Saturday, January 18, 2014
ဗျူးဒူးဗြဲဒဲကြီးတွေမလုပ်ပါနဲ့
ဒေါ်စုအာဏာရရင်သာသနာကွယ်မယ်ဆိုပြီးဝါဒဖြန့်တဲ့သူတွေပိန်းချက်.....
ဒေါ်စုအာဏာရရင်သာသနာပိုသန့်စင်လာဖို့ပဲရှိတယ်၊
အဲ..သန့်စင်တဲ့အထဲသူတို့ပါသွားမှာကြောက်လို့ဆိုရင်တော့ရှိစေတော့....
ဒါပေမယ့်ဗျာ..
သာသနာကွယ်တာမကွယ်တာခဏထား။။။
ဆေးကုသမှုမရလို့လမ်းဘေးသေနေရတာတွေ...
နေစရာမရှိလို့လမ်းဘေးအိပ်နေရတာတွေ...
ပညာသင်ဖို့အခွင့်မရတဲ့ကလေးတွေ...
ပင်စင်လစာကိုခေတ်ကာလပေါက်ဈေးနဲ့မရသူတွေ..
သက်ကြီးရွယ်အိုစောင့်ရှောက်ရေးစနစ်မကောင်းတာတွေ...
လူ့အခွင့်အရေးဆုံးရှုံးနေရတဲ့တိုင်းရင်းသားရွာလေးတွေ...
ဘယ်ပါတီတက်လာရင်ဖြင့်အဲ့ဒါတွေပပျောက်မယ်...
အဲ့လိုလေးလုပ်ပါ။
ဗျူးဒူးဗြဲဒဲကြီးတွေမလုပ်ပါနဲ့...
ကျွန်တော်တို့လဲဗုဒ္ဒဘာသာဝင်တွေဆိုတော့ငရဲမရချင်တာတော့အမှန်...
နိုင်ငံတော် အတွက် အလုပ်လုပ်တယ်တဲ့
r
ဒီနေ့ကာတွန်း
ပြည်ခိုင်ဖြိုး ရေးသင့်သော သမိုင်း
The Voice Weekly
(ပိုက်တင်)
အာဏာရပါတီ၊ တပ်မတော်နဲ့ နီးစပ်မှု၊ နားလည်မှု အရှိဆုံး ပါတီ၊ စစ်အစိုးရထံမှ အာဏာလွှဲပြောင်း ရယူခဲ့တဲ့ ပါတီဖြစ်တဲ့ ပြည်ခိုင်ဖြိုး ပါတီအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ လူထုထောက်ခံမှု အများဆုံး ဖြစ်နေသေးတဲ့ အတိုက်အခံပါတီကြီး NLD နဲ့ အဓိက ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။
နိုင်ငံရေးအရ ဒီမိုကရေစီဘက်ကို သိသာထင်ရှားစွာ ပိုမိုရွေ့လျားတယ်လို့ နိုင်ငံတကာ အသိုင်းအဝိုင်း တစ်ခုလုံးကရော၊ ပြည်တွင်းကပါ လက်ခံ ယုံကြည်ဖို့အတွက် ရွေးကောက်ပွဲ ကော်မရှင်မှာပဲ တာဝန်ရှိတာ မဟုတ်ဘဲ ပြည်ခိုင်ဖြိုးပါတီအနေနဲ့လည်း အထူးတလည် ဂရုတစိုက် ဆောင်ရွက်ပေးဖို့ လိုအပ်နေတဲ့ အနေအထား ဖြစ်နေပါတယ်။
လက်ရှိအချိန်မှာ အခြေခံဥပဒေပုဒ်မ ၅၉ (စ) နဲ့ပတ်သက်လို့ ဘယ်လောက်အထိ ပြင်ဆင်နိုင်မလဲ ဆိုတဲ့ ကိစ္စဟာ မရေမရာဖြစ်နေဆဲ ဖြစ်တဲ့အပြင် မြန်မာ့နိုင်ငံရေးခရီး တည်ငြိမ်မှု ရှိရေးအတွက် အဓိကကျတဲ့ အချက် ဖြစ်နေတာလည်း တွေ့ရပါတယ်။ လတ်တလော ခန့်မှန်းရသလောက် လွှတ်တော်များမှာ အမတ်ဦးရေ အများစု ရှိနေတဲ့အပြင် တပ်မတော်နဲ့လည်း နားလည်မှု အပြည့်အဝ ရှိတယ်လို့ ယူဆရတဲ့ ပြည်ခိုင်ဖြိုးအနေနဲ့ သမ္မတလောင်းအတွက် သတ်မှတ်ချက်များကို ပြဋ္ဌာန်းထားတဲ့ ပုဒ်မ (၅၉) ကို အတိုက်အခံပါတီကြီး လက်ခံနိုင်တဲ့ အနေအထားအထိ ပြင်ဆင်ပေးဖို့ စဉ်းစားထားတဲ့ ပုံမရှိသေးတဲ့ အပြင် ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေး ဆုံးဖြတ်ချက်အတိုင်း အတိုင်းအတာ တစ်ခုအထိ ပြင်ဆင်ပေးရေးကိုတောင်မှ လွှတ်တော်တွင်းမှာ ဆွေးနွေးဆုံးဖြတ် အတည်ပြုနိုင်ဖို့ ကံသေကံမ ပြောနိုင်တဲ့ အခြေအနေ မရှိသေးပါဘူး။
ဒီမိုကရေစီနဲ့ မကိုက်ညီသေးတဲ့ တခြားသောပုဒ်မများကို ပြင်ဆင်နိုင်ရေးထက် ၅၉ ( စ ) ကို ပြင်ဆင်ရေးက ပိုပြီး အများရဲ့အာရုံစိုက်မှု ဖိအားပေးမှုကို ကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။
ပြည်ခိုင်ဖြိုးအနေနဲ့လည်း ပါတီတွင်းမှာ လူမသိ သူမသိ အကျပ်အတည်းတချို့ ရှိနေတယ်လို့ ထင်မြင်ယူဆစရာ အကြောင်းများ ရှိနေပြီး ၂၀၁၅ ဟာ အာဏာရပါတီ အတွက် တကယ့် ဘေးကျပ်နံကျပ် ဖြစ်လိမ့်မယ် ဆိုတာလည်း အထင်အရှား ဖြစ်နေပါတယ်။
