Friday, January 10, 2014

ရှပ်နီလား..ရှပ်ဝါလားဟေ့




ကိုကိုကြီး --- ယုံကြည်မှုအရင်တည်ဆောက်ဖို့လို...

ဦးဥာဏ်ဝင်း --- ပြင်ပြင်မပြင်ပြင်ဝင်ရမှာပဲ....

ဦးဝင်းတင် --- နာခါးလှသဗျာ....

သမ္မတ .....  ပြင်ဖို့ကလွှတ်တော်တာဝန်....

ဦးဌေးဦး  .....  တဦးတယောက်အတွက်ပြင်ပေးစရာမလိုဘူး....

ဦးရွှေမန်း .... ပြင်သင့်တာပြင်ရမယ်....

ဦးအောင်သောင်း  ....   ပြည်ခိုင်ဖြိုးပါတီက အင်အား နည်းနည်း တောင့်တင်းတဲ့ သဘောရှိတာပေါ့။ NLD ဆို ဒေါ်စုကြည်ပဲ ရှိတယ်။ နောက်လိုက် သိပ်မရှိဘူး။

ကိုမင်းကိုနိုင် .... မည်သို့ဖြစ်စေ ဒေါ်စုကိုဝန်းရံရမယ်။

ဒေါ်အောင်ဆန်းစုကြည် .... ၅၉(စ)ကကျွန်မကိုဦးတည်ရေးဆွဲသလိုဖြစ်နေတယ်...   မပြင်ပေးမှာသေချာတဲ့နေ့ကျရင်ပါတီရဲ့သဘောထားကိုထုတ်ပြောပါမယ်။

ဒီကေဘီအေ .... စစ်တပ်ကအာဏာသီမ်းတာမျိုးလုပ်ရင်လက္မခံပါ။

GSM ဖုန်းလိုင်းမကောင်း၍ မေးမြန်းရာ AE ဒေါသထွက်နေသည်ဟုပြော




  ရန်ကုန်၊ ဇန်န၀ါရီ ၈ ရက်

GSM ဖုန်းလိုင်း ချို့ယွင်းမှုနှင့် ပတ်သက်၍ သွားရောက်မေးမြန်းရာ အလုံဆက်သွယ်ရေးရုံးရှိ AE (Assistant Engineer) လက်ထောက် အင်ဂျင်နီယာ ဒေါ်ဝင်းလဲ့ဦးမှာ ဒေါသထွက်နေသည်ဟု ဇန်န၀ါရီ ၈ ရက်တွင် ၎င်းရုံးခန်းရှိ ဒေါ်ဝင်းခင် က မြန်မာသံတော်ဆင့်သို့ ပြောသည်။

မြန်မာ့ဆက်သွယ်ရေးမှ GSM ဖုန်းလိုင်းများသည် ဆက်သွယ်မှုလိုင်းများ မကြာခဏ ပြတ်တောက်ပြီး ဆက်သွယ်ရေးတွင် အခက်အခဲ ရှိသည်ဆိုသော သတင်းများ ကြားသဖြင့် မြန်မာသံတော်ဆင့်မှ သွားရောက် မေးမြန်းခြင်းဖြစ်သည်။

““အစ်မတို့မှာ Network မရှိတော့ဘူး။ အဲဒါနဲ့ ပတ်သက်လို့ သိချင်ရင် ဝေဠုဝန်ကိုသွား၊ ဒါမှမဟုတ် ရွှေဂုံတိုင်ကို သွားမေး၊ အဲဒီကိုပဲသွားပါ။ ကိုယ့်ကိစ္စ ကိုယ့်ဘာသာလုပ်ပါ။ ဒီမှာတော့ ဖြေပေးမယ့်သူ မရှိဘူး။ AE တော့ရှိ တယ်။ AE ကပဲ ဟိုဘက်ကိုသွား ဆိုပြီး လွှတ်လိုက်တာ။ AE က အလုပ်ရှုပ်နေတယ်၊ သဘောပေါက်လား၊ တစ်ခါတည်း ပြောပြီးသား လုပ်ငန်း နှောင့် ယှက်မှု ဖြစ်နေတယ်။ ဖုန်းလိုင်းနဲ့ ပတ်သက်ရင် ဟိုကိုပဲ သွားလို့ ပြောပြီးသား၊ မနှောင့်ယှက်နဲ့နော်။ AE ဒေါသ ထွက်နေတယ်””ဟု ဒေါ်ဝင်းခင်က ပြောသည်။ …

ဆက်သွယ်ရေးမှ GSM ဖုန်းများသည် ယခုတလော ဖုန်းဆက်သောအခါ ဖုန်းလိုင်း မကြာခဏ ပြတ်တောက်ပြီး ဖုန်းပြောစဉ် လိုင်းများကျလျက် ရှိသည်ဟု GSM ဖုန်းကိုင်ဆောင်သူ တစ်ဦးက““ဖုန်းလိုင်းတွေက အခုတလော လုံးဝပြောလို့ မကောင်းဘူး။ ကြည်လည်း မကြည်ဘူး။ ပြတ်တောင်း၊ ပြတ်တောင်းနဲ့ ဖုန်းလိုင်း မကောင်းတော့ ဟလို၊ ဟလိုနဲ့ပဲ ဖုန်းဘေလ်တွေ အများကြီး ကုန်တယ်။ ဒီလထဲမှာပဲ ၁၅၀၀၀ ခွဲလောက်က ကုန်နေပြီ။ ဒါတောင် လမကုန်သေးဘူး”” ဟု ပြောသည်။

ဆက်သွယ်ရေးရုံး ရွှေဂုံတိုင် ရုံးချုပ်သို့ သွားရောက် မေးမြန်းသောအခါ ဖုန်းလိုင်းနှင့် ပတ်သက်၍ ရွှေဂုံတိုင် ရုံးချုပ်နှင့် မသက်ဆိုင်ကြောင်းကို JE(Junior Engineer) ဦးမောင်မောင်လွင်က ““ဒီမှာလိုင်းနဲ့ ပတ်သက်လို့ မေးလို့မရဘူး။ ဒီမှာက ဖုန်းကတ်တွေ ပျောက်တာ၊ ကတ်လျှောက်၊ ကတ်ပျက်တွေ စာရွက်စာတမ်းတွေနဲ့ ပတ်သက်တဲ့ ဟာတွေပဲ လုပ်လို့ရတယ်။ ZTE စက်ဆို အလုံကိုသွား၊ HUAWEI ဆို ဟံသာဝတီ Exchange ရုံး ကိုသွား””ဟု ပြောသည်။

