Thursday, January 16, 2014

မကွေးမြို့ကို သမ္မတဦးသိန်းစိန် ဒီကနေ့ သွားရောက်စဉ်ပညာရေးဝန်ထမ်းဟောင်း တစ်ဦးက အော်ဟစ်ဆန္ဒပြ

ဥူးတိန်းရှိန်လဲကြိုက်၊ထိန်းသိမ်းတဲ့ဒုရဲအုပ်လေးလဲကြိုက်ဗျာ...

တရုတ်လူမျိုး ကုလားဘာသာ


Thorn Nay Soe
အမျိုး ဘာသာဆိုတာကြီး ဗန်းပြပြီး ဒေါ်စုကို မယုံဖို့ လိုက်စည်းရုံးတယ်။ အိုကေ သူ့ဖာသာမယုံတာဘာမှမပြောလိုဘူး။ ကျနော်တို့က ယုံတယ်။ ဒေါ်စုအုပ်ချုပ်ရင် အရာရာ အခြေတိုးမြင့်သွားမယ့်ထဲမှာ အမျိုးဘာသာပါ အခြေမြင့်လိမ့်မယ်လို့ ယုံတယ်။ ဒါပေမဲ့ အမျိုးဘာသာအတွက် ဖွတ်တွေကို မဲပေးကြဆိုတာတော့ အရမ်းအံ့သြတယ်။ အမျိုးဘာသာအတွက် ဦးသိန်းညွှန့်ကိုမဲပေးကြ အမျိုးဘာသာအတွက် NDF ကို မဲပေးကြ ဆိုရင်တောင် (ကိုယ်သဘောမညီ ဦး) ဘာမှပြောစရာမရှိဘူး။ အခု ဘာလို့ ဒီဖွတ်တွေမှ ရွေးယုံလဲ??? ရွှေဝါရောင်သင်ခန်းစာကိုမေ့နိုင်ပြီလား? လက်ပံတောင်းမီးပူဇော်ပွဲကို စာရင်းမသွင်းတော့ပြီလား? ဒါမှမဟုတ် လတ်တလောဆိုလည်း ... လွှတ်တော်ထဲ ဘင်္ဂလီသုံးပါးထည့်ထားတဲ့အတွက်လား? White Card ငါးသိန်းအတွက်လား? မန်းမြေက ဒိဠိတရုတ် ပြည်ကြီးသားတွေ တိုးပွားလာခြင်းအတွက်လား? ဧရာဝတီအပါအဝင် တစ်ပြည်လုံးနီပါး တရုတ်လက်ထိုးအပ်ဖို့လား? ဒီတော့ ပြန်တွေးမိတာ သူတို့အော်နေတဲ့ အမျိုးဘာသာ ဆိုတာ တရုတ်လူမျိုး ကုလားဘာသာကို ဆိုလိုလေသလား?

ဗိုလ်ချုပ်ကြီးတွေ လုပ်ချင်တိုင်းလုပ်နေ



Sai Thein Win
ဘာမှန်းညာမှန်းမသိတဲ့ ခလေးတွေကသာ ဒုံးပျံအသစ်အဆန်းတွေ၊ နောက်ဆုံးပေါ် တင့်ကားတွေ ဒီလိုဒီလို ဝယ်ဖို့လိုပါတယ်ဆိုပြီး မစားရဝခမန်းပြောနေကြတာပါ.. စစ်ရုံးက ဝယ်ပြီးလို့ တပ်ကိုရောက်လာတဲ့ ပစ္စည်းတွေတိုင်းက အစုတ်နဲ့ အဟောင်းတွေချည်းပဲ.. မယုံမရှိနဲ့ နိုင်ငံခြားကုမ္ပဏီတွေ(တရုတ်ကအစ ဂျာမန်အဆုံး)က သူတို့ စက်ရုံအကျ တပတ်ရစ် စက်/ပစ္စည်းတွေကိုလည်း ပြန်ပြန်ပြင်ပြီး အဟောင်းဈေးနဲ့ ရောင်းတယ်.. ဒီလောက် ပေါချောင်ကောင်းကြိုက်တဲ့ အစိုးရက အဝယ်ပြတော့ အကုန်လုံးအသစ် ဖြစ်နေတာ အံ့သြစရာ.. ဒီထက် ပိုအံ့သြစရာ ကောင်းတာက သင်္ဘောပေါ်က ချပြီး ကိုယ်မျက်စိရှေ့တင် ဆင်လိုက်တဲ့ "အသစ်"ပါဆိုတဲ့စက်တွေ ပျက်နေတတ်တာပဲ.. များသောအားဖြင့် တရုတ်စက်.. အသစ်တောင် မစွံတာ တပတ်ရစ်ဆိုတော့ သွားရော.. (တနတက ဗိုလ်လောင်းလေးတွေ နမူနာကြည့်ချင်ရင် workshop ထဲမှာ turning lathe တလုံး ရှိအုန်းမယ်နဲ့တူတယ်..) "အစုတ်ကြီးပေးလိုက်တာ ပြန်လဲပါလား.."ဆိုတော့လဲ မလဲဘူး.. နိုင်ငံခြားသားပွဲစား(နိုင်ငံခြားကုမ္ပဏီရဲ့ အရောင်းကိုယ်စားလှယ်)ကပေးတဲ့ ကော်မရှင်ခတွေ နင့်နေတာကိုး.. တိုင်းပြည်ကတော့ ခံပေါ့.. ဝယ်ကတည်းက နဂိုရ်စုတ်တဲ့အပြင် သုံးစွဲသူတွေက ကြံ့ခိုင်ရေးဆိုတာ ဘာမှန်းမသိ.. (သိတာက မနက်တိုင်း ကြံ့ခိုင်ရေး စက်နှိုးဖို့ ထုတ်ပေးတဲ့ ဆီတွေကို ထုတ်ရောင်းဖို့..) ပျက်တော့မှ ဟိုဖက်(စက်/လေယာဉ်/သင်္ဘော/တင့်ကား/အမြောက်)ထဲကဟာကို ဒီဖက်(စက်/လေယာဉ်/သင်္ဘော/တင့်ကား/အမြောက်)ထဲထည့်.. လူကြီးလာတော့ မောင်းပြ/ပစ်ပြ.. အင်္ဂါမစုံတော့တဲ့ ချိုကျိုးနားရွက်ပဲ့ကို ချောင်ထဲထိုးဖွက်.. ဒါသည်လည်း သိသိကြီးနဲ့ ပိုက်ဘောဖမ်းရတဲ့ လက်အောက်ခံတပ်တွေရဲ့ သုခလား.. ဒုက္ခလား မသိရတဲ့ အရသာတပါးပေါ့.. တခါ.. စစ်လက်နက်ပစ္စည်းဆိုရင် တပ်ကနေ တိုက်ရိုက် မဝယ်ရဲတော့ ကိုယ့်နိုင်ငံသားကြားလူ(ခရိုနီလို့ ခေါ်ကြသလားပဲ..) သုံးပြီး ဝယ်ရတယ်.. ဒါပေနဲ့ Deposit ကျတော့ ကိုယ့်လူက စိုက်မပေးနိုင်ပြန်ဘူး.. (Deposit ဆိုတာ ရောင်းသူက ပစ္စည်းမပို့ခင် ငွေတချို့တဝက် အရင်ချေထားရတာကို ပြောတာ.. ဒါကလည်း သန်းနဲ့ချီတယ်.. အစိုးရကိုယ်တိုင်က လက်ငင်း မချေနိုင်တာ.. တပ်တွင်း ဆောက်လုပ်ရေး ပရောဂျက်တွေမှာတောင် ငွေစိုက်နိုင်တဲ့ ဂျီအီးဝန်ထောက်မှ ပရောဂျက်ရတာ ထုံးစံဖြစ်နေပြီ.. ဒီလို ကသောင်းကနင်းတွေ ဖြစ်လာလို့ ဒီမိုကရေစီဆိုပြီး ထပြောင်းတာ.. တခြားဘာမှ မဟုတ်ဘူး.. လမ်းလွဲမှာစိုးလို့ ဒီကိစ္စနောက်မှ ပြောမယ်..) မြန်မာအေးဂျင့်က မပေးနိုင်တဲ့ ငွေကို မြန်မာအစိုးရအကြောင်း ကောင်းကောင်းကြီးသိတဲ့ ကြားခံနိုင်ငံဘဏ်(ဥပမာ-စင်္ကာပူ)က ထုတ်ချေးပေးရပြန်ရော.. (ရောင်းရဖို့ အရေးကြီးတယ်လေ..) ဒါပေမယ့် ငွေချေတဲ့အချိန်ကျတော့ အတိုးပါတက်နေပြီ.. ကိစ္စမရှိပါဘူး.. အစိုးရကပဲ ဆပ်ပါတယ်.. စဉ်းစားကြည့်ပါလေ.. ထုတ်လုပ်သူကုမ္ပဏီကနေမှ သူ့နိုင်ငံသားအရောင်းကိုယ်စားလှယ်.. တဖက်နိုင်ငံသားကိုယ်စားလှယ်ကနေမှ ကိုယ့်နိုင်ငံသား(အရပ်သား)ကိုယ်စားလှယ်.. အဲဒီ ကိုယ်စားလှယ်ကနေမှ ကကဝယ်.. အနည်းဆုံး အဆင့်ငါးဆင့်လောက်က ဖြတ်အုပ်ကြတယ်.. အင်း.. ဗိုလ်ချုပ်ကြီးခင်ညွှန့်ကတော့ ဖော်ကောင်ဘညွှန့် အဖြစ်မခံနိုင်ဘူးပြောတယ်.. ကျနော့်ကိုလဲ ဘာပြောကြအုန်းမလဲမသိ.. သေချာတာက ကျုပ်ဟာ မာဖီးယားဂိုဏ်းဝင်တယောက် မဖြစ်ခဲ့ဖူးဘူး.. စစ်သက်တသက်စာမှာလဲ လစာကလွဲလို့ တပြားတချပ်မှ အပိုနှိုက်မယူခဲ့ဖူးဘူး.. စစ်တပ်ကတောင်းတဲ့ ဘဏ္ဍာရေးခွဲတမ်းကို လွတ်တော်က ပေးသင့် မပေးသင့်ဆိုတာကိုသာ ပြည်သူတွေ ဝေဖန်ဖို့နဲ့ ဆင်ချင်ဖို့အတွက် ပြောပြလိုက်တယ်.. စစ်ရေးကိစ္စနဲ့ ပတ်သက်တဲ့ ရသုံးငွေစာရင်းကို နိုင်ငံတော်လျှို့ဝှက်ချက်ဆိုတဲ့ သံကန်လန့်ကာနောက်မှာ ဗိုလ်ချုပ်ကြီးတွေ လုပ်ချင်တိုင်းလုပ်နေကြတယ်..

ဒီနေ့ကာတွန်း

အမိုးဒေါ်အောင်ဆန်းစုကြည်နှင့်ကရင်ပြည်နယ်၊ဘားအံလူထုတွေ့ဆုံပွဲ

၈၈ မျိုးဆက်နဲ့ အရေးကြီး လို့ တွေ့ဆုံခဲ့ကြောင်း ဒေါ်အောင် ဆန်းစုကြည် ပြောကြား



RFA
***********************************************************
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်း ခေါင်းဆောင်တွေကို လွတ်လပ်ရေးနေ့ က တွေ့ဆုံခဲ့တာနဲ့ ပတ်သက်ပြီး အရင် ကလည်း နိုင်ငံရေးပြသနာတွေကို မိမိတို့တိုင်ပင်ညှိနိုင်းလေ့ရှိသလို အခုလည်း တိုင်းပြည်ရဲ့လက်ရှိ အခြေအနေအရ အရေးကြီးတဲ့အတွက် တွေ့ဆုံဆွေးနွေး ခဲ့တာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

