Tuesday, January 14, 2014

အိမ်ရာများ၏ ဈေးနှုန်းသတ်မှတ်ချက် ဂယက်



တန်ဖိုးမျှတ အိမ်ရာများ၏ ဈေးနှုန်းသတ်မှတ်ချက် ဂယက်ကြောင့် မြို့တွင်းနှင့်နီးစပ်သော မြို့နယ်များမှ တိုက်ခန်းများကိုပါ အိမ်ခြံမြေဈေးကွက်တွင် ဈေးတိုးမြှင့်လာ

EMG | 14 January 2014

တန်ဖိုးမျှတ အိမ်ရာများ၏ ဈေးနှုန်းသတ်မှတ်ချက် ဂယက်ကြောင့် အိမ်ခြံမြေအကျိုးဆောင်ဈေးကွက်တွင် မြို့တွင်းနှင့်နီးစပ်သော မြို့နယ်များမှ တိုက်ခန်းများကိုပါ ဈေးတိုးမြှင့်ခေါ်ယူ ရောင်းချမှုများ ရှိလာနေကြောင်း အဆိုပါအကျိုးဆောင်များ အသိုင်းအ၀ိုင်းမှ သိရသည်။

“တန်ဖိုးမျှတအိမ်ရာက အနိမ့်ဆုံး ၂၃၇ သိန်းကနေ အမြင့်ဆုံး ၃၂၉ သိန်းဆိုတော့ ကျန်တဲ့တိုက်ခန်းတွေဈေးကိုပါ ဆွဲတင်လိုက်ကြတယ်။ အရင်က တာမွေတို့၊ မင်္ဂလာတောင်ညွန့်တို့က တိုက်ခန်းတွေက အဲဒီလောက် ဈေးမပေါက်ဘူးလေ။ ဒါပေမဲ့ တန်ဖိုးမျှတအိမ်ရာက အဲဒီလောက်ဈေးဆိုတော့ ကျန်တာတွေလည်း ဆွဲတင်ကြတာပေါ့” ဟု အိမ်ခြံမြေအကျိုးဆောင် အသိုင်းအ၀ိုင်းမှ ကိုဇော်လေးက ပြောကြားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ကြီးကြပ်ဆောက်လုပ်နေသော ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ၄၈ ရပ်ကွက် ဗိုလ်ဗထူး တန်ဖိုးမျှတ အိမ်ရာစီမံကိန်းမှ တိုက်ခန်းဈေး သတ်မှတ်ချက်များမှာ သိန်း ၂၄၀ နီးပါးမှ သိန်း ၃၃၀ နီးပါးအထိ ရှိနေသဖြင့် ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။

“အကျိုးဆောင်တွေက နဂိုကတည်းက ဈေးတင်ချင်လို့ အကြောင်းရှာနေတာ။ အခု အစိုးရရဲ့ တန်ဖိုးမျှတအိမ်ရာက ဈေးကိုပြပြီး ဆွဲတင်လို့ရသွားတာပေါ့။ အရောင်းအ၀ယ်က အနည်းအကျဉ်းတော့ ဖြစ်ပါတယ်” ဟု ၎င်းကဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံတွင် အခြေခံလူတန်းစားနှင့် လူလတ်တန်းစားများ၏ ၀င်ငွေမှာ နည်းပါးလျက်ရှိပြီး စားဝတ်နေရေး စရိတ်များမှာ ၀င်ငွေနှင့်နှိုင်းယှဉ်လျှင် လွန်စွာကြီးမြင့်လျက်ရှိသည်။

အထူးသဖြင့် နေထိုင်စရိတ်ဖြစ်သည့် အိမ်ခြံမြေဈေးနှုန်းများမှာ အကျမရှိဘဲ တိုးတက်လာနေသဖြင့် နေထိုင်စရိတ်မှာ ပိုမိုကြီးမြင့်လာနေကြောင်း သိရသည်။

၂၀၁၅ ခုနှစ် မြန်မာနိုင်ငံတွင် စတော့အိတ်ချိန်းဈေးကွက် ပေါ်ပေါက်ပြီးမှ မြန်မာနိုင်ငံ၏ အဆမတန်ကြီးမြင့်နေသော အိမ်ခြံမြေဈေးနှုန်းများကို ကျဆင်းစေရန် လုပ်ဆောင်ပါက မြန်မာ့ငွေကြေးဈေးကွက်တွင် ကမောက်ကမ များစွာဖြစ်ပေါ်လာနိုင်ကြောင်း စီးပွားရေးပညာရှင် အသိုင်းအ၀ိုင်းမှ သုံးသပ်ချက်များအရ သိရသည်။

ရန်ကုန်မြို့သည် နောင်လာမည့် ဆယ်စုနှစ်အနည်းငယ်အတွင်း လူဦးရေ ၁၀ သန်းကျော်နေထိုင်သည့် Mega City ဖြစ်လာမည်ဖြစ်ပြီး ရန်ကုန်မြို့သို့ အခြေချလာသည့် လူဦးရေမှာ နေထိုင်စရာ အိမ်အခန်းများ ဆောက်လုပ်ပြီးစီးမှုထက် သုံးဆခွဲ များပြားလျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ယခင်ထုတ်ပြန်ချက်များအရ သိရသည်။



ဒီလှိုင်းသတင်းစာ ထုတ်ဝေခွင့် ရုပ်သိမ်းသည့်အထဲ ပါဝင်




Mizzima
ထုတ်ဝေခွင့်လိုင်စင် ရုပ်သိမ်းမည့် သတင်းစာ ၁၂ စောင်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ထုတ်ဝေမည့် ဒီလှိုင်းသတင်းစာပါဝင်ကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေး မှူးဦးအောင်ကျော်ဦးက ဇန်န၀ါရီ ၁၃ ရက်က ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ပြော သည်။

