Wednesday, January 15, 2014

ဖမ်းမိသောငါးကြီးတစ်ကောင်အားငွေကျပ် ၂၂၅သိန်းဖြင့်ဝယ်


အောင်ထိုက်ဦး၊ မော်လမြိုင် ဇန်န၀ါရီ ၁၄

မွန် ပြည်နယ် မော်လမြိုင်မြို့ ကော့ တွန်ကျေးရွာအုပ်စု၊ ဇွယ်ရပ် ကျွန်းနေ ဒေါ်ပု၏သား မောင် သာထူးသည် မော်လမြိုင် ခေါင်း ဆေးကျွန်းအနီးတွင် ဇန်န၀ါရီ ၁၃ရက် နံနက် ၁၁နာရီက ငါး ပြက်ပိုက်ဆွဲရာမှ အလေးချိန် ၅၂ပိဿာခန့်ရှိ ကသမြင်ငါးကြီး တစ်ကောင်ကို ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။

အဆိုပါငါးကြီးအား မော် လမြိုင်မြို့ ဘိုကုန်းရပ်ရှိ သံ လွင်ဈေး ငါးအ၀ယ်ဒိုင်တွင် လာရောက်ရောင်းချရာ ကျိုက္ခ မီမြို့မှ ငါးအ၀ယ်ဒိုင်ပိုင်ရှင် တစ်ဦးက ငွေကျပ် ၂၂၅သိန်း ပေးဝယ်ပြီး ရန်ကုန်မြို့သို့နေ့ ချင်းအပြီး သယ်သွားကြောင်း၊ ငါးထက် ငါးအဆီပေါင်းက ပိုမို ဈေးရကြောင်း ငါးလုပ်ငန်းရှင် များက ပြောဆိုကြသည်။

““ကသမြင်ငါးအကြီးကြီး ရလိုက်တဲ့လူဟာ နောက်ဆို တံငါလုပ်ငန်းလုပ်လို့ မရတော့ ဘူး။ တံငါလုပ်ငန်းပြန်လုပ် ရင် ခိုက်တယ်တဲ့။ အရင်က လဲ ဒီလိုငါးအကြီးကြီးရဖူးကြ ပါတယ်””ဟု ချမ်းအေးရပ်ကွက် မှ တံငါသည်တစ်ဦးက ပြော သည်။

လှိုင်သာယာ-တွံတေးလမ်းမှ ကျူးကျော်များကို ရှင်းပြီ



Yangon Media Group

ပန်းလှိုင် တံတား တစ်ဘက်ကမ်းမှ တွံ တေးတံတားအထိ ခုနစ်မိုင်ရှည် သော လမ်းတစ်လျှောက် ကျူး ကျော်နေထိုင်သည့် တဲအိမ် လေးသောင်းကျော်ခန့်ကို ဇန် နဝါရီ ၁၄ရက် နံနက် ၃နာရီခွဲ ခန့်တွင် အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ရင်း တပ်ဖွဲ့ဝင်အလုံးအ ရင်းဖြင့် အင်အားသုံး နှိမ်နင်းခဲ့ ကြောင်း သိရသည်။

ထိုသို့ နှိမ်နင်းမှုကြောင့် ယင်းကျူးကျော်သူများကို ခေါင်း ဆောင်သူများက ဖြေရှင်းပေး ခြင်းမရှိဘဲ ထွက်ပြေးတိမ်းရှောင် သွားကြသဖြင့် ကျန်ရစ်သူ ကျူး ကျော်သူများမှာ ဒုက္ခပင်လယ် ဝေကုန်ကြကြောင်း သိရသည်။

““အဲဒီလိုဝင်ဖျက်ဆီးကြတဲ့ အချိန်က မှောင်နေတဲ့အချိန်ဆို တော့ ကလေးတွေ ငိုသံတွေ၊ အမျိုးသမီးတွေ အော်ဟစ်ဆဲ ဆိုသံတွေရော ဆူညံနေတယ်။ တချို့ကျူးကျော်တွေကတော့ ကိုယ့်အိမ်ကို ဖျက်ပါ့မယ်ဆိုတဲ့ တောင်းပန်သံတွေကိုလဲ အမှောင် ထဲကနေ ကြားနေရတယ်””ဟု ယင်းနေရာတွင် နွေစပါးစိုက် နေသည့် ဦးအောင်ထွေးက ပြောပြသည်။
““အခုလာပြီး ကျူးတဲ့တဲ အိမ်တွေက ထွေအုပ်စာရင်း အရဆိုရင် သုံးသောင်းကျော် တယ်။ ကျွန်တော်တို့ သေချာ ရေတွက်တော့ လေးသောင်း ကျော်ထိ ရှိသွားပြီ””ဟု တမာ တကောကျေးရွာမှ လယ်သ မားတစ်ဦးက ပြောသည်။

ကျူးကျော်မြေကစားပွဲ ( သို့ ) အစိုးရနဲ့ ပြည်သူကြားက လက်တလုံးခြား ကကြိုးဆင်သူများ





    ဦးသိန်းစိန် အစိုးရ နဲ့  ဖွားဖက်တော်လို့ တောင်ပြောလို့ ရတဲ့ ပြဿနာတခုက မြေယာပြဿနာတွေ ပါ။ ခုနောက်ပိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် အသံပေါင်းစုံထွက်လာတဲ့ အထဲက ကျူးကျော်အိမ်ယာ ကိစ္စတွေ က လည်း လူတစု က အကွက်ကျကျ ဆင်းရဲသားပြည်သူတွေနဲ့  အစိုးရကြား ထိပ်တိုက်ဦးတည်ပေးပြီး ကြားကအမြတ်အစွန်းထုတ်ကြတဲ့ ပုံက ပိုမိုပီပြင်လာပါတယ်..။ ဒါကို အပေါ်ယံအမြင်နဲ့ ကြည့်မယ်ဆိုရင်တော့ အစိုးရကပဲ ပြည်သူအပေါ်မညှာတာမထောက်ထားပဲ ဖျက်လိုဖျက်ဆီး လုပ်တယ် လို့ ထင်ကြမှာပါ။

    ကျနော် အခုတင်ပြမယ့် အခြေအနေများကို သုံးသပ်ကြည့်ကြမယ်ဆိုရင် ဘယ်သူလွန်တယ် ဘယ်သူမှားတယ် ဘယ်သူက ကြားကဓါးစာခံ ဖြစ်သွားတယ်ဆိုတာ မြင်လာကြမှာပါ ။ ကျနော် ဒလမြေကွက်တွေ ကိစ္စတုန်းကလဲ ဒလမြေဈေးကွက်နဲ့ ဖဲသုံးချပ်ကစားသမားများဆိုပြီးရေးခဲ့ဘူးပါတယ် ။

    ခုလဲ မြေကစားသူတွေရဲ ကျူးကျော်မြေဇါတ်လမ်းကို သိမြင်လာလို့  ကျနော်ရေးသားတင်ပြပေးပါ့မယ်..

    ပထမ တခုက ရန်ကုန်မြို့ နဲ့  မနီးမဝေးတွေမှာ ဆင်းရဲသားပြည်သူတွေ အတွက် မြေနေရာတွေအမဲ့နေရာချထားပေးတယ်ဆိုတဲ့ အဖွဲ့ တွေုရှိပါတယ်.. အဲဒီအဖွဲ့ အစည်းက ပထမဦးဆုံး လယ်မြေကဲ့သို့ သော မြေဧက ၅၀ - ၁၀၀ လောက်ကို ဦးစွာ ၀ယ်ယူထား ပါတယ် ။ အဲဒီနောက်မှာ နေစရာအခက်အခဲ ရှိနေတဲ့ ဆင်းရဲသားပြည်သူတွေ ကို အခမဲ့ ပေးနေတယ်ဆိုပြီး အိမ်သေးသေးတလုံးစာ
    ၁၀ ပေ x ပေ ၃၀ လောက်ရှိတဲ့ မြေကွက်တွေ ကို အကွက်ရိုက်ပေးကာ နေထိုင်အခြေချစေပါတယ် ။ အဲဒီလို အခမဲ့နေထိုင်ဖို့  အိမ်ယာ ချထားပေးတာ ဦးစွာဝယ်ယူထားတဲ့ ဧက ၅၀ - ၁၀၀ စတဲ့ မြေအကုန်လုံးကို မဟုတ်ပါဘူး ။ အဲဒီထဲက မှ ဥပမားအားဖြင့် မြေ ၁၀ ဧက လောက်ကိုပဲ အကွက်ရိုက်ပြီး နေရာချထားပေးတာပါ ။