"နိုင်ငံရေးအရတော့ ညှိနှိုင်းပြီးတော့ လုပ်လေ့ရှိပါတယ်၊ ဒါထူးထူးထွေထွေ လွတ်လပ်ရေးနေ့မှာ တွေ့တာမဟုတ်ပါဘူး၊ မတွေ့တာကြာလို့ တွေ့တာလည်းပါပါတယ်၊ ဒီအချိန်ကလည်း အရေးကြီးတဲ့အချိန်ဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ဆွေးနွေးစရာရှိတာလေး ဆွေးနွေးတာပါ"

RFA က သီးသန့်ထုတ်လွှင့်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့ကညနေပိုင်း ဆက်သွယ်မေးမြန်းရာမှာ အခုလိုဖြေကြားလိုက်တာဖြစ်ပါတယ်။

၈၈ မျိုးဆက်အဖွဲ့အနေနဲ့ နိုင်ငံရေးပါတီတစ်ခုထူထောင်ပြီး ရွေးကောက်ပွဲဝင်သင့်တယ် ထင်မြင်ယူဆပါသလားလို့ မေးမြန်းရာမှာတော့ ဒါဟာ ကာယကံရှင်တွေ ကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်ရမယ့်ကိစ္စဖြစ်ကြောင်း ပြောဆိုပါတယ်။

တဆက်တည်းမှာပဲ ချင်းပြည်နယ်ခရီးစဉ်အတွင်း ပြည်ထောင်စုရိပ်သာမှာ တည်းခိုခြင်းမပြုခဲ့တာနဲ့ ပတ်သက်ပြီး မိမိတို့တစ်ဖွဲ့လုံးအတွက် နားခိုရန်နေရာ အလုံအလောက်ရှိပါလျက်နဲ့ သက်ဆိုင်ရာက ကန့်သတ်ခဲ့တဲ့အတွက် အဆင်မပြေဖြစ်ခဲ့ရကြောင်း ဒေါ်အောင်ဆန်းစုကြည်က RFA ကို ပြောပါတယ်။

"ပြည်ထောင်စုရိပ်သာက လူပြည့်နေလို့လားဆိုတော့လည်း မဟုတ်ဘူး၊ လူကနှစ်ယောက်ပဲနေတယ်၊ အရေးပေါ်အတွက် အခန်းပိုထားရတယ်ဆိုလို့ရှိရင်တောင်မှ ၁၈ ယောက်အတွက် အများကြီးလုံလောက်တယ်လို့ ကျမထင်တယ်လေ၊ ၁၈ ယောက်ပေးလိုက်လို့ရှိရင် အဲဒီ ၁၈ ယောက်နဲ့ ၂ ယောက်ပေါင်းလိုက်မှ ၂ဝ ပေါ့၊ လူ ၁၄ ယောက်စာပိုမှာပဲ"

ဒါ့အပြင် အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး လုပ်ကိုင်ဆောင်ရွက်ရာကနေ အစွန်းရောက်တဲ့ ဘာသာရေး လူမျိုးရေးလှုပ်ရှားမှုတွေ ပေါ်ပေါက်လာခြင်းမရှိရန်အတွက် ပြုလုပ်သင့်တာတွေကို ဆရာတော်ကြီးများက မိမိထက် ပိုမိုသိရှိကြပါတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

ဘင်္ဂါလီအရေးကိစ္စလက်ခံဆွေးနွေးသွားမည် မဟုတ်ဟုဒုဝန်ကြီး ဦးရဲထွဠ်ဆို




Popular Myanmar News Journal

ပုဂံ -ဇန်နဝါရီ ၁၆
ဘင်္ဂါလီအရေးကိစ္စသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးသာ ဖြစ်သဖြင့်
အခြားအာဆီယံနိုင်ငံများကအာဆီယံအစည်းအဝေးများတွင် ဆေွးနွေးရေး တောင်းဆိုလာလျှင်လည်း
လက်ခံဆွေးနွေးသွားမည် မဟုတ်ဟုပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဠ်ကယနေ့ ပြောသည်။
ဒါက ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုံးကို ကျနော်တို့ အစိုးရရော ပြည်သူတွေက လက်မခံဘူးဆိုတာ
ရှင်းလင်းပြီးသားပါ ပြီးတော့ ဒီဘင်္ဂလီအရေးဟာ ကျနော်တို့ရဲ့ ပြည်တွင်းရေးပဲဆိုတော့
ကျန်တဲ့နိုင်ငံတွေက တောင်းဆိုလာရင်လည်း ကျနော်တို့ အာဆီယံဥက္ကဌ တာဝန်ယူချိန်မှာ
အာဆီယံအစည်းအဝေးတွေမှာ လက်ခံဆွေးနွေးသွားမှာ မဟုတ်ပါဘူး။
အကြံပေးတာဆိုရင်တော့ ကျနော်တို့နိုငိငံနဲ့ ကိုက်ညီတာကို လက်ခံသွားမှာပါဟု၎င်းကပြောသည်။
မြန်မာမှအာဆီယံဥက္ကဌတာဝန်စတင်ရယူချိန်တွင်
ပထမဆုံးအနေဖြင့်ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏သီးသန့်နှင့်ဆက်စပ်အစည်းအဝေးများကို ဇန်န၀ါရီ၁၆ရက်
မှစတင်ကာ ပုဂံမြို့ ရွှေနန်းတော်ဟိုတယ်တွင် စတင်ကျင်းပသည်။
ဇန်န၀ါရီလ(၁၅)ရက်နေ့တွင် အစည်းအဝေးသို့တက်ရောက်လာမည့် အဆင့်မြင့် အရာရှိများနှင့် ညစာစားပွဲပြုလုပ်မည်ဖြစ်ကာ
ဇန်န၀ါရီလ (၁၆)ရက်နေ့နံနက်ပိုင်းမှ စတင်၍ အစည်းအဝေးအဖွင့်နှင့် အာဆီယံအမြဲတမ်းကိုယ်စားလှယ်များ ကော်မတီ အစည်းအဝေးတို့ကို စတင်ကျင်းပသည်။
ထို့ပြင်ဇန်န၀ါရီလ(၁၇)ရက်နေ့တွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသီးသန့်အစည်း အဝေးကို ပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါအာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးပွဲအစီစဉ်အချိန်ဇယားထုတ်ပြန်ချက်အရသိရသည်။

kyl,ttl

လေးပွင့်ဆိုင်ကြိုတင်တွေ့ခြင်းသည်အကောင်းဆုံးဖြေရှင်းနည်းဟု အမေစုပြော



Mizzima - News in Burmese

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ရေးသည် မြန်မာနိုင်ငံရေးအတွက် ရေးကြီးသည့်အခြေအနေတွင်သမ္မတ၊ ပြည်ထောင်စွှုတ်တော်နာယက၊ာကွယ်ရေးဦးစီးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် အခြေခံ ဥပဒေလေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီ၏အဖြေမထွက်မီကြိုတင်တွေ့ဆုံဖို့လိုကြောင်း၊ လေးပွင့်ဆိုင်ကြိုတင်တွေ့ခြင်းသည်သာအကောင်းဆုံး ဖြေရှင်းနည်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

