Monday, January 13, 2014

ဒီနေ့ကာတွန်း

တစ်လသက်တမ်းနဲ့ ကျိုးကျခဲ့တဲ့တံတား

မော်လိုက်သွားတဲ့လမ်းမှာပါ... တံတားဖွင့်ပွဲလူကြီးလမ်းကြောင်းအမှီ အမြန်ဆောက်လိုက်ရလို့ ဖြစ်သွားတယ်လို့ သိရပါတယ် Photo. FB ကားပွဲစားတန်း

၁၉၄၇ ဥပဒေမှာ ၅၉(စ)လိုပုဒ်မ လုံးဝမရှိပါ




ဋ္ဌေးအောင်ကို
Mizzima - News in Burmese

“သူငယ်ချင်းရာ ၁၉၄၇ တုန်းက ၅၉(စ) လို ပုဒ်မမျိုးကို တို့ဗိုလ်ချုပ်က စသုံးခဲ့တာ မဟုတ်ပါဘဲ မဆလ တစ်ဖြစ်လဲ ပါတီခေါင်းဆောင်တစ်ဦးက သူမ နှစ်,နှစ်သမီးအရွယ်မှာပဲ သူမရဲ့အဖေဗိုလ်ချုပ်အောင်ဆန်း က စသုံးခဲ့တာသူမကို ရည်ရွယ်တာ ဖြစ်ရောလားဆိုပြီး မေးခွန်းထုတ်ပြနေတယ်ကွ။ ပြောရင်လည်း ၄၇ ဥပဒေကို သေချာဖတ်ပြီးမှပြောတာ ကောင်းလိမ့်မယ်” တဲ့။

ကျွန်တော့်မိတ်ဆွေပြောတာ မှန်နေပါတယ်။ သူမ နိုင်ငံခြားရောက်နေစဉ် ၁၉၇၄ တုန်းကလည်း ၅၉(စ) ပုဒ်မမျိုး ပြဋ္ဌာန်းခဲ့သလိုလို ပြောနေတာလည်း မဟုတ်ပါ။

မပြဋ္ဌာန်းခဲ့လို့ပဲ ဦးနေ၀င်းတစ်ယောက် ရတနာနတ်မယ်နဲ့ လက်ဆက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါရှင်းလွန်းပါ တယ်။ ဒီတော့ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်အရ ပြောကြပါ။ ဒါပေမဲ့ ပြည်သူတွေ ဇဝေဇ၀ါဖြစ်အောင် မဟုတ်တာ မမှန်တာတွေကို ဟုတ်သယောင် မှန်သယောင် မလုပ်ကြပါနဲ့။ ပေါင်းစည်းခွင့် ဖက်ဒရယ်ကို တောင်မှ ခွဲထွက်ခွင့်ဖက်ဒရယ် ဖြစ်အောင်သမိုင်းမှာ လွဲမှားပြောပြီး ကျောင်းစာသင်ခန်းထဲမှာ လွဲမှားပြီး ပြဋ္ဌာန်းထားလေတော့ ကျောင်းဆရာဖြစ်ခဲ့ဖူးတဲ့ ကျွန်တော်လည်း ဒီသင်ခန်းစာကိုရောက်ရင် ဘယ်လို စပြီး သင်ရတော့မှန်း မသိအောင် စိတ်ညစ်ခဲ့ရဖူးပါတယ်။

ခုလည်း “ယောရောရှိ” တွေလာပြန်ပြီ။ အရှုပ်ကိုရှင်းရမယ့်အစား အရှင်းကို ရှုပ်ပြနေတော့ အိုဗာတိုင်း ဆင်းပြီး ရှင်းရပေဦးမယ်။ ပြည်သူကို အသိမှားတွေပေးတဲ့ လူများကိုတော့ ပညာရှင်ပဲပြောပြော၊ နိုင်ငံ ရေးသမားပဲဆိုဆို သတိထားကြရမှာပါ။ ၂၀၀၈ ကျမှ ဒီပုဒ်မကို ဒါကြောင့်သုံးတာလို့ ပြောတဲ့လူကမှ ရိုးသားပါအုံးမယ်။ ပြည်သူကို မလိမ့်တစ်ပတ်တော့ မပြောစေချင်ပါ။

၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖော်ပြထားတဲ့ ပုဒ်မ ၁၇၇(က)အရ “နိုင်ငံသား မိဘနှစ်ပါးမှ မွေး ဖွားသော နိုင်ငံသားဖြစ်သူ” လို့သာ ဖော်ပြပါရှိတယ်။ “လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့် ပြည်ပအသံ လွှင့်ဌာန ဆွေးနွေးခန်းမှာ ပြောသွားတာက ဗိုလ်ချုပ်တို့ရေးဆွဲခဲ့တဲ့ ၁၉၄၇ အခြေခံ ဥပဒေမှာ ၅၉(စ) လို ပုဒ်မမျိုးကို မှန်ဘီလူးနဲ့ ချဲ့ပြီး ရှာကြည့်စမ်းပါဗျာ။ လုံးဝမရှိပါဘူး ဗျာ။ မိမိနဲ့မိဘနှစ်ပါးဟာ နိုင်ငံသား ဖြစ်ရ မယ်လို့သာ ရေးဆွဲပြဋ္ဌာန်းထားတာကို တွေ့ရပါလိမ့်မယ်” တဲ့။ ဒါဆို နိုင်ငံသား စစ်စစ်ဟာ သမ္မတဖြစ်ခွင့် ရှိပါတယ်။

နိုင်ငံသားစစ်စစ် ဖြစ်နေပါလျက် သမ္မတဖြစ်ခွင့်မရှိတဲ့ ဥပဒေဆိုတာ ၂၀၀၈ ဖွဲ့စည်းပုံမှာသာတွေ့ရှိနိုင်ပြီး ကမ္ဘာ့စစ်မှန်သော ဒီမိုကရေစီနိုင်ငံများမှာလည်း မတွေ့ရပါ။ ဒီတိုင်းပြည်မှာသာ ထူးထူးခြားခြားကို ထည့် သွင်းဖော်ပြထားတာမို့ ကမ္ဘာ့ဒီမိုကရေစီ နိုင်ငံကြီးများကလည်း သိက္ခာရှိတဲ့မျှတတဲ့ ဥပဒေဖြစ်ရလေ အောင် ဒါကိုပယ်ဖျက်ပေးဖို့ ပြောဆိုနေကြတာပါ။

ဒါမှသာ “တရားမျှတလွတ်လပ်ခြင်းနဲ့ မသွေတို့ပြေတို့မြေ” ဆိုတဲ့ နိုင်ငံတော်သီချင်းဟာ အဓိပ္ပာယ်ရှိနိုင် တော့မှာ ဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ သီချင်းထဲမှာသာ “တရားမျှတ” နိုင်ပြီး အပြင်မှာတော့ “မယားဝလှ” ဖို့သာ ဖြစ်နေမှာပါပဲ။

၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉(စ)အရ နိုင်ငံတော်သမ္မတ ဖြစ်မည့်သူသည် “မိမိကိုယ်တိုင် သော် လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော် လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ မိမိ၏တရားဝင် သားသမီး တစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင်သား သမီးတစ်ဦးဦး ၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာကို ခံယူ စောင့်ရှောက် ရိုသေသူ၊ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါးနိုင်ငံ၏ နိုင်ငံသား ဖြစ်သူများ မဖြစ်စေရ။ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ ဖြစ်သူ သော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ” လို့ ပြဋ္ဌာန်းထားသလို ၅၉(ဃ) မှာတော့ စစ်ရေးအမြင် ရှိရမယ်လို့ ဖော်ပြ ထားတာ တွေ့ရပါတယ်။

မကြာမီက အာဏာရပါတီက ပြင်ပေးနိုင်ရန် အစည်းအဝေး ဆုံးဖြတ်ချက် ထွက်လာသော်လည်း ချွေးမနဲ့ သားမက်ကိုသာ ကွက်ပြီးပြင်ပေးတာမို့ သားသမီးအနေနဲ့ ငြိစွန်းနေပြန်ပါတယ်။ အာဏာရပါတီရဲ့ တာဝန် ရှိသူတစ်ဦးပြောတာက “သူမအနေနဲ့ သမ္မတဖြစ်ချင်ရင် သူ့သားတွေကို နိုင်ငံသားအဖြစ် ခံယူလိုက်ပေါ့။ ဒါဆိုရင် ပြီးတာပဲ။ ဒါမှ မလုပ်ရင်လည်း မတတ်နိုင်ဘူး” တဲ့။

