Tuesday, January 21, 2014

သက်မွန်မြင့်နဲ့ချစ်သုဝေတို့ရဲ့မင်္ဂလာအကြိုပုံရိပ်

လင်းလင်းနဲ့ပါ.... လင်းလင်းနဲ့ချစ်သုဝေတို့ရဲ့မင်္ဂလာပွဲကျရင်တော့အမေစုတက်ရောက်ချီးမြင့်ဖို့ငြင်းလို့ရမည်မထင်

အဖြစ်မှန်နှင့် ကွဲလွဲနေ၍ အေပီ သတင်းဌာနခွဲမှ တာဝန် ရှိသူများအား တာဝန်ရှိသူက တွေ့ဆုံ ဆွေးနွေး



အေပီသတင်းဌာနမှ မောင်တောမြို့နယ် သတင်းဆက်အား မှားယွင်း ထုတ်လွှင့် ဖော်ပြခဲ့မှုနှင့် စပ်လျဉ်း၍ ရန်ကုန်မြို့ရှိ အေပီ သတင်းဌာနခွဲမှ တာဝန် ရှိသူများအား တာဝန်ရှိသူက တွေ့ဆုံ ဆွေးနွေး
----- ----- ----- ----- -----

 နေပြည်တော် ၊ ၂၀၁၄ ဇန်နဝါရီ ၂၀

 ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်စိုးသည် ရန်ကုန်မြို့ရှိ အေပီ သတင်းဌာန ရုံးခွဲမှ Ms. Robin McDowell , Mr. Gemunu Amarasinghe နှင့် မအက်စ်သာတို့ သုံးဦးအား ယနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ် မှ မွန်းလွဲ ၁ နာရီအထိ ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း ရုံးချုပ်၌ တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံစဉ် ဦးဆောင် ညွှန်ကြားရေးမှူးက ဇန်နဝါရီ ၁၇ ရက် အေပီ ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည့် Myanmar Mob Kills more than a dozen Muslims သတင်း ခေါင်းစဉ်နှင့် သတင်းစာကိုယ်ပါ အသုံးအနှုန်း များသည် အဖြစ်မှန်နှင့် ကွဲလွဲနေကြောင်း၊ ထိုသတင်းကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် မလိုလားအပ်သည့် စိုးရိမ်ပူပန်မှုများ ပေါ်ပေါက် စေခဲ့ကြောင်း၊ ထို့အပြင် ရခိုင်ပြည်နယ် အတွင်းတွင် လည်းကောင်း၊ မြန်မာနိုင်ငံ၏ အခြားဒေသများ အတွင်းတွင်းလည်း မတူညီသည့် လူ့အသိုက်အဝန်းများ အကြား စိုးရိမ် ပူပန်မှုများ၊ သံသယများl ပိုမို တိုးပွားစေခဲ့ပြီး ရပ်ရွာ အေးချမ်း သာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်စေခဲ့ကြောင်း။ အေပီ၏ ကျင့်ဝတ် စည်းမျဉ်းတွင် အမည် မဖော်ပြသော သတင်း အရင်းအမြစ်များကို ကိုးကား အသုံးပြုရာတွင် လိုက်နာရမည့် စည်းကမ်းများကို သတ်မှတ် ထားပြီ ဖြစ်သော်လည်း အထက်ပါ အချက်များကို လိုက်နာခြင်း မရှိသည်ကို တွေ့ရကြောင်း၊ အေပီ သတင်း ဌာနရုံးခွဲကို မြန်မာနိုင်ငံတွင် အခြေစိုက် ခွင့်ပြုထားခြင်းသည် မှန်ကန် မျှတသော သတင်း အချက်အလက်များကို ပေးပို့နိုင်ရန် အတွက် ဖြစ်ကြောင်း၊ သို့သော် ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး အေပီ သတင်းဌာန အနေဖြင့် ပြည်ထဲရေး ဝန်ကြီးဌာနသို့ လည်းကောင်း၊ ပြန်ကြားရေး ဝန်ကြီးဌာနသို့ လည်းကောင်း ဆက်သွယ် အတည်ပြုချက် ရယူခြင်း မရှိသည်ကို တွေ့ရကြောင်း။ အေပီ သတင်းဌာန၏ သတင်း ရေးသားမှုကြောင့် ရပ်ရွာ အေးချမ်း သာယာရေးနှင့် တရား ဥပဒေ စိုးမိုးရေးကို ထိခိုက်စေသည့် ဖြစ်ရပ်များ ပေါ်ပေါက်လာပါက အေပီ သတင်းဌာနခွဲတွင် တာဝန်ရှိမည် ဖြစ်ကြောင်းနှင့် အေပီအပါအဝင် သတင်းဌာနများ အနေဖြင့် သတင်းအခြေ အမြစ် ခိုင်မာမှုမရှိဘဲ စာဖတ်သူများ ယုံမှား သံသယ ဖြစ်စေနိုင်သော သတင်းမှားများကို အတတ်နိုင်ဆုံး ရှောင်ရှား၍ စာနယ်ဇင်း ကျင့်ဝတ်နှင့်အညီ သတင်းများကို ဖော်ပြရေး ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။

 www.moi.gov.mm http://www.moi.gov.mm/zg/node/1454

မှုးဇော်ကလက်ခုပ်သံများကို လှောင်ပြောင်သရော်နေဟန် ရှိ


ကို ထွန်းသူ

'တော်တော်နောက်တတ်တဲ့ ဆရာတွေ'
အထက်တန်းကျောင်းသားဘဝကလည်း၊ 'ဆိုရှယ်လစ်ဘောဂဗေဒ' မှာ၊ 'အသွင်ကူးပြောင်းရေး ကာလ' ဆိုတာ၊ သင်ခဲ့ဖူးပါတယ်။
ရူပဗေဒ အဓိကနဲ့၊ 'လှိုင်နယ်မြေ' မှာ၊ ဒုတိယအနှစ်အထိတက်ရစဉ်၊ 'နိုင်ငံရေးသိပ္ပံ' သင်ရတဲ့အခါ၊ ဒီ 'အသွင်ကူးပြောင်းရေး' ကြီးက ပါလာပြန်ရော။
GTI ပထမနှစ်ရောက်တော့လည်း၊ 'နိုင်ငံရေးသိပ္ပံ' မှာ၊ စလိုက်တဲ့ဇာတ်လမ်း၊ 'အသွင်ကူးပြောင်းရေး ကာလ' မရောက်ခင် 'မြေပိုင်ရှင်ခေတ်' ရောက်နေတုန်း၊ (၈၈) အရေးအခင်းဖြစ်သမို့၊ 'အသွင်ကူးပြောင်းရေး ကာလ' ဟာ မဆုံးခဲ့ပါဘူး။
အသက် (၄၀) ကျော်မှာလည်း၊ 'အသွင်ကူးပြောင်းရေး ကာလ' ကြီးက၊ ဒီနေရာ https://www.facebook.com/hmuu.zaw မှာ၊ ပါလာပြန်ပြီ။
ကိုးကားစရာ၊ ရှားသူတွေကို 'ရီ' ရလွန်းလို့ သောက်နေတဲ့ 'ဘီယာ' ရဲ့ အရသာပါ ပျက်သွားပါတယ်..


