Monday, January 27, 2014

ဒေါ်စု လုံခြုံရေးအရာရှိ ဦးဝင်းထိန်နဲ့ မေးမြန်းခန်း



မိုးနဲ မြို့တွင် အဖွဲ့ချုပ်ဥက္ကဌ ဟောပြော...
ဇန်န၀ါရီ ၂၅ ရက်နေ့ မနက် ၁၁ နာရီ ၄၅ မိနစ် က ရှမ်းပြည်နယ်၊ မိုးနဲမြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ မိန့်ခွန်းကို ဟောပြောခဲ့သည်။
"ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့ပတ်သတ်လို့ တစ်ချို့က ပြောကြတယ်၊ မပြင်ပေးရင် ဘယ်နဲ့ လုပ်မလဲလို့ မေးကြတယ်၊ အဲ့တော့ ကျွန်မ အမြဲံပြောတယ်၊ တကယ်တော့ ဒီ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတာဟာ စာတန်းတစ်ခုပါပဲ လူတစ်စုကပြုထားတဲ့ စာတန်းတစ်ခုပါပဲ၊
ကျွန်မတို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဟာလဲ စောစောကရှင်းပြသလိုပဲ လူတစ်စုကနေ ရေးဆွဲပြီးတော့ ပြည်သူလူထုရဲ့ တကယ့်စစ်မှန်တဲ့ ဆန္ဒမပါပဲနဲ့ အတည်ပြုခဲ့တာပဲ၊ ဒါကြောင့် ကျွန်မတို့အနေနဲ့ ဒါကို မပြောင်းနိုင်စရာအကြောင်း ဘာမှ မရှိဘူး၊
သို့သော်ငြားလဲ ကျွန်မတို့က အေးအေးချမ်းချမ်း နဲ့ ပြောင်းချင်တယ်၊ ကျွန်မတို့ အမျိုးသားရင်ကြားစေ့ရေးဆိုတဲ့ မူပေါ်မှာ အခြေခံပြီးတော့ ပြောင်းချင်တယ်၊ " ဟု ထည့်သွင်းဟောပြောခဲ့သည် ။

bbcburmese
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှမ်းပြည်နယ်ခရီးစဉ် မနေ့ကပဲ ပြီးဆုံးသွားခဲ့ပါတယ်။ ဒီခရီးစဉ်အတွင်းမှာ အဆင်မပြေမှုတချို့ ရှိခဲ့ပြီး အာဏာပိုင်တွေဘက်က ကန့်သတ်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်လည်းဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအရာရှိလည်းဖြစ်တဲ့ ဦးဝင်းထိန်ကို ဆက်သွယ်မေးမြန်းကြည့်ထားပါတယ်။

တကက အောင်ကျော်သိန်းရဲ့တစ်စ စီအစဖျောက်ထားတဲ့ ပုံတွေနဲ့ သွေးကွက်တွေ



 Western Gate Guard
ဘူးသီးတောင်မြို့ နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်ကတော့ သူ့ အမြင်ကို ဒီလိုပြောတယ် ။ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းဟာ ခလုပ်တိုက်လဲပြီး ကျန်ရစ်ခဲ့ သူပါတဲ့  ။ ပြီးတော့ ဆက်ပြောသေးတယ် ။ ဒူချရားတန်းကျေးရွာက လူတွေ မနေရဲလို့  ထွက်ပြေးနေကြရပါပြီတဲ့  ။ ပြီးတော့ သူနဲ့  အဲဒီကျေးရွာက လူတွေနဲ့  ဖုံးနဲ့  အမြဲဆက်သွယ်နေပါတယ်တဲ့  ။

ကုလားတွေကတေယ့ တကက အောင်ကျော်သိန်းဟာ ရဲမလုပ်ချင်တော့လို့ ခုကိစ္စကို အကြောင်းပြပြီး သေနပ်ကိုဖွက်၊ ထွက်ပြေးတာပါတဲ့။ သူတို့နဲ့ ဘာမှ မဆိုင်ဘူးဆိုဘဲ… ခု မှုခင်းနှင့်ပတ်သက်တဲ့ အခင်းဖြစ်ဆိုင်ရာ မှတ်တမ်းဓါတ်ပုံများအား စုစည်းတင်ပြလိုက်တယ်…. အခင်းဖြစ်မြေပုံ၊ တကက အောင်ကျော်သိန်းရဲ့ အကျီတွေ၊ ဘောင်းဘီ၊ စစ်ဖိနပ်၊ ကျည်ဘောက်တွေ တစ်စ စီအစဖျောက်ထားတဲ့ ပုံတွေနဲ့ သွေးကွက်တွေကို လက်လှမ်းမီရာ ရှာဖွေ ဖော်ပြလိုက်ပါတယ်

အကွက်မျက်ခံရတဲ့ ဦးလေးရဲ့မိသားစုဝင်တွေကို မြောက်ကိုရီးယားခေါင်းဆောင်ပစ်သတ်



အကွက်မျက်ခံရတဲ့ ဦးလေးရဲ့မိသားစုဝင်တွေ (ကလေးငယ်များအပါအ၀င်) ကိုအိမ်တွေထဲကဆွဲထုတ်ပြီးပစ်သတ်စေခဲ့တဲ့ မြောက်ကိုရီးယားခေါင်းဆောင်
MWD
Monday, January 27, 2014

- ဦးလေးဖြစ်သူဂျန်ဆောင်သက် ရဲ့သားသမီး၊ ညီအစ်ကိုတွေနဲ့ မြေးတော်စပ်သူတွေသေဆုံးခဲ့ပြီဖြစ်

- မိသားစုတစ်ခုလုံးရှင်းလင်းသုတ်သင်ခံရမှုအဖြစ် တောင်ကိုးရီးယားသတင်းဌာနကအစီရင်ခံ

ကင်ဂျုံအွန်ရဲ့ ကွက်မျက်ခံခဲ့ရတဲ့ဦးလေးရဲ့ဆွေမျိုအရင်းအချာများကို အမိန့်အရသုတ်သင်လိုက်ပြီဖြစ်ကြောင်းကြေငြာခဲ့ပါတယ်။

ဂျန်ဆောင်သက်ရဲ့သားသမီး၊ညီအစ်ကိုများနဲ့ မြေးတော်စပ်သူများကိုကွက်မျက်ဖို့အမိန့်ပေးခဲ့တာဖြစ်ကြောင်း တောင်ကိုးရီးယားနိုင်ငံက မီဒီယာတစ်ခုကအစီအရင်ခံတဲ့သတင်းတစ်ခုအရသိရပါတယ်။

အသက် ၆၇ နှစ်အရွယ် ဂျန်ကို ကွန်မြူနစ်စနစ်ပပျောက်ရေးကြံစဉ်မှုနဲ့ စွပ်စွဲပြီး ပြီးခဲ့တဲ့လက ကွက်မျက်ခဲ့တာဖြစ်ပါတယ်။

အဲဒီ့မိသားစုဝင်တွေအသက်ခံရတဲ့အချိန်ကိုတော့ ရှင်းရှင်းလင်းလင်မသိသေးပေမယ့် ဂျန်ကို ကွက်မျက်ခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့နောက်ပိုင်းမှာ သေဒဏ်ပေးခဲ့တယ်လို့ယုံကြည်ရကြောင်း အတွင်းသိတွေက Yohap သတင်ဌာနကိုပြောပါတယ်။

အဲဒီ့ဆွေမျိုးတော်စပ်သူတွေထဲကအချို့ကို သူတို့ရဲ့နေအိမ်တိုက်ခန်းထဲကဆွဲထုတ်ဖမ်းဆီးခဲ့တာဖြစ်ပြီး လိုက်ပါရန်ငြင်းဆန်တဲ့သူတွေကို ပစ္စတိုသေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ဆိုပါတယ်။

အဆိုပါသတင်းများအရ အကွက်မျက်ခံရသူတွေထဲမှာ ဂျန်နဲ့ မောင်နှမတော်စပ်သူ ဂျန်ဂျယ်ဆွန်းနဲ့ သူမရဲ့ခင်ပွန်းနဲ့ ကျူးဘားနိုင်ငံဆိုင်ရာသံအမတ်ဖြစ်သူ ဂျုံယောင်ဂျင်း၊ ဂျန်ရဲ့တူဖြစ်သူ မလေးရှားနိုင်ငံဆိုင်ရာသံအမတ် ဂျန်ယောင်ချိုး နဲ့သူ့သားနှစ်ဦးတို့ပါဝင်ပါတယ်။

ဂျန်ရဲ့သားသမီးတွေနဲ့ မြေးတော်စပ်သူတွေလဲ အသက်ခံခဲ့ရတယ်လို့ဆိုပါတယ်။

ကလေးသူငယ်တွေအပါအ၀င် ဂျန်ရဲ့ဆွေမျိုးတွေအားလုံးအသက်ခံခဲ့ရတာဖြစ်တယ်လို့ အတွင်းသိတစ်ယောက်က အဲဒီ့သတင်းဌာနကိုပြောပြပါတယ်။

ဒီကွက်မျက်ခံရမှုဟာ ဂျန်နဲ့ပါတ်သတ်သမျှ အစအနမကျန်စေဖို့ဖြစ်တယ်လို့ အခြားသတင်းအရင်းအမြစ်တစ်ခုကပြောပါတယ်။

သူတို့မိသားစုကို အသတ်မခံရမီ ဒီဇင်ဘာလမှာ ကာကွယ်ရေးဝန်ကြီးဌာနက ပြုံယမ်းနယ်ကိုခေါ်ယူခဲ့တယ်လို့ပြောပါတယ်။

မလေးရှားနိုင်ငံဆိုင်ရာ သံအမတ်ရဲ့ ဇနီးအပါအ၀င် တိုက်ရိုက်မတော်စပ်တဲ့ ဆွေမျိုးတွေကိုတော့ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး မိသားစုဝင်တွေနဲ့အတူ ရပ်ဝေးကျေးလက်ဒေသတွေကို နယ်နှင်ဒဏ်ပေးခဲ့တယ်လို့ဆိုပါတယ်။

Yohap သတင်းဌာနရဲ့ဒီအစီအရင်ခံစာကိုတော့ အတည်ပြုဖို့လိုအပ်နေသေးတာဖြစ်ပေမယ့် ဒီလိုပူးပေါင်းကြံစဉ်တဲ့ပြစ်မှုမျိုးကိုကျူးလွန်သူရဲ့ မိသားစုဝင်တွေကို သေဒဏ်ကဲ့သို့ပြင်းထန်တဲ့ ပြစ်ဒဏ်မျိုးပေးတာဟာ မြောက်ကိုရီးယားရဲ့အစဉ်အလာဖြစ်နေပါပြီ။

ကင်ဂျုံအွန်ရဲ့ အကြံပေးအရာရှိဟောင်း ဂျန်ဆောင်သက်ဟာ များစွာသော နိုင်ငံတော်အဆင့်ပြစ်မှုတွေနဲ့ စွပ်စွဲခံခဲ့ရတာဖြစ်ပါတယ်။

အဲဒီ့ပြစ်မှုတွေထဲမှာ အာဏာသိမ်းရန်ကြံစဉ်မှု၊ သယံဇာတအလွဲသုံးစားလုပ်မှု၊ မိန်းမရှုပ်ပွေမှု၊ အာဏာအလွဲသုံးစားလုပ်မှု နဲ့ အစိုးရနဲ့မတူညီတဲ့ မျှော်လင့်ချက်များထားရှိမှုတွေပါဝင်ပါတယ်။

ဒီအာဏာရှင်အစိုးရရဲ့ ကိုယ်စားအုပ်ချုပ်သူအဖြစ်တာဝန်ယူခဲ့ဖူးသူတစ်ဦးကို ကွက်မျက်လိုက်တဲ့သတင်းဟာ တစ်ကမ္ဘာလုံးကို တုန်လှုပ်စေခဲ့ပါတယ်။

ဂျန်ရဲ့သေဆုံးမှုဟာ အသက် ၃၀ အရွယ်ခေါင်းဆောင် စတင်တာဝန်ယူပြီးနောက်ပိုင်း အကြီးမားဆုံး နိုင်ငံရေးပြောင်းလဲမှုတစ်ခုဖြစ်ပါတယ်။

ကင်မိသားစုဟာ ဒီအထီးကျန်နိုင်ငံကို အုပ်စိုးလာခဲ့တာ ဆယ်စုနှစ်ပေါင်း ၆ ခုကျော်လာပါပြီ။

ဂျန်ဆောင်သက်ဟာ ကင်ဂျုံအွန်အဒေါ်ရဲ့ခင်ပွန်းဖြစ်ပြီး ကင်ဂျုံအွန်ရဲ့ဖခင်ကင်ဂျုံအီနဲ့ ယောက်ဖတော်စပ်ပါတယ်။

Ref:dailymail.co.uk


ခွန်အားတိုး နို့အရက်




Sunday, 26 January 2014 08:54
Written by  စိုပြေ (သံချောင်းပါတီ)
http://thevoicemyanmar.com/2013/index.php/component/k2/item/4233-kat.html

ဒီနေ့က ဂျာနယ်ဖတ်မိခြင်းကို စိုပြေတစ်ယောက် နောင်တရနေသည်။ အခုတော့ မတတ်နိုင်တော့။ လူကြီး မိဘစကား နားထောင်ရမည်ဟု အမေက ဆုံးမထားသည်။

စိုပြေ ဝမ်းနည်းနေသည်။ ရင်ကွဲပက်လက်ကလေး ဖြစ်နေသည်။ ငယ်ချစ်ဦးကို စွန့်လွှတ်ရတော့မည်။
စိုပြေ ငိုလေသည်။

ဒီကိစ္စက သမ္မတကြီးကြောင့် ဖြစ်သည်။
ဂျာနယ်ထဲမှာ သတင်းတွေ ပါလာသည်။ ကျေးလက်နေ ပြည်သူလူထုမှာ အရက်သောက်သုံးမှု များပြားနေသောကြောင့် အရက်အစား နွားနို့သောက်ကြ ပါရန် သမ္မတကြီးက တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။ သမ္မတကြီးကို အဖရင်းသဖွယ် ကြည်ညိုလာသည့် စိုပြေတစ်ယောက် ဒီကိစ္စကိုတော့ ကန့်ကွက်လိုသည်။ ဒါက စိုပြေ့အရေး တစ်ခုတည်းမဟုတ်။ အမျိုးသားရေး ဖြစ်သည်။

သမ္မတကြီးက နွားနို့ သောက်ခိုင်းသည်။ အရက်ကိုလည်း ဖြတ်ခိုင်းသည်။ အရက်ကြောင့် အမှုအခင်းတွေ အဖြစ်များလို့ အရက်အစား နွားနို့သောက်ကြပါဟု သမ္မတကြီးက တိုက်တွန်းလိုက်သည်။ ထိုအခါ အရက်သမားတွေ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ နွားနို့က မူးလို့လားဟု အရက်သမားတွေ စမ်းကြည့်ကြသည်။ မြန်မာပြည်ကလူ တော်တော်များများ နွားနို့ မသောက်ဖူးကြ။ အရက်ပဲ သောက်ဖူးကြသည်။ ဒါကို ဂရန်းရွိုင်ရယ်မှ တာဝန်ရှိသူများ အသိဆုံး။

အရက်သမားတွေ ပိုဆိုးလာသည်။ အချို့က နွားနို့ကို အရက်နှင့် အတူတူဟု ထင်ကြသည်။ နွားနို့သောက်လျှင်လည်း မူးမည်ဟုထင်၍ မျက်စိစုံမှိတ် စမ်းသောက် ကြည့်ကြသူများလည်း ရှိသည်။
"နွားနို့ကလည်း ရေလိုပါလား။ မူးလည်းမမူးဘူး" ဟု နွားနို့ မသောက်ဖူးသည့် အရက်သမားများက မှတ်ချက်ပြုသည်။

အရက်သမား အများစုကတော့ သမ္မတပေါ်လစီ ချိန်းသဖြင့် အရက်တွေ ဈေးတက်ကုန်တော့မှာပဲဟု တွေးကြသည်။ အရက်သမား အတွေးသည် အမြဲမှန်သည့် အတွက် မကြာခင် အရက်တွေ တကယ်ဈေး တက်ကုန်သည်။ နိုင်ဂံဂျားဖြစ်၊ ပြည်တွင်းဖြစ် အကုန်ဈေးတက်သွားသည်။ ဝမ်းနည်းပေရ တည့်တကား။

အရက်ဆိုင်ကို မေးကြည့်တော့ ဘာဖြစ် လို့ဈေးတက်မှန်း ရေရေရာရာ မသိရ။
"သမ္မတက မသောက်ခိုင်းတော့ အဖမ်းအဆီးတွေ ရှိလာနိုင်တယ်။ ဒါကြောင့် ဈေးတက်ထားရတာ။ အရက်ဆိုင်တောင် ပိတ်ရင်ပိတ်သွားနိုင်တယ်" ဟု ဘူတာရုံ အနီး ဘီအီးဆိုင်ရှိ အသက်ကိုးနှစ်အရွယ် စားပွဲထိုးက တွေးတွေးဆဆ ပြောသည်။ သူ့စကားကိုလည်း အရက်သမား အများစုက ထောက်ခံကြသည်။ ထောက်ခံ ပြီးနောက် မဖြစ်သင့်ဘူးဟု တစ်ပြိုင်နက်တည်း ပြောကြကာ အေ့ခနဲ လေချဉ်တက်ကြသည်။ ဒီကိစ္စက ရှော့ခ်ရှိသည်လေ။

"နွားနို့အရက်ဆိုပြီး ထုတ်ရင် မကောင်းဘူးလား။ လူတွေ နွားနို့သောက်ပြီးသားလည်း ဖြစ်မယ်။ အရက်လိုလည်း မူးရမယ်" ဟု ဘာညာသရကာ အရက်မျိုးစုံ ထုတ်လုပ်ရောင်းချနေသည့် အရက်ကုမ္ပဏီ ပိုင်ရှင်က စဉ်းစားသည်။ ဖြစ်နိုင်မလားဟု အရက်ချက် လုပ်သားတွေကို မေးသည်။

အဖြေက နွားနို့အရက် ဖြစ်နိုင်သည်။
မဖြစ်နိုင်စရာလည်း အကြောင်းမရှိ။ နာနတ်ဝိုင်၊ စပျစ်ဝိုင်တို့ကို ဈေးပေါပေါဖြင့် ထုတ်ရောင်းဖူးပြီ။ နွားနို့ရောတာလောက် ကလေးကတော့ အပျော့။ အေးဆေး။

ဆိုဂျူတစ်ပုလင်းကို သုံးရာဖြင့် ရောင်းနိုင်သည်။ မန်ကျည်းအရက် ကိုလည်း စည်ဖြင့်ထည့်ကာ ဘီယာလို ရောင်းခဲ့ပြီးပြီ။ အရက်သမားများ တစ်ခဲနက်အားပေး ခဲ့ကြသည်ကော။
ယခုတော့ ထိုအရက်သမားများ အားမပေးနိုင်တော့။ အကုန်ဖောရှောကာ သေကုန်ပြီဖြစ်သည်။

ဒါက မထူးဆန်း။ တစ်ဗိုလ်တက်လျှင် တစ်ဗိုလ်ဆင်းမည်။ ရဲရဲတောက် အရက်သမားများဖြစ်သည်။ ထို့ကြောင့် ဈေးကွက်သစ်ရှာရမည်။
သမ္မတကြီးက လမ်းညွှန်ချက် ချပေးခဲ့ပြီ။
အရက်အစား နွားနို့သောက်ရမည် တဲ့။ ဘယ်အရက်သမားမှ နွားနို့ပြောင်း သောက်မည်ဟုတ်။ သောက်ခြင်းသောက် နွားနို့အရက် ကိုသာ သောက်လိမ့်မည်။ ဒါဆို ဈေးကွက်အောင်ပြီ။
နွားနို့အရက် ချက်ဖို့ကလည်း ဘာမှမခက်။ ယခင် အရက်ချက်နည်း အတိုင်း ချက်ပြီး အဖြူရောင်နှင့် နို့အရသာ ထည့်လိုက်ရုံသာ ဖြစ်သည်။
(အရက်ချက်နည်း ကိုတော့ မဖော်ပြတော့ပြီ။ အရက်သမား များ အော်ဂလီဆန်မည် စိုးသောကြောင့် ဖြစ်သည်)

တိရစ္ဆာန်ချစ်သူများ အဖွဲ့ကလည်း လူတွေ နွားနို့သောက်ခြင်းကြောင့် နွားပေါက်ကလေးတွေ အတွက် နို့ဝေစု နည်းသွားမည်။ နွားနို့ဝအောင် မစို့ရလျှင် နွားကလေးတွေ ပိန်မည်။ ဒါဆို နွားအခွင့်အရေး ချိုးဖောက် ခံရခြင်း ဖြစ်သည်ဟု ဆိုသည်။ ထို့ပြင် လူများ အရက်မသောက်ဘဲ နွားနို့ကိုသာ သောက်ပါက နွားအကောင်ရေ များလာမည်။ ဒါဆို မြက်တွေ ပိုကုန်မည်။ မြက်တွေ မျိုးတုံးသွားနိုင်သည်။ ဒါဆို သဘာဝပတ်ဝန်းကျင် ကိုလည်း ထိခိုက်နိုင်သည် ဟု သဘာဝပတ်ဝန်းကျင် သမားများက တွေးကြပြန်သည်။ သူတို့က အမျိုးသား အကျိုးစီးပွား ထက် သစ်ပင်သစ်ရိပ် မရှိတော့မည်ကိုသာ ဦးစားပေး တွေးပူကြသူများ ဖြစ်သည်။

နွားနို့ရောင်းသည့်  ကုလားများတော့ တွက်ခြေကိုက်သည်။ အရင်က နို့တစ်ပုံး ကုန်အောင် မနည်းရောင်းရသော်လည်း ယခုတော့ နို့နှစ်ပုံး ကုန်သည်။ တကယ်တော့ ရေနှစ်ပုံး ကုန်သွားခြင်းသာ ဖြစ်သည်။ ကုလားတို့ ပျော်လေသည်။ ကုလားက စာဖတ်သည်။ နို့သောက်ရမည်ဟု ညွှန်ကြားကြောင်း ဖတ်လိုက်ရသည့် သမ္မတကြီးကို ကုလား ကျေးဇူးတင်သည်။ ဂျိုးဖြူရေ ကိုလည်း ကုလား ကျေးဇူးတင်သည်။
"ဟာရေး... ကုလား... အားဂျီးကျေးဂျုး တင်ဒလယ် ညော်" ဟုဆိုသည်။

ဒီမိုတွေကတော့ ထုံးစံအတိုင်း အစိုးရကို အပြစ်တင်သည်။ နွားနို့က နေရာတိုင်းတွင် မရ။ အရက်သာ လမ်းတိုင်းတွင် ရသည်။ ဒါကြောင့် အရက်သမားတွေ များတာဟု ဆိုသည်။

အရက်စက်ရုံတွေ နေရာအနှံ့ ရှိနေပြီး အရက်တွေ ဈေးပေါနေခြင်းသည် အစိုးရကြောင့် ဟု ဒီမိုတွေက ဆိုသည်။ ဒါကလည်း ရိုးနေဘီ။ ဒီမိုတွေက အစိုးရဘာလုပ်လုပ် အပြစ်တင်ဖို့တာဝန် သူတို့မှာရှိသည်ဟု ခံယူထားကြပုံ ရသည်။

အစိုးရလော်ဘီတွေ ကတော့ နွားနို့ ကောင်းကြောင်း ဝါဒဖြန့်သည်။
နွားနို့သောက်သဖြင့် သမ္မတဖြစ် သွားသော ပုံပြင်တွေကို ပြောကြသည်။ သူတို့ ကလည်း အစိုးရဘာလုပ်လုပ် ကောင်းသည်ဟု ဇွတ်ငြင်းသူများ ဖြစ်သည်။

လယ်သမားများ ကတော့ သနားစဖွယ်။ "ငါတို့မှာ နွားမှ မရှိတော့တာ ဘယ်က နွားနို့ရမလဲ" ဟု စဉ်းစားသည်။ အရင်က နွားနို့သောက်ခဲ့သည့် အချိန်များကို ပြန်တမ်းတကုန်ကြသည်။ မျက်ရည် ပေါက်ပေါက်ယိုသည်။ တစ်ဖက်နိုင်ငံတွေသို့ ရောက်ကုန်သော နွားများကို လွမ်းဆွတ်လာသည်။ ယခုတော့ နွားတွေ မရှိသဖြင့် ထွန်စက်တွေကို အားကိုးရသည်။ ထိုစက် တွေကလည်း နှစ်ပတ်လောက် လှိမ့်လိုက်လျှင် ထယ်သွားတွေ ခွေကုန်သည်။ ဒီဇယ်လည်း ကုန်သည်။ နွားနှင့်ဆို ဒီလိုမဖြစ်။ နောက်ချေးလည်း ရသည်။ နွားနို့လည်း သောက်ရသည်။

ဒီလိုနှင့် တိုင်းပြည်ထဲတွင် နွားနို့နှင့် အရက်ကိစ္စ တော်တော် ရှုပ်ထွေးသွားသည်။

အရက်သမားများ ကတော့ ဆုံးဖြတ်ချက် ခိုင်မာသည်။ နွားနို့ကို မသောက်။ အရက်သာ သောက်မည်။ ပြဿနာက အရက်မသောက် တဲ့လူတွေ ဖြစ်သည်။
အရက်မသောက်တဲ့ လူတွေက မဆီမဆိုင် ကန့်ကွက်ကြသည်။ ဝေဖန်ကြသည်။ ရှုတ်ချကြသည်။ အရက်သမားက ဘာဖြစ်၊ သမ္မတကြီးက ဘာဖြစ်၊ နွားနို့က ဘာဖြစ် စသဖြင့် လျှာအရိုးမရှိ လျှောက်ပြောကြသည်။

ဒီထဲမှာ စုန်းပြူးအရက်သမား အချို့တော့ ရှိသည်။ ဒီမို အရက်သမားက အရက်ဝိုင်းတွင် နွားနို့မကောင်းကြောင်း လျှောက်ပြောသည်။ အစိုးရကို ထောက်ခံသူ အရက်သမား ကတော့ နို့မှုန့်နှင့် အရက်ကို ရောသောက်သည်။ ပြီးလျှင် ဘယ်သူမှမမြင်အောင် ဖွက်ကြသည်။ သူ့နည်းနှင့်သူ ဟန်ကျပေစွ တကား။

သို့နှင့် ...
မကြာမီ အရက်ဆိုင်တွင် ကြော်ငြာတစ်ခု လာကပ်သွားသည်။ ထိုကြော်ငြာ ပိုစတာကို ကြည့်ရင်း အရက်သမားများ သွားရည် ပလောက်ခနဲ၊ ပလောက်ခနဲ ယိုစီးကုန်သည်။

ကြော်ငြာထဲမှာက ကုန်စည်နှင့် ကိုက်ညီအောင် အလန်းလွန်နေသော မော်ဒယ်လေး။
စာသားကတော့ “ခွန်အားတိုး နို့အရက်” ဟူ၍ဖြစ်သည်။
ဝမ်းမြောက်လွန်း သဖြင့် အရက်သမားများ လမ်းပေါ်ထွက်၍ ဘရိတ်ဒန့် ဆွဲကြလေ တော့သတည်း။

အချွန်နှင့် “မ” မည့် စိုပြေ (သံချောင်းပါတီ)

နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု (FDI) နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု



Written by  ဒေါက်တာ အောင်ကိုကို (စီးပွားရေးပညာ၊ စီးပွားရေး ပေါ်လစီ)
http://thevoicemyanmar.com/2013/index.php/perspective/item/4240-tyru.html

ယနေ့ မြန်မာနိုင်ငံ၏ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ပမာဏသည် အမေရိကန်ဒေါ်လာ ၄၄ ဘီလီယံကျော်ခန့် ရှိလာသော်လည်း မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန် အမျိုးအစားများမှာ ပြောင်းလဲမှု မရှိသေးသည်ကို တွေ့ရသလို နိုင်ငံသားများ၏ စုဆောင်းငွေထက် ယင်းနိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ပမာဏက လွန်စွာ မြင့်မားနေသည်ကို တွေ့နိုင်သည်။


ဤတွင် တရုတ်နိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လက်ခံခြင်း တစ်နည်းအားဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပေါ်လစီကို အဆင့်နှစ်ဆင့် ခွဲခြားပြီး ယင်း၏ သမိုင်းကြောင်းကို ကြည့်နိုင်ပါသည်။

တရုတ်နိုင်ငံ၏ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု၏ အစ ကနဦးကာလသည် (၁၉၇၉ မှ ၁၉၉၃ အထိ) ဖြစ်ပြီး တရုတ်နိုင်ငံသည် ၁၉၇၈  ခုနှစ်မှစ၍ ပြည်ပတံခါးဖွင့် ဝါဒသို့ ပြောင်းလဲခဲ့သည်နှင့် အတူ ၁၉၇၉ ခုနှစ်တွင် ဖက်စပ် (Joint Venture) ဥပဒေကို အတည်ပြုခဲ့ပြီး နိုင်ငံခြား တိုက်ရိုက်ရင်းနှီး မြှုပ်နှံမှု ပေါ်လစီ (Foreign Direct Investment Policy) ကို စတင်ခဲ့သည်။ ၁၉၈၀ ပြည့်နှစ်တွင် အထူးစီးပွားရေးဇုန်ကြီး (Special Economic Zones) လေးခုကို တည်ဆောက်ခဲ့ပြီး နိုင်ငံခြား အရင်းအနှီးများကို လက်ခံသော “စမ်းသပ်ဒေသများ” အဖြစ် စတင်သတ်မှတ်ခဲ့သည်။ ဤအထူး စီးပွားရေး ဇုန်များတွင် တရုတ်နိုင်ငံနှင့် နိုင်ငံခြားကုမ္ပဏီများ ပူးတွဲ ထုတ်လုပ်သော ကုမ္ပဏီများ၊ တရုတ်နိုင်ငံနှင့် နိုင်ငံခြားကုမ္ပဏီများ အရင်းအနှီး အစုစပ် ကုမ္ပဏီများ၊ နိုင်ငံခြားသားပိုင် ကုမ္ပဏီများ စသည်တို့ ပါဝင်ပြီး ကုမ္ပဏီခွန်၊ မြေအသုံးချအခွန်၊ ပြည်ဝင်ပြည်ထွက် (လူဝင်မှု ကြီးကြပ်ရေး ကိစ္စများ) နှင့် အခွန်အကောက် စသည့် ကိစ္စရပ်များအတွက် အထူးအခွင့်အရေးများကို ပေးသော်လည်း ယင်းကုမ္ပဏီများ၏ ထုတ်ကုန် အများစုကိုမူ ပြည်ပပို့ကုန် (Export) အနေဖြင့်သာ ထုတ်လုပ် ဆောင်ရွက်စေခဲ့သည်။

၁၉၈၄ ခုနှစ်တွင် အထူးစီးပွားရေးဇုန်များ (SEZs) ၏ နိုင်ငံခြား  ရင်းနှီးမြှုပ်နှံမှုမှ ရရှိသော စီးပွားရေး အကျိုးရလဒ်များကို ထင်သာ မြင်သာ သိလာသောကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု (Longterm Economy) အတွက် အခြေခံစီမံချက် (Fundamental Plan) အဖြစ်လည်း တရုတ် ခေါင်းဆောင်များက အသိအမှတ် ပြုခဲ့သည်။ ၁၉၈၄ ခုနှစ် မေလတွင် တရုတ် အစိုးရသည် ပင်လယ် ကမ်းရိုးတန်းနှင့် ဆိပ်ကမ်းမြို့များ ဖြစ်သည့် တာလျန်မြို့၊  ထန်ကျင်မြို့နှင့် ရှန်ဟိုင်းမြို့ စသည့် မြို့ကြီး ၁၄ မြို့ကို တံခါးဖွင့် ဆိပ်ကမ်း မြို့ကြီးများအဖြစ် သတ်မှတ်ခဲ့သည်။ ထို့ကြောင့် တရုတ်နိုင်ငံ၏ ကမ်းရိုးတန်း တစ်လျှောက်သည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများနှင့် ကုန်သွယ်ရေး တံခါးဖွင့် ဝါဒ (စနစ်) ၏ ဗဟိုချက်များ ဖြစ်လာခဲ့ပြီး “နိုင်ငံခြား တံခါးဖွင့်ရေး မူဝါဒ” သည် တစ်မြို့နှင့်တစ်မြို့ ဆက်စပ်သွားပြီး မျဉ်းကြောင်း တစ်ကြောင်းတည်းသဖွယ် ဖြစ်လာခဲ့သည်။

၁၉၈၆ ခုနှစ် အောက်တိုဘာလတွင် “နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အထောက်အပံ့ပြု စည်းမျဉ်း” ကို ထုတ်ခဲ့ပြီး ပို့ကုန် စက်မှုလုပ်ငန်းများ (Export Industries) နှင့် ခေတ်မီ နည်းပညာ ကုမ္ပဏီများ (Modern Technology Industries and Firms) ကို အထူးအခွင့်အလမ်းများ ပေးခြင်းကို စတင်ခဲ့သည်။ ဤစည်းမျဉ်း ဥပဒေကြောင့် အထူးစီးပွားရေးဇုန် (Special Economic Zones) နှင့် ဖွံ့ဖြိုးရေးဇုန် (Development Zones) စသည့် ကမ်းခြေ တံခါးဖွင့် ဒေသများတွင် အဓိကအားဖြင့် ပြည်ပနိုင်ငံများသို့ ဦးတည်သော စီးပွားရေး နည်းဗျူဟာ (တစ်နည်းအားဖြင့် ပြည်ပပို့ကုန် စက်မှုလုပ်ငန်း ကုမ္ပဏီများကို ဆွဲဆောင်ခြင်းနှင့် ယင်းလုပ်ငန်းများကို ဖန်တီး ပျိုးထောင်ပေးခြင်း) သည် ထိုအချိန်က တရုတ်ခေါင်းဆောင်များ၏ ရည်ရွယ်ချက် ဖြစ်ခဲ့ပါသည်။

၁၉၈၈ ခုနှစ်တွင် “ပင်လယ်ကမ်းခြေဒေသများ ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ” ကို စတင်ခဲ့ပြီး ယင်းဒေသများတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ပိုမို လျင်မြန်စေသော လမ်းစဉ်များကို ဦးတည်စေခဲ့သည်။

၁၉၉၂ ခုနှစ် အစပိုင်းမှ စတင်၍ တရုတ်ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်၏ တရုတ်ပြည်တောင်ပိုင်း ခရီးစဉ်ကို အခြေခံ၍ “ပြုပြင် ပြောင်းလဲရေးနှင့် တံခါးဖွင့် လမ်းစဉ်” ကို ပိုမို လျင်မြန်စေခဲ့ပြီး “ဘက်စုံ တံခါးဖွင့်မှု” မူဝါဒကို စတင်ခဲ့သည်။ ယေဘုယျအားဖြင့် (၁) ဝန်ဆောင်မှုကဏ္ဍ (Service Sector) ထဲသို့ နိုင်ငံခြား အရင်းအနှီး ဝင်ရောက်ခွင့် စည်းမျဉ်း ဥပဒေကို လျော့ပါးစေခြင်း၊ (၂) နိုင်ငံခြားဖက်စပ် ကုမ္ပဏီများ၏ တရုတ်ပြည်တွင်း ဈေးကွက်တွင် ရောင်းချမှု သတ်မှတ် ထားချက်များကို လျှော့ချပေးခြင်း၊ (၃) တရုတ်နိုင်ငံ  ကုန်းတွင်းပိုင်းနှင့် နယ်စပ်ဒေသများကို တံခါးဖွင့်စေခြင်း စသည့် တရုတ်နိုင်ငံ စီးပွားရေးကို ပြောင်းလဲရေး ရည်မှန်းချက်များကို ဘက်စုံထောင့်စုံမှ လေ့လာပြီး အကောင်အထည် ဖော်ရန် ပိုမိုလျင်မြန်သော ပြောင်းလဲမှုများကို ဖြစ်ပေါ်စေခဲ့သည်။ ယင်းတို့၏ အကျိုးကျေးဇူး ရလဒ်အဖြစ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အံ့မခန်း တိုးတက်ခဲ့သည်။

ဤသို့ဖြင့် တရုတ်နိုင်ငံအတွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှာ ကမ္ဘာတစ်ဝန်းလုံးမှ စိတ်ဝင်စားမှုများ ဖြစ်လာခဲ့ကာ ဤကာလသည် အရေးပါသော ကာလဖြစ်ခဲ့သည်။

FDI တိုးမြှင့်ခြင်းနှင့် ချိန်ခွင် လျှာညှိသည့် ကာလ (၁၉၉၄-၂၀၀၁) WTO (ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့) အဖွဲ့ဝင် ဖြစ်သည်အထိ ကာလတွင် ၁၉၉၄ ခုနှစ် နောက်ပိုင်း FDI ကို တိုးမြှင့်ရင်း FDI မူဝါဒများကို ပြန်လည် သုံးသပ်သော လှုပ်ရှားမှုများ ရှိခဲ့သည်။ ယင်း၏ နောက်ခံ အကြောင်းရင်းမှာ -

(က) တရုတ်နိုင်ငံ အစိုးရသည် ၁၉၉၃ ခုနှစ် နှစ်လယ်ပိုင်းမှ စတင်ခဲ့သည့် ငွေကြေးဖောင်းပွမှု (Inflation) ကို ထိန်းရန် Money Supply ကို လျှော့ချခဲ့သည်။ ထို့အပြင် ဈေးကွက် စီးပွားရေးစနစ်သို့ ညင်ညင်သာသာ တည်တည်ငြိမ်ငြိမ် ပြောင်းလဲရေး၊ ဒေသတစ်ခုနှင့် တစ်ခုအကြား ဖွံ့ဖြိုး တိုးတက်မှု (ဝင်ငွေ ကွာဟမှု ပမာဏ) ကို ပြင်ဆင်ရေး၊ စက်မှုကဏ္ဍ ဖွဲ့စည်းပုံ (Industrial Structure) နှင့် နည်းပညာ မြင့်မားရေး စသည်တို့ကို ရည်ရွယ်ပြီး ငွေကြေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု (Monetary Reform) ၊ ဘတ်ဂျက်စနစ် ပြုပြင် ပြောင်းလဲမှု (Fiscal Reform) ၊ အခွန်စနစ် ပြုပြင် ပြောင်းလဲမှု (Tax Reform) ၊ ပြည်ပကုန်သွယ်ရေး ပြုပြင် ပြောင်းလဲမှု (External Trade Reform) နှင့် နိုင်ငံပိုင် စက်ရုံ အလုပ်ရုံများ ပြုပြင် ပြောင်းလဲမှု (State Owned Enterprise Reform) စသည့် ပြုပြင် ပြောင်းလဲမှုများကို လုပ်ဆောင်ခဲ့သည်။

(ခ) ဆောက်လုပ်ရေး လုပ်ငန်းများ (Real Estate) တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းဖြင့် ဝင်ရောက် ရင်းနှီး မြှုပ်နှံလာမှုသည် ၁၉၉၃ ခုနှစ်တွင် စတင်ခဲ့သော ပြည်တွင်းကုန်ဈေးနှုန်း တက်ခြင်းကို ဖြစ်စေခြင်းဟု သုံးသပ်ခဲ့သည်။ ထို့အပြင် နိုင်ငံခြားဖက်စပ် လုပ်ငန်းများ၏ လက်ရှိ အခြေအနေပေါ်တွင် သဘောမကျမှုများ (အသေးစား ကုမ္ပဏီများ၏ ဆန့်ကျင်ဆန္ဒပြမှုများ၊ အရည်အသွေး မမီသော နည်းပညာ အဆင့်အတန်းနှင့် အဆောက်အအုံများဖြင့် တည်ထောင်ထားသော လုပ်ငန်း၊ ကုမ္ပဏီများ များပြားလာခြင်းနှင့် အရှုံးပေါ်သော ကုမ္ပဏီများ များပြားလာခြင်း စသည်) နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ တိုးတက် များပြားလာခြင်းနှင့်အတူ အထူး ဖွံ့ဖြိုးရေး ဒေသများ၏ ပြဿနာများ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများနှင့် ဆက်စပ်သော အစိုးရ ဗျူရိုကရက် ဝန်ထမ်းများ၏ လာဘ်စားမှုများ၊ ခြစားမှုများ များပြားလာခြင်း စသည့် ပြဿနာများလည်း မြင်တွေ့လာရသောကြောင့်  နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အပေါ်တွင် ပြန်လည် သုံးသပ်ရန် တောင်းဆိုခြင်းများလည်း ရှိခဲ့သည်။

(ဂ) တရုတ်နိုင်ငံ၏ GATT/WTO (ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့) ၏ အဖွဲ့ဝင်ဖြစ်ခြင်း မဖြစ်ခြင်း ပြဿနာမှာ နိုင်ငံခြား တိုင်းပြည်များ၏ တောင်းဆိုမှုများနှင့် ပြည်တွင်းကုမ္ပဏီ၊ ပြည်ပ ကုမ္ပဏီဟူ၍ မခွဲခြားသော အခြေခံ အချက်များပေါ်တွင် မူတည်ကာ ဈေးကွက်ကို ပိုမို ဖွင့်လှစ်စေခဲ့သည်။

ဤကဲ့သို့ နောက်ခံ အကြောင်းရင်းများ၏ နောက်တွင် တရုတ်နိုင်ငံ၏ စက်မှုဖွံ့ဖြိုးမှု မူဝါဒနှင့် ကျယ်ပြန့်သော စီးပွားရေး မူဝါဒ၏ အစိတ်အပိုင်း တစ်ခုအဖြစ် “စက်မှုလုပ်ငန်းများ ရွေးချယ်မှု” ကိုလည်း စတင်ခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော “၁၉၉၀ ပြည့်နှစ်များ နိုင်ငံ၏ စက်မှု မူဝါဒ လိုအပ်ချက်များ” တွင် “လယ်ယာ ကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ သယ်ယူပို့ဆောင်ရေး ကဏ္ဍ၊ လျှပ်စစ်နှင့် ဆက်သွယ်ရေး ကဏ္ဍများ၊ အခြေခံ ကုန်ကြမ်းပစ္စည်းများ ကဏ္ဍ၊ အဆင့်မြင့် နည်းပညာ စက်မှုလုပ်ငန်း” စသည်တို့ကို ဦးစားပေး ကဏ္ဍများအဖြစ် သတ်မှတ်ခဲ့သည်။ ထိုဦးစားပေး ကဏ္ဍများတွင် အထူးဦးတည်ချက်များကိုပါ သတ်မှတ်ပေးခဲ့သည်။ ထို့အပြင် ၁၉၉၅ ခုနှစ်တွင် “နိုင်ငံခြား ရင်းနှီ မြှုပ်နှံမှုနှင့် နိုင်ငံခြား ကုမ္ပဏီများအတွက် လမ်းညွှန်ချက်များ” ကို ချမှတ်ပေးခဲ့ပြီး ပြည်ပတွင် သွားရောက် ရင်းနှီးမြှုပ်နှံ၍ အလုပ်လုပ်မည့် ကုမ္ပဏီများကို အထောက်အပံ့ ပေးခြင်း၊ နည်းစနစ်များကို သတ်မှတ်ပေးခြင်း၊ လုပ်ပိုင်ခွင့်များကို ခွင့်ပြုခြင်းနှင့် ပိတ်ပင်ခြင်း စသည့် အမျိုးအစား လေးမျိုးကို ခွဲခြား သတ်မှတ်ပေးခဲ့သည်။ တစ်ပြိုင်တည်းတွင် ပြည်ပနိုင်ငံ ကုမ္ပဏီများနှင့် ပြည်တွင်း ကုမ္ပဏီများ၏ ယှဉ်ပြိုင်မှုနှင့်အညီ ညှိယူနိုင်ရန် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအပေါ် အခွင့်အရေးပေးသော အချို့အစိတ်အပိုင်းကို ဖျက်သိမ်းစေခြင်းကိုလည်း ဆောင်ရွက်ခဲ့သည်။

အခြားတစ်ဖက်တွင်လည်း တရုတ်အစိုးရသည် WTO အဖွဲ့ဝင် ဖြစ်ရေးအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပိုမို ကောင်းမွန်အောင် ဆောင်ရွက်စေခဲ့သည်။ မူရင်း ကုန်ပစ္စည်းများ၏ မှတ်ပုံတင်ခြင်း (Copyright Registration) တို့နှင့် ပတ်သက်သော ဥပဒေများကိုလည်း ပြင်ဆင်ခဲ့သည်။
တရုတ်နိုင်ငံ၏ တံခါးဖွင့် ဝါဒနှင့်အတူ ပြောင်းလဲလာသော တရုတ်နိုင်ငံ၏ ဈေးကွက် စီးပွားရေးတွင် တရုတ်နိုင်ငံ၌ လာရောက် ဖွင့်လှစ်သော နိုင်ငံခြားဘဏ်ခွဲများသည် ၁၉၉၉ ခုနှစ်တွင် ၁၆၉ ခုအထိ ရှိလာခဲ့သည်။

ယင်းသို့ဖြင့် တရုတ်နိုင်ငံ စီးပွားရေးသည် FDI မူဝါဒမှ (က) ဒေသအလိုက် စီးပွားရေး ဖွံ့ဖြိုးမှု မူဝါဒမှသည် စက်မှု မူဝါဒ (Industrial Policy) ကို အလေးထားလျက် ရင်းနှီးမြှုပ်နှံမှု ပုံသဏ္ဌာန်၊ လုပ်ငန်း ပုံသဏ္ဌာန်ကို ခွဲခြားသော အဆင့်သို့ ကူးပြောင်းခြင်း၊ (ခ) ကုန်းတွင်းပိုင်းနေ ပြည်သူများ၏ တိုးတက်မှုသို့ ကူးပြောင်းခြင်း၊ (ဂ) စီးပွားရေးအခြေခံ အဆောက်အဦနှင့် ကုန်းတွင်းပိုင်း ဒေသများတွင် ရင်းနှီးမြှုပ်နှံမှုများအား အားပေး အားမြှောက် ပြုခြင်းတို့ကို ဖြစ်ပေါ်စေခဲ့သည်။

၂၀၀၁ ခုနှစ်တွင် WTO အဖွဲ့ဝင် ဖြစ်လာခြင်းသည် တရုတ်နိုင်ငံအနေဖြင့် မိမိနိုင်ငံ၏ စီးပွားရေးကို ကမ္ဘာ့ကုန်သွယ်ရေး စီးကြောင်းထဲသို့ နက်နက်နဲနဲ ကျယ်ကျယ်ပြန့်ပြန့် ဝင်ရောက် သွားခြင်းဟုလည်း အဓိပ္ပာယ် ဖော်နိုင်သည်။ FDI သည် တရုတ်နိုင်ငံ စီးပွားရေးတွင် အရေးပါသော အစိတ်အပိုင်း တစ်ခု ဖြစ်ခဲ့သော်လည်း ယင်းအပေါ်တွင် လွန်မင်းစွာ မှီခိုမှု (Overly Dependent) မရှိခဲ့သည် ဆိုသည်ကို ၂၀၀၁ ခုနှစ်တွင် FDI ပမာဏသည် တရုတ်နိုင်ငံ၏ Gross Capital Formation ၏ ၁၀ ရာခိုင်နှုန်းခန့်သာ ရှိခဲ့ခြင်း၊ တရုတ်နိုင်ငံ၏ ပြည်တွင်း Gross Domestic Captial Formation သည်  GDP ၏ ၃၈ ရာခိုင်နှုန်းအထိ ရှိအောင် ဆောင်ရွက်နိုင်ခဲ့ခြင်းများမှ သိရှိနိုင်သလို တစ်ချိန်တည်းတွင် ၂၀၀၁ ခုနှစ် တရုတ်နိုင်ငံ၏ ပြည်ပ ပို့ကုန်များ၏ ထက်ဝက်ကျော်ခန့်မှာလည်း  FDI များမှ ထုတ်လုပ်သော ထုတ်ကုန်များ ဖြစ်ခဲ့ခြင်းကလည်း တရုတ်နိုင်ငံ၏ စီးပွားရေး စီမံခန့်ခွဲမှု အရည်အချင်းကို ပြသခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံသည် FDI များကို ကျွမ်းကျင်စွာ စီမံခန့်ခွဲခြင်းနှင့်အတူ ပြည်တွင်းစုဆောင်းမှုနှုန်း၊ ပြည်တွင်း နိုင်ငံသားများ၏ ရင်းနှီးမြှုပ်နှံမှုနှုန်း မြင့်မားစေရန် အဓိကကျသော မဟာဗျူဟာကို ကောင်းမွန်စွာ အသုံးချခဲ့ခြင်း ဖြစ်သကဲ့သို့ ပြည်ပနိုင်ငံများ၏ အရင်းအနှီးများနှင့် ပြည်ပနိုင်ငံများအပေါ်တွင် အလွန်အမင်း မျှော်လင့်တောင့်တရုံ သက်သက်ဖြင့် မိမိနိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို တည်ဆောက်ခဲ့ခြင်း မဟုတ်ခဲ့သည်ကို အတုယူဖွယ် တွေ့ရသည်။

တော်လှန်ရေးဆိုသည့် အသုံးအနှုန်းကို မလိုအပ်ဘဲမသုံးရန် KNU ဥက္ကဋ္ဌ တိုက်တွန်း



The Voice Weekly

ရန်ကုန်၊ ဇန်နဝါရီ ၂၆

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုးရတို့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွင် အငြင်းပွားဖွယ် ဖြစ်နေသည့် တော်လှန်ရေး ဟူသော ဝေါဟာရ အသုံးအနှုန်းကို နေရာဒေသ ရွေးပြီးမှသာ အသုံးပြုသင့်ပြီး မလိုအပ်ဘဲ မသုံးနှုန်းကြရန် ကရင်အမျိုးသား အစည်းအရုံး KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုးက တိုက်တွန်းလိုက်သည်။
“တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အားလုံးက လက်နက်ကိုင် တော်လှန်ရေးဆိုတဲ့ ဝေါဟာရ အသုံးအနှုန်းကို မလိုအပ်တဲ့ နေရာမှာ မသုံးမိဖို့ ကျွန်တော် ပြောလိုပါတယ်” ဟု KNU ဥက္ကဋ္ဌက ဆိုသည်။

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ရှိ KNU ထိန်းချုပ်နယ်မြေ လေးဝါးစခန်းတွင် ဇန်နဝါရီလ ၂၀ ရက်နေ့မှ စတင်ကျင်းပသည့် ခြောက်ရက်ကြာ တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးညီလာခံ နောက်ဆုံးရက် မိန့်ခွန်း ပြောကြားရာတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

တော်လှန်ရေး ဝေါဟာရမှာ လူပုဂ္ဂိုလ် အဖွဲ့အစည်း တချို့အတွက် ခွန်အားနှင့် ယုံကြည်ချက် ဖြစ်စေသော်လည်း အခြားတစ်ဖက်တွင် အဆိုပါ ဝေါဟာရကြောင့် နိုင်ငံရေးအရ ရှေ့ဆက်ရာ၌ စိတ်အနှောင့်အယှက်များ ဖြစ်ရကြောင်း ၎င်းကရှင်းပြသည်။

လက်နက်ကိုင် တော်လှန်ရေး ဝေါဟာရကို နေရာဒေသ ရွေးချယ် အသုံးပြုရန် KNU ဥက္ကဋ္ဌ တိုက်တွန်းချက်မှာ အသက်အရွယ်နှင့် အတွေ့အကြုံအရ ပညာရှိစကားဟု ယူဆကြောင်း၊ ယင်းဝေါဟာရကို ဆက်လက် သုံးနှုန်းရေးကို အများသဘောဆန္ဒ အရသာ သုံးနှုန်းသွားမည် ဖြစ်ကြောင်း ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် ဗိုလ်မှူးကြီး စောဆန်းအောင်က ဆိုသည်။

အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ လော်ခီးလာ ညီလာခံ မတိုင်မီ တွေ့ဆုံရာတွင် တော်လှန်ရေး ဟူသော ဝေါဟာရကို ဖြုတ်ပယ်ရန် အစိုးရက တောင်းဆိုသော်လည်း DKBA အပါအဝင် ညီလာခံ ကိုယ်စားလှယ် အချို့က ယင်းဝေါဟာရကို ထည့်သွင်းရန် တိုက်တွန်းကြောင်း ညီလာခံ တက်ရောက်လာ သူများထံမှ သိရသည်။

KNU ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌအနေနှင့် လက်နက်ကိုင် တိုက်ပွဲများမှသည် နိုင်ငံရေး တိုက်ပွဲများဆီသို့ ဆက်လက် ချီတက်ရာတွင် အပြန်အလှန် ဆွေးနွေးပြောဆို ငြင်းခုံမှုများ၌ တော်လှန်ရေး ဝေါဟာရ အသုံးအနှုန်းကို သတိထားရန် လိုအပ်ကြောင်း ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက ထပ်လောင်း ပြောဆိုသည်။

အဓိက ပြဿနာက ရိုးသားမှုမရှိသေးတာနဲ့ လောဘဇော မသတ်နိုင်သေးတာ



Ba Nyar

အတိုက်အခံဘက်မှာရော တိုင်းရင်းသားတွေဘက်မှာပါ အစိုးရက လုံးဝရိုးသားမှု မရှိဘူး ဆိုတာ မြင်နေရပြီ။ ရိုးသားမှုရှိတယ် တကယ်ပဲ ဆန္ဒရှိတယ်ဆိုရင်
 ငြိမ်းချမ်းရေးကိစ္စ က ၂၀၁၃ နှစ်လယ်လောက်မှာတင် အဆုံးသတ်နေလောက်ပြီ။
The Voice မှာပါသည့် FDI တွေမလာသည့် အကြောင်းက ဒေါ်အောင်ဆန်းစုကြည်က တားထားလို့ပင် မလာရသလိုလို ရေးထားသည့်ဆောင်းပါးကို
ဖတ်မိပြီး အမလေး တမိသည်။ ကျလည်းကျသည့် ဆောင်းပါး..။

တကယ်ဆို နိုင်ငံရေးအရ လက်ရှိအခြေအနေကိုပြောရအောင်လည်း အတိုက်အခံဘက်မှာရော တိုင်းရင်းသားတွေဘက်မှာပါ အစိုးရက လုံးဝရိုးသားမှုမရှိဘူး
ဆိုတာ မြင်နေရပြီ။ ရိုးသားမှုရှိတယ် တကယ်ပဲ ဆန္ဒရှိတယ်ဆိုရင် ငြိမ်းချမ်းရေးကိစ္စက ၂၀၁၃ နှစ်လယ်လောက်မှာတင် အဆုံးသတ်နေလောက်ပြီ။

တစ်ဘက်ကအတိုက်အခံတွေနဲ့လည်း ဆွေးနွေးတန်သလောက်ဆွေးနွေးပြီး လာမဲ့ရွေးကောက်ပွဲဟာ fair play ဖြစ်တဲ့ လူရိုသေရှင်ရိုသေ ရွေးကောက်ပွဲဖြစ်ဖို့ အဆင်သင့်ဖြစ်နေသင့်ပြီ။

စီးပွားရေးအရ ဆိုရအောင်လည်း FDI လာဖို့အတွက် အဆင်သင့်မဖြစ်သေးတာတွေကို လုပ်ဖို့ ဘာ plan မှကောင်းကောင်းမမြင်ရသေး။
IT, Banking, Electricity, Transportation စတဲ့ အရာတွေက ညံ့ဖျင်းလွန်းပြီး အဆင့်သင့်မဖြစ်သေး။ ဒီကြားထဲ ဘာမှန်းမသိတဲ့ တကယ့် funny ညွှန်ကြားချက်တွေနဲ့
အလုပ်လုပ်နေတဲ့ အစိုးရရုံးက service တွေကလည်း လက်ဖျားခါရအောင် ကြာပြီးစိတ်ညစ်စရာ တစ်ပုံတစ်ပင်အတွက် ကုစားဖို့တောင် စိတ်ကူးက မရှိ။

နိုင်ငံရေးအတွက် Fair Play မဖြစ်တာတင်မက စီးပွားရေးအတွက်လည်း ထိုနည်းနှင်နှင် ဖြစ်မည့်ပုံပေါ်သည်။
ဥပမာ Mobile operator ကိစ္စဆို ခုချိန်ထိ လိုင်စင်ချမပေးသေး..။ တယ်လီနော်နှင့် အော်ရဒူး ခင်မျာ ၀န်ထမ်းပဲ စခေါ်ရတော့မလိုလို ဘာလိုလို.။

အဆိုးဆုံး မြေယာ utlizing ကိစ္စတွေမှာ အစိုးရအနေနဲ့ ဖြေရှင်းသင့်နေပြီဖြစ်ပေမဲ့ သူတို့ ခရိုနီပျားအုံကို အစိုးရက တုတ်နဲ့သွားမထိုးရဲလောက်အောင်ဖြစ်နေတာ။
တကယ်ပြောရရင် ကိုယ်လို ပိစိကွေးလေးတွေတောင် ဒီလောက်သိနေရင် ကမ္ဘာပါတ်ပြီး လုပ်စားနေတဲ့ ဂျင်ဂျင်လည်စီးပွားရေးသမားတွေက ကိုယ်တွေထက်
 အဆတစ်ရာလောက်ပိုသိနေပြီ ဆိုတော့ ဒီအတိုင်းက ဘယ်သူမှလာလိမ့်မည်မဟုတ်။

အဓိက ပြဿနာက အတိုက်အခံလဲမဟုတ်၊ တိုင်းရင်းသားလည်းမဟုတ်၊ လူကြီးမင်းများ ရိုးသားမှုမရှိသေးတာနဲ့ လောဘဇော မသတ်နိုင်သေးတာသာ ဖြစ်မည်ထင်သည်။

အပါတ်စဉ်ဂွင်



 JL Tkg

ဂွင် = သမ္မာအာဇီဝဖြင့် မဟုတ်ပဲ မရသင့်မရထိုက်သော အခွင့်အရေးကို မတရားရယူခြင်း

၁၅၀၀တန် တန်ဖိုးနည်းဖုန်းတွေ ချပေးမယ်ဆိုပြီး မိန့်ခွန်းထဲထည့်ပြောတုန်းက ဒီသမ္မတ ဒါလေးတော့ အသုံးကျသားပဲဟဆိုပြီး ချူးကျူးမိခဲ့ဖူးပါတယ်။ ဆရာအော်ပီကျယ်ရဲ့ သေတ္တာအလေးကြီးထမ်းတဲ့ လူတစ်ယောက်ကာတွန်းလိုမှန်း သိသိကြီးနဲ့ ပြောင်းလဲပဟဲ့ဆိုပြီး လက်ခုပ်တီးခဲ့မိဘူးကြောင်း ဝန်ခံပါတယ်။ အဲသည်တုန်းက ကိုယ်တွေမှာ အလုပ်ကပေးထားတဲ့ ဖုန်းကလေးရှိနေတော့ မရသေးတဲ့သူတွေ ရကြပါစေ ဆိုပြီး ရှိပြီးသားလူတွေ မလျောက်ပဲနေကြဖို့တောင် ဆော်အောမိသေးတယ်။ တကယ်လဲထွက်လာရော တခြားနိုင်ငံမှာ ပီကေဝယ်သလို လွယ်တဲ့ ဆင်းကဒ်ကို ဒီကလူတွေမှာ လူ့အောက်ကျစွာ လူ့သိက္ခာမဲ့စွာ တိုးဝှေ့တန်းစီပြီး လျောက်ကြရတယ်။ ဒါပေမယ့် သူတို့ပေးချင်သလိုပေးတယ်။ လိုင်းကိုတော့ ကောင်းအောင်လုပ်မပေးပဲ ဖြစ်သလိုဆားဗစ်နဲ့ ငါပေးမှ မင်းတို့ရတာပါကွာဆိုတဲ့အပေါက်မျိုး အထာကိုင်တယ်။ ကိုယ်လဲ အမြတ်ကြီးစားရောင်းစားတာတွေကြောင့် အလကားနေရင်း သိတတ်ပေးနေရတာ မထူးပါဘူးကွာဆိုပြီး ကိုယ်ပိုင်ဖုန်းကလေးတစ်လုံးလောက်ရှိချင်လို့ လျောက်မိပါတယ်။ ခြောက်လလောက်သာ ကြာသွားတယ် ကိုယ့်အလှည့်ရောက်မလာနိုင်သေး။ မပေးလဲနေကွာ တယ်လီနောတို့ အူရီဒူးတို့ဝင်လာရင် ဘယ်ညာချိတ်ကိုင်ပစ်လိုက်မယ် စိတ်ကူးကာမှ ဒင်းတို့က သူတို့လူလည်ကျ ခေါင်းပုံဖြတ်ရတာကို မဝကြသေးတော့ ကုမ္မဏီတွေကိုလိုင်စင်ချက်ချင်းချမပေးသေးပဲ ညစ်ပြီး အချိန်ဆွဲဆန့်ထားကြတယ်။ နေပြည်တော်လို နေရာမျိုးတောင် စစ်သားလူထွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဆိုသူတွေက သူ့ဆွေမျိုးတွေဆို အိမ်မှာရှိတဲ့လူစုံတက်စုံရတယ်။ သူနဲ့ပါတ်သက်တဲ့ အသိုင်းအဝိုင်းတွေကို ဆင်းကဒ်ပေါင်းများစွာ ချပေးတယ်။ ပြီးတော့ တန်ဖိုးအဆတစ်ရာလောက်တင်ပြီး ပြန်ရောင်းစားကြတယ်။ အမြတ်ငွေတွေနဲ့ လူလုံးလှကြတယ်။ ဒါဟာ ဥပမာလေးတစ်ခုပါ။ ပြောချင်တာက ဘာအဆင့်မှမဟုတ်တဲ့ ရပ်ကွက်လူကြီးလို အုပ်ချုပ်ရေးယန္တယားမှာပါတဲ့ အောင်ခြေအဆင့်အစိုးရအဖွဲ့ဝင်တွေကနေ ဝန်ကြီးလောက် အဆင့်ထိ တကယ်တမ်း မရသင့်မရထိုက်တဲ့အခွင့်အရေးတွေကို သူဆို့ကို တရားဝင်ပဲပေးအပ်ခံရသလို လက်ကုန်နှိုက်ယူချင်တဲ့ အကျင့်ဆိုးတွေ မဖျောက်တဲ့အပြင် ငါမှန်တယ် တရားတယ်လို့တောင်မြင်နေမှတော့ ဒီလိုလူတွေကို ခန့်ထားတဲ့ အစိုးရကိုယ်တိုင်ကကော ကလင်းပါ့ဦးမလား။ ဂရင်းပါ့ဦးမလား။ စနစ်ကိုက လက်သင့်ရာ စားတော်ခေါ်ယုံတင်မကပဲ အခွင့်အရေးရရင် ဂွင်တွေ့ရင် တစ်ဆုံးယူချင်ကြတယ်။ ဒီအစိုးရတက်လာစတော့ ပြောင်းပြီထင်ပါရဲ့လေဆိုပြီး ပေါ်လီယာနာထုံးနှလုံးမူပြီး အကောင်းမြင်ခဲ့မိတဲ့ ကိုယ့်ကိုကိုယ်လဲ ရှက်မိပါတယ်။ တကယ်တမ်းက လွှတ်တော်ထဲ ချိတ်ထမိန်ဝတ်ပြီး အရေမရ အဖတ်မရတွေပြောရင်း အိပ်ငိုက်နေကြတာကလွဲရင်း အားလုံး ဒုံရင်း ဒုံရင်း။ သူတို့ပေးတဲ့ လွတ်လပ်ခွင့်ဆိုတာမျိုးကလဲ သူတို့ကြည်ဖြူမှ ဆန္ဒပြခွင့်ရတာရယ် မိန်းမတွေ မီဒီယာတွေမှာ ဖင်ဖော်နို့ဖော်ခွင့်ရလာတာလောက်ကလွဲပြီး ခွေးမြီးကောက်ကျည်တောက်စွပ်သက်သက်ပဲ။ ရန်တိုက်ပေးလို့ လူမျိုးရေး ဘာသာရေး အမုန်းတရားတွေပွားပြီး သတ်ကြဖြတ်ကြတာက ပိုလာသေး။ အစိုးရသာ သက်တမ်းကုန်တော့မယ် ပြည်တွင်းစစ်များ ရပ်ဖို့နေနေသာသာ တိုးတောင် တိုက်ပြလိုက်ကြသေး။ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာမျိုးကလဲ ခွက်တိုက်ပြီး အရက်အတူတူသောက်ဖြစ်ကြတာပဲ အဖတ်တင်တယ်။ အလကားနေရင်း အစိုးရကို ဘာလုပ်လုပ် ထိုင်ဆဲနေတဲ့အထဲ ကျုပ်မပါပါဘူး။ ဒါပေမယ့် ရှာကြံပြီး အကောင်းမြင်ပေးချင်တာတောင် ချီးစားခွေးဦးနှောက်မျိုးမဟုတ်တော့လဲ ခက်သားပဲ။ သိသိသာသာ ထူးခြားတာကတော့ ဒေါသထွက်နေတဲ့ နလဗိန်းတုံး လူအုပ်ကြီး နဲ့ ကျူးကျော်အတုဆိုတဲ့ လူတန်းစား အသစ်တွေ ပေါ်လာတာပဲ။ ပြည်သူ့တပ်မတော်ကြီးကလဲ အတော်လေး လောဘတရား နည်းလိုက်ပုံများ ရပ်ကွက်ထဲက မိန်းမကြီးတွေ အတင်းတုတ်ရင်း ပေါင်ဖြဲမထိုင်နဲ့ စစ်တပ်က တပ်ပိုင်မြေဆိုင်းဘုတ် လာထိုးစိုက်သွားမတတ်။ အွန်လိုင်းပေါ်မလဲ ပါတီလော်ဘီ တပ်လော်ဘီတွေ အပြင်းအထန် အားပြိုင်ကြတာများဆို ကြားထဲက ပညာတတ်ပါဆိုတဲ့လူတွေတောင် ဘရိန်းဝပ်ရှ် လုပ်ခံရသလို ယောင်သွားတဲ့အထိ။ စစ်သားက စစ်လော်ဘီလုပ်တာ အစိုးရဝန်ထမ်းက အစိုးရလော်ဘီလုပ်တာ ပါတီဝင်က ပါတီလော်ဘီလုပ်တာ မဆန်းပေမယ့် ကြားထဲက လိုက်ယောင်တဲ့ အူလည်လည်ကောင်ငကြောင်တွေလဲ တပုံကြီးရှိသေးမှန်း သိလိုက်ရတယ်။ တခါတလေ အပြင်မှာ အရာရှိငယ်တွေ ဝိုင်းထိုင်နေတဲ့ စားပွဲဝိုင်းဘေး ထိုင်မိရင် ဘယ်အပါတ်စဉ်က ဘယ်သူက ဘယ်နေရာကျလို့ ဘယ်လိုဂွင်ကောင်းနေပြီ။ ဘယ်သူကတော့ ဘယ်အဘကို မဂါမိတော့ ဘယ်ချောင်မှာကပ်ပြီး ဂွင်ပျောက်ပြီး စမုံတုံးပြီ ဆိုတာတွေပဲ ကြားနေရတယ်။
ခေတ်ကိုက ဂွင်ဝေးမှာကို ဂွေးဝင်မလောက် ကြောက်ကြတဲ့ခေတ်
မတရားတာကို မတရားမှန်းတောင် မသိနိုင်ကြတော့တဲ့ခေတ်

ဒီလိုအလေ့အထတွေ အစဉ်အလာတွေ အတွေးအခေါ်တွေရှိတဲ့လူတွေက နိုင်ငံကို ဆက်အုပ်ချုပ်ချင်မှတော့ ကောင်းလာနိုင်ပါဦးမလား။ အပြောင်းအလဲဆိုတာကကော ဖြစ်လာပါဦးမလား။ နှစ်ငါးဆယ်ကျော် အုပ်ချုပ်လာတာလဲ မဝကြသေးဘူး။ အားအားရှိ ဘာသာရေးနဲ့ ဖဲချိုးတာ လူမျိုးရေးနဲ့ ဘုရင်မကိုခွေတာမျိုးကလဲ ရွံစရာ။ လက်လွတ်စပါယ် ပြောတတ်တာက ပိုသေး။ ချစ်စရာကောင်းလိုက်ပုံများ။
စစ်မှန်သော ဒီမိုကရေစီတဲ့ အဟွတ် အဟွတ်
ဘာရယ်တော့မဟုတ်ပါဘူး။ ဖုန်းလိုင်းတွေပြတ် အင်တာနက်ဆိုတာကြီး ပြုတ်ကျလို့ ဖုပြီးရေးတဲ့စာလို့သာ သတ်မှတ်ကြပါ။ တကယ်တမ်းက ကိုယ့်ထက်အခြေအနေဆိုး စုတ်ပြတ်သတ်ပြီး လူစဉ်မမှီနိုင်ကြတဲ့ဘဝတွေ ဒီနိုင်ငံနဲ့အပြည့်ရယ်။

လေဆိပ် မှောင်ခို တွင်းပေါက်ကြီး ဘယ်အချိန်ကတည်းက ရှိခဲ့သလဲ



နောက်ဆုံးတစ်နည်းကတော့ အခု ဖမ်းမိလိုက်တဲ့ ခိုးသွင်းနည်းပါ။ လေယာဉ် ၀မ်းထဲက ပစ္စည်းတွေကို ချတဲ့အခါ ဒါကို ကိုင်တွယ်ရတဲ့ ကြိုတင်ညှိနှိုင်းထားတဲ့ ၀န်ထမ်းတွေက ပုံမှန်လမ်းကြောင်းကနေ မဟုတ်ပဲ အခြားသော နည်းလမ်းပေါင်းစုံနဲ့ လေဆိပ်အပြင်ကို ခိုးထုတ်တာပါ။ ဒီနည်းနဲ့ မှောင်ခိုခိုးသွင်းတာမှာ ဘာပစ္စည်းကိုမှ အကန့်အသတ် ထားစရာ မလိုပါဘူး။
“ လေဆိပ် မှောင်ခို တွင်းပေါက်ကြီး ဘယ်အချိန်ကတည်းက ရှိခဲ့သလဲ”
စည်သူအောင်မြင့်
ရန်ကုန်တိုင်းမ် သတင်းစာ၊ Bi မွန်းတည့်နေဂျာနယ်၊ ၂၇-၁-၁၄။

ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၅ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ မှောင်ခိုပစ္စည်း ကျပ်ငွေ သိန်း ၃၀၀၀ ဖိုး ဖမ်းမိတယ်ဆိုတဲ့သတင်း အစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြပါတယ်။ ပုံမှန်အားဖြင့် အော်- ဒါဟာ ရိုးရိုး မှောင်ခိုပစ္စည်းတွေ ဖမ်းမိတာပဲလို့ ထင်စရာရှိပေမယ့် တကယ့်တကယ်တော့ အတော့်ကို ထူးခြားတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်တာ တွေ့ရမယ် ဖြစ်ပါတယ်။ မှောင်ခိုလို့ခေါ်တဲ့ အကောက်ခွန်မဲ့ ဒီ ကုန်ပစ္စည်းတွေကို ဘယ်နိုင်ငံကနေ ဘယ်ပုံစံနဲ့ သွင်းလာတာတွေလဲ၊ ဘာပစ္စည်းတွေ ပါသလဲ၊ ဘယ်ပုံစံနဲ့ သွင်းယူဖို့ ကြိုးစားခဲ့တာလဲ၊ ဒီလို မှောင်ခိုသွင်းလာတာဟာ ဒီတစ်ခေါက်ထဲပဲလား၊ အရင်ကရော ရှိနိုင်သလား၊ ဘယ်သူတွေ ပါဝင်ပါတ်သက်နေနိုင်မလဲ၊ ခုလို မှောင်ခို ပြသနာလိုမျိုးကို ဘယ်လို ဖြေရှင်းနိုင်မလဲဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။
အစိုးရပိုင် သတင်းစာထဲမှာ ဖော်ပြတာက စင်ကာပူကနေ မြန်မာနိုင်ငံ ရန်ကုန်ကိုလာတဲ့ MAI လေယာဉ်ဟာ ညနေ ၃ နာရီလောက် လေဆိပ်ကို ဆိုက်တယ်။ အဲဒီမှာ လေယာဉ် ကုန်စည်စလွယ်တွေနဲ့ အတူပါလာတဲ့ ခရီးဆောင်အိတ် (၈) လုံးနဲ့ စက္ကဗူး ၄ လုံးကို ပုံမှန်လမ်းကြောင်းအတိုင်း လေဆိပ်ပြင်ပကို ထုတ်ယူတာမျိုး မလုပ်ပဲ လေယာဉ်ပေါ်ကို ခရီးသည်တွေ တက်မယ့် Tube နံပါတ်၁ အောက်က Cargo Box ကုန်သေတ္တာ တစ်ခုမှာ ချန်ထားခဲ့တယ်။ နောက်ပိုင်း တစ်ခြားနေရာကနေ လေဆိပ်ပြင်ပကို ထုတ်ယူဖို့လို့ ဆိုပါတယ်။ အဲဒီမှာ တာဝန်ရှိသူတွေ ၀င်ရောက် စစ်ဆေး ဖမ်းဆီးခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီ အိတ်(၈) လုံးနဲ့ စက္ကူဗူး ၄ လုံးထဲက မိုဘိုင်းဖုန်း ဟင်းဆက်တွေ၊ မီမိုရီကဒ်တွေနဲ့ ဖုန်း ဆက်စပ်ပစ္စည်းတွေ တွေ့ပြီး တန်ဖိုး စုစုပေါင်း ကျပ် သိန်း ၃၀၀၀ ဖိုးလောက် ခန့်မှန်းရတယ်လို့ ဆိုပါတယ်။ ပြောရရင် ဒီ လုပ်ရပ်ဟာ နိုင်ငံခြားက သွင်းလာတဲ့ ပစ္စည်းတွေကို အခွန်မဆောင်ပဲ ခိုးသွင်းတာဖြစ်ပါတယ်။ မှောင်ခိုသွင်းတယ် ဆိုလည်း မမှားပါဘူး။
ပြောရရင် လေဆိပ်ကနေ ဒီ ပုံစံအတိုင်း ကုန်ပစ္စည်းတွေ၊ ဆေးဝါးတွေ ခိုးသွင်းတာဟာ အခုမှ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ အနှစ် ၁၀ ကျော်မက အချိန်ထဲကပါ။ ခိုးသွင်းနည်း ကလည်း အမျိုးမျိုးရှိပါတယ်။ အလွယ်ကူဆုံး ခိုးသွင်းနည်းကတော့ လေဆိပ် အကောက်အခွန် အရာရှိတွေ၊ ဒါမှမဟုတ် လုံခြုံရေးဆိုင်ရာ အရာရှိတွေ စသဖြင့် ပိုင်နိုင်သူ တစ်ယောက်ယောက်ကို ကြိုတင် အကြောင်းအကြားပြီး ပုံမှန် ခရီးသည် ၀န်စည်စလွယ် ထုတ်ယူတဲ့ လမ်းကြောင်းအတိုင်း မှောင်ခို သွင်းတာပါ။ ကြိုတင် လာဘ်ပေး ညှိနှိုင်းထားတဲ့အတွက် အဲဒီ ခရီးသည် သယ်လာတဲ့ အိတ်ကို လေဆိပ် အကောက်ခွန်က တိတိကျကျ စစ်ဆေးတာမျိုး မလုပ်တော့ပါဘူး။ အခြား ခရီးသည်တွေနည်းတူ မှောင်ခို သွင်းလာတာတွေကို ယူထုတ်သွားရုံပါပဲ။
နောက်တစ်နည်းကတော့ အာဏာပိုင် အသိုင်းအ၀ိုင်းက လူတွေ လုပ်တဲ့နည်းပါ။ လေဆိပ်ကိုမှောင်ခိုပစ္စည်းတွေနဲ့ ရောက်လာတဲ့အခါ အကောက်အခွန်ကောင်တာ၊ ဒီကနေ့လိုဆို x-ray စက်ကိုမဖြတ်ပဲ လူကြီးလမ်းကြောင်းအတိုင်း သီးသန့် သယ်ထုတ်သွားတာမျိုးပါ။ နောက်တစ်မျိုးကတော့ ခရီးသည်ကိုယ်တိုင် လေကြောင်းခရီးစဉ်မှာ လိုက်လာစရာ မလိုပါဘူး။ ပစ္စည်းထုတ်တွေပဲ ထည့်ပေးလိုက်တာပါ။ အဲဒီ ပစ္စည်းတွေ လေဆိပ် အတွင်း ပစ္စည်းတွေ ထုတ်ယူရမယ့် ကွန်ဗေယာထဲ ရောက်သွားရင် ညှိနှိုင်းထားသူ တစ်ယောက်ယောက် (အကောက်ခွန်၊ လုံခြုံရေး အခြား အရာရှိတစ်ယောက်ယောက်လည်း ဖြစ်နိုင်) က ထုတ်ယူထားပြီး လေဆိပ်ထဲက ရုံးခန်း တစ်ခုခုမှာ ထားပါတယ်၊ နောက်ပိုင်းမှ အဆင်ပြေသလို ထုတ်ယူသွားတာပါ။
နောက်တစ်နည်းကတော့ လေယာဉ်မှူးတစ်ချို့၊ လေယာဉ်ဝန်ထမ်းတစ်ချို့က မှောင်ခိုပစ္စည်းတွေကို သယ်ယူလာပေးတာမျိုးပါ။ သေးငယ် ကျစ်လစ်ပြီး တန်ဘိုးကြီးတဲ့ ပစ္စည်းမျိုးတွေ မှ သွင်းလာတတ်ပါတယ်။ နောက်ဆုံးတစ်နည်းကတော့ အခု ဖမ်းမိလိုက်တဲ့ ခိုးသွင်းနည်းပါ။ လေယာဉ် ၀မ်းထဲက ပစ္စည်းတွေကို ချတဲ့အခါ ဒါကို ကိုင်တွယ်ရတဲ့ ကြိုတင်ညှိနှိုင်းထားတဲ့ ၀န်ထမ်းတွေက ပုံမှန်လမ်းကြောင်းကနေ မဟုတ်ပဲ အခြားသော နည်းလမ်းပေါင်းစုံနဲ့ လေဆိပ်အပြင်ကို ခိုးထုတ်တာပါ။ ဒီနည်းနဲ့ မှောင်ခိုခိုးသွင်းတာမှာ ဘာပစ္စည်းကိုမှ အကန့်အသတ် ထားစရာ မလိုပါဘူး။ မိုဘိုင်းဖုန်းလို ကွန်ပျူတာလို လက်ဖ်တော့လို သေးငယ် တန်ဖိုးရှိတာတွေတင်မက အယ်လ်စီဒီ တီဗွီ တွေလို ထုထည်ကြီး တန်ဘိုးကြီး ပစ္စည်းတွေကိုလည်း ခိုးသွင်းနိုင်ကြပါတယ်။ ဒီလမ်းကြောင်းကနေ နှစ်ပေါင်းများစွာ ခိုးသွင်းဖူးခဲ့ကြပါတယ်။
ပြောရရင် အခု မိတယ်ဆိုတာ ခရီးစဉ်တစ်ခု လေယာဉ်တစ်စီးကနေ မိတာကိုပဲ ကျပ် သိန်း ၃၀၀၀ ဖိုးလောက်ရှိပါတယ်။ ဒီ့မတိုင်ခင် ရက်တွေ၊ လတွေ၊ နှစ်တွေတုန်းကတည်းက ဒီ လမ်းကြောင်းအတိုင်း မှောင်ခိုပစ္စည်းတွေ နေ့စဉ် ၀င်ခဲ့ကြပြီဖြစ်ပါတယ်။ မင်္ဂလာဈေးနဲ့ ယုဇန ပလာဇာက မိုဘိုင်းဟင်းဆက်တွေ၊ ဆိပ်ကမ်းသာလမ်းက ကွန်ပျူတာနဲ့ ဆက်စပ် အပိုပစ္စည်းတွေ၊ ဘားလမ်းက အီလက်ထရောနစ် ပစ္စည်းတွေ အတော်များများ ဒီလမ်းနဲ့ သွင်းလာကြတာပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက သွင်းလာခဲ့ကြတာပါ။ ရန်ကုန်လေဆိပ်ဆိုတာဟာ မှောင်ခိုကုန်တွေသွင်းတဲ့ တကယ့် တွင်းပေါက်ကြီးပါ။ ဒါပေမယ့် ခုလို ဖမ်းဆီးရမိတယ် ဆိုပြီး တစ်ခါမှ မကြားမသိခဲ့ရပါဘူး။ ဒါပေမယ့် အိမ်သုံးဖို့ဆိုပြီး ဘုမသိ ဘမသိ ၂၁ လက်မ နဲ့ အထက် အယ်စီဒီ တီဗွီ တစ်လုံးလောက် ၀ယ်လာတဲ့သူတွေ၊ ဖက်စ်ပါတဲ့ ပရင်တာ ယူလာမိတဲ့သူတွေ၊ မိုဘိုင်းဖုန်း ၃-၄ လုံးလောက် ၀ယ်လာတဲ့သူတွေ ဆိုရင်တော့ အားလုံး လေဆိပ် အကောက်အခွန်မှာ အသိမ်းခံကြရပါတယ်။
တကယ်တော့ အခုတလော လေဆိပ်မှာ ပုံမှန် အကောက်ခွန်ကောင်တာကနေ အကောက်ခွန်မဆောင်ပဲ သွင်းလာတဲ့ ပစ္စည်းတွေ သိမ်းဆည်းမိတယ် ဆိုတဲ့ သတင်းတွေ ပါလာနေပြီး အခု လေယာဉ်ကွင်းကနေ မှောင်ခိုသွင်းဖို့ မိတဲ့သတင်း ဆက်တိုက်ပါလာတာ ဖြစ်ပါတယ်။ ပြောရရင် လေဆိပ် အာဏာပိုင်တွေဟာ ပုံမှန် အလုပ်လုပ်နေတယ် ဆိုတာထက် မကြာခင် စီးပွား- ကူးသန်း က ဖွဲ့ထားတဲ့ မှောင်ခိုဖမ်းတဲ့ မိုဘိုင်းမ် တင်းမ် အဖွဲ့တွေ လေဆိပ်မှာ လာစစ်ဆေးမှာကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ခုလို ဖမ်းပြနေတာလားလို့ သံသယ ဖြစ်စရာတွေ ရှိပါတယ်။
အခုနောက်ဆုံး သိန်း ၃၀၀၀ ကျော်ဖိုး မှောင်ခိုဖမ်းတဲ့ ဖြစ်စဉ်ကို ကြည့်ရင် မှောင်ခိုသွင်းတဲ့လူတွေ တွေ့ရမှာမဟုတ်ပါဘူး။ လေဆိပ်ဝန်ထမ်း၊ တစ်နည်း လေဆိပ်နဲ့ ပါတ်သက်သူတွေ လုပ်ကိုင်ကြတာမျိုးဖြစ်ပါတယ်။ ဒါဟာ တစ်ဦးကောင်း တစ်ယောက်ကောင်း လုပ်လို့ရတာမျိုး မဟုတ်ပါဘူး။ တစ်ဖွဲ့ထဲက ချွန်ပြီး လုပ်လို့ရတာမျိုး မဟုတ်ပါဘူး။ လေဆိပ်မှာ အဖွဲ့ပေါင်းစုံ လှုပ်ရှားနေကြတာမို့ အားလုံး ပါတ်သက်မှု ရှိနိုင်ပါတယ်။ အစိုးရဟာ မှောင်ခိုဖမ်းတယ် ဆိုပြီး ကားလမ်းတွေမှာ မိုဘိုင်းမ်တင်းတွေနဲ့ စစ်၊ ဂိုဒေါင်တွေ ၀င်စီး လုပ်နေပေမယ့် တကယ့်တကယ် တံခါးဖွင့်ပေးတဲ့ လက်သယ်တရားခံ လာဘ်စားပြီး မှောင်ခိုသွင်းနေတဲ့ အရာရှိတွေ၊ ၀န်ထမ်းတွေကို အရေးယူတာမျိုး မကြားမသိရသလောက်ပါပဲ။ အခု ရန်ကုန်လေဆိပ်လို မှောင်ခိုသွင်းတဲ့ တွင်းနက်ကြီးထဲက အထုတ်လေး ၄-၅ ထုတ် ဖမ်းပြရုံနဲ့ မှောင်ခိုပပျောက်သွားမှာ မဟုတ်သလို၊ လာဘ်ပေးလာဘ်ယူ ကိစ္စ အရေးယူ ဖြေရှင်းတာ မရှိရင်လည်း ပြသနာ ပြေလည်နိုင်စရာ မရှိသေးပါကြောင်း သုံးသပ်တင်ပြလိုက်ပါတယ်။
စည်သူအောင်မြင့်။

ရွေးကောက်ပွဲကော်မရှင် ဥက္ကဌက ကာလုံထဲပါသလား


ဓါတ်ပုံ - Ko Wild

ပညာရည်နိမ့်ကျလို့သူတို့လွှတ်တော်မှာပါရတယ်လို့တပ်မတော်သားကိုယ်စားလှယ်ပြော

မြေမပိုင်ဘူးပြောတဲ့ဝန်ကြီး



အဂ္ဂမဟာ သရေစည်သူ ဒီမိုဖက်တီး

လင့်ခရူဇာလေးစီးလည်းရှိတယ် ၊ မုံရွာက မြေတွေလည်း အတင်းသိမ်းလို့ ဒေါ်ခင်စန်းလှိုင် ကိုယ်တိုင် လွှတ်တော်မှာ တင်ပြရတဲ့ထိ နာမည်ကြီးသတင်းမွှေးခဲ့တဲ့ ဇေယျာ ရွှေမြေဘောလုံး အသင်းပိုင်ရှင် ရွှေနဂါးမင်း ဆောက်လုပ်ရေးကုမ္ပဏီ ဥက္ကဌ ပြည်ထောင်စု ၀န်ကြီး ဦးဝင်းမြင့် က မြေမပိုင်ဘူးဆိုတာတော့

ကြံ့ခိုင်ရေးပါတီပိုင် နယူးဒေး ဓာတ်ဆီဆိုင်ကို မြို့ပြင်သို့ ပြောင်းရွှေ့ပေး ရေး


၂၆. ၁. ၂၀၁၄ မနက်ပိုင်းက မကွေးတိုင်း၊
တောင်တွင်းကြီးမြို့လယ်၊ လမ်းဆုံမှာ
တည်ရှိတဲ့ ကြံ့ခိုင်ရေးပါတီပိုင် နယူးဒေး
ဓာတ်ဆီဆိုင်ကို မြို့ပြင်သို့ ပြောင်းရွှေ့ပေး
ရေးအတွက် တစ်ကိုယ်တော် ဆန္ဒပြနေ
ပုံ ဖြစ်ပါတယ်။
ဆန္ဒဖေါ်ထုတ်ဖို့အတွက် ခွင့်ပြုချက်ကို
ဥပဒေအတိုင်း ကြိုတင်တောင်းခံခဲ့ပေမယ့်
ခွင့်ပြုခဲ့ခြင်း မရှိပါ။ ဆန္ဒပြပွဲအပြီးမှာတော့
ထုံးစံအတိုင်း ပုဒ်မ ( ၁၈ ) နဲ့ အမှုဖွင့်ထား
ကြောင်း သိရပါတယ်။

Ko Aung Kyaw

ဓာတ်ငွေ့ပိုက်လိုင်း ချို့ယွင်း.....အရောင်းဆိုင်များ (ယာယီ) အရောင်းပိတ်ထားမှုများ ဖြစ်ပေါ်လာနိုင်



အဓိကသဘာဝဓာတ်ငွေ့ပိုက်လိုင်း ချို့ယွင်းမှုကြောင့် ရန်ကုန်တိုင်းဒေသကြီးရှိ ဓာတ်ငွေ့အရောင်းဆိုင်များ (ယာယီ) အရောင်းပိတ်ထားမှုများ ဖြစ်ပေါ်လာနိုင်

EMG

ညောင်တုန်းမှ ရန်ကုန်သို့ပို့လွှတ်သော အဓိကသဘာဝဓာတ်ငွေ့ပိုက်လိုင်း ချို့ယွင်းမှုကြောင့် ရန်ကုန်တိုင်းဒေသကြီးရှိ ဓာတ်ငွေ့အရောင်းဆိုင်များက သဘာဝဓာတ်ငွေ့သုံးကားများသို့ ဓာတ်ငွေ့ရောင်းချမှုများအား (ယာယီ) အရောင်းပိတ်ထားမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း သဘာဝဓာတ်ငွေ့ အရောင်းဆိုင်များမှ သိရသည်။

ယင်းသို့ ညောင်တုန်းမှ ရန်ကုန်သို့ ပို့လွှတ်သော အဓိကသဘာဝဓာတ်ငွေ့ပိုက်လိုင်း ချို့ယွင်းမှုကြောင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ သဘာဝဓာတ်ငွေ့ဆိုင်များမှ ဆိုင်၌လက်ကျန်ရှိသော ဓာတ်ငွေ့များကိုသာ ရောင်းချသွားမည်ဖြစ်ပြီး ဓာတ်ငွေ့များကုန်သွားပါက ဆက်လက်ရောင်းချရန် အခက်အခဲများ ဖြစ်ပေါ်နိုင်ကြောင်း အသိပေးကြေငြာချက်ကို ဇန်န၀ါရီ ၂၆ ရက်နေ့တွင် ဓာတ်ငွေ့ဆိုင်များ၌ ကြေညာထားကြောင်း သိရသည်။

“အထက်ကညွှန်ကြားချက်အတိုင်း ညောင်တုန်းကနေ ရန်ကုန်ပို့တဲ့ သဘာဝဓာတ်ငွေ့လိုင်း ချို့ယွင်းလို့ ဓာတ်ငွေ့ရောင်းချမှုက နောက်ရက်တွေမှာ အခက်အခဲတွေ ဖြစ်လာနိုင်တယ်လို့ ကြေညာချက် ဆိုင်းဘုတ်ထုတ်ထားတယ်။ ဆိုင်မှာရှိတဲ့ လက်ကျန်ဓာတ်ငွေ့တွေကိုတော့ အကုန်လုံးထုတ်ရောင်းပါတယ်။ ပြင်ဆင်ချိန် ဘယ်လောက်ကြာမလဲဆိုတော့ မသိပါဘူး။ ဘယ်လိုချို့ယွင်းမှု ဖြစ်ပွားရတာလဲ ဆိုတာကိုလည်း မသိပါဘူး” ဟု မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ သဘာဝဓာတ်ငွေ့ အရောင်းဆိုင်မှ တာဝန်ခံဖြစ်သူက ဇန်န၀ါရီ ၂၆ ရက်နေ့တွင် ပြောကြားခဲ့သည်။

ထိုကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သဘာဝဓာတ်ငွေ့ အရောင်းဆိုင်များတွင် ဇန်န၀ါရီ ၂၆ ရက်နေ့ ညနေပိုင်းမှစ၍ ဓာတ်ငွေ့လာရောက်ထုတ်ယူရန် တန်းစီနေသည့် ခရီးသည်တင်ယာဉ်များ၊ တက္ကစီများနှင့် ကိုယ်ပိုင်ယာဉ်များမှာ များပြားလျက်ရှိကြောင်း သိရှိရသည်။

“ဓာတ်ငွေ့လိုင်းပျက်လို့ ဆိုင်တွေမှာ ကျန်တဲ့ဓာတ်ငွေ့တွေကိုရောင်းမယ် နောက်နေ့တွေမှာ ဓာတ်ငွေ့ရောင်းချနိုင်ဖို့ မသေချာဘူးဆိုတာကို ဒီနေ့ညနေမှ သိရတယ်။ ကြားတာနဲ့ ချက်ချင်းလာတန်းစီထားတာ။ အခုပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်တွေ အားလုံးက CNG ကားတွေချည်းပဲ။ တစ်ရက်ကို နှစ်ခါလောက် ပြန်ပြန်ထည့်နေရတာ။ ဓာတ်ငွေ့ပြတ်တောက်မှုသာ ဖြစ်ရင်တော့ လိုင်းကားမောင်းတဲ့ သူတွေရော ခရီးသည်တွေပါ သွားရေးလာရေး အခက်အခဲတွေ ဖြစ်မှာပါ” ဟု ရန်ကုန်-လှည်းကူး ခရီးသည်ယာဉ်လိုင်းမောင်းသည့် ယာဉ်မောင်းတစ်ဦးက ဇန်န၀ါရီ ၂၆ ရက်နေ့ ညပိုင်းတွင် ပြောကြားခဲ့သည်။

ယင်းသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သဘာဝဓာတ်ငွေ့ အရောင်းဆိုင်များ ဓာတ်ငွေ့ပြတ်တောက်မှု ဖြစ်ပေါ်လာပါက ရန်ကုန်အတွင်းပြေးဆွဲနေသာ ခရီးသည်တင်ယာဉ်များအပြင် ရန်ကုန်မှခရီးဝေးပြေးဆွဲနေသော ခရီးသည်တင်ယာဉ်များပါ သယ်ယူပို့ဆောင်ရေး အခက်အခဲများ ဖြစ်ပေါ်လာနိုင်ကြောင်းနှင့် အခြားစက်သုံးဆီများဈေးနှုန်း မြှင့်တက်လာမည်ကို စိုးရိမ်နေကြကြောင်း မော်တော်ယာဉ်အသုံးပြုသူများထံမှ သိရှိရသည်။


ပုပ်ရဟန်းမင်းကြီးရဲ့ငြိမ်းချမ်းရေး ခိုဖြူလေးနှစ်ကောင်ကိုစင်ယော်များကတိုက်ခိုက်


ပုပ်ရဟန်းမင်းကြီးကခိုဖြူလေးနှစ်ကောင်ကိုမလွှတ်ခင်ယူကရိန်းမှာငြိမ်းချမ်းစေဖို့ပြောခဲ့ပါတယ်...


http://www.washingtonpost.com/national/religion/birds-attack-peace-doves-freed-from-popes-window/2014/01/26/c02de4ee-868c-11e3-a760-a86415d0944d_story.html

မန္တလေး သံဃာ့ညီလာခံမှာ ဘာတွေဖြစ်ခဲ့သလဲ




စည်သူအောင်မြင့်
မြန်မာပို့စ် ဂျာနယ်။ ၂၂-၁-၁၄။ စာ-၁၂။

ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၅ ရက်နေ့က မန္တလေးမှာ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(မ.ဘ.သ)ခေါ် ဝံသပါလအဖွဲ့ ဖွဲ့စည်းခြင်း အခမ်းအနားနဲ့ ဂိုဏ်းပေါင်းစုံ သြဝါဒခံယူပွဲ၊ သံဃာ့ညီလာခံတော်ကြီး ကျင်းပခဲ့ပါတယ်။ အဲဒီ အစည်းအဝေးရဲ့ အစီအစဉ် တစ်ခုမှာ သီတဂူဆရာတော် အရှင်ဥာဏိသရ က ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးသိန်းစိန်တို့နဲ့ ပါတ်သက်တဲ့ မှတ်ချက်စကား တစ်ချို့ မိန့်ကြားခဲ့တယ်လို့ မန္တလေးမြို့ ထိန်လင်းပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ တိပိဋကဓရ ရမ္မာဝတီဆရာတော် အရှင်ဣန္ဒပါလ က မိန့်ကြားခဲ့ပါတယ်။ ဒီလိုနဲ့ သတင်းစကားတွေ တဆင့်ပြီး တစ်ဆင့် ပြန့်ပွားရင်း သီတဂူဆရာတော်ဘုရားကြီးက ဒေါ်အောင်ဆန်းစုကြည်သာ သမ္မတ ဖြစ်လာမယ် ဆိုရင် အမျိုးဘာသာ သာသနာ မှေးမှိန်စရာရှိတယ် လို့ဆိုသည်အထိ သတင်းမှားတွေ ပျံ့နှံ့လာပါတယ်။ ဒီ မမှန်သတင်းတွေ အင်တာနက် လူမှုကွန်ယက် facebook စာမျက်နှာတင်မက ပုံနှိပ် မီဒီယာပေါ်အထိ ပျံ့နှံ့လာတဲ့အခါ ဆရာတော်ကြီးက ဖြေရှင်းရပါတော့တယ်။ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အသင်းကလည်း ထုတ်ပြန်ကြေငြာချက်တွေ ထုတ်ပြန်ရပါတယ်။ ဒီအတွက် မန္တလေး သံဃာ့ညီလာခံကြီးမှာ ဘာတွေ တကယ်ဖြစ်ခဲ့သလဲ၊ သီတဂူဆရာတော်ကြီးက ဘယ်လို ရှင်းလင်းရသလဲ၊ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့က ထုတ်ပြန်ချက်ကရော ဘယ်လို အဓိပ္ပါယ် ဆောင်ပါသလဲ ဆိုတာ ခုတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

သံဃာ့ညီလာခံ

အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၅ ရက်နေ့က မန္တလေး မဟာအတုလဝေယံဘုံသာ ( အတုမရှိ ) ကျောင်းတော်ကြီးမှာ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(မ.ဘ.သ)ခေါ် ဝံသပါလအဖွဲ့ ဖွဲ့စည်းခြင်း အခမ်းအနားနဲ့ ဂိုဏ်းပေါင်းစုံ သြဝါဒခံယူပွဲ၊ သံဃာ့ညီလာခံတော်ကြီး ကျင်းပခဲ့ပါတယ်။ သံဃာ့ညီလာခံကြီးကို သီတဂူဆရာတော် အရှင်ဥာဏိသရ၊ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(မ.ဘ.သ) ဗဟို ဥက္ကဌ အင်းစိန် ရွာမပရိယတ္တိစာသင်တိုက် မဟာနာယကချုပ် ဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသ အပါအ၀င် သံဃာတော် သောင်းချီ ကြွရောက်ခဲ့ကြပါတယ်။ အစည်းအဝေး အစီအစဉ် တစ်ခုပြီး တစ်ခု ကျင်းပပြီးနောက် အချက် (၁၁) ချက်ပါတဲ့ ကြေငြာချက်လည်း ထုတ်ပြန်နိုင်ခဲ့ပါတယ်။
ထူးခြားချက်တစ်ခုကတော့ ကြေငြာချက် မထုတ်ပြန်မီမှာ မန္တလေးမြို့ ထိန်လင်းပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ တိပိဋကဓရ ရမ္မာဝတီဆရာတော် အရှင်ဣန္ဒပါလ က သီတဂူဆရာတော်ကြီး၊ သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည် စသဖြင့် နိုင်ငံရေးနဲ့ ပါတ်သက်တဲ့ စကားတစ်ချို့ မြွက်ကြားခဲ့ခြင်းပါပဲ။ အဲဒီ မြွက်ကြားချက်ကနေ တဆင့် သတင်းစကားတွေ အဆင့်ဆင့် ဖြစ်ပေါ်စေခဲ့ပါတယ်။

ရမ္မာဝတီဆရာတော် အရှင်ဣန္ဒပါလ ဘာတွေ မြွက်ကြားခဲ့လဲ။

ရမ္မာဝတီဆရာတော် အရှင်ဣန္ဒပါလ ဟာ မြန်မာပြည်ရဲ့ ၁၁ ပါးမြောက် တိပိဋကဓရ ဆရာတော်တစ်ပါးဖြစ်ပါတယ်။ ဗုဒ္ဓဘာသာနဲ့ ပါတ်သက်ရင် ထူးချွန်တဲ့ ဆရာတော်တစ်ပါး လို့ သတ်မှတ်နိုင်ပါတယ်။ ဒါပေမယ့် ဆရာတော်က သံဃာ့ညီလာခံမှာ အောက်ပါ အတိုင်း မြွက်ကြားခဲ့ပါတယ်။ “ တပည့်တော်ဟာ ၁၁ ပါးမြောက် တိပိဋကဓရ ထိန်လင်းပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ ရမ္မာဝတီဆရာတော် အရှင်ဣန္ဒပါလဖြစ်ပါတယ် ဘုရား၊ ဒီ သံဃာ့အစည်းအဝေးမှာ သီတဂူဆရာတော်ဘုရားကြီးကိုယ်တိုင် တက်ရောက်၊ သြ၀ါဒ ချီးမြှင့်ခဲ့တဲ့အတွက် ပြီးပြည့်စုံတဲ့ အစည်းအဝေးလို့ ခေါ်ဆိုနိုင်ပါတယ် ဘုရား။ သံဃာတော်တွေလည်း ပြည့်နှက်နေအောင် တက်ရောက်တာ တွေ့ရပါတယ်။
သီတဂူဆရာတော်ဘုရားကြီးကိုယ်တိုင် ကြွရောက်ချီးမြှင့်တဲ့အတွက် ခေတ္တခဏလေး ချဉ်းကပ်ပြီး သိချင်တာ မေးလျောက်ခွင့်ရခဲ့ပါသည် ဘုရား။ မြန်မာနိုင်ငံတော်သူ နိုင်ငံသားများဟာ ဆရာတော်ဆီက စကားတစ်ခွန်း ထွက်ဖို့ မျှော်လင့်နေကြပါတယ် ဘုရား။ အဲဒါကတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာနိုင်ငံ ဘာသာရေးအပေါ်မှာ သဘောထားချက်ကို ဆရာတော် သိမယ်လို့ ယုံကြည်နေကြတယ်။ အဲဒါ ဆရာတော် မိန့်တော်မူပါ ဆိုတော့ ဆရာတော်ကြီးက “ သူ့ကိုပြောထားပါတယ်။ ဘာသာရေးအကြောင်း မဟော မပြောပါနဲ့ ကိုယ့်နိုင်ငံရေးအကြောင်းကိုပဲ ကိုယ်ပြောပါ။” လို့ မိန့်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မြန်မာနိုင်ငံကို အင်တာနေရှင်နယ် စတိုင်နဲ့ ဖွင့်ဖို့ကြိုးစားနေတယ်။ သူအာဏာရသွားမယ်ဆိုရင် ဗုဒ္ဓဘာသာကြီး အောက် ရောက်သွားမယ်လို့ ဗုဒ္ဓဘာသာ အများစုက ယူဆနေကြပါတယ် ဆရာတော်ဘုရား ဒါကြောင့်
၂၀၁၅ မှာ ဘယ်သူ့ကို မဲပေးရမှာလဲ ဘုရားဆိုပြီးတော၊့ ဆရာတော်ကြီးဆီ ကတိတောင်းပြီးတော့ ပြောရမှာပါ။ ကတိတောင်းထားလိုက်ပါတယ်။ မိန့်ပါ တပည့်တော်ပြောပါ့မယ် ပြောပါ။ ဒီအခါ ဆရာတော်ဘုရားကြီးက “အခုလက်ရှိ သမ္မတ ဦးသိန်းစိန်ကိုပဲ ၂၀၁၅ မှာ မဲပေးပြီးတော့ သူ ဆက်ထိန်းသိမ်းသွားမယ် ဆိုရင် ဘုန်းကြီးတို့ ကောင်းမယ်၊” လို့ မိန့်ပါတယ်။ ဒါကို တပည့်တော်တို့အနေနဲ့ သဘောကျပါသည် ဘုရား၊ နိုင်ငံရေးသမား အများစုကတော့ သူတို့ဝေဖန်ချက်ကတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်မှ နိုင်ငံတိုးတက်မယ်၊ အခြားပါတီဆို မတိုးတက်ဘူး လို့ သုံးသပ်ကြတယ်။ တပည့်တော်တို့ ရဟန်းသံဃာတော်များက ဘယ်နိုင်ငံရေး။ ဘယ်ပါတီတက်တက် ကိုယ့်ဗုဒ္ဓဘာသာ ဦးစားပေးမယ့် ပါတီကိုပဲ ရွေးချယ်ရမယ်လို့ တပည့်တော်တို့ ခံယူပါသည်ဘုရား၊ ဆိုင်ရာဆိုင်ရာ တရားပွဲများမှာ အတော်များများ ဟောကြတယ်၊ တပည့်တော်လည်း နည်းနည်းပါးပါး ဟောပါတယ်။ ဆိုပါစို့ ဆော်ဒီလို အီရန် တို့လို နိုင်ငံတွေမှာ နိုင်ငံ့ခေါင်းဆောင် လုပ်မယ့်ပုဂ္ဂိုလ်သည် မူဆလင်ဘာသာကို ဦးစားမပေးရင် မရဘူး။ ဒီလိုပါပဲ မြန်မာနိုင်ငံမှာ နိုင်ငံ့ခေါင်းဆောင် လုပ်မယ့် ပုဂ္ဂိုလ်သည် လူအများစု ၈၀ ကျော်ရာခိုင်နှုန်းရှိတဲ့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကို ဦးစားပေးမှ မဲရပြီး အုပ်ချုပ်ခွင့်ရမယ်လို့ သုံးသပ်လို့ ရပါတယ်။ ဆရာတော်များ ကြွရောက်လာတဲ့ သံဃာတော်များ သိရှိပြီး ကိုယ့်ဆိုင်ရာ ဆိုင်ရာ ဒကာ ဒကာမများကို စည်းရုံးပြီးတော့ ဟောပြောရအောင် တပည့်တော် အနည်းငယ် တင်ပြလျောက်ထားရခြင်း ဖြစ်ပါတယ်။ နိုင်ငံရေးတော့ ပါသွားတာပေါ့ဘုရား။ စိတ်ဆိုးပြီးတော့ပြောမယ်ဆိုရင် ဒါ အန္တရာယ် ဖြစ်ချင်လည်း ဖြစ်သွားမှာပေါ့ဘုရား၊ မဖြစ်ပါစေနဲ့လို့တော့ ဆုတောင်းပါတယ် ဘုရား၊ တပည့်တော်ကတော့ သာသနာတော် တည်သ၍ ကိုယ့်နိုင်ငံထဲမှာ ကိုယ့်သာသနာ နေလပမာ ထွန်းတောက်စေချင်တဲ့ ဆန္ဒနဲ့ လျောက်ထားရခြင်းဖြစ်ကြောင်း နားလည်စေချင်ပါသည် ဘုရား။” လို့ မိန့်ကြားခဲ့ပါတယ်။
ဆရာတော် အရှင်ဣန္ဒပါလ ရဲ့ မိန့်ကြားချက်ဟာ သီတဂူဆရာတော်ဘုရားကြီးက ၂၀၁၅ ကျရင် သမ္မတ ဦးသိန်းစိန် ကို ပဲ မဲပေးဖို့ ပြောတယ်။ ဒါကြောင့် အစည်းအဝေး တက်လာတဲ့ သံဃာတွေအနေနဲ့လည်း တရားဟောပြောတဲ့အခါ ဒါကို ထည့်ဟောပြောပါလို့ ဆိုလိုတာ ဖြစ်ပါတယ်။ ဒီ မိန့်ကြားချက်မှာ နိုင်ငံရေး ပါသွားတယ် ဆိုတာကိုလည်း ဆရာတော်က ထည့်ပြီး ၀န်ခံလိုက်ပါသေးတယ်။

ဘယ်လို သတင်းတွေ ပျံ့နှံ့ခဲ့သလဲ

သံဃာ့ညီလာခံ ဦးစီးကျင်းပတဲ့သူတွေဟာ ဆရာတော် အရှင်ဣန္ဒပါလ ရဲ့ မိန့်ကြားချက်နဲ့ ပါတ်သက်ပြီး တရားဝင်သည် မ၀င်သည် တစ်စုံတစ်ရာ မှတ်ချက်ပေးတာမျိုး မလုပ်ခဲ့ပါဘူး။ ဒီအတွက် နောက်ပိုင်း အင်တာနက် လူမှုကွန်ယက် စာမျက်နှာတွေမှာ သီတဂူဆရာတော်ဘုရားကြီးက ၂၀၁၅ ကျရင် သမ္မတ ဦးသိန်းစိန်ကိုပဲ မဲပေးကြ၊ ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးရင် အမျိုးဘာသာ သာသနာအတွက် စိုးရိမ်ရသယောင်ယောင် သတင်းမှားတွေ စ ပြီး ပျံ့လွင့်လာပါတော့တယ်။ နောက်ပိုင်း ဒီ သတင်း ပုံနှိပ်စာမျက်နှာ တစ်ခုဖြစ်တဲ့ မွန်းတည့်နေ ဂျာနယ်မှာ “ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ပါက အမျိုးဘာသာ သာသနာ ညှိုးမှိန်စရာ ရှိသည်ဟုဆို” ဆိုပြီး သီတဂူဆရာတော် ဘုရား ပုံတော်နဲ့ တကွ မျက်နှာဖုံးမှာ ဖော်ပြသည်အထိ “ ကား” လာခဲ့ပါတယ်။ ဒီ အတွက် သီတဂူဆရာတော်ဘုရားကြီးကိုယ်တိုင် ဒါကို ရှင်းဖို့ လင်းဖို့ တောင်းဆိုတာ လုပ်ခဲ့ရပါတော့တယ်။ ပထမ ဦးဆုံး စောင့်ကြည့်သတင်းဂျာနယ် (New Watch Journal) ကတဆင့် ဆရာတော်ကြီး မိန့်ကြားခဲ့တာကတော့ “ ၁၅ ရက်နေ့ကဟောတဲ့တရား Record ရန်ကုန်ကိုယူလာမယ်။
အဲဒီအခွေကိုနာထောင်ကြည့်ရင် အားလုံးရှင်းသွားမယ်။
ဦးဇင်းဝီရသူကိုလည်း ကျုပ်ရှင်းခိုင်းထားတယ်။
ဝီရသူ အဲဒါတော့ရှင်းပေးလို့ ဒေါ်အောင်ဆန်းစုကြည်နဲ့NLD ကို
မဲမထည့်နဲ့လို့ ဟောသလား၊
ဆရာတော်က ပြောသလား၊
မင်းတို့ရှင်းကြကွာလို့ ပြောလိုက်တယ်၊
မင်း ငါ့ကိုအသုံးချတယ်၊
မင်းတို့ ဘယ်လိုလုပ်မလဲလို့ပြောလိုက်ပြီးပြီ။
ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဘုန်းဘုန်းဖုန်းဆက်ပြော ပြီးပြီ၊
ဒေါ်အောင်ဆန်းစုကြည်ကတော့ နားလည်မှုရှိပါတယ်။
ဆရာတော် ဟောခဲ့တဲ့တရားကို နာလိုက်ရင်ပြီးတာပဲ။
ကျုပ်ဒီကိစ္စမှာပါလဲမပါဘူး၊
ပြောလဲမပြောဘူး။
ဒေါ်အောင်ဆန်းစုကြည်ရှေ့မှာ ကျုပ်ရှိတယ်။
ကျုပ်ဟာလဲ ပြည်သူလူထု ကျန်းမာရေး၊
ချမ်းသာရေး လုပ်နေတာပဲ။
ဒေါ်အောင်ဆန်းစုကြည်လည်း ပြည်သူလူထုအကျိုး ဆောင်ရွက်နေသူပဲ။
ဘယ်သူ့ကို မဲထည့်ပါ၊
ဘယ်သူ့ကို မထည့်ပါနဲ့ဆိုတာ ကျုပ်ပြောကို မပြောဘူး " လို့ ရှင်းလင်း မိန့်ကြားခဲ့ပါတယ်။ ဒါတင်မက အမေရိကန်နိုင်ငံ ၀ါရှင်တန် အခြေစိုက် လွတ်လပ်တဲ့ အာရှအသံ RFA က ဦးကျော်ကျော်အောင်နဲ့ အင်တာဗျူးမှာလည်း အဲဒီ နေ့က ဘာတွေဖြစ်ခဲ့သလဲ၊ ဘာတွေ ပြောခဲ့သလဲ ဆိုတာ ဆရာတော်က အသေးစိတ် ရှင်းပြခဲ့ပါတယ်။

သီတဂူဆရာတော်ဘုရားကြီးရဲ့ ရှင်းလင်းချက်

ဆရာတော်ကြီးရဲ့ ရှင်းလင်းချက်တွေကတော့ “သံဃာ သုံးသောင်း( ၃၀၀၀၀၀) တက်တဲ့ အစည်းအဝေးကြီးမှာ ရခိုင်ဆရာတော် တစ်ပါးက တက်ပြီး ပြောသွားတာ။ သီတဂူဆရာတော်က သမ္မတကြီး ဦးသိန်းစိန်ကို ဆက်လက်၍ မဲပေးကြပါစို့လို့ ပြောတယ်ဆိုပြီးတော့ ဘုန်းကြီးတစ်ပါးက ပြောတာ။ အဲဒါကနေ ဆက်ပြီး ပျံ့ထွက်သွားတဲ့ အဓိပ္ပာယ်။ အလွတ်သဘောဝိုင်းထိုင်ပြီးတော့ ဟိုပြော ဒီပြော တစ်ယောက်နဲ့ တစ်ယောက် အလွတ်သဘော ပြောကြတဲ့ နေရာမှာတော့ ဟေ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးက အခြေခံဥပဒေကို မပြင်ဘဲ ဒီအတိုင်းပဲ သွားမယ် ဆိုရင်တော့ ဒီသမ္မတကြီးနဲ့ပဲ ဆက်သွားရမှာပဲ၊ အခြေခံဥပဒေ ပြင်လိုက်ရင်တော့ တို့သမ္မတ အသစ်ရမှာပဲ။ မပြင်ဘူးဆိုရင်တော့ သမ္မတကြီး ဦးသိန်းစိန်ကိုပဲ တို့ ဆက်ပြီးအားပေးတာ ကောင်းတယ်။ ပြင်လိုက်ရင်တော့ ပြင်လိုက်တဲ့အတိုင်း တို့ သမ္မတ အသစ်နဲ့ သွားကြရမှာပေါ့။ သမ္မတ အသစ်ကတော့ ဒေါ်အောင်ဆန်းစုကြည် ဖြစ်ဖို့ အလားအလာတွေ ရှိတယ် စသဖြင့် အလွတ်သဘောတွေ ၀ိုင်းပြောနေကြတာ။ အဲဒီအထဲက စကားလုံးလေး တစ်လုံးကို ကောက်ပြီးတော့ ရခိုင်ဆရာတော်တစ်ပါးက သူ့ခံစားချက် ရှိမှာပေါ့ အဲဒါလေးကို ဘုန်းကြီးကို အသုံးချပြီး ပြောသွားတာ။ အဲဒါက ပြန့်ကျဲသွားတာပါ။ ဘုန်းကြီးအတွက်တော့ ဒါက ဘာမှ အရေးကြီးတဲ့ ကိစ္စ မဟုတ်ပါဘူး။”
“ဘယ်သူက ပိုပြီးတော့ လုပ်နိုင်လိမ့်မယ်ဆိုတဲ့ စကား တို့ကတော့ မပြောချင်ဘူး။ သမ္မတကြီး ဦးသိန်းစိန်က အခြေခံဥပဒေကို မပြင်နိုင်ရင်တော့ သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်သွားမှာပဲ ။ ဦးဆောင်သွားလို့ ရှိရင် တစ်ကမ္ဘာလုံးက သူ့ကို အလေးအနက် ပေးထားတဲ့ အနေအထား တို့နိုင်ငံက ရနေပြီ။ အဲဒီတော့ အခြေခံဥပဒေကို မပြင်နိုင်ရင် ပြင်လို့ မရဘူးဆိုရင် သမ္မတကြီး ဦးသိန်းစိန်ကတော့ လက်ရှိအနေအထားအရ နိုင်ငံတော်အတွက် အကျိုးအများကြီး ပြုတဲ့ ပုဂ္ဂိုလ်တစ်ယောက်လို့ သူတို့က ဒီအတိုင်း ပစ်ထားလိုက်မှာ။ အခြေခံ ဥပဒေကို ပြင်နိုင်လို့ ရှိရင် သမ္မတကြီး ဦးသိန်းစိန်ရဲ့ နေရာမှာ ဒေါ်အောင်ဆန်းစုကြည် ၀င်လာဖို့ အလားအလာကတော့ ရာခိုင်နှုန်းအပြည့်လောက် ရှိနေတာပဲ။ ဒေါ်အောင်ဆန်းစုကြည် ၀င်လာရင် နိုင်ငံအတွက် အကျိုးစီးပွားတွေကို သမ္မကြီး ဦးသိန်းစိန်ဆောင်ရွက်တာထက် ပိုပြီးတော့ ဆောင်ရွက်နိုင်လိမ့်မယ်လို့ တို့ကတော့ မြင်ထားတယ်။ နိုင်ငံရဲ့ အလေးထားမှု ၊ နိုင်ငံတကာနဲ့ ဆက်ဆံရေးမှာလည်း ဒေါ်အောင်ဆန်းစုကြည်က အများကြီး ရထားတဲ့ ပုဂ္ဂိုလ် ။ အရည်အချင်း ၊ စွမ်းရည်သတ္တိရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်လို့ တို့ကတော့ ဒီလိုပဲ ယူဆပါတယ်။ ” ဆိုပြီးပြောခဲ့ပါတယ်။

အမျိုး ဘာသာ သာသနာစောင့် ရှောက်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်

ဒီလို ကွဲလွဲမှုတွေ၊ သတင်းအမှားတွေ ထွက်ပေါ်ခဲ့တာကြောင့်ရော၊ သီတဂူဆရာတော်ကြီးရဲ့ မိန့်ကြားမှုအရပါ မန္တလေးတိုင်း အမျိုး ဘာသာ သာသနာစောင့် ရှောက်ရေးအဖွဲ့ဟာ သူ့ရဲ့ ပထမဦးဆုံး ထုတ်ပြန်ကြေငြာချက်ကို ထုတ်ပြန်ခဲ့ရပါတယ်။ ထုတ်ပြန်ကြေငြာချက်ထဲမှာ ဆရာတော် အရှင်ဣန္ဒပါလ ဟာ သံဃာ့ညီလာခံမှာ သီတဂူဆရာတော်၊ သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ ပါတ်သက်ပြီး ပုဂ္ဂိုလ်ရေး စကားတွေ ပြောခဲ့တဲ့အကြောင်း၊ ဒီ ပြောဆိုချက်တွေဟာ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ရဲ့ မူဝါဒ လမ်းစဉ်နဲ့ ဆန့်ကျင်နေတဲ့အကြောင်း၊ သီတဂူဆရာတော်ကြီးရဲ့ သြ၀ါဒ ကထာ မိန့်ခွန်းမှာ သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ ပါတ်သက်တာတွေ မပါတဲ့အပြင် အလွတ်သဘော ပြောဆိုမှုတွေမှာလည်း ဘယ်သူ့ကို ထောက်ခံတယ်၊ ဘယ်သူ့ကို ကန့်ကွက်တယ် ဆိုတာမျိုး အရိပ်အမြွက်မှတောင် မပါတဲ့အကြောင်း၊ ဒါကြောင့် ဆရာတော် အရှင်ဣန္ဒပါလ ရဲ့ ပြောဆိုချက်တွေဟာ သီတဂူဆရာတော်ဘုရားကြီး၏ မူဝါဒ၊ လမ်းစဉ် မဟုတ်သကဲ့သို့ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့၏ မူဝါဒ၊ လမ်းစဉ်လည်း မဟုတ်ပါကြောင်း အတိအလင်း ထုတ်ပြန်ပါသည် ဆိုပြီး ဖော်ပြခဲ့ပါတယ်။

ဘာတွေ သင်ခန်းစာ ယူနိုင်မလဲ

သံဃာ့အစည်းအဝေးထဲမှာ ဆရာတော် အရှင်ဣန္ဒပါလ လို တိပိဋက အောင် အထင်ကရ ဆရာတော် တစ်ပါးက နိုင်ငံရေးကိစ္စ ထဲထဲဝင်ဝင် ပြော၊ ပြောရုံမက တက်ရောက်လာတဲ့ ဆရာတော် သံဃာတော်တွေကိုလည်း ဘယ်လို ဟောပြောကြဖို့ တိုက်တွန်း မိန့်တော်မူတာမျိုး လုပ်သင့် မလုပ်သင့် ဆရာတော် သံဃာတော်ကြီးများ စဉ်းစားသုံးသပ်ကြဖို့ အချိန်တန်ပါပြီ။ ဒီလိုသာ နိုင်ငံရေးထဲ ထဲထဲဝင်ဝင် ပါဝင် ဟောပြောကြမယ် ဆိုရင်ဖြင့် ဦးသိန်းစိန် ထောက်ခံတဲ့ ဆရာတော်၊ ဦးရွှေမန်းထောက်ခံတဲ့ ဆရာတော်၊ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံတဲ့ သံဃာတော် စသဖြင့် သံဃာတွေ သင်းကွဲရုံမက ကိုးကွယ်တဲ့ ဒကာ၊ ဒကာမတွေအကြားထဲမှာလည်း စိတ်ဝမ်းကွဲပြားမှုတွေ ဖြစ်ပေါ်မယ့် အန္တရယ် ကျရောက်နိုင်ပါတယ်။ ဒုတိယ တစ်ချက်က ဆရာတော် အရှင်ဣန္ဒပါလ ရဲ့ မိန့်ကြားချက်ထဲမှာ မြန်မာနိုင်ငံကို ဆော်ဒီလို အီရန်လို နိုင်ငံမျိုးဖြစ်အောင် အတုယူရမယ် ဆိုတဲ့ သဘောမျိုးသက်ရောက်နေတဲ့ မိန့်ကြားချက်ဟာဖြင့် အတော် အံ့သြဖို့ ကောင်းပါတယ်။ မြန်မာနိုင်ငံဟာ ဗမာနဲ့ ဗုဒ္ဓဘာသာဝင်တွေ အများစု နေထိုင်ကြတယ် ဆိုပေမယ့် တိုင်းရင်းသားပေါင်းစုံ၊ ဘာသာပေါင်းစုံ အတူတကွ နေထိုင်၊ အတူတကွ ပိုင်ဆိုင်ကြတယ် ဆိုတဲ့ အနေအထား၊ လက်ရှိ အစိုးရနဲ့ တိုင်းရင်းသားတွေ ငြိမ်းချမ်းရေး ရဖို့ ခက်ခက်ခဲခဲ ကြိုးပမ်းနေရတဲ့ ကာလမျိုးမှာ ဆရာတော် အရှင်ဣန္ဒပါလ ရဲ့ ပြောကြားချက်ဟာ ဗုဒ္ဓဘာသာ အတွက်ရော တိုင်းပြည်အတွက်ပါ အကျိုးဖြစ်ထွန်းစေမယ်တော့ မဟုတ်ပါဘူး။
ဒီပြသနာနဲ့ ပါတ်သက်ပြီး မန္တလေး သံဃာ့ညီလာခံ ဦးဆောင် စီစဉ်သူတွေက ပွဲအတွင်းမှာပဲ ပြေလည်အောင် မဖြေရှင်းခဲ့တဲ့အတွက် ပွဲအပြီး မန္တလေး မ.ဘ.သ အသင်းကြီးရဲ့ ပထမဦးဆုံးသော ထုတ်ပြန်ကြေငြာချက်ဟာ ထိပ်တန်းဆရာတော် တစ်ပါး ကို အပြင်းအထန် ဝေဖန်ရတဲ့ ကြေငြာချက်အဖြစ် ၀မ်းနည်းစရာ စိတ်မကောင်းစရာ မှတ်တမ်းဝင်သွားရပါတယ်။ အသင်းကြီးအတွက် ဆင်ခြင်စရာပါ။
နောက်ထပ် သင်ခန်းစာယူဖို့ကတော့ သတင်းမီဒီယာတွေရဲ့ ကဏ္ဍပါ။ အဖြစ်မှန်ကို တိတိကျကျ မသိပါပဲ၊ အထောက်အထား တိတိကျကျ မရပါပဲ စာနယ်ဇင်း ကျင့်ဝတ်နဲ့အညီ ရေးသားဖော်ပြတာမျိုး မလုပ်ခဲ့တဲ့အတွက် အမှားတွေဖြစ်ပေါ် အထင်အမြင် လွဲမှားမှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။ ဒါပေမယ့် ဒီ တစ်ကြိမ် သတင်းမှားယွင်းဖော်ပြခဲ့တဲ့ အထဲက မွန်းတည့်နေဂျာနယ်ကတော့ “တိကျခိုင်လုံမှု မရှိတဲ့ သတင်းကို စာနယ်ဇင်းကျင့်ဝတ်နဲ့ မညီပဲ ဖော်ပြခဲ့မိတယ်” ဆိုပြီး မြန်မြန်ဆန်ဆန် ၀န်ချတောင်းပန်လိုက်နိုင်တဲ့အတွက် အဆိုးထဲက အကောင်းတစ်ခုတော့ ရလိုက်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်

အစိုးရဖြေရှင်းတဲ့ လယ်သိမ်းယာသိမ်းပြဿနာ တင်ပြချက် အမတ်တွေ ဘာကြောင့် စိတ်ဆိုး ကြတာလဲ

အစိုးရတရပ်လုံး ကိုယ်စီနေရာယူပါ...


စည်သူအောင်မြင့် / မြန်မာတိုင်း(မ်)
************************************

ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၁ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ လွှတ်တော်
နာယက ကို သမ္မတက လယ်ယာမြေနဲ့ တခြား မြေသိမ်းဆည်းခံရမှု ပြဿနာတွေနဲ့ ပတ်သက်ပြီး
ဖြေရှင်းပြီးစီးမှု အခြေအနေ သ၀ဏ်လွှာတစ်စောင် ပေးပို့ပါတယ်။

ပြီးခဲ့တဲ့ လေးလကျော် လွှတ်တော် အစည်းအဝေးကာလတုန်းက လွှတ်တော် မြေယာပြဿနာ
စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာတွေနဲ့ ပတ်သက်ပြီး အစိုးရဘက်က ဘယ်လောက် ဖြေရှင်းပြီး
ထားသလဲဆိုတာ လွှတ်တော်ကို နှစ်လတစ်ကြိမ် အစီရင်ခံစာ ပေးပို့ဖို့ဆိုပြီး ဆုံးဖြတ်ထားတဲ့
အတိုင်း သမ္မတက ဒုတိယအကြိမ် သ၀ဏ်လွှာပေးပို့တာပါ။

ဒီသ၀ဏ်လွှာနဲ့ ပတ်သက်ပြီး ထုံစံအတိုင်း သက်ဆိုင်ရာ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း
ဒုဝန်ကြီး က အစီရင်ခံစာကို ရှင်းလင်းတင်ပြပါတယ်။

လွှတ်တော်နာယက ကလည်း အဲဒါကို မှတ်တမ်းတင်ပါတယ်။ အဲဒီအချိန်မှာပဲ မထင်မှတ်ဘဲ ကန့်ကွက်ချက်တွေ၊ စိတ်ဆိုးမာန်ဆိုး တုံ့ပြန်မှုတွေ ထွက်ပေါ်လာပါတော့တယ်။

ဘယ်သူတွေက ဘာကို အကြောင်းပြုပြီး ကန့်ကွက်ကြသလဲ၊ လွှတ်တော်ထဲမှာ ဘာပြဿနာတွေ
ဖြစ်ခဲ့သလဲ၊ အစိုးရရဲ့ လယ်ယာမြေ ပြဿနာ ဖြေရှင်းမှု အတိုင်းအတာ ဘယ်အထိ ရောက်နေပြီလဲ၊
ပြေလည်ဖို့ နီးစပ်နေပြီလားဆိုတာ ခုတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

လွှတ်တော် နဂိုအစီအစဉ်မှာ ဒုဝန်ကြီးက အစီရင်ခံ၊ နာယကက မှတ်တမ်းတင်ပြီးရင် ပြီးပါပြီ။ ဒီ အစီရင်ခံစာကို ဆွေးနွေးဖို့ဆိုတာ မပါပါဘူး။

ဒါပေမဲ့ သူရဦးရွှေမန်းက မှတ်တမ်းတင်တယ်ဆိုတာ ပြောတုံး ထုပြီးတာနဲ့ စပြီး ဖောက်ခွဲလိုက်
သူက ဇမ္ဗူသီရိအမတ် ဒေါ်စန္ဒာမင်းပါ။

သူတင်ပြတာက ဒုဝန်ကြီးတင်ပြသွားတဲ့အထဲမှာ နေပြည်တော်ကောင်စီ တစ်ခုလုံး အမှုပေါင်း
၁၁၁ ခု ရှိ တယ်။ အဲဒီထဲက ၁၀၄ မှု ဖြေရှင်းပြီးသွားပြီ။ ခုနစ်မှုလောက်ပဲ ကျန်တယ်လို့ ပြောတယ်၊
တကယ်ဆို နေပြည်တော် ကောင်စီနယ်မြေ တစ်ခုလုံး မဆိုထားနဲ့ သူ့မဲဆန္ဒနယ်မြေ ဇမ္ဗူသီရိ
တစ်ခု တည်းမှာတင် တင်ပြထားတဲ့ အမှုပေါင်း ၁၀၀ ကျော်ရှိနေတယ်။
 ဖြေရှင်းပြီးပြတ်တာလည်း မရှိသေးဘူးဆိုပြီး ပြောလိုက်ပါတယ်။

ဖြေရှင်းပြီးတယ်ဆိုတာကိုလည်း သက်ဆိုင်ရာ ကိုယ်စားလှယ် တွေကလည်း မသိဘူး၊ ဒီအတွက်
ဒုဝန်ကြီးရဲ့ ဖြေကြားချက်ကို ကန့်ကွက်တယ်ဆိုပြီး ပြောလိုက်တာပါ။ ဒုတိယတစ်ယောက်ကတော့
ဦးခင်ရွှေပါ။

သူက စက်မှုဇုန်နဲ့ ပတ်သက်တဲ့ မြေယာပြဿနာ အမှု ၆၀ ကျော်ရှိတဲ့အနက် တစ်မှုပဲ ဖြေရှင်းပြီး
သေးတယ်။ အရင်အစိုးရက လုပ်ခဲ့တာ အခု အစိုးရက ဖြေရှင်းပေးဖို့ တာဝန်ရှိတယ်၊ မဖြေရှင်းပေးဘူးဆိုရင်
 ဒါဟာ အခြေခံဥပဒေကို ချိုးဖေါက်တာပဲ ဆိုပြီး ဝေဖန်ပါတယ်။

တတိယကတော့ လွှတ်တော်က မြေသိမ်းယာသိမ်း တိုင်စာကြားနာတဲ့ ကော်မရှင် ဥက္ကဋ္ဌ
ဦးတင်ထွဋ် ကိုယ်တိုင်ပါ။

သူက ဒီ သ၀ဏ်လွှာပါ ဖော်ပြချက်တွေဟာ အတော်လေး အကြမ်းသဘောဆန်တယ်၊ အမှု
ဘယ်လောက်၊ ဘယ်နှဧကနဲ့ ပတ်သက်တာ ရှင်းပြီးတယ် ဒါပဲပါတယ်။ ဘယ်လိုရှင်းတယ်ဆိုတာ
မပါဘူး။ ပြန်ပေးသလား မပေးဘူးလား မသိနိုင်ဘူး။ လက်တွေ့တော့ ပြည်သူတွေကို ပြန်ပေးတယ်
ဆိုတာ မကြားမိသေးဘူး။ ဒါကြောင့် သူ့အနေနဲ့ အဆိုတင်ဖို့ ကြိုးစားမယ်လို့ ပြောပါတယ်။

နောက်တစ်ယောက်ကတော့ ဒေါ်ဒွဲဘူပါ။ အစီရင်ခံစာမှာ ကချင်ပြည်နယ်နဲ့ ပတ်သက်ပြီး
ရာနှုန်းပြည့် ဖြေရှင်း ပြီးပြီလို့ ပြောတယ်။ တကယ့်တကယ် အများကြီး ကျန်တယ်လို့ ဆိုပါတယ်။

ဒေါ်တင်တင်ရီကတော့ တနင်္သာရီတိုင်းမှာ ခုနစ်မှုပဲ ရှိတယ်လို့ ဖော်ပြထားတယ်။ တကယ်ဆို
အမှုပေါင်း ၁၀၀ ကျော်ရှိတယ်။ သူတင်ထားတာချည်းပဲ အမှုပေါင်း ၆၀ ကျော်ရှိတယ်လို့ဆိုပါတယ်။

ဦးတင်မောင်ဦးကတော့ အစိုးရ ဖြေရှင်းမှုဟာ လက်တွေ့နဲ့ အလွန်ကွာခြားနေတယ်၊ ရွှေပြည်သာမှာ
အသိမ်းခံထားရတဲ့ လယ်မြေ ဧက သောင်းနဲ့ချီရှိတယ်၊ လျော်ကြေးလည်း မရ၊ မြေပိုလည်း ပြန်မရ၊
တစ်မှုမှ မပြီးသေးဘဲနဲ့ ခိုက်ရန်ဖြစ်ပြီး အမှုတွေလည်း တိုးပွားလာနေတယ်လို့ ပြောပါတယ်။

ဒေါက်တာအောင်မိုးညိုကတော့ မင်းဘူး၊ စကုဘက်မှာ စစ်တပ်က ပြန်ပေးတယ်ဆိုတာ စာရွက်ထဲ
မှာပဲ။ ပြည်သူတွေကလည်း ဘာမှမပြောရဲဘူးလို့ ထောက်ပြပါတယ်။

ဦးသာစိန်ကတော့ ရခိုင်ဘက်မှာ ဘာတစ်ခုမှ ဆောင်ရွက်တာ မတွေ့ ရဘူးလို့ ဆိုပြန်ပါတယ်။

ဒေါ်နန်းစေအွာကတော့ ကရင်ပြည်နယ်မှာ ဘာမှ မထူးခြားသေးဘူး။ ကပရ (ကုန်းလမ်းသယ်ယူ
ပို့ဆောင်ရေး) ၀င်းလုပ်ဖို့ သိမ်းထားတဲ့ အဆောက်အအုံက ပျက်စီးနေတယ်။ အဲဒါကို ယာဉ်မောင်း
သင်တန်းဆိုပြီး ဆိုင်းဘုတ် ပြန်တပ်ထားတယ်။ နယ်မြေလုံခြုံရေး မရှိစဉ်တုန်းက တောင်းထားတဲ့
ကော့ကသောင်ရဲစခန်းဆိုရင်လည်း အခု လယ်မြေတွေကို ပြန်ပေးရဖို့ ဖြစ်လာတဲ့အခါ အစောင့်တဲ
ကင်းစခန်း လုပ်ထားတယ်။ ခေါင်းစဉ်တွေ ပြန်ပြောင်းပြီး လယ်တွေ ပြန်မပေးရအောင် လုပ်နေတယ်
လို့ ရှင်းပြပါတယ်။

ဒေါ်နန်းစေအွာ ပြောတဲ့အထဲ စိတ်ဝင်စားဖို့ အကောင်းဆုံးကတော့ ဘိလပ်မြေထုတ်ဖို့
ကျောက်မိုင်းခွဲလို့ လယ်မြေတွေ အသိမ်းခံရတဲ့ ကိစ္စ ဦးပိုင်ကို သွားတိုင်မိပါတယ်၊ ဗိုလ်မှူး
တစ်ယောက် ဆင်းလာပြီး လယ်သမားတွေနဲ့ ကူညီတဲ့ ပညာရေးဝန်ထမ်းတစ်ယောက်ကို
တရားခံတွေလို စစ်ဆေးတယ်၊ ၀န်ထမ်းကို အလုပ်ပြုတ်သွားချင်သလားဆိုတာ အပါအ၀င်
အမျိုးမျိုး ခြိမ်းခြောက်တယ်လို့ ဖွင့်ချပါတယ်။

ပုသိမ်အမတ် ဦးဝင်းမြင့်ကတော့ အစိုးရ ဖြေရှင်းတယ်လို့ လာထွက်ဆို ပုံဟာ မြေပြင်နဲ့ အများကြီး
ကွာခြား နေတယ်။ သူ့မဲဆန္ဒနယ်မြေမှာဆို အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ အမှတ်(၅)
တိုင်းဗဟိုလေ့ကျင့်ရေးတပ်၊ အမှတ်(၁၀)လျှပ်စစ်အင်ဂျင်နီယာတပ်၊ ထောက်လှမ်းရေးတပ် (၄)
စသဖြင့် စစ်တပ်က သိမ်းထားတာတွေ များတယ်။

အဲဒီ အသိမ်းခံထားရတဲ့ လယ်မြေတွေနဲ့ ပတ်သက်ပြီး ပြန်ပေးပြီလို့ သက်ဆိုင်ရာက စာတွေ
ရတယ်၊ ဒါနဲ့ လယ်သမားတွေက သူတို့လယ် သူတို့ လုပ်တဲ့အခါ အဲဒီ စစ်တပ်အရာရှိတွေက
ပြန်ပြီး တရားစွဲထားတာနဲ့ ကြုံရတယ်။

တာဝန်ရှိတဲ့ ဒုသမ္မတတို့၊ ကာကွယ်ရေးဝန်ကြီးတို့ကို စာရေးတင်ပြပေမယ့် ဘာမှ မထူးဘူးလို့
ဆိုပါတယ်။

ဒီလုပ်ရပ်ဟာ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို အစိုးရဘက်က မလိုက်နာတာဘဲ ဖြစ်တယ်လို့ သူက
ဆိုပါတယ်။

နောက်ထပ် ပြောချင်ဆိုချင် တင်ပြချင်တဲ့ အမတ်တွေ အများကြီးရှိနေပေမယ့် သူရဦးရွှေမန်းက
တားမြစ် လိုက်တာကြောင့် တင်ပြခွင့်မရတော့ပါဘူး။

စည်သူအောင်မြင့် / မြန်မာတိုင်း(မ်)

ဒီလှိုင်းစာစောင်ကို ရဲဝန်ထမ်းများစိတ်ဝင်စား

ခြင်ဆေးခွေအစား ရိုးရာနနွင်း တက်ကိုပဲ သုံးသင့်



Yangon Media Group

ခြင်ဆေးတစ်ခွေသည် ဆေးလိပ် ၁၃၀ ကျော် နှင့် ညီမျှနေ့စဉ်ရှူရှိုက်ရပါက ဆေးလိပ်သောက်သူများထက် အသက်အန္တရာယ် ပိုဖြစ်နိုင်
=================================
နွေဦးလင်း
=================================
ရန်ကုန် ၊ ဇန်နဝါရီ ၂၄ ။ ။ ခြင်ဆေး ခွေတစ်ခွေတွင် ပါဝင်သော ဓာတုဗေဒပစ္စည်းများသည် ဆေးလိပ်အရေအတွက် ၆၀ ကျော်မှ ၁၃ဝကျော်အထိ ပါဝင် သောဓာတုပစ္စည်းများနှင့် ညီမျှသဖြင့် ခြင်ဆေးခွေကို နေ့စဉ်ရှူရှိုက်နေရသူများအနေ ဖြင့် သာမန်ဆေး လိပ်သောက် သူများထက် အသက်အန္တရာယ် ပိုမိုဖြစ်ပွားနိုင်ကြောင်း သိရ သည်။

ယင်းနှင့်ပတ်သက်ပြီး ဓာတုကုန်ထုတ်လုပ်သူများ အသင်းမှ အလုပ်အမှုဆောင် ဒေါ်စန္ဒီ အောင်က ““ဆေးလိပ်သောက် တဲ့သူတောင် ကျန်းမာရေးကို ထိခိုက်နိုင်တာ။ ခြင်ဆေးခွေမှာ ပါဝင်တဲ့ ပိုးသတ်ဆေးပမာဏ က ဆေးလိပ်ပေါင်း မြောက်မြား စွာနဲ့ညီမျှတယ်လို့ သုတေသန ပြုလုပ်ချက်အရသိရတယ်။ သု တေသနပြုတဲ့ ခြင်ဆေးခွေမှာ ပါတဲ့ ပိုးသတ်ဆေးပမာဏအ ပေါ်မူတည်ပြီး ဘယ်နှလိပ်နဲ့ညီ မျှတယ်လို့သာ ကွာသွားတာ။ ဒါကြောင့် ခြင်ဆေးငွေ့ကိုရှူ ရှိုက်တဲ့သူ တွေက ဆေးလိပ် သောက်သူတွေထက် အသက် အန္တရာယ်ပိုဖြစ်နိုင်တဲ့အတွက် ခြင်ဆေးခွေအစား ရိုးရာနနွင်း တက်ကိုပဲ သုံးသင့်တယ်””ဟု ထုတ်ဖော်ပြောသည်။

အမှုမှန် မပေါ်ပေါက်ပါက ဆေးတက္ကသိုလ်ကျောင်းသူများ ကျောင်းမတက်ပဲ လမ်းပေါ်ထွက် ဆန္ဒပြမည်



အမှုမှန် မပေါ်ပေါက်ပါက ဆေးတက္ကသိုလ်ကျောင်းသူများ အားလုံး ယခုကဲ့သို့ ကျောင်းသားကဒ်များကို ဆုတ်ဖြဲ၍ ကျောင်းမတက်ပဲ လမ်းပေါ်ထွက် ဆန္ဒပြမည်

ဆေးကျောင်းတွင် ကျောင်းသူတစ်ဦးအား ဆေးကျောင်းသားတစ်စုမှ အဖွဲ့လိုက် မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သော်လည်း တရားစီရင်ရေးပိုင်းဆိုင်ရာ အားနည်းမှုကြောင့် တရားခံများမှာအမှုမှလွတ်မြောက်လျက်ရှိရာ သေဆုံးသူ ဆေးကျောင်းသူလေး၏ အမနှင့် သူမ၏ သူငယ်ချင်းများမှ အမှုမှန်ပေါ်ပေါက်ရေး ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

ဒုတိယမြောက် မုဒိမ်းကျင့်သူ ဆေးကျောင်းသား ရဲမင်းဦးဆိုသူသည် ဆွေမျိုးများ၏
အကူအညီဖြင့် ယခုအခါ သြစတေးလျနိုင်ငံသို့ တိမ်းရှောင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်အကျဉ်း
============
၂၀၁၃ ဧပြီလ လောက်က ဆေးဖက်ကျောင်းသူလေး တစ်ယောက်ဟာ ဘုရင့်နောင်တံတားပေါ်က
ခုန်ချပြီး သတ်သေသွားတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ် ။
အဲ့ဒီကျောင်းသူလေးနာမည်က နော်မေသူသူဇော်ဖြစ်ပြီး အသက် ၁၉ နှစ်သာ
ရှိပါသေးတယ် ။ နော်မေသူသူဇော် ရဲ့ ရည်းစားဖြစ်သူက ရဲမင်းဦးလို့ခေါ်တဲ့
ဆေးကျောင်းသားတစ်ယောက်ဖြစ်ပါတယ် ။

ကောင်မလေးသေတဲ့နေ့က သူဟာ သူ့ချစ်သူရဲမင်းဦးနဲ့ လျှောက်လည်ရာက
ဲပြန်လာပြီး စော်ဘွားကြီးကုန်း ကနေ မှော်ဘီကို ည ၇ နာရီ ၄၅မိနစ်မှာ
ပြန်သွားတယ်လို့ရဲမင်းဦးက စစ်ချက်ပေးပါတယ် ။ ရဲတပ်ဖွဲ့ကမေသူဇော်ရဲ့
လွယ်အိတ်ကို ဘုရင့်နောင်တံတားပေါ်မှာ တွေ့ရတာည ၈ နာရီလို့ ပြောပါတယ် ။
တွေ့တာကတော့လေညှင်းခံထွက်လာတဲ့ရွာမရပ်ကွက်က မိန်းခလေးသုံးယောက်ပါ ။

ဇော်ဘွားကြီးကုန်းကနေ မှော်ဘီကို သူ့ရည်းစားရှေ့မှာ ပြန်သွားတဲ့ မိန်းခလေးဟာ
ဘုရင့်နောင်တံတား ပေါ်မှာ ည ၈ နာရီမှာ ဘယ်လို ကိုယ့်ဟာကိုယ် သတ်သေ
နိုင်မလဲ ဆိုတာ စဉ်းစာစရာပါ။

ဇော်ဘွားကြီးကုန်းနဲ့ ဘုရင့်နောင်ဆိုတာ ဆန့်ကျင့်ဘက်ပါ ။ ရဲတပ်ဖွဲ့ကတော့
သေဆုံးသူ မိန်းခလေးဟာ ဇော်ဘွားကြီးကုန်းကလာပြီး ခရေပင်လမ်းခွဲမှာ ဆင်းတက်စီဌားပြီး
ဘုရင့်နောင်တံတားကိုလာ ၊ပြီးမှ လွယ်အိတ်ကို တံတားမှ ချပြီး မြစ်ထဲကို ခုန်ဆင်းသတ်သေတယ်လို့ ယူဆပါသတဲ့ ။

စော်ဘွားကြီးကုန်းကနေ ခရေပင်လမ်းခွဲ ကို ဟိုင်းလတ်စီးရင် အနည်းဆုံး
ငါးမိနစ်နဲ့ ဆယ်မိနစ်ကြားပါ ။ ခရေပင်လမ်းခွဲက ဘုရင်နောင် တံတား- ပေါက်တောဝ
ကိုတက်စီဌားရင်လည်း အနည်းဆုံး ၁၅ မိနစ်က နာရီဝက်လောက်ကြာနိုင်ပါတယ် အင်းစိန်ပန်းခြံ
ကစပြီး ဂုံးတံတား ၊ အင်းစိန်ဈေး ၊ ပေါက်တောဝ မီးပွိုင့် အထိ
လမ်းတောက်လျှောက်ပွင့်နေတာတောင် ငါး မိနစ်က ဆယ်မိနစ်လောက်ထိကြာပါတယ် ။

ကဲ . . . ည ၇ နာရီ ၄၅ မှာ ရည်းစားနဲ့ လမ်းခွဲလာတဲ့ မိန်းခလေးည ၈ နာရီမှာ
ကိုယ့်ကို ကိုယ် ဘုရင့်နောင် တံတားမှာ သတ်သေတယ်ဆိုတဲ့ ရဲတပ်ဖွဲ့ရဲ့
ရှင်းလင်းချက်ကို လက်ခံနိုင်ဖွယ်ရှိပါသလား ။

အဲ့ဒီနောက်မှာတော့ ကောင်မလေးရဲ့အလောင်းပေါ်လာတယ် ။ရဲက နှစ်ရက်
ထားပြီးတော့ ပိုင်ရှင်မဲ့ဆိုပြီး သဂြိုလ်လိုက်တယ်လို့ဆိုတယ် ။ ဆေးရုံက သုံးရက်
ထားမဲ့ဟာကို ရဲက အမိန့်စာထုတ်ပြီးသဂြိုလ်ပါသတဲ့ ။

ပြီးတော့မှ ရဲမင်းဦးအိမ်က အရင်သိပြီး ကောင်မလေးအိမ်ကိုအကြောင်းကြားတယ်
လို့ဆိုတယ် ။

ကောင်မလေးတံတားမှာချန်ခဲ့တဲ့ အိတ်နဲ့ဖိနပ် ။ အိတ်မှာ ကောင်မလေး
ရဲ့ကျောင်းသားကတ်ဒ် ရှိပါတယ် ။ ကျောင်းသားကတ်ဒ်ထဲမှာ နေရပ်လိပ်စာလည်း
ပါတယ် ။ဒါပေမယ့် ကောင်မလေးကို ပိုင်ရှင်မဲ့ဆိုပြီးသဂြိုလ်လိုက်တယ် ။

ဆေးစာကိုရေးတာက အင်းစိန်က မူ့ခင်းဆရာဝန်ကြီး ဒေါက်တာရဲဝင်းဖြစ်တယ် ။
ဆေးစာမှာတော့ ကောင်မလေးမှာ ပြင်ပ ဒဏ်ရာမတွေ့ရပဲ အဆုတ်ထဲရေ၀င်
သေဆုံးတယ်လို့ ဆိုပါတယ် ။ ပြီးတော့ကောင်မလေးဟာ အပျိုစစ်စစ်လို့ဆိုပါတယ်
ကောင်မလေးရဲ့အပျိုမှေးတောင်မပျက်စီးတဲ့သဘောပေါ့ ။

ဒါပေမယ့် ရဲတပ်ဖွဲ့က ပေးတဲ့ ပုံမဟုတ် ပဲ မိသားစုက စုံစမ်းပြီးရထားတဲ့ အလောင်း
ဘေးတိုက်ပုံမှာ ကောင်မလေးရဲ့နောက်ကျောမှာသွေးစွန်းနေတယ်လို့ ယူဆနိုင်တဲ
့အနီကွက်ကိုတွေ့ရသလို ၊ ရဲ ကပေးတဲ့ပုံမှာလည်း လက်ဝဲဘက်လက်ကျိုး
နေတယ်လို့ ယူဆနိုင်ပါတယ် ။

မူ့ခင်းဆရာဝန်ကြီးက အပျိုစစ်စစ်လို့ ထွက်ချက်ပေးပေမယ့် သေဆုံးသူရဲ့ဖုန်းထဲမှာ
သူ့ရည်းစား ရဲမင်းဦး နဲ့ ပို့ထားတဲ့ မက်ဆေခ်ျ့တွေ မှာတော့ကောင်မလေးဟာ
သူ့ရည်းစားနဲ့လွန်ကျုးထားတယ်လို့ တွေ့ရှိရပြီးကောင်မလေးဟာ တားဆေးစား
နေရပါသတဲ့ ။တားဆေးစားနေရတဲ့မိန်းခလေးဟာ အပျိုစစ်စစ်ဖြစ်ပါ့မလား ။ အမှု့ရှုပ်ထွေးလာပါပြီ ။

ဒါဆို ဘာလို့ ရဲတပ်ဖွဲ့နဲ့ မှု့ခင်းဆရာဝန်ကြီး ၊ တရားသူကြီးတွေ ကဒီလို သံသယ
ဝင်စရာတွေကို ပြုမှုခဲ့ကြပါသလဲ ။

ဆေးကျောင်းသား ရဲမင်းဦးရဲ့ ဖခင်ဟာ ဂျီအီး ( အင်ဂျင်နီယာ )တပ်က အရာခံ
ဗိုလ်ကြီးတစ်ဦးဖြစ်ပါတယ် ။ ဂျီအီးတပ်ကဆာဂျင်တွေ ၊ အင်ဂျင်နီယာတွေ ဘယ်လောက်ပိုက်ဆံရတယ် ၊
ချမ်းသာတယ် ဆိုတာ နီးစပ်သူတွေ သိကြမှာပါ ။ ဒါကြောင့် များလား။ စဉ်းစားစရာပါ။

ဒါတင်မကပဲ ရဲမင်းဦးနဲ့ သေဆုံးသူကောင်မလေးတို့ဟာ အဲ့နေ့ကရွှေတိဂုံဘုရားနဲ့
ဂျန်းရှင်းစကွဲယားတို့ကိုလည်ပတ်ခဲ့ကြပါသတဲ့ ။ တိတိကျကျဆို ရဲမင်းဦ ၊ သူ့အစ်ကိုတစ်ယောက်နဲ့ ၊ သေဆုံးသူကောင်မလေးပါ ။

ဒါပေမယ့် ရဲမင်းဦးရဲ့ သူငယ်ချင်းတွေဟာ အဲ့နေ့က သေဆုံးသူကောင်မလေး
ဝတ်တဲ့ ဂါဝန် နဲ့ အရောင်ကို ပါ သိကြပါသတဲ့ ။

နောက်ဆုံး သံသယဖြစ်စရာအကောင်းဆုံးကတော့ ကောင်မလေးအလောင်းပေါ်တဲ့ လှိုင်မြစ်ကမ်းနဲ့ နှစ်လမ်းအကွာ မှာ ရှိတာကတော့ လူသတ်သမားလို့ စွပ်စွဲခံရတဲ့
ကောင်မလေးရဲ့ ချစ်သူရဲမင်းဦး ရဲ့ အိမ်ပဲ ဖြစ်ပါတော့တယ် ။

ဒီလို သံသယတွေ ၊ ထောက်ပြစရာတွေ ၊ လျို့ဝှက်ချက်နေတဲ့ ပြည့်လျှမ်းနေတဲ့အမှု့ ကိုလူသေမှု့ဆိုပြီး အမှု့ပိတ်လိုက်တာဟာ ရဲတပ်ဖွဲ့ရဲ့ စွမ်းရည်ကို ဝေဖန်စရာဖြစ်လာ
နေပြီး ၊ ဆိုရှယ်မီဒီယာတွေဖြစ်တဲ့ဖေ့ဘုတ်နဲ့ ၀က်ဘ်ဆိုက်တွေမှာကျယ်ကျယ်
ပြန့်ပြန့် ဝေဖန်လာကြပါတယ် ။ လူအများစုကတော့ မြန်မာ့တရားစီရင်ရေးကို
ကိုင်လှုပ်လာမလားဆိုတာ စောင့်ကြည့်နေကြရင်း ယခုအချိန်မှာ အမှုမှန်
မပေါ်ပေါက်ပါက ဆေးတက္ကသိုလ်ကျောင်းသူများအားလုံးယခုကဲ့သို့
ကျောင်းသားကဒ်များကို ဆုတ်ဖြဲ၍ ကျောင်းမတက်ပဲ လမ်းပေါ်ထွက် ဆန္ဒပြမည်လို. ထွက်ပေါ်လာခဲ့ပါပြီ။

ဒါကြောင့် ဆေးတက္ကသိုလ်ကျောင်းသူများ အားလုံးရဲ.တောင်းဆိုချက်အတိုင်း
အမှန်တရားတစ်ခုပြန်လည်ပေါ်ပေါက်ပါစေလို.ဆုတောင်းတင်ပြလိုက်ပါတယ်။

Kyaw Swar Myint