Saturday, January 25, 2014

လူကြီးမင်းတို့လုပ်ရပ်ကအောက်ကပုံအတိုင်းပဲ...


ကိုကို ဒီမို

၂၀၁၀-ခုနှစ်မှာ မဲကို ခိုးပြီး အာဏာကို ရလာတဲ့ ဦးသိန်းစိန်အစိုးရဟာ
ဒေါ်အောင်ဆန်းစုကြည် သွားရေးလာရေးခရီး နှောင့်နှေးအောင် ဟောရေးပြောရေး နေရာမရအောင် တားဆီးတယ်။
ချင်းပြည်နယ်ခရီ်း....တည်းခိုခန်းမရ
ရှမ်းပြည်နယ်ခရီး....လေယာဉ်ကွင်းဆင်းမရ
မြိတ်ခရီး...ရှပ်ပြေးရေယာဉ်မရ
အဆိုးဆုံးမှာ လက်နက်တိုက် ဖောက်ထွင်းခံရခြင်းပါ။
တပ်မတော်ဖခင် ဗိုလ်ချုပ်အောင်ဆန်းကို စော်ကားသလို ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး
လူထုခေါင်းဆောင်တစ်ဦးကို ခြိမ်းခြောက်ရာလည်း ရောက်နေပါတယ်။
လူကြီးမင်းတို့လုပ်ရပ်ကအောက်ကပုံအတိုင်းပဲ...

လျှို့ဝှက်ဓာတုလက်နက်စက်ရုံ

ဒီနေ့ကာတွန်း

သာသနာရေးဝန်ကြီးဌာနကို စစ်ဆေးနေခြင်းအား ပြည်ထဲရေးရုံးချုပ်မှ မသိရှိ


မြန်မာသံတော်ဆင့်သတင်းစာ


အစိုးရသစ်လက်ထက် ပထမဆုံး အတိုင်ခံရသော ၀န်ကြီးကိုယ်တိုင် တောင်းဆိုမှုဖြင့်သမ္မတရုံးမှ ပြည်ထဲရေးဝန်ကြီးအား တာဝန်ပေး၍ သာသနာရေး ၀န်ကြီးဌာနကို
စစ်ဆေးနေခြင်းအား ပြည်ထဲရေးရုံးချုပ်မှ မသိရှိကြောင်း ဖြေကြား


““လူမွှေယောက်ျား၊ မင်းစေများ၊ ပြည်သူ့မီးပွား””ဆိုတာ ရှိပါသည်ဘုရား။ ရှေးမင်းများ လက်ထက်က ထိုပြည်သူ့မီးပွားများကို ထိရောက်စွာ အရေးယူခဲ့သည့် သာဓကတွေလည်း အထင်အရှား ရှိပါသည်ဘုရား။ တပည့်တော်သည် သာသနာရေး ၀န်ကြီးဌာနရှိ ၀န်ထမ်းများကို ပြည်သူ့မီးပွားများ မဖြစ်အောင် ကြပ်မတ်၍ ဆွဲတင်ပြုပြင်သွားမည် ဖြစ်ပါသည်ဘုရား။ အမုန်းခံ၍လည်း ဆောင်ရွက် သွားမည် . . .

သာသနာရေး ၀န်ကြီးဌာနကို ညွှန်မှူး ၀န်ထမ်းတစ်ဦး၏ တိုင်ကြားချက်အရ ဘတ်ဂျက်များနှင့် အခြားသော ကိစ္စများကို သမ္မတရုံး ညွှန်ကြားချက်ဖြင့် ပြည်ထဲရေးဝန်ကြီးက ဦးဆောင် စစ်ဆေးနေခြင်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဌာန (နေပြည်တော်)သို့ ဆက်သွယ်ခဲ့ရာ ၄င်းတို့အနေဖြင့် မသိရှိကြောင်း၊ ရဲချုပ်ရုံးသို့ ဆက်သွယ်ရန် ဖြေကြားခဲ့သည်။

ထို့နောက် ရဲချုပ်ရုံးသို့ ဆက်သွယ်ခဲ့ရာ ၄င်းတို့အနေဖြင့် ကိုင်တွယ်ခြင်း မဟုတ်သည့်အတွက် ပြည်ထဲရေးဌာနသို့ ပြန်လည်လွှဲပြောင်း ပေးခဲ့သည်။ သို့သော် ပြည်ထဲရေးဌာနက ရဲချုပ်ရုံးသို့သာ ထပ်မံ လွှဲပြောင်း ပေးခဲ့သည်။

သို့သော်လည်း သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က မိမိတို့ဌာနကို စစ်ဆေး နေခြင်းမှာ ပြည်ထောင်စုဝန်ကြီးကို ပြည်နယ်သာသနာရေး ညွှန်ကြားရေးမှူးက ပြန်လည်၍ တိုင်ကြား ခြင်းကြောင့် ၄င်းတိုင်ကြားစာကို သမ္မတ ဦးသိန်းစိန်ထံ မရောက်မီ မိမိကိုယ်တိုင်ပင် သမ္မတကိုတွေ့ဆုံ၍ ဌာနကို စစ်ဆေးပေးရန် တင်ပြတောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း၊ ဇန်န၀ါရီ ၂၀ ရက်က ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်များ အထူးအစည်းအဝေးတွင် ဆရာတော်ကြီးများကို လျှောက်ထားချက်၌ ထည့်သွင်းတင်ပြ လျှောက်ထားခဲ့သည်။

သာသနာရေး ၀န်ကြီးဌာနကို ဦးဆန်းဆင့် ပြည်ထောင်စုဝန်ကြီးအဖြစ် စတင်တာဝန်ယူစဉ်မှစ၍ သာသနာရေး ဌာနသည် နိုင်ငံတော် သံဃမဟာနာယက (မဟန) အဖွဲ့ ဆရာတော်ကြီးများ လက်အောက်တွင်ရှိကြောင်း၊ ၀န်ကြီးဌာနအနေဖြင့် ဆရာတော်ကြီးများ၏ သြ၀ါဒကိုခံယူ၍ လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း အတိအလင်း ထုတ်ဖော် ပြောကြားခဲ့သည်။ ယခု သာသနာရေး ၀န်ကြီးဌာနကို အစိုးရ ပြည်ထဲရေး ၀န်ကြီးဌာနမှ ၀င်ရောက် စစ်ဆေးခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများထံမှ မိန့်ကြားချက် တစ်စုံတစ်ရာမသိရှိရဘဲ ၀န်ကြီး၏ လျှောက်ထားချက်ကို Sky Net ရုပ်သံမှ တိုက်ရိုက် ထုတ်လွှင့် ခဲ့သည်။

သာသနာရေး ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများကို လျှောက်ထားရာတွင် “ယနေ့ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီးကို ဥပဒေပြုရေးမဏ္ဍိုင် (လွှတ်တော်)၊ အုပ်ချုပ်ရေးမဏ္ဍိုင် (အစိုးရ)၊ တရားစီရင်ရေးမဏ္ဍိုင်၊ စာနယ်ဇင်း မီဒီယာမဏ္ဍိုင်၊ ပြည်သူလူထုမဏ္ဍိုင်ဟု မဏ္ဍိုင် ကြီးငါးရပ်ဖြင့် တက်ညီလက်ညီ ချီတက်နေချိန် ဖြစ်ပါသည် ဘုရား။

ယနေ့မျက်မှောက်ခေတ် ကာလတွင် လူမျိုးရေး၊ ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးချမှုများ၊ လူမျိုးရေး၊ ဘာသာရေးကို စီးပွားရေးအတွက် အသုံးချမှုများတို့ကြောင့် လူမျိုးရေး၊ ဘာသာရေးကို အကြောင်းပြု၍ ပဋိပက္ခများ အနှံ့အပြား ဖြစ်ပွားလျက် ရှိပါသည်ဘုရား။ ထိုဖြစ်ပေါ်လာမှုကို အကြောင်းပြု၍ မုန်းတီးခြင်း၊ စိတ်ဝမ်း ကွဲပြားခြင်း သာမက ခိုက်ရန် ဒေါသဖြစ်ပွားကြ၍ အကြမ်းဖက်မီးရှို့၊ သတ်ဖြတ်သည်အထိ ဖြစ်ပေါ် ခဲ့ပါသည်ဘုရား။ ထိုသို့ဖြစ်ပေါ်မှုများကို သံဃာတော် အရှင်သူမြတ်တို့ ကိုယ်တိုင် အသက်နှင့် ခန္ဓာကိုပင် မငဲ့ကွက်ဘဲ ဘာသာမရွေး၊ လူမျိုးမရွေး၊ အစားအစာနှင့် နေရာထိုင်ခင်းများပေး၍ ကယ်မထိန်းသိမ်း စောင့်ရှောက် တော်မူခဲ့ကြသည် ဘုရား။