    ၁၀ ဧက မြေအကျယ်ကို အိမ်သေးသေးတလုံးစာ မြေကွက် များရိုက်ပေးလိုက်တဲ့ အခါမှာတော့ အိမ်ယာမြေကွက်ပေါင်း ရာနဲ့ ချီပြီးထွက်လာပါတယ်..။ အခုလိုမြေကွက်လေး ရလာပြီဆိုတာနဲ့  ဆင်းရဲသားပြည်သူတွေ က ရှိစုမဲ့စုလေး ပေါင်နှံရောင်းချက နေထိုင်စရာ အိမ်တလုံးကို ဘယ်လိုနည်းနဲ့မဆို ဆောက်လုပ်နေထိုင်ကြရတော့မှာပါ ။ မြေတကွက်မှာ မိသားစုတစု ၊ု မိသားစုတစုမှာ မိသားစုဝင် ပျမ်းမျှ ၅ ဦးပဲထား ရာနဲ့ ချီတဲ့ဆင်းရဲသားပြည်သူုနဲ့  အစိုးရကို ထိပ်တိုက်တည်ပေးဖို့  အင်အား တစုတည်ဆောက်ပြီးပါပြီ ။

    အခုလို ကျူးကျော်တွေ များပြားလာတဲ့ အခြေအနေကို အစိုးရတာဝန်ရှိသူတွေ က တနည်းနည်းနဲ့  ဟန့်တားရပါတော့မယ်..ဘယ်လိုနည်းနဲ့ ဟန့်တားမလဲ မြေယာဥပဒေတွေမှာ လယ်ယာမြေသတ်မှတ်ထားတဲ့ မြေပေါ်မှာ လယ်စောင့်တဲကဲ့သို့ ယာယီလူနေထိုင်မှုက လွဲလို့  အဆောက်အဦး အတည်တကျဆောက်လုပ်နေထိုင်ခွင့်မရှိဘူးလို့  မြေယာဥပဒေတွေမှာ ပြဌာန်းထားတာကို အနည်းငယ်လေ့လာ သိရှိထားပါတယ် ။

    ယခုလို အစိုးရနဲ့ ပြည်သူ ထိပ်တိုက်ရင်ဆိုင်လာရအောင် ဖန်တီးပေးထားတဲ့ သူကတော့  အသာစောင့်ကြည့်နေယုံပါ ။ အစိုးရကျ အဲဒီကျူးကျော်နေထိုင်သူတွေ ရှိတဲ့ မြေနေရာကို အကြောင်းအမျိုးမျိုးကြောင့် မြို့ မြေသတ်မှတ်ပေးလိုက်တာနဲ့  တဆက်ထဲမှာ ရှိတဲ့ အနှီပုဂ္ဂိုလ်ပိုင် ကျန်မြေတွေက ငွေကျပ်သိန်း သောင်းနဲ့ချီပြီး တန်ဖိုး မြင့်တက်သွားမှာ သေချာပါတယ် ။ အကယ်၍ ကျူးကျော်မြေကွက်များအား ဖျက်သိမ်း ပစ်မည်ဆိုပါကလည်း မူလပိုင်ရှင်အနေ နဲ့  လယ်မြေကနေ လယ်မြေပြန်ဖြစ်နေဦးမှာ ဖြစ်တဲ့အတွက် အရင်းမရှုံးတာ အသေအချာပါ ။ ယခုလို အခြေအနေမှာ ဘယ်သူက ဆရာကျလဲ ဆိုတာ စာဖတ်သူတွေ အနေနဲ့  သိသာလာမှာ ပါ ။

    ယခုရက်ပိုင်းတွင်းမှာ ကျူးကျော်အိမ်ရာ ထောင်ချီပြီး ဖျက်သိမ်းနေတယ်ဆိုတဲ့ သတင်းကလဲ စိတ်ဝင်စားစရာ သတင်းတခုပေမယ့် နောက်ကွယ်မှာ လူစုရဲ့ ကြိုးကိုင်ချယ်လှယ်မှုတွေ ရှိနေတာ အသေအချာပါပဲ ။ နေချင်းညချင်း ကျူးကျော်အိမ်တွေ တိုးပွားလာပြီး နိုင်ငံရေးပါတီတွေက ပဲ မြေကွက်တွေ ဈေးပေါပေါနဲ့  ရောင်းပေးနေသယောင် ၊ ပိုင်ရှင်မဲ့ မြေနေရာတွေပဲ ဖြစ်နေသယောင် နဲ့  ဆင်းရဲသားပြည်သူတွေရဲ့ နေထိုင်မှုခက်ခဲနေတဲ့အပေါ် မက်လုံးပေးပြီး အကွက်ဆင်ရောင်းချနေတာ မြင်သာပါတယ် ။

    ကနဦး မြေကွက်တကွက်ကို ငွေသောင်း ကဏန်းး ကနေစတင်ရောင်းချလာခဲ့ကြပြီး မကြာသေးခင်က သိန်း ၅၀ ၀န်းကျင်အထိ ဈေးကစားခဲ့ကြပါတယ် ။ ပိုင်ဆိုင်မှု အထောက်အထား တစုံတခုမှ မရှိပေမယ့်လည်း အခြားသူအများအပြား ပါဝယ်ယူနေထိုင်ကြတာ တွေ့ မြင်နေကြရတော့  ၀ယ်ယူဖို့ ရာ နောက်ဆံမဆင်းပဲ အလျှင်အမြန်ကို ၀ယ်ယူနေကြတာပါ ။ အမှန်တကယ်နေထိုင်ရန် မဟုတ်ပဲ ရန်ကုန်မြို့တွင်းမှ ငွေပိုငွေလျှံရှိနေသူ အချို့ ပင်လျှင် တကူးတက မြေကွက်သွားရောက်ဝယ်ယူထားကြသူတွေ ပင်ရှိလာပါတယ် ။

    ယခုဖျက်သိမ်းနေသည့် ကျုးကျော် အိမ်ယာ အဆောက်အဦးများကို ကြည့်ပါက နေထိုင်ရာကြာမြင့်နေသည့် အိမ်အိုအိမ်ဟောင်း တခုမှ မရှိပါ ။ အမိုးအသစ် ၊ အကာအသစ် ၊ အခင်းအသစ် အကုန်အသစ်တွေ ချည်းဆိုတာ မြင်တွေ့ရကြရမှာပါ ။ ကျူးကျော်နေထိုင်ကြသူများ အကြားတွင် ရှိနေသည့် ကောလဟာလ သတင်းများကလည်း ရှိနေပါသေးသည် ။ ယခုကျူးကျော်နေထိုင်သည့် မြေများကို အစိုးရက ဖျက်သိမ်းမည်ဆိုပါက အခြားနေရာတခုခုတွင် မြေအစားပြန်ပေးမည် ။ ထိုသို့  ပြန်ပေးမည့်မြေသည် အခိုင်အမာ ကိုယ်ပိုင်မြေ ဖြစ်လာမည်မှာ သေချာသည် ။ သို့မဟုတ် ယခုနေရာတွင်ပင် ဆက်လက်နေထိုင်ခွင့်ပြုမည်ဆိုပါက တချိန်ပြန်လည်ရောင်းချရာတွင် အရင်းမရှုံး ဟူသော စိတ်ကူးယဉ် အတွေးများ ရှိကြပါတယ် ။

    ယခုကဲ့သို့ ကျူးကျော်နေထိုင်သူများနှင့် အစိုးရတာဝန်ရှိသူများ တဖက်နှင့် တဖက် အခြေအတင်ဖြစ်ပွားပြီး သတင်းမီဒီယာများပေါ်တွင် ရုပ်ပျက်ဆင်းပျက် ဖြစ်နေချိန်မှာတော့ ယင်းကျူးကျော်မြေယာများကို စတင်အကွက်ရိုက်ရောင်းချခဲ့ကြသူများမှာ ငွေထုတ်ပိုက်၍ နေရာသစ်တခုတွင် ကျူးကျော်မြေယာကွက်သစ်တခု ဖော်ပြီးနေလောက်ပြီး ဖြစ်နေမည်မှာ မလွဲပေ ။