ထုတ်ဝေခွင့်ချထားပေးပြီး သတ်မှတ်ကာလအတွင်း ထုတ်ဝေနိုင်ခြင်းမရှိသည့် ပုဂ္ဂလိက နေ့စဉ်သတင်း စာ ၁၂ စောင်ကို ထုတ်ဝေခွင့်လိုင်စင် ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

“ထုတ်ဝေခွင့်လိုင်စင် ရုပ်သိမ်းမယ့်အကြောင်း အကြောင်းကြားစာ ပေးပို့ထားပြီးဖြစ်ပါတယ်”ဟု ဦးအောင်ကျော်ဦးက ပြောသည်။

ပုဂ္ဂလိကသတင်းစာ ထုတ်ဝေခွင့်ကို ၃၁ စောင် ခွင့်ပြုထားရာတွင် သတင်းစာ ၁၈ စောင်သာ သတ်မှတ်ကာလဖြစ်သည့် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်အတွင်း ထုတ်ဝေနိုင်ခဲ့သည်ဟု ဆိုသည်။ ကျန် ၁၂ စောင်တွင် ခုနစ်စောင်မှာ ထုတ်ဝေနိုင်ခြင်းမရှိသည့်အတွက် ထုတ်ဝေခွင့်လိုင်စင် ပြန်လည်အပ်နှံခဲ့ပါ သော်လည်း ကျန်ငါးစောင်မှာ တစ်စုံတစ်ရာ အကြောင်းကြားခြင်းမရှိသည့်အတွက် ထုတ်ဝေခွင့်လိုင်စင် ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း၊ အကြောင်းကြားစာပေးပို့ထားပြီးဖြစ်ကြောင်း ညွှန်ကြားရေးမှူးက သတင်း စာရှင်းလင်းပွဲတွင် ပြောသည်။

ထိုသို့ အကြောင်းကြားစာပေးပို့သည့် နေ့စဉ်သတင်းစာစောင်များတွင် ဒီလှိုင်း နေ့စဉ်သတင်းစာလည်း ပါ ၀င်ကြောင်း သိရသည်။ သတင်းစာထုတ်ဝေခွင့်လိုင်စင်အသိမ်းခံရတဲ့ သတင်းစာများအနေဖြင့် ပြန်လည် ထုတ်ဝေလိုပါက သတ်မှတ်ချက်များနှင့်အညီ ပြန်လည်လျှောက်ထားနိုင်ကြောင်းလည်း သိရသည်။

“အခု လိုင်စင်သိမ်းခံရတဲ့ ထုတ်ဝေသူတို့အနေနဲ့ သတင်းစာပြန်ထုတ်မယ်ဆိုရင် သတ်မှတ်ချက်နှင့်အညီ ပြန်လျှောက်နိုင်ပါတယ်။ ထုတ်ဝေခွင့် တစ်ခါရပြီးသားသူတွေဖြစ်လို့ ဦးစားပေးစဉ်းစားသွားမှာ ဖြစ်တယ်” ဟုလည်း ဦးအောင်ကျော်ဦးက ဖြည့်စွက်ပြောကြားသည်။

မြန်မာနိုင်ငံတွင် သတင်းစာထုတ်ဝေခွင့်ကို ၂၀၁၃ ခုနှစ် ဧပြီလ ၁ ရက်က စတင်ချထားပေးခဲ့ပြီး ထုတ်ဝေခွင့်လိုင်စင်ကို တစ်လအတွင်းထုတ်ယူရန်နှင့် လိုင်စင်ထုတ်ယူပြီး ခြောက်လအတွင်း သတင်းစာထုတ် ဝေရမည်ဟူသော စည်းကမ်းချက်များ ပါဝင်ခဲ့သည်။

ဦးအောင်သောင်းကျတော့အဆင်ပြေသားပဲ..



Yoke Ga Zoe
တလောက ခရီးသွားတော့ မော်တော်ပေါ်မှာ တပ်ကြပ်ကြီးတစ်ယောက်နဲ့ နေရာအတူကျတယ်။ ပြောလို့ဆိုလို့ကောင်းတယ် ရည်ရည်မွန်မွန်ပါပဲ။ သူတို့အောက်ခြေရဲဘော်တွေ ဆင်းရဲကြတဲ့အကြောင်းတွေပြောဖြစ်တယ်။ သူ့မိန်းမကတော့ အရောင်းအ၀ယ် နည်းနည်းပါးပါးလုပ်တတ်တော့ လှည့်သာ လှုပ်သာအဆင်ပြေပါတယ်တဲ့။ သူပြောတာက.... ကျုပ်တို့ကတော့ ထွက်ချင်နေပြီတဲ့။ ၀ဋ်ကြွေးတွေဆပ်နေရတယ်လို့ပဲမြင်တော့တယ်တဲ့။ သူ့သားတစ်ယောက်က ယိုးဒယားမှာ။ စားသောက်ဆိုင်တစ်ခုမှာ စါးပွဲထိုး။ တခါတလေ ငွေလေးဘာလေးပို့နိုင်တယ်။ ဒီလိုပဲရုန်းထွက်ရတယ်ဗျာတဲ့။ ကျန်သေးတဲ့ အငယ်တွေလဲ တတ်နိုင်သမျှကျောင်းထားပြီး အပြင်မှာပဲ ရပ်တည်နိုင်အောင် ကြိုးစားနေတယ်တဲ့။ ဘာကိုရုန်းထွက်တာလဲဆိုတော့။ စစ်သားဘ၀ သံသရာကနေတဲ့။ ဒီနေရာမှာ သူ့အမြင်လေး ဆန်းလို့ ပြန်ပြောပြမယ်။ ဘာလို့လဲ ဆိုတော့ သူ့အမြင်က အရင်သွားလေသူကြီးက စစ်သားတွေကို ဆင်းရဲတွင်းထဲ ပို့ထားတယ်။ ဒါမှ စစ်သား သားသမီးတွေလဲ ဆင်းရဲ ပညာမတတ် တပ်ထဲမှာပဲနေ တခြားဟာလဲ မလုပ်တတ် မကိုင်တတ်။ နောက်ဆုံး ရွေးစရာမရှိပဲ စစ်ထဲပဲပြန်ရောက်။ ဒီသံသရာလည်နေတာတဲ့ သူတို့ဝန်းကျင်မှာ။ ဒါကြောင့်သူကရုန်းထွက်နေတာတဲ့။ ဒုက္ခတွေပါလား။
==========================