“ နိုင်ငံတကာမှာ အထူးသဖြင့် ဒီမိုကရေစီနိုင်ငံတွေမှာ လုပ်ရိုးလုပ်စဉ် တစ်ခုကဒီလိုတိုင်းပြည်အတွက်အင်မတန်အရေးကြီးတဲ့အခြေအနေတစ်ရပ် ပေါ်ပေါက်နေပြီဆိုရင် ကြိုတင်ပြီး ဆွေးနွေးကြတယ်၊ ကြို တင်ဆွေးနွေး တယ်ဆိုတာ နောင်ဖြစ်ပေါ်လာမယ့် ကိစ္စတွေကို ချောမွေ့ဖို့ပါ၊ ဒါဟာ ဒီမို ကရေစီ နိုင်ငံရေး မှာတင်မကဘူး၊ တစ်ခါတလေ ဒီမိုကရေစီနိုင်ငံတွေနဲ့ အာဏာရှင်နိုင်ငံတွေ ကြားမှာတောင် တချို့ပြသနာတွေ ဖြေရှင်းတဲ့အခါမှာ ဒီနည်းပဲသုံးကြတယ်၊ ဒါဟာ အကောင်းဆုံး ဖြေရှင်းနည်းလို့ အန်တီမြင် တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စု လွှတ်တော် န၀မပုံမှန် အစည်းအဝေး ဒုတိယနေ့ (ဇန်န၀ါရီ ၁၄ ရက်) အပြီးတွင် သူမ ကော်မတီ ရုံးရှိရာ အိုင်-၁၂ အဆောက်အအုံ အစည်းအဝေး ခန်း၌ ပြောကြားခဲ့ခြင်း
ဖြစ်သည်။

အမှန်အားဖြင့် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရန် သူမကတောင်း ဆိုခဲ့ကြောင်း၊ မတွေ့သင့်ဘူးဟုပြော သည်မှာ ကာကွယ်ရေးဦးစီး ချုပ်မဟုတ်ဘဲ သမ္မတကပြောခြင်းသာဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ
လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီထံမှ အဖြေမထွက်လာသေး သဖြင့် တွေ့ဆုံဖို့မသင့်သေးဟူ၍ သမ္မတက အကြောင်းပြခဲ့ကြောင်း လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထိုသို့ အရေးကြီး ကိစ္စများအတွက် အစည်းအဝေးမတိုင်မီ ဆွေးနွေးသင့် သည့် သာဓကအဖြစ် သူမက ကုလသမဂ္ဂအဖွဲ့တွင် သုံးလေ့ရှိသော Corridors of power ဟူသော စကားကိုရည်ညွှန်းပြောဆိုခဲ့သည်။

“ကော်ရစ်ဒါထဲမှာ ဆွေးနွေးတယ်ဆိုတာ အဓိပ္ပာယ်က အစည်းအဝေးမတိုင် ခင် အစည်းအဝေးပြင်ပမှာ အလွတ်သဘော ဆွေးနွေးပြီး သဘောတူညီမှုကို ရယူကြတာ၊ ဘာဖြစ်လို့လဲဆိုတော့ အစည်းအဝေးခန်း ထဲရောက်သွားရင် တရားဝင်ဖြစ်သွားပြီ၊ ဒီတော့တရားဝင် မဖြစ်ခင်မှာ တို့ဘယ်လို ညှိကြမ လဲဆိုတာ အပေးအယူ လုပ်ဖို့က ပိုပြီးတော့လွယ်တယ်၊ ဒါဟာအများလက် ခံတဲ့ လုပ်ထုံးလုပ်နည်း တစ်ခုဖြစ်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည် ကပြောသည်။

ရခိုင်တိုင်းရင်းသား ပြည်ခိုင်ဖြိုးပါတီ



Coral Arakan News

ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ် စာသားများကို ရခိုင်ပါတီ ပမာ ထင်ယောင်ထင်မှား ဖြစ်စေရန် ဦးသိန်းဆွေ က ညွှန်ကြား ရေးသားခိုင်းသည် ဟု ဆို
===========================

တပ်မတော် (ကြည်း) တွင် ဗိုလ်ချုပ်အဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခင် စစ်အစိုးရခေတ်တွင် ပို့ဆောင်ရေးဝန်ကြီးဌာန ၀န်ကြီးအဖြစ်လုပ်ကိုင်ခဲ့သူ ပြည်ခိုင်ဖြိုးပါတီဝင် အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်ချုပ်ဟောင်း သိန်းဆွေ ၏ ညွှန်ကြားချက်ဖြင့် ရခိုင်ပြည်နယ် အမ်းမြို့နယ် အနှံ့အပြား ကျေးရွာများရှိ ကျေးရွာ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ရုံးများတွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ၏ အမည်ကို ပုံမှားရိုက်ကာ “ရခိုင်တိုင်းရင်းသား ပြည်ခိုင်ဖြိုး ပါတီ” ဟု အလိမ်အညာ ဆိုင်းဘုတ်များကို ပြောင်ပြောင်တင်းတင်း တင်ထားကြသည်။

