Wednesday, January 8, 2014

ပျော်ပါးပြီးမှဖမ်း

“ဒီမိုကရေစီ ချက်ချင်းရတာနဲ့ နတ်ပြည်တက်လို့ မရသေးဘူး သူငယ်ချင်း” (သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း)



ဒိုင်း ခင်ခင်

“ဒီမိုကရေစီ ချက်ချင်းရတာနဲ့ နတ်ပြည်တက်လို့ မရသေးဘူး သူငယ်ချင်း” လို့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း က သတင်းထောက်များကို ပြောကြားလိုက်ပါတယ်၊

ဟုတ်ကဲ့ပါ ဝန်ကြီးရှင့်

ခင်လေးတို့အားလုံးမျှော်လင့်တောင့်တနေတာနတ်ပြည်မဟုတ်ပါဘူး၊
စစ်မှန်တဲ့ဒီမိုကရေစနစ်၊ ပြည်သူကရွေးချယ်ထားသော အစိုးရ၊ မိသားစုတိုင်း စိတ်ချမ်းသာစွာရပ်တည်နိုင်သော နိုင်ငံသားတိုင်းရဲ့ ပုံမှန်ဝင်ငွေ၊ နိုင်ငံတကာက ယုံကြည်စိတ်ချစွာ ရင်းနှီးမြုပ်နှံခြင်းရဲ့ အကျိုးဆက်ဖြစ်တဲ့ အလုပ် အကိုင် အခွင့်အလမ်း၊ တစ်နိုင်ငံလုံး စစ်မီးငြိမ်းချမ်းမှု့၊မြေယာသိမ်းမှု့တွေ ပြည်သူလက်မခံတဲ့စီမံကိန်းတွေ ရပ်ဆိုင်းဖို့နဲ့ လူအချင်းချင်းဖိနှိပ်ချုပ်ခြယ်ထားတဲ့ ဥပဒေတွေ ဖျက်သိမ်းဖို့ ဖြစ် ပါတယ်၊

ဝန်ကြီးအနေနဲ့ နတ်ပြည်တက်ဖို့ ဆန္ဒရှိတယ်ဆိုရင်လည်း အစိုးရတစ်ဖွဲ့လုံးပါခေါ်ပြီး တစ်ခါတည်းနုတ်ထွက်ပေးလိုက်ပါ၊ ခင်လေးတို့ဘာသာ ရင်ထဲမှာရှိတဲ့ မဲတစ်ပြားနဲ့ တိုင်းပြည်ကိုဖန်တီးခွင့်ပြုပေးတော့ရှင်----။။။

ခင်လေး

အရှုံးမပေးနဲ့မိငယ်


Published on Jan 8, 2014
ဒေါ်အောင်ဆန်းစုကြည် နဲ့ အဖွဲ့ သီဆိုတဲ့ "ခွန်အားဖြည့် မိငယ်"
ဒေါ်အောင်ဆန်းစုကြည်ကို ချင်းပြည်နယ် ဟားခါးမြို့ လူငယ်တွေက ဒီမိုကရေစီမိခင်ကြီး လို့တင်စားတဲ့ သီချင်းကို သီဆိုပြခဲ့ပါတယ်။ လူငယ်တွေက ဒေါ်အောင်ဆန်းစုကြည်ကို သီချင်းဆိုပြဖို့ တောင်းဆိုရာမှာ အခုလို သီဆိုပြခဲ့တာလို့ ဟားခါးမြို့မှာ သတင်းယူနေတဲ့ အာအက်ဖ်အေ သတင်းထောက်က ပြောပါတယ်။ (ရိုက်ကူး မျိုးသန့်ခိုင် ၊ ကျော်ဇောဝင်း)

ခင်ဝင့်ဝါကမ္ဘာ့ အလှဆုံး အလှမယ်(၆)ယောက်အဆင့်အထိ တက်လှမ်း


Miss Supranational Myanmar
မြန်မာအလှမယ် ခင်ဝင့်ဝါဟာ ကမ္ဘာ့ အလှမယ်ပြိုင်ပွဲကြီးများ အားလုံး၏ နိုင်ငံတကာအလှမယ်ပေါင်း (၇၀၀)ကျော်အနက်မှ ကမ္ဘာ့ အလှဆုံး အလှမယ်(၆)ယောက်အဆင့်အထိ တက်လှမ်းနိုင်ပြီး အောင်မြင်မှုရရှိခဲ့

