Tuesday, January 7, 2014

မလေးရှားမှာ ပြန်လာသည့် မြန်မာ ၄၈ ယောက်မှ ၄ ယောက် KL လေဆိပ်တွင် ပျောက်ဆုံးနေ



Bug Lab

ပြန်လာသည့် မြန်မာအလုပ်သမား လေးယောက် ပျောက်နေပါတယ်၊

နာမည်တွေကတော့

စည်သူကို (လူသစ်)
ကျော်ထွန်းဦး (လူဟောင်း)
နိုင်မျိုးဦး (လူဟောင်း)
လင်းဇော်ဌေး (လူသစ်)


Passport ကိုတော့ အေးဂျင့်က သိမ်းထားလို့  သူတို့ လက်ထဲမှာ passport မပါသွားသလို... သူတို့  baggage တွေတော့ ကျန်ခဲ့ပါတယ်၊

ဘယ်လို/ဘာကြောင့် ပျောက်သွားတယ်ဆိုကိုတော့ အတိအကျ မသိသေးပါ၊
---------------------------------------------------------------



အာပါဖီးက မြန်မာအလုပ်သမား လေးယောက်ကို မလေးရှားတွင် လူကုန်ကူးပြီ

အခုပြန်လာမည့်ထဲမှ ပျောက်သွားတယ်ဆိုတဲ့ မြန်မာအလုပ်သမား လေးယောက်ကို ပျောက်တယ်လို့  ပြောပြီး လူလေးယောက်ကို လူကုန်ကူသွားပြီဖြစ်ပါတယ်၊
အဲဒါကြောင့် သူတို့  လေဆိပ် security တွင် တိုင်ကြားခြင်း မရှိသလို.. ထွက်ပြေးသွားတယ်လို့  အလုပ်သမားများအား ပြောဆိုကာ လုပ်ဆောင်ခဲ့ခြင်းကို မလေးရောက် အေးဂျင့်နဲ့ အဆက်ရှိတစ်ယောက်က ပြောပြသွားပါတယ်၊

တရုတ်သို့ ရေနံ၊ ဂက်စ်ပို့လွှတ်မှုကြောင့် မြေကြီးလှုပ်ခတ် သျှမ်း/မြောက်ပြည်သူများထိပ်လန့်



 Tuesday, 07 January 2014
 သျှမ်းသံတော်ဆင့်/စိုင်းလုံ

လွတ်လပ်ရေးနေ့ ညက မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ရေနံနှင့်ဂက်စ် ပို့လွှတ်မှုကြောင့် ပိုက်လိုင်းလမ်းကြောင်းတလျှောက် မြေကြီးလှုပ်ခတ် သွားရာ ဒေသခံများတုန်လှုပ်ထိပ်လန့် ကြသည်ဟု ဆိုသည်။ ဂျန္နဝါရီ ၄ ည ၉ နာရီ ၅၅ မိနစ်အချိန် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် ၁၀ စက္ကန့်ခန့်အကြာ မြေကြီးမှ မြည်ဟီးတုန်လှုပ် ပြီးနောက် ဂက်စ်ပိုက်လမ်းကြောင်းတလျှောက် တောင်ကမ်းပါးပြိုကျမှု တိုက်အိမ် အချို့ အက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ စိုးရိမ်ထိပ်လန့်နေရကြောင်း ကိုယ် တိုင်ကြုံတွေ့ရသူများက ပြောသည်။ “မြေအောက်က ၀ုန်းခနဲ ၀ုန်းခနဲ အသံတွေထွက်လာပြီး ၊ အိမ်တခုလုံးလှုပ် သွားတယ်၊ ငလျင်လှုပ်တာနဲ့ မတူဘူး၊ ခါတိုင်းငလျင်လှုပ်တယ်ဆိုရင် ရေ လိုင်းပေါ်နေသလို ခံစားရတယ်၊ ဒီတစ်ခါလှုပ် တာတော့ မြေကြီး ထဲမှာ ဗုံးပေါက်သလိုပဲ၊ မြေကြီး ခဏတုန်လှုပ်ပြီး ချက်ချင်းရပ်သွားတာပဲ” - ဟု နမ့်ခမ်းမြို့ခံ စိုင်းပီးအွန်ကပြောသည်။ ရွှေ GAS ပိုက်လိုင်းဖြတ်သန်းရာ လမ်းကြောင်းတလျှောက်သာ မြေကြီး လှုပ်ခတ်မှုဖြစ်ပွားကြောင်း၊ GAS ပိုက် လိုင်း ထိန်းချုပ်စခန်းဖြစ်သော နမ့်ခမ်းမြို့နယ် ကောင်းကတ် ကျေးရွာတွင် ပို၍တုန်ခါကြောင်း ၊ GAS ပို့လွှတ် မှုကြောင့် သာဖြစ်ကြောင်း ကောင်းကတ်ကျေးရွာဒေသခံ လုံးစိုင်းအိုက်က သုံးသပ် ပြောဆိုသည်။ “ဂက်စ်လွှတ်တဲ့အခါတိုင်း အဲဒီလိုတုန်ခါမှုဖြစ်တယ်။ သူတို့ အမြဲတမ်းေ တာ့ ရေနံတွေ ဂက်စ်တွေ လွှတ်မထား ဘူး၊ အခုဂက်စ်တွေစလွှတ်တော့ ပိုက်လိုင်းတုန်ခါမှုကြောင့် မြေထဲမြှုပ်ထားတဲ့ ပိုက်တွေ ပြန်ပေါ် လာတယ်။ လူထုအသက်အိုးအိမ်အတွက် စိုးရိမ်ရတယ် ဒါကြောင့်ရေနံအနံ့ ဂက်စ်နံ့တွေ ရရင်၊ ဒါမှမဟုတ်ပိုက်လုံးတွေအက် နေတာ၊ ပိုက်လုံး တွေပေါ်မှာ ယိုစိမ့် မှုတွေတွေ့ ရရင် သက်ဆိုင်ရာကို အကြောင်းကြားရမှာ” - ဟု သျှမ်းပြည် သဘာဝ စောင့်ကြည့်ရေးအဖွဲ့ ခေါင်းဆောင် စိုင်းခေးဆိုင်က ပြောသည်။ “၂၀၁၃ မေလပိုင်းတုန်းက ရွှေ GAS ပိုက်လိုင်း တာဝန်ရှိသူတွေက- GAS စ ပို့ရင် မြေကြီးလှုပ် ခတ်မယ်။ ပေါက် ကွဲသံလို ဖြစ်ပေါ် မယ်၊ဒါကိုကြောက်ရွံ့ ဖို့မလိုဘူးဆိုပြီး ရွှေ GAS နဲ့ သဘာဝ ဓါတ်ငွေ့ထိန်းချုပ်တဲ့စခန်းပတ်ဝန်း ကျင်က ရွာတွေကို လော်စပီကာနဲ့ကြေငြာထားသေးတယ်” ဟု လုံးစိုင်းအိုက်က ပြောသည်။ အဆိုပါဖြစ်စဉ်ကြောင့် သျှမ်းပြည်မြောက်ပိုင်းအတွင်း ပိုက်လိုင်းဖြတ်သန်း ရာ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ နမ့်ခမ်း မြို့ခံများက ပိုက်လိုင်းေ ပါက် ကွဲမည့် ဘေးအန္တရာယ်ကို အထူးစိုးရိမ်နေကြောင်း ကျားဖြူ ပါတီဝင်လူငယ် များကပြောသည်။ ရခိုင်ကမ်းလွန်ထွက် ရေနံနှင့် သဘဝ ဓါတ်ငွေ့များအား မြန်မာအစိုးရက တရုတ်နိုင်ငံသို့ နှစ် ၃၀ ပို့လွှတ်ရောင်း ချရန် သဘောတူလက်မှတ်ရေး ထိုးထား၏။ တရုတ်နိုင်ငံထံ ရေနံနှင့် သဘာဝ ဓါတ်ငွေ့ရောင်းချမှုမှ အမေရိကန် ဒေါ်လာ ၂၉ ဘီလျှံ ထက်မနည်း မြန်မာအစိုးရ အသားတင် ရရှိမည်ဟုလည်း သိရပါသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း မူးယစ်ဆေးဝါးများ အလွယ်တကူ ၀ယ်ယူရရှိနိုင်မှုကြောင့် လူငယ်များအကြား သုံးစွဲမှုကျယ်ပြန့်နေ