ပြောပြချင်တဲ့ စကားတွေ။ မခင်ဦး။ ( ၄၂၉)

 ဒီကနေ့ မှုးဇော်ရဲ. (အသွင်ကူးပြောင်းရေးနှင့် ခေတ်ခြားခဲ့လေသော လက်ခုပ်သံ) ဆောင်းပါးကို ဖတ်ရတယ်။ ဆောင်းပါးဖတ်ပြီး ရယ်ရတယ်။ မှုးဇော်က ဒေါ်အောင်ဆန်းစုကြည်ရရှိနေတဲ့ ပြည်မ -ပြည်နယ် ပြည်သူတွေရဲ. လက်ခုပ်သံများကို လှောင်ပြောင်သရော်နေဟန်ရှိတယ်။ အသွင်ကူးပြောင်းရေးကာလ။ သူတို့ဘက်က ကြည့်တော့ ဒီလိုပြော။ အင်းအင်း--ဟင်းဟင်း။ ပြည်သူ.ဘက်ကကြည့်တော့ တော်လှန်ရေးသည် မပြီးဆုံးသေး။ မလိုလားအပ်သော ၊ တိုင်းပြည်ကို နိမ့််ကျစေသော၊ နိုင်ငံတကာထက်နောက်ကျစေသော၊ သူခုးသူဝှက် ဓားပြလက်အပ်နှံထားရသလိုဖြစ်နေသာ တိုင်းပြည်ရဲ့ ညံ့ဖျဉ်းသော အုပ်ချုပ်ရေးစနစ်၊ အတ္တကြီးသူ စစ်အုပ်စု လူတစုကိုလှန်မချနိုင်သေး။ တပ်မတော်ကို ဘားတိုက်ထဲ ပြန်မပို့နိုင်သေး။ ပို့နိုင်အောင် လုပ်ရဦးမယ်။ ဒူးနေရာ ဒူး။ တော်နေရာ တော်။ ထိုဆိုးရွားလှသော အခြေအနေတရပ်ကို ကျော်ဖြတ်နိုင်ရန် ကြိုးစားဆဲ။ ရုန်းကန်ဆဲ။ သူတို့ပြောတဲ့ အသွင်ကူးပြောင်းရေးကာလက ညောင်နှစ်ပင်မှာ ဖွဲ့စည်းပုံအစုတ်အပြတ်ကိုရေးသလို နှစ်တွေ ဘယ်ရွေ.ဘယ်မျှ ဘယ်လာက်ကြာကြာ အချိန်ဆွဲနေမှာလဲ။ မယုံရဘူး။ မယုံဘူး။ စစ်အုပ်စုကို မယုံဘူး။ ဒါက ပြည်သူတွေရဲ.ခံစားချက်။ ဘယ်တုံးကရော ယုံရဘူးလို့လဲ။ အဟဲဟဲ။ အငှဲငှဲ။ လက်ခုပ်သံနိုင်ငံရေး။ စာရေးဆရာကျော်ဝင်ဆီက စကားလုံးတွေလား။ ဟုတ်ကဲ့။ ပြောနိုင်ပါတယ်။ ပြည်သူ့လက်ခုပ်သံဟာ ပြည်သူ့ ဆဲသံ ဆိုသံထက်တော့ သာတယ်။ မဟုတ်ဘူးလားနော်။ Feel good တွေ Make good တွေ။ လက်ရှိအုပ်ချုပ်နေသူတွေ Make goodဖြစ်လျှင် Feel goodတွေလာပါမည်။ ပြည်သူခံစားချက်များ လျစ်လျူပြုနေဆဲ။ ပြည်သူအိမ်ယာ လယ်ကွင်းတွေ အဓမ္မယူနေဆဲ။နောင်အတွက်လဲ ပါးစပ်ပေါက်ကြီးတွေ ဖြဲနေဆဲ ဆိုတာသိလို့ ပြည်သူ့ခံစားချက်တွေ ပြင်းထန်ပါသည်။ ပြောနေဘို့လိုသေးလား။ ဒီကနေ့ဘဲ ဦးသိန်းစိန်တယောက် သမ္မတဆက်ဖြစ်ရေး သမ္မတကြော်ငြာလုပ်နေသူတွေရှိတယ်။ တကယ်တော့ သူတို့ တတွေဟာ သမ္မတဦးသိန်းစိန်ကိုအကြောင်းပြုပြီး ၀ိုင်းဝန်းကာ လုပ်စားချင်သူများဖြစ်တယ်တဲ့။ ပြည်သူတွေထဲက ပြည်သူတယောက် သုံးသပ်သွားတာလေး ကြားရတာပါ။ ဥပမာ --ဦးရွေမန်းသမ္မတဖြစ်လျှင်ပင် ကို မှုးဇော် အကြံပေးဖြစ်တော့မည်မထင်ပါ။ မှုးဇော်ဆောင်းပါးကို ဖတ်ပြီး လက်ရှိသမ္မတနားက ညာဝါးတွေ လေပေးပြီး ဖြီးနေသည်ဟုသာ ထင်မိတယ်။ ခေတ်ခြားခဲ့လေပြီ တဲ့။ အမယ်လေးတော်။ တော်တော်အပြောကောင်း။ ဟုတ်ကဲ့ ခေတ်ခြားတာမဟုတ်ဘူး။ စစ်ဗိုလ်တွေတိုင်းပြည်ကို အုပ်ချုပ်စီမံနိုင်ရန် ခေတ်ကုန်သွားခဲ့ပါပြီ။ အရင်လွတ်လပ်ရေးလွန်ခေတ်ကလို စစ်ဗိုလ်ရွေခေတ် မဟုတ်တော့။ ခေတ်တကယ်ခြားသွားတာက စစ်အုပ်စုများအတွက်။ ကိုယ့်ံကြမ္မာကို ကိုယ်တိုင်ဖန်တည်းခဲ့ကြာတဘဲလေ။ ကျွန်မတို့ အောင်ပွဲကနီးပါပြီ။ အကန့်အသတ်သာ အချိန်လိုတော့တယ် ။ ဒေါ်အောင်ဆန်းစုကြည်အတွက်။ ပရိပ်သံ လက်ခုပ်သံ။ တကယ်ကိုဘဲ သောင်းသောင်းညံ့ဆဲ။ တကယ်တော့ ကျွန်မတို့ ဒေါ်စု မူဝါဒကို အလွန်ကြိုက်လှသည် မဟုတ်ပါ။ ပျော့တယ်လို့ ထင်သည်။ ကျွန်မတို့ ပြည်သူအများက ကဒါဖီနည်း ပိုကြိုက်သည်။ ဟဲဟဲ။ သို့သော် ဒေါ်စုက အရိုင်းတော်လှန်ရေးနဲ့ မသွား။ အယဉ်တော်လှန်ရေးနဲ့ သွားမယ်ဆိုတော့လဲ ခေါင်းဆောင် သဘော။ သူမ ပြောတဲ့ အတိုင်းပါဘဲ။ ဒေါ်စုတန်ဘိုး နားလည်သင့်တယ်။ ဒေါ်စုတန်ဘိုးနားလည်ရမှာ ပြည်သူတွေသာ မဟုတ်ပါ။ စစ်ဗိုလ်ချုပ်များပါ နားလည်သင့်တယ်။ နိုင်ငံကို စနစ်ပြောင်းဘို့ တော်လှန်ရေးတရပ် ဆင်နွဲရာမှာ ဒေါ်စုသာ အယဉ်ကျေးဆုံး။ ကျန်ပြည်သူများအားလုံး ကဒါဖီနည်းသာ ကြိုက်ကြသည်။ ဒါကြောင့်ဘဲ ပြောရမယ်။ စစ်အုပ်စုဝင်များ ဒေါ်အောင်ဆန်းစုကြည် တန်ဘိုးနားလည်ပါ။