ညွန့်ဝင်းကြီးကိုဘဲအကယ်ဒမီ ပေးပါ

အကယ္ဒ​မီ ေ​ဇာ​္မ်ဳ​ိး​ထြဋ္ရဲ​႕ ေ​နာက္ဆံုး​ခရီး

ဝန်ကြီးကိုယ်တိုင်အဖြေရှာမယ်

ဂရမ်မယူ မုန့်ဟင်းခါးမစား အဲဒါ အမေ့သား


(ရေး-ဖိုးစည်- 8-1-2014)
==============

 ချင်းပြည်နယ် မှာ ဟောပြောပွဲ သွားနားထောင်ခွင့် ၀န်ထမ်းတွေကို ပိတ်တယ်ဆိုလို့ သတိရမိတာလေး တစ်ခုပြောချင်တယ် ။ ၂၀၁၀ ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင် ကျွန်တော်တို့မြို့ကို အန်တီ စည်းရုံးရေး အတွက် လာမယ်ဆိုတော့ ကြေညာစာရွက်တွေ လမ်းထောင့် တွေမှာ ကြိုကပ်ထားတာ ည ဆိုရင် ရယက အုပ်ချုပ်ရေးမှူးတွေနဲ့ အရန်မီးသတ်တွေက ခိုးချောင်ခိုးဝှက် နဲ့ လိုက်ခွာတာဗျ ။ ဒါပေမယ့် မရပါဘူး ။ အန်တီ လာမယ့် သတင်းတွေက ပျံ့နေပြီ ။ နောက် ဘယ်လို အကွက်ထပ်ရွေ့သလဲဆိုတော့ တချို့ရပ်ကွက်တွေမှာ မြေဂရမ် ကျပြီး ဂရမ်စာရွက် မရသေးတဲ့ မြေပိုင်ရှင်တွေကို အန်တီဟောပြောပွဲစမယ့် အချိန် ၈ နာရီ နဲ့ ကိုက်ပြီး လာယူခိုင်းတယ်ဗျ ။ အဲဒီ အချိန် လာမယူရင် နောင်မပေးတော့ဘူး ဆိုတဲ့ ပုံစံနဲ့ ။ နောက် ကြံ့ခိုင်ရေးအမတ် ဆရာဝန်မ တစ်ဦးက ဆင်းရဲသားရပ်ကွက်တွေမှာ မနက် ၈ နာရီက စပြီး မုန့်ဟင်းခါး အ၀ ကျွေးမယ် ။ ပြီးရင် ပိုက်ဆံ တစ်ထောင် ပါပေးအုံးမယ်လို့ ကြေညာတယ်ဗျ ။ ဒီလိုနဲ့ အန်တီ ဟောပြောပွဲလုပ်မယ့် နေ့လည်းရောက်ရော မနက် ၈ နာရီ ဆိုပေမယ့် လမ်းတစ်လျှောက်က မြို့တွေ ရွာတွေက အတင်းတားပြီး နှုတ်ဆက်နေလို့ ၁၀ နာရီကျော်မှ ဟောပြောမယ့် ကွင်းထဲရောက်တယ်ဗျ ။ တချို့တွေ ကလည်း အလကားရတဲ့ မုန့်ဟင်းခါး အ၀ကြိတ် ပေးတဲ့ ငွေ နဲ့ ဆိုက္ကားတွေ ဆိုင်ကယ်တက်စီတွေ တုတ်တုတ်တွေ ငှားပြီးလာကြတာ။ပြီးတော့ပြောလိုက်သေးတယ် ဒေါ်စု ဘယ်အချိန်ရောက်ရောက် အရေးမကြီးဘူး။ ဗိုက်ကားအောင်စားလာတယ် ။ ကြိုက်တဲ့ အချိန်လာ ငါတို့စောင့်မယ်တဲ့ ။ တချို့တွေကလည်း ဂရမ်မယူ မုန့်ဟင်းခါးမစား အဲဒါ အမေ့သား ဆိုတဲ့ ဆိုင်းဘုတ် တွေကိုင်ပြီးဝင်လာကြတယ်။ အပြင်က ဆိုင်ကယ်တက်စီတွေ တုတ်တုတ်တွေ ကားတွေ က ခွပ်ဒေါင်းအလံတွေ တပ်ပြီး ဟောပြောပွဲသွားမယ့်သူတွေကို အလကား ပို့ပေးတယ်။ အဲဒီသတင်းလည်းကြားရော ဆီဆိုင်ပိုင်ရှင်တွေက အဲဒီကားတွေ ဆိုင်ကယ်တွေ တုတ်တုတ်တွေကို ဆီအလကား ဖြည့်ပေးတယ်။ တက္ကသိုလ်ကျောင်းသားတွေနဲ့ GTC ကျောင်းသားတွေကို မဖြေမနေရ ဆိုပြီး စာမေးပွဲဖြေခိုင်းတာ။ ကျောင်းသားတွေကလည်း ကျောင်းထုတ်ခံရင် ခံရပစေ ဆိုပြီး ပိတ်ထားတဲ့ တံခါးတွေကိုကျော်ပြီး အန်တီ့ဟောပြောပွဲကို ရောက်အောင်လာကြတယ် ။ အန်တီလာမယ့်လမ်းမှာ လူဦးရေ သိန်းနဲ့ချီတယ် ။ ကားအစီးရေ ထောင်နဲ့ချီတယ် ။ ဆိုင်ကယ် က သောင်းနဲ့ချီတယ်။ တစ်ဦးနဲ့တစ်ဦး တွန်းမိ တိုက်မိရင်လည်း အားလုံးအေးဆေး ။ အကုန်လုံး မျက်နှာမှာ အပြုံးတွေနဲ့ ။ ကွင်းထဲမှာ မနက် ၄ နာရီလောက်တည်းက ကိုယ့်သဘောနဲ့ လာထိုင်နေတဲ့သူတွေကလည်း အန်တီ့ ကို ချစ်မြတ်နိုးရင် သိမ်မွေ့စွာ နေပေးကြပါလို့ တာဝန်ရှိသူတွေက မေတ္တာရပ်ခံထာတော့ အကုန်သံပြိုင် ကမ္ဘာမကျေ သီချင်းကို ညီညီညာညာ ဆိုပြီး အားလုံးအေးဆေး ။ အန်တီ ရောက်လာပြီး မိန့်ခွန်းပြောတော့ နောက်က မမြင်ရမှာစိုးလို့ ရှေ့ကလူတွေ ထိုင်ပေးပါ ဆိုတာနဲ့ အကုန်ထိုင် အန်တီ မိန့်ခွန်းပြောပြီး ပြန်သွားတော့ အားလုံး တညီတညာနဲ့ လိုက်ပါနှုတ်ဆက်ကြ နောက်ဆုံး ကျွန်တော်တို့ မြို့သူမြို့သားတွေ အန်တီ့ ကိုချစ်တဲ့စိတ်ကြောင့် စည်းရုံးရေးခရီး အောင်မြင်စွာ ပြီးဆုံး ။ အစိုးရ တာဝန်ရှိသူတွေနဲ့ ကြံ့ဖွတ် အမတ်တွေ အရှက်ကွဲပြီး ကျန်ခဲ့တာပဲ ။ အခုလည်း ချင်းပြည်နယ်သူ ပြည်နယ်သားတို့ ခင်ဗျားတို့ တာဝန်ကျေပါတယ် ။ အန်တီ့ လုံခြုံရေးကိုလည်း ဂရုစိုက်ပေးလိုက်ကြပါ ။

“ရွေးကောက်ပွဲကော်မရှင်တွင် တပ်မတော်သားများ ခန့်အပ်ခြင်း နိုင်ငံရေးပါတီများ ဝေဖန်”



ဟိန်းကိုစိုး၊ မဇ္ဈိမ၊
Wednesday, 08 January 2014

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ခရိုင်နှင့် မြို့နယ်ရုံးခွဲများတွင် တပ်မတော်မှ ပြောင်းရွှေ့တာဝန် ထမ်းဆောင်လိုသူ ၆၃ ဦးကို ခန့်အပ်တာဝန်ပေးခဲ့ခြင်းကြောင့် လာမည့်ရွေးကောက်ပွဲ၏ လွတ်လပ်မျှတမှု အခြေအနေများအပေါ် သံသယရှိနေသည်ဟု နိုင်ငံရေးပါတီနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်း အင်အားစု အချို့က ဇန်န၀ါရီ ၆ ရက်တွင် ဝေဖန် ပြောဆိုသည်။

“သူတို့ပြောတဲ့ အကြောင်းပြချက်တွေက မခိုင်လုံဘူး။ ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်မှာ အရပ် ဘက်က ၀န်ထမ်းတွေကိုပဲ ခန့်သင့်တယ်။ ဒီအချိန်မှာက ပြည်သူတွေရဲ့ယုံကြည်မှုက ပိုအရေးကြီးတယ်။ ပြည်သူတွေယုံကြည်မှုတွေ လျော့မယ့်ကိစ္စတွေကိုတော့ ရှောင်သင့်တယ်။ တပ်မတော်ကသူတွေလည်း မျှတတဲ့သူ ရှိနိုင်ပါတယ်။ ဒီအချိန်က တပ်ကသူတွေထက် အရပ်ဘက်ကသူတွေကိုခန့်တာ ပိုသင့်တော်တယ်”ဟု ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးဂျင်မီက ဆို သည်။