ဒါနဲ့ပတ်သက်ပြီး အသက် ၂၁ နှစ် ကျော်ပြီဖြစ်တဲ့ သားသမီးများရဲ့ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ဟာ သူတို့တွေ နဲ့သာ သက်ဆိုင် ပြီး ဥပဒေကြောင်းအရ သူမနဲ့လုံးဝ မသက်ဆိုင်တဲ့အကြောင်း ပြန်လည် ရှင်းလင်းခဲ့ပါ တယ်။ ခုဟာက မြန်မာပြည်မှာ သမ္မတဖြစ်လိုလျှင် ပြည်ပနိုင်ငံသားအဖြစ် ခံယူထားတဲ့ သားသမီးရှိရင် ကိုယ့်တိုင်းပြည်ရဲ့ နိုင်ငံသားအဖြစ် ခံယူစေရမှာဖြစ်ပြီး မခံယူနိုင်ရင် မိဘက သားသမီးအဖြစ်မှ အပြီးပိုင် စွန့်လွှတ်ရမယ့်ကိန်းကို ဆိုက်နေပါတော့တယ်။

ဒီဥပဒေကပဲ မြန်မာပြည်ရဲ့ မြန်မာ့နည်းမြန်မာ့ဟန်၊ အဘနည်းအဘဟန် ဥပဒေအဖြစ်၂၀၀၈ မှာ တစ်မူ ထူးခြားစွာ ရေးဆွဲထားတာ ဖြစ်နေပါတယ်။ ဒါကိုပဲ သူ့ ကျွန်ဘ၀ကို ပြန်လည် မကျရောက်ရအောင် စနစ် တကျ ရေးဆွဲထားတာလို့ အကြောင်းပသူများလည်း ရှိနေပါတယ်။ တကယ်တော့လည်း သူ့ကျွန်ဘ၀က စတင်လွတ်မြောက်ချိန်မှာတောင် ဒီပုဒ်မမျိုးမသုံးခဲ့ပါဘဲ စစ်ကျွန် ဘ၀ကလွတ်မြောက်စမှာ ဒီပုဒ်မကို စတင် ထည့်သွင်းရေးဆွဲခဲ့တာ ဖြစ်နေပါတယ်။

ပညာရှင်များရော ပြည်သူများပါ ထောက်ပြလာကြတာကတော့ စစ်ကျွန်ဘ၀ကို ပြန်လည်မကျရောက်ရ အောင် အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍမှာ တပ်မတော်က အစဉ်တစိုက် ပါဝင်မှုကို ဖယ်ရှား ရမယ့်အစား ပြည်သူထောက်ခံမှုကို ရရှိထားတဲ့ သူမကိုပဲ ပစ်မှတ်ယူပြီး သူမ သမ္မတမဖြစ်ရအောင် ယခု လို တမင်တကာ ပြဋ္ဌာန်းထားတာလို့ ပြောဆိုနေမှုတွေပါပဲ။

ခက်တာက ပြည်သူဆိုတာ ဘယ်လိုပဲ အာပေါက်လောက်အောင် အကျိုးတွေ အကြောင်းတွေနဲ့ ရှင်းပြ သည်ဖြစ်စေ ယခင်ကလည်း မရှိခဲ့၊ ယခုလည်း ကမ္ဘာ့ဒီမိုကရေစီရေးရာ စံနှုန်းတွေနဲ့ ဘယ်လိုမှ မညီညွတ် တဲ့ ဒီဥပဒေ ပြဋ္ဌာန်းထားမှုအပေါ်မှာ ကိုယ့်စကားလည်း ကိုယ်မယုံနိုင်ပါပဲ။ ပြည်သူတွေ ယုံကြည်စေဖို့က တော့ ဘုန်းကြီးနဲ့ ဘီး ဝေးသလို ဝေးကွာနေဦးမှာပဲ ဖြစ်ပါတယ်။

မေတ္တာရပ်ခံချင်တာကတော့ ဗိုလ်ချုပ်အောင်ဆန်း ပြဋ္ဌာန်းခဲ့တာလည်းမဟုတ်၊ ၁၉၄၇ နဲ့ ၁၉၇၄ မှာလည်း မပါ။ ကမ္ဘာ့ ဒီမိုကရေစီနိုင်ငံတွေမှာလည်း ထည့်သွင်းမထား၊ ပြည်သူတွေကလည်း မနှစ်မြို့တဲ့ ၅၉(စ) ကို အဆုံးသတ်ပြီး ပြည်သူ့ယုံကြည်မှု ကို စတင် တည်ဆောက်ရအောင်ပါ။

၂၀၁၄ အတွင်းမှာ လူခွဲပြီး ဆက်တိုက် အကောင်အထည်ဖော်လိမ့်မယ်



 Lin Thurein

2013 နှစ်ကုန်ခါနီးတွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဟာ အတိုက်အခံ ပီပီ ပြတ်သားရဲရင့်တဲံ ခြေလှမ်းတွေ လှမ်းလာခဲ့တယ်။

အထူးသဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လူထုဆန္ဒခံယူပွဲတွေကို အင်တိုက် အားတိုက် လုပ်ပြလိုက်တာမှာ ပြည်သူကို လက်တွေ့မပါဘဲ စကားလုံးနဲ့ ညာချနေတဲ့အစိုးရအတွက် တုန်လှုပ်မှုကြီးတစ်ခု ဖြစ်သွားစေခဲ့တယ်။

ဒေါ်စုလွှတ်တော်ထဲမှာ တိုင်းပြည်အကျိုးအတွက် ပူးပေါင်းဆောင်ရွက်နေတာကို ကြည့်ပြီးတော့ ကိုယ့်ခွင်ထဲရောက်အောင် သိမ်းသွင်းနိုင်ခဲ့ပြီလို့ ထင်နေခဲ့တဲ့ တပ်မတော်အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ တပ်မတော်ရဲ့နေရာမှန်ကို ပြန်ထားရေး ပြတ်သားတဲ့ သဘောထားများကို ဆက်တိုက်ကြားလာတဲ့အချိန်မှာ တပ်ထိပ်ပိုင်းခေါင်းဆောင်တွေအတွက် ခွင်ပျောက်မယ့်အရေးစိုးထိတ်စေခဲ့တယ်။

ဖွဲ့စည်းပုံပြင်ရလည်းခက်၊ မပြင်ရလည်းခက်နဲ့ ပြည်သူ့အသံ နားထောင်ပြီး ပြည်သူ့မျှော်လင့်ချက်တွေ ဖော်ဆောင်ပေးမယ်လို့ နှုတ်ကျွံထားတဲ့ လွှတ်တော်က ဖွတ်ပါတီထိပ်သီးများလည်း သောကမီးတွေ နဲ့ စုပ်ဆူး၊ စားရူးမယ့်ကိန်း ဆိုက်စေခဲ့တယ်။

ဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က လက်တွေ့ကျတဲ့ ခြေလှမ်းအဖြစ် လေးပွင့်ဆိုင်တွေ့ဆုံရေးကို တောင်းဆိုလိုက်တယ်။ သူတို့အားလုံးအတွက် တကယ့်ရှော့ခ်က အဲ့ဒီမှာ ရသွားရတာဘဲ။

ဒေါ်အောင်ဆန်းစုကြည်ကို မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်မဖြစ်သလို တွေ့ရင်လည်း သူတို့ဖြစ်ချင်သလို ဖြစ်မှာမဟုတ်တော့ တာကိုသိနေတဲ့ လက်ရှိ၊ လက်မဲ့ စစ်အုပ်စုခေါင်းဆောင်တွေအတွက် ဖြေရှင်းဖို့တစ်ခုတည်းသော နည်းလမ်းက မသိမသာကော၊ သိသိသာသာရော ခြိမ်းခြောက်ဖို့ဘဲ ကျန်တော့တယ်။

နောက်ဆုံးနည်းလမ်းအဖြစ် ခြိမ်းခြောက်ခြင်း၊ အကျပ်ကိုင်ခြင်း၊ အောက်တန်းကျနည်းလမ်းမျာဖြင့် ထိုးနှက်ခြင်း၊ ဒီမိုအင်အားစုအချင်းချင်း ရသလောက် သပ်လျှိုခြင်း ၊ အမျိုးသားရေးအကြေားပြ ၀ါဒမှိုင်းတိုက်ခြင်း စတာတွေ လုပ်လာဖို့ဘဲ မဟာဗျူဟာမြောက် ဆုံးဖြတ်လိုက်ကြတယ်။

အဲ့ဒီဆုံးဖြတ်ချက်တွေ ၂၀၁၄ အတွင်းမှာ သူတို့ လူခွဲပြီး ဆက်တိုက် အကောင်အထည်ဖော်လိမ့်မယ်။