 Eleven Media Group

 ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယခုလက်ရှိကာလအထိ မူးယစ်ဆေးဝါးများကို အလွယ်တကူ ၀ယ်ယူရရှိနိုင်မှုကြောင့် လူငယ်လူလတ်ပိုင်းများအကြား ကျယ်ပြန့်စွာ သုံးစွဲလျှက်ရှိနေကြောင်း ခိုင်မာသည့် သတင်းအရင်းမြစ်များမှ စုံစမ်းသိရသည်။ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ အနေဖြင့် ၂၀၁၁ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ သုံးနှစ်တာ ကာလအတွင်း မူးယစ်ဆေးဝါးအမှု ပေါင်း ၉၂၉ မှုကို ဖမ်းဆီးအရေးယူ နိုင်ခဲ့သော်လည်း ရောင်းဝယ်သုံးစွဲသူ ဦးရေမှာ သိသာစွာ လျော့ကျလာခြင်း မရှိသေးပေ။ ယင်းကဲ့သို့ ရန်ကုန်တိုင်း ဒေသကြီးအတွင်း မူးယစ်ဆေးဝါးများကို လွယ်ကူစွာ ၀ယ်ယူရရှိနိုင်မှုကြောင့် လူငယ်၊ လူလတ်ပိုင်း၊ အနုပညာရှင်များအပြင် ကျောင်းသား ကျောင်းသူများလည်း သုံးစွဲလျက်ရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အမည်မဖော်လိုသူ အဆင့်မြင့် ရဲအရာရှိကြီး တစ်ဦးက ဇန်န၀ါရီ ၄ ရက် ညနေပိုင်းတွင် ပြောကြားသည်။ “ရဲတပ်ဖွဲ့အနေနဲ့ စီမံချက်တွေ ချမှတ်ပြီးတော့ မြို့နယ်အလိုက် အသိပညာပေး ဟောပြောပွဲတွေ ပြုလုပ်တယ်။ သတင်းရရှိဖို့အတွက် တာဝန်သိ ပြည်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်တယ်။ ရရှိတဲ့သတင်းကို အတည်ပြု စုံစမ်းပြီးတော့ ဖမ်းဆီးအရေးယူတယ်။ ကျူးလွန်တဲ့ သူတွေကိုလည်း ထိရောက်တဲ့ပြစ်ဒဏ် ချမှတ်နိုင်အောင် ဆောင်ရွက်တယ်။ မူးယစ်ဆေးဝါးတွေကို နယ်စပ်လမ်းကြောင်းကနေ ရန်ကုန်တိုင်းထဲကို ၀င်ရောက်လာနေတဲ့ အတွက် အဲ့ဒီလမ်းကြောင်း တွေကိုလည်း ချိတ်ဆက်ဖော်ထုတ်နေတယ်။ ရန်ကုန်မြို့မှာ မူးယစ်ဆေးဝါးတွေကို အလွယ်တကူ ၀ယ်ယူရရှိ နေတဲ့အတွက် လူငယ်လူရွယ်တွေ၊ အနုပညာရှင်တွေအပြင် ကျောင်းသား ကျောင်းသူတွေလည်း သုံးစွဲနေကြတယ်” ဟု အမည်မဖော်လိုသူ ရဲအရာရှိကြီးက ပြောကြားသည်။ ရန်ကုန်တိုင်း ဒေသကြီးအတွင်း အလွယ်တကူ ၀ယ်ယူရရှိနေသည့် မူးယစ်ဆေးဝါးများမှာ ဆေးခြောက်နှင့် WY စိတ်ကြွရူးသွပ် ဆေးပြားများ ဖြစ်ကြပြီး အ၀က်သားခန့်ရှိ ဆေးခြောက် တစ်ထုပ်လျှင် ကျပ် ၁၅၀၀၀ ခန့်ထိပေါက်ပြီး စိတ်ကြွဆေးပြား (ယိုးဒယား) တစ်ပြားလျှင် လက်လီဈေးကျပ် ၅၀၀၀ မှ ၆၀၀၀ ခန့်အထိ ပေးဝယ်ရကြောင်း သုံးစွဲသူ လူငယ်များထံမှ စုံစမ်းသိရသည်။ “WY ဆေးပြားကတော့ နှစ်မျိုးရှိတယ်။ ရိုးရိုးအသီးနဲ့ ယိုးဒယားအသီးဆိုပြီး။ ယိုးဒယားသီးကတော့ ထူလည်းထူတယ်။ မီးအရှို့လဲခံလို့ ကြိုက်တယ်။ သူကကြာကြာလဲခံတယ်။ တစ်ပြားကို ၅၅၀၀ ပေါက်တယ်။ တစ်ခါဝယ်ရင် ၁၀ ပြား အနည်းဆုံး ၀ယ်ဖြစ်တယ်။ တစ်ပတ်ကို အပြား ၂၀ လောက်တော့ ရှူဖြစ်တယ်” ဟု သုံးစွဲမှုသက်တမ်း နှစ်နှစ်ဝန်းကျင်ခန့်ရှိသည့် လူငယ်တစ်ဦးက ဆိုသည်။ ၂၀၁၃ ခုနှစ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်တစ်ခုမှာ ဒီဇင်ဘာ ၂၉ ရက် နံနက် ၁ နာရီခန့်တွင် အမှတ်(၄၁)မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှ တာဝန်ရှိသူများသည် ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်၊ ဗိုလ်ရာညွန့်လမ်းနေ မထက်ထက်မေမောင်(၂၁)နှစ်၏ တိုက်ခန်းထဲ၌ ၎င်းအားတွေ့ရှိခဲ့ရပြီး ကိုင်ဆောင်ထားသော စက္ကူဘူးအတွင်းမှ ကျပ်သိန်း ၇၀ ခန့် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၀၀ ပြားအား သိမ်းဆည်းရမိခဲ့သည်။ “နည်းအမျိုးမျိုးနဲ့ ပြည်တွင်းကို သွင်းနေကြတယ်။ လူငယ်တွေ သုံးစွဲတာကလည်း သူ့အကြောင်းနဲ့သူ ရှိမှာပဲ။ ပျော်လို့သုံးစွဲတာ ရှိသလို စိတ်ညစ်လို့ သုံးစွဲတာလည်း ဖြစ်နိုင်တယ်။ သုံးစွဲမှုတွေကတော့ များလာတယ်။ ရဲတပ်ဖွဲ့ဝင်တွေကလည်း ဖမ်းဆီးမှုတွေ လုပ်ပါတယ်။ အဓိကကတော့ စီးပွားရေးသမားတွေက မူးယစ်ဆေးဝါးကနေ ပိုက်ဆံမြိုးမြိုးမြက်မြက် ရနေတဲ့အတွက် နည်းမျိုးစုံနဲ့ကို သွင်းနေတယ်။ အဲဒီလမ်းကြောင်းတွေကို သေသေချာချာ စုံစမ်းပြီး ဖမ်းမယ်ဆိုရင်တော့ မူးယစ်ဆေးဝါး အ၀င်၊ အထွက် လျော့ကျနိုင်တယ်” ဟု မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း(ဗဟို)မှ အတွင်းရေးမှူး ဦးမြင့်ခိုင်က ပြောကြားသည်။

 (ရန်ကုန်မြို့အတွင်း အလွယ်တကူ ၀ယ်ယူရရှိနေသည့် စိတ်ကြွရူးသွပ်ဆေးပြားကို သုံးစွဲနေမှုကို တွေ့ရစဉ်)

တနင်္သာရီတိုင်း၊လခြမ်းအော်ကျွန်းတွင် အရှည် ၄၆ပေရှိ ဝေလငါးတစ်ကောင် သေဆုံးသောင်တင်လျက်ရှိ၊

ဒီနေ့ကာတွန်း

တရုတ်ထံမှ ကုန်ပစ္စည်းဝယ်ယူရာတွင် ပစ္စည်းများအစား ကျောက်ခဲနှင့် သဲများကိုသာထည့်၍ လိမ်ရောင်းမှု ဆက်တိုက်ဖြစ်ပွားနေ၊



Eleven Media Group

 စက်ရုံသုံး ဓာတုကုန်ကြမ်း ၀ယ်ယူရာတွင် ကွန်တိန်နာအတွင်း သဲများသာ ထည့်ပို့

တရုတ်ထံမှ ကုန်ပစ္စည်းဝယ်ယူရာတွင် ပစ္စည်းများအစား ကျောက်ခဲနှင့် သဲများကိုသာထည့်၍ လိမ်ရောင်းမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း အကောက်အခွန် ဦးစီးဌာနမှ သိရသည်။

၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၃ ရက်က ထီးတန်းဆိပ်ကမ်း ကုန်သေတ္တာ စစ်ဆေးစခန်း၌ Red Chanel အဖြစ် ရွေးချယ်ခံထားရသော Htin Thiha Trading Co Ltd က Raw For Industry Sulphur Black အဖြစ် ကြေညာထားသည့် ကုန်သေတ္တာအမှတ် (DRYU 2285712-20) အား ဖွင့်ဖောက်စစ်ဆေးရာတွင် Raw For Industry Sulphur Black များအစား သဲများသာ တွေ့ရှိခဲ့သည်။

ကွန်တိန်နာအတွင်း ပီပါပုံးများ ပါရှိပြီး ပီပါပုံးများ ဖွင့်ဖောက်စစ်ဆေးရာ သဲများသာ ထည့်ထားသည်ကို တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

တရုတ်ကုမ္ပဏီဖြစ်သော WUHAN WANGLIYUAN CHEMICAL CO,Ltd ထံမှ မြန်မာဘက်က မှာယူတင်သွင်းခဲ့ခြင်းဖြစ်ပြီး စင်ကာပူဆိပ်ကမ်းမှတစ်ဆင့် ရန်ကုန်မြို့ရှိ ထီးတန်းဆိပ်ကမ်းသို့ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း အကောင်ခွန်ဦးစီးဌာနမှ သိရသည်။

ယခင်က မူဆယ်ကုန်လမ်းမှတစ်ဆင့် ယင်းပစ္စည်းများကို Htin Thiha Trading Co Ltd က တင်သွင်းခဲ့မှုများ ရှိခဲ့သော်လည်း ယခုကဲ့သို့ မဖြစ်ပွားခဲ့ဖူးကြောင်း၊ ယခုအကြိမ်မှာ ၎င်းကုမ္ပဏီအတွက် ပထမဆုံး အကြိမ်ဖြစ်ကြောင်း သိရသည်။

သို့သော် မကြာမီ ရက်ပိုင်းအတွင်းကပင် တရုတ်နိုင်ငံရှိ Qingdao Jinding Metal Import and Export Co.,Ltd ထံမှ ကော်စေ့ တန် ၂၀ ကို မြန်မာကုမ္ပဏီဖြစ်သည့် Millionaire Engineering and Industrial ကုမ္ပဏီမှ ၀ယ်ယူခဲ့ရာ တရုတ်ကုမ္ပဏီက ကော်စေ့တန် ၂၀ အစား ကွန်တိန်နာထဲတွင် ကျောက်ခဲအိတ်များ ထည့်ကာ ပေးပို့လိုက်သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။

ယင်းဖြစ်စဉ်အတွက် တရုတ်သံရုံးသို့ အကြောင်းကြားမှုများ ပြုလုပ်ထားပြီး ဖြေရှင်းမှုများ ဆက်လက်ပြုလုပ် နေရကြောင်း Millionaire Engineering and Industrial ကုမ္ပဏီထံမှ သိရသည်။

(ကွန်တိန်နာဘောက်အတွင်း သဲများထည့်သွင်း ထားသော ပီပါပုံးများကို တွေ့ရစဉ် (ဓာတ်ပုံ-အကောက်ခွန် ဦးစီးဌာန))


2013 Best National Costume ဆန်ကာတင် (၁၀)ဦးစာရင်းမှာဂုဏ်ရည်အေးကျော် ဖော်ပြပါရှိ



Gonyi Aye Kyaw - Miss Myanmar International 2013

နှစ်စဉ် ကမ္ဘာ့အလှဆုံး ကမ္ဘာကျော် အလှမယ်များအား ရွေးချယ် ဖော်ပြလေ့ရှိတဲ့ နာမည်ကျော် The Ideal Beauty (TIB) မှရွေးချယ်တဲ့ 2013 Best National Costume စာရင်းမှာ Miss Myanmar International 2013 မြန်မာအလှမယ် ဂုဏ်ရည်အေးကျော် အား ဆန်ကာတင် (၁၀)ဦးစာရင်းမှာ ဖော်ပြပါရှိပါတယ်..။

ပြီးခဲ့တဲ့ ဒီဇင်ဘာလက တိုကျိုမှာ ကျင်းပခဲ့တဲ့ Miss International 2013 ပြိုင်ပွဲရဲ့ National Costumeပြိုင်ပွဲမှာ
ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ပြည်တွင်းစစ် ရပ်စဲရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကချင်တိုင်းရင်းသူ ဝတ်စုံဖြင့် Miss Myanmar International 2013 ဂုဏ်ရည်အေးကျော်မှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်..။

The Ideal Beauty အင်္ဂလိပ် Alphabet အစဉ်အလိုက် ဖော်ပြထားတဲ့ အဆိုပါ Best National Costume စာရင်းမှာ 2013 Miss Universe ပြိုင်ပွဲဝင် 7ဦး,Miss Earth ပြိုင်ပွဲဝင် ၁ဦး, Miss Worldပြိုင်ပွဲဝင် ၁ဦး, နှင့်အတူ Miss International 2013မှ ဂုဏ်ရည်အေးကျော် တဦးတည်းသာ အဆိုပါ National Costume ဆန်ကာတင် ၁၀ဦးစာရင်းမှာ ဖော်ပြထားခြင်းဖြစ်ပါတယ်..။

ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကျင်းပခဲ့တဲ့ Miss International 2013 ပြိုင်ပွဲမှာ မြန်မာပြည်သူတွေအတွက် Missosology ရဲ့ (People's Choice Award)ဆုကို ဂုဏ်ယူအေးကျော်မှ ရရှိခဲ့ပါတယ်..။ အဆိုပါပြိုင်ပွဲရဲ့ Best National Costume ဆုအား Arubaနိုင်ငံမယ် Erialda Croes ဆုရရှိခဲ့ပေမယ့်လည်း ယခု နာမည်ကျော် The Ideal Beauty ရဲ့ အကောင်းဆုံး Best National Costume ဝတ်စုံရှင် ၁၀ဦး စာရင်းမှာတော့ ဂုဏ်ရည်အေးကျော်ကို ရွေးချယ်ခဲ့ပါတယ်..။