မခင်ဦး
( ၂၁-၁-၁၄)

ဒီနေ့ကာတွန်း

ဦးအောင်သောင်းနဲ့ပါတီပုံရိပ်

ရိုးရိုးသားသားဒီလိုလေးတွဲပြီးလက်မှတ်ထိုးမှအလိုက်အလျောက်လေးရတာပါ။။ ကျန်တာတော့ကျွန်တော့်သားကဆက်လုပ်ပါတယ်....
မြန်မာသံတော်ဆင့်

မလေးရှား...ရှားအလမ်း~ကေအယ်လ် ဘတ်စ်ကားတွေမှာ စစ်နေပြီ

ဗိုလ်ချုပ်ဒီကို လာတုန်းက ဒေါ်စုက (၂)နှစ်ပဲ ရှိသေးတယ်


Coko Dmoe

အဖီးဒေါ်နော်ဒါးနှင့်အမေးအဖြေတချို.
===============================
မေး။ဗိုလ်ချုပ်လာတုန်းက ဘယ်လိုစီစဉ်ပေးရလဲ အဖီး။

ဖြေ။ဗိုလ်ချုပ်လာတုန်းက အိပ်ဖို့ကို ဒီမှာပြင်ပေးတယ်လို့ ပြောတယ်။သူက
ဒီမှာ အိပ်လို့ မဖြစ်ဘူးဘာဖြစ်လဲဆိုတော့ တော်လှန်ရေးသမားပာာ
သူ့နေရာနဲ့သူ အိပ်ရမယ်။အခုကျွန်တော်နဲ့လိုက်ခဲ့တဲ့နေရာပြပါမယ်ဆိုပြီးနေရာပြတယ်။
နေရာပြတော့ ပိာုဗန်ဒါပင်အောက်မှာပေါ့ဖျာခင်းပြီး အိပ်မယ်ဆိုပြီးပြတယ်။

မေး။ ဗိုလ်ချုပ်လာတုန်းက အဖီး တို့ကို ဘယ်လို ဆက်ဆံလဲ။

ဖြေ။ဗိုလ်ချုပ်က သဘောကောင်းတယ်။မာန်မာနမရှိဘူး။လူတိုင်းနဲ့ ဆက်ဆံတယ်။

မေး။ ဗိုလ်ချုပ်ဒီကို လာတုန်းက ဒေါ်စုက (၂)နှစ်ပဲ ရှိသေးတယ်လေ။ဒီနေ့အဖီးဆီကို
ဒေါ်စု ကလာသွားတော့ အဖီးလည်းတွေ့လိုက်ပြီလေ။ဒေါ်စုနဲ့ ဗိုလ်ချုပ်ဘာတွေများ ကွာခြားတယ်လို့ မြင်လဲ။

ဖြေ။သူ့သမီးနဲ့ ဘာမှ သိပ်မကွာပါဘူးကြည့်ရတာလေ။သူ့သမီးလည်း စိတ်သဘော
ကလည်းကောင်းတယ်။သူ့အဖေလိုပဲ။လူကို ညီတူညီမျှ ဆက်ဆံတယ်။
ဘုရားသခင်လိုပဲ။ဘုရားသခင်ကလည်းသူ့သားသမီးတွေရေလိုချင်ရေပေးတယ်။
မိုးတွင်းမိုးလိုချင်ရင်မိုးပေးတယ်။ညီတူညီမျှရှိတယ်လို့ မြင်တယ်။

