Friday, January 24, 2014

မျိုးစောင့်...မျိုးစောင့်နဲ့ခေါင်းစဉ်နဲ့စာကိုယ်လွဲနေသလိုပဲ....



ဘာသာစောင့်ဆိုရင်ပိုမှန်မယ်ထင်တယ်...
မျိုးစောင့်ဆိုတာ...သွေးနဲ့ဆိုင်တယ်...
ကုလားကကုလားနဲ့ပဲယူရမယ်....
မြန်မာကမြန်မာနဲ့ပဲယူရမယ်....
သွေးမရောရဖူး...။
မြန်မာဆိုရာမှာမှီကင်းနေထိုင်တိုင်းရင်းသားအကုန်ပြောတာ..
သွေးရောလေကောင်းလေပဲ..
ပြည်တွင်းစစ်မဖြစ်တော့ဖူးပေါ့....

===============================

အင်္ဂလန်မှာရောသြစီမှာပါဘယ်သင်းအုပ်ဆရာကမှဦးဆောင်မလုပ်ပါဖူး၊
အစိုးရကိုယ်တိုင်ကိုယ်ကထိန်းကြပ်နေတာပါ။အရမ်းစိတ်ဝင်စားရင်လူထွက်
ပြီးလုပ်ပေါ့၊အစိုးရကဒီလောက်ကြိုက်နေတာဦးဆောင်ညွန်ကြားရေးမှုးနေ
ရာလောက်တော့ခန့်နိုင်လောက်ပါတယ်...

တတိယမြောက်မောင်အေးကြောင့်နေမှာ....

ပြည်ခိုင်ဖြိုးပါတီပြင်မဲ့၅၉ (စ)ထူးခြားလာမည်မဟုတ်


သူရဦးရွှေမန်း===“ မိမိတို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲဖို့ဆိုတဲ့အခါမှာ ၅၉ (စ)တစ်ခုတည်းကို မကြည့်ဘူး။နိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်ဖို့၊ တည်ငြိမ်အေးချမ်းဖို့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာ ပိုပြီးချောမွေ့အောင်၊ ကောင်းမွန်အောင်လုပ်ဖို့အတွက် ရည်ရွယ်ပြီးတော့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ရော၊ မိမိအနေနဲ့ရော ဒီလိုဆောင်ရွက်ပါတယ်။ အဲဒီထဲမှာ ခုနပြောတဲ့ ၅၉ (စ)လည်း ပါကောင်းပါနိုင်ပါတယ်။ ဒါနဲ့ပတ်သက်လို့ လွှတ်တော်မှာ တင်ပြတဲ့အခါမှာ မိမိတို့ပါတီရဲ့ သဘောထားကိုစောင့်ပြီးတော့ နားထောင်ကြည့်ပါ”.......

Re:Eleven Media Group

ဒီနေ့ကာတွန်း

ငါရိုက်တဲ့ပုံက အမေစု ပြုံးနေတာ နဲ့ကွက်တိ


(Ko Nay Myo)

လမ်းတစ်လျှောက်က လူထုတွေဟာ “အမေစု… အမေစု..” ဆိုပြီး တသသနဲ့ ဖြစ် ကျန်စေခဲ့ ပါတယ်…။ ညနေက ညဈေးကိုရောက်ဖြစ်ခဲ့တယ်…။

အလုပ်သမား တစ်ယောက်က အော်ကြီးဟစ်ကျယ် နဲ့
“ဟ..ဟား… ငါ အမေစု ဆိုပြီး လှမ်းခေါ်လိုက်တာ… အမေစုကြားတယ်ကွ…၊ ငါ့ဖက်ကိုလှည့်ပြီး လက်ပြခဲ့တယ်….၊ ပျော်လိုက်တာကွာ…” ဆိုပြီး သူ့သူငယ်ချင်းတွေကိုကြွားနေလေရဲ့…။

ကိုယ်စီကိုယ်စီတွေဟာ သူတို့တွေရဲ့ အမိအရ ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေကို အချင်းချင်းကြွား ရင်း ဝေမျှနေကြလေရဲ့….။

“ငါရိုက်တဲ့ပုံက အမေစု ပြုံးနေတာ နဲ့ကွက်တိ…”

“ငါရိုက်လိုက်တဲ့ပုံက အမေစု မျက်စိပိတ်နေတယ်ဟာ…၊ နင့်ပုံငါ့ကိုပို့ပါဦး….”

