Thursday, January 23, 2014

ဒီနေ့ကာတွန်း

နေအိမ်ဖျက်ဆီးခံရသူမိသားစုအများစုမှာဆက်လက်နေထိုင်လျက်ရှိ

အချို့သော ရှင်ငယ်၊ ရဟန်းငယ်များသည်အဓမဝါဒများ ဟောပြောနေခြင်းများ ပြုလုပ်နေအရှည်မျှော်တွေးပြီး အပြစ်ပေးသင့်


The Voice Weekly
ဒုတိယဗိုလ်ချုပ်မှူးကြီးဟောင်း မောင်အေးနှင့် စစ်ဗိုလ်ချုပ်ကြီးများ ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ အထူးအစည်းအဝေးတွင် ဆွမ်းဆက်ကပ်

ယခင် တပ်မတော်အစိုးရ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတွင် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သော ဒုတိယဗိုလ်ချုပ်မှူးကြီးဟောင်း မောင်အေးနှင့် ဒုတိယသမ္မတဟောင်းနှင့် ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရ တင်အောင်မြင့်ဦး အပါအဝင် အငြိမ်းစား စစ်ဗိုလ်ချုပ်ကြီးများ စုပေါင်းပြီး နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ အထူးအစည်းအဝေးသို့ တက်ရောက်လာသော ဆရာတော်များကို ဆွမ်းကပ် လှူဒါန်းခဲ့ကြောင်း ဇန်နဝါရီ ၂၂ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြသည်။

ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသဏ လိုဏ်ဂူတွင် ဇန်နဝါရီ ၂၁ ရက်နေ့က ကျင်းပသော နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ အထူးအစည်းအဝေးသို့ ကြွရောက်လာသော နိုင်ငံတော် သြဝါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများကို ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး (ငြိမ်း) နှင့် ဒေါ်မြမြစန်း၊ ကွယ်လွန်သွားပြီဖြစ်သော (ဒုတိယဗိုလ်ချုပ်ကြီး တင်ဦး)-ဒေါ်ခင်သန်းနွဲ့၊ ဒုတိယဗိုလ်ချုပ်ကြီး တင်လှ (ငြိမ်း)-ဒေါ်ခင်ဝင်းကြည်၊ ဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦး (ငြိမ်း)-ဒေါ်ခင်စောနှင်း၊ (ဗိုလ်ချုပ်ကြီး စိုးဝင်း)-ဒေါ်သန်းသန်းနွဲ့၊ ဒုတိယဗိုလ်ချုပ်ကြီး ခင်မောင်သန်း (ငြိမ်း)-ဒေါ်မာလာတင့်၊ (ဒုတိယ ဗိုလ်ချုပ်ကြီးမောင်ဘို)-ဒေါ်ခင်လေးမြင့်၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်ထွေး (ငြိမ်း)-ဒေါ်ခင်နှင်းဝေ၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့် (ငြိမ်း)-ဒေါက်တာ ဒေါ်တင်လင်းမြင့်၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဝင်း (ငြိမ်း)-ဒေါ်ခင်စန်းရီ မိသားစုဝင်များက ဆွမ်းလှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြချက်အရ သိရသည်။

ယင်းအစည်းအဝေးတွင် နိုင်ငံတော် သံဃမဟာနာယက ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ဒေါက်တာ ဘဒ္ဒန္တကုမာရဘိဝံသ ဆရာတော်ကြီး၏ အဖွင့်သြဝါဒကထာတွင် အချို့သော ရှင်ငယ်၊ ရဟန်းငယ်များသည် အုပ်စုလိုက်သမဏ သာရုပ္ပမဖြစ်သည့် အမှုများ၊ အဓမဝါဒများ ဟောပြောနေခြင်းများ ပြုလုပ်နေသည့်ကို တွေ့ရှိရသောကြောင့် ပဓာနနာယကက စသော သံဃာတော်ကြီးများက သာသနာတော်အတွက် အရှည်မျှော်တွေးပြီး အပြစ်ပေးသင့်ပါကြောင်း မိန့်ကြားခဲ့သည်။

လယ်ယာဆုံး၊ မိဘနှစ်ပါးဆုံး၊ မောင်နှမ ၇ ယောက် ဒုက္ခရောက်


The Hot News Weekly

ကူညီနိုင် သူအမြန်ဆုံးတွေဆုံနိုင်ပါစေ.........
တစ်ချိန်က လယ်သမားမိသားစု၊ လယ်ယာဆုံး၊ မိဘနှစ်ပါးဆုံး၊ မောင်နှမ ၇ ယောက် ဒုက္ခရောက်
 Thursday, January 23, 2014
 ၁၉၉၉ ခုနှစ်က တွံတေးမြို့ နယ်၊အဒွန်းကျေးရွာအုပ်စု၊ ဘိုးထံ ပေးကျေးရွာနေ လယ်သမားကြီး ဦးအုန်းမြင့်ထံမှ လယ် ၄ ဧကကို လျော်ကြေးမပေးဘဲ သိမ်းခဲ့သဖြင့် လယ်သမားကြီးမိသားစုသည် ရန်ကုန်-ညောင်တုန်းကားလမ်း ဘေးတွင်တဲထိုးနေထိုင်ရာမှ၂၀၁၀ ခုနှစ်တွင် လယ်သမားကြီးသေဆုံး ခဲ့ပြီးဇနီးဒေါ်ကျင်မြသည်ကလေး ၇ ယောက်ဖြင့် ဆင်းဆင်းရဲရဲ နေ ထိုင်နေစဉ် ရပ်/ကျေးအုပ်ချုပ် ရေးမှူးက မြောင်းတူးရန် အိမ် ဖျက်ခိုင်းရာ စိတ်ထိခိုက်၍ ၂၀၁၃ ခုနှစ်၊ နတ်တော်လဆန်း ၁၂ရက် နေ့တွင် ကွယ်လွန်သွားသဖြင့် လူ မယ်မောင်နှမ ၇ ယောက်ကျန်ခဲ့ ပါသည်။ နံပါတ် ၅ ညီမလေး ခင် နှင်းနွယ် ၉ နှစ်သည် ပိုလီယို ရောဂါသည်လေးဖြစ်ပြီး မိခင်ဆုံး ပြီး ပြောင်းရွှေ့လာသော အိမ်မှာ လည်းမဆောက်ရသေး၊မောင်နှမ ၇ယောက်မှာလည်း စားရမဲ့မဲ့၊ သောက်ရမဲ့မဲ့ဖြစ်နေကြောင်း အကြီးဆုံးသား အောင်ကိုနိုင် ၂၀ နှစ် (ကျဘမ်း) အလုပ်အကိုင်နေ ရသူက သတင်းဌာနများမှတစ် ဆင့် မောင်နှမ ၇ ယောက်ဒုက္ခ ရောက်နေခြင်းကို ကူညီနိုင်သူ များ ကူညီပေးရန် အကူအညီ တောင်းခံခဲ့ပါသည်။ ““ကျွန်တော်တို့ မိသားစုဟာ လယ်သမားမျိုးနွယ်ဖြစ်ခဲ့ပေမဲ့ နိုင်ငံတော်က ကျွန်တော်တို့ မိသားစုပိုင် လယ်တွေကိုသိမ်းခဲ့ တော့ ကျွန်တော်တို့မိသားစု စား ရမဲ့မဲ့၊ သောက်ရမဲ့မဲ့ဖြစ်ပြီး လမ်း ဘေးမှာတဲထိုးနေထိုင်ခဲ့ပြီး ငါးရှာ ဖားရှာနဲ့ အသက်မွေးခဲ့ရပါတယ်။ အဖေသေခဲ့ပြီး ဆက်လက်နေ ထိုင်ခဲ့သော တဲကိုပါ မြောင်းတူး မယ်ဆိုပြီး ဖျက်ခိုင်းခဲ့ရာ နှလုံး ရောဂါအခံရှိတဲ့ ကျွန်တော့်အမေ စိတ်ထိခိုက်ပြီးသေတော့ကျွန်တော် တို့ မောင်နှမ ၇ ယောက် ဒုက္ခ အကြီးအကျယ်ရောက်နေပါတယ်။ ကူညီနိုင်သော အဖွဲ့အစည်း၊ ကူ ညီနိုင်သော ကုမ္ပဏီများ၊ ကူညီ နိုင်သော အလှူရှင်များ ကူညီ ပေးကြပါလို့””အကြီးဆုံးသား အောင်ကိုနိုင်က ပြောပြပါသည်။
 အသေးစိတ်သိရှိလိုပါက လူမှုအကျိုးဆောင်ရွက်သူ (ဖုန်း) ၀၉-၃၁၃၆၈၃၈၅ သို့ ဆက်သွယ် မေးမြန်းကူညီလှူဒါန်းနိုင်ကြောင်း သိရသည်။

သံတွဲမှာပုဒ်မ ၁၄၄ ထုတ်ထားတာဟာကုလားတွေခိုးသွင်းဖို့ အခွင့်အရေးတစ်ခုဖြစ်နေ


Thiha Gyi
သံတွဲအရေးကြီးသတင်း ----------------------
 22-1-2014 နေ့ည9:30 အချိန်ခန့်တွင် ကျောက်နီမော်မှသံတွဲသို့ ကိုဘုမောင် ပိုင်ဆိုင်သောစက်လှေဖြင့်ဘင်္ဂလီ(10) ဦးတင်ဆောင်ကာကင်းမော်ဆိပ်ကမ်းသို့ ရောက်ရှိပြီး လဝက မှတပ်ကြပ်ကြီးအဆင့်ရှိအောင်သန်းဝင်း ဆိုသူမှယူနီဖောင်းဖြင့်ခေါ်ဆောင်သွားပြီး သံတွဲမြို့စပါယ်လမ်းထိပ်ရှိဦးမောင်နီအိမ် သို့ငွေမြောက်များစွာယူပြီးကင်းမော်ရဲစ ခန်းမှုးနှင့်ညှိကာပို့ဆောင်ပေးခဲ့ပါသည် သံတွဲမြို့ကိုဒီလိုကယ်ရီပို့ပြီးလုပ်စား နေတာနှစ်ပေါင်းမနည်းကြာခဲ့ပါပြီ သံတွဲမှာပုဒ်မ ၁၄၄ ထုတ်ထားတာဟာကုလားတွေခိုးသွင်းဖို့ အခွင့်အရေးတစ်ခုဖြစ်နေပြီးငွေယူပြီးကု လားခိုးသွင်းနေတာကိုသိရှိအောင်တင် ပြပေးကြပါရန်ရေးသားလိုက်ရပါသည်။

လေးပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးရေးအပေါ် ကြိုဆိုပါကြောင်း ပြည်ထောင်စုလွှတ်တော်နာယကသူရဦးရွှေမန်း ပြော



ခွန် ဒီးယမ်

Breaking News
=========
ယနေ့ မွန်းလွဲ(၁)နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိခန်းမဆောင်၌ ပြည်တွင်း၊ ပြည်ပမှ သတင်းမီဒီယာသမားများအား တွေဆုံ၍ မေးမြန်းချက် များကို ပြန်လည်ဖြေကြားရာတွင် ထိုသို့ပြောဆိုခြင်းဖြစ်သည်ဟုသိရသည်။

ဒေါ်စုနဲ့ ထိပ်တိုက်တွေ့နိုင်တာ..သံဃာတော်မဟုတ်ဘူး



 Thunder Pa Yit

 ဒေါ်စု ကို အောက်တန်းကျကျ တိုက်ခိုက်ချင်သူတွေရဲ့.. အသုံးချခြင်းကို..ခံနေရတဲ့ ဘုန်းတော်ကြီးအချို့သာဖြစ်တယ်..၊ ဒေါ်စုနဲ့ ထိပ်တိုက်တွေ့နိုင်တာ...တပ်မတော်မဟုတ်ဘူး.. တပ်မတော်ကို ခါးပိုက်ဆောင်တပ်တစ်ခုလို .. မသဒ္ဒါရေစာကျွေးပြီး...ခိုင်းစားနေတဲ့ အာဏာရှင်တစ်စုဖြစ်တယ်..။ ဒေါ်စုကို ပြည်သူက ချစ်တယ်.. သီလသမာဓိရှိတဲ့ ဆရာတော်ကြီးတွေကချီးမြောက်တယ်.. အဲဒါကို ဘယ်လိုအတွေးအခေါ်တွေနဲ့... အမျိုးဘာသာကို မချီးမြှောက်ဘူး ထင်ရတာပါလဲ.. ဘယ်ဘုန်းကြီးက NLD ရိုက်တာခံဘူးလဲ.. ဘယ်ဘုန်းကြီးကို ၈၈ မျိုးဆက်တွေက သင်္ကံန်းဆွဲချွတ်ဖူးလဲ..၊ ဘယ်ဘုန်းကြီးကို ဒီမိုကရေစီလိုလားသူတွေက.. အကျဉ်းချ ထားဖူးလဲ.. ဘယ်ဘုန်းကြီးကျောင်းကို...ဘယ်ခွပ်ဒေါင်းအဖွဲ့တွေက ၀င်ရောက်စီနင်း ပြီး တိတ်တဆိတ် ဖမ်းဆီခဲ့ဖူးသလဲ.. ဘယ် ဘုန်းကြီးတွေကို...ဘယ်သူတွေသတ်ဖူးသလဲ.. ဘယ်ဘုန်းကြီးတွေကို...ဘယ်သူတွေလူဝတ်လဲခိုင်းဖူးလဲ.. ဘယ်ဘုန်းကြီးကို...ဘယ်သူတွေ တရားဟောခွင့်ပိတ်ဖူးလဲ.. ဘယ်ဘုန်းကြီးတွေကို ..ဘယ်သူတွေ မီးလောင်ကျွမ်းစေခဲ့သလဲ.. ----------------- သေချာမှတ်ထားဖို့က.. ခွေးမြီးကောက်တွေ... ကျည်တောက်စွပ်ပြနေတာကိုမြင်ပြီး.. ယုံစားလိုက်လို့ကတော့... ခွေးရူးကိုက်တာ ခံရမယ်မှတ်...။ ပြီးရင်..ကိုယ်ပါ ခွေးရူးပြန်ပြီး... အချိန်တိုအတွင်းမှာ..သေမယ်ဆိုတာပါပဲ..။

မလှူရင်နေပါ မခိုးကြပါနဲ့


Hawdeka Khalaylay

ဆရာတော်ကြီးက ဗိုလ်ချုပ်ကြီးဟောင်းများအဖွဲ့ကို မလှူရင်နေပါ မခိုးကြပါနဲ့လို့ မိန့်ကြား
(နေပြည်တော်သတင်း)

ဆရာတော်ကြီးက မိန့်ကြားရာတွင် လှူတာလည်း ကုသိုလ် ၊ မခိုးတာလည်း ကုသိုလ်ဖြစ်ကြောင်း ၊ လှူတာက ဒါနကုသိုလ် ၊ မခိုးတာက သီလကုသိုလ်ဖြစ်ကြောင်း ၊ ထို့ကြောင်း ဒကာကြီးတို့အနေနဲ့ မလှူရင်နေကြပါ မခိုးကြပါနဲ့လို့ ဘုန်းကြီးမှာလိုကြောင်း

မိန့်ကြားခဲ့သည်ဟု နေပြည်တော် သတင်းရပ်ဝန်းမှ ပေးပို့လာခြင်းဖြစ်ပါသည် ၊

ယခင် တပ်မတော်အစိုးရ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတွင် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သော ဒုတိယဗိုလ်ချုပ်မှူးကြီးဟောင်း မောင်အေးနှင့် ဒုတိယသမ္မတဟောင်းနှင့် ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရ တင်အောင်မြင့်ဦး အပါအဝင်

အငြိမ်းစား စစ်ဗိုလ်ချုပ်ကြီးများ စုပေါင်းပြီး နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ အထူးအစည်းအဝေးသို့ တက်ရောက်လာသော ဆရာတော်များကို ဆွမ်းကပ် လှူဒါန်းခဲ့ကြောင်း ဇန်နဝါရီ ၂၂ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြသည်။

ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသဏ လိုဏ်ဂူတွင် ဇန်နဝါရီ ၂၁ ရက်နေ့က ကျင်းပသော နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ အထူးအစည်းအဝေးသို့ ကြွရောက်လာသော နိုင်ငံတော် သြဝါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော် သံဃမဟာနာယက

ဆရာတော်ကြီးများ၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများကို ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး (ငြိမ်း) နှင့် ဒေါ်မြမြစန်း၊ ကွယ်လွန်သွားပြီဖြစ်သော (ဒုတိယဗိုလ်ချုပ်ကြီး တင်ဦး)-ဒေါ်ခင်သန်းနွဲ့၊ ဒုတိယဗိုလ်ချုပ်ကြီး တင်လှ (ငြိမ်း)-ဒေါ်ခင်ဝင်းကြည်၊

ဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦး (ငြိမ်း)-ဒေါ်ခင်စောနှင်း၊ (ဗိုလ်ချုပ်ကြီး စိုးဝင်း)-ဒေါ်သန်းသန်းနွဲ့၊ ဒုတိယဗိုလ်ချုပ်ကြီး ခင်မောင်သန်း (ငြိမ်း)-ဒေါ်မာလာတင့်၊ (ဒုတိယ ဗိုလ်ချုပ်ကြီးမောင်ဘို)-ဒေါ်ခင်လေးမြင့်၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်ထွေး (ငြိမ်း)-

ဒေါ်ခင်နှင်းဝေ၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့် (ငြိမ်း)-ဒေါက်တာ ဒေါ်တင်လင်းမြင့်၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဝင်း (ငြိမ်း)-ဒေါ်ခင်စန်းရီ မိသားစုဝင်များက ဆွမ်းလှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြချက်အရ သိရသည်။


နေပြည်တော် သတင်းရပ်ဝန်းမှ ပေးပို့လာသော သတင်းဖြစ်သည် ၊

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှမ်းပြည်နယ် ခရီးစဉ်ကိုစိတ်ပူ



ရန်ကုန်၊ မဇ္ဈိမ ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု၏ ရှမ်းပြည်နယ် ခရီးစဉ်ကို ဇန်နဝါရီလ ၂၄ရက် ညနေပိုင်းတွင် စတင်မည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်မှ ရှမ်းပြည်နယ် တောင်ပိုင်း ဟဲဟိုးမြို့သို့ ဇန်နဝါရီလ ၂၄ရက် ညနေပိုင်းတွင် ရောက်ရှိမည်ဖြစ်ကာ ထိုမှတစ်ဆင့် နမ့်ဆန်မြို့သို့ ကားဖြင့် ခရီးဆက် မည်ဖြစ်သည်။

ထိုနေ့တွင် နမ့်ဆန်မြို့၌ ညအိပ်နားနေကာ ၂၅ရက် နံနက်ပိုင်းတွင် နမ့်ဆန်၊ မိုးနဲ၊ လင်းခေးမြို့ များတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ လူထုဟောပြောပွဲများကို ဆက်တိုက် လုပ်သွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဇန်နဝါရီလ ၂၃ ရက် တွင် ထုတ်ပြန်လိုက်သည်။ ဟောပြောပွဲ များကို နမ့်ဆန်ဘောလုံးကွင်းတွင် နံနက် ၉နာရီတွင် စတင်မည်ဖြစ်ပြီး မိုးနဲဘောလုံးကွင်းတွင် နံနက် ၁၁ နာရီခွဲ တွင် ပြုလုပ်ကာ လင်းခေးဘောလုံးကွင်း၌ ညနေ ၃နာရီတွင် ပြုလုပ် မည်ဖြစ်သည်။

ဇန်နဝါရီလ ၂၆ရက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် လင်းခေးမှတစ်ဆင့် မိုးနဲ၊ နမ့်ဆန်မြို့များ ကို ဖြတ်ကာ ဟဲဟိုးမြို့သို့ ပြန်လည် ထွက်ခွာကာ ခရီးစဉ်ကို အဆုံးသတ်မည်ဖြစ်သည်။