ဟံသာဝတီ Exchange ရုံးသို့ ထပ်မံ မေးမြန်းခဲ့ရာ GSM ဖုန်းလိုင်းမှ အင်ဂျင်နီယာ တစ်ဦးက ရွှေဂုံတိုင် ဆက်သွယ်ရေး ရုံးသို့ သွားရောက် မေးမြန်းပါ။ ဒီမှာတော့ အဲလို တစ်ခါမှ လာမေးတာ မရှိဘူး။ ရွှေဂုံတိုင်ကပဲ ဖြေတာ။ အဲဒီကို သွားလိုက်ပါ။ ဒီမှာဆိုရင်တော့ တာဝန်ခံ မရှိဘူး။ ဘုန်းကြီး ဆွမ်းသွားကပ်တယ်၊ စောင့်မယ်ဆို စောင့်ပေါ့။ ဒုတိယ တာဝန်ခံတွေတော့ မရှိဘူး ဒီမှာ တစ်ယောက်ပဲ ရှိတယ်””ဟု ပြန်လည် ဖြေကြားခဲ့သည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ ထုတ်ပြန်သည့် စာရင်းဇယားများအရ တယ်လီဖုန်းလိုင်း ၂၂၉၇၄၁ လိုင်းရှိပြီး မိုဘိုင်းဖုန်း ၁၄၃၅၂၅၀ လိုင်းချထားပေးပြီး မိုဘိုင်းဖုန်းများတွင် CDMA ၈၀၀ MHz ၅၈၃၇၅၀ လိုင်း၊ GSM ဖုန်း ၄၈၅၁၀၀၀၊ WCDMA ၂၈၀၀၀၊ MC Well ၅၀၀၀၀ ချထားပေးသည်။

အေးမိုးကိုကို
http://myanmarthandawsint.com

ဥူးဝီရသူကိုအန်ဒီအက်ဖ်ပါတီဥက္ကဌလာရောက်ဂါရ၀ပြု

ဟံသာဝတီ ဦးဝင်းတင်ပြောတဲ့ နအဖ ဦးအောင်သောင်း



““တကယ်တော့ လက်ရှိ အနေအထားအရ ကြည့်မယ်ဆိုရင် ပြည်ခိုင်ဖြိုးပါတီက အင်အား နည်းနည်း တောင့်တင်းတဲ့ သဘောရှိတာပေါ့။ NLD ဆို ဒေါ်စုကြည်ပဲ ရှိတယ်။ နောက်လိုက် သိပ်မရှိဘူး။ အာဃာတတွေနဲ့ လက်စားချေလိုတဲ့ နိုင်ငံရေးသမား၊ အာဃာတကို ဖော်ဆောင်နေ တဲ့ နိုင်ငံရေးသမား၊ မကျေနပ်ချက်ကို အခြေခံပြီး ဖြစ်လာတဲ့ နိုင်ငံရေးသမား၊ အခွင့်အရေးများ ရမလား ဆိုပြီးတော့ ၀င်လာတဲ့ နိုင်ငံရေးသမား ဖြစ်နေတယ်။။ တကယ့်နိုင်ငံရေးကို နားလည် ယုံကြည်ပြီးတော့ NLD ရဲ့ လမ်းစဉ် မူဝါဒတွေ ကောင်းတယ်၊ အဲဒါတွေသာ တိုင်းပြည်ကြီး တည်ဆောက်လို့ ရတယ်၊ အလွန်ကောင်းမှာပဲ၊ ချမ်းသာသွားမှာပဲ၊ အောင်မြင် သွားမှာပဲ၊ ကမ္ဘာကလည်း လက်ခံမှာပဲဆိုတဲ့ ဒီလိုအမြင်နဲ့က နည်းတယ်””

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်း
သံတော်ဆင့်ဂျာနယ်နှင့် အင်တာဗျူးမှ


ဒီမို ဖက်တီး

" ဦးအောင်သောင်း ဆိုရင်ပဲ အရင်တုန်းက သူဘာလုပ်လဲ။ ကျောင်းဆရာလုပ်တယ်။ နောက် စစ်တပ်ထဲ ၀င်တယ်။ အာဏာသိမ်းတယ်။ ဒါကို အမျိုးသားနိုင်ငံရေးလို့ ခေါ်သလား။ သူ့ကိုယ်သူ အမျိုးသားနိုင်ငံရေး လုပ်တယ်၊ နိုင်ငံရေးသမားလို့ ပြောလို့ရသလား။ နိုင်ငံရေးသမား ဆိုလည်း သူတို့ဟာ ကိုယ်ကျိုးရှာဖို့ အတွက် လောဘဇောတိုက်ပြီးတော့ နိုင်ငံရေး လုပ်ကြတာဆိုရင် ဘယ်လိုဖြေမလဲ"

"ဦးအောင်သောင်း ဆိုတဲ့လူ ကျွန်တော့်ထက် အသက်ကြီးကောင်းကြီးလိမ့်မယ်။ ဒီတော့ ခင်ဗျားလည်း သေခါနီးနေပြီ။ ကျွန်တော်လည်း သေခါနီးနေပြီ။ လိပ်ပြာသန့်အောင် ခင်ဗျား ဘာတွေလုပ်နိုင်သလဲပြော။ ကျွန်တော့်မှာ လိပ်ပြာသန့်အောင် ပြောနိုင်တဲ့ဟာတွေ ရှိတယ်။"