ပြည်ခိုင်ဖြိုးနဲ့ တပ်မတော် နီးစပ်မှုကြောင့်အပြင်၊ အရင်အစိုးရထံမှ အာဏာလွှဲပြောင်းရယူထားတဲ့ ပါတီဖြစ်တဲ့အလျောက် အရင် အစိုးရလက်ထက်ကတည်းက အာဏာရှိခဲ့သူများ ဖြစ်တဲ့ ပုဂ္ဂိုလ်ကြီးများဟာ ၂၀၁၀ မှာ မူပြောင်းပေးခဲ့ပြီး ၂၀၁၅ မှာ လူပါ ပြောင်းပေးရနိုင်တဲ့ အနေ အထားဖြစ်နေကာ ဆုံးဖြတ်ချက်များကို အမှန်ကန်ဆုံး ချမှတ်ဖို့ အလိုအပ်ဆုံး အချိန်အခါ ဖြစ်နေပါတယ်။ ပြည်တွင်း ပြည်ပ မြန်မာ့နိုင်ငံရေးကို စောင့်ကြည့်သူ အများစုက ၂၀၁၅ မှာ အုပ်ချုပ်သူရော မူရောပြောင်းတဲ့ အနေအထား အမှန်တကယ် ဖြစ်ပါ့မလား (တရားမျှတတဲ့ ရွေးကောက်ပွဲများ ဖြစ်လာပါ့မလား) ဆိုတာ သံသယတွေနဲ့ စောင့်ကြည့်နေကြတာလည်း ဖြစ်ပါတယ်။
လက်ရှိအနေအထားဟာ ပြည်ခိုင်ဖြိုးဟာ ဒီမိုကရေစီစနစ် ပီပီပြင်ပြင် ပေါ်ထွန်းတဲ့အထိ တရွေ့ရွေ့သာ ကူးပြောင်းဖို့ ဆုံးဖြတ်ထားတဲ့ အနေအထားမျိုးမှာ ရှိနေပြီး ၂၀၁၅ မှာ အတိုက်အခံတို့ အနိုင်ရခဲ့ရင် နိုင်ငံရေးတည်ငြိမ်မှုကို အာမခံချက် ရှိပါ့မလား ဆိုတဲ့ အချက်ကိုတော့ ယင်းပါတီကိုယ်တိုင်ရော နိုင်ငံရေး နယ်ပယ်က ပုဂ္ဂိုလ်တော်တော်များများပါ စိုးရိမ်တကြီး ရှိနေကြတာ ဖြစ်ပါ တယ်။ တစ်ဖက်မှာ ဒီမိုကရေစီကို မြန်မြန်တည်ဆောက်လိုတဲ့ ဆန္ဒနဲ့ တစ်ဖက်မှာ နိုင်ငံရေးလမ်းကြောင်း ပြောင်းလဲပြီး မျှော်လင့်ချက်များ ပျောက်ဆုံးမှာ စိုးရိမ်နေကြတဲ့ သဘောပါ။
ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်များအနေနဲ့ လူထုရဲ့လက်ခံမှုကို အပြည့်အဝရဖို့ ဆိုရင် အချက်နှစ်ချက်ကို ပိုင်းဖြတ်လုပ်ဆောင်ဖို့ သင့်တယ်လို့ ယူဆပါတယ်။ ပထမတစ်ချက်က လောလောဆယ် အသံထွက်နေသလို သူရဦးရွှေမန်းကို သမ္မတလောင်း အဖြစ် ရွေးမယ့် ကိစ္စကို ပယ်ဖျက်ပြီး လက်ရှိသမ္မတကို သမ္မတလောင်းအဖြစ် ရွေးချယ်ဖို့ဖြစ်ကာ ဒုတိယတစ်ချက်က ဒေါ်စုကို သမ္မတလောင်း ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရအောင် ဥပဒေကို ပြင်ဆင်ပေးဖို့ ဖြစ်ပါတယ်။ ဒီလိုဆုံးဖြတ် လုပ်ဆောင်ဖို့ ပြည်ခိုင်ဖြိုးအနေနဲ့ တွန့်ဆုတ်နေ တာမှန်ပေမယ့် ၂၀၁၅ မှာ ပါတီအနေနဲ့ အကောင်းဆုံးရလဒ်ရဖို့၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်မြှင့်တင်နိုင်ဖို့နဲ့ ဒီမိုကရေစီသို့ ဦးတည်နေတဲ့ နိုင်ငံရေးလမ်းကြောင်း မယိမ်းမယိုင် ရှိရေးအတွက် ဒီနည်းလမ်း တစ်ခုတည်းက အကောင်းဆုံးဖြစ်တယ်လို့ ယူဆပါတယ်။
ပြည်ခိုင်ဖြိုးကို လက်ရှိပြည်တွင်းပြည်ပက လက်ခံတယ်ဆိုတာ လက်ရှိသမ္မတကို ယုံကြည်လက်ခံလို့ ဆိုတဲ့အချက်က အဓိကဖြစ်တယ် ဆိုတာ ငြင်းမရပါဘူး။ လက်ရှိသမ္မတရဲ့ အောင်မြင်မှု၊ ဂုဏ်သိက္ခာမြင့်မားမှုနဲ့ လူထု ထောက်ခံမှုကို ပါတီအနေနဲ့ ပြန်လည် အသုံးမချဘူးဆိုရင် အမြော်အမြင် နည်းလွန်းရာ ကျပါလိမ့်မယ်။ ပြည်တွင်းပြည်ပက လက်ခံမှုလုံးဝ မရှိခဲ့တဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်များကို လက်ခံယုံကြည်မှု တစ်စတစ်စ တိုးပွားလာအောင် စွမ်းဆောင်ပေးနိုင်တဲ့ လက်ရှိသမ္မတဟာ ပြည်ခိုင်ဖြိုး ပါတီရဲ့ လာမယ့် ရွေးကောက်ပွဲရလဒ်ကို အနည်းဆုံး အတိုင်းအတာ တစ်ခုအထိ ကောင်းမွန်စေမယ် ဆိုတာ ထင်ရှားနေပါတယ်။
လောလောဆယ် နာမည်ထွက်နေတဲ့ သူရဦးရွှေမန်း အနေနဲ့လည်း အမှန်တကယ်သာ နိုင်ငံနဲ့လူထု အတွက် အားသွန်ခွန်စိုက် ဆက်လက်ကြိုးပမ်း မယ်ဆိုရင် ၂၀၂၀ ရွေးကောက်ပွဲမှာ မျှော်လင့်ချက်ကောင်းစွာ ရှိနေတာ ဖြစ်ပါတယ်။