ယခုကာလသည် နိုင်ငံရေးအင်အားစုများနှင့် အစိုးရကြား ယုံကြည်မှုတည်ဆောက်နေသည့် အချိန်ကာ လသာဖြစ်သည့်အတွက် ကော်မရှင်အတွင်း ယင်းသို့ တပ်မတော်သားများခန့်အပ်ခြင်း လာမည့် ရွေးကောက်ပွဲ တရားမျှတမှုရှိမရှိအပေါ်တွင် မေးခွန်းထုတ်စရာဖြစ်လာသည်ဟု ၎င်းက ဆက်လက် သုံးသပ်သည်။

ပြည်ထောင်စုရွေးကော်ပွဲကော်မရှင်ဘက်မှမူ လစ်လပ်နေသည့် ရာထူးနေရာများအတွက် ၀န်ကြီးဌာန အသီးသီးသို့ တင်ပြတောင်းခံခဲ့ရာတွင် ကာကွယ်ရေးဝန်ကြီးဌာနတစ်ခုတည်းမှသာ လွှဲပြောင်းတာဝန် ထမ်းဆောင်လိုသူများ ရရှိခဲ့သည်ဟု ဆိုသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသောင်းလှိုင်က “သူတို့ကိုခန့်တယ်ဆိုတာကလဲ ဘယ် ကမှမရလို့။ ဒုတိယဦးစီးမှူးတို့၊ စာရေးတို့ကိုတော့ ရုံးစိုက်တဲ့ဒေသကသူတွေကို ခန့်အပ်သွားမှာပါ။ သူတို့ ဒီဘက်မှာ တာဝန်ထမ်းဆောင်မှာကလည်း တပ်ကနေပြီးတော့ ထွက်ပြီးမှ တာဝန်ထမ်းဆောင်ကြမှာပါ” ဟု ပြောသည်။

ယင်းတို့ကို မည်သည့်ခရိုင်နှင့် မြို့နယ်များတွင် တာဝန်ပေးမည်ကိုမူ ဆုံးဖြတ်ရခြင်းမရှိသေးဘဲ လုပ်ငန်း ခွင်သင်တန်းများ ပို့ချပေးနေသည်ဟု ၎င်းက ပြောသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင် ဦးဝင်းမြင့်ကမူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် အများယုံကြည်ကိုးစား သည့် ပုဂ်္ဂိုလ်များကိုသာ ခန့်အပ်တာဝန်ပေးသင့်သည်ဟု ဆိုသည်။

လက်ရှိလွှတ်တော်အတွင်း အင်အားအကြီးဆုံးဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဘက် ကမူ ရွေးကောက်ပွဲများ၏ လွတ်လပ်မှုနှင့် မျှတမှုတို့သည် တာဝန်ရှိသူများ၏ တာဝန်ကျေပွန်မှုပေါ်တွင် သာ မူတည်မည်ဖြစ်ပြီး တပ်မတော်သားများ ခန့်ခြင်းမခန့်ခြင်းပေါ်တွင် သံသယထားရန်မရှိဟု ဆိုသည်။

အမရပူရမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက “သူတို့က အရပ်ဘက်အနေနဲ့ ပြောင်းလာတာဆိုတော့ တပ်မတော်တာဝန်တွေ ထမ်းဆောင်တော့မှာ မဟုတ်ပါဘူး။ တပ်မှာဆိုလည်း တပ်စည်းမျဉ်းစည်းကမ်းနဲ့ လုပ်ခဲ့ရတယ်။ အခု အရပ်ဘက်မှာလည်း သူ့စည်းမျဉ်းစည်းကမ်းအတိုင်း အ လုပ်လုပ်ဖို့ မည်သူမဆို တာဝန်ရှိမှာပါ။ အဲဒီတော့ သူတို့က အရပ်ဘက်နဲ့သက်ဆိုင်တဲ့ ၀န်ထမ်းတွေဖြစ် လာပြီး ရွေးကောက်ပွဲကို တာဝန်ယူရမယ်ဆိုတော့ လွတ်လပ်မှု၊ မျှတမှုရှိ မရှိဆိုတာက သက်ဆိုင်ရာတာ ၀န်ကို ကျေပွန်မှုရှိ မရှိပေါ်မှာပဲ မူတည်ပါလိမ့်မယ်”ဟု ဆိုသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တပ်မတော်သား ဗိုလ်မှူးအဆင့် ၆၀ ဦးကို ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများတွင် လက်ထောက်ညွှန်ကြားရေးမှူး ရာထူးဖြင့်လည်းကောင်း၊ ဗိုလ်ကြီးအဆင့်ရှိသူ သုံးဦးကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများတွင်လည်းကောင်း တာဝန်ပေးရန် စီစဉ်ထားသည်။

ဒီနေ့ကာတွန်း



ရွှေ့ပြောင်း အလုပ်သမားများထံမှ အုပ်စုဖွဲ့ ငွေတောင်းမှုများ ပြုလုပ်လျက်ရှိ



Eleven Media Group

ထိုင်းနိုင်ငံ၊ ရနောင်းမြို့ရှိ ဖန်ဖလားဆိပ်ကမ်းတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများထံမှ အုပ်စုဖွဲ့ ငွေတောင်းမှုများ ပြုလုပ်လျက်ရှိ

မြန်မာ-ထိုင်းနယ်စပ် ကော့သောင်းမြို့ တစ်ဖက်ကမ်း ရနောင်းမြို့ရှိ၊ ဖန်ဖလားလှေဆိပ်တွင် ထိုင်းလူမိုက်များက မြန်မာရွှေ့ပြောင်း လုပ်သားများထံမှ မိုက်ကြေးခွဲကာ ငွေတောင်းနေသဖြင့် ထိုင်းနိုင်ငံရှိ တာဝန်ရှိသူများက စောင့်ကြပ်စိစစ်ခြင်းများ ဆောင်ရွက်နေသော်လည်း ၎င်းတို့မရှိသော နံနက်ပိုင်းနှင့် ညနေပိုင်းအချိန်များတွင် ထိုင်းလူမိုက်များက အစဉ်အလာမပျက် မိုက်ကြေးခွဲ၍ ငွေတောင်းခံခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ထိုသို့မိုက်ကြေးခွဲရာ၌ တာဝန်ရှိသူများ မရှိသော နံနက် (၄း၃၀) အချိန်ခန့်မှ (၈း၃၀) ခန့်တွင်တစ်ကြိမ်၊ ညနေ (၅း၀၀) နာရီခန့်မှ (၆း၃၀) ခန့်တွင်တစ်ကြိမ် နေ့စဉ်ငွေတောင်းခံတတ်ပြီး အစောင့်များရှိစဉ် ကာလတွင် မြန်မာလှေသမားအချို့အား ကိုယ်စားစေခိုင်းတတ်ပြီး ဆောင်ရွက်ခြင်း မရှိသူများကို အပြစ်ရှာ ရန်ပြုလျက်ရှိကြောင်း သိရသည်။

