Sunday, January 26, 2014

ပသီမှသည်တိုင်းရင်းသား သို့တက်လှမ်းရန်ကြိုးစားပြီ




အရင်ကကုလားလို့ခေါ်တာမကြိုက်လို့...
မြန်မာမူဆလင်ပြောင်းခေါ်ဖို့ပြောတယ်...
ဘာသာရေးနဲ့ပတ်သက်လို့ဆိုပြီးအခုပသီလို့သတ်မှတ်စေချင်တယ်။

သတ်မှတ်စေချင်တာကထားပါတော့ခေါ်စေချင်သလိုခေါ်စရာရတာပေါ့။
အပန်းမကြီးပါဖူး။ဒါပေမယ့်...

.............................................................................................

" မြန်မာနိုင်ငံမှာရှိကြတဲ့ ပသီလူမျိုးတွေကို တိုင်းရင်းသား လူမျိုးစုတစ်စုအဖြစ် သတ်မှတ်ပေးဖို့နဲ့ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရာမှာ ကုတ်နံပါတ်သတ်မှတ်ပေးဖို့ UNC အမျိုးသား ညီညွတ်ရေးကွန်ဂရက်ပါတီက တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၄ ရက်နေ့ကနေ ဒီနေ့အထိ သုံးရက်ကြာကျင်းပတဲ့ အမျိုးသားညီညွတ်ရေး ကွန်ဂရက်ပါတီ ညီလာခံကနေ ထုတ်ပြန်တဲ့ ကြေညာချက် ဖေါ်ပြထားတာပါ။ အမျိုးသားညီညွတ်ရေး ကွန်ဂရက်ပါတီက တွဲဖက်အတွင်းရေးမှူး ဦးခင်မောင်ချိုက သူတို့တောင်းဆိုချက်ကို အခုလို ပြောပါတယ်။

“ပြီးခဲ့တဲ့ ၂ ရက်မှာ ကျနော်တို့ ညီလာခံလုပ်ခဲ့ပါတယ်၊ အဲဒီညီလာခံမှာ အဆိုတွေ တင်သွင်းခဲ့ပါတယ်၊ တိုင်းရင်းသားစာရင်းမှာ ပသီလူမျိုးများကို တိုင်းရင်းသားစာရင်းမှာ ထည့်သွင်းဖော်ပြပေးဖို့ သန်းခေါင်စာရင်း ထုတ်ုယူတဲ့အခါမှာ pre code ထည့်ပေးဖို့ အဲဒီအဆိုလည်းပါခဲ့ပါတယ်၊ တခြားအဆိုတွေလည်းပါတယ်၊ "

RFA မှကောက်နတ်ချက်..


...............................................................................................

မြန်မာနိုင်ငံမှာရှိကြတဲ့ ပသီလူမျိုးတွေကို တိုင်းရင်းသား လူမျိုးစုတစ်စုအဖြစ် သတ်မှတ်ပေးဖို့ဆိုတာပါတောင်းဆိုတာကို
အစိုးရကလက္ခံမလားဆိုတာတော့စောင့်ကြည့်ရမှာပါ၊

ကြားထားတဲ့သတင်းတွေအရကတော့အန္ဒိယ၊ပါကီ၊ဘင်္ဂလားစသဖြင့်ကုဒ်နံပါတ်သတ်မှတ်မယ်လို့ဆိုပါတယ်။

ပသီလို့အခေါ်ခံရဖို့တောင်အတော်ကြိုးစားရမှာတိုင်းရင်းသားပါတွဲဖြစ်ချင်တာကတော့...........။
ရှေးဘုရင်တွေအဆက်ဆက်ကပသီလို့ခေါ်ခဲ့ရင်ပုဏ္ဍားလို့ခေါ်ရမယ့်သူတွေလဲ ရှိပါသေးတယ်။
တရုတ်တွေကဘယ်လိုခေါ်စေချင်တယ်လို့တော့မသိရသေးပါဖူး....


စစ်တွေမြို့နယ်အတွင်းတိတ်တဆိတ်ဗလီဆောက်

ဒီနေ့ကာတွန်း

ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်အစိုးရ ဖိတ်ကြားမည်



 RFA Burmese

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်အစိုးရက တရားဝင်အလည်အပတ် ဖိတ်ကြားဖို့ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ယန်ဟိုးလန် Yang Houlan က ပြောကြားတယ်လို့ ဒီကနေ့ တနင်္ဂနွေနေ့ထုတ် South China Morning Post သတင်းစာမှာ ဖေါ်ပြထားပါတယ်။ တရုပ်သံအမတ်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကို အဲဒီလိုလာရောက်ဖို့အတွက် ဘယ်တော့ ဖိတ်ကြားမယ်ဆိုတာ အတိအကျ မပြောနိုင်သေးပေမယ့် တရုတ်အစိုးရဖက်ကရော ဒေါ်အောင်ဆန်းစုကြည်ဖက်ကပါ နှစ်ဦးနှစ်ဖက် အဆင်ပြေတဲ့အချိန်မှာ ဖြစ်ပါလိမ့်မယ်လို့ ပြောပါတယ်။ ဒါ့အပြင် သံအမတ်ကြီးက ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကို ရရှိသူဖြစ်ရုံမက မြန်မာလူထုရဲ့ ချစ်ခင်မှုကိုလည်း ရရှိနေသူဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံမှာ သူတာဝန် စတင်ထမ်းဆောင်ချိန်ကစပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အကြိမ်ကြိမ်တွေ့ဆုံခဲ့ကြောင်း ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူ့ အနေနဲ့ တရုတ်နိုင်ငံကို သွားရောက်လည်ပတ်လိုကြောင်း၊ ဒါပေမယ့် တရုတ်အစိုးရအနေနဲ့ တရားဝင်ဖိတ်ကြားဖို့လိုကြောင်း RFA ကို ပြောကြားခဲ့ပြီးဖြစ်ပါတယ်။ ဒီကနေ့ထုတ်တဲ့ တရုပ်သတင်းစာမှာတော့ အစိုးရတစ်ပိုင်းအဖွဲ့တွေ အရင်က ဖိတ်ကြားခဲ့တာကို ဒေါ်အောင်ဆန်းစုကြည်က ငြင်းပယ်ခဲ့ကြောင်း ဖေါ်ပြထားပါတယ်။ ဒါ့အပြင် တရုတ်သံအမတ်ကြီး ယနဟိုးလန်က သူတို့အစိုးရအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် မြန်မာပြည်က နိုင်ငံရေးပါတီအားလုံးနဲ့ ဆက်ဆံရေးကို ဆက်လက်ထူထောင်မှာဖြစ်တယ်လို့ ပြောဆိုကြောင်းလည်း ရေးသားထားပါတယ်။

