Monday, January 6, 2014

ဒီနေ့ကာတွန်း

သန်းခေါင်စာ ရင်းကောက် ယူရာတွင်နာမည်လွှဲဖြင့်သန်း ခေါင်စာရင်း ပေးသွင်းနိုင်




Yangon Media Group
ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာတွင် နာမည်လွှဲဖြင့် သန်းခေါင်စာရင်း ပေးသွင်းနိုင်ဟု နယ်စပ်ရေးရာ ၀န်ကြီးဌာန ဒုဝန်ကြီးပြောကြား
======================================
ကျော်ဇေယျ
======================================
ရန်ကုန် ၊ ဇန်န၀ါရီ ၅ ။ ။ ပြည်လုံး ကျွတ် သန်းခေါင်စာ ရင်းကောက် ယူရာတွင်နာမည်လွှဲဖြင့်သန်း ခေါင်စာရင်း ပေးသွင်းနိုင်ကြောင်း
ကော့ ကရိတ်မြို့ တွင် ပြုလုပ်သည့် နယ်စပ်ရေး ရာဝန်ကြီးဌာန ဒုဝန် ကြီးဦးဆောင်သည့် လူထုတွေ့ဆုံ ပွဲမှ သိရသည်။

ကရင်ပြည်နယ် နယ်စပ်မြို့ များဖြစ်သည့် မြဝတီမြို့နှင့်ကော့ ကရိတ်မြို့များ တွင် ဇန်နဝါရီ ၁ ရက်နှင့် ၂ ရက်နေ့များတွင် လူ ထုတွေ့ဆုံပွဲများပြုလုပ် ခဲ့ပြီး ကော့ ကရိတ်ဒေသခံ ၂၀၀ ကျော်နှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုဝန် ကြီး ဗိုလ်ချုပ်မောင်မောင်အုန်း ဦးဆောင်သည့်အဖွဲ့တို့ တွေ့ဆုံ ပွဲတွင် ပြောခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ပြောခြင်းမှာ သန်း ခေါင်စာရင်း ကောက်ယူရာတွင် မေးမြန်းမည့် အချက်အလက်များ နှင့်ပတ်သက်ပြီး စိုးရိမ်မှုရှိနေ သည့် ဒေသခံတချို့ကို အသိပေး ခြင်းဖြစ်ပြီး သန်းခေါင်စာရင်း သည်မည်သည့်အခြားအကြောင်း အရာများနှင့်မျှ မဆက်နွှယ် ကြောင်း နယ်စပ်ရေးရာဝန်ကြီး ဌာန ဒုဝန်ကြီးက လူထုတွေ့ဆုံ ပွဲတွင် ရှင်းလင်းပြောကြားသည်။

ဗိုလ်ချုပ်မောင်မောင်အုန်း က''တချို့က အမှန် ကိုပြောပြဖို့ စိတ်ပူပန်မှုတွေ ရှိနေကြတယ် လို့ ကျွန်တော်တို့ သိရတယ်။ ဒါကြောင့် နာမည်ကိုလွှဲပြောချင် ရင် ပြောလိုက်။ အချက်အလက် တွေကိုတော့ ပေးကြပါ။ ကျွန် တော်တို့က နာမည်တွေ၊ ဘာသာ တွေ အဓိကမရှိဘူး''ဟု သန်း ခေါင်စာရင်း ကောက်ယူ မှုတွင် ပြုလုပ် နိုင်သည့်ပုံစံကို ကော့က ရိတ် လူထုတွေ့ဆုံပွဲတွင် ဒေသ ခံများကို ပြောသည်။

''ဒီနိုင်ငံမှာနေတဲ့ လူစာရင်း အတိအကျရဖို့က အရေးကြီး တယ်။ သန်း ၇၀
ရှိတာကို သန်း ၆၀ စာရင်းပဲ ရရှိရင် စာရင်းမှာ မပါတဲ့ ကျန် ၁၀ သန်းက အခွင့် အရေး ဆုံးရှုံးမှာပါ။ ဒီစာရင်း ကောက်ယူမှုအတွက် ဥပဒေနဲ့ ပါ အကာအကွယ်ပေးထားပါ တယ်''ဟု ဒေသခံများ သန်းခေါင် စာရင်းကောက် ယူမှုတွင် ပါဝင် လာနိုင်ရေး စည်းရုံးခဲ့ကြောင်း တွေ့ရသည်။

နှစ် ၃၀ ကြာမြင့်ချိန်မှပြန် လည်ပြုလုပ်မည့် နိုင်ငံတွင်း သန်း ခေါင်စာ ရင်းကောက်ယူမှုကို ယခု နှစ် မတ် ၃၀ ရက်တွင် ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

မော်ကျွန်းကလယ်သမး၂၀၀အဖမ်းခံထားရ

အိုမင်းရင့်ရော်စွာ ပြောင်းလွဲသွားသော အာဏာမက်မောသူတစ်ဦး



ကျွန်တော်ကတော့ ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာနေတဲ့ ကရင်လူမျိုးတစ်ယောက်ပါ။ နာမယ်က စောကျော်သူလို့ ခေါ်ပါတယ်။ ပြောချင်တဲ့အကြောင်းက လူအချို့ရဲ့ သွင်ပြင်လက္ခဏာမှာ လိုချင်တပ်မက်စိတ်တွေ ပြင်းထန်လာရင်သူ့ရဲ့မူလစိတ်ဓာတ်နဲ့ မျက်နှာပြောင်းလဲကာ ရုပ်ရည်ရူပကာ ရင့်လာတတ်တဲ့အကြောင်း ကိုယ်တွေ့ မျက်မြင်အဖြစ်အပျက်ပါ။