“ကော့သောင်းကိုပြန်လာတဲ့ ရွှေ့ပြောင်းအလုပ်သမား နှစ်ဦးဆီကနေ ဘတ် ၃၀၀ ပေးဖို့ လှေသမားကနေတစ်ဆင့် တောင်းခိုင်းတော့ လှေသမားက တောင်းပေးလိုက်တယ်။ လူမိုက်အဖွဲ့က လှေသမားဆီကနေ လာယူသွားတယ်။ ကျွန်တော်က လှေသမားကို ဘာလို့ပေးရတာလဲ။ သူတို့ကို ပေးစရာမှမလိုတာလို့ပြောတော့ မတောင်းပေးရင် ကျွန်တော်တို့ကို ရန်ရှာမယ့်အပြင် လှေမထွက်ရဘဲ နေလိမ့်မယ်” ဟု ရနောင်းမြို့မှ ညနေ ၆ နာရီဝန်းကျင် အချိန်၌ ပြန်လာသော ခရီးသည်တစ်ဦးက သူတွေ့မြင်ခဲ့ရပုံကို ပြောပြသည်။

ဘတ် ၃၀၀ ပေးရသော ရွှေ့ပြောင်းအလုပ်သမား နှစ်ဦးနှင့်အတူ လှေအတူစီးလာသော ခရီးသည်၏ ပြောစကားအား လူမိုက်အဖွဲ့များက မကျေနပ်သဖြင့် လှေမောင်းထွက်စဉ် လှေနောက်မှ ထက်ကြပ်မကွာ လိုက်လာပြီး နှောင့်ယှက်ရန်ပြုရန် ပြင်ဆင်နေသဖြင့် လှေပေါ်ပါလာသူ ခရီးသည်တစ်ဦးက ထိုင်းအရပ်ဘက် အဖွဲ့အစည်းတစ်ခုအား ဖုန်းဖြင့်အကြောင်းကြားလိုက်သဖြင့် နောက်ပြန်လှည့်သွားသည်ဟု ဆိုသည်။

“ဖန်ဖလားဆိပ်မှာ တာဝန်ကျတဲ့သူတွေ မရှိတော့တဲ့ မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာဆိုရင် အရင်ကလိုပဲ မိုက်ကြေးခွဲ ငွေတောင်းနေတာကို နေ့တိုင်းတွေ့နေရပါတယ်။ ကိုယ့်မြန်မာအချင်းချင်းဆိုတော့ ကူညီချင်ပေမယ့် သူတို့နိုင်ငံမှာ လုပ်စားနေရတော့ ဘာမှလုပ်မပေးနိုင်ဘူး” ဟု ဖန်ဖလားဆိပ်ကမ်း တစ်ဝိုက်တွင် အရောင်းအ၀ယ်လုပ်နေသော မြန်မာတစ်ဦးက ပြောကြားသည်။

ထိုင်းနိုင်ငံ၏ စံတော်ချိန်သည် မြန်မာနိုင်ငံ၏ စံတော်ချိန်ထက် မိနစ် ၃၀ မြန်နေသဖြင့် နယ်စပ်ဖြတ်သန်းခွင့်ကို နှစ်နိုင်ငံနားလည်မှုဖြင့် ဆောင်ရွက်လျက်ရှိရာတွင် မြန်မာစံတော်ချိန်နှင့်အညီ ထိုင်းလ၀ကရုံးအား ဆက်လက်ဖွင့်ထားမှုကို အခွင့်ကောင်းယူကာ ထိုင်းလူမိုက်များက ၎င်းတို့ဆောင်ရွက်ပေးရသကဲ့သို့ ဖန်တီး၍လည်းကောင်း၊ လူ၏အခြေအနေကိုကြည့်၍ မသိနားမလည်သူများအား မိုက်ကြေးခွဲကာ ငွေတောင်းခံတတ်သည်ဟု ၎င်းကဆက်လက်ပြောကြားသည်။

(ဖန်ဖလားဆိပ်ကမ်းရှိ ဓာတ်ဆီဆိုင်တွင် အုပ်စုဖွဲ့ ပိုက်ဆံတောင်းသူများ ထိုင်နေပုံ)

မြန်မာအမျိုးသမီးများအား တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်အန္တရာယ်မှကာကွယ်ပေးနိုင်ရန် ဥပဒေကြမ်း ဦးသိန်းညွန့်တင်သွင်းမည်



Eleven Media Group
မြန်မာအမျိုးသမီးများအား တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများ၏ အန္တရာယ်မှ ပိုမိုကာကွယ်ပေးနိုင်ရန် ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးများ အထူးထိမ်းမြားသည့် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ယခုလွှတ်တော် ကာလအတွင်း ဦးသိန်းညွန့်တင်သွင်းမည်

မြန်မာအမျိုးသမီးများ၏ အခွင့်အရေးများကို ပိုမိုကာကွယ်မှု ပေးနိုင်ရန်နှင့် လူဦးရေမြင့်မားသည့် အိမ်နီးချင်း တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများ၏ အန္တရာယ်မှ ပိုမိုကာကွယ်ပေးနိုင်ရန် ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးများ အထူးထိမ်းမြားသည့် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လက်ရှိလွှတ်တော် ကာလအတွင်း တင်ပြသွားမည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က The Daily Eleven ကို ပြောကြားသည်။

မြန်မာနိုင်ငံမှ မြန်မာအမျိုးသမီးများ အနေဖြင့် နိုင်ငံခြားသားများနှင့် လက်ထပ်သည့်အခါတွင် အခွင့်အရေးများ၊ ရပိုင်ခွင့်များ မဆုံးရှုံးစေရန်နှင့် ယခုခေတ်ကာလနှင့် မကိုက်ညီတော့သည့် အချက်များကို ပြင်ဆင်ချက် တင်သွင်းသွားမည်ဖြစ်ပြီး လက်ရှိ ပထမအကြိမ် လွှတ်တော်ကာလအတွင်းဖြစ်သည့် ၂၀၁၅ ခုနှစ် ဇန်န၀ါရီတွင် တင်သွင်းသွားမည်ဟု ၎င်းကပြောကြားသည်။

“အခုတိုင်းပြည်ဟာ သန်း ၁၃၀၀ ရှိတဲ့ တရုတ်နိုင်ငံနဲ့ သန်း ၁၅၀ ရှိပြီး ရှမ်းပြည်လောက်သာရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေနဲ့ ကပ်နေတယ်။ အထူးသဖြင့် တရုတ်ပြည်ဟာ ကလေးတစ်ယောက် ပေါ်လစီပဲဖြစ်တော့ မိန်းကလေးဆိုရင် ကိုယ်ဝန်မှာကတည်းက ဖျက်ချပစ်တာတွေ ရှိတယ်။ အဲဒီတော့ တရုတ်ပြည်မှာ လူပျိုချည်း သန်း ၉၀ လောက် ပိုနေတယ်။ အဲတော့ အဲဒီသန်း ၉၀ အတွက် တို့ဆီက အမျိုးသမီးတွေကို လူကုန်ကူးပြီးတော့ တရုတ်အမျိုးသားတွေနဲ့ ပေးစားတဲ့ လုပ်ငန်းတွေရှိတယ်။ ဖြစ်ပျက်နေတယ်။ တို့က တစ်ပြည်လုံးမှ သန်း ၆၀ ပဲ ရှိတာလေ။ အဲဒါကြောင့် ဒီအန္တရာယ်တွေကိုလည်း တို့တွက်ရမယ်” ဟု ဦးသိန်းညွန့်က ပြောကြားသည်။

ယင်းအချက်များအပြင် လက်ရှိတွင် ဈေးကွက်စီးပွားရေးကို ဖွင့်လိုက်သည့်အတွက် နိုင်ငံခြားသားများ တိုင်းပြည်တွင်းသို့ ၀င်လာလိမ့်မည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုအတွက် လာကြသည့် နိုင်ငံခြားသားများ ရှိသကဲ့သို့ မြန်မာတိုင်းရင်းသူများကို ဈေးပေါပေါနှင့် တရားမ၀င်နည်းဖြင့် ပေါင်းသင်းမည့် သူမျိုးများလည်း အများကြီး ပါလာလိမ့်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံအတွက် အဓိကရေရှည်တွင် မြန်မာတိုင်းရင်းသားများ၏ လူမျိုး၊ ဘာသာ၊ သာသနာ တည်တံ့စေရန် သံဃာတော်များ ထောက်ပြနေသည့် အချက်များကို အလေးအနက် စဉ်းစားကာ တိုင်းပြည်တည်သရွေ့ လူမျိုးမပျောက်စေရန် ရည်ရွယ်ကြောင်း ၎င်းကပြောကြားသည်။

၎င်းအနေဖြင့် လက်ရှိလွှတ်တော် ကာလအတွင်း ဥပဒေကြမ်းသုံးခုကို တင်သွင်းရန် ရည်ရွယ်ထားကြောင်း၊ လက်ရှိတွင် တိုင်းပြည်၌ မုဒိမ်းမှုများ အလွန်များပြားလာခြင်းနှင့် ကလေးသူငယ်များကို မုဒိမ်းကျင့်သည့် ကိစ္စများမှာ မကြားဝံ့မနာသာ ကိစ္စများ ဖြစ်လာသည့်အတွက် အဆိုပါကိစ္စများကို လွှတ်တော်တွင် တင်ပြခဲ့ကြောင်း၊ သို့သော် ပယ်ချခြင်းများ ခံခဲ့ရသည့်အတွက် လိင်မှုဆိုင်ရာ အမျိုးသမီးများကို ကာကွယ်သည့် ဥပဒေကြမ်းကို တင်သွင်းသွားမည်ဖြစ်ကြောင်း၊ နောက်ထပ်ဥပဒေကြမ်း တစ်ခုကိုမူ ထုတ်မပြောလိုသေးကြောင်း ဦးသိန်းညွန့်က ပြောကြားသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်အနေဖြင့် ပြီးခဲ့သည့် ပထမအကြိမ် လွှတ်တော်အဋ္ဌမပုံမှန် ပြည်သူ့လွှတ်တော် အစည်းအဝေး ကာလအတွင်း ကလေးသူငယ်များအပေါ် မုဒိမ်းကျင့်သူများကို သေဒဏ်ပေးရန် ဥပဒေကြမ်းတစ်ခု တင်သွင်းခဲ့သော်လည်း ဆွေးနွေးရန်မသင့်ဟုဆိုကာ ပယ်ချခံခဲ့ရကြောင်း သိရသည်။

ဒေါ်စုသမ္မတဖြစ်ရေး ကန့်သတ်ထားသည်ဆိုသည့် ပုဒ်မ လေ့လာသုံးသပ်ရေးအဖွဲ့တွင် NLD တစ်ဦးသာပါဝင်

ဒီမို ဖက်တီး
တကယ့်ကို ဒီမိုခရီစီ ခရီးကြမ်းပါပဲ ။
အန္တရယ်လဲ များလှပါတယ် ။ ကျောက်တုံးကြီးများကလည်း တောင်ကမ်းပါးယံမှာ လှုပ်လှီလှုပ်လှဲ့ ။


မင်းမင်း|ဇန်န၀ါရီလ ၈ ရက်၊ ဗုဒ္ဓဟူးနေ့၊ ၂၀၁၄ ခုနှစ်
MIZZIMA
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရန် ကန့်သတ်ထားသည်ဟုဆိုသည့် ဖွဲ့စည်းပုံပုဒ်မ-၅၉(စ) လေ့လာ သုံးသပ်ရမည့် ဖွဲ့စည်းပုံလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အဖွဲ့(၁)တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှကိုယ်စားလှယ်တစ်ဦးသာ ပါရှိသည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က မဇ္ဈိမ ကို ပြောသည်။

“ဒီအဖွဲ့မှာ ကျွန်တော်တစ်ယောက်တည်းဆိုပေမယ့် အကြံပြုစာအားလုံးကို အခန်းအလိုက် လေ့လာသုံး သပ်ပြီး ပူးပေါင်းကော်မတီကို တင်ပြရမှာပါ။ ဆုံးဖြတ်မှာကတော့ ပြည်ထောင်စုလွှတ်တော်မှာ ဆုံးဖြတ်မှာဖြစ်လို့ ပြည်ထောင်စုလွှတ်တော်ရဲ့ဆုံးဖြတ်ချက်က အဓိကကျပါတယ်။ လွှတ်တော်မှာ တင်လာတဲ့အခါ ဘယ်အဖွဲ့က သုံးသပ်လေ့လာမှုကိုပဲဖြစ်ဖြစ် ဆွေးနွေးခွင့်ရှိတာပဲ”ဟု ပြောသည်။

လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဟု နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့် ပြည်တွင်း နိုင်ငံရေးအင် အားစုအချို့က သတ်မှတ်မည့် ဖွဲ့စည်းပုံခြေခံဥပဒေ အခန်း (၃) ပုဒ်မ-၅၉(စ)ဖြစ်သည့် သမ္မတအရည်အချင်း သတ်မှတ်ချက် ပြင်ဆင်နိုင်ရေးနှင့်ပတ်သက်၍ အကြံပြုစာများကို လေ့လာသုံးသပ်ရမည့် အဖွဲ့(၁) တွင် ပြည်ခိုင်ဖြိုးပါတီမှ သူရဦးအေးမြင့် ဦးဆောင်မည်ဖြစ်ပြီး အဆိုပါအဖွဲ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်အဖြစ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်တစ်ဦးသာ ပါရှိသည်။