    ထို့ကြောင့် ယခုကဲ့သို့  လူနေသိပ်သည်းလာပြီး မြေယာဈေးမြင့်မားနေခြင်းကြောင့် ဖြစ်ပေါ်လာသော ကျူးကျော်ပြဿနာများ ပပျောက်စေရန် သာမာန်လူတန်းစားများပင် ၀ယ်ယူနေ အခြေချနေထိုင်နိုင်မည့် မြို့ ပြမြေကွက်သစ်များ ကို အစိုးရအနေဖြင့် အမြန်ဆုံးအကောင်အထည် ဖော်သင့်နေပြီ ဖြစ်ကြောင်းနှင့် ပြည်သူများအနေနဲ့ က လည်း သတ်မှတ်ထားသောမြေယာ ဥပဒေများ အရ မဖြစ်နိုင်သည်များကို ၀ယ်ယူကျူးကျော်ထားခြင်းမျိုး မရှိစေပဲ မက်လုံးပေး၍ လိမ်လည်အကောက်ကြံသူများဘေးမှ ကင်းဝေးနိုင်စေရန်ရေးသားတင်ပြလိုက်ရပါသည်


    မြတ်သူ

    https://www.facebook.com/MgMyatThu

လာမည့်ဘဏ္ဍာနှစ်တွင် တပ်မတော်၏ စီမံကိန်းများအတွက် ငွေကျပ် ၂၂၈၂ ဘီလျံ အသုံးပြုမည်

Eleven Media Group

လာမည့်ဘဏ္ဍာနှစ်တွင် တပ်မတော်၏ စီမံကိန်းများအတွက် ငွေကျပ် ၂၂၈၂ ဘီလျံ အသုံးပြုမည်ဟု ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က ပြည်ထောင်စုလွှတ်တော်သို့ တင်ပြပြောကြားသည်။ ဇန်န၀ါရီ ၁၄ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ကာကွယ်ရေးဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များ၊ နိုင်ငံပိုင်အခန်း ရင်းနှီးမြှုပ်နှံမှုများကို ရှင်းလင်းတင်ပြရာတွင် ၀န်ကြီးဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
လက်ရှိဘဏ္ဍာနှစ် အသုံးစရိတ်အောက် လျော့နည်းမည့် တပ်မတော်၏ လာမည့်ဘဏ္ဍာနှစ် အသုံးစရိတ်မှာ ငွေကျပ် ၂၂၈၂ ဘီလျံဖြစ်ကြောင်း လွှတ်တော်သို့ ကာကွယ်ရေးဝန်ကြီးတင်ပြ လာမည့်ဘဏ္ဍာနှစ်တွင် တပ်မတော်၏ စီမံကိန်းများအတွက် ငွေကျပ် ၂၂၈၂ ဘီလျံ အသုံးပြုမည်ဟု ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က ပြည်ထောင်စုလွှတ်တော်သို့ တင်ပြပြောကြားသည်။ ဇန်န၀ါရီ ၁၄ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ကာကွယ်ရေးဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များ၊ နိုင်ငံပိုင်အခန်း ရင်းနှီးမြှုပ်နှံမှုများကို ရှင်းလင်းတင်ပြရာတွင် ၀န်ကြီးဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က ထည့်သွင်းပြောကြားခြင်းဖြစ်သည်။ ထိုသို့ ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က ရှင်းလင်းပြောကြားရာတွင် တပ်တည်ဆောက်ရေးလုပ်ငန်း တာဝန်ကြီးလေးရပ်ဖြင့် တပ်မတော်၏ စီမံကိန်းများကို အောင်မြင်အောင် အကောင်အထည်ဖော်နေခြင်း အခြေအနေများ၊ တပ်မတော်၏ ရိက္ခာ၊ လစာ၊ သက်သာချောင်ချိရေးအတွက် ဆောင်ရွက်နေသော လုပ်ငန်းများ၊ ကြည်း၊ ရေ၊ လေအတွက် ၀ယ်ယူရသော ယာဉ်၊ စက်ပစ္စည်းအသုံးအဆောင်များ၊ တပ်မတော်ရှိ တက္ကသိုလ်များအတွက် လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံတကာသို့ စွမ်းရည်မြှင့်သင်တန်းများ စေလွှတ်နေမှု စသည့်စံပြတပ်မတော်ဖြစ်အောင် စီမံကိန်းများ ချမှတ်အောင်မြင်အောင် အကောင်အထည်ဖော်မှု အခြေအနေများကို ထည့်သွင်းရှင်းလင်းခဲ့သည်။ “တပ်တည်ဆောက်တဲ့အခါ မြေသားလမ်း၊ ငွေကြေးတတ်နိုင်လို့ရှိရင် ကျောက်ခင်းလမ်း၊ ကျောက်ကြမ်းခင်းတဲ့လမ်း၊ ကျောက်ချောခင်းတဲ့လမ်း၊ ဒီထက်ငွေကြေးတတ်နိုင်ရင် ကတ္တရာခင်းလမ်းဆိုပြီးတော့ အဆင့်ဆင့်ပိုင်းခြားပြီးတော့ ဆောင်ရွက်ပေးရတဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။ အလားတူပဲ စစ်ဆင်ရေးနယ်မြေတွေမှာ စစ်ဆင်ရေးလည်း အထောက်အကူပြု နယ်စပ်ဒေသ ဖွံ့ဖြိုးရေးတွေမှာ ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုနိုင်တဲ့ လမ်းတံတားများကိုလည်း ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းတွေ သတ်မှတ်ထားပါတယ်။ နိုင်ငံခြားမှာရှိတဲ့ တပ်မတော်ပိုင် မြန်မာ့စစ်သံ ကြည်း၊ ရေ၊ လေ ရုံးအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းခြင်းဟာလည်း ကျွန်တော်တို့ရဲ့ စီမံကိန်းလုပ်ငန်းရပ်ထဲမှာ ပါဝင်ပါကြောင်း တင်ပြအပ်ပါတယ်” ဟု ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က ပြောကြားသည်။ ယင်းသို့ တပ်မတော်၏ အမျိုးသား စီမံကိန်းများနှင့် ဆက်စပ်၍ တပ်မတော်၏ ၂၀၁၄-၂၀၁၅ ဘတ်ဂျက်ကိုလည်း ရှင်းလင်းတင်ပြရာတွင် တပ်မတော်စီမံကိန်းများအတွက် အသုံးပြုရန် လျာထားငွေကျပ် ၂၂၈၂ ဘီလျံသည် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်ကုန်ပါက တပ်မတော်၏ ရသုံးခန့်မှန်ခြေစာရင်းအရ ဖြစ်ပေါ်လာမည့် တပ်မတော်၏ အသုံးစရိတ် ၂၂၈၉ ထက် ခြောက်ဘီလျံ လျော့နည်းမည်ဖြစ်ကြောင်း ၀န်ကြီးဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က ရှင်းလင်းတင်ပြခဲ့သည်။ သို့ရာတွင် တပ်မတော်၏ စီမံကိန်းအတွက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် အသုံးပြုရန် လျာထားငွေမှာ ကျပ် ၂၂၈၂ ဘီလျံဖြစ်သော်လည်း ဘဏ္ဍာရေးဝန်ကြီးဌာနမှ လစာနှင့်စရိတ်အတွက် ၈၃ ဘီလျံ ထပ်ပိုထားသည့်အတွက် စုစုပေါင်းငွေကျပ် ၂၃၆၅ ဘီလျံဖြစ်သွားကြောင်း သိရသည်။ ထို့အပြင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု၏ ဘတ်ဂျက်မှ ၁၃ ဒသမ ၆ ရာခိုင်နှုန်း အသုံးပြုထားပြီး လာမည့်နှစ်တွင် ၁၂ ဒသမ ၂၆ ရာခိုင်နှုန်းသာ အသုံးပြုရန် လျာထားကြောင်း ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က ပြောကြားသည်။

(ဇန်န၀ါရီ ၁၄ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်အား တွေ့ရစဉ် )


ငြိမ်းချမ်းရေးဖော်ဆောင်မှုအတွက်ဘက်ဂျက်ငွေ ပြည်ထောင်စုလွှတ်တော်တွင် ပထမဆုံး တောင်းခံ
====================================================
မဇ္ဈိမသတင်းဌာန| ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၁၅ရက်၊ ၂၀၁၄ခုနှစ်။