(မဇ္ဈိမသတင်းဌာန )
==================================
ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည်နယ် ခရီးစဉ် ပြောင်းလဲ ===================================
မြ၀န်းရံ
===================================
တောင်ကြီး ။ ။ ရှမ်းပြည်နယ် နမ့်စန် မြို့၊ မိုးနဲမြို့နှင့် လင်းခေးမြို့တို့သို့ ဇန်န၀ါရီ ၂၅၊ ၂၆ရက်များတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လာရောက် ၍ ပြည်သူလူထုနှင့် တွေ့ဆုံမည့်အစီအစဉ်သည် နမ့် စန်လေဆိပ် သို့ လေယာဉ်ဆင်း ခွင့်မရသဖြင့် အစီအစဉ်ပြောင်းလဲ လိုက်ကြောင်း တောင်ကြီး မြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးမှ သိရသည်။
ပြောင်းလဲလိုက်သောအစီအ စဉ်အရ ဒေါ်အောင်ဆန်းစုကြည် သည် ဟဲဟိုးလေဆိပ်မှတစ်ဆင့် နမ့်စန်ခရီးစဉ်ကို ဆက်လက်ထွက် ခွာမည်ဖြစ်ပြီး မူလအစီအစဉ်ဖြစ် သော နမ့်စန်မြို့၊ မိုးနဲမြို့နှင့် လင်း ခေးမြို့များ တွင် ပြည်သူလူထုနှင့် တွေ့ဆုံမည့်အစီအစဉ်အပြင် လင်း ခေးမြို့မှအပြန် တွင် တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းတွင် ပြည်သူ လူထုနှင့်တွေ့ဆုံ မည်ဟု ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တာဝန်ရှိသူများထံမှ သိရသည်။
““ပြည်နယ်အစိုးရကို မီးပုံးပျံကွင်းမှာ ဟဲဟိုးလေဆိပ်မဆင်း မီ လူထုတွေ့ဆုံ ပွဲ လုပ်မယ်ဆိုတာ တင်ပြထားတယ်။ စင်မြင့်တစ်ခု အဲဒီမှာရှိတယ် ဆိုတော့ ပြည်နယ် အစိုးရကခွင့်ပြုရင် အဆင်ပြေမှာ ပါ””ဟု ပြည်နယ် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုးက ပြောသည်။
မူလကစီစဉ်ထားသကဲ့သို့ နမ့်စန်လေဆိပ်တွင် လေယာဉ် ဆင်းခွင့် ယနေ့ အထိ မရသေး သဖြင့် ယခုကဲ့သို့ ဟဲဟိုးလေဆိပ် မှ နမ့်စန်သို့သွားရန် အစီအစဉ် ပြောင်းလဲလိုက်ရသည်ဟု သိရ သည်။ ဇန်န၀ါရီ ၂၄ရက် နေ့လယ် တွင် နေပြည်တော်မှဟဲဟိုးသို့ လေ ယာဉ်ဖြင့် ထွက်ခွာလာမည်ဖြစ်ပြီး ဟဲဟိုးမှတောင်ကြီးသို့ မော်တော် ယာဉ်ဖြင့် ဆက်လက်ထွက်ခွာကာ နမ့်စန်မြို့တွင် ညအိပ်ရပ်နားမည် ဟု သိရသည်။
အဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ် အောင်ဆန်းစုကြည် ဖြတ်သန်းသွားမည့် လမ်းတစ်လျှောက်ရှိ ဟဲ ဟိုး၊ တောင်လေးလုံး၊ အောင်သ ပြေ ၊ ရွှေညောင်၊ ညောင်ရွှေ၊ အေး သာယာ၊ တောင်ကြီး၊ ဟိုပုံး၊ မိုင်း ပွန်၊ လွိုင်လင်မြို့များမှ တိုင်းရင်း သားများအပြင် တောင်ကြီးခရိုင်၊ လွိုင်လင်ခရိုင်များမှလည်း လာ ရောက်ကြိုဆိုမည်ဟု သိရသည်။
ဒေါ်အောင်ဆန်းစုကြည် သည် ဇန်န၀ါရီ ၂၅ရက် နံနက်တွင် နမ့်စန်မြို့လူ ထုနှင့် လည်းကောင်း၊ နေ့လယ်ပိုင်းတွင် မိုးနဲမြို့လူထုနှင့် လည်းကောင်း တွေ့ ဆုံမည်ဖြစ် သည်။ ထို့နောက် လင်းခေးမြို့သို့ ဆက်လက် ထွက်ခွာကာ ၂၆ရက် နံနက်တွင် လင်းခေးမြို့ ပြည်သူ လူထုနှင့် တွေ့ဆုံပွဲပြုလုပ်မည်ဖြစ် သည်။
နေ့လယ်ပိုင်းတွင် မော်တော် ယာဉ်များနှင့် ပြန်လည်ထွက်ခွာ လာပြီး လင်းခေးမှ တောင်ကြီးသို့ လမ်းတစ်လျှောက် လူထုအားနှုတ် ဆက်မည်ဟု သိရသည်။


နမ့်စန်မှာ ဒေါ်အောင်ဆန်းစုကြည်လေယာဉ်ဆင်းဖို့ တပ်က ခွင့်မပြု
=====================================
အေးနိုင်- DVB- 23-1-2014
ရှမ်းပြည်နယ် နမ့်စန်မြို့ရှိ တပ်မတော်လေယာဉ်ကွင်းမှာ ခေတ္တလေယာဉ်ဆင်းသက်ခွင့် မရရှိတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ကို ပြောင်းလဲပြီး စီစဉ်ထားတယ်လို့ စီစဉ်သူတွေက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှမ်းပြည်နယ် ၃ မြို့နယ်ခရီးစဉ်အတွက် နေပြည်တော်ကနေ လေယာဉ်နဲ့ ထွက်ပြီး နမ့်စန်မြို့က လေယာဉ်ကွင်းမှာ ဆင်းဖို့ လွန်ခဲ့တဲ့ ရက်ပိုင်းက မေတ္တာရပ်ခံ တင်ပြထားတာဖြစ်ပြီး ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံကိုပါ မေတ္တာရပ်ခံ ထားတာပါ။ ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံက တစုံတရာ အကြောင်း ပြန်ကြားမှု မရှိတဲ့အတွက် ဟဲဟိုးလေယာဉ်ကွင်းမှာပဲ ဆင်းပြီးခရီးစဉ်ကို ဆက်လက်စီစဉ် လိုက်တယ်လို့ ခရီးစဉ်အတွက် ဆောင်ရွက်သူတဦးဖြစ်တဲ့ ဦးရဲလှိုင်က ပြောပါတယ်။
“ကာကွယ်ရေး ဦးစီးချုပ်အထိ ပို့တဲ့ဟာကို မနေ့က အထိ အကြောင်းမပြန်ဘူး။ ဒီနေ့ အချိန်အထိ အကြောင်း မပြန်သေးဘူး။”
ဌာနေပြည်သူ့စစ် ဟိုမိန်းအဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မိုးနဲအထက်ဘက် ဆိုက်ထယ်ရွာမှာ တွေ့ဆုံနိုင်ဖို့ ကနဦးပိုင်းတုန်းက စီစဉ်ထားချက်ဟာလည်း စစ်တိုင်းမှူးက တားမြစ်တဲ့အတွက် ဖျက်လိုက်ရတယ်လို့ ဦးရဲလှိုင်က ပြောပါတယ်။
“ဟိုမိန်းအဖွဲ့က ပထမ တွေ့မယ်ပြောတော့ အန်ကယ်ဦးဝင်ထိန်တို့နဲ့ တွေ့လို့ရမယ့် အစီအစဉ်တွေလုပ်တော့ နောက်တော့ စစ်တိုင်းမှူးက မင်းတို့နဲ့ မဆိုင်ဘူး မင်းတို့ မတွေ့ရဘူးပြောတော့ အဲဒီ အစီအစဉ်က ပျက်သွားတယ်။ သူတို့က တွေ့ချင်တယ် နောက်တော့ စစ်တိုင်းက ဖိအားပေးလို့ မတွေ့ရဘူးလို့ သူတို့ တာဝန်ခံက ကျနော်ကို အဲလို ပြောပါတယ်ခင်ဗျ။”
________________________________
http://burmese.dvb.no/?p=50704


အဂ္ဂမဟာ သရေစည်သူ ဒီမိုဖက်တီး

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှမ်းပြည်နယ် ခရီးစဉ်ကို ပြည်သူ့အပေါ် တာဝန်သိတဲ့ ဂျာနယ်တိုက် များမှာ သတင်းထောက်များ ၊ ဓါတ်ပုံဆရာများ အတူလိုက်ပါရန် ထည့်ပေး လိုက်ရင်တော့ ပိုပြီး လုံခြုံမယ်လို့ ယူဆရပါတယ် ။

မှော်ဘီမှာ လက်နက်တိုက် ဖောက်ခံရလို့တော့ မဟုတ်ပါဘူး ။ ရှမ်းပြည်မှာက မှောင်ခို လက်နက်တွေ ပေါပြီးသားပါ ။ ဒီအပြင် အစိုးရကို လိုလားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ဘိန်းမှောင်ခို သစ်မှောင်ခို အုပ်စုတွေလည်း ရှိလို့ပါ ။

ခေါင်းဆောင်ကြီး အနေနဲ့ကလည်း ဒီလောက် ကြမ်းတဲ့ ခရီးကို လေယာဉ်တစ်တန် ကား တစ်တန် တောင်ကြား မြှောင်ကြားကနေ သွားမယ့်အစား လအနည်းငယ် ရွှေ့ဆိုင်းပြီးမှ သွားသင့် ပါတယ် ။ အမှန်ကတော့ လေယာဉ်နဲ့ တက်ဆင်းသွားရတဲ့ ခရီးက အသက်သာဆုံးနဲ့ အလုံခြုံဆုံးပါ ။

ပြည်သူနဲ့ တွေ့ချင်တယ် ဆိုတာလဲ ဟုတ်ပါတယ် ။ ပြည်သူကလည်း တွေ့ချင်ပါတယ် ။ ဒါပေမယ့် သူ့အချိန်အခါနဲ့ သူပေါ့ ။ အခုအချိန်ကတော့ သိပ်မဟန်ဘူးလို့ ထင်တာပဲ ။ ဒီအပြင် ကူညီပံ့ပိုးပေးရမယ့် အစိုးရပိုင်းကလည်း ကိုယ့်ကို မလိုလားဘူးဆိုတာကိုတွေကို ပေါ်ပေါ်တင်တင် ထုတ်ပြနေတဲ့အတွက် ခရီးစဉ်အတွင်းမှာ စိတ်အနှောက်အယှက် ဖြစ်စရာတွေ ကြုံဆုံလာမှာကိုလည်း စိတ်ပူမိပါတယ် ။