ဟား ခါး မြို့ ချယ် ရီ တည်း ခို ခန်း ရှိ ဒေါ် အောင် ဆန်း စု ကြည် တည်း ခို ခဲ့သော အ ခန်း

r Coko Dmoe

ချင်းပြည်နယ် ဟားခါး ဘောလုံးကွင်းပြည်သူများနဲ.တွေ.ဆုံ

ဇန်န၀ါရီလ ၉ ရက် နံနက် ၈ နာရီခန့်တွင် လူထုဟောပြောပွဲကျင်းပမည့် ဟားခါးအားကစားကွင်းသို့ချယ်ရီတည်းခိုခန်းမှ အဖွဲ့ချုပ်ဥက်္ကဋ္ဌစတင်ထွက်ခွာခဲ့ရာအားကစားကွင်းသို့သွားရာလမ်းတစ်လျှောက်တွင် ဒေသခံများက ကြိုဆိုနှုတ်ခွန်းဆက်ခြင်း၊ ချင်းဘာသာစကားဖြင့် ဆုတောင်းပေးခြင်းကိုခံယူခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလူထုဆန်္ဒသဘောထားရယူပွဲတွင် အဖွဲ့ချုပ်ဥက်္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကော်မတီဝင်ဦးဌေးဦးတို့က ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။ အဖွဲ့ချုပ်ဥက်္ကဋ္ဌသည့် ဒေသခံပြည်သူများဖယ်ဒရယ်ပြည်ထောင်စု၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး၊ ၂၀၀၈ ဖွဲ့စည်းပုံပါ ၅၉ (စ) အကြောင်းမေးမြန်းရာဥက်္ကဋ္ဌက ပြန်လည် ရှင်းလင်းပြောကြားခဲ့ပြီးအခမ်းအနားအောင်မြင်စွာပြီးဆုံးခဲ့သည်။ ဟောပြောပွဲတွင် ပရိသတ်တစ်ဦးက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး နှင့် ပတ်သက်၍ မေးမြန်းရာ ““နိုင်ငံတစ်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာအမျိုးသမီးတစ်ယောက်ကိုဦးတည်ပြီးတော့ရေးဆွဲထားတယ်ဆိုတာအင်မတန်မှ မသင့် တော်ပါဘူး။ အဲဒီလိုရေးဆွဲထားတဲ့ အမျိုးသားတွေအတွက် အင်မတန်မှသိက်္ခာကျပါ တယ်။ ဒါကြောင့် ဒီဥစ်္စာကိုမြန်မြန်ဆန်ဆန်ပြောင်းသင့်တယ်လို့ ကျွန်မတော့ယူဆတယ်။ ၅၉ (စ) ကိုမပြောင်းခဲ့လို့ရှိရင် ၂၀၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဘယ်လိုလုပ်မလဲဆိုတဲ့မေးခွန်းကိုတော့ ဒီပုဒ်မကိုပြောင်းမလား၊ မပြောင်းဘူးလားဆိုတာအဖြေပေါ်တဲအခါကျမှ ကျွန်မတို့ပြောပါမယ်။ ဘာဖြစ်လို့လည်းဆိုတော့ အလုပ်တစ်ခု က သိပ်ပြီးတော့ စောလွန်းပြီးတော့ လုပ်လို့မဖြစ်ဘူး၊ မသင့်တော်ပါဘူးသင့်တော်တဲ့ အချိန်မှာ ကျွန်မတို့ရဲ့ မူဝါဒဟာ ဘာလဲဆိုတာဖွင့်ပြမယ်””ဟုအဖွဲ့ချုပ် ဥက်္ကဋ္ဌပြန်လည် ဖြေကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး(ငြိမ်း)သန်းရွှေ ချမှတ်ခဲ့သည့် မူဝါဒများကို တပ်မတော်က အမြဲတမ်းလိုက်နာသွားမည် ဟု ကာ/ချုပ်ဆို




(သစ္စာသတင်းဂျာနယ်)

တပ်မတော်အနေဖြင့် ယခင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ ချမှတ်ခဲ့သည့် တပ်တည်ဆောက်ရေးလုပ်ငန်းတာဝန်ကြီး ၄ ရပ်အား အမြဲတမ်းလိုက်နာသွားရမည့် မူဝါဒအဖြစ် လိုက်နာဆောင်ရွက်သွားမည် ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
"တပ်တည်ဆောက်ရေးလုပ်ငန်းတာဝန်ကြီး (၄)ရပ်နှင့် တပ်ကို ကောင်းအောင် လုပ်ပေးရမယ်။ (၁) အချက် လေ့ကျင့်ရေးနှင့် တပ်တည်ဆောက်၊ (၂)အချက် အုပ်ချုပ်ရေးနှင့် တပ်တည်ဆောက်၊ (၃) အချက် သက်သာချောင်ချိရေးနှင့် တပ်တည်ဆောက်၊ (၄)အချက် စိတ်ဓါတ်နှင့် တပ်တည်ဆောက်ရမယ်။ ဒီ တပ်တည်ဆောက်ရေးတာဝန်ကြီး (၄)ရပ်ဆိုတာ အရင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေချမှတ်ပေးထားတဲ့ မူဝါဒ ဖြစ်ပြီး တပ်မတော်အတွက် အမြဲတမ်း လိုက်နာရမယ့် မူဝါဒ ဖြစ်ပါတယ်" ဟု ပြောဆိုသည်။

၂၀၁၃ နိုဝင်ဘာလ ၂၉ ရက်က ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)စစ်ဆင်ရေး အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် အုပ်ချုပ်မှုမွမ်းမံသင်တန်း အမှတ်(၃/၂၀၁၃) သင်တန်းဆင်းပွဲတွင် မိန့်ခွန်းပြောကြားရာ၌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အထက်ပါအတိုင်း ထည့်သွင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်သားများနှင့် ပတ်သက်၍-

"လွန်ခဲ့တဲ့ ဆယ်နှစ်တာအတွင်း တပ်မတော်သားတွေ အပြင်မှာ ဆိုက်ကားနင်းတဲ့သူ၊ တက္ကစီမောင်းတဲ့သူ၊ အငှားဆိုင်ကယ် မောင်းတဲ့သူတွေ ရိပါတယ်။ အရာရှိများ စဉ်းစားကြည့်ပါ။ တပ်မတော်ဟာ ပြည်သူကို ကာကွယ်ဖို့ ဖွဲ့စည်းထားတာ။ တပ်မတော်သာေးတွ ဆိုက်ကားနင်းပြီး စားဝတ်နေရေး လုပ်နေရတာ ဘယ်လိုမှ မသင့်တော်ဘူး။ တို့ရဲ့ မူဝါဒက တပ်မတော်ဟာ မိမိခြေထောက်ပေါ်၊ မိမိဂုဏ်သိက္ခာရှိရှိ ရပ်တည် လုပ်ကိုင်နိုင်ရမယ်။ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို အတတ်နိုင်ဆုံး မြှင့်ထားရမယ်။ ဒါ့အပြင် တပ်မတော်အနေနဲ့ တိုင်းပြည်အတွက် နိုင်ငံနှင့်အ၀န်း လုပ်ငန်းတွေမှာ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့တာ အများကြီး ရှိတယ်။ ဒီလောက်လုပ်ပေးနေတာတောင် အကောင်း မပြောတဲ့သူတွေ ရှိနေဆဲ ဖြစ်တယ်။ ဒီဘက်ခေတ် ဒီမိုကရေစီခေတ်မှာကျတော့ တပ်မတော်သားတွေ စားဝတ်နေရေးအတွက် အပြင်ထွက်ပြီး အလုပ်လုပ်ရမယ်ဆိုရင် လက်ညိုးထိုးဖို့ အဆင့်သင့်စောင့်နေတဲ့သူတွေ ရှိတယ်။ တပ်မတော်က တိုင်းပြည်အတွက် ဒီလောက် လုပ်ပေးခဲ့တာတောင် အကွက်ချောင်းပြီး ထောက်ချင်၊ ပြောချင်နေကြတယ်" ဟု ပြောဆိုသည်။

ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ငြိမ်းချမ်းရေးဖြစ်စဉ်များနှင့် ပတ်သက်ပြီး-

"မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျတာ ပြည်တွင်းသောင်းကျန်းမှုတွေကြောင့် နောက်ကျရတယ် ဆိုတာ ဘယ်သူမှ မငြင်းနိုင်ဘူး။ အဲဒါကြောင့် လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းရေးအတွက် ခေတ်အဆက်ဆက် ကြိုးစားခဲ့တယ်။ သဘောထား ကွဲလွဲတာတွေ၊ သဘောထားမကွဲလွဲတာတွေ ကုစားခဲ့ပေမယ့် ငါတကောကောပြီး ငါဆိုတဲ့ စိတ်နဲ့ လုပ်ခဲ့ကြတဲ့အတွက် တိုင်းပြည်ဟာ အခုထိ မတည်မငြိမ် ဖြစ်နေတာဟာ ၀မ်းနည်းစရာ ကောင်းပါတယ်။ ဒီအဖြစ်တွေကို မိမိတို့ ကျော်ချင်တာ။ တပ်မတော်အစိုးရ လက်ထက်တုန်းကတော့ စစ်အစိုးရမို့လို့ ငြိမ်းချမ်းရေးအလှမ်းဝေးတယ် ပြောကြတယ်။ အခု ပါတီစုံဒီမိုကရေစီစနစ်ကို သွားနေတာ ဖြစ်တယ်။ မည်သည့်နိုင်ငံရေးစနစ်ပဲ ကျင့်သုံးသည် ဖြစ်စေ၊ လက်နက်ကိုင် ပဋိပက္ခတွေကို ဘယ်နိုင်ငံကမှ လက်မခံကြဘူး။ အဲဒါကြောင့် မိမိတို့ ငြိမ်းချမ်းရေး ရအောင် လုပ်ချင်တယ်။ မိမိတို့ကစပြီးတော့ ဘာတစ်ခုမှ သွားမလုပ်ဘူး။"