နေပြည်တော်၊ မဇ္ဈိမ။ ။ တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မူ လုပ်ငန်းများအတွက် ကျပ်သန်း ၇၀၀၀သုံးစွဲရန် လျာထားသည်ဟု နေပြည်တော်ကောင်စီဝင် ဦးကံချွန်က ဇန်နဝါရီလ၁၅ရက်က ပြည်ထောင်စုလွှတ်တော်တွင် သမ္မတရုံး စီမံကိန်းအများအကြောင်း ရှင်းလင်းရာ၌ ထည့်သွင်း ပြောကြားသွားသည်။
ယင်းသည် သီးခြားခေါင်းစဉ်ဖြင့် ပထမဆုံး ထည့်သွင်း တောင်ခံခြင်း ဖြစ်သည်။

သြစီမှာNLD ပညာရေး ရံပုံငွေပွဲချစ်သုဝေတို့ဆိုကြမည်

လေးပွင့်ဆိုင်တွေ့ ဆုံရေးမှာ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အဖြေဟု ဒေါ်အောင်ဆန်းစုကြည် ထပ်ပြော

Tun Wai

ဒီနေ့ကာတွန်း

အမ်းမြို့နယ် ပြည်ခိုင်ဖြိုးများ က အဓမ္မ လုပ်အားပေးရန် ဆင့်ခေါ်စေခိုင်းနေ



၁၅ ဇွန်န၀ါရီ ၂၀၁၄ ၊
Coral Arakan News

ကင်းခြေ နှင့် တပ်တောင်ကြား တံတားတစ်ခု ဆောက်လုပ်ရာတွင် လိုအပ်သော လုပ်အားစုဆောင်းရန်အတွက် ငွေလက်ခံရယူထားသူ အမ်းမြို့နယ် ကင်းခြေအုပ်စု ပြည်ခိုင်ဖြိုးစည်းရုံးရေးမှူး သန်းမောင်သည် ကင်းခြေ ရာအိမ်မှူး ဦးမောင်မောင်ကြည် နှင့် ပူးပေါင်းကာ အနီးအနားရှိ ကျေးရွာများမှ ကျေးရွာသူ ကျေးရွာသားများအား လုပ်အားပေးဆင့်ခေါ်ကာ တံတားဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အခကြေးငွေမပေးဘဲ ခိုင်းစေလျက် ရှိသည် ဟု သိရသည်။

ကင်းခြေ ၊ ဝေချောင်း နှင့် မင်းတည်ရွာတို့မှ ရွာသူရွာသားများအား တံတားဆောက်လုပ်ရေးလုပ်ငန်းခွင်အတွက် အဓမ္မလုပ်အားပေး ဆင့်ခေါ် စေခိုင်းနေသည်မှာ လွန်ခဲ့သော တစ်ပတ်ခန့်မှ ယနေ့အထိ ဖြစ်သည် ဟု သိရသည်။

ပြည်ခိုင်ဖြိုးစည်းရုံးရေးမှူး သန်းမောင်မှာ ထိုကဲ့သို့ခိုင်းစေနေသော အလုပ်များကို အခကြေးငွေပေးခိုင်းစေရန် ငွေများ လက်ခံရရှိထားသည် ဟု သိရသည်။

မှတ်ပုံတင်ထုတ်ယူသူများ ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ်သွား

တိုင်းပြည်ချစ်လိုက် ပုံများ




 Thunder Pa Yit
စင်္ကာံပူ မှာ မြန်မာလူမျိုးတွေ အများကြီးရှိတယ်.. အများစုက ကိုယ့်ဒူးကိုယ်ချွန် ကိုယ့်လုပ်စာကိုယ်စားပြီး.. ကိုယ့်မိသားစု စားဝတ်နေရေးအတွက် စီးပွားရှာနေတဲ့အုပ်စု.. သူတို့ တွေထဲမှာ.... ပညာတတ်သူတွေ ရော လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်သူတွေရောပါတယ်.၊ အများစုက...အလုပ်ကြိုးစားကြတယ်.။ သူတို့ဟာ..စင်္ကာံပူမှာအခြေချလိုစိတ်မရှိဘူး.. စားဝတ်နေရေးကြောင့်သာ..လာရောက်ကြခြင်းဖြစ်တယ်.. တစ်ချို့ကလည်း ကျောင်းလာတက်ပြီးအလုပ်လုပ်ကြတယ်..၊ တစ်ချို့က ကိုယ်ရှာဖွေတာလုံလောက်ပြီထင်ရင်..ကိုယ့်တိုင်းပြည်ပြန်ပြီး. ကိုယ့်မြေကိုယ့်ရေမှာ တရားနည်းလမ်းကျကျ အသက်ပြန်မွေးကြတယ်၊ ----------------------------------- နောက်တစ်အုပ်စုကတော့... တော်တော်နည်းပါတယ်.. အာဏာရှင်သန်းရွှေခေတ်က. " .ပြည့်အင်အားသည်ပြည်တွင်းမှာသာရှိသည်.. ပြည်တွင်းဖြစ်ကို အားပေးပါ... ပြည်ပအားကိုပုဆိန်ရိုး..အဆိုးမြင်ဝါဒီများအားဆန့်ကျင်ကြ.. " ဆိုတဲ့....ခေါင်းစဉ်အမျိုးမျိုးကို ပြည်သူတွေသိအောင် ချပြပေးခဲ့တဲ့ သူတွေရဲ့ မိသာစုတွေရယ်.. သူတို့နဲ့..ပတ်သက်ရာပတ်သက်ကြောင်းအုပ်စုတွေပါပဲ..။ သူတို့ရဲ့...၀ါဒဖြန့်တဲ့..စာသားလေးတွေကတော့ ..ဖြူးနေတာပဲ.. ဒါပေမဲ့..သူတို့ကမှ ဘာတွေလုပ်ကြသလဲ..သိကြပါသလား ? စလုံး မှာ အိမ်တွေဝယ်ထားတယ်..၊ကွန်ဒိုတွေပိုင်တယ်.. အာဏာရှင်ခေတ်က ၀န်ကြီးအဆင့်လောက်အထိက.. အနည်းဆုံး အိမ်ခန်းတစ်ခန်းစီတော့ပိုင်ကြတယ်..၊ တစ်ချို့ဆို..တော်တော်အခြေကျနေကြတယ်..။ လုပ်ငန်းတွေ ၊ ကုမ္ပဏီခွဲတွေဖွင့်ထားတယ်.. စီးပွားရေးကွန်ယက်တွေဖြန့်ကျက်ထားတယ်..။ ဒါဟာ..သူတို့မိဘဆွေစဉ်မျိုးဆက်ချမ်းသာခဲ့တဲ့ပိုက်ဆံတွေမဟုတ်ဘူး.. ပြည်သူ့ ဘဏ္ဍာတွေရယ် ..လာဘ်လာဘငွေတွေနဲ့သာဖြစ်တယ်.။ စလုံးကို နေလို့ကောင်းတယ်..လို့ထင်နေကြတယ် စလုံးကို..လူနေမှုအဆင့်အတန်းမြင့်တယ်..လို့ထင်နေကြတယ်၊ စလုံးက..ဆေးရုံမှာ checkup လုပ်မှ အသက်ရှည်မယ်လို့ထင်ကြတယ်။ စလုံးမှာမှ ကမ္ဘာကျော် Brand တွေစုံတယ်ဆိုပြီး..ဈေးဝယ်ထွက်လေ့ရှိကြတယ်၊ စင်္ကံပူ ဘဏ်တွေမှာမှ သူတို့ရဲ့ လာဘ်လာဘငွေတွေကို ထားရတာစိတ်ချကြတယ်..။ စလုံးကို..သူတို့ရဲ့ စိတ်ဖျော်ဖြေရာ မြို့အဖြစ်သတ်မှတ်ထားကြတယ်၊ စလုံးမှ...စလုံးဖြစ်နေကြတယ်..။ သူတို့တွေဘယ်သူတွေလဲဆိုတာ..အားလုံးသိတယ်.. အဲဒီတော့...သူတို့ရဲ့ တိုင်းပြည်ချစ်စိတ်ကို...တွေးကြည့်.. အဲဒီထဲမှာ...သန်းရွှေတို့ အောင်သောင်းတို့အနွယ်တွေရှေ့ဆုံးက... အဲဒီတစ်ချက်ထည်းနဲ့...ပြည်သူ့စာမေးပွဲကို ကျသွားပြီ.. စုတ်ပြတ်သတ်သွားပြီ.. ဘယ်သူတွေဘာပြောပြော...ဘယ်သူတွေလော်ဘီလုပ်လုပ်.. ရှေ့က ပုဆိုးစ ကို ဆွဲပြီးဖုံးပေးနေတဲ့သူတွေအနေနဲ့... နောက်က ×င် က...ပြောင်နေတာပဲ..ဆိုတာ.. မှတ်ထားကြပါ ----------- အဲဒီတော့..ပြည်သူတွေကို အောက်ကဓာတ်ပုံလေးပြပြီး ပြောချင်လာတယ်..။ ဘယ်လိုပြောချင်လာလည်း..ဆိုတော့.. "ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည် " ဆိုတဲ့လူကြီးတွေ.. အဲဒီနေရာမှာ...အိမ်တွေဝယ်ထားတယ်.. "ပြည်တွင်းဖြစ်ကို အားပေးပါ ဆိုတဲ့ လူကြီးတွေ" အဲဒီနေရာမှာ...ရှော့ပင်း ထွက်လေ့ရှိတယ်.. "ပြည်ပအားကိုးပုဆိန်ရိုး..အဆိုးမြင်ဝါဒီများအာဆန့်ကျင်ကြ.." ဆိုတဲ့လူကြီးတွေ... အဲဒီနိုင်ငံက ဘဏ်တွေမှာ အားကိုတကြီးနဲ့ ငွေတွေအပ်ထားတယ်.. အဲဒီလိုများ ပြောလိုက်ရင် ဘယ်လိုနေမလဲမသိဘူးနော်.. ဟဲဟဲဟဲ... ------------------------- အော်...မေ့လို့.. သူတို့တွေ....ဒူဘိုင်း ၊ ရှန်ဟိုင်းနဲ့ ဟောင်ကောင်ကို ဆက်ပြီးစိတ်ဝင်စားလာကြပြန်ပြီ.. ဆန်ရှင်ပွင့် သွားရင် လန်ဒန်နဲ့ Europe ကိုပါ ဆက်နယ်ချဲ့မယ်..၊ တိုင်းပြည်ချစ်လိုက် ပုံများကွာ.. တောက်..။