အဖီးဒေါ်နော်ဒါး
လက် ရှိ အသက် ၉၄ နှစ်

စောဖိုးခွားမေးသည်။

ခြေနဲ့ကုံးတဲ့ခရေကုံး

အလုပ်မအားလျှင် အရေးတကြီးစာပြန်ရန်မလိုပါသမ္မတကြီးခင်ဗျား။



7Day News Journal

နိုင်ငံတော်သမ္မတထံသို့ပေးစာ ...
 ------------- ရေးသားသူ- ရဲမိုး

 သို့- နိုင်ငံတော်သမ္မတကြီး
 မှ- သင်၏သစ္စာရှိသော နိုင်ငံသားတစ်ဦး

သမ္မတကြီးခင်ဗျား။ ချစ်ခင်လေးစားစွာဖြင့် စာရေးသားအပ်ပါသည်။ ကျန်းမာချမ်းသာစွာဖြင့် တိုင်းပြည်တာဝန်များကို ထမ်းဆောင်နေမည်ဟု ယုံကြည်ပါသည်။ ဤစာကို ရေးသားဖြစ်သည့် တွန်းအားကတော့ သမ္မတကြီး၏မကွေးခရီးစဉ်မှာ အော်ဟစ်တိုင်ကြားသည့် ၀န်ထမ်းဟောင်းအမျိုးသမီးကြီးကို အားကျ၍ ဖြစ်ပါသည်။ သူ့ကိုအားကျ၍ အခွင့်ရလျှင် အနီးကပ်လျှပ်တစ်ပြက်အော်ဟစ်ချင်သည့်တိုင် ကျွန်တော်တို့နေထိုင်ရာဒေသကို သမ္မတကြီးလာလည်ဖို့ အစီအစဉ်မရှိသေးသည့်အတွက် ယခုလို စာရေးသားရခြင်းဖြစ်ပါသည်ခင်ဗျား။ သမ္မတကြီးအုပ်ချုပ်သည့်ကာလအတွင်းမှာ စိတ်ချမ်းသာရသည့်အကြောင်းရင်းများကို ဦးစွာပြောပြချင်ပါသည်။ ယခင်က ရပ်ကွက်များအတွင်းမှာ ရန်ထောင်စွာကျယ်လုပ်ခဲ့ကြသည့် စွမ်းအားရှင်များကို မမြင်တွေ့ရတော့သည့်အတွက် ပြည်သူအပေါင်း စိတ်နှလုံးချမ်းမြေ့နေကြရပါသည်ခင်ဗျား။ သူတို့ကို နောက်တစ်ကြိမ် ဘယ်တော့မှ ပြန်မြင်တွေ့ခွင့်မရအောင် သမ္မတကြီးက စွမ်းဆောင်ပေးနိုင်မည်ဟုလည်း မျှော်လင့်မိပါသည်။ ညဥ့်သန်းခေါင်မှာ တံခါးခေါက်ပြီး ခြင်ထောင်ထဲကို ဓာတ်မီးဖြင့်လှမ်းထိုးသည့် ဧည့်စာရင်းစစ်သူများလည်း အတော့်ကိုမတွေ့ရတော့သည့်အတွက် နှလုံးပီတိဂွမ်းဆီထိရပါသည်။ သမ္မတကြီးစတင်အုပ်ချုပ်စဉ်ကာလကတော့ ညဥ့်သန်းခေါင်မှာ သူတို့ရောက်မလာကြတော့သည့်အတွက် အိပ်မပျော်တောင်ဖြစ်မိပါသည်။ တစ်ခုခုမှားယွင်းနေပြီလားဟုပင် တွေးမိပါသည်။ အခုတော့ရိုးသွားပါပြီခင်ဗျား။ ဒီအတွက်လည်း ရပ်ကွက်အတွင်းရှိ ပြည်သူအများက သမ္မတကြီးကို ကျေးဇူးတင်ကြောင်း ဒီစာကတစ်ဆင့်ပြောပေးဖို့ ကျွန်တော့်ကို မေတ္တာရပ်ခံကြပါသည်။ တယ်လီဖုန်းဆင်းမ်ကတ်များလည်း ရရှိကြပါသည်။ ရိုးရာမပျက် မသမာမှုများရှိသည့်တိုင် ကျွန်တော်တို့မှာ ဒီထက်မက ခံနိုင်ရည်များရှိသည့်အတွက် မတုန်လှုပ်ကြပါ။ လျှပ်စစ်မီးလည်း အရင်ထက်စာရင် အပျက်နည်းလာပါသည်။ ပျက်တော့ပျက်နေဆဲဖြစ်ပါသည်။ တစ်ခါတစ်ရံ မီးပျက်၍မှောင်နေသည့်တိုင် နေပြည်တော်ကြီး ထိန်ထိန်ညီးတောက်ပနေမည်ဆိုသည့် စိတ်ကူးဖြင့် မုဒိတာပွားမိပါသည်။ နိုင်ငံရေးအပြောင်းအလဲကို ဂျာနယ်များမှာ တွေ့နေရပါသည်။ သို့သော် အပြောင်းအလဲကို ရပ်ကွက်အတွင်းက ဘ၀များမှာတော့ မတွေ့ရသေးပါ။ မုန့်ဟင်းခါးတစ်ပွဲ ကျပ်သုံးရာမှ ကျပ်လေးရာ၊ ကွမ်းကျပ်တစ်ရာဖိုးလေးယာမှ သုံးယာ၊ အမဲသားတစ်ပိဿာ ကျပ်ခြောက်ထောင်မှ ကျပ်ကိုးထောင်၊ ကြက်သွန်တစ်ပိဿာ ကျပ်ရှစ်ရာမှ ကျပ်ထောင့်တစ်ရာ၊ ကန်စွန်းရွက်တစ်စည်း ကျပ်တစ်ရာမှ ကျပ်နှစ်ရာအထိ ညီညီညာညာ တက်လာနေခဲ့ပါသည်။ ကုန်ဈေးနှုန်းများတက်လာနေသည့်အတွက် သမ္မတကြီးက လစာတစ်ဝက်လျှော့ယူမည်ဟု ပြောခဲ့တုန်းက သမ္မတကြီးအတွက် ကျွန်တော်တို့ စိုးရိမ်ပူပန်ခဲ့ကြပါသည်။ လာဘ်မစားသည့်အတွက် လစာနှင့်မလောက်မငဖြစ်မှာစိုး၍ ဖြစ်ပါသည်။ လွှတ်တော်အမတ်မင်းများကတော့ လစာတိုးသွားပြီဖြစ်သည့်အတွက် သူတို့အတွက် ကျွန်တော်တို့ ပြည်သူများက စိုးရိမ်ပူပန်စရာမလိုတော့ပါ။ ကျွန်တော်တို့အတွက်ကတော့ ရိုးနေပြီဖြစ်သည့်အတွက် မပူပန်ကြပါနှင့်။ ဤစာကိုရေးရသည့်အကြောင်းရင်းကို ယခုပြောပါတော့မည်။ သမ္မတကြီးက နှလုံးမှာစက်ထည့်ထားရသည်ဟုကြား၍ ကျန်းမာရေးအတွက် ချက်ချင်းမပြောသေးဘဲ နိဒါန်းပျိုးနေခဲ့ရတာဖြစ်ပါသည်။ သမ္မတကြီး တာဝန်စတင်ထမ်းဆောင်ခဲ့သည့်အချိန်မှစပြီး ပြီးခဲ့သည့်သုံးနှစ်အတွင်းမှာ ကျွန်တော်တို့ရပ်ကွက်ပြည်သူများ အပျော်ရွှင်ရဆုံးနေ့တစ်နေ့ရှိခဲ့ပါသည်။ သမ္မတကြီး၏ ရုံးခန်းအတွင်းမှာ ဗိုလ်ချုပ်အောင်ဆန်းပုံကို နောက်ခံထားပြီး ရိုက်ကူးထားသည့် သမ္မတကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ဓာတ်ပုံကို မြင်တွေ့ရသည့်နေ့ဖြစ်ပါသည်။ ခေါင်းဆောင်များမခေါ်မပြောလုပ်ကြလျှင် ရပ်ကွက်နေပြည်သူများ စိတ်နှလုံးညှိုးချုံးကြရပါသည်။ ခေါင်းဆောင်ကြီးများ အဆင်မပြေသည့်အခါ “စွမ်းအားရှင်များ”ရပ်ကွက်ထဲမှာ ပြူတစ်ပြူတစ် လုပ်လာတတ်ကြပါသည်။ ထိုဓာတ်ပုံကို တွေ့ရသည့်နေ့ကတော့ မင်္ဂလာရှိဆုံးနေ့အဖြစ် ကျွန်တော်တို့အားလုံး ၀မ်းသာခဲ့ကြပါသည်။ ထိုနေ့က ပျော်လွန်း၍ ရုပ်မြင်သံကြားကလွှင့်သည့် ကိုရီးယားဇာတ်လမ်းတွဲက “ဂျူမုံ”ကိုတောင် မကြည့်ဖြစ်ခဲ့ကြပါ။ ယခုတစ်ခါ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် သမ္မတကြီး၊ သူရဦးရွှေမန်း၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နှင့် တွေ့ဆုံချင်သည်ဟု တောင်းဆိုနေပါသည်။ သမ္မတကြီးတို့က မတွေ့နိုင်သေးဟုကြားရ၍ ကျွန်တော်တို့စိုးရိမ်ပူပန်ကြရပါသည်။ ရပ်ကွက်နေပြည်သူများက ဒေါ်အောင်ဆန်းစုကြည်ကို လွန်စွာလေးစားချစ်ခင်ကြပါသည်။ သူမအပေါ် ကရုဏာလည်းသက်ကြပါသည်။ ယခင်အစိုးရများက သမ္မတကြီးလို သဘောမကောင်းကြပါ။ သူမခင်ပွန်း မကွယ်လွန်မီမှာတောင် သူမဆီ လာတွေ့ခွင့်မပေးခဲ့ကြပါ။ အရာအားလုံးကို စွန့်လွှတ်ထားခဲ့ပြီးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်အတွက် မြှုပ်နှံထားပြီးသူဖြစ်ပါသည်။ တပ်မတော်ဖခင်ကြီး၏သမီးဖြစ်သည့်အတွက် တပ်မတော်ကိုလည်း သံယောဇဉ်အလွန်ရှိသူဖြစ်ပါသည်။ သမ္မတကြီးအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့စေလိုပါသည်။ တွေ့ဆုံသည့်အခါ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုလည်း တစ်ပါတည်းခေါ်ထားစေချင်ပါသည်။ ဗိုလ်ချုပ်မှူးကြီးထံကိုတော့ ကျွန်တော်တို့ သီးခြားစာမရေးတော့ပါ။ သမ္မတကြီးမှတစ်ဆင့် ပြောကြားပေးရန်ဖြစ်ပါသည်။ လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်းကို ခန့်အပ်သူဖြစ်သည့်အတွက် ဗိုလ်ချုပ်မှူးကြီးအနေဖြင့် အတိုက်အခံခေါင်းဆောင်ကို တွေ့ကိုတွေ့ဖို့ တာဝန်ရှိကြောင်း ရပ်ကွက်အတွင်းက ဆွမ်းလောင်းရုံမှာ ပြောဆိုနေကြတာ ကျွန်တော် ကြားခဲ့ပါသည်။ အဖြေတစ်ခုမထွက်သေးသည့်တိုင် တွေ့ဆုံစကားပြောဆိုသင့်သည်ဟု သူတို့ကပြောဆိုကြပါသည်။ ကျွန်တော်တို့အားလုံးကလည်း မျှော်လင့်နေကြပါသည်။ တွေ့ဆုံစကားပြောဖြစ်လျှင် သမ္မတကြီး၏သက်တမ်းအတွက် အအောင်မြင်ဆုံးမှတ်တိုင်ဖြစ်ပါမည်။ သဘောတူနားလည်မှုရပါက သမ္မတကြီးအနေဖြင့် တာဝန်မှအနားယူသည့်အခါ တိုင်းပြည်အတွက် အသင့်လျော်ဆုံးလူကို ထားခဲ့နိုင်မည်ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏သမ္မတသက်တမ်းကို ပြည်သူများက အလွန့်အလွန်မျှော်လင့်နေကြပါသည်။ ဆွမ်းလောင်းရုံနားမှာ ရပ်ကွက်သားတစ်ဦးက အခုလိုပြောပါသည်။ “ခင်ဗျားတို့စဉ်းစားရမှာက နိုင်ငံခြားသားဖြစ်ပေမယ့် ရိုးရိုးသားသားလုပ်ကိုင်စားသောက်နေတဲ့ သားတွေရဲ့မိခင်ကို သမ္မတအဖြစ်ရွေးမလား၊ နိုင်ငံသားဖြစ်ပေမယ့် လက်ဝါးကြီးအုပ်စီးပွားရေးလုပ်နေတဲ့ သားသမီးတွေရဲ့မိဘတွေကို ရွေးမှာလားဆိုတာပဲ” သူပြောတာ စိတ်ဝင်စားစရာကောင်းသည်ဟု တွေးမိပါသည်။ စာလည်းရှည်သွားပါပြီ။ သမ္မတကြီးအနေဖြင့် တွေ့ဆုံပွဲကိုစီစဉ်နိုင်မည်ဟု ယုံကြည်ထားပါသည်။ စကားမစပ် နေပြည်တော်မှာ သွားရင်းလာရင်း ကျွန်တော်တို့မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကိုတွေ့မိလျှင် ကျွန်တော်တို့ကသတိရကြောင်း ပြောပေးပါခင်ဗျား။
 ရွေးကောက်ပွဲနောက်ပိုင်းမှာ ပြန်မတွေ့တော့သည့်အတွက် နေရေးစားရေးပူပန်မိခြင်းဖြစ်ပါသည်။ ကျွန်တော်တို့ရပ်ကွက်ထဲက လမ်းကလေးသည် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ခင်းပြီးပြီဖြစ်ကြောင်းကို သူ့ကိုသိစေလိုပါသည်။