သမ္မတရာထူး ယှဉ်ပြိုင်တဲ့အချိန် ရောက်လာတဲ့အခါ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို ပိုင်ပိုင်နိုင်နိုင် ရထားပြီးတဲ့ ပါတီဖြစ်တဲ့အပြင် တ.စ.ည ပါတီရဲ့ ဆန္ဒမဲနဲ့ အခြားပါတီတချို့ရဲ့ ဆန္ဒမဲများ ကိုလည်း ရရှိနိုင်တဲ့ အနေအထားမှာ လက်ရှိသမ္မတကို သမ္မတလောင်းအဖြစ် ရွေးချယ်ခဲ့မယ်ဆိုရင် ပြည်ခိုင်ဖြိုး အနေနဲ့ လိုအပ်တဲ့ ဆန္ဒမဲ ၁၅ ရာခိုင်နှုန်း မှ ၂၀ ရာခိုင်နှုန်းခန့် အတွက် လွှတ်တော်ကိုယ်စားလှယ်များ ၎င်းတို့ပါတီကနေ ရွေးချယ် တင်မြှောက်ခံရဖို့ ကြိုးစား အားထုတ်နိုင်တာဖြစ်ပါတယ်။ လက်ရှိသမ္မတ မဟုတ်ရင်တော့ မျှော်လင့်ချက်က မရှိသလောက် ဖြစ်ပါတယ်။
တစ်ဖက်ကို ကြည့်လိုက်ရင်လည်း NLD အနေနဲ့က မဲဆန္ဒနယ် အများစုကို အနိုင်ရဖို့ သေချာနေတဲ့အပြင် တိုင်းရင်းသားပါတီများရဲ့ ဆန္ဒမဲများ ကိုလည်း သမ္မတ ရွေးချယ်တင်မြှောက်ရာမှာ NLD ကပဲ အများစုရဖို့ ရှိနေပါတယ်။ ဒီတော့ ဒေါ်စုသမ္မတလောင်း ဖြစ်ခွင့်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ NLD ပါတီက အစိုးရဖွဲ့နိုင်ရေး တော်တော်ကြီး နီးစပ်နေတာဖြစ်ပြီး NLD ပါတီရဲ့ Capacity ကိုလည်း အားလုံးက စိုးရိမ်နေကြတာ ဖြစ်လေတော့ ဒေါ်စုဦးဆောင်တဲ့ အစိုးရ ဖွဲ့တာကို ရွေးမလား၊ ဒေါ်စုမပါတဲ့ NLD အစိုးရဖွဲ့တာကို ရွေးမလားဆိုတဲ့ ကိစ္စကို စဉ်းစားကြည့်သင့်ပါတယ်။
တရားမျှတစွာ ယှဉ်ပြိုင်ခွင့်ကလည်း ၂၀၁၅ မှာ တော်တော် အရေးပါနေတာ ဖြစ်ပြီး ၂၀၁၅ သမိုင်းကိုလည်း နောင်တစ်ချိန်ကျမှ အသစ်ပြန်ရေးလို့ ရမှာ မဟုတ်ပါဘူး။ ပြည်ခိုင်ဖြိုးဟာ လက်ရှိသမ္မတကို သမ္မတလောင်း အဖြစ် ရွေးချယ်ပြီး တစ်ဖက်ကလည်း ဒေါ်စုကို ယှဉ်ပြိုင်ခွင့် ပေးလိုက်မယ်ဆိုရင် ပြည်ခိုင်ဖြိုးပါတီ အစိုးရဖွဲ့ခွင့် အတွက် ကြိုးပမ်းနိုင်ရုံ မကဘဲ တစ်ဖက်မှာလည်း (ရွေးကောက်ပွဲ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ) ပါတီရဲ့ ဂုဏ်သိက္ခာကိုပါ အကြီးအကျယ် မြှင့်တင်နိုင်မှာ မုချဖြစ်ပါတယ်။
ဒေါ်စုအနေနဲ့လည်း ၂၀၂၀ ရွေးကောက်ပွဲကျင်းပချိန် ဆိုရင် အသက်အရွယ်အားဖြင့် တော်တော်ကြီးနေပြီ ဖြစ်မှာမို့ ၂၀၁၅ မှာ ၀င်ရောက်ယှဉ်ပြိုင်ခွင့် မရခဲ့ရင် အများက လိုလားတောင့်တတဲ့ ခေါင်းဆောင်တစ်ယောက်ကို ပြည်ခိုင်ဖြိုးက ပိတ်ပင်ထားတယ် ဆိုတဲ့သမိုင်း ကျန်ရစ်တော့မှာ ဖြစ်ပါတယ်။ မြန်မာတွေအနေနဲ့ ခါးသီးဆိုးရွားလှတဲ့ သမိုင်းသင်ခန်းစာ အမြောက်အမြားကို ရရှိထားကြပြီး ဖြစ်တာမို့ နောက်ထပ် နောင်တရစေမယ့် သမိုင်းဆိုး တစ်ခုကို ရှောင်ရှားလို့ ရသလောက် ကြိုတင်ရှောင်ရှားနိုင်ကြရင် အကောင်းဆုံး ဖြစ်မယ်လို့လည်း ယူဆပါတယ်။
အခြေခံဥပဒေ အရ နိုင်ငံတော် တည်ငြိမ်ရေးနဲ့ လုံခြုံရေးအတွက် အာမခံချက်လည်း အပြည့်အဝ ရှိနေတာမို့ အတိုက်အခံသမ္မတ (အစိုးရ) ကို အထူးတလည် စိုးရိမ်နေစရာ မရှိလှဘဲ တကယ်တမ်း အတိုက်အခံ အနိုင်ရ ခဲ့ရရင် ပြည်ခိုင်ဖြိုးပါတီနဲ့ တပ်မတော်တို့အပေါ်မှာ ကျန်ရှိနေသေးတဲ့ မကျေနပ်မှု အကြွင်းအကျန်ကို လုံးဝ ကွယ်ပျောက်သွား စေမှာလည်း ဖြစ်ပါတယ်။ ၂၀၁၅ ကို စိုးရိမ်တကြီး စောင့်ကြည့်နေကြတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း တစ်ခုလုံး ကလည်း တစ်ခဲနက် သြဘာပေးကြမှာ ဖြစ်တဲ့အပြင် ဖွံ့ဖြိုးတိုးတက်ရေး ကိုလည်း အကြီးအကျယ် အရှိန်မြှင့် ဆောင်ရွက်နိုင်မှာ အသေအချာ ဖြစ်ပါတယ်။