မှားယွင်းမှုတွေ၊ ချို့ယွင်းမှုတွေ များပြားလာမည်ဆိုလျှင် ထိုချို့ယွင်းချက် အားနည်းချက်များသည် မိမိဘက်က အဆင့်ဆင့် မစိစစ်ဘဲ တစ်ဖက်သတ် ဆုံးဖြတ်လိုက်လို့ မှန်ကန်သူဘက်က နစ်နာသွားသောအခါ သာသနာရေး ၀န်ကြီးဌာနနှင့် သံဃနာယက အဖွဲ့တို့အပေါ် ရိုက်ခတ်လာမည် ဖြစ်ပါသည် ဘုရား။ အဂတိတရား လိုက်စား သည်၊ မမှန်မကန် ဆုံးဖြတ်သည်၊ မရိုးမသား ဆောင်ရွက်သည်၊ မပွင့်မလင်း ဆောင်ရွက်သည် စသည်ဖြင့် အကြည်ညိုကင်းမှုတွေ၊ ဂုဏ်သိက္ခာထိခိုက် ကျဆင်းမှုတွေ ဖြစ်လာနိုင်ပါသည်ဘုရား။ အချို့အမှု ကိစ္စများ၌ အဖွဲ့အစည်းများစွာ ပါဝင် ဆောင်ရွက် လာသည့်အတွက် ဆုံးဖြတ်ချက်များ ပိုမိုမှန်ကန်စွာ ချမှတ်ရန်၊ ပွင့်လင်းမြင်သာမှု ရှိရန် အလွန်ပင် အရေးကြီးလာသည်ကို တွေ့ရှိရပါသည်ဘုရား။

သာဓကအနေဖြင့် တပည့်တော်ဝန်ကြီးအပေါ် သာသနာရေး ဦးစီးဌာနမှ အရာရှိတစ်ဦးက တိုင်ကြားမှုနှင့် စပ်လျဉ်း၍ တပည့်တော် ကိုယ်တိုင် သမ္မတကြီးထံ တင်ပြရာ သမ္မတကြီးက ဌာနတွင်းကိစ္စဖြစ်၍ မိမိဝန်ကြီးဌာနအတွင်းသာ ဖြေရှင်း ဆောင်ရွက်ရန် (၂)ကြိမ်တိုင်တိုင် ညွှန်ကြားသော်လည်း တပည့်တော်သည် လွတ်လွတ်ကင်းကင်း ဖြူစင်သူ တစ်ဦးဖြစ်ပြီး မမျှမတဖြစ်မည်စိုး၍သီးခြားအဖွဲ့များဖြင့် စစ်ဆေးပေးပါရန် တင်ပြမှုအရ ထိုတိုင်ကြားမှု ကိစ္စကို စုံစမ်းစစ်ဆေးလျက်ရှိရာ ထိုဆောင်ရွက်မှုသည် ထင်သာမြင်သာဖြစ်စေရန် ဆောင်ရွက်ခြင်းဖြစ် ပါသည်ဘုရား။ ၎င်းအပြင် အမှန်နှင့်အမှား၊ ဓမ္မနှင့်အဓမ္မကို သိသာ ထင်ရှားစေခြင်း၊ ပြည်သူအကျိုး၊ သာသနာအကျိုး ဆောင်ရွက်နေ ခြင်းဖြစ်တယ်ဆိုတာကို ရဟန်း သံဃာတော်များနှင့် ဘာသာဝင် များ၏ မှတ်ကျောက်အတင်ခံလိုခြင်းကြောင့် ဖြစ်ပါသည်ဘုရား။

ပြည်သူ့ဝန်ထမ်းဆိုသည်မှာ အောက်ခြေကို အလေးထားရပါမည်။ ပြည်သူကို အလေးထားရပါမည်။ အရာရှိတွေ အဆင်ပြေသော်လည်း အောက်ခြေ၀န်ထမ်းများမှာမူ အဆင်မပြေရှာကြပါ။ ၀န်ကြီးဌာန၀န်ထမ်းများ ဆန္ဒဖော် ထုတ်ပွဲ (ဒါဘာ)တွင် တာဝန်ရှိ ၀န်ထမ်းက တာဝန်မရှိသလို ပြောဆိုခြင်း၊ အကျင့်စရိုက်ဟောင်း အတိုင်း မပြုပြင်ခြင်း တို့ကြောင့် တပည့်တော်သည် ၀န်ကြီးဌာနအတွင်း ကောင်းအောင် ပြုပြင်လျက် ရှိပါသည်ဘုရား။ မဃဒေ၀လင်္ကာတွင် ““လူမွှေယောက်ျား၊ မင်းစေများ၊ ပြည်သူ့မီးပွား””ဆိုတာ ရှိပါသည် ဘုရား။ ရှေးမင်းများ လက်ထက်က ထိုပြည်သူ့မီးပွားများကို ထိရောက်စွာ အရေးယူခဲ့သည့် သာဓကတွေလည်း အထင်အရှား ရှိပါသည်ဘုရား။ တပည့်တော်သည် သာသနာရေး ၀န်ကြီးဌာနရှိ ၀န်ထမ်းများကို ပြည်သူ့မီးပွားများ မဖြစ်အောင် ကြပ်မတ်၍ ဆွဲတင်ပြုပြင် သွားမည်ဖြစ် ပါသည်ဘုရား။ အမုန်းခံ၍လည်း ဆောင်ရွက်သွားမည် ဖြစ်ပါသည် ဘုရား။

ထို့ပြင် သံဃာတော်များ အတွင်းတွင်လည်း အဖွဲ့အစည်း အသီးသီး ပေါ်ပေါက်လာပြီး လက်ရှိ သံဃာ့ အဖွဲ့အစည်းများနှင့် အပြိုင်သဖွယ် ဆောင်ရွက်နေမှုများ ဖြစ်ပေါ်နေပြီ ဖြစ်ပါသည် ဘုရား။ အင်တာနက်၊ မီဒီယာများတွင် သံဃာအချင်းချင်း စိတ်ဝမ်းကွဲပြားအောင် သွေးခွဲဆောင်ရွက် နေတာရှိသလို သာသနာရေး ၀န်ကြီးအနေဖြင့်လည်း အခြား ဘာသာဝင်များ၏ ဘာသာရေး အခမ်းအနားများသို့ တက်ရောက်ပြီး ၎င်းတို့ ကိုးကွယ်ရာ ဘုရားသခင်၏ အဆိုအမိန့်များဖြစ်သော မေတ္တာတရားထားဖို့၊ မကောင်းမှုကို မပြုလုပ်ဖို့၊ ကောင်းမှုကို ပြုလုပ်ကြဖို့၊ အမှာစကား ပြောကြားသည်ကိုပင် အင်တာနက်နှင့် မီဒီယာအချို့က သာသနာရေး ၀န်ကြီးနှင့် သံဃာတော်များအကြား စိတ်ဝမ်းကွဲပြား အထင်အမြင်လွဲမှားအောင် လုပ်ဆောင်နေတာကိုလည်း တွေ့မြင်နေရ ပါသည်ဘုရား။

တပည့်တော် ဖြည့်စွက်လျှောက်ထား လိုသည်မှာ ဤဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးကို နိုင်နိုင်နင်းနင်း ပြည့်ပြည့်စုံစုံ ခမ်းခမ်းနားနား ဆောင်ရွက်နိုင်ပါ့မလားလို့ ဆရာတော်ကြီး အချို့က စိုးရိမ်တယ်ဆိုတာ ကြားသိရ ပါတယ် ဘုရား။

တပည့်တော်နှင့်… ယခု အကြံပေးပုဂ္ဂိုလ်ဖြစ်နေသော ဦးအံ့မောင်သည် ယင်းအခမ်းအနားတွင် သာသနာရေး ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်အဖြစ် အတူတူတာဝန် ထမ်းဆောင်ခဲ့ဖူးသည့် အတွေ့အကြုံ ရှိပါသည်ဘုရား။ သို့ဖြစ်ပါ၍ သာသနာ သမိုင်းမှတ်တိုင်တစ်ရပ် ထွန်းပေါက်လာသည်အထိ ကြိုးစားဆောင်ရွက် သွားမည် ဖြစ်ပါသည်ဘုရား”” ဟူ၍ ထည့်သွင်း လျှောက်ထားခဲ့သည်။