“ အင်န်အယ်လ်ဒီ၊ တက်ထောင်ရင် ပန်းတိုင်နဲ့ ဝေးသွားမယ်”



ပြီးခဲ့တဲ့ လပိုင်းက ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့်မှာ စစ်ဗိုလ်ဟောင်းတွေကို အလုံးအရင်းနဲ့ တာဝန်ပေးတာ လုပ်ပါတယ်။ ဒါဟာ လာမယ့် ရွေးကောက်ပွဲ လွတ်လပ် တရားမျှတမှု အတွက် စိုးရိမ်စရာ မကောင်းဘူးလားလို့ စာနယ်ဇင်း မီဒီယာတွေက အင်န်အယ်လ်ဒီ တာဝန်ရှိသူတွေကို မေးကြပါတယ်။ ဒီအခါ ပြောခွင့်ရ ဦးဥာဏ်ဝင်းက “ ဘာမှ အထွေအထူး ပြသနာမရှိပါဘူး” ဆိုတဲ့ အဖြေကို ပေးလိုက်ပါတယ်။ လာမယ့် ရွေးကောက်ပွဲ ဆိုတာ အေးအေးဆေးဆေးပါပဲ လို့ ပြောချင်ပုံပါပဲ။

“ အင်န်အယ်လ်ဒီ၊ တက်ထောင်ရင် ပန်းတိုင်နဲ့ ဝေးသွားမယ်”
စည်သူအောင်မြင့်
ရန်ကုန်တိုင်းမ် ဂျာနယ်၊ ၂၃-၁-၁၄။ စာ- ၁၆။

