့်နေသဖြင့် လွှတ်တော်ကိုယ်စားလှယ်အချို့က ကန့်ကွက်ဝေဖန်ခဲ့ကြသည်။

“အစိုးရက သမစနစ်ကို ဘယ်လိုပဲပြင်ပြင် သမ၀ါယမက အခုဆိုဆိုင်းဘုတ်ပဲရှိတယ်။ အသက်မ၀င်သေးဘူး။ ဖယ်မပေးနိုင်ဘူးဆိုပြီး နေရာယူထားတဲ့ အရင်လူတွေက အများကြီးပဲ”ဟု ဦးဖုန်းမြင့်အောင်က လက်ရှိသမ၀ါယမစနစ်ကို ဝေဖန်ပြောကြားသည်။

ရန်ကုန်မြို့မှ ရပ်ကွက်အများစုတွင် သမ၀ါယမငွေချေးစနစ် ပီပီပြင်ပြင် အကောင်အထည်မဖော်နိုင်သောကြောင့် ပြည်သူအများစုမှာ ငွေကြေးအရင်းအနှီးလိုအပ်ပါက ပုဂ္ဂလိကငွေချေးလုပ်ငန်းများ၌သာ အတိုးနှုန်းကြီးစွာဖြင့် ချေးယူနေကြရဆဲဖြစ်သည်။

အစိုးရက ငွေထုတ်ချေးရာတွင် ငွေကြေးမသမာမှု၊ လိမ်လည်မှုတို့မရှိစေရန် ချေးသူများအား လူငါးဦးတစ်ဖွဲ့ဖြင့် ၀ိုင်းကြီးချုပ်ပုံစံဖြင့် ငွေထုတ်ချေးလျက်ရှိသည်။ ထိုသို့ ၀ိုင်းကြီးချုပ်စနစ်ဖြင့် ထိန်းချုပ်ထားသည့်အတွက် ငွေချေးယူသူအများစုသည် ရပ်ကွက်အတွင်းရှိ ငွေတိုးချေးစားသူများထံချေးယူပြီး ပြန်ဆပ်ရ၍ ကြွေးပူနှင့်ထပ်တိုးရပြန်သည်။

“သူတို့ကို ဘယ်လိုပဲချေးချေး နောက်ဆုံးရပ်ကွက်ထဲက ငွေတိုးချေးစားတဲ့သူတွေဆီကပဲ ပြန်ချေးရတယ်။ ဟိုကိုဆပ်ရမယ့်အချိန်ရောက်တော့ ရပ်ကွက်က ငွေတိုးချေးသူတွေဆီပဲ သွားပြန်ပြီးထပ်ချေးရတာပဲ”ဟု သုံးခွမြို့နယ်မှ ငွေတိုးချေးစားသူ ဦးနိုင်လင်းဦးကပြောသည်။

ထို့အပြင် အချို့သော ငွေထုတ်ချေးသူများသည် ၀ိုင်းကြီးချုပ်စနစ်အရ ငါးယောက်တစ်ဖွဲ့ အမည်ခံထားသော်လည်း တစ်ဦးတည်းကပင် ချေးငွေများကို လိမ်လည်ထုတ်ယူလျက်ရှိနေကြောင်း ၎င်းကဆိုသည်။

ထို့ကြောင့် သမ၀ါယမ၀န်ကြီးဌာနမှ ယခုနှစ်တွင် ချေးငွေနှုန်းထား တိုးမြှင့်မည်ဆိုသောကြောင့် အထက်ပါပြဿနာများ ပိုမိုဖြစ်ပေါ်လာနိုင်ကြောင်း သမ၀ါယမအသင်းသားအချို့က ခန့်မှန်းပြောဆိုကြသည်။

ကျေးလက်မှ မြို့ပြအထိ သမအသင်းငယ်ပေါင်း တစ်နိုင်ငံလုံးအတိုင်းအတာအရ ကိန်းဂဏန်းအတိအကျ မသိရှိရသေးသော်လည်း အသင်းတစ်သင်းလျှင် အသင်းဝင် ၂၀ မှ ၂၅ ဦးအထိ အသင်းငယ်ပေါင်းများစွာဖြင့် ဖွဲ့စည်းထားကြသည်။ ဧရာဝတီတိုင်းဒေသကြီးတစ်ခုထဲတွင်ပင် အသင်းပေါင်း ၂၀၀၀ ကျော်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးသိန်းအောင်က ပုသိမ်မြို့တွင်ပြုလုပ်သော လူမှုစီးပွားမြှင့်တင်ရေးအခမ်းအနား၌ ထည့်သွင်းပြောကြားဖူးသည်။