ကိုယ့်နည်းကိုယ့်ဟန်နဲ့ တရားဝင် ကိုယ့်ဟာကိုယ် ချမ်းသာတာပါ။ ကျွန်တော်တို့မှာ အဲလောက်ကြီးလည်း မရှိပါဘူး။ အထိုက်အလျောက်ပဲ ရှိတာပါ။ ကျွန်တော့်သားက အောင်မြင်တာပေါ့။ စီးပွားရေးမှာ အောင်မြင်တာပေါ့။ တရားဝင်ကိုပဲ အောင်မြင်တာပါ။ သားကအောင်မြင်တော့လည်း ကျွန်တော်ကမိဘပဲ။ ကျွန်တော်တို့လည်း ဆင်းဆင်းရဲရဲနဲ့ ကြိုးစားပြီး ရုန်းကန်ခဲ့ကြရတာပဲ။ ဘ၀ကတော့ကျေတယ် ကျွန်တော်က။ ဒီလို တက်လာတယ် ဆိုတာက သားရဲ့အောင်မြင်မှု အရိပ်အရသာကို ကျွန်တော်တို့က ခံရတာပေါ့” ဟု ဦးအောင်သောင်းကဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းပွဲ ပြုလုပ်




RFA
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး အပြီးမှာ သတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့ပါတယ်။

ရဲ နှစ်ဦးပွဲချင်းပြီးသေဆုံးသွားသည့် မှန်ဇီသချိုင်း


Hla Aye Maung

 မီးသဂြိုလ်စက်များအားရိုက်ချိုးဖျက်ဆီးပြီး အလောင်းတိုက်များအား တူးဆွ ဖျက်ဆီးထားသည် ကျွန်တော့်ဖခင် အရိုးဂူအား သွားရောက်ကန့်တော့စဉ်က ရိုက်ကူးထားသည့် ပုံများပါ လွန်ခဲ့သော တပတ်ခန့်က တရုတ် သချုင်္ိင်းအား ကုလားများဖျက်ဆီးစဉ် သွားရောက်တားဆီးသည့် ရဲများအား ကုလားများတိုက်ခိုက်၍ ရဲ နှစ်ဦးပွဲချင်းပြီးသေဆုံးသွားသည် မှန်ဇီသချိုင်္င်းသည် အစိုးရပြောင်းရွှေ့ထားသော မြေဖြစ်သော်လည်း နေရာဟောင်းတွင်သာ သင်္ဂြိုလ်နေကြရပါသည် ကုလားသချုင်္ိင်းအားအခိုင်အမာ အုတ်တံတိုင်းကာရံထားသည်ကိုတွေ့ခဲ့ရပါသည် ၄င်းနေရာတွင် ခရစ်ယန် ဗုဒ္ဓဘာသာ ဟိန္ဒူ တရုတ်များလည်း သင်္ဂြိုလ်၍ မရတော့ပေ ။