"ဒါပေမယ့် တိုင်းပြည်ရဲ့ Situation ကိုတော့ လာပြီး ထိခိုက်အောင် လုပ်လို့ မရဘူး။ အုပ်ချုပ်ရေး ယန္တရားနဲ့ပတ်သက်ပြီး ထိပါးလို့ မရဘူး။ ပြည်သူလူထုနဲ့ပတ်သက်ပြီး သည်းခံလို့ မရဘူး။ လမ်းပန်းဆက်သွယ်မှုလုံခြုံရေးနဲ့ ပတ်သက်ပြီး သည်းခံလို့ မရဘူး။ ဒါမျိုးတော့ တို့ လက်မခံဘူး။ တပ်မတော်က ဒီအတိုင်း ကြည့်နေလို့ မရဘူး။ တပ်မတော်ရဲ့ တာဝန်က နိုင်ငံတော်ကာကွယ်ဖို့ တာဝနှ်ရိတယ်။ နိုင်ငံတော်လုံခြုံမှုကို ပေးရမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း အတိအလင်း ပြဌာန်းထားပြီးသား ဖြစ်တယ်။ ပြည်တွင်း ပြည်ပအန္တရာယ်များကို ကာကွယ်ဖို့အတွက် တပ်မတော်က ဦးဆောင်ဖို့ လိုပါတယ်။ ဒါ့ကြောင့် ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ရှိရင် ခွဲထွက်ဖို့ဟာတွေ မလုပ်ရင် ဘာမှ ပြဿနာ မရှိဘူး။"

"ဦးရဲထွဋ်ကို ပြောရေးဆိုခွင့် ရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ ကချင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ ဖြစ်နေတာနဲ့ ပတ်သက်ပြီး ဘယ်လို ယူဆပါသလဲ လို့ မေးတဲ့အခါ မြန်မာနိုင်ငံမှာ တောင်ပိုင်းမှာ ဘာမှမဖြစ်ဘူး၊ မြောက်ပိုင်းမှာပဲ ဖြစ်နေတာမို့ စဉ်းစားကြည့်မယ် ဆိုရင် သိနိုင်တယ် လို့ သူက ပြန်ဖြေခဲ့ပါတယ်။ ပြဿနာ ရှာလာရင်တော့ ဖြစ်မယ်၊ မရှာရင်တော့ မဖြစ်ဘူး။ ဒါကြောင့် တပ်မတော်ဟာ တိုင်းပြည်တည်ငြိမ်ရေးနဲ့ပတ်သက်ရင် တာဝန် ရှိတယ်။ သမိုင်းကြောင်းမှာဆိုရင် ၄၈ ခုနှစ် လွတ်လပ်ရေးမရခင် ရဲဘောသုံးကျိပ်နဲ့ တပ်မတော် စဖွဲ့တဲ့အချိန်ကစပြီး ယနေ့ထက်တိုင် မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတစ်လျှောက်လုံးမှာ တပ်မတော်က ဦးဆောင်ပါဝင်ခဲ့တယ်။ တပ်မတော်သည် စည်းကမ်းနဲ့ အမိန့်နာခံမှုအပေါ်မှာ အခြေခံပြီးတော့မှ ဖွဲ့စည်းထားတဲ့ တပ်မတော် ဖြစ်တယ်။"

"Institution က စည်းကမ်းနဲ့ စိတ်ဓါတ်၊ အမိန့်နာခံမှုအပေါ်မှာ အခြေခံထားတယ်။ ဒီနေ့ တို့သွားနေတဲ့ ဒီမိုကရေစီစနစ် နိုင်ငံတော်ရဲ့ Institution ကို အရာရှိများ ကြည့်တတ်ရင် တွေ့လိမ့်မယ်။ ဘာတစ်ခုမှ အားရစရာ မတွေ့ရဘဲ စည်းကမ်း မရှိ၊ ဥပဒေ မလိုက်နာ၊ အလုပ်မလုပ်ချင်၊ အခွင့်အရေးသမားတွေ များတယ်။ စသည်ဖြင့် မျိုးစုံ တွေ့နေရတယ်။ ဒီအချိန်မှာ တိုင်းပြည် ပြိုကွဲဖို့အတွက် တိုင်းရင်းသားတွေရဲ့ ပဋိပက္ခကို ရှေ့တန်းတင်ပြီး လုပ်နေတာတွေ ရှိတယ်။ ဒီလို အခြေအနေမျိုးကို ထိန်းနိုင်ဖို့ ဆိုရင် တပ်မတော် တစ်ခုပဲ ရှိတယ်။ ဒါကြောင့် မြင်အောင် လုပ်တတ်ဖို့ လိုတယ်။"

"ငြိမ်းချမ်းရေးယူတာ ကြောက်လို့ မဟုတ်ဘူး။ တိုင်းပြည်တည်တည်ငြိမ်ငြိမ်နဲ့ အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်အောင် ဆက်ပြီး လုပ်မယ် ဆိုတဲ့ နို်င်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်အောင် လုပ်ချင်တဲ့စိတ်၊ ဒီမိုကရေစီ နိုင်ငံအနေနဲ့ သွားနိုင်ဖို့အတွက် တပ်မတော်က ဒီမိုကရေစီလမ်းကြောင်း ဆိုတာ ခင်းတာ ဖြစ်တယ်။ နိုင်ငံခြားက တိုက်တွန်းလို့ လုပ်တာ မဟုတ်ဘူး။ တပ်မတော်က ၈၈ မှာ အာဏာယူပြီးကတည်းက ပြောခဲ့ပြီးသား ဖြစ်တယ်။"

"ဒါ့ကြောင့် ငြိမ်းချမ်းရေး မရလို့ရှိရင် ဒီမိုကရေစီကို သွားလို့ရမှာ မဟုတ်တဲ့ အတွက် ငြိမ်းချမ်းရေးကို ယူတာဖြစ်တယ်။ ဒီမိုကရေစီလမ်းကြောင်း ရောက်ဖို့ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ သွားရမယ်။ ဒီနှစ်ခုဟာ တစ်ခုနဲ့ တစ်ခု အမှီသဟဲ ပြုထားတယ်။"

"ရှင်းအောင် ပြောလို့ရှိရင် ဒီမိုကရေစီတို့၊ ငြိမ်းချမ်းရေးတို့ ဆိုတာက အာဏာ ခွဲဝေဖို့အတွက် မဟုတ်ပါဘူး။ စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေးမှာ တိုင်းပြည် တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ တိုးတက်စေဖို့အတွက် ငြိမ်းချမ်းရေးယူတာ ဖြစ်ပါတယ်။"

"ကြောက်လို့လည်း မဟုတ်ပါဘူး။ ဘယ်သောင်းကျန်းသူကိုမှ မတိုက်နိုင်စရာ အကြောင်းလည်း မရှိဘူး။ မတိုက်ရဲစရာ အကြောင်းလည်း မရှိပါဘူး" ဟု ပြောကြားခဲ့သည်။


ပြည်သူ့အသံ
========
ရိုင်းတဲ့အောင်လှိုင် (ရေး- ဗညားဇစွန်ဂလိုင်) 13-1-2014
================================
မင်းအောင်လှိုင်မိန့်ခွန်းဟာ ဒေါ်အောင်ဆန်းစုကြည်၊ ၈၈-မျိုးဆက်များ၊ တိုင်းရင်းသားခေါင်းဆောင်များကိုပဲ အံ့သြသင့်စေတာ မဟုတ်ဘဲ ကမ္ဘာ့ခေါင်းဆောင်များကိုလည်း မင်တက်မိစေမယ်လို့ ထင်တယ်။ ဒေါ်အောင်ဆန်းစုကြည်၊ သူရရွှေမန်း၊ ဦးသိန်းစိန်တို့ (၃)ဦးကြိုးပမ်းခဲ့တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုလည်း သေးသိမ်အောင် လုပ်ရာရောက်တယ်။ MPC နဲ့ NCCT တို့ အကောင်အထည်ဖော်နေတဲ့ တစ်နိုင်ငံလုံးအပစ်ရပ်ရေးညှိုနှိုင်းမှုကိုလည်း ပြက်ရယ်ပြုရာရောက်တယ်။ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးအတွက် အင်တိုက်အားတိုက် အားပေးထောက်ခံနေဆဲ မြန်မာ့မဟာမိတ်နိုင်ငံများကိုလည်း စော်ကားသလို ဖြစ်သွားတယ်။
ဒီမိန့်ခွန်းကို ပြောအပြီး မင်းအောင်လှိုင်ဟာ သူသာ နိုင်ငံခေါင်းဆောင်ဖြစ်ကြောင်း ကျေညာရာရောက်သလို မီဒီယာရဲ့ spotlight အောက်ကို ကောင်းကောင်းရောက်သွားခဲ့ပြီဖြစ်တယ်။ သတင်းသမားတွေ မဖွရဲရင်တော့ တစ်မျိုးပေါ့။