အဖွဲ့(၁)တွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ငါးဦးနှင့် တိုင်းရင်းသားပါတီများနှင့်လွှတ်တော် တွင်းရောက်ရှိနေသည့်ပါတီများမှ လွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးပါရှိပြီး ထိုအဖွဲ့(၁)တွင် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အများဆုံး ၁၀ ဦးဝန်းကျင်အထိ ပါရှိကြောင်း သိရသည်။

အဖွဲ့(၁)မှကော်မတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက “သမ္မတအရည်အချင်းသတ်မှတ် ချက်ကတော့ အကြံပြုစာတွေ ကြည့်ရဦးမယ်။ ဒါကတော့ ကျွန်မတစ်ဦးတည်း ဆုံးဖြတ်လို့မရဘူး။ အားလုံးရဲ့သဘောတူညီချက်နဲ့ ဆုံးဖြတ်ရမယ့် ကိစ္စပါ။ နောက် အခန်း(၁၂)ကတော့ ပြင်ရမယ့်ကိစ္စပါ။ ဒါမှ မပြင်ရင်တော့ ကျန်တာတွေ ဘာမှလုပ်လို့ရမှာမဟုတ်ဘူး”ဟု ပြောသည်။

ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ အစည်းအဝေးကို ဇန်န၀ါရီ ၇ ရက် နံနက်တွင် ပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးမှ ဖွဲ့စည်းပုံပြင်ဆင်ရေး ပြည်တွင်း၊ ပြည်ပမှ အကြံပြုချက်ပေါင်း သုံးသိန်း ကျော်မှ အကြံပြုစာ ၃၀,၀၀၀ ကျော်ကို ကော်မတီဝင် ၁၀၆ ဦးက အဖွဲ့ ငါးဖွဲ့ခွဲကာ ဖွဲ့စည်းပုံပါ အခန်း လိုက် ခွဲဝေလေ့လာ သုံးသပ်ရမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။

အဆိုပါအဖွဲ့ငါးဖွဲ့၏ အဖွဲ့(၁)သည် ဖွဲ့စည်းပုံဥပဒေ၏ အခန်း(၁)၊ အခန်း (၂)၊ အခန်း(၃)နှင့် အခန်း(၁၂) ကို လေ့လာသုံးသပ်ရမည်ဖြစ်သည်။

ထိုအဖွဲ့(၁)၏တာဝန်တွင် အခန်း(၃)ပါ ပုဒ်မ-၅၉(စ)ဖြစ်သည့် သမ္မတအရည်အချင်းသတ်မှတ်ချက်များ ပါရှိသည်။ အဆိုပါပုဒ်မအား ပြင်သင့်၊ မသင့်နှင့်ပတ်သက်ပြီး ပြည်တွင်းနိုင်ငံရေးအင်အားစုများအကြား အငြင်းပွားမှုများ ရှိနေသည်။

အဆိုပါပုဒ်မ-၅၉(စ)နှင့် ပြင်ဆင်ရေးနှင့်ပတ်သက်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ဖွဲ့စည်းပုံပြင်ဆင်ရေး စတင်ပြင်ရန်မလိုကြောင်း ကန့်ကွက်ခဲ့ဖူးသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဖွဲ့စည်းပုံပြင်ဆင်ရေး လူထုသဘောထား ဆွေးနွေးမှုများပြုလုပ်ရာတွင် ပုဒ်မ-၅၉(စ)ပြင်ဆင်ရေးကို အဓိကဦးတည်ဆောင်ရွက်ခဲ့ခြင်းအေပါ် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

ဥရောပနိုင်ငံများကလည်း ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးနှင့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရေးအတွက် မြန်မာအစိုးရကို ဖိအားပေးမည်ဟုလည်း တရားဝင် ထုတ်ဖော် ပြောကြားခဲ့သည်။

အမေစုတို့ နဲ့ အတူ တည်းခိုနေပါသည်။

ခွန် ဒီးယမ်
ဒို့အမေကို ယုတ်မာနေပြီဟေ့........ တည်းခိုခန်းကြိုဘိုကင်လုပ်ထားတာ အခု ဟာခါးလဲရောက်ရော မရတော့ဘူးလုပ်လို့ လုံခြုံရေးလိုက်လာတဲ့ အမျိုးသားတွေတည်းဖို့ စီစဉ်ထားတဲ့ လေမလုံ မိုးမလုံ သစ်သားစုတ်တည်းခိုခန်းလေးမှာ ဒို့အမေတည်းနေရရှာတယ်။ ဒီည ဟားခါးမှာ ၂ဒီဂရီထိအေးမှာ၊ လေမလုံရင်အရိုးကွဲအောင်အေးတော့ အမေခြေထောက်ခွဲထားတာနဲ့ အရမ်းစိတ်ပူမိတယ်။ ပါသွားတဲ့ သတင်းထောက်တွေဆို တည်းစရာမရှိလို့ သောင်ပြင်လွှတ်တဲ့ဗျိုင်းတွေလိုဖြစ်နေကြတာ အရပ်က မနေနိုင်လို့ အိပ်စရာပေးတာ တော်သေးတာပေါ့...

ချင်း ပြည် နယ် ဟား ခါးမြို့ ဒေါ် အောင် ဆန်း စု ကြည် ခရီးစဉ် မှာ ကြို တင် ဘို ကင် လုပ်ထားပါ လျှက် ဟား ခါး ရောက် မှ အခန်း မရဘူး ဆို လို လုံ ခြုံ ရေး တွေ အတွက် လုပ်ထား တဲ့တည်း ခို ခန်း မှာ အိပ် ရတယ် သတင်း ထောက်တွေလဲ အခန်း ကြို မှာ ထားရက်နဲ့ မ ရ တော့ဘူး ပြော လို့ ဘုန်း ကြီး ကျောင်း မှာ အိပ်နေရတယ်....