သမ္မတဖြစ်ခွင့် ကန့်သတ်ချက်အပေါ် အမေရိကန်သံအမတ်ကြီး မေးခွန်းထုတ်



RFA Burmese

၂၀၁၅ ရွေးကောက်ပွဲကို တရားမျှတတဲ့ နိုင်ငံရေးဖြစ်စဉ်အဖြစ်သာ မြင်တွေ့လိုပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ပုဒ်မ ၅၉ (စ) ဟာ အတိတ်ရဲ့ အမွေတစ်ခုသာ ဖြစ်ပါတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ပြည်တွင်းထုတ် သတင်းမီဒီယာတွေကို အမေရိကန်သံရုံးက ဒီကနေ့ပေးပို့တဲ့ အထူးမှတ်ချက်မှာ အခုလို ပြောကြားလိုက်တာဖြစ်ပြီး မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးကို သမ္မတဖြစ်ခွင့် ကန့်သတ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မမျိုးကို သူနားမလည်နိုင်ပါဘူးလို့လည်း Mr. Mitchell က ပြောကြားပါတယ်။

၁၉၄၇ ခုနှစ် အခြေခံဥပဒေ၊ ဒါမှမဟုတ် ၁၉၇၄ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေတွေမှာ ပါတယ်ဆိုရင်တောင် ပြင်ပကမ္ဘာကို စိုးရိမ်ကြောက်ရွံ့လို့ ထည့်ထားတဲ့ ဥပဒေပုဒ်မဆိုတာ နားလည်လို့ရကြောင်း၊ ဒါပေမယ့် အခုလို ၂၁ ရာစုအတွင်း ပွင့်လင်းလွတ်လပ်တဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီစနစ်သစ်မှာ ကမ္ဘာကြီးနဲ့ တသားဖြစ်ဖို့ ကြိုးပမ်းရမယ့်ကာလဖြစ်ကြောင်း၊ ဒါ့ကြောင့် ဒီကန့်သတ်ချက်ဥပဒေနဲ့ ဒီစိုးရိမ်ကြောက်ရွံ့မှုဟာ အတိတ်ရဲ့ ရုပ်ကြွင်းတစ်ခုသာ ဖြစ်နေကြောင်းလည်း Mr. Mitchell က ပြောပါတယ်။

အမေရိကန် သံအမတ်ကြီးရဲ့ အထူးမှတ်ချက်ကို ရန်ကုန်မှာ ထုတ်ဝေတဲ့ ဧရာဝတီ၊ မဇ္ဈိမ၊ 7 Day နဲ့ Myanmar Times သတင်းစာစောင် ၄ ခုကို သီးသန့်ပေးပို့ခဲ့တယ်လို့လည်း သိရပါတယ်။

အဓိက နိုင်ငံရေးပါတီကြီးတစ်ခုရဲ့ ခေါင်းဆောင်တစ်ဦး၊ အရေးပါတဲ့ လွှတ်တော်ကော်မတီကြီးတစ်ခုရဲ့ ဥက္ကဋ္ဌတစ်ဦးနဲ့ တိုင်းပြည်ရဲ့ အောင်မြင်မှုနဲ့ အင်အားတွေကို ကိုယ်ကျိုးစွန့် အနစ်နာခံဆောင်ရွက်နေတဲ့ အမျိုးသမီးကြီးတစ်ဦးနဲ့ ပြည်သူအများက ထင်ထင်ရှားရှား အားပေးထောက်ခံသူတစ်ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့်ကနေ ဖယ်ထုတ်ထားတာဟာလည်း မေးခွန်းထုတ်စရာဖြစ်ပါတယ်လို့လည်း အမေရိကန်သံအမတ်ကြီးက မှတ်ချက်ပေးထားပါတယ်။

အစိုးရအနေဖြင့် ပြင်ဆင်၊ ပယ်ဖျက်၊ အသစ်ရေးဆွဲခြင်းများ အလေးထား စဉ်းစားရန်



Eleven Media Group

အစိုးရအနေဖြင့် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးအတွက် အဟန့်အတား ဖြစ်စေမည့် တည်ဆဲဥပဒေများနှင့် ပြဋ္ဌာန်းချက်များကို ပြင်ဆင်၊ ပယ်ဖျက်၊ အသစ်ရေးဆွဲခြင်းများ အလေးထား စဉ်းစားရန် လူ့အခွင့်အရေး ကော်မရှင် အကြံပြု

နိုင်ငံတော် အစိုးရအနေဖြင့် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးကို ကြိုးပမ်းဆောင်ရွက်ရာတွင် တည်ဆဲဥပဒေများနှင့် ပြဋ္ဌာန်းချက်များအနက် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးအတွက် အဟန့်အတား ဖြစ်စေမည့် ဥပဒေများနှင့် ပြဋ္ဌာန်းချက်များကို နိုင်ငံတော် တည်ငြိမ်ရေးနှင့် အများပြည်သူ အေးချမ်းသာယာရေးတို့ကို မထိပါးစေဘဲ လိုအပ်သကဲ့သို့ ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ဖြည့်စွက်ခြင်း၊ အသစ်ရေးဆွဲခြင်းတို့အား အလေးထား စဉ်းစားသင့်ကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၉ ရက် အစိုးရ သတင်းစာများမှ ဖော်ပြခဲ့သည့် လူ့အခွင့်အရေး ကော်မရှင်၏ ထုတ်ပြန်ချက်တွင် အချက်ခြောက်ချက်ဖြင့် ဖော်ပြထားပြီး နိုင်ငံတော် သမ္မတရုံး၏ အမိန့်အမှတ် ၅၁/၂၀၁၃ဖြင့် သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်ထုတ်ပြန်ချက်ကို ကော်မရှင်အနေဖြင့် လှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီ၏ သတင်းထုတ်ပြန်ချက် ၁/၂၀၁၃ အား ထုတ်ပြန်ခဲ့မှုကို အသိအမှတ် ပြုပါကြောင်း ဖော်ပြခဲ့သည်။