နိုင်ငံတွင် ဆင်းရဲသူဦးရေ မြင့်တက်လာခြင်းကို ထွက်ပေါက်တစ်ခုအဖြစ် သမ၀ါယမငွေချေးစနစ်ဖြင့် ကုစားရန်ကြိုးပမ်းခြင်းသည် အစိုးရက အောက်ခြေအထိ မဖြေရှင်းနိုင်သရွေ့ အောင်မြင်ရန် အခက်အခဲများရှိနေဦးမည်ဖြစ်သည်။ ။

ဓာတ်ပုံ- နိုင်ငံတော် သမ္မတရုံး



မသေမရှင် ရိုက်သတ်ခံထားရသည့် မြန်မာအမျိုးသမီး



 ရွှေလုပ်သား

ထိုင်နိုင်ငံ ဘန်ကောက်မြို့ နှင့် ၆၅ ကီလိုကွာဝေးသော မပာာချိုင်းနှင့် ဆက်စပ်နေသော စမွတ်စုန်ခမ်းခေါ် မဲ့ကောင်းမြို့ ရှိ အဝေးပြေး ကားလမ်း မပေါ်တွင် မြန်မာမိန်းခလေး တစ်ဦးအား မသေမရှင် ရိုက်သတ်ထားသည်ကို မဲ့ကောင်းမြို့ရှိ အရေးပေါ်ကယ်ဆယ်ရေးမှ ရောက်လာပြီး မဲ့ကောင်းမြို့ရှိ စုန်ဓက် ဖဖွတ်လို့လား ဆေးရုံသို့ ကုသခံယူစဉ် ဆေးရုံးရှိ တာဝန် ထမ်းဆောင်နေသော ထိုင်ဘာသာပြန် ကိုစိုးဝင်းက ခုလိုပြောပြပါတယ် “၆ ရက်နေ့ နံနက် ၉ နာရီ မှာ ဆေးရုံရောက်လာတော့ သူက စကားပြောလို့ သိပ်မရတော့ဘူး ဆရာမလေးတွေ ကတော့ ပါးစပ်ထဲက သွေးတွေ စုတ်ထုတ်ပေးနေရတယ် ပေါ့ စကားပြောနိုင်အောင် ဘာဖြစ်လဲဆိုတော့ ပါးစပ်ထဲမှာလဲ သွေးတွေပြည့်နေပြီ ဦးနှောက်မှာလဲ သိပ်အလုပ်မ လုပ်တော့ပုံဖြစ်နေပြီ

ဆေးရုံက ဆရာဝန်ကတော့ ဓါတ်မှန်ရိုက်ရမယ် လူနာက ဘာဖြစ်လာလဲ ဆိုတာ သိရအောင် နောက်တခု သံသယ ဖြစ်နေတာက မိန်းခလေးရဲ့ အတွင်းခံ အဓမ္မ ဆွဲရမ်းထားတာ မျိုးတွေ တွေ့ရနေတယ် ဒါပေမဲ့ ဦးခေါင်းကို အမာနဲ့ ရိုက်ထားတာလို့ ကောက်ချက်ချတယ် နောက်ပြီး ကောင်မလေးမှာ ပါလာတဲ့ ဘဲအိပ်ကို ကြည့်လိုက်တော့ မှတ်ပုံတင်ပါတယ် စာအုပ်လေးပါတယ် အဲဒီစာအုပ်ထဲမှ ဖုန်နံပါတ်တွေ ပါတယ် အဲဒီဖုန်းနံပါတ်တွေကို ဆက်သွယ်လုပ်တော့ မိသားစု ထဲမှ ဖုန်းနံပါတ်လေးတွေ ရလာတယ် တဖြည်းဖြည်းဆက်နွယ်တော့ ၅ ရက်နေ့လောက်က ကော့သောင်းဘက်ကတက်လာတယ် လို့ပြောတယ် ကားမောင်းသမားဆီက ဖုန်းနံပါတ်လဲရတယ် ကားမောင်းသမားထိုင်းလူမျိုး ပြောပြပုံ အရ သိပ်မသင်္ကာစကားလေးတွေ ထွက်နေတယ်..