ယခင် စက်မှု (၁) ၀န်ကြီးဟောင်း ဦးအောင်သောင်း၏ ပြောကြားချက်များကို ဟံသာဝတီဦးဝင်းတင် မေးခွန်းထုတ်စိန်ခေါ်



Eleven Media Group
Monday, January 13, 2014
နေထွန်းနိုင်–

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအတိုင်ပင်ခံဖြစ်ပြီး ယခင် စက်မှု (၁) ၀န်ကြီးဟောင်းဖြစ်သော ဦးအောင်သောင်း၏ ပြောကြားချက်များကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ သဘာပတိအဖွဲ့ဝင် ဟံသာဝတီဦးဝင်းတင်က မေးခွန်းထုတ်ပြီး စိန်ခေါ်ခဲ့သည်။

ဇန်န၀ါရီ ၃ ရက်ထုတ် မြန်မာသံတော်ဆင့်ဂျာနယ် အတွဲ-၂၊ အမှတ်-၄၃ တွင် ဖော်ပြခဲ့သော အင်တာဗျူး၌ ဦးအောင်သောင်းက NLD ပါတီဝင်များကို ဝေဖန်ပြောကြားခဲ့သည့် စကားကို ဟံသာဝတီဦးဝင်းတင်က ဇန်န၀ါရီ ၁၀ ရက်ထုတ် မြန်မာသံတော်ဆင့်ဂျာနယ် အတွဲ-၂၊ အမှတ်-၄၄ တွင် ဖော်ပြသော အင်တာဗျူးမှတစ်ဆင့် မေးခွန်းထုတ် စိန်ခေါ်လိုက်ခြင်းဖြစ်သည်။

ဇန်န၀ါရီ ၃ ရက်ထုတ် မြန်မာသံတော်ဆင့်ဂျာနယ်တွင် ဦးအောင်သောင်းက “တကယ်တော့ လက်ရှိနိုင်ငံရေး အနေအထားအရ ကြည့်မယ်ဆိုရင် ပြည်ခိုင်ဖြိုးပါတီက အင်အားနည်းနည်းတောင့်တင်းတဲ့ သဘောရှိတာပေါ့။ NLD ဆို ဒေါ်စုကြည်ပဲရှိတယ်။ နောက်လိုက်သိပ်မရှိဘူး။ အာဃာတတွေနဲ့ လက်စားချေလိုတဲ့ နိုင်ငံရေးသမား၊ အာဃာတကို ဖော်ဆောင်နေတဲ့ နိုင်ငံရေးသမား၊ မကျေနပ်ချက်ကို အခြေခံပြီးဖြစ်လာတဲ့ နိုင်ငံရေးသမား၊ အခွင့်အရေးများ ရမလားဆိုပြီးတော့ ၀င်လာတဲ့နိုင်ငံရေးသမား ဖြစ်နေတယ်။ တကယ့်နိုင်ငံရေးကို နားလည်ယုံကြည်ပြီးတော့ NLD ရဲ့ လမ်းစဉ်မူဝါဒတွေ ကောင်းတယ်။ အဲဒါတွေသာ တိုင်းပြည်ကြီး တည်ဆောက်လို့ရတယ်။ အလွန်ကောင်းမှာပဲ။ ချမ်းသာသွားမှာပဲ။ အောင်မြင်သွားမှာပဲ။ ကမ္ဘာကလည်း လက်ခံမှာပဲဆိုတဲ့ ဒီလိုအမြင်နဲ့ကနည်းတယ်” ဟု ပြောကြားခဲ့သည်။

ဦးအောင်သောင်း၏ ပြောကြားချက်ကို ဟံသာဝတီဦးဝင်းတင်က ပြန်လည်တုံ့ပြန်ရာ၌ “ဒီတော့ ဘယ်လိုလူမျိုးကို နိုင်ငံရေးသမား ခေါ်တာလဲ။ ဦးအောင်သောင်းဆိုရင် အရင်တုန်းက သူဘာလုပ်လဲ။ ကျောင်းဆရာလုပ်တယ်။ နောက်စစ်တပ်ထဲဝင်တယ်။ အာဏာသိမ်းတယ်။ ဒါကို အမျိုးသားနိုင်ငံရေးလို့ ခေါ်သလား။ သူ့ကိုယ်သူ အမျိုးသားနိုင်ငံရေးလုပ်တယ်။ နိုင်ငံရေးသမားလို့ ပြောလို့ရလား။ နိုင်ငံရေးသမားဆိုလည်း သူတို့ဟာ ကိုယ်ကျိုးရှာဖို့အတွက် လောဘဇောတိုက်ပြီးတော့ နိုင်ငံရေး လုပ်ကြတာဆိုရင် ဘယ်လိုဖြေမလဲ” ဟု ပြောကြားခဲ့သည်ကို မြန်မာသံတော်ဆင့်တွင် ဖော်ပြထားချက်အရ သိရသည်။

“ဒီတော့ ခင်ဗျားတို့ရော ဘယ်လိုလုပ်ခဲ့သလဲ။ တိုင်းပြည်က ပိုက်ဆံတွေကို ကိုယ်ကျိုးအတွက် ခိုးဖို့၊ ၀ှက်ဖို့လုပ်၊ သိုလှောင်ထားပြီး ချမ်းသာနေတာ မဟုတ်လား။ ခင်ဗျားတို့ ပိုင်ဆိုင်မှုတွေ ထုတ်ပြနိုင်သလား။ အဲသလိုယှဉ်ပြီးမေးရင် သူတို့ဘယ်လိုဖြေမလဲ” ဟု ဦးဝင်းတင်က ဆက်လက်ပြောကြားသည်။

ဦးဝင်းတင်က ထိုသို့တုံ့ပြန် ပြောကြားခဲ့ပြီးနောက် နှစ်ရက်အကြာ ထွက်ရှိခဲ့သည့် The Messenger သတင်းဂျာနယ်၌ ဦးအောင်သောင်း၏ အင်တာဗျူး ထပ်မံပါဝင်လာခဲ့ပြီး ထိုအင်တာဗျူး၌ ၎င်း၏ပြောစကားများနှင့် ပတ်သက်ပြီး “အဲဒါ သံတော်ဆင့်ကလူတွေရေးတာ မှားသွားတာ ဖြစ်ပါတယ်” ဟု ဦးအောင်သောင်းက ထည့်သွင်းပြောကြားခဲ့သည်။

“အခု ဦးဝင်းတင်က ပြောတာရှိပါတယ်။ အဲဒါ သံတော်ဆင့်ကလူတွေရေးတာ မှားသွားတာဖြစ်ပါတယ်။ ကျွန်တော် အဲဒီလိုပြောတာလည်း မဟုတ်ဘူး။ ဆွေးနွေးခန်းလည်း မဟုတ်ဘူး။ အာလာပ သလ္လာပအနေနဲ့ ပြောတာပါ။ ကျွန်တော့်ပါတီကိုလည်း ပြောတာပဲ။ NLD ပါတီတစ်ခုတည်းကို ပြောတာမဟုတ်ဘူး။ ကျွန်တော်တို့ပါတီမှာလည်း ရာထူးရရှိမှု၊ အခွင့်အရေး ရလိုမှုတွေ ပါတယ်ဆိုတာကို သူက NLD လို့ပဲ သွားရေးလိုက်တာ။ ကျွန်တော့် ပါတီကို မထည့်ဘူး။ အမှန်တော့ ကျွန်တော့်ပါတီကိုလည်း ပြောတာပဲ” ဟု ဦးအောင်သောင်းက ဇန်န၀ါရီ ၁၂ ရက်ထုတ် The Messenger သတင်းဂျာနယ် အတွဲ-၄၊ အမှတ်- ၃၄ တွင် ပြောကြားခဲ့သည်။

ဦးအောင်သောင်းက ၎င်း၏ချမ်းသာမှုသည် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် တရားဝင်ချမ်းသာခြင်းသာ ဖြစ်သည်ဟု ဦးအောင်သောင်းက The Messenger ၌ ပြောကြားသည်။

ဘယ်လိုလူမျိုးကို နိုင်ငံရေးသမား ခေါ်တာလဲ။ ဦးအောင်သောင်းဆိုရင် အရင်တုန်းက သူဘာလုပ်လဲ။ ကျောင်းဆရာလုပ်တယ်။ နောက်စစ်တပ်ထဲဝင်တယ်။ အာဏာသိမ်းတယ်။ ဒါကို အမျိုးသားနိုင်ငံရေးလို့ ခေါ်သလား။ သူ့ကိုယ်သူ အမျိုးသားနိုင်ငံရေးလုပ်တယ်။ နိုင်ငံရေးသမားလို့ ပြောလို့ရလား။ နိုင်ငံရေးသမားဆိုလည်း သူတို့ဟာ ကိုယ်ကျိုးရှာဖို့အတွက် လောဘဇောတိုက်ပြီးတော့ နိုင်ငံရေး လုပ်ကြတာဆိုရင် . . . . .