ကုလားများဖျက်ဆီးထားသော စစ်တွေ မှန်ဇီ ဗုဒ္ဓဘာသာသင်္ချိုင်းမြေ

ဆိုက္ကားဆရာများသည်လည်း သမ္မတဖြစ်ပိုင်ခွင့်ရှိသည်

ကေအိုင်အိုနဲ့ ရှမ်းတိုင်းရင်းသားတွေ အကြားမှာချည်းပဲ ဖြစ်ပွားနေတဲ့ ပြသနာ



Sithu Aung Myint

အခုလို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ဒေသခံတွေ ပြသနာပေါ်လာရင် အစိုးရဘက်က အရင်တုန်းက လုပ်ခဲ့တာကတော့ ပြည်သူ့စစ်ဖွဲ့ပြီး လက်နက် တပ်ဆင်ပေးလိုက်တာပါပဲ။ ဒီလိုနဲ့ မြန်မာပြည်မှာ ပြည်သူ့စစ် အဖွဲ့ပေါင်း ၅၀၀၀ ကျော် ပေါ်ပေါက်လာပြီး လက်နက်ကိုင် ပဋိပက္ခ ပြေလည်ရေး လမ်း မရောက်တဲ့အပြင် ပိုပြီး နက်ရှိုင်းသထက် နက်ရှိုင်းတဲ့ အနေအထား ရောက်လာရတာပါ။ “ သေနတ်သံတိတ် ငြိမ်းချမ်းဖို့သည်သာ အရေးအကြီးဆုံး ” စည်သူအောင်မြင့် ရန်ကုန်တိုင်းမ် ဂျာနယ်၊ ၉-၁-၁၄။ ခုရက်ပိုင်းထွက်ပေါ်လာတဲ့ သတင်းတွေထဲမှာ ကချင်ပြည်နယ်မှာ အခြေစိုက်တဲ့ ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့ကနေ ရှမ်းတိုင်းရင်းသား တစ်ချို့ကို ကေအိုင်အေ ကချင်ပြည်လွတ်မြောက်ရေး အဖွဲ့က ဆန္ဒမပါပဲ တပ်သားသစ် စုဆောင်းတဲ့ ကိစ္စ အပါအ၀င် ပြသနာ တစ်ချို့ကို ကေအိုင်အေ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးလိုတဲ့အကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ MPC ကနေ တဆင့် တောင်းဆိုတဲ့ သတင်းဟာ ထူးခြားပါတယ်။ တစ်ဆက်တည်း အဲဒီ ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့ကနေ ကချင်ပြည်နယ်ထဲမှာ ကေအိုင်အေ ကြောင့် ရှမ်းတိုင်းရင်းသားတွေ ကြုံနေရတဲ့ ပြသနာ အခက်အခဲတွေကိုလည်း ကြေငြာချက် သတင်း ထုတ်ပြန် ပါတယ်။ အဲဒီ တောင်းဆိုချက် ကြေငြာချက်ထဲမှာ ဘာတွေပါသလဲ၊ ဒီ ပြသနာ ဘယ်လောက်ကြာနေပြီလဲ၊ အရင်တုန်းက ဒီလို အလားတူ ပြသနာတွေနဲ့ ပါတ်သက်ရင် ဘယ်လိုဖြေရှင်းခဲ့ကြလဲ၊ ပြသနာရဲ့ အရင်းအမြစ်က ဘာလဲ၊ ဘယ်လို ဖြေရှင်းကြရင် သင့်တော်မလဲဆိုတာ ခုတစ်ပါတ် ဆွေးနွေးတင်ပြသွားမယ် ဖြစ်ပါတယ်။ ကချင်ပြည်နယ် အခြေစိုက် ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့ကနေ MPC ဒုဥက္ကဌ ဦးအောင်မင်းဆီ တင်ပြတဲ့စာမှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့ ကေအိုင်အို တို့ တရားဝင် သဘောတူ လက်မှတ်ရေးထိုးထားတဲ့ အချက်တွေအပေါ် အခြေခံပြီး ကေအိုင်အိုဘက်က မလိုက်နာ (ဒါမှမဟုတ်) ချိုးဖေါက်တယ်လို့ ဆိုတဲ့ အချက်တွေ တင်ပြပါတယ်။ ဥပမာ- အစိုးရနဲ့ ကေအိုင်အို သဘောတူစာချုပ်မှာ ကာယကံရှင်ရဲ့ ဆန္ဒမပါပဲ တပ်ဖွဲ့ဝင် အဖြစ် အဓမ္မ သွတ်သွင်းခြင်းမပြုရန် ဆိုတာ ပါပေမယ့် ကေအိုင်အေ ဘက်က ရှမ်းတိုင်းရင်းသားတွေကို အားဓမ္မ တပ်သားသစ် စုဆောင်းတယ်၊ ဆင့်ခေါ်တယ်၊ စာချုပ်မှာ အများပြည်သူ အသုံးပြုတဲ့ လမ်းတွေကို တားဆီး ပိတ်ဆို့တာ၊ ပြည်သူလူထု သွားလာရေးနဲ့ ကုန်စည် စီးဆင်းမှုကို ဟန့်တား ပိတ်ဆို့တာ၊ မိုင်းထောင် ဖျက်ဆီးတာ မလုပ်ဖို့ ပါပေမယ့် ကေအိုင်အေ က လုပ်တယ်၊ ပြည်သူလူထု ဆီကနေ တရားမ၀င် အခွန်မကောက်ဖို့ သဘောတူထားပေမယ့် ကေအိုင်အိုကတော့ ကောက်တယ် စသဖြင့် ဖော်ပြပါရှိပါတယ်။ ဒီအတွက် သူတို့ အနေနဲ့ ကေအိုင်အို ကိုယ်စားလှယ် အဖွဲ့နဲ့ တိုက်ရိုက် တွေ့ဆုံဆွေးနွေးလိုတယ် ဆိုပြီး ဖော်ပြထားပါတယ်။ တကယ်တော့ ဒီ ပြသနာ အခုမှ ပေါ်လာတဲ့ ပြသနာ မဟုတ်ပါဘူး။ အရင် ခေတ်အဆက်ဆက်ကဆို စစ်ဖြစ်နေတဲ့ အခြေအနေအောက်မှာ အစိုးရ စစ်တပ်ဘက်ကရော၊ ကေအိုင်အို ဘက်ကပါ နှစ်ဖက်စလုံးက ပြည်သူလူထု အပေါ် လူ့အခွင့်အရေး ချိုးဖေါက်တဲ့ လုပ်ရပ်တွေ ရှိခဲ့ပါတယ်။ အစိုးရ တပ်ဘက်မှာ အတင်းအားဓမ္မ တပ်သားသစ် စုဆောင်းတဲ့ ပြသနာ ရှိရုံမက ကလေးစစ်သား စုဆောင်း အသုံးချတာတောင် ရှိပါတယ်။ ကေအိုင်အေ ဘက်လည်း အလားတူပါပဲ။ လက်ရှိ ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့က စွတ်စွဲထားသလို ကေအိုင်အိုဘက်က ဆက်ကြေးကောက်တာတွေ၊ လမ်းတံတား ဖျက်ဆီးတာတွေမျိုး အရင်ကာလကလည်း ရှိခဲ့သလို အစိုးရစစ်တပ်ဘက်ကလည်း အရပ်သားတွေကို ပေါ်တာဆွဲတာတွေ၊ မရေမတွက်နိုင်တဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ၊ စကားလုံးနဲ့ ဖော်ပြလို့ မသင့်တော်တဲ့ ရာဇ၀တ်မှုဆန်တဲ့ ပြစ်မှုကျူးလွန်မှုတွေ လုပ်တာမျိုး ရှိခဲ့ပါတယ်။ ဒါပေမယ့် စစ်ဖြစ်နေတဲ့ အချိန်ဖြစ်တာရော၊ စစ်အစိုးရအုပ်ချုပ်မှုအောက် ပြည်သူတွေ ဒီမိုကရေစီ ဆိပ်သုဉ်းနေတာကြောင့်ပါ ဒေသခံ ပြည်သူတွေဟာ နီးရာ ဘက်နက် (လှံစွပ်) ကိုကြောက်နေရတဲ့ အခြေအနေအောက်မှာ ဘာမှ မပြောသာ ခဲ့ပါဘူး။ ဒီအခြေအနေအောက်မှာ ဗမာတွေရော၊ ရှမ်းတွေရော၊ ကချင်တွေရော အားလုံး အတူတူပါပဲ။ အခုလို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ဒေသခံတွေ ပြသနာပေါ်လာရင် အစိုးရဘက်က အရင်တုန်းက လုပ်ခဲ့တာကတော့ ပြည်သူ့စစ်ဖွဲ့ပြီး လက်နက် တပ်ဆင်ပေးလိုက်တာပါပဲ။ ဒီလိုနဲ့ မြန်မာပြည်မှာ ပြည်သူ့စစ် အဖွဲ့ပေါင်း ၅၀၀၀ ကျော် ပေါ်ပေါက်လာပြီး လက်နက်ကိုင် ပဋိပက္ခ ပြေလည်ရေး လမ်း မရောက်တဲ့အပြင် ပိုပြီး နက်ရှိုင်းသထက် နက်ရှိုင်းတဲ့ အနေအထား ရောက်လာရတာပါ။ အခုနောက်ဆုံး အခြေအနေ အစိုးရဘက်က ကျင့်သုံးတဲ့ ပြည်သူ့စစ် မဟာဗျူဟာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေဘက်ကလည်း ပြန်ကျင့်သုံးလာတာတွေ တွေ့လာရပါတယ်။ ဒီတော့ ပဋိပက္ခ ပိုနက်ရှိုင်းလာတာပဲ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ၃ နှစ်ဝန်းကျင်အတွင်း ပြည်တွင်းစစ်ပြသနာ နဲ့ ပါတ်သက်ရင် အစိုးရဘက်အခြမ်းမှာ အပြောင်းအလဲတွေ အများကြီး ပေါ်ပေါက်ခဲ့ပါတယ်။ အရေးကြီးတာက အားဓမ္မ တပ်သားသစ် စုဆောင်းတဲ့ ကိစ္စ ဝေဖန်ခံရမှု နည်းလာပါတယ်။ ကလေးစစ်သား စုဆောင်းတဲ့ ကိစ္စ နိုင်ငံတကာ နဲ့ ပူးပေါင်းဖြေရှင်းပါတယ်။ စစ်ဖြစ်ပွားရာ ဒေသမှာ ကျူးလွန်တဲ့ ရာဇ၀တ်မှု ဒါမှမဟုတ် လူ့အခွင့်အရေး ချိုးဖေါက်မှု ပြသနာတွေအတွက် ဘာကိုမဆို ရေးသားဖော်ပြခွင့်ရှိတဲ့ စာနယ်ဇင်း လွတ်လပ်ခွင့် ရှိလာပါတယ်။ နိုင်ငံတကာ သတင်းမီဒီယာတွေ ၀င်ရောက် သတင်းယူရာမှာ ဘယ်အချိန်တုန်းကနဲ့ပဲ နှိုင်းနှိုင်း လွတ်လပ်ခွင့် ပိုရလာပါတယ်။ ဒီ အတွက် ဒေသခံတွေဟာ အစိုးရစစ်တပ်က ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုကနေ အရင်နဲ့ နှိုင်းစာရင် သက်သာရာ ရသင့်သလောက် ရလာပါတယ်။ (ကေအိုင်အေကို စစ်ရေးအရ စ ပြီး တိုက်ခိုက်တာကတော့ တစ်ပိုင်းပါ) ဒါပေမယ့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေက ဒေသခံ တွေအပေါ် ကျူးလွန်တဲ့ စောစောက ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့က စွတ်စွဲတဲ့ စွတ်စွဲချက်တွေနဲ့ ပါတ်သက်တာမျိုးတွေကတော့ ပျောက်ပျက်မသွားပါဘူး။ ဒါကလည်း ကချင်ပြည်နယ်မှာဆို အပစ်အခတ် ရပ်စဲရေး လက်မှတ် မထိုးနိုင်သေးတဲ့ ပြသနာလည်း ပါပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီ ပြသနာတွေဖြစ်ပေါ်လာတယ် ဆိုတာနဲ့ ကေအိုင်အိုဟာ ပြသနာ ဖြေရှင်းနိုင်ရေး လမ်းစ ဖွင့်ပေးဖို့ လိုပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တိုက်ရိုက် တွေ့ဆုံ ဖြေရှင်းပေးဖို့လိုပါတယ်။ ဒါက လတ်တလော ပြသနာပါ။ တကယ့်ပြသနာရဲ့ အရင်းအမြစ်ကတော့ ပြည်တွင်းစစ်ပါ။ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲဟာ မဟာဗမာ လူမျိုးကြီးဝါဒ ကျင့်သုံးတဲ့ စစ်ဝါဒီ စစ်အာဏာရှင်တွေရဲ့ တိုင်းရင်းသား တန်းတူ အခွင့်အရေး မပေးမှုတွေကြောင့် စပြီး ဖြစ်ပွားရတယ်ဆိုတာ ဘယ်သူမှ အငြင်းမပွားပါဘူး။ လက်ရှိ အချိန်ထိလည်း ပြည်တွင်းမှာ စစ်ဝါဒ ပျောက်ကွယ်မသွားသေးပါဘူး။ ဗမာအပါအ၀င် တိုင်းရင်းသားတွေကိုယ်တိုင် တိုင်းပြည်မှာ စစ်ဘုရင် မင်းဆက်ပြတ်ပြီး (စစ်ဗိုလ်ချုပ်တွေက လွှမ်းမိုးထားတဲ့တိုင်) ပြည်သူတွေ ရွေးကောက်တင်မြှောက်တဲ့ အစိုးရတစ်ရပ် အုပ်ချုပ်နိုင်ရေး ရုန်းကန် ကြိုးစားနေရဆဲ ဖြစ်ပါတယ်။ အခြားတစ်ဖက်မှာတော့ တစ်တိုင်းပြည်လုံး အပစ်အခတ် ရပ်စဲပြီး စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး ရဖို့ ကြိုးစားနေရတဲ့ ကာလ လည်းဖြစ်နေပါတယ်။ တကယ်အပစ်ရပ်၊ တကယ် ငြိမ်းချမ်းရေးရပါမှ စောစောက ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့က တင်ပြတဲ့ ပြသနာ မျိုးတွေ လျော့နည်း သက်သာသွားမှာ ဖြစ်ပါတယ်။ ဒါဟာ ကေအိုင်အိုနဲ့ ရှမ်းတိုင်းရင်းသားတွေ အကြားမှာချည်းပဲ ဖြစ်ပွားနေတဲ့ ပြသနာ ကွက်ကွက်လေးကိုပဲ ဆိုလိုတာ မဟုတ်ပါဘူး။ အစိုးရ စစ်တပ်နဲ့ ပြည်သူတွေ အကြားကပြသနာ၊ အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ဒေသခံ ပြည်သူတွေအကြား ပြသနာလည်း ထိုနည်း၎င်းပါပဲ။ လက်ရှိမှာ ပြသနာတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းကြပါ၊ ပွင့်လင်းမြင်သာမှု ရှိရှိ ဖြေရှင်းကြပါ၊ တိုင်းရင်းသား အချင်းချင်း မုန်းတီးရေး ဖြစ်စေမယ့် အပြောအဆို အပြုအမူ လုပ်ကိုင်ဆောင်ရွက်မှုမျိုးကို ရှောင်ရှားကြပါ။ ရေရှည် အတွက်ကိုတော့ အပစ်အခတ် ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အားလုံးမှာ တတ်စွမ်းသမျှ ပါဝင်ကြပါလို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။