Sky Net 96 : ပြန်ကြားရေး 4



Eleven Media Group

ပြန်ကြားရေးနှင့် Sky Net တို့၏ အကျိုးအမြတ်စာချုပ် ဘာကြောင့်ပြည်သူကို အသိမပေးဝံ့ခဲ့သလဲ၊ စာချုပ်၌ နိုင်ငံတော်က အကျိုးအမြတ် လေးရာခိုင်နှုန်းသာ စတင်ရရှိပြီး Sky Net က ၉၆ ရာခိုင်နှုန်းအထိ ရရှိမည့်အပြင် အခွန်နှင့်အခအရပ်ရပ် သုံးနှစ်ကင်းလွတ်ခွင့်ပါ ရရှိ

သတင်းစာရှင်းလင်းပွဲ၌ပင် အများပြည်သူသိရှိစေရန် ချပြခြင်းမပြုဘဲ လျှို့ဝှက်ထားခဲ့သည့် ရွှေသံလွင်မီဒီယာ (Sky Net) နှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့အကြား ချုပ်ဆိုထားသည့်စာချုပ်ပါ အကျိုးအမြတ်ခွဲဝေမှုမှာ ယခုအခါထွက်ပေါ်လာခဲ့ပြီဖြစ်သည်။

စာချုပ်အရ အကျိုးအမြတ်ခွဲဝေမှုအပိုင်းတွင်လည်း ရွှေသံလွင်(Sky Net) မီဒီယာအား ၉၆ရာခိုင်နှုန်းအထိပေးထားပြီး နိုင်ငံတော်မှ လေးရာခိုင်နှုန်းသာ စတင်ရရှိမည်ဖြစ်သည်။

သုံးနှစ်ကြာလျှို့ဝှက်ထားတဲ့ ပြန်ကြားရေးနဲ့ Sky Net တို့ရဲ့ ၃၃ နှစ် သက်တမ်းစာချုပ်

ဒီမိုကရေစီအစိုးရလက်ထက်ရောက်သည့်တိုင် ပြည်သူသို့ချမပြရဲခဲ့သည့် ရွှေသံလွင်(Sky Net) မီဒီယာနှင့် ပြန်ကြားရေးဝန်ကြီးဌာတို့ ချုပ်ဆိုထားသည့် စာချုပ်သည် ၂၀၁၀ ပြည့်နှစ် ဇူလိုင် ၂၈ ရက်ကတည်းက စာချုပ်ချုပ်ဆိုခဲ့ကြခြင်းဖြစ်ပြီး ၃၃ နှစ်အထိ လုပ်ကိုင်ခွင့် ပြုလိုက်ခြင်းဖြစ်သည်။

လုပ်ငန်းစတင်စဉ်က ၀င်ငွေနည်းပါးပြီး ကုန်ကျစရိတ်ကြီးမားသည့်အတွက်ဟုဆိုကာ ၂၀၁၀ မှ ၂၀၁၃ ခုနှစ်အထိ သုံးနှစ်ကို နိုင်ငံတော်မှရရှိမည့် အကျိုးအမြတ်(အခ) နှင့် နိုင်ငံတော်သို့ပေးသွင်းရမည့် အခွန်အရပ်ရပ်တို့ကို ကင်းလွတ်ခွင့်ပေးထားခဲ့သည်။

ခြောက်ဆက်မြောက် သမ္မတသက်တမ်းရောက်မှ နိုင်ငံတော်က ၂၅ ရာခိုင်နှုန်းရမယ့် စာချုပ်

ကင်းလွတ်ခွင့်ဖြင့် သုံးနှစ်လုပ်ကိုင်ပြီးနောက်ပိုင်း အခွန်အခစတင်ပေးသွင်းရမည်ဖြစ်ပြီး အခွန်နှင့်အခစပေးရမည့် ပထမဆုံးငါးနှစ်တွင် နိုင်ငံတော်သို့ ပေးဆောင်ရမည့် အခွန်အခပေးပြီး ကျန်ရှိသည့် ငွေကြေး၏ လေးရာခိုင်နှုန်းသာ နိုင်ငံတော်ကရရှိမည်ဖြစ်ပြီး Sky Net မှ ၉၆ ရာခိုင်နှုန်းအထိ ရရှိမည်ဖြစ်သည်။

လေးရာခိုင်နှုန်းဖြင့် ငါးနှစ်ပြည့်မြောက်ပြီး နောက်ထပ် ဒုတိယငါးနှစ်တွင်လည်း နိုင်ငံတော်သို့ ရှစ်ရာခိုင်နှုန်းသာ ပေးသွင်းရမည်ဖြစ်ပြီး Sky Net က ၉၂ ရာခိုင်နှုန်း ရယူမည်ဖြစ်သည်။

နိုင်ငံတော်သို့ လေးရာခိုင်နှုန်း ငါးနှစ်နှင့် ရှစ်ရာခိုင်နှုန်းငါးနှစ် စုစုပေါင်း ၁၀ နှစ်ကျော်လွန်ပြီးနောက် တတိယငါးနှစ်၌လည်း နိုင်ငံတော်က ၁၂ ရာခိုင်နှုန်းသာရမည်ဖြစ်ပြီး Sky Net က ၈၈ ရာခိုင်နှုန်းအထိ ရရှိနေဦးမည်ဖြစ်သည်။

ယင်းနောက် စတုတ္ထငါးနှစ်တွင် နိုင်ငံတော်က ၁၆ ရာခိုင်နှုန်းသာရပြီး Sky Net မှ ၈၄ ရာခိုင်နှုန်း၊ ပဉ္စမငါးနှစ်တွင် နိုင်ငံတော်မှ ၂၀ ရာခိုင်နှုန်းနှင့် Sky Net က ၈၀ ရာခိုင်နှုန်း၊ ဆဋ္ဌမငါးနှစ်တွင် နိုင်ငံတော်မှ ၂၅ ရာခိုင်နှုန်းနှင့် Sky Net က ၇၅ ရာခိုင်နှုန်းဖြင့်သာ ပေးသွင်းရမည်ဖြစ်သည်။

အကျိုးအမြတ်အနှစ်ချုပ်လျှင် ငါးနှစ်တစ်ကြိမ် သမ္မတသက်တမ်းခြောက်ဆက်မြောက် ရောက်ရှိမှသာ နိုင်ငံတော်က ၂၅ ရာခိုင်နှုန်း ရရှိမည့်အခြေအနေလည်းဖြစ်သည်။

ဘာ့ကြောင့် ကွဲသလဲ ပြန်ကြားရေး

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပုဂ္ဂလိကဖြင့် ရုပ်သံမီဒီယာနှင့်ပတ်သက်သော စာချုပ်များကို ရွှေသံလွင်မီဒီယာ(Sky Net)တစ်ခုတည်းနှင့် စာချုပ်ဖူးခြင်းမဟုတ်ဘဲ Forever Group နှင့် ၂၀၀၆ ခုနှစ် မတ်လ ၃ ရက်နေ့ကတည်းက လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ဖူးပြီး ဖြစ်သည်။

Forever Group နှင့် ၂၀၀၆ ခုနှစ်ကတည်းက စာချုပ်စဉ်က အခွန်ကင်းလွတ်ခွင့် လုံးဝပါဝင်ခြင်းမရှိဘဲ စတင်လုပ်ကိုင်သည်နှင့် ၀င်ငွေ၏ ၂၅ ရာခိုင်နှုန်းထက်မနည်း ရာခိုင်နှုန်း ၅၀ထက် မကျော်လွန်စေရဘဲ နိုင်ငံတော်သို့ ပေးဆောင်ရမည်ဆိုသော စည်းကမ်းချက်ဖြင့် စာချုပ်ခဲ့ဖူးပြီး ဖြစ်သည်။

ထို့အတွက် ၂၀၀၅-၂၀၀၆ ဘဏ္ဍာနှစ်မှ ယခုအစိုးရသစ်လက်ထက် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်၏ သြဂုတ်လရောက်သည်အထိ Forever Group မှ နိုင်ငံတော်သို့ လစဉ်ဝင်ငွေ၏ ရာခိုင်နှုန်း ၅၀ ကို နိုင်ငံတော်သို့ ပေးသွင်းခဲ့ပြီး သြဂုတ်လအထိ ကျပ်သန်းပေါင်း ၉၈၃၀ ကျော်အား ပေးသွင်းထားပြီးဖြစ်သည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားခဲ့သည်။

ထိုသို့စာချုပ်ဖူးသည့် အတွေ့အကြုံရှိသော်လည်း ၂၀၁၀ ပြည့်နှစ် ဇူလိုင်ရောက်ရှိမှ Sky Net ဖြင့် စာချုပ်ရာတွင်မူ စတင်သည်မှ သုံးနှစ်အခွန်အခ ကင်းလွတ်ခွင့်၊ အခွန်အရပ်ရပ် စတင်ပေးရမည့်အချိန်မှ ငါးနှစ်အတွင်း နိုင်ငံတော်က လေးရာခိုင်နှုန်းသာရပြီး သမ္မတသက်တမ်း ခြောက်ဆက်မြောက်ရောက်မှ ၂၅ ရာခိုင်နှုန်း နိုင်ငံတော်ကရမည့် စည်းကမ်းချက်များဖြင့် ချုပ်ဆိုခြင်းမှာမူ မည်သည့်အတွက်ကြောင့်လဲ၊ တစ်ကျောင်းတစ်ဂါထာများလားဟုပင် မေးစရာကောင်းလှပါသည်။

တစ်မိနစ်ကြော်ငြာခ ၁၁ သိန်းနဲ့ ရုပ်သံမီဒီယာတွေရဲ့ ၀င်ငွေ

Forever၊ ရွှေသံလွင်(Sky Net) ရုပ်သံမီဒီယာများ၏၀င်ငွေကို ပြန်လည်တွက်ချက်ကြည့်လျှင် ကြော်ငြာခတစ်မျိုးတည်းမှပင် တစ်မိနစ်လျှင် အနည်းဆုံး ကျပ်ငါးသိန်းမှ အများဆုံးကျပ် ၁၁ သိန်းအထိ ရရှိနေကြသည်။

တစ်မိနစ် ကျပ် ၁၁ သိန်းဆိုသည်မှာ ၀င်ငွေနည်း ပြည်သူတစ်ဦးတစ်နှစ်မှ နှစ်နှစ်အထိ ရှာဖွေမှရရှိမည့် လုပ်ခလစာပမာဏ ဖြစ်သည်။

ကြော်ငြာခတစ်မျိုးတည်းမှ တစ်ရက်လျှင် ကျပ်သိန်း ၃၀၀ နီးပါးမှ ကျပ်သိန်း ၆၀၀ ၀န်းကျင်အထိ ရရှိနေကြသည်။

လစဉ်ကြေးဆိုလျှင်လည်း ရွှေသံလွင် (Sky Net) မီဒီယာတစ်ခုတည်းပင် တစ်နိုင်ငံလုံးတွင် အလုံးရေငါးသိန်းနှင့်အထက် (အတိအကျဖြေဆိုခြင်းမရှိ) အထိ တပ်ဆင်ထားပြီးဖြစ်ရာ တစ်နှစ်လျှင် ပျမ်းမျှအနည်းဆုံး ကျပ်သန်းပေါင်း ၇၀၀၀ ၀န်းကျင်အထိ ၀င်ငွေရရှိနိုင်သည့် လုပ်ငန်းများဖြစ်သည်။

ပြည်သူသိမှာ စိုးတာလား

Forever၊ ရွှေသံလွင် (Sky Net) ရုပ်သံမီဒီယာများ၏ အခွန်ဆောင်မှု၊ အဆိုပါရုပ်သံမီဒီယာများနှင့် ပြန်ကြားရေးဝန်ကြီးဌာန ဆက်စပ်ပတ်သက်မှုတို့နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ၂၀၁၃ ခုနှစ် အောက်တိုဘာ ၈ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ပြုလုပ်ခဲ့ရာတွင် ပြန်ကြားရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီးဦးပိုက်ထွေး ဦးဆောင်သည့်အဖွဲ့တို့ တက်ရောက်ရှင်းလင်းခဲ့ကြသည်။

ထိုသို့ ရှင်းလင်းရာတွင် မီဒီယာများမှ ရွှေသံလွင် (Sky Net) နှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ စာချုပ်ချုပ်ဆိုရာတွင် နိုင်ငံတော်မှ ရမည့်အကျိုးအမြတ်၊ Sky Net မှရမည့် အကျိုးအမြတ်ခွဲဝေမှုကို မီဒီယာများက အကြိမ်ကြိမ်မေးမြန်းသော်လည်း ပြန်ကြားရေးဝန်ကြီးဌာန တာဝန်ရှိသူများက လုံးဝပြန်လည်ဖြေကြားခြင်းမပြုဘဲ လျှို့ဝှက်ထားခဲ့ပြီး ရှင်းလင်းပွဲကိုပင် ရုပ်သိမ်းခဲ့ကြသည်။

ထို့အတွက် ပြည်သူကိုအသိမခံဝံ့၍ပင် ဖြေကြားမှုမရှိခြင်းဟု ယူဆရမည်ဖြစ်ပြီး ထို့ထက်ပို၍ဆိုရလျှင် ယခုကဲ့သို့ ပုဂ္ဂလိကသာ ကောင်းစားစေမည့် အကျိုးအမြတ်ခွဲဝေမှုကြောင့်လားဟု သုံးသပ်ရမည်ဖြစ်သည်။

Sky Net ရုပ်သံလိုင်းတည်ထောင်ထားသည့် ရွှေသံလွင်မီဒီယာမှာ ရွှေသံလွင်ကုမ္ပဏီ၏ လုပ်ငန်းခွဲတစ်ခုဖြစ်ပြီး ရွှေသံလွင်ကုမ္ပဏီသည် ကုန်သွယ်မှု၊ တည်ဆောက်မှု၊ ကုန်ထုတ်လုပ်မှု၊ ရုပ်သံစသည်ဖြင့် လုပ်ငန်းစုံလုပ်ကိုင်လျှက်ရှိသည့် ကုမ္ပဏီဖြစ်သည်။

တစ်ဖက်တွင် မီဒီယာလုပ်ငန်း လုပ်ကိုင်သကဲ့သို့ တစ်ဖက်တွင်လည်း စီးကရက်၊ ဘီယာလုပ်ငန်းများကို ရွှေသံလွင်စက်မှုဇုန်၌ လုပ်ကိုင်ခွင့်ရရှိထားပြီး ၂၀၁၂ ခုနှစ် ဇူလိုင် ၁၁ ရက်က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ တည်ထောင်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။

သင်္ကြန်ကာလအတွင်းက Sky Net မဏ္ဍပ်တွင် စီးကရက်များဝေသည်ကိုလည်း တိုက်ရိုက်ထုတ်လွှင့်ပြသခွင့် ရရှိခဲ့သည်အထိ အခွင့်အရေးရရှိခဲ့ပါသည်။

ရှမ်းပြည်နယ်တွင် တောင်သူများထံမှ လယ်ယာမြေအပါအ၀င် မြေဧရိယာ ၁၃၇၅ ဧကကို စိုက်ပျိုးရေးအတွက်ဟုဆိုကာ သိမ်းယူခဲ့ပြီး တောင်သူများအား လျော်ကြေးမပေးသည့်အတွက်လည်းကောင်း၊ မူလတောင်သူကို ပြန်လည်ပေးအပ်ခြင်းမပြုသည့် အပြင်အဆိုပါ လယ်ယာမြေများကို သီးစားခယူကာ ပြန်အငှားချခြင်း ပြုလုပ်နေသည့်အတွက် လွှတ်တော်၏ အစီရင်ခံစာတွင် ဖော်ပြခံခဲ့ရသည်။

အများပြည်သူလုပ်ကိုင်ခွင့်ရရှိရန် ခက်ခဲသည့် လုပ်ငန်းပေါင်းများစွာကို လုပ်ကိုင်ခွင့်ရရှိထားသော်လည်း နိုင်ငံအတွက်အရေးပါသည့် အခွန်ပေးဆောင်ရမည့်အပိုင်းတွင်မူ ရွှေသံလွင်ကုမ္ပဏီမှာ ထိပ်တန်းအခွန်ထမ်း ၅၀၀ ဦးစာရင်း၌ပင် ပါဝင်လာခြင်း မရှိခဲ့ပေ။

ဒီလိုစာချုပ်တွေ ဘယ်လောက်များနေပြီလဲ

နိုင်ငံတော် ၄ ရာခိုင်နှုန်း၊ ရွှေသံလွင် (Sky Net)မှ ၉၆ ရာခိုင်နှုန်းရရှိသည့် စာချုပ်၊ နော်ချမ်းခမြစ်ဝှမ်းတစ်လျှောက် စီမံကိန်းများ တည်ဆောက်မှုအတွက် နိုင်ငံတော်မှ ၁၅ ရာခိုင်နှုန်း၊ တရုတ်ကုမ္ပဏီနှင့် ပြည်တွင်းရှိ IGE ကုမ္ပဏီမှ ၈၅ ရာခိုင်နှုန်းရရှိသည့် စာချုပ်၊ မြစ်ဆုံ၊ လက်ပံတောင်းအပါအ၀င် စီမံကိန်းပေါင်းများစွာအတွက် နိုင်ငံမှရသင့်ရထိုက်သည့် အကျိုးအမြတ်မရရှိပဲ လုပ်ငန်းရှင်သာ ပိုမိုကောင်းစားစေနိုင်သည့် စာချုပ်ပေါင်း နိုင်ငံတွင် မည်မျှရှိနေသည်ကို သုံးသပ်ကာ ပြည်သူ့မျက်နှာကြည့်၍ ပြန်လည်ပြင်ဆင်သင့်ပြီ ဖြစ်သည်။

ထိုသို့မဟုတ်လျှင် နှစ်ပေါင်း ၃၀ နှင့်အထက် စာချုပ်သက်တမ်းများ မကုန်မချင်း နိုင်ငံနှင့်ပြည်သူသာဆင်းရဲပြီး လူတစ်စုသာ ကောင်းစားပြီးရင်း ကောင်းစားမည်ဖြစ်သည်။

(ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် အောက်ပုဇွန်တောင်လမ်းရှိ Sky Net ရုံးအဆောက်အအုံတစ်ခုအား တွေ့ရစဉ်)


ပြန်ပြီးသွားတာနဲ့ အမှိုက်လိုက်ကောက်သိမ်းပေးနေတဲ့ညလူငယ် MCS အဖွဲ့။



Kyaw Swar Myint
စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနဲ.ထိုက်တန်သော အနာဂတ်မျိုးဆက် လူငယ်များ
 ===============================
 လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်လည်းပြန်ပြီးသွားတာနဲ့ အမှိုက်လိုက်ကောက်သိမ်းပေးနေတဲ့ညလူငယ် MCS အဖွဲ့။
 (Kyaw Oo Win)

တပ်မတော် အရာရှိဟောင်း တဦးဖြစ်သူ က ""အလုပ်မလုပ်ပဲချမ်းသာမလားခွေးတွေရဲ့"" လို့ပြောဆို



D Myo Chit

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်တွင် ပြည်ထောင်စု လွှတ်တော်သည် နိုင်ငံ့ ဝန်ထမ်းများ၏ တာဝန်၊ ရပိုင်ခွင့်နှင့် စည်းကမ်း များကို သတ်မှတ် နိုင်ရန် နိုင်ငံ့ ဝန်ထမ်း ဥပဒေကို ၂ဝ၁၃ ခုနှစ် မတ် ၈ ရက် နေ့တွင် ၂ဝ၁၃ ခုနှစ် ပြည်ထောင်စု လွှတ်တော် ဥပဒေ အမှတ် ၅ အဖြစ် ပြဋ္ဌာန်းခဲ့ပြီး နိုင်ငံတော် သမ္မတမှ လက်မှတ်ရေးထိုး ထုတ်ပြန် ခဲ့ပါသည်။

နိုင်ငံ့ဝန်ထမ်း ဆိုင်ရာ ဥပဒေ အခန်း(၄) တာဝန်နှင့် အခွင့်အရေးများတွင် ဝန်ထမ်းတိုင်းသည် အောက်ပါ တို့ကို လိုက်နာရန် တာဝန် ရှိသည်ဟု ပြဋ္ဌာန်း ထားပေသည်။

(က) နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိ ရိုသေခြင်း၊
(ခ ) ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် တည်ဆဲ ဥပဒေ များပါ ပြဋ္ဌာန်းချက် များကို လိုက်နာခြင်း၊
(ဂ ) နိုင်ငံတော်နှင့် နိုင်ငံသား တို့၏ အကျိုး စီးပွားကို အလေးထား၍ ဆောင်ရွက်ခြင်း၊
(ဃ) နိုင်ငံတော်ပိုင် ပစ္စည်း၊ နိုင်ငံတော် ဘဏ္ဍာများ လေလွင့် ဆုံးရှုံးမှု မရှိစေရေးနှင့် အလွဲသုံးစားမှု မပြုရေး တို့အတွက် ထိန်းသိမ်း စောင့်ရှောက်ခြင်း၊
(င) မိမိအား ပေးအပ်ထားသော တာဝန်နှင့် ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ခြင်း၊
(စ) ဤဥပဒေ အရ ပြုလုပ်သော နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများ၊ အမိန့်၊ ညွှန်ကြားချက်များ၊ဝန်ထမ်း အဖွဲ့အစည်း အလိုက် သီးခြား သတ်မှတ် ထားသော လုပ်ငန်းခွင် စည်းကမ်းများ၊ အမိန့်နှင့် ညွှန်ကြားချက် များကို လိုက်နာခြင်း၊
(ဆ) ပါတီ နိုင်ငံရေး ကင်းရှင်းခြင်း၊
(ဇ) ရာထူးဝန် အဖွဲ့က သတ်မှတ်ထားသော သင်တန်းများကို တက်ရောက်ခြင်း၊
(ဈ) အကျင့်စာရိတ္တ ပျက်ပြားခြင်းနှင့် သိက္ခာမဲ့စွာ ပြုမူ နေထိုင်ခြင်း တို့မှ ရှောင်ကြဉ်ခြင်း၊
(ည) တာဝန်အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစား ပြုခြင်းမှ ရှောင်ကြဉ်ခြင်း၊
(ဋ) လာဘ်ပေး လာဘ်ယူ ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
(ဌ) ပြည်သူကို ရိုသေ လေးစားခြင်း တို့ဖြစ်သည်။

သို့ပါသော်လည်း တပ်မတော်မှ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ကြသော စစ်ဗိုဟ်များ အနေဖြင့် အဆိုပါ အချက်များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လျက်ရှိပြီး သက်ဆိုင်ရာ ဌာန အသီးသီးမှလည်း အရေးယူခြင်း မရှိပဲ မျက်နှာလွဲထားသည်ကို အံ့ဩဝမ်းနည်းဘွယ် တွေ့ရှိရပါသည်။

ဥပမာ အားဖြင့် တပ်မတော် အရာရှိဟောင်း တဦးဖြစ်သူ လက်ရှိ ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့သင်္ဘောကျင်း (ဆင်မလိုက်) တွင် အရာရှိတာဝန် ထမ်းဆောင်လျှက်ရှိသော ဦးမောင်မောင် အောင် (ခ) ရောင်နီဦးသည် Facebook လူမှုကွန်ယက်ကို အသုံးပြုလျက်

- နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိ ရိုသေခြင်း၊မရှိပဲ တပ်မတော်သားများကို တောခိုပုန်ကန်ရန် ကြံစည့်လှုံ့ဆော်စည်းရုံးခြင်း

- ကြံ့ဖွတ်ပါတီအား ပြောင်ပြောင်တင်းတင်း မဲဆွယ်နေခြင်း

- အရက်သေစာ သောက်စားပျော်ပါးရင်း သိက္ခာမဲ့စွာ ပြုမူ နေထိုင်ခြင်း

- အရက်ပုလင်းမှ စ၍ တံစိုးလက်ဆောင်များ တောင်းခံနေခြင်း

- ပြည်သူကို ရိုသေ လေးစားခြင်း အလျှင်း မရှိပဲ လူထုထောက်ခံဆောင်ရွက်နေသော ကိစ္စများကို အပုဎ်ချ ပြောဆို လှောင်ပြောင်နေခြင်း

- ပါတီကြီးတခုကို ထောက်ခံသော တောင်သူလယ်သမားများကို " ခွေး" အဖြစ် ခိုင်းနှိုင်းစော်ကားခြင်း

- နိုင်ငံတော်၏ ဦးတည်ချက်ဖြစ်သော တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ပျက်စီးစေရန် ဟဲဟိုး ရှမ်းလူမျိုးများကို "ခွေး" အဖြစ် ခိုင်းနှိုင်းရန်စောင်ခြင်း

စသော ဝန်ထမ်းတိုင်းလိုက်နာရန် ပြဋ္ဌာန်းထားသော ဥပဒေကို ချိုးဖောက်နေသော်လည်း သက်ဆိုင်ရာ မြန်မာ့သင်္ဘောကျင်းလုပ်ငန်းနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနမှ ယနေ့တိုင် အရေးယူသတိပေးတားမြစ်ခြင်း မရှိသည့်အပေါ် ပြည်သူများက မေးခွန်းထုတ်လျက်ရှိပေသည်။

တအာင်းမိဘပြည်သူအပေါင်းတို့ .... ဒုက္ခအပေါင်းကို ခါးစည်း၍ခံစားဖို့ ပြင်ကြပါစို့။


ခွန် ဒီးယမ်

၁။ ၂၀၁၄ ဇန္န၀ါရီ(၁ရ) ရက်နေ့မှာ မြန်မာ့တပ်မတော် တပ်ရင်း (၅၀၂)တပ်သည် ဟိုမိန်းရွာသို့ ရောက်လာပြီး ရွာသား ဆံင်ခံမ်၊ အောင်သိန်း၊ ဖိုးမျိုင်၊ေ ကျာ်ဝင်း(၄)ဦးတို့ကို ကြိုးဖြင့်တုတ်၍ သေနတ်ဒင်ဖြင့်ထုရိုက်၊ ပစ္စတိုသေနတ်ဖြင့်ရိုက် ဆံင်ခံမ်နှင့် အောင်သိန်းဦးခေါင်းကွဲသွားပြီး ဖိုးမျိုင်နှင့်ကျော်ဝင်း ပြင်းထန်စွာဒဏ်ရာများ ရရှိသည်။

ကိုအကျိန်းငွေ(၂၅)သိန်းကျပ်၊ ကျော်ဝင်းဖုံးဟန်ဆက်(၁)လုံးနှင့် ဆိုင်ပစ္စည်းများ၊ ဆံင်ခမ်းအိမ်တွင်စာသောက်စရာဆိုင်ပစ္စည်းများ ကာလပေါက်ဈေး (၅၀၀၀၀)ခန့် ၊ အောင်နိုင်ဆိုင်တွင်လူမရှိသဖြင့် တံခါးရိုက်ချိုး၍ ပစ္စည်းကာလတန်ဖိုး(၇၀၀၀၀)ခန့်၊ တာအထာက်အိမ်တွင် ဆန်တအိတ်နှင့်စားသောက်စရာကာလတန်ဖိုး(၅၀၀၀၀)ခန့်၊ ဆိုင်ပစ္စည်းများယူဆောင်သွားသည်။

ယာမာအထွန်းအိမ်ကိုလည်း ဝင်ရောက်မွှေနှောက်စားသောက်စရာ ယူဆောင်သေးသည်၊ ဘုန်းကြီးကျောင်းပေါ် ဘိနပ်မချွပ်ဘဲ တက် ၊ဘုန်းကြီးတွေကို သေနတ်နဲ့ချိန်စစ်ဆေးမေးမြန်၊ ဘုန်းကြီးကျောင်းကို မွှေနှောက်လှူဖွယ်ပစ္စည်းများ ယူဆောင်သွားခဲ့သည်။ ကျေးလက်ကျန်းမာရေးဌာနခွဲ ဆေးခန်းဆရာမက နီးရာအိမ်ကိုသွားအိပ်စဉ် ဆေးခန်းတံခါးရိုက်ချိုး၍ ဆေးများဖြန့်ကြဲထားခဲ့သည်၊ အ.လ.က-ပညာရေးဝန်ထမ်းများကိုလည်း အချိန်မတော်နှိုးကာ သေနတ်ဖြင့်ချိန်၍ စစ်ဆေးမေးမြန်းခဲ့ပါသည် မနက်မိုးလင်းတာနဲ့ပေါတာ(၁၀)ယောက်တောင်းပြီး၊ ရွာတွင်းသွားလာနေသောရွာသား(၈)ယောက်ကိုဖမ်းဆီး စုစုပေါင်း(၁၈)ယောက်ပစ္စည်းထမ်းခိုင်းသည်။

အရွယ်ရောက်လူငယ်တိုင်းကို T.N.L.A ဟုစွပ်စွဲ ရိုက်နှက်သည်၊ တရွာလုံးနီးပါးအရိုက်ခံကြရတယ် ဟု ရွာသားတဦးသတင်းပို့လာသည်။

၂။ မင်းတို့ T.N.L.A ရွာနားကပ်ရဲရင် ကပ်ကြည့်လိုက် သေနတ်ဖောက်ရဲရင် ဖောက်ကြည့်လိုက်၊ သေနတ်သံကြားတာနဲ့ ဟိုမိန်းတရွာလုံးမီးရှို့ပစ်မယ် ဟု တပ်တာဝန်ရှိသူကိုယ်တိုင် ခြိမ်းခြောက်ပြောဆိုသည်။

၃။ ပန်ကျရော့တွင်ဖမ်းခံရသော ပန်ဆွေရွာသားအလိန်ကို မျက်နှာများဖူးယောင်နေအောင် ရိုက်နှက်ထားကာ လက်စွပ်တဂွင်း၊ ဆိုင်ကယ်(၁)စီး၊ မှတ်ပုံတင်ပါယူဆောင်သွားကြောင်းသိရပါသည်။ မန်မိုင်မန်ကွမ်းရွာတွင် ပစ်သောလက်နက်ကြီး (၁၅)လုံးတွင် (၁)လုံးက အဆာမ်ပူအိမ်ကို တည့်တည့်ထိမှန်၍ လုံးဝပျက်စီးသွားသည်၊

၃။ လူများ ကျင်းထဲပုန်းနေသဖြင့် လွတ်မြောက်ခဲ့သည်၊ ကွာညိမ်းအိမ်နှင့် ကွာကျော်အိမ်ဘေး ကျရောက်ကာ လက်နက်ကြီးအဆံ ထိမှန်ခဲ့သည်၊ ပြန်ပစ်သည့်ရန်သူမရှိပဲ တမင်သက်သက် ပစ်သည့်လုပ်ရပ်များဖြစ်သည်။ ကျေးရွာအုပ်ချုပ်ရေးမှူးနှင် ကိုအောင်စိန်ကိုရိုက်နှက် ပစ္စည်းထမ်းရန်ဖမ်းဆီးခံရသည်။

၎။ ကားငယ်(၁၈)စီး၊ ရိက္ခာနှင့် လက်နက်ကြီးများတင်ဆောင်၍ နမ္မတူဘက်သို့ဇန္န၀ါရီ (၁၉)ရက်နေ့တွင်တက်သည်။ မန်တုံကို(၁၁)စီးဆက်တက်သွားသည်။ နမ့်ဆန်သို့(၃၀)စီး စစ်သားတင်ဆောင်သွားသည်၊ တောလမ်းတွင် ချထားခဲ့ကြောင်းသိရသည်။ ၂၁ ရက် နေ့လည်ဟိုလရွာစစ်ကြောင်းရောက်လာကြောင်းသိရရှိသည်။ (၂၇.၁.၂၀၁၄)ရက်နေ့တအာင်းဒေသ စစ်ဆင်းရေးပြုလုပ်မည်ဆိုသည့်သတင်းမှန်နေပြီးလား….

၅။ ခြိမ်းခြောက်မှုများနှင့်အတူ ယူဆောင်သွားသောငွေများ ပစ္စည်းများကို ဘယ်သူက တာဝန်ယူ၍ဖြေရှင်းပေးမလဲ ……ဆိုတာကို ကာယကံရှင်များမျှော်လင့်နေပါသည်။

ပြုပြင်ပြောင်းလဲနေသည့်မြန်မာနိုင်ငံဆိုတာ ဒါလား……။ တအာင်းမိဘပြည်သူအပေါင်းတို့ .... ဒီအတိုင်းဆိုရင် ကျန်ုပ်တို့တောင်းတနေသော ငြိမ်းချမ်းရေး-နှင့် ဝေးနေဦးမည်…ဒုက္ခအပေါင်းကို ခါးစည်း၍ခံစားဖို့ ပြင်ကြပါစို့။

___________________________________
တအောင်းမြေမှ တိုက်ရိုက်သတင်း (25-1-2014)

မိကျောင်းကန်မြေတွင် စစ်မှုထမ်းဟောင်းအိမ်ရာများ ဆောက်လုပ်မည်


ဦးအောင်လင်းသိန်းရှင်းပေးမယ်ပြောတဲ့၃လတောင်မရောက်လိုက်တော့ပါ.....

သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်မြေတွင် စစ်မှုထမ်းဟောင်းအိမ်ရာများ ဆောက်လုပ်ရန် ရှိသဖြင့် ပြန်လည်စွန့်လွှတ်ပေးရန် အစီအစဉ်မရှိကြောင်း သင်္ဃန်းကျွန်း မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန်ထံ အိတ်ပိတ်ဖြေကြားခဲ့သည်။

သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန် အပိုင်း(၁)၊ (၂)တွင် ဖြစ်ပေါ်နေသည့် မြေယာပြဿနာ များနှင့် ပတ်သက်၍ ဦးသိန်းညွန့်က သက်ဆိုင်ရာ ၀န်ကြီးဌာနသို့ လွှတ်တော်မှ တစ်ဆင့် မေးမြန်း ခဲ့ရာ သက်ဆိုင်သည့် ကာကွယ်ရေးဝန်ကြီးဌာနမှ ယခုကဲ့သို့ အိတ်ပိတ် ပြန်လည်ဖြေကြား
ခဲ့ခြင်းဖြစ်သည်။

EMG


daily eleven
ကာကွယ်ရေးဝန်ကြီးဌာနကမိကျောင်းကန်မြေကိုအဖြစ်မှန်ထုတ် ဖေါ်ဖြေရှင်းရန်မဝံ့ရဲလို့အိတ်ပိတ်ပေးစာဖြင့်လိမ်လည်လှည်ဖြား

ယနေ့ထုတ်daily eleven တွင်ကာကွယ်ရေးဝန်ကြီးဌာနမှ သင်္ဃန်းကျွန်းပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန့်၏ မိကျောင်းကန်မြေသိမ်းခဲ့မှုကိုနုတ်ဖြင့်မေးမြန်းထားသော်လည်း အိတ်ပိတ်ပေးစာဖြင့်လိမ်လည် ဖြေရှင်းခဲ့သည်၊ 1988ခုနှစ်မှ2010နှစ်ထိစစ်တပ်မှမတရားမှုများစွာကိုကျူးလွန် ခဲ့သဖြင့်မိကျောင်းကန်ပြည်သူ၏ကိုယ်စား၊သင်္ဃန်းကျွန်မြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန့်က၊ပြည်ထောင်စု လွတ်တော်တွင်မိကျောင်းကန်မြေသိမ်းယူခဲ့ခြင်းကိုနုတ်ဖြင့်မေး မြန်းခဲ့သော်လည်း၊ရင်ဆိုင်ဖြေရှင်းရန်မဝံ့ရဲ့သဖြင့်အိတ်ပိတ်စာပေး ကာအဖြစ်မှန်ကိုဖုံးကွယ်ပြီးပြန်ကြားခဲ့သည်။ ကာကွယ်ရေးဝန်ကြီးဌာနအဖြေတွင်၊ဒေါ်စိုးမိမိ(ခ)မတာမှာဗိုလ်မှုး တဦး၏ဇနီးဖြစ်ပြီးအခွင့်ထူးခံပြီးမိကျောင်းကန်ပြည်သူကိုမောင်း ထုတ်သောမြေပေါ်တွင်အခွင့်ထူခံပြီးနှစ်ပေါင်း၂၀ကျော်လုပ်ကိုင် စားသောက်ကာစစ်တပ်မှပေးသောမြေနှစ်ကွက်ကိုရယူပြီးဖြစ်ပါ တယ်၊ဒေါ်စိုးမိမိ(ခေါ်) 'မတာ'သည်ဆန္ဒပြမှုတကြိမ်တခါမှမလုပ်ခဲ့ဘဲ စစ်ဗိုလ်မှုးရဲ့ဇနီးမယားတဦးသာဖြစ်ပြီး။မြေပိုင်ရှင်မဟုတ်။ မြေပိုင်ရှင်များကသာဆန္ဒပြ။သပိတ်စခန်းဖွင့်ခြင်းပြုလုပ်ခြင်းသာဖြစ်သည် အဖြစ်မှန်ကိုထိန်ချန်ပြီး၊လူတောမတိုးရဲသောစစ်တပ်အဖြစ်ကိုရောက် မှာမိကျောင်းကန်ပြည်သူများက၊စိုးရိမ်နေကြသည်။ တပ်မတော်သိက္ခာကျလျင်၊မိကျောင်းကန်ပြည်သူပါအရှက်ရမှာ ကိုစိုးရိမ်ကြောင်းမိမိတို့တိုင်းပြည်ကစစ်တပ်သည်1988မှယနေ့ တိုင်အောင်နံမည်ပျက်နေသည်မှာတစ်ကမ္ဘာလုံးဖြစ်နေကြောင်း ဒါကြောင့်ကာကွယ်ရေးဝန်ကြီးဌာနကမြန်မာ့တပ်မတော်ကိုမြန်မာ ပြည်သူများချစ်ခင်လေးစားလောက်သော၊ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့သောတပ်မတော်ဖြစ်အောင်၊ပြည်သူကိုအနိုင်မကျင့် ဘဲ၊သိက္ခာရှိသောပြည်သူတပ်မတော်ဖြစ်အောင်စစ်ဗိုလ်ချုပ်ကြီးများ ကပြုလုပ်ရမည်ဟုမိကျောင်းကန်ပြည်သူများကယုံကြည်နေပါ ကြောင်းရေးသားတင်ပြလိုက်ရပါသည်။
ကျော်လွင်(4:00)PM

ကိုမင်းကိုနိုင် နဲ့ ကိုဂျင်မီ တို့ရဲ့ စာပေဟောပြောပွဲကို ခွင့်မပြုနိုင်ဘူးလို့ သက်ဆိုင်ရာက အကြောင်း ပြန်

ကိုဘုန်းဆွေ
သမ္မတကြီး ဦးသိန်းစိန် အုပ်ချုပ်တဲ့ နေပြည်တော်ကောင်စီ နယ်နမိတ်အတွင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နဲ့ ပွင့်လင်းအဖွဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင် နဲ့ ကိုဂျင်မီ တို့ရဲ့ စာပေဟောပြောပွဲကို ခွင့်မပြုနိုင်ဘူးလို့ သက်ဆိုင်ရာက အကြောင်း ပြန်ကြားခဲ့တဲ့အတွက် နေပြည်တော် တပ်ကုန်း မှာ ပြုလုပ်မယ့် စာပေဟောပြောပွဲအစီအစဉ်ကို ဖျက်သိမ်းလိုက်ရတယ်လို့ သိရပါတယ်။

ဟောပြောဖို့ကွင်းမ၇တော့ လမ်းပေါ်မှာဒီလိုတိုးမပေါက်


လာရောက်နားထောင်တဲ့ ပြည်သူတွေ တောင်စောင်းတွေမှာပါ တက်ရပ်ပြီး နားထောင်ခဲ့ကြတာကို ကြည့်ပြီး ...... ပိတ်ဆို့တယ် ဆိုတာတွေက မူအရ လုံးဝမကြိုက်ပါဘူး။ တစ်ဖက်က စဉ်းစားမယ်ဆိုရင် ကျွန်မ ဒေါသ မဖြစ်ပါဘူး။ ပြည်သူတွေလည်း ဒေါသမဖြစ်ပါနဲ့ ။ ခုလို ကျပ်ကျပ်တည်းတည်း ထိုင်ရတာ ပိုပြီးနွေးနွေးထွေးထွေး ရှိပါတယ်။ တောင်စောင်းမှာ ရပ်နေသူတွေဆို ပိုပြီးတော့တောင် ရူခင်းက ကောင်းပါတယ်။ ခုလို အခြေအနေမျိုး တွေကြုံရတဲ့အခါ အကောင်းဘက်က တွေးတတ်ဖို့ လိုအပ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်

Ref - Kumudra (နန်းလွင်)

ဓါတ်ပုံ - ကိုမျိုးမင်း နှင့် အခြား