Saturday, January 4, 2014

ရွေးကောက်ပွဲကော်မရှင် ရုံးများတွင် တပ်မတော် အရာရှိ ၆၁ ဦးခန့်အပ်


ငယ်ထွေး(ကလေး)
Yangon Media Group၏

 ယင်းကြောင့် ရွေးကောက်ပွဲတွင် တရားမျှတမှုမျိုးမဖြစ်နိုင်ဟု နိုင်ငံရေးပါတီတချို့ သုံးသပ်

ရန်ကုန် ၊ ဇန်နဝါရီ ၃ ။ ။ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်အ ဖွဲ့ခွဲရုံးများတွင် စစ်ဘက်ဆိုင် ရာအရာရှိ ၆၁ ဦးကို ခန့်အပ် လိုက်ခြင်းကြောင့် ရွေးကောက် ပွဲတွင် တရားမမျှတမှုမျိုး မဖြစ် နိုင်ဟု နိုင်ငံရေးပါတီများမှ သိ ရသည်။

၂၀၁၃ ခုနှစ် ဇွန်တွင် ရွေး ကောက်ပွဲကော်မရှင်များနှင့် နိုင်ငံရေးပါတီ များ တွေ့ဆုံရာ တွင်လည်း တပ်မတော်အရာ ရှိ ဟောင်းများ အား ရွေးကောက် ပွဲကော်မရှင်တွင် ခန့်အပ်ထား ခြင်းနှင့် ပတ်သက် ၍ ဆွေးနွေး ခဲ့ခြင်းများရှိခဲ့ကြောင်းနှင့် ယင်း ကဲ့သို့ ခန့်ထားခြင်းကြောင့် ရွေး ကောက်ပွဲတွင် တရားမမျှတမှု မျိုးမဖြစ်နိုင်ကြောင်း NDF ပါ တီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောသည်။

''ရွေးကောက်ပွဲကို တရား မျှတမှုရှိအောင် လုပ်ပေးမယ် လို့ ကော်မရှင် ဥက္ကဋ္ဌကြီးကတော့ အမြဲတမ်းပြောနေတာပဲလေ။ တပ်မတော်သားတွေ ကို ရွေး ကောက်ပွဲကော်မရှင်ရုံးမှာ ခန့် လိုက်လို့ ထူးခြားပြီးထိခိုက်မှာ မဟုတ်ဘူးလို့ မြင်ပါတယ်''ဟု NDF ပါတီဥက္ကဋ္ဌ ဦးခင်မောင် ဆွေက ပြောသည်။

ယင်းကဲ့သို့ ခန့်အပ်လိုက် ခြင်းသည် ရွေးကောက်ပွဲကော် မရှင်အဖွဲ့များကို အင်အားတိုး ချဲ့ချထားခြင်းသာဖြစ်နိုင်ပြီး ရွေးကောက်ပွဲ တရားမျှတမှုအ ပေါ်ထိခိုက်နိုင်ခြင်းမရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ ဦးဉာဏ်ဝင်းက ပြောသည်။

''ရွေးကောက်ပွဲမှာ မျှတ တယ်။ မမျှတဘူးဆိုတာကတော့ တစ်ဦးချင်းစိတ်ထားပေါ်မှာပဲ မူတည်ပါမယ်။ ရွေးကောက်ပွဲ ကလဲ နီးနေတယ်ဆိုတော့ လုပ် ထုံးလုပ်နည်းတွေ နားလည် အောင် စောစောစီးစီးခန့်လိုက် တာ ကောင်းတယ်လို့ မြင်ပါ တယ်'' ဟု ဦးဉာဏ်ဝင်းက ပြော သည်။ တပ်မတော်သားများအား ကော်မရှင်တွင် ခန့်အပ်လိုက် ခြင်းသည် ရွေးကောက်ပွဲတွင် တရားမျှတမှုမရှိသည်များ ပြု လုပ်ရန် ကြိုတင်ပြင်ဆင်ခြင်း လည်းဖြစ်နိုင်ကြောင်း ဒီမိုက ရက်တစ်ပါတီဥက္ကဋ္ဌဌ ဦးသုဝေ က ပြောသည်။

''သူတို့လူတွေပဲ ကော်မ ရှင်မှာ ခန့်လိုက်တော့ ကြိုတင် ပြင်ဆင်မှုတစ်ခုလုပ်လိုက်သ လိုပဲပေါ့ဗျာ။ တရားမျှတမှုမရှိ တာတွေ ဖြစ်လာနိုင်တယ်''ဟု ဒီမိုကရစ်တစ်ပါတီဥက္ကဋ္ဌဌ ဦးသု ဝေက ပြောသည်။ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂ရက်မှစတင်၍ ကာကွယ် ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်မှူး အဆင့်ရှိသူ ၅၈ဦးအား လက် ထောက်ညွှန်ကြားရေးမှူးအဖြစ် လည်းကောင်း၊ ဗိုလ်ကြီးအဆင့် ရှိသူသုံးဦးအား ဦးစီးအရာရှိ များအဖြစ်လည်းကောင်း ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်အဖွဲ့ ခွဲရုံးများ တွင် ခန့်အပ် လိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ အမိန့်ကြော်ငြာအမှတ် ၄၇/ ၂၀၁၃ အရ သိရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် လှေဖြင့်ခိုးဝင်မှုများ ရှိနေ


Eleven Media Group

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ခိုးဝင်မှုများ မရှိစေရေး မြန်မာဘက်မှ လုံခြုံရေးတင်းကျပ်ထားသော်လည်း လှေဖြင့်ခိုးဝင်မှုများ ရှိနေကြောင်းနှင့် ခိုးဝင်လှေများ နတ်မြစ်အတွင်း နစ်မြုပ်မှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံသို့ အဓိက၀င်ပေါက်ဖြစ်သော မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် နတ်မြစ်အတွင်း ခိုးဝင်ဘင်္ဂါလီလှေတစ်စင်း နစ်မြုပ်ရာ နှစ်ဦးသေဆုံးပြီး ခုနစ်ဦး ပျောက်ဆုံးနေကြောင်း ဇန်န၀ါရီ ၁ ရက်ထုတ် ဘင်္ဂလားဒေ့ရှ် သတင်းစာများတွင် ဖော်ပြခဲ့သည်။