၂၀၁၅ ရွေးကောက်ပွဲ ကျင်းပဖို့ ၂ နှစ်လောက် လိုသေးတယ် ဆိုပေမယ့် အခု ဖြတ်သန်းနေတဲ့၂၀၁၄ ခုနှစ်ဟာ ရွေးကောက်ပွဲအတွက် အလွန်အရေးကြီးတဲ့ နှစ်ပဲလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသလို နိုင်ငံရေးအကဲခတ်တွေကလည်း ဒီ အတိုင်းသုံးသပ်ကြပါတယ်။ လက်ရှိ အချိန်ထိ အသက်ဝင်နေသေးတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ ပါတီ တစ်ခုအနေနဲ့ နိုင်ငံ့အာဏာ လွှဲပြောင်းရယူဖို့ ဆိုရင် ရွေးကောက်ပွဲမှာ အမတ် အများစု အနိုင်ရဖို့လိုပါတယ်။ ဒါမှသာ ကိုယ့်ပါတီက တင်သူတစ်ယောက် သမ္မတ ဖြစ်လာမှာဖြစ်ပြီး အဲဒီ သမ္မတ က အစိုးရအဖွဲ့ ဖွဲ့ပြီး တိုင်းပြည်အုပ်ချုပ်ရေးကို ဦးဆောင်သွားနိုင်မှာမို့ ဖြစ်ပါတယ်။ ဒီအတွက် အင်န်အယ်လ်ဒီ ပါတီရော၊ ပြည်ခိုင်ဖြိုးပါတီပါ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ အမတ်နေရာ အများစု အရွေးချယ်ခံရရေး၊ ကိုယ့်ပါတီကတင်တဲ့သူ သမ္မတ ဖြစ်ရေး ဆိုတာကို သနင်္ဂဗျူဟာ ရည်မှန်းချက် အဖြစ် ထားလာကြပါတယ်။ ဒီနေရာမှာ ဖွဲ့စည်းပုံ ဘယ်လောက် ပြင်နိုင်မလဲ၊ ဘာတွေပြင်နိုင်မလဲ၊ ရွေးကောက်ပွဲက လွတ်လပ် တရားမျှတမှု ရှိမလား၊ မရှိဘူးလား ဆိုတာ အခရာ ကျလာပါတယ်။ ခုတစ်ပါတ် အဲဒီ ပါတီကြီး နှစ်ပါတီ ကြိုးစားနေကြပုံတွေကို နှိုင်းယှဉ် ဆွေးနွေးတင်ပြသွားပါ့မယ်။
ဒါနဲ့ ပါတ်သက်ပြီး စစ်ဗိုလ်ချုပ်တွေနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေ ဦးဆောင်တဲ့ ပြည်ခိုင်ဖြိုးပါတီဘက်က ကြိုးပမ်း ပြင်ဆင်နေကြတာကို အရင်ကြည့်ကြရအောင်ပါ။ တကယ်တော့ စစ်ဗိုလ်ချုပ်တွေဟာ လက်ရှိ အခြေအနေမျိုးရောက်လာအောင် လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကတည်းက မျှော်မှန်း အကောင်အထည်ဖော်ခဲ့တာပါ။ တိုင်းပြည်ကို အာဏာအပြည့်အ၀ရှိတဲ့ ကာကွယ်ရေးဦးစီးချုပ် တာဝန်ယူမယ့် စစ်ဗိုလ်ချုပ်တစ်ယောက်နဲ့ နောက်ထပ် စစ်ဗိုလ်ချုပ်ဟောင်းတစ်ယောက်က သမ္မတ တာဝန်ယူပြီး ပူးတွဲ အုပ်ချုပ်ကြဖို့ပါ။ သမ္မတ လုပ်တဲ့ စစ်ဗိုလ်ချုပ်ဟောင်း အနားယူသွားရင် နောက်ထပ် စစ်ဗိုလ်ချုပ်တစ်ယောက်က အရပ်ဝတ်ဝတ်ပြီး သမ္မတ ရာထူး ဆက်ခံသွားဖို့ပါ။ စစ်ဘုရင်မင်းဆက် တည်ထောင်ဖို့ ရည်ရွယ်တယ် ဆိုရင် မမှားပါဘူး။ တစ်ပြိုင်နက်တည်း သူတို့မလိုလားသူတွေ သမ္မတ ဖြစ်ဖို့ မဆိုထားနဲ့၊ အနားကိုတောင် ကပ်လို့မရအောင် ဖန်တီးထားဖို့ပါ။ (ဖွဲ့စည်းပုံထဲက ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ထည့်သွင်းထားတဲ့ ပုဒ်မ ၅၉ (စ) ဟာ အဲဒီ ရည်ရွယ်ချက် ဖြစ်ပါတယ်)။ ဒါနဲ့ ပါတ်သက်ပြီး လတ်တလော ထုတ်ဝေကာစ စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း၊ ၀န်ကြီးချုပ်ဟောင်း၊ နအဖ အတွင်းရေးမှူးဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ရဲ့ အင်တာဗျူးပါ မှတ်တမ်းတွေမှာ ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်။
ဒီ ရည်မှန်းချက်အောင်မြင်ဖို့ စစ်အာဏာရှင်တွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲပါတယ်။ ၂၀၀၈ ခုနှစ်ရောက်တော့ ဖွဲ့စည်းပုံကို အတည်ပြုပါတယ်။ ၂၀၁၀ ခု နှစ်ကုန်ကာနီးမှာ ရွေးကောက်ပွဲ ကျင်းပပြီး လက်ရှိ အခြေအနေ ဖန်တီးထားတာပါ။ စစ်အာဏာရှင်တွေဟာ လုပ်ငန်းစဉ် တစ်ခုချင်းစီမှာ လိုချင်တဲ့ ရလာဒ်ထွက်လာအောင် မရမက ဖန်တီးခဲ့တယ် ဆိုတာကိုလည်း ဖြစ်စဉ် တိုင်းမှာ တွေ့နိုင်ပါတယ်။ ဖွဲ့စည်းပုံကို ပြည်သူ ၉၀ ရာခိုင်နှုန်းကျော် ထောက်ခံမဲ ပေးတယ် ဆိုတာမျိုး၊ ရွေးကောက်ပွဲမှာ လိုသလောက် အနေအထား လိုသလောက် အရည်အတွက် အနိုင်ရတယ် ဆိုတာမျိုးဖြစ်ပါတယ်။ ( နေပြည်တော်က ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ ဗိုလ်ချုပ်ကြီး သိန်းစိန်၊ ဒုဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင်ဦး နဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ အဆင့်အလိုက် မဲအနိုင်ရရှိမှု ရာခိုင်နှုန်း စနစ်တကျ ထွက်လာသည်အထိ လုပ်နိုင်ခဲ့သူတွ ဖြစ်ပါတယ်။)
နောက်ပိုင်းကာလ စစ်ခေါင်းဆောင် တစ်ချို့ရဲ့ ပြောဆိုချက်တွေကိုကြည့်ရင်လည်း အရင် စစ်အာဏာရှင်တွေရဲ့ ကြိုတင်ပြင်ဆင် စီစဉ်မှုတွေကို တွေ့နိုင်ပါတယ်။ ဥပမာ လက်ရှိ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်ဆို ဒီ တာဝန်အတွက် သူ အစောကြီးကတည်းက အသေအခြာ ပြင်ဆင်ခဲ့ပုံတွေကို နောက်ပိုင်း ပြောဆိုတာ ရှိခဲ့ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲ မစခင်ကတည်းက ကြံ့ခိုင်ရေးနဲ့ မဟာမိတ်လုပ်ထားတဲ့ ကရင်စစ်ဗိုလ်တွေ ဦးဆောင်တဲ့ ကရင်ပြည်သူ့ပါတီ ဆိုရင် နိုင်ငံခြားထွက်ပြီး ရွေးကောက်ပွဲတွေ၊ လွှတ်တော်တွေကို သွားလေ့လာခဲ့ပြီးပါပြီ။ ပြောရရင် အားလုံး စနစ်တကျ ကြိုတင်ပြင်ဆင်ပြီး လိုချင်တဲ့ ရလာဒ် ထွက်လာအောင် လုပ်ခဲ့ကြတာပါ။
လက်ရှိ အချိန်မှာလည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်း စစ်ခေါင်းဆောင်အားလုံး သူ့နေရာနဲ့သူ တာဝန်ယူပြီး လာမယ့် ၂၀၁၅ နောက်ပိုင်းမှာလည်း သူတို့မျှော်မှန်းတဲ့ ရည်မှန်းချက် ပေါက်မြောက်အောင် အကောင်အထည် ဖော်နေကြတာ တွေ့မြင်နေရပါတယ်။ သူတို့ ဆက်လက် အောင်ပွဲခံရေး လက်ရှိ အခြေအနေနဲ့ ကိုက်ညီမယ် ထင်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး တင်ပြချက်ဟာလည်း သူတို့ရဲ့ ကြိုးပမ်းမှု တစ်ခု ဖြစ်ပါတယ်။ အဲဒီ ပြင်မယ်လို့ တင်ပြချက်ထဲမှာ စစ်ဘုရင်မင်းဆက် ပြတ်သွားစေနိုင်တဲ့ ပုဒ်မ (၆၀) ကို ပြင်တာမျိုး လုံးဝ မတို့မထိပဲ၊ ကာကွယ်ရေးဦးစီးချုပ်ရဲ့ များပြားလှတဲ့ လုပ်ပိုင်ခွင့် အာဏာတွေကို လုံးဝ မထိပဲ ပုဒ်မ ၅၉(စ) ကို နည်းနည်းပြင်မယ်ပြောတာ၊ ပြည်နယ် တိုင်း ၀န်ကြီးချုပ်တွေကို သမ္မတ ခန့်တာအစား အမတ်တွေက ရွေးချယ်တာ (စစ်ဗိုလ်အမတ်တွေလည်း ပါမယ်)၊ ပြည်နယ်နဲ့ တိုင်းရဲ့ လုပ်ပိုင်ခွင့်တွေ တိုးချဲ့ပေးဖို့ အဆိုပြုတာ (ဇယား-၁-၂ ပြုပြင်တာ) စတာတွေ တင်ပြခဲ့ပါတယ်။ ပြည်ခိုင်ဖြိုးရဲ့ တင်ပြချက်တွေ အများအပြားထဲက တခြား အချက်တွေ ပြင်ဖို့ အဆင်ပြေမပြေ မပြောနိုင်ပေမယ့် အထက်က တင်ပြခဲ့တာတွေကတော့ ဖွဲ့စည်းပုံသုံးသပ်ရေး ကော်မတီထဲမှာရော၊ လွှတ်တော်ထဲမှာပါ သဘောတူ ထောက်ခံချက်ရဖို့ အတော်နီးစပ်ပါတယ်။ ပြောရရင် လာမယ့် ၂၀၁၅ နောက်ပိုင်းကာလအတွက် စစ်ဗိုလ်ချုပ်တွေနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေဘက်က စနစ်တကျ ပြင်ဆင် သွားနေကြတယ် ဆိုတာ ပြတဲ့ အချက်အလက်တွေပါ။
အင်န်အယ်လ်ဒီ ဘက်ကို ပြန်ကြည့်ရအောင်ပါ။ ပြီးခဲ့တဲ့ လပိုင်းက ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့်မှာ စစ်ဗိုလ်ဟောင်းတွေကို အလုံးအရင်းနဲ့ တာဝန်ပေးတာ လုပ်ပါတယ်။ ဒါဟာ လာမယ့် ရွေးကောက်ပွဲ လွတ်လပ် တရားမျှတမှု အတွက် စိုးရိမ်စရာ မကောင်းဘူးလားလို့ စာနယ်ဇင်း မီဒီယာတွေက အင်န်အယ်လ်ဒီ တာဝန်ရှိသူတွေကို မေးကြပါတယ်။ ဒီအခါ ပြောခွင့်ရ ဦးဥာဏ်ဝင်းက “ ဘာမှ အထွေအထူး ပြသနာမရှိပါဘူး” ဆိုတဲ့ အဖြေကို ပေးလိုက်ပါတယ်။ လာမယ့် ရွေးကောက်ပွဲ ဆိုတာ အေးအေးဆေးဆေးပါပဲ လို့ ပြောချင်ပုံပါပဲ။ ရွေးကောက်ပွဲနဲ့ ပါတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မှတ်ချက်ပေးခဲ့တာလည်း ရှိပါတယ်။ အဲဒါကတော့ လာမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်မှုတော့ ရှိမယ်၊ ဒါပေမယ့် တရားမျှတမှုတော့ ရှိမှာမဟုတ်ဘူး ဆိုပြီးတော့ပါ။ ဆိုလိုတာ ရွေးကောက်ပွဲကို ရွေးကောက်ပွဲ ကော်မရှင်က လွတ်လွတ်လပ်လပ် သန့်သန့်ရှင်းရှင်း ကျင်းပပေးလိမ့်မယ်၊ ဒါပေမယ့် ဖွဲ့စည်းပုံအရ ပုဒ်မ ၅၉ (စ) အပါအ၀င် အခြား ပြသနာတွေ ရှိနေတဲ့အတွက် မျှတမှုတော့ ရှိမှာ မဟုတ်ဘူး ဆိုပြီး ပြောခဲ့တာပါ။ ပြောရရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီဟာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို အတော်ယုံကြည်နေပုံရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၂ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့တာကိုကြည့်ပြီး ရွေးကောက်ပွဲ အောင်နိုင်ရေး မန်နေဂျာ တာဝန်ယူခဲ့တဲ့ ဦးဥာဏ်ဝင်းက လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကိုလည်း “အေးဆေးပါ” လို့ ဆိုချင်ပုံ ရပါတယ်။
တကယ်တော့ စစ်ဗိုလ်ချုပ်ဟောင်းတွေ၊ စစ်ဗိုလ်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲ ကော်မရှင်ဟာ ၂၀၁၀ ရွေးကောက်ပွဲရော၊ ၂၀၁၂ ရွေးကောက်ပွဲ ကိုပါ ကျင်းပ ခဲ့တယ် ဆိုတာ ဦးဥာဏ်ဝင်း သတိထားမိပုံ မရပါဘူး။ ၂၀၁၀ ရွေးကောက်ပွဲကို ဘယ်နည်းဘယ်ပုံ ကျင်းပပြီး ဘယ်နည်းဘယ်ပုံ လိုတဲ့ ရလာဒ် ထွက်အောင် လုပ်ခဲ့တယ်ဆိုတာ အသေးစိတ် သိပုံမရပါဘူး။ အဲဒီအချိန် ဒေါ်အောင်ဆန်းစုကြည်ကတော့ နေအိမ်အကျယ်ချုပ်ပါ။ ပြောရရင် ရွေးကောက်ပွဲကော်မရှင်ဟာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကို ၂၀၁၀ ပုံစံ လုပ်မလား၊ ၂၀၁၂ ပုံစံ လုပ်မလား၊ အခြား ဘယ်ပုံစံ လုပ်မလဲ ဦးဥာဏ်ဝင်း အပါအ၀င် အင်န်အယ်လ်ဒီ က အာမ ခံနိုင်တဲ့ ကိစ္စမျိုး မဟုတ်ပါဘူး။ ဒီကနေ့အချိန်ထိ နိုင်ငံခြားက ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့တွေ လာကြည့်တာကို လက်ခံမယ်လို့ ကတိ တစ်လုံး မပေးသေးပါဘူး။ ပြောရရင် အင်န်အယ်လ်ဒီ ခေါင်းဆောင်တစ်ချို့နဲ့ ပါတီဝင် တစ်ချို့မှာ ယုံကြည်မှု လွန်ကဲပြီး ပန်းတိုင်မရောက်ခင် “တက်” ထောင်ချင်တဲ့ အရိပ်လက္ခဏာတွေ တွေ့နေရပါတယ်။ ဖွဲ့စည်းပုံ ထဲက ပုဒ်မ ၆၀ ကို မပြင်ရင် အမတ်ဦးရေ ၆၇ ရာခိုင်နှုန်းအထက် နိုင်မှ အင်န်အယ်လ်ဒီက တင်သူ တစ်ယောက်ယောက် သမ္မတ ဖြစ်၊ အစိုးရဖွဲ့နိုင်မယ် ဆိုတာ သတိပြုမိပုံ မရပါဘူး။
ဖွဲ့စည်းပုံပြင်ရေးလည်း ဒီအတိုင်းပါပဲ။ ဒေါ်အောင်ဆန်းစုကြည်က မမောနိုင် မပန်းနိုင် ပြည်သူကြား စည်းရုံးရေးဆင်း၊ ပြည်သူ့အားကို ယူနေပါတယ်။ ဒါပေမယ့် ပြင်ချင်တာတွေက ဒီမိုကရေစီ မကျတာအားလုံး၊ အချက်ပေါင်း ၁၆၀ ကျော်လို့ ဆိုထားတဲ့အခါ ရွေးကောက်ပွဲ အနိုင်ရဖို့၊ အစိုးရ အာဏာရဖို့ အရင် ကြိုးစားမယ့် ရင့်ကျက်တဲ့ နိုင်ငံရေးပါတီ တစ်ခု ဆိုတာထက် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ပို အရေးပေးတဲ့၊ တက်ကြွလှုပ်ရှားတဲ့ အဖွဲ့အစည်းတစ်ခု အသွင်သဏ္ဍန်နဲ့တောင် ပိုတူနေပါတယ်။ ဖွဲ့စည်းပုံပြင်ရေး ပြည်သူတွေဘက် မျက်နှာမူပြီး စည်းရုံးနေပေမယ့် တကယ့် ရာစုနှစ်တစ်ဝက်ကျော် အာဏာကို ချုပ်ကိုင်ထားတဲ့ ချုပ်ကိုင်ထားဦးမှာ ဖြစ်တဲ့ စစ်ဗိုလ်ချုပ်တွေဘက် မျက်နှာမူပြီး စည်းရုံးတာ၊ တိကျတဲ့ အချက်အလက်နဲ့ အပေးအယူလုပ်ဖို့ ကမ်းလှမ်းတာမျိုး လုပ်တာ မတွေ့မြင်ရသေးပါဘူး။
တကယ်တော့ စစ်ဗိုလ်ချုပ်တွေ၊ စစ်ဗိုလ်ချုပ်ဟောင်းတွေ တိုင်းပြည်ကို စစ်အာဏာရှင်စနစ်နဲ့ အုပ်ချုပ်ခဲ့လို့ တိုင်းပြည် ဘယ်လောက် အတိဒုက္ခရောက်ခဲ့တယ်၊ ရှေ့လျောက်ပြီးလည်း စစ်ဘုရင်မင်းဆက် တည်ထောင်ဖို့ ဘယ်လို ကြိုးစားနေတယ် ဆိုတာ ပြည်သူအများသိကြပါတယ်။ အလားတူ ဒေါ်အောင်ဆန်းစုကြည် တိုင်းပြည်အတွက် ဘယ်လောက် စေတနာထားတယ်၊ ဘယ်လောက် အလုပ်လုပ်တယ်၊ အင်န်အယ်လ်ဒီ ပါတီဝင်တွေ တိုင်းပြည်အတွက် ဘယ်လောက် အနစ်နာခံခဲ့တယ်ဆိုတာကိုလည်း ဘယ်သူမှ ငြင်းချက် မထုတ်ကြပါဘူး။ ဒါပေမယ့် ကိုယ့်ရဲ့ ရည်မှန်းချက် အောင်မြင်အောင် အကောင်အထည် ဖော်နိုင်မှုမှာတော့ စေတနာ၊ အနစ်နာ၊ လူထုထောက်ခံမှု တွေလောက်နဲ့ မရပါဘူး။ ခုချိန်ထိလည်း မရသေးပါဘူး။ တိကျတဲ့ သနင်္ဂဗျူဟာ၊ တိကျတဲ့ လုပ်ငန်းလမ်းစဉ်၊ ဒါကို အကောင်အထည် ဖော်မယ့် ပါတီဝင် အင်အား စတာတွေနဲ့ သွားတဲ့ အဖွဲ့အစည်းကသာ လိုချင်တဲ့ ပန်းတိုင် ရောက်မယ် ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်။