ဦးသိန်းစိန်ကို သမ္မတလောင်းအဖြစ် ရွေးချယ်ပြီး ဒေါ်စုကိုလည်း လမ်းဖွင့်ပေးလိုက်တဲ့ နည်းဟာ ပြည်ခိုင်ဖြိုးရေးရမယ့် အကောင်းဆုံး ၂၀၁၅ သမိုင်းဖြစ်ပြီး နိုင်ငံနဲ့လူထု အတွက်လည်း ဒီမိုကရေစီခရီးကို တည်တည်ငြိမ်ငြိမ် ဆက်လက် လျှောက်လှမ်းနိုင်ဖို့ အကောင်းဆုံး အာမခံချက် ဖြစ်ပါလိမ့်မယ်။ ကြိုးစားမယ် ဆိုရင် ပြည်ခိုင်ဖြိုးအစိုးရကို ဂုဏ်သိက္ခာရှိရှိ ဖွဲ့နိုင်တဲ့ အလားအလာလည်း ရှိနေသေးတာဖြစ်ပြီး မျှမျှတတ ယှဉ်ပြိုင်ခွင့်ပေးလို့ အတိုက်အခံတို့ ရှုံးနိမ့်ခဲ့ရင်လည်း ရလဒ်ကို အားလုံးက ကျေကျေနပ်နပ် လက်ခံရမှာ၊ လက်ခံကြမှာ ဖြစ်ပါတယ်။
ဒီလိုမှ မဟုတ်လို့ ပြည်ခိုင်ဖြိုး အနေနဲ့ ၅၉(စ)ကို ပြင်မပေးဘဲ၊ လက်ရှိ သမ္မတကိုလည်း ပြန်လည်ရွေးချယ်ခြင်း မပြုဘဲ ၂၀၁၅ ရွေးကောက်ပွဲကို ၀င်မယ် ဆိုရင်တော့ ရွေးကောက်ပွဲလည်း သေချာပေါက် ရှုံးမှာဖြစ်တဲ့အပြင် ဂုဏ်သိက္ခာလည်း ရှုံးရုံမက ၂၀၁၅ သမိုင်းကို မလှမပ ရေးသားခဲ့တဲ့ပါတီ အဖြစ် နောက်ထပ် အမည်းစက် ထင်ကျန်နိုင်တယ်လို့ ဆိုပါရစေ။ ဒီသမိုင်းကို ရေးဖို့ အခါအခွင့်ကို တစ်ကြိမ်ပဲရရှိတာ ဖြစ်တဲ့အပြင် ရေးဖို့ အခွင့်အလမ်း အများစုကိုလည်း ဆုပ်ကိုင်ထားတဲ့ ပါတီကြီးအနေနဲ့ နိုင်ငံနဲ့ လူထုအကျိုးစီးပွားကို မျှော်လို့လည်းကောင်း၊ ပါတီရဲ့ရေရှည်အကျိုးစီးပွား (လူထုထောက်ခံမှု ရေရှည်မှာ ရရှိဖို့) ကို မျှော်လို့လည်းကောင်း၊ အတိတ်က ဘယ်လိုအကြောင်းကြောင့် ဖြစ်စေ မှားယွင်းဆောင်ရွက်ဖူး ခဲ့သမျှကို ချေဖျက်ပြီး အမျိုးသား စည်းလုံးညီညွတ်ရေးကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ရေးကို မျှော်လို့လည်းကောင်း၊ ငြိမ်းချမ်းရေး၊ တန်းတူညီမျှရေးနဲ့ တိုးတက်ဖွံ့ဖြိုးရေးကို နိုင်ငံသားအားလုံးတို့ အလျင်အမြန် ခံစား စံစားနိုင်ကြရေး မျှော်လို့လည်းကောင်း အမြော်အမြင် ကြီးကြီးထားလျက် ဆုံးဖြတ် ဆောင်ရွက်နိုင်ကြ စေလိုသော စေတနာအရင်းခံဖြင့် ထောက်ပြဝေဖန် သတိပေးလိုက်ရပါတယ်။ ။
ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ပတ်သက်၍ ပုဂ္ဂိုလ်ရေးရာ စကားလုံးများကို သီတဂူဆရာတော် မိန့်ကြားခြင်း မရှိကြောင်း ဦးဝီရသူက မိန့်ကြား
The Voice Weekly
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ပတ်သက်၍ ပုဂ္ဂိုလ်ရေးရာ စကားလုံးများကို သီတဂူ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် အဓိပတိ ဆရာတော် အရှင်ဉာဏိဿရက မိန့်ကြားခြင်း မရှိကြောင်း မန္တလေးတိုင်းဒေသကြီး သာသနဝံသပါလ (ခေါ်) အမျိုးဘာသာ သာသနာအဖွဲ့က ထုတ်ပြန် ကြေညာသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကိုမဲ ပေးရန်၊ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်လာပါလျှင် အမျိုးဘာသာ သာသနာ မှေးမှိန်နိုင်သည်ဟု သီတဂူ ဆရာတော်ကြီးက မန္တလေးတိုင်းဒေသကြီးတွင် ကျင်းပနေသည့် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့၏ အတုမရှိ သံဃာ့ ညီလာခံကြီးတွင် မိန့်ကြားသည်ဟု မီဒီယာအချို့၏ ဖော်ပြမှုအပေါ် ယင်းသို့ ပြန်လည် ရှင်းလင်းခြင်း ဖြစ်သည်။
သီတဂူ ဆရာတော်ကြီးသည် ၎င်း၏ သြဝါဒ မိန့်ခွန်းအပြင် အလွတ်သဘော ပြောဆိုသည့် သြဝါဒများတွင်ပါ အဆိုပါ ပုဂ္ဂိုလ်နှစ်ဦးအနက် မည်သူ့ကို ထောက်ခံသည်၊ မည်သူ့ကို ကန့်ကွက်သည်ဟု အရိပ်အမြွက်ပင် မိန့်ကြားခဲ့ခြင်း မရှိကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင် အများစုက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လျှင် အမျိုးဘာသာ သာသနာ မှေးမှိန်နိုင်စရာ ရှိသည်ဟု ယုံကြည်နေသဖြင့် လက်ရှိသမ္မတ ဦးသိန်းစိန်ကို ထောက်ခံမဲ ပေးရန် သီတဂူ ဆရာတော်က မိန်ကြားလိုက်သည်ဟု သံဃာ့ညီလာခံကြီး တက်ရောက် သည့် မန္တလေးမြို့ခံတစ်ဦးက ပြောဆိုသည်ဟုဆိုကာ ဇန်နဝါရီလ ၁၇ ရက်နေ့ထုတ် မွန်းတည့်နေ အပတ်စဉ်ထုတ် သတင်းဂျာနယ်တွင် ဖော်ပြသည်။