စက်လှေဖြင့် မြန်မာနိုင်ငံအတွင်း ခိုးဝင်လာသူများမှာ တက်ကနက်မြို့နယ် နော်ယာပါရာ ဒုက္ခသည်စခန်းမှဖြစ်ကြောင်း သိရပြီး ဆယ်ယူရရှိသည့် အလောင်းများအား အဆိုပါ ဒုက္ခသည်စခန်းရှိ မိသားစုများထံသို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက လွှဲပြောင်းပေးအပ် လိုက်သည်ဟုလည်း သတင်းတွင် ဖော်ပြထားသည်။ အဆိုပါ နော်ယာပါရာ ဒုက္ခသည်စခန်းသည် မြန်မာနိုင်ငံ၊ မောင်တောမြို့နယ်မြောက်ပိုင်း ဦးရှည်ကျချောင်းဝ တစ်ဖက်တွင် တည်ရှိပြီး အလွယ်တကူ ၀င်ရောက်နိုင်သည့်နေရာ ဖြစ်သည့်အပြင် ယင်းဒုက္ခသည်စခန်း၏တောင်ဘက် စာဏီမူရတစ်ဝိုက်တွင် ဓားပြများ ခိုအောင်နေထိုင်လျက်ရှိပြီး အခါသင့်လျှင်သင့်သလို မောင်တောဘက်သို့ခိုးဝင်ကာ ဓားပြတိုက်မှုများ ကျူးလွန်နေကြောင်း သိရသည်။

လွန်ခဲ့သော ဒီဇင်ဘာ ၃၀ ရက်ကလည်း ဘင်္ဂလာဒေ့ရှ်မှ လူ ၁၈ ဦးတင်ဆောင်၍ မြန်မာဘက်သို့ တရားမ၀င် ခိုးကူးသည့် လှေတစ်စင်း နတ်မြစ်အတွင်းနစ်မြုပ်ရာ ကိုးဦးကို အနီးအနားရှိ လှေများက ကယ်ဆယ်နိုင်ခဲ့သော်လည်း ကျန်ကိုးဦးမှာ ပျောက်ဆုံးသွားခဲ့ကြောင်း၊ လှေမှာ မြန်မာရေပိုင်နက်ဘက်သို့ရောက်မှ နစ်သွားခြင်းဖြစ်ကြောင်း တက်ကနက်အခြေစိုက် အမှတ်(၄၂)ဘီဂျီဘီ တပ်ရင်းမှူး၏ ပြောကြားချက်ကို သတင်းတွင် ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နိုင်ငံရေးဆူပူမှုများ ပိုမိုကြီးထွားလာနေပြီး မြန်မာနိုင်ငံတွင်လည်း မကြာသောအချိန်တွင် သန်းခေါင်စာရင်း ကောက်ရန်ရှိနေရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဘင်္ဂါလီအများစု ပြန်ဝင်လာနိုင်ခြေရှိကြောင်း ဒေသခံများက ပြောဆိုကြသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ အနောက်ဘက် နယ်စပ်အား လုံခြုံရေးကို ယခင်အတိုင်း တင်းကျပ်စွာ ဆောင်ရွက်ထားပြီး ကင်းစခန်းများ၊ မြို့ဝင်ဂိတ်များတွင် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း မောင်တောခရိုင်ရဲမှူးက ပြောကြားသည်။

(မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် နတ်မြစ်အတွင်း သွားလာနေသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများ၏ လှေတစ်စင်းအား တွေ့ရစဉ်)

၂၀၁၃ မြန်မာနိုင်ငံ၏ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၇ ဘီလျံကျော်ရှိ


Eleven Media Group

ဒီဇင်ဘာ နောက်ဆုံးပတ်အထိ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၇ ဘီလျံကျော် ရှိလာပြီး ယခင်နှစ် ကာလတူကုန်သွယ်မှုထက် အမေရိကန်ဒေါ်လာ လေးဘီလျံကျော် ပိုမိုကုန်သွယ်နိုင်ခဲ့

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဒီဇင်ဘာတတိယပတ်အထိ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၇ ဘီလျံကျော်ရှိလာပြီး ယခင်နှစ် ကာလတူကုန်သွယ်မှုထက် အမေရိကန်ဒေါ်လာ လေးဘီလျံကျော် ပိုမိုကုန်သွယ်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၂၇ ရက်အထိ ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၇၇၃၆ ဒသမ ၈၇၄ သန်းရရှိခဲ့ပြီး ယခင်ဘဏ္ဍာရေးနှစ် ၂၀၁၂-၂၀၁၃ ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၂၇ ရက်အထိ ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၃၂၁၁ ဒသမ ၂၅၈ သန်းသာ ရှိခဲ့သည်။

ထို့အတွက်ကြောင့် ယခုနှစ် ကုန်သွယ်မှုပမာဏမှာ ယခင်နှစ်ထက် အမေရိကန်ဒေါ်လာ ၄၅၂၅ ဒသမ ၆၁၆ သန်း ပိုမိုရရှိခဲ့ခြင်းဖြစ်သည်။

၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ အဓိကပို့ကုန်များဖြစ်သည့် ဆန်၊ ပြောင်း၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ နှမ်း၊ ရော်ဘာ၊ ရေထွက်ကုန်၊ ကျွန်းသစ်၊ သစ်မာ၊ သတ္တုရိုင်း၊ သဘာဝဓာတ်ငွေ့၊ ကျောက်စိမ်း၊ ချုပ်ပြီးအထည်များကို တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ သြစတြေးလျ၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ဘယ်လ်ဂျီယမ်၊ အင်ဒိုနီးရှား၊ အီတလီ၊ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ ရုရှား၊ ဆော်ဒီအာရေဗျ၊ စင်ကာပူ၊ စပိန်၊ ထိုင်း၊ ယူကေ၊ အမေရိကန်၊ ဗီယက်နမ် စသည့်နိုင်ငံများသို့ တင်ပို့ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။

၂၀၁၃ ခုနှစ်အတွင်း နို့နှင့် နို့ထွက်ပစ္စည်း၊ စားအုန်းဆီ၊ ဆေးဝါးများ၊ ဘိလပ်မြေ၊ လုပ်ငန်းသုံး ဓာတုပစ္စည်းများ၊ ဓာတ်မြေသြဇာ၊ စက်ပစ္စည်းများ၊ အီလက်ထရောနစ် ပစ္စည်းများ၊ စက္ကူများ၊ ပလတ်စတစ် ထုတ်ကုန်များ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းသုံးပစ္စည်းများကို တရုတ်၊ ဂျာမနီ၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်ဝမ်၊ ထိုင်း၊ အမေရိကန်နိုင်ငံများမှ မြန်မာနိုင်ငံသို့ တင်သွင်းခဲ့ကြောင်း သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၂၅ ဘီလျံကျော်ရရှိရန် လျာထားပြီး နယ်စပ်ကုန်သွယ်မှုမှ ရာခိုင်နှုန်း ၂၀ နှင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ရာခိုင်နှုန်း ၈၀ ကုန်သွယ်မှုပြုနိုင်ရန် လျာထားကြောင်း သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ကုန်ဆုံးရန် သုံးလခန့်သာ လိုတော့သည့်အချိန်တွင် ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၇၇၃၆ ဒသမ ၈၇၄ သန်းသာရှိနေပြီး လျာထားချက်ပြည့်မီရန် အမေရိကန်ဒေါ်လာ ခုနစ်ဘီလျံကျော် လိုနေကြောင်း သိရသည်။