မှော်ဘီက လက်နက်တိုက် ဖောက်ထွင်းခံရတယ်တဲ့ ...



ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ အမှတ် ၅၀၁၀ တင့်ကားတပ်အတွင်းမှ လက်နက်တိုက် ဖောက် ထွင်းခံရပြီး တိုင်းခရိုင်အဆင့်တွင် ပူးပေါင်းဖော်ထုတ်နေသည်ဟု မှော်ဘီမြို့မှ ရဲစခန်းမှူး ဒု-ရဲမှူး နိုင်နိုင်ငြိမ်းက ဇန်န၀ါရီ ၂၃ ရက်တွင် မဇ္ဈိမကို အတည်ပြုပြောသည်။ အဆိုပါ ဖောက်ထွင်းခံရမှုသည် MA 13၊ မက် ၁ အမျိုးအစား သေနတ်နှစ်လက်၊ ခဲယမ်းသေတ္တာ အတွင်းမှ ၉ မမ ယမ်းပျင်းကျဉ် စုစုပေါင်း ၅၀၀ တောင့်၊ MA 13 ကျဉ်ကဒ်ငါးကဒ် ပျောက်ဆုံးနေ လျှက်ရှိသည်ဟု ဒု-ရဲမှူး နိုင်နိုင်ငြိမ်းက ပြောသည်။

အောင်ကြီး

 မဇ္ဇျိမသတင်းကကပြောတာပဲ ... ဘာတွေပါသွားသလဲ ... ဘယ်လောက်ပါသွားသလဲ ... ဘယ်လိုဖောက်ထွင်းခံရတာလဲ .. တကယ်အတည်ပြုနိုင်ရင်ကောင်းမယ် ... ဘရင်းဂန်းတွေ မဖြစ်ပါစေနဲ့ ... အမျိုးသားရေးဝါဒီတွေ မဖြစ်ပါစေနဲ့ ...
ဘီအိုစီ လည်း မီးလောင်ထားတယ် ... ဘာတွေကြံစည်နေကြမှန်းလည်းမသိ .. သတင်းတွေကလည်း မပြည့်မစုံ ... ကြားရတာတော့ အတော်လေး ရင်တုန်စရာချည်း ...

ကမ္ဘာကလေးစားသူတွေအတွက် ကျိန်စာသင့်နေတဲ့ နိုင်ငံ တစ်ခုလို့ သူများတွေမြင်မှာ ကြောက်နေပြီ .....

အစောကြီးကတည်းက စိတ်တထင့်ထင့်နဲ့စိုးရိမ်နေခဲ့တာကို ဗိုလ်ချုပ်လုပ်ကြံမခံရမီ တုန်းကအခြေအနေပုံစံ အဆင်တူ အကွက်တူ တွေနဲ့ ခင်းကျင်းလာလောက်အောင်တော့ မတုံးလောက်ဘူးထင်ပေမယ့် စိုးရိမ်စိတ်ကတော့အရင်ထက်အများကြီးပိုလာတယ်။

ဆရာဇော်ဂျီရဲ့ ကဗျာစာသားငှားပြီးသုံးရရင်တော့ ...

ရွာဦးပိုင်းမှ သင်္ချိုင်းထိ .... ဆိုတဲ့စာသားပဲ ရင်ထဲ နက်နက်ရှိုင်းရှိုင်းရှိတယ် ...
ဗိုလ်ချုပ်တို့ လုပ်ကြံခံရတဲ့သတင်းကိုကြားရတဲ့ ရွာ တိုင်း နယ်တိုင်း ဇူလိုင် မိုးဖွဲကြားက ရောထွေးတဲ့ မျက်ရည်တွေနဲ့ ... ၀မ်းနည်းလိုက်ကြတာ ရွာဦးဘုန်းကြီးကျောင်းရှိတဲ့ ရွာဦးပိုင်းကနေ ... ဟိုး ... ရွာအပြင် သင်္ချိုင်းအထိ ဆိုပဲ ..... အခုခေတ် တဆင့်စကားကြားရတဲ့ လူငယ်တွေတောင် ၀မ်းနည်းလို့ကောင်းတုန်းဆိုတော့ ဟိုးတုန်းကလှည်းနေလှေအောင်း မြင်းဇောင်းမကျန် ၀မ်းနည်းပူဆွေးလိုက်ကြမယ့်ဖြစ်ခြင်းလို့ တွေးတွေးပြီး ကိုယ်ချင်းစာမိပါတယ်။ ....

အသက်သုံးဆယ်ကျော်အရွယ် အရှိန်ကောင်းတုန်း ... အရွယ်ကောင်းတုန်း ... တက်လမ်းတွေ ရှိတုန်း မျှော်လင့်ချက်တွေ ဖန်ဆင်းနိုင်မယ့် ခွန်အားတွေရှိတုန်း ... အာရှ တင်မက ဥရောပကပင် လေးစားအသိအမှတ်ပြုရတဲ့ ခေါင်းဆောင်တစ်ယောက်ကို အမျိုးသားရေးဝါဒီတွေကပဲ လုပ်ကြံခဲ့ကြတယ်။

အခု .. ခင်းကျင်းထားတာလည်း အမျိုးသားရေးကို ဟုန်းဟုန်းထအောင်မီးမွှေးထား ၊ တိုင်းရင်းသားတွေနဲ့ လှည့်ပတ်ရန်ဖြစ်နေရင်လည်း ဟန်ဆောင်ဒီမိုကရေစီက တစ်ဖက် နဲ့ဆိုတော့ မသင့်တော် ... ဒီလိုနဲ့ ပြည်တွင်းမငြိမ်မသက်မှုတွေဖန်တီးပြီး အယူအဆအမှားတွေကို လက်ကိုင်ဒုတ် မီဒီယာတွေကတဆင့် ပါးပါးချင်း လူထုကြားကို စိမ့်ဝင်စေပြီးသိမ်းသွင်း ....။ သမိုင်းအမှားတွေ သမိုင်းအလိမ်တွေ သမိုင်းဖျောက်ဖျက်မှုတွေကြားမှာ ကြီးပြင်းလာတဲ့ မြန်မာ့လူငယ်လူရွယ်တွေကြား နာမ်နှိမ်ထားတဲ့ပညာရေးစနစ်မျိုးနဲ့ထပ်ဆင့်ပံ့ပိုးထားတော့ အမျိုးသားရေး ဆိုတဲ့ စကားလုံးများ .... သိပ်လှပေါ့ဗျာ။ .... တခါတလေမှာ စကားလုံးလှလှတွေက သမိုင်းတွေကို ရိုင်းစေတတ်တယ်ဆိုတာ သတိပြုသင့်တယ်။

အခုတော့ အမျိုးသားရေးဝါဒီများလည်း အဆင်သင့် ...
ဗိုလ်ချုပ်ရဲ့သွေး ... ပြည်သူကို ဗိုလ်ချုပ်လိုချစ်တဲ့ လူထုခေါင်းဆောင်လည်း အဆင်သင့် ...
လက်နက်တိုက်ကလည်း ဖောက်ခံလိုက်ရပြီ ....
အခုတခါက ပိုမြင့်လာမှာက စစ်တပ်က လုပ်တယ်လို့ အပြောမခံနိုင်လို့ လက်နက်တိုက်ကို ဖောက်လိုက်တဲ့ ပုံမျိုးပါ ချိုးချင်ရင်ချိုးနိုင်တယ် ....