ဟိုလွန်ခဲ့တဲ့နှစ်တွေတုန်းက ကျွန်တော်တို့ ဧရာဝတီတိုင်းမှာ ဗိုလ်ချုပ်သူရရွှေမန်း ဆိုတဲ့ တိုင်းမှူးတစ်ဦး ရှိခဲ့ပါတယ်။ သူရရွှေမန်းဟာ နူးညံ့သိမ်မွေ့ပြီး စိတ်သဘောထားကောင်းသူ တစ်ဦးဖြစ် ပါတယ်။ အလုပ်လုပ်ကိုင်ရာမှာ လက်အောက်ငယ်သားတွေ အမှားတစ်ခု ပြုလုပ်မိရင်တောင်မှ ဆူတာဆဲတာ မရှိခဲ့ပါဘူး။ ခိုင်းတဲ့တာဝန်တွေ ပြီးဖို့သာ အဓိကဆိုပြီး လက်အောက်ငယ်သားတွေအပေါ်မှာ ကိုယ်ချင်းစာနာ စိတ်ထားရှိသူအဖြစ် နာမည်ကောင်းနဲ့  ကျော်ကြားခဲ့ပါတယ်။ စကားကို မာမာထန်ထန်ပင် မပြောခဲ့သူမို့ စည်းရုံးရေးကောင်းသမားတစ်ဦးအဖြစ် လူချစ်လူခင်များခဲ့ပါတယ်။

ဧရာဝတီတိုင်းမှာရှိတဲ့ တပ်မတော်သားတွေအပြင် အရပ်သားဝန်ထမ်းတွေကလည်း သူရရွှေမန်းကို ချစ်ခင်လေးစားကြပါတယ်။ သူရရွှေမန်းရဲ့ မျက်နှာမှာ လောဘ၊ ဒေါသ၊ မာန်မာနတွေ ကင်းစင်နေတဲ့အတွက် သူ့ရဲ့ရုပ်ရည်ဟာ သူ့ရဲ့ရှိရင်းစွဲ အသက်ထက် အများကြီး ငယ်ရွယ်နေပါတယ်။ ဒါကြောင့်လည်း သူရရွှေမန်းရဲ့ ပတ်ဝန်းကျင်မှာ စီးပွားရေးသမားတွေ ၀ိုင်းလည်နေသလို ဒုက္ခနဲ့တွေ့ကြုံရလို့ အကူအညီတောင်းချင်တဲ့ တပည့်တွေလည်း ၀ိုင်းဝိုင်းလည်နေခဲ့ပါတယ်။ တစ်ခါတစ်လေမှာ သူရဦးရွှေမန်းဟာ ရင်းနှီးတဲ့သူတွေကို ရင်ဖွင့်တတ်ပါတယ်။ တပ်မတော်မှာ သူ့ကိုယ်သူ အခုလိုမျိုး တိုင်းမှူးအဆင့်အထိ ဖြစ်လာမယ်လို့တောင် မျှော်မှန်းမထားမိဘူးလို့ ပြောတတ်ပါတယ်။

နောက်မကြာမီမှာ သူရဦးရွှေမန်းဟာ တပ်မတော်မှာ တတိယအကြီးဆုံးနေရာကို ရောက်သွားခဲ့ပါတယ်။ စစ်ထောက်လှမ်းရေးမှူးဟောင်းကိုတော င် ဖြုတ်ချနိုင်ခဲ့တဲ့အထိပါပဲ။ အဲဒီတုန်းက ပြည်သူတွေအကြားမှာတော့ သူရဦးရွှေမန်းရဲ့“တရားဥပဒေအထက်မှာ ဘယ်သူမှ မရှိဘူး” ဆိုတဲ့ စကားလုံးဟာ မှတ်မှတ်သားသား ဖြစ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူရဦးရွှေမန်းရဲ့ အသွင်သဏ္ဍာန်ဟာ အရင်ကလို မဟုတ်တော့ဘဲ (အရပ်ထဲက စကားနဲ့ ပြောရရင်) မျက်နှာကြော တင်းမာလာပါတော့တယ်။ သူရဦးရွှေမန်းဆီမှာ အနီးကပ်နေသူတွေကတစ်ဆင့် သိခဲ့ရတဲ့ သတင်းတွေအရတော့ သူရဦးရွှေမန်းဟာ မကြာမီမှာ တပ်ချုပ်ဖြစ်တော့မယ်ဆိုခဲ့တဲ့ သတင်းပါပဲ။ ဒါပေမယ့် နောက်တော့ မျှော်လင့်သလို ဖြစ်မလာခဲ့ဘဲ တပ်မတော်က အငြိမ်းစား ယူခဲ့ရပြီး ဒီမိုကရေစီအစိုးရဆိုတဲ့ကာလမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဆိုတဲ့နေရာမှာ ထိုင်လိုက်တာ တွေ့လိုက်ရပါတယ်။