 တော်သေးပြီ။
လက်ရေးသည်းခံပါ။

သင်၏သစ္စာရှိသော နိုင်ငံသားတစ်ဦး
 စာကြွင်း- အလုပ်မအားလျှင် အရေးတကြီးစာပြန်ရန်မလိုပါ။

တပ်မတော်သည် ဒီမိုကရေစီ စည်းအပြင် ရောက်နေဟု ဟံသာဝတီ ဦးဝင်းတင် ပြော



Tuesday, 21 January 2014 03:31
yangonmedia.com

ရန်ကုန် ၊ ဇန်နဝါရီ ၂၀  ။     ။

အမျိုး သားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွင် တပ်မတော်ပါဝင်ရန် လိုအပ်သကဲ့သို့ ပြုပြင်ပြောင်း လဲမှုများပြုလုပ်ကာ ဒီမိုကရေစီ စည်းအတွင်းသို့ ပြန်လည်ဝင် ရောက်ရန်လည်း လိုအပ်ကြောင်း သတင်းစာ ဆရာကြီး ဟံသာ ဝတီဦးဝင်းတင်က ထောက်ပြ ပြောဆိုလိုက်သည်။ဟံသာဝတီဦးဝင်းတင်က ““တပ်မတော်က ဦးသိန်းစိန်လုပ် နေတဲ့ နိုင်ငံရေးအပြောင်းအ လဲတွေမှာ ထောက်ခံပါတယ်။ ဒီမိုကရေစီ အပြောင်းအလဲတွေ ကိုထောက်ခံပါတယ် ပြောနေ  သော်ငြားလဲ တပ်မတော်ဟာ ဒီကနေ့အချိန်အထိကတော့ စည်းအပြင် က လူဖြစ်နေတယ်။ ဒီမိုကရေစီစည်းအပြင်ရောက် နေတယ်လို့ ကျွန်တော်ကတော့ မြင်တယ်။ အဲဒီတော့တပ်မ တော်က စည်းအတွင်းကိုပြန် ဝင်လာဖို့လိုလိမ့်မယ်။ တပ်မ တော်ကိုယ်တိုင်ကလဲ ဒီမိုကရေ စီနဲ့ကိုက်ညီတဲ့ ပြုပြင်ပြောင်း လဲမှုတွေ တပ်မတော် အတွင်း မှာလုပ်ရလိမ့်မယ်””ဟု ရန်ကုန် တိုင်းမ်သတင်းစာနှင့် သီးခြား တွေ့ဆုံစဉ် ပြောကြားသည်။အမျိုးသား ပြန်လည်သင့် မြတ်ရေးလုပ်ငန်းစဉ်တွင် တပ် မတော်အပြင် တိုင်းရင်းသား လူမျိုးစုများ၊ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများ၊ ပြည် တွင်းပြည်ပရှိအဖွဲ့အစည်းများ၊ နိုင်ငံရေးအင်အားစုများအား လုံး ပါဝင်ရန် လိုအပ် မည်ဖြစ် ကြောင်း အကြံပြုပြောသည်။တိုင်းရင်းသားခေါင်းဆောင်ဖြစ်သူ ချင်းအမျိုးသား ပါတီဥက္ကဋ္ဌဌဦးဇိုဇမ်က ““ဖက်ဒ ရယ်ပြည်ထောင်စု တပ်မတော် အတွက် နှစ်ဖက်ညှိနှိုင်းရမယ့် ကိစ္စတွေမှာ တပ်မတော်အနေ နဲ့မူအားဖြင့် သဘောတူရမှာ က တိုင်းရင်းသားတွေဘက် က ရော နိုင်ငံရေးသမား တွေလိုချင် တဲ့ကိစ္စက တပ်မတော်အနေနဲ့ ရဲဘော်တပ်သားအောက်ခြေ အနေနဲ့ တိုင်းရင်းသားလူငယ် တွေကို အသုံးချတာကိုတော့ ဒီအချိန်မှာရပ်သင့်ပြီ။ မဖြစ်သင့် တော့ဘူး။ ဗိုလ်အယောက်၉၀ ရှိရင် တိုင်းရင်းသား အနည်း ဆုံး ၃ဝ မရှိသင့်ဘူးလား။ တိုင်းရင်း သားလူငယ်တွေလဲ ဗိုလ်ချုပ် နေရာရသင့်တယ်။ ထိုက်သင့် တဲ့နေရာ၊ သင့်တော်တဲ့နေရာ ပေးရမယ်။ ရေရှည်အတွက် သဘောထားကြီးရမယ်””ဟု သုံးသပ်ပြောဆိုသည်။သတင်းစာဆရာကြီး  ဟံသာဝတီဦးဝင်းတင်က ““တပ်မတော်က အမျိုးသားပြန်လည် သင့်မြတ်ရေးလုပ်ဖို့အတွက် ကျွန် တော်တို့ဘက်က မေတ္တာထား သလို ပြည်သူအပေါ်မှာ မေတ္တာ ထားဖို့လိုတယ်။ တပ်မတော်က သူ့ဘက်ကလဲပြင်ရမယ်။ စစ် အာဏာရှင် များချမှတ်ထားတဲ့ လိုင်းအတိုင်း သွားနေလို့က တော့မရဘူး။ ဒါ့ထက်ပိုပြင်ရ မယ်လို့ ကျွန်တော်ကယူဆတယ်””ဟု ထောက်ပြပြောဆိုသည်။

ရဲလင်းထက်

ဘီအိုစီက လေယာဉ်ဆီ သိုလှောင်ရုံ မီးလောင်ပေါက်ကွဲ၊


Posted by Kamayut Media on January 21, 2014 at 10:14 pm
ဘီအိုစီက လေယာဉ်ဆီ သိုလှောင်ရုံ မီးလောင်ပေါက်ကွဲ၊ ၂နာရီအကြာမှာ မီးစွယ်ကျိုး