ကာချုပ်ကို သန်းရွှေက အဆိပ်ခတ်လိုက်ပြီ



Hawdeka Khalaylay
 (နေပြည်တော် အထူးသတင်း)

 ပြီးခဲ့တဲ့ အပတ်က သစ္စာဂျာနယ်မှာ ကာချုပ်ရဲ့ မိန့်ခွန်း အပိုင်းအစတွေ ပါလာပါတယ် ၊ ကာချုပ်က အရင်တပ်ချုပ် သန်းရွှေ ရဲ့ အမိန့် နဲ့ ညွှန်ကြားချက်တွေ အတိုင်း လိုက်နာဆောင်ရွက်ရမယ်လို့ပြောတာလေ ၊ အဲဒီမိန့်ခွန်းက လွန်ခဲ့တဲ့ တစ်လခွဲ နှစ်လလောက်တုန်းက ကာချုပ် ကလောမှာ ပြောခဲ့တဲ့ မိန့်ခွန်းလို့သိရပါတယ် ၊ အခု အဲဒီမိန့်ခွန်း ဘယ်ကပေါက်ကြားလာသလဲလို့ စစ်ထောက်လှမ်းရေးတွေ ဂျာနယ်တိုက်ကို မေးမြန်းနေကြတယ်လို့သိရပါတယ် ၊ ကဲ စဉ်းစားကြည့်ကြရအောင်နော် ၊ မျက်စိလည်မသွားကြနဲ့အုံး ၊ ပြီးခဲ့တဲ့ ၂ လ လောက်က ကာချုပ်ပြောခဲ့တဲ့ မိန့်ခွန်းက တောက်လျှောက် သိုသိပ်နိုင်ခဲ့ပြီးမှ ခုမှ ဘာလို့ အချိန်ကိုက်ထွက်လာရတာလဲ ၊ သန်းရွှေ ကိုယ်တိုင် ဒီ မိန့်ခွန်းကို ပေါက်ကြားစေခဲ့လို့ ပဲ ဗျ ၊ သန်းရွှေက ပြုစားကုစားလုပ်လိုက်တာလေ ၊ သန်းရွှေကိုယ်တိုင် ဒီမိန့်ခွန်းကို အပြင်ကို တိတ်တိတ်ထုတ်လိုက်ပြီး ခုမှ ဘယ်ကထွက်လာသလဲ ဆိုပြီး စစ်ထောက်လှမ်းရေးတွေ သုံးပြီး ပြန်ရှာနေတာလေ ၊ ဒီသတင်းထွက်လာပြီး နောက်ပိုင်းမှာ ကာချုပ်က အဝေဖန်ခံရတာပေါ့ ၊ ကောင်းကောင်းကြီး အတွယ်ခံရတာပေါ့ ၊ ဒီပုံစံ နဲ့ ၂၀၁၅ မှာ ကာချုပ် သမ္မတ ဖြစ်နိုင်တယ် ဆိုတာလည်း ဇာတ်သိမ်းသွားပြီလေ ၊ ဘယ်လောက်တော်လိုက်တဲ့ သန်းရွှေလဲ ၊ တစ်ချက်ခုတ် သုံးချက်ပြတ် ပဲ ၊ ကာချုပ်ကို သန်းရွှေ လက်နဲ့ ရှင်းစရာမလိုတော့ဘူးလေ ၊ ဒီပုံစံ အတိုင်းဆို ကာချုပ်က ၂၀၁၅ အထိတောင် ခံပါ့မလားမသိဘူး ၊ အဲဒါပြောတာပေါ့ ၊ သန်းရွှေကို လျှော့မတွက်ပါနဲ့လို့ ၊ ကဲ ကြည့် ပြောရင်းဆိုရင်း နဲ့ ကာချုပ်ကို သန်းရွှေ က အဆိပ်ခတ်လိုက်ပြီ ၊

 (နေပြည်တော် သတင်းရပ်ဝန်းမှ ပေးပို့သော အထူးသတင်းဖြစ်သည်)

သံဃာတပါးက ၂၀၁၅ မှာ ဦးသိန်းစိန်ကို မဲပေးဖို့ ထပြော


Lynn Bobo
မန်းလေး ဘုန်းကြီးပွဲမှာ သံဃာတပါးက သီတဂူဆရာတော်ကြီး မိန့်သွားတယ်ဆိုပြီးအတူ ၂၀၁၅ မှာ ဦးသိန်းစိန်ကို မဲပေးဖို့ ထပြောတဲ့အတွက် ပွဲလာသံဃာအများအပြား ထတဲ့သူထ မကျေမနပ် ပြောတဲ့သူပြော ဖြစ်ကြတယ်လို့ မျက်မြင် မန်းလေးသတင်းထောက်များက ဆိုပါတယ်။ ဒီ ပြောဆိုချက်အပေါ် ပွဲကျင်းပရေးဘက်က သူတို့အာဘော်မဟုတ်ပဲ အဆိုပါ သံဃာရဲ့ အာဘော်သာ ဖြစ်ကြောင်း သတင်းထောက်တွေကို ပြောခဲ့တယ်လို့ ဆိုပါတယ်။ သီတဂူဆရာတော် တကယ်မိန့်ကြားခဲ့ခြင်း ရှိမရှိကို ပွဲကျင်းပရေးဘက်ကလဲ အတည်ပြုနိုင်ခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။ ဒီပွဲကို သတင်းရယူဖို့ သွားတဲ့ မန်းလေး ဒေသခံ သတင်းထောက်တွေ သတင်းရယူဖို့အတွက် အခက်အခဲတွေ ကြုံခဲ့ရပြီး အတုမရှိ ကျောင်းတိုက်ပြင်ပ Public ကနေ ဓါတ်ပုံ၊ ဗီဒီယိုရိုက်တာကိုတောင် ဖိအားပေးတားမြစ်မှုတွေ ပြုလုပ်ခဲ့ရတယ်လို့ သိရပါတယ်။ ၉၆၉ အဖွဲ့ဝင်တွေလို့ ပြောဆိုပြီး သတင်းထောက်တွေရဲ့ မျက်နှာကို အနီးကပ် ဓါတ်ပုံရိုက် မှတ်တမ်းတင်တာတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