ဈေးသည် အဒေါ်ကြီးတစ်ယောက်က “အေးဟယ်…၊ သူတို့တွေ $ကျင့်ယုတ်တာတဲ့…၊ နမ့်စန်လေယာဉ်ကွင်း ကို ပေးမဆင်းလို့ ဟဲဟိုး ကနေ ၄ ၅ နာရီလောက် ကားစီးသွားရတာတဲ့…၊ သနား ပါတယ်ဟယ်..၊ ခရီးပန်းရှာမပေါ့….” တဲ့…။

နောက်တစ်ယောက်က “အပြန်ကျရင် မီးပုံးပျံကွင်းမှာ တောင်ကြီး လူထုတွေ နဲ့ တွေ့ဆုံ မိန့်ခွန်းပြောမယ့်ဟာကို ကွင်းကို တပ်က ခွင့်မပြုလို့တဲ့…၊ ယုတ်မာလိုက်တာ…”

“အိုး.. ခွင့်မပြုလည်း မိန်းလမ်းမှာပြောကွာ…၊ တို့ဈေးထိပ်မှာလာပြော..၊ ဗိုလ်ချုပ် ပန်းခြံမှာ ပြော.. တို့ သွားနားထောင်မယ်…၊ သူတို့ခွင့်ပြုမှ ရမှာမို့လား….”

ဆိုင်ကယ်တွေကိုယ်စီနဲ့ ကလေးတွေ..၊ ခွပ်ဒေါင်းအလံတလွှင့်လွှင့် နဲ့….။ ဟိုတစ်စု ဒီတစ်စု လူအုပ်စုတွေ အလျှိုလျှို ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးကနေ ဒေါ်အောင်ဆန်းစုကြည် ကို ကြိုဆိုပြီး ပြန်လာနေကြလေရဲ့…။ သူတို့တွေရဲ့ ပါးစပ်ဖျားမှာလည်း အမေစု… အမေစု… နဲ့… ပြောမဆုံး ပျော်မဆုံး ဖြစ်နေကြလေရဲ့….။

ဒေါ်အောင်ဆန်းစုကြည် လာမှ စစ်တပ်ပိုင်ကွင်း အဖြစ်အသိပေးခြင်းမှာဖျက်လို ဖျက်ဆီးလုပ်ခြင်းဟု ခံယူ


၈၈-မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့ အဖွဲ့ အစည်း(ရှမ်းပြည်)
ကြေညာချက် အမှတ်(၁/၂၀၁၄)
================================
ရက်စွဲ။၂၄-၁-၂၀၁၄။ ၁။

ရှမ်းပြည်နယ် ၊တောင်ကြီးမြို့ ဧ။် အဝေရာ မီးပုံးပျံကွင်းသည်၊အများပြည်သူ
ပိုင်သောကွင်းဖြစ်ပါသည်၊ယခင်က သစ်တောမြေ ဟုသိရပါသည်။
ယခုဒေါ်အောင်ဆန်းစုကြည် လာမှ စစ်တပ်ပိုင်ကွင်း အဖြစ်အသိပေးခြင်းမှာ
တောင်ကြီးသူ /သားများနှင့် ရှမ်းပြည်နယ် ပြည်သူလူထု အားလုံးကို အနိုင်
ကျင့်စော်ကားခြင်း၊ ဒီမိုကရေစီခေါင်းဆောင်တစ်ဦးဧ။် ခရီးစဉ်ကို ဖျက်လို
ဖျက်ဆီးလုပ်ခြင်းဟု ကျွန်ုပ်တို့ ၈၈-မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ 
အဖွဲ့ အစည်း(ရှမ်းပြည်) မှ ခံယူပါသည်။