လွှတ်တော်ဥက္ကဋ္ဌဖြစ်တဲ့အချိန်ကစလို့ သူရဦးရွှေမန်းရဲ့ အနေအထားဟာ အရမ်းကို ပြောင်းလဲသွားတာတွေ့လိုက်ရပါတယ်။ လွှတ်တော် ဥက္ကဋ္ဌတစ်ဦးအနေနဲ့ ပြည်တွင်းပြည်ပခရီးစဉ်တွေ သွားလာတာတွေ များလာပြီး ရာထူးအာဏာ မမက်မောဘူးလို့ ထင်ထားခဲ့တဲ့ သူရဦးရွှေမန်းဟာ အကြီးအကျယ် ပြောင်းလဲသွားတာ တွေ့လိုက်ရပါတယ်။ သူရဲ့စိတ်ထဲ မှာ ကြံရွယ်ထားတဲ့အတိုင်း၂၀၁၅ခုနှစ်မှာ သမ္မတဖြစ်ချင်ကြောင်း ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

အရင်တုန်းက ဖြူဖြူစင်စင် ကြည်ကြည်လင်လင် တွေ့မြင်ရတဲ့ သူရဦးရွှေမန်းရဲ့ မျက်နှာမှာ အာဏာတွေ ပါဝါတွေ တွေ့မြင်လာရပြီး စိတ်ခံစားချက်က သူရဲ့ရုပ်သွင်မှာ ပေါ်လွင်နေပါတယ်။ ရုပ်ရည်ကြမ်းလာသလို အရွယ်တော်တော်ကြီး ကျသွားခဲ့ပါတယ်။ သူ့ကို ကြည့်ရတာ လွန်ခဲ့တဲ့အချိန်ကာလတုန်းက ဧရာဝတီတိုင်းမှာ တိုင်းမှူးဘ၀သွင်ပြင်နဲ့ တော်တော်ကြီးကို ကွာခြားနေပါတယ်။ စိတ်ဖိစီးမှုတွေများနေတဲ့ သူရဲ့မျက်နှာထားဟာ ကျွန်တော်သိခဲ့တဲ့ သူရ ဦးရွှေမန်းမှ ဟုတ်ရဲ့လားလို့တောင် ယုံမှားသံသယ ဖြစ်မိပါတယ်။ သမ္မတဖြစ်ချင်လွန်းတဲ့ စိတ်ကြောင့် လွှတ်တော်ငါးနှစ်သက်တမ်းအတွင်းတောင် သက်ဆိုးရှည်ပါ့မလားလို့ စိုးရိမ် ပူပန်မိပါသေးတယ်။

တကယ်တော့လဲ အခုသူရဦးရွှေမန်းဟာ အရင်က စစ်တိုင်းမှူး ဗိုလ်ချုပ်သူရရွှေမန်း မဟုတ်တော့ပါဘူး။ အရင်တုန်းက ရိုးသားသူတစ်ဦးဖြစ်ခဲ့ပေမယ့် သားတွေကြောင့် လောဘပိုကြီးလာပါတယ်။ အဖေဖြစ်သူရဲ့ ရာထူးအရှိန်အ၀ါနဲ့ သားဖြစ်သူ တိုးနိုင်မန်းလဲ လွှတ်တော်ထဲကို ရောက်လာသလို စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးလည်း ဖြစ်လာခဲ့ပါတယ်။ အရင်တုန်းက ဥပဒေအထက်မှာ ဘယ်သူမှမရှိဘူးလို့ ကြွေးကြော်နိုင်ခဲ့ပေမယ့် အခုကျတော့ သင်္ကြန်အမြောက်လိုပါပဲ။ အသံသာ မြည်ပြီး အဆံ မပါတော့ပါဘူး။ သူ့မိသားစုရဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ ပတ်သက်လို့ အချိန်မရွေး အစစ်ဆေးခံနိုင်တယ်လို့ မရဲတရဲလောက်ပဲ ပြောနိုင်ပါတော့တယ်။

ဥပဒေအထက်မှာတော့ သူရဦးရွှေမန်းရဲ့ မိသားစုရှိနေတယ်လို့ အများက ပြောနေကြပါတယ်။ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် နာယက အပြင် ၂၀၁၅မှာတော့ သမ္မတဖြစ်ဖို့အထိ လုပ်ဆောင်နေတာတွေဟာလဲ တကယ်တော့ သူ့သားတွေရဲ့ စီးပွားရေးလုပ်ငန်းတွေကြောင့် အာဏာလောဘဇော တိုက်နေတာ ဖြစ်ပါတယ်။ ရလေလိုလေအိုတစ္ဆေ ဆိုသလို သမ္မတထက်ကြီးမားတဲ့ရာထူးရှိရင်တောင် အဲဒီရာထူးကို ရအောင်ယူမှာ သေချာနေပါတယ်။

ဧရာဝတီတိုင်းသားတစ်ဦးအနေနဲ့ သူရဦးရွှေမန်းကို တွေ့မြင်ချင်တာကတော့ အရင်ကလို အာဏာ မမက်မောတတ်တဲ့၊ ကြည်ကြည်လင်လင် ရိုးရိုးသားသားနဲ့ အသွင်သဏ္ဍာန်ကိုပဲ မြင်ချင်တာပါ။ သူရဲ့ပြည်ခိုင်ဖြိုး ပါတီမှာလဲ အရင်တုန်းက စိတ်သဘောထားပြည့်ဝသူအဖြစ် လက်ခံထားခဲ့ပေမယ့် ခုနောက်ပိုင်း ပါတီညီလာခံမှာတော့ ဒေါသတွေ ပြင်းထန်လာတယ်လို့ ပါတီဝင်တစ်ဦးက ပြောပါတယ်။ တချို့ ဆုံးဖြတ်ချက်တွေဆို ပါတီဝင် အများစုရဲ့မဲဆန္ဒကို အလေးမထားဘဲ သူရဦးရွှေမန်းပြောတဲ့အတိုင်း အောက်ကသဘောတူလက်ခံခဲ့ရတယ်လို့ ကြားသိရပါတယ်။