နိုင်ငံတော်သမ္မတ အနေဖြင့် ၂၀၁၃ ခုနှစ် နှစ်ကုန်တွင် နိုင်ငံရေး အကျဉ်းသား တစ်ယောက်မျှမကျန်ရှိစေရန် ကတိပြုထားသည့်အတိုင်း ဆောင်ရွက်ခဲ့ကြောင်း ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၂ ရက်တွင် ရေဒီယိုမှတစ်ဆင့် ပြည်သူများသို့ ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့ပြီး ထိုသို့ပေးအပ်သည့် ကတိက၀တ်အပေါ် အကောင်အထည် ဖော်ခြင်းနှင့် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးတွင် နိုင်ငံရေး အကျဉ်းသားဟူ၍ တစ်ဦးတစ်ယောက်မျှ မရှိသင့်ဆိုသည့် အယူအဆနှင့်လည်း ကိုက်ညီကြောင်း ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အနေဖြင့် အကျဉ်းထောင် အသီးသီးတွင် ပြစ်ဒဏ်ကျခံ နေရသူများကို လွတ်ငြိမ်းချမ်းသာခွင့်ပြုရန် နိုင်ငံတော် သမ္မတထံ အိတ်ဖွင့်ပေးစာ နှစ်ကြိမ်ပေးပို့ ခဲ့ပြီးနောက် နိုင်ငံတော်သမ္မတမှ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် အကျဉ်းထောင် အသီးသီးမှ ကျခံနေရသော အကျဉ်းသားများကို ပြစ်ဒဏ်လျှော့ပေါ့ခြင်းနှင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးအပ်ခဲ့မှုအပေါ် ကြိုဆိုပါကြောင်းနှင့် လွတ်မြောက်လာသူများ အနေဖြင့်လည်း အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးကို ဥပဒေဘောင်အတွင်းမှ ပါဝင်ရန် တိုက်တွန်းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

တည်ဆဲဥပဒေပါ ပုဒ်မများဖြစ်သည့် ပုဒ်မ ၁၈၊ ၅၀၅(ခ)၊ ၅(ည) ကဲ့သို့သော ပုဒ်မများနှင့် နိုင်ငံရေး၊ လူ့အခွင့်အရေးနှင့် လယ်ယာမြေ သိမ်းဆည်းခံရမှုအတွက် လှုပ်ရှားသူများကို အရေးယူ အပြစ်ပေးနေသည့် ပုဒ်မများကို ဖျက်သိမ်းပေးပါရန် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ဖြစ်သည့် ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းမှ ဦးမင်းကိုနိုင် ဦးဆောင်သည့် ခေါင်းဆောင်များက ဇန်န၀ါရီ ၅ ရက်တွင် ဆန္ဒထုတ်ဖော်ခဲ့သည်။

“ကျွန်တော်တို့ဟာ ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ လူတွေပါ။ ကျွန်တော်တို့အပေါ်ကန့်သတ်လွှမ်းမိုးထားတဲ့ ဥပဒေတွေ ပုဒ်မတွေကို ပယ်ဖျက်ပေးပါ။ လွန်ခဲ့တဲ့ ၂၅ နှစ်ကျော်ကနေ လက်ရှိအချိန်ထိ ဒီလိုမျိုး ဆန္ဒထုတ်ဖော်မှုတွေ လုပ်ဆောင်နေရတာကို ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ဟာ ဖိနှိပ်ခံနေရဆဲဆိုတာ မြင်နိုင်ပါတယ်” ဟုအဆိုပါဆန္ဒ ထုတ်ဖော်ပွဲတွင် ဦးမင်းကိုနိုင်က ဆိုသည်။

ဇန်န၀ါရီ ၅ ရက်က ရန်ကုန်မြို့တော်ခန်းမ အနီးတွင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်များ ဦးဆောင်၍ ပြုလုပ်သော ပုဒ်မ ၁၈ အပါအ၀င် ပြည်သူလူထုအပေါ် ဖိနှိပ်ချုပ်ချယ်သော ဥပဒေများအား ပြင်ဆင်၊ ဖျက်သိမ်းရန် ဆန္ဒထုတ်ဖော်ပွဲမြင်ကွင်း

စစ်ကိုင်းတိုင်း ကလေးမြို့မှာ ဒေါ်အောင်ဆန်းစုကြည် ကလေးဒေသခံတွေနဲ့ တွေ့ဆုံ



ခွန် ဒီးယမ်

ဇန်န၀ါရီ ၁၀ ရက်မနက် ၉နာရီအချိန် စစ်ကိုင်းတိုင်း ကလေးမြို့မှာ ဒေါ်အောင်ဆန်းစုကြည်
ကလေးဒေသခံတွေနဲ့ တွေ့ဆုံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒခံယူပွဲကို
ဂန့်ဂေါ၊ မင်းကင်း၊မော်လိုက်၊ ခန္တီး၊ တမူး၊ကလေးဝ စတဲ့ နယ်မြို့တွေက
 ပြည်သူ ၅သောင်းဝန်းကျင်တက်ရောက်သည်။
Chit Zaw Oo

ကြိုက်တဲ့အချိန်မှာ ကြိုက်တဲ့သူကို ဖြုတ်ပစ်နိုင်တဲ့အာဏာ ဘယ်သူ့ဆီမှာလဲ



ခွန် ဒီးယမ်

အမျိုးသမီး ဒုတိယဗိုလ်မှူးကြီး ၂ဦးအပါအဝင် ၇ဦးကို စစ်တပ်လွှတ်တော် ကိုယ်စားလှယ် အစားထိုးပြောင်းလဲဟု ရွေးကောက်ပွဲကော်မရှင် ယနေ့ကြေညာ
(10-1-2014)


__________________________
သူ ခေါင်းခါရင် တပ်မတော်သားအမတ်တွေလဲ ခေါင်းခါလိမ့်မယ်
====================================
(ဒေါ်အောင်ဆန်းစုကြည်- ဩစတြေးလျနိုင်ငံ-ဆစ်ဒနီမြို့- Nov 27, 2013)