“သီတဂူ ဆရာတော်ကြီးက ဒေါ်အောင်ဆန်းကြည်နဲ့ ပတ်သက်လို့ တစ်ခွန်းတစ်ပါဒမျှ မိန့်ကြားခဲ့တာ မရှိဘူး” ဟု မန္တလေး မစိုးရိမ်ကျောင်းတိုက် ဆရာတော် ဦးဝီရသူက မိန့်ကြားသည်။
ဆရာတော်ကြီးသည် အချင်းချင်း စိတ်ဝမ်းကွဲပြားမည့် အလုပ်မျိုးကို ရှောင်ကြဉ်ပြီး နိုင်ငံသားအားလုံး အကျိုးရှိသည့် အလုပ်မျိုးကိုသာ တက်ညီလက်ညီ ဆောင်ရွက်ရန် မိန့်ကြားခဲ့ပြီး မည်သည့် ပုဂ္ဂိုလ်ကိုမျှ သာစေနာစေဟူသော စိတ်ထားမျိုး မရှိသကဲ့သို့ လူမျိုးရေး၊ ဘာသာရေးနှင့် ပတ်သက်၍လည်း ကျဉ်းမြောင်းသည့် အမြင်မရှိကြောင်း မန္တလေးတိုင်းဒေသကြီး အမျိုးဘာသာ သာသနာအဖွဲ့က ထုတ်ပြန်သည်။
သို့သော်လည်း ယင်းသံဃာ့ ညီလာခံကြီးတွင် မန္တလေးတိုင်းဒေသကြီး ထိန်လင်းပရဟိတ စာသင်တိုက် ပဓာန နာယက၊ တိပိဋက ဓရရမ္မာဝတီ ဆရာတော်သည် အတုမရှိ သံဃာ့ညီလာခံကြီး မူဝါဒ သဘောထားစာတမ်း မဖတ်ကြားမီ သီတဂူ ဆရာတော်ကြီး၊ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည် တို့နှင့် ပတ်သက်၍ ပုဂ္ဂိုလ်ရေးရာ စကားများကို မိန့်ခဲ့ရာ ယင်းမိန့်ကြားချက်များသည် မန္တလေးတိုင်းဒေသကြီး အမျိုးဘာသာ သာသနာအဖွဲ့၏ လမ်းစဉ် မဟုတ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။
သီတဂူ ဆရာတော်နှင့် ပတ်သက်၍ ဖော်ပြမိခဲ့သော သတင်းသည် အတည်မပြုနိုင်သည့် စာနယ်ဇင်း ကျင့်ဝတ်နှင့် မကိုက်ညီသည့် သတင်းဖြစ်၍ ပြန်လည် ရုပ်သိမ်းကြောင်း မွန်းတည့်နေ အပတ်စဉ်ထုတ် ဂျာနယ်၏ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွင် ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ဖော်ပြထားသည်။
ြ​မို့​​န​ယ် ၃​ဝကျော်​မှ လယ်သ​မား ၅​ဝ​ဝ လယ်သိ​မ်း​ခံ​ရ​မှု​အတွ​က် ရန်ကုန်မှာ ဆန္ဒြ​ပ
ကမာရွတ် မီဒီယာ
အာဏာ​ပို​င​္ေ​တြ​က တာ​ဝန္ယူ​မႈ တစ္ခု​မွ မ​လုပ္တဲ့​အေ​ပ​ၚ ဇန္န​ဝါ​ရီ ၁​၈​ရ​က​္ေ​န​႔​မွာ ရန္ကု​န​္​ၿ​မိ​ဳ​႕ေ​တာ်​ခ​မ်း​မေ​ရွ​႕​­မွာ ဆႏ​ၵျ​ပ​ခဲ့​ပါ​တ​ယ်။
မောင်တောအကြမ်းဖက်မှု မွတ်စလင်ရွာသား ၈၄ ဦးကို ဖမ်းဆီးစစ်ဆေး
RFA Burmese
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရာတန် မွတ်စလင်ကျေးရွာမှာ တပ်ကြပ်ကြီးအဆင့်ရှိတဲ့ ရဲအရာရှိတစ်ဦး အကြမ်းဖက်ခံရပြီး ပျောက်ဆုံးနေတဲ့ကိစ္စနဲ့ ဆက်နွယ်ပြီး ဒုချီးရာတန်ကျေးရွာက မွတ်စလင် ၈၄ ဦးကို အာဏာပိုင်တွေဘက်က ခေါ်ယူစစ်ဆေးနေကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က RFA ကို ဒီကနေ့ ပြောပါတယ်။
စစ်ဆေးပေါ်ပေါက်ချက်တွေ အပေါ်မူတည်ပြီး ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က အခုလိုပြောပါတယ်။
"အဲဒီအမှုနဲ့ ပတ်သက်ပြီး အဲဒီရွာမှာရှိတဲ့ ဘင်္ဂါလီအမျိုးသား၊ အမျိုးသမီး၊ လူငယ် စုစုပေါင်း ၈၄ ယောက်ကို ခေါ်ယူပြီးတော့ စစ်ဆေးနေတုန်းပဲရှိသေးတယ်၊ ဖမ်းထားတာမရှိသေးဘူး၊ ဒီ ၈၄ ဦးထဲမှာလည်း ပါဝင်ပတ်သက်မှုမရှိရင်တော့ ပြန်လွှတ်ပေးမှာပေါ့၊ ပါဝင်ပတ်သက်မှုရှိတယ် ပြစ်မှုကျူးလွန်တယ်ဆိုရင်လည်း သူတို့ဆက်ပြီးအရေးယူဖို့ ဆောင်ရွက်ပါလိမ့်မယ်"