အစိုးရသစ် လက်ထက်တွင် ဌာနတွင်း ၀န်ထမ်းက ၀န်ကြီးကို ပြန်လည်တိုင်ကြား၍ အတိုင်ခံရသော ၀န်ကြီးကိုယ်တိုင်က မိမိနှင့်ဌာနကို စစ်ဆေးရန် သမ္မတကြီးအား တင်ပြ တောင်းဆိုခြင်း ဖြစ်ရပ်မှာ ပထမဆုံးဖြစ်ပြီး လက်ရှိအစိုးရအဖွဲ့ ၀င်မည်သည့် ၀န်ကြီးကမျှ မိမိတို့ကို အဖွဲ့ဖွဲ့၍ စစ်ဆေးနိုင်ကြောင်း မှတ်ကျောက်တင် တင်ပြတောင်းဆိုနိုင်ခြင်း မရှိသေး၊ သမ္မတရုံး၏ ညွှန်ကြားမှုဖြင့် ပြည်ထဲရေးဝန်ကြီး ဦးဆောင် စစ်ဆေးနေသည့် ရလဒ်မှာလည်း မည်သို့ ဖြစ်လာမည်ကို သာသနာရေးနှင့် နိုင်ငံရေး ဆက်စပ် ပတ်သက်ရာ အသိုင်းအ၀ိုင်းများက စိတ်ဝင်တစား စောင့်ကြည့်လျက်ရှိကြောင်း သိရှိရသည်။
နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် အထူးအစည်းအဝေးသို့ ကြွရောက်သည့် ဆရာတော်ကြီးများအား ဇန်န၀ါရီ ၂၁ ရက်နေ့တွင် ယခင်စစ်အစိုးရ (နယက) အကြီးအကဲဟောင်းများ ဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး (ငြိမ်း)+ ဒေါ်မြမြစန်း၊ ဒုတိယဗိုလ်ချုပ်ကြီး တင်ဦး၏ ဇနီးဒေါ်ခင်သန်း နွဲ့၊ ဒုတိယဗိုလ်ချုပ်ကြီး တင်လှ (ငြိမ်း)+ဒေါ်ခင်ဝင်းကြည်၊ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး (ငြိမ်း)+ ဒေါ်ခင်စောနှင်း၊ ဗိုလ်ချုပ် ကြီးစိုးဝင်း၏ဇနီး ဒေါ်သန်းသန်းနွဲ့၊ ဒုတိယ ဗိုလ်ချုပ်ကြီးခင်မောင်သန်း (ငြိမ်း)+ ဒေါ်မာလာတင့်၊ ဒုတိယ ဗိုလ်ချုပ်ကြီး မောင်ဘို၏ဇနီး ဒေါ်ခင်လေးမြင့်၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်ထွေး (ငြိမ်း)+ ဒေါ်ခင်နှင်းဝေ၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့် (ငြိမ်း)+ ဒေါက်တာ ဒေါ်တင်လင်းမြင့် နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဝင်း(ငြိမ်း)+ ဒေါ်ခင်စန်းရီ မိသားစုများက လာရောက်၍ သမ္မတ၏ ညွှန်ကြားချက်အရ ပြည်ထဲရေး ၀န်ကြီးဌာနမှ စစ်ဆေး လျက်ရှိသော သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်နှင့်အတူ လုပ်ဖော် ကိုင်ဘက်များ စုပေါင်းကာ နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး၏ဇနီး ဒေါ်မြမြစန်း၊ ဒုသမ္မတ(၁)ငြိမ်း သီဟသူရ ဦးတင်အောင်မြင့်ဦး၏ဇနီး ဒေါ်ခင်စောနှင်း၊
ဒုတိယဗိုလ်ချုပ်ကြီးများ ဖြစ်ကြသော ဦးခင်မောင်သန်း၊ ဦးအောင်ထွေး၊ ဦးရဲမြင့်တို့ကို (၂၁၊ ၁၊ ၂၀၁၄)တွင် တွေ့ရစဉ်။

တရုတ်စာသားပါ အန္တရာယ်ရှိနိုင်သည့် စားဆီတစ်မျိုး မန္တလေးဈေးကွက်အတွင်းဝင်လာ




တရုတ်စာတန်း တစ်မျိုးတည်းသာ ပါပြီး သက်တမ်းကုန်ဆုံးရက် သတ်မှတ် ရက်စွဲမပါ၊ ဆီခဲသွားခြင်းလည်းမရှိသည့် စားဆီတစ်မျိုး မန္တလေးဈေးကွက် တွင် ရောင်းဝယ်လျက်ရှိကြောင်း မန္တလေးဆီကုန်သည်များနှင့် စက်ပိုင်ရှင်များအသင်းမှ သိရသည်။

အဆိုပါဆီများအား ရေခဲသေတ္တာအတွင်း ထည့်၍ အေးခဲမှတ်အထိထား သော်လည်း အေးခဲသွားခြင်း မရှိခြင်းကြောင့် စားသုံးသူများ သတိထားရန် လိုအပ်မည်ဖြစ်ကြောင်း ဆီစက်ပိုင်ရှင်အချို့က သုံးသပ်ပြောကြားသည်။

“ဆီဆိုတာ ဘယ်ဆီဖြစ်ဖြစ် သတ်မှတ်ထားတဲ့ အေးခဲမှတ်ရောက်ရင် ခဲကိုခဲရမယ်။ အခုဟာက မခဲဘူး” ဟု ဆီစက်လုပ်ငန်းပိုင်ရှင်တစ်ဦးက ပြော သည်။

Myanmar Anti-China

"စောင့်ကြည့်ရမည့်သူတစ်ဦး (သို့မဟုတ်) ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်"



    ဇန်နဝါရီ ၁၅ ရက် Foreign Policy အွန်လိုင်းစာမျက်နှာတွင် Su Mon Thazin Aung ရေး သားသည့် The Man to Watch သုံးသပ်ချက် ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆို ထားသည့် .... ရန်ကုန်တိုင်းမ်ဂျာနယ်ပါ ဆောင်းပါး

    "စောင့်ကြည့်ရမည့်သူတစ်ဦး (သို့မဟုတ်) ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်"

    မြန်မာပြည်သူများသည် သူတို့၏ စစ်ဗိုလ်ချုပ်ကြီးများအား စောင့်ကြည့်လေ့ ရှိကြသည် ။ ပြီး ခဲ့သည့် ရာစုနှစ်ဝက်ကျော်မျှ စစ်တပ်က မြန်မာနိုင်ငံအား အုပ်ချုပ်ခဲ့ပြီး မကြာသေးမီကမှ နိုင်ငံရေး အပေါ် လုံးဝဥဿုံ ထိန်းချုပ်မှုများအား လက်လွတ်ပေးလိုက်သည် ကို စဉ်းစား သုံးသပ်ကြည့်လျှင် ယင်းမှာ အကျိုးအကြောင်း ခိုင်လုံလှသော အလေ့အထတစ်ခု ဖြစ်သည်။ ယနေ့အထိပင် သုံးနှစ်ကြာ ပြုပြင်ပြောင်းလဲမှုများ လုပ်ခဲ့သည့်တိုင် အဆင့်မြင့် အရာရှိကြီး များမှာ သူတို့သာ ဖြစ်နေပေသေးသည်။ ပြီးခဲ့သည့် အပတ်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် (ဗိုလ်ချုပ်မှူးကြီး) မင်းအောင်လှိုင်၏ မိန့်ခွန်း အသေးစိတ်ကိုအပတ်စဉ်ထုတ် စာစောင်တစ်ခုက ဖော်ပြထုတ်ဝေလိုက်သည့်အခါ လူတွေ ထိုင်ပြီးစောင့်ကြည့်နေ ကြခြင်းကို အပြစ်တင်ရန် ခက်လှပေလိမ့်မည်။

    သူ၏ မိန့် ခွန်းတွင် စစ်တပ်သည် မည်သူကိုမျှ မကြောက်ဟု အခြား အကြောင်းအရာများနှင့် အတူ ကာကွယ်ရေးဦးစီးချုပ်က ကြေညာခဲ့သည်။ တစ်စုံတစ်ဦးကများ အကယ်၍ ထိုသတင်း စကားမရခဲ့လျှင် သူက ယခုလိုထပ်ပြောပါသည်။ “မြန်မာ့တပ်မတော်သည် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ချမှတ်ခဲ့သော မူဝါဒများကိုအမြဲလိုက်နာမည်” ဟူ၍ ဖြစ်ပါသည်။ ဦးသန်းရွှေသည် မြန်မာနိုင်ငံအား ၁၉၉၂ မှ ၂၀၁၁ အထိ အုပ်ချုပ်ခဲ့သော စစ်အစိုးရ ခေါင်းဆောင် မဟုတ်ပါလား။

    ကာချုပ်သည် ထိုအမှာစကားများကို နိုဝင်ဘာ ၂၉ ရက်တွင် ပြုလုပ်သည့် အရာရှိများနှင့် တံခါးပိတ်အစည်းအဝေးတွင် ပြောကြားခဲ့ ဟန်တူပါသည်။ ထိုသတင်းကို အစိုးရ သတင်းစာ များက ပုံနှိပ်ဖော်ပြခြင်း မပြုခဲ့ပါ။ ထိုပြောကြားချက်များတွင် နိုင်ငံ၌ ဆယ်စုနှစ်များကြာ ကပ်ဆိုး ဆိုက်နေသည့် တအုံနွေးနွေး တိုင်းရင်းသား ပဋိပက္ခများ အကြောင်းနှင့် ပတ်သက်ပြီး တင်းမာသည့် အသွင်ဆောင်သော မှတ်ချက်များစွာလည်း ပါသည်။ ထိုအထဲတွင် ကာကွယ်ရေးဦးစီးချုပ်က ပိုမိုကျယ်ပြန့်သော ကိုယ်ပိုင် အုပ်ချုပ်ရေး နှင့် အရင်းအမြစ် မျှဝေရေးများအား တိုက်ပွဲဝင်နေသည့် တိုင်းရင်းသား ခေါင်းဆောင်များ အား မြန်မာနိုင်ငံ၏ နှစ်ရှည်ကြာ ပြည်တွင်းစစ်နှင့် ပတ်သက်ပြီး အပြစ်တင်ခဲ့သည်။