မင်္ဂလာဒုံမြို့နယ် တပ်မတော်(လေ) စစ်သားစုဆောင်းရေးတပ်ထဲက ဘီအိုစီဝင်းအတွင်းမှာ သိုလှောင်ထားတဲ့ လေယာဉ်ဆီတွေ ပေါက်ကွဲရာက ဇန်နဝါရီ ၂၁ရက်နေ့ ညနေ ၆နာရီကျော်မှာ မီးအကြီးအကျယ် လောင်ကျွမ်းခဲ့ပါတယ်။

သိုလှောင်ထားတဲ့ လေယာဉ်ဆီတွေဟာ မိနစ်ခြားအလိုက် ဆက်တိုက်ပေါက်ကွဲခဲ့ပြီး ဘီအိုစီဝင်းနားက ပြည်လမ်းပိုင်းကို ယာယီပိတ်ဆို့ခဲ့သလို မီးခိုးလုံးတွေကြောင့် မင်္ဂလာဒုံလေဆိပ်ကိုလည်း ယာယီပိတ်ခဲ့ပေမယ့် မီးညွန့်မကျိုးခင်မှာဘဲ ပြန်လည်ဖွင့်ပေးခဲ့ပါတယ်။

လောင်စာဆီတွေ ပြင်းထန်တဲ့ပေါက်ကွဲအားတွေနဲ့ လောင်ကျွမ်းခဲ့တာကြောင့် ခက်ခက်ခဲခဲ မီးငြိမ်းသတ်ခဲ့ရပြီး အနည်းဆုံး မီးသတ်သမား တစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။

နှစ်နာရီနီးပါး မီးလောင်ကျွမ်းခဲ့ပြီး ည ၇နာရီ မိနစ် ၅ဝလောက်မှာ မီးညွန့်ကျိုးသွားခဲ့ပါတယ်။ ပျက်စီးဆုံးရှုံးမှု၊ မီးလောင်ပေါက်ကွဲမှု အကြောင်းရင်းတွေနဲ့ပတ်သက်ပြီး မီးလောင်မှုဖြစ်ပွားတဲ့နေရာမှာရှိတဲ့ တပ်မတော်အရာရှိတွေအပါအဝင် တာဝန်ရှိသူ ဘယ်သူကမှ ဖြေဆိုခြင်းမရှိခဲ့ပါဘူး။

ဘီအိုစီဝင်း မီးလောင်ပေါက်ကွဲမှုမဖြစ်ခင်တစ်ရက်မှာလည်း ပြည်လမ်းနဲ့ တောင်ဝင်လမ်းထောင့်မှာရှိတဲ့ အင်ဂျင်နီယာတပ်ရင်း GE 4 ဝင်းထဲက ဂိုထောင်နှစ်လုံးလည်း မီးစွဲလောင်ခဲ့ပြီး ခန့်မှန်းခြေ ကျပ် ၁၈သိန်းဖို့ ဆုံးရှုံးခဲ့တယ်လို့ဆိုပါတယ်။