တပ်မတော်သားအမတ်အားလုံးကို ကာချုပ်က ခန့်အပ်ပါတယ်။
ဘယ်သူ့ကိုအမတ်ခန့်မယ် ဘယ်လောက်ကြာကြာခန့်မယ်ဆိုတာ ကာချုပ်ကပဲ ဆုံးဖြတ်တယ်။
ခန့်အပ်ခံအမတ်ဟာ နောက်ရွေးကောက်ပွဲအထိ ဒီရာထူးရသွားတာ မဟုတ်သေးပြန်ဘူး။
သူကြိုက်တဲ့အချိန်မှာ သူကြိုက်တဲ့သူကို အချိန်မရွေး ဖြုတ်ပစ်နိုင်တဲ့အာဏာ ကာကွယ်ရေးဦးစီးချုပ်မှာ ရှိနေတာကိုး။

ဒီလုပ်ပိုင်ခွင့်တွေရဲ့ အကျိုးဆက်ကတော့
အခြေခံဥပဒေကို ပြင်မလားမပြင်ဘူးလား ကာချုပ်က ဆုံးဖြတ်နိုင်ခွင့်ရှိသွားတယ်။
သူက ခေါင်းငြှိမ့်ရင် တပ်မတော်သားအမတ်တွေလဲ ခေါင်းငြှိမ့်လိမ့်မယ်။
သူ ခေါင်းခါရင် တပ်မတော်သားအမတ်တွေလဲ ခေါင်းခါလိမ့်မယ်။
ဆိုတော့ ကျမ ရိုးရိုးရှင်းရှင်းလေးပဲ ရှင်တို့ကိုမေးလိုက်မယ်....

"ပြည်သူရွေးကောက်ထားတာမဟုတ်တဲ့ လူတစ်ယောက်က ပြင်မယ်/မပြင်ဘူး
ဆုံးဖြတ်နိုင်စွမ်းရှိနေတဲ့ လက်ရှိအခြေခံဥပဒေကို ဒီမိုကရေစီအခြေခံဥပဒေလို့ ဘယ်လိုကြည့်ပြီး ခေါ်နိုင်တာလဲ??"

ကာကွယ်ရေးဦးစီးချုပ်ရာထူးဆိုတာ ရွေးကောက်ခံရာထူးမှမဟုတ်ပဲ။
_____________________________________________________
(ဒေါ်အောင်ဆန်းစုကြည်- ဩစတြေးလျနိုင်ငံ-ဆစ်ဒနီမြို့- Nov 27, 2013)

အခန်နံပါတ် (၁) ကိုမရလို့ ဒေါ်စုကပဲ စိတ်ဆိုးပြီး မတည်းတော့သလိုလို ဘာလိုလို


အခန်း (၁) ကတော့ အစဉ်အလာအရ နိုင်ငံတော် အကြီးအကဲ အတွက် သတ်မှတ် ထားတာ ဖြစ်ပါတယ်။ ဒုသမ္မတနဲ့ လွှတ်တော်နာယကကြီးတို့ လာရောက်စဉ် မှာလည်း အခန်း ၂ မှာပဲ တည်းခို နေထိုင်ခဲ့တာဖြစ်ပါတယ်။

(ဦးရဲထွဋ်)



May Thin Gyan

ဦးရဲထွဋ်ေ၇..သေချာစုံစမ်းပြီးမှပြောပါ...အ မေစုဟာ အဲဒီလို လူမျိုးမဟုတ်ဘူးဆိုတာ.လူတိုင်းသိတယ်....တော်ကြာ NLDက ထ၇ှင်းမှ အ၇ှက်တွေကွဲနေဦးမယ်..
------------------------------------------------------------------------------------

ဦးရဲထွဋ် ကတော့ပြောပြီ NLD က အခန်း(၁) တောင်းဆိုခဲ့သလား ဆိုတာ ရှင်းလင်းရမလိုဖြစ်နေပြီ၊
သူ.အရေးအသားအရ အခန်း(၁) မရလို. မတည်းတော့သလို ဖြစ်နေပြီ တာဝန်ရှိသူများရှင်းကြပါဦး
==================================
ဦးရဲထွဋ် ပို့ စ်ပါ....
- ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချင်းပြည်နယ်ခရီးစဉ်အတွင်း ဟားခါးမြို့မှာ တည်းခိုနေထိုင်ခဲ့ရမှုအခြေအနေနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရက စီစဉ်ပေးမှုမရှိဘူးဆိုပြီး ပြောဆိုမှုတွေကို မီဒီယာများမှာ တွေ့ရပါတယ်။ အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရနဲ့ ဆက်သွယ်မေးမြန်းသိရှိရတဲ့ အခြေအနေများကိုတင်ပြအပ် ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်တည်းခိုနိုင်ဖို့အတွက် ပြည်နယ်အစိုးရမှ ပြည်ထောင်စုရိပ်သာ အခန်း(၂ ) အား ဒေါ်အောင်ဆန်းစုကြည် အတွက်လည်းကောင်း၊ PSO နှင့် လုံခြုံရေးဟုသူ ပေါင်း( ၁၀ )ဦးအတွက် ယခင်က ၀န်ကြီးများလာရောက်လျှင် တည်းခိုနေထိုင်လေ့ရှိသော ( ၂ )ယောက်ခန်းအမှတ် ( ၄/၅/၆ ) နဲ့ PSO ခန်း COMMON HALLအား ပေးခဲ့ပါသည်။
အခန်းအရေအတွက်သာလျာထားပေးခဲ့ခြင်းဖြစ်ပြီး နေရာချထားမှုကို NLD အစီစဉ်ဖြင့်ဆောင်ရွက်ရန်စီစဉ်ပေး ခဲ့ပါတယ်။ အခန်း (၁) ကတော့ အစဉ်အလာအရ နိုင်ငံတော်အကြီးအကဲ တွက်သတ်မှတ်ထားတာဖြစ်ပါတယ်။ ဒုသမ္မတနဲ့ ပြည်ထောင်စု လွှတ်တော်နာယက ကြီး တို့ လာရောက်စဉ်မှာလည်း အခန်း ၂ မှာပဲ တည်းခိုနေထိုင်ခဲ့တာဖြစ် ပါတယ်။
အဲဒီအချိန်က ပြည်ထောင်စုရိပ်သာမှာ ဟိုတုံးထဲက ရောက်ရှိတည်းခိုနေတဲ့ နိုင်ငံခြားသား ၄ ဦးအပါအ၀င် ဧည့် သည်များကိုတော့ ရိပ်သာရဲ့နောက်ဘက် အခန်းငယ်များမှ နေရာချထားပေးခဲ့ပါတယ်။
ဒါ့အပြင်ပန်းကန်ခွက်ယောက်များငှားရမ်းရန်ပြောကြားတဲ့အတွက် ၁၅ ဦးစာပန်းကန်ခွက်ယောက်များနဲ့ ရိပ်သာ မှာ ချက်ပြုတ်နိုင်ရန် စီစဉ်ပေးခဲ့ပါတယ်။
ဒါပေမယ့် ဇန်နဝါရီ ၇ ရက်နေ့ ညနေမှာ ချင်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးရာကျုံး က ရိပ်သာမှာမနေတော့ဘဲ ချယ်ရီတည်းခိုခန်းမှာပဲ နေထိုင်မယ်လို့ လာရောက်အကြောင်း ကြားခဲ့ပါတယ်။