    ထိုပြောကြားချက်များကသာ လူတွေကိုသတိပြုဆွဲဆောင်နိုင်ခဲ့ခြင်းမဟုတ်ပါ။ ပြီးခဲ့သည့် သုံးပတ်ခန့် ဒီဇင်ဘာ ၂၁ ရက်ကထုတ်ဝေသော ကြေးမုံသတင်းစာတွင် တပ်ချုပ်ကြီး၏ လတ်တလော လှုပ်ရှားမှုများကို မျက်နှာဖုံးအပြည့်သာမက သီးခြား စာမျက်နှာ ၄ မျက်နှာ ပေးကာ ဖော်ပြခဲ့ရာ စာဖတ်သူများအား အံ့အားတသင့်ဖြစ်သွားစေခဲ့သေးသည်။ စစ်တပ်က အာဏာကို သိသိသာသာ ဆက်လက်ကိုင်စွဲနေဆဲဖြစ်သည့် နိုင်ငံတစ်နိုင်ငံတွင် ဗိုလ်ချုပ်ကြီးများအား မြှောက်ပင့်ရေးသားမှုများမှာ အထူးအဆန်းတော့ မဟုတ်လှပါ။
    သို့ သော် နောက်ဆုံးရေးသား ထုတ်ဝေမှုတွေကတော့ အာရုံကို ဒက်ထိစိုက်မိသွားစေ ပါသည်။ အဘယ်ကြောင့်ဆိုသော် ယင်းတို့ မှာ လူတွေသိအောင် တမင်တကာပေးသော သတင်း အချက်အလက်များ ဖြစ်နိုင်ခြေရှိသောကြောင့်ဖြစ်ပါသည်။

    ထိုသတင်းစာတွင် တစ်မျက်နှာအပြည့်ရေးထားသော သတင်းများထဲတွင် တပ်မတော် စစ် တက္ကသိုလ် သင်တန်းဆင်းပွဲတက်သော ဗိုလ်ချုပ်မှူးကြီး ပုံနှင့်အတူ ဖော်ပြထားသည်။ ဗိုလ်ချုပ်မှူးကြီး၏ အမှာစကားတွင် သူက “နိုင်ငံတော်လုံခြုံရေးကို ဆောင်ရွက်ရာမှာ သမားရိုးကျ မဟုတ်တဲ့ အရေးယူ ဆောင်ရွက်မှုတွေရော၊ သမားရိုးကျအတိုင်း အရေးယူဆောင်ရွက်မှုတွေကိုပါ လုပ်ဆောင်သင့်တယ်” ဟုပြောကြားခဲ့သည်။ သူက သမားရိုးကျ မဟုတ်သော အရေးယူဆောင်ရွက်မှုနှင့်ပတ်သက်ပြီး အနက်ဖွင့် ပြောဆိုရာတွင် လူသားလုံခြုံရေး အတွေးအခေါ် အယူအဆကို အတိုင်းအတာတစ်ခုအထိ ရှင်းပြ ပြောဆို သွားခဲ့သည်။ လူသားလုံခြုံရေးတွင် စီးပွားရေး၊ အစားအသောက် လုံခြုံစိတ်ချရရေး၊ ကျန်းမာရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ တစ်ဦးချင်းစီ၏ ပုဂ္ဂိုလ်ရေး လုံခြုံမှုနှင့် နိုင်ငံတော် လုံခြုံရေးများ ပါဝင်ကြောင်း သူက ပြောခဲ့သည်။

    အထိမိဆုံးအချက်မှာ စစ်တပ်အာဏာပိုင်ကြီးက "လူသားလုံခြုံရေး" ဆိုသည့် ဝေါဟာရအား အင်္ဂလိပ်လို သုံးနှုန်းသွားခဲ့ခြင်းပဲဖြစ်သည်။ ဘာတွေဖြစ်နေပြီလဲ။ ဒီစာကြောင်းတွေဖတ်ပြီး အသုံးတည့်စရာ ဘာတွေသိနိုင်မလဲ။ (ဗိုလ်ချုပ်မှူးကြီး) မင်းအောင်လှိုင်၏ မိန့်ခွန်းမှ အနည်းဆုံးတော့ အရေးကြီးကောက်ချက် နှစ်ချက် ဆွဲနိုင်ပါသည်။ ပထမအချက်မှာ စစ်တပ် ဆိုင်ရာ အယူဝါဒ တည်ဆောက်မှုတွင် အရေးပါလှသော အရွှေ့တစ်ခုရှိနေခြင်းကို ညွှန်းဆို ပြသလိုက်ခြင်းဖြစ်သည်။ တစ်ခုမှာ တပ်မတော်၏ ဦးဆောင်မှုဟန်ပန် (စတိုင်) ကြီးမားစွာ ပြောင်းလဲမှုဖြစ်ပေါ်နေခြင်း ဖြစ်သည်။ ဒုတိယအချက်မှာတပ်ချုပ်သည် လာမည့် ၂၀၁၅ တွင် ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲ၌ သမ္မတအဖြစ် နိုင်ငံရေးထဲ ဝင်လာဖွယ် ရှိနေသည်ဆိုခြင်းကို သူ့မိန့်ခွန်းက သိသာထင်ရှားလှစွာ ပြဆိုနေခြင်းပဲ ဖြစ်လေသည်။

    ၁၉၈၈ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးကတည်းက လွန်ခဲ့သောနှစ်ပေါင်း ၂၅ နှစ်အတွင်း စစ်တပ်သည် ဒို့တာဝန်အရေးသုံးပါးကို အခြေခံသောသဘောတရားကို ကျင့်သုံး လိုက်နာ ခဲ့သည်။ ထိုသဘောတရားများကို အခြေခံကာ တပ်မတော်သည် လုံးဝဥဿုံ အမျိုးသား ကာကွယ်ရေး အယူဝါဒကို တည်ဆောက်ခဲ့ကြသည်။ ယင်းတို့အထဲတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေလည်း ပါဝင်သည်။ ယင်းသည် တပ်မတော်သမိုင်းတွင် တတိယ အဆင့် အယူဝါဒ တည်ဆောက်ခြင်းဖြစ်သည်။ တပ်မတော်သည် ၁၉၅၀ ပြည့်နှစ်တွင် ပထမ အယူဝါဒ နှင့် ၁၉၅၈ တွင် ဒုတိယအယူဝါဒကို တည်ဆောက်ခဲ့သည်။ အသေးစိတ် အချက်အလက် တချို့ပြောင်းလဲမှုပြုစဉ်မှာပင် သဘောတရားရေးအစီအစဉ်တွင် နိုင်ငံတော် လုံခြုံရေး ဗဟိုပြုသည့် အချက်သုံးချက်အားလုံးကို ရှင်းလင်းပြတ်သားစွာဖော်ပြခဲ့သည်။ တပ်မတော်သည် ထိုဝါဒသဘောတရားကို အလွန်လေးနက်စွာပင် ခံယူကျင့်သုံးခဲ့သည်ကို အတွေ့အကြုံများက ပြသနေပေသည်။

    အဆိုပါ ၀ါဒရေးရာ လမ်းညွှန်ချက်များအား ပြည်သူလူထုအပေါ် လျှို့ဝှက်ထားသော်လည်း (၁၉၉၀ ပြည့်လွန်နှစ်များအထိ) စစ်တပ်သည် တပ်နှင့် အရပ်ဆက်ဆံရေးနှင့် အရပ်သား နိုင်ငံရေးများတွင် ကြားဝင်ရေးများတွင် ယင်းတို့ကို အသုံးပြုခဲ့သည်။ ၁၉၅၀ ပြည့်လွန် နှစ်များတွင် ၀ါဒရေးရာ တည်ဆောက်သည့်အခါ ဥပမာအားဖြင့် တပ်မတော်သည် သူ၏ အခန်းကဏ္ဍကို ကာကွယ်ရေးမှ ပြည်သူ့အုပ်ချုပ်ရေးနှင့် စီးပွားရေးအထိ တိုးချဲ့ခဲ့သည်။ ထို့နောက် တပ်မတော်သည် ထိုသဘောတရားရေးများကို လက်တွေ့ဆက်လက် ကျင့်သုံး ခဲ့ကြသည်။ ၁၉၅၈ မှစကာ နှစ်နှစ်ကြာ နိုင်ငံအာဏာကို ရယူခဲ့ပြီး ၁၉၅၀ ပြည့်လွန်နှောင်း ပိုင်းတွင် စစ်တပ်စီးပွားရေးလုပ်ငန်းများ တည်ထောင်ခဲ့သည်။
    စစ်တပ်သည် နိုင်ငံတော် လုံခြုံရေး အမည်နာမတပ်ကာ ၁၉၅၈၊ ၁၉၆၂ နှင့် ၁၉၈၈ တို့တွင် အာဏာသိမ်းခဲ့သည်။ ဆက်လက်ဆက်ခံကြသော စစ်အစိုးရများက စီးပွားရေးတွင် ပြည်တွင်း ဖူလုံမှုနှင့် နိုင်ငံခြားရေးမူဝါဒတွင် မိမိကိုယ်မိမိ အထီးကျန်စေမှုတို့ အကျိုးအကြောင်း ပြသ နိုင်ရန် အဆိုပါ သဘောတရားရေးရာများကိုပဲ ဆက်လက်ကိုင်စွဲ ခဲ့ကြသည်။ ပညာရေး၊ စီးပွားရေးနှင့် ကျန်းမာရေးအသုံးစရိတ်များနေရာတွင် စစ်အသုံးစရိတ်ကို တိုးချဲ့ခဲ့ခြင်းများကို တရားဝင် ဖြစ်စေရန်အတွက် သူတို့က နိုင်ငံတော်လုံခြုံရေးဆိုသည်ကို အကြောင်းပြခဲ့ကြ သည်။