ဝဲဘက်ပုံ - ဗိုလ်ချုပ်ဟောင်း သိန်းဆွေ

ယာဘက်ပုံ - အမ်းမြို့နယ် ကျွဲကူးတောင်ကျေးရွာ ပြည်ခိုင်ဖြိုးပါတီရုံးတွင် တင်ထားသော ဆိုင်းဘုတ် အား ၂၀၁၄ ဇွန်န၀ါရီလ အစပိုင်းက တွေ့ရစဉ်။

Coral Arakan News

အကွဲအပြဲ တကယ်ပဲ ရှိနေတယ်



    http://myanmar.mmtimes.com
    စည်သူအောင်မြင့်   |   Thursday, 16 January 2014

အခုရက်ပိုင်း ထွက်ပေါ်လာတဲ့ သတင်းတွေထဲမှာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ
ဦးအောင်သောင်းက သူ့ပါတီ အတွင်းရေးကိစ္စတွေ ပြောတာဟာ အတော်စိတ်ဝင်စားဖို့
ကောင်းပါတယ်။

ဦးအောင်သောင်းရဲ့ ပြောစကား၊ မကြာသေးမီက ဆွေးနွေးဆုံးဖြတ်ပြီး လွှတ်တော် ပူးပေါင်း
ကော်မတီကို တင်လိုက်ပြီဖြစ်တဲ့ ပြည်ခိုင်ဖြိုးရဲ့ ဖွဲ့စည်းပုံထဲက ပြင်လိုတဲ့ အချက်တွေ၊ ၂၀၁၃ ခုနှစ်
အတွင်း ပြည်ခိုင်ဖြိုးပါတီ တစ်ဖွဲ့တည်း အတူတူ အစိုးရဘက်အခြမ်းနဲ့ လွှတ်တော်ဘက်အခြမ်း
ဖြစ်ပွားတဲ့ အခြေအတင် ဖြစ်မှုတွေ၊ သမ္မတ ဦးသိန်းစိန်နဲ့ လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်း အကြား
ပေါ်ပေါက်တဲ့ အငြင်းပွားမှုတွေ အားလုံးကို ဆက်စပ် သုံးသပ်လိုက်ရင် ပြည်ခိုင်ဖြိုးပါတီ ထိပ်ပိုင်းမှာ
အကွဲအပြဲပြဿနာတစ်ခု အပီအပြင် ပေါ်ပေါက်နေခဲ့ပြီ ဆို တာပါပဲ။ ဘယ်အချက်တွေကြည့်ပြီး
ဒီလို ပြော နိုင်တာပါသလဲ၊ ဘာတွေဖြစ်နေကြပါသလဲ၊ နောက်ထပ် ဘာတွေဖြစ်လာနိုင်မလဲဆိုတာ
ခုတစ်ပတ်ဆွေးနွေးတင်ပြသွားမယ် ဖြစ်ပါတယ်။

ဦးအောင်သောင်းရဲ့ ပြောစကားတွေအရ ဆိုရင် လက်ရှိသမ္မတနဲ့ အစိုးရအဖွဲ့၊ လွှတ်တော်ဥက္ကဋ္ဌနဲ့
လွှတ်တော်၊ ပါတီတာဝန်ရှိသူတွေ ဆိုတာ အရင်စစ်အစိုးရရဲ့ နောက်ဆုံးအချိန်တုန်းက စနစ်တကျ
စီစဉ်နေရာချခဲ့တာတွေလို့ သိရပါတယ်။

ပြောရရင် အဓိကအားဖြင့် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးရဲ့ သဘောထားနဲ့ စီစဉ်နေရာ ချထားခဲ့တာပါ။
ဒါပေမဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သမ္မတ၊ ဒုသမ္မတနဲ့ အစိုးရအဖွဲ့ဝင်တွေ ဖြစ်လာရင် ပါတီလုပ်ငန်း
တွေမှာ မပါဝင်ရတော့ဘူးဆိုတဲ့ အချက်နဲ့ တစ်ဦးချင်းရသွားတဲ့ လုပ်ပိုင်ခွင့် အာဏာတွေအောက်မှာ
အုပ်စုအသွင်သဏ္ဌာန် ဖြစ်သွားစေတယ်လို့ မှတ်ယူနိုင်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ဦးအောင်သောင်းရဲ့ ပြောစကားတွေထဲမှာလည်း ကောက်ယူလို့ ရနိုင်တာတွေပါ
ပါတယ်။

သမ္မတ ဦးသိန်းစိန် အနေနဲ့ သူတာဝန်ယူပြီးနောက်ပိုင်း ၀န်ကြီးအဖွဲ့ထဲက ဖြုတ်တာ၊ အသစ်ခန့်တာ၊
အစားထိုးတာတွေကို ပြည်ခိုင်ဖြိုးပါတီ သဘောထားရယူသင့်တာ မှန်ပေမယ့် အဲလို မလုပ်ခဲ့ဘူးလို့
ဆိုပါတယ်။

ဒါကြောင့် နောက်ပိုင်းကိစ္စတွေ ပါတီဘက်က ဘာမှမသိရတော့ဘူးလို့ သိပ်မကျေလည်တဲ့
သဘောပြောပါတယ်။

လက်ရှိ သမ္မတ ဦးသိန်းစိန်ရော သမ္မတ ဖြစ်ချင်တယ်လို့ ပြောထားတဲ့ သူရဦးရွှေမန်းပါ သမ္မတ
လုပ်ချင်တယ်ဆိုရင် ပါတီရဲ့ သဘောထား ခံယူရမယ်လို့ ဆိုပြန်ပါတယ်။

ပါတီက လက်မခံသူဟာ သမ္မတ မလုပ်နိုင်ဘူးဆိုတဲ့ သဘောပါ။

ဒါတွေက လတ်တလော ဦးအောင်သောင်း ပြောသွားတာတွေထဲက အစိုးရအဖွဲ့ဘက် ရောက်နေတဲ့
ပြည်ခိုင်ဖြိုး ခေါင်းဆောင်တွေနဲ့ လွှတ်တော်ဘက်နဲ့ ပါတီ တာဝန်ယူထားတဲ့ ထိပ်ပိုင်းခေါင်းဆောင်
တွေ အကြားသဘောထား ကွဲမှုတွေပါ။