ယခုလို ဆန်ကာတင် ၁၀ဦးစာရင်းမှာ ကချင်တိုင်းရင်းသူ ဝတ်စုံဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ Miss Myanmar International 2013 ဂုဏ်ရည်အေးကျော် ပါဝင် ရွေးချယ်ခံရခြင်းဟာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပြည်တွင်းစစ် ရပ်စဲရေးအတွက် အထောက်အကူ ပြယုဂ်တခု ဖြစ်စေသလို
မြန်မာပြည်သူတွေနဲ့ ကချင်တိုင်းရင်းသားတွေ အတွက် ဝမ်းမြောက်ဂုဏ်ယူ ဖွယ်ရာဖြစ်ပါတယ်..။

Admin..

The Ideal Beauty Website ရဲ့ 2013 Best National Costume (၁၀)ဦး စာရင်း လင့်ခ်ကို ဝင်ရောက်ကြည့်ရှုချင်ရင်တော့..

http://www.theidealbeauty.eu/ မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်..။

၂၀၁၄ ခုနှစ်ရဲ့ ပွဲကြီးပွဲကောင်း




Posted by Phoe Cho on January 6, 2014

ဒီနေ့ ဗမာပြည်ရဲ့ နိုင်ငံရေးမှာ “ဖွဲ့စည်းပုံအခြေခံဥပဒေအကြပ်အတည်းဆိုက်နေတယ်” ဆိုတဲ့အသုံးအနှုန်းခေတ်စား နေပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေက သူ့ဖာသာသူ တည်ရှိနေတာပါ။ အကြပ်အတည်းဆိုက်ရအောင်သူက လှုပ်ရရှားရတဲ့ သက်ရှိအရာဝတ္ထုမဟုတ်ပါဘူး။ အကြပ်အတည်းဆိုက်နေတာက ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီး ပြောဆို ငြင်းခုံ၊ နိုင်ငံရေးလုပ်နေကြသူတွေနဲ့ နိုင်ငံရေးပါတီတွေဖြစ်တယ်လို့ဆိုမှ ပိုမှန်ပါလိမ့်မယ်။

ဘာကြောင့် ဒီလိုအကြပ်အတည်းဆိုက်နေတာလဲ။

အဓိကအကျဆုံးအကြောင်းရင်းကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ပတ်သက်တဲ့ ကိုယ့်ရပ်တည်ချက်ကို တိတိ ပပ၊ ပြောင်ပြောင်တင်းတင်း ပြောရတော့မယ့်အချိန်ကို ရောက်လာလို့ ဖြစ်ပါတယ်။ ဒါဟာ လပိုင်းပဲလိုပါတော့တယ်။

ဒီနေ့ ဗမာပြည်နိုင်ငံရေးမှာ သိသာတဲ့ထူးထူးခြားခြား လက္ခဏာနှစ်ခု ရှိပါတယ်။ နံပတ်တစ်ကတော့ လက်ရှိနိုင်ငံရေး ပြဿနာအ၀၀ရဲ့ ဆုံချက်ဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြဿနာ ဖြစ်နေတာပါ။ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စပဲဖြစ်ဖြစ်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးပဲဖြစ်ဖြစ် ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ မတော်မလျော်အချက်တွေကို မဖယ်ရှားဘဲ ဘယ်လိုမှ ထိရောက်အောင် မဖြေရှင်းနိုင်ပါဘူး။ ဒီမိုကရေစီရေး၊ ၂၀၁၅ ရွေးကောက်ပွဲ၊ တရားဥပဒေစိုးမိုးရေး စတဲ့ ကိစ္စတွေကတော့ ပြောနေဖို့တောင် မလိုပါဘူး။ ဒီတော့ ဒီနေ့နိုင်ငံရေးသမားတွေနဲ့ နိုင်ငံရေးအင်အားစုတွေကို အဓိက စမ်းသပ်တော့မှာကတော့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် ဘယ်လိုသဘောထားသလဲဆိုတာ ပါပဲ။ ဒါကို နည်းနည်း ပိုပြီးအသေးစိပ်ပြောရရင် ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအထဲက ဘယ်အချက်တွေ အပေါ်မှာ ဘယ်လိုသဘောထားသလဲ ဆိုတာပဲ ဖြစ်ပါတယ်။

လက်ရှိ ဗမာပြည်နိုင်ငံရေးရဲ့ ဒုတိယထူးခြားချက်က ဗိုလ်ချုပ်ကြီး သိန်းစိန်အရပ်သားအစိုးရရဲ့ “ဒီမိုကရေစီ” ကြောင့် ဗမာပြည် နိုင်ငံရေးသမားလောကမှာ ပြောဆိုတာမှန်သမျှဟာ တ၀က်ချန်ပြောတာချည့်လို ဖြစ်နေပါတယ်။ အစားအကုန် စား၊ စကားအကုန်မပြောနဲ့ ဆိုသလို ပြတ်ပြတ်သားသား ပြောတာကြားရခဲလှပြီး “ဒါပေမဲ့” တလုံးခံတဲ့ သံတမာန်ဆံဆံ ဝေ့လည်လည် စကားမျိုးတွေပဲ ကြားနေရလေ့ရှိပါတယ်။ ပြတ်ပြတ်သားသား အများဆုံးပြောကြတာဆိုလို့ အာဏာရနေတဲ့ ဗိုလ်မင်းအောင်လှိုင် လို လူနဲ့ ကြံ့ဖွတ်ပါတီက လူတွေလောက်ပဲရှိတာကို သတိထားမိပါတယ်။ သူတို့များကတော့ ‘ပြော လိုက်ရင် အပြတ်ချည့်ပဲ’ လို့တောင် ပြောရမလို ဖြစ်ပါတယ်။