ကျုပ်တို့က သေမှ အာဇာနည်လို့သတ်မှတ်တာမျိုးကိုတော့ လက်မခံနိုင်ဘူး ....
ကျုပ်တို့ပြည်အတွက် ဒေါ်အောင်ဆန်းစုကြည်လိုအပ်တယ် ....
အမိုး စု လိုအပ်တယ် ...
အနူးစု လိုအပ်တယ် ...
အမေစု လိုအပ်တယ် ...
ကျုပ်တို့အားလုံး တိုင်းရင်းသားပေါင်းစုံ အတွက် လက်နက်တပြင်ပြင် မလုပ်ပဲ တွေ့ဆုံဆွေးနွေးခြင်းတွေနဲ့ နွေးထွေးစွာအဖြေရှာပေးနိုင်မယ့် ဒေါ်အောင်ဆန်းစုကြည် ကို လိုအပ်တယ်။ နောင်မှာ ပြည်တွင်းမှာပဲ စစ်ကိုရှောင်ပြေးနေရတဲ့ ဒုက္ခသည်တွေ ထပ်မပေါ်လာဖို့ ဒေါ်အောင်ဆန်းစုကြည်ကို လိုအပ်တယ်။

ဒေါ်အောင်ဆန်းစုကြည်ကို သူထိန်းသိမ်းခံ ၊ နေအိမ်အကျယ်ချုပ်ကျခံနေချိန်တွေမှာ ကျုပ်တို့ စိတ်ရှည်သည်းခံပြီး စောင့်စားမျှော်လင့်ခဲ့တာက အာဇာနည်ကုန်းပေါ်တင်ပြီး အလေးပြုဖို့မဟုတ်ဘူး .... ။ ကျုပ်တို့ သူနဲ့အတူ ရှင်သန်ကြဖို့မျှော်လင့်ခဲ့တာ။ ကိုယ်မမြင်နိုင်တဲ့ သူမျှော်သမျှ ခပ်ဝေးဝေး ရည်မှန်ချက်တွေကို အကောင်အထည်ဖေါ်ဖို့ သူ့ကို ကူနိုင်သလောက်ကူမယ်ဆိုတဲ့စိတ်နဲ့ မျှော်လင့်ခဲ့ကြတာ .....။ လူတစ်ဦးစီ ကိုယ်ပိုင်လွတ်လပ်ခွင့် တန်းတူညီမျှရေးတွေအတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိတဲ့ နိုင်ငံသားတွေ မွေးထုတ်ပေးနိုင်မယ်လို့ ယုံကြည်လို့ မျှော်လင့်ခဲ့ကြတာ .... အခု သူ ဘာမှ လုပ်ခွင့်မရသေးဘူး ... အရာရာဟာ နိုင်ငံတကာမှာ သူ့အတွက်လွယ်ကူပေမယ့် မြန်မာပြည်က ဗိုလ်ချုပ်ကြီးများရှေ့မှာ ကန့်သတ်ခံနေရတုန်း ... မှိုင်းမိထားတဲ့ အမျိုးသားရေးဝါဒီတွေရဲ့ အမုန်းကို ဘုမသိဘမသိ ဘာမှမဆိုင်ပဲ လှိမ့်ခံနေရတုန်း ... ဒီလိုအချိန် ဒီလိုအခြေအနေမှာ သမိုင်းထဲက ပုံစံတွေ ပြန်ထွက်လာတော့ ကျုပ်တို့ရင်ထဲသာ ၀င်ကြည့်လိုက်တော့ ... ၀မ်းနည်းတာ ရင်လေးတာထက်ပိုတဲ့ စကားဘယ်လိုရှာရမှန်းမသိလို့ ကျုပ်ရှေ့ဆက်ဘာပြောရမှန်းတောင်မသိဘူး ...

ကုန်ကုန်ပြောမယ် ... ဒေါ်အောင်ဆန်းစုကြည်ကို အဆုံးအရှုံးမခံနိုင်ဘူး ....။
နီးစပ်ရာ အသိုင်းအ၀ိုင်းတွေ လုံခြုံရေးကို အထူးဂရုပြုကြပါ။ လုံခြုံရေးကို ဘယ်လိုအဆင့်မြှင့်မလဲ အထူးစဉ်းစားပေးကြပါ။ ကျုပ်တို့ အားလုံးလည်း မြင်မြင်သမျှ ဖြစ်ဖြစ်သမျှ ပတ်ဝန်းကျင်က အခြေအနေတွေကို သတိထားပြီးစောင့်ကြည့်ပါ့မယ်။ ဟောပြောပွဲတိုင်းမှာလည်း တက်ရောက်တဲ့ ပရိသတ်အနေနဲ့ အမှုမဲ့အမှတ်မဲ့ မနေပဲ မသင်္ကာစရာအနေအထားတွေကို ဂရုစိုက်ပေးကြဖို့လိုမယ်ထင်ပါတယ်။

ပြည်သူကို ရတနာလိုတန်ဖိုးထားတဲ့ ကျုပ်တို့ရဲ့ ရတနာလိုခေါင်းဆောင်ကို တန်ဖိုးထားကာကွယ်စောင့်ရှောက်ပေးကြပါ။
ပြည်သူသာအမိ ပြည်သူသာအဖ လို့ တလေးတစား မြတ်နိုးတဲ့ အမိအဖလိုခေါင်းဆောင်ကို ဂရုတစိုက် ကာကွယ်စောင့်ရှောက်ပေးကြပါ ...။
ပြီးတော့ အနီးကပ် နီးစပ်သူများ ဒေါ်စုကို သူ့အဖေလို ခေါင်းမမာဖို့ ဖြောင်းဖျကြပါ ....။
ကျုပ်တို့ သူ့ကို လိုအပ်လို့ပါ ...
ကျေးဇူးပြုပြီး ပြောပေးကြပါဗျာ ... ကျုပ်တို့ ရွာဦးပိုင်းမှာလည်း မျက်ရည်မကျချင်ဘူး ... ရွင်ပြင်သုဿန်မှာလည်း ၀မ်းမနည်းချင်ဘူးလို့ .... ပြောပေးကြစမ်းပါဗျာ ...

အောင်ကြီး

"ကန်တော့ပန်းစစ်ဆင်ရေး"


အောင်ကြီး

NLD တွေ သံဃာအဖွဲ့အစည်းနဲ့ ထိပ်တိုက်တွေ့ရင် ဘယ်လိုရင်ဆိုင်မယ်ဆိုတာ ပြင်ဆင်နေကြပြီ ... ကျုပ်တောင်မှ NLD မိတ်ဆွေတစ်ယောက်က အတန်တန် ဘယ်သူ့ကိုမှပြန်မပြောဖို့ ကတိတွေတောင်းပြီး ကျုပ်က ကတိပေးလိုက်လို့သိရတာ ... NLD လည်း သိပ်ပက်စက်တာပဲ။

ဘာပဲဖြစ်ဖြစ် ဒီသတင်းကို သံဃာအဖွဲ့အစည်းဘက်ကသိထားမှ ကြိုတင်ပြင်ဆင်ချိန်ရမှာမို့ သံဃာထုကို အားမနည်းစေချင်တဲ့ စိတ်နဲ့ အားလုံးသိအောင် ကတိကို ချိုးဖောက်ပြီး ဖောက်သည်ချလိုက်ရပါတယ်။ သံဃာ့အကျိုးမို့ ကျုပ်ကို လျှို့ဝှက်ချက် ထုတ်ဖော်ပြောပြသော NLD မိတ်ဆွေ ခွင့်လွှတ်နိုင်မှာပါလို့ မျှော်လင့်ပါတယ်ဗျာ။

NLD တွေအကုန်လုံးက တပ်လှန့်ထားပြီးပြီတဲ့ ...
သံဃာထု နဲ့ ထိပ်တိုက် မတွေ့အောင်ရှောင်မယ်တဲ့ ...
အကယ်၍ မတတ်သာလို့ ထိပ်တိုက်တွေ့ခဲ့ရင် ...
NLD အကုန်လုံးက ထိုင်ကန်တော့ကြမယ်တဲ့ ...
သူတို့အခေါ် "ကန်တော့ပန်းစစ်ဆင်ရေး" ... တဲ့ ...
ဟုတ်မဟုတ်တော့ မသိဘူး။ ဘာပဲဖြစ်ဖြစ် အချက်အလက်ကိုကြိုသိထားရင် သံဃာတွေပြင်ဆင်ထားနိုင်လိမ့်မယ်လို့ ယုံကြည်တဲ့အတွက် သံဃာကို ကာကွယ်လိုစိတ်နဲ့ အသိပေးတင်ပြတာပါ။

ဒီသတင်းကြားရတော့ ကျုပ်က သူရိန်လှိုင်ဝင်း ကိုယ်စား အတော်လေးကို ပျော်သွားရတယ်။ သူရိန်လှိုင်ဝင်းက အရင်က စစ်တပ်နဲ့ မေတ္တာပို့တဲ့သံဃာတွေ ထိပ်တိုက်တွေ့တဲ့ အနိဌာရုံတွေကို မြင်ဖူးထားပုံရတယ် ... ဒါကြောင့် စိုးရိမ်တာနေမှာ။ သူရိန်လှိုင်ဝင်းက အဲဒီအချက်ပဲ စိုးရိမ်ပြီး လူထုမေတ္တာကို ခံယူနေရတာဆိုတော့လေ။ အခု NLD က စစ်အုပ်စုတွေလို ရိုက်နှက်ခြင်း ၊ သေနတ်နဲ့ ပစ်ခြင်း၊ ဓါတ်တိုင်ကြိုးချည်ပြီး နွှာခြင်း၊ မီးလောင်ဗုံးကျဲခြင်း၊ အတင်းလူဝတ်လဲခိုင်းခြင်း စတဲ့ ရက်စက်တဲ့ ဘာသာမဲ့ လုပ်ရပ်မျိုးတွေ ကို မရွေးချယ်ပဲ ... "ကန်တော့ပန်း စစ်ဆင်ရေး" တစ်ရပ် ဆင်နွှဲမယ့် အစီအစဉ်ဟာ .... ထိပ်တိုက်တွေ့မှာကို စိုးရိမ်ပြီး ရင်တမမ နဲ့ အပူလုံးကြွနေတဲ့ သူရိန်လှိုင်ဝင်း လို လူမျိုးတွေရဲ့ ရွှေရင် အစုံ ... အဲ ... ရင်တွင်းမီး ကို ငြိမ်းအေးစေမှာအမှန်ပဲ။ သာဓုပါ NLD ..... သာဓု ... သာဓု။ လူတွေရဲ့ အပူကို ငြိမ်းစေတာဟာလည်း ကောင်းမှုပါ ... ခွေးတွေရဲ့အပူကို ငြိမ်းစေတာလည်း ကောင်းမှုပါ ...။