လောလောဆယ် ဒုချီးရာတန်ရွာခံတွေကို စစ်ဆေးပေါ်ပေါက်ချက်တွေ အပေါ်မူတည်ပြီး ရှာဖွေရာမှာ ဂေါ်ဒူသာရချောင်းကမ်းစပ်နဲ့ ဒုချီးရာတန် အီစလန်အမည်ရ ဗလီအနီးတစ်ဝိုက်မှာ ရဲတပ်ကြပ်ကြီးရဲ့ ယူနီဖောင်းတန်ဆာအချို့ကို သဲလွန်စအဖြစ် ရှာဖွေသိမ်းဆည်းရမိပေမယ့် လက်နက်နဲ့အတူ ပျောက်ဆုံးနေတဲ့ ရဲတပ်ကြပ်ကြီးကိုတော့ ဒီကနေ့အချိန်အထိ ရှာဖွေမတွေ့ရှိရသေးကြောင်း ဦးဝင်းမြိုင်က ပြောပါတယ်။
မောင်တောခရိုင် ခရေမြိုင်ရဲကင်းက လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေဟာပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့ညက် ဒုချီးရာတန် မွတ်စလင်ကျေးရွာမှာ လုံခြုံရေးကင်းလှည့်စဉ် အကြမ်းဖက်တိုက်ခိုက်ခံရကာ ရဲတပ်ကြပ်ကြီးတစ်ဦး လက်နက်နဲ့အတူ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး နိုင်ငံတကာ မီဒီယာတွေရဲ့ ထုတ်လွှင့်ချက်ဟာ ဖြစ်စဉ်အမှန်နဲ့ လွဲချော်နေသလို မွတ်စလင်တွေ အများအပြား အကြမ်းဖက်ခံရပြီး သေဆုံးခဲ့တဲ့ကိစ္စရပ်အပေါ် စိတ်မကောင်းဖြစ်ရကြောင်း အမေရိကန်နဲ့ ဗြိတိန်သံရုံးတွေက မနေ့ကရက်စွဲနဲ့ ပူးတွဲကြေငြာချက် ထုတ်ပြန်တဲ့ကိစ္စဟာလည်း သတင်းအခြေအမြစ်မရှိတဲ့ ထုတ်ပြန်ချက်သာဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်အစိုးရအနေနဲ့ လုံးဝကန့်ကွက်ရှုတ်ချကြောင်း ဦးဝင်းမြိုင်က ပြောပါတယ်။
၂ဝ၁ဝ ရွေးကောက်ပွဲ ကိုယ်စားလှယ် ဖြစ်လာသူအားလုံး ရှေ့ထွက်ခဲ့ပါ (ကရင်ပြည်နယ် လူထု တွေ့ဆုံပွဲ)
(ဘားအံ၊ မဇ္ဈိမ)
၂၀၀၈ - ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မည်သည့် ကိစ္စများကို မည်သည့် အတွက် ကြောင့် ပြင်လိုသည်ကို မိမိ ပြောသကဲ့ သို့ ၂ဝ၁ဝ ရွေးကောက်ပွဲ ရလာဒ်ဖြင့် ကိုယ်စားလှယ် ဖြစ်လာသူ အားလုံး အနေဖြင့်လည်း ပြည်သူ လူထု ရှေ့ထွက်၍ မပြင်ချင်လျှင် မည်သည့် အကြောင်းကြောင့် မပြင်ချင် သည် ကို ပြောရဲပါရဲ့လားဟု ဒေါ်အောင်ဆန်းစုကြည် က ပရိသတ် သောင်းချီ တက်ရောက် သည့် ကရင်ပြည်နယ် လူထု တွေ့ဆုံပွဲတွင် စိန်ခေါ်လိုက်သည်။
“ကျွန်မက စိန်ခေါ်ရဲပါတယ်။ ကျွန်မတို့ဟာ ပြည်သူ လူထုရှေ့မှာ ထွက်ပြီးတော့ ကျွန်မတို့ ဘာကြောင့် ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ချင်တယ်။ ဘယ်လို ကိစ္စတွေ ကို ပြင်ချင်သလဲဆိုတာ ကျွန်မတို့ပြောရဲတယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲက နေပြီး တော့ ရွေးကောက် တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ် အားလုံး ဟာ ကျွန်မတို့နည်းတူ ပြည်သူလူထုရှေ့ထွက်ပြီးတော့ မပြင်ချင်ရင်လည်း ဘာဖြစ်လို့ မပြင်ချင်ဘူးလဲဆိုတာ ပြောရဲသလားဆိုတာ ကျွန်မမေးချင်ပါတယ်” ဟု ဇန်နဝါရီ ၁၈ ရက်က ကရင်ပြည်နယ် ဘားအံမြို့အောင်သံလွင် အားကစားကွင်းတွင် ပြုလုပ်သော လူထုတွေ့ဆုံပွဲတွင် ပြောကြား လိုက်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်း မရှိခဲ့သည့် အတွက် ကရင်ပြည်နယ်တွင် ကိုယ်စားလှယ် တစ်ဦးမျှ ရွေးချယ် မခံထား ရသောကြောင့် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်မှ ရွေးချယ်ခံခဲ့ရသော ကိုယ်စားလှယ် များကို ပြည်သူများက မေးရန် လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြော ဆိုသည်။ “ကျွန်တော်တို့ မဲတွေ ယူပြီးတော့ ကိုယ်စားလှယ် ဖြစ်နေတဲ့ လူကြီးမင်းများ ခင်ဗျာ။ ဘယ်ဘက်က ရပ်တည်ပြီး ဘာကြောင့် ရပ်တည်လဲဆိုတာကို ကျွန်တ်ေတို့ကို ပွင့်ပွင့်လင်းလင်း ရှင်းပြပါလို့ တောင်းဆိုပါ။ ဒါ ပြည်သူ လူထု ရဲ့ တောင်းဆို ပိုင်ခွင့် ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။