မောင်တောတွင် သေနတ်ဖြင့် ပျောက်ဆုံးနေသော ရဲတပ်ကြပ် ရှာဖွေမရသေး


 (နိရဉ္စရာ- ၁၅ ဇန်န၀ါရီလ ၂၀၁၄)

 ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဘင်္ဂလီရွာသားများ၏ တိုက်ခိုက်မူကြောင့် သေနတ်နှင့် အတူ ပျောက်ဆုံးနေသော ရဲတပ်ကြပ်ကြီးကို ယခုတိုင် ရှာဖွေ မတွေ့ရှိသေးဟု သတင်း ရရှိသည်။ ပျောက်ဆုံးနေသူမှာ တပ်ကြပ် အောင်ကျော်သိန်း ဖြစ်ပြီး လွန်ခဲ့သော တနင်္လာညနေ့ ကတည်းက ကင်းလှည့်နေစဉ် မောင်တောမြို့နယ် တောင်ပိုင်း ကင်းချောင်း မူဆလင်ရွာမှ ဘင်္ဂလီရွာသားများ၏ တိုက်ခိုက်ခံရပြီးနောက်ပိုင်း ပျောက်ဆုံးနေခြင်း ဖြစ်သည်။ ယခုရဲတပ်ကြပ် တစ်ဦးတိုက်ခိုက်ခံရမူသည် ရခိုင်ပြည်နယ် စစ်တွေ ခရိုင် ရဲမှူကြီး ဦးသစ်ဆန်းမှ ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် လုံခြုံရေးမှာ စိတ်ချရသော အနေအထားတွင် ရှိကြောင်း၊ ယခင် ရဲတပ်ရင်း (၃) ရင်းရှိရာမှ ရဲတပ် (၆) ရင်းထိ တိုးချဲ့ထားပြီ ဖြစ်ကြောင်း သတင်းမီဒီယာများသို့ ပြောဆိုပြီးနောက်ပိုင်း ရက်အနည်းငယ် အကြာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အခင်းဖြစ်ပွားပြီးနောက်ပိုင်း ပျောက်ဆုံးနေသူ ရဲတပ်ကြပ်အား ရှာဖွေနေသော်လည်း ယခုအချိန်ထိ ရှာဖွေ ရရှိခြင်း မရှိသေးကြောင်း အမည်မဖေါ်လိုသူ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။ “ အခု သူ့ကို ရှာဖွေလို့ မရသေးဘူး။ အဲဒီ မွတ်ဆလင်ရွာသားတွေလည်း တစ်ယောက်မှာ ရွာမှာ မရှိတော့ဘူး။ ထွက်ပြေးသွားကြတယ်။ ဒါကို ထောက်ရင် သူတို့သတ်လိုက်ပြီလို့ ယူဆရတယ်။ အခု ပင်လယ်ကမ်းစပ်မှာ သွေးကွက်တွေတော့ တွေ့တယ်။ သူ့ရဲ့ ကျည်ဘောက်ကိုလည်း ပြန်တွေ့တယ်။ ဒါပေမယ့် သေနတ်နဲ့ လူကိုတော့ မတွေ့သေးဘူး” ဟု သူက ပြောသည်။ တနင်္လာနေ့ ညနေပိုင်းက ၎င်းရဲတပ်ကြပ် အောင်ကျော်သိန်းအပါအ၀င် ရဲတပ်သား (၃) ဦးကင်းလှည့်နေစဉ် ကင်းချောင်း ရခိုင်ရွာ အနောက်ဘက်တွင် တည်ရှိသော မူဆလင်ရွာသား ၇၀ ခန့်က တုတ်ဓါးများဖြင့် ၀ိုင်းဝန်းတိုက်ခိုက်ခဲ့ကြသည်ဟု ဆိုသည်။ ထိုသို့ တိုက်ခိုက်စဉ် ရဲတပ်သား နှစ်ဦးက ရိုင်ဖယ်သေနတ်ဖြင့် ပစ်ခတ်ရာ သေနတ်မှာ မပေါက်ကြောင်း၊ နောက်တစ်ဦးတွင် မောင်းပြန် အမျိုးအစား သေနတ်ဖြင့် ပစ်ခတ်ရာ ကျည်ဘောက်တွင် ကျည်ဆံ တစ်တောင့်သာရှိပြီး ကျန်ကျည်ဘောက်ကို ခါးတွင် လိုက်ထားသဖြင့် ပစ်ခတ်မရဖြင့် ထွက်ပြေးစဉ် တစ်ဦးမှာ ကျန်နေခဲ့ပြီး ယခုအချိန်ထိ ပျောက်ဆုံးနေခြင်း ဖြစ်ကြောင်း ဒေသခံ တစ်ဦးက သူကြားသိသမျှကို ပြောကြားသည်။ ယခုအခါ လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် ရွာများကို ပိတ်ဆို့ရှာဖွေနေကြောင်း၊ ၎င်းကင်းချောင်းရွာမှ အမျိုးသမီးများနှင့် ကလေးငယ် အချို့ကို ဂေါ်ဒူသာရ ကျေးရွာသို့ ထွက်ပြေးရောက်ရှိနေကြာင်း၊ အမျိုးသားများမှာ တစ်ယောက်မှ ရွာထဲတွင် မရှိကြောင်း သူက ဆက်လက် ပြောကြားသည်။ ယခု ရဲတပ်ဖွဲ့ဝင်များကို ဘင်္ဂလီများက အုပ်စုဖွဲ့ တိုက်ခိုက်မူသည် ဒုတိယ အကြိမ် ဖြစ်ပြီး ပထမအကြိမ် ဒီဇင်ဘာလ ၃၁ ရက်နေ့က တိုက်ခိုက်ခံရစဉ်ကလည်း စစ်တွေ မှန်စီ သချိင်္ုင်းတွင် တာဝန်ကျနေသူ ကိုသန့်ဇင်ဝင်း(၂၂)နှစ်မှာ သေဆုံးခဲ့ပြီး ကျော်ကျော်မိုး (၂၂) နှစ်မှာ ဒဏ်ရာပြင်းထန်သဖြင့် ဆေးရုံသို့ တင်ပို့ခဲ့ရသည်။ ယခုကဲ့သို့ နိုင်ငံဝန်ထမ်း ရဲတပ်ဖွဲ့ဝင်များကို တာဝန်ထမ်းဆောင်နေချိန်တွင် အသတ်သေအောင်ထိ တိုက်ခိုက်သော်လည်း အမှန်တကယ် ပါဝင်သူ တရားခံများကို သက်ဆိုင်ရာမှ စိစစ်ဖေါ်ထုတ် အရေးယူ ဖမ်းဆီးနိုင်ခြင်း မရှိသဖြင့် ဒေသခံများအကြားတွင် အာဏာပိုင်များ၏ ပြုမူ ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး အထူးစိတ်ပျက်နေကြသည်ဟု သတင်းများ ရရှိသည်။