နိုင်ငံတော်သမ္မတအကြံပေး ဒေါက်တာ နေဇင်လတ်ပိုင်ဆိုင်သော ဟိုတယ်၌ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်မှု့များရှိနေ


ခွန် ဒီးယမ်
( Unity Journal -10-1-2014)
ဆရာစံလမ်းရှိ AMBO ဟိုတယ်မှာ ဒေါက်တာနေဇင်လတ်ပိုင်ဆိုင်သောဟိုတယ်တစ်ခုဖြစ်ပြီး ပြည့်တန်ဆာ လုပ်ငန်းများ လုပ်ကိုင်လျှက်ရှိကြောင်း သိရှိရပါသည်၊

အခန်းက သုံးသောင်းပေးရပြီး၊ ဝိတ်တာတွေက ကောင်မလေးတွေနဲ့ပျော်ပါးချင်ရင် ခေါ်လာပြပေးပါတယ်၊ လေးငါးယောက်လောက်ခေါ်လာပြပြီး ကြိုက်ရာရွေးခေါ်လို့ရကြောင်း သိရှိရပါသည်၊ အခန်းခရော ကောင်မလေးခေါ်ခပါ ထည့်တွက်ရင် ၆၅၀၀၀ လောက်ကျခဲ့ကြောင်း ကိုယ်တွေ့ကြုံခဲ့သူတစ်ဦးက ဆိုပါတယ်၊

၎င်းလည်းဟော်တယ်တွင် အခန်းပေါင်း ၃၀ခန့်ရှိပြီး အစိုးရဘက်ပိုင်းလူကြီးများ ဝင်ထွက်သွားလာလေ့ရှိကြောင်း ၄င်းဟော်တယ်မှ ဝန်ထမ်းတစ်ဦးက ဖြေကြားပေးသွားပါတယ်၊

သူဌေးကတော့တစ်ခါတလေ လာတယ်၊သူဌေးမိန်းမကတော့ နေ့ခင်းဘက်ရုံးထိုင်တယ်၊ လာတဲ့လူကြီးတွေ နာမည်တော့မသိဘူး၊ ဦးနေဇင်လတ်အခန်းထဲမှာ တွေ့ဆုံကြတာမျိုးလည်းရှိကြောင်း အဆိုပါဝန်ထမ်းမှ ဖြည့်စွပ်ဖြေကြားခဲ့ပါတယ်၊

အထက်ပါကိစ္စနှင့်ပတ်သတ်ပြီး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးစိုင်းကျော်အုန်းက “ ဒီလို ဟိုတယ်တွေမှာ ပြည့်တန်ဆာလုပ်ငန်းတွေ့ရင်တော့တားဆီးရမှာပေါ့၊ စည်းကမ်းအရ ခွင့်မပြုဘူးလေ၊ အခုတော့ တင်ပြထားတာမရှိသေးပါဘူး၊ တိုင်ကြားလာရင်တော့ နောက်ဆုံးအနေနဲ့ ခေါ်ယူသတိပေးမယ်၊ ဒါမျိုးက နိုင်ငံတော်မှာ မရှိဘူးလေ၊ နိုင်ငံတော် image လည်း မကောင်းဘူး” လို့ ပြောကြားသွားခဲ့ကြောင်း သိရှိရပါသည်--။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ဝန်းအတွင်းရှိ NLD အလံအား အမည်မသိ လူတစ်ဦးမှခိုးယူဖြုတ်ချ

ခွန် ဒီးယမ် တရုတ်အလံကိုထိတဲ့သူတွေတော့ထောင်ချတယ်...ဒီတခါအာဏာပိုင်တွေဘာလုပ်မယ်ထင်လဲ....