    စစ်တပ်သည် လမ်းများ၊ တံတားများ၊ ဆည်များနှင့် တောနက်ကြီး ထဲတွင် မြို့တော် အသစ် ကိုပင် တည်ဆောက်ခဲ့သည်။ ကျွန်မ၏ ပညာရေး သင်တန်းအတွက် ကျွန်မ အင်တာဗျူး ခဲ့သည့် တပ်မတော်ခေါင်းဆောင်များမှာ ပြည်သူလူထုတွင် ဒီမိုကရေစီနှင့် လူမှုစောင့်ရှောက်ရေး စသည့် မတူခြားနားသော ဦးစားပေးအစီအစဉ်များ ရှိနေကြသည် ဆိုခြင်းကို ရှင်းလင်းစွာသတိပြုမိကြလင့်ကစား နိုင်ငံတော်လုံခြုံရေးက ထိပ်တန်း အရေးကြီး လှကြောင်း အလေးပေးပြောဆိုခဲ့ကြသည်။ အမြင်တိမ်သူများ၊ ပေါ်ပြူလစ်များဟူသော အမြင်ကို စစ်တပ်အဖွဲ့ဝင်များက ပယ်ချခဲ့ကြသည်။

    သမိုင်းနှင့် ဆက်စပ်လျှင် လူသားလုံခြုံရေး ဆိုသည့်အပေါ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ရှင်းလင်းပြတ်သားစွာ ထွေးပွေ့လိုက်ခြင်းမှာ သူတို့သည် စံသတ် မှတ်ချက်များမှ သိသာစွာ ခွဲထွက်လာခြင်းကို ညွှန်းဆိုနေခြင်းဖြစ်သည်။

    သူ၏ ကြေညာပြောဆိုချက်များကို လေးလေးနက်နက်သာ ခံယူကြည့်ပါက စစ်တပ်သည် သူတို့ ကိုယ်သူတို့ ဒီမိုကရေစီနှင့် လူမှုစောင့်ရှောက်ရေး တို့အတွက် အကာအကွယ်ပေးသူ အဖြစ် ပြန်လည်သတ်မှတ်ခြင်းဖြင့် ပြည်သူတို့၏ အသည်းနှလုံးနှင့် စိတ်များအပေါ် ရယူ ဖို့ကြိုးပမ်းလာမှုအဖြစ် ယင်းတို့က ညွှန်ပြနေပေသည်။

    တပ်ချုပ် အနေနှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရွေးခံနိုင်ဖွယ်ရော ဘယ်လိုရှိပါသနည်း။

    စစ်တပ်တွင်းရှိ သတင်းအရင်းအမြစ်များစွာ၏ အဆိုအရ ထိုနှစ်တွင် သက်ပြည့် ပင်စင်ယူ ရမည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် သမ္မတဝင်ရွေးခံရန် တိတ်တဆိတ် ပြင်ဆင်နေ သည်ဟု သိရသည်။ စစ်တပ်မှ လွှတ်တော် ကိုယ်စားလှယ် တချို့ကလည်း ၂၀၁၅ တွင် စစ်တပ်က သူ့အား သမ္မတလောင်းအဖြစ် အဆိုပြုလိမ့်မည်ဟု ပြောဆိုခဲ့ကြသည်။
    ယခု ကိစ္စတွင် လူသားလုံခြုံရေးဆိုသည့် သူ၏ အာစလျှာစသည် ပြည်သူတို့၏ ပြင်းပြသော ဆန္ဒနှင့် အတူ ဟိန်းမြည်လာလိမ့်မည်။ ရှင်းလင်း ပြတ်သားသော နိုင်ငံရေးအမြင်နှင့်အတူ သူ့ကိုယ်သူ နိုင်ငံခေါင်းဆောင် (စတိတ်မင်း) အဖြစ် ပြသပေလိမ့်မည်။ လက်ရှိ သမ္မတ ဦးသိန်းစိန်၊ ပါလီမန် (လွှတ်တော်) ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် တခြားသော အင်အား ပြင်းထန်လှသည့် ယှဉ်ပြိုင်ဖက်များအပေါ် သူ့အနေဖြင့် ကောင်းစွာ အမြတ်ထုတ် နိုင်စွမ်းပေလိမ့်မည်။ လာမည့်လများအတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် ဘာတွေ လုပ်မည်ကို မြန်မာ့နိုင်ငံရေး စောင့်ကြည့်သူများက အနီးကပ် အာရုံစိုက် လေ့လာကြည့်ရှုနေကြမည်မှာ အတော့်ကို သေချာသလောက် ရှိနေပြီဖြစ်ပါသည်။

http://www.foreignpolicy.com/articles/2014/01/15/the_man_to_watch

အကြမ်းဖက်မှု ကျူးလွန် သူ များ တွင် ရိုဟင်ဂျာ ညီညွတ်ရေး အဖွဲ့၌ လက်နက် ကိုင်ဆောင်မှု ဆိုင်ရာ သင်တန်း တက်ခဲ့သူများ ပါဝင်



အကြမ်းဖက်မှု ကျူးလွန် သူ များ တွင် ရိုဟင်ဂျာ ညီညွတ်ရေး အဖွဲ့၌ လက်နက် ကိုင်ဆောင်မှု ဆိုင်ရာ သင်တန်း တက်ခဲ့သူများ ပါဝင် တရား ဥပဒေ အရ စီရင်နိုင်ရန် စုံစမ်း စစ်ဆေး မှုများ ပြုလုပ် လျက်ရှိ

ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၌ ၂ဝ၁၄ခုနှစ်၊ ဇန်နဝါရီလ ၁၃ရက်က ဖြစ်ပွားခဲ့သော ဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြည်ပ သတင်းဌာန များနှင့် အချို့သော နိုင်ငံတကာ အဖွဲ့ အစည်းများက အတည်မပြု နိုင်သော သတင်းများကို အခြေခံလျက် လွဲမှားစွာ ကောက်ချက်ချပြီး သတင်းများ ထုတ်ပြန် နေသည်ကို တွေ့ရှိရပါသည်။ ဤသတင်း မှားများ၊ စွပ်စွဲပြောဆို ချက်များသည် ရခိုင်ပြည်နယ်ရှိ လူ့အသိုက်အဝန်း နှစ်ခုအကြား အထင်အမြင် လွဲမှားစေရန် ပုံကြီးချဲ့ ဖန်တီး ပြောကြား လုပ်ဆောင် ခြင်း ဖြစ်ကြောင်း တွေ့ရှိရပါသည်။

ယင်းသတင်းမှားများ၊ စွပ်စွဲပြောဆို ချက်များမှာ သက်ဆိုင်ရာ အစိုးရ ဌာနများမှ တာဝန်ရှိသူ များအား စုံစမ်း မေးမြန်းခြင်း၊ အတည်ပြုချက် ရယူခြင်းများ မရှိဘဲ ထုတ်ပြန် ခဲ့ခြင်း ဖြစ်ကြောင်း တွေ့ရှိ ရပါသည်။ ဤဖြစ် စဉ်နှင့် ပတ်သက် သည့် ဖြစ်ရပ်မှန်မှာ အောက်ဖော်ပြပါ အတိုင်း ဖြစ်သည်။

၂ဝ၁၄ခုနှစ်၊ ဇန်နဝါရီလ ၁၃ရက်၊ ညပိုင်းတွင် အဖွဲ့ဝင် ငါးဦးပါသည့် ရဲလှည့်ကင်း အဖွဲ့သည် ပုံမှန်လှည့်ကင်း တာဝန် ထမ်းဆောင်စဉ် မောင်တောမြို့နယ်၊ ဒုချီးရားတန်း (အလယ်)ရွာ အရောက်၌ တုတ်၊ ဓားကိုင်ဆောင် ထားသည့် ဘင်္ဂါလီအုပ်စု အင်အား ၁ဝဝခန့်မှ ဝိုင်းဝန်း ရန်မူမှုကို ခံခဲ့ရသဖြင့် လူစုခွဲ ရှောင်ပေးခဲ့သည်။ ယင်းသို့ လူစုခွဲ တိမ်းရှောင်စဉ် ရဲလှည့်ကင်း အဖွဲ့ခေါင်းဆောင်မှာ လူစုကွဲ၍ ကျန်ရစ်ခဲ့ပြီး ၎င်းကိုင်ဆောင်သော လက်နက် နှင့်အတူ ယနေ့တိုင် ပျောက်ဆုံးလျက် ရှိပါသည်။ နယ်မြေခံ ရဲတပ်ဖွဲ့နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် အင်အား စုစည်းပြီး ယင်းလူစုကွဲ ပျောက်ဆုံး ကျန်ရစ်ခဲ့သူအား ပြန်လည် ရှာဖွေရန် ၎င်းကျေးရွာသို့ ထပ်မံ သွားရောက် ခဲ့ရာတွင် တုတ်၊ ဓားကိုင်ဆောင်ထားသည့် ဘင်္ဂါလီအုပ်စု အင်အား ၅ဝဝကျော်၏ ဝိုင်းဝန်း ရန်မူမှုကို ခံခဲ့ရသည်။ အကြမ်းဖက် လူအုပ်စုသည် အန္တရာယ်ပြုရန် ချဉ်းကပ်လာသည့်အတွက် မိမိ ဘက်မှ သေနတ်ရှစ်ချက် ဖောက်၍ သတိပေးခဲ့သည်။ ယင်းသို့ သတိပေးပစ်ဖောက် ခဲ့ခြင်းကြောင့် အရပ်ဘက် ပြည်သူ တစ်စုံ တစ်ဦးတစ်ယောက်မျှ ထိခိုက်သေဆုံးခြင်း မရှိခဲ့ပါ။