______________________________
အောင်သူရ (7-Days Journal) 8-1-2014



 ( ဟားခါး ချယ်ရီတည်းခိုခန်း)
++++++++++++++++

ဒီကနေ့ အမေစု ခရီးစဉ်က တီးတိန်မြို့ကနေ ဖလမ်း ၊ဟားခါးမြို့ တွေကို ခရီးဆက်ပါတယ်။ ကိုယ်တွေက သတင်းကို ဆိုင်ကယ်နဲ့ လိုက်တာ ။ ကြွားတာမဟုတ်ဘး ဖုန်း ၂ လုံးပါတယ်။ လက်တော့ ၁ လုံးပါတယ်။ တယ်လီတစ်လုံး ကင်မလာတစ်လုံး ဗျာ ။ လမ်းမှာ ဆိုက်ကယ် တစ်ခါ လဲ တယ် ။ ကံကောင်းလို့ မသေဘူး ။ ပါလာတဲ့ သူတွေက တော့ မိုးသူအောင် လို ဖြစ်ပြီ ထင်တာတဲ့။ အဆင် သင့် ဗျ နောက် က ရဲကား ကပ်ပါလာတယ်။ ခပ်တည်တည်ပဲ ရဲကားပေါ်က တက်လိုက်ခဲ့တယ်။ လက်ကတအား နာတယ်။ လှုပ်လို့ သိပ်မရဘူး ။ ဖလမ်း ရောက်တော့ ဆေး ထည့် ဆေးသောက်လုပ်ရတယ်။ နောက် သတင်းကို ချက်ချင်းယူတယ်။ ပထမ က လက်က ကွန်ပြူတာ ရိုက်မရဘူး ။ နောက် နဲနဲခြင်း ရိုက်ကြည့်တယ်။ သတင်း တစ်ပုဒ် ပြီး သွားတယ်။ ဖလမ်းက သတင်း တင်ပြီး မှ ထွက်လာတာ ည ၈နာရီထိုးတော့ ဟားခါးရောက်တယ်။ ကြိုတင်ထားတဲ့ အန်တီသိန်း ဆိုင်မှာ ပူပူနွေးနွေး ထမင်းဟင်းတွေ စားရတယ်။ ( ၀မ္မသူးမောင် ကွင်း အနီးက ဒေါ်ကြီးသိန်း ထမင်းဆိုင်ဟာ မြေပြန့်ကလာတဲ့ သူတွေ အတွက် ခံတွင်းတွေ့ စေပါတယ်။ ) စားပြီးတော့ ကြိုမှာ ထားတဲ့ တည်းခိုခန်း ကို လာခဲ့တယ်။ တည်းခိုခန်းမှာ အမေစု တို့ စီးတဲ့ ကားတွေ တွေ့ရပါတယ်။ ဒါနဲ့ မေးကြည့်တော့ “ အမေစု” တို့လည်း ကျနော် တည်းခိုတဲ့ “ ချယ်ရီ တည်းခိုခန်း ” မှာ အတူတူ တည်းခို ကြတယ်ဆိုတာ သိလိုက်ရပါတယ် ။ ဘာပဲ ဖြစ်ဖြစ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ တမိုးအောက်ထဲမှာ တည်းခို ရမယ် ဆိုတော့ ၊ နေ့လည်က ဆိုင်ကယ် မှောက်လို့ နာနေတာတွေ ဘယ်ပျောက်သွားမှန်း မသိပါဘူး ဗျာ ။ အဖွင့်မှာ ကြွားခဲ့ပြီး အပိတ်မှာ ပြန်ကြွားအုန်းမယ်။ မနက်ဖြန် နင်တို့ ဘယ်မှာ တည်းလဲ လာမမေး နဲ့ ။ ဖြေပြစ်လိုက်မှာ “ အမေစု တို့ နဲ့ အတူတူတည်းတာ ” လို့ ပေါ့ ။ ........

ချင်းတွင်းကိုကို

ဖလမ်းမှာပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည် မိန့် ခွန်း ၂၇ မိနစ်အကြာမှာ ပြီးဆုံးခဲ့ ပါတယ်။
ပရိသတ်ထဲက တစ်ဦးက ဒေါ်အောင်းစုကြည် လာတာကို ထွက်မကြိုဖို့  မိန့် ခွန်းပြောပွဲတွေ မသွားဖို့ ကို ဌာနဆိုင်ရာ တာဝန်၇ှိသူတွေက ၀န်ထမ်းတွေကို တားသလို ဆရာဆရာမတွေက ကျောင်းသားတွေကို တားတာကို လုပ်သင့်ရဲ့လားလို့ မေးပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က တားဆီတဲ့  သူတွေကို ဖြေရှင်းချက်တောင်းမယ်။ ချင်းပြည်နယ်အစိုးရအပေါ် တရားဝင် ကန့် ကွက်ပါမယ်။ ပြည်သူတွေရဲ့ အခွင့်အရေးကို တားဆီးပိတ်ပင်လို့ ကျမအနေနဲ့ ရာဇ၀တ်မှုလို့ တောင် ထင်မြင်မိပါတယ် လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

Author နန်းလွင်
Kumudra

ကျောင်းသားများ နိုင်ငံရေးမလုပ်ရန် ကန့်သတ်ထားမှုကို ဆန့်ကျင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

NLD ရုံးခန်းရယ်လို့ တဲပုတ်ကလေးတောင် မရှိတဲ့ တောင်ကမ်းပါးဘေးက ချင်းရွာလေးတွေကို ဖြတ်အသွားမှာတောင် .....
ဓါတ်ပုံ - စစ်ငြိမ်းအောင်


The Voice Weekly
ကလေး၊ ဇန်နဝါရီ ၇

ကျောင်းသား လူငယ်များကို နိုင်ငံရေး မလုပ်ရန် ကန့်သတ်ထားမှုကို ဆန့်ကျင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ချင်းပြည်နယ်၊ တီးတိန်မြို့တွင် ပြုလုပ်သော လူထုတွေ့ဆုံပွဲ၌ ပြောကြားသည်။
“ကျောင်းသားတွေ နိုင်ငံရေး မလုပ်ရဘူး ဆိုတာကတော့ ကျွန်မတို့ နိုင်ငံကို ဒီမိုကရေစီနိုင်ငံ မဖြစ်စေချင်တဲ့ လူတွေက ပြောတဲ့ စကားပါ။ ကျောင်းသားတွေ နိုင်ငံရေး မလုပ်ဘူး။ လူငယ်တွေ နိုင်ငံရေး မလုပ်ဘူးဆိုရင် ဘယ်တော့မှ ဒီမိုကရေစီ မထွန်းကားနိုင်ပါဘူး။ အဲဒီတော့ ကျွန်မကတော့ အဲဒါကို လုံးဝလုံးဝ ဆန့်ကျင်ပါတယ်လို့ ပြောကြားလိုပါတယ်” ဟု ၎င်းကဆိုသည်။

တီးတိန်မြို့ ဒေသခံများ၏ ကျောင်းသားများနှင့် ဝန်ထမ်းများ နိုင်ငံရေး လုပ်ဆောင်ရန် ကန့်သတ်ထားမှုနှင့် ပတ်သက်၍ ၎င်း၏ အမြင်ကို မေးမြန်းရာတွင် ထိုသို့ ဖြေကြားခြင်း ဖြစ်ပြီး ကျောင်းသားများ နိုင်ငံရေးနှင့် မပတ်သက်ရန် ပြောကြားမှုကို လုံးဝ သဘောမတူကြောင်း ပြောဆိုခဲ့သည်။