နောက်ဆုံး ဒဏ်ရာပြင်းထန်၍ သေဆုံးသွားပြီး မီးသဂြိုလ် ရန်အတွက် စမွတ်စုန်ခမ်းရှိ ပထုန်ဘုန်းကြီးကျောင်းကို ပို့ထားရင်း အမျိုးတွေကို ဆက်သွယ်ထားကြောင်းသိရသည် ။တချိန်ထဲမှာ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ မှ သတင်းအချက်လက်ရယူ၍ အထူးတပ်ဖွဲ့ dsi နှင့် မြန်မာသံရုံး သို့ဆက်သွယ်ကာ သတင်းဌာနတချို့ကို လဲ အကူညီတောင်းခံကာ အမှု့မှန်ပေါ်ပေါက်ရန်အတွက် ဆက်လက်ဆောင် ရွက်နေဆဲ သေဆုံးသွားသော အမျိုးသမီးမှာ မခင်မြရီ အသက် ၂၃ နှစ် အဖအမည် ဦးအောင်စံသိန်း ကုလားချောင်းကျေးရွာ ပုံဏ္ကားကျွန်းမြို့နယ် မှဖြစ်ကြောင်းသိရှိရသည်



စင်္ကာပူ က အစ်မ အကူညီတောင်းသည့် လူကုန်ကူးခံရသူ၂ဦးလွတ်မြောက်ပြီ”

ကိုတီး
စင်္ကာပူတွင် အလုပ်လုပ်သည့် အစ်မဖြစ်သူ က အကူညီတောင်းခံသဖြင့် ထိုင်းငါးဖမ်းစက်လှေပေါ်တွင် ၁နှစ်ကြာ ရောင်းစားခံနေရသူ ၂ဦးအား ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT နှင့် ပူးပေါင်း ဆောင်ရွက် သူများက ကယ်တင်ခဲ့ပြီးယမန်နေ့က မြန်မာအစိုးရလူ ကုန်ကူးမှုတားဆီးနှိမ်နင်းရေး တပ်ဖွဲ့ (မြ၀တီ)သို့ ပို့ဆောင်ပေး လိုက်ပြီးဖြစ်ကြောင်း သိရှိရသည်။

ဘန်ကောက်မြို့ မြန်မာသံရုံးသို့ စင်္ကာပူတွင် အလုပ်လုပ်ကိုင်နေသည့် အစ်မဖြစ်သူ မနီလာဝင်း က ဖုန်းဆက်၍ နေပြည်တော် အလုပ်သမားဝန်ကြီးဌာနသို့၊ ထိုမှ ဘန်ကောက်မြန်မာသံရုံးသို့အကူညီ တောင်း ခဲ့ သည်။ ထိုမှတစ်ဆင့် MAT အဖွဲ့သို့ အကူညီတောင်းခံခဲ့ခြင်းဖြစ်သည်။ MAT အဖွဲ့က ထိုင်း တောင်ပိုင်း အခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်း FED နှင့် ညှိနှိုင်းလျှက် ဘန်ကောက်မြို့ တောင်ဘက် ကီလိုမီတာ ရှစ်ဆယ်ကျော် အကွာတွင်ရှိသော ခြုံဘူရီခရိုင် ချောင်း စမေးစံ လှေဆိပ်မှ လှေအမှတ် (၂၂) ပေါ်တွင် ၁နှစ်ကြာ ရောင်းစားခံနေရသည့် ပဲခူးတိုင်း မှ ကိုကျော်သူရထွန်း နှင့် ကိုကျော်မိုးလွင်တို့အား MAT အဖွဲ့က ဒီဇင်ဘာ ၂၃ ရက်နေ့တွင် သွားရောက် ကယ်ထုတ်ခဲ့ခြင်းဖြစ်သည်။