တာဝန် ထမ်းဆောင်စဉ် ပျောက်ဆုံးခဲ့သည့် ရဲတပ်ကြပ်ကြီးအား နောက်ပိုင်း ရက်များတွင် ဆက်လက် ရှာဖွေခဲ့သော်လည်း သွေးစွန်းနေသည့် ယူနီဖောင်း၊ ခါးပတ်၊ ဖိနပ် စသည့် သဲလွန်စ အချို့တို့ကိုသာ တွေ့ရှိခဲ့ပါ သည်။ တာဝန်ရှိသူများ အနေဖြင့် မောင်တောမြို့၌ အစိုးရ တာဝန်ရှိသူများ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ရပ်မိ ရပ်ဖများ၊ ဗလီ ဆရာများအား တွေ့ဆုံပြီး ပျောက်ဆုံးနေသော ရဲတပ်ကြပ်ကြီး နှင့် ပတ်သက် သည့် သတင်းအချက် အလက်များ ရရှိရေး အတွက် ပူးပေါင်း ဆောင် ရွက်ရန် မေတ္တာရပ်ခံ ခဲ့ပါသည်။ ထို့အပြင် ပြည်နယ် ဝန်ကြီးချုပ်နှင့် ဒေသအာဏာပိုင်များ၊ ရဲနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ ဘာသာရေး ခေါင်းဆောင် များ၊ ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်များ၊ UNHCR ၊ OCHA ဌာနေကိုယ်စားလှယ်များ ပါဝင်သည့် အဖွဲ့သည် ဒုချီးရားတန်းရွာမှ ရွာသူ ရွာသားများကို လည်းကောင်း၊ သတင်း ဖော်ထုတ်ရန် စစ်ဆေးမှုကို စိုးရိမ်၍ တိမ်းရှောင်လာသူများကို လည်းကောင်း တွေ့ဆုံပြီး စုံစမ်း မေးမြန်းခဲ့ပါသည်။ ဖြေကြားချက်များ အရ ယခင်ရက်များ အတွင်း ဖြစ်စဉ် တစ်စုံတစ်ရာ မရှိခဲ့ကြောင်း တွေ့ရှိရသလို ပျောက်ဆုံးနေသူနှင့် ၎င်း၏လက်နက် အားလည်း မတွေ့ခဲ့ပါ။

လုံခြုံရေး တာဝန်ထမ်းဆောင် နေသူများအား အကွက်ကျကျ ကြိုတင်စီစဉ် ဖန်တီးကာ တိုက်ခိုက်ခဲ့သည့် ဤသို့သော အကြမ်းဖက်လုပ်ရပ်သည် ပြစ်မှုထိုက်သော အကြမ်းဖက် တိုက်ခိုက်မှုဖြစ်သည်။ အကြမ်းဖက်မှု ကျူးလွန်သူများတွင် ရိုဟင်ဂျာ ညီညွတ်ရေးအဖွဲ့ဟု ခေါ်သောအဖွဲ့၌ လက်နက်ကိုင်ဆောင်မှု ဆိုင်ရာ သင်တန်း တက်ခဲ့သူများ ပါဝင်ကြောင်း သိရပြီး ယင်းတို့ကို ဖော်ထုတ်လျက် တရားဥပဒေ အရ စီရင်နိုင်ရန် တည်ဆဲ ဥပဒေ ဘောင်များအတွင်း လိုအပ်သည့် စုံစမ်း စစ်ဆေး မှုများကို ပြုလုပ်လျက် ရှိသည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့် ဒေသ အာဏာပိုင်များသည် ရခိုင်ပြည်နယ် အတွင်း လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ တရားမျှတ မှုရှိရေး၊ လူသားချင်း စာနာထောက်ထားမှု ရရှိရေးနှင့် ပြန်လည် သင့်မြတ်ရေး တို့အတွက် လိုအပ်သည်များကို ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ လူမှု စီးပွားရေးနှင့် အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုများ အကောင်အထည် ဖော်နေသည့် သိမ်မွေ့သော ကာလတွင် ဘက်လိုက်မှု မရှိသော၊ အပြုသဘော ဆောင်သော၊ ရည်ရွယ်ချက် ကောင်းမွန်သော ဆောင်ရွက်ချက် များကသာ မြန်မာပြည်သူ များကို ကူညီရာ ရောက်မည်ဖြစ်ပါသည်။

သို့ဖြစ်ရာ နိုင်ငံတကာ သတင်းဌာနများ၊ နိုင်ငံတကာ အဖွဲ့အစည်း များအနေဖြင့် သတင်းထုတ်ပြန်ခြင်းများ ပြုလုပ်ပါက သက်ဆိုင်ရာ အစိုးရ တာဝန်ရှိ သူများနှင့် ဆက်သွယ်စုံစမ်း အတည်ပြုထားသော သတင်းများ ကိုသာ ထုတ်ပြန် သင့်ပါသည်။ သို့မဟုတ်ပါက အိမ်ရှင်နိုင်ငံ၏ ပြည်တွင်းရေးကိုလည်း ဝင်ရောက် စွက်ဖက်ရာ ရောက်မည် ဖြစ်ပါသည်။ မြန်မာနိုင်ငံ အခြေစိုက် သံတမန်များ အနေဖြင့်လည်း ၁၉၆၁ခုနှစ် သံတမန် ဆက်ဆံရေး ဆိုင်ရာ ဗီယင်နာ ကွန်ဗင်းရှင်း နှင့်အညီ သံတမန် ကျင့်ဝတ်များကို လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း ဖော်ပြ အပ်ပါသည်။

နိုင်ငံခြားရေး ဝန်ကြီးဌာန

နေပြည်တော်

၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်

ဒီမိုမခိုင်

အစာသွပ်မုန့် များထဲသို့ ပိုးသတ်ဆေး ထည့်သွင်းခဲ့သူ တရုတ်နိုင်ငံသား ထောင်ဒဏ် တစ်သက်


BBC
ဂျပန်နိုင်ငံသို့ တင်ပို့သည့် အစာသွပ်မုန့် များထဲသို့ ပိုးသတ်ဆေး ထည့်သွင်းခဲ့သူ တရုတ်နိုင်ငံသားအား ထောင်ဒဏ် တစ်သက် ပြစ်ဒဏ် ချမှတ်

ဂျပန်နိုင်ငံသို့ တင်ပို့ခဲ့သည့် အစာသွပ် မုန့်ခြောက်များထဲသို့ ပိုးသတ်ဆေးများ ကို ထိုးသွင်းခဲ့သည်ဟု ပြီးခဲ့သည့်နှစ် အတွင်းက ဝန်ခံခဲ့သူ ဟူဘေး အခြေစိုက် စက်ရုံလုပ်သား တစ်ဦးဖြစ်သူ Lu Yuetingကို ထောင်ဒဏ် တစ်သက်ပြစ်ဒဏ် ချမှတ်လိုက်သည်ဟု တရုတ်နှင့် ဂျပန် မီဒီယာများက ပြောသည်။

ယင်း၏ လုပ်ရပ်ကြောင့် အစာသွပ်မုန့်ကို စားမိသူ ဂျပန်နိုင်ငံသား (၁ဝ)ဦး ဖျားနာခဲ့ကြရပြီး အသက်(၅)နှစ် အရွယ် မိန်းကလေးလည်း ပါဝင်ခဲ့သည်။ အဆိုပါ ဖြစ်ရပ်ကြောင့် တရုတ်နှင့် ဂျပန်နိုင်ငံတို့ ဆက်ဆံရေး Lu Yueting သည် Tianyang အစားအစာ ကုမ္ပဏီတွင် (၁၉၉၃ မှ ၂ဝဝ၉) ခုနှစ်အထိ လုပ်ကိုင်ခဲ့သူ ဖြစ်ပြီး လုပ်ခ လစာ နည်းပါးမှု၊ လုပ်ဖော်ကိုင်ဖက်များနှင့် အဆင်မပြေမှုတို့ကြောင့် အာနိသင် ပြင်းသည့် ပိုးသတ်ဆေး များကို အစာသွပ် မုန့်ခြောက်များထဲသို့ ဆေးထိုးအပ်ဖြင့် ထိုးသွင်းခဲ့သူဟု စွပ်စွဲခံထားရ သူ ဖြစ်သည်။