သူရဦးရွှေမန်း ကတော့ သမ္မတဖြစ်ဖို့၊ သူ့မိသားစုတွေ စီးပွားရေးတွေ မြင့်သထက်မြင့်မားဖို့ဆိုတဲ့ လောဘတွေကြောင့် အရွယ်အရမ်းကျနေပြီး ဒါဟာ ဧရာဝတီတိုင်းမှူးလုပ်ခဲ့တဲ့ သူရဦးရွှေမန်းမှ ဟုတ်ပါရဲ့လားလို့ ယုံမှားသံသယ ဖြစ်နေမိပါတယ်ဗျာ။

စောကျော်သူ။

မလေးရှားတွင် အသတ်ခံရသောကိုဇော်နိုင်သတင်းကို မိသားစုဝင်များ online ပေါ်မှသိရ




စစ်တွေ၊ ၅ ဇွန်န၀ါရီ၊ ၂၀၁၄။ Coral Arakan News (သတင်း)

မလေးရှားတွင် အသတ်ခံရသော ကိုဇော်နိုင် ၏ မိသားစုဝင် များသည် သူ၏သတင်း online ပေါ်မှတဆင့်ကြားရသောကြောင့် အထူးဝမ်းနဲကြေကွဲလျှက်ရှိနေကြသည်။

ကိုဇော်နိုင်သည် စစ်တွေမြို့၊ လမ်းမတော်တောင်ရပ်ကွက် ၊ ထန်းပင်ရင်းလမ်း၊ တွင် နေထိုင်ခဲ့သူဖြစ်ပြီး လွန်ခဲ့သော ၁၅ နှစ်က မလေးရှားသို့တရားမ၀င်သွားခဲ့သည်ဟုသိရသည်။

အဖ ဦးကျော်သိန်း( ကွယ်လွန်) အမိ ဒေါ်မဖြူတို့၏ သားသမီး ရှစ်ယောက်နက် ဒုတိယအကြီးဆုံးသားဖြစ်ပြီး ဘွဲရပြီး ဆည်မြောင်းဦးစီးဌာနတွင် စာရေးအလုပ်ဝင်လုပ်ခဲ့သည်။ပြီးနောက်အလုပ်မှထွက်ကာ မလေးရှားသို့သွာခဲ့ခြင်းဖြစ်သည်။

အေးဆေးတည်ငြိမ်ပြီး မည်သူနှင့်မှ ရန်မဖြစ်တတ်သူ ကိုဇော်နိုင် အသတ်ခံရခြင်းအတွက် အထူးအံသြတုန်လှုပ်မိကြောင်း သူ၏သူငယ်ချင်းတစ်ဦးကပြောကြားခဲ့သည်။

မလေးရှားတွင် အလုပ်နှစ်ခု လုပ်ပြီးမိသားစုအတွက် ပုံမှန်ငွေပို့ကာ ယခုနှစ်သင်္ကြန်တွင် စစ်တွေသို့အပြီးပြန်လာရန်ပြင်ဆင်နေသူဖြစ်ကြောင်း မိသားစုဝင်တို့နှင့်နီးစပ်သူတစ်ဦးက Coral Arakan အား ပြောကြားခဲ့သည်။

တန်ဘိုးမျှတအိမ်ရာစီမံကိန်းအခန်းဝယ်ယူရန်ကိုက်ညီမှုရှိရမည့်အချက်အလက်များ



ဗိုလ်ဗထူး တန်ဘိုးမျှတအိမ်ရာစီမံကိန်းသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အိမ်ရာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် ထောက်ပံ့ပေးထားသော စီမံကိန်းတစ်ခုဖြစ်ပါသည်။

အခန်းဝယ်ယူရန်လျှောက်ထားမည့်သူတွင်ကိုက်ညီမှုရှိရမည့်အချက်အလက်များ

၁။ လျှောက်ထားသူသည် ပြည်ထောင်စုမြန်မာနိုင်ငံသား ဖြစ်ရမည်။

၂။ လျှောက်ထားချိန်တွင် အသက် (၂၅) နှစ်ထက်မငယ်ရ။

၃။ လျှောက်ထားမည့်သူသည်မိသားစုတွင်အဓိကပါဝင်မည့်သူများအား သတ်မှတ်၍ လျှောက်လွှာတွင် ဖော်ပြရပါမည်။

အောက်တွင် ဖော်ပြထားသော အစီအစဉ်များထဲမှ တစ်ခုတွင် လျှောက်ထားသူ၏မိသားစုတွင် အဓိကပါဝင်သူများအား သတ်မှတ်ရပါမည်။

၎။ လျှောက်ထားမည့်သူ မိသားစု၏ ပျမ်းမျှလစဉ်ဝင်ငွေ စုစုပေါင်းသည် ( ၃.၀ သိန်း ) ထက် မကျော်ရ။ အကယ်၍ ဆွေမျိုးများပါသော မိသားစုဝင်များ နေထိုင်ရန်အတွက် ၀ယ်ယူမည်ဆိုပါက စုစုပေါင်း လစဉ်ဝင်ငွေမှာ ( ၇.၀ သိန်း ) အောက်ရှိရပါမည်။ ၄င်းဝင်ငွေများအတွက် ခိုင်လုံသော အထောက်အထား တင်ပြရမည်။ ၄င်းလိုအပ်ချက်များအား သတ်မှတ်ရခြင်းမှာ ၄င်း တန်ဘိုးမျှတအိမ်ရာတွင် အမှန်တကယ် အိမ်လိုအပ်သူများအား နေထိုင်စေလိုသောကြောင့် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ၄င်းအိမ်ရာ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် အစိုးရမှ ထောက်ပံ့ပေးထားသောကြောင့် ဖြစ်ပါသည်။