တွေ့ဆုံပွဲသို့ တက်ရောက်လာသူ တစ်ဦးက အခြေခံဥပဒေ ပြင်ဆင်ခြင်း မည်မျှ ခရီး ရောက်နိုင် မည်နည်း ဟု မေးမြန်းရာတွင်မူ ဒေါ်အောင်ဆန်းစုကြည် က ပြည်သူ့ ထောက်ခံ လျှင် မပြင်နိုင်စရာ မရှိဟု ယုံကြည်ကြောင်း ပြန်လည် ဖြေကြားခဲ့ သည်။
၎င်းက ဆက်လက်၍ “ကျွန်မတို့ နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုရင် ပြည်သူလူထု ကို ကိုယ်စား မပြုတဲ့ လူတစ်စုက ပြုထားတဲ့ စာတမ်းဖြစ်ပါတယ်။ အဲတော့ ပြည်သူ လူထု ကို ကိုယ်စား မပြုတဲ့ လူတစ်စုက ပြုစုထားတဲ့ စာတမ်းကို ပြည်သူလူထုရဲ့ ဆန္ဒ ထောက်ခံမှုနဲ့ မပြုပြင်နိုင်စရာ အကြောင်း မရှိဘူးလို့ ကျွန်မယုံကြည်တယ်။ အနှေးနဲ့ အမြန် ပြင်နိုင်မယ်။ အမြန်ပြင်နိုင်မှ ကျွန်မတို့ နိုင်ငံ သက်သာမယ်”ဟု ဖြေကြားသည်။
လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြောင့် တပ်မတော်နှင့် ပြည်သူအကြား ရင်ကြား စေ့ရေး ခက်ခဲမည် ဟုလည်းဒေါ်အောင်ဆန်းစုကြည် က ထောက်ပြ ပြောဆိုသည်။
“တပ်မတော်နဲ့ ပြည်သူတွေကြားထဲမှာ တန်းတူညီမျှမှုမရှိပဲနဲ့ ဘယ်တော့မှ စည်းလုံးညီညွတ်မှုမရနိုင်ဘူး။ အဲတော့ ဒီကိစ္စကို တပ်မတော်ခေါင်းဆောင်များနဲ့ တပ်မတော်သားများအားလုံးကို နားလည်စေချင်တယ်။ ကျွန်မတို့ဟာ တပ်မတော်နဲ့ ပြည်သူကြား မှာ အဆင်ပြေစေချင်လို့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေက မတရားပေးထားတဲ့ အခွင့်အရေးတွေကို လက်လွှတ်စေချင်တာပါ ဆိုတာကို သေသေချာချာ ပြောချင်တယ်”ဟု ကရင်လူထုကို ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်မည်ကို စိုးရိမ်နေသူများ ရှိပါကလည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြစေလိုပြီး သူ့အနေဖြင့်မြန်မာနိုင်ငံသား မည်သူမဆို စိုးရိမ်ကြောင့်ကြစိတ်ဖြင့် မနေစေချင်ဟု ဆိုသည်။
ဇန်နဝါရီလကုန် နောက်ဆုံးထားထွက်ရှိမည့် ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီ အစီရင်ခံစာမတင်သွင်းမီ ပြည်သူများအားလုံးကို ဖွဲ့စည်းပုံနှင့် စပ်လျဉ်း၍ ရှင်းရှင်းလင်းလင်း နားလည်ကြစေလိုပြီး ယုံကြည်သည့် ဘက်က ပြတ်ပြတ်သားသားရပ်တည်စေလိုသည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ကရင်ပြည်နယ်ခရီးစဉ်ကို နေပြည်တော်မှ ဇန်နဝါရီ ၁၈ ရက်တွင် စတင်ထွက်ခွာခဲ့ပြီး ပထမနေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၌ လူထုတွေ့ဆုံပွဲပြုလုပ်ခဲ့ကာ ဇန်နဝါရီ ၁၉ရက်တွင် လှိုင်းဘွဲ့မြို့နယ် ကပ္ပလီကျေးရွာသို့ သွားရောက် ကာ လူထုနှင့် တွေ့ဆုံရန်ရှိပြီး ထိုနေ့၌ပင် နေပြည်တော်သို့ ပြန်လည် ထွက်ခွာမည်ဖြစ်သည်။
မဟာ မိုးဇက်
လူငယ်တွေကို နေရာပေးပါလို့ ပြောတဲ့အသံတွေ ကြားရတယ်။ ကျမလူငယ်တွေကို နေရာပေးဖို့ ဘယ်တော့မှ မစဉ်းစားဘူး။ တာဝန်ပေးဖို့ပဲ စဉ်းစားတယ်။ နိုင်ငံရေးလုပ်တယ်ဆိုတာ နေရာလိုချင်လို့လား နိုင်ငံ့ဝန် ထမ်းချင်လို့လားဆိုတာကို မေးရမယ်။
ဒေါ်အောင်ဆန်းစုကြည်
ဖားအံ( မိန့်ခွန်းကောက်နုတ်ချက်)
----
RFA Burmese
အခြေခံဥပဒေ ပြင်ဆင်လိုစိတ်ရှိ၊ မရှိ ဖွင့်ဟပြောဆိုဖို့ ဒေါ်အောင်ဆန်းစုကြည် စိန်ခေါ်
၂၀၁၀ ရွေးကောက်ပွဲမှာ ရွေးချယ်ခံရတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ချင်ဘူးဆိုရင် ဘာကြောင့် မပြင်ချင်သလဲဆိုတာကို ပြည်သူတွေထံ ရှင်းရှင်းလင်းလင်း ချပြရမှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောလို်က်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ ကရင်ပြည်နယ် ဘားအံမြို့ အောင်သံလွင် ဘောလုံးကွင်းမှာ ထောင်ဂဏန်းရှိမယ့် ပရိတ်သတ်ကို ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဟောပြောစဉ် အခုလို ထည့်သွင်းပြောခဲ့တာပါ။