ဦးအောင် ကြီး

အလံခိုးတဲ့ကိစ္စဟာ ပေါ့ပေါ့မဟုတ်ဘူး .... နေ့ခင်းကြောင်တောင်ဆိုတော့ သိပ်ကို အတင့်ရဲလွန်းတယ် .... မာမီသံ တို့ဆိုရင်တောင်မှ အဲ့လောက်အတင့်မရဲဘူး ဒီလူတွေကို အမြန်ဆုံးအရေးယူဖို့လိုတယ် .... ဒါကြောင့် ကျုပ်မြင်သလောက် သဲလွန်စ ကွင်းဆက်လေးတွေကို ဆွေးနွေးနိုင်ရန် တင်ပြလိုက်ပါတယ် ....။ ၁။ အလံခိုးတဲ့ ကောင်တွေဟာ ... အလံခိုးတဲ့ ပါတီဝင်တွေ ပဲဖြစ်ရမယ် ... ၂။ ဒါဆို … အလံခိုးတဲ့ ပါတီဝင်တွေ ရှိတဲ့ ပါတီဟာ အလံခိုးတဲ့ ပါတီ ဖြစ်မှာပဲ ... ၃။ ဒီအတိုင်းဆိုရင် အလံခိုးသူရှိတဲ့ အဖွဲ့အစည်းဟာ အလံခိုးတဲ့ အဖွဲ့အစည်းပဲ ... ၄။ အလံကို ခိုးခိုင်းတဲ့သူဟာလည်း အလံခိုးချင်လို့ပဲ ဖြစ်ရမယ် ..... ကျုပ်မှန်းရင်းလွဲခဲ တယ် .... ၅။ ဒါအလံခိုးချင်နေတဲ့လူက ခိုင်းတာပဲဖြစ်ရမယ်။ .... ၆။ နောက်ကွယ်က နေ အလံခိုးချင်သူ လူတစ်စုက ကြိုးကိုင်နေတာလည်း ဖြစ်နိုင်တယ် ....။ ၇။ အလံခိုးတာကို သဘောကျတဲ့ အစိုးရကလည်း ဘာမှမလုပ်ပဲ ဒီအတိုင်းမသိချင်ယောင်ဆောင်နေရင် အစိုးရလည်း အလံခိုးချင်သူနဲ့ အလိုတူအလိုပါ ပဲဖြစ်မှာသေချာတယ် ....။ ဒဲ့ပြောရရင် အစိုးရလည်း အလံခိုးချင်နေပုံရတယ်။ ၈။ ရဲတပ်ဖွဲ့လည်း အလံခိုးတာကို ချက်ခြင်းမဖော်ထုတ်နိုင်ရင် …. ဒါမှမဟုတ် အရေးယူဖို့ပျက်ကွက်ရင် အလံခိုးမှု ကို မသိမသာအားပေးအားမြှောက်ပြုသလိုဖြစ်မယ် … ဒီတော့ ဒီကိစ္စကိုရဲတွေသာ မသိချင်ယောင်ဆောင်ရင် ရဲတွေလည်း အလံခိုးရာမှာ အလိုတူအလိုပါလို့ ကောက်ချက်ဆွဲနိုင်တယ် …. ၉။ ဒီလို အလံခိုးတဲ့ ကိစ္စကို ကျေနပ်စွာ ပြုံးနေသူ …. ကောင်းတယ်ဟု သတ်မှတ်သူ ... ခိုးတာတောင်နည်းသေးတယ်လို့ မှတ်ချက်ပြုသူ အားလုံး ဟာ အဖွဲ့ချုပ် အလံကို ခိုးချင်သူများ ဖြစ်ရမယ်။ … အင်း ဆက်ပြီး စဉ်းစားရရင် အဖွဲ့ချုပ်က အင်အားနည်းပြီး အလံခိုးချင်သူများရင် အခက်အခဲဖြစ်နိုင်တယ် ….. အန္တရာယ်ရှိတယ်။ ဟုတ်ပြီ …. ဒါဟာ …. ကျုပ်တို့လို ပြင်ပပြည်သူတွေကိုပါ အဖွဲ့ချုပ်ကို အားအားဖြည့်စေချင်လို့ တပ်လှန့်လိုက်တာပဲဖြစ်ရမယ် ….။ ဒါကြောင့် အလံခိုးသူ နဲ့ နောက်ကွယ်က အလံခိုးချင်လို့ ကြိုးကိုင်သူတွေဟာ အဖွဲ့ချုပ်နဲ့ အလံခိုးချင်သူ အင်အားမမျှဘူးဆိုတာကို သွယ်ဝိုက်ပြီးပြလိုက်လို့ ကျေးဇူးတောင်တင်ရမယ် ... ဒီတော့ အလံခိုးသူတွေဟာ ကျေးဇူးရှင်တွေ (သို့) ကျေးဇူးရှင်နဲ့ ပတ်သက်သူတွေဖြစ်ရမယ် ... လောလောဆယ် ကျုပ်ရဲ့ စုံထောက် ပညာနဲ့ ဥာဏ်မှီတာကတော့ ဒီလောက်ပါပဲ