၂။ထိုကြောင့် ဒီမိုကရေစီခေါင်းဆောင်ဧ။် ခရီးစဉ်ကို ဖျက်လိုဖျက်ဆီး
လုပ်ခြင်း၊ အများပြည်သူပိုင် အဝေရာမီးပုံးပျံကွင်းကို စစ်တပ်ပိုင်အဖြစ်
သတ်မှတ်ခြင်းကို ကျွန်ုပ် တို့ ၈၈-မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်း
လူ့ အဖွဲ့ အစည်း (ရှမ်းပြည်)မှ ပြင်းထန်စွာရှုတ်ချပါသည်။

၃။ယင်းကိစ္စများနျင့်ပတ်သက်ပြီး၊တရားဥပဒေနည်းလမ်းအားဖြင့်၎င်း၊
ပြည်သူလူထု အင်အားဖြင့်၎င်း၊ပြင်းထန်စွာကန့်ကွက်သွားမည်
ဖြစ်ကြောင်း သဘောထားထုတ်ပြန်ကြေညာအပ်ပါသည်။

၈၈-မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့ အဖွဲ့  အစည်း(ရှမ်းပြည်)

ကျိုင်းတုံမြို့တွင်စနိုက်ပါ မှန်ပြောင်း ၂၅၀ နှင့် စစ်သုံး ပစ္စည်းများ ဖမ်းဆီးရမိ



The Voice Weekly
ကျိုင်းတုံ၊ ဇန်နဝါရီ ၂၃ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် မိုင်းလားမြို့မှ ကျိုင်းတုံမြို့ သို့ မောင်းနှင်လာသည့် ခြောက်ဘီးကုန်တင် ယာဉ် တစ်စီးပေါ်တွင် ပေ တစ်ထောင်အကွာမှ အသုံးပြုနိုင်သော စနိုက်ပါ မှန်ပြောင်း ၂၅၀ နှင့် စစ်သုံး ပစ္စည်းများ ဖမ်းဆီးရမိကြောင်း ကျိုင်းတုံ ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးကျော်ဝင်းက ပြောကြားသည်။

အကောက်ခွန်မဲ့ ပစ္စည်းများကို သယ်ဆောင်လာသည့် ယာဉ်မောင်း စိုင်းဆမ်အွန်နှင့် ယာဉ်နောက်လိုက် အေးထွန်းတို့ကို (ပ) ၁၁/၂၀၁၄ ၊ ပို့ကုန် သွင်းကုန် ဥပဒေ ပုဒ်မ-၈ (၂၀၁၂) အရ အမှုဖွင့် အရေးယူထားကြောင်း မြို့နယ် ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။

ဒေါ်အောင်ဆန်းစုကြည် နှင့် အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ၀န်ကြီး ဦးအေးမြင့် တို့ တွေ့ဆုံ

ပုဒ်မ ၅၉ (ဃ)(စ)အလိုမရှိစပြီ

ဆန္ဒထုတ်ဖော်မှုကို ရန်ကုန်မြို့ အောင်ဆန်းအားကစားကွင်း မြောက်ဘက်မှ သိမ်ဖြုမီးပွိုင့် အထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့သည်။ ၂၀၀၈ အခြေခံဥပဒေတွင် ပါရှိသော ပုဒ်မ ၅၉ (ဃ)(စ)တို့ကို ပြင်ဆင်ပေးရေး သို့မဟုတ် အခြေခံဥပဒေပြန်လည်ပြင်ဆင်ရေးတို့အတွက် အမျိုးသားဒီမိုကရေစီ အင်အားစုမှ ဦးဆောင်ကာ ဆန္ဒထုတ်ဖော်နေသည်ကို ၂၀၁၄ခုနှစ် ဇန်န၀ါရီလ ၂၄ရက် ညနေပိုင်းက တွေ့ရစဉ်။

၂၀၁၄ သန်းခေါင်စာရင်းကောက်ကုလားအမည်ဖျောက်...ပသီအမည်ရောက်ရန်ကြိုးစားကြပုံ