တစ်ခုပဲ .... ထိပ်တိုက်တွေ့ချင်သူ သံဃာ့အဖွဲ့အစည်းတွေဘက်ကပြင်ဆင်ထားဖို့လိုတယ် ...။ လမ်းပေါ်မှာ ထိပ်တိုက်တွေ့လို့ NLD တွေက သံဃာတွေကို ထိုင်ကန်တော့ကြတဲ့အခါ ဘာလုပ်ရမှန်းမသိဘဲ ကြောင်အမ်းအမ်းဖြစ်နေလို့ မသင့်တော်ဘူး။ ဒီလိုမဖြစ်ပဲ အဆင်ပြေနိုင်ဖို့ ... သံဃာအဖွဲ့အစည်းအနေနဲ့ သီလပေး ၊ ပရိတ်ရွတ် စသည်ဖြင့် တိုင်းပြည်အကျိုးများစေမယ့် အလုပ်တွေ ပြန်လုပ်ပေးနိုင်အောင်ပြင်ဆင်ထားသင့်တယ်။ အဖွဲ့အစည်းအတွင်းက သီလပေး၊ ပရိတ်ရွတ် စသည်တို့ကို အလွတ်မရတဲ့ သံဃာတွေကို အလွတ်ကျက်စေခြင်း ၊ မေးလျှောက်ရာပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက်ဗုဒ္ဓကျမ်းဂန်များလေ့လာစေခြင်း ၊... ဟောကြားသင့်သော ဇာတ်တော် တရားတော်များ ကို ထိပ်တိုက်တွေ့ချင်သော သံဃာအဖွဲ့အစည်းအတွင်းက သံဃာတစ်ပါးခြင်းစီမှာ အဆင့်သင့်အလွတ်ရနေအောင် စိစစ်ခြင်း စသည်ဖြင့်ပြင်ဆင်ထားသင့်တယ်။ ဒါမှ ဟိုဘက်က ဒလစပ် ထိုင်ကန်တော့ ကြတဲ့အခါ ကိုယ့်ဘက်က ပရိတ်တရားနဲ့ ကာကွယ်ပြီး သီလတရားတွေနဲ့ ပြန်လည် ပစ်ခတ်နိုင်မှာဖြစ်တယ်။ သေချာပေါက် သံဃာတွေ အောင်ပွဲဆင်မှာပဲ။ အဲ .... နောက်က သေနတ်နဲ့ ချောင်းပစ်မယ့်ကောင် တွေ သံဃာတွေနောက်မှာ ပုန်းပြီးလိုက်လာရင်တော့ ဂွမ်းပြီ ... အဲဒါလေးပဲ သတိထားရမယ်။ မပစ်စေနဲ့။

ဒါကြောင့် သံဃာထုနောက်ကနေ ထိပ်တိုက်တွေ့ရင် တွယ်ဖို့လိုက်လာမယ့် လက်နက်ကိုင်အဖွဲ့အစည်းတွေရှိရင်လည်း သံဃာတွေအနေနဲ့ တားသင့်တယ်။ မလိုက်ခိုင်းနဲ့ .. "ကန်တော့ပန်းစစ်ဆင်ရေး" ကို အောင်နိုင်မယ့်နည်းက "တရားရေချမ်း မေတ္တာလွှမ်း" စစ်ဆင်ရေးမျိုးနဲ့မှ အဆင်ပြေလိမ့်မယ်။ ဒါကြောင့် နောက်ကွယ်က လက်နက်ပြင်နေသူတွေကို ကြိုတင်တားဆီးပြီး သိက္ခာဆယ်ရလိမ့်မယ် ... မဟုတ်ရင် သိက္ခာကျမှာ ... ကန်တော့ပန်းကို လက်နှက်လွှမ်းရင် ... ဂွမ်းပြီ .. မေတ္တာပဲ လွှမ်းမှ ... ငြိမ်းချမ်းကြမှာ။

ကဲ ... သူရိန်လှိုင်ဝင်းလည်း စိတ်မပူနဲ့တော့ .... သူရိန်လှိုင်ဝင်းလို စိတ်ပူနေတဲ့သူတွေလည်း မပူကြနဲ့တော့။ ကျုပ်ပြောတဲ့အကြံအတိုင်းသာ ပြင်ဆင်ထားရင် Everything is under control ပဲ။ No need to worry about that ပဲ။ သံဃာတွေအတွက် လျှို့ဝှက်သတင်းရပြီဆိုတော့ ထိပ်တိုက်တွေ့ချင်တဲ့ သံဃာအဖွဲ့အစည်းဘက်ကလည်း ဘာမှ စိုးရိမ်စရာမလိုတော့ဘူး။ ကျုပ်လည်း စိတ်ဖြောင့်သွားပြီ။

သံဃာ့မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ ....

သမ္မတရဲ့ အစီရင်ခံစာလွှတ်တော်က အတည် မပြုပဲ လန်ထွက်


အဂ္ဂမဟာ သရေစည်သူ ဒီမိုဖက်တီး

NLD အမတ်တွေ အလုပ် လုပ် မလုပ် မနေ့က လွတ်တော်မှာ ပေါ်သွားတာပဲ ။ ကိုယ့်နယ်မြေ အတွင်း က မြေယာသိမ်းကိစ္စတွေကို စာကြိုရေးထားစရာမလိုပဲ ထောက်ကနဲ ထောက်ကနဲ သမ္မတရဲ့ အစီရင်ခံစာမှာ ထောက်ပြငြင်းဆိုနိုင်ခဲ့တယ် ။

ဒါကြောင့်လည်း အဲသည်အစီရင်ခံစာကို လွှတ်တော်က အတည် မပြုပဲ လန်ထွက်သွားတယ် ။ သမ္မတက တာဝန်ပေးထားတဲ့ လူတွေ တကယ်အလုပ်မလုပ်ပဲ အလိမ်တွေ အစီရင်ခံစာထဲ ထည့်ရေးထားတာ ပေါ်သွားတယ် ။ သမ္မတကိုယ်တိုင်ကလည်း Check and Balance ကို ဘယ်လိုလုပ်ရမလဲဆိုတာ ၃ နှစ်ကြာပြီ မသိသေးပါဘူး ။ အောက်က ရေးသမျှ ပြောသမျှသာ အမှန်။ အခုတော့ ဘယ်သူ့သိက္ခာကျသလဲ ။

ဒေါ်အောင်ဆန်းစုကြည်ကလဲ သူမနဲ့ ပါသွားတဲ့ အမတ် ၄၂ ယောက်ကို ကောင်းတာ မှန်တာ အတွက် လုပ်ဖို့ လွှတ်ပေးထားတယ် ။ တားတာ ချိုနေခိုင်းတာမျိုး အလျဉ်းမရှိဘူး ။

ဗရာဗို ပါ ။ ဖွတ်တွေကတော့ Eye Baby Ear Baby ပေါ့ ပြန်တောင် မချေပနိုင်ပါဘူး ။ အောက်ခြေပြန်ဆင်းကြည့်အုန်းမယ်ပေါ့

==================================================================

Lin Thurein

ဒေါ်စန္ဒာမင်းကထပြီး သူ့မြို့နယ်ကအခြေအနေနဲ့ သ၀ဏ်လွှာပါ အလိမ်အညာတွေကိုဖော်ပြီး စတင်ကန့်ကွက်လိုက်တာမှာ...... ကိုယ်စားလှယ်တွေ တစ်ယောက်ပြီး တစ်ယောက် ထပြီး သ၀ဏ်လွှာကြီးကို ကန့်ကွက်ဆွေးနွေးလိုက်ကြတာ သမ္မတ သ၀ဏ်လွှာလဲ ဖွတ်ဖွတ်ညက်ညက်ကို ကြေရော......။ အဲ့ကြတော့မှ သ၀ဏ်လွှာပါ ရှင်းပြချက်က အင်ကြီးဖြစ်နေတာ နာယကမင်းကြီး သိပြီး လွှတ်တော်အနေနဲ့ သ၀ဏ်လွှာပြန်ရေးပြီး သက်ဆိုင်ရာကို ပြန်ပို့မယ်တဲ့။
အသိမ်းခံလယ်ယာမြေ ပြသနာ ဖြေရှင်းပြီးစီးမှု သမ္မတက လွှတ်တော်ကို သ၀ဏ်လွှာကြီးပို့ပြီး ဖြေရှင်းခါမှ အမှုတွေပိုတက်ကုန်တယ်။
ဖြေရှင်းပြီးစီးတဲ့ အခြေအနေတွေကို ရှင်းပြတဲ့သမ္မတသ၀ဏ်လွှာကို လယ်ဆယ်ဒုဝန်ကြီးက တင်ပြလိုက်တာဖြစ်ပြီး လွှတ်တော်နာယကကြီးကလဲ မှတ်တမ်းတင်ပါတယ်လို့ကြေညာပြီး တူကြီးအထု.......
ဒေါ်စန္ဒာမင်းကထပြီး သူ့မြို့နယ်ကအခြေအနေနဲ့ သ၀ဏ်လွှာပါ အလိမ်အညာတွေကိုဖော်ပြီး စတင်ကန့်ကွက်လိုက်တာမှာ...... ကိုယ်စားလှယ်တွေ တစ်ယောက်ပြီး တစ်ယောက် ထပြီး သ၀ဏ်လွှာကြီးကို ကန့်ကွက်ဆွေးနွေးလိုက်ကြတာ သမ္မတ သ၀ဏ်လွှာလဲ ဖွတ်ဖွတ်ညက်ညက်ကို ကြေရော......။
အဲ့ကြတော့မှ သ၀ဏ်လွှာပါ ရှင်းပြချက်က အင်ကြီးဖြစ်နေတာ နာယကမင်းကြီး သိပြီး လွှတ်တော်အနေနဲ့ သ၀ဏ်လွှာပြန်ရေးပြီး သက်ဆိုင်ရာကို ပြန်ပို့မယ်တဲ့။
သမ္မတ ခင်မျာလဲ လယ်ယာမြေပြသနာတွေ ဆောင်ရွက်ပြီးစီးပါကြောင်း အောက်ခြေ ပြည်နယ်၊ တိုင်းနဲ့ စစ်တပ်က တင်ပြလာတာကို အဟုတ်မှတ်ပြီး ပြန်မစီစစ်တော့ဘဲ လက်မှတ်ထိုးပြီး လွှတ်တော်ကို ပို့လိုက်ပုံရပါတယ်။ တစ်ခါတည်း သောက်ရှက်ကို ဗြန်းဗြန်းကွဲရော.......။
ဒီလောက်ဆို ကိုယ့်အောက်က ၀န်ကြီးတွေ ကိုယ့်ကို ဘယ်လို လိမ်ညာနေတယ်ဆိုတာ သိဖို့ကောင်းပါပြီ။
အစိုးရသက်တမ်းဘဲ ကုန်တော့မယ် ခုထိ အလိမ်ခံနေရတုန်းလား.....ကိုယ်တိုင်ဘဲ ရောကြိတ်နေတာလား......တော့ မသိဘူးပေါ့ဗျာ။
ဒါတောင် နောက်တစ်ကြိမ် သမ္မတကြီးဦးသိန်းစိန်ကိုဘဲ ထောက်ခံရမယ် ဆိုတဲ့သူကရှိသေးး....အဟေးး ဟေးး