Moe Han Tha

မောင်တောက ရဲတပ်ကြပ်ကြီးတစ်ဦး ကို ကုလားများက လည်ပင်းလှီးပြီး လက်နက်ယူကာ သတ်ဖြတ် သွားပြီ နယ်မြေလုံခြုံရေးအတွက် ကင်းလှည့်သွားစဉ် ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းကို ကုလားတွေက ၀ိုင်းဖမ်းပြီး ရက်ရက်စက်စက် လည်ပင်းလှီးပြီး သတ်ဖြတ်သွားတယ်လို့  သတင်းတွေ ကြားရတယ် ။ တပ်ကြပ်ကြီးအောင်ကျော်သိန်းကိုင်ဆောင်တဲ့  သေနတ်ကိုလဲ လုယူသွားတယ်လို့  ခိုင်မာတဲ့  သတင်းအတည်ပြုချက်များနဲ့  မောင်တောမြို့ ရဲ စခမ်းက ထုတ်ပြန်ပြောဆိုနေတယ် ။ ရခိုင်ပြည်နယ်မှာ ရှိတဲ့  ရဲတွေ ဒါမှမဟုတ် လုံထိမ်းရဲပါမကျန် တပ်မတော်သားတွေဟာ သူတို့ အဖို့  လက်နက်ကို ကိုင်ဆောင်ခွင့် ရထားတဲ့  သူများဖြစ်တယ် ။ ဒါပေမဲ့  သူတို့ တွေဟာ ကုလားတွေရဲ့  ရန်စမှုတွေ- လက်ညိုးငေါက်ငေါက်ထိုးပြီး ပုဆိုးလှန်ပြ ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုနေတာတွေကို ခံနေရတယ် ။ တစ်ခါတစ်ရံမှာ ကုလားတွေက ၀ိုင်းပြီး ကျောက်ခဲတွေ -တုတ်ဒါးတွေနဲ့  လိုက်ရိုက်လို့  ခွေးပြေးဝက်ပြေး ပြေးခဲ့ ကြရတယ် ။ ခုတစ်ခါမှာတော့ ရဲတပ်ကြပ်ကြီးအောင်ကျော်သိန်းကို ရက်ရက်စက်စက် လူအုပ်နဲ့  ၀ိုင်းဖမ်းပြီး ရက်ရက်စက်စက် လည်ပင်းလှီး သတ်ဖြတ်လိုက်ကြပြီ ။ လက်နက်ရှိတဲ့ သူက တစ်ချက်မျှ မပစ်ဖေါက်လိုက်ရဘဲ ခုလိုလည်စင်းခံလိုက်ရတာဟာ ကြောချမ်းစရာဖြစ်တယ် ။ ဒီလို လည်လှီးသတ်ဖြတ်သူများကို ရခိုင်ပြည်နယ်အစိုးရက လက်ပိုက်ကြည့်ပြီး နေသင့်သလားဆိုတဲ့  မေးခွန်းကို မေးရတော့မယ်ဖြစ်တယ် ။ တစ်ချိန်တည်းမှာဘဲ မြန်မာနိုင်ငံအစိုးရကိုလဲဘဲ ဒီလို ကုလားတွေက လက်နက်ကိုင် အမှုထမ်းတစ်ဦးကို လည်လှီးသတ်ဖြတ်တာကို ခေါင်းငုံ့ ခံပေးနေရအောင် ဘာအကြောင်းတွေများ ထောက်ထားနေရလို့ လဲ ဆိုတာကို မေးခွန်းထုတ်ရတော့မှာဖြစ်တယ် ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေမှာ သမိုင်းလိမ်ကုလားနာမည်နဲ့  ရှိလာလို့ ရှိရင် အဲဒီနာမည်နဲ့  ပုဂ္ဂိုလ်တွေကို ဖယ်ရှားပေးရမယ်လို့  ကြေညာထားတာတွေ့ ရတယ် ။ ဒါပေမဲ့  ခုတော့ ကုလားနှစ်ပါတီက သမိုင်းလိမ်ကုလားနှစ်ပါတီ စလုံးကဘဲ သူတို့ ကို တိုင်းရင်းသားလူမျိုးအဖြစ် အသိအမှတ် ပြုပေးဖို့  တောင်းဆိုတာကို ကြေညာနေတာမြင်ရတယ် ။ အဲဒီကိစ္စကို ခုချိန်ထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဘာတစ်ခုမှ မဖြေရှင်းသလို အစိုးရကလဲ ဘယ်လိုမှ အရေးယူတာမျိုး မလုပ်သေးဘူးဆိုတာ သိနေရတယ် ။ သမ္မတဦးသိန်းစိန်ဟာ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုး-၁၃၅-မျိုးရှိတယ်လို့  ကြေညာထားတယ် ။ ခုတော့ ကုလားနှစ်ပါတီက သူတို့ ဟာ မြန်မာနိုင်ငံသား-တိုင်းရင်းသားပါလို့  ပြောဆိုတာဟာ သမ္မတ ဦးသိန်းစိန်ကို စော်ကားပြောဆိုတာဖြစ်တယ် ။ ကုလားစော်ကားတာထက် သမ္မတဦးသိန်းကို အစိုးရက စော်ကားတာက သိပ်များနေပြီလို့  ထင်ရတယ် ။ ဘာကြောင့်ဆိုရင် အစိုးရက သမ္မတ တစ်ဦးပြောဆိုတာကို ဘယ်လိုမှ အကောင်အထည် ဖေါ်ဆောင်မပေးလို့ ဘဲဖြစ်တယ် ။ ဒီတော့ ကုလားတွေက ရောင့်တက်မှာဖြစ်တယ် ။။။။။။။

ခိုင်အောင်ကျော် ( နယူးယောက် )

ရှက်တတ်သောအမျိုးဆိုပါက ရှက်စရာကောင်းလေစွ။


By Tin Latt


ဒီကိစ္စမျိုးက အင်းဝမြို့ဟောင်းမှာရော ဦးပိန်တံတားမှာရော အကြိမ်ကြိမ်ဖြစ်ခဲ့လို့ အကြိမ်ကြိမ်လည်းတင်ပြခဲ့ပြီးပါပြီ။ သက်ဆိုင်ရာတို့က ကြပ်ကြပ်မတ်မတ်နဲ့ အရေးတယူ မဆောင်ရွက်ပေးသရွေ့ ထပ်ဖြစ်နေဦးမှာပါ။ ယနေ့ (၁၄.၁.၂၀၁၄) ရက်နေ့မှာလဲ ထပ်မံဖြစ်ပွားခဲ့ပြန်ပါပြီ။ နောက်ထပ်လဲဖြစ်ပွားဖို့ အလားအလာတွေများစွာပင် ရှိနေပါသေးတယ်။ အကယ်၍ အသေးအဖွဲကလေးကနေ ကြီးထွားလာပါက သက်ဆိုင်ရာတို့၏ တာဝန်သာဖြစ်ကြောင်း ထပ်လောင်းအသိပေးအပ်ပါသည်။

မန္တလေးဇုန်မှ ဧည့်လမ်းညွှန်အမျိုးသားတစ်ဦးဟာ သူ့ရဲ့ဧည့်သည်တော် ပြင်သစ်လူမျိုး အဖိုး(၆၄ နှစ်) အဖွား (၆၈ နှစ်) တို့နှင့်အတူ မင်းကွန်းမြသိန်းတန်ဘုရားမှအပြန်၊ မင်းကွန်းဆရာတော်ဘုရားကြီးအား ၀င်ရောက်ဖူးမြော်ရန် အ၀င်တွင် ဧည့်သည်က လက်ဆောင်ပစ္စည်းဝယ်ချင်တယ်ဆိုလို့ ၀င်ပေါက်ညာဘက်ဘေးဆိုင်အရောက်မှာ ၀င်ခဲ့ကြပါတယ်။ ချိန်ခွင်နှင့် ဟင်္သာရုပ်အလေးများကိုကြိုက်လို့ ၃၂ ဒေါ်လာနဲ့ဝယ်ပါတယ်။ ဒါပေမဲ့ ဧည့်သည်က Certificate ဆိုပြီးတောင်းပါတယ်။ ဒါပေမဲ့ ဈေးသည်အမျိုးသမီးက (Certificate ဆိုတာဘာလဲ)လို့ မေးတော့ ဧည့်လမ်းညွှန်က (သူဝယ်ခဲ့ပါတယ်ဆိုတဲ့ အထောက်အထားတစ်ခုခုပေါ့ဗျာ။ ဘောက်ချာတို့ဘာတို့လိုမျိုးပေါ့။) အဲဒီမှာ ဈေးသည်က (မင်းတို့ Guide မလုပ်ခင်ဆယ်နှစ်ကျော်ကတည်းက ဈေးရောင်းစားလာခဲ့တာ။ ဘာ Certificate ဘာဘောက်ချာမှ မပေးခဲ့ရဖူးဘူး။ ပေးစရာလဲမရှိဘူး) လို့ပြောတဲ့အတိုင်း သူ့ဧည့်သည်ကိုလည်း အဲဒီအတိုင်းပဲ ပြောပြလိုက်ပါတယ်။ ဒါဆိုလည်း နောက်တစ်ဆိုင်သွားမယ်လို့ ဧည့်သည်ကပြောတာနဲ့ ထွက်လာခဲ့ကြပါတယ်။ နောက်တစ်ဆိုင်ရောက်တော့လဲ ဒီလိုပဲ Certificate တောင်းပါတယ်။ ဒါနဲ့ အဲဒီဆိုင်က ဘောက်ချာတစ်ခုလုပ်ပေးလိုက်ပါတယ်။ ၃၂ ဒေါ်လာတန်ကို ၂၅ ဒေါ်လာနဲ့ လျှော့ဈေးနဲ့ ၀ယ်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီနောက် လေ့လာပြီးမြောက်လို့ ပြန်ခဲ့ကြပါတယ်။ အဲဒီမှာ ပြဿနာက စပါတော့တယ်။