ဒီအချက်ကို ထင်ထင်ရှားရှား မီးမောင်းထိုးပြတဲ့ နောက်ထပ် သက်သေကတော့ ပြည်ခိုင်ဖြိုးက
ဖွဲ့စည်းပုံထဲက ပြင်ချင်ပါတယ်ဆိုတဲ့ အချက်တွေ ဖြစ်ပါတယ်။

အဲဒီအထဲမှာ ဒုသမ္မတအပါအ၀င် ၀န်ကြီး တွေခန့်မယ်ဆို လက်ရှိ ဖွဲ့စည်းပုံထဲပါသလို အရည်အချင်း
ပည့်ဝသူ မည်သူ့ကိုမဆို သမ္မတက ခန့်နိုင်တယ် ဆိုတာမျိုး မဟုတ်ဘဲ လွှတ်တော်အမတ်ထဲကပဲ
ခန့်ဖို့ ဆိုပြီး ပြင်ချင်တယ်လို့ ဆိုပါတယ်။

ဒါဟာ သမ္မတ ကိုရော လက်ရှိ အစိုးရအဖွဲ့ထဲက ၀န်ကြီးတွေ အားလုံးကို ရည်ရွယ်တဲ့သဘောြ
ဖစ်ပါတယ်။

တကယ်လို့ သမ္မတ ဦးသိန်းစိန်ဟာ ပါတီရဲ့ အစီအစဉ်နဲ့ မဲဆန္ဒနယ်မြေ တစ်ခုခုမှာ ရွေးကောက်ပွဲ
ဝင်မထားဘူးဆိုခဲ့ရင်လာမယ့် ရွေးကောက်ပွဲအပြီး လွှတ်တော် အစည်းအဝေးတွေ ကျင်းပ၊ အစု
အဖွဲ့တစ်ခုစီက ဒုသမ္မတ တစ်ယောက်စီ ရွေးတဲ့အခါ တပ်မတော်သား အမတ်တွေဘက်က
ဦးသိန်းစိန်ကို ဒုသမ္မတအဖြစ် တင်ချင်ဦး၊ တင်လို့ မရနိုင်ဘူးဆိုတဲ့ သဘောဖြစ်သွားမှာ ဖြစ်ပါတယ်။

အလားတူပါပဲ။ လက်ရှိ သမ္မတ ဦးသိန်းစိန်ရဲ့ အစိုးရအဖွဲ့ထဲက ၀ါရင့် ၀န်ကြီးတချို့ကို ပြည်ခိုင်ဖြိုး
ပါတီက ရွေးကောက်ပွဲ ၀င်မ၀င် သဘောထားမေးတဲ့အခါ မ၀င်တော့ဘူးလို့ ဖြေထားတဲ့သူတွေ
ရှိနေပါတယ်။

တကယ်လို့သာ ၂၀၁၅ ရွေးကောက်ပွဲအပြီး ဦးသိန်းစိန်၊ ဒါမှမဟုတ် ဦးမင်းအောင်လှိုင် တစ်ယောက်
ယောက် သမ္မတ ဖြစ်ခဲ့ရင်တောင် အဲဒီဝန်ကြီးဟောင်းတွေကို ၀န်ကြီးပြန်ခန့်လို့ရတော့မှာ
မဟုတ်ပါဘူး။

ရွေးကောက်ပွဲမ၀င်၊ အမတ်မဟုတ်လို့ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီအချက်တွေပြင်ဖို့ ကာကွယ်ရေးဦးစီးချုပ်ဘက်က ပြင်ချင်တဲ့ဆန္ဒရှိမှ ပြင်လို့ရမှာပါ။

ဘယ်လိုပဲဖြစ်ဖြစ် ဒါကို ပြည်ခိုင်ဖြိုးပါတီ ထိပ်ပိုင်း အကွဲအပြဲ ပြဿနာကို ထင်ဟပ်ပေါ်လွင်စေတဲ့
အချက်အဖြစ်တော့ ရှုမြင်နိုင်ပါတယ်။

ဒီမတိုင်ခင် ၂၀၁၃ ခုနှစ် တစ်နှစ်လုံးမှာလည်း သူရဦးရွှေမန်း ဦးဆောင်တဲ့ လွှတ်တော်က တစ်ဖက်၊
သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့က တစ်ဖက် သဘောမတူမှုတွေ၊ အငြင်းပွားမှုတွေ
တောက်လျှောက် ရှိခဲ့ပါတယ်။

တချို့ပြင်းပြင်း ထန်ထန် ဖြစ်ခဲ့တာတွေ လည်း ရှိပါတယ်။ နမူနာတွေ အနေနဲ့ ဖွဲ့စည်းပုံ အခြေခံ
ဥပဒေဆိုင်ရာ ခုံရုံးတစ်ဖွဲ့လုံး နှုတ်ထွက်သွားစေသည် အထိ ဖြစ်ပွားတဲ့ ပြဿနာ၊ အဲဒီ ဥပဒေကို
ပြင်ဖို့ လွှတ်တော်ထဲ ဆွေးနွေးတဲ့အခါ ဖွဲ့စည်းပုံနဲ့ ညီမညီအပြင်းအထန် အငြင်းပွားကြတာ၊
ဥပဒေကြမ်းကို သမ္မတက လက်မှတ်မထိုးတာ စသဖြင့် အများကြီး ဖြစ်ပေါ်ခဲ့ပါတယ်။

နောက်ပိုင်း သမ္မတ ပေးပို့တဲ့ သ၀ဏ်လွှာကိုလက်မခံတာ၊ သမ္မတနဲ့ အစိုးရအဖွဲ့ လစာကို ဥပဒေပါ
ပြဋ္ဌာန်းချက်ထက် အများကြီးနိမ့်တဲ့လစာ သတ်မှတ်ဖို့ ဥပဒေပြဋ္ဌာန်းဖို့ ကြိုးစားသည်အထိ
ဖြစ်ခဲ့ပါတယ်။

သမ္မတက ဥပဒေပါပြဋ္ဌာန်းချက်ထက် နည်းတဲ့လစာ ယူနေတာဟာ ဥပဒေချိုးဖောက်သလို ဖြစ်နေ
တယ်ဆိုပြီး ပြောဆိုသည်အထိ ကျယ်ပြန့်ခဲ့ပါတယ်။