Lu Yueting ကို ၂ဝ၁ဝ ခုနှစ် တွင် ဖမ်းဆီးမိခဲ့ပြီး ၂ဝ၁၃ ခုနှစ် ဇူလိုင်လတွင် ရုံးတင် စစ်ဆေးခဲ့ပြီး ထောင်ဒဏ် တစ်သက် ပြစ်ဒဏ် ချမှတ်လိုက်ခြင်းဖြစ် သည်။

ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ကျွန်းနေရာ အများစု ပါဝင်သည့် နယ်နိမိတ်ကို တရုတ်နိုင်ငံမှ လေကြောင်း ကာကွယ်ရေးဇုန် အဖြစ် သတ်မှတ်မှု၊ စစ်ရာဇ ဝတ်ကောင်များကို ထည့်သွင်း မြှုပ်နှံထားသည့် ယာဆူကူနီ ဂူဗိမာန်သို့ ဒီဇင်ဘာလ အတွင်းက ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး သွားရောက် ဂါရဝပြုမှု တို့ကြောင့် တရုတ်နှင့် ဂျပန်နိုင်ငံတို့သည် ဆက်ဆံရေး တင်းမာလျက် ရှိသည်။

ဖွတ် ဖွတ် ဖွတ်

မိုးနဲတွင် အခြေခံဥပဒေပြင်ရန် ၉ဝ ရာခိုင်နှုန်း ထောက်ခံခဲ့



နမ့်ဆမ်၊ မဇ္ဈိမ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီလ ၂၅ရက် နံနက် ၉ နာရီခွဲခန့်တွင် ရှမ်းပြည်နယ်တောင်ပိုင်း မိုးနဲမြို့ ဘောလုံးကွင်းတွင် ပြုလုပ်သည့် အခြေခံဥပဒေဆိုင်ရာ ဟောပြောပွဲကို ဒေသခံ ၃ဝဝဝခန့် တက်ရောက်ခဲ့ပြီး ၉ဝရာခိုင်နှုန်းက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် ထောက်ခံခဲ့ကြသည်။

Mizzima

NLD ပါတီဌာနချုပ်အား ဦးတေဇ၏ ထူးကုမ္ပဏီ အကူအညီဖြင့် ဆောက်လုပ်မည်ဟု News Watch ဂျာနယ်ဖော်ပြမှု NLD ငြင်းဆို


EMG

ဇန်နဝါရီ ၂၈ ရက်နေ့စွဲဖြင့် ထုတ်ဝေဖြန့်ချိသည့် News Watch ဂျာနယ်တွင် “NLD ပါတီဌာန ချုပ်ရုံးသစ်ကို ထူးကုမ္ပဏီ၏ အကူအညီနှင့် ဆောက်လုပ်မည်ဟု သတင်းများထွက်ပေါ်”ဟူသော ခေါင်း စဉ်ဖြင့် ဖော်ပြခဲ့သည့် သတင်းနှင့် ပတ်သက်၍ NLD ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ငြင်းဆိုခဲ့သည်။

အဆိုပါ သတင်းတွင် စစ်အာဏာရှင် အစိုးရလက်ထက် ၁၉၉ဝ မှ ယနေ့အထိ ရပ်တည်ဖွင့်လှစ်ခဲ့သော NLD ဌာနချုပ်ရုံးအား ဓာတ်လှေကားပါ ရှစ်ထပ်အမြင့် အဆောက်အအုံ ပြင်ဆင်ဆောက်လုပ် မည်ဖြစ်ပြီး ဆောက်လုပ်ရေး ကော်မတီတွင် ဥက္ကဋ္ဌ ဦးတင်ဦး၊ အတွင်းရေးမှူး ဦးရဲမင်းဦး (AGD Bank MD) အပါအဝင် အဖွဲ့ဝင်ကိုးဦး ပါဝင်သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ကြောင်း ရေးသားဖော်ပြထားသည်။

ထို့ပြင် အမည်ဖော်ပြမထားသည့် NLD ပါတီဝင်ဟောင်း တစ်ဦးဆိုသူ၏ ဌာနချုပ်ရုံး ဆောက်လုပ်မည့် သတင်းနှင့် ပတ်သက်သည့် ပြောကြားချက် ကိုလည်း ထည့်သွင်းထားသည်။ ယင်း NLD ပါတီ အဖွဲ့ဝင်ဟောင်း တစ်ဦး၏ ပြောကြားချက်ဟူ၍ ဖော်ပြချက်တွင် “...AGD Bank ဆိုတာ ထူးကုမ္ပဏီ လက်အောက်ခံပဲလေ။ နောက်ပြီးစစ်အစိုးရ အဆက်ဆက် အုပ်စိုးသူ ဗိုလ်ချုပ်တွေနဲ့ပေါင်းပြီး နည်းလမ်းမျိုးစုံနဲ့ စီးပွားရှာခဲ့တာ။ လူတိုင်းအသိပဲလေ။ နောက်ပြီး ပါတီကြီးတွေနဲ့ နိုင်ငံရေး သမားတွေကို ခရိုနီတွေ နည်းလမ်းမျိုးစုံနဲ့ ချဉ်းကပ်ဖို့ ကြိုးစားနေကြတာ။ အခုအချိန်မှာ ပေါ်ပေါ်တင်တင်ကို ဖြစ်လာနေတာပဲ။ အဲဒီနောက်ဆက် တွဲ ပြဿနာတွေကတော့ နိုင်ငံရေးအရ ခရိုနီတွေ ဝါးမျိုလာမယ့် အန္တရာယ် ကိုလည်း သတိရှိရှိ ကာကွယ်စေချင်ပါတယ်”ဟု ဖော်ပြထားသည်။ ထို့ပြင် NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက “အဆောက်အအုံအ သစ် ဆောက်မယ့်ကိစ္စ အခုမမေးပါနဲ့။ ကျွန်တော်လည်း မဖြေနိုင်သေးဘူး။ ကျွန်တော်တို့ တရားဝင်လည်း ပြောပါ မယ်။ နောက်တစ်ပတ်လောက်ကျရင်”ဟု News Watch ဂျာနယ်အား ပြန်လည် ဖြေကြားထားမှုကို ထည့်သွင်း ဖော်ပြထားသည်။

News Watch ဂျာနယ်၏ သတင်းဖော်ပြမှုနှင့် ပတ်သက်ပြီး NLD ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းအား The Daily Eleven က မေးမြန်းရာတွင် ဦးဥာဏ်ဝင်းက “အဲဒီသတင်းက မှားနေပါတယ်။ ဌာနချုပ်ရုံးကို အသစ်ပြန်ဆောက်မယ် ဆိုတာက မှန်တယ်။ ထူးကုမ္ပဏီရဲ့ အကူအညီနဲ့ ဆောက်မယ်ဆိုတာက ကျွန်တော်တို့နဲ့ ဘာမှမဆိုင်ပါဘူး။ လာမယ့် အပတ်ထဲမှာ လိုအပ်တဲ့ ထုတ်ပြန်ချက်တွေကို ထုတ်ပြန်ပါမယ်။ ကိုရဲမင်းဦးက သူ့ဘာသာ Personal အနေနဲ့ ပါတာပါ။ အဲဒီသတင်းကို မဟုတ်ဘူးလို့ ကျွန်တော်ပြောပါတယ်”ဟု ပြန်လည်ဖြေကြားသည်။

ဦးတေဇ၏ ထူးကုမ္ပဏီသည် NLDပညာရေးကွန်ရက်အား ၂ဝ၁၂ ဒီဇင်ဘာ အတွင်းက ငွေကျပ်သိန်း ၅ဝဝ လှူဒါန်းခဲ့ပြီး ၂ဝ၁၃ မတ်လအတွင်းက ဖြူးဘိုးဘွားရိပ်သာ ပဒေသာပင်အတွက် ထူးကုမ္ပဏီ ကိုယ်စား ဒေါ်အောင်ဆန်းစုကြည်က ကျပ်သိန်း ၅ဝဝ ပေးအပ်လှူဒါန်းခဲ့ဖူးကြောင်း သတင်းများအရ သိရသည်။

NLD ပါတီဌာနချုပ် ရုံးသစ်ဆောက်လုပ်မှုသည် ကာလတန်ကြေး ကျပ်သိန်း သောင်းဂဏန်း ကုန်ကျနိုင်ကြောင်း၊ ၂ဝ၁၅ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် NLD ပါတီအတွက် ရွေးကောက်ပွဲ အောင်နိုင်ရေး ပြင်ဆင်ရမည့် ကုန်ကျစရိတ် အခြေအနေများအရ သာမန်အဖွဲ့ဝင်များနှင့် ထောက်ခံသူများက အဆောက်အအုံ ဆောက်လုပ်မှုအတွက် အလှူငွေ ထည့်ဝင်နိုင်ရန် ခက်ခဲနိုင်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဌာနချုပ် လက်ရှိအဆောက်အအုံအား တွေ့ရစဉ်