ပုထိုးတော်ကြီးအနီးအရောက်မှာ ပထမဈေးဆိုင်အမျိုးသမီးက အခြားအဖိုးကြီးတစ်ယောက်ရယ်၊ အစ်မကြီးတစ်ယောက်ရယ် သုံးယောက် နောက်ကနေဆိုင်ကယ်နဲ့လိုက်လာပြီး ဧည့်သည်နှစ်ဦးကို လက်ညှိုးငေါက်ငေါက်ထိုးပြီး အော်ကြီးဟစ်ကျယ်နဲ့ ကက်ကက်လန်အောင် ရန်တွေ့ပါတော့တယ်။ (what Certificate, Do you know Certificate) စသည်ဖြင့် မတတ်တတတ် အင်္ဂလိပ်လိုပါညှပ်ပြောနေတာ။ ကြာတော့ ဧည့်လမ်းညွှန်က ဘယ်လိုမှနေလို့မရတော့ပါဘူး။ (အစ်မအဲဒီလောက်ကြီးမပြောသင့်ကြောင်း၊ သူဝယ်ချင်တဲ့ဆိုင်မှာသူ့သဘောနဲ့သူဝယ်တာ ခင်ဗျားပြောစရာမလိုကြောင်း၊ ဧည့်သည်တွေကို မအော်သင့်ကြောင်း၊ ဒီလိုလုပ်တာ ရှက်စရာကောင်းကြောင်း) စသည်ဖြင့် ပြောတော့ (ဖခင်ဟုဆိုသော) အဖိုးကြီးကပါဝင်လာပြီး သူ့သမီးဖြစ်ကြောင်း၊ သမီးကိုမဆုံးမဘဲ ဧည့်သည်နဲ့ ဧည့်လမ်းညွှန်ကိုသာ ဖိပြောနေတော့တယ်။ ပုထိုးတော်ကြီးအနီးအဆောက်အဦးအခန်းထဲမှာ Tourist Police များထံသွားပြီး (အစ်ကို လာရှင်းပေးပါဦး)လို့ အကူအညီတောင်းတော့ အများကြီးထဲက တစ်ယောက်ထွက်လိုက်လာတယ်။ (အစ်မမပြောနဲ့၊ မပြောပါနဲ့) ပြောပြီး အခန်းထဲပြန်ဝင်သွားတယ်။ ဘာမှနောက်ထပ်လာမပြောတော့ပါဘူး။ ဈေးသည်များ ၃ ယောက်ပေါင်းပြီး ပိုပြီးအော်ကြီးဟစ်ကျယ်နဲ့ ရန်ထောင်ပါတော့တယ်။ ဧည့်သည်တော်အဖွားအိုခမျာ ထိုင်ငိုပါတော့တယ်။ အဖွားအိုငိုတော့ အဖိုးအိုကပါ လိုက်ငိုပါတော့တယ်။ မင်းကွန်း-မန္တလေးမော်တော်ပေါ်မှာလဲ (မင်းငါတို့ကြောင့်ဒီလိုဖြစ်ရတာ)ဆိုပြီး ငိုငိုပြီး သူ့ဧည့်လမ်းညွှန်ကို တောင်းပန်နေရှာတယ်။

ကမ္ဘာမှာ မြန်မာတို့သည် ယဉ်ကျေးမှုကြီးမားသည်။ သိမ့်မွေ့သည်။ ဖေါ်ရွေသည်။ ကူညီတတ်သည်။ သဘောကောင်းသည်။ ဘာသာတရားကိုင်းရှိုင်းသည်။ နာလည်သိတတ်သည်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဘာပြောကြမည်နည်း။ ကမ္ဘာကို ဘယ်လိုရှင်းပြမည်နည်း။ ရှက်တတ်သောအမျိုးဆိုပါက ရှက်စရာကောင်းလေစွ။ သက်ဆိုင်ရာများရှက်တတ်ပါလေစွ။ အဆိုပါဧည့်သည်သည် သူ့နိုင်ငံရောက်ပါက သူ့ရဲ့မိတ်ဆွေသူငယ်ချင်းဆွေမျိုးသားချင်းတွေကို သေချာပေါက် ဖောက်သည်ချပေလိမ့်မည်။ ပွင့်လင်းမြင်သာမြန်ဆန်သောဒီကနေ့လိုခေတ်ကြီးထဲမှ အင်တာနက်မှာလည်း သတင်းဖလှယ်ကြပေလိမ့်မည်။ ယခုကျွန်တော်ရေးနေသည့် ဒီစာသည်ပင် မြန်မာနိုင်ငံရှိ ဧည့်လမ်းညွှန်အားလုံးသာမက ခရီးသွားလာရေကုမ္ပဏီများ၊ ဟိုတယ်များ၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းအားလုံးအပြင် ကမ္ဘာ့နိုင်ငံအသီးသီးရှိ နိုင်ငံခြားသားမိတ်ဆွေများအထိပင် ပေါက်ရောက်သွားပါမည်။ သက်ဆိုင်ရာအားလုံး ၀ိုင်းဝန်းဖြေရှင်းဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

သောင်းနိုင်ဦး

သတင်းနှင့်ပြန်ကြားရေး

မန္တလေးဇုန်၊ မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်း

၁၄.၁.၂၀၁၄

By Chawchaw Mirror

ညီမ ၂၀၁၃ ဒီဇင်ဘာလတုန်းက ထိုင်းဧည့်သည် ၂ ယောက်နဲ့ ကျိုက်ထီးရိုးဘုရားကအပြန် ဈေးတန်းမှာ ဧည့်သည်လင်မယားက ဈေးဝယ်တုန်း ၀က်ဝံသည်းခြေဆိုတာကို ဈေးဆစ်တာ . ပြိးတော့ ဈေးမတည့်လို့ မယူဖြစ်ဘဲ ထွက်လာတာကို နောက်ကနေ အော်ကြီးဟစ်ကျယ်ပြောဆိုပြီး ကျန်ခဲ့တယ် ဈေးဆစ်နေတုန်းလဲ ဆစ်ရပါ့မလားဆိုပြီး အတင်းမောင်းထုတ်တယ် ။ ညီမလဲ ညံ့ချက်က ကိုယ်ကကောင်းကောင်းပြောနေတာကို အော်ကြီးဟစ်ကျယ်တွေလုပ်တော့ ရှက်လဲရှက် ကြောက်လဲကြောက်နဲ့သာ ဧည့်သည်လက်ဆွဲပြီးထွက်လာမိတယ် ။ ကျိုက်ထီးရိုးတောင်အ၀င်နားမှာ နိုင်ငံခြားသား တစ်ယောက် ၆၀၀၀ ကောက်တဲ့ ရုံးသာရှိပါတယ်။ ပြသာနာဖြစ်ရင် ပြေးပြောစရာ တစ်ယောက်မှလဲမတွေ့ဘူး ။ ဧည့်သည်က သူတို့ကို အရိုင်းအစိုင်းတွေလို့ပြောတော့ ကျွန်မ ၀မ်းလဲနည်း ရှက်လဲရှက်မိပါတယ်။

By Khaung Khaung

ပင်းဒယ ဘုရားတောင် အတက် စောင်းတန်း ၀ဲယာက ရှမ်းပဲပုပ်ဆိုင်လေးတွေဆီက ရှမ်းပဲပုပ် ဂျူးပဲပုပ်လေးတွေကို မီးကင် ဆီဆမ်း ဗန်းကလေးနဲ့ ထည့် လေသံဝဲ၀ဲ နဲ့ စားကြည့်သွားပါရှင့် မ၀ယ်လဲရပါတယ်ရှင့် စားကြည့်သွားပါအုံးရှင့် ကုသိုလ်ယူချင်လို့ပါရှင့် နဲ့ ယဉ်ကျေးချိုသာလှတဲ့ အသံတွေကို လွမ်းမိတယ် ...