လွတ်မြောက်လာသည့် ကိုကျော်သူရထွန်း က“ ၂၀၁၂ ခု ဒီဇင်ဘာ ၈ ရက်နေ့က နာနတ်သီးစက်ရုံမှာ လုပ်ရမယ်လို့ပြောပြီး မြ၀တီကပွဲစားက ငါးဖမ်းလှေကိုရောင်းစားလိုက်တာပါ။ တစ်နှစ်တိုင်တိုင် လုပ်အားခ မရပဲ၊ မွန်အမျိုးသား ပိုက်ဆရာဆီမှာ အရိုက်နှက်ခံ အဆဲဆိုခံပြီးလုပ်ခဲ့ရတာ။ ခုမှဖုန်းကိုင်ခွင့်ရလို့ စင်္ကာပူက အမဆီကို ဖုန်းဆက်ပြီး အကူညီတောင်းလိုက်တာဖြစ်တယ်။ ကျနော်တို့လို ရောင်းစားခံနေရသူတွေ ပင်လယ်ထဲမှာ တစ်ပုံကြီးပဲ။ ကူညီပေးကြပါ”ဟုပြောသည်။
တစ်နှစ်ကြာ လူကုန်ကူးခံနေခဲ့ရသည့် အလုပ်သမား၂ဦးအား မြန်မာသံရုံးမှ ထောက်ခံစာနှင့်အတူ MAT အဖွဲ့က ယမန်နေ့က မြ၀တီလူကုန်တားသို့ ပြန်လည် ပို့ဆောင်ပေးခဲ့ပြီးဖြစ်သည်။

MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က “ ထိုင်းငါးဖမ်းလှေတွေပေါ်မှာ လူကုန်ကူးခံနေရတဲ့ မြန်မာ အလုပ်သမားတွေ သောင်းနဲ့ သိန်းနဲ့ ရှိနိုင်ပါတယ်။ အင်ဒိုလှေတို့ မှာ လိုက်နေရတဲ့ မြန်မာတွေ ဆိုရင် ၆ နှစ်လောက် ကမ်းကို ကပ်ခွင့်မရဘူး။ ကျနော်တို့ကို ဆက်သွယ်လို့ရတာတွေလောက်ပဲ ကျနော်တို့ အဖွဲ့က ကယ်ထုတ်လို့ရတာပါ။ ရောင်းစားခံနေရတဲ့ မြန်မာတွေ အားလုံးလွတ်မြောက်နိုင်မယ့် နည်းလမ်းကို ကျနော်တို့သိပါတယ်။ ဒါပေမယ့် ကျနော်တို့ဟာ အစိုးရတစ်ရပ်မဟုတ်တာကြောင့် အကောင်အထည် ဖေါ်ခွင့်မရှိဘူး။ ကုလသမဂ္ဂ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ UNIAP နဲ့ မြန်မာအစိုးရ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တာဝန်ရှိသူတွေကိုတော့ အကြံပြုဖူးပါတယ်” ဟုပြောသည်။

MAT သည် ၂၀၁၃ ခုနှစ်အတွင်း ယခုကယ်တင်မှုအထိ လူကုန်ကူးမှုနှိမ်နင်းခြင်း ၄၁ ကြိမ် ဆောင်ရွက်ရာတွင် ထိုင်းနိုင်ငံ အတွင်း ရောင်းစားခံနေရသည့် မြန်မာအလုပ်သမားပေါင်း ၂၆၁ ဦးတို့အား ကယ်တင်နိုင်ခဲ့ပြီးဖြစ်သည်။ ထိုအထဲတွင် ၁နှစ်မှ ၉နှစ်အထိ လိင်အလုပ်သမ ရောင်းစား ခံနေရသည့် မြန်မာအမျိုးသမီး၁၀ဦးအပါအ၀င် အမျိုးသမီးစုစုပေါင်း ၅၆ ဦး ပါဝင်သည်။ ထို့အပြင် လာအိုအမျိုးသမီး ၂၀ဦးနှင့်အမျိုးသး၎ဦးတို့လည်း ပါဝင်ပါသည်။ လူကုန်ကူးသူ ပေါင်း ၂၃ဦးနှင့် လုပ်ငန်းရှင် ၂ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့သည်။


အထူးသဖြင့် ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၈၅၀ ခန့်အကွာတွင်ရှိသော ကတန်မြို့ ငါဖမ်းလှေဆိပ်တွင် နှစ်ပေါင်းများစွာ လူသတ်၊ အဓ္ဓမပြုကျင့် နေသည့် မြန်မာလူကုန်ကူးဂိုဏ်းကြီးတစ်ခုအား ထိုင်းအစိုးရ၊ မြန်မာအစိုးရတို့နှင့်အတူ MAT အဖွဲ့တို့ ပူးပေါင်းနှိမ်နင်းနို င်ခဲ့သည်။

ဂိုဏ်းခေါင်းဆောင်အား ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့ AHTD မှ လက်ဖြောင့် သေနတ်သမားက သေနပ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း သိရှိရသည်။


Tee Saionetwo
ဘန်ကောက်မြို့နှင့် ၁၇၉ ကီလိုမီတာဝေးသော လရောင်းမြို့နယ် အတွင်း ရှိ ဆောက်လုပ်ရေးဆိုဒ် တစ်နေရာတွင် မြန်မာနိုင်ငံသားတစ်ဦး ညနေပိုင်းအချိန် စက်ရုံအနီးရှိ ဈေးဆိုင်တွင် ဈေးဝယ်
ရာတွင် အငြင်းအခုံဖြစ်ကာ ဒေသခံ ထိုင်းလူမျိုးများ ၏ ထိုးနှက်ခြင်းခံရပြီးနောက်ထိုင်းလူမျိုးများ ဝိုင်းလာပြီး သေနတ်ဖြင့် ပစ်ခတ်တာ ကြောင့် မြန်မာနိုင်ငံသား မောင်ထွန်း ၏ ဘယ်လက်မောင်းတွင် ဒဏ်ရာ ရရှိခဲ့သည် မကြာခင်မှာ ဘဲ လရောင်းမြို့နယ်ရဲတပ်ဖွဲ့မှ ရောက်ရှိလာပြီး မြန်မာနိုင်ငံသား ၁၂၉ ယောက်ကို ဖမ်းဆီးသွားခဲ့တယ်လို့ အလုပ်သမားထဲ မှ ကိုဇော်မိုး ဖြစ်သူက M.A.T ကို ပြောပြပါသည်။
“ကျွန်တော်တို့က လွတ်နိုင်တဲ့နေရာကို ရှောင်ကြရတာပါ ဘာသာစကားမပြောနိုင်တော့ အခက်ခဲအမျိုးမျိုးကြံတွေ့ရတယ် ညဆိုလဲ အလှည့်ကျ ကင်းစောင့်ပြီးမှ အိပ်ရတာပါ နောက်ဆုံးအ
ခြေနေကတော့ အယောက် ၆၀ လောက်ပြန်လွတ်လာပြီလို့လဲ သိရပါတယ် အဲဒီလူတွေကလဲ စက်ရုံကို ပြန်မလာရဲဘူး ကျွန်တော်တို့လဲ သံရုံး
အကူညီလိုချင်တယ် တတ်နိုင်ရင် သံရုံးက ဖုန်းနဲ့မပာုတ်ဘဲ ကိုယ်တိုင်လာရောက်ရှင်းပေးစေချင်
တယ်”လို့ပြောပြသည် တချိန်ထဲမှာပင် M.A.T အဖွဲ့ မှ အတွင်းရေးမှုးတာဝန်ခံ ဦးအောင်မျိုးသန်း နှင့် FED မှ ဒါရိုက်တာ ကိုထူးချစ်တို့မှလဲ မြန်မာနိုင်ငံသားများကို တတ်နိုင်သလောက် ကုညီဆောင်ရွက်ပေးစေလိုကြောင်း ထောက်ပြကြသည် ၂-၁-၂၀၁၃ ရက်နေ့တွင် မြန်မာသံရုံးမှ သံမူးဦးအောင်မြင့် နှင့် ဒုအတွင်းဝန် ဦးထွန်းအေး တို့ မှ ဆောက်လုပ်
ရေးအလုပ်သမားများနှင့် ပတ်သက်သော အချက်လက်များကို စုဆောင်းနေသည်ပာုလဲသိရသည်
နောက်ဆုံးအခြေနေအရ အလုပ်သမားသံအရာရှိ ဦးကျော်ကျော်လွင် မှ ကိုယ်တိုင်သွားရောက်ဖြေရှင်းနေသည်ပာု သိရပါသည်။