ဝန်ထမ်းများ နိုင်ငံရေးနှင့် မပတ်သက်ရန် ဆိုရာ၌ နှစ်မျိုးရှိကြောင်း၊ ဝန်ထမ်းများသည် မိမိတို့ရဲ့ အလုပ်တာဝန်နှင့် ရာထူး တာဝန်အား အလွဲသုံးစား မပြုလုပ်ရကြောင်း၊ မိမိတို့ အထက်လူကြီး ထောက်ခံသော နိုင်ငံရေးပါတီကိုသာ ထောက်ခံ အားပေးခြင်းများ၊ မဲပေးခြင်း မဖြစ်သင့်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။
“ဌာနအတွင်းမှာ မလုပ်ရဘူး။ ဒါပေမဲ့ အလုပ်ပြင်ပမှာတော့ လုပ်ပိုင်ခွင့်ရှိရမယ်။ အလုပ်ပြင်ပမှာ ပါတီဝင်ချင်လည်း ဝင်ထားနိုင်ရမယ်။ ပါတီ အလုပ်တွေကိုတော့ အလုပ်ခွင်အတွင်းကို မယူခဲ့ရဘူး” ဟု ၎င်းက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ချင်းပြည်နယ် သုံးမြို့နယ် ခရီးစဉ်တွင် ပထမဆုံးအနေနှင့် တီးတိန်မြို့သို့ ဇန်နဝါရီလ ၇ ရက်နေ့သို့ ရောက်ရှိခဲ့သည်။ ယင်းနေ့ နံနက်ပိုင်းတွင် တီးတိန်မြို့နယ်၊ ဇိုနွမ်းဇန် ကျေးရွာရှိ ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ) လှူဒါန်းသော မူလတန်းလွန်ကျောင်း ဖွင့်ပွဲသို့ တက်ရောက်ခဲ့ပြီး မွန်းလွဲ ၄ နာရီ အချိန်ခန့်တွင် တီးတိန်မြို့၊ စကောလမ်း ရပ်ကွက်ရှိ အားကစားကွင်း၌ လူထုတွေ့ဆုံပွဲ ပြုလုပ်ရာ ဒေသခံ ၃၀၀၀ ကျော်ခန့် တက်ရောက်ခဲ့သည်။

ဆက်လက်ဂုတ်သွေးစုတ် တောင်းရမ်းစားသောက်သွားအုန်းမည့်အကြောင်း



ပြည်ပကုမ္ပဏီများ လုပ်ငန်းစတင်ချိန်မှ MPT မိုဘိုင်းလ်ဖုန်း ခေါ်ဆိုခ လျှော့ ချမည်

The Voice Weekly
 ရန်ကုန်၊ ဇန်နဝါရီ ၇

အများပိုင် ကုမ္ပဏီအဖြစ် အသွင်ပြောင်းလဲရန် စီစဉ်နေသော မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း (MPT) က ယခုနှစ်အတွင်း အော်ရီဒူး၊ တယ်လီနော စသည့် ပြိုင်ဘက်ကုမ္ပဏီများ လုပ်ငန်း စတင်ချိန်မှသာ မိုဘိုင်းဖုန်း ခေါ်ဆိုခများ လျှော့ချ ကောက်ခံမည် ဖြစ်ကြောင်း ဆက်သွယ်ရေး သတင်းအချက်အလက် နှင့် နည်းပညာဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။ “ဈေးနှုန်းကိုတော့ အခုချိန်မှာ မပြောနိုင်သေးပေမယ့် လူတိုင်း အဆင်ပြေပြေ သုံးစွဲနိုင်မယ့် ပြည်ပကုမ္ပဏီတွေနဲ့လည်း ယှဉ်နိုင်တဲ့ ဈေးနှုန်း ဖြစ်မှာပါ” ဟု ၎င်းကဆိုသည်။ နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီများနှင့် ပူးပေါင်း၍ ပုဂ္ဂလိက ကုမ္ပဏီအဖြစ် အသွင်ပြောင်းရန် ပြင်ဆင်နေသော မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက နောက်ပိုင်းတွင် အင်တာနက် သုံးစွဲမှု များကိုလည်း နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီများကဲ့သို့ သုံးစွဲသူစိတ်ကြိုက် ရွေးချယ် ဝယ်ယူသည့် စနစ်သို့ ပြောင်းလဲရန် ပြင်ဆင်နေကြောင်း အဆိုပါဌာနထံမှ သိရသည်။ “မိုဘိုင်းဖုန်း ခေါ်ဆိုခတွေ လျှော့ချတာထက် ဝန်ဆောင်မှုတွေကို ပိုကောင်းအောင် အရင် လုပ်သင့်တယ်။ ဖုန်းခေါ်ဆိုခတွေ လျှော့လည်း ဒီလိုဝန်ဆောင်မှုတွေပဲ ထပ်ပေးနေမယ်ဆိုရင် ဘာမှ မထူးဘူး။ ဒီအချိန်မှာ MPT ကို ပြည်သူတွေ ယုံကြည်လာအောင် လုပ်သင့်နေပြီ။ ပြည်ပကုမ္ပဏီတွေစမှ အသည်းအသန် ပြောင်းမယ် ဆိုရင်တော့ နောက်ကျနေပြီလို့ ထင်တယ်” ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အငြိမ်းစားအရာရှိ ဦးသန်းဦးက ဆိုသည်။ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ စတင်ရန် အဓိကကျသည့် ဆက်သွယ်ရေးလိုင်စင် ရရှိရေးအတွက် တင်ဒါအောင် ပြည်ပကုမ္ပဏီ နှစ်ခုဖြစ်သည့် အော်ရီဒူးနှင့် တယ်လီနောတို့က ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာနနှင့် လိုင်စင် ကိစ္စရပ်များကို အပြီးသတ် ဆွေးနွေးနေပြီး ယခုနှစ်ဆန်းပိုင်းတွင် အပြီးသတ်နိုင်ဖွယ် ရှိကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းထံမှ သိရသည်။ အော်ရီဒူးက ဖုန်းခေါ်ဆိုခ တစ်မိနစ် ၄၅ ကျပ်၊ ဆင်းမ်ကတ်တစ်ခု ၁၅၀၀ ကျပ် ဖြင့် 3G စနစ် ဆက်သွယ်ရေး ဝန်ဆောင်မှုများ ပေးအပ်မည်ဟု ကြေညာ ထားပြီး တယ်လီနောက ဖုန်းခေါ်ဆိုခ တစ်မိနစ် ၂၅ ကျပ်၊ ဆင်းမ်ကတ်တစ်ခု ၁၅၀၀ ကျပ်ဖြင့် ဝန်ဆောင်မှုများ ပေးမည်ဟု ဆိုထားကာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကမူ မိုဘိုင်းဖုန်း ခေါ်ဆိုခ တစ်မိနစ်လျှင် ၅၀ ကျပ် ကောက်ခံနေသည်။