သမတ ကို စစ်ဗိုလ်မှတပါး ဘယ်သူမှမဖြစ်နိုင်အောင်လုပ်ထားတာ၊ လွှတ်တော်ထဲကို စစ်ဗိုလ်တမတ်သားက သာလာ ယံဇရပ်ပမာ ၀င်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လို့ရအောင် လုပ်ထားတာ၊ စစ်တပ်က အချိန်မရွေး “အာဏာသိမ်း” လို့ ရအောင် လုပ်ထားတာ၊ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အရေးပါတဲ့အချက်တွေကို စစ်တပ်ကသဘောမတူဘဲ ပြင်လို့ဖျက်လို့ မရ အောင်လုပ်ထားတာ စတဲ့အချက်တွေကို အထင်အရှားသိရက်နဲ့ စစ်အစိုးရလို့မပြောနိုင်ဘဲ၊ ဒီမိုကရေစီလမ်းကိုတက်လှမ်း နေတာဖြစ်ပါတယ်လို့ နှစ်ပေါင်းများစွာ မျက်စိမှိတ် ပြောနေကြရတဲ့ ၀ဋ်က မကျွတ်ချင်ကြသေးဘူးလား။

အခုတော့ ဆင်ဝှေ့ရန်ရှောင်တွေ လုပ်လို့မရတော့ဘူး။ ဘူးဆိုဘူး၊ ဖရုံဆိုဖရုံ ရှင်းရှင်းပြတ်ပြတ် ပြောကြရပါတော့မယ်။ ဒီတော့ အကြပ်အတည်းတွေ့တော့တာပေါ့။

ဦးစွာအားဖြင့် ဗိုလ်သိန်းစိန်တို့အနေနဲ့ သူတို့တောင်းဆိုလို့ပေါ်လာတဲ့ “အကြံပြုချက်” သုံးသိန်းကျော် (သူတို့အဆို) ကို တုန့်ပြန်ရ၊ အဖြေပေးရတော့မယ်။ ရှင်းရှင်းပြတ်ပြတ် ပြောရတော့မယ်။ ဒေါ်စု ကို သမတ မဖြစ်နိုင်အောင် တမင်လုပ်ထားတာဖြစ်ကြောင်း အတည်ပြု ၀န်ခံရတော့မယ်။ အနည်းဆုံးတော့ “ဟုတ်တယ်ကွာ၊ ဘာဖြစ်သေးလဲ” ဆိုတာမျိုး ပြောရပါ တော့မယ်။ သူတို့ကတော့ ပြောဝံ့မှာပါ၊ သံသယရှိစရာမလိုပါဘူး။ သူတို့ပြောသမျှကို တံဆိပ်တုံးရိုက် အတည်ပြုပေးမယ့် “လွှတ်တော်ကြီး” ကလည်း အသင့်ရှိနေသကိုး။

ဒီအခါမှာ သူတို့တုန့်ပြန်ချက်တွေကို တခြားလူတွေ-အဖွဲ့အစည်းတွေက ဘယ်လိုတုန့်ပြန်မှာလဲ။ စစ်ဗိုလ်ချုပ်တွရဲ့ တုန့်ပြန်ချက်ဆိုတာက ကိုယ့် “အကြံပြုချက်” နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေရင် ဘာဆက်လုပ်မှာလဲ။ “ဒါဖြင့်လည်း ပြီးတာပဲဗျာ” လို့ ဆိုပြီး ပြုသမျှနု၊ ပုသွားမှာလား။

ဒီတော့ကာ ဒီနှစ်အတွင်း လွယ်လွယ်ပြောရင်ပဲ နိုင်ငံရေးအင်အားစုတွေကို စမ်းသပ်မှာ အဆင့်နှစ်ဆင့်ရှိနေတယ်လို့ ဆိုနိုင်ပါတယ်။ ပထမအဆင့်က ဘယ်အချက်တွေကို ဘယ်လိုတောင်းဆိုမှာလဲ ဆိုတာ။ နောက်တဆင့်က ကိုယ်တောင်းဆိုတာတွေကို ဗိုလ်ချုပ်တွေက ငြင်းပယ်လိုက်ရင် ဘာဆက်လုပ်မှာလဲ ဆိုတာဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဖို့တင်ပြတယ်ဆိုတာဟာ ကံစမ်းမဲနှိုက်သလို ကိုယ့်အဆိုအောင်မြင်ရင်အမြတ်၊ မအောင်မြင်လည်းအရေးမကြီးဘူးလို့ လုပ်မရဘူးဆိုတာ သတိပြုသင့်ပါတယ်။

ပြင်ဆင်ဖို့တင်ပြတယ်ဆိုရင် စစ်ဗိုလ်တွေနဲ့ ကဏ္ဋကောစ ဖြစ်မယ့်အချက်တွေ တင်ပြ၀ံ့ပါ့မလား။ ဒါမှမဟုတ် ပြင်ဆင်ဖို့တင်တယ်ဆိုတဲ့ နာမည်လေးရယုံ အပေါ်ယံအချက်တွေပဲ တင်မှာလား။ အခုအခါမှာ စစ်အစိုးရနဲ့ ကြံ့ဖွတ်ပါတီတို့ကလည်း ဒီဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြင်သင့်တာတွေရှိတယ်၊ ပြင်ရမယ်လို့ပြောနေတာ မဟုတ်ပါလား။ ဒါပေမဲ့ သူတို့ပြင်မယ် ဆိုတာတွေက တိုင်းပြည်ကို စစ်အုပ်စုက ဆွေစဉ်မျိုးဆက် ချုပ်ကိုင်နိုင်အောင် ပြဋ္ဌာန်းထားတဲ့အချက်တွေကို ပြင်မှာမဟုတ်ပါဘူး။

ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံထားရတယ်ဆိုတာမှာ သာမန်အရပ်သားနဲ့ နိုင်ငံရေးသမားမတူပါဘူး။ သာမန်အရပ်သားကတော့ မတတ်သာလို့ဆိုပြီး သူနဲ့မဆိုင်သလို နေလို့ရပါတယ်။ ဒါပေမဲ့ နိုင်ငံရေးသမားဆိုသူကတော့ တာဝန်ရှိပါတယ်။ အရှုံးပေးပြီး ဒါကြီးနဲ့ ဆက်နှစ်ပါးသွားနေရင် အဓိပ္ပာယ်က တော်တော်ဆိုးပါတယ်။

ပြောရရင် ဇာတ်လမ်းတွဲက ရှည်မယ့်သဘောပါ။ နိုင်ငံရေးသမားတွေဘက်က ဘာလုပ်မလဲ။ အဲဒီလိုလုပ်လာရင် အရပ်ဝတ် စစ်အစိုးရက ဘာလုပ်မလဲ။ ဗိုလ်ဌေးဦး ပြောခဲ့တဲ့စကားအတိုင်း ကာလုံက အာဏာသိမ်းဖို့လိုတယ်ဆိုပြီး သိမ်းမှာလား။ သိမ်းရင် ဘယ်လိုတုန့်ပြန်မှာလဲ။

ဆရာဗန်းမော်တင်အောင် ပြောတဲ့ သမိုင်းကပေးလာတဲ့ တာဝန်ကြီးကတော့ နိုင်ငံရေးလောကသား အားလုံးရဲ့ ပုခုံးပေါ်မှာရောက်နေပါပြီ။ ဦးသိန်းစိန် စစ်အစိုးရကတော့ စစ်အုပ်စုအဆက်ဆက်က ပေးထားတဲ့တာဝန်ကို ကျေကျေပွန်ပွန် ထမ်းဆောင်ပါလိမ့်မယ်။ ကျန်နိုင်ငံရေးလောကသားတွေကရော- ဘယ်သူပေးတဲ့တာဝန်ကို ထမ်းမှာလဲ။ ဒါမှမဟုတ် ခေါင်းရှောင်မှာလား။

ရဲဘော် ဖိုးသံချောင်း
http://www.naytthit.net/

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးပူးပေါင်းကော်မတီအစည်းအဝေး



 National League for Democracy'

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးပူးပေါင်းကော်မတီအစည်းအဝေးကို ၇ ရက် ဇန်န၀ါရီလ ၂၀၁၄ခုနှစ် ယနေ့နံနက် ၁၀ နာရီက ပြည်ထောင်စုလွှတ်တော် ရုံးအမှတ် (D)တွင် ကျင်းခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုဖွဲ့စည်းပေးထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးပူးပေါင်းကော်မတီအစည်းအဝေးကို ၇ ရက် ဇန်န၀ါရီလ ၂၀၁၄ခုနှစ် ယနေံနက် ၁၀ နာရီက ပြည်ထောင်စုလွှတ်တော် ရုံးအမှတ် (D)တွင်ကျင်းခဲ့ကြောင်းသိရသည်။ လည်းကောင်းအစည်းအဝေးကို အဖွဲ့ချုပ် မှ အဖွဲ့ဝင် ဦးဝင်းမြင့်၊ဒေါက်တာဇော်မြင့်မောင်၊ဒေါက်တာအောင်မီုးညို၊ဦးခင်မောင်ဝင်း၊ဒေါ်ခင်ဌေးကြွယ်၊ ဦးအောင်ကြည်ညွှန့်၊ ဒေါက်တာမြတ်ညာဏစိုးတို့တက်ရောက်ခဲကြပြီး လေ့လာသုံးသပ်ရေးပူးပေါင်းကော်မတီအစည်းအဝေးမှ အဖွဲ့ဝင် ၁၀၆ ဦးပါဝင်တဲ့ အဖွဲ့ ၅ ဖွဲ့ကိုဖွဲ့စည်း၍ တနိုင်ငံလုံးမှ ပေးပို့ထားသော အကြံပြုသည့် အချက်အလက်ပေါင်း သုံးသိန်းကျော်ကို လေ့လာသုံးသပ်၍ ပြည်ထောင်စုလွှတ်တော်သို့ ဇန်န၀ါရီလ ၃၁ ရက်နောင်ဆုံးထား၍ တင်ပြသွားမည်ဟုသိရှိရသည်။

ချင်းတောင်းတန်း ချောက်ကမ်းပါးလမ်းများကို မမှုပဲ ခရီးဆန့်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်



တီးတိန်မြို့က အစိုးရ၀န်ထမ်းများအားလုံး ဒေါ်အောင်ဆန်းစုကြည် တရားဟောပွဲ တက်ရောက်ခြင်းမပြုရ ဆိုပြီး ပြည်နယ်အစိုးရ ညွန်ကြားထားသတဲ့...။ ဟော ဟို ဥက္ကဌ ချိုကုပ်ဟောင်း ရွှေပန်း လာတုန်းကတော့ ဌာနကိုယ်စား မဖြစ်မနေ တက်ခိုင်းပြန်သတဲ့။ အံ့ဘွယ်သုတ ဒီမိုကရေစီ ပါတကား....။