၅။ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများသည် ၄င်းတို့၏ စုဆောင်းငွေဖြင့် အရစ်ကျ လက်ငင်းငွေချေ စနစ်ဖြင့် ၀ယ်ယူခွင့်ရှိသည်။ မိသားစုဝင်များ၏ ၀င်ငွေဖြင့်လည်း ချေးငွေစနစ်ဖြင့် ၀ယ်ယူနိုင် ပါသည်။

၆။ ချေးငွေစနစ်ဖြင့် ၀ယ်ယူလိုပါက လျှောက်ထားသူသည် ၄င်းနှင့် ၄င်း၏ မိသားစုဝင်များ၏ လစဉ်ဝင်ငွေအတွက် တိကျခိုင်မာသော အထောက်အထားအား တင်ပြရမည် ဖြစ်ပါသည်။ နိုင်ငံ့ဝန်ထမ်း (သို့)ကုမ္ပဏီဝန်ထမ်းများအတွက် သက်ဆိုင်ရာ ဌာနအကြီးအကဲ ထောက်ခံချက်အား ပူးတွဲတင်ပြရမည်။ ယင်းထောက်ခံချက်သည် ၄င်းဝန်ထမ်း၏ ၀င်ငွေနှင့်ပတ်သက်၍ အခန်းတန်ဘိုး အကြေအလည် ပေးဆောင်ပြီးချိန်အထိ တာဝန်ယူရမည် ဖြစ်ပါသည်။

၇။ လျှောက်ထားသူနှင့် လျှောက်လွှာတွင် ဖော်ပြထားသော ပိုင်ဆိုင်ခွင့်ရှိသူ (သို့) ၄င်း၏ မိသားစုဝင်များသည် အခြားအိမ်ခန်း၊ အိမ်နှင့်မြေအရစ်ကျ ၀ယ်ယူမှုများအား လျှောက်လွှာ မတင်မီလ (၃၀)အတွင်း သော်လည်းကောင်း၊ လျှောက်လွှာတင်ပြီး ၀ယ်ယူခွင့် ရရှိပြီးချိန်နှင့် အခန်းတန်ဘိုး အကြေအလည် ပေးဆောင်ပြီးချိန်အထိလည်းကောင်း ၀ယ်ယူခြင်း၊ပိုင်ဆိုင် ခြင်း မပြုလုပ်ရပါ။

၈။ အိမ်ခန်းအား (၅) နှစ်အတွင်း လွှဲပြောင်းရောင်းချခြင်း မပြုလုပ်ရ။ သတ်မှတ်ချိန်ကျော်လွန်၍ ပြုလုပ်လိုပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ တင်ပြလျှောက်ထားပြီး ခွင့်ပြုချက်ရရှိမှသာ လွှဲပြောင်း ရောင်းချခွင့်ပြုမည်။ ထိုသို့သတ်မှတ်ရခြင်းမှာ ဈေးကစားရန် ၀ယ်ယူမှုများကြောင့် အိမ်ရာဈေးနှုန်းများ မြင့်မားလာခြင်းမှ ကာကွယ်ရန် ဖြစ်ပါသည်။

၉။ အိမ်ခန်းလျှောက်ထားမည့်သူနှင့် မိသားစုတွင် အဓိကပါဝင်သူများသာအမှန်တကယ် နေထိုင်ရမည်ဖြစ်ပြီး အငှားချထားခြင်းမပြုလုပ်ရပါ။


ဗိုလ်ဗထူးတန်ဖိုးမျှတအိမ် ရာတိုက်ခန်းများအား ဝယ်ယူလို သူများ အနေဖြင့် လျှောက်လွှာပုံ စံကို ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော် မတီ အင်ဂျင်နီ ယာဌာနတွင် လာရောက်ကြည့်ရှု ၍ လျှောက်လွှာများကို ၂၀၁၄ ခုနှစ် ဇန်နဝါရီ၁ရက်မှ စတင် ၍ လက်ခံလျက်ရှိပြီး ဇန်နဝါရီ ၃၁နောက်ဆုံးထားပေးပို့ရ မည်ဖြစ်ကြောင်း သိရသည်။


http://www.ycdc.gov.mm/mobile_news_preview_detail.php?action=list_detail&news_id=uEh1LJ1%2BBKWobrMN%2BhqwnMxtBOoGTUMZWGV5%2BO3ff%2Fo%3D

တရုတ်ပြည်နှင့် ကူးသန်းရောင်းဝယ်ကြတဲ့အခါ ဘာတွေဖြစ်လာနိုင်လဲ



တရုတ်ပြည်နှင့် ကူးသန်းရောင်းဝယ်မှု လုပ်တော့မည်ဟု ဆိုခြင်းသည်ကား

လုပ်အားခဈေးအပေါဆုံး

သဘာဝအရင်းမြစ်လိုအပ်ချက်အများဆုံး

တရားဥပဒေ အကာကွယ်မဲ့မှုနှင့် ချိုးဖေါက်မှုအများဆုံး

စသည်တို့ဖြင့် စုပေါင်းပုံဖေါ်ထားသည့် ကွန်မြူနစ်အစိုးရ ထိန်းချုပ်မှုအောက်မှ တရုတ်စီးပွားရေး ကြမ်းရမ်းနိုင်ရန် အတွက် လိုအပ်သလို ငွေကြေးအင်အား အသင့်ရှိ တရုတ်ပြည်ဗဟိုဘဏ်နှင့် ယှဉ်ပြိုင်တော့မည် ဒါမှမဟုတ် ကူးသန်းရောင်းဝယ်မှု လုပ်တော့မည်ဟူသော အဓိပ္ဗါယ်ဖြစ်သည်။