လယ်ယာစိုက်ပျိုးရေးဒုဝန်ကြီးကို ဒေါ်စန္ဒာမင်းကန့်ကွက်

r၏

National League for Democracy

ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် နာယကထံသို့ နိုင်ငံတော်သမ္မတ ထံမှ ပေးပို့လာသော လယ်ယာမြေနှင့် သိမ်းစည်းခံရမှုများကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေး စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာ အပိုင်း၁၊၂၊၃ ကိစ္စများအပေါ် အစိုးရ၏ ဖြေရှင်းမှုများကိုလွှတတော်သို့ရှင်းလင်းတင်ပြရာ လက်ရှိကြုံတွေနေ့မှုများနှင့် ကွာဟနေသည့် အတွက် အဖွဲချုပ် ကိုယ်စားလှယ် များမှ ကန့်ကွက် ထောက်ပြဆွေးနွေးခဲ့ကြည် ဦးဝင့်းမြင့် လေးစားအပ်ပါတဲ့နာယကပြီးခင်ဗျ ဖြစ်ပျက်နေတဲ့ ပကတိ အခြေအနေနဲ့ များစွားကွာခြားနေတာကို ကျနော် အကျဉ်းချုပ်တင်ပြပါ့မယ် ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့က ခရိုင်အုပ်ချုပ်ရေးမှူးကိုယ်စားဆိုပြီး ဦးတင်ထွဋ်အောင် ဦးစီးအရာရှိ ခရိုင်ကနေပြိးတော့ ကျနော့် မဲဆန္ဒနယ်ကနေပြိးတော့ ခုနက ပြောတဲ့လယ်ယာမြေ ခြံမြေတွေကိုဘဲ ပေးမဲ့စာထွက်ပြိးပါပြီခင်ဗျ စာဟာ ကျနော့်ရှိရောက်သလို ကာယကံရှင်တွေကိုလည်းပေးပြိးသားပါ ဥပမာ ကျနော် လေး ငါး ဦးပြောမယ်ဆိုရင် ဒေါ်ထွေးကြည်က လယ် ၄ဧက ခြံ ၁၆ ဧက သိးတာက အနောက်တောင်တိုင်းစစ်ဌာနချုပ်ကသိမ်းတာ စသည့်ဖြင့် ဒီစာကို တရားဝင်ထုတ်ပြိးတော့ ကာယကံတွေရှိ ပို့ပြိးပါပြီ ပေးပို့ပြီးပေမယ့်လည်း အခုဟာက စာပေးပြီးကာမှ ကာယကံတွေက ရမယ်ထင်တယ် သက်ဆိုင်ရာတာဝန်ရှိတဲ့တပ်က ကျနော်ကြားရတဲ့သတင်းအရ သက်ဆိုင်ရာ တပ်က ဘယ်လိုသွားပြောလည်းမသိဘူမပေးဘူး မပေးရုံတင်မဟုတ်တော့ဘူး တရားစွဲခံရတဲ့ အထိပြန်ဖြစ်လာတယ် ဖြစ်လာတဲ့အခ့ကြတော့ ၂၀၁၃ခုနှစ် နိုဝင်ဘာလ ၁၁ ဒုတိယသမ္မတ ၂ ကို ဥက္ကဌ မြေအသုံးခြ စီမံခန့်ခွဲရေးဗဟိုကော်မတီဆိုပြီးတော့ နပိုဝင်ဘာလ ၁၁ ရက်နေ့မှာစာပေးပို့ပါတယ်ခင်ဗျ ပေးပို့ပေမယ့်လည်းဘာမှ အကြောင်းမထူးဘူး မထူးတော့နောက်တခါကာကွယ်ရေးဝန်ကြိးဌာန ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြိးဝေလွင်ထံကိုလည်းစာပေးပို့ပါတယ် ပေးပို့ပေမယ့်လည်း မထူးဘူး မထူးတဲ့အပြင် အဲ့ဒီပုဂ္ဂိုလ် အသိမ်းခံရတဲ့သူတွေဟာ ပသိမ်မြို့နယ်တရားရုံးမှာကို ကိုယ်မြေ အသိမ်းခံရတယ်ပေးမယ်လို့လည်းစာရတယ် ပြန်ုမရဘူး မရတဲ့အပြင် ကျူးကြော်မှုနဲ့ လက်ရှိလည်း တရားရင်ဆိုင်နေရပါတယ်ခင်ဗျ လက်ရှိအနေအထားဆိုလို့ရှိရင် ကျနော့်ရှိနောက်ဆုံးပေးပို့လာတာ ဇန်န၀ါရီလ ၁၃ ရက်နေ့ကရကြောင်း စသည်ဖြင့် ဆွေးနွေးခဲ့ကြသည်။ ဒေါက်တာအောင်မိုးညို လေးစားအပ်တဲ့နာယကကြီးခင်ဗျာ လယ်ာယာမြေနှင့် အဲခြားမြေများ အဓမ္မ သိမ်းစည်းခံရ မှုနှင့်ပတ်သက်ပြိးတော့ ဥက္ကဌ တာဝန်ယူတဲ့ ဦးတင်ထွဋ်တင်ပြသွားတာဟာ အမှန်ပါဘဲခင်ဗျာ ကျနော့် မဲဆန္ဒနယ်မြေထဲမှာ မင်းဘူး စကူ့မြို့နယ်စပ်မှာရှိတဲ့ ဧကပေါင်း ၃၅၀ လောက်ကို မင်းဘူးမြို့က ခြေမြန်တပ်ရင်း ၈၈ ကလည်းသိမ်းပြိးလုပ်နေတာကြာလှပါပြီ ဧက ၃၅၀ကျော်၄၀၀ နီးနီးကို ပြန်ပေးတယ်ဆိုတာကလည်း စာရွက်ပေါ်မှာဘဲ ကြားသိရပါတယ် ခင်ဗျ တကယ်အသိမ်းခံရတဲ့လယ်သမားတွေအနေနဲ့လည်း ပြန်ပြိးတော့ ရဲရဲဝန့်ဝန့် မတောင်းရဲကြပါဘူး အခုထိကို သူတို့မှာ လုပ်ပိုင်ခွင့် မရကြသေးပါဘူး အဲ့တာနဲ့ပတ်သက်ပြိးတော့ တကယ်ပေးပြိးလား လယ်သမားတွေမှာ လက်ရောက်ပြန်လည် လုပ်ပိုင်ခွင့်ရပြိးလားဆိုတာကို ပြည်သူ့လွှတ်တော်မှ တဆင့် မေးမြန်းဖို့ ကျနော်ဆုံးဖြတ်ထားပါတယ် လေးစားစွာတင်ပြရခြင်းဖြစ်ပါတယ် ဒေါ်စန္ဒာမင်း လေးစားအပ်ပါသော နာယကကြိးရှင့် ကျမကိုတင်ပြခွင့်ပြုပါ ကျမ ဇမ္မူသီရိမြို့နယ်က ဒေါ်စန္ဒာမင်းပါ လယ်ယာစိုက်ပျိုးရေးဒုဝန်ကြီး အစီရင်ခံစာ (၁)(၂)(၃) ပါ တင်ပြသွားတဲ့ နေပြည်တော်ကောင်စီမှာ အမှုပေါင်း ၁၁၁ ခုဆိုတာ ဘယ်ဟာကိုများပြောတာပါလည်းရှင့် ကျမတို့ဇမ္မူသီရီ မြို့တစ်ခုတည်းတင်ထားတာတောင် အမှုတွဲပေါင်း ၁၀၀ ကျော်ရှိပါတယ် ရှင်းလင်းပြိးစီးခြင်းလည်း မရှိသေးပါဘူး ကျမတို့အနေနဲ့လည်း သိထားခြင်းလည်းမရှိပါဘူး သက်ဆိုင်ရာနယ်မြေကိုယ်စားလှယ်တွေအနေနဲ့လည်း သိထားခြင်းမရှိပါဘူး သို့ပါသောကြောင့် လယ်ာယစိုက်ပျိုးရေးဒု ၀န်ကြီးတင်ပြသွားတဲ့ အမှုပေါင်းကို နေပြည်တော်ကောင်စီမှာ ၇ မှုဘဲ ကျန်ပါတယ်ဆိုတဲ့ ဒီအဖြေကို ကျမ အနေနဲ့ ကန့်ကွက်ပါတယ်ရှင်.......။

နေစရာမဖန်တီးပေးနိုင်ပဲနေစရာဖန်တီးသူတွေကိုဘ၀ပျက်စေတဲ့အစိုးရပါ။

တိုးတက်ပြီးနိုင်ငံတွေမှာတော့အစိုးရကနေစရာရောအစားအသောက်အလုပ်အကိုင်ပါမကျန်ဖန်တီးပေးရတယ်... ရွှေပြည်မှာမဖြစ်နိုင်သေးရင်တောင်သူ့တို့သာဆောက်နေတာကျေးဇူးတောင်တင်ရမယ်..အဲဒီနေရာမှာမဖြစ်နိုင်ရင် ဖြစ်နိုင်တဲ့နေရာမှာအကွက်ရိုက်ပေးရမယ်လူမိုက်အစိုးရရဲ့....

ရွှေလင်ပန်းစက်မှုဇုံအနီးရှိ ၁၅ရပ်ကွက် ရွှေလင်ပန်းချောင်းဘေးရှိ ကျူးကျော်တဲအိမ် ၃၀၀ကျော်ကို ဇန်နဝါရီလ ၂၁ရက် နံနက် ၃နာရီခန့်က ဖျက်သိမ်းထားသည်ကို တွေ့ရစဉ်။

တက္ကသိုလ်ဆရာများသပိတ်မှောက်

kyaw swar Myint