 စည်သူအောင်မြင့်။

ဒီနေ့ကာတွန်း

အိမ်ဖော်မလုပ်ခင် ဒါတွေသိထားပါ

နိုင်ငံခြားသွားချင်တဲ့အမျိုးသမီးများ သတိထားစရာ....

Pee Mak ထိုင်းသရဲကားထဲကမင်းသမီး DAVIKA HOORNE ရွှေတိဂုံဘုရားဖူး

ဘန်ကောက်မြို့ ပိတ်ဆို့ ဆန္ဒပြပွဲစတင်


BBC Burmese
 ထိုင်းအိမ်စောင့်အစိုးဖြစ်တဲ့ဝန်ကြီးချုပ်ယင့်လတ်ခ် ချင်န၀ပ် နှုတ်ထွက်ပြီး နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးလုပ်တောင်းဆိုဆန္ဒနေသူတွေ ဘန်ကောက်မြို့ က အဓိက လမ်းဆုံ လမ်းခွ ၇ နေရာကို ပိတ်ဆို့ ပြီးဆန္ဒပြနေကြပါတယ်။ ဘန်ကောက်မြို့ တွင်းပိုင်းမှာ ဈေးဆိုင်အတော်များများပိတ်ထားကြပြီး လူအသွားအလာလည်းအတော်နည်းသွားလို့ ကားအသွားအလာက မရှိသလောက်ပါပဲ။ မြို့ တွင်းလမ်းမတွေ ဆန္ဒသူတွေ အစုအဖွဲ့ လိုက်သွားလာနေတာ တွေ့ ရပါတယ်။ ဘန်ကောက်မြို့  လမ်းပိတ်ဆို့ ဆန္ဒပြမယ့် နေရာ 7 နေရာကတော့ ....... 1. ကျဲန့် ဝပ်ထနာ့ လမ်း၊ အစိုးရစုပေါင်းရုံး ၀င်ထွက်လမ်း 2. လတ်ဖရောင့်လမ်းစုံ၊ (ဒွန်မောင်းလေဆိပ်ကနေ မြို့ တွင်းပိုင်းကိုလာတဲ့လမ်းဖြစ်တဲ့ ၀ိဖါးဝတီးလမ်း-ဖဟွန်ယိုးထင်၊ လတ်ဖရောင့် လမ်းစုံလမ်းခွဖြစ်ပါတယ်။ ကျတူကျတ်ဆန်းဒေးမားကဲတ်အနီး) 3. အနုစာဝရီးချိုင်း (သူရဲကောင်းကျောက်တိုင်) victory monument လမ်းစုံ 4. ပထုမ်းဝမ်း (မားဘွန်းခရောင်း (အမ်ဘီခေ) ကုန်တိုက် လမ်းစုံ - ကျူလာလောင်ကောင်းတက္ကသိုလ်အနီး၊ လမ်းစုံ) 5. လုမ်ဖိနီး (လုံမဏီပန်းခြံ-စီလုမ်းလမ်းထိပ် လမ်းစုံ) 6. ရတ်ခ်ျပစုံ (စယမ်ပါရကောန် ကုန်တိုက်၊ လေးမျက်နှာဘုရား၊ စဲန်တရယ်ဝေါလ်ကုန်တိုက် လမ်းစုံ) 7. အစို ခ် (စူခုမ်ဝစ်-အစိုခ်လမ်းစုံ) ဆန္ဒပြသူတွေကိုဦးဆောင်နေတာက ဒုတိယ၀န်ကြီးချုပ်ဟောင်းဖြစ်ခဲ့ဘူးသူ ဒီမိုကရက်ပါတီဒုတိ ယ ဥက္ကဌဟောင်း ဖြစ်တဲ့ စူထေ့ပ် ထူယတ်ခ်စူဘမ်း ဖြစ်ပါတယ်။