ထိုစိန်ခေါ်မှုအတွက် ကမ္ဘာမှာ သင်ခန်းစာယူစရာ အမေရိကန်တို့ အဖြစ်ပျက် ရှိပေသည်။ ၂၀၀၁ ခုနှစ် WTO (the World Trade Organization) သို့ တရုတ်ပြည်ကို လက်ခံလိုက်ချိန်မှာ အမေရိကန်တို့ ကြိုတင် မတွေးဆထားမိသည့် တရုတ်ကွန်မြုနစ်တွေရဲ့ အလုပ်ကိုင် အခွင့်လမ်း ရိုက်ချိုးခြင်းဟူသည့် အမြှောက်ကျည်ဆံကြီးများ ပီကင်းမှ ၀ါရှန်တန်ကို ကျရောက်သကဲ့သို့ အလုပ်အကိုင်အခွင့်လမ်း အရင်းမြစ်ပေါင်း ၅၇၀၀၀ ချက်ချင်းပျောက်ကွယ်ခဲ့ရသည်။

ဝယ်လိုအားရှိသည့် အမေရိကန်ဈေးကွက်နှင့် လုပ်အားပေါပေါသာရှိပြီး ၀ယ်လိုအားမရှိသည့် တရုတ်ဈေးကွက် နှစ်ဖက် ကူးသန်းရောင်းဝယ်မှုများ လုပ်ကြသောအခါဝယ်။ တရုတ်ကွန်မြူနစ်တွေအတွက် အလုပ်ကိုင်အခွင့်လမ်းများ တိုးပွားလာခြင်း။ အမေရိကန် အရင်းရှင်ကြီးများအတွက် အမြတ်စွန်းများ ကြီးထွားလာခြင်း နှင့် ပြည်ထောင်စုအစိုးရ အတွက် အကြွေးတင်လာခြင်းကိုသာ သိသိသာသာ ခံစားရလေသည်။

အမေရိကန်လုပ်အားခထက် အဆပေါင်းများစွာ ဈေးသက်သာသည့် တနေ့ကို ပြား ၄၀ ခန့်သာကျသည့် အစားသောက် ကြွေးမွေးလိုက်ရုံလောက်ဖြင့် နေစဉ် ၁၀နာရီခန့် လုပ်အားရယူနိုင်သည့် တရုတ်အစိုးရ အကျဉ်းစခန်းတွေမှာ အကျဉ်းသား လုပ်အားပေါင်း ဆယ်သန်းနီးပါး နေ့စဉ်အသင့်ရှိသည်။ တရုတ်အကျဉ်းစခန်းများတွင် အလုပ်မလုပ်နိုင်သူ အစာရာရှင် မရနိုင်သည့် စနစ်ဖြင့် လုပ်အား တည်ဆောက်ထားသည်။

တရုတ်ကွန်မြူနစ်ပါတီက ထိုအကျဉ်းသားများ၏ လုပ်အားဖြင့် ခရစ္စမတ်မီးသီးများ ရာဘာဖိနပ်များ အစရှိသည့် အိမ်သုံး ပစ္စည်းများကို အမေရိကန်လုပ်ငန်းရှင်ကြီးများ အတွက် တပ်ဆင်ပေးပြီး။ အမေရိကား သို့ ပြန်လည်သယ်ပို့ ရောင်းချလိုက်သည့်အခါ အမေရိကန်အရင်းရှင်များ အတွက် အဆပေါင်းများစွာသော အမြတ်စွန်းများကို ရရှိစေပြီး။ အမေရိကန်အလုပ်သမားတွေ လမ်းဘေးရောက်ကုန်ကြတော့သည်။

ထိုအတူတာဝန်ယူမှု လစ်ဟင်းလှသည့် တရုတ်ကုန်ပစ္စည်းများ၏ ဘေးထွက် ဆိုးကျိုးများမှာလည်း ပြောမကုန်လောက်အောင် ခံစားရမှာဖြစ်သည်။ တရုတ်ပြည်လုပ် တိရိစ္ဆာန်အစားစာဖြင့် အသက်ပျောက်ကုန်သည့် အိမ်မွေးတိရစ္ဆာန်လေးများ ဆုံးရှုံးမှုသည် ခံသာသော်လည်း။ တရုတ်ပြည်လုပ် အရုပ်များ ကလေးအသုံးဆောင် ပစ္စည်းများဖြင့် ဓာဒုဗေဒ အဆိပ်သင့်ကုန်သည့် ကလေးငယ်များ ပြဿဿနာသည် ကြောက်မက်ဖွယ်ရာ ကောင်းလှပေသည်။