အထင်ရှားဆုံး ဖြစ်ပွားခဲ့တဲ့ ပြဿနာကတော့ သမ္မတ ဦးသိန်းစိန် အနေနဲ့ နောက်သက်တမ်း
သမ္မတ မလုပ်တော့ဘူးလို့ သူ့ကို ပြောတယ်ဆိုပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက
သတင်းမီဒီယာတွေကို ထုတ်ဖော်ပြောဆိုလိုက်တာပါ။

ဒါပေမဲ့ သမ္မတဘက် ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က သမ္မတအနေနဲ့ သူ့ကိစ္စ သူပဲ ပြောမယ်၊
တခြားဘယ်သူမှ ပြောဖို့မလိုဘူး၊ အချိန်တန်ရင် သမ္မတ ဆက်အရွေးခံမယ် မခံဘူး သူကိုယ်တိုင်
ပြောလိမ့်မယ်လို့ ဆိုလိုက်တဲ့အခါ သဘောကွဲလွဲမှုကြီး ငြင်းမရအောင် ပေါ်သွားခဲ့ပါတယ်။

ဒီပြဿနာတွေနဲ့ ပတ်သက်ရင် သမ္မတ ဘက်ကရော၊ သူရ ဦးရွှေမန်းဘက်ကပါ အစိုးရဘက်နဲ့
လွှတ်တော်ဘက် ဖြစ်ရိုးဖြစ်စဉ်အတိုင်း တိုးမိတိုက်မိတာလောက် ပြောဆိုနေကျြပေမယ့်
တကယ့်တကယ် ဆန်းစစ်ကြည့်ရင် ပြည်ခိုင်ဖြိုးပါတီ ထိပ်ပိုင်းခေါင်းဆောင် နှစ်ယောက် အကြား၊
ထိပ်ပိုင်း အင်အားစု နှစ်ခုအကြား အကြီးအကျယ် ကွဲပြဲနေကြတယ်ဆိုတာ ငြင်းမရလောက်အောင်
ထင်ရှားလာပါတယ်။

ဒီလို ပါတီထိပ်ပိုင်းမှာ အကွဲအပြဲ ဖြစ်ပေါ်နေ သလိုလာမယ့် ရွေးကောက်ပွဲမှာလည်း ပြည်ခိုင်ဖြိုး
ပါတီက ရွေးချယ်သူ တစ်ယောက်ယောက် သမ္မတဖြစ်ဖို့ မလွယ်သလို၊ သမ္မတ မဖြစ်ရင် အစိုးရ
အဖွဲ့ဖွဲ့ဖို့ကလည်း မဖြစ်နိုင်ပါဘူး။

ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင် တစ်ယောက်ယောက် ဒုသမ္မတ အဆင့်လောက် ဖြစ်ဖို့ဆိုရင်တောင်
လာမယ့် ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်အတွက် အမတ် ၅၀ ရာခိုင်နှုန်းအထက် အနိုင်ရမှ
ဖြစ်မှာပါ။

အလားတူ အမျိုးသားလွှတ်တော် အတွက်ဆိုရင်လည်း ၅၀ ရာခိုင်နှုန်း အထက် အနိုင်ရမှ ဖြစ်မှာပါ။

အင်န်အယ်လ်ဒီ ၀င်ပြိုင်တဲ့ ၂၀၁၂ ရွေးကောက်ပွဲ အတွေ့အကြုံအရ တကယ်တော့ အဲဒီလိုဖြစ်ဖို့
အလွန် မလွယ်ပါဘူး။

တိုင်းရင်းသားတွေ အလုံးအရင်းနဲ့ ရွေးကောက်ပွဲ ၀င်လာမယ့် ၂၀၁၅ ရွေးကောက်ပွဲဆိုရင် ပိုပိုပြီး
မလွယ်ကူပါဘူး။

ဒီအခါ လွတ်လွတ်ကျွတ်ကျွတ် ဒုသမ္မတ တစ်ယောက် ရွေးနိုင်တဲ့ တပ်မတော်သား အမတ်တွေ
ဘက်ကတင်တဲ့ ဒုသမ္မတ တစ်ယောက်ကိုပဲ သမ္မတ ဖြစ်အောင် မဲပေးပူးပေါင်းရမယ့် သဘော
ဖြစ်လာနိုင်ပါတယ်။

ပြည်ခိုင်ဖြိုးပါတီဟာ ဒီနေ့ သူ့ပါတီတွင်း ပေါ်ပေါက်နေတဲ့ ထိပ်ပိုင်းခေါင်းဆောင် အုပ်စုနှစ်စု အကြား
သဘောထားကွဲလွဲမှုတွေကို ရင်ကြား မစေ့နိုင်ရင် အင်အားပိုမို ချည့်နဲ့သွားနိုင်ပြီး တပ်မတော်သား
အမတ်တွေကို ၀န်းရံရတဲ့၊ တစ်နည်းအားဖြင့် ကာကွယ်ရေးဦးစီးချုပ်ကို ကူညီပံ့ပိုးပေးရတဲ့ပါတီ
တစ်ရပ်လည်း ဖြစ်ကောင်းဖြစ်သွားနိုင်ပါကြောင်း သုံးသပ်လိုက်ရပါတယ်။

မဟာရန်ကုန် မြို့ပြသယ်ယူပို့ဆောင်ရေး စီမံကိန်း (YUTRA) အတွက် အမေရိကန်ဒေါ်လာ ၂၅ ဘီလျံ ကုန်ကျမည်



Eleven Media Group

မဟာရန်ကုန် မြို့ပြသယ်ယူပို့ဆောင်ရေး စီမံကိန်း (YUTRA) အတွက် အမေရိကန်ဒေါ်လာ ၂၅ ဘီလျံ ကုန်ကျမည်ဖြစ်ကြောင်း JICA မှ လေ့လာရေး အဖွဲ့ခေါင်းဆောင် မစ္စတာ တာကာရှိရှိုးယာမက ပြောကြားသည်။