“ကျမတို့အတွက် စကားပြောသွားတဲ့ အဲလူ ၃ ယောက်စလုံးဟာ ပြည်သူတွေကနေပြီးတော့ ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ ဖြစ်ပါတယ်၊ ကျမက စိန်ခေါ်ရဲပါတယ်၊ ကျမတို့ဟာ ပြည်သူလူထုရှေ့မှာတက်ပြီးတော့ ဘာကြောင့် ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်သင့်လဲ၊ ဘယ်လိုကိစ္စတွေကို ပြင်ချင်သလဲဆိုတာကို ကျမပြောရဲတယ်၊ ၂ဝ၁ဝ ရွေးကောက်ပွဲကနေ ရွေးချယ်တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ်အားလုံးဟာ ကျမတို့နည်းတူ ပြည်သူလူထုရှေ့ထွက်ပြီးတော့ မပြင်ချင်လဲ ဘာလို့မပြင်ချင်ဘူးလဲဆိုတာ ပြောရဲသလားလို့ ကျမမေးချင်ပါတယ်”
ဒါ့အပြင် မဲဆန္ဒရှင် ပြည်သူတွေအနေနဲ့ မိမိတို့ရွေးချယ်ခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ချင်ဘူးဆိုရင် ဘာကြောင့် မပြင်ချင်တာလည်းဆိုတာ မေးမြန်းခွင့်ရှိကြောင်း တက်ရောက်လာတဲ့ ကရင်တိုင်းရင်းသားတွေနဲ့ ဒေသခံတွေကို တိုက်တွန်းပြောဆိုခဲ့ပါတယ်။
ပြည်သူတွေအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စမှာ ပြတ်ပြတ်သားသား ရပ်တည်စေလိုကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့ပါတယ်။
လွှတ်တော်ကဖွဲ့စည်းထားတဲ့ အဖွဲ့ဝင် ၁၀၉ ဦးပါဝင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီက လက်ခံရရှိထားတဲ့ အကြံပြုချက်တွေကို ဒီလကုန်မှာ လွှတ်တော်ထံတင်ပြရမှာ ဖြစ်တယ်လို့ သိရပါတယ်။
ရခိုင် ဆရာတော် တစ်ပါးကဘုန်းကြီးကို အသုံးချပြီးတော့ ပြောသွားတာ၊
RFA
ညီလာခံကို ရောက်ရှိနေစဉ် အလွတ်သဘော မိမိ ဆွေးနွေးခဲ့တာတွေထဲက စကားတချို့ကို သံဃာတစ်ပါးက သူလိုသလို ဆွဲယူ မိန့်ကြားခဲ့တဲ့အတွက် အင်တာနက် စာမျက်နှာတွေ အပါအ၀င် လူထုကြားမှာ အခုလို ရုတ်ချည်း ပျံ့နှံ့သွားခဲ့ရတာ ဖြစ်တယ်လို့ ဆရာတော်ကြီး က သောကြာနေ့ မနေ့က မိန့်ကြားခဲ့ပါတယ်။
"ဒီသံဃာ ၃ သောင်းတက်တဲ့ အစည်းအဝေးကြီးမှာ အလွတ်သဘော ဝိုင်းထိုင် ပြီးတော့ ပြောကြတဲ့ နေရာမှာကတော့ ဟေ့ ကြံ့ခိုင်ဖွံဖြိုးရေးက အခြေခံဥပဒေ ကိုသာ မပြင်ဘူး၊ ဒီအတိုင်းပဲ သွားမယ် ဆိုရင်တော့ ဒီသမ္မကြီးနဲ့ပဲ တို့သွားရမှာပဲ၊ အခြေခံ ဥပဒေ ပြင်လိုက်ရင်တော့ တို့ သမ္မတအသစ် ရမှာပဲ၊ မပြင်ဘူး ဆိုရင်တော့ သမ္မတကြီး ဦးသိန်းစိန်ကိုတော့ ဆက်လက် အားပေး သွားတာကောင်းတယ်၊ ပြင်လိုက် ရင်တော့ ပြင်တဲ့အတိုင်း တို့သမ္မတအသစ်နဲ့ သွားကြ ရမှာပေါ့၊ သမ္မတအသစ် ကတော့ ဒေါ်အောင်ဆန်းစုကြည် ဖြစ်ဖို့ အလားအလာရှိတယ် စသဖြင့် အလွတ်သဘောတွေ ဝိုင်းပြီးပြောနေတာ၊ အဲဒီအထဲက စကားလုံးလေးတစ်လုံး ကို ကောက်ပြီးတော့ ရခိုင် ဆရာတော် တစ်ပါးက သူ့ခံစားချက် ရှိမှာပေါ့၊ အဲဒါလေးကို၊ ဘုန်းကြီးကို အသုံးချပြီးတော့ ပြောသွားတာ၊ အဲဒီဥစ္စာ ပြန့်ကျဲသွားတာ။"
ဒါ့အပြင် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ဖို့ အရေးတကြီး လိုအပ်နေပြီ ဖြစ်ကြောင်း ၊ ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ပါက မည်သည့် ပုဂ္ဂိုလ်ပဲ သမ္မတ အဖြစ် တာဝန်ထမ်းဆောင် သည်ဖြစ်စေ တိုင်းပြည်တိုးတက်မှာ မဟုတ်ကြောင်း ဖြင့်လည်း သီတဂူဆရာတော်က RFA ကို မိန့်ကြားပါတယ်။