Photos....kyaw swar myint


Eleven Media Group

ထိုင်းနိုင်ငံတွင် ၀န်ကြီးချုပ်ကို ဖြုတ်ချရန် အတိုက်အခံ ဆန္ဒပြသူများက ဘန်ကောက်မြို့ကို အလုံးစုံပိတ်ဆို့ရေး စတင်ပြုလုပ်

ထိုင်းဝန်ကြီးချုပ် ယင်လက်ရှင်နာဝပ်ကို ဖြုတ်ချရန်အတွက် အရှိန်မြှင့်နေသည့် သောင်းနှင့်ချီသော အတိုက်အခံ ဆန္ဒပြသူများသည် ဘန်ကောက်မြို့ကို အလုံးစုံပိတ်ဆို့ရေး စတင်ပြုလုပ်ရန် ကြိုးပမ်းသည့် အနေဖြင့် ဇန်န၀ါရီ ၁၃ ရက်တွင် ဘန်ကောက်မြို့ အလယ်ပိုင်းရှိ အဓိကလမ်းများကို ပိတ်ဆို့ထားခဲ့ကြောင်း သိရသည်။

ဆန္ဒပြသူများသည် ရွေးကောက်တင်မြှောက်စရာ မလိုသည့် ပြည်သူ့ကောင်စီ တစ်ရပ်ဖြင့် အစားထိုးရန်အတွက် ၀န်ကြီးချုပ် နုတ်ထွက်ပေးရန် လိုလားနေခြင်း ဖြစ်သည်။ ယင်းပြည်သူ့ကောင်စီက ယင်လက်၏ ဘီလျံနာ မိသားစု နိုင်ငံရေးအပေါ် သြဇာလွှမ်းမိုးနေမှုကို ဖြတ်တောက်ရန်နှင့် ငွေကြေးလွှမ်းမိုးသည့် နိုင်ငံရေး အစဉ်အလာ ပိုမိုကျယ်ပြန့် လာမှုကို ကိုင်တွယ်ရန်အတွက် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရေးကို ဆောင်ရွက်မည်ဟု ဆိုသည်။

အလံများ ကိုင်ဆောင်ဝှေ့ယမ်းနေသည့် ထောင်ပေါင်းများစွာသော ဆန္ဒပြသူများသည် မြို့၏အဓိက လမ်းဆုံများတွင် စုဝေးနေရာ ယူထားပြီး စကားပြောစင်မြင့်များ၊ အိပ်စက်ရန် ယာယီတဲများနှင့် အခမဲ့ အစားအစာများ ဝေငှရန် နေရာများ တည်ဆောက် ထားကြကြောင်း သိရသည်။

ကောင်းစွာ စုစည်းထားသော ဆန္ဒပြသည့် လှုပ်ရှားမှုက ယင်လက်နုတ်ထွက် ပေးသည်အထိ ဘန်ကောက်မြို့၏ အစိတ်အပိုင်းများကို သိမ်းပိုက်ထားရန် ကတိသစ္စာ ပြုထားပြီး ရှင်နာဝပ်မိသားစုသာ အာဏာပြန်ရလိမ့်မည်ဟု စိုးရိမ်ရသော ဖေဖော်ဝါရီ ရွေးကောက်ပွဲ မကျင်းပနိုင်အောင် ပြုလုပ်သွားမည်ဟု ခြိမ်းခြောက်ထားသည်။ ဆန္ဒပြခေါင်းဆောင် ဆူသက်သောင်ဆူဘန်က “ဒါဟာ ပြည်သူ့တော်လှန်ရေး တစ်ရပ်ပါ။ ဆန္ဒပြသူတွေရဲ့ မျက်လုံးထဲမှာ ယင်လက်ဟာ ၀န်ကြီးချုပ် မဟုတ်တော့ပါဘူး” ဟု ပြောကြားခဲ့သည်။

ဆူသက်သည် အင်အားကြီး အတိုက်အခံပါတီ၏ သြဇာအကြီးဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်က ဒုတိယ ၀န်ကြီးချုပ်အဖြစ် တာဝန်ယူစဉ် ဆန္ဒပြသူများကို နှိမ်နင်းခဲ့မှုအတွက် လူသတ်မှုများဖြင့် တရားစွဲဆို ခံခဲ့ရဖူးသည်။ ဆန္ဒပြသူများက ရက်အနည်းငယ်အတွင်း ယင်လက် နုတ်မထွက်ပေးပါက စတော့အိတ်ချိန်းနှင့် လေကြောင်းထိန်းချုပ်ရေး ဌာနများကိုပါ သိမ်းပိုက်မည်ဟု ခြိမ်းခြောက်ထားသည်။

ဆန္ဒပြသူများ၏ တောင်းဆိုမှုကို အစိုးရက လိုက်လျောဖွယ် မရှိသော်လည်း ဖေဖော်ဝါရီ ၂ ရက် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းရန် ရွေးကောက်ပွဲ ကော်မရှင်၏ အဆိုပြုချက်ကို ဆွေးနွေးရန်အတွက် ဇန်န၀ါရီ ၁၅ ရက်တွင် ဆွေးနွေးမှုများ ပြုလုပ်ရန် ဘက်ပေါင်းစုံကို ဖိတ်ခေါ်ထားကြောင်း ပြောကြားခဲ့သည်။