မူပိုင်ခွင့်ချိုးဖေါက်ခြင်းကို ကာကွယ်ပေးမှုမရှိသည့် တရုတ်ကွန်မြူနစ်ပါတီ ထိန်းချုပ်မှုအောက်က တရုတ်ပြည်ဈေးကွက်မှာ တရုတ်ဥပဒေကို လိုက်နာပါ့မည်ဟု လက်မှတ်ရေးထိုးပြီး စီးပွားလုပ်ကြသည့် အခါဝယ် အင်တာနက်ဝန်ဆောင်မှု၊ ကွန်ပြူတာဆော့ဝလ်မှ စပြီး အနုပညာ လုပ်ငန်းများ အထိ မူပိုင်ခွင့် အလွဲသုံးစားပြုမှုကြောင့် အမေရိကန်တို့ အထိနာရသည်။

မြန်မာနို်င်ငံမှာ တရုတ်နှင့် ကူးသန်းရောင်းဝယ်ဖို့ ကြံစည်ကြတဲ့အခါ ထည့်သွင်း စဉ်းစားကြရန်နှင့် အနာဂတ်မှာ တရုတ်စီးပွားရေး စီးဆင်းလာသည့် အခါဝယ် ရင်ဆိုင်ကြရမည်များကို တွေးဆမိစေရန် အတွေးများ ဝေမျှလိုက်ပါသည်။

ချစ်ခင်စွာဖြင့်
ရဲမင်းထွန်း

ချင်းပြည်နယ်ရောက်အမေစု

လူပျိုကြီးရဲ့ ရှက်ပြုံး....

အထူးယာဉ်လိုင်းများအား လူပုဂ္ဂိုလ်တစ်စုကသာ ပြေးဆွဲခွင့်ရရှိနေ


 Eleven Media Group

အထူးယာဉ်လိုင်းများအား လူပုဂ္ဂိုလ်တစ်စုကသာ ပြေးဆွဲခွင့်ရရှိနေသည့် မမျှတမှုများအပေါ် အစိုးရနှင့် ညှိနှိုင်းသွားရန် စီစဉ်နေ

 ရန်ကုန်တိုင်းဒေသကြီးအတွင်း အထူးယာဉ်လိုင်းများအား လူပုဂ္ဂိုလ်တစ်စုသာ ပြေးဆွဲခွင့်ရရှိသည့် မမျှတ အခြေအနေများအပေါ် အစိုးရနှင့် ညှိနှိုင်းဆောင်ရွက်ရန် စီစဉ်နေသည်ဟု ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောကြားသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော အထူးယာဉ်လိုင်းများကို ငွေကျပ် ၂၀၀ ပေးကာ စီးနင်းနေရပြီး စတင်ပြေးဆွဲစဉ်က ထိုင်ခုံရှိခရီးသည်သာ တင်မည်ဖြစ်ပြီး မတ်တတ်စီးခရီးသည် မတင်ကြောင်း၊ လေအေးပေးစက်ဖွင့်ပေးခြင်း စသည်တို့ကြောင့် စီးနင်းအသုံးပြုသည့် ခရီးသည်များ လာခဲ့ကြောင်း၊ ထိုသို့များပြားလာသည့် ခရီးသည် အခြေအနေကြောင့် နောက်ပိုင်းတွင် ထိုင်ခုံအပြင် မတ်တတ်ရပ်စီး ခရီးသည်များဖြင့် ပြည့်ကျပ်စွာ တင်ဆောင်လာခြင်း၊ လေအေးပေးစက်များ မလည်ပတ်တော့ခြင်းများ ရှိလာကြောင်း၊ ထို့အတွက် ပုံမှန်ပြေးဆွဲနေသည့် ခရီးစဉ်တစ်ပိုင်းလျှင် ကျပ် ၅၀ နှုန်းဖြင့် ကောက်ခံနေသည့် ယာဉ်လိုင်းများဖြင့် မထူးခြားနားပင် ဖြစ်လာခဲ့သည်။ ယင်းသို့ အထူးယာဉ်လိုင်းများအား လူပုဂ္ဂိုလ်တစ်စုကသာ ပြေးဆွဲခွင့် ရရှိနေမှုအပေါ် ယာဉ်ပိုင်ရှင်များဘက်က လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းကြောင်း သိရသည်။ “အထူးယာဉ်လိုင်းက ဘယ်စီးစီး ၂၀၀ ကျပ်ရိုးရိုးယာဉ်လိုင်းက ၅၀ ကျပ် ဒါပေမဲ့ ကားချင်းကအတူတူပဲ။ ဘာမှမကွာခြားတော့ဘူး။ အထူးတွေက ကျပ် ၂၀၀ ရပြီး ရိုးရိုးတွေက ၅၀ ပဲရတော့ ၀င်ငွေချင်း အရမ်းကွာဟနေတယ်။ ကျပ် ၂၀၀ က အဲကွန်းပါလား။ သက်တောင့်သက်သာရှိလား။ ရှိရင် ၂၀၀ ယူတာ ပြဿနာမဟုတ်ဘူး။ လူထုကလည်း ပေးစီးမှာပဲ။ အခုတော့ ကားတွေက ဘာမှမထူးခြားဘူး ဖြစ်နေတယ်။ ပြီးတော့ ဒီအထူးကားတွေကို ပုဂ္ဂိုလ်တစ်စုပဲ ပြေးဆွဲခွင့် ရနေတယ်။ ဒါဟာ မမျှတတဲ့ အနေအထားတွေပါ။ အဲဒါကို အစိုးရပိုင်းနဲ့ ညှိနှိုင်းပေးဖို့ ရှိပါတယ်” ဟု ဒေါက်တာညိုညိုသင်းက ပြောကြားသည်။ “အန်တီအနေနဲ့ ယာဉ်ပိုင်ရှင်တွေနဲ့ အပေးအယူ သဘောမျိုး လုပ်မယ်။ ဘယ်လိုအပေးအယူလဲဆိုတော့ အစိုးရကို အန်တီအနေနဲ့ ဒီမမျှတမှုကို တင်ပြပြီး ညှိနှိုင်းပေးမယ်။ ယာဉ်လိုင်းတွေဘက်ကလည်း ရုံးတက်ရုံးဆင်းချိန်တွေမှာ အမျိုးသမီး သီးသန့်ယာဉ်တွေ ထည့်သွင်းပြေးဆွဲပေးရေး စီစဉ်ပေးဖို့ပါပဲ” ဟု ဒေါက်တာညိုညိုသင်းက ဆက်လက်ပြောကြားသည်။ ထို့ပြင် ယာဉ်လိုင်းများ ပြေးဆွဲခွင့်ကို စီမံခန့်ခွဲနေသော ယခင်ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (မ.ထ.သ)နှင့်ပတ်သက်၍ တိုင်ကြားများစွာ လက်ခံရရှိခဲ့ပြီး ယင်းအထဲတွင် ယာဉ်လိုင်းဝင်လိုပါက ကော်မတီက ယာဉ်ပိုင်ရှင်ထံမှ ငွေကြေးတောင်းခံမှုများလည်း ပါဝင်နေကြောင်း သိရသည်။ ယခု မ.ထ.သ ကော်မတီကို အသစ်ပြန်လည် ဖွဲ့စည်းခဲ့ပြီးဖြစ်သည်။ ရန်ကုန်တိုင်ဒေသကြီးအတွင်း ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်လိုင်း အဖွဲ့အစည်း ၁၈ ခုခန့်ရှိပြီး ခရီးသည်တင်ယာဉ် အစီးရေ ၆၀၀၀ ကျော် ပြေးဆွဲလျက်ရှိနေကြောင်း သိရသည်။ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် အထူးယာဉ်လိုင်းမှ ဘတ်စ်ကားများအား တွေ့ရစဉ်