“ဦးဝင်းတင်ကလည်း Messenger ထဲမှာလည်းပါတယ်။ သူတို့ချမ်းသာနေတဲ့ဟာ ဘာလို့ချမ်းသာနေရသလဲ။ ဘာကြောင့်ချမ်းသာနေရသလဲနဲ့ ပါတယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ တရားဝင် ကိုယ့်ဟာကိုယ် ချမ်းသာတာပါ။ ကျွန်တော်တို့မှာ အဲလောက်ကြီးလည်း မရှိပါဘူး။ အထိုက်အလျောက်ပဲ ရှိတာပါ။ ကျွန်တော့်သားက အောင်မြင်တာပေါ့။ စီးပွားရေးမှာ အောင်မြင်တာပေါ့။ တရားဝင်ကိုပဲ အောင်မြင်တာပါ။ သားကအောင်မြင်တော့လည်း ကျွန်တော်ကမိဘပဲ။ ကျွန်တော်တို့လည်း ဆင်းဆင်းရဲရဲနဲ့ ကြိုးစားပြီး ရုန်းကန်ခဲ့ကြရတာပဲ။ ဘ၀ကတော့ကျေတယ် ကျွန်တော်က။ ဒီလို တက်လာတယ် ဆိုတာက သားရဲ့အောင်မြင်မှု အရိပ်အရသာကို ကျွန်တော်တို့က ခံရတာပေါ့” ဟု ဦးအောင်သောင်းကဆိုသည်။

၎င်းတို့အနေဖြင့် (၁၉၈၈ ခုနှစ်၌) အာဏာသိမ်းခြင်းမရှိဘဲ ထိုအချိန်တွင် မည်သည့်အစိုးရမှ မရှိခြင်းကြောင့် အာဏာထိန်းပြီးမှသာ အစိုးရလုပ်ခြင်းဖြစ်ကြောင်း The Messenger သတင်းဂျာနယ်တွင် ဦးအောင်သောင်းကဆိုသည်။

ဦးအောင်သောင်းနှင့် The Messenger သတင်းဂျာနယ် အင်တာဗျူးတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်၊ စွမ်းအားရှင် အဖွဲ့အစည်းအကြောင်း၊ ဦးအောင်သောင်း တာဝန်ယူခဲ့ဖူးသော စီးပွားရေးလုပ်ငန်းများ အရှုံးပေါ်မှု၊ သူရဦးရွှေမန်းနှင့် သမ္မတဖြစ်ခွင့်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အပေါ်အမြင်၊ (ဗိုလ်ချုပ်မှူးကြီး) ဦးသန်းရွှေနှင့် ဆက်ဆံရေး အစရှိသည်တို့လည်း ပါဝင်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်အတွက် အရေးပါသော ပုဒ်မ ၅၉ (စ) ပြင်ဆင်ရန်မှာ ခက်ခဲမည်ဟု ဦးအောင်သောင်းက The Messenger ၌ ပြောကြားသည်။

“…ပြင်မယ်ဆိုရင်လည်း လွှတ်တော်ထဲမှာ အောင်မြင်ဖို့ အတော်ခဲယဉ်းမယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ကတော့ ကြိုးစားလိုတဲ့ဆန္ဒတော့ရှိတယ်။ အောင်မြင်မှုတော့ ရလောက်မှာမဟုတ်ဘူး” ဟု ဦးအောင်သောင်းကဆိုသည်။

၎င်းသည် စွမ်းအားရှင်အဖွဲ့၏ ပဲ့ကိုင်ရှင်မဟုတ်ကြောင်းနှင့် စွမ်းအားရှင်သည် မည်သည့်အဖွဲ့အစည်း ဖြစ်သည်ဆိုခြင်းကို မပြောလိုကြောင်း ဦးအောင်သောင်းက ပြောကြားသည်။

“…ကျွန်တော် သိလည်းမသိဘူး။ ကိုင်လည်းမကိုင်ခဲ့ဖူးဘူး။ ကျွန်တော်လည်းမဟုတ်ဘူး။ အဲဒါ အခြားအဖွဲ့အစည်းတွေပါ။ ရှိတော့ရှိတယ်။ အခြားအဖွဲ့အစည်းတွေ လုပ်နေတာတော့သိတယ်။ အုပ်ချုပ်ခဲ့တာလည်း မရှိခဲ့ဘူး။ ကျွန်တော်စုဆောင်း ပေးခဲ့တာလည်း မရှိခဲ့ဘူး။ မသိခဲ့တာ ကျွန်တော်လုပ်ပိုင်ခွင့်လည်း မရှိခဲ့ဘူး။ အဲဒီအထဲ ကျွန်တော်ဝင်ပါခွင့်လည်း မရှိခဲ့ဘူး။ အဲဒီတော့ ဒါလည်းပဲ ဘယ်အဖွဲ့အစည်းလို့လည်း ကျွန်တော်မပြောလိုတော့ဘူး။ ကျွန်တော်မပါဘူး။ နည်းနည်းမှမပါခဲ့ဘူး” ဟု ဦးအောင်သောင်းက ပြောကြားသည်။

ထို့ပြင် ၎င်းတာဝန်ယူခဲ့စဉ်က စီမံကိန်း ကိစ္စရပ်များတွင် မှားယွင်းမှုများ ရှိနိုင်ကြောင်းနှင့် ထိုမှားယွင်းမှုများကို သက်ဆိုင်ရာ စီမံကိန်းမန်နေဂျာများက ဖြေရှင်းရသည်ဟု ဦးအောင်သောင်းကဆိုသည်။

“…ကျွန်တော်တို့ အပေါ်ပိုင်းကြောင့် မှားယွင်းပြီးဖြစ်တဲ့ဟာ တစ်ခုမှမရှိပါဘူး။ စီမံကိန်းအားလုံးဟာ ဒီအတိုင်းပဲ စနစ်ကျပါတယ်” ဟု ဦးအောင်သောင်းက ပြောကြားသည်။

မိမိအပါအ၀င် အဖွဲ့အားလုံး၏ ဗဟုသုတ၊ အတတ်ပညာ၊ အမြင်နည်းပါးမှုကြောင့် အားနည်းမှုများ ရှိကောင်းရှိနိုင်သော်လည်း (စီမံကိန်းများနှင့် ပတ်သက်၍) မည်သူကမျှ မသမာမှု ပြုလုပ်ခြင်းမရှိကြောင်း ဦးအောင်သောင်းက အခိုင်အမာ ပြောဆိုသည်။

ယခင်အစိုးရ လက်ထက်တွင် စီမံကိန်းတာဝန်ယူခဲ့ပြီး လက်ရှိအချိန်တွင် လွှတ်တော်ထဲ ရောက်နေသူများနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရသူ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်၏ ဝေဖန်ပြောကြားချက်များကိုလည်း ဦးအောင်သောင်းက The Messenger မှတစ်ဆင့် တုံ့ပြန်ခဲ့သည်။

“….ဦးရဲထွဋ်ဆိုရင်လည်း ကိုယ့်ဆီကလူပါပဲ။ ပါတီကအနိုင်ရလို့ ဒုဝန်ကြီးအဖြစ် ပါလာတဲ့လူပဲ။ သူတောင်ကျွန်တော်တို့ကို အထင်လွဲတဲ့သဘောရှိတယ်။ ဒါတွေကတော့ သူပြောထားတာတွေ ကျွန်တော်ဖတ်ရတယ်။ ဖတ်ရတော့ သြော်သူက ပြောရေးဆိုခွင့် ရှိတယ်ဆိုပေမယ့် စည်းကျော်ပြီး ပြောတယ်လို့ ယူဆပါတယ်။ သူ့သဘောနဲ့သူ ပြောတာလားတော့ ကျွန်တော်မသိဘူး။ သူကတော့ ဒီလိုပြောတဲ့ လူစားမျိုးတော့ မဟုတ်ဘူး။ တစ်ယောက်ယောက်ရဲ့ တိုက်တွန်းချက်ကြောင့်၊ သူ့ထက်ကြီးတဲ့သူ တစ်ယောက်ယောက်ရဲ့ တိုက်တွန်းချက်ကြောင့် ပြောသလားဆိုတာတော့ သံသယရှိတယ်။ သို့သော် ကျွန်တော်ဘာမှမပြောပါဘူး။ စမ်းကြည့်လို့ ရပါတယ်။ အားလုံးက သူပြောသလိုလည်း မဟုတ်ပါဘူး။ သို့သော် နာမည်ပျက်စေချင်လို့ ပြောတာလည်း ဖြစ်နိုင်ပါတယ်” ဟု ဦးအောင်သောင်းကဆိုသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေဖြင့် သူရဦးရွှေမန်းကို သမ္မတတင်မည်ဟု ဦးအောင်သောင်းက ပြောကြားသည်။