စနိုက်ပါအဝေးကြည့်မှန်ပြောင်း၊ ချပ်ဝတ်တန်ဆာများနှင့် အကောက်အခွန်မဲ့ စည်သွတ်ဘူးများသိမ်းဆည်းရမိ




ပူးပေါင်းအဖွဲ့များသည် ယမန်နေ့ နံနက် ၁၁ နာရီခွဲခန့်တွင် မိုင်းလား မြို့မှ ကျိုင်းတုံသို့ ထွက်ခွာလာသည့် နီဆန်း ခြောက်ဘီးယာဉ်တစ်စီးကို ရှာဖွေရာ စနိုက်ပါအဝေးကြည့်မှန် ပြောင်းများ၊ ချပ်ဝတ်တန်ဆာများ၊ အကောက်ခွန်မဲ့ စည်သွတ်အသား ဘူးများကို တွေ့ရှိသိမ်းဆည်းရမိခဲ့ ကြောင်း သိရသည်။

အဆိုပါယာဉ်အတွင်းမှ အလျား ၁၁ ဒသမ ၈ လက်မ၊ ပြောင်းဝ အချင်း ၁ ဒသမ ၅ လက်မရှိ စနိုက်ပါ အဝေးကြည့်မှန်ပြောင်းအလက် ၂၅၀၊ သေနတ်နှင့် အဝေးကြည့်မှန်ပြောင်း ဆက်စပ်ရာတွင် အသုံးပြုသည့်ပစ္စည်း ဘူး ၂၅၀၊

လက်နက်ကိုင်တပ်ဖွဲ့ဝင် များအသုံးပြုသော ကျည်အိမ်နှင့် ဗုံးသီးများထည့်သည့်အိတ်များနှင့် ချပ်ဝတ်တန်ဆာအစုံ ၅၀၀၊ အကောက် ခွန်မဲ့ စည်သွတ်အသားဘူး ၁၆၅၆ ဘူးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၊

ယာဉ်ပေါ် ပါရှိသူများဖြစ်သည့် ကျိုင်းတုံမြို့နေ ယာဉ်မောင်း စိုင်းဆမ် အွန် (၃၄ နှစ်)နှင့် ယာဉ်နောက်လိုက် အေးထွန်း (၄၀ နှစ်)တို့ နှစ်ဦးကို ယာဉ်နှင့်အတူ ဖမ်းဆီးထိန်းသိမ်း ထားပြီး ဥပဒေအရ အရေးယူဆောင် ရွက်နိုင်ရေးအတွက် စီစဉ်သွားမည် ဖြစ်ကြောင်း သိရသည်။

(ကျိုင်းတုံ ပြန်/ဆက်)
The Mirror Daily

အကယ်ဒမီနှစ်ဆုရှင်ခင်ယုမေ ကွယ်လွန်


(ပေါ်ပြူလာ)
“ဒေါ်ခင်ယုမေ ကို၁၉၃၇ ခုနှစ်၊ မတ်လတွင် အဖ ဦးယုဆွမ်း၊ အမိ ဒေါ်ကြင်မြိုင်တို့က
ရန်ကုန်မြို့မှာ မွေးဖွားပါတယ်။ ၁၉၅၁ ခုနှစ်မှာ စိန့်ဖရန် ကွန်ဗင့်ကျောင်းနဲ့ ၁၉၅၅
မှာ ရန်ကုန်မြို့ နိုင်ငံတော် မိန်းကလေးများ အထက်တန်းကျောင်းတို့မှာ တက္ကသိုလ်
ဝင်တန်းအထိ ပညာ သင်ကြားခဲ့တယ်လို့ သိရတယ်။လေးစားဖွယ်စိတ်ထား
ရှိတဲ့အနုပညာသမားပါ။အသက် ၁၈၊ ၁၉ အရွယ် ၁၉၅၇-၅၈ လောက်မှာ
ဒါရိုက်တာ ဦးချင်းစိန်က ခေါ်ဆောင်မှုနဲ့ သက် လို့ အမည်ပေးထားတဲ့ ရုပ်ရှင်
ကားတစ်ကား စတင် ရိုက်ကူးခဲ့ပေမယ့် သက် က အိမ်ထောင်ရေး ဇာတ်ကား
တစ်ကားဖြစ်ပြီး တစ်ကားလုံး နီးပါး မင်းသမီး ငိုရတဲ့ ဇာတ်ဖြစ်နေ
တာကြောင့် ဆရာ ဦးချင်းစိန်က မင်းသမီးသစ် တစ်ယောက်အနေနဲ့ ပေါ့ပေါ့ပါးပါး
ဇာတ်ကား တစ်ကားနဲ့ ပွဲဦး ထွက်သင့်တယ် ဆိုပြီး ဒါရိုက်တာ ဦးလှ တင်လက်ကို
အပ်ကြောင်းသက် ဇာတ်ကား ရိုက်ကူးမှုကို ခေတ္တရပ်ဆိုင်းပြီး ဒါရိုက်တာ ဦးလှတင်
ရိုက်ကူးတဲ့ ဤဘ၀၀ယ် ဟာသကားမှာ အဲဒီခေတ် အခါတုန်းက နာမည်ကြီး ဟာသ
သရုပ်ဆောင်ဖြစ်တဲ့ ဦးဖိုးပါကြီးနဲ့ တွဲပြီး သရုပ် ဆောင်ခဲ့တာကြောင့် ဒေါ်ခင်ယုမေရဲ့
ပွဲဦးထွက် ရုပ်ရှင်ကားဟာ ဤဘ၀၀ယ် လို့ မှတ်တမ်းတင်ခဲ့ကြကြောင်း
 ဒေါ်ခင်ယုမေအကြောင်းဆရာဦးဝင်းငြိမ်းရေးတာဖတ်ရတယ်။အကယ်ဒမီ
နှစ်ဆုရှင်ခင်ယုမေ ဆိုတာကိုမသိမမီရင်လည်းစာတော့ဖတ်ပြီးသိအောင်
လုပ်သင့်ပါတယ်။ဒေါ်ခင်ယုမေဟာရုပ်ရှင်အနှုပညာရှင်တွေနဲ့ လည်းကွယ်လွန်ချိန်ထိမဝေးကွာခဲ့ပါဘူး။ဒေါ်ချိုပြုံး
 အကြံပေး တိုက်တွန်းခဲ့လို့ ရုပ်ရှင်သမားတွေရဲ့ ရိုက်ကူးမှုတွေအဆင်ပြေဖို့ ရှူတင်အိမ်အဖြစ် ဒေါ်ခင်ယုမေ
ကသူ့ တိုက်ခန်းကို ငှားရမ်းအသုံးပြုခွင့်ပေးလို့ ရုပ်ရှင်သမားတွေသူ့ အိမ်မှာ
ဇာတ်ကားတွေရိုက်ကူး နေကြဆဲမို့ သူရဲရုပ်ရှင်လောကအပေါ်ကိုသံယောဉ် ဇဉ်ထားမှုကိုသိနိုင်မှာပါ”
လို့ နာရေးကူညီမှုအသင်းဥက္ကဋ္ဌဦးကျော်သူကဆိုပါတယ်။
“ခုခေတ်မှာ ခင်ယုမေဆိုတာကိုမသိတဲ့ အနုပညာသမားများ၊မော်ဒယ်လောက
သမားများ၊လှယဉ်ကျေးမယ်များ၊ဂျာနယ်လစ်ဇင်များ၊အဆိုတော်ပေါက်စများ၊ရုပ်ရှင်
မင်းသား မင်းသမီးပေါက်စများဆိုတဲ့ ချာတိတ်တွေအနေနဲ့ ဒေါ်ခင်ယုမေရဲ့ အကြောင်းကိုသိသင့်ပါတယ်။”
လို့ လည်းဦးကျော်သူကိုယ်တိုင်ဒေါ်ခင်ယုမေရဲ့ ကြွင်းကျန်တဲ့ရုပ်ခန္ဓာကိုနာရေးကူညီမှုအသင်းနိဗ္ဗာန်ယာဉ်နဲ့ 
အမှတ် (၂၉/အေ) သီရိမင်္ဂလာ ရိပ်သာလမ်းနေအိမ်မှရေဝေးသို့ ပို့ ဆောင်ပေးရန်လာစဉ်ဖုန်းဖြင့်ဖြေကြားပေးခြင်းဖြစ်ပါတယ်။
၂၄.၁.၂၀၁၄ရက်နေ့ ည၉နာရီခန့်ကကွယ်လွန်သွားတဲ့ဖက်ရှင်လောက၊အဆိုလောက၊ရုပ်ရှင်လောက၊မော်ဒယ်လောကတို့ ရဲ့ 
အရှင်သခင်ဘုရင်မဒေါ်ခင်ယုမေအတွက်ဦး ကျော်သူကလေးစားသမှုဂါရ၀ပြုလို့ ယနေ့ ဇန်န၀ါရီ၂၅ရက်နေ့ နေ့ လည်၁၂နာရီမှာရေဝေးသို့ 
ပို့ ဆောင်မှာဖြစ်ပါတယ်။

ဓါတ်ပုံ-အောင်ဇော်မင်း(ပေါ်ပြူလာ)