ပိတ်ဆို့မှုများ စတင်ပြုလုပ်ပြီးနောက် နာရီအနည်းငယ်အတွင်း ဆန္ဒပြသူများ၏ လှုပ်ရှားမှုများ ပျံ့နှံ့မှုများကြောင့် ဘန်ကောက်မြို့ရှိ အဓိကကျသော စီးပွားရေးဇုန်များနှင့် ဟိုတယ်ဇုန်များ ပိတ်ဆို့သွားခဲ့ကြောင်း သိရသည်။ ကျောင်းအများစုကို ပိတ်လိုက်ရသော်လည်း လူဦးရေ ၁၂ သန်းခန့် နေထိုင်သော ဘန်ကောက်မြို့သည် လွန်ခဲ့သည့် နှစ်ကတည်းက ကြီးမားသော ဆန္ဒပြပွဲများနှင့် ယဉ်ပါးနေသည် ဖြစ်သောကြောင့် မြို့တော်အနေဖြင့် လုံးဝရပ်ဆိုင်းသွားဖွယ် မရှိဟု ဆိုသည်။

Ref: AFP

(ထိုင်းဝန်ကြီးချုပ် ဖြုတ်ချရန် ဘန်ကောက်မြို့အား အလုံးစုံပိတ်ဆို့ရေး ပြုလုပ်နေသည့် အတိုက်အခံ ဆန္ဒပြသူများကို ဇန်န၀ါရီ ၁၃ ရက်က ဘန်ကောက်မြို့တွင်း တစ်နေရာတွင် တွေ့ရစဉ် (Photo: AFP))

ဒေါက်တာသန်းထွဋ်အောင်ရဲ့ အလဲဗင်းက စည်သူအောင်မြင့်ကို တရားစွဲတဲ့ အမှု (၄) မှု



၎ မှု ရှိသွားပါပြီခင်ဗျား

၁။ “အောက်ပိုင်း တိုက်ခိုက်ခံရသူ၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း” ၊
ရန်ကုန်တိုင်းမ်၊ စက်တင်ဘာ- ၂၅ ရက်နေ့ထုတ်။
ဗဟန်း မြို့နယ် တရားရုံး၊ ပုဒ်မ ၅၀၀ နဲ့ တရားစွဲလိုကြောင်းလျောက်။
တရားစွဲသူ၊ အလဲဗင်း မီဒီယာကိုယ်စား- မာန်သူရှိန်။
တရားစွဲခံရသူ - စည်သူအောင်မြင့်၊ ဦးလှိုင်ဘွား (အယ်ဒီတာချုပ်၊ ရန်ကုန်တိုင်းမ်)။
(မှတ်ချက်- ဗဟန်းရဲစခန်းမှ စစ်ဆေးပြီးနောက် နိုဝင်ဘာ ၂၂ ရက်နေ့ ဗဟန်း တရားရုံးက အမှုကို ပလပ် လိုက်၊ တရားစွဲခွင့်မရ)

၂။ “အောက်ပိုင်း တိုက်ခိုက်ခံရသူ၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း”
ရန်ကုန်တိုင်းမ်၊ စက်တင်ဘာ ၂၅ ရက်နေ့ထုတ်။
အနောက်ပိုင်းခရိုင် တရားရုံး၊ တရားမမှု၊ နစ်နာကြေး ကျပ်ငွေ သိန်းပေါင်း ၅၀၀၀ ရလိုမှု။
တရားစွဲသူ၊ အလဲဗင်းမီဒီယာ ကိုယ်စား- ဦးထိန်လင်း။
တရားစွဲခံရသူ- စည်သူအောင်မြင့်၊ ဦးကိုကို (CEO ရန်ကုန်မီဒီယာဂရုဖ်၊ စာနယ်ဇင်း ကောင်စီ ကော်မတီဝင်)

၃။ “ ၀န်ကြီးကိုလည်း ဂရုမစိုက်၊ လွှတ်တော်ကိုလည်း ဘာမှ မထင်တဲ့ တရုတ်ဆေးကုခန်းတွေ ” ၊ မြန်မာပို့စ် ဂလိုဘယ် ဂျာနယ်၊ စက်တင်ဘာ ၂၇။
ဗိုလ်တထောင်မြို့နယ် တရားရုံး၊ ပုဒ်မ ၅၀၀ နဲ့ တရားစွဲလိုကြောင်းလျောက်။
တရားစွဲသူ၊ အလဲဗင်း မီဒီယာကိုယ်စား- ဟိန်းမင်းလတ်။
တရားစွဲခံရသူ - စည်သူအောင်မြင့်၊ ကို သန်းထိုက်သူ (အယ်ဒီတာချုပ်၊ မြန်မာပို့စ်နဲ့ မြန်မာပို့စ် ဂလိုဘယ်လ်)။ လိုက်ပါပေးသူ အကျိုးဆောင်ရှေ့နေ- ဦးရောဘတ်စန်းအောင်။

၎။ “ ဒေါ်လာ ၁၁ ဘီလျံ ရှင်းတမ်း ”
၁၀-၁၀-၁၃ နေ့ထုတ်၊ မြန်မာတိုင်းမ် ဂျာနယ်။ ကျောက်တံတားမြို့နယ်
တရားရုံး။ တရားစွဲသူ၊ အလဲဗင်းမီဒီယာ ကိုယ်စား- နေထွန်းနိုင်။
တရားစွဲခံရသူ- စည်သူအောင်မြင့်၊ ဒေါက်တာတင်ထွန်းဦး (အမှုဆောင်အရာရှိချုပ်၊ မြန်မာတိုင်းမ်) တရားရုံး ညွှန်ကြားချက်အရ ကျောက်တံတားမြို့နယ် ရဲစခန်းမှ ခေါ်ယူစစ်ဆေးပြီး - တရားရုံးထံ ပြန်လည် တင်ပြထားသည့်အဆင့်)။

www.facebook.com/sithu.aungmyint/posts/240083679507773