“…ကျွန်တော်တို့ သူရဦးရွှေမန်းကိုပဲ တင်မှာပါ။ ကျွန်တော်တို့ပါတီက တင်မှာပါ။ ပါတီတစ်ခုမှာတော့ များသောအားဖြင့် ဥက္ကဋ္ဌလုပ်နေတဲ့သူကိုပဲ တင်တာများပါတယ်။ သူကလည်းပဲ လုပ်နိုင်တဲ့စွမ်းရည် ရှိပါတယ်။ အရည်အချင်း ရှိပါတယ်။ လုပ်နိုင်တဲ့စွမ်းရည် ရှိသလို အသက်လည်း အနည်းငယ်ရပါတယ်။ သက်တမ်းတစ်ခုအတွက်တော့ လုံလောက်ပါတယ်။ ပါတီကတော့ သူ့ကိုပဲတင်မှာပါ” ဟု ဦးအောင်သောင်းက The Messenger တွင် ပြောကြားခဲ့ပါသည်။

 

မှတ်ပုံတင် လျှောက်ထားသူများ ပြည်ခိုင်ဖြိုး ပါတီကတ်ပြားရရှိ



RFA Burmese


စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်က ကျေးရွာ ၆ ရွာမှာ အမျိုးသားမှတ်ပုံတင် လျှောက်ထားသူတွေကို အမျိုးသားမှတ်ပုံတင်အပြင် ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင် ကတ်ပြားတွေပါ ထုတ်ပေးတဲ့အတွက် အရာတော်မြို့မှာ မနေ့က ကျေးရွာသားတွေ စုပေါင်းပြီး သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။

အဲဒီ သတင်းစာရှင်းလင်းပွဲကို စီစဉ်သူတစ်ဦးဖြစ်တဲ့ အရာတော်မြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီက ၁၉၉၀ ခုနှစ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်းက RFA ကို အခုလို ပြောပါတယ်။

“မြို့ပေါ်လောက်သာ သူတို့က ဖြန့်တာပေါ့လေ၊ နယ်တွေမှာတော့ အဲလိုမှတ်ပုံတင်လုပ်လိုက်ရင် ပြည်ခိုင်ဖြိုးကတ်တွေက ပါပါလာတယ်၊ နောက်လက်မှတ်တွေ ဆိုတာကလည်း ကာယကံရှင်တွေ မထိုးရဘူး၊ တချို့ဆိုရင် ကတ်တစ်ခုမှာဆိုရင် အရှေ့က မမြဝင်းပေါ့ အနောက်ကနေ လွင် ဆိုပြီးတော့ တစ်ယောက်တည်းထိုးတော့ အဲလိုလက်မှတ်တွေ အမှားတွေနဲ့ ကျနော်ကတော့ လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ထင်ပါတယ်၊ လွတ်လပ်စွာ အသင်းအပင်း ဝင်ခွင့်ရှိတယ်ဆိုတာက လွတ်လွတ်လပ်လပ် ဝင်လို့ရတယ်၊ မဝင်ချင်ပဲ နေလို့ရတယ်၊ မဝင်ချင်တာကို အတုလုပ်ပြီးတော့ ကိုယ်လည်းလက်မှတ်မထိုးဘူး၊ လျှောက်လည်း မလျှောက်ပဲနဲ့ အတင်းအဓမ္မကို သြဇာသုံးပြီး အသင်းဝင်အဖြစ်သွင်းတာပေါ့”

အရာတော်မြို့နယ်က ဖုတ်ကုန်းရွာ၊ ရှောက်ခါးရွာ၊ ဇီးပင်လယ်ရွာ၊ ထန်းကြီးရွာ၊ အိုးကိုကုန်းရွာနဲ့ ညောင်ဒူးရွာက ကျေးရွာသူ ကျေးရွာသားတွေ စုပေါင်းပြီး သတင်းစာရှင်းလင်းပွဲ ကျင်းပတာဖြစ်ပါတယ်။ အဲဒီကျေးရွာတွေက လူဦးရေ ၁၆၇ ဦးကို သူတို့ပါတီဝင်အဖြစ် လျှောက်ထားခြင်းမရှိပဲ ကြံ့ခိုင်ရေးပါတီဝင်ကတ်တွေကို ထုတ်ပေးသွားခဲ့တာလို့ ပြောပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်လောက်ကတည်းက မှတ်ပုံတင်လျှောက်ထားသူတွေထဲက တစ်ချို့ကို ပြည်ခိုင်ဖြိုးပါတီဝင် ကတ်ပြားတွေပါ ထုတ်ပေးနေတာလို့ ပြောပါတယ်။

ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် အရာတော်မြို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကံထွန်း ပြောပြချက်အရ ပြည်ခိုင်ဖြိုးပါတီဝင်အဖြစ် လျှောက်ထားသူမဟုတ်ရင် မည်သူ့ကိုမှ ပါတီဝင်ကတ်တွေ ထုတ်ပေးတာမရှိဘူးလို့ ပြောပါတယ်။

ဒါလား ဗိုဟ်ချုပ်ရေးတဲ့ ဥပဒေ၊


ဒီမို ဖက်တီး
အားလုံး ညီညီ ညွတ်ညွတ် လုပ်
==================
ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေက အားလုံးညီညီညွတ်ညွတ်လုပ်၊ သဘောထား မကွဲလွဲကြနဲ့၊ သဘောထား ကွဲလွဲလို့ မဖြစ်ဘူးဟု မှာကြောင်း ဦးအောင်သောင်း ၏ ပြောကြားချက်ကို The Messenger ဂျာနယ်တွင် ဖော်ပြထားသည်။
လက်ရှိဖွဲ့စည်းပုံသည် ဗိုလ်ချုပ်အောင်ဆန်း ရေးဆွဲခဲ့သည့် ၁၉၄၇ အခြေခံဥပဒေကို အခြေခံပြီး ရေးသားထားခြင်းဖြစ်ကြောင်း၊ ပုဒ်မ ၅၉(စ) ပြင်ဆင်မည့် ကိစ္စနှင့် ပတ်သက်ပြီး လွှတ်တော်ထဲတွင် ပြင်ဆင်မည်ဆိုလျှင်လည်း အောင်မြင်ရန် ခဲယဉ်းမည်ဖြစ်ကြောင်း The Messenger ဂျာနယ်အင်တာဗျူးတွင် ဦးအောင်သောင်းက ဖြေကြားထားခြင်းဖြစ်သည်။