"နိုင်ငံရေးပါတီများကို ထောက်ခံရာတွင် မေတ္တာအရ ထောက်ခံခြင်း မဖြစ်သင့်ဟု ကလေးမြို့ခရီးစဉ်၌ ဒေါ်အောင်ဆန်းစုကြည် ပြောကြား"

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ချင်းပြည်နယ် ခရီးစဉ်အဖြစ် ဇန်န၀ါရီ ၆ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်က ကလေးမြို့လေဆိပ်သို့ ရောက်ရှိလာခဲ့သည်ဟု သိရသည်။ ကလေးမြို့သို့ ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်အား ကလေးမြို့လေဆိပ်မှ ရှင်းဟုန်ဟိုတယ်သို့ သွားရောက်ရာ လမ်းတစ်လျှောက် လမ်းဘေးဝဲယာမှ ကလေးမြို့၊ ကလေးဝမြို့၊ မော်လိုက်မြို့နှင့် အထက်ချင်းတွင်း ဒေသမှ ဒေသခံများ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များက ကြိုဆိုခဲ့သည်ကြသည်။
“ဒေါ်အောင်ဆန်စုကြည် အနေနဲ့ ကလေးမြို့ကို လာရောက်တာ ဒုတိယအကြိမ်ပါ။ ပထမအကြိမ် တုန်းကတော့ ထိတ်လန့်မှုများစွာနဲ့ ကြိုဆိုခဲ့ရပါတယ်။ အခုတော့ ပွင့်လင်းလွတ်လပ်စွာ ကြိုဆိုခွင့် ရခဲ့ကြပါတယ်။ အမေစုကို ကျွန်တော်တို့ အနေနဲ့ သမ္မတဖြစ်ဖို့ မျှော်လင့်ထားပါတယ်။ ဒီလိုဖြစ်လာဖို့ အတွက်လည်း အခြေခံဥပဒေမှာ ပါဝင်တဲ့ ၅၉ (စ) ကို ပြင်ဆင်ဖို့ ကျွန်တော်တို့ ထောက်ခံသွားမှာပါ” ဟု ကလေးမြို့မှ ကိုမိုးက ပြောကြားသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် တည်းခိုရာ ရှင်းဟုန်ဟိုတယ်တွင် ဒေသခံများအား နှုတ်ဆက်စကား အနည်းငယ် ပြောကြားခဲ့သည်ဟု သိရသည်။ ထိုသို့ ပြောကြားရာတွင် “ဘာကြောင့် ကျွန်မတို့က ပြည်သူလူထုရဲ့ အင်အားကို လိုလားတယ်။ ဘာဖြစ်လို့ ပြည်သူလူထုက ကျွန်မကို ထောက်ခံစေချင်လဲ ဆိုတာကို ကျွန်မတို့ ရှင်းပြလေ့ရှိပါတယ်။ ဒါကြောင့်မို့လို့ အခုဆိုလို့ရှိရင်လည်း ကျွန်မတို့ ပြည်သူတွေနဲ့ တွေ့ဆုံပွဲတွေ လုပ်ပြီးတော့ ရှင်းပြတာဟာ ကျွန်မတို့အပေါ်ကို ကျွန်မကိုပဲဖြစ်ဖြစ် ကျွန်မပါတီကိုပဲ ဖြစ်ဖြစ် ထောက်ခံတဲ့အခါ ပြည်သူလူထုက ဘာကြောင့် ထောက်ခံလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိပြီးတော့ ထောက်ခံမှသာ တကယ် တန်ဖိုးရှိမှာပါ။ အဓိပ္ပာယ် ရှိမှာပါ။ ဘာမသိ ညာမသိဘဲနဲ့ ထောက်ခံမယ် ဆိုလို့ရှိရင် မေတ္တာအရ ထောက်ခံတယ် ဆိုလို့ရှိရင် ကျေးဇူးတင်ပေမယ့် မေတ္တာအရ နိုင်ငံရေး ပါတီတွေကို ထောက်ခံတာ မဖြစ်သင့်ပါဘူး။ သေသေချာချာ စဉ်းစားပြီးတော့ နိုင်ငံရဲ့ အကျိုးကို ရှေးရှုပြီးတော့မှ ထောက်ခံရမှာ ဖြစ်ပါတယ်။ ကျွန်မတို့ကလည်း ပြည်သူရဲ့ မေတ္တာကို အင်မတန်မှ အလေးထားတာကြောင့်မို့လို့ ဒီမေတ္တာကို အလွဲသုံးစား မလုပ်ချင်ပါဘူး။ သေသေချာချာ စဉ်းစားပြီးတော့မှ ဘာကြောင့် ကျွန်မတို့ ပြည်သူလူထုရဲ့ မေတ္တာကို ဘာကြောင့် တောင်းခံတယ်။ ကျွန်မတို့ ပြည်သူလူထုရဲ့ အင်အားကို ဘာကြောင့်ကျွန်မတို့ လိုတယ် ဆိုတာကို သေသေချာချာ ရှင်းပြပြီးတော့မှ ဒီလိုထောက်ခံမှုတွေကို ရယူချင်ပါတယ်” ဟု ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဇန်န၀ါရီ ၇ ရက်တွင် ချင်းပြည်နယ် အတွင်းရှိ စံသိုက်ကျေးရွာသို့ သွားရောက်ကာ ကျောင်းဖွင့်ပွဲသို့ တက်ရောက်မည်ဖြစ်ပြီး ထိုမှ တီးတိန်မြို့သို့ သွားရောက်မည် ဖြစ်သည်။ အဆိုပါ တီးတိန်မြို့တွင် ညအိပ်ရပ်နားမည်ဟု သိရသည်။
EMG

ဒီလောက်တောင်မှားစရာလားဟဲ့ ကြေးမုံအယ်ဒီတာတို့ရဲ့

Aung Khaing