မဟာရန်ကုန် မြို့ပြသယ်ယူပို့ဆောင်ရေး မဟာဗျူဟာ စီမံကိန်းနှင့် ပတ်သက်သည့် အများပြည်သူသို့ ပွင့်လင်းမြင်သာစွာချပြခြင်း အစည်းအဝေးတွင် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“မဟာစီမံကိန်း တစ်ခုလုံးစာ အကောင်အထည် ဖော်မယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ်၊ ရေတို၊ ရေလတ်၊ ရေရှည်စီမံကိန်း အားလုံးအတွက်ဆိုရင် အမေရိကန်ဒေါ်လာ သန်းထောင်ပေါင်း ၂၅၀၀ လောက်ရှိပါတယ်။ ၂၅ ဘီလျံ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အခြားပုဂ္ဂလိက လုပ်ငန်းတွေနဲ့ BOT ဆောင်ရွက်မယ်ဆိုရင် ၁၆ ဘီလျံအထိ လျှော့ချနိုင်မယ်” ဟု မစ္စတာ တာကာရှိရှိုးယာမက ဆိုသည်။

အဆိုပါ စီမံကိန်းကို ရေတို၊ ရေလတ်၊ ရေရှည်စီမံကိန်းဟူ၍ သတ်မှတ်ထားပြီး ရေတိုစီမံကိန်း ၂၀၁၈၊ ရေလတ်စီမံကိန်း ၂၀၂၅၊ ရေရှည်စီမံကိန်း ၂၀၃၅ အထိ သတ်မှတ်ထားကြောင်း သိရသည်။

“ဒီစီမံကိန်းမှာ အဓိကဦးစားပေးမယ့် အဆင့်တွေကို ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီနှစ်အစောပိုင်းမှာ သွားလာရေးနဲ့ ယဉ်ကြောဆိုင်ရာ စစ်တမ်းများကို ကောက်ယူခဲ့တဲ့အခါမှာ အိမ်ထောင်စုပေါင်း ၁၁၀၀၀ ကျော်ကို စစ်တမ်းကောက်ခဲ့တယ်။ လူဦးရေကလည်းပဲ မကြာမီမှာ သိသိသာသာ တိုးတက်လာမယ်။ လက်ရှိရန်ကုန်မြို့လယ်ရဲ့ လူဦးရေဟာ ၅ ဒသမ ၇ သန်းခန့်မှန်းတယ်။ ၂၀၃၅ မှာ ၉ ဒသမ ၇ သန်းရှိမယ် ခန့်မှန်းထားတယ်။ ဒါဆိုရင် ခရီးသွားလိုအပ်ချက် ပိုတိုးလာမယ်။ ခရီးသွားလာမှုဟာ အခုအချိန်မှာ ၁၁ သန်းရှိရာကနေ ၂၀၃၅ မှာ ၁၉ ဒသမ ၅ သန်းရှိလာမှာမို့ သန်း ၂၀ လောက်တိုးလာမယ်။ ဒါဟာ ၁ ဒသမ ၈ ဆတိုးတက်လာတယ်။ လူနေထူထပ်လာမယ့် နေရာတွေမှာ အများပြည်သူ သယ်ယူပို့ဆောင်မယ့် လိုအပ်ချက်က လိုအပ်လာမှာဖြစ်တယ်” ဟု ယင်းကဆက်လက်ပြောကြားသည်။

ထို့ပြင် ရန်ကုန်မြို့၏ အချက်အချာကျသော နေရာများနှင့် အဓိကလမ်းမများတွင် ယာဉ်ကြောပိတ်ဆို့မှု လျှော့ချရေးစီမံကိန်း၊ ယာဉ်ရပ်နားမှု အဆင့်မြှင့်တင်ခြင်း၊ ယာဉ်အန္တရာယ်ကင်းရှင်းမှု ငါးနှစ်အစီအစဉ်တို့ကို ယာဉ်ကြောစီမံခန့်ခွဲမှုဆိုင်ရာ စီမံကိန်းများအဖြစ် အဆိုပြုထားကြောင်း သိရသည်။

ယာဉ်ကြောပိတ်ဆို့မှု လျော့ကျစေရန်အတွက် ဦးစားပေးအဆင့် သုံးရပ်ဖြင့် ရန်ကုန်တိုင်း အစိုးရအဖွဲ့မှ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ပို့ဆောင်ရေးဝန်ကြီး ဦးအောင်ခင်က ယင်းအခမ်းအနားတွင် ပြောကြားခဲ့သည်။

JICA နှင့် မြန်မာအစိုးရတို့အကြား အဆိုပါစီမံကိန်း၏ ကုန်ကျစရိတ်အတွက် မည်သို့ဆောင်ရွက်မည်ကို ညှိနှိုင်းသွားမည်ဖြစ်ကြောင်း ယင်းကဆိုသည်။

ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသော ခရီးသည်တင် ဘတ်စ်ကားများအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

ရည်ရွယ်ချက်က ပြည်သူ့ အတွက်တဲ့...အကျိုးအမြတ်က သူတို့ အတွက်


Kyaw Thu
ခေါင်းစည်းတွေကိုအမျိုးမျိုးပေး...ပါတဲ့သူတွေက သူတို့ ချည်းဘဲ...ရည်ရွယ်ချက်က ပြည်သူ့ အတွက်တဲ့...အကျိုးအမြတ်က သူတို့ အတွက်ဘဲ...ပြည်သူတွေက ဒုံရင်းဒုံရင်း...တိုင်းပြည်ရေးကလှုပ်တုပ်လှုပ်တုပ်...နိုင်ငံရေးကေ၀၀ါးေ၀၀ါး...တောမီးလောင် လက်ခမောင်းခတ်တာသူတို့ တွေဘဲ။ သန်း(၆၀)ကိုခုတုန်းလုပ်ကြစားတဲ့သူတွေ...မင်းတို့ ဘ၀နိဂုံးချုပ်တာ..." ကျော်သူ"တောင်မသိလိုက်ဘဲ...အရှင်လတ်လတ်မြေကြီးထဲကိုရောက်ကုန်တော့မဟဲ့။