သမ္မတ ပြောရေးဆိုခွင့်ရသူ ဦးရဲထွဋ်၏ ဝေဖန်ပြောကြားချက်များကိုလည်း ဦးအောင်သောင်းက The Messenger မှတစ်ဆင့် တုံ့ပြန်
=====================================================================
“....ဦးရဲထွဋ်ဆိုရင်လည်း ကိုယ့်ဆီကလူပါပဲ။ ပါတီက အနိုင်ရလို့ ဒုဝန်ကြီးအဖြစ် ပါလာတဲ့လူပဲ။ သူတောင် ကျွန်တော်တို့ကို အထင်လွဲတဲ့ သဘောရှိတယ်။ ဒါတွေကတော့ သူပြောထားတာတွေ ကျွန်တော် ဖတ်ရတယ်။ ဖတ်ရတော့ သြော်သူက ပြောရေးဆိုခွင့် ရှိတယ်ဆိုပေမယ့် စည်းကျော်ပြီး ပြောတယ်လို့ ယူဆပါတယ်။ သူ့သဘောနဲ့သူ ပြောတာလားတော့ ကျွန်တော် မသိဘူး။ သူကတော့ ဒီလိုပြောတဲ့ လူစားမျိုးတော့ မဟုတ်ဘူး။ တစ်ယောက်ယောက်ရဲ့ တိုက်တွန်း ချက်ကြောင့်၊ သူ့ထက်ကြီးတဲ့သူ တစ်ယောက်ယောက်ရဲ့ တိုက်တွန်းချက်ကြောင့် ပြောသလား ဆိုတာတော့ သံသယရှိတယ်။ သို့သော် ကျွန်တော် ဘာမှမပြောပါဘူး။ စမ်းကြည့်လို့ ရပါတယ်။ အားလုံးက သူပြောသလိုလည်း မဟုတ်ပါဘူး။ သို့သော် နာမည်ပျက်စေချင်လို့ ပြောတာ လည်း ဖြစ်နိုင်ပါတယ်”
ဖွတ်ပိုင်ဂျာနယ် တစ် က ပထမ ဦးအောင်သောင်းကို မေးတယ် ။ နောက် ဦးဝင်းတင်ကို မေးတယ် ။ ဖွတ်ပိုင်ဂျာနယ် နှစ် က အခု ဦးအောင်သောင်းကို ပြန်မေးတယ် ။ ပြီးရင် နောက်တစ်ပါတ် ဦးဝင်းတင်ကို ပြန်မေးမယ် ။
ဘာလုပ်နေကြတာလဲ ။ အထူးသဖြင့် ပြည်သူက အဲသည် နာကျင်းဖွယ်ရာ ရွံရာဖွယ်ရာ လူတွေ ဆီက အရှက်ကင်းမဲ့ တာဝန်ယူမှုကင်းမဲ့ သိက္ခာမဲ့ ရှေ့နောက်ညီမှုကင်းတဲ့ အပြောတွေကို သိပ်တော့ မဖတ်ချင်ဘူးဗျ ။ ဒါမျိုးတွေက သူတို့တတွေ သေခါနီးမှ နောက်ဆုံး ဖွင့်ဟ၀န်ခံချက်မျိုး ဆိုရင်တော့ ပြည်သူက နည်းနည်းယုံချင် ယုံမှာပေါ့ ။ အခုလို ပြောမျိုးတွေကို ဂျာနယ်တွေက ထည့်ပေးနေတာကတော့ ပိုက်ဆံနဲ့ ၀ယ်ဖတ်ရတဲ့ ပြည်သူတွေကို တိုက်ပိုင်ရှင်တွေက ကိုယ့်ဟာကြီး ထုတ်ပြီး မျက်နှာကို လာပွတ်သလိုပဲ ဖြစ်နေပါတယ် ။
သတိထားပါ ။ ဂျာနယ်ကို ငတ်လို့ ထုတ်နေတာမဟုတ်ဘူးဆိုလည်း ဆက်မထုတ်နဲ့ပေါ့ ။ စက္ကူကုန်တယ် ။ သစ်တောပြုန်းတီးတယ် ။ အဲသည်အစား ရေရှားပါးတဲ့ အရပ်တွေ အတွက် ချေးကုန်းစက္ကူ ထုတ်လုပ်ပါလား ။


ဦးဝင်းတင်က တုံ့ပြန် ပြောကြားခဲ့ပြီးနောက် နှစ်ရက်အကြာ ထွက်ရှိခဲ့သည့် The Messenger သတင်းဂျာနယ်၌ ဦးအောင်သောင်း၏ အင်တာဗျူး ထပ်မံပါဝင်လာခဲ့ပြီး ထိုအင်တာဗျူး၌ ၎င်း၏ ပြောစကားများနှင့် ပတ်သက်ပြီး “အဲဒါ သံတော်ဆင့်ကလူတွေရေးတာ မှားသွားတာ ဖြစ် ပါတယ်” ဟု ဦးအောင်သောင်းက ထည့်သွင်းပြောကြားခဲ့သည်။


“အခု ဦးဝင်းတင်က ပြောတာရှိပါတယ်။ အဲဒါ သံတော်ဆင့်က လူတွေရေးတာ မှားသွားတာဖြစ် ပါတယ်။ ကျွန်တော် အဲဒီလိုပြောတာလည်း မဟုတ်ဘူး။ ဆွေးနွေးခန်းလည်း မဟုတ်ဘူး။ အာလာပ သလ္လာပအနေနဲ့ ပြောတာပါ။ ကျွန်တော့်ပါတီကိုလည်း ပြောတာပဲ။ NLD ပါတီတစ်ခုတည်းကို ပြော တာမဟုတ်ဘူး။ ကျွန်တော်တို့ ပါတီမှာလည်း ရာထူးရရှိမှု၊ အခွင့်အရေး ရလိုမှုတွေ ပါတယ် ဆိုတာကို သူက NLD လို့ပဲ သွားရေးလိုက်တာ။ ကျွန်တော့် ပါတီကို မထည့်ဘူး။ အမှန်တော့ ကျွန်တော့် ပါတီကိုလည်း ပြောတာပဲ” ဟု ဦးအောင်သောင်းက ဇန်န၀ါရီ ၁၂ ရက်ထုတ် The Messenger သတင်းဂျာနယ် အတွဲ-၄၊ အမှတ်- ၃၄ တွင် ပြောကြားခဲ့သည်။
ဦးအောင်သောင်းက ၎င်း၏ချမ်းသာမှုသည် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် တရားဝင်ချမ်းသာခြင်းသာ ဖြစ်သည်ဟု ဦးအောင်သောင်းက The Messenger ၌ ပြောကြားသည်။
“ကိုယ့်နည်းကိုယ့်ဟန်နဲ့ တရားဝင် ကိုယ့်ဟာကိုယ် ချမ်းသာတာပါ။ ကျွန်တော်တို့မှာ အဲလောက်ကြီး မရှိပါဘူး။ အထိုက်အလျောက်ပဲ ရှိတာပါ။ ကျွန်တော့်သားက အောင်မြင် တာပေါ့။ စီးပွားရေးမှာ အောင်မြင်တာပေါ့။ တရားဝင်ကိုပဲ အောင်မြင်တာပါ။ သားက အောင်မြင်တော့လည်း ကျွန်တော်က မိဘပဲ။ ကျွန်တော်တို့လည်း ဆင်းဆင်းရဲရဲနဲ့ ကြိုးစားပြီး ရုန်းကန်ခဲ့ကြရတာပဲ။ ဘ၀ကတော့ကျေတယ် ကျွန်တော်က။ ဒီလို တက်လာတယ် ဆိုတာက သားရဲ့အောင်မြင်မှု အရိပ်အရသာကို ကျွန်တော်တို့က ခံရတာပေါ့” ဟု ဦးအောင်သောင်းက ဆိုသည်။


စွမ်းအားရှင်အဖွဲ့၏ ပဲ့ကိုင်ရှင်မဟုတ်ကြောင်းနှင့် စွမ်းအားရှင်သည် မည်သည့် အဖွဲ့အစည်း ဖြစ်သည်ဆိုခြင်းကို မပြောလိုကြောင်း ဦးအောင်သောင်းက ပြောကြားသည်။
===================================================================================

“...ကျွန်တော် သိလည်းမသိဘူး။ ကိုင်လည်း မကိုင်ခဲ့ဖူးဘူး။ ကျွန်တော်လည်း မဟုတ်ဘူး။ အဲဒါ အခြား အဖွဲ့အစည်းတွေပါ။ ရှိတော့ရှိတယ်။ အခြားအဖွဲ့အစည်းတွေ လုပ်နေတာတော့သိတယ်။ အုပ်ချုပ်ခဲ့တာလည်း မရှိခဲ့ဘူး။ ကျွန်တော်စုဆောင်း ပေးခဲ့တာလည်း မရှိခဲ့ဘူး။ မသိခဲ့တာ ကျွန်တော် လုပ်ပိုင်ခွင့်လည်း မရှိခဲ့ဘူး။ အဲဒီအထဲ ကျွန်တော်ဝင်ပါခွင့်လည်း မရှိခဲ့ဘူး။ အဲဒီတော့ ဒါလည်းပဲ ဘယ်အဖွဲ့အစည်းလို့လည်း ကျွန်တော်မပြောလိုတော့ဘူး။ ကျွန်တော်မပါဘူး။ နည်းနည်းမှ မပါခဲ့ဘူး” ဟု ဦးအောင်သောင်းက ပြောကြားသည်။
The Messenger


၂၀၁၃ တုန်းက မှတ်မှတ်ရရ ဖတ်ထားမိတာက စွမ်းအားရှင်ဆိုတာ မရှိပါဘူးတဲ့ ။ ဘယ် ဖွတ်ပြောတာလဲတော့ မသိဘူး ။ ခပ်ကြီးကြီး ဖွတ်တစ်ကောင်ပဲ ။ အခု ဦးအောင်သောင်းက ပြောတော့ ရှိတယ်တဲ့ ။ ဒါပေမယ့် သူ ပဲ့ကိုင်ရှင် မဟုတ်ဘူးတဲ့ ။ ဖြီးးးးးး


ဒါလား ဗိုဟ်ချုပ်ရေးတဲ့ ဥပဒေ၊ လူလိမ်လူညစ်တွေ
D Myo Chit