ASIA WORLD ကုန်သေတ္တာစစ်ဆေးရေးအကောက်ခွန် ဦးစီးဌာနက ဖမ်းဆီး



Eleven Media Group
 ASIA WORLD ကုန်သေတ္တာစစ်ဆေးရေး စခန်းတွင် သွင်းကုန်ကြေညာထားခြင်း မရှိသည့် ကုန်စည်များနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အကောက်ခွန်မဲ့ ကုန်စည်များအား စစ်ဆေးဖမ်းဆီးမိကြောင်း သိရသည်။ ASIA WORLD ကုန်သေတ္တာစစ်ဆေးရေး စခန်းတွင် ကုန်စည်များ စစ်ဆေးရာတွင် နှောင့်နှေးကြန့်ကြာမှု မရှိစေရန် ကုန်သေတ္တာများအား Green၊ Yellow၊ Red လိုင်းခွဲ၍ စစ်ဆေးနေပြီး စစ်ဆေးရာမှ ဒီဇင်ဘာ ၂၆ ရက်တွင် ကုမ္ပဏီတစ်ခုမှ PPR Pipe များတင်ဆောင်လာသည့် ပေ ၄၀ ကွန်တိန်နာနှစ်လုံးအား Green Channel ပေး၍ စစ်ဆေးရာ သွင်းကုန်ကြေညာထားခြင်း မရှိသည့် Fitting 3000 Kg ခန့်မှန်းတန်ဖိုး ကျပ် ၅၄၄၇,၆၀၀ ကို တွေ့ရှိခဲ့သဖြင့် စစ်ဆေးအရေးယူခဲ့ရသည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အကောက်ခွန်မဲ့ ကုန်စည်များအား စစ်ဆေးဖမ်းဆီးရာ ဒီဇင်ဘာ ၃၀ နှင့် ၃၁ ရက်တွင် ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံသို့ လိုက်ပါလာသည့် မြန်မာနိုင်ငံသားတစ်ဦးနှင့် မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ လိုက်ပါလာသည့် မြန်မာနိုင်ငံသားထံမှ ခန့်မှန်းတန်ဖိုး ကျပ် ၂၁ သိန်းခန့်ရှိသည့် အလှကုန်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ဆိပ်ကမ်းများတွင် ဒီဇင်ဘာ ၁၁ ရက်မှ ၂၀ ရက်အတွင်း အလှကုန်များ၊ တရားမ၀င်ဆေးဝါးများ၊ CCTV ကင်မရာများ၊ နာရီများ ဖမ်းဆီးရမိခဲ့ပြီး ခန့်မှန်းတန်ဖိုး ကျပ် ၂၅၄ သိန်းကျော်ရှိသည်။ မန္တလေးမြို့တွင်လည်း ဒီဇင်ဘာ ၁၉ ရက်မှ ၂၂ ရက်အတွင်း တင်သွင်းခွင့်မရှိသည့် ဘီယာ၊ အရက်၊ စီးကရက်များအပြင် အကောက်ခွန်မဲ့ စားသောက်ကုန်များ၊ အလှကုန်များ၊ လျှပ်စစ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဒီဇင်ဘာ ၁၉ ရက်က ဗန်းမော်မှ မန္တလေးသို့ ထွက်ခွာလာသည့် ခရီးသည်တင်ယာဉ် တစ်စီးအား မန္တလေးမြို့တွင် စစ်ဆေးခဲ့ရာ ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၂၀ ကျော်ရှိ တရားမ၀င် အကောက်ခွန်မဲ့ တရုတ်နိုင်ငံလုပ် စားသောက်ကုန်များကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။