ဒီနေ့ကာတွန်း

လွတ်လပ်ရေးနေ့ မှာ ကျနော့ ကို လွတ်လွတ်လပ်လပ်ပြောခွင့်ပေးပါ။



ညွတ် တီ

ဒီနေ့ လွတ်လပ်ရေးပွဲ ကို အိမ်က မိသားစုတွေနဲ့သွားလည်ပါတယ် စိတ်တွေရှုပ်ထွေးပြီးအိမ်ပြန်လာခဲ့ရတယ်။

ဒီလို ကလေးတွေ မြန်မာပြည်မှာ ဘယ်လောက် တောင် ရှိနေပြီလဲ ။ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ဥပဒေ ဆိုတာဘာလဲလို့မေးခွန်းထုပ် ပါရစေ။
ဥပဒေဆွဲခဲ့တဲ့သူတွေကပြီး ပြီးရော ဆွဲတာလား။
မြန်မာပြည်မှာ အာဏာရှင်ဆိုတာတွေ ရိုက်သတ်လို့မကုန်ဘူး ။
ဒီလိုမျိုး ကလေးငယ်တွေရဲ့ဘဝတွေကို လျစ်လျုရှုထားကြတယ်။
ဒီလိုမျိုးဘဝတွေ ပပျောက်ဖို့ကြတော့ အာဏာရှိလူကြီးမင်းတွေ ဘာလို့ဆွံ့အနေတာလဲ။

(ဆွံ့အ မှာပေါ့ဗျ သူတောင်းစားအမေကိုဖမ်းလို့ ဘာမှ မ မရတာ)

ဒီပုံရိုက်လာတာ ပြင်ဦးလွင် လွတ်လပ်ရေးပွဲခင်းထဲက ရိုက်လာတာ

ပွဲထဲက ဂေါပကတွေ ...
ဥက္ကဌတွေ .... ရက်ကွက်လူကြီးတွေ... ခင်ဗျားတို့တွေ ဒီကလေး ဝမ်းစာအတွက် တောင်းပါစေဆိုပြီးတော့များ ခွင့်ပြုထားကြတာလား .....
မေတ္တာရှင်တွေဆိုပြီး သိပ်များဂုဏ်ယူနေကြတာလား....

ဒီကလေးတောင်းနေတဲ့ ပွဲခင်းထဲမှာ မိခင်နဲ့ကလေးစောင့်ရှောက်ရေး..ဆိုပြီ ရန်ပုံငွေ ဆိုင်တွေ ဖွင့်ထားတယ် ..အဲဒီ မိခင်နဲ့ ကလေးစောင့်ရှောက်ရေးဆိုင်ကနေ ဒီကလေးအတွက် မုန့်တစ်ဖဲ့တောင်ရောက်မလာဘူး ....
ဆိုင်ရောင်းရဖို့ပဲလုပ်နေကြတယ်

ဂေါပကအဖွဲ့ကလည်းဆိုင်ခန်းတွေကပိုက်ဆံရဖို့ပဲစိတ်ဝင်စားနေတယ်... ပွဲဖြစ်မြောက်ရေး ကော်မတီက အဲတာဆိုဘာတွေများ တာဝန်ယူထားကြတာလဲ။

ပွဲထဲမှာ လူကြပ်လို့တိုးဝှေ့သွားနေရတာ လမ်းပေါ်က ဒီကလေးကိုတက်မနင်းမိအောင်ရှောင်သွားနေရတာ ။ အဲဒီရှောင်သွား နေတဲ့သူတွေထဲမှာ ကျောင်းဆရာမတွေ ဗိုလ်မှုးတွေ အရာရှိလူကြီးတွေ အစိုးရဝန်ထမ်းတွေပါတယ် သနားစွာနဲ့ ငဲ့ကြည့်ရုံလေးပဲ ပြီးရင်ကိုယ့်လမ်းကိုယ် ဆက်လျှောက်သွားတယ်...

တော်တော်များများသိမယ်ထင်ပါတယ် တရုတ်ပြည်မှာ ကလေးကိုနို့တိုက်ပြီး စက်ဘီးစီးတဲ့ ကလေးအမေကိုခေါ်ပြီး ဒဏ်ပေးခဲ့တယ်....
ဒါဆို မြန်မာပြည်ရော....???

မေးခွန်းထုပ်စရာတွေများလွန်းလို့ ဘယ်သူ့ကို ဘယ်ကစမေးရမလဲကိုမသိတော့

ကလေးရဲ့ ကုသိုလ်ကံလို့တော့မပြောနဲ့နော်...
ဘယ်သူ့မှာတာဝန်ရှိလဲဗျာ...

ခေါင်းဆောင် ခေါင်းဆောင်နဲ့ ခေါင်းရှာင်နေတာ သိပ်များနေပြီ...


ဒီတစ်ခါ ဘယ်သူတာဝန်ယူမှာလဲ?

ဒီတစ်ခါ ဘယ်သူတာဝန်ယူမှာလဲ?