ဒီနေ့ကာတွန်း

ပြည်ခိုင်ဖြိုးက ပါတီဝင်တွေ ညစ်နည်းပေါင်းစုံကို သုံးပြီး စုဆောင်း


 မေပုပ္ပား
 ၂၀၁၄ ဇန်နဝါရီ ၁၀ ရက်

ကျောက်ပန်းတောင်းက သတင်း တစ်ခု ဝင်လာပါတယ်၊ ရွာတွေ မှာ ပြည်ခိုင်ဖြိုးက ပါတီဝင်တွေ ဇွတ်ရော အတင်းရော စုဆောင်းနေပါတယ် တဲ့။ ရွာသေး ဆိုရင် ပါတီဝင် အသစ် အနည်းဆုံး ၅၀၊ ကြီးရင် ရာကျော် ရအောင် စုဆောင်းရမယ် ဆိုပြီး ၅၀၀၀၀ စား စည်းရုံးရေးမှူးတွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာ က ညွှန်ကြားလိုက်ပါတယ်။ ဒီဇင်ဘာ ၁၅ ရက်တုန်းက စည်းရုံးရေးမှူးတွေခေါ် အနွေးထည် အင်္ကျီတွေ ဘောင်းဘီလေးတွေ ပေး၊ နေ့စားခ လေးတွေ ထမင်းဖိုးလေး တွေ ထုတ်ပေးလိုက်ပါတယ်။ ဒီနေ့ မှာလည်း တူညီဝတ်စုံ ဝတ်ထားတဲ့ ပြည်ခိုင်ဖြိုး တို့ ကျောက်ပန်းတောင်း မြို့ပေါ်မှာ သင်တန်းတက်လာရင်း လမ်းသလား နေကြပြီး ဘယ်သူက ဘယ်လောက်စည်းရုံးနိုင်ကြောင်း ကြွားဝါ ပြောဆိုနေကြပါကြောင်း။
---------------------------------- ရွာတွေ မှာ ငါးသောင်းစား ဖွတ်သမား တို့ အနွေးထည်လေး တကြွားကြွား ဘောင်းဘီလေး တကားကား နဲ့ တစ်အိမ်တက် တစ်အိမ်ဆင်း ကင်မရာလေးကိုင် ကာ ဓာတ်ပုံဇွတ်လိုက်ရိုက်ကြတယ် ဆိုပဲ။ မှတ်ပုံတင်အတွက် ပတ်စပို့ ပုံရိုက်မလို့လိုလို ဘာလိုလို နဲ့ နောက်မှ ပါတီဝင်ခိုင်းမှန်း သိကြရပါတယ် လို့ ခံခဲ့ရသူ တစ်ဦးက ပြန်လည်ပြောပြပါတယ်။ ကြောက်ကလဲ ကြောက် မဝင်ဘူးလို့ လဲ မပြောရဲလို့ ဝင်လိုက်ရပါတယ် ဆိုပြီး ပြောပါတယ်။
 ----------------------------------- ဒီချုပ် အမာခံတွေ အိမ်က လွဲလို့ ကျန်အိမ်တွေ ကို ဒီလို မျိုးဇွတ် စည်းရုံးခဲ့လို့ အိမ်ခြေ ၁၀၀ ကျော်သာသာရှိ တဲ့ ရွာလေး မှာ ပါတီဝင် ၂၅၀ လောက်ကို ရသွားတယ် ဆိုပါတယ်။ ငွေကို ရေလို သုံး၊ ညစ်နည်းပေါင်းစုံကို သုံးပြီး ၂၀၁၅ အတွက် အကွက်ကျကျ စီစဉ်နေပြီဖြစ် ကြောင်း မြို့နယ် ပေါင်းစုံက ဝင်လာတဲ့ သတင်းတွေက သိရပါတယ်. ကော်မရှင် တိုင်ဖို့ ဆိုတော့ လည်း ဘယ်ရွာသားက မှ နာမည်ခံ မတိုင်ရဲ၊ နောက်ရောက်လာသူတွေက လည်း ဘောင်းဘီချွတ်တွေ ဆိုတော့ စဉ်းစားရကျပ်နေကြကြောင်းပါ။
----------------- ဒီချုပ် ပါတီဝင် စုဆောင်းရာမှာ တော့ ပါတီဝင်ကတ်ပြားဖို့ ၃၀၀ ကျပ်ကို မပေးနိုင်ကြသလို၊ ဓာတ်ပုံရိုက် ထုတ်ဖို့ရော ကတ်ပြားဖိုးရော မလွယ်လှပါဘူး။ ပါတီမှာ လည်း ရန်ပုံငွေ မရှိလို့ စိုက်မပေးနိုင်ပါဘူးလို့ ကျောက်ပန်းတောင်း မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တာဝန်ရှိသူတစ်ဦးက ပြောပြဖူးပါတယ်။
-------------------- ပြည်ခိုင်ဖြိုး တို့ရေ ပါတီဝင် တွေသာ ရရင်ရသွားမယ် ဒီလို အောက်လမ်းနည်းတွေ နဲ့ တော့ မဲတွေ မရနိုင်ပါဘူး။ ဒင်း တို့ လုပ်ရပ်ကလေးတွေ သိအောင်လို့ ရှယ်ပေးကြပါ နော်။

တပ်မတော်အရာရှိများအား ခန့်အပ်နေမှုကန့်ကွက်မည်


ဌာနဆိုင် ရာအသီးသီး၏ ရာထူးအမြင့် နေရာများတွင် တပ်မတော်အရာရှိများအား ခန့်အပ်နေမှုဖက်ဒရယ်ပြည်ထောင်စုပါတီကန့်ကွက်မည်

Friday, January 10, 2014
နန်းသီတာဝင်း
Yangon Media Group

ဌာနဆိုင် ရာအသီးသီး၏ ရာထူးအမြင့် နေရာများတွင် လုပ်ငန်းမကျွမ်း ကျင်သည့် နယ်ပယ်မှ ပုဂ္ဂိုလ်များ ခန့်အပ်နေခြင်းသည် သက်ဆိုင် ရာဌာနကို ပျက်စီးဆုတ်ယုတ် စေသည့်အတွက် ဖက်ဒရယ် ပြည်ထောင်စု ပါတီမှ ပြင်းပြင်း ထန်ထန် ကန့်ကွက်သွားမည် ဖြစ်ကြောင်း သိရသည်။ တပ်မတော်တွင် တာဝန် ထမ်းဆောင်ခဲ့ပြီး အသက်လေး ဆယ်ပြည့်အရာရှိများကို အဆိုပါ ဌာနဆိုင်ရာနယ်ပယ်အသီးသီးတွင် ပြောင်းလဲခန့်ထားသည့် အပေါ်တွင် ယင်းကဲ့သို့ပြော ကြားခြင်းဖြစ်သည်။

ပါတီဒုတိယဥက္ကဋ္ဌ ဦးစိုင်းစောသန်းမြင့်က ““လက်ရှိဝန်ထမ်း တွေကို ရာထူးတိုးရွေးချယ် ခန့်ထား တဲ့အခါ မိမိဌာနက ထူးချွန်တဲ့ အလုပ်ကြိုးစားတဲ့သူ၊ ဝန်ထမ်း လုပ်သက်များတဲ့သူပဲ ဖြစ်ရမယ်။ စစ်တပ်၊ ရဲ စတာ တွေရဲ့ ဆွေမျိုးတွေ မလာရဘူး။ မိုးကျရွှေကိုယ်တွေကို မကြိုက်ဘူး”” ဟု ပြောသည်။

ဝန်ကြီးဌာနများနှင့် ဌာန ဆိုင်ရာအားလုံးတွင် စစ်တပ်မှ ပြောင်းလဲ တာဝန်ထမ်းဆောင်သူများ ကိုသာ တွေ့နေရကြောင်း၊ ထိုသို့ ဌာန၏လုပ်ငန်းဆောင် တာများ ကို နားမလည်သည့်သူကို အုပ်ချုပ်စေခြင်းသည် ဌာန၏ တိုးတက်ရာလမ်းကြောင်းကို ပိတ်ဆို့နေသည့်အတွက် ရှုတ်ချကြောင်းဆက်လက်ပြောသည်။