ဒီတစ်ခါ ဘယ်သူတာဝန်ယူမှာလဲ?

plz..... share to goverment

ဒေါ်စုက ဒေါ်စုပဲလေ။ အလွယ်မလိုက်ဘူး။



Phoe Wunna
"ကျမတို့ NLD က အစိုးရဖြစ်လာရင် ပထမဆုံးလုပ်မှာက မြစ်ဆုံစီမံကိန်းကို ခြွင်းချက်မရှိ တဖက်သတ် ထာဝရ ရပ်စဲပြစ်လိုက်ဖို့ဘဲ"လို့ ပြောလိုက်လို့ရပါတယ်။ ဒီလိုပြောလိုက်ရင် တပြည်လုံးက လက်ခုပ်သံတွေ သောသောညံသွားမယ်ဆိုတာ ကောင်းကောင်းသိပါတယ်။ ဒီကတိနဲ့ ၂၀၁၅ မှာ မဲဆွယ်လို့ သိပ်လွယ်သိပ်ကောင်းဆိုတာလည်း သိတာပေါ့။ ဒါပေမယ့် ဒေါ်စုက ဒေါ်စုပဲလေ။ အလွယ်မလိုက်ဘူး။ အချောင်မနိုက်ဘူး။ အပေါ်ယံမလုပ်ဘူး။ လက်လွတ်စပယ် မပြောဘူး။ မူနဲ့ရပ်တည်တယ်။ တိုင်းပြည်ရဲ့ ရေရှည်အကျိုးစီးပွားကို ကြည့်ြ့ပီး ဘာပဲလုပ်လုပ် စည်းကမ်းတကျလုပ်တယ်။ အဲဒီလုပ်လို့ အာဏာမရရင်လည်း ကိစ္စမရှိဘူး။ ခံရဲတဲ့ သတ္တိရှိတယ်။ ပြောသင့်သလောက်ကိုတော့ ပြောထားတယ်။ စာချုပ်ပါ အချက်တွေ၊ ကတိကဝတ်တွေကို သေသေချာကြည့်မယ်။ ပြည်သူတွေကိုလည်း ပွင့်ပွင့်လင်းလင်းချပြမယ်။ တရုတ်ဖက်နဲ့လည်း ညှိုနိုင်းပြီး ဖြေရှင်းသွားမယ်လို့ ပြောထားတယ်။ ဒီအချိန်မှာ ဒီလောက်ပြောထားတာ လုံလောက်တယ်။ မူနဲ့ စည်းကမ်းနဲ့လုပ်မယ့်သူဟာ ဒီထက်လည်း ပိုမပြောသင့်ဘူး။

စစ်တွေ၊ မင်ဂံတွင် နွားခိုးသူကိုဖမ်းမိရာ တပ်မတော်သားဖြစ်နေ



Share Arakan News

စစ်တွေမြို့ ကုလားရပ်ကွက်နှင့်ထိစပ်နေသော မင်းဂံရပ်ကွက်တွင်ယမန်နေ့က နွားခိုးသူတစ်ဦးကိုဖမ်းမိရာ ကင်းစောင့်နေသော တပ်မတော်သားတစ်ဦးဖြစ်နေပြီး ကုလားထံသို့ရောင်းချရန်ပြင်ဆင်နေကြောင်းသိရသည်။

အဆိုပါတပ်မတော်သားကို ရပ်ကွက်သူရပ်ကွက်သားများက ၄င်း၏ အရာရှိနှင့်အတူ စစ်ဆေးမေးမြန်းရာ ယခင် နွားတစ်ကောင်ကို ကုလားထံသို့ငွေ ခြောက်သောင်းကျပ်ဖြင့်ရောင်းချထားပြီး ယခုနွားကိုလည်းကုလားများထံသို့ပင်ရောင်းချရန်စီစဉ်နေကြောင်း စစ်ဆေးတွေ့ရှိရသည်။

ယင်းနွားသူခိုး၏အရာရှိက နွားပိုင်ရှင်အား နွားဖိုးငွေခြောက်သောင်းကျပ်ကို ကုလားထံမှပြန်ယူရန်ပေးပြီး ရွာသူရွာသားများအား သတင်းမပေါက်ကြားရန် တောင်းပန်ခဲ့ကြောင်းသိရသည်။

Rakhine News Group

သမ္မတရဲ့ လျှို့ဝှက်အိမ်

ပထမဆုံး နှစ်ထပ်ခုံးကျော်တံတား နှစ်စင်း ဇန်နဝါရီ ၅ ရက်နေ့ ဖွင့်မည်



The Voice Weekly
ရန်ကုန်၊ ဇန်နဝါရီ ၃

မြန်မာနိုင်ငံ၏ ပထမဆုံးနှစ်ထပ် ခုံးကျော်တံတား နှစ်စင်းဖြစ်သော ဘုရင့်နောင် ခုံးကျော်တံတား နှစ်စင်းကို ဇန်နဝါရီလ ၅ ရက်နေ့တွင် အပြီးသတ် ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း အဆိုပါ တံတားများကို တာဝန်ယူ တည်ဆောက်သော FMI ကုမ္ပဏီထံမှ စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံ၏ ခက်ခဲနေသော လမ်းပန်း ဆက်သွယ်ရေး အခြေအနေကို ဖြေရှင်းရန်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ FMI ကုမ္ပဏီနှင့် ထိုင်းနိုင်ငံ PTC (Prestnessed) ကုမ္ပဏီတို့ ပူးပေါင်း ဆောက်လုပ်ခြင်း ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။

အဆိုပါ နှစ်ထပ် တံတားများထဲမှ ပထမအလွှာ တံတားကို အောက်တိုဘာလ ၃၁ ရက်နေ့နှင့် ဒုတိယအလွှာ တံတားကို နိုဝင်ဘာလ ၂၄ ရက်နေ့တို့မှစ၍ စမ်းသပ် မောင်းနှင်ခွင့်ပြုခဲ့ပြီး ယခုအခါ အဆိုပါ တံတားနှစ်စင်းလုံးကို အပြီးသတ် ဖွင့်လှစ်မည် ဖြစ်ကြောင်း မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

အဆိုပါ တံတားများကို ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇွန်လအတွင်းမှ စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး တစ်နှစ်ကျော်သော အချိန်ကာလအတွင်း အပြီးသတ် ဆောက်လုပ်၍ မော်တော်ယာဉ်များ စတင်ဖြတ်သန်းခွင့် ပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပထမအလွှာ တံတားကို ရန်ကုန်မြို့ထဲမှ အင်းစိန်မြို့နယ်တို့ကို ဆက်သွယ် တည်ဆောက်ထားပြီး ဒုတိယအလွှာ တံတားကိုမူ သမိုင်းဘူတာရုံလမ်းနှင့် လှိုင်သာယာမြို့နယ်တို့ကို ဆက်သွယ် ဆောက်လုပ်ထားခြင်း ဖြစ်သည်။

တတိယအလွှာ တံတား၏ အရှည်သည် ၂၄၁၃ ပေ ၁၀ လက်မ (၇၃၆ မီတာ) အရှည်ရှိပြီး ဒုတိယအလွှာ တံတားမှာ ၁၄၄၄ ပေ အရှည်ပေ ရှိကြောင်း တံတား ဆောက်လုပ်မှု မှတ်တမ်းများအရ သိရှိရသည်။

လူထုပုံရိပ်ဂျာနယ် ထုတ်ဝေသူကို ပြည်ထဲရေး ခေါ်ယူသတိပေး



The Voice Weekly
ရန်ကုန်၊ ဇန်နဝါရီ ၃

လူထုပုံရိပ် သတင်းဂျာနယ်တွင် ဖော်ပြထားသည့် အယ်ဒီတာ့ အာဘော်နှင့် သတင်းရေးသားမှု အချို့အတွက် ယင်းဂျာနယ် ထုတ်ဝေသူကို ပြည်ထဲရေး ဝန်ကြီးဌာန ရန်ကုန်တိုင်း သတင်းတပ်ဖွဲ့ (S. က ဇန်နဝါရီလ ၃ ရက်နေ့တွင် ခေါ်ယူ သတိပေးလိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က အတည်ပြု ပြောကြားသည်။

ဇန်နဝါရီလ ၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ဝေသည့် လူထုပုံရိပ် သတင်းဂျာနယ် အတွဲ (၂) အမှတ် (၁၄) တွင် ဖော်ပြထားသည့် အရေးအသားအချို့မှာ အများပြည်သူ ဆူပူစေရန် လှုံ့ဆော်သည့် အရေးအသားမျိုး ဖြစ်နေပြီး တရားဥပဒေ စိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေးကို ပျက်ပြားစေနိုင်သဖြင့် ယင်းသို့ ခေါ်ယူ သတိပေးခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
“မှတ်ပုံတင် ထုတ်ပေးတဲ့ဌာနကလည်း ကျင့်ဝတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်လို့ ထောက်ပြ (ခေါ်ယူတွေ့ဆုံ) ဖို့ ရှိပါသေးတယ်” ဟု ဒုတိယဝန်ကြီးက ဆိုသည်။

လူထုပုံရိပ် သတင်းဂျာနယ်တွင် ဖော်ပြထားသည့် အယ်ဒီတာ့အာဘော်၊ တရားစီရင်ရေးအပေါ် သမ္မတဂုတ် ခွစီးဟုဆိုနှင့် ၂၀၁၄ တွင် မင်းပြောင်းမင်းလွဲ ဖြစ်နိုင်ဟူသည့် သတင်းဖော်ပြမှု သုံးခုအတွက် ထုတ်ဝေသူကို သတင်းတပ်ဖွဲ့ တိုင်းတာဝန်ခံ ဦးကျော်ကျော်ဟန်က ခေါ်ယူ သတိပေးခြင်း ဖြစ်ကြောင်း လူထုပုံရိပ် အမှုဆောင် စာတည်း ဦးခင်ဝင်းက ပြောကြားသည်။

အဆိုပါ ရေးသားမှုများမှာ ဥပဒေကြောင်းအရ အရေးယူနိုင်သည့် ကိစ္စရပ်များ ဖြစ်သည့်အတွက် ဂျာနယ်၏ ရေးသား ဖော်ပြမှုကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန် ဦးကျော်ကျော်ဟန်က ပြောဆိုခဲ့ပြီး ယခုအကြိမ်မှာ ခေါ်ယူဆွေးနွေးခြင်းသာ ဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း ထုတ်ဝေသူ၏ ပြန်လည် ပြောကြားချက်ကို ကိုးကား၍ ဦးခင်ဝင်းက ရှင်းပြသည်။
“ထုတ်ဝေသူကို ဓာတ်ပုံ ရိုက်ထားပြီး မနက်ဖြန်ထွက်မယ့် အစိုးရ သတင်းစာတွေမှာ သတင်းဖော်ပြမယ်လို့ ပြောတယ်” ဟု ၎င်းကဆိုသည်။

ဂျာနယ် ထုတ်ဝေသူကို ရဲတပ်ဖွဲ့က ခေါ်ယူသတိပေးခြင်းမှာ အစဉ်အလာမရှိဘဲ ယခင်က စာပေစိစစ်ရေးမှတစ်ဆင့် ပြောဆိုပြီး ယခုအချိန်တွင် စာနယ်ဇင်း ကောင်စီမှတစ်ဆင့် အကြောင်းကြားကာ သက်ဆိုင်ရာ အယ်ဒီတာအဖွဲ့ကို ခေါ်ယူ ဆွေးနွေးခြင်းမျိုးသာ ရှိကြောင်း၊ သတင်းတပ်ဖွဲ့၏ ခေါ်ယူ သတိပေးမှုကြောင့် လူထုပုံရိပ်၏ မူဝါဒကို ပြောင်းလဲမည် မဟုတ်ကြောင်း ဦးခင်ဝင်းက ထပ်လောင်း ပြောကြားသည်။

ဒုတိယဝန်ကြီး ဦးရဲထွဋ်ကမူ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ၏ စာနယ်ဇင်းဆိုင်ရာ ပြဿနာများကို ဝင်ရောက် ဖြေရှင်းမှုအပေါ် သက်ဆိုင်ရာ စာနယ်ဇင်း အဖွဲ့များက လိုက်နာမှု အားနည်းသည့်အပြင် ယင်းသို့ ခေါ်ယူသတိပေးခြင်းမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အရေးယူမှုကို တိုက်ရိုက် ကိုင်တွယ်ရသူ ဖြစ်သည့်အတွက် ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

သို့သော် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီသို့ ရောက်ရှိ အကြောင်းကြားလာသည့် အငြင်းပွားမှုများနှင့် ပတ်သက်၍ ကောင်စီက ၉၀ ရာခိုင်နှုန်းနှင့်အထက် ဖြေရှင်းနိုင်ခဲ့ပြီး ယင်းသို့ ဖြေရှင်းထားမှုကို စာရင်းဇယားနှင့် ထုတ်ပြနိုင်ကြောင်း၊ စာနယ်ဇင်း ကောင်စီ၏ ဖြေရှင်းမှုကို လိုက်နာမှု အားနည်းသည် ဆိုပါက အထောက်အထားနှင့် ပြသရန် လိုအပ်ကြောင်း ကောင်စီ အတွင်းရေးမှူးက ပြောဆိုသည်။

လူထုပုံရိပ် သတင်းဂျာနယ်ကို ခေါ်ယူ သတိပေးမှုနှင့် ပတ်သက်၍ မည်သို့ ဆက်လက် ဆောင်ရွက်မည်ကို ထုတ်ဝေသူနှင့် အယ်ဒီတာအဖွဲ့များ ဆွေးနွေး ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း အမှုဆောင် စာတည်း ဦးခင်ဝင်းက ပြောဆိုသည်။

ယင်းသို့ လူထုပုံရိပ် ဂျာနယ်ကို ပြည်ထဲရေးက တိုက်ရိုက်ခေါ်ယူ သတိပေးခဲ့သော်လည်း သတင်းမီဒီယာများ အကြား၌ပင် အငြင်းပွားမှုများ ဖြစ်ပေါ်နေသည့် သူရိယနေဝန်း ဂျာနယ်၏ ရေးသား ဖော်ပြမှုများ အတွက်မူ အစိုးရအဖွဲ့က တိုက်ရိုက် ကိုင်တွယ်မှုမရှိဘဲ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) ကိုသာ လိုအပ်သလို ညှိနှိုင်း ဆောင်ရွက်ရန် အကြောင်းကြားခဲ့သည်။

ယင်းအပေါ် ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်က လူထုပုံရိပ်၏ အရေးအသားမှာ အများပြည်သူနှင့် သက်ဆိုင်သဖြင့် တိုက်ရိုက်ခေါ်ယူ သတိပေးခြင်း ဖြစ်ပြီး သူရိယနေဝန်း၏ ဖော်ပြချက်များမှာ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းတစ်ခုနှင့် သက်ဆိုင်သည်များ ဖြစ်၍ သက်ဆိုင်သူ ကာယကံရှင်များ၏ တင်ပြ တိုင်ကြားမှုအပေါ် မူတည်၍သာ အရေးယူ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ အများပြည်သူနှင့် သက်ဆိုင်ခြင်း မရှိ၍ အစိုးရက တိုက်ရိုက် ဝင်ရောက် ကိုင်တွယ်မည် မဟုတ်ကြောင်း ရှင်းလင်း ပြောကြားသည်။

၈၈မျိုးဆက်ခေါင်းဆောင်များ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး အတွက် နှုတ်ဆက်အားပေး



ယနေ့ နံနက်ကလည်း ၈၈မျိုးဆက်ခေါင်းဆောင်များကတက္ကသိုလ် ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ သွားရောက်၍
 ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး အတွက် နှုတ်ဆက်အားပေးစကားများ ပြောကြားခဲ့ကြသည်။

Photos from The 88 Generation Peace and Open Society

ဒီမို ဖက်တီး
အခုလို ၈၈ ခေါင်းဆောင်များ စုံစုံညီညီတက်ရောက်အားပေးကြတဲ့အတွက် NLD အတွက်ကတော့ တစ်အား ပါပဲ ။ ကျောချင်းကပ်ပြီး အာဏာရှင်စနစ်ကို တော်လှန်ခဲ့တဲ့ လူတွေ ရင်ချင်းအပ်နေတာကို ပြည်သူလူထုကလည်း မြင်ချင်လှပါပြီ ။ ။
ဓါတ်ပုံ - ထင်လင်းဦး

၂ဝ⁠ဝ၈ ဖွဲ့စည်းပုံကို တရားမျှတသယောင်ယောင် လုပ်နေလို့မရ ( ဒေါ်အောင်ဆန်းစုကြည်)

၂ဝ⁠ဝ၈ ဖွဲ့စည်းပုံကို တရားမျှတသယောင်ယောင် လုပ်နေလို့မရကြောင်း၊ ဒီဖွဲ့စည်းပုံဟာ တရားမျှတမှု မရှိသလို ဒီမိုကရေစီစံနှုန်းတွေနဲ့လည်­း မကိုက်ညီတာမို့ နိုင်ငံရဲ့အနာဂတ်အတွက် ကောင်းတဲ့ဖွဲ့စည်းပုံ မဟုတ်ဘူး­ဆိုတာ ပြတ်ပြတ်သားသား လက်ခံရမယ်လို့ ဆိုပါတယ်။

သမ္မတအရည်အချင်း ကန့်သတ်ချက် ပယ်ဖျက်ရေး ရန်ကုန်မှာ တောင်းဆိုဆန္ဒပြ




 မြန်မာ့ ဖွဲ့စည်းပုံပြင်ရေး ထောက်ခံမှုတိုးလာ
======================
ဗွီအိုအေ
သိင်္ဂီထိုက်
04.01.2014
ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့် အတော်လေးအတားအဆီးဖြစ်စေတဲ့ အခြေခံဥပဒေကို ၂၀၁၅ ရွေးကောက်ပွဲ အမီ ပြင်ဆင်နိုင် မယ့် လက္ခဏာတွေ အခုချိန်မှာ တွေ့နေရပါတယ်။   နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခွင့် ရစေမယ့် အခြေခံ ဥပဒေ ပြင်ဆင်ရေး အဆိုပြုချက်တွေနဲ့ ပတ်သက်ပြီး  ဗွီအိုအေ သတင်းထောက် Gabrielle Paluch က စုစည်းထားတာကို မသိင်္ဂီထိုက်က ပြောပြပေးမှာပါ။

မြန်မာ့အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာဆိုရင် ၂၀၁၅ ရွေးကောက်ပွဲမှာ သမ္မတ  အရွေးခံနိုင်ခွင့်အတွက် အခြေခံ ဥပဒေမှာ မဖြစ်မနေ ပြင်ဆင်ရမယ့် အချက်တွေကို လွှတ်တော်က တွန်းအားပေး လုပ်ဆောင်ရမယ့် နောက်ဆုံး အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီသတင်းပတ်မှာတော့ အဓိကကျတဲ့ နိုင်ငံရေး သမားတွေဆီက အခြေခံ ဥပဒေ ပြင်ဆင်ရေးကို ထောက်ခံတယ်ဆိုတဲ့ ပြောဆိုချက်တွေ ထွက်ပေါ်ခဲ့ပေမယ့်လည်း သူတို့က ဘယ်အချက်တွေကို ပြင်ဆင် တာကို ထောက်ခံသလဲ ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

အခြေခံဥပဒေထဲက ပုဒ်မ ၅၉ (စ) မှာ  သမ္မတ အဖြစ် ၀င်ရောက် အရွေးခံမယ့်သူရဲ့ အိမ်ထောင်ဘက်၊ သားသမီးတွေနဲ့ သူတို့ရဲ့ အိမ်ထောင်ဘက်တွေဟာ နိုင်ငံခြားသား ခံယူထားသူတွေ မဖြစ်ရဘူးဆိုတဲ့ အချက်က ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတလောင်း ဖြစ်ခွင့် တားဆီးထားတဲ့ အချက်ပါ။  ဒေါ်အောင်ဆန်းစုကြည်က ဗြိတိန်နိုင်ငံသား Michael Aris ကို လက်ထပ်ခဲ့သူ ဖြစ်သလို သူ့သား နှစ်ဦး ဟာလည်း မြန်မာနိုင်ငံသား မဟုတ်ကြပါဘူး။  သမ္မတလောင်း ဖြစ်ခွင့်အတွက် နောက်လိုအပ်ချက် တခုကတော့ စစ်ရေးအတွေ့အကြုံ ရှိဖို့ဆိုတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲမှာ စစ်တပ်ထဲ အမျိုးသမီး စစ်မှုထမ်းခွင့်ကို ဒီမတိုင်ခင်ကအထိ ပိတ်ပင်ထားတာပါ။

နောက်ထပ် သမ္မတ သက်တမ်း အရွေးမခံတော့ဘူးလို့ ပြောဆိုထားတဲ့ လက်ရှိ သမ္မတ ဦးသိန်းစိန်ကလည်း အခြေခံ ဥပဒေ ပြင်ဆင်ရေး ထောက်ခံတဲ့ အကြောင်း  ကြာသပတေးနေ့က နိုင်ငံပိုင် သတင်းမီဒီယာ ကနေ ပြောဆို ခဲ့ပါတယ်။ မြန်မာပြည်သူ အများအပြားကတော့ အရင် စစ်အစိုးရကို ဆန့်ကျင် တွန်းလှန်ခဲ့တဲ့  ဒေါ်အောင်ဆန်းစုကြည်သာသမ္မတ ဖြစ်ခဲ့ရင်တော့ နိုင်ငံရဲ့
ပြုပြင်ပြောင်းလဲရေး အတွက် အောင်မြင်မှု အတိုင်းအတာ တခုဖြစ်လိမ့်မယ်လို့ ယုံကြည်ထားကြတာပါ။

သောကြာနေ့တုန်းကလည်း ရန်ကုန်မြို့လယ်မှာ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသူ ၃၀ လောက်မှာ မမွှေးလည်း ပါဝင်ခဲ့ပါတယ်။

"ကျမတို့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၀ပြည့်နှစ် ကတည်းက ရွေးကောက်ပွဲမှာ သမ္မတလုပ်ဖို့ တင်ထားတာပါ။ အခုထိ သမ္မတ မဖြစ်သေးဘူးလေ။ ၂၀၀၈ဖွဲ့စည်းပုံမှာလည်း ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်ရေးကို တင်းကျပ်နေတယ်လို့ထင်ပါတယ်။ ပြည်သူ့ဆန္ဒနဲ့က လုံးဝ မကိုက်ညီဘူး။ ၅၉(စ)နဲ့ (ဃ) ပြင်ချင်တယ်ပေါ့။ တကယ်တော့ အန်တီတို့ ကပြင်ချင်တာက စာအုပ်တအုပ်လုံးပါ။ "

တနလာင်္နေ့တုန်းက အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီရဲ့ ဗဟိုကော်မတီ  အခြေခံ ဥပဒေထဲက အချက် ၅၁ ချက် ကို ပြင်ဆင်ရေး မဲခွဲ ဆုံးဖြတ်ဖို့ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။ ဒီအချက်တွေထဲမှာ ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို ၀င်ရောက်ယှဉ်ပြိုင်ခွင့်ပြုနိုင်ဖို့ ပြင်ဆင်မယ့် အချက်တွေလည်း ပါဝင်ခဲ့ပါတယ်။

၂၀၀၈ လူထု ဆန္ဒ ကောက်ယူပွဲနဲ့ အတည်ပြုခဲ့တဲ့ မြန်မာ့ အခြေခံ ဥပဒေကို ပြင်ဆင်ဖို့ကတော့ စစ်သား လွှတ်တော် အမတ် ၂၅ ရာခိုင်နှုန်း ပါဝင်နေတဲ့ လွှတ်တော်အမတ် ၇၅ ရာခိုင်နှုန်းက ထောက်ခံဖို့ လိုအပ်ပါတယ်။ ဒီ ၂၅ ရာခိုင်နှုန်းသော စစ်သား လွှတ်တော် အမတ်တွေက ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက် အရွေးခံခွင့်အတွက် အခြေခံ ဥပဒေ ပြင်ဆင်ရေး ကို ထောက်ခံမလား ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

အရင်တုန်းကတော့ စစ်သားလွှတ်တော် အမတ်တွေက အခြေခံ ဥပဒေ ပြင်ဆင်ရေးကို မထောက်ခံကြဘူးဆိုပြီး မြန်မာ့ နိုင်ငံရေး သုံးသပ်သူ Richard Horsey က ဆိုပါတယ်။ သမ္မတ ဦးသိန်းစိန်က အခြေခံ ဥပဒေ ပြင်ဆင်ဖို့ ထောက်ခံတာက လက္ခဏာကောင်း ဖြစ်ပေမယ့်လည်း သမ္မတ ဦးသိန်းစိန် အနေနဲ့ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို အာမခံ မပေးနိုင်ပါဘူးလို့လည်း သူက ပြောပါတယ်။

"ကျနော်တို့မှာ မြန်မာနိုင်ငံရဲ့ အဓိကကျတဲ့ နိုင်ငံရေးမှာ ပါဝင်သူတွေ အားလုံးရဲ့ သဘောဆန္ဒ ကောက်ယူထားချက် ရှိပါတယ်။ ဒီထဲမှာဆိုရင် တချို့ အချက်တွေကတော့ အခြေခံ ဥပဒေပြင်ဆင်ရေးက လိုအပ်ပါတယ်။ ဒါပေမယ့် ဘယ်အချက်တွေကို ပြင်ဖို့ လိုအပ်သလဲဆိုတာနဲ့ အခြေခံ ဥပဒေအသစ်ဟာ ဘယ်လို ဖြစ်သင့်လဲ၊ ဘယ်အချိန်မှာ ပြင်သင့်လဲ ဆိုတဲ့ အချက်တွေကတော့ သိပ်ကို အလှမ်းဝေးနေသေးပါတယ်။ "

အခြေခံဥပဒေ ပြင်ဆင်ရေး အဆိုပြုချက်တွေထဲမှာ တရားသူကြီးချုပ်နဲ့ တရားရုံးချုပ် တရားသူကြီးတွေကို ဘယ်လို ရွေးချယ်ကြမလဲဆိုတာနဲ့ သူတို့ဟာ ဥပဒေ ရေးရာ အတွေ့အကြုံတွေ ရှိဖို့၊ မရှိဖို့ ဆိုတဲ့ အချက်တွေလည်း ပါဝင်ပါတယ်။ ဒီအဆိုပြုချက်တွေထဲမှာ အစိုးရ စစ်တပ်နဲ့ အပစ်အခတ် ရပ်ဆဲရေး လုပ်ဆောင်နေကြတဲ့ တိုင်းရင်းသား အဖွဲ့တချို့ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် အမိန့် အာမခံချက်ပေးဖို့လည်း ပါဝင်ပါတယ်။



RFA
သမ္မတအရည်အချင်း ကန့်သတ်ချက် ပယ်ဖျက်ရေး ရန်ကုန်မှာ တောင်းဆိုဆန္ဒပြ
photo: RFA/ Kyaw Htoon Naing
2014-01-03

ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါဝင်တဲ့ နိုင်ငံတော်သမ္မတ အရည်အချင်းသတ်မှတ်ချက်ဖြစ်တဲ့ ၅၉ (စ) နဲ့ ၅၉ (ဃ) တွေကို ဖျက်သိမ်းပေးဖို့ ဒီနေ့ မနက်က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ လူ ၂၀၀ နီးပါး ဆန္ဒပြခဲ့ကြပါတယ်။

ဒီနေ့ဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူတစ်ဦးဖြစ်သူ မနွယ်နီ က ပြည်သူရွေးချယ်တင်မြောက်တဲ့ ခေါင်းဆောင် သမ္မတဖြစ်ရေးအတွက် ဒီနေ့ တောင်းဆိုဆန္ဒပြရ တာဖြစ်တယ်လို့ ပြောပါတယ်။

“အဓိကကတော့ ကျမတို့က ဒီရွေးချယ်တင်မြှောက်တဲ့ခေါင်းဆောင်ကို သမ္မတဖြစ်ရေးအတွက် ၅၉ (စ) နဲ့ ၅၉ (ဃ) ပေါ့၊ အဓိကကတော့ ဒီနှစ်ချက်ပေါ့၊ ကျမတို့က ၂ဝဝ၈ ဖွဲ့စည်းပုံကို ပြင်စေချင်တာပေါ့”

အဲဒီ ပုဒ်မ ၅၉ (စ) နဲ့ (ဃ) ပုဒ်မတွေဟာ ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်နိုင်အောင် တားဆီးထားတဲ့ ပုဒ်မတွေဖြစ်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

ဖွဲ့စည်းပုံပါ ပုဒ်မ ၅၉ (စ) မှာ မိမိရဲ့ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိရဲ့ တရားဝင် သားသမီး တစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင် သားသမီးတစ်ဦးဦးရဲ့ ဇနီးသို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ နိုင်ငံခြားအစိုးရရဲ့ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသောသူ သို့မဟုတ် နိုင်ငံခြားအစိုးရရဲ့ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါးရဲ့ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ ဆိုတဲ့အချက်တွေ ပါရှိပါတယ်။


The Voice Weekly
ပုဒ်မ ၅၉ (ဃ) နှင့် (စ) ပြင်ဆင်ရေး လူ ၂၀၀ ကျော် ဆန္ဒပြ
ရန်ကုန်၊ ဇန်နဝါရီ ၃
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေးအတွက် အဟန့်အတား ဖြစ်နေသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၅၉ (ဃ) နှင့် (စ) ပြင်ဆင်ရေးအတွက် ဇန်နဝါရီလ ၂ ရက်နေ့တွင် ဒီမိုကရေစီ အင်အားစု အဖွဲ့ဝင် ၂၀၀ ကျော်က ဆန္ဒထုတ်ဖော် ခဲ့ကြောင်း အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်သူ ဒီမိုကရေစီ အင်အားစု အဖွဲ့ဝင် ဦးဇော်ဝင်းက ပြောကြားသည်။
အဆိုပါ ဆန္ဒထုတ်ဖော်မှုကို ကျောက်တံတားမြို့နယ် မဟာဗန္ဓုလပန်းခြံ အနီးတွင် ပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရန်အတွက် ပုဒ်မ ၅၉ (ဃ) နှင့် (စ) ပြင်ဆင်ပေးရေး တိုက်တွန်း ပိုစတာများ ကိုင်ဆောင် ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။
“ဒီပုဒ်မတွေကို မပြင်ရင် ၂၀၁၅ ရွေးကောက်ပွဲမှာ တရားမျှတမှုရှိမှာ မဟုတ်ပါဘူး” ဟု ၎င်းကဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၅၉ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ အရည်အချင်းများပါ ပုဒ်မခွဲ (ဃ) တွင် နိုင်ငံတော် အရေးအရာများ ဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေးအမြင်များ ရှိရမည်ဟု ဖော်ပြထားသည်။
ထို့အပြင် ပုဒ်မခွဲ ၅၉ (စ) တွင် မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော် လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီးတစ်ဦးဦးသော် လည်းကောင်း၊ ထိုတရားဝင် သားသမီး တစ်ဦးဦး၏ ဇနီးသို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ နိုင်ငံခြားအစိုးရ၏ ကျေးဇူးတော်ကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ ဖြစ်သူသို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသား ဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ ဖြစ်သူသော် လည်ကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော် လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များ ကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရဟု ဖော်ပါရှိသည်။
NLD ပါတီက အဆိုပါ ပုဒ်မများ အပါအဝင် အခြေခံဥပဒေ ပြင်ဆင်ချက် ၁၆၈ ချက်ကို ပြည်ထောင်စုလွှတ်တော် အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီသို့ ပေးပို့ထားသည်။ လွှတ်တော် နှစ်ရပ်အတွင်း အမတ်ဦးရေ အများဆုံး အနိုင်ရရှိထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုရေးပါတီက အဆိုပုဒ်မ ၅၉ (စ) အပါအဝင် အခြေခံဥပဒေ ပုဒ်မ ၇၃ ခုကို ပြင်ဆင်ရန် လွှတ်တော်သို့ တင်သွင်းမည် ဖြစ်ကြောင်း အဆိုပါ ပါတီ၏ ဗဟိုကော်မတီဝင် ဦးလှဆွေက ပြောဆိုထားသည်။
အဆိုပါ ဆန္ဒထုတ်ဖော်မှုအတွက် ကျောက်တံတားမြို့နယ် ရဲစခန်းတွင် ခွင့်ပြုမိန့် တောင်းခံထားပြီး ပုဒ်မ ၅၉ (ဃ) နှင့် (စ) အလိုမရှိ ဆိုင်းပုဒ်များကို ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကာ ယင်းပုဒ်မ များကို ပြင်ဆင်ပေးသည်အထိ ဆန္ဒထုတ်ဖော်မှုများကို ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်း ဒီမိုကရေစီ အင်အားစု အဖွဲ